ရင်ခုန်သံ ရပ်ဝန်းလေး [ Comple...
Par May7723
24.8K 901 37
ချစ်ခြင်းရဲ့ကျော့ကွင်းအောက်မှာ ဒဏ်ရာဒဏ်ချက်တွေအပြည့်ရှိခဲ့တဲ့ကျွန်တော့်အတွက် ခံစားချက်ကိုမောင်းတင်လို့ အချစ်ဇ... Plus
အပိုင်း ၁ [Unicode+Zawgyi]
အပိုင်း ၂ [Unicode+Zawgyi]
အပိုင်း ၃ [ Unicode+Zawgyi]
အပိုင်း ၄[ Unicode+Zawgyi]
အပိုင်း ၅ [ Unicode+Zawgyi]
အပိုင်း ၆ [ Unicode+Zawgyi]
အပိုင်း ၇ [ Unicode+Zawgyi]
အပိုင်း ၈ [ Unicode+Zawgyi]
အပိုင်း ၁၀[Unicode+Zawgyi]
အပိုင်း ၁၁ [Unicode+Zawgyi]
အပိုင်း ၁၂[Unicode+Zawgyi]
အပိုင်း ၁၃[ Unicode+Zawgyi]
အပိုင်း ၁၄[ Unicode+Zawgyi]
အပိုင်း ၁၅ [ Unicode+Zawgyi]
အပိုင်း ၁၆ [ Unicode+Zawgyi]
အပိုင်း ၁၇ [ Unicode+Zawgyi]
အပိုင်း ၁၈ [ Unicode+Zawgyi]
အပိုင်း ၁၉ [ Unicode+Zawgyi]
အပိုင်း ၂၀ [ Unicode+Zawgyi]
အပိုင်း ၂၁ [ Unicode+Zawgyi]
အပိုင်း ၂၂ [ Unicode+Zawgyi]
အပိုင်း ၂၃ [ Unicode+Zawgyi]
အပိုင်း ၂၄ [ Unicode+Zawgyi]
အပိုင်း၂၅ [ Unicode+Zawgyi]
အပိုင်း ၂၆ [ Unicode+Zawgyi]
အပိုင်း ၂၇ [ Unicode+Zawgyi]
အပိုင်း ၂၈ [Unicode+Zawgyi]
အပိုင်း ၂၉ [Unicode+Zawgyi]
အပိုင်း ၃၀ [Unicode +Zawgyi]
အပိုင်း ၃၁ [Unicode +Zawgyi]
အပိုင်း ၃၂ [Unicode +Zawgyi]
အပိုင်း ၃၃ [Unicode +Zawgyi]
အပိုင်း ၃၄ [Unicode +Zawgyi]
အပိုင်း ၃၅ [Unicode +Zawgyi]
အပိုင်း ၃၆ [Unicode +Zawgyi]
အပိုင်း ၃၇ [ End ]
အပိုင်း ၉ [ Unicode+Zawgyi]
525 26 2
Par May7723
Unicode
ပွဲပြီးတော့ ရှိုင်းမြတ်တို့အဖွဲ့လူစုခွဲခဲ့ကြသည်။ ထိုနေ့သည် မမေ့နိုင်စရာကောင်းသောနေ့တစ်နေ့လည်းဖြစ်ခဲ့တော့သည်။
အိမ်ပြန်လမ်းတွင် ကျောင်းပေါက်ဝမှ ညမလေးအကြိုက် ‌ရေညှိထမင်းလိပ်ဝယ်လာခဲ့သည်။ မေမေနှင့်သူအတွက်တော့ ကြက်သားပေါက်စီနှစ်လုံး။
ကျောင်းနှင့် မနီးမဝေးအရောက် အနောက်မှ ကောင်မလေးတစ်ယောက်၏ခေါ်သံကြားလိုက်ရသည်။
" ရှိုင်းမြတ် "
သူလှည့်ကြည့်လိုက်တော့ မြန်မာဝတ်စုံနှင့် ‌ဆံပင်ရှည်ရှည်ကောင်မလေးတစ်ယောက်။
" ခဗျာ ကျွန်တော်ကို သိလို့လား "
" ဟောတော့ တစ်မေဂျာထဲ၊ တစ်ခန်းထဲ၊ တစ်နှစ်ထဲ တတ်လာတဲ့သူကို မသိဘူးဆိုတော့ ဝမ်းတောင်နည်းတယ် "
" အော်....ဆောရီးပါဗျ ။ ဘာကိစ္စရှိလို့လဲမသိဘူး ။ "
" အော် ဟိုလေ...တို့ကို ရှိုင်းမြတ်ဖုန်းနံပါတ်လေးပေးထားလို့ရမလား "
" ဗျာ...ဘာလုပ်မလို့လဲမသိဘူး "
" အော်...ကျောင်းနဲ့ပတ်သတ်ပြီးသိချင်တာရှိရင် ဆက်သွယ်လို့ရအောင်ပါ "
" တစ်မျိုးတော့မထင်ပါနဲ့ဗျ ။ အဲ့တာက ECကိုဆက်သွယ်လို့ရတယ်မလား..."
" အို...အဲ့ EC နဲ့က ဓာတ်ကြောသိပ်မတည့်ပါဘူး။ ယောကျာ်းကြီးဖြစ်ပြီးတော့ မိန်းကလေးတွေနဲ့လည်း ပြိုင်ရန်ဖြစ်နေတယ်လေ တည့်ကိုမတည့်ဘူး "
ထိုမိန်းကလေး၏ဆူပုတ်သွားသောမျက်နှာထားကိုတစ်ချက်မြင်လိုက်ရပြီး
" ကောင်းပါပြီဗျ ။ နောက်ရက်ECကို
ရန်မဖြစ်ဖို့ပြောလိုက်ပါ့မယ်။ ကျွန်တော် အရေးကြီးလို့ သွားလိုက်ပါအုံးမယ်ဗျ "
ရှိုင်းမြတ် ထိုမိန်း‌ကလေး၏ ရှေ့မှ အလောတကြီးထွက်ခွာလာခဲ့မိသည်။
ကျန်ရစ်ခဲ့သော မိန်းကလေးမှာတော့ ဒေါသထွက်သွားပုံရသည်။
သို့သော် မတတ်နိုင်ပါ။ ရှိုင်းမြတ် ဖုန်းနံပါတ်ကို သူငယ်ချင်းအရင်းများမှလွဲ၍ မည်သူ့ကိုမျှမပေးနိုင်။ သူစိမ်းတစ်ယောက်မှ သဘောရိုးနှင့် လာတောင်းခဲ့လျှင်တောင် သူပေးနိုင်မည်မဟုတ်ပါ။ ယခုလို အနေအထားမျိုးနဲ့ဆို ပိုဆိုးသည်။ ဇာတ်လမ်းလာရှုပ်မှာမျိုးသူမကြိုက်။
အိမ်နားရောက်တော့ ဆိုင်ပိတ်ထားသည်ကိုတွေ့လိုက်ရ၍ ဆိုင်နောက်ဘက်တွင်ရှိသော အိမ်ထဲ သူခပ်မြန်မြန်လေးလျှောက်သွားလိုက်သည်။
အိမ်ထဲဝင်သွားတော့ မေမေဧည့်ခန်းထဲက ကျွန်းသားထိုင်ခုံတစ်လုံးပေါ်မှာ စာအုပ်ဖတ်နေတာကိုတွေ့လိုက်ရသည်။
ရှိုင်းမြတ်လည်းဝယ်လာခဲ့သော စားစရာများကို စားပွဲခုံပေါ်တင်လိုက်ပြီး
" မေမေ ဘာလို့ဆိုင်ပိတ်ထားတာလဲ။ နေတောင်မစောင်းသေးဘူး "
" ဟုတ်တယ်သားရေ...မေမေ ခေါင်းသိပ်မကြည်လို့ အစောပိတ်လိုက်တာ "
ရှိုင်းမြတ် လွယ်အိတ်အား မေမေ့အနားကထိုင်ခုံတစ်လုံးအပေါ် ချလိုက်ပြီး မေမေ့နားထင်လေးတွေကို အသာအယာနှိပ်နယ်ပေးလိုက်သည်။
" ခဏနားလိုက်တော့ မေမေသက်သာပါပြီသားရယ်.."
" မေမေတစ်‌ယောက်ထဲပင်ပန်းနေတာ မကြည့်ချင်တော့ဘူး။ သားလည်း အမြန်ကျောင်းပြီးသွားမှကောင်းမယ်။ အဲ့တာမှမေမေ့ကိုကူညီနိုင်မှာ "
ထိုအချိန် မေမေတစ်ချက်ပြုံးလိုက်ပြီး
"မေမေတစ်ယောက်ထဲမဟုတ်ပါဘူးသားရယ်...မောင်ကျော်နဲ့မဝင်းလည်းရှိနေတာပဲ။ နောက်ပြီး သားလည်းကျောင်းသွား၊ ကျောင်းပြန်ကူညီနေတာပဲဟာ မေမေ မပင်ပန်းပါဘူး "
" မေမေကတော့ပြောလိုက်ရင် အဲ့သည်လိုပဲ "
"......"
" ဒါနဲ့ ဟိုအရူးမလေးကော ပြန်မရောက်သေးဘူးလား "
" ဘယ်သူ့ကို အရူးလို့ပြော‌တာလဲ "
ရှိုင်းမြတ်စကားဆုံးပြီးပြီးချင်း အပေါ်ထပ်မှ ပြန်တုံ့ပြန်လိုက်သောစကားတစ်ခွန်း ။
အထက်တန်းကျောင်းသူလေး ဝတ်ရည်မေ မှာ ဆံပင်ဂုတ်ထောက်လေးနှင့် ပန်းနုရောင် ဂါဝန်လှလှလေးအားဝတ်ဆင်ထားသည်။
" ကိုကိုနော်...ကိုကို.....၊ သူများနောက်ကွယ်မှာအတင်းပြောနေတာ။ အကျင့်ကိုမကောင်းဘူး "
သူမသည် အပေါ်ထပ်အိပ်ခန်းမှ တစ်ဆင့် အောက်ထပ်သို့ တပျစ်တောက်တောက် ပြော၍ဆင်းလာလေသည်။ ဘာဘီရုပ်လေးတစ်ရုပ်ကဲ့သို့ချစ်စဖွယ်ကောင်းလှသောညီမဖြစ်သူကိုကြည့်ရင်း ရှိုင်းမြတ်စိတ်မချနိုင်ဖြစ်နေမိသည်။
" ဘာတွေဝတ်လာတာလဲ...ရုပ်ဆိုးလိုက်တာ "
ရှိုင်းမြတ်တစ်ယောက်
ဂါဝန်ဝဲဝဲ‌လေးနှင့်လှပနေသောညမဖြစ်သူကို ဘယ်သူ့ကိုမှမမြင်စေချင်။
သူပြောစကားကြောင့် ဝတ်ရည်မေ မျက်နှာလေးညှိုးသွားပြီး ငိုသံလေးပြုကာ
" မေမေ...မေမေရဲ့အကျင့်ပုတ်တဲ့သားကိုပြောပါအုံး။ သူများလှနေတာကိုမနာလိုဖြစ်နေတာ "
မေမေကတော့ သားနှင့်သမီးအား ကြည့်ကာပြုံးစိစိနှင့်..
" ဘယ်ကသာလှရမှာလဲ...ဂါဝန်ဝဲဝဲ ဝဲဝဲနဲ့....အပြင်ထွက်ရင် ခွေးလိုက်ဆွဲမှာ သေချာပေါက်ပဲ "
သူ ဟားတိုက်ရီပြရင်း ညမဖြစ်သူ၏ စိတ်အား ဆွပေးလိုက်တော့
" OMG...ကိုကို အဲ့ဒီ့လောက် အမြင်ကျဉ်းမယ်မှန်း ထင်မထားဘူး ။ ကိုကို ရည်းစားဖြစ်မဲ့သူကိုတော့ သနားလိုက်တာ ကျွတ်....ကျွတ်...ကျွတ် "
ထိုအသံကိုကြားတော့ ရှိုင်းမြတ် လှေကားပေါ်က ပြုတ်ကျသောအဖြစ်အား ပြန်တွေးမိသွားသည်။
" ကောင်မစုတ်လေး ကျူရှင်မသွားဘူးလား။ အိမ်မှာနေပြီး အကိုကိုတစ်ခွန်းပြန်ခံပြောမနေနဲ့ "
" ဟင့် " ဝတ်ရည်မေ နှုတ်ခမ်းလေးရွဲ့ပြလိုက်သည်။
" အော် ဒါနဲ့ ကိုကို...ကိုကို ရည်းစားလေးဘာလေး မထားသေးဘူးမလား ။
ထားမယ်ဆိုရင် ဝတ်ရည်ရှာပေးရမလား။ ကိုကိုနဲ့လိုက်ဖက်တဲ့ ကိုကိုတစ်ယောက်တွေ့ထားတယ် "
" ဘာ...ဒီဟာမလေး....ကလေးက ကလေးလိုမနေဘူး ။ သူများကိစ္စ လာရှုပ်နေတာ "
" ဘာသူများကိစ္စလဲ...ညမလေးရဲ့ တစ်ဦးထဲသော ကိုကိုရဲ့ကိစ္စက ညမလေးရဲ့ကိစ္စပဲပေါ့ "
" အဲ့လောက် သူများကိစ္စလာရှုပ်ချင်နေတာ...တစ်အိမ်လုံးကိုသန့်ရှင်းရေးလုပ်ခိုင်းပစ်မယ် "
" အော်....ကျူရှင်သွားရတော့မှာပဲ။ ပြန်လာရင်လည်း online class က တတ်ရအုံးမယ်။
ပြီးရင်လည်း အိမ်စာတွေလုပ်ရအုံးမယ်။
အမလေးနော်...ဝတ်ရည်မေလေးသနားပါတယ် ...နားရတယ်ကို မရှိဘူး "
သန့်ရှင်းရေးလုပ်ခိုင်းမှာအသေကြောက်သော ဝတ်ရည်မေ ကိုယ့်ကိုယ်ကို ကရုဏာတွေသက်ပြပြီး ဧည့်ခန်းထဲမှ အမြန်လစ်နိုင်ရန် ထိုင်နေရာမှထလိုက်သည်။
မျက်စိရှေ့တင် တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ ဒီကလေးမလေးက မေမေနဲ့ ရှိုင်းမြတ်ရဲ့ အသက်လေးလည်းဖြစ်လေသည်။
ကံကြမ္မာဆိုးတစ်ခုကိုဖြတ်ကျော်ခဲ့ရစဉ် မေမေ့အတွက် သည် သားနဲ့ သည် သမီးသည် ခွန်အားဖြစ်ခဲ့သလို၊ ရှိုင်းမြတ်အတွက်လည်း မေမေနဲ့ ညီမလေးကြောင့် ရင်ဆိုင်ကျော်ဖြတ်ရဲတဲ့သတ္တိတွေရလာခဲ့သည်မဟုတ်ပါလား။
ဧည့်ခန်းထဲမှ ထွက်သွားတော့မည့် ညမဖြစ်သူ ကို ရှိုင်းမြတ်လှမ်းတားလိုက်ပြီး မုန့်ဝယ်လာခဲ့ကြောင်းပြောလိုက်တော့ သူမ မျက်နှာလေးတောက်ပသွားသည်။
ထို့နောက် ဝယ်လာခဲ့သော မုန့်များအားစားပြီး ကျူရှင်ပြေးပါလေတော့သည်။
**********************************
နောက်အပိုင်းမှာ ရှိုင်းမြတ် လက်သီးနဲ့အထိုးခံရမှာပါဒါဒါတို့ရေ....🤧
ဘယ်သူ့ကြောင့်လဲ မှန်းကြည့်ကြပါအုံး
**********************************
Zawgyi
" ရှိုင်းမြတ် "
" ကောင်းပါပြီဗျ ။ နောက်ရက်ECကို
"......"
ရှိုင်းမြတ်တစ်ယောက်
**********************************
**********************************
Continuer la Lecture
Vous Aimerez Aussi
821K 71.7K 37
𝙏𝙪𝙣𝙚 𝙠𝙮𝙖 𝙠𝙖𝙧 𝙙𝙖𝙡𝙖 , 𝙈𝙖𝙧 𝙜𝙖𝙮𝙞 𝙢𝙖𝙞 𝙢𝙞𝙩 𝙜𝙖𝙮𝙞 𝙢𝙖𝙞 𝙃𝙤 𝙜𝙖𝙮𝙞 𝙢𝙖𝙞...... ♡ 𝙏𝙀𝙍𝙄 𝘿𝙀𝙀𝙒𝘼𝙉𝙄 ♡ Shashwat Rajva...
7K 272 14
ခင်ဗျားကျုပ်နဲ့ဒီညသေချာပေါက်လက်ထပ်ရမယ် လွန်းရန်နောင် တချို့ကိစ္စတွေအတွက် အဆင်သင့်မဖြစ်သေးရင် ခင်ဗျားအဆင်သင့်တဲ့အချိန်ထိစောင့်ပေးနိုင်တယ် ...
8.2K 337 27
ေမာင်အားလုံးကိုခွင့်လွှတ်ပေးမှာမို့ ကျေးဇူးပြုပြဳး မောင့်အနားမှာပဲနေပေးပါငယ် 'နန္ဒမောင်' အစကတည်းကငယ...
1K 79 15
လူဝင်စားficပုံစံမျိုးလေးပါနော်။ချစ်သူနှစ်ဦးကြားထားရှိခဲ့သောကတိသစ္စာဟာ စစ်မှန်ခဲ့မယ်ဆိုရင် သံသရာမှာကျင်လည်ရင်းလဲ ထပ်မံတွေ့ဆုံ ပေါင်းဖက်နိုင်ကြပါတယ်။ဒ...