# Unicode #
ထယ်ယောင်းလည်း ကိုကိုကိုကြည့်လိုက်တော့ သူ့ကိုကြည့်ပြီး မျက်ရည်တွေဝဲနေတာကိုတွေ့ရသည်။
သူ အခုချိန်မှာ စိတ်တွေ အရမ်းရှုပ်ထွေးနေတာဘဲသိ၏။သူအစတည်းက ရိပ်မိသင့်တယ်...အသံသိပ်မထွက်တဲ့သမီး သူခေါ်တိုင်း ငြိမ်နေတတ်တဲ့သမီး..အဲ့ဒါတွေကကြည့်ပြီး သူသိသင့်တယ်...
ဒီလိုတွေဖြစ်လာလို့ ဘယ်သူ့ကို အပြစ်တင်ပြီး ဘယ်သူ့ကို ရမယ် ရှာရမှန်းမသိ....
တုန်ချိနေတဲ့ ခြေထောက်တို့ကို အားပြုရပ်လိုက်ပြီး....သမီးကို ချီလိုက်သည်။ကိုကိုကလည်း သူ့ဘေးကို အလိုလိုလာရပ်၏။လက်ပေါ်က သမီးငယ်က သူနဲ့ကိုကို့ကို ပြူးကြောင်ကြောင်လေးကြည့်ပြီး အရုပ်လေးကိုဆက်ဆော့နေသည်။
" မောင်တို့..သမီးလေးကို ဆေးရုံသွားပြကြမယ် ကိုကို .."
ထယ်ယောင်းပြောလိုက်တော့ ခေါင်းငြိမ့်ပြတဲ့ ကိုကိုကြောင့် သမီးကို ချီပြီး အပြေးအလွှားနဲ့ ကားထဲထည့်ကာ ဆေးရုံကိုမောင်းလိုက်သည်။
သူ့စမ်းသပ်တာတွေမှားနေတာနေမှာ...ဆေးရုံမှာဆို တိကျတဲ့စမ်းသပ်နည်းတွေရှိတယ်...သေချာပေါက် သူဘဲမှားပါစေ...သူစမ်းသပ်တာတွေဘဲမှားပါစေ..သမီးလေးပါ ကိုကို့လိုဆို...သူ..သူတကယ် မခံစားနိုင်ဘူး...
ထယ်ယောင်းကားကို အရှိန်မြှင့်လိုက်၏။ဂျောင်ဂုလည်း...မောင့်ကိုကြည့်ပြီး...စိတ်မကောင်းဖြစ်မိသည်။သူ့ရင်ခွင်ထဲက သမီးငယ်က မိဘနှစ်ပါးရဲ့ အပြုမှုတွေကို မျက်လုံးဝိုင်းဝိုင်းလေးနဲ့သာ ကြည့်နေ၏။သမီးကိုပြုံးပြလိုက်ပြီး ခေါင်းလုံးလုံးလေးကို နမ်းကာ ရင်ခွင်ထဲ တင်းကျပ်နေအောင် ဖတ်ထားလိုက်သည်။
* ဘာကြောင့် ပါးပါးနဲ့ လာတူနေတာလည်း သမီးရယ်... ပါးပါးတို့ဘဝက လူရာမဝင်ဘူးလို့ အများမြင်နေကြတဲ့ဘဝကြီးမို့..သမီးလေးကိုအဲ့ဒဏ်တွေမခံစေချင်ဘူး..ပါးပါး..တကယ် စိတ်ရင်းနဲ့တောင်းပန်ပါတယ်..ပါးပါးကြောင့်ပါ..ပါးပါးမကောင်းတာ..ပါးပါးသာ..ဆွံအနားမကြားတစ်ယောက်မဟုတ်ဘူးဆို သမီးလေးလည်းအခုလိုဖြစ်မှာမဟုတ်ဘူး..*
* မောင်...ကိုကိုမင်းကို မေးဖူးတယ်နော်...ပိစိလေးက ငါနဲ့တူနေရင် မင်းလက်ခံမှာလားလို့...အဲ့တုန်းက မင်းလက်ခံတယ်လို့ ဖြေခဲ့တယ်နော်...ငါ မင်းကို ယုံချင်တယ်မောင်..ဒါပေမဲ့ မင်းရဲ့သွေးပျက်နေတဲ့ပုံစံက ငါကို သံသယတွေဝင်စေတယ်...မင်း နောင်တမရပါဘူးနော် မောင်...*
အပြင်ဘက်ကိုတွေတွေလေးငေးရင်း မျက်ရည်စလေးတွေပါးပြင်ပေါ်စီးဆင်းသွားတဲ့ ဂျောင်ဂုအဖြစ်ကို ခြောက်ခြားစိတ်ဖြစ်နေတဲ့ ထယ်ယောင်းလုံးဝမသိပေ...
~
~
~
ဆေးရုံရောက်တော့ ဦးနှောက်နဲ့အာရုံကြော အထူးကုပါမောက္ခနဲ့ သမီးလေးအခြေနေကို စစ်ဆေးလိုက်သည်။
သူနဲ့ကိုကိုက ဆေးစစ်နေတဲ့ အချိန်မှာ အခန်းပြင်မှာ စောင့်နေကြသည်။ဆရာဝန်နဲ့ နာ့စ်မတွေလက်ထဲ မသိနားမလည်သလိုပုံစံမျိုးလေးနဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့်ပါသွားသောသမီးငယ်ပုံစံကို မျက်လုံးထဲကမထွက်...
တစ်နာရီလောက်ကြာတော့ သမီးလေးကိုချီပြီး နာ့စ်တစ်ယောက်ကထွက်လာသည်။
" စမ်းသပ်လို့ပြီးပါပြီ...နာရီဝက်လောက်နေရင် ဆေးစစ်ချက်အဖြေသိရမယ်..ခဏစောင့်ပေးပါ.."
သမီးလေးကို ထယ်ယောင်းလက်ထဲထည့်လိုက်ပြီး ပြောလိုက်တော့ သူတို့ ထိုင်ခုံမှာထိုင်စောင့်နေလိုက်သည်။ဆေးစစ်ထာူရလို့ပင်ပန်းနေတဲ့သမီးငယ်က ထယ်ယောင်းရဲ့ လက်ပေါ်မှာတင် အိပ်မောကျသွား၏။အိပ်ပျော်နေတဲ့ သမီးရဲ့ မျက်နှာနုနုလေးကို ကြည့်ပြီး ထယ်ယောင်း..ငိုချင်လာသည်။
* ဒယ်ဒီတို့ရဲ့ပထမဆုံး ရင်သွေးလေး...ပျော်ရွှင်ခြင်းတွေကိုယူဆောင်လာပေးတဲ့သမီးလေး...သမီးလေးရဲ့ အသံချိုချိုလေးတွေနဲ့ကင်မ်စံအိမ်မှာ သာယာမယ်လို့မျှော်လင့်ခဲ့တာ..အခုတော့..သမီးရယ်...ဒယ်ဒီအကြောက်ဆုံး ကိစ္စကြီးဖြစ်လာပြီ...ဒယ်ဒီ ဘယ်ခွန်အားတွေနဲ့ ရှေ့ဆက်ရမလဲသမီး...သမီးရဲ့ ဖြစ်တည်မှုကို ဒယ်ဒီလက်ခံချင်ပေမဲ့ သမီးလေး ရှေ့ရေးအတွက် ဒယ်ဒီ ပူလောင်နေပြီကလေးရယ်...*
ဂျောင်ဂုလည်း မောင့်ကြေကွဲနေတာသိလို့ ခပ်ဝေးဝေးမှာနေပြီး ငိုနေမိသည်။သူတစ်ယောက်နဲ့တင်..လုံလောက်နေပြီကို..သမီးလေးကိုပါ..သူ့လိုမျိုးဖြစ်သေခဲ့တာလည်း...သမီးလေးနဲ့ ပတ်သတ်ပြီးမောင့်မှာ အိပ်မက်တွေအများကြီးရှိတာ..သူသိတာပေါ့...မောင်က တစ်ခါပြောဖူးတယ်..သူနဲ့စကားပြောလို့မရရင်တောင် မွေးလာတဲ့ကလေးလေးတွေနဲ့ တီတီတာတာပြောမယ်ဆိုပြီတော့လေ...အခုတော့...မောင့်အိပ်မက်တွေ ဆန္ဒတွေရိုက်ချိုးသလိုဖြစ်သွားပြီ...
* ငါတောင်းပန်ပါတယ်မောင်ရယ်..*
" ကင်မ်ဟာနူး..ဆေးစစ်ချက်ရပါပြီ..အခန်းထဲဝင်လာခဲ့ပါနော်.."
ခေါ်သံကြားတာကြောင့် သမီးလေးမနိုးအောင် ပွေ့ချီပြီးထကာ သူအခန်းထဲဝင်သွားလိုက်သည်။ဂျောင်ဂုကတော့ မလိုက်ဘဲ ကျန်ခဲ့သည်။ ဝင်သွားတော့ရော..သူကဘာသိမှာမလို့လည်း..သမီးလေးအတွက် အကြားအာရုံရော စကားပြောစွမ်းရည်ပါ အသုံးမချနိုင်တဲ့သူက လူပိုတစ်ယောက်လို..ပြီးတော့ သူ့လိုဘဝ မျိုးသမီးလေးကိုပါ ဖြစ်စေခဲ့ပြီ..
သူဟာသမီးလေးကို ပွေ့ဖက်နမ်းရရှိုက်ပြီး ချစ်ကြောင်းပြလို့ရတာတစ်ခုဘဲရှိတဲ့ မိခင်တစ်ယောက်..သူများမိခင်တွေလို အသံချိုချိုလေးနဲ့ သားချော့တေးလေးဆိုပြီး..မသိပ်နိုင်တဲ့လူ...သူဟာ ကံအဆိုးဆုံးလူဘဲဖြစ်နေပြီလား..ဘေးပတ်ဝန်းကျင်က လူတွေရောကံဆိုးစေခဲ့တဲ့လူလား...
ကိုယ့်ဖြစ်တည်မှုကို နာကျင်နေမိတယ်..ငိုရလွန်းလို့ ရင်ဘတ်တွေပါအောင့်တတ်လာသည်။
* ပါးပါး...မားမား...သား..သားကြောင့်...သမီးးလေက..သားလိုမျိုး ဆွံ့အနားမကြားလေးဖြစ်လာပြီ..သား..မောင်လိုချင်တဲ့ ပျော်ရွှင်မှုတွေကို မပေးနိုင်ခဲ့ဘူး..သား..မှာရွေးချယ်ခွင့်သာရှိရင်...ဒီလိုဘဝကြီးမျိုး မွေးဖွားမလာချင်ဘူး...သား..ပါးပါးတို့ခံစားချက်ကိုနားလည်ပြီထင်တယ်...သားလိုကလေးမျိုးကိုပိုင်ဆိုင်ရတဲ့ ခံစားချက်လေ..အရမ်းထိခိုက်ပြီး နှလုံးကွဲကြေမတတ်ခံစားရတာမလား...သားလည်းအခု နှလုံးကွဲကြေနေပြီ မားမားရယ်..သားရဲ့ သမီးလေးကပါ...သားလိုဆိုတော့..သားလုံးဝမခံစားနိုင်တော့ဘူး...*
မျက်နှာကိုလက်ဖြင့်အုပ်ကာ ရှိုက်ကြီးတငင်ငိုနေတဲ့ဂျောင်ဂုကို ဆေးရုံလာတဲ့သူတွေက သနားတဲ့အကြည့်နဲ့ကြည့်သွားကြသည်။ရုပ်လေးချောပေမဲ့ ဘဝကံကြောင်းမလှတော့..နာကျင်စရာတွေသာ ဖြစ်လာ၏။
~
~
~
" ဒေါက်တာ..သမီးလေးအခြေနေက..~"
ထယ်ယောင်း တုန်ခါနေတဲ့အသံကိုထိန်းပြီး..ဒေါက်တာကိုမေးလိုက်တော့..ဒေါက်တာက သူ့ရင်ခွင်ထဲက သမီးငယ်ကိုတစ်ချက်ကြည့်ပြီး ဆေးစာရွက်တွေကိုဖွင့်ဖောက်နေသည်။
ဆရာဝန်က စစ်ချက်အဖြေကို မကြည့်သေးဘဲ စမ်းသပ်ခန်းထဲက အခြေနေတွေကိုပြန်ပြောပြလိုက်၏။
"ဆေးစစ်နေတဲ့အချိန်တုန်းက....ခင်ဗျားသမီးရဲ့ အခြေနေက deaf-mute လက္ခဏာတွေပြနေတယ်...ခင်ဗျားမိသားစုမှာ..မွေးရာပါ deaf-mute(ဆွံအနားမကြားခြင်း) ရှိသလား.."
ထယ်ယောင်း ရင်နာနာနဲ့ဘဲ ခေါင်းငြိမ့်လိုက်၏။သမီးလေးရဲ့ပါးပါး ကိုယ်တိုင်က deaf-mute တစ်ယောက်ဘဲလေ...
" သမီးလေးက..အမျိုးသမီးကမွေးတာမဟုတ်ပါဘူးဒေါက်တာ...အမျိုးသားကိုယ်ဝန်ဆောင်က မွေးတာပါ..ပြီးတော့..သူ့ကိုမွေးတဲ့ ကျွန်တော့် အမျိုးသား ကိုယ်တိုင်က deaf-mute ပါ..."
ရင်ခွင်ထဲက အောချမ်းစွာအိပ်စက်နေတဲ့ သမီးငယ်လေးရဲ့မျက်နှာကိုကြည့်ပြီး ထယ်ယောင်း ငိုချင်တာကို ထိန်းချုပ်ထားလိုက်သည်။ဆရာဝန်လည်း သူ့စကားကြားတော့ စိတ်မကောင်းဖြစ်သွားသည်ထင် ..ခဏငြိမ်သက်သွား၏။ပြီးမှ လက်ထဲက အဖြေစာရွက်ကိုကြည့်ပြီး..
" စိတ်မကောင်းပါဘူးဗျာ...ခင်ဗျားသမီးက.. deaf-mute..လို့ ဆေးစစ်ချက်က အတည်ပြုလိုက်တယ်.. "
" ဗျာ!!."
" သမီးလေးက..ဟုတ်လို့လား ဆရာရယ်..သေချာပြန်စစ်ပေးပါအုံး..ကျွန်တော့်သမီးလေးက အဲ့လိုမျိုးဖြစ်လို့မရဘူးလေ.."
ထယ်ယောင်းမျက်ရည်တွေကို တင်းခံမထားနိုင်တော့ပေ...ဒေါက်တာ့ရှေ့မှာဘဲ ငိုနေမိသည်။ မဖြစ်နိုင်ဘူးလို့မျှော်လင့်ခဲ့ပေမဲ့ အခုတော့ ဆေးစစ်ချက်ကပါ ထွက်လာပြီးမို့ ထယ်ယောင်း ရင်ထဲမချိအောင်ခံစားရ၏။
"ဒေါက်တာ...ကျွန်တော်တို့ နောက်ထပ်ရင်သွေးယူရင်ရော deaf-mute ဖြစ်ဖို့အလားလာရှိလားဒေါက်တာ.."
ထယ်ယောင်း..သမီးလေးလို နောက်ထပ်ရင်သွေးလာပါဖြစ်လာမလားဆိုသည့်အချက်က ဦးနှောက်ထဲပေါ်လာသည်။ သူနဲ့ကိုကိုက နောက်ကလေးယူဖို့ တိုင်ပင်ပြီးကြပြီလေ..ကိုကိုက တားဆေးတွေဖြတ်နေတာ နှစ်ပတ်ကျော်ပြီလေ..တကယ်လို့ နောက်ထပ်ရင်သွေးလေးပါ နူးနူးလေးလိုဆို..ထယ်ယောင်း သေမှာ...သူ့ရဲ့မျိုးဆက်တွေပျက်သုဉ်းကုန်မှာ..
" deaf-mute အများစုက မွေးရာပါဖြစ်ပြီး..မျိုးရိုးလိုက်တတ်ပါတယ်..အထူးသဖြင့်.. deaf-mute တစ်ယောက်က မွေးတဲ့ ကလေးတွေဟာ.. deaf-mute ဖြစ်ဖို့အလားလာရှိပါတယ်...ပြီးတော့ ပထမကလေးက deaf-mute ဖြစ်လို့နောက်ကလေးက သာမာန်အတိုင်းမွေးလာမယ်လို့ တထစ်ချမပြောနိုင်ဘူး..ကံနဲ့ဘဲဆိုင်တယ်..ကလေးက မိခင်နဲ့တူပြီး deaf-mute ဖြစ်နိုင်သလို..ဖခင်နဲ့တူပြီး သာမာန်ကလေးလည်းဖြစ်နိုင်တယ်...."
" ဒါဆို ဒေါက်တာပြောချင်တာက နောက်ထပ်ရင်သွေးကလည်း နူးနူးလေးလို ဖြစ်မဖြစ်ဆိုတာကြိုမသိနိုင်ဘူးပေါ့.."
ထယ်ယောင်းက အသက်မဲ့နေတဲ့မျက်နှာနဲ့ပြောလိုက်တော့ ဒေါက်တာက ခေါင်းငြိမ်ပြ၏။
ချက်ချင်းဘဲနေရာကနေ ထကာ..ယိုင်လဲချင်နေတဲ့ခြေထောက်တွေကို အားပြုလျှောက်ရင်း အခန်းထဲကနေ ထွက်လာခဲ့သည်။ ငူငူငိုင်ငိုင် မျက်လုံးတွေနဲ့ ခံစားချက်မဲ့နေတဲ့ မျက်နှာဖြင့်..သမီးလေးကိုချီကာ အပြင်ထွက်လာခဲ့သည် ။
အပြင်ရောက်တော့ ကိုကိုက ထိုင်ခုံလေးပေါ်မှာငြိမ်နေပြီး..သူ့ကိုတွေ့တော့ စူးစမ်းသည့်မျက်ဝန်းကြီးတွေနဲ့ကြည့်လာတာကြောင့် အပြုံးတစ်ခုဆင်မြန်လိုက်သည်။ သူဘယ်လောက်ဘဲ စိတ်ညစ်ညစ် ကိုကိုကိုတော့ မျက်နှာလေးညိုးအောင်မလုပ်ချင်..ဖြစ်လာပြီးမှတော့ လက်ခံလိုက်တာအကောင်းဆုံပင်....
သမီးလေးကို ကိုကိုက ပြောင်းချီလိုက်ပြီး...သူ့ရဲ့နောက်ကနေလိုက်လာသည်။ကားပါကင်ရောက်တဲ့အထိ နှစ်ဦးသားအခြေနေကတိတ်ဆိတ်နေ၏။
*~.မောင်..သမီးလေးက ငါလို့ဘဲလား..ဖြေပါမောင်..*
ကားစက်နိုးတော့မဲ့လက်တွေက ကိုကိုရေးပြတဲ့စာလေးကိုမြင်တော့ အလိုလိုရပ်သွားသည်။
*~.ဟုတ်တယ် ကိုကို...နူးနူးလေးက.. deaf-mute တဲ့..ကိုကိုနဲ့တူတဲ့သမီးလေးက ကိုကို့လိုဘဲ .ဒါကြောင့် မောင်တန်ဖိုးထားပါ့မယ်..စိတ်မညစ်နဲ့နော် ကိုကို.~*
ထယ်ယောင်း မျက်ရည်တွေကို ကိုကိုသူ့စာဖတ်နေချိန်မှာ မသိအောင်ခိုးသုတ်လိုက်သည်။မောင့်မျက်ရည်တွေကို ကိုကို့ကိုမမြင်စေချင်ဘူး..မောင် ခံစားနေရပေမဲ့ မောင်ထုတ်ပြလိုက်ရင် ကိုကိုဝမ်းနည်းသွားလိမ့်မယ်...
*~.မောင်..ငါတို့ နောက်ထပ်ကလေးထပ်ယူကြမယ်မလား..နူးနူးလေးလည်း နှစ်နှစ်ပြည့်တော့မှာဘဲ..~*
ထယ်ယောင်း ကိုကို့စာကို အချိန်ကြာတဲ့အထိိ စိုက်ကြည့်နေမိသည်။
* မောင် ခုနက ဒေါက်တာနဲ့သွားတွေ့နေတုန်း..ငါ သမီးလေးကို မွေးပေးတဲ့ ဒေါက်တာနဲ့တွေ့လို ငါစာရေးပြောပြပြီးမေးကြည့်လိုက်တယ်မောင်..အဲ့တော့ ဒေါက်တာကပြောတယ်..နောက်ထပ်ကလေးက ငါနဲ့တူနိုင်သလို မောင်နဲ့လည်းတူနိုင်တယ်တဲ့...ငါယုံတယ်မောင့် ငါကလေးအယောက်တစ်ရာမွေးရင်တောင် အယောက်တစ်ရာလုံးငါနဲ့တူမယ်လို့မခံစားမိဘူးမောင်...ငါမင်းစကားပြောဖော်ရအောင် နောက်ထပ်ကလေးလေးမွေးပေးချင်တယ်မောင်...*
ဂျောင်ဂု ခုနက ဒေါက်တာ့စကားတွေကိုပြန်စဉ်းစာနေမိပြီး စာအုပ်ကို ကြည့်နေတဲ့မောင့်ကိုသာ စိုက်ကြည့်နေလိုက်သည်။
* မောင်သေချာကြည့်ရင် ငါ့မျက်ဝန်းတွေထဲမှာစိတ်အားထက်သန်မှုတွေကိုတွေ့လိမ့်မယ်မောင်...*
ထယ်ယောင်း ကိုကို့ကိုမကြည့်ဘဲ ခေါင်းငြိမ့်ပြကာ ကားစက်နှိုးပြီးမောင်းလိုက်သည်။
* မောင်က ဘာကြောင့်ငါ့မျက်ဝန်းတွေကိုမကြည့်တာလဲ...မောင်..ငါ့စကားတွေနားမလည်ချင်တော့ဘူးလား..*
~
~
~
အိမ်ရောက်တော့..ဒယ်ဒီနဲ့မာမီက သူတို့မျက်နှာမကောင်းတာရော အိမ်အကူတွေပြောပြတာရောပေါင်းပြီး..နားလည်သဖြင့် ဘာမှတော့မမေး..
" ပြန်လာကြပြီလား..သားတို့...ပေး..မာမီ့ကို ကလေး.."
ချယ်ယောင်းက ဂျောင်ဂုလက်ထဲက နူးနူးလေးကို ယူချီလိုက်သည်။ ထယ်ယောင်းကတော့ သမီးလေးကိုမြင်တိုင်း ခံစားနေရတာကြောင့်ဘအပေါ်ထပ်က အလုပ်ခန်းထဲကိုသာ ဝင်သွားလိုက်သည်။ ဂျောင်ဂုလည်း မောင်..စိတ်အဆင်ပြေအောင်..လုပ်ပါစေဆိုပြီူ ကျန်ခဲ့လိုက်သည်။အနည်းနဲ့အများတော့မောင်ခံစားရမှာဘဲ..အဲ့အတွက်လည်းသူနားလည်တယ်။
*~.နူးနူးလေးကို ဒီနေ့ ဒယ်ဒီတို့နဲ့သိပ်လိုက်မယ်..သားတစ်ရက်လောက်နားလေ.."
ထယ်မင်က စာရေးပြီး နူးနူးလေးကို ညဘက်ခေါ်သိပ်ဖို့ပြောလိုက်တော့ ဖျော့တော့တော့မျက်ဝန်းလေးတွေနဲ့ ခေါင်းငြိမ့်ပြလာ၏။
*~.သားသွားနားတော့လေ..မြေးလေးကို ထားခဲ့ရတယ်.~*
ထယ်မင်က အနားယူဖို့ထပ်ပြောလိုက်တော့ ခေါင်းငြိမ့်ပြီး နူးနူးလေးကို တစ်ချက်နမ်းကာ အပေါ်ထပ်တက်သွားတဲ့ဂျောင်ဂု...
ထယ်မင်နဲ့ ချယ်ယောင်းလည်း သားနဲ့သမက်မရှိတော့မှာ မြေးလေးကိုဖက်ပြီး ငိုလိုက်ကြသည်။သူတို့လည်း ဘယ်စိတ်ကောင်းမလဲ..ပထမဆုံးမြေးဦးလေးမို့ သည်းသည်းလှုပ်ချစ်ခဲ့၏။မြေးလေးအကြောင်းသိရလည်း မြေးကသူတို့မြေးဘဲ..မေတ္တာနဲ့နွေးထွေးမှူတွေပေးပြီးဆက်ချစ်ရမှာပေါ့...
" အစ်ကိုရယ်..ချယ်လေ..ဆွန်းတို့ရဲ့ ခံစားချက်တွေကိုနားလည်ပြီထင်တယ်..မြေးလေးအတွက် ချယ်အရမ်းစိတ်ပူတာဘဲ အစ်ကို..ချယ်လေ..မြေးလေးကို သနားတာဘဲသိတယ်.."
ချယ်ယောင်း ရင်ခွင်ထဲက သူ့ကိုမျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ကြည့်နေတဲ့ နူးနူးလေးကြောင့် မျက်ရည်တွေအတားအဆီးမရှိကျလာသည်။
ဆည်းလည်းလေးက..မမြည်နိုင်တော့ အိမ်တော်ကြီးက သာယာနိုင်ပါ့မလား...
" ချယ်..ကလေးရှေ့မှာ မငိုပါနဲ့ကွာ..မြေးလေးစိတ်မကောင်းဖြစ်နေပါ့မယ်...အစ်ကိုတို့အတူတူ စောင့်ရှောက်လို့ရတာဘဲ..မြေးလေးအနာဂတ်အတွက် လုံခြုံစိတ်ချရအောင် အစ်ကိုတို့စီစဉ်ကြတာပေါ့.."
အဝေးတစ်နေရာကို ငေးကြည့်ပြီး ပြောလိုက်တဲ့ထယ်မင်...
" အစ်ကို..သားထယ် ဘယ်လိုနေမလဲအသိဘူးနော်..ချယ်တို့တောင်အရမ်းခံစားနေရတာ သားလေးဆို ရူးမတတ်ဖြစ်နေမယ်ထင်တယ်.."
ချယ်ယောင်း သားကို သနားတဲ့စိတ်ကြောင့်ပိုပြီး ငိုလာသည်။ သူထိန်းထားပေမဲ့ သားလေးကို သနားတာကြောင့် ဘယ်လို့မှ မဖြေနိုင်....
သားထယ်က ပျော်ရွှင်တဲ့မိသားစုလေးကို အရမ်းလိုချင်ခဲ့တာ...ကလေးလည်းချစ်တတ်သလို ကလေးရယ်သံလေးတွေ တီတီတာတာချွဲသံစကားပြောသံလေးတွေပို မြတ်နိုး၏။ဒါကြောင့် ဂျောင်ဂုလေးကိုမမြင်သေးတဲ့အချိန်က လက်ထက်ပေးမယ်ဆိုတော့ အတင်းငြင်းခဲ့တာလေ...အဲ့နေ့ညက အစ်ကိုမသိအောင် သားရဲ့အခန်းထဲသွားပြီးမေးတော့ သားက..
««မာမီ..သားက ရိုးရှင်းပြီးပျော်စရာမိသားစုလေးကို ပိုင်ဆိုင်ချင်တာ မာမီတို့ပေးစာတဲ့သူက ဆွံ့အနားမကြားဆိုတော့ သားတို့အိမ်ထောင်ရေးကြီးက တိတ်ဆိတ်ပြီးတစ်ဖက်သတ်ဆန်နေလိမ့်မယ်မာမီ..သားအဲ့လိုမျိုးမဖြစ်ချင်ဘူး..»»
လို့ပြောခဲ့တာ...ဒါပေမဲ့ ဂျောင်ဂုလေးကိုမြင်တော့ ချစ်ခင်စုံမတ်သွားတာမို့ သူလိုချင်တဲ့မိသားစုလေးနဲ့ ဆန္ဒကို ထိန်းချုပ်ပြီး ဂျောင်ဂုလေးကို လက်ထပ်ခဲ့တာ..ဂျောင်ဂုလေးကိုယ်ဝန်ရတော့လည်း..သူ့မိသားစုထဲမှာ သူ့အတွက် စကားပြောဖော်လေးရပြီဆိုပြီး သားက ကွယ်ရာမှာပြောပြောပြီး မျက်ရည်ကျနေတတ်သေးတာ...
မျှော်လင့်တကြီးနဲ့ ရှင်သန်လာပြီးမှ..ရိုက်ချခံလိုက်ရတော့ သားထယ်အတော်လေး အထိနာပြီး နာကျင်နေမှာအမှန်..အိမ်ထဲဝင်လာတော့ သားရဲ့မျက်လုံးတွေမှာ အသက်မဲ့နေပြီး နာကျင်မှုကို ဖုံးဖိထားတဲ့ မျက်နှာလေးကို ချယ်ယောင်း ကောင်းကောင်းကြည့်တတ်တာပေါ့....မိခင်တစ်ယောက်အနေနဲ့ ကိုယ့်သားသမီးနာကျင်နေတာမြင်တော့..နှလုံးသားကိာ ဓားနဲ့ခွဲပြီး ဆားပတ်သလိုပင်..
" အစ်ကိုကတော့ သားထယ် မလုပ်သင့်တာတွေမလုပ်မိဖို့ဘဲဆုတောင်းတယ်..ချယ်..ကိုယ့်သားက တစ်ခါတစ်လေ အရမ်းအတ္တကြီးတယ် ဆိုတာ ချယ်သိတယ်မလား..သူ့လုပ်ရပ်တစ်ခုခုက တစ်စုံတစ်ယောက်ကို အထိနာသွားစေရင် ပြဿနာဖြစ်လာမှာဘဲ အစ်ကိုစိုးရိမ်တယ်.."
ထယ်မင်ကတော့ သားထယ် အသိနဲ့သတိယှဉ်ပြီး ဘာဆက်လုပ်မယ်ဆိုတာကို သေချာရွေးချယ်စေချင်သည်။
~
~
~
အလုပ်ခန်းထဲမှာတော့ ထယ်ယောင်းတစ်ယောက် အရူးကြီးလို ငိုယိုမိသည်။
" ငါ..ငါဖြစ်စေချင်တာ ဒါမျိုးမဟုတ်ခဲ့ဘူးလေ!! ဘာကြောင့်ငါ့မှလဲ..ဘာကြောင့်လဲ..အားးး ဘာကြောင့်ငါ့သမီးလေးမှလဲ..."
ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ချပြီး လကါသီးတွေနဲ့ ကြမ်းပြင်ကို ထိုးနေ၏။
" ဒုန်း!.. ဒုန်း!.. ဒုန်း!.. "
" သမီးရာ...ပါးပါးနဲ့ အကုန်လုံးတူလိုက်ရတာလဲ..ဒယ်ဒီ့ရင်တွေအရမ်းပူလောင်နေပြီ သမီးရဲ့..ဒယ်ဒီ..သမီးကို အဲ့လိုမဖြစ်စေချင်ခဲ့ဘူး..ဒယ်ဒီ့သမီးလေးက လူတွေအလယ်မှာ ဝံ့ဝံ့ကြွားကြွားနဲ့ လှပပြီး ထက်မြတ်တဲ့ မိန်းကလေးဖြစ်စေချင်ခဲ့တာ.."
" ဒါပေမဲ့ သမီးရဲ့ ဖြစ်တည်မှုက ဒါဆိုလည်း ဒယ်ဒီလက်ခံတယ်...ဘာဘဲဖြစ်ဖြစ် သမီးက ဒယ်ဒီ့သမီးဘဲ.."
ထယ်ယောင်းမှာ ရည်မှန်းချက်တွေပျက်သုဉ်းသွားသော်လည်း သူ့သမီးလေးကို အစွမ်းကုန်
ကာကွယ်သွားမည်...
*~.မောင်..ငါတို့ နောက်ထပ်ကလေးထပ်ယူကြမယ်မလား..နူးနူးလေးလည်း နှစ်နှစ်ပြည့်တော့မှာဘဲ..~*
ငိုနေရင်း..ထယ်ယောင်းအတွေးထဲ ကားပေါ်မှာ ကိုကိုရေးပြတဲ့စာလေးပေါ်လာ၏။
" ငါ ကိုကိုပြောသလို ကလေးထပ်ယူရင်ကောင်းမလား.."
အတွေးအဆုံးမှာ နားထဲ လီဟွန်းဂျယ်ပြောခဲ့တဲ့စကားတွေကြားလာသည်။
«« မင်း ရဲ့ င အက မွေးရာပါ..ကုလို့မရဘူး..ကလေးတွေကလည်း သူလိုမျိုး မျိုးရိုးလိုက်ပြီး င အတွေ ဖြစ်လာမှာ... »»
«« င အကနေ င အလေး မွေးလာမှ မင်းလူညွှန့်တုံးနေမယ် »»
" မဟုတ်ဘူး..အဲ့လိုမဖြစ်ဘူး.."
«« မင်း ရဲ့ င အက မွေးရာပါ..ကုလို့မရဘူး..ကလေးတွေကလည်း သူလိုမျိုး မျိုးရိုးလိုက်ပြီး င အတွေ ဖြစ်လာမှာ... »»
" မဟုတ်ဘူး..သွား!!.ထွက်သွား !! "
" ဒုန်း!!!"
သူ့ဘေးမှာ ဟွန်းဂျယ်ရဲ့ပုံရိပ်ယောင်တွေပေါ်လာပြီး ပြောနေတာကြောင့် အနားမှာရှိတဲ့ပန်းအိုးနဲ့ကောက်ပေါက်လိုက်သည်။
«« ပထမကလေးက deaf-mute ဖြစ်လို့နောက်ကလေးက သာမာန်အတိုင်းမွေးလာမယ်လို့ တထစ်ချမပြောနိုင်ဘူး..ကံနဲ့ဘဲဆိုင်တယ်..ကလေးက မိခင်နဲ့တူပြီး deaf-mute ဖြစ်နိုင်သလို..ဖခင်နဲ့တူပြီး သာမာန်ကလေးလည်းဖြစ်နိုင်တယ်...»»
တဖန်ဒေါက်တာပြောခဲ့တဲ့စကားတွေ ကြားယောင်လာသည်။
ထယ်ယောင်း မျက်ရည်လွှဲရွှဲနဲ့ မျက်လုံးတွေက ဂနာမငြိမ်ဖြစ်လာ၏။
"ငါ..ငါ့နောက်ထပ် ကလေး..ယူလည်း..သာမန်ဖြစ်ဖို့ မသေချာဘူးတဲ့..တကယ်လို မွေးလာမှ အဲ့ကလေးကပါ..နူး..နူးနူးလေးလိုဆို ငါ့ရဲ့ကလေးတွေက အညွှန့်ချိုးခံရတဲ့ပန်းကလေးတွေ ဖြစ်လိမ့်မယ်..ငါ...ငါ မကြိုးစားရဲဘူး..ဘာမှမသေချာတဲ့ ကိစ္စမို့ ကလေးယူလိုက်ရင် ငါ့ကလေးတွေအားလုံးဘဲနစ်နာလိမ့်မယ်..."
" တောင်းပန်ပါတယ် ကိုကို မောင်..ကလေးမယူချင်တော့ဘူး..မောင်ကြောက်တယ်..နူးနူးလို မောင့်ကလေးတွေ ဖြစ်လာမှာကို.."
~
~
~
Good night ပါသဲငယ်လေးတို့😘💜💜💜💜💜💜💜
Thanks for votes, feedback and comment.
I Love my readers forever ❤️
I PURPLE YOUR 💜
______________________________________
# Zawgyi #
ထယ္ေယာင္းလည္း ကိုကိုကိုၾကည့္လိုက္ေတာ့ သူ႕ကိုၾကည့္ၿပီး မ်က္ရည္ေတြဝဲေနတာကိုေတြ႕ရသည္။
သူ အခုခ်ိန္မွာ စိတ္ေတြ အရမ္းရႈပ္ေထြးေနတာဘဲသိ၏။သူအစတည္းက ရိပ္မိသင့္တယ္...အသံသိပ္မထြက္တဲ့သမီး သူေခၚတိုင္း ၿငိမ္ေနတတ္တဲ့သမီး..အဲ့ဒါေတြကၾကည့္ၿပီး သူသိသင့္တယ္...
ဒီလိုေတြျဖစ္လာလို႔ ဘယ္သူ႕ကို အျပစ္တင္ၿပီး ဘယ္သူ႕ကို ရမယ္ ရွာရမွန္းမသိ....
တုန္ခ်ိေနတဲ့ ေျခေထာက္တို႔ကို အားျပဳရပ္လိုက္ၿပီး....သမီးကို ခ်ီလိုက္သည္။ကိုကိုကလည္း သူ႕ေဘးကို အလိုလိုလာရပ္၏။လက္ေပၚက သမီးငယ္က သူနဲ႕ကိုကို႔ကို ျပဴးေၾကာင္ေၾကာင္ေလးၾကည့္ၿပီး အ႐ုပ္ေလးကိုဆက္ေဆာ့ေနသည္။
" ေမာင္တို႔..သမီးေလးကို ေဆး႐ုံသြားျပၾကမယ္ ကိုကို .."
ထယ္ေယာင္းေျပာလိုက္ေတာ့ ေခါင္းၿငိမ့္ျပတဲ့ ကိုကိုေၾကာင့္ သမီးကို ခ်ီၿပီး အေျပးအလႊားနဲ႕ ကားထဲထည့္ကာ ေဆး႐ုံကိုေမာင္းလိုက္သည္။
သူ႕စမ္းသပ္တာေတြမွားေနတာေနမွာ...ေဆး႐ုံမွာဆို တိက်တဲ့စမ္းသပ္နည္းေတြရွိတယ္...ေသခ်ာေပါက္ သူဘဲမွားပါေစ...သူစမ္းသပ္တာေတြဘဲမွားပါေစ..သမီးေလးပါ ကိုကို႔လိုဆို...သူ..သူတကယ္ မခံစားနိုင္ဘူး...
ထယ္ေယာင္းကားကို အရွိန္ျမႇင့္လိုက္၏။ေဂ်ာင္ဂုလည္း...ေမာင့္ကိုၾကည့္ၿပီး...စိတ္မေကာင္းျဖစ္မိသည္။သူ႕ရင္ခြင္ထဲက သမီးငယ္က မိဘႏွစ္ပါးရဲ႕ အျပဳမႈေတြကို မ်က္လုံးဝိုင္းဝိုင္းေလးနဲ႕သာ ၾကည့္ေန၏။သမီးကိုၿပဳံးျပလိုက္ၿပီး ေခါင္းလုံးလုံးေလးကို နမ္းကာ ရင္ခြင္ထဲ တင္းက်ပ္ေနေအာင္ ဖတ္ထားလိုက္သည္။
* ဘာေၾကာင့္ ပါးပါးနဲ႕ လာတူေနတာလည္း သမီးရယ္... ပါးပါးတို႔ဘဝက လူရာမဝင္ဘူးလို႔ အမ်ားျမင္ေနၾကတဲ့ဘဝႀကီးမို႔..သမီးေလးကိုအဲ့ဒဏ္ေတြမခံေစခ်င္ဘူး..ပါးပါး..တကယ္ စိတ္ရင္းနဲ႕ေတာင္းပန္ပါတယ္..ပါးပါးေၾကာင့္ပါ..ပါးပါးမေကာင္းတာ..ပါးပါးသာ..ဆြံအနားမၾကားတစ္ေယာက္မဟုတ္ဘူးဆို သမီးေလးလည္းအခုလိုျဖစ္မွာမဟုတ္ဘူး..*
* ေမာင္...ကိုကိုမင္းကို ေမးဖူးတယ္ေနာ္...ပိစိေလးက ငါနဲ႕တူေနရင္ မင္းလက္ခံမွာလားလို႔...အဲ့တုန္းက မင္းလက္ခံတယ္လို႔ ေျဖခဲ့တယ္ေနာ္...ငါ မင္းကို ယုံခ်င္တယ္ေမာင္..ဒါေပမဲ့ မင္းရဲ႕ေသြးပ်က္ေနတဲ့ပုံစံက ငါကို သံသယေတြဝင္ေစတယ္...မင္း ေနာင္တမရပါဘူးေနာ္ ေမာင္...*
အျပင္ဘက္ကိုေတြေတြေလးေငးရင္း မ်က္ရည္စေလးေတြပါးျပင္ေပၚစီးဆင္းသြားတဲ့ ေဂ်ာင္ဂုအျဖစ္ကို ေျခာက္ျခားစိတ္ျဖစ္ေနတဲ့ ထယ္ေယာင္းလုံးဝမသိေပ...
~
~
~
ေဆး႐ုံေရာက္ေတာ့ ဦးႏွောက္နဲ႕အာ႐ုံေၾကာ အထူးကုပါေမာကၡနဲ႕ သမီးေလးအေျခေနကို စစ္ေဆးလိုက္သည္။
သူနဲ႕ကိုကိုက ေဆးစစ္ေနတဲ့ အခ်ိန္မွာ အခန္းျပင္မွာ ေစာင့္ေနၾကသည္။ဆရာဝန္နဲ႕ နာ့စ္မေတြလက္ထဲ မသိနားမလည္သလိုပုံစံမ်ိဳးေလးနဲ႕ မ်က္လုံးဝိုင္းဝိုင္းေလးေတြျဖင့္ပါသြားေသာသမီးငယ္ပုံစံကို မ်က္လုံးထဲကမထြက္...
တစ္နာရီေလာက္ၾကာေတာ့ သမီးေလးကိုခ်ီၿပီး နာ့စ္တစ္ေယာက္ကထြက္လာသည္။
" စမ္းသပ္လို႔ၿပီးပါၿပီ...နာရီဝက္ေလာက္ေနရင္ ေဆးစစ္ခ်က္အေျဖသိရမယ္..ခဏေစာင့္ေပးပါ.."
သမီးေလးကို ထယ္ေယာင္းလက္ထဲထည့္လိုက္ၿပီး ေျပာလိုက္ေတာ့ သူတို႔ ထိုင္ခုံမွာထိုင္ေစာင့္ေနလိုက္သည္။ေဆးစစ္ထာူရလို႔ပင္ပန္းေနတဲ့သမီးငယ္က ထယ္ေယာင္းရဲ႕ လက္ေပၚမွာတင္ အိပ္ေမာက်သြား၏။အိပ္ေပ်ာ္ေနတဲ့ သမီးရဲ႕ မ်က္ႏွာႏုႏုေလးကို ၾကည့္ၿပီး ထယ္ေယာင္း..ငိုခ်င္လာသည္။
* ဒယ္ဒီတို႔ရဲ႕ပထမဆုံး ရင္ေသြးေလး...ေပ်ာ္႐ႊင္ျခင္းေတြကိုယူေဆာင္လာေပးတဲ့သမီးေလး...သမီးေလးရဲ႕ အသံခ်ိဳခ်ိဳေလးေတြနဲ႕ကင္မ္စံအိမ္မွာ သာယာမယ္လို႔ေမွ်ာ္လင့္ခဲ့တာ..အခုေတာ့..သမီးရယ္...ဒယ္ဒီအေၾကာက္ဆုံး ကိစၥႀကီးျဖစ္လာၿပီ...ဒယ္ဒီ ဘယ္ခြန္အားေတြနဲ႕ ေရွ႕ဆက္ရမလဲသမီး...သမီးရဲ႕ ျဖစ္တည္မႈကို ဒယ္ဒီလက္ခံခ်င္ေပမဲ့ သမီးေလး ေရွ႕ေရးအတြက္ ဒယ္ဒီ ပူေလာင္ေနၿပီကေလးရယ္...*
ေဂ်ာင္ဂုလည္း ေမာင့္ေၾကကြဲေနတာသိလို႔ ခပ္ေဝးေဝးမွာေနၿပီး ငိုေနမိသည္။သူတစ္ေယာက္နဲ႕တင္..လုံေလာက္ေနၿပီကို..သမီးေလးကိုပါ..သူ႕လိုမ်ိဳးျဖစ္ေသခဲ့တာလည္း...သမီးေလးနဲ႕ ပတ္သတ္ၿပီးေမာင့္မွာ အိပ္မက္ေတြအမ်ားႀကီးရွိတာ..သူသိတာေပါ့...ေမာင္က တစ္ခါေျပာဖူးတယ္..သူနဲ႕စကားေျပာလို႔မရရင္ေတာင္ ေမြးလာတဲ့ကေလးေလးေတြနဲ႕ တီတီတာတာေျပာမယ္ဆိုၿပီေတာ့ေလ...အခုေတာ့...ေမာင့္အိပ္မက္ေတြ ဆႏၵေတြရိုက္ခ်ိဳးသလိုျဖစ္သြားၿပီ...
* ငါေတာင္းပန္ပါတယ္ေမာင္ရယ္..*
" ကင္မ္ဟာႏူး..ေဆးစစ္ခ်က္ရပါၿပီ..အခန္းထဲဝင္လာခဲ့ပါေနာ္.."
ေခၚသံၾကားတာေၾကာင့္ သမီးေလးမနိုးေအာင္ ေပြ႕ခ်ီၿပီးထကာ သူအခန္းထဲဝင္သြားလိုက္သည္။ေဂ်ာင္ဂုကေတာ့ မလိုက္ဘဲ က်န္ခဲ့သည္။ ဝင္သြားေတာ့ေရာ..သူကဘာသိမွာမလို႔လည္း..သမီးေလးအတြက္ အၾကားအာ႐ုံေရာ စကားေျပာစြမ္းရည္ပါ အသုံးမခ်နိဳင္တဲ့သူက လူပိုတစ္ေယာက္လို..ၿပီးေတာ့ သူ႕လိုဘဝ မ်ိဳးသမီးေလးကိုပါ ျဖစ္ေစခဲ့ၿပီ..
သူဟာသမီးေလးကို ေပြ႕ဖက္နမ္းရရွိုက္ၿပီး ခ်စ္ေၾကာင္းျပလို႔ရတာတစ္ခုဘဲရွိတဲ့ မိခင္တစ္ေယာက္..သူမ်ားမိခင္ေတြလို အသံခ်ိဳခ်ိဳေလးနဲ႕ သားေခ်ာ့ေတးေလးဆိုၿပီး..မသိပ္နိုင္တဲ့လူ...သူဟာ ကံအဆိုးဆုံးလူဘဲျဖစ္ေနၿပီလား..ေဘးပတ္ဝန္းက်င္က လူေတြေရာကံဆိုးေစခဲ့တဲ့လူလား...
ကိုယ့္ျဖစ္တည္မႈကို နာက်င္ေနမိတယ္..ငိုရလြန္းလို႔ ရင္ဘတ္ေတြပါေအာင့္တတ္လာသည္။
* ပါးပါး...မားမား...သား..သားေၾကာင့္...သမီးးေလက..သားလိုမ်ိဳး ဆြံ႕အနားမၾကားေလးျဖစ္လာၿပီ..သား..ေမာင္လိုခ်င္တဲ့ ေပ်ာ္႐ႊင္မႈေတြကို မေပးနိုင္ခဲ့ဘူး..သား..မွာေ႐ြးခ်ယ္ခြင့္သာရွိရင္...ဒီလိုဘဝႀကီးမ်ိဳး ေမြးဖြားမလာခ်င္ဘူး...သား..ပါးပါးတို႔ခံစားခ်က္ကိုနားလည္ၿပီထင္တယ္...သားလိုကေလးမ်ိဳးကိုပိုင္ဆိုင္ရတဲ့ ခံစားခ်က္ေလ..အရမ္းထိခိုက္ၿပီး ႏွလုံးကြဲေၾကမတတ္ခံစားရတာမလား...သားလည္းအခု ႏွလုံးကြဲေၾကေနၿပီ မားမားရယ္..သားရဲ႕ သမီးေလးကပါ...သားလိုဆိုေတာ့..သားလုံးဝမခံစားနိုင္ေတာ့ဘူး...*
မ်က္ႏွာကိုလက္ျဖင့္အုပ္ကာ ရွိုက္ႀကီးတငင္ငိုေနတဲ့ေဂ်ာင္ဂုကို ေဆး႐ုံလာတဲ့သူေတြက သနားတဲ့အၾကည့္နဲ႕ၾကည့္သြားၾကသည္။႐ုပ္ေလးေခ်ာေပမဲ့ ဘဝကံေၾကာင္းမလွေတာ့..နာက်င္စရာေတြသာ ျဖစ္လာ၏။
~
~
~
" ေဒါက္တာ..သမီးေလးအေျခေနက..~"
ထယ္ေယာင္း တုန္ခါေနတဲ့အသံကိုထိန္းၿပီး..ေဒါက္တာကိုေမးလိုက္ေတာ့..ေဒါက္တာက သူ႕ရင္ခြင္ထဲက သမီးငယ္ကိုတစ္ခ်က္ၾကည့္ၿပီး ေဆးစာ႐ြက္ေတြကိုဖြင့္ေဖာက္ေနသည္။
ဆရာဝန္က စစ္ခ်က္အေျဖကို မၾကည့္ေသးဘဲ စမ္းသပ္ခန္းထဲက အေျခေနေတြကိုျပန္ေျပာျပလိုက္၏။
"ေဆးစစ္ေနတဲ့အခ်ိန္တုန္းက....ခင္ဗ်ားသမီးရဲ႕ အေျခေနက deaf-mute လကၡဏာေတြျပေနတယ္...ခင္ဗ်ားမိသားစုမွာ..ေမြးရာပါ deaf-mute(ဆြံအနားမၾကားျခင္း) ရွိသလား.."
ထယ္ေယာင္း ရင္နာနာနဲ႕ဘဲ ေခါင္းၿငိမ့္လိုက္၏။သမီးေလးရဲ႕ပါးပါး ကိုယ္တိုင္က deaf-mute တစ္ေယာက္ဘဲေလ...
" သမီးေလးက..အမ်ိဳးသမီးကေမြးတာမဟုတ္ပါဘူးေဒါက္တာ...အမ်ိဳးသားကိုယ္ဝန္ေဆာင္က ေမြးတာပါ..ၿပီးေတာ့..သူ႕ကိုေမြးတဲ့ ကြၽန္ေတာ့္ အမ်ိဳးသား ကိုယ္တိုင္က deaf-mute ပါ..."
ရင္ခြင္ထဲက ေအာခ်မ္းစြာအိပ္စက္ေနတဲ့ သမီးငယ္ေလးရဲ႕မ်က္ႏွာကိုၾကည့္ၿပီး ထယ္ေယာင္း ငိုခ်င္တာကို ထိန္းခ်ဳပ္ထားလိုက္သည္။ဆရာဝန္လည္း သူ႕စကားၾကားေတာ့ စိတ္မေကာင္းျဖစ္သြားသည္ထင္ ..ခဏၿငိမ္သက္သြား၏။ၿပီးမွ လက္ထဲက အေျဖစာ႐ြက္ကိုၾကည့္ၿပီး..
" စိတ္မေကာင္းပါဘူးဗ်ာ...ခင္ဗ်ားသမီးက.. deaf-mute..လို႔ ေဆးစစ္ခ်က္က အတည္ျပဳလိုက္တယ္.. "
" ဗ်ာ!!."
" သမီးေလးက..ဟုတ္လို႔လား ဆရာရယ္..ေသခ်ာျပန္စစ္ေပးပါအုံး..ကြၽန္ေတာ့္သမီးေလးက အဲ့လိုမ်ိဳးျဖစ္လို႔မရဘူးေလ.."
ထယ္ေယာင္းမ်က္ရည္ေတြကို တင္းခံမထားနိုင္ေတာ့ေပ...ေဒါက္တာ့ေရွ႕မွာဘဲ ငိုေနမိသည္။ မျဖစ္နိုင္ဘူးလို႔ေမွ်ာ္လင့္ခဲ့ေပမဲ့ အခုေတာ့ ေဆးစစ္ခ်က္ကပါ ထြက္လာၿပီးမို႔ ထယ္ေယာင္း ရင္ထဲမခ်ိေအာင္ခံစားရ၏။
"ေဒါက္တာ...ကြၽန္ေတာ္တို႔ ေနာက္ထပ္ရင္ေသြးယူရင္ေရာ deaf-mute ျဖစ္ဖို႔အလားလာရွိလားေဒါက္တာ.."
ထယ္ေယာင္း..သမီးေလးလို ေနာက္ထပ္ရင္ေသြးလာပါျဖစ္လာမလားဆိုသည့္အခ်က္က ဦးႏွောက္ထဲေပၚလာသည္။ သူနဲ႕ကိုကိုက ေနာက္ကေလးယူဖို႔ တိုင္ပင္ၿပီးၾကၿပီေလ..ကိုကိုက တားေဆးေတြျဖတ္ေနတာ ႏွစ္ပတ္ေက်ာ္ၿပီေလ..တကယ္လို႔ ေနာက္ထပ္ရင္ေသြးေလးပါ ႏူးႏူးေလးလိုဆို..ထယ္ေယာင္း ေသမွာ...သူ႕ရဲ႕မ်ိဳးဆက္ေတြပ်က္သုဥ္းကုန္မွာ..
" deaf-mute အမ်ားစုက ေမြးရာပါျဖစ္ၿပီး..မ်ိဳးရိုးလိုက္တတ္ပါတယ္..အထူးသျဖင့္.. deaf-mute တစ္ေယာက္က ေမြးတဲ့ ကေလးေတြဟာ.. deaf-mute ျဖစ္ဖို႔အလားလာရွိပါတယ္...ၿပီးေတာ့ ပထမကေလးက deaf-mute ျဖစ္လို႔ေနာက္ကေလးက သာမာန္အတိုင္းေမြးလာမယ္လို႔ တထစ္ခ်မေျပာနိုင္ဘူး..ကံနဲ႕ဘဲဆိုင္တယ္..ကေလးက မိခင္နဲ႕တူၿပီး deaf-mute ျဖစ္နိုင္သလို..ဖခင္နဲ႕တူၿပီး သာမာန္ကေလးလည္းျဖစ္နိုင္တယ္...."
" ဒါဆို ေဒါက္တာေျပာခ်င္တာက ေနာက္ထပ္ရင္ေသြးကလည္း ႏူးႏူးေလးလို ျဖစ္မျဖစ္ဆိုတာႀကိဳမသိနိုင္ဘူးေပါ့.."
ထယ္ေယာင္းက အသက္မဲ့ေနတဲ့မ်က္ႏွာနဲ႕ေျပာလိုက္ေတာ့ ေဒါက္တာက ေခါင္းၿငိမ္ျပ၏။
ခ်က္ခ်င္းဘဲေနရာကေန ထကာ..ယိုင္လဲခ်င္ေနတဲ့ေျခေထာက္ေတြကို အားျပဳေလွ်ာက္ရင္း အခန္းထဲကေန ထြက္လာခဲ့သည္။ ငူငူငိုင္ငိုင္ မ်က္လုံးေတြနဲ႕ ခံစားခ်က္မဲ့ေနတဲ့ မ်က္ႏွာျဖင့္..သမီးေလးကိုခ်ီကာ အျပင္ထြက္လာခဲ့သည္ ။
အျပင္ေရာက္ေတာ့ ကိုကိုက ထိုင္ခုံေလးေပၚမွာၿငိမ္ေနၿပီး..သူ႕ကိုေတြ႕ေတာ့ စူးစမ္းသည့္မ်က္ဝန္းႀကီးေတြနဲ႕ၾကည့္လာတာေၾကာင့္ အၿပဳံးတစ္ခုဆင္ျမန္လိုက္သည္။ သူဘယ္ေလာက္ဘဲ စိတ္ညစ္ညစ္ ကိုကိုကိုေတာ့ မ်က္ႏွာေလးညိုးေအာင္မလုပ္ခ်င္..ျဖစ္လာၿပီးမွေတာ့ လက္ခံလိုက္တာအေကာင္းဆုံပင္....
သမီးေလးကို ကိုကိုက ေျပာင္းခ်ီလိုက္ၿပီး...သူ႕ရဲ႕ေနာက္ကေနလိုက္လာသည္။ကားပါကင္ေရာက္တဲ့အထိ ႏွစ္ဦးသားအေျခေနကတိတ္ဆိတ္ေန၏။
*~.ေမာင္..သမီးေလးက ငါလို႔ဘဲလား..ေျဖပါေမာင္..*
ကားစက္နိုးေတာ့မဲ့လက္ေတြက ကိုကိုေရးျပတဲ့စာေလးကိုျမင္ေတာ့ အလိုလိုရပ္သြားသည္။
*~.ဟုတ္တယ္ ကိုကို...ႏူးႏူးေလးက.. deaf-mute တဲ့..ကိုကိုနဲ႕တူတဲ့သမီးေလးက ကိုကို႔လိုဘဲ .ဒါေၾကာင့္ ေမာင္တန္ဖိုးထားပါ့မယ္..စိတ္မညစ္နဲ႕ေနာ္ ကိုကို.~*
ထယ္ေယာင္း မ်က္ရည္ေတြကို ကိုကိုသူ႕စာဖတ္ေနခ်ိန္မွာ မသိေအာင္ခိုးသုတ္လိုက္သည္။ေမာင့္မ်က္ရည္ေတြကို ကိုကို႔ကိုမျမင္ေစခ်င္ဘူး..ေမာင္ ခံစားေနရေပမဲ့ ေမာင္ထုတ္ျပလိုက္ရင္ ကိုကိုဝမ္းနည္းသြားလိမ့္မယ္...
*~.ေမာင္..ငါတို႔ ေနာက္ထပ္ကေလးထပ္ယူၾကမယ္မလား..ႏူးႏူးေလးလည္း ႏွစ္ႏွစ္ျပည့္ေတာ့မွာဘဲ..~*
ထယ္ေယာင္း ကိုကို႔စာကို အခ်ိန္ၾကာတဲ့အထိိ စိုက္ၾကည့္ေနမိသည္။
* ေမာင္ ခုနက ေဒါက္တာနဲ႕သြားေတြ႕ေနတုန္း..ငါ သမီးေလးကို ေမြးေပးတဲ့ ေဒါက္တာနဲ႕ေတြ႕လို ငါစာေရးေျပာျပၿပီးေမးၾကည့္လိုက္တယ္ေမာင္..အဲ့ေတာ့ ေဒါက္တာကေျပာတယ္..ေနာက္ထပ္ကေလးက ငါနဲ႕တူနိုင္သလို ေမာင္နဲ႕လည္းတူနိုင္တယ္တဲ့...ငါယုံတယ္ေမာင့္ ငါကေလးအေယာက္တစ္ရာေမြးရင္ေတာင္ အေယာက္တစ္ရာလုံးငါနဲ႕တူမယ္လို႔မခံစားမိဘူးေမာင္...ငါမင္းစကားေျပာေဖာ္ရေအာင္ ေနာက္ထပ္ကေလးေလးေမြးေပးခ်င္တယ္ေမာင္...*
ေဂ်ာင္ဂု ခုနက ေဒါက္တာ့စကားေတြကိုျပန္စဥ္းစာေနမိၿပီး စာအုပ္ကို ၾကည့္ေနတဲ့ေမာင့္ကိုသာ စိုက္ၾကည့္ေနလိုက္သည္။
* ေမာင္ေသခ်ာၾကည့္ရင္ ငါ့မ်က္ဝန္းေတြထဲမွာစိတ္အားထက္သန္မႈေတြကိုေတြ႕လိမ့္မယ္ေမာင္...*
ထယ္ေယာင္း ကိုကို႔ကိုမၾကည့္ဘဲ ေခါင္းၿငိမ့္ျပကာ ကားစက္ႏွိုးၿပီးေမာင္းလိုက္သည္။
* ေမာင္က ဘာေၾကာင့္ငါ့မ်က္ဝန္းေတြကိုမၾကည့္တာလဲ...ေမာင္..ငါ့စကားေတြနားမလည္ခ်င္ေတာ့ဘူးလား..*
~
~
~
အိမ္ေရာက္ေတာ့..ဒယ္ဒီနဲ႕မာမီက သူတို႔မ်က္ႏွာမေကာင္းတာေရာ အိမ္အကူေတြေျပာျပတာေရာေပါင္းၿပီး..နားလည္သျဖင့္ ဘာမွေတာ့မေမး..
" ျပန္လာၾကၿပီလား..သားတို႔...ေပး..မာမီ့ကို ကေလး.."
ခ်ယ္ေယာင္းက ေဂ်ာင္ဂုလက္ထဲက ႏူးႏူးေလးကို ယူခ်ီလိုက္သည္။ ထယ္ေယာင္းကေတာ့ သမီးေလးကိုျမင္တိုင္း ခံစားေနရတာေၾကာင့္ဘအေပၚထပ္က အလုပ္ခန္းထဲကိုသာ ဝင္သြားလိုက္သည္။ ေဂ်ာင္ဂုလည္း ေမာင္..စိတ္အဆင္ေျပေအာင္..လုပ္ပါေစဆိုၿပီဴ က်န္ခဲ့လိုက္သည္။အနည္းနဲ႕အမ်ားေတာ့ေမာင္ခံစားရမွာဘဲ..အဲ့အတြက္လည္းသူနားလည္တယ္။
*~.ႏူးႏူးေလးကို ဒီေန႕ ဒယ္ဒီတို႔နဲ႕သိပ္လိုက္မယ္..သားတစ္ရက္ေလာက္နားေလ.."
ထယ္မင္က စာေရးၿပီး ႏူးႏူးေလးကို ညဘက္ေခၚသိပ္ဖို႔ေျပာလိုက္ေတာ့ ေဖ်ာ့ေတာ့ေတာ့မ်က္ဝန္းေလးေတြနဲ႕ ေခါင္းၿငိမ့္ျပလာ၏။
*~.သားသြားနားေတာ့ေလ..ေျမးေလးကို ထားခဲ့ရတယ္.~*
ထယ္မင္က အနားယူဖို႔ထပ္ေျပာလိုက္ေတာ့ ေခါင္းၿငိမ့္ၿပီး ႏူးႏူးေလးကို တစ္ခ်က္နမ္းကာ အေပၚထပ္တက္သြားတဲ့ေဂ်ာင္ဂု...
ထယ္မင္နဲ႕ ခ်ယ္ေယာင္းလည္း သားနဲ႕သမက္မရွိေတာ့မွာ ေျမးေလးကိုဖက္ၿပီး ငိုလိုက္ၾကသည္။သူတို႔လည္း ဘယ္စိတ္ေကာင္းမလဲ..ပထမဆုံးေျမးဦးေလးမို႔ သည္းသည္းလႈပ္ခ်စ္ခဲ့၏။ေျမးေလးအေၾကာင္းသိရလည္း ေျမးကသူတို႔ေျမးဘဲ..ေမတၱာနဲ႕ႏြေးေထြးမႉေတြေပးၿပီးဆက္ခ်စ္ရမွာေပါ့...
" အစ္ကိုရယ္..ခ်ယ္ေလ..ဆြန္းတို႔ရဲ႕ ခံစားခ်က္ေတြကိုနားလည္ၿပီထင္တယ္..ေျမးေလးအတြက္ ခ်ယ္အရမ္းစိတ္ပူတာဘဲ အစ္ကို..ခ်ယ္ေလ..ေျမးေလးကို သနားတာဘဲသိတယ္.."
ခ်ယ္ေယာင္း ရင္ခြင္ထဲက သူ႕ကိုမ်က္လုံးဝိုင္းဝိုင္းႀကီးေတြနဲ႕ၾကည့္ေနတဲ့ ႏူးႏူးေလးေၾကာင့္ မ်က္ရည္ေတြအတားအဆီးမရွိက်လာသည္။
ဆည္းလည္းေလးက..မျမည္နိုင္ေတာ့ အိမ္ေတာ္ႀကီးက သာယာနိုင္ပါ့မလား...
" ခ်ယ္..ကေလးေရွ႕မွာ မငိုပါနဲ႕ကြာ..ေျမးေလးစိတ္မေကာင္းျဖစ္ေနပါ့မယ္...အစ္ကိုတို႔အတူတူ ေစာင့္ေရွာက္လို႔ရတာဘဲ..ေျမးေလးအနာဂတ္အတြက္ လုံၿခဳံစိတ္ခ်ရေအာင္ အစ္ကိုတို႔စီစဥ္ၾကတာေပါ့.."
အေဝးတစ္ေနရာကို ေငးၾကည့္ၿပီး ေျပာလိုက္တဲ့ထယ္မင္...
" အစ္ကို..သားထယ္ ဘယ္လိုေနမလဲအသိဘူးေနာ္..ခ်ယ္တို႔ေတာင္အရမ္းခံစားေနရတာ သားေလးဆို ႐ူးမတတ္ျဖစ္ေနမယ္ထင္တယ္.."
ခ်ယ္ေယာင္း သားကို သနားတဲ့စိတ္ေၾကာင့္ပိုၿပီး ငိုလာသည္။ သူထိန္းထားေပမဲ့ သားေလးကို သနားတာေၾကာင့္ ဘယ္လို႔မွ မေျဖနိုင္....
သားထယ္က ေပ်ာ္႐ႊင္တဲ့မိသားစုေလးကို အရမ္းလိုခ်င္ခဲ့တာ...ကေလးလည္းခ်စ္တတ္သလို ကေလးရယ္သံေလးေတြ တီတီတာတာခြၽဲသံစကားေျပာသံေလးေတြပို ျမတ္နိုး၏။ဒါေၾကာင့္ ေဂ်ာင္ဂုေလးကိုမျမင္ေသးတဲ့အခ်ိန္က လက္ထက္ေပးမယ္ဆိုေတာ့ အတင္းျငင္းခဲ့တာေလ...အဲ့ေန႕ညက အစ္ကိုမသိေအာင္ သားရဲ႕အခန္းထဲသြားၿပီးေမးေတာ့ သားက..
««မာမီ..သားက ရိုးရွင္းၿပီးေပ်ာ္စရာမိသားစုေလးကို ပိုင္ဆိုင္ခ်င္တာ မာမီတို႔ေပးစာတဲ့သူက ဆြံ႕အနားမၾကားဆိုေတာ့ သားတို႔အိမ္ေထာင္ေရးႀကီးက တိတ္ဆိတ္ၿပီးတစ္ဖက္သတ္ဆန္ေနလိမ့္မယ္မာမီ..သားအဲ့လိုမ်ိဳးမျဖစ္ခ်င္ဘူး..»»
လို႔ေျပာခဲ့တာ...ဒါေပမဲ့ ေဂ်ာင္ဂုေလးကိုျမင္ေတာ့ ခ်စ္ခင္စုံမတ္သြားတာမို႔ သူလိုခ်င္တဲ့မိသားစုေလးနဲ႕ ဆႏၵကို ထိန္းခ်ဳပ္ၿပီး ေဂ်ာင္ဂုေလးကို လက္ထပ္ခဲ့တာ..ေဂ်ာင္ဂုေလးကိုယ္ဝန္ရေတာ့လည္း..သူ႕မိသားစုထဲမွာ သူ႕အတြက္ စကားေျပာေဖာ္ေလးရၿပီဆိုၿပီး သားက ကြယ္ရာမွာေျပာေျပာၿပီး မ်က္ရည္က်ေနတတ္ေသးတာ...
ေမွ်ာ္လင့္တႀကီးနဲ႕ ရွင္သန္လာၿပီးမွ..ရိုက္ခ်ခံလိုက္ရေတာ့ သားထယ္အေတာ္ေလး အထိနာၿပီး နာက်င္ေနမွာအမွန္..အိမ္ထဲဝင္လာေတာ့ သားရဲ႕မ်က္လုံးေတြမွာ အသက္မဲ့ေနၿပီး နာက်င္မႈကို ဖုံးဖိထားတဲ့ မ်က္ႏွာေလးကို ခ်ယ္ေယာင္း ေကာင္းေကာင္းၾကည့္တတ္တာေပါ့....မိခင္တစ္ေယာက္အေနနဲ႕ ကိုယ့္သားသမီးနာက်င္ေနတာျမင္ေတာ့..ႏွလုံးသားကိာ ဓားနဲ႕ခြဲၿပီး ဆားပတ္သလိုပင္..
" အစ္ကိုကေတာ့ သားထယ္ မလုပ္သင့္တာေတြမလုပ္မိဖို႔ဘဲဆုေတာင္းတယ္..ခ်ယ္..ကိုယ့္သားက တစ္ခါတစ္ေလ အရမ္းအတၱႀကီးတယ္ ဆိုတာ ခ်ယ္သိတယ္မလား..သူ႕လုပ္ရပ္တစ္ခုခုက တစ္စုံတစ္ေယာက္ကို အထိနာသြားေစရင္ ျပႆနာျဖစ္လာမွာဘဲ အစ္ကိုစိုးရိမ္တယ္.."
ထယ္မင္ကေတာ့ သားထယ္ အသိနဲ႕သတိယွဥ္ၿပီး ဘာဆက္လုပ္မယ္ဆိုတာကို ေသခ်ာေ႐ြးခ်ယ္ေစခ်င္သည္။
~
~
~
အလုပ္ခန္းထဲမွာေတာ့ ထယ္ေယာင္းတစ္ေယာက္ အ႐ူးႀကီးလို ငိုယိုမိသည္။
" ငါ..ငါျဖစ္ေစခ်င္တာ ဒါမ်ိဳးမဟုတ္ခဲ့ဘူးေလ!! ဘာေၾကာင့္ငါ့မွလဲ..ဘာေၾကာင့္လဲ..အားးး ဘာေၾကာင့္ငါ့သမီးေလးမွလဲ..."
ၾကမ္းျပင္ေပၚ ဒူးေထာက္ထိုင္ခ်ၿပီး လကါသီးေတြနဲ႕ ၾကမ္းျပင္ကို ထိုးေန၏။
" ဒုန္း!.. ဒုန္း!.. ဒုန္း!.. "
" သမီးရာ...ပါးပါးနဲ႕ အကုန္လုံးတူလိုက္ရတာလဲ..ဒယ္ဒီ့ရင္ေတြအရမ္းပူေလာင္ေနၿပီ သမီးရဲ႕..ဒယ္ဒီ..သမီးကို အဲ့လိုမျဖစ္ေစခ်င္ခဲ့ဘူး..ဒယ္ဒီ့သမီးေလးက လူေတြအလယ္မွာ ဝံ့ဝံ့ႂကြားႂကြားနဲ႕ လွပၿပီး ထက္ျမတ္တဲ့ မိန္းကေလးျဖစ္ေစခ်င္ခဲ့တာ.."
" ဒါေပမဲ့ သမီးရဲ႕ ျဖစ္တည္မႈက ဒါဆိုလည္း ဒယ္ဒီလက္ခံတယ္...ဘာဘဲျဖစ္ျဖစ္ သမီးက ဒယ္ဒီ့သမီးဘဲ.."
ထယ္ေယာင္းမွာ ရည္မွန္းခ်က္ေတြပ်က္သုဥ္းသြားေသာ္လည္း သူ႕သမီးေလးကို အစြမ္းကုန္
ကာကြယ္သြားမည္...
*~.ေမာင္..ငါတို႔ ေနာက္ထပ္ကေလးထပ္ယူၾကမယ္မလား..ႏူးႏူးေလးလည္း ႏွစ္ႏွစ္ျပည့္ေတာ့မွာဘဲ..~*
ငိုေနရင္း..ထယ္ေယာင္းအေတြးထဲ ကားေပၚမွာ ကိုကိုေရးျပတဲ့စာေလးေပၚလာ၏။
" ငါ ကိုကိုေျပာသလို ကေလးထပ္ယူရင္ေကာင္းမလား.."
အေတြးအဆုံးမွာ နားထဲ လီဟြန္းဂ်ယ္ေျပာခဲ့တဲ့စကားေတြၾကားလာသည္။
«« မင္း ရဲ႕ င အက ေမြးရာပါ..ကုလို႔မရဘူး..ကေလးေတြကလည္း သူလိုမ်ိဳး မ်ိဳးရိုးလိုက္ၿပီး င အေတြ ျဖစ္လာမွာ... »»
«« င အကေန င အေလး ေမြးလာမွ မင္းလူၫႊန႔္တုံးေနမယ္ »»
" မဟုတ္ဘူး..အဲ့လိုမျဖစ္ဘူး.."
«« မင္း ရဲ႕ င အက ေမြးရာပါ..ကုလို႔မရဘူး..ကေလးေတြကလည္း သူလိုမ်ိဳး မ်ိဳးရိုးလိုက္ၿပီး င အေတြ ျဖစ္လာမွာ... »»
" မဟုတ္ဘူး..သြား!!.ထြက္သြား !! "
" ဒုန္း!!!"
သူ႕ေဘးမွာ ဟြန္းဂ်ယ္ရဲ႕ပုံရိပ္ေယာင္ေတြေပၚလာၿပီး ေျပာေနတာေၾကာင့္ အနားမွာရွိတဲ့ပန္းအိုးနဲ႕ေကာက္ေပါက္လိုက္သည္။
«« ပထမကေလးက deaf-mute ျဖစ္လို႔ေနာက္ကေလးက သာမာန္အတိုင္းေမြးလာမယ္လို႔ တထစ္ခ်မေျပာနိုင္ဘူး..ကံနဲ႕ဘဲဆိုင္တယ္..ကေလးက မိခင္နဲ႕တူၿပီး deaf-mute ျဖစ္နိုင္သလို..ဖခင္နဲ႕တူၿပီး သာမာန္ကေလးလည္းျဖစ္နိုင္တယ္...»»
တဖန္ေဒါက္တာေျပာခဲ့တဲ့စကားေတြ ၾကားေယာင္လာသည္။
ထယ္ေယာင္း မ်က္ရည္လႊဲ႐ႊဲနဲ႕ မ်က္လုံးေတြက ဂနာမၿငိမ္ျဖစ္လာ၏။
"ငါ..ငါ့ေနာက္ထပ္ ကေလး..ယူလည္း..သာမန္ျဖစ္ဖို႔ မေသခ်ာဘူးတဲ့..တကယ္လို ေမြးလာမွ အဲ့ကေလးကပါ..ႏူး..ႏူးႏူးေလးလိုဆို ငါ့ရဲ႕ကေလးေတြက အၫႊန႔္ခ်ိဳးခံရတဲ့ပန္းကေလးေတြ ျဖစ္လိမ့္မယ္..ငါ...ငါ မႀကိဳးစားရဲဘူး..ဘာမွမေသခ်ာတဲ့ ကိစၥမို႔ ကေလးယူလိုက္ရင္ ငါ့ကေလးေတြအားလုံးဘဲနစ္နာလိမ့္မယ္..."
" ေတာင္းပန္ပါတယ္ ကိုကို ေမာင္..ကေလးမယူခ်င္ေတာ့ဘူး..ေမာင္ေၾကာက္တယ္..ႏူးႏူးလို ေမာင့္ကေလးေတြ ျဖစ္လာမွာကို.."
~
~
~
Good night ပါသဲငယ္ေလးတို႔😘💜💜💜💜💜💜💜
Thanks for votes, feedback and comment.
I Love my readers forever ❤️
I PURPLE YOUR 💜