Anti Romance

By KristKit18

1.3K 77 7

Jekjeng story written by Burmese. More

Warning

1

752 54 7
By KristKit18

ဆူညံနေတဲ့ သီချင်းသံ၊စကားပြောသံတွေဟာ Bar clubအတွင်း ပျံ့နှံ့နေသည်။ ဟိုဒီ ကခုန်ကာ ပျော်ပါးနေကြတဲ့လူတွေဟာလဲ ပြည့်နှက်လျက်ရှိသည်။

ဒါပေမဲ့ ဂျေးရဲ့ အာရုံတွေကတော့ တစ်နေရာတည်းတွင်သာ စုပြုံနေသည်။ Bar Counterအတွင်းမှ ကော့တေး အား ကျွမ်းကျွမ်းကျင်ကျင် စပ်နေသော လက်ပိုင်ရှင် ကောင်လေးတစ်ယောက်ထံတွင်သာ။ အဖြူရောင် အင်္ကျီနှင့် ဘောင်းဘီအနက်အား တွဲဖက်ဝတ်ဆင်ထားပြီး အကြော ပြိုင်းပြိုင်းထနေသည့် လက်တစ်စုံက ဂျေးကို ဆွဲဆောင်လျက်။ ရွှေအိုရောင် ဆံပင်တွေက ယောက်ျားဆန်သည့် ထိုကောင်လေး မျက်နှာပေါ်ထက် ဝဲကျနေသည်။ ခွေးပေါက်လေးနဲ့ တူသည်။

မွှန်ထူနေသည့် အယ်လ်ဖာ၊ အိုမီဂါ အနံ့ပေါင်းစုံကြားထဲမှာ ဂျေးတော့ ပျော်စရာလေးတွေ့ပြီထင်ပါရဲ့။ ဂျေးရဲ့ လာဗန်ဒါရနံ့ အိုမီဂါ ဟော်မုန်းများက ပျော်မြူးနေမြန်း သိသာအောင် သင်းသင်းကလေးဖြစ်နေသည်။

ဂျေးဟာ ထိုကောင်ကလေးအား မျက်တောင်မခက်ဘဲ တောက်လျှောက် စိုက်ကြည့်နေလိုက်သည်။ လက်ထဲက ခပ်ပြင်းပြင်း ကော့တေးအား စိမ်ပြေနပြေ သောက်ကာ အရသာခံရင်း စိုက်ကြည့်နေလျက်။

လက်ထဲက စပ်နေသည့်အရက်ခွက်အား အရှေ့က လူထံချပြီးသည့်နောက် ထိုကောင်လေး မျက်လုံးတွေက သူ့ဆီသို့ ပြန်လည် စိုက်ကြည့်လာသည်။ မျက်လုံးတွေ အကြည့်လွှဲပစ်ဖို့ရာ ဂျေးမှာ စိတ်ကူးမရှိပေ။ အပြန်အလှန် စိုက်ကြည့်ရင်းပင် ဂျေးဟာ လက်ထဲက ကော့တေးအား သောက်လိုက်သည်။

အကြည့်ချင်းစုံပြီးသည့်နောက်ပိုင်း ထိုကောင်လေးက သူ့အား သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး ကြည့်လာသဖြင့် ဂျေး တစ်ချက်ပြုံးလိုက်သည်။

လက်ကျန် ကော့တေးအား အကုန်မော့ပြီးသည့်နောက် ဂျေးဟာ အတော်လေး ရီဝေဝေဖြစ်လာသည်။ ပိုက်ဆံရှင်းဖို့အတွက် လူမခေါ်တော့ဘဲ ကောင်တာသို့ ထသွားလိုက်သည်။

အနီးကပ်မြင်ရတော့ ကောင်လေးဟာ အတော်လေးချောမြန်း သိသွားသည်။ အရပ်ကလဲ မတိမ်းမယိမ်းဖြစ်သဖြင့် မသိလျှင် ထိုကောင်လေးကို အိုမီဂါလေးထင်နေကြမှာဘဲလို့ တွေးမိလိုက်သေးသည်။ သူအား စိုက်ကြည့်နေသည့်ကောင်လေးကို ပြန်ကြည့်ရင်း ထိုကောင်လေးလက်ထဲ ပိုက်ဆံထည့်ပေးလိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်သည်။

ရုတ်တရက်အား သူ့လက်အား လှမ်းဆွဲလိုက်သည့်ကောင်လေးကြောင့် ဂျေး တစ်ဖက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

"ကျွန်တော် တစ်ခွက်လောက် တိုက်လို့ရမလား"

"ကိုယ်အခုလေးတင်ပဲ သောက်လို့ပြီးတာလေ"

"အာ..အဲ့တာဆို-"

ထစ်ငေါ့ငေါ့နှင့် စိတ်လှုပ်ရှားဟန်ဖြင့် ကောင်လေးဟာ ဘာစကားဆက်ပြော ရမလဲမသိဟန်။ ဂျေး ခပ်ဖွဖွရယ်ရင်းဖြင့်သာ။

"မင်း အလုပ် ဘယ်အချိန် ပြီးမှာလဲ"

"ဗျာ၊ ..အာ ခုပြီးပြီ"

"ဟင်၊ ဟား ဟား တကယ်လား"

ဂျေး စကားအား ဆက်မပြောဘဲ ကောင်လေး၏ နား နားသို့ ကပ်ကာ ပြောလိုက်သည်။

"ကိုယ်အပြင်ဘက်ကနေ စောင့်နေမယ်၊ မင်းလာခဲ့"

ထို့နောက် Barအပြင်ဘက်သို့ ထွက်သွားလိုက်သည်။ အဓိပ္ပာယ်ဖော်မရသည့်အပြုံးနှင့် ပြုံးနေသည့် ကောင်လေးကို မမြင်လိုက်ရပေ။

ဂျေး ကောင်လေးအား စောင့်နေရင်း ပျင်းပျင်းနှင့် နံရံမှီကာ ဆေးလိပ်သောက်နေလိုက်သည်။

ဆေးလိပ်တစ်ဝက်ကျိုးတော့မှ ရောက်လာသည့် ကောင်လေးက လောလောဖြင့် ထွက်လာဟန်။ သို့သော် ထိုကောင်လေးနောက်မှ ကပ်ပါလာသည့် ဗိုက်ပူပူနှင့် လူကြီးတစ်ယောက်ကြောင့် ဂျေးလဲ လှမ်းမခေါ်သေးဘဲ စောင့်နေလိုက်သည်။

ထိုလူကြီးဆီမှ ထွက်လာသည့်စကားသံကြောင့် ဂျေး ရုတ်တရက် အခြေနေကို သဘောပေါက်သွားသည်။

"ဟေ့ ကောင်လေး တစ်ယောက်တည်းလား"

ကောင်လေးဟာ မျက်မှောင်ကျုံ့ရင်း ထိုလူကြီးအား ခေါင်းစခြေဆုံးကြည့်ကာ

"ကိုယ်နဲ့ ပျော်ကြမလား"

အတော်လေး မူးနေဟန်နှင့် ထိုလူကြီးက ကောင်လေးကို အိုမီဂါ ထင်နေဟန်တူသည်။ ဘာဆက်ဖြစ်မလဲ ၊ ဂျေးကြည့်ရင်း ထိုကောင်လေးလက်အား ထိုလူကြီးက ဆွဲလိုက်တာကို မြင်လိုက်ရသည်။

- ခွပ်- ဆိုသည့်အသံနှင့်အတူ ဆက်တိုက်ထွက်လာသော ကောင်လေးအသံမှာ အတော်လေး ဒေါသထွက်နေသယောင်။

"ခင်ဗျား မူးနေရင်လဲ ဂျောင်သွား ကပ်အိပ်နေလိုက်! မသေချင်ရင် ထွက်သွားတော့!"

ဆက်တိုက် သုံးလေးချက်လောက် ထိုးပြီးသည့်နောက် ထိုလူကြီးမှာ အမြီးလေးကုတ်ကာ ကြောက်လန့်တကြား ထွက်ပြေးသွားတော့သည်။

ဂျေး မနေနိုင်တော့ဘဲ ရယ်သွမ်းလိုက်သည်။ ဒေါသထွက်နေတာတောင် ချစ်ဖို့ကောင်းနေသည့်ကောင်လေးကြောင့် ဂျေးတော့ သဘောမကျဘဲ မနေနိုင်ပေ။

ဂျေးရယ်သံကြားတော့မှ ထိုကောင်လေးက သူ့ဘက်လှည့်လာကာ ခြေလှမ်းကျဲများဖြင့် သူ့ဆီသို့ ရောက်လာသည်။ ဂျေးရပ်နေသည့်နံရံဘေးနှစ်ဖက်အား လက်ထောက်လိုက်ပြီး ဂျေးအား စိုက်ကြည့်လိုက်သည်။

"ဘာရယ်တာလဲ၊ ကျွန်တော်စိတ်တိုနေတာနော်"

"ဟောဗျာ၊ အဲ့တော့ ကိုယ့်ကို ကြောက်စေချင်တာလား"

ကောင်လေးက စကားမဆက်သေးဘဲ ဂျေးမျက်နှာဘေးမှ ဖြတ်ကာ နားနားသို့ ကပ်ကာပြောလိုက်သည်။

"ကျွန်တော်က ခင်ဗျားကို မခြောက်ချင်ပါဘူး၊ ကျွန်တော်က ခင်ဗျားကို ချစ်ချင်တာ"

ဂျေးမျက်ဝန်းသို့ ကြည့်လာသည့်ကောင်လေးမျက်ဝန်းတွေ။ အဲ့နောက် ဂျေးနှုတ်ခမ်းတွေသို့ ရမက်ဆန်စွာ စိုက်ကြည့်လာသည်။ ဂျေးလဲ ကောင်လေးရဲ့ နှုတ်ခမ်းထူထူတွေကို ပြန်စိုက်ကြည့်ရင်း နှုတ်ခမ်းအား ကိုက်လိုက်ကာ ပြောလိုက်သည်။

"အဲ့တာဆိုလဲ ချစ်ကြမယ်လေ"

ထို့နောက် သူတို့နှစ်ယောက် စကားလုံးတွေနဲ့ရှုပ်ထွေးနေမယ့် စကား‌တွေအစား ရိုးရှင်းတဲ့ ရမက်ဆန်တဲ့ အနမ်းတွေနဲ့ပဲ အပြန်လှန်တုန့်ပြန်ဖြစ်တော့သည်။

အနမ်းတွေကြားက တစ်စွန်းတစ်စထွက်လာတဲ့ ငြီးသံတွေဟာ သူတို့ကြားက ရမက်စိတ်တွေကို ပိုပြီး နှိုးဆွပေးနေသယောင်။ ကောင်လေးလက်ကြီးကြီးတွေက ဂျေးခါးအား တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားသည့်မှာ ကျိုးမတတ်ပေ။

အနမ်းတွေဟာ သိပ်သည်းလာပြီးသည့်နောက် ဂျေးလဲ ကောင်လေး ရင်ဘတ်တွေအား လက်နဲ့အသာတွန်းလိုက်သည်။ မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ပေးလိုက်သည့်ကောင်လေးက ချက်ချင်းပြန်နမ်းဖို့ပြင်နေပြန်သည်။

"ကိုယ်တို့ တစ်နေရာရာ သွားရအောင်၊ ဒီနေရာကြီးက-"

သူ့စကားမဆုံးခင်မှာပဲ ကောင်လေးက သူ့လက်အား ဆွဲကာ Barအတွင်းသို့ ပြန်ဝင်သွားသည်။ ထို့နောက် Bar ရဲ့သီးသန့်ခန်းတစ်ခန်းထဲသို့ ခေါ်လာသဖြင့် ဂျေးကြောင်တောင်တောင်နဲ့ ကြည့်နေမိသည်။

သို့သော် ကောင်လေးက ဂျေးကို တွေဝေခွင့်မပေးဟန်တူသည်။ အခန်းတွင်းရောက်သည့်နှင့် ပြန်လည်ဦးတည်လာသည့် အနမ်းများ။

တစ်စတစ်စပြင်းထန်လာသည့်အနမ်းများနှင့် ကောင်လေးက ဂျေး အင်္ကျီ တွေကိုပါ ချွတ်ဖို့ပြင်လာသည်။ ဂျေးရုတ်တရက် ကောင်လေးလက်အား ဖမ်းဆွဲလိုက်သည်။

ကောင်လေးဟာ ဂျေးလုပ်ရက်ကို နားမလည်ဟန် မျက်ဝန်းတွေနဲ့ ကြည့်လျက်။ ဂျေးလည်း ကောင်လေးရဲ့ အဖြူရောင် အင်္ကျီထက်သို့ လက်လှမ်းရင်း ကြယ်သီးများကို ဖြုတ်ဖို့ပြင်လိုက်သည်။

ထိုတော့မှ သဘောပေါက်သွားဟန် ကောင်လေးက သူ့အင်္ကျီသူအား ဆွဲဖြဲပစ်လိုက်သည်။ ကြယ်သီးတွေပြုတ်ကျသံကြားနေရသော်လည်း ဂျေးအာရုံက သူ့ကို ပြန်နမ်းရှိုက်လာတဲ့ ကောင်လေးရဲ့ နှုတ်ခမ်းတွေဆီတွင်သာ။

ထို့သို့ဖြင့် သူတို့နှစ်ဦးသားရဲ့ ညဟာ ပျော်ရွင်ဖွယ် အနမ်းများဖြင့် ပြည့်နှက်ခဲ့သည်။

🍷🍷🍷

အကြာကြီးနေမှ ပြန်ပေါ်လာခဲ့ပါပြီ။ ဒါပေမဲ့ အတည်ပြန်လာတာမဟုတ်သေးပါဘူး။ Sepမှာ ဖြေမဲ့ စာမေးပွဲပြီးမှ အတည်ပြန်လာခဲ့ပါ့မယ်။

အားလဲ အားနာပါတယ်။ စောင့်ပေးကြပါဦးလို့။ ခုရက်ပိုင်း Jekjengကို အရမ်းသဘောခွေ့နေလို့ မအားတဲ့ကြားက တစ်ပိုင်းရေးလိုက်ပါပြီ။

🍷🍷🍷

ဆူညံေနတဲ့ သီခ်င္းသံ၊စကားေျပာသံေတြဟာ Bar clubအတြင္း ပ်ံ့ႏွံ႕ေနသည္။ ဟိုဒီ ကခုန္ကာ ေပ်ာ္ပါးေနၾကတဲ့လူေတြဟာလဲ ျပည့္ႏွက္လ်က္ရွိသည္။

ဒါေပမဲ့ ေဂ်းရဲ႕ အာ႐ုံေတြကေတာ့ တစ္ေနရာတည္းတြင္သာ စုၿပဳံေနသည္။ Bar Counterအတြင္းမွ ေကာ့ေတး အား ကြၽမ္းကြၽမ္းက်င္က်င္ စပ္ေနေသာ လက္ပိုင္ရွင္ ေကာင္ေလးတစ္ေယာက္ထံတြင္သာ။ အျဖဴေရာင္ အကၤ်ီႏွင့္ ေဘာင္းဘီအနက္အား တြဲဖက္ဝတ္ဆင္ထားၿပီး အေၾကာ ၿပိဳင္းၿပိဳင္းထေနသည့္ လက္တစ္စုံက ေဂ်းကို ဆြဲေဆာင္လ်က္။ ေ႐ႊအိုေရာင္ ဆံပင္ေတြက ေယာက္်ားဆန္သည့္ ထိုေကာင္ေလး မ်က္ႏွာေပၚထက္ ဝဲက်ေနသည္။ ေခြးေပါက္ေလးနဲ႕ တူသည္။

မႊန္ထူေနသည့္ အယ္လ္ဖာ၊ အိုမီဂါ အနံ႕ေပါင္းစုံၾကားထဲမွာ ေဂ်းေတာ့ ေပ်ာ္စရာေလးေတြ႕ၿပီထင္ပါရဲ႕။ ေဂ်းရဲ႕ လာဗန္ဒါရနံ႕ အိုမီဂါ ေဟာ္မုန္းမ်ားက ေပ်ာ္ျမဴးေနျမန္း သိသာေအာင္ သင္းသင္းကေလးျဖစ္ေနသည္။

ေဂ်းဟာ ထိုေကာင္ကေလးအား မ်က္ေတာင္မခက္ဘဲ ေတာက္ေလွ်ာက္ စိုက္ၾကည့္ေနလိုက္သည္။ လက္ထဲက ခပ္ျပင္းျပင္း ေကာ့ေတးအား စိမ္ေျပနေျပ ေသာက္ကာ အရသာခံရင္း စိုက္ၾကည့္ေနလ်က္။

လက္ထဲက စပ္ေနသည့္အရက္ခြက္အား အေရွ႕က လူထံခ်ၿပီးသည့္ေနာက္ ထိုေကာင္ေလး မ်က္လုံးေတြက သူ႕ဆီသို႔ ျပန္လည္ စိုက္ၾကည့္လာသည္။ မ်က္လုံးေတြ အၾကည့္လႊဲပစ္ဖို႔ရာ ေဂ်းမွာ စိတ္ကူးမရွိေပ။ အျပန္အလွန္ စိုက္ၾကည့္ရင္းပင္ ေဂ်းဟာ လက္ထဲက ေကာ့ေတးအား ေသာက္လိုက္သည္။

အၾကည့္ခ်င္းစုံၿပီးသည့္ေနာက္ပိုင္း ထိုေကာင္ေလးက သူ႕အား သိသိသာသာတစ္မ်ိဳး၊ မသိမသာတစ္မ်ိဳး ၾကည့္လာသျဖင့္ ေဂ်း တစ္ခ်က္ၿပဳံးလိုက္သည္။

လက္က်န္ ေကာ့ေတးအား အကုန္ေမာ့ၿပီးသည့္ေနာက္ ေဂ်းဟာ အေတာ္ေလး ရီေဝေဝျဖစ္လာသည္။ ပိုက္ဆံရွင္းဖို႔အတြက္ လူမေခၚေတာ့ဘဲ ေကာင္တာသို႔ ထသြားလိုက္သည္။

အနီးကပ္ျမင္ရေတာ့ ေကာင္ေလးဟာ အေတာ္ေလးေခ်ာျမန္း သိသြားသည္။ အရပ္ကလဲ မတိမ္းမယိမ္းျဖစ္သျဖင့္ မသိလွ်င္ ထိုေကာင္ေလးကို အိုမီဂါေလးထင္ေနၾကမွာဘဲလို႔ ေတြးမိလိုက္ေသးသည္။ သူအား စိုက္ၾကည့္ေနသည့္ေကာင္ေလးကို ျပန္ၾကည့္ရင္း ထိုေကာင္ေလးလက္ထဲ ပိုက္ဆံထည့္ေပးလိုက္ၿပီး ထြက္သြားဖို႔ ျပင္လိုက္သည္။

႐ုတ္တရက္အား သူ႕လက္အား လွမ္းဆြဲလိုက္သည့္ေကာင္ေလးေၾကာင့္ ေဂ်း တစ္ဖက္သို႔ ျပန္လွည့္ၾကည့္လိုက္သည္။

"ကြၽန္ေတာ္ တစ္ခြက္ေလာက္ တိုက္လို႔ရမလား"

"ကိုယ္အခုေလးတင္ပဲ ေသာက္လို႔ၿပီးတာေလ"

"အာ..အဲ့တာဆို-"

ထစ္ေငါ့ေငါ့ႏွင့္ စိတ္လႈပ္ရွားဟန္ျဖင့္ ေကာင္ေလးဟာ ဘာစကားဆက္ေျပာ ရမလဲမသိဟန္။ ေဂ်း ခပ္ဖြဖြရယ္ရင္းျဖင့္သာ။

"မင္း အလုပ္ ဘယ္အခ်ိန္ ၿပီးမွာလဲ"

"ဗ်ာ၊ ..အာ ခုၿပီးၿပီ"

"ဟင္၊ ဟား ဟား တကယ္လား"

ေဂ်း စကားအား ဆက္မေျပာဘဲ ေကာင္ေလး၏ နား နားသို႔ ကပ္ကာ ေျပာလိုက္သည္။

"ကိုယ္အျပင္ဘက္ကေန ေစာင့္ေနမယ္၊ မင္းလာခဲ့"

ထို႔ေနာက္ Barအျပင္ဘက္သို႔ ထြက္သြားလိုက္သည္။ အဓိပၸာယ္ေဖာ္မရသည့္အၿပဳံးႏွင့္ ၿပဳံးေနသည့္ ေကာင္ေလးကို မျမင္လိုက္ရေပ။

ေဂ်း ေကာင္ေလးအား ေစာင့္ေနရင္း ပ်င္းပ်င္းႏွင့္ နံရံမွီကာ ေဆးလိပ္ေသာက္ေနလိုက္သည္။

ေဆးလိပ္တစ္ဝက္က်ိဳးေတာ့မွ ေရာက္လာသည့္ ေကာင္ေလးက ေလာေလာျဖင့္ ထြက္လာဟန္။ သို႔ေသာ္ ထိုေကာင္ေလးေနာက္မွ ကပ္ပါလာသည့္ ဗိုက္ပူပူႏွင့္ လူႀကီးတစ္ေယာက္ေၾကာင့္ ေဂ်းလဲ လွမ္းမေခၚေသးဘဲ ေစာင့္ေနလိုက္သည္။

ထိုလူႀကီးဆီမွ ထြက္လာသည့္စကားသံေၾကာင့္ ေဂ်း ႐ုတ္တရက္ အေျခေနကို သေဘာေပါက္သြားသည္။

"ေဟ့ ေကာင္ေလး တစ္ေယာက္တည္းလား"

ေကာင္ေလးဟာ မ်က္ေမွာင္က်ဳံ႕ရင္း ထိုလူႀကီးအား ေခါင္းစေျခဆုံးၾကည့္ကာ

"ကိုယ္နဲ႕ ေပ်ာ္ၾကမလား"

အေတာ္ေလး မူးေနဟန္ႏွင့္ ထိုလူႀကီးက ေကာင္ေလးကို အိုမီဂါ ထင္ေနဟန္တူသည္။ ဘာဆက္ျဖစ္မလဲ ၊ ေဂ်းၾကည့္ရင္း ထိုေကာင္ေလးလက္အား ထိုလူႀကီးက ဆြဲလိုက္တာကို ျမင္လိုက္ရသည္။

- ခြပ္- ဆိုသည့္အသံႏွင့္အတူ ဆက္တိုက္ထြက္လာေသာ ေကာင္ေလးအသံမွာ အေတာ္ေလး ေဒါသထြက္ေနသေယာင္။

"ခင္ဗ်ား မူးေနရင္လဲ ေဂ်ာင္သြား ကပ္အိပ္ေနလိုက္! မေသခ်င္ရင္ ထြက္သြားေတာ့!"

ဆက္တိုက္ သုံးေလးခ်က္ေလာက္ ထိုးၿပီးသည့္ေနာက္ ထိုလူႀကီးမွာ အၿမီးေလးကုတ္ကာ ေၾကာက္လန့္တၾကား ထြက္ေျပးသြားေတာ့သည္။

ေဂ်း မေနနိုင္ေတာ့ဘဲ ရယ္သြမ္းလိုက္သည္။ ေဒါသထြက္ေနတာေတာင္ ခ်စ္ဖို႔ေကာင္းေနသည့္ေကာင္ေလးေၾကာင့္ ေဂ်းေတာ့ သေဘာမက်ဘဲ မေနနိုင္ေပ။

ေဂ်းရယ္သံၾကားေတာ့မွ ထိုေကာင္ေလးက သူ႕ဘက္လွည့္လာကာ ေျခလွမ္းက်ဲမ်ားျဖင့္ သူ႕ဆီသို႔ ေရာက္လာသည္။ ေဂ်းရပ္ေနသည့္နံရံေဘးႏွစ္ဖက္အား လက္ေထာက္လိုက္ၿပီး ေဂ်းအား စိုက္ၾကည့္လိုက္သည္။

"ဘာရယ္တာလဲ၊ ကြၽန္ေတာ္စိတ္တိုေနတာေနာ္"

"ေဟာဗ်ာ၊ အဲ့ေတာ့ ကိုယ့္ကို ေၾကာက္ေစခ်င္တာလား"

ေကာင္ေလးက စကားမဆက္ေသးဘဲ ေဂ်းမ်က္ႏွာေဘးမွ ျဖတ္ကာ နားနားသို႔ ကပ္ကာေျပာလိုက္သည္။

"ကြၽန္ေတာ္က ခင္ဗ်ားကို မေျခာက္ခ်င္ပါဘူး၊ ကြၽန္ေတာ္က ခင္ဗ်ားကို ခ်စ္ခ်င္တာ"

ေဂ်းမ်က္ဝန္းသို႔ ၾကည့္လာသည့္ေကာင္ေလးမ်က္ဝန္းေတြ။ အဲ့ေနာက္ ေဂ်းႏႈတ္ခမ္းေတြသို႔ ရမက္ဆန္စြာ စိုက္ၾကည့္လာသည္။ ေဂ်းလဲ ေကာင္ေလးရဲ႕ ႏႈတ္ခမ္းထူထူေတြကို ျပန္စိုက္ၾကည့္ရင္း ႏႈတ္ခမ္းအား ကိုက္လိုက္ကာ ေျပာလိုက္သည္။

"အဲ့တာဆိုလဲ ခ်စ္ၾကမယ္ေလ"

ထို႔ေနာက္ သူတို႔ႏွစ္ေယာက္ စကားလုံးေတြနဲ႕ရႈပ္ေထြးေနမယ့္ စကား‌ေတြအစား ရိုးရွင္းတဲ့ ရမက္ဆန္တဲ့ အနမ္းေတြနဲ႕ပဲ အျပန္လွန္တုန့္ျပန္ျဖစ္ေတာ့သည္။

အနမ္းေတြၾကားက တစ္စြန္းတစ္စထြက္လာတဲ့ ၿငီးသံေတြဟာ သူတို႔ၾကားက ရမက္စိတ္ေတြကို ပိုၿပီး ႏွိုးဆြေပးေနသေယာင္။ ေကာင္ေလးလက္ႀကီးႀကီးေတြက ေဂ်းခါးအား တင္းတင္းက်ပ္က်ပ္ ဖက္တြယ္ထားသည့္မွာ က်ိဳးမတတ္ေပ။

အနမ္းေတြဟာ သိပ္သည္းလာၿပီးသည့္ေနာက္ ေဂ်းလဲ ေကာင္ေလး ရင္ဘတ္ေတြအား လက္နဲ႕အသာတြန္းလိုက္သည္။ မလႊတ္ခ်င္လႊတ္ခ်င္နဲ႕ လႊတ္ေပးလိုက္သည့္ေကာင္ေလးက ခ်က္ခ်င္းျပန္နမ္းဖို႔ျပင္ေနျပန္သည္။

"ကိုယ္တို႔ တစ္ေနရာရာ သြားရေအာင္၊ ဒီေနရာႀကီးက-"

သူ႕စကားမဆုံးခင္မွာပဲ ေကာင္ေလးက သူ႕လက္အား ဆြဲကာ Barအတြင္းသို႔ ျပန္ဝင္သြားသည္။ ထို႔ေနာက္ Bar ရဲ႕သီးသန့္ခန္းတစ္ခန္းထဲသို႔ ေခၚလာသျဖင့္ ေဂ်းေၾကာင္ေတာင္ေတာင္နဲ႕ ၾကည့္ေနမိသည္။

သို႔ေသာ္ ေကာင္ေလးက ေဂ်းကို ေတြေဝခြင့္မေပးဟန္တူသည္။ အခန္းတြင္းေရာက္သည့္ႏွင့္ ျပန္လည္ဦးတည္လာသည့္ အနမ္းမ်ား။

တစ္စတစ္စျပင္းထန္လာသည့္အနမ္းမ်ားႏွင့္ ေကာင္ေလးက ေဂ်း အကၤ်ီ ေတြကိုပါ ခြၽတ္ဖို႔ျပင္လာသည္။ ေဂ်း႐ုတ္တရက္ ေကာင္ေလးလက္အား ဖမ္းဆြဲလိုက္သည္။

ေကာင္ေလးဟာ ေဂ်းလုပ္ရက္ကို နားမလည္ဟန္ မ်က္ဝန္းေတြနဲ႕ ၾကည့္လ်က္။ ေဂ်းလည္း ေကာင္ေလးရဲ႕ အျဖဴေရာင္ အကၤ်ီထက္သို႔ လက္လွမ္းရင္း ၾကယ္သီးမ်ားကို ျဖဳတ္ဖို႔ျပင္လိုက္သည္။

ထိုေတာ့မွ သေဘာေပါက္သြားဟန္ ေကာင္ေလးက သူ႕အကၤ်ီသူအား ဆြဲၿဖဲပစ္လိုက္သည္။ ၾကယ္သီးေတြျပဳတ္က်သံၾကားေနရေသာ္လည္း ေဂ်းအာ႐ုံက သူ႕ကို ျပန္နမ္းရွိုက္လာတဲ့ ေကာင္ေလးရဲ႕ ႏႈတ္ခမ္းေတြဆီတြင္သာ။

ထို႔သို႔ျဖင့္ သူတို႔ႏွစ္ဦးသားရဲ႕ ညဟာ ေပ်ာ္႐ြင္ဖြယ္ အနမ္းမ်ားျဖင့္ ျပည့္ႏွက္ခဲ့သည္။

🍷🍷🍷

အၾကာႀကီးေနမွ ျပန္ေပၚလာခဲ့ပါၿပီ။ ဒါေပမဲ့ အတည္ျပန္လာတာမဟုတ္ေသးပါဘူး။ Sepမွာ ေျဖမဲ့ စာေမးပြဲၿပီး အတည္ျပန္လာခဲ့ပါ့မယ္။

အားလဲ အားနာပါတယ္။ ေစာင့္ေပးၾကပါဦးလို႔။ ခုရက္ပိုင္း Jekjengကို အရမ္းသေဘာေခြ႕ေနလို႔ မအားတဲ့ၾကားက တစ္ပိုင္းေရးလိုက္ပါၿပီ။

🍷🍷🍷





Continue Reading

You'll Also Like

161K 5.7K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
105K 9.3K 111
"You think I'm golden?" "Brighter than the sun, but don't tell Apollo" Dante hates Rome's golden boy. Jason doesn't even remember him. Right person w...
950K 21.7K 49
In wich a one night stand turns out to be a lot more than that.
312K 9.4K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...