"Morning အဖေ"
"သားနိုးပြီလား"
"ဟုတ်"
"လာလေ အဖေနဲ့အတူမနက်စာလာစားလိုက်"
"ဟုတ်ကဲ့အဖေ"
"အဖေဒီနေ့ companyကိုစောစောသွားရမှာ နိုင်ငံခြားသားဧည့်သည်တွေလဲရောက်မှာဆိုတော့ အဖေကစောရောက်နေမှဖြစ်မှာ"
"ဟုတ် ဒါဆိုသားနောက်မှလိုက်ခဲ့မယ်"
"သားကcompanyကိုလိုက်မလို့လား??
"ဟုတ်တယ် သားလိုက်မှာလေ"
"မလိုက်ပါနဲ့အုံးသားရယ် မနေ့ကမှ ဆေးရုံကဆင်းလာတာ တစ်ရက်နှစ်ရက်လောက်နားလိုက်ပါအုံး"
"မနားတော့ဘူးအဖေ သားနေလို့ကောင်းသွားပါတယ် အိမ်မှာနေရင်သားပျင်းလို့ပါ"
"ဟုတ်ပြီ ဟုတ်ပြီ"
"ဒါဖြင့်လဲလိုက်ခဲ့ အဖေ company ကိုသွားနှင့်မယ် သားက သားငယ်နဲ့အတူလာခဲ့ "
"ဟုတ်အဖေ"
"ဒါဆိုအဖေသွားပီနော်"
သူဌေးJeonကားဖြင့်ထွက်သွားပြီး ခဏကြာတော့ JungKook သည် အိမ်အပေါ်ထပ်ကနေ အောက်သို့ဆင်းလာခဲ့သည်
company ကိုသွားဖို့အဆင်သင့်ဖြစ်နေသောJiminသည် JungKook ဆင်းအလာစောင့်ရင်း သတင်းစာ ဖက်နေခဲ့သည် ထိုအချိန် အပေါ်ထပ်မှဆင်းလာတဲ့ JungKook ကိုမြင်တာနဲ့ ဖက်လက်စ သတင်းစာကိုဘေးချလိုက်ခါ JungKook စီသို့ ထသွားတော့သည်
"မောင်အိပ်ပုတ်လေး အိပ်ယာထနောက်ကျတယ်နော်"
"Hyung.... Daddy ရော...."
"အဖေcompanyကိုသွားပြီ နိုင်ငံခြားဧည့်သည်တွေနဲ့တွေ့ရမှာမို့လို့တဲ့"
"ဟုတ်လား...ဟူးးးးး"
"မောင်ဘာဖြစ်လို့လဲဟင် သက်ပြင်းချသံကြီးကပြင်းလိုက်တာ"
"ဘာမှမဟုတ်ပါဘူး ညကDaddyပြောတာတွေပြန်သတိရသွားလို့ ဘာပဲဖြစ်ဖြစ်မောင်အဆင်ပြေပါတယ် Hyung သာ မောင့်ဘေးနားမှာပဲနေ မောင့်အတွက်အရာအားလုံးအဆက်ပြေပြီးသားဖြစ်နေမှာ..."
"ဟွန့် စကားကလဲ တတ်လိုက်တာလွန်ရော"
"ချစ်တာကို Hyungရဲ့"
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ညနေဆည်းဆာနေဝင်ချိန်တွင် တိမ်ဖြူတွေမြုတ်ပြီးတိမ်မဲ့များတတ်လာကာ နေမပွင့်တစ်ပွင့်အလင်းရောင်လေးဖြင့် မှောင်ရီရီဖြစ်ခါ မိုးများ သည်းကြီးမည်းကြီး ရွာချလာတော့သည်
ကျူရှင်မဆင်းခင်ထဲက အပြင်မှာကားဖြင့်ရပ်စောင့်နေသော TaeHyung ကို Ho Seokမမြင်ခဲ့ပါ TaeHyung သည် ကားထဲမှစောင့်နေရင်းကနေအနည်းငယ်ပျင်းလာတာနဲ့ အပြင်ကိုထွက်ဖို့ ခေါက်ထီးလေးကိုဖွင့်ကာ ထွက်လာတော့သည် မိုးတွေအရမ်းရွာပြီးအေးလာတာကြောင့် Ho Seokလာရင် coffeeပူပူလေးသောက်လို့ရအောင် လမ်းထောင့်တစ်နေရာက ဆိုင်လေးမှာ သွားဝယ်လိုက်သည် ကျူရှင်သင်ပြီးလို့ အိမ်ထဲမှ Ho Seokထွက်လာပြီး Tae Hyung ကားကိုမြင်တာနဲ့ ကားစီကိုတန်းသွားလိုက်သည် အနီးနားရောက်တော့ကားထဲတွင်လူမရှိပဲ ကားပင်ရပ်ထားတာကြောင့် Ho Seokသည် TaeHyung ကို မျက်လုံးလေးဝေ့ကာ ရှာနေခဲ့သည်
ထိုချိန် coffeeဝယ်ပြီးအလာ Ho Seokကိုမြင်တာနဲ့ ထီးဆောင်းရင်း coffeeဗူးနှစ်ဗူးကိုကိုင်ကာ ပြေးလာတော့သည် မိုးအရမ်းရွာပြီး လေအနည်းငယ်တိုက်လာတာကြောင့် TaeHyung ဆောင်းထားသောထီးသည် လေနှင့်အတူ လွင့်ပျံသွားခဲ့သည်
"မပြေးနဲ့..... TaeHyung မပြေးနဲ့..."
"ချော်လဲမယ် သတိထားပြီးလျှောက်"
"အကိုက ကျွန်တော်ချော်လဲမှာကို စိုးရိမ်တယ်ပေါ့ ဟုတ်လား....."
"စိုးရိမ်တာပေါ့ မတော်လို့ ချော်လဲသွားရင် ခေါင်းကွဲသွားနိုင်တယ် "
"အဲလိုသာ ကျွန်တော် ချော်လဲသွားခဲ့ရင် အကိုကျွန်တော့ကို ဘယ်လိုလုပ်ပေးမှာလဲ ပြေးထူးမှာလား ရပ်ကြည့်နေမှာလားဟင်"
"ပြေးထူမှာပေါ့အရူးရဲ့ ရပ်ကြည့်နေရအောင် ငါက ကျောက်ရုပ်မှမဟုတ်ပဲ "
TaeHyung သည် သူ့ကိုတစ်ခွန်းမကျန်ပြန်ပြောနေသော ချစ်စဖွယ်အကိုရွယ်ကောင်လေးကို စိုက်ကြည့်ကာ ပြုံးနေခဲ့သည်
"အကို"
"ကျွန်တော်တို့မိုးရေချိုးရအောင်"
"အာ...မချိုးချင်ပါဘူး ကလေးကုလားနဲ့ "
"လာပါအကိုရာ အတူချိုးရအောင်"
"မလာဘူးမင်းပါမင်းပဲချိုး"
"ကျွန်တော် တစ်ယောက်ထဲကြပျင်းစရာကြီးး
လာပါဗျာ အတူချိုးရအောင် ဒီထီးကို လွှင့်ပစ်လိုက်တော့ ......"
HoSeokလက်ထဲကထီးကို ယူကာ TaeHyung ကလွှင့်ပစ်လိုက်သည် HoSeokသည်လဲ သူပြောစကားနားမထောင်ပဲ ကလေးတစ်ယောက်လို လုပ်ချင်ရာလုပ်နေပြီး ပျော်နေသော ကောင်လေးကိုကြည့်ကာ သူပါပျော်နေခဲ့သည်
TaeHyungက HoSeokလက်ကိုဆွဲကာ အရှေ့နားက လမ်းဆုံးတဲ့ထိ ဆွဲခေါ်သွားခဲ့သည် မိုးတွေလဲ အလွနါရွာနေသောကြောင့် လမ်းတွင် လူတစ်ယောက်မှ သွားလာချင်းမရှိကြပါ
လက်ကိုဆွဲကာအရှိန်ဖြင့်ပြေးထွက်သွားသောကြောင့် HoSeokဟန်ချက်ပျက်ခါ ခလုတ်တိုက်ပြီး TaeHyung နဲ့အတူလဲကျသွားတော့သည်
"အကို...ဘာဖြစ်သွားသေးလဲ"
"ငါကဘာမှမဖြစ်ဘူး မင်းကသာ ငါ့အောက်ကခံပြီးကျတာ မင်းဘာဖြစ်သွားသေးလဲ "
"ကျွန်တော် ဘာမှမဖြစ်ပါဘူး "
"အခုမှအကို့ကိုသေချာကြည့်မိတော့တယ် အကိုက မိုးရေရွှဲနေတာတောင် လှရက်တယ်ဗျာ"
"အရူး ဘာတွေပြောနေတာလဲ"
HoSeokသည် TaeHyung အပေါ်ကနေ ထပ်လျှက်လဲကျသွားတာကြောင့် ထမည်လုပ်တော့
TaeHyung သည် HoSeokပုခုံးကိုကိုင်ခါ ကပ်တစ်ရာလမ်းနှင့် HoSeokကျောနဲ့ကပ်အောင် ဆွဲလှဲလိုက်သည်
"ဘာလုပ်တာလဲ TaeHyung...."
ဆော့မနေနဲ့တော့ တော်ကြာ ငါတို့တွေ အအေးမိပြီးဖျားနေမယ် "
TaeHyung သည်ဘာမှပြန်မဖြေပဲ ခေ့င်းလေးငုံ့ကာ HoSeokရဲ့ပါးကိုနမ်းလိုက်သည်
အနမ်းခံလိုက်ရသောပါးကိုလက်ဖြင့် အုပ်ကိုင်ကာ TaeHyung ကိုအံ့ဩစွာကြည့်နေသည် ဒီလိုနဲ့ HoSeok ကြောင်တောင်တောင်လေးဖြင့်ကြည့်နေသောအခါမှာ နှုတ်ခမ်းလေးကို ထပ်၍အနမ်းခံလိုက်ရပြန်သည်
နှုတ်ခမ်းကို နမ်းသည့်အခါမှာတော့ TaeHyung ပြန်လွှတ်မပေးသေးပါ ခဏကြာတော့ HoSeokငြိမ်သက်နေပြီး သတိပြန်ဝင်ကာ TaeHyung ကိုတွန်းထုတ်လိုက်တော့သည်
"ဘာလုပ်တာလဲ TaeHyung ....."
"ကျွန်တော်...."
"အကို့ကို......."
စကားပြောဖို့အရှိန်ယူနေတုန်းမှာပဲ HoSeokထထွက်သွားတော့သည် TaeHyung သည်လည်း သူ့အမှားကြောင့် HoSeokကို လှမ်းလဲမခေါ်ရဲခဲ့ပဲ လမ်းမပေါ်တွင်ထိုင်ပြီးသာကျန်နေခဲ့သည်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
"ဒီနေ့မှ အလုပ်ပြန်ဆင်းလို့လားမသိဘူး အရမ်းပင်ပန်းတာပဲ"
"ပင်ပန်းတာတွေပျောက်အောင်လို့ မောင်တို့ လှုပ်လှုပ်ရှားရှားလုပ်ကြမလား"
"မောင်နော်"
မောင်ဘာပြောတယ်ဆိုတာသိေနတယ်နော် .. Hyung ငြိမ်ငြိမ်လေးနေနေတာကို မောင်မမြင်ချင်ဘူးလား"
"မောင်ကစတာပါ "
"ကဲလာ မောင်နဲ့အတူအိပ်မယ် မောင့်ရင်ခွင်ထဲလာခဲ့ "
"ဘယ်သူမောင်နဲ့အိပ်မယ်ေပြာလို့လဲ"
"သွား မောင်ကိုယ့်အခန်းကိုပြန်အိပ်"
"ဟင်...မသွားပါဘူး မောင်ဒီမှာပဲအိပ်မှာ "
"မအိပ်ရပါဘူး ကိုယ့်အခန်းကိုပြန်"
"Hyung နော် မောင်ဒီမှာပဲ အိပ်မှာလို့ပြောနေတာကို...."
သူ့အခန်းသူပြန်အိပ်ခိုင်းလို့ နှုတ်ခမ်းဆူကာ Jimin ကို စိတ်ကောက်နေတော့သည်
"ဒီမှာအမြဲလိုကြီးအိပ်လို့ဘယ်ဖြစ်မလဲ ကိုယ့်အခန်းကိုလဲပြန်အိပ်အုံးမှပေါ့"
"သိလိုက်ပါပြီ"
Hyung ကမောင့်ကိုနည်းနည်းပဲချစ်တယ်ဆိုတာ မောင်က Hyung ရဲ့ အရေးပါတဲ့သူမှမဟုတ်ပဲ မောင့်ကိုဘယ်အလိုလိုက်ပါ့မလဲ
"မောင် စကားကိုဘယ်လိုတွေပြောနေတာလဲ"
"အခုမောင်ပြောလိုက်တဲ့စကားတွေက Hyung ရဲ့အချစ်တွေကိုစော်ကားလိုက်သလိုပဲနော် ...."
"မောင့်ကိုဒီမှာ မအိပ်နဲ့လို့ပြောတာက မောင်ဒီမှာ Hyung နဲ့အတူရှိနေရင်တစ်နေ့မဟုတ်တစ်နေ့ Hyung တို့နှစ်ယောက်ကို အဖေသံတယဖြစ်သွားမှာဆိုးလို့ ဆင်ခြင်တဲ့အနေနဲ့ မောင့်ကို ကိုယ့်အခန်းကိုအိပ်ဖို့ပြောတာ ..."
မောင်က Hyung ရဲ့စေတနာတွေအချစ်တွေကိုမှနားမလည်ပဲ ဘယ်တတ်နိုင်ပါ့မလဲ"
"ရပါတယ် Hyung ကို မောင်ထင်ချင်သလိုထင် မောင်ပြောချင်သလိုပြောလို့ရတယ်
Jimin သည် JungKook ရဲ့စကားတွေကြောင့် ဝမ်းနည်းကာ မျက်ရည်ကျခဲ့သည်
တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပြီး အချစ်ကြီးနေတာကြောင့် သူကငါလောက်မချစ်ဖူးဟု အတွေးများဝင်ကာ အချင်းပွားကြတာပင်ဖြစ်သည်
"မောင်က စိတ်ဆိုးလို့ ပြောမိပြောရာ ပြောလိုက်တာပါ"
"Hyung ရဲ့အချစ်ေတွကိုစော်ကားသလိုဖြစ်သွားလို့ မောင်တောင်းပန်ပါတယ် ....."
"စိတ်လဲမဆိုးနဲ့မျက်ရည်လဲမကျနဲ့တော့နော်"
"မောင်တောင်းပန်တယ်သိလား"
"နောက်တစ်ခါ Hyung ရဲ့အချစ်တွေကို ဘယ်တော့မှ ပေါ့ပျက်ပျက်မတွေးပါနဲ့ ...."
"Hyung မောင့်ကိုသိပ်ချစ်တယ်"
"သိပ်ပြီးတော့လဲ မြတ်နိုးတယ် "
"မောင်သာ Hyung နားမှာမရှိရင် Hyung သေနိုင်တယ် မောင့်ကို Hyung ကအဲလောက်ထိကိုချစ်တာပါ မောင်ရယ်...."
"မောင်သိပါပြီ"
"နောက်ဆို Hyung စိတ်ဆင်းရဲစေမဲ့စကားမျိုး မောင်မပြောမိအောင် မောင်ဆင်ခြင်ပါ့မယ် "
ပြီးတော့ အရမ်းပဲချစ်တယ် ဆိုတာကို Hyung ယုံကြည်ပေးပါ.....
"Hyung ရဲ့တစ်ဘဝလုံးစာအတွက် မောင့်ကိုယုံလို့ပုံအပ်ထားတာပါ မောင့်ကို ယုံပါတယ်"
တစ်ယောက်နဲ့တစ်ယောက် နာူလည်မှုအပေးယူလုပ်ပြီး JungKook က သူ့အခန်းသူပြန်သွားခဲ့သည်
Jimin မှာလဲ မချစ်သင့်တဲ့အချစ်ကိုရူးရူးမိုက်မိုက်ချစ်ခဲ့မိလို့ စုတ်လဲဆူးစားလဲရူးဆိုသလိုပင် JungKook ကို ညီလေးတစ်ယောက်လိုချစ်ဖို့လဲအဆင်မပြေ ချစ်သူတစ်ယောက်လို ချစ်မိတော့လဲ သူ့အတွက်အခက်ခဲတွေက မဖိတ်ခေါ်ခင်ထဲကကြိုပြီးဝင်လာခဲ့သည်