"အကြင်နာမျက်ဝန်း"

By JuJu99147

1.1K 13 7

ဂျူဂျူဟန်: "ချစ်ခြင်းတရားတွေရဲ့အစကမျက်ဝန်းက"တဲ့ ဉီးငယ် ဂျူဂျူတော့ဉီးငယ်ကိုချစ်မိနေပြီထင်ပါတယ်... More

<ဉီးငယ်နဲ့စတွေ့တဲ့နေ့ကလေး>
^~^မျက်မှန်အောက်ကညို့ယူလွန်းတဲ့မျက်ဝန်းတစ်စုံမ
~သူ့ရဲအပြုံးချိူချိူလေး
~~ဦးငယ်လို့ပဲခေါ်ပါရစေ~~
အချစ်မှာအသက်အရွှယ်ကအတားအစီးတစ်ခုဖြစ်နေမလား?
"နားခိုရာမရှိတဲ့ငှက်ကလေး"
ဂျူဂျူချစ်တဲ့ဦးငယ်မှဟုတ်ရဲ့လား?
အချစ်ကကိုယ့်ကို ကိုယ်တောင်ထိန်းချူပ်မူတွေပျောက်ဆုံးစေနေပြီ
sorry
ချစ်မိတာအပြစ်လားဟင်?

အချစ်ဆိုတာလူကိုတဖြည်းဖြည်းချင်းနိပ်စက်နိုင်တဲ့ နာကျင်မူလက်နက်တစ်မျိူးလား

64 0 1
By JuJu99147

part 8
Writting by ရွှန်းလဲ့ သွင်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"တီ ~တီ~တီ"(ဖုန်းမြည်သံ)
အာကာတစ်ယောက်ရုံးမှာထမင်းစားချိန်ဖုန်းလာလို့ကောက်ကိုင်ကာ ကြည့်လိုက်တော့ဖုန်းရဲ့မျက်နာပြင်မှာပေါ်လာတာက" အမား"တဲ့

"ဟလို ဟုတ်ကဲ့အမား"

"သားရယ် မနေ့ကဘာလို့အိမ်မပြန်လာတာတုန်း အမေ့မှာစိတ်ပူလိုက်ရတာကွယ်"

"aww အမားရယ်သားပြောဖို့မေ့နေတာ...
သားဝယ်ထားတဲ့အိမ်မှာပဲနေဖြစ်တော့မယ် အမား...
ဟိုလေ..... အခုတလောအလုပ်တွေကလည်းတအားများတော့ညနက်တဲ့ထိနေရမှာမို့ သားအဲ့အိမ်မှာပဲနေလိုက်တော့မယ် အလုပ်နဲ့လည်းနီးတယ်လေအမားရဲ့ ဘာမှစိတ်မပူနဲ့"

"အေးပါကွယ် ထမင်းလည်းမှန်အောင်စားနော်သား
တော်ကြာနေမကောင်းဖြစ်နေအုံးမယ်"

"ဟုတ်ကဲ့ပါအမား"

"သြော် အမေမေ့နေတာ သားသူငယ်ချင်းရဲရင့်လာရှာတယ်အိမ်မှာသားကို "

"ဟုတ်လား အမားသားသူ့ကိုဖုန်းပြန်ဆက်လိုက်ပါ့မယ် အခုကသားလုပ်လက်စအလုပ်လေးရှိလို့ပါ
သားအမားတို့ဆီပိတ်ရက်လာလည်ပါ့မယ် သားဖုန်းချလိုက်တော့မယ်နော်အမေ"

"အေးအေး သား"

             အလုပ်ကိစ္စတွေပြီးလို့ပြန်ခါနီး ဂျူဂျူအတွက်အဝတ်တွေဝယ်ပေးရင်း ရဲရင့်ဆီဖုန်းဆက်ရမှာကိုသတိရကာ

"တီ~တီ~တီ~"

"Hello "

"သားကြီး မင်းငါ့ကိုအိမ်မှာလာရှာတယ်ဆို"

"ဟုတ်တယ် ငါမေးစရာလေးရှိလိုကွ"

"မေးလေကွာ"

"ငါအခုတလောအလုပ်ကိစ္စနဲ့အပြင်ရောက်နေလို့ ဂျူဂျူဦးလေးဆုံးတာသိပေမဲ့ သူတစ်ယောက်ထဲဘယ်လိုရပ်တည်နေလဲဆိုတာသိချင်လို့ပါ   ဖြစ်နိုင်ရင်ငါသူ့ကိုလက်ထက်ချင်တယ်ကွာ "

"Awww ပြောရမှာတော့အားနာပါတယ်ကွာ ကြည့်ရတာမင်းနဲ့ငါနဲ့ကြိုက်တဲ့သူကတစ်ယောက်ထဲဖြစ်နေပြီ  ငါလည်းတကယ်ထင်မထားမိတာပါကွာ"

"ဟုတ်လား   ဒါဆိုလည်းငါနောက်ဆုတ်ပေးပါ့မယ်ကွာ
အခြားလူလက်ထဲပါတာထက် ကိုယ့်သူငယ်ချင်းလက်ထဲပါတာကပိုကောင်းပါတယ် ငါ့ကောင်ရာ ဘယ်သူ့ကိုမှချစ်ပါတယ်ကြိုက်ပါတယ်မပြောတဲ့သူက အခုလိုပြောလာတော့လည်း ဂျူဂျူကမင်းနလုံးသားမှာတော်တော်နေရာယူနေပြီနဲ့တူတယ်"

"အင်းးး ဒါနဲ့မင်းတကယ်အဆင်ပြေရဲ့လား "

"အဆင်ပြေပါတယ်ကွာ သိတယ်မလား မင်းသူငယ်ချင်းကplay boyပါကွ"

       ရဲရင့်တစ်ယောက်အဆင်ပြေပါတယ်ပြောနေပေမဲ့ သူ့အချစ်ဆုံးသူယ်ချင်းပျော်ရွှင်ဖို့အတွက် အနှစ်နာခံလိုက်ပါတော့တယ်

"ကျေးဇူးပါကွာ ငါကမင်းစိတ်ဆိုးပြီး​ဒေါပွမယ်ထင်တာ"

"ရပါတယ်ကွာ သူငယ်ချင်းအချင်းချင်းပဲ အကူအညီလိုရင်ပြောငါတက်နိုင်သလောက်ကူညီပေးမယ်"

"ဟုတ်ပါပြီ အဆိုဒါပဲနော် သားကြီး ဖုန်းချလိုက်တော့မယ်"

"အေးး အေးး"

     ထို့နောက်ဂျူဂျူရှိရာရပ်ဝန်းသို့ ပြုံးရွှင်သောမျက်နာနင့်ပြန်လာခဲ့တယ်  ခြံထဲမှာကားရပ်ပြီး ဂျူဂျူကိုလိုက်ရှာနေရဲ့

"ဂျူဂျူ ဂျူဂျူရေ ဒိမှာဦး ဂျူဂျူအတွတ်အဝတ်အစားတွေဝယ်လာတယ် တော်ရဲ့လားဝတ်ကြည့်ပါအုံး"

"ဟုတ်ကဲ့ ဟုတ်ကဲ့ လာပြီးဦးငယ်"

     ဟုဆိုကာဧည့်ခန်းထဲကိုပြေးထွက်လာခဲ့သည်  အာကာရဲ့ရှပ်အင်္ကျီက ဂျူဂျူအတွက်ပွနေပြီး လူကောင်သေးတော့အင်္ကျီထဲမှာမြုပ်နေကာဘောင်းဘီကလည်း အာကာကအရပ်ရှည်ပေမဲ့ဂျူဂျူက ပုတာမို့ ခေါက်တင်ထားရသည့်ဂျူဂျူရဲ့ပုံမှာအင်္ကျီမထော်မနမ်းတွေ ဝတ်ထားတာကြောင့် ကလေးလေးတစ်ယောက်သဖွယ်ချစ်ဖို့ကောင်းနေတော့တယ်

"ရော့  ဝယ်တော့လာတာပဲ တော်မတော်တော့ဝတ်ကြည့်မှသိရမယ် ဦးနားချင်ပြီ ရေချိူးပြီး ထမင်းပြင်ထားလိုက်နော်"

"ဟုတ်ကဲ့ "

     အာကာ ဂျူဂျူအတွက်ဝယ်လာသည့်အဝတ်အစားတွေဟာ ခေတ်ပေါ်အဝတ်အစားတွေလိုမဟုတ်ဘဲ လုံလုံ ခြုံခြုံ ဝတ်ရသည့်မြန်မာဝမ်းဆက်များပင်ဖြစ်သည့် အရောင်စုံ ဒိဇိုင်းစုံပေမဲ့ ယှဥ်ယှဥ်လေးနဲ့လှပေသည်  ဂျူဂျူဝတ်ကြည့်လိုက်တော့ တိုင်းချူပ်ထားသလားလို့တောင်ထင်ရကာကွတ်တိဖြစ်နေလေရဲ့  အာကာရေချိုးပြီးပြန်ထွက်လာကာ အဝတ်လဲ၍
ထမင်းစားခန်းထဲသို့ဦးတည်ကာထွက်လာခဲ့သည်
ထမင်းစာပွဲပေါ်မှာလည်း သူမနက်ကမှာထားတဲ့အတိုင်း ပြင်ဆင်ထားလေသည်  ဂျူဂျူကတော့ထမင်းစာပွဲဘေးမှာမ တမင်းဝိုင်းအတွက်လိုတာလေးတွေပြင်ဆင်ရင်း အာကာကိုတွေ့တော့
"ဦးငယ်ရှင့် ဂျူဂျူပြင်ပေးပြီးပြီး စားလို့ရပါပြီးနော်"

"ဂျူဂျူရောမစားဘူးလား"

"ဟိုလေ ဂျူဂျူစာပြီးပြီးရှင့်"

"မညာတက်ဘဲနဲ့မညာပါနဲ့ဂျူဂျူရယ် ဦးနဲ့တစ်ခါတည်းစားလိုက်"

"ဟုတ် ဟုတ်ကဲ့"

      ထမင်းဝိုင်းကလည်းအပ်ကျသံတောင်ကြားရလောက်အောင် တိတ်ဆိတ်နေပြီး နောက်ဆုံး အာကာကစကားအစပျိုးကာ

"ဂျူဂျူ ဦးကိုစိတ်ဆိုးနေတုန်းပဲလား"

"ရှင် မ မဟုတ်ပါဘူး ဦးငယ်က ဂျူဂျူအပေါ်သိပ်ချုပ်ချယ်တယ်ထင်မိလို့ပါ"

"ဟုတ်ပါပြီး အဓိက က ဂျူဂျူအဲ့လိုအလုပ်တွေထပ်မလုပ်ဖို့ပဲ ထပ်လုပ်လို့ကတော့ဦးအဆိုးမဆိုနဲ့"

"ဟုတ် ဟိုလေဦးငယ် ဂျူဂျူတစ်ခုလောက်တောင်းဆိုလို့ရမလားဟင်"

"အင်း ရပါတယ် ပြောလေ"

"ဂျူဂျူသူငယ်ချင်းတွေနဲ့စကားပြောချင်လို့ပါ နေ့လည်နေ့ခင်းအိမ်အလုပ်တွေပြီးရင် တအားပျင်းဖို့ကောင်းတာ
သူငယ်ချင်းတွေနဲ့ဖုန်းပြောချင်လို့ပါ"

"ဦးစိစဥ်ပေးမယ်လေ မနက်ဖြန်နဲ့တစ်ပတ်ခါကအလုပ်ပိတ်ရပ်ဆိုတော့ လာမည့်တနင်္လာနေ့ဦးအလုပ်ဆင်းရင်အပြန်ကျဝင်ဝယ်ခဲ့မယ် ဒါမဲ့ဦးကိုကတိတစ်ခုပေးရမယ်"

"ဟုတ် "

"ဦးဝယ်ပေးမဲ့ဖုန်းထဲမှာ မိန်းခလေးသူငယ်ချင်းတွေရဲ့ဖုန့်နံပါတ်ပဲရှိရမယ် ယောကျ်ားလေးဖုန်းနံပါတ်ဆိုဦးဖုန်းကလွဲလို့ကျန်တာမရှိစေရပါဘူး လို့ကတိပေးရမယ် အကယ်၍အခြားယောက်ျားလေးဖုန်းနံပါတ်တွေ့ရင်ဦးအဲ့ဖုန်းကိုသိမ်းမှာနော်  ဘယ်လိုလဲကတိပေးနိုင်လား"

"ဟုတ်ကဲ့ကတိပေးပါတယ် ဦးငယ်"
______________________________________
Part9 မျှော်
အားနည်း ချက်တွေရှိရင်လည်းတောင်းပန်ပါတယ်
ရွှန်းလဲ့တက်နိုင်သလောက်ကြိုးစားသွားပါ့မယ်
အပိုဒ်တိုင်းကို ဖတ်ပေးလိုကျေးဇူးပါနော်😘😘😘😘

     

Continue Reading

You'll Also Like

69.7K 3.9K 81
When shrivi goes home after a long time. Who doesn't have her parents' love and family's love for some reason. She had support from her grandmother...
129K 1.6K 51
𝐈𝐭𝐬 𝐭𝐡𝐞 𝐟𝐢𝐫𝐬𝐭 𝐝𝐚𝐲 𝐛𝐚𝐜𝐤 𝐭𝐨 𝐬𝐜𝐡𝐨𝐨𝐥 , 𝐀𝐚𝐥𝐢𝐲𝐚𝐡 𝐢𝐬 𝐧𝐨𝐰 𝐢𝐧 𝟏𝟎𝐭𝐡 𝐠𝐫𝐚𝐝𝐞, 𝐰𝐡𝐢𝐥𝐞 𝐬𝐡𝐞𝐬 𝐭𝐡𝐞𝐫𝐞 𝐬𝐡...
5.3M 46.3K 57
Welcome to The Wattpad HQ Community Happenings story! We are so glad you're part of our global community. This is the place for readers and writers...
690K 1.2K 22
Smexy One shots😘 Got deleted twice 3rd times a charm🤦🏻‍♀️😭