Falling In Love With My Husba...

By Hinnery

988K 36.6K 1.6K

Season 1 သာမာန် လူလတ်တန်းစား မိသားစုက တက်ကြွကာ အလုပ်ကြိုးစားသော ခပ်ချောချော လူဆိုးကောင်လေး နေမင်းတာရာ မျိူးရိ... More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇ ⚠️
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း 12
အခန်း 13
အခန်း 14
အခန်း 15
အခန်း 16
အခန်း 17 ⚠️
အခန်း 18
အခန်း 19
အခန်း 20
အခန်း 21
အခန်း 22
အခန်း 23
အခန်း 24⚠️
အခန်း 25
အခန်း 26
အခန်း 27
အခန်း 28
အခန်း 29
အခန်း 30
အခန်း 31
အခန်း 32
အခန်း 33
အခန်း 34
အခန်း 35
အခန်း 36
အခန်း 37
အခန်း 38
အခန်း 39
အခန်း 40
အခန်း 41
အခန်း 42
အခန်း 43
အခန်း 45
အခန်း 46⚠️
အခန်း 47
အခန်း 48
အခန်း 49
အခန်း 50
အခန်း 51⚠️
အခန်း 53
အခန်း 52
ဇာတ်သိမ်းပိုင်း
special episode
Season 2
အမည်ချိန်းခြင်း⚠️

အခန်း 44

13.4K 615 58
By Hinnery


သုံးနှစ်ကြာပြီးနောက်........

ရက်တွေ၊လတွေ၊နှစ်တွေ အလီလီကူးပြောင်းခဲ့ပြီဖြစ်သည်။ချမ်း သားလေးကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားခဲ့ပြီး သားလေး သုံးနှစ်အရွယ်အထိ ဒီမှာပဲနေခဲ့သည်။ချမ်း မာမီဒေါ်မေမီကတော့ မြန်မာနိုင်ငံတစ်လှည့် ချမ်း ရှိရာ ဩစီသို့ တစ်လှည့် သွားလာ လာလိုက်ဖြစ်သည်။ချမ်း ဒယ်ဒီ ဦးကောင်းမြတ်ကတော့ companyတစ်ဖက်နဲ့မို့ ချမ်း သားလေးမွေးတုန်းက တစ်ခါ၊သားလေး နှစ်နှစ်ပြည့် မွေးနေ့ကျင်းပတုန်းက တစ်ခါ ။နှစ်ခါလားပဲ ချမ်း ရှိရာသို့ ရောက်ဖြစ်သည်။သို့ပေမဲ့ မြေးအဘိုးတွေ ညတိုင်း face chat ပြောကြသည်ဖြစ်သည်။

"သား..sun..ဘာတွေလုပ်နေတာလဲ"

ချမ်း သားကိုအော်ခေါ်ရင်း သား အခန်းထဲသို့ရောက်လာသည်။ခုတင်ပေါ်တွင် သား ဆော့လက်စ ဆိုင်ကယ်ရုပ်၊ကားရုပ်တွေ သာ ပျံ့ကြဲနေကာ သား အရိပ်အယောင်မမြင်ရပေ။ချမ်း မျက်ခုံးလေး ကြုံ့သွားသည်။ရေချိူးခန်း ဝင်နေတာလား။အတွေးနဲ့ အတူ ချမ်း ရေချိူးခန်းတံခါးဖွင့်ကြည့်သည်။‌သား ချိူးနေကျ ရေဇလုံထဲ ဘဲဝါရုပ်လေး ပေါလောပေါ်နေကာ သားမရှိပေ။ချမ်း သားအခန်းထဲက ပြန်ထွက်လာလိုက်သည်။ချမ်း ရေချိူးနေတုန်း ခဏလေး ဘယ်ပျောက်သွားသည်မသိ။ချမ်း တကယ် ဒီမျောက်လောင်းလေးကို မနိုင်တာ ဖြစ်သည်။

"အန်နီ..သား ကိုမြင် မိလား"

မီးဖိုခန်းထဲ အလုပ်ရှုပ်နေသည့် အန်နီကို လှမ်း အော်မေးလိုက်သည်။

"ခုနက အိမ်ရှေ့ ဆင်းသွားတယ် သခင်လေး"

အန်နီက နေ့လည်စာ ပြင်‌ဆင်ပေးနေရာမှ ပြန်ဖြေသည်။အန်နီ့စကားကြောင့် ချမ်း အိမ်ရှေ့ထွက်လာလိုက်သည်။မနက် မြန်မာနိုင်ငံ ပြန်ရတော့မည်မို့ ချမ်း တစ်မနက်လုံး ပြင်ဆင်စရာရှိတာတွေ၊ပြင်ဆင် ထုတ်ပိုးရသည်။ချမ်း အလုပ်ရှုပ်နေတုန်းကတော့ ပါးပါး၊ပါးပါးနဲ့ ချမ်း လုပ်သမျှ သူပါ  နောက်ကလိုက်ရှုပ်နေတာဖြစ်သည်။ခဏ ကြာတော့ သူ့အခန်းသူ့ပြန်သွားသည်။ချမ်း အကုန်ပြင်ဆင်းပြီး ရေမိုးချိူးပြီးမှာ သား အခန်း လိုက်လာတော့ သားက အခန်းထဲမရှိပေ။အိမ်ရှေ့ ခြံထဲတွင် သူ စီးနေကျ ဆိုင်ကယ်ရုပ်လေး ရှေ့ ကုန်းကုန်း၊ကုန်းကုန်းနဲ့ အလုပ်ရှုပ်နေသော ကျောပြင်သေးသေးလေးကိုမြင်ရသည်။

"sun!.."

"ဂျာ..ပါးပါး"

ချမ်း ခေါ်လိုက်တော့ ထူးရုံထူးကာ မျက်နှာလှည့်မလာပေ။လှည့် မကြည့်နိုင်အောင် မောင်ချမ်းမြေ့တာရာတို့ ဘာတွေများ အလုပ်ရှုပ်နေသည်မသိ။ချမ်း သား ရှိရာ ခြံထဲသို့ ဆင်းလာလိုက်သည်။တစ်ခြံလုံး မြက်ခင်းပြင် စိမ်းနုနုတို့ နေရာယူထားသည်။

"ပါးပါးခေါ်တာတောင် လှည့်မကြည့်နိုင်ရအောင် ဘာတွေအလုပ်ရှုပ်နေတာ တုန်း"

ချမ်း သား ခေါင်းလေးကို ပွတ်သပ်ကာ ချစ်စနိုးမေးသည်။

'ဆိုင်ကယ် ပြင်နေတာ ပါးပါး..ဘီးပြုတ်သွားရို့"

သုံးနှစ်အရွယ်ကလေးလေးက ဆိုင်ကယ်ဘီးလေးကို ပြန်တပ်ဖို့ ဟန်ကြီးပန်ကြီး ကြိုးစားနေသည်။sun လေးက နီရဲရဲတီရှပ်လေး နဲ့ဂျင်းဘောင်းဘီ တိုပွပွလေးကိုဝတ်ဆင်ထားပြီး ခပ်တိုတို ဆံပင်လေးကို သူစိတ်တိုင်းကျထိပ်မှာ ကြက်တောင်စီးလေး စည်းပေးထားရသည်။မဂ်ဂဇင်းထဲက ponytail hair styleစည်းထားသည့် hollowood မင်းသားပုံတွေ မြင်ကာ အဲဒီပုံစံအတိုင်း ဆံပင်ရှည်ထားချင်ပါသည် ဟု ဂျီကျငိုယို၍ ချမ်း မနည်းချော့ကာ ဆံပင်ညှပ်ပေးရသည်။သူ့အဖေ ဖြစ်သူနဲ့ အကြိုက်တွေက တစ်ပုံစံတည်းဖြစ်သည်။ဆိုယ်ကယ် ရုပ်တွေ သဘောကျသည်။အစားအသောက်တွေကအစ သူ့အဖေအကြိုက်တွေ လိုက်ကြိုက်သည်။

"တော်ပြီ..ထတော့..sun..ရေချိူးပြီး ထမင်းစားမယ်"

"စားဘူး!"

ဘီး တပ်မရသေးသည်မို့ sunလေးက  ချမ်း စကားကို နားမထောင်ပေ။ခေါင်းလေး ခါနေအောင်ယမ်းကာ ချမ်းဘက် လှည့်တောင်မကြည့်ပေ။တစ်ခါတစ်လေ sunလေးက
ဤသို့လည်း ခေါင်းမာတတ်ပေသည်။

"သား...ပါးပါး မရိုက်ချင်ဘူးနော်...စကားနားထောင်"

"ပါးပါးကရဲ..သား မှ ဆိုင်ကယ် ပြင်မပြီးသေးရာ"

"နောက်မှ ပါးပါး ဘီးတပ်ပေးမယ်..ခု ရေသွား ချိူးမယ်...လာ"

"ပါးပါး..ချီ"

သူ့ပါးပါးက လေသံမာလာတော့ ဆက်နားမမာတော့ပဲ  လက်လေးဆန့်တန်းပြီး ပွေ့ချီခိုင်းသည်။ချမ်း သား အား ပွေ့ချီလိုက်ရသည်။သုံးနှစ်သာ ရှိသေးသည့် ဆိုပေမဲ့ sunလေးက သူနဲ့ရွယ်တူ ကလေးတွေကြား လူကောင်နည်းနည်းထွားပြီးအရပ်ပိုရှည်သည်မို့ ချမ်း သားကို အင့်ခနဲ နေ အောင်ပွေ့ချီရပါသည်။sunလေးက သူ့ကိုပွေ့ပိုက်လာသည့် ချမ်း လည်ပင်းအားပြန်လည်ပွေ့ဖက်သည်။

"ပါးပါးက..မွှေးလိုက်တာ"

ရေချိူးပြီးကာစ မွှေးပျံ့နေသည့်  ချမ်း ကိုယ်မှ အနံ့‌အား သဘောကျစွာ ရှုရှိုက်ပြီးပြောသေးသည်။

"မနက်ဖြန် ပါးပါးတို့ ဘိုးဘိုးကြီးနား သွားကြမယ်"

"ယေးး!!!ပါးပါး တစ်ကယ် ပြောရာနော်"

"တစ်ကယ်ပေါ့"

"သား တို့ မြန်မာနိုင်ငံပြန်ရရော့မှာပေါ့ နော်..ပါးပါး"

"အင်းပေါ့"

"ဘွားဘွားကြီးကိုလည်း..သား က လွမ်းနေရာ..တွေ့ချင်ရယ် ပါးပါး"

ချမ်း ပွေ့ချီခေါ်ရာနောက် လိုက်ပါလာရင်း ‌စကားတွေ တတွတ်တွတ် စတင်တော့သည်။ဒေါ်မေမီက အရင်လကပင် ဒီကပြန်သွားတာ ဖြစ်သည်။

"ပါးပါး...အန်နီ ရော လိုက်မှာ‌လား"

"တီတီလို့ခေါ်ရမယ်လို့..ပါးပါးပြောထားတယ်လေ ..sun"

"Yeah!ပါးပါး တီတီအန်နီလို့ ပြောရာ"

ချမ်း ပြောလိုက်သည်နဲ့ sunလေးက ချက်ချင်းပြောင်းခေါ်သည်။sunလေးက သူ့ပါးပါးကိုတော့ ချစ်လည်းချစ် ကြောက်လည်းကြောက်ပါသည်။

"အန်နီက လိုက်လေမရဘူးလေ..သားရဲ့..သူ့‌အိမ်သူ ပြန်မှာပေါ့"

"ဟုတ်ရားး"

"ဟုတ်ပ့ဗျာ"

သား ဖြစ်သူ မေးသမျှဖြေရင်း ချမ်း sunလေး‌  အဝတ်အစားတွေ ချွတ်ကာ ရေချိူးပေးဖို့ပြင်ဆင်သည်။အင်ကျီချွတ်ပြီးတာနဲ့ sunလေးက သူ့ဘဲဝါရုပ်လေးရှိသည့် ရေကန်လေးထဲဝင်ကာ ရေစိမ်နေပြီဖြစ်သည်။

"ခစ်!ခစ်!ပါးပါး..ရေတွေစိုကုန်ပြီ"

ရေမျက်နှာပြင်အား တဗန်းဗန်းရိုက်ကာ သူ့ပါးပါးအားရေတွေ စင်အောင်လုပ်ပြီး စနောက်သေးသည်။

"ထ..ဆပ်ပြာလိမ်းမယ်"

ချမ်း ပြောတော့ sunလေးက ကိုယ်တုံးလုံးလေးဖြင့်ထရပ်သည်။ချမ်း baby mildဆပ်ပြာရည်ကို လက်ဖဝါးထဲညှစ်ထည့်ကာ သား ဖြစ်သူကိုယ်လုံးအား သေချာပွတ်တိုက်လိမ်းပေးသည်။ချမ်း အင်ကျီလည်းစိုကုန်ပြီဖြစ်ကာ ပြန်လဲရတော့မည် ဖြစ်သည်။

"ပါးပါး"

"အင်း"

"Biff က ပါးပါးနှစ်ယောက်တောင်ရှိပြီး သားကျတော့ ဘာလို့ ပါးပါးတစ်ယောက်တည်းရှိတာရဲ...ဟိုနေ့က Biffကို သူ့ပါးပါး နှစ်ယောက်စလုံး လာကြိုကြရယ်"

sunလေး စကားကြောင့် ဆပ်ပြာပွတ်လိမ်းပေး‌နေသည့် ချမ်း လက် ရပ်တန့်သွားသည်။သား ကို တစ်ခါတစ်လေ ကလေးထိန်းကျောင်းသို့ ပို့တတ်သည်မို့ သား သူ့အဖော် Biffတို့မိသားစုကို မြင်ပြီး ထိုသို့မေးခြင်းဖြစ်မည်။သား ထိုသို့ မေး လာတိုင်း ချမ်း ဘယ်လို ပြန်ဖြေရမည်မှန်း မသိပေ။သား ဒယ်ဒီက မရှိတော့ဘူးဟူ၍လား။ဒါမှမဟုတ် ပါးပါးနဲ့သားကို မလိုချင်လို့ ပစ်သွားပြီဟူ၍ အမှန်အတိုင်း ဖြေရမည်လား။

"sunလေးက..မွှေးလိုက်တာကွာ...ပါးပါး အားဘွားပေးချင်လာပြီ...ရွှတ်!"

ချမ်းက သားဖြစ်သူ အာရုံပြောင်းစေရန် စကားလမ်းကြောင်းလွှဲပြီး sun‌ လေးရဲ့
ပါးဖောင်းဖောင်းရဲရဲလေးအား ရွှတ်ခနဲ နမ်းသည်။

"ခစ်!..ခစ်!"

သူ့ ပါးပါး နမ်းသည်ကို သဘောကျစွာ sunလေး ရယ်သံလေးတွေ စီခနဲထွက်‌ ပေါ်
လာပေသည်။

<<<<<>>>>>>

<<<<<<>>>>>>

"Flightက သုံးနာရီ ရောက်မှာပါ ဘောစ့်"

အတွင်း ရေးမှူးကိုသက် ပြောသည့် စကားကို နားထောင်ပြီး နေ အနည်းငယ် စိတ်လှုပ်ရှားမိသွားပေမဲ့ နေ့ မျက်နှာထားကတော့ အေးစက် စက်ပင် ဖြစ်သည်။‌နေ အလုပ်ကိစ်စတစ်ခုကြောင့် ဩစီသို့သွားရစဉ်က ထိုလူရှိရာ နေရာကို အဝေးကပင် သွားငေးကြည့်နေခဲ့ဖူးသည်။အခုတော့ သူ အတွေ့ချင်ဆုံးသူသည် သူနဲ့နီးကပ်ရာသို့ ပြန်လာတော့မည်။နေ ဒီနေ့ကို တစ်ချိန်လုံး စောင့်နေခဲ့ရတာဖြစ်သည်။သူ့ကို ပြတ်သားစွာ ချန်ထားခဲ့ပြီး သူ့ကိုယ်ပွားလေးကို ဖျက်ဆီးပစ်ခဲ့သည့် သူ ချစ်ရသူ ချမ်း ပြန်လာမည့်နေ့။သူ ချမ်းကို မ ရရ အောင်ပြန်ယူပြီး   နောက်ထပ်ကလေးလေးတွေ အများကြီး ထပ်မွေးခိုင်းဖို့ စဉ်းစားထားသည်။သူ့ ရင်သွေးလေးကို ဖျက်ဆီးခဲ့သည့် အတွက် ချမ်း သူ့အတွက်  နောက်ထပ်ကလေးတွေ အများကြီး မွေးပေးသင့်သည်။

"အင်း..ညနေ သုံးနာရီ အရောက် လေဆိပ်သွား ဖို့စီစဉ်ထားလိုက်"

"ဟုတ်ကဲ့ပါ...ဘော့စ်"

အတွင်းရေးမှူး ကိုသက်က နေ့ကို ခေါင်းညွတ်အရိုအသေပေးပြီး နေ့ ရုံခန်းထဲမှာ ထွက်သွားပြီဖြစ်သည်။နေ ရှေ့ရှိ ကွန်ပျူတာကို အာရုံပြန်စိုက်ထားလိုက်သည်။သုံးနှစ်အတွင်း နေ့အတွက် ပြောင်းလဲမှုတွေ အများကြီးဖြစ်ပေါ်ခဲ့သည်။နေ့ အဘွား ဒေါ်ဝါဝါညွန့် လူကြီးရောဂါဖြင့် ကွယ်လွန် အနိစ်စ ရောက်ခဲ့ကာ THE SUN ဆက်ခံသူ အဖြစ် နေ့ကိုရွေးချယ်သွားခဲ့သည်။

နေ့ ဦးငယ် ဦးဂုဏ်ထည်ကတော့ ထိုရွေးချယ်မှုကို ကြည်ကြည်ဖြူဖြူပင် သဘောတူသည်။သူ ဒီစီးပွားရေးလုပ်ငန်းတွေကို စိတ်မဝင်စားသလို ခေါင်းမီးတောက်အောင် စဉ်းစားပြီး သူ့ထက်ငါ အလုအယက် အောင်မြင်တိုးတက်အောင် လုပ်ဖို့ ဆန်ဒလည်း မရှိပေ။Barတစ်ခုဖွင့်ထားပြီး ခုအချိန်ထိ အချစ်စစ်ကို ရှာဖွေရင်း လူပျိူကြီးလုပ်နေသည်။ဦး ဖုန်းမြင့်ရှိန်က ဒီရွေးချယ်မှုကို မကျေနပ်ပေမဲ့ ဘယ်လိုမှ မလုပ်နိုင်ပေ။သူ ဒီလုပ်ငန်းတွေကို ကျွမ်းကျင်မှု မရှိသလို ဆက်ခံသူအဖြစ် နေ့ကိုတိုင်းသိပြည်သိ ရွေးချယ်ထားခဲ့သည်မဟုတ်လား။ပြီးတော့ သူ အိမ်ထောင်ကျကတည်းက သူ့အတွက် ရသင့်ရထိုက်သည့် အမွေတွေအားလုံး ဒေါ်ဝါဝါညွန့်က ခွဲဝေပေးခဲ့ပြီး ဖြစ်သည်။သို့ပေမဲ့ ဦးဖုန်းမြင့်ရှိန်က companyမှာ ရှယ်ယာဝင်ထားကာ companyသို့ အသွားအလာမပျက်ပေ။

အော်မြည်လာသည့် ရှေ့စားပွဲပေါ်ရှိဖုန်းကြောင့် နေ ကောက်ကိုင်လိုက်သည်။

"ဘောစ့်..မန်နေဂျာ မဒါက ဘောစ့်နဲ့ တွေ့ချင်နေပါတယ်"

တစ်ဖက်မှ အတွင်းရေးမှူး ကိုသက်အသံ ထွက်ပေါ်လာသည်။

"အင်း..ဝင်လာ ခိုင်းလိုက်"

"ဟုတ်ကဲ့"

ဖုန်း ချလိုက်ပြီး မကြာခင်ပင် အခန်းတံခါး ဖွင့်ကာ မဒါ ဝင်လာသည်ကို မြင်ရသည်။ဒါဒါက ဆေးဘွဲ့ရထားပေမဲ့ အဖေဖြစ်သူ ဆန်ဒ အရ THE SUN မှာ အလုပ်ဝင်လုပ်နေရခြင်းဖြစ်သည်။ဒါဒါက အညိုရောင် ဆံနွယ်ရှည်တို့ကို အဖျားတွင် အခွေကြီး‌ တွေလိပ်ခွေ ကောက်ထားပြီး ပန်းနုရောင် ကုတ်၊ဘောင်းဘီရှည်ပွ ဝတ်ဆင်ထားကာကျက်သရေရှိစွာ လှပနေသည်။ဒါဒါက နေ့ ရှေ့ထိုင်ခုံတွင် ဝင် ထိုင်သည်။

"weeding အတွက် ခွင့်ဆယ်ရက်လောက် ယူလိုပါ တယ် ဘော့စ်"

ဒါဒါက အပြုံးလေးဖြင့် နေ့ကို ဘောစ့်ဟုစနောက်ခေါ်ရင်းဆိုသည်။‌နေက အရင်နဲ့မတူဘဲ အများကြီးပြောင်းလဲသွားခဲ့တာဖြစ်သည်။ပြောပုံဆိုပုံ၊နေပုံထိုင်ပုံတွေက အစ ရင့်ကျက်တည်ငြိမ်လာသည်။အရင်လို ဆံပင်ရှည်တွေကို ponytailစည်းကာ စရိုက်ဆန်ဆန် ကောင်လေး ပုံစံ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။သပ်ရပ်စွာ ထိပ်လှန်ဖြီးတင်ထားတတ်သည့် ဆံပင်တိုပုံစံ၊ရှည် လျား‌မြင့်မားသည် အရပ်ကြီးနဲ့ လိုက်ဖက်ညီ လွန်းသည့် suitတွေ ဝတ်ဆင်တတ်လာကာ အရင်ကထက်ပိုမိုချောမော ခန့်ညားလာသည်။THE SUNရဲ့ceo ပီသစွာ နေ့ ထံမှ အရှိန်အဝါတစ်မျိူး ပေါ်ထွက်နေပြီး ဝန်ထမ်းတွေ အားလုံး နေ့ကိုမြင်ရုံနဲ့တင် ရှိန်ကြောက်နေကြတတ်သည်။

အသက်ငယ်ရွယ်ကာ ချောမောခန့်ညားသည့်အပြင် အလုပ်လုပ်ရာတွင် ဖြတ်ထိုးဉာဏ်ကောင်းပြီး တိကျပြတ်သားတတ်သည့် CEOက ဝန်ထမ်းမလေးတွေ ပါးစပ်ဖျားတွင် ရေပန်းစားနာမည်ကျော်ကြားပေသည်။

"ရတယ်..မဒါ ယူလေ..မဒါ နေရာ ခဏအစားထိုး ငှားလိုက်ရင် ဖြစ်ပါတယ်"

"ကျေးဇူးပါ..သူဌေး"

"အရင်လို..နေ ပါ ခေါ်ပါဗျာ...ကျွန်တော်တို့က မောင် နှမတွေပဲ"

နေ့ စကားကြောင့် ဒါဒါက နှစ်ခြိုက်စွာပြုံးသည်။ဒယ်ဒီကသာ နေ့ အပေါ်ခုအချိန်ထိ အမြင်မကြည်နိုင် ဖြစ်နေတာဖြစ်သည်။နေက‌တော့ သူမတို့မိသားစုအ‌ပေါ်သွေးသားရင်းတွေလို သဘောထားသည်။

"အပျိူကြီးက စွံတော့မှာပေါ့...weedingက ဘယ်ရက်လဲ"

"15,16...Royalမှာပဲ လုပ်ဖြစ်မယ်..The Sun ရဲ့decorationတွေက အရမ်းမိုက်တယ်..တို့အကြိုက်နဲ့ ကွက်တိပဲ ဆိုတော့......"

"မဒါသဘောပါဗျာ...Royalမှာဆိုတော့ ကုန်ကျစရိတ်တွေက freeပေါ့"

"Royalမှာဆို တို့မောင် cardထဲက ပဲအကုန်အကျခံမှာကြိုသိနေတယ်လေ"

ဒါဒါ့ စကားကြောင့် နှစ်ယောက်ကြား ရယ်သံတွေ စီဝေသွားသည်။

"ဒါနဲ့....မင်း သိတယ်မလား..ချမ်း ဒီနေ့ ရောက်မယ်ဆိုတာ"

"အင်း...ကျွန်တော် သိတယ်"

နေ့ အဖြေကြောင့် ဒါဒါက နေ့ မျက်နှာကို အကဲခတ်သလိုကြည့်သည်။နေနဲ့ချမ်း က တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ခဲ့ကြသည်မို့ နှစ်ယောက်ကြား ဒီလိုအဆုံးသတ်မျိူးနဲ့ ပြီးဆုံးသွားခဲ့ရမည်ဟု သူမ တကယ် မထင်ထားခဲ့တာဖြစ်သည်။နေ့ မျက်နှာက တည်တင်းနေသည်မို့ ဒါဒါ မခန့်မှန်းတတ်ပေ။နေက တကယ်ပဲ ချမ်း ကိုမချစ်တော့ဘူးလား။ချမ်း ဘက်ကလည်း....။မကြာခင်မှာ နောက်ထပ် အိမ်ထောင်ပြုတော့မည်လိုလို ဒါဒါ သတင်းကြားထားမိသည်။

"နေ...ဟိုသတင်းရော ကြားမိလား...ချမ်း လက်..လက် ထပ်တော့မယ်ဆိုလား...သိပ်တော့ မသေချာပါဘူး..တို့လည်း ဒီအတိုင်းပဲကြားမိတာ"

ဒါဒါ စကားကြောင့် နေ လှောင်သလို တစ်ချက်ပြုံးသည်။နေ လည်း ထိုသတင်းကြားပါသည်။ဒေါ်မေမီက ‌ချမ်း ကို သူမတို့နဲ့ ဂုဏ်တူ၊အဆင့်အတန်းတူ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးရဲ့ သမီး နဲ့ လက်ထပ်ပေးဖို့ စီစဉ်ပေးနေကြောင်း။သို့ပေမဲ့ စိတ်မကောင်းစရာ ကောင်းတာက ထိုလက်ထပ်ပွဲ ဘယ်တော့မှ ဖြစ်မလာ မှာပင်ဖြစ်သည်။ချမ်း က သူ့အပိုင်ပဲ ဖြစ်ရမည်။

"ဟုတ်လား..ကျွန်တော်လည်း ကြားမိသလိုလိုပါပဲ"

‌နေက ပုံမှန်လိုပင် အေးအေးဆေးဆေးပြန်ဖြေကာ ဘာခံစားမှု မပြ။ဒါဒါ နည်းနည်းစိတ်ပျက်သွားသလို ခံစားရသည်။နေ့ ဘက်က ချမ်းကို အရင်ကလိုချစ်ပုံမပေါ်တော့ပါဘူးလေ။သူမ နေတို့နှစ်ယောက်ကို ပြန်ပေါင်းထုပ်စေချင်နေတာဖြစ်သည်။ဒါပေမဲ့ အမုန်းနဲ့လမ်းခွဲခဲ့ကြသည့် ထိုနှစ်ယောက်က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ထင်ပါသည်။

"ဒါဆို...နေ တို့ကို ခွင့်ပြုပါအုံး"

"ကောင်းပါပြီ...မဒါ"

ဒါဒါက နေ့ကို နှုတ်ဆက်ပြီး နေ့ရုံးခန်းထဲ မှ ထွက်သွားသည်။





<<<<<>>>>>

အလျှိူလျှိူထွက်လာကြသူတွေကို နေ  လက်ပိုက်ရပ်ကြည့်နေခဲ့သည်။နေက တီရှပ်အနက်၊ဂျင်း‌ ဘောင်းဘီအနက်၊ maskကစ အနက် ရောင်တပ်ထားသည်။လျှာထိုး ဦးထုပ်ကိုပါ ခပ်ငိုက်ငိုက်ဆောင်းထားသည်မို့ နေ့ကို THE SUNရဲ့ CEO မှန်း ဘယ်သူမှ သတိထားမိမည် မဟုတ်ပေ။နေ က ခပ်တည်တည်ပင် လာကြိုနေသူတွေကြား ရောယောင် ရပ်နေသည်။နေ့ နဲ့ ခပ်လှမ်းလှမ်းတွင် နေ့ အတွင်းရေးမှူးဖြစ်သူက ကိုသက်ကလည်း နေ့ နည်းတူ ရောယောင်ရပ်နေရင်း ခေါင်းကုပ်သည်။

ဘောစ့်က flightဆိုက်မည့် အချိန်မေးပြီး  ဘယ်သူ့ကို လာကြိုမှန်းလည်း သူမသိပေ။လာကြို‌တဲ့သူက ဒီလိုတစ်ကိုယ်လုံး နက်စွေးနေအောင် လုံလုံခြုံခြုံဝတ်ထားပြီး maskပါတပ်ထားတော့ ဟိုက သူ့ကိုဘယ်လိုမြင်‌တော့မည်လဲ။သို့ပေမဲ့ ကိုသက် ဘာမျှ အထွန့်မတက်ရဲပဲဘောစ့်နဲ့ခပ်လှမ်းလှမ်းကသာ ရပ်စောင့်နေ လိုက်သည်။

နေနဲ့ မနီးမဝေးတွင် သူ့တို့သားဖြစ်သူကို လာကြိုကြသော ဒေါ်မေမီတို့ စုံတွဲကို နေ မြင်ပါသည်။မကြာပါ ချမ်းက suitcaseကို လက်တစ်ဖက်က ဆွဲပြီးတစ်ခြားတစ်ဖက်က သားဖြစ်သူကို လက်ဆွဲကာ ၊ကျောထက်တွင် ကျောပိုးအိတ်တစ်လုံးဖြင့်ပေါ်လာသည်။ချမ်း သုံးနှစ်ကျော် လေးနှစ် နီးပါးဝေးကွာနေခဲ့ရသည့် မွေးရပ်မြေရဲ့ အငွေ့အသက်တွေကို အပြည့်အဝ ပြန်လည် ရရှိသည်။sunလေးက တော့ ကျောထက်တွင် ကျောပိုးအိတ်သေးသေးလုံး တစ်လုံး လွယ်ထားပြီး သူ့ပါးပါးလက်ကို ဆွဲကိုင်ကာ ခေါင်းလေးယမ်း‌နေအောင် ဟိုကြည့်ဒီကြည့်ဖြင့်တက်ကြွစွာ လိုက်ပါလာသည်။

သား အဖနှစ်ယောက်လုံး နေကာမျက်မှန် ကိုယ်စီ တပ်ထားကာ ဂေါ်နေပေသည်။

"ပါးပါး..လူရေက ပုနေတယ်"

sunလေး ရှေးဦးစွာ သတိထားမိသွားသည် က အရပ်အကွာအခြား‌ပင်။ဟိုမှာတုန်းက သူမြင်ခဲ့ရသည်က အရပ်ရှည်ရှည် ခြေတံရှည်ရှည် လူကြီးတွေပဲ မဟုတ်ဘူးလား။သား ဖြစ်သူ စကားကြောင့် ချမ်း ရယ်မိတော့သည်။တကယ်ပါပဲ ဒီကလေးလေးတော့...။

"ပါးပါးလိုပဲ..မြန်မာလူမျိူးဆို အရပ်ပုတယ် သားရဲ့"

ချမ်း က သားဖြစ်သူခေါင်းလေးကို ပွတ်သပ်ပေးကာ ရှင်းပြသည်။နေကာမျက်မှန်လေး တပ်ထားသည့် ပုပုလုံးလုံးကလေးလေးက လူတိုင်းမြင်ကွင်းမှာ ပေါ်လွင်ထင်ရှားကာ အတော်ပင် ချစ်စရာကောင်းနေသည်။

"Hello!!..ဘွားဘွားရီး...ဘိုးဘိုးရီး"

ရပ် စောင့်နေကြသည့် အဘိုးနဲ့ အဘွားဖြစ်သူအား မြင်လိုက်သည်နဲ့ sunလေးက ဝမ်းသာအားရ အော်ခေါ်ကာ သူ့ပါးပါးလက်ကိုလွှတ်ပြီး လုံးနေ အောင် ပြေးသွားတော့သည်။ဦးကောင်းမြတ်က ပြေးလာသည့် မြေးဖြစ်သူအား လက်ဆန့်တန်းကြိုပြီး ပွေ့ပိုက်သည်။

"ရွှတ်!!ငါ့မြေးကြီးကို ဘိုးဘိုးက လွမ်းနေတာကွာ"

"ခစ်!..ခစ်!!..ယားရယ်...ယားရယ် ဘိုးဘိုး"

အဘိုးဖြစ်သူက သူ့ပါးဖောင်းဖောင်းလေးအား နမ်းရှိုက်ရင်းဆိုတော့ sunလေးက အဘိုးဖြစ်သူ ရင်ခွင်ထဲ ကိုယ်လုံးလေးတွန့်‌လိမ်နေပြီး သဘောကျစွာ တခစ်ခစ်ရယ်သည်။

"အမယ်လေးရှင်....မြေးအဘိုး နှစ်ယောက်အလွမ်းသယ်နေလိုက်ကြတာ..ဒီက ဘွားဘွားကြီးကိုလည်း..သတိရကြပါအုံး"

ဒေါ်မေမီက မြေးအဘိုးနှစ်ယောက်ကို သဘောကျစွာ ကြည့်နေရင်း ရယ်ကာဆိုသည်။ချမ်း ကနောက်ကနေ ဖြေးဖြေးလျှောက်လာကာ မြေးအဘိုး၊အဘွားတွေ အလွမ်းသယ်နေသည့် နေရာနား ရောက်လာသည်။

နေ ကထိုအဖြစ်အပျက်အားလုံးကို ကြည့်ရင်း အံ့ဩစိတ်လှုပ်ရှားစွာ ရပ်နေခဲ့သည်။သားလား...ဒီကလေးလေးက သူ့သားလေးလား။သွေးသားက စကားပြောသလို နေ ထိုကလေးလေးအား မြင်မြင်ချင်း ရင်းနှီးမှုကို ခံစားရသည်။ပြီးတော့ ထိုကလေးလေးက သူနဲ့ရုပ်ချင်းဆင်သည်။တကယ်ပဲ သားလား။ချမ်း..သား..သူ့သားလေးကို မွေးခဲ့တာလား။နေ အတွေးတွေနဲ့အတူ စိတ်လှုပ်ရှားစွာ ကျောက်ရုပ်လို ရပ်နေမိကာ လှုပ်ရှားရန်ပင် သတိမရမိ။

အဘိုးဖြစ်သူနဲ့အဘွားဖြစ်သူအား  အလွမ်းသယ်ပြီးသည်နဲ့ sunလေးက ပတ်ဝန်းအား စူးစမ်းကြည့်သည်။လူတွေ ကြားထဲ အနက်ရောင်ဝတ်စုံ၊အရပ်အရှည်ကြီးဖြင့် ထင်းထွက်နေသည့် လူကြီးအား မြင်လိုက်သည်နဲ့ sun မျက်လုံးလေးတွေ လက်ခနဲဖြစ်ကာ သူ့အဘိုးရင်ခွင်ထဲမှ လျှောဆင်းပြီး ထိုအရပ်ရှည်ရှည် လူကြီးနား လှစ်ခနဲပြေးသွားသည်။

"Hi...ဦးဦး...သားက sun!...ဦးဦးက ဩဆီကလား..."

နေ့ ရှေ့တွင်ရပ်ကာ နေ့ မျက်နှာကို မော့ကြည့်ပြီး သွားလေးတွေပေါ်အောင် ပြုံးပြကာ နှုတ်ဆက်စကားဆိုသည်။နေက အရပ်အရှည်ကြီးမို့  sun‌ လေး သူ့မွေးရပ်မြေမှ လူမျိူးတူဟုထင်သွားကာ ရင်းရင်းနှီးနှီး နှုတ်ဆက်စကားဆိုလာခြင်းဖြစ်သည်။အနီးကပ်  မြင်လိုက်ရသည့် ကလေးလေးကိုကြည့်ပြီး နေ ရင်တွေ အဆမတန်ခုန်လာသည်။တကယ်..တကယ်ပဲ သူ့သားလေးလား။နေ ထိုကလေးလေး မျက်နှာကို ရှင်းလင်းစွာ မြင်လိုသည့် အတွက်  ကလေးလေးတပ်ဆင်ထားသည့် မျက်မှန်ကို ဖြုတ်ရန် တုန်ယင်စွာ လက်လှမ်းမိသည်။ထို နေကာမျက်မှန်လေးအား နေ ချွတ်စေလိုက်တော့  သူနဲ့ဆင်လွန်းသည့် မျက်နှာလေးက ဆီးကြိုသည်။

နေ ဝမ်းသာလွန်းလို့ ငိုတော့မိမတတ်ဖြစ်သွားသည်။သားလေး...တကယ်ပဲ သူ့သားလေးပဲ။ဆုံးရှုံးလိုက်ရပြီဟု ထင်ထားသည့် သားလေးကို ပြန်တွေ့လိုက်ရသည့် ခံစားချက်က နေ့ကို ရုးသွပ်သွားစေ မတတ်ဝမ်းသာစေသည်။

"သား.."

နေ ခပ်တိုးတိုးခေါ်မိရင်း သား ဖြစ်သူရှေ့ ဒူးထောက်ထိုင်လိုက်ကာ သား လက်သေးသေး လေး နှစ်ဖက်ကို သူ့လက်ဖဝါးကြီးဖြင့် ဆုပ်ကိုင်မိသည်။

"သား.."

ထိုစဉ် ခေါ်သံနဲ့အတူ ချမ်းက နေ့တို့နား အပြေးအလွှား ရောက်လာသည်။နေ  လက်ကိုင်ထားသည့် sunပခုံးလေးကို ဆွဲဖက်ပြီး ချမ်း နေ့ကိုအလန့်တကြားကြည့်သည်။ဦးထုပ်  ခပ်ငိုက်ငိုက်ဆောင်းကာ maskတပ်ထားပေမဲ့ ချမ်း ထိုသူ့ပုံစံကို ရင်းရင်းနှီးနှီးသိပါသည်။အရပ်ပိုရှည်လာသည်က လွဲ၍ ထိုသူ့ပုံစံ၊ထိုသူ့ ကိုယ်သင်းရနံ့က ပြောင်းလဲသွားခြင်း မရှိပေ။

"သား..ဘာလုပ်နေတာ‌လဲ..ပြန်မယ်..လာ"

ချမ်း..သား လက်လေးကို ဆွဲကိုင်ကာ  ထိုသူ့ရှေ့မှအမြန်ပြန်ဆွဲခေါ်လာမိသည်။ပြန်ရောက်ရောက်ချင်း ထိုသူနဲ့ ထိပ်တိုက်တွေ့ဆုံရသည်။ချမ်း သူ့ကိုမြင်တော့ နှလုံးသားက အရင်လို အလိုက်မသိခုန်နေဆဲဖြစ်သည်။သားလေး....သားလေးကိုများ သူ့ သားမှန်း ထိုလူသိသွားတာလား။သူ သိမယ်ဆိုလည်း သိချင်စရာပင်။သားက သူ့ခေါင်းဖြုတ်တပ်ထားသလား မှတ်ရအောင် သူနဲ့ရုပ်ချင်း တူသည်။ချမ်း sunလေးကို အမြန်ဆွဲခေါ်သွားသည်မို့ sunလေးရဲ့ မျက်မှန်သေးသေးလေးက နေ့ လက်ထဲတွင်ကျန်ရှိနေခဲ့ပေသည်။

ချမ်းက သားဖြစ်သူအား ဆွဲခေါ်သွားတော့ နေ ဒီအတိုင်းပင်ကျန် နေခဲ့သည်။အခုတော့ မင်း ကိုယ်နဲ့ အဝေးကို ပြေးထားအုံးပေါ့ ဘေဘီ။သိပ်မကြာခင် သားကိုရော၊မင်းကိုရော ကိုယ့်အပိုင်အဖြစ် တစ်သက်လုံး သိမ်းထားတော့မှာ။




<<<<<>>>>>

<<<<>>>>>>

မနေ့ကတည်း upပေးမလို့ပါပဲ သုံးနှစ်အရွယ်ကလေးလေးကို ပုံဖော်ရတာ ကိုယ့်အတွက် နည်းနည်းခက်ခဲနေလို့ ရေးရတာ အချိန်ပိုကြာသွားတယ်



























သုံးႏွစ္ၾကာၿပီးေနာက္........

ရက္ေတြ၊လေတြ၊ႏွစ္ေတြ အလီလီကူးေျပာင္းခဲ့ၿပီျဖစ္သည္။ခ်မ္း သားေလးကို ေအာင္ျမင္စြာ ခြဲစိတ္ေမြးဖြားခဲ့ၿပီး သားေလး သုံးႏွစ္အ႐ြယ္အထိ ဒီမွာပဲေနခဲ့သည္။ခ်မ္း မာမီေဒၚေမမီကေတာ့ ျမန္မာႏိုင္ငံတစ္လွည့္ ခ်မ္း ရွိရာ ဩစီသို႔ တစ္လွည့္ သြားလာ လာလိုက္ျဖစ္သည္။ခ်မ္း ဒယ္ဒီ ဦးေကာင္းျမတ္ကေတာ့ companyတစ္ဖက္နဲ႔မို႔ ခ်မ္း သားေလးေမြးတုန္းက တစ္ခါ၊သားေလး ႏွစ္ႏွစ္ျပည့္ ေမြးေန႔က်င္းပတုန္းက တစ္ခါ ။ႏွစ္ခါလားပဲ ခ်မ္း ရွိရာသို႔ ေရာက္ျဖစ္သည္။သို႔ေပမဲ့ ေျမးအဘိုးေတြ ညတိုင္း face chat ေျပာၾကသည္ျဖစ္သည္။

"သား..sun..ဘာေတြလုပ္ေနတာလဲ"

ခ်မ္း သားကိုေအာ္ေခၚရင္း သား အခန္းထဲသို႔ေရာက္လာသည္။ခုတင္ေပၚတြင္ သား ေဆာ့လက္စ ဆိုင္ကယ္႐ုပ္၊ကား႐ုပ္ေတြ သာ ပ်ံ႕ႀကဲေနကာ သား အရိပ္အေယာင္မျမင္ရေပ။ခ်မ္း မ်က္ခုံးေလး ႀကဳံ႕သြားသည္။ေရခ်ိဴးခန္း ဝင္ေနတာလား။အေတြးနဲ႔ အတူ ခ်မ္း ေရခ်ိဴးခန္းတံခါးဖြင့္ၾကည့္သည္။‌သား ခ်ိဴးေနက် ေရဇလုံထဲ ဘဲဝါ႐ုပ္ေလး ေပါေလာေပၚေနကာ သားမရွိေပ။ခ်မ္း သားအခန္းထဲက ျပန္ထြက္လာလိုက္သည္။ခ်မ္း ေရခ်ိဴးေနတုန္း ခဏေလး ဘယ္ေပ်ာက္သြားသည္မသိ။ခ်မ္း တကယ္ ဒီေမ်ာက္ေလာင္းေလးကို မႏိုင္တာ ျဖစ္သည္။

"အန္နီ..သား ကိုျမင္ မိလား"

မီးဖိုခန္းထဲ အလုပ္ရႈပ္ေနသည့္ အန္နီကို လွမ္း ေအာ္ေမးလိုက္သည္။

"ခုနက အိမ္ေရွ႕ ဆင္းသြားတယ္ သခင္ေလး"

အန္နီက ေန႔လည္စာ ျပင္‌ဆင္ေပးေနရာမွ ျပန္ေျဖသည္။အန္နီ႔စကားေၾကာင့္ ခ်မ္း အိမ္ေရွ႕ထြက္လာလိုက္သည္။မနက္ ျမန္မာႏိုင္ငံ ျပန္ရေတာ့မည္မို႔ ခ်မ္း တစ္မနက္လုံး ျပင္ဆင္စရာရွိတာေတြ၊ျပင္ဆင္ ထုတ္ပိုးရသည္။ခ်မ္း အလုပ္ရႈပ္ေနတုန္းကေတာ့ ပါးပါး၊ပါးပါးနဲ႔ ခ်မ္း လုပ္သမွ် သူပါ  ေနာက္ကလိုက္ရႈပ္ေနတာျဖစ္သည္။ခဏ ၾကာေတာ့ သူ႔အခန္းသူ႔ျပန္သြားသည္။ခ်မ္း အကုန္ျပင္ဆင္းၿပီး ေရမိုးခ်ိဴးၿပီးမွာ သား အခန္း လိုက္လာေတာ့ သားက အခန္းထဲမရွိေပ။အိမ္ေရွ႕ ၿခံထဲတြင္ သူ စီးေနက် ဆိုင္ကယ္႐ုပ္ေလး ေရွ႕ ကုန္းကုန္း၊ကုန္းကုန္းနဲ႔ အလုပ္ရႈပ္ေနေသာ ေက်ာျပင္ေသးေသးေလးကိုျမင္ရသည္။

"sun!.."

"ဂ်ာ..ပါးပါး"

ခ်မ္း ေခၚလိုက္ေတာ့ ထူး႐ုံထူးကာ မ်က္ႏွာလွည့္မလာေပ။လွည့္ မၾကည့္ႏိုင္ေအာင္ ေမာင္ခ်မ္းေျမ့တာရာတို႔ ဘာေတြမ်ား အလုပ္ရႈပ္ေနသည္မသိ။ခ်မ္း သား ရွိရာ ၿခံထဲသို႔ ဆင္းလာလိုက္သည္။တစ္ၿခံလုံး ျမက္ခင္းျပင္ စိမ္းႏုႏုတို႔ ေနရာယူထားသည္။

"ပါးပါးေခၚတာေတာင္ လွည့္မၾကည့္ႏိုင္ရေအာင္ ဘာေတြအလုပ္ရႈပ္ေနတာ တုန္း"

ခ်မ္း သား ေခါင္းေလးကို ပြတ္သပ္ကာ ခ်စ္စႏိုးေမးသည္။

'ဆိုင္ကယ္ ျပင္ေနတာ ပါးပါး..ဘီးျပဳတ္သြား႐ို႕"

သုံးႏွစ္အ႐ြယ္ကေလးေလးက ဆိုင္ကယ္ဘီးေလးကို ျပန္တပ္ဖို႔ ဟန္ႀကီးပန္ႀကီး ႀကိဳးစားေနသည္။sun ေလးက နီရဲရဲတီရွပ္ေလး နဲ႔ဂ်င္းေဘာင္းဘီ တိုပြပြေလးကိုဝတ္ဆင္ထားၿပီး ခပ္တိုတို ဆံပင္ေလးကို သူစိတ္တိုင္းက်ထိပ္မွာ ၾကက္ေတာင္စီးေလး စည္းေပးထားရသည္။မဂ္ဂဇင္းထဲက ponytail hair styleစည္းထားသည့္ hollowood မင္းသားပုံေတြ ျမင္ကာ အဲဒီပုံစံအတိုင္း ဆံပင္ရွည္ထားခ်င္ပါသည္ ဟု ဂ်ီက်ငိုယို၍ ခ်မ္း မနည္းေခ်ာ့ကာ ဆံပင္ညႇပ္ေပးရသည္။သူ႔အေဖ ျဖစ္သူနဲ႔ အႀကိဳက္ေတြက တစ္ပုံစံတည္းျဖစ္သည္။ဆိုယ္ကယ္ ႐ုပ္ေတြ သေဘာက်သည္။အစားအေသာက္ေတြကအစ သူ႔အေဖအႀကိဳက္ေတြ လိုက္ႀကိဳက္သည္။

"ေတာ္ၿပီ..ထေတာ့..sun..ေရခ်ိဴးၿပီး ထမင္းစားမယ္"

"စားဘူး!"

ဘီး တပ္မရေသးသည္မို႔ sunေလးက  ခ်မ္း စကားကို နားမေထာင္ေပ။ေခါင္းေလး ခါေနေအာင္ယမ္းကာ ခ်မ္းဘက္ လွည့္ေတာင္မၾကည့္ေပ။တစ္ခါတစ္ေလ sunေလးက
ဤသို႔လည္း ေခါင္းမာတတ္ေပသည္။

"သား...ပါးပါး မ႐ိုက္ခ်င္ဘူးေနာ္...စကားနားေထာင္"

"ပါးပါးကရဲ..သား မွ ဆိုင္ကယ္ ျပင္မၿပီးေသးရာ"

"ေနာက္မွ ပါးပါး ဘီးတပ္ေပးမယ္..ခု ေရသြား ခ်ိဴးမယ္...လာ"

"ပါးပါး..ခ်ီ"

သူ႔ပါးပါးက ေလသံမာလာေတာ့ ဆက္နားမမာေတာ့ပဲ  လက္ေလးဆန႔္တန္းၿပီး ေပြ႕ခ်ီခိုင္းသည္။ခ်မ္း သား အား ေပြ႕ခ်ီလိုက္ရသည္။သုံးႏွစ္သာ ရွိေသးသည့္ ဆိုေပမဲ့ sunေလးက သူနဲ႔႐ြယ္တူ ကေလးေတြၾကား လူေကာင္နည္းနည္းထြားၿပီးအရပ္ပိုရွည္သည္မို႔ ခ်မ္း သားကို အင့္ခနဲ ေန ေအာင္ေပြ႕ခ်ီရပါသည္။sunေလးက သူ႔ကိုေပြ႕ပိုက္လာသည့္ ခ်မ္း လည္ပင္းအားျပန္လည္ေပြ႕ဖက္သည္။

"ပါးပါးက..ေမႊးလိုက္တာ"

ေရခ်ိဴးၿပီးကာစ ေမႊးပ်ံ႕ေနသည့္  ခ်မ္း ကိုယ္မွ အနံ႔‌အား သေဘာက်စြာ ရႈရႈိက္ၿပီးေျပာေသးသည္။

"မနက္ျဖန္ ပါးပါးတို႔ ဘိုးဘိုးႀကီးနား သြားၾကမယ္"

"ေယးး!!!ပါးပါး တစ္ကယ္ ေျပာရာေနာ္"

"တစ္ကယ္ေပါ့"

"သား တို႔ ျမန္မာႏိုင္ငံျပန္ရေရာ့မွာေပါ့ ေနာ္..ပါးပါး"

"အင္းေပါ့"

"ဘြားဘြားႀကီးကိုလည္း..သား က လြမ္းေနရာ..ေတြ႕ခ်င္ရယ္ ပါးပါး"

ခ်မ္း ေပြ႕ခ်ီေခၚရာေနာက္ လိုက္ပါလာရင္း ‌စကားေတြ တတြတ္တြတ္ စတင္ေတာ့သည္။ေဒၚေမမီက အရင္လကပင္ ဒီကျပန္သြားတာ ျဖစ္သည္။

"ပါးပါး...အန္နီ ေရာ လိုက္မွာ‌လား"

"တီတီလို႔ေခၚရမယ္လို႔..ပါးပါးေျပာထားတယ္ေလ ..sun"

"Yeah!ပါးပါး တီတီအန္နီလို႔ ေျပာရာ"

ခ်မ္း ေျပာလိုက္သည္နဲ႔ sunေလးက ခ်က္ခ်င္းေျပာင္းေခၚသည္။sunေလးက သူ႔ပါးပါးကိုေတာ့ ခ်စ္လည္းခ်စ္ ေၾကာက္လည္းေၾကာက္ပါသည္။

"အန္နီက လိုက္ေလမရဘူးေလ..သားရဲ႕..သူ႔‌အိမ္သူ ျပန္မွာေပါ့"

"ဟုတ္ရားး"

"ဟုတ္ပ့ဗ်ာ"

သား ျဖစ္သူ ေမးသမွ်ေျဖရင္း ခ်မ္း sunေလး‌  အဝတ္အစားေတြ ခြၽတ္ကာ ေရခ်ိဴးေပးဖို႔ျပင္ဆင္သည္။အင္က်ီခြၽတ္ၿပီးတာနဲ႔ sunေလးက သူ႔ဘဲဝါ႐ုပ္ေလးရွိသည့္ ေရကန္ေလးထဲဝင္ကာ ေရစိမ္ေနၿပီျဖစ္သည္။

"ခစ္!ခစ္!ပါးပါး..ေရေတြစိုကုန္ၿပီ"

ေရမ်က္ႏွာျပင္အား တဗန္းဗန္း႐ိုက္ကာ သူ႔ပါးပါးအားေရေတြ စင္ေအာင္လုပ္ၿပီး စေနာက္ေသးသည္။

"ထ..ဆပ္ျပာလိမ္းမယ္"

ခ်မ္း ေျပာေတာ့ sunေလးက ကိုယ္တုံးလုံးေလးျဖင့္ထရပ္သည္။ခ်မ္း baby mildဆပ္ျပာရည္ကို လက္ဖဝါးထဲညႇစ္ထည့္ကာ သား ျဖစ္သူကိုယ္လုံးအား ေသခ်ာပြတ္တိုက္လိမ္းေပးသည္။ခ်မ္း အင္က်ီလည္းစိုကုန္ၿပီျဖစ္ကာ ျပန္လဲရေတာ့မည္ ျဖစ္သည္။

"ပါးပါး"

"အင္း"

"Biff က ပါးပါးႏွစ္ေယာက္ေတာင္ရွိၿပီး သားက်ေတာ့ ဘာလို႔ ပါးပါးတစ္ေယာက္တည္းရွိတာရဲ...ဟိုေန႔က Biffကို သူ႔ပါးပါး ႏွစ္ေယာက္စလုံး လာႀကိဳၾကရယ္"

sunေလး စကားေၾကာင့္ ဆပ္ျပာပြတ္လိမ္းေပး‌ေနသည့္ ခ်မ္း လက္ ရပ္တန႔္သြားသည္။သား ကို တစ္ခါတစ္ေလ ကေလးထိန္းေက်ာင္းသို႔ ပို႔တတ္သည္မို႔ သား သူ႔အေဖာ္ Biffတို႔မိသားစုကို ျမင္ၿပီး ထိုသို႔ေမးျခင္းျဖစ္မည္။သား ထိုသို႔ ေမး လာတိုင္း ခ်မ္း ဘယ္လို ျပန္ေျဖရမည္မွန္း မသိေပ။သား ဒယ္ဒီက မရွိေတာ့ဘူးဟူ၍လား။ဒါမွမဟုတ္ ပါးပါးနဲ႔သားကို မလိုခ်င္လို႔ ပစ္သြားၿပီဟူ၍ အမွန္အတိုင္း ေျဖရမည္လား။

"sunေလးက..ေမႊးလိုက္တာကြာ...ပါးပါး အားဘြားေပးခ်င္လာၿပီ...႐ႊတ္!"

ခ်မ္းက သားျဖစ္သူ အာ႐ုံေျပာင္းေစရန္ စကားလမ္းေၾကာင္းလႊဲၿပီး sun‌ ေလးရဲ႕
ပါးေဖာင္းေဖာင္းရဲရဲေလးအား ႐ႊတ္ခနဲ နမ္းသည္။

"ခစ္!..ခစ္!"

သူ႔ ပါးပါး နမ္းသည္ကို သေဘာက်စြာ sunေလး ရယ္သံေလးေတြ စီခနဲထြက္‌ ေပၚ
လာေပသည္။

<<<<<>>>>>>

<<<<<<>>>>>>

"Flightက သုံးနာရီ ေရာက္မွာပါ ေဘာစ့္"

အတြင္း ေရးမႉးကိုသက္ ေျပာသည့္ စကားကို နားေထာင္ၿပီး ေန အနည္းငယ္ စိတ္လႈပ္ရွားမိသြားေပမဲ့ ေန႔ မ်က္ႏွာထားကေတာ့ ေအးစက္ စက္ပင္ ျဖစ္သည္။‌ေန အလုပ္ကိစ္စတစ္ခုေၾကာင့္ ဩစီသို႔သြားရစဥ္က ထိုလူရွိရာ ေနရာကို အေဝးကပင္ သြားေငးၾကည့္ေနခဲ့ဖူးသည္။အခုေတာ့ သူ အေတြ႕ခ်င္ဆုံးသူသည္ သူနဲ႔နီးကပ္ရာသို႔ ျပန္လာေတာ့မည္။ေန ဒီေန႔ကို တစ္ခ်ိန္လုံး ေစာင့္ေနခဲ့ရတာျဖစ္သည္။သူ႔ကို ျပတ္သားစြာ ခ်န္ထားခဲ့ၿပီး သူ႔ကိုယ္ပြားေလးကို ဖ်က္ဆီးပစ္ခဲ့သည့္ သူ ခ်စ္ရသူ ခ်မ္း ျပန္လာမည့္ေန႔။သူ ခ်မ္းကို မ ရရ ေအာင္ျပန္ယူၿပီး   ေနာက္ထပ္ကေလးေလးေတြ အမ်ားႀကီး ထပ္ေမြးခိုင္းဖို႔ စဥ္းစားထားသည္။သူ႔ ရင္ေသြးေလးကို ဖ်က္ဆီးခဲ့သည့္ အတြက္ ခ်မ္း သူ႔အတြက္  ေနာက္ထပ္ကေလးေတြ အမ်ားႀကီး ေမြးေပးသင့္သည္။

"အင္း..ညေန သုံးနာရီ အေရာက္ ေလဆိပ္သြား ဖို႔စီစဥ္ထားလိုက္"

"ဟုတ္ကဲ့ပါ...ေဘာ့စ္"

အတြင္းေရးမႉး ကိုသက္က ေန႔ကို ေခါင္းၫြတ္အ႐ိုအေသေပးၿပီး ေန႔ ႐ုံခန္းထဲမွာ ထြက္သြားၿပီျဖစ္သည္။ေန ေရွ႕ရွိ ကြန္ပ်ဴတာကို အာ႐ုံျပန္စိုက္ထားလိုက္သည္။သုံးႏွစ္အတြင္း ေန႔အတြက္ ေျပာင္းလဲမႈေတြ အမ်ားႀကီးျဖစ္ေပၚခဲ့သည္။ေန႔ အဘြား ေဒၚဝါဝါၫြန႔္ လူႀကီးေရာဂါျဖင့္ ကြယ္လြန္ အနိစ္စ ေရာက္ခဲ့ကာ THE SUN ဆက္ခံသူ အျဖစ္ ေန႔ကိုေ႐ြးခ်ယ္သြားခဲ့သည္။

ေန႔ ဦးငယ္ ဦးဂုဏ္ထည္ကေတာ့ ထိုေ႐ြးခ်ယ္မႈကို ၾကည္ၾကည္ျဖဴျဖဴပင္ သေဘာတူသည္။သူ ဒီစီးပြားေရးလုပ္ငန္းေတြကို စိတ္မဝင္စားသလို ေခါင္းမီးေတာက္ေအာင္ စဥ္းစားၿပီး သူ႔ထက္ငါ အလုအယက္ ေအာင္ျမင္တိုးတက္ေအာင္ လုပ္ဖို႔ ဆန္ဒလည္း မရွိေပ။Barတစ္ခုဖြင့္ထားၿပီး ခုအခ်ိန္ထိ အခ်စ္စစ္ကို ရွာေဖြရင္း လူပ်ိဴႀကီးလုပ္ေနသည္။ဦး ဖုန္းျမင့္ရွိန္က ဒီေ႐ြးခ်ယ္မႈကို မေက်နပ္ေပမဲ့ ဘယ္လိုမွ မလုပ္ႏိုင္ေပ။သူ ဒီလုပ္ငန္းေတြကို ကြၽမ္းက်င္မႈ မရွိသလို ဆက္ခံသူအျဖစ္ ေန႔ကိုတိုင္းသိျပည္သိ ေ႐ြးခ်ယ္ထားခဲ့သည္မဟုတ္လား။ၿပီးေတာ့ သူ အိမ္ေထာင္က်ကတည္းက သူ႔အတြက္ ရသင့္ရထိုက္သည့္ အေမြေတြအားလုံး ေဒၚဝါဝါၫြန႔္က ခြဲေဝေပးခဲ့ၿပီး ျဖစ္သည္။သို႔ေပမဲ့ ဦးဖုန္းျမင့္ရွိန္က companyမွာ ရွယ္ယာဝင္ထားကာ companyသို႔ အသြားအလာမပ်က္ေပ။

ေအာ္ျမည္လာသည့္ ေရွ႕စားပြဲေပၚရွိဖုန္းေၾကာင့္ ေန ေကာက္ကိုင္လိုက္သည္။

"ေဘာစ့္..မန္ေနဂ်ာ မဒါက ေဘာစ့္နဲ႔ ေတြ႕ခ်င္ေနပါတယ္"

တစ္ဖက္မွ အတြင္းေရးမႉး ကိုသက္အသံ ထြက္ေပၚလာသည္။

"အင္း..ဝင္လာ ခိုင္းလိုက္"

"ဟုတ္ကဲ့"

ဖုန္း ခ်လိုက္ၿပီး မၾကာခင္ပင္ အခန္းတံခါး ဖြင့္ကာ မဒါ ဝင္လာသည္ကို ျမင္ရသည္။ဒါဒါက ေဆးဘြဲ႕ရထားေပမဲ့ အေဖျဖစ္သူ ဆန္ဒ အရ THE SUN မွာ အလုပ္ဝင္လုပ္ေနရျခင္းျဖစ္သည္။ဒါဒါက အညိဳေရာင္ ဆံႏြယ္ရွည္တို႔ကို အဖ်ားတြင္ အေခြႀကီး‌ ေတြလိပ္ေခြ ေကာက္ထားၿပီး ပန္းႏုေရာင္ ကုတ္၊ေဘာင္းဘီရွည္ပြ ဝတ္ဆင္ထားကာက်က္သေရရွိစြာ လွပေနသည္။ဒါဒါက ေန႔ ေရွ႕ထိုင္ခုံတြင္ ဝင္ ထိုင္သည္။

"weeding အတြက္ ခြင့္ဆယ္ရက္ေလာက္ ယူလိုပါ တယ္ ေဘာ့စ္"

ဒါဒါက အၿပဳံးေလးျဖင့္ ေန႔ကို ေဘာစ့္ဟုစေနာက္ေခၚရင္းဆိုသည္။‌ေနက အရင္နဲ႔မတူဘဲ အမ်ားႀကီးေျပာင္းလဲသြားခဲ့တာျဖစ္သည္။ေျပာပုံဆိုပုံ၊ေနပုံထိုင္ပုံေတြက အစ ရင့္က်က္တည္ၿငိမ္လာသည္။အရင္လို ဆံပင္ရွည္ေတြကို ponytailစည္းကာ စ႐ိုက္ဆန္ဆန္ ေကာင္ေလး ပုံစံ လုံးဝ ေပ်ာက္ကြယ္သြားခဲ့ၿပီ ျဖစ္သည္။သပ္ရပ္စြာ ထိပ္လွန္ၿဖီးတင္ထားတတ္သည့္ ဆံပင္တိုပုံစံ၊ရွည္ လ်ား‌ျမင့္မားသည္ အရပ္ႀကီးနဲ႔ လိုက္ဖက္ညီ လြန္းသည့္ suitေတြ ဝတ္ဆင္တတ္လာကာ အရင္ကထက္ပိုမိုေခ်ာေမာ ခန႔္ညားလာသည္။THE SUNရဲ႕ceo ပီသစြာ ေန႔ ထံမွ အရွိန္အဝါတစ္မ်ိဴး ေပၚထြက္ေနၿပီး ဝန္ထမ္းေတြ အားလုံး ေန႔ကိုျမင္႐ုံနဲ႔တင္ ရွိန္ေၾကာက္ေနၾကတတ္သည္။

အသက္ငယ္႐ြယ္ကာ ေခ်ာေမာခန႔္ညားသည့္အျပင္ အလုပ္လုပ္ရာတြင္ ျဖတ္ထိုးဉာဏ္ေကာင္းၿပီး တိက်ျပတ္သားတတ္သည့္ CEOက ဝန္ထမ္းမေလးေတြ ပါးစပ္ဖ်ားတြင္ ေရပန္းစားနာမည္ေက်ာ္ၾကားေပသည္။

"ရတယ္..မဒါ ယူေလ..မဒါ ေနရာ ခဏအစားထိုး ငွားလိုက္ရင္ ျဖစ္ပါတယ္"

"ေက်းဇူးပါ..သူေဌး"

"အရင္လို..ေန ပါ ေခၚပါဗ်ာ...ကြၽန္ေတာ္တို႔က ေမာင္ ႏွမေတြပဲ"

ေန႔ စကားေၾကာင့္ ဒါဒါက ႏွစ္ၿခိဳက္စြာၿပဳံးသည္။ဒယ္ဒီကသာ ေန႔ အေပၚခုအခ်ိန္ထိ အျမင္မၾကည္ႏိုင္ ျဖစ္ေနတာျဖစ္သည္။ေနက‌ေတာ့ သူမတို႔မိသားစုအ‌ေပၚေသြးသားရင္းေတြလို သေဘာထားသည္။

"အပ်ိဴႀကီးက စြံေတာ့မွာေပါ့...weedingက ဘယ္ရက္လဲ"

"15,16...Royalမွာပဲ လုပ္ျဖစ္မယ္..The Sun ရဲ႕decorationေတြက အရမ္းမိုက္တယ္..တို႔အႀကိဳက္နဲ႔ ကြက္တိပဲ ဆိုေတာ့......"

"မဒါသေဘာပါဗ်ာ...Royalမွာဆိုေတာ့ ကုန္က်စရိတ္ေတြက freeေပါ့"

"Royalမွာဆို တို႔ေမာင္ cardထဲက ပဲအကုန္အက်ခံမွာႀကိဳသိေနတယ္ေလ"

ဒါဒါ့ စကားေၾကာင့္ ႏွစ္ေယာက္ၾကား ရယ္သံေတြ စီေဝသြားသည္။

"ဒါနဲ႔....မင္း သိတယ္မလား..ခ်မ္း ဒီေန႔ ေရာက္မယ္ဆိုတာ"

"အင္း...ကြၽန္ေတာ္ သိတယ္"

ေန႔ အေျဖေၾကာင့္ ဒါဒါက ေန႔ မ်က္ႏွာကို အကဲခတ္သလိုၾကည့္သည္။ေနနဲ႔ခ်မ္း က တစ္ေယာက္ကိုတစ္ေယာက္ သိပ္ခ်စ္ခဲ့ၾကသည္မို႔ ႏွစ္ေယာက္ၾကား ဒီလိုအဆုံးသတ္မ်ိဴးနဲ႔ ၿပီးဆုံးသြားခဲ့ရမည္ဟု သူမ တကယ္ မထင္ထားခဲ့တာျဖစ္သည္။ေန႔ မ်က္ႏွာက တည္တင္းေနသည္မို႔ ဒါဒါ မခန႔္မွန္းတတ္ေပ။ေနက တကယ္ပဲ ခ်မ္း ကိုမခ်စ္ေတာ့ဘူးလား။ခ်မ္း ဘက္ကလည္း....။မၾကာခင္မွာ ေနာက္ထပ္ အိမ္ေထာင္ျပဳေတာ့မည္လိုလို ဒါဒါ သတင္းၾကားထားမိသည္။

"ေန...ဟိုသတင္းေရာ ၾကားမိလား...ခ်မ္း လက္..လက္ ထပ္ေတာ့မယ္ဆိုလား...သိပ္ေတာ့ မေသခ်ာပါဘူး..တို႔လည္း ဒီအတိုင္းပဲၾကားမိတာ"

ဒါဒါ စကားေၾကာင့္ ေန ေလွာင္သလို တစ္ခ်က္ၿပဳံးသည္။ေန လည္း ထိုသတင္းၾကားပါသည္။ေဒၚေမမီက ‌ခ်မ္း ကို သူမတို႔နဲ႔ ဂုဏ္တူ၊အဆင့္အတန္းတူ စီးပြားေရး လုပ္ငန္းရွင္တစ္ဦးရဲ႕ သမီး နဲ႔ လက္ထပ္ေပးဖို႔ စီစဥ္ေပးေနေၾကာင္း။သို႔ေပမဲ့ စိတ္မေကာင္းစရာ ေကာင္းတာက ထိုလက္ထပ္ပြဲ ဘယ္ေတာ့မွ ျဖစ္မလာ မွာပင္ျဖစ္သည္။ခ်မ္း က သူ႔အပိုင္ပဲ ျဖစ္ရမည္။

"ဟုတ္လား..ကြၽန္ေတာ္လည္း ၾကားမိသလိုလိုပါပဲ"

‌ေနက ပုံမွန္လိုပင္ ေအးေအးေဆးေဆးျပန္ေျဖကာ ဘာခံစားမႈ မျပ။ဒါဒါ နည္းနည္းစိတ္ပ်က္သြားသလို ခံစားရသည္။ေန႔ ဘက္က ခ်မ္းကို အရင္ကလိုခ်စ္ပုံမေပၚေတာ့ပါဘူးေလ။သူမ ေနတို႔ႏွစ္ေယာက္ကို ျပန္ေပါင္းထုပ္ေစခ်င္ေနတာျဖစ္သည္။ဒါေပမဲ့ အမုန္းနဲ႔လမ္းခြဲခဲ့ၾကသည့္ ထိုႏွစ္ေယာက္က ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ဘူး ထင္ပါသည္။

"ဒါဆို...ေန တို႔ကို ခြင့္ျပဳပါအုံး"

"ေကာင္းပါၿပီ...မဒါ"

ဒါဒါက ေန႔ကို ႏႈတ္ဆက္ၿပီး ေန႔႐ုံးခန္းထဲ မွ ထြက္သြားသည္။





<<<<<>>>>>

အလွ်ိဴလွ်ိဴထြက္လာၾကသူေတြကို ေန  လက္ပိုက္ရပ္ၾကည့္ေနခဲ့သည္။ေနက တီရွပ္အနက္၊ဂ်င္း‌ ေဘာင္းဘီအနက္၊ maskကစ အနက္ ေရာင္တပ္ထားသည္။လွ်ာထိုး ဦးထုပ္ကိုပါ ခပ္ငိုက္ငိုက္ေဆာင္းထားသည္မို႔ ေန႔ကို THE SUNရဲ႕ CEO မွန္း ဘယ္သူမွ သတိထားမိမည္ မဟုတ္ေပ။ေန က ခပ္တည္တည္ပင္ လာႀကိဳေနသူေတြၾကား ေရာေယာင္ ရပ္ေနသည္။ေန႔ နဲ႔ ခပ္လွမ္းလွမ္းတြင္ ေန႔ အတြင္းေရးမႉးျဖစ္သူက ကိုသက္ကလည္း ေန႔ နည္းတူ ေရာေယာင္ရပ္ေနရင္း ေခါင္းကုပ္သည္။

ေဘာစ့္က flightဆိုက္မည့္ အခ်ိန္ေမးၿပီး  ဘယ္သူ႔ကို လာႀကိဳမွန္းလည္း သူမသိေပ။လာႀကိဳ‌တဲ့သူက ဒီလိုတစ္ကိုယ္လုံး နက္ေစြးေနေအာင္ လုံလုံၿခဳံၿခဳံဝတ္ထားၿပီး maskပါတပ္ထားေတာ့ ဟိုက သူ႔ကိုဘယ္လိုျမင္‌ေတာ့မည္လဲ။သို႔ေပမဲ့ ကိုသက္ ဘာမွ် အထြန႔္မတက္ရဲပဲေဘာစ့္နဲ႔ခပ္လွမ္းလွမ္းကသာ ရပ္ေစာင့္ေန လိုက္သည္။

ေနနဲ႔ မနီးမေဝးတြင္ သူ႔တို႔သားျဖစ္သူကို လာႀကိဳၾကေသာ ေဒၚေမမီတို႔ စုံတြဲကို ေန ျမင္ပါသည္။မၾကာပါ ခ်မ္းက suitcaseကို လက္တစ္ဖက္က ဆြဲၿပီးတစ္ျခားတစ္ဖက္က သားျဖစ္သူကို လက္ဆြဲကာ ၊ေက်ာထက္တြင္ ေက်ာပိုးအိတ္တစ္လုံးျဖင့္ေပၚလာသည္။ခ်မ္း သုံးႏွစ္ေက်ာ္ ေလးႏွစ္ နီးပါးေဝးကြာေနခဲ့ရသည့္ ေမြးရပ္ေျမရဲ႕ အေငြ႕အသက္ေတြကို အျပည့္အဝ ျပန္လည္ ရရွိသည္။sunေလးက ေတာ့ ေက်ာထက္တြင္ ေက်ာပိုးအိတ္ေသးေသးလုံး တစ္လုံး လြယ္ထားၿပီး သူ႔ပါးပါးလက္ကို ဆြဲကိုင္ကာ ေခါင္းေလးယမ္း‌ေနေအာင္ ဟိုၾကည့္ဒီၾကည့္ျဖင့္တက္ႂကြစြာ လိုက္ပါလာသည္။

သား အဖႏွစ္ေယာက္လုံး ေနကာမ်က္မွန္ ကိုယ္စီ တပ္ထားကာ ေဂၚေနေပသည္။

"ပါးပါး..လူေရက ပုေနတယ္"

sunေလး ေရွးဦးစြာ သတိထားမိသြားသည္ က အရပ္အကြာအျခား‌ပင္။ဟိုမွာတုန္းက သူျမင္ခဲ့ရသည္က အရပ္ရွည္ရွည္ ေျခတံရွည္ရွည္ လူႀကီးေတြပဲ မဟုတ္ဘူးလား။သား ျဖစ္သူ စကားေၾကာင့္ ခ်မ္း ရယ္မိေတာ့သည္။တကယ္ပါပဲ ဒီကေလးေလးေတာ့...။

"ပါးပါးလိုပဲ..ျမန္မာလူမ်ိဴးဆို အရပ္ပုတယ္ သားရဲ႕"

ခ်မ္း က သားျဖစ္သူေခါင္းေလးကို ပြတ္သပ္ေပးကာ ရွင္းျပသည္။ေနကာမ်က္မွန္ေလး တပ္ထားသည့္ ပုပုလုံးလုံးကေလးေလးက လူတိုင္းျမင္ကြင္းမွာ ေပၚလြင္ထင္ရွားကာ အေတာ္ပင္ ခ်စ္စရာေကာင္းေနသည္။

"Hello!!..ဘြားဘြားရီး...ဘိုးဘိုးရီး"

ရပ္ ေစာင့္ေနၾကသည့္ အဘိုးနဲ႔ အဘြားျဖစ္သူအား ျမင္လိုက္သည္နဲ႔ sunေလးက ဝမ္းသာအားရ ေအာ္ေခၚကာ သူ႔ပါးပါးလက္ကိုလႊတ္ၿပီး လုံးေန ေအာင္ ေျပးသြားေတာ့သည္။ဦးေကာင္းျမတ္က ေျပးလာသည့္ ေျမးျဖစ္သူအား လက္ဆန႔္တန္းႀကိဳၿပီး ေပြ႕ပိုက္သည္။

"႐ႊတ္!!ငါ့ေျမးႀကီးကို ဘိုးဘိုးက လြမ္းေနတာကြာ"

"ခစ္!..ခစ္!!..ယားရယ္...ယားရယ္ ဘိုးဘိုး"

အဘိုးျဖစ္သူက သူ႔ပါးေဖာင္းေဖာင္းေလးအား နမ္းရႈိက္ရင္းဆိုေတာ့ sunေလးက အဘိုးျဖစ္သူ ရင္ခြင္ထဲ ကိုယ္လုံးေလးတြန႔္‌လိမ္ေနၿပီး သေဘာက်စြာ တခစ္ခစ္ရယ္သည္။

"အမယ္ေလးရွင္....ေျမးအဘိုး ႏွစ္ေယာက္အလြမ္းသယ္ေနလိုက္ၾကတာ..ဒီက ဘြားဘြားႀကီးကိုလည္း..သတိရၾကပါအုံး"

ေဒၚေမမီက ေျမးအဘိုးႏွစ္ေယာက္ကို သေဘာက်စြာ ၾကည့္ေနရင္း ရယ္ကာဆိုသည္။ခ်မ္း ကေနာက္ကေန ေျဖးေျဖးေလွ်ာက္လာကာ ေျမးအဘိုး၊အဘြားေတြ အလြမ္းသယ္ေနသည့္ ေနရာနား ေရာက္လာသည္။

ေန ကထိုအျဖစ္အပ်က္အားလုံးကို ၾကည့္ရင္း အံ့ဩစိတ္လႈပ္ရွားစြာ ရပ္ေနခဲ့သည္။သားလား...ဒီကေလးေလးက သူ႔သားေလးလား။ေသြးသားက စကားေျပာသလို ေန ထိုကေလးေလးအား ျမင္ျမင္ခ်င္း ရင္းႏွီးမႈကို ခံစားရသည္။ၿပီးေတာ့ ထိုကေလးေလးက သူနဲ႔႐ုပ္ခ်င္းဆင္သည္။တကယ္ပဲ သားလား။ခ်မ္း..သား..သူ႔သားေလးကို ေမြးခဲ့တာလား။ေန အေတြးေတြနဲ႔အတူ စိတ္လႈပ္ရွားစြာ ေက်ာက္႐ုပ္လို ရပ္ေနမိကာ လႈပ္ရွားရန္ပင္ သတိမရမိ။

အဘိုးျဖစ္သူနဲ႔အဘြားျဖစ္သူအား  အလြမ္းသယ္ၿပီးသည္နဲ႔ sunေလးက ပတ္ဝန္းအား စူးစမ္းၾကည့္သည္။လူေတြ ၾကားထဲ အနက္ေရာင္ဝတ္စုံ၊အရပ္အရွည္ႀကီးျဖင့္ ထင္းထြက္ေနသည့္ လူႀကီးအား ျမင္လိုက္သည္နဲ႔ sun မ်က္လုံးေလးေတြ လက္ခနဲျဖစ္ကာ သူ႔အဘိုးရင္ခြင္ထဲမွ ေလွ်ာဆင္းၿပီး ထိုအရပ္ရွည္ရွည္ လူႀကီးနား လွစ္ခနဲေျပးသြားသည္။

"Hi...ဦးဦး...သားက sun!...ဦးဦးက ဩဆီကလား..."

ေန႔ ေရွ႕တြင္ရပ္ကာ ေန႔ မ်က္ႏွာကို ေမာ့ၾကည့္ၿပီး သြားေလးေတြေပၚေအာင္ ၿပဳံးျပကာ ႏႈတ္ဆက္စကားဆိုသည္။ေနက အရပ္အရွည္ႀကီးမို႔  sun‌ ေလး သူ႔ေမြးရပ္ေျမမွ လူမ်ိဴးတူဟုထင္သြားကာ ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္စကားဆိုလာျခင္းျဖစ္သည္။အနီးကပ္  ျမင္လိုက္ရသည့္ ကေလးေလးကိုၾကည့္ၿပီး ေန ရင္ေတြ အဆမတန္ခုန္လာသည္။တကယ္..တကယ္ပဲ သူ႔သားေလးလား။ေန ထိုကေလးေလး မ်က္ႏွာကို ရွင္းလင္းစြာ ျမင္လိုသည့္ အတြက္  ကေလးေလးတပ္ဆင္ထားသည့္ မ်က္မွန္ကို ျဖဳတ္ရန္ တုန္ယင္စြာ လက္လွမ္းမိသည္။ထို ေနကာမ်က္မွန္ေလးအား ေန ခြၽတ္ေစလိုက္ေတာ့  သူနဲ႔ဆင္လြန္းသည့္ မ်က္ႏွာေလးက ဆီးႀကိဳသည္။

ေန ဝမ္းသာလြန္းလို႔ ငိုေတာ့မိမတတ္ျဖစ္သြားသည္။သားေလး...တကယ္ပဲ သူ႔သားေလးပဲ။ဆုံးရႈံးလိုက္ရၿပီဟု ထင္ထားသည့္ သားေလးကို ျပန္ေတြ႕လိုက္ရသည့္ ခံစားခ်က္က ေန႔ကို ႐ုးသြပ္သြားေစ မတတ္ဝမ္းသာေစသည္။

"သား.."

ေန ခပ္တိုးတိုးေခၚမိရင္း သား ျဖစ္သူေရွ႕ ဒူးေထာက္ထိုင္လိုက္ကာ သား လက္ေသးေသး ေလး ႏွစ္ဖက္ကို သူ႔လက္ဖဝါးႀကီးျဖင့္ ဆုပ္ကိုင္မိသည္။

"သား.."

ထိုစဥ္ ေခၚသံနဲ႔အတူ ခ်မ္းက ေန႔တို႔နား အေျပးအလႊား ေရာက္လာသည္။ေန  လက္ကိုင္ထားသည့္ sunပခုံးေလးကို ဆြဲဖက္ၿပီး ခ်မ္း ေန႔ကိုအလန႔္တၾကားၾကည့္သည္။ဦးထုပ္  ခပ္ငိုက္ငိုက္ေဆာင္းကာ maskတပ္ထားေပမဲ့ ခ်မ္း ထိုသူ႔ပုံစံကို ရင္းရင္းႏွီးႏွီးသိပါသည္။အရပ္ပိုရွည္လာသည္က လြဲ၍ ထိုသူ႔ပုံစံ၊ထိုသူ႔ ကိုယ္သင္းရနံ႔က ေျပာင္းလဲသြားျခင္း မရွိေပ။

"သား..ဘာလုပ္ေနတာ‌လဲ..ျပန္မယ္..လာ"

ခ်မ္း..သား လက္ေလးကို ဆြဲကိုင္ကာ  ထိုသူ႔ေရွ႕မွအျမန္ျပန္ဆြဲေခၚလာမိသည္။ျပန္ေရာက္ေရာက္ခ်င္း ထိုသူနဲ႔ ထိပ္တိုက္ေတြ႕ဆုံရသည္။ခ်မ္း သူ႔ကိုျမင္ေတာ့ ႏွလုံးသားက အရင္လို အလိုက္မသိခုန္ေနဆဲျဖစ္သည္။သားေလး....သားေလးကိုမ်ား သူ႔ သားမွန္း ထိုလူသိသြားတာလား။သူ သိမယ္ဆိုလည္း သိခ်င္စရာပင္။သားက သူ႔ေခါင္းျဖဳတ္တပ္ထားသလား မွတ္ရေအာင္ သူနဲ႔႐ုပ္ခ်င္း တူသည္။ခ်မ္း sunေလးကို အျမန္ဆြဲေခၚသြားသည္မို႔ sunေလးရဲ႕ မ်က္မွန္ေသးေသးေလးက ေန႔ လက္ထဲတြင္က်န္ရွိေနခဲ့ေပသည္။

ခ်မ္းက သားျဖစ္သူအား ဆြဲေခၚသြားေတာ့ ေန ဒီအတိုင္းပင္က်န္ ေနခဲ့သည္။အခုေတာ့ မင္း ကိုယ္နဲ႔ အေဝးကို ေျပးထားအုံးေပါ့ ေဘဘီ။သိပ္မၾကာခင္ သားကိုေရာ၊မင္းကိုေရာ ကိုယ့္အပိုင္အျဖစ္ တစ္သက္လုံး သိမ္းထားေတာ့မွာ။




<<<<<>>>>>

<<<<>>>>>>

မေန႔ကတည္း upေပးမလို႔ပါပဲ သုံးႏွစ္အ႐ြယ္ကေလးေလးကို ပုံေဖာ္ရတာ ကိုယ့္အတြက္ နည္းနည္းခက္ခဲေနလို႔ ေရးရတာ အခ်ိန္ပိုၾကာသြားတယ္























Continue Reading

You'll Also Like

415K 27.3K 36
မင်းအပြုံးလေးဖြစ်ဖို့ လေပြေလိုအေးချမ်းပေးမယ် မင်းမျက်ရည်ကျခဲ့ရင်တော့ ကိုယ်ကလေပွေလို အသက်ပါနှုတ်မယ့်ကောင်ပဲ ကလေး #လေနက္ခတ်ရိုင်း အခြားလူတွေအတွတ် လေပွ...
5.9K 528 10
ရေးဖြစ်သမျှ One Shot လေးတွေကို စုစည်းထားချင်လို့ပါ။တစ်ချို့ အပုဒ်တွေကတော့ စာလုံးရေအရ One shot သတ်မှတ်ချက်ထက်ကျော်ပြီး Short Story လိုလေးတွေတော့ ဖြစ်န...
40.8K 2.3K 14
[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞 ] လူရှိုင်း x ရှေးရိုးစံ ကိုယ်စောင့်နတ်တောင် မသတီလို့ ကိုယ့်အနားမနေတာ ဒီကောင်လေးက သိပ်ကပ်တွယ်လွန်းတယ်။ (Z) လူရွိုင္း x ေရွးရိုးစံ...