A chance to change the past (...

By Maihsu-97

111K 6.8K 233

ဟမ်!!.. ငါ​​သေသွားပြီမဟုတ်ဘူးလား... ဘယ်လို​ဖြစ်ပြီးဒီအိမ်ကိုပြန်ရောက်နေတာလည်း!! ဘုရားသခင်က ဝမ်ရိပေါ်ဆိုတဲ့လူမ... More

Part-1
Part-2
Part-3
Part-4
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25 (Final)

Part-5

5.3K 327 10
By Maihsu-97


"ကျွန်တော်ဒီနေ့ ဒီအခန်းမှာအတူတူအိပ်မှာ ရှောင်းကျန့်"

"...ဟင်.."
ရှောင်းကျန့်တစ်ယောက် ဒီနေ့မှပြောင်းလဲနေတဲ့ရိပေါ်ရဲ့အပြုအမူတွေကိုအံံံ့သြလို့မဆုံးသေး ဒီညလည်းသူကဒီအခန်းမှာအတူတူအိပ်ဖို့လာပြောလို့နေလေသည်။

"...ရိပေါ်.. ဟို..."

" ကျွန်တော်အိပ်ချင်​နေပြီ ရှောင်းကျန့် "

ပြောပြီးတာနဲ့ရိပေါ်ကခပ်တည်တည်ဘဲ အခန်းထဲဝင်လာကာ အိပ်ယာပေါ်တက်ပြီး သားဘေးနားဝင်အိပ်လေတော့သည်။

"ရိပေါ်..မင်းဒီနေ့သားနဲ့အိပ်ချင်လို့လား..."
ရတယ်လေ အိပ်ပါ...ငါဒီနေ့ညဟိုဘက်အခန်းသွားအိပ်ပေးမယ်....
ရှောင်းကျန့်ပြောလိုက်ပြီး သားနားတစ်ချက်သွားကာ သားကိုစောင်သေချာပြန်ခြုံပေးပြီး သူကဟိုးဘက်ခန်းသွားအိပ်မည်အလုပ်......

ရုတ်တရက်..............

"အင့်!!.."
လက်တစ်ဖက်ရဲ့အိပ်ယာပေါ်ဆွဲချခြင်းကိုခံလိုက်ရကာတဆက်ထဲမှာဘဲအသံသြရှရှထွက်လာကာ.....
"ဘယ်မှသွားမအိပ်နဲ့..... ဒီမှာဘဲအတူတူအိပ်ကြမယ်"

"ဟို..အားမနာပါနဲ့ရိပေါ်ရဲ့...မင်း သားနဲ့အေးဆေးအိပ်ပါ...ငါဒီညဟိုဘက်သွားအိပ်ပေးမယ်"
ရှောင်းကျန့်စိတ်ထဲမှာထင်တာကတော့ ဒီအတိုင်းရိပေါ်ကဒီနေ့သားနဲ့နေချင်လို့သားအနားကပ်တယ်ထင်ပြီး သူကရှောင်ပေးဖို့လုပ်နေတာဖြစ်သည်။

"ကျစ်!....အိပ်ဆိုအိပ်ပါဗျာ... "
ကျွန်တော်အိပ်ချင်နေပြီရှောင်းကျန့်.....စကားမများဘဲလာအိပ်တော့....

ရှောင်းကျန့်တကယ်ကိုအိမ်မက်မက်နေတယ်လို့ခံစားနေရတာဖြစ်သည်။ ရိပေါ်ရဲ့အမိန့်ဆန်တဲ့စကားသံတွေအောက်မှာ သူရုန်းမထွက်နိုင်ခဲ့....
ရိပေါ်ပြောတဲ့အတိုင်း အိပ်ယာပေါ်လှဲချလိုက်ကာ...သားကိုအလယ်မှာထားပြီး..သူတို့နှစ်ယောက်ကသားဘေးမှာအိပ်ကြလေသည်။

ထိုညကတော့ ရှောင်းကျန့်အဖို့ ရန်ခုန်သံတွေမြန်ကာ အိပ်မပျော်နိုင်ခဲ့..... ဘေးမှာအိပ်နေကြတဲ့ သူချစ်ရတဲ့လူသားနှစ်ယောက်ကိုကြည့်ရင်းမျက်နှာမှာလည်း အပြုံးပန်းတွေဝေလို့နေခဲ့လေသည်။
-
-
-
-
-
-

".......မနက်7နာရီ........."

"ဝါးး..."

ရှောင်းကျန့်တစ်ယောက်တစ်ချက်သန်းလိုက်သည်။........မနေ့ကညကအိပ်မပျော်ခဲ့တာကြောင့် ဒီနေ့မနက်သူထတဲ့အချိန်ဟာ မနက်7နာရီတောင်ကျော်လို့နေပြီဖြစ်သည်။
မျက်စိဖွင့်ဖွင့်ခြင်းသူ့ဘေးမှာ အိပ်ပျော်နေကြတဲ့လူသားနှစ်ယောကိုတွေ့မြင်ရတာဟာလည်း သူ့အတွက်ကြည်နူးစရာဖြစ်လို့နေပေသည်။

ရှောင်းကျန့်လည်းအိပ်ယာထနောက်ကျတာကြောင့်...မြန်မြန်ထပြီးမျက်နှာသစ်သွားတိုက်အမူကိုမြန်မြန်ပြုလိုက်ပြီး...မနက်စာချက်ဖို့လုပ်​နေတော့သည်။

".....ပါပါး....."
ရှောင်းကျန့်မနက်စာချက်နေတုန်းသားနိုးလာလေပြီး ရှောင်းကျန့်ကိုလာခေါ်နေတာဖြစ်သည်။

"ဟင်! ပါပါးသားလေးနိုးပြီလား...မျက်နှာကောသစ်ပြီးပြီလား"

"ဟုတ်ပါပါး...သစ်ပြီးပြီ..ဒယ်ဒီသစ်ပေးတာ..."

"ဟမ်..ဟုတ်လား"

"ဟုတ်တယ် ရှောင်းကျန့်...ကျွန်တော်လည်းမျက်နှာသစ်သွားတိုက်လုပ်နေရင်း သားကိုပါတစ်ခါထဲလုပ်ပေးလိုက်တာ"
သားအနောက်ကလိုက်ဝင်လာတဲ့ ရိပေါ်ကပြောလေသည်။

"အော်..ကျေးဇူး ရိပေါ်"

"မလိုပါဘူးရှောင်းကျန့်ကျွန်တော်တို့က အိမ်ထောင်သည်တွေဖြစ်နေပြီလေ တရားဝင်လက်ထက်ထား​ကြတာ...ဘာမှမဟုတ်တဲ့ကိစ္စနဲ့ကျေးဇူးတင်ဖို့မလိုဘူး ခဏခဏကျေးဇူးတင်နေရင်ကျွန်တော်မကြိုက်ဘူး"

"ဟမ် အင်းပါ တောင်းပန်ပါတယ်ရိပေါ်"

"ကျစ်!!ခဏခဏတောင်းပန်နေဖို့လည်းမလိုဘူးရှောင်းကျန့် အဲတာလည်းကျွန်တော်မကြိုက်ဘူး"

"အင်း..အင်းပါရိပေါ်ရဲ့မကြိုက်ရင်မပြောတော့ဘူးနော်...မနက်စာစားကြရအောင်နော်"
ရှောင်းကျန့်စကားကိုဖြတ်လိုက်ပြီး မနက်စာစားဖို့ကိုဦးတည်လိုက်တော့သည် မဟုတ်လျှင်ပြသာနာကပြီးတော့မည်မထင်ပါ.....

ဒီလိုနှင့် 3ယောက်သားမနက်စားပြီးကြပြီး..သား​ကျောင်းပိတ်ရက်နဲ့ရိပေါ်ရဲ့အလုပ်ပိတ်ရက်လည်းဖြစ်တာကြောင့်အိမ်မှာဘဲသောင်တင်နေကြလေသည်။

"ပါပါး သားကိုကစားကွင်းလိုက်ပို့ပါလား...သားကစားကွင်းမရောက်တာကြာပြီ"
သားက ကလေးပီပီအားရက်လေးကိုကစားကွင်းသွားဖို့ပူဆာနေလေသည်။

"သားကသွားချင်လို့လား နေဒီလောက်ပူတာကို..."

"သွားချင်တယ်ပါပါး သားသွားချင်တယ်"

"သွားကြမယ်လေ..ဒယ်ဒီလိုက်ပို့ပေးမယ်.."

"ဟင်"
ရှောင်းကျန့် ကရိပေါ်လိုက်ပို့မယ်ပြောတော့ကြောင်သွားခဲ့သည်။

***********

အရင်ကဆိုရိပေါ်ကဒီလိုမှမဟုတ်တာ.... ရှောင်းကျန့်​​ပြန်​တွေးရင်းသူ့အတွေးကအတိတ်ဆီသို့...........







"ရိပေါ်ငါ့ကိုလေ ဆေးရုံခဏလိုက်ပို့ပေးပါလား...ဒီနေ့ရက်ချိန်းရှိလို့ ဗ်ိုက်ထဲက ကလေးအခြေအနေကိုလည်းစစ်ဆေးရမှာမလို့ပါ....ဒရိုင်ဘာကလည်းဒီနေ့ခွင့်ယူထားလို့.."

"ကျစ်!! အာရုံဘဲကွာ...ငါမအားဘူးရှောင်းကျန့်...စောက်ဇယားလာမရူပ်နဲ့..ကို့ဟာကိုအေးဆေးနေ.."

"မဟုတ်ပါဘူးရိပေါ်ရဲ့...ဒီနေ့က...."

"ဟယ်လို...ရှင်းရှင်း...ကိုယ်လာနေပြီနော်..စိတ်မကောက်ပါနဲ့ကွာ လာနေပြီအခု...အိမ်မှာကစောက်ဇယားရူပ်တဲ့ဟာတွေရှိနေလို့...စိတ်မကောက်နဲ့​နော်ကိုယ်လာပြီ....ချစ်တယ်နော် အာဘွား.."

ရိပေါ်ကရှောင်းကျန့်ပြောတဲ့စကားကိုနားထောင်ဖို့မပြောနှင့် ရှောင်းကျန့်နှင့်ဗိုက်ထဲက ကလေးကိုမရှိသလိုပင်လျှစ်လျုရူလေသည်။
ရိပေါ်ကတော့ သူ့ချစ်သူရှင်းရှင်းနဲ့ဖုန်းပြောပြီးတာနှင့် အိမ်ကထွက်သွားလေ​တော့သည်။

"​​​ရှောင်းကျန့်ဒီတစ်သက် ရိပေါ်ဆီကမေတ္တာမရချင်နေပါစေ အနည်းဆုံးတော့အသိအမှတ်ပြုမူလေးတော့လိုချင်မိခဲ့တာ..ဖြစ်နိုင်ပါအုံးမလားလို့​ရှောင်းကျန့်ပြန်တွေးမိလာလေသည်"
ရှောင်းကျန့်လည်း ဝမ်းနည်းလွန်းသဖြင့်ရိ​ပေါ်ထွက်သွားသွားချင်း သူရဲ့ဗိုက်ကလေးကိုကိုင်ကာ ထိုနေရာမှာဘဲ ငိုချမိလေတော့သည်။

******************
ပစ္စုပန်ကာလ.......

"နော်ပါပါး ဒယ်ဒီကလိုက်ပို့မယ်တဲ့ ကစားကွင်းသွားကြရအောင်နော်..."

"ဟုတ်တယ် ရှောင်းကျန့် ကလေးလဲသွားချင်နေတာကို လိုက်ပို့ပေးလိုက်ရအောင်"
ရိပေါ်ကဝင်ပြောပေးလေသည်။

"အင်းပါ....အဲ့တာဆိုလည်းသွားကြမယ်လေ"

"....ရေးး..."
ဝမ်ကျန့်လေးကတော့သွားရမယ်ဆိုတော့ ပျော်ရွှင်နေပြီး ခုန်ပေါက်ကာ.အော်နေတော့သည်။

"အဲ့တာဆို.. သားအကျီလဲလိုက်အုံးမယ်လေပါပါး"

"အင်းပါသွားလဲ ပါပါးပန်းကန်နဲနဲရှိတာလေးဆေးလိုက်အုံးမယ်"

"ဟုတ်"

ဒီလိုနှင့်သားနှင့်ရိပေါ်က အကျီအရင်လဲကြလေသည်။
ရိပေါ်နှင့်သား အကျီလဲပြီးလို့အပြင်ထွက်လာတဲ့အချိန်အထိ ရှောင်းကျန့်ကအပြင်မှာဘဲရှိနေသေးပြီး အကျီမလဲရသေးပေ.....

"ပါပါး...ဘာလို့ကြာနေတာလည်း သားနဲ့ဒယ်ဒီတောင်အကျီလဲပြီးပြီ.."

"အော်... အေးပါသားရဲ့ ပါပါးလုပ်လက်စအလုပ်လေးတွေမပြတ်သေးတာနဲ့ လုပ်မိနေတာ အခုသွားလဲလိုက်မယ်နော်"
သားကိုပြောပြီးတာနဲ့ ရှောင်းကျန့်လည်းအခန်းထဲဝင်ကာ အဝတ်လဲဖို့ပြင်တော့သည်။

****

ရှောင်းကျန့်အခန်းထဲဝင်ပြီး အဝတ်ရွှေးနေတာ 15မိနစိလောက်ရှိပြီ......
သူဘာဝတ်လို့ဝတ်ရမှန်းမသိ...တစ်ခါတလေမှမိသားစုစုံစုံလင်လင်နှင့်အပြင်ထွက်ရသည်မို့ ကြည့်ကောင်းအောင်တော့ သူဝတ်သွားချင်မိပါသည်။

"ပါပါးကလည်း အဝတ်လဲတာကြာလိုက်တာ..သားတို့ကစားကွင်းသွားတာနောက်ကျတော့မယ်ပါပါးရဲ့. "
အခန်းရှေ့ကနေ​ ကစားကွင်းသွားမှာ​နောက်ကျမည်ဆိုး​သောကြောင့်ပြောနေတဲ့ သားရဲ့ငြူဆူသံလေးကိုကြားလိုက်ရလေသည်။

ရှောင်းကျန့်လည်းသားရဲ့အသံကြားမှ သူရွေးထားတဲ့အထဲက ကြည့်လိုအကောင်းဆုံးလို့ထင်တဲ့ အကျီနှင့်ဘောင်းဘီကိုဝတ်လိုက်ပြီး အခန်းပြင်ထွက်လာတော့သည်။

-––

"ဝါးး!"
"ပါပါး...ဒီလိုဝတ်လိုက်​တော့ပါပါးကချောလိုက်တာ.....

"ဟင် မချောပါဘူး သားကလည်း ပါပါးကိုမြှောက်ပြောနေပြန်ပါပြီ"

ရှောင်းကျန့် သားပြောသည့်စကားကြောင့်ရှက်ရီရီလိုက်ပြီး ရိပေါ်ဘက်ကိုလှည့်ကြည့်လိုက်မိတော့.........

သူကိုမျက်လုံးကျွတ်ထွက်မတက်ကြည့်နေတဲ့ ရိပေါ်နှင့်အကြည့်ချင်းဆုံလေသည်။

"အဟမ်း!! ရိပေါ် ငါပုံစံဘာဖြစ်နေလို့လည်းဟင် အဆင်မပြေဘူးလား..ငါသွားပြန်လဲလိုက်ရမလား"

"ဟို...မဟုတ်ပါဘူး ကြည့်ကောင်းပါတယ်...မလဲတော့နဲ့ရပြီ...အဟမ်း!"

ရိပေါ်တစ်ယောက် အခန်းထဲကထွက်လာတဲ့ ရှောင်းကျန့်ပုံစံကိုမြင်ပြီး ခဏတာမှင်တက်သွားခဲ့တာတော့ တကယ်ပင်......
ရှောင်းကျန့်ကမြင်နေကြပုံနဲ့ မတူဘဲ အကျီအဖြူရောင်ကိုအပေါ်က အဝါရောင်အကျီလေးထပ်ဝတ်ကာ ​ဘောင်း​ဘီအဖြူလေးနှင့် တကယ်ကိုတက်ကြွလန်းဆန်းတဲ့ပုံစံမျိုးနှင့်ကြည့်မဝဖြစ်စေလေသည်။

"သွား...သွားရအောင်လေရိပေါ်"

".....ဟမ်! ...အင်းသွားကြမယ်လေ..."

ရိပေါ်လည်းရှောင်းကျန့်ပြောမှအသိဝင်လာပြီး ကစားကွင်းကိုသွားဖို့​ပြင်တော့သည်။

***********

ရှောင်းကျန့်တို့ကစားကွင်းရောက်တာနဲ့ သားလေးဝမ်ကျန့်ကတော့ ဆော့ချင်တာတွေများနေလေတော့သည်။

"ပါပါး...ဒယ်ဒီ..သားဟိုဟာစီးချင်တယ်"
ဝမ်ကျန့်လေးက ရိုလာကိုစတာကို လက်ညိုးထိုးပြကာစီးဖို့ပြောလေသည်။

"ဟာ..သားကလည်းအန္တရယ်များတယ်မစီးနဲ့ ပြီးရင်အရပ်ကန့်သတ်ချက်လဲရှိသေးတယ် သားစီးလို့ရမှာမဟုတ်ဘူး"

"ဟင့်! သားကစီးချင်တာကို.."

"ပါပါးသားလေးကလိမ္မာပါတယ် တခြားဟာစီးနော်"

"ဟုတ်..အဲ့တာဆိုသားကိုရေခဲမုန့်ဝယ်ကျွေး"

"ဟုတ်ပါပြီဗျာ...ဟုတ်ပါပြီ"

ရှောင်းကျန့်နှင့်ရိ​ပေါ်လည်းရိုလာကိုစတာမစီးရလို့စိတ်ကောက်နေတဲ့ ဝမ်ကျန့်လေးကိုရေခဲမုန့်နှင့်ချော့ဖို့ပြင်ရတော့သည်။

သားကိုရေခဲမုန့်ဝယ်ကျွေးပြီး ဆိုင်ထဲကပြန်ထွက်လာတော့ ရေခဲမုန့်ဆိုင်ရဲ့ဘေးမှာ ဘီးကုတ်လေးတွေရောင်းတဲ့ဆိုင်ကိုတွေ့ရလေသည်။

"ပါပါး...​ သားတို့ဘီးကုတ်လေးတွေဝယ်တပ်ရအောင်လေ... သားသူငယ်ချင်းတွေပြောပြတာ ကစားကွင်းရောက်ရင်အဲ့လိုဘီးကုတ်လေးတွေဝယ်ပြီးတပ်ကြတယ်တဲ့ သားလည်းတပ်ချင်တယ်"

"ဟုတ်ပါပြီဗျာ.."
ရှောင်းကျန့်ပြောလိုက်ပြီး သူတို့သုံးယောက် ဘီးကုတ်လေးတွေရောင်းတဲ့ဆိုင်ကိုရောက်လာကြလေသည်။

"ဘာတစ်ခုယူမှာလဲ သားက"
ရှောင်းကျန့် သားကိုမေးလိုက်လေသည်။

"သား ဝက်ဝံဘီးကုတ်လေးယူမှာ"

"ဟုတ်ပြီဗျာ..ရစေရမယ်"
ပြောပြီးရှောင်းကျန့်ကဝက်ဝံဘီးကုတ်လေးယူကာ သားရဲ့ခေါင်းမှာတပ်ပေး လိုက်လေသည်။

"ဟီး"
ချစ်စရာလေး...ဝက်ဝံဘီးကုတ်လေးက...

"ပါပါးနဲ့ဒယ်ဒီကော တပ်လေ"

"သားကလည်း ပါပါးတို့က ကလေးမှမဟုတ်တော့တာ မတပ်ပါဘူး.

"ဟာ ပါပါးကလည်းတပ်ပါ သားသူငယ်ချင်းရဲ့ပါပါးတွေဆိုလည်းတပ်ကြတာဘဲ ကစားကွင်းမှာ"

"တပ်ပေးလိုက်ပါရှောင်းကျန့်ရယ် ကလေးစိတ်ချမ်းသာအောင်"
​ပြောပြီးတာနဲ့ရိပေါ်က ဘီးကုတ်တွေထဲက ခြေသေ့်ဘီးကုတ်ကိုယူကာသူ့​ခေါင်းမှာတပ်လိုက်လေသည်။

"ဟင့်...ဟီး"
ရှောင်းကျန့်က​တော့ရယ်ချင်တာကိုအသံမထွက်မိအောင်ကြိုးစားနေရသည်။ရိပေါ်ရဲ့ဒီလိုပုံစဲကိုသူမမြင်ဖူးခဲ့....အခုရိပေါ်ရဲ့ပုံစံက မျက်နှာကမှုန်ကုတ်ကုတ် မျက်ခုံးကလည်းတွန့်ထားကာ ခြေသ့်ဘီးကုတ်ကြီးတပ်လိုက်တော့ စိတ်တိုနေတဲ့ခြေသေ့်ပေါက်ကလေးနှင့်တူသွားလေသည်။

"ခင်ဗျားဘာရီတာလည်းရှောင်းကျန့်"

"မရီပါဘူးရိပေါ်ရဲ့မရီပါဘူး...ဟီး"

"ရီမနေနဲ့ ရှောင်းကျန့် ကျွန်တော်တပ်ပြီးပြီ ခင်ဗျားလည်းတပ်"

"ဟမ်!..ငါကမတပ်တော့ဘူးလေ...မင်းတပ်ရင်ရပြီလေ"

"ဘယ်ရမလည်း မရပါဘူး လာခဲ့...."
ပြောပြီးရိပေါ်ကရှောင်းကျန့်ကိုဆွဲကာ ယုန်နားရွက်ဘီးကုတ်ကြီးကိုယူလိုက်ကာ ရှောင်းကျန့်ရဲ့ခေါင်းပေါ်ကို သူကိုယ်တိုင်တပ်ပေးလိုက်လေသည်။

"ဟားးးဟားး..ခင်ဗျားတကယ့်ယုန်ကြီးနဲ့တူသွားတာဘဲရှောင်းကျန့်"

"ဟားဟား..ဟုတ်ပ ပါပါးကတကယ့်ယုန်ကြီးနဲ့တူတယ် ဟားဟား.."

သူများကို ယုန်ဘီးကုတ်အတင်းတပ်ခိုင်းပြီး သူတို့သားအဖနှစ်ယောက်ကတော့ အားရပါးရရီနေကြလေသည်....တကယ့်စိတ်တိုချင်စရာကောင်စုတ်လေးတွေ......

ဒီလိုနှင့် သူတို့လည်းကစားကွင်းမှာရှိတဲ့ကစားစရာတွေကိုကစားကြရင်းတစ်နေရာအရောက်.....

"ပါပါး...သားတို့ သရဲအိမ်ဝင်ရအောင်"

"ဟာ...သားကလည်းမဝင်ပါနဲ့ သားကြောက်လိမ့်မယ်"
တကယ်တော့ သားကြောက်လို့မဟုတ် ရှောင်းကျန့်ကိုယ်တိုင်ကကြောက်လို့ပင်....

"မကြောက်ပါဘူး ပါပါးကလည်း သားရိုလာကိုစတာလည်းမစီးဘူးနော်...သရဲအိမ်တော့ဝင်မှာ..."

"သားကလည်း....ဟို.."

"ဟမ့်...ဘာလည်းရှောင်းကျန့်...ခင်ဗျားကြောက်လို့လား..."
ရိပေါ်ကရီသံစွက်ကာမေးလေသည်။

"...ငါ...ငါကဘာလို့ကြောက်ရမှာလဲ..မင်းသာကြောက်မှာ.."

"အော်....ဟုတ်လား ကျွန်တော်က​တော့မကြောက်တက်ဘူး ဝင်ကြမလား"
ရိပေါ်ကခနဲ့သလိုလိုမေးလာလေသည်။

"မင်းငါ့ကိုမဝင်ရဲဘူးထင်နေတာမလား ရိပေါ်စိန်လိုက်လေ "

"ok ရှောင်းကျန့်စိန်တယ်လေ...ဝင်ကြမယ်"

ပြီးရောရိပေါ်မင်းစိန်ခေါ်တာကိုလက်ခံတယ်...

"....ဒါပင်မဲ့မင်းရှေ့ကသွားငါနောက်ကလိုက်ခဲ့မယ်....."

"....ဟ...."

TBC.........
ဖတ်ပေးကြတဲ့တစ်ယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်.....

.................................................................

Zawgyi.......


"...ဟင်.."
ရှောင်းကျန့်တစ်ယောက် ဒီနေ့မှပြောင်းလဲနေတဲ့ရိပေါ်ရဲ့အပြုအမူတွေကိုအံ့သြလို့မဆုံးသေး ဒီညလည်းသူကဒီအခန်းမှာအတူတူအိပ်ဖို့လာပြောလို့နေလေသည်။

"...ရိပေါ်.. ဟို..."




ရုတ်တရက်..............

"အင့်!!.."




-
-
-
-
-
-

".......မနက်7နာရီ........."

"ဝါးး..."



".....ပါပါး....."



"ဟမ်..ဟုတ်လား"


"အော်..ကျေးဇူး ရိပေါ်"










"ဟင်"

***********





"ရိပေါ်ငါ့ကိုလေ ဆေးရုံခဏလိုက်ပို့ပေးပါလား...ဒီနေ့ရက်ချိန်းရှိလို့ ဗျိုကျထဲက ကလေးအခြေအနေကိုလည်းစစ်ဆေးရမှာမလို့ပါ....ဒရိုင်ဘာကလည်းဒီနေ့ခွင့်ယူထားလို့.."






******************
ပစ္စုပန်ကာလ.......




"....ရေးး..."



"ဟုတ်"




****




-

"ဝါးး!"








".....ဟမ်! ...အင်းသွားကြမယ်လေ..."


***********











"ဟုတ်ပါပြီဗျာ.."

"ဘာတစ်ခုယူမှာလဲ သားက"


"ဟုတ်ပြီဗျာ..ရစေရမယ်"

"ဟီး"





"ဟင့်...ဟီး"













"သားကလည်း....ဟို.."








"....ဟ...."

TBC.........

.................................................................






Continue Reading

You'll Also Like

187K 18.8K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
112K 3.3K 31
"she does not remind me of anything, everything reminds me of her." lando norris x femoc! social media x real life 2023 racing season
602K 9.4K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
239K 11K 32
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...