Dear Ko Ko ( Complete)

By sunray9597

32.1K 2.1K 1.6K

မောင်သာ ကိုကို ကို သစ္စာဖောက်ခဲ့ရင်..ကိုကို နာကျင်အောင်လုပ်မိခဲ့ရင်..မောင့်တစ်ဘဝလုံး အထီးကျန်ဆန်ပြီး နာကျင်မှ... More

Dear Ko Ko (Intro )
Part -1
Part -2
Part -3
Part -4 ⚠️
Part -5
Part -6
Part -7
Part -8
Part-9
Part -10
Part -11
Part -12
Part -13
Part -14
Part -15
Part -16
Part -17
Part -18
Part -19
Part -21
Part -22
Part -23
Part -24
Part -25
Part -26
Part -27
Part -28
Part -29
Part -30
Part -31
Part -32
Part -33
Part 34
Part -35 ( Final-1)
Part -36 ( Final -2 ) Main Final
Dear Ko Ko's Reasons Of Creation

Part -20

624 51 28
By sunray9597

# Unicode #

သမီးလေးမွေးတဲ့အချိန်ကစပြီး..ဂျောင်ဂုမှာ ပျင်းမနေရတော့...အရင်က မောင်ကုမ္ပဏီသွားချိန်ဆို ..သူတစ်ယောက်တည်း လုပ်စရာအလုပ်မရှိတာနဲ့ အမြဲပျင်းနေရသည်။အခုတော့ သမီးနဲ့ အတူအနေရတော့ အချိန်တွေ ကုန်မှန်းတောင်မသိတော့ပေ....

ခြောက်လမပြည့်မခြင်း..သူ့ရဲ့နို့တစ်မျိုးတည်းကိုသာတိုက်ကျွေးခဲ့သောကြောင့် သမီးလေးရဲ့အသားရည်မှာ ဝင်းဝါနေပြီး...လုံးတစ်နေသည်။တဖြည်းဖြည်းပီသလာတော့ မျက်လုံး၊နှာတံ ပါးစပ်တို့မှာသူနဲ့ချွတ်စွပ်တူနေတာကြောင့် မောင်ဆို သူ့သမီးကြီးလာရင် စိတ်မချဘူးလို့တောင်အမြဲပြောနေကြ...သမီးလေးက မောင်နဲ့တူတာဆိုလို့ နှာထိပ်က မှဲ့လေးနဲ့ ညာဘက်ပါးပြင်က မှဲ့နက်လေးတစ်လုံးသာပင်...

ခြောက်လပြည့်ထဲက နို့အပြင် ဖြည့်စွက်စာ‌ပါကျွေးခဲ့တာကြောင့် အသားကောင်းကောင်းစားတဲ့သမီးငယ်က..ဖြူဖွေးဝတုတ်ပြီး ချစ်စရာကောင်းလာသည်။လေးဖက်သွားတတ်တဲ့အရွယ်မို့...မောင်က ဧည့်ခန်းနဲ့ သူတို့အခန်းထဲမှာ မွှေးပွ သားမွှေးကော်ဇော်တွေခင်းထားပေး၏။သမီးလေး အသားပွန်းသွားမှာစိုးလို့တဲ့လေ...

အခုလည်း...သမီးလေးက လေးဘက်သွားတတ်တဲ့အပြင် ထိုင်ပါ ထိုင်တက်နေပြီးမို့..မျက်စိအောက်ကအပျောက်မခံဘဲ အချိန်ပြည့်အနားလူတစ်ယောက်ထားကာ စောင့်ကြည့်နေရသည်။ အန္တရာယ်ဖြစ်စေမဲ့ ပစ္စည်းတွေလည်း အမြင့်မှာထားရ၏။

" နူးနူးလေးရေ...မိုင်မိုင်..တစ်လုတ်စားမယ်...အာ...ဟုတ်တယ်ကွာ..ဘိုးမြေးက..စားတယ်ကွာ.."

ညနေစာကို ကျွေးနေတုန်း..ထယ်မင်က ဂျောင်ဂုလေးကျွေးရလွယ်အောင် ကလေးကို မြူပေးနေသည်။စားလိုက်ဆော့လိုက်နဲ့ နူးနူးလေးကတော့ အလုပ်ရှုပ်နေ၏။လေးဘက်ထောက်ကာ ဂျောင်ဂုဆီသွားပြီး...ဖြည့်စွက်စာစားလိုက်...အရုပ်လေးတွေယူပြီးဆော့လိုက်နှင့် သူ့ဘာသာပျော်မြူးနေသည်။

" ဝူးးးး ဆင်ကြီးလာပြီ...နူးနူးလေးရေ...ဝူးးး မင်္ဂလာပါ..ငါကတော့ ဆင်ကြီး ထယ်မင်ပါ နူးနူးရေ..ဝူးး "

ဆင်ရုပ်ကိုကိုင်ပြီး...နူးနူလေးရဲ့ ခြေဖဝါးလေးနဲ့တိုက်ကာပြောလိုက်တော့ သဘောကျနေတဲ့နူးနူးလေး...ပေါက်ကာစအောက်သွားလေးနှစ်ချောင်းပေါ်အောင် .ရယ်နေပြီး မျက်လုံးဝိုင်းလေးတွေမှိတ်ကျလို့ပင်...

" အာ!..နူးနူးလေးက မိုင်မိုင်ကုန်သွားလို့ ပါးပါးဆီသွားတောင်းတာပေါ့..ဟုတ်လား ငါ့မြေးက.."

ခြေထောက်တုတ်တုတ်လေးတွေနဲ့ လက်ဖမိုးဖောင်းဖောင်းလေးတွေထောက်ကာ သူ့ပါးပါးရှိရာကို လှုပ်တုတ်လှုပ်တုတ်နဲ့သွားနေတဲ့နူးနူးလေးကို ထယ်မင်က သဘောကျနေမိသည်။ ပါးစပ်ထဲအစားမရှိတော့တာနဲ့ ဆော့နေတာကိုရပ်ပြီး အစားကို အရင်သွားစားတာ...နူးနူးရဲ့ ဘဝကြီးက အစားပင်...ခုနှစ်လအရွယ်ပေမဲ့ တစ်နှစ်သားထက်တောင် ထွားတဲ့ ခန္ဓာကိုယ်လေးနဲ့ နူးနူးလေးဟာ..အရမ်းချစ်ဖို့ကောင်းပြီး အားလုံးရဲ့ အချစ်တော်လေးပင်...

ဂျောင်ဂုနားရောက်တော့ ငုတ်တုတ်ထိုင်ချကာ လက်ဖောင်းဖောင်းလေးတွေက ဂျောင်ဂု ပေါင်ကို ပုတ်လာပြီး မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ကြည့်လာသည်။သူကို ဖြည့်စွက်စာကျွေးခိုင်းနေတာပင်..

ဂျောင်ဂု လည်း ဇွန်းသေးသေးလေးဖြင့် တစ်လုတ်ကျွေးလိုက်တော့ လက်ခုပ်လေးတီးကာ မြူးကြွကြွနဲ့ ထိုင်နေရင် ခုန်နေတဲ့ နူးနူးလေး...သူ့ကိုလည်း ကြည့်ပြီး ရယ်နေသေးသည်။ဘယ်လိုနေနေချစ်ဖို့ကောင်းနေတာက နူးနူးလေးရဲ့ အားနည်းချက်လားမသိဘူး ..ပါးစပ်တစ်ဝိုက် ဖြည့်စွက်စာတွေပေနေတာတောင် ချစ်စရာကောင်းမှုကပိုနေသောသမီးငယ်...ဂျောင်ဂု တစ်သျှူးလေးနဲ့ ဖွဖွလေးသုတ်ပေးလိုက်တော့ မျက်လုံးလေးဝိုင်းသက်ပြီး စိတ်ဝင်တစားကြည့်လာသည်။

သမီးငယ်က သူနဲ့နီးကပ်နေတဲ့ဂျောင်ဂုရဲ့ မျက်နှာကိုသေချာစိုက်ကြည့်ကာ လက်ညှိုးသေး‌သေးလေးက ဂျောင်ဂုရဲ့ ပါးဖောင်းဖောင်းလေးထဲကို ထိုးထည့်လာသည်။သမီးရဲ့လက် ညှိုးလေးတစ်ဝက်လောက်က ဂျောင်ဂုရဲ့ပါးထဲနစ်ဝင်သွားတာကြောင့် သဘောတကျရယ်နေတဲ့နူးနူးလေးက ထုတ်လိုက်ထိုးလိုက်လုပ်နေသည်။လက်ညှိုးလေးထုတ်လိုက်ရင် သူ့ရဲ့ ပါးက ပြန်ဖောင်းသွားပြီး ထိုးထည့်လိုက်ရင် ပါးလေးထဲမြှုပ်သွားတာကြောင့် ကစားစရာအသစ်ရသလို ပျော်မြူးကာဆော့နေသည်။

" ဟော..သူ့ပါးပါး ပါးကို ကစားစရာမှတ်နေပြီထင်တယ်..."

ထယ်မင်က မြေးမလေးရဲ့ အမူအရာကြောင့်ကြည့်ပြီး တအားသဘောကျမိသည်။မြေးမလေးရဲ့ပါးဖောင်းဖောင်းလေးက ဘယ်သူ့ဆီက အမွေရမှန်းသူသိလိုက်ပြီ...

ဂျောင်ဂုက ပါးစပ်လေးကို သုတ်ပေးပြီး ခေါင်းပြန်မတ်လိုက်တော့ နူးနူးလေးက ပါးကိုမမှီတော့ပေ....ဂျောင်ဂုလည်း စချင်တာကြောင့် မသိချင်ယောင်ဆောင်ပြီး..ဖြည့်စွက်စာကို ဇွန်းဖြင့် ခပ်နေလိုက်သည်။ နူးနူးကတော့ ဆော့စရာလေး ပျောက်သွားတာကြောင့်..မျက်ရည်ဝဲဝဲလေးတွေနဲ့ သူ့ပါးပါးရဲ့ ပါးကို ကြည့်နေသည်။

ပြီးတော့ ဂျောင်ဂုရဲ့ ပေါင်ကိုထောက်ကာ မတ်တပ်ရပ်ဖို့ကြိုးစားလိုက်သည်။နူးနူးလေးအတွေးက ရိုးရှင်းသည်။သူမတ်တပ်ရပ်လိုက်ရင် သူ့ပါးပါးရဲ့ပါးကိုမှီပြီးဆော့လို့ရပြီးဆိုတဲ့ အတွေးလေးပင်..ဒါပေမဲ့ အသက်ငယ်သေးတာရော..ကိုယ်လုံးက လုံးတစ်နေတာရောပေါင်းပြီး ဖင်ထိုင်လျက် ပြန်ကျကျသွားတဲ့နူးနူးလေး..

ဂျောင်ဂုကတော့ သမီးငယ်ရဲ့ ဇွဲမလျှော့တဲ့အပြုမှူလေးကြောင့် ပြုံးနေမိသည်။

ထယ်မင်လည်း ဖင်ထိုင်လျက်ပြုတ်ကျတာတောင် ခြေထောက်တုတ်တုတ်လေးတွေကိုအားပြုပြီးမတ်တပ်ရပ်ဖို့ကြိုးစားနေတဲ့ နူးနူးလေးကြောင့် ပြုံးနေမိသည်။ အသားနာတာတောင်ဇွဲမလျှော့ပုံက သေချာပေါက် ကင်မ်ထယ်ယောင်းသွားတူတာနေမှာ...

ဇွဲမလျော့တဲ့သမီးငယ်က ဘာမှမဖြစ်ပေမဲ့ ခဏခဏလှဲနေတာမြင်တော့ မိခင်ဖြစ်တဲ့သူက မမြင်ရက်သဖြင့် သမီးရဲ့ ခါးလေးကနေထိန်းကာ မတ်တပ်ရပ်ပေးလိုက်သည်။နူးနူးလေးရဲ့ လက်သေးသေးလေးတစ်ဖက်ကဂျောင်ဂုရဲ့ ပခုံးတစ်ဖက်ကိုကိုင်ထားတဲ့ သေးသည်။သူပြုတ်ချမှာတော့ကြောက်သေး၏။

ဇွန်းကိုလက်တစ်ဖက်ဖြင့်ကိုင်ကာ သမီးငယ်ကို ဖြည့်စွက်စာခွံ့ကျွေးလိုက်တော့ ပါးစပ်လေးဟကာစားပြီး မျက်လုံးတွေနဲ့ လက်ညှိုးလေးတစ်ချောင်းကတော့ ဂျောင်ဂုရဲ့ ပါးဖောင်းဖောင်းလေးပေါ်မှာသာ..

" ကိုကို....မောင်..ပြန်လာပြီ!!...နူးနူးလေးရေ..ဒယ်ဒီပြန်လာပြီ!!.."

အိမ်ပေါက်ဝကနေ အသံကျယ်ကြီးနဲ့အော်ဝင်လာတဲ့ထယ်ယောင်း..လူကမမြင်ရသေးအသံကအရင်ရောက်နေပြီ...မကြားရတဲ့ ဂျောင်ဂုက ကိစ္စမရှိပေမဲ့ ကြားနေရတဲ့ ထယ်မင်ကတော့ အမြင်ကပ်မိသည်။

" ဟိုကောင်..အသံကိုနောက်ထား လူသာအရင်လာ..အဝင်ဝတည်းက အသံပြဲကြီးနဲ့..ဒီမှာ ဧည့်ခန်းထဲမှာ နူးနူးလေးကို ဖြည့်စွက်စာကျွေးနေတာ.."

မီးဖိုခန်းထဲဝင်ပြီးရှာတော့မဲ့ ထယ်ယောင်းရဲ့ ခြေလှမ်းတွေက ဒယ်ဒီ့ရဲ့စကားကြောင့် ဧည့်ခန်းထဲ ခြေဦးတည်လိုက်သည်။ထယ်မင်က မျက်လုံးထောင့်ကနေ ဂျောင်ဂုတို့သားအဖကို ကြည့်မိတော့ ထယ်ယောင်းအသံမကြားရသူမို့ ထယ်ယောင်းပြန်လာမှန်းမသိတဲ့ဂျောင်ဂုက အေးဆေးပင်..နူးနူးလေးကလည်း သူ့ပါးပါးကို အာရုံရောက်နေလို့လာမသိဘူး...လှည့်ကိုမကြည့်..

" သမီး!.. "

ထယ်ယောင်းက wallet ကိုစားပွဲပေါ်တင်ပြီး..နူးနူလေးကိုချီလိုက်တော့ သူ့ကိုမော့ကြည့်လာပြီး ရယ်ပြတဲ့သမီးငယ် သူ့ရဲ့မျက်နှာကိုလည်း မှတ်မိနေပြီမို့ တစ်နေ့လုံးမတွေ့ရသေးတော့ သာသာကြည်ကြည့်နဲ့ပင်..ပါးစပ်ထဲမှာလည်း အစာတွေနဲ့..ရုတ်တရပ် သူ့ရဲ့လည်ပင်ကိုးသိုင်းဖက်ပြီး ဖြည့်စွက်စာတွေပေနေတဲ့ နှုတ်ခမ်း‌ပိစိလေးနဲ့ ထယ်ယောင်းရဲ့ပါးကိုထိကပ်လာတာကြောင့် ထယ်ယောင်း မျက်လုံးပြူးသွားသည်။

အခု သမီးက သူ့ကို နမ်းလိုက်တာလား...လိုလိုချင်ချင်နဲ့ပေးတဲ့အနမ်းလေးလေ..နူးညံ့တဲ့နှုတ်ခမ်းလေးရဲ့အထိတွေက ခဏပေမဲ့သူအတွက်တော့မေ့နိုင်မည်မထင်...

" ရွှတ်!..ဒယ်ဒီ့သမီးလေးက နမ်းတာပေါ့ဟုတ်လား..ဒယ်ဒီ့ကိုလွှမ်းနေတာလား...ပြောပါအုံးကွာ.."

ပါးဖောင်းဖောင်းလေးကို အသံမြည်အောင်နမ်းရှိုက်လိုက်ပြီး...မေးလိုက်တော့ သူ့ရဲ့ပခုံးလေးပေါ်ခေါင်းအပ်ပြီး လည်ပင်းကို ဖတ်လိုက်တဲ့သမီးငယ်က လွှမ်းနေကြောင်းပြောသလို...အရာရာကို မှတ်မိအောင်မှတ်တတ်တဲ့အရွယ်လေးမို့ တစ်နေ့လုံးမတွေရဘဲ ညပိုင်းသာတွေရပြီး ဆော့ပေးတတ်တဲ့ ထယ်ယောင်းကို ပိုပြီးတွယ်တာလို...ခင်တွယ်သည်။

" အာဂူး...ဒယ်ဒီ့သမီးလေးက လွှမ်းနေတာဘဲ...မနက်ဖြန်အလုပ်ပိတ်တော့ ဒယ်ဒီတို့မိသားစုတွေ အပြင်လျှောက်လည်ကြမယ်နော်.."

ခေါင်လုံးလုံးလေးကို ဖွဖွလေးနမ်းလိုက်တော့ baby mind ခေါင်းလျှော်ရည်နံ့လေးသင်းနေသည်။

*~.မောင် ရေသွားချိုးအုံးလေ..သမီးလေးကို ဆက်ပြီးကျွေးအုံးမယ်..~*

ကိုကိုက စာရေးပြီးပြောတော့ ထယ်ယောင်းလည်း နူးနူးကို ကိုကို့လက်ထဲထည့်ပြီး..ခေါင်းငြိမ့်ကာ အပေါ်ထပ်တက်သွားလိုက်၏။

~

~

~

*~.ကိုကို...သမီးလေးရော.~*

ထယ်ယောင်းရေချိုးခန်းထဲက ထွက်လာတော့ နူးနူးလေးအဝတ်တွေခေါက်နေတဲ့ ကိုကို့ကိုဘဲတွေ့တာကြောင့် ‌စာရေးပြီးမေးလိုက်သည်။

*~.ဒယ်ဒီအခန်းထဲမှာ..ဒယ်ဒီခေါ်ထားတယ်.~*

ဂျောင်ဂုက ထယ်ယောင်းအတွက် ဗီရိုထဲကနေ ညအိပ်ချည်သားဝတ်စုံထုတ်ပေးလိုက်၏။

ထယ်ယောင်းလည်း ကိုကိုထုတ်ပေးတဲ့ ဝတ်စုံကိုဝတ်လိုက်ပြီး ကိုကို့ဘေးနားသွားထိုင်လိုက်သည်။

*~.ကိုကို....မနက်ကျရင် မောင်တို့ သမီးလေးနဲ့ တိရိစ္ဆာန်ဥယျာဉ်သွားကြမယ်.~*

သူစာမြင်တော့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကြည့်လာ၏။

*~.သမီးလေးလည်း အပြင်ကိုမရောက်ဘူးသေးဘူးလေ..ပြီးတော့ အခုရက်ပိုင်းသမီးလေးက...တိရိစ္ဆာန်အရုပ်လေးတွေကိုပိုပြီးသဘောကျနေတယ်လေ..အဲ့ဒါ မောင်တို့ တိရိစ္ဆာန်ဥယျာဉ်လိုက်ပို့ပေးရအောင်.~*

*~.ကောင်းတယ်မောင်..ငါတို့မနက်ဖြန်သွားကြတာပေါ့.~*

ဂျောင်ဂုကစရေးပြပြီး..သမီးလေးရဲ့အဝတ်တွေကိုသေချာလေးဆက်ခေါက်နေလိုက်သည်။ထယ်ယောင်းက ကိုကိုရဲ့အမူအရာကို မျက်တောင်မခတ်တမ်းလိုက်ကြည့်နေလိုက်သည်။ကိုကိုကကလေးမွေးပြီးတာတောင် အလှကမပျက်သေး..ပိုပြီးတောင်လှလာသည်။ အာရုံစူးစိုက်နေလို့ ရဲစိုနေတဲ့နှုတ်ခမ်းသားလေးက ရှေ့သို့အနည်းငယ်ဆူထွက်နေကာ..ဘေးတိုက်မြင်နေရတဲ့ပါးဖောင်းဖောင်းလေးကလည်း သွေးကြောလေးတွေမြင်ရပြီး....ဝိုင်းစက်စက်မျက်ဝန်းလေးတွေကို ကာရံထားတဲ့မျက်တောင်ထူထူကော့ကော့လေးတွေက တစ်ပင်ချင်းရေတွက်စရာကောင်းလောက်အောင် ဆွဲဆောင်နိုင်လွန်းသည်။

*~.ကိုကို...သမီးလေးနှစ်နှစ်အရွယ်ရောက်ရင် နောက်ထပ်ကလေးထပ်ယူရအောင်နော်.~*

သူ့စာကြောင့် ကိုကိုက မျက်လုံးလေးပြူးလာသည်။

* အခုမှသမီးလေး လသားဘဲရှိသေးတာကို မောင်က နောက်ထပ်ကလေးယူဖို့ပြောနေပြီ*

အတွေးတွေပေမဲ့ လက်တွေက မောင့်ကို ခေါင်းငြိမ့်ပြလိုက်၏။

*~.ကိုကို...ပျော်လားဟင်..မောင်နဲ့လက်ထပ်ရလို့ပျော်လား.~*

*~ .ပျော်တာပေါ့..မောင်..မင်းနဲ့သမီးလေးကြောင့် ငါအရမ်းပျော်တယ်မောင်..မင်းကြောင့် မိသားစုဘဝလေးဖြစ်ခွင့်ရှိတာ..ငါတို့..ရှေ့လျှောက်ပျော်စရာမိသားစုလေးအဖြစ် ရပ်တည်ကြမယ်နော်..မောင်ရယ်..ငါရယ်..နူးနူးလေးနဲ့ ကလေးလေးတွေရယ်.~*

*~.ဒါပေါ့..ကိုကို..မောင်တို့ ဖန်တီးကြတာပေါ့.~*

ထယ်ယောင်း ကိုကို့ကို ရင်ခွင်ထဲဖက်ကာ ဆံသားလေးကို နမ်းရှိုက်လိုက်၏။

* မောင့်ရဲ့ ရင်ခွင်ကြီးကနွေးလိုက်တာ..ဘာအကြောင်းကြောင်းနဲ့မှ မောင့်ရဲ့ ရင်ခွင်က ငါ့အတွက် ကြောက်စရာမဖြစ်ပါစေနဲ့လို့ ငါဆုတောင်းတယ်မောင် ...ငါနောက်ဆုံးအချိန်ထိ မောင့်ရဲ့ရင်ခွင်ထဲမှာဘဲနေချင်တယ်..*

ဂျောင်ဂုက မောင့်ရဲ့ ယောက်ျားဆန်တဲ့ကိုယ်သင်းနံ့လေးကို ရှုကာ ရင်ခွင်ကျယ်ကြီးထဲ မှေးစက်လိုက်သည်။

«« နွေးထွေးပြီး ပျော်စရာကောင်းတဲ့ရင်ခွင်က..အတ္တကြီးပြီး...ကြောက်စရာကောင်းလာတဲ့ အခါ...»»

~

~

~

" ဒယ်ဒီ့သမီးလေးက အပြင်သွားဖို့အဆင်သင့်ဖြစ်နေပြီလား.."

ထယ်ယောင်းအိပ်ရာနိုးတော့ သမီးလေးက ကုတင်ပေါ်မှာ ထိုင်နေပြီး လက်ထဲက ယုန်ရုပ်လေးကို ဆော့နေသည်။ဂါဝန်အသစ်လေးဝတ်ထားတာကြောင့် ကိုကို သမီးလေးကို ပြင်ဆင်ပေးပြီးမှန်းသိလိုက်ပြီ..

" အာ!...ဒယ်ဒီက ချစ်လို့ပါကွာ.."

ထယ်ယောင်းက သမီးရဲ့ ပါးနုနုလေးကို နမ်းလိုက်တော့ အလှကြိုက်တဲ့သမီးက သူ့ရဲ့ နှုတ်ခမ်းတွေကို လက်ပိစိလေးနဲ့ ဖြတ်ရိုက်လာသည်။ပြီးတော့ နူနူးက သူ့ရဲ့ဂါဝန်ကို ကိုင်ပြပြီး..မျက်လုံးဝိုင်းကြီးတွေနဲ့မော့ကြည့်လာ၏။မျက်နှာလေးကလည်း ပန်းနုရောင်သန်းနေသည်။သေချာပေါက် စိတ်တိုနေတာအမှန်ပင်...သိတတ်စပြုနေတဲ့သမီးငယ်က သူ့ကို ဝတ်စုံအသစ်ဝတ်ပေးထားရင် သန့်ရှင်းရေးမလုပ်ရသေးဘဲ ချီပါက မျက်နှာလေးနီရဲကာ လပ်ပိစိလေးတွေနဲ့ရိုက်တတ်သည်။

အခုလည်း ထယ်ယောင်းက အိပ်ရာနိုးနိုးချင်း ကောက်နမ်းလိုက်တာကြောင့် အလှကြိုက်တဲ့သမီးငယ်က ထယ်ယောင်းကို စိတ်တိုနေတာပင်...မျက်လုံးဝိုင်းကြီးတွေနဲ့ စူးစူးရှရှကြည့်လာပြီး လက်သီးဆုပ်လေးတွေနဲ့ ရိုက်လာတာကြောင့် ထယ်ယောင်း အသည်းယားမိသည်။

" အား!.. နာလိုက်တာကွာ... အာ့.!.. သေပြီထင်ပါတယ်... အား..! ကယ်ကြပါအုံးဗျ.. "

ထယ်ယောင်းက သမီးရဲ့ ရိုက်ချက်တွေကို မရှောင်ဘဲ ပိုပိုသာသာလေးသရုပ်ဆောင်လိုက်တော့ မျက်နှာလေးခက်ထန်နေတဲ့သမီးက ရယ်လာသည်။

" ကြည့်..!. ဒယ်ဒီ့ကို နှိပ်စက်ရလို့ ပျော်နေတာ..ဟုတ်လား..သဘောကျနေတာပေါ့.."

ထယ်ယောင်းက သူ့ပါးပါးလို လုံးနေတဲ့ခေါင်းလေးကို ပွတ်ပြီးပြောလိုက်တော့ သွားပိစိလေးနှစ်ချောင်းပေါ်အောင် ရယ်နေတဲ့သမီးငယ်..

" ပါးပါးရော..နူးနူး.."

ထယ်ယောင်း ကိုကို့ကိုမတွေ့တာကြောင့် နူးနူးလေးကိုမေးလိုက်တော့သူ့ကို ပြူးကြောင်ကြောင်လေးမော့ကြည့်လာတဲ့ သမီးငယ်...ပါးစပ်မှာ လည်း သရေလေးတွေကျနေပြီးမော့ကြည့်နေပုံက အသည်းယားပြီးဖျစ်ညစ်ပစ်စရာကောင်းလှသည်။


" နူးနူးနော်..ဒယ်ဒီ အရမ်းအသည်းတွေယားလာပြီကွာ...မွ!...မွ!.."

သူကနမ်းတော့ ခေါင်းလေးရှောင်ရှောင်ပြီးနှာလေးရှုံ့ကာရယ်နေတဲ့သမီးငယ်..

" ကျွီ~.."

သမီးနဲ့ကျီစယ်ရင်း..တံခါးဖွင့်သံကြောင့် သူကြည့်လိုက်တော့ အဖြူရောင် တီရှပ်ပေါ်မှာ အဖြူရောင်ကုတ်လေးဝတ်ထားပြီးဆံပင်လေးတွေရှေ့ကွဲထားကာ ပြုံးပြလာတဲ့ကိုကို..အခန်းထဲနေမင်းကြီးရောက်လာသလိုပင်..နုနုနယ်နယ်လေးနဲ့ အရမ်းချစ်ဖို့ကောင်းကာ ကလေးအဖေလို့ ဘယ်သူကထင်မှာလဲ..ရင်ခွင်ထဲကသမီးရဲ့အလှတွေကလည်း ကိုကို့ရဲ့အလှလိုဖြစ်နေတာကြောင့် ထယ်ယောင်း သားအဖနှစ်ယောက်ကိုကြည့်ပြီး သက်ပြင်းသာချလိုက်မိသည်။


*ဒီ သားအဖနှစ်ယောက်ရဲ့ချောပုံကြောင့် ထယ်ယောင်းတို့ တစ်နေ့‌တစ်နေ့ အူတိုရင်း သေမှာဘဲ..*

ပါးပါးကလှ သမီးကချစ်ဖို့ကောင်းနေတာ ဒီလိုပုံစံနဲ့အပြင်ထွက်ရင်..ထယ်ယောင်း သေနတ်ကိုင်သွားရလောက်တယ်..ဒီနေ့အပြင်သွားမဲ့ အစီစဉ်တောင်ဖျက်လိုက်ချင်သည်။

*~.မောင်..ရေသွားချိုးတော့လေ...ခဏနေ သွားကြမယ်..မနက်စာလည်း အပြင်မှာစားကြမယ်နော်..~*

" အွန်း.. Morning kiss ကိုကို.."

ကိုကိုက စာရေးပြပြီးပြင်ဆင်ခိုင်းနေဝာာကြောင့် ထယ်ယောင်း အင်တင်တင်နဲ့ဘဲ ကိုကို့ရဲ့ပါးဖောင်းဖောင်းလေးတစ်ဖက်ကို နမ်းပြီး ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။

~

~

~

~

Good night ပါသဲငယ်လေးတို့😘💜💜💜💜💜💜💜

Thanks for votes, feedback and comment.

I Love my readers forever ❤️

I PURPLE YOUR 💜


______________________________________


# Zawgyi #


























" သမီး!.. "









~

~

~

*~.ကိုကို...သမီးလေးရော.~*





*~.ကိုကို....မနက်ကျရင် မောင်တို့ သမီးလေးနဲ့ တိရိစ်ဆာန်ဥယျာဉ်သွားကြမယ်.~*


*~.သမီးလေးလည်း အပြင်ကိုမရောက်ဘူးသေးဘူးလေ..ပြီးတော့ အခုရက်ပိုင်းသမီးလေးက...တိရိစ်ဆာန်အရုပ်လေးတွေကိုပိုပြီးသဘောကျနေတယ်လေ..အဲ့ဒါ မောင်တို့ တိရိစ်ဆာန်ဥယျာဉ်လိုက်ပို့ပေးရအောင်.~*














~

~

~










" ပါးပါးရော..နူးနူး.."





" ကျွီ~.."








~

~

~

~




I PURPLE YOUR 💜

Continue Reading

You'll Also Like

1.5M 128K 62
RATHOD In a broken family, every person suffers from his insecurities and guilt. Successful in every field but a big failure when it comes to emotio...
188K 10.5K 34
Jeon and Kim( warning fic 🚨)
KASHI By stuckinatale

General Fiction

395K 19.8K 42
"So, Mrs. Kashi Abhay Pratap Singh..chalte hai. Goodbye..". Saying this, he left her broken in this world of betrayal. ~~~~~~~~~~ Kashi, a simple gir...
483K 8.2K 132
✨New wdw Imagine book {DM me requests}