ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

Od Dandelion_nini

41.6K 5.8K 488

ဝေ့ဝေ့ Extra ( 68 parts only ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seekin... Více

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6

Chapter 7

6.9K 794 125
Od Dandelion_nini

Unicode

ဝေ့ရွှင်း ဝေ့လန်ကို ပွေ့ခေါ်သွားတယ်
____________________________

ဝေ့လန်ကလည်း ရေးမယ်လို့ပြောလိုက်တာနဲ့ ပြောထားတဲ့အတိုင်း တကယ်လုပ်တတ်သည့်ကလေးဖြစ်တာကြောင့် နောက်တစ်နေ့မှာ ဝေ့ရွှင်းနာမည်ကို တကယ်ကြီး အခေါက်၁၀၀ချရေးလာခဲ့သည်။ သူက ထိုစကားလုံးနှစ်လုံးကို သေချာလေး အလေးအနက်ထားပြီး အရေးကျင့်နေခဲ့ခြင်းဖြစ်တာကြောင့် ဝေ့ရွှင်းကိုယ်တိုင် '' ဝေ့ရွှင်း ''ဟု ရေးပေးလိုက်သည့် စာမျက်နှာတွေကတောင် သူ့အတွက် မလုံလောက်ခဲ့ပေ။ ထို့ကြောင့် ယွမ်ရှောင်ဖန့်ရဲ့လက်ရေးလှကျင့်စာအုပ်ထဲက စာရွက်အချို့ကို ဖြဲပြီး ယူကျင့်ပစ်သည်အထိ ကြိုးစားခဲ့လေသည်။ အခေါက်တစ်ရာကျော်ရေးအပြီးမှာတော့ ဝေ့ရွှင်းဆိုသည့်စကားလုံးနှစ်လုံးကို တော်တော်လေးလှအောင်ရေးနိုင်ခဲ့ပြီဖြစ်ကာ ရုတ်တရက်သာကြည့်လိုက်လျှင် ဝေ့ရွှင်းလက်ရေးများနှင့် နင်လားငါလားပေ။

တဖက်လူ၏ကြိုးစားမှုအပေါ် အနည်းငယ်အံ့အားသင့်သွားသည့် ဝေ့ရွှင်းကတော့ စိတ်ထဲတွင်လည်း အနည်းငယ်ပျော်နေမိလေသည်။ သို့သော် သူက မျက်နှာပေါ်မှာ ဘာမှမထုတ်ပြလာပဲ အရင်လိုပဲ ဝေ့လန်ဖတ်စာအုပ်ထဲက စကားလုံးတွေကို ထုတ်ပြီး စာအုပ်ထဲချရေးလိုက်ကာ ဝေ့လန်ကို သူ့လက်ရေးအတိုင်း လက်ရေးလှကျင့်ခိုင်းနေဆဲပင်။

အရင်တစ်ခါက်ဖြစ်သွားသည့် သဘောတူညီချက်သုံးချက်ကြောင့် ဝေ့ရွှင်းနဲ့ဝေ့လန်တို့ ဖုန်းနံပါတ်လဲဖြစ်သွားကြသည်။ ဝေ့ရွှင်းဖုန်းနံပါတ်ရသွားသည့်ဝေ့လန်ကတော့ ကစားစရာအသစ်တစ်ခုရသွားသလိုပါပဲ တစ်နေ့၊တစ်နေ့ ဝေ့ရွှင်းဆီ စာပို့လိုက်၊ဖုန်းခေါ်လိုက်ဖြင့် အလုပ်ရှုပ်နေတော့သည်။ သူဟာ ဝေ့ရွှင်းသူ့အတွက် ချမှတ်ထားသည့် စည်းကမ်းသုံးချက်ကို လည်း တကယ်လိုက်နာခဲ့သည်။ နေ့တိုင်း လာဖြစ်,မလာဖြစ်ဖုန်းကြိုဆက်ပေးကာ၊ အားနေတဲ့အချိန်တွေ၊ ပျင်းနေတဲ့အချိန်တွေတိုင်းမှာလည်း ဘယ်သွားတယ်၊ဘာလုပ်တယ်၊ဘာစားတယ်ကအစ သံတော်ဦးလှမ်း,လှမ်းတင်လေသည်။

ဝေ့ရွှင်းကတော့ စာသင်ချိန်များကြောင့် ဝေ့လန်ဘက်ကလာသည့်ဖုန်းကို တခါတလေပြန်မကိုင်နိုင်ခဲ့။ တနေ့ ဝေ့လန်က ဖုန်းမကိုင်ရသည့်အကြောင်းအရင်းကိုမေးပြီး အဖြေသိသွားသည့်အခါ နောက်ပိုင်း စာတွေပဲပို့တော့သည်။ စာသင်တဲ့အချိန်ဖြစ်ပါစေ၊ စာမသင်တဲ့အချိန်ဖြစ်ပါစေ ဝေ့ရွှင်းရဲ့ဟန်းဖုန်းက messageဝင်သံကြောင့် တစ်ချိန်လုံးတုန်ခါနေမည်ဖြစ်ပြီး ဖုန်းဖွင့်ကြည့်လိုက်တာနဲ့ ဝေ့လန်ဘက်က ပို့ထားသည့် messageများကလည်း message boxထဲပြည့်နှက်နေလိမ့်မည်။ အကြောင်းအရာတွေကတော့ သူ လက်ရေးလှကျင့်နေတာ ဘယ်လောက်တိုးတက်လာပြီတို့၊ နေ့လည်စာကို သူ ဘာနဲ့ဘာစားတယ်တို့၊ ဝေ့ရွှင်းရော ဘာတွေစားလဲတို့ စသည် စသည်........ တချက်လောက် ကိုယ့်ကိုယ်ကိုယ်လည်း အနားလေးပြန်ပေးကြည့်ပါဦး။

တစ်ခါတလေ ဝေ့ရွှင်းကစာပြန်လိမ့်မည်။ တစ်ခါတလေလည်း မပြန်ဖြစ်ပါ။ သို့သော် ဝေ့လန်က စာကိုမဖြစ်မနေပြန်ပေးဖို့ အတင်းတွန်းအားပေးမည့်ကလေးမျိုးမဟုတ်တာကြောင့် တကယ်လို့ ဝေ့ရွှင်းဘက်က စာပြန်လာလျှင် ဝေ့လန်ကလည်း စာတွေဆက်ပို့ပြီး စကားတွေဆက်ပြောနေလိမ့်မည်။ တကယ်လို့ စာမပြန်လာလျှင် ဝေ့လန်လည်း ထိုအချိန်အပိုင်းအခြားအတွင်း ဘာမှဆက်ပို့တော့မည်မဟုတ်ပါ။

ခေါင်းငိုက်စိုက်ဖြင့် ဖုန်းကိုငုံ့ကြည့်နေပြီး မကြာမကြာစာပါရိုက်,ရိုက်နေသော ဝေ့ရွှင်းကို လင်ရှီးကျယ် ဂလယ်အူကြောင်လေးကြည့်လိုက်ကာ

'' ဘာတွေလုပ်နေတာလဲ ဒီရက်ပိုင်းအပြင်ထွက်ပြီးသွားဆော့ကြမလား ''

'' မသွားဘူး '' ဝေ့ရွှင်းက လိုရင်းတိုရှင်းပဲပြန်ဖြေလိုက်သည်။

(T/N: ဘယ်လောက်လိုရင်းတိုရှင်းသလဲဆို Rawမှာ 不(ပု)တစ်လုံးထဲပြန်ဖြေတာပါ)

'' မင်းဒီနှစ်လမှာ ပိုပိုပြီး တရားပေါက်လာတယ်လို့မခံစားရဘူးလား* ငါတို့ဘာလုပ်လုပ် ဘယ်မှမလိုက်ဘူး ''

(T/N: မူရင်းမှာက 清心寡欲(ချင်းရှင်းကွာယွိ) စိတ်နှလုံးကိုဖြူစင်သန့်ရှင်းအောင်ထားပြီး အလိုဆန္ဒပိုပိုနည်းလာတယ်လို့ ရေးထားတာပါ အဲ့ဒါက ဘုန်းကြီးတွေ၊တရားကျင့်ကြံတဲ့လူတွေကိုရည်ညွှန်းပါတယ် )

'' အင်း ''

'' အင်းနိုင်သေးတယ်!!! '' လင်ရှီးကျယ်မှာ ဒီလူ့အပေါ် ဒီ့ထပ်ပိုပြီးဒေါသမထွက်နိုင်တော့ဘူးဟုတောင် ခံစားနေရသည်။ '' မင်း အိမ်မှာလည်း လုပ်စရာဘာမှမရှိတာ တစ်ခေါက်လောက် အပြင်လေးဘာလေးထွက်ပြီး ဆော့ရအောင်လေ လူတိုင်းကို မျက်နှာလောက်တော့လာပြပါဦး ''

ဝေ့ရွှင်း ဝေ့လန်ဆီ replyပြန်ပြီးနောက်မှာတော့ သူ လင်ရှီးကျယ်ကိုပြန်ကြည့်လိုက်ကာ

'' သွားမှဖြစ်မှာလား ''

'' သွားကိုသွားရမယ်လို့တော့ မဆိုလိုပါဘူး ''

ဝေ့ရွှင်းက သူတို့အဖွဲ့ထဲမှာ အရေးပါအရာရောက်သည့်လူတစ်ယောက်ဟု ဆိုနိုင်ပေမဲ့လည်း တဖက်လူက စကားနည်းပြီး ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီးမနေတတ်တာကြောင့် လူတိုင်းက သူ့ရဲ့သီးသန့်ဆန်သည့်စိတ်နေစိတ်ထားဖြင့် အသားကျနေကြပြီဖြစ်သည်။ ထို့ကြောင့် အခုလိုမျိုး လူစုံစုပြီး လျှောက်သွားတာတွေ၊ ချိန်းဆိုပွဲတွေ၊ ပါတီပွဲတွေရှိလာလျှင် တဖက်လူကို မရောက်,ရောက်အောင်လာဖို့ တစ်ခါမှတွန်းအားမပေးခဲ့ပါ။

လင်ရှီးကျယ်ဆီကနေ မလာလည်းရတယ်ဆိုသည့်အဖြေလည်းထွက်လာရော ဝေ့လန်ရဲ့စာကလည်း'တင်'ဆိုပြီးဝင်လာတာကြောင့် သူ ခေါင်းပြန်ငုံ့သွားကာ ဝေ့လန်ကိုသာစာဆက်ပြန်နေလိုက်သည်။

လင်ရှီးကျယ်လည်း ဝေ့ရွှင်းရဲ့ဖုန်းကို လှမ်း,လှမ်းကြည့်နေပြီး ဘယ်သူနဲ့ပြောနေတာလဲ ဘာတွေပြောနေကြတာလဲဆိုတာကို သေလောက်အောင်သိချင်နေလေသည်။ စာစ,စဝင်လာချိန်တုန်းကဆို ဝေ့ရွှင်းက စာပို့ရတာမကြိုက်ဘူးဆိုတာကို မသိဘူးလား၊ တစ်''တင်'' ''တင်''နဲ့ အဆက်မပြတ်ပို့နေတာ၊ ဘာတွေများဒီလောက်အရေးကြီးနေလို့ ဖုန်းနဲ့တောင်ဆက်မပြောနိုင်ရတာလဲဟု တွေးခဲ့မိသေးသည်။ သို့သော် ဝေ့ရွှင်းက ဖုန်းကိုကြည့်ပြီး စာတွေပြန်နေတာကို မြင်လိုက်ရချိန်မှာတော့ ဒီနေ့မှ ဘာလို့ဒီလောက်တောင် စိတ်အခြေအနေကောင်းနေရတာလဲ??? သုံးလေးငါးခုကို တစ်ခုချင်းစီသေချာထိုင်ပြန်နေတယ်??? ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့ စိတ်ရှည်သည်းခံမှုတွေ ပြန်ရောက်လာပြီလား?? ပုံမှန်ဝေ့ရွှင်းသာဆို အရင်လိုပဲ ဘယ်သူပို့တာလဲကြည့်ပြီးတာနဲ့ ဖုန်းကို ဘောင်းဘီအိတ်ထဲ ပြန်ထိုးထည့်လိုက်ရမှာမဟုတ်ဘူးလား???

ဝေ့ရွှင်းက တနေ့တခြား ပိုပိုထူးဆန်းလာတာကြောင့် သူ မေးခွန်းအချို့မေးကြည့်ဖို့ပြင်လိုက်စဥ်မှာတင် အတန်းတက်ခေါင်းလောင်းသံကိုကြားလိုက်ရသဖြင့် မတတ်နိုင်သည့်အဆုံး ကိုယ့်ခုံကိုယ်ပြန်ပြီး နောက်အတန်းတက်ဖို့အတွက်ပြင်ဆင်လိုက်ရသည်။

နောက်တစ်ပတ်မှာတော့ ဝေ့လန်လေးက ဝေ့ရွှင်းရဲ့စာကြည့်ခန်းထဲဝင်ခအဖြစ် ဝက်ဝံရုပ်အကြီးကြီးကိုပေးလာပြန်သည်။ ဝက်ဝံရုပ်ကြီးကဘယ်လောက်ကြီးလိုက်သလဲဆို ဝေ့လန်ထက်တောင်ပိုကြီးနေသေးသည်။ ကလေးက ဝက်ဝံရုပ်ကိုမနိုင်တနိုင်ဖက်ထားတဲ့အတွက် သူ့ကိုယ်လုံးကို ရှေ့ကဝက်ဝံရုပ်ကြီးကကွယ်နေပြီး ပျော်ရွှင်တက်ကြွသည့် အသံလွင်လွင်ကိုသာ အရင်ကြားရလိမ့်မည်။

'' ဒါ ခင်ဗျားကိုပေးမယ် ဒီနေ့တော့သူ့အလှည့်ပဲ ''

ဝေ့ရွှင်းဟာ ငယ်ငယ်လေးကတည်းက ဒီလိုမျိုးအမွေးပွအရုပ်တွေကို စိတ်မဝင်စားတာကြောင့် ဝေ့လန်ထက်ခေါင်းတစ်လုံးပိုမြင့်နေသည့် ဝက်ဝံရုပ်ကြီးကိုကြည့်ပြီး ကူကယ်ရာမဲ့နေသောလေသံဖြင့်

'' ငါကသူ့ကို​ယူပြီးဘာလုပ်ရမှာလဲ ''

'' ဘာမှမလုပ်ရဘူးလေ သူ့အလှည့်ကိုက ဒီနေ့ဖြစ်နေလို့ '' ဝေ့လန်က ရှင်းပြလာခဲ့သည်။ '' ကျွန်တော့်ဆီကျန်တဲ့အရုပ်တွေထဲမှာ သူ့ကိုအကြိုက်ဆုံးပဲ ''

'' ဒါဆိုလည်း ငါသူ့ကိုမင်းဆီပြန်ပေးလိုက်မယ် မင်းပြန်ယူသွား ''

ဝေ့လန်လည်း သူ့အရပ်ထက်ကျော်သည့် ဝက်ဝံကြီးနောက်ကနေ ခေါင်းလေး မရရအောင် တိုးထွက်လာလာကာ အနည်းငယ်ခပ်ချွဲချွဲလေသံဖြင့်

'' အဲ့လိုမလုပ်ပါနဲ့ ဒီဝက်ဝံရုပ်ကကျွန်တော်အကြိုက်ဆုံးအရုပ်လေဗျာ ဒီတိုင်းလက်ခံလိုက်ပါ~ ''

ဝေ့လန် ထိုသို့ပြုမူလာတာကိုမြင်တော့ သူလည်းရွေးချယ်စရာမရှိတော့တာကြောင့် ဝေ့လန်လက်ထဲက ဝက်ဝံရုပ်ကြီးကိုလှမ်းယူလိုက်ကာ ထိုအရုပ်ကြီးကိုသယ်ပြီး အပေါ်ထပ်တက်သွားသည်။ ဝေ့လန်လည်း ဝေ့ရွှင်းနောက်အတင်ပြေးလိုက်လာပြီး ဝက်ဝံရုပ်ကြီးကို သူစာလုပ်နေကျစားပွဲခုံဝိုင်းလေးဘေး ချထားလိုက်တာကို မြင်လိုက်ရသည်။

'' မင်းနဲ့အတူတူအိမ်စာလုပ်လို့ရအောင် သူ့ကိုဒီမှာထားလိုက်မယ် အဆင်ပြေလား ''

ဝေ့လန်ကလည်း ခေါင်းလေးငြိမ့်ပြရင်း

''အဆင်ပြေတယ် အဆင်ပြေတယ် ခင်ဗျားလက်ခံထားရင်ကိုရပြီ ''

ဝေ့ရွှင်း သူ့စာကြည့်ခန်းနှင့်မလိုက်ဖက်သည့် အမွေးပွဝက်ဝံရုပ်ကြီးကိုကြည့်ပြီး ဒါကြီးကတော့ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် လွှတ်ကိုလွှတ်ပစ်မှဖြစ်မည်ဟု တွေးလိုက်သည်။ သို့သော် ခုနကလေးတင် ထိုအရုပ်ကိုလက်ခံပေးဖို့ အတင်းတောင်းဆိုနေသည့် ကလေးသံခပ်ချွဲချွဲလေးအား ပြန်ကြားယောင်လာသည့်အခါ သံသယဝင်စရာမလိုလောက်အောင်ပဲ သူသာ ဒီအရုပ်ကိုအခုချက်ချင်းလွှတ်ပစ်လိုက်လျှင် ဝေ့လန်က စိတ်ဆိုးတကြီးပြေးကောက်ပြီး ဒေါသတလူလူဖြင့်အိမ်ပြန်သွားလောက်မည်ဖြစ်ကာ သူ့ကိုပါစိတ်ကောက်သွားနိုင်သည်။

သူ ဝေ့လန်အကြောင်းကို တော်တော်လေးနားလည်နေပြီပဲ။

ဝေ့လန်လည်း စားပွဲခုံဝိုင်းလေးဘေး ချထားသည့် ဝက်ဝံရုပ်ကြီးကိုမြင်တော့ သူ ဝေ့ရွှင်းကိုပေးထားသည့် အရင်အရုပ်တွေကိုပါသတိရသွားတာကြောင့် သိချင်စိတ်ဖြင့် စပ်စပ်စုစုမေးလာခဲ့သည်။

'' ကောကော ကျွန်တော်အရင်ကပေးထားတဲ့အရုပ်တွေရော ဘယ်နားထား,ထားလဲ ''

ထိုမေးခွန်းကြားတာနဲ့ ဝေ့ရွှင်းက တမင်လုပ်ဖြေလာသည်။

'' လွှတ်ပစ်လိုက်ပြီ ''

ဝေ့လန်မှာ မယုံရဲသည့်လေသံလေးဖြင့်

'' လွှတ်ပစ်လိုက်ပြီ!? ''

'' ငါ့ကိုကြည့်ရတာ အဲ့လိုအရုပ်တွေကို ကြိုက်မဲ့ပုံစံမျိုးပေါ်နေလို့လား ''

ဝေ့လန် ဒေါသတွေစထွက်လာကာ

'' အဲ့လိုဆိုတိုင်းလည်း လွှတ်ပစ်လိုက်လို့မရဘူးလေ! ''

'' ဒါပေမဲ့ အဲ့တုန်းကလည်း သိမ်းထားပါ့မယ်လို့ မပြောဖူးဘူးလေ ''

ထိုစကားကလည်း မှန်နေလေသည်။ ပြန်စဥ်းစားကြည့်လိုက်ပါက သူပေးသမျှအရုပ်တွေတိုင်းကို လက်ခံဖို့ငြင်းဆန်ခဲ့သူမှာ ဝေ့ရွှင်းဖြစ်ပြီး သူ့ဘက်ကသာ ဇွဲရှိရှိဖြင့် လှေကားထိပ်မှာအမြဲတင်,တင်ထားခဲ့ခြင်းဖြစ်သည်။ နောက်နေ့ နောက်အရုပ်တွေထပ်ထားဖို့ ထားနေကျနေရာကိုသွားကြည့်လိုက်တာနဲ့ အရင်အရုပ်တွေကမရှိတော့တာကြောင့် ဝေ့ရွှင်းက သူပေးတာကိုလက်ခံပြီး သိမ်းထားတာဖြစ်မည်ဟု ယူဆလိုက်သော်ငြား သူပေးသမျှအကုန်လုံးကို လွှတ်ပစ်လိုက်တယ်တဲ့လား။

ဝေ့ရွှင်းက သူပေးထားသည့်အရုပ်တွေကို အမှိုက်ပုံးထဲထည့်ပစ်လိုက်သည်ဟု စိတ်ကူးကြည့်လိုက်တိုင်း ရင်တွေနာပြီး စိတ်ပျက်ဝမ်းနည်းလာခဲ့သည်။ သေချာထပ်စဥ်းစားကြည့်လိုက်လျှင် ဝေ့ရွှင်းက သူ့အရုပ်လေးတွေကို တချက်လေးတောင်စောင်းငဲ့ကြည့်ခဲ့မဲ့ပုံမပေါ်ပါ။ အန်တီဝမ်က သန့်ရှင်းရေးလုပ်နေရင်း လှေကားထိပ်က အရုပ်သေးသေးလေးတွေကိုတွေ့သည်အခါ ဒါလေးတွေကို ဘာလုပ်လိုက်ရမလဲဟု သွားမေးနိုင်သည်။ ထိုအချိန်ကျ ဝေ့ရွှင်းက ဒီတိုင်းလွှတ်ပစ်လိုက်ပါ ဟု ပြန်ဖြေလောက်သည်။ ထိုအခါ သူ့ရဲ့အဖိုးတန်အရုပ်လေးတွေက အမှိုက်ပုံးထဲရောက်သွားပြီး တခြားအမှိုက်တွေနဲ့အတူတူ စွန့်ပစ်ခံလိုက်ရနိုင်သည်။ သူ အရမ်းနောင်တရမိသွားသည်။ သူအစကတည်းက ဝေ့ရွှင်းကို ဒီအရုပ်တွေမပေးခဲ့သင့်ဘူး။ သူအကြိုက်ဆုံးတွေကိုမှ ရွေးပြီးပေးထားတာလေ! ဒါပေမဲ့ ဝေ့ရွှင်းမျက်လုံးထဲမှာကျ အားလုံးကအမှိုက်နဲ့မခြားပါလား။

ဝေ့လန် ဘာမှထပ်မပြောတော့ပဲ ထိုနေရာကနေ ချာခနဲလှည့်ထွက်လာကာ ခေါင်းငိုက်စိုက်ဖြင့် အိမ်ပြန်ဖို့ပြင်လိုက်သည်။

'' မင်း ဘာဖြစ်သွားတာလဲ ဘယ်ကိုသွားမလို့လဲ ''

ယွီလင်အိမ်ကနေ ပြန်ရောက်လာတာနဲ့ လွယ်အိတ်တောင်မချွတ်နိုင်သေးခင် အိမ်ကိုဝက်ဝံရုပ်အပြေးပြန်ယူပြီး ကားမောင်းတဲ့ဦးလေးကြီးကို ဝေ့ရွှင်းတို့အိမ် ပြန်လိုက်ပို့ပေးဖို့ပူဆာခဲ့သည်။ ဒီအိမ်ရောက်လာတော့လည်း ဝေ့ရွှင်းလက်ထဲ သူအကြိုက်ဆုံးဝက်ဝံရုပ်ကြီးကို ထည့်ပေးလိုက်ကာ ဝေ့ရွှင်းနောက်ကို ကြည်လင်နေသည့်စိတ်အဟုန်ဖြင့်လိုက်လာပြီး သူ့အရုပ်လေး သူ့စာရေးနေကျစားပွဲခုံဘေးအထားခံလိုက်ရတာကိုမြင်တော့ အင်မတန်ကိုမှ ကြည်နူးနေခဲ့လေသည်။ အိမ်စာရေးပြီးရင်တော့ ဝက်ဝံကြီးကိုမှီပြီး ရုပ်ပြစာအုပ်တွေထိုင်ဖတ်ဦးမှပဲဟု တွေးနေခဲ့ခြင်းဖြစ်ကာ အခုတော့ အိမ်ပဲပြန်ချင်တော့သည်။

'' အိမ်ပြန်တော့မယ် '' သူပြန်ဖြေသည့်လေသံမှာ ခပ်တိုးတိုး။

'' စိတ်ဆိုးသွားတာလား ''

ဝေ့လန်က ပြန်မဖြေပါ။

ဝေ့ရွှင်းစိတ်ထဲမှာတော့ သူတွေးထားတဲ့ပုံစံနဲ့ တစ်ပုံစံထဲပဲဟု မှတ်ချက်ချနေခဲ့သည်။

ဝေ့ရွှင်း စာကြည့်ခန်းထဲကနေ လှည့်ထွက်သွားသော ဝေ့လန်ကိုကြည့်နေလိုက်ကာ မနေနိုင်သည့်အဆုံး

'' တော်ပြီ စိတ်မဆိုးနဲ့တော့ ပြန်လာခဲ့ ''

သို့သော် ဝေ့လန်က သူပြောတာကို မကြားလိုက်သလိုမျိုး လျစ်လျူရှုထားပြီး ခြေထောက်က အခန်းအပြင်ကိုတောင်ရောက်ပြီးနေပြီဖြစ်သည်။

တကယ့်ကို ခေါင်းမာတဲ့ကလေးပဲဟု တွေးရင်း သူ ဝေ့လန်နောက်ကိုအတင်းပြေးလိုက်သွားကာ နောက်ကနေ ပုခုံးကိုလှမ်းကိုင်ပြီး တဖက်လူရှေ့သွားရပ်လိုက်တော့ ဝေ့လန်က ဝေ့ရွှင်းကို မော့ပင်ကြည့်မလာပဲ ခေါင်းကိုငုံ့မြဲငုံထားဆဲပင်။

'' ဒါက ငါနဲ့ စိတ်ကောက်နေတယ်ဆိုတဲ့သဘောလား ''

ဝေ့လန်က ပြန်မဖြေပါ။

'' ဟုတ်ပါပြီ စိတ်မဆိုးနဲ့တော့ ငါ မင်းကိုပြစရာရှိတယ် ''

ဝေ့ရွှင်းက ထိုသို့ပြောပြီး ဝေ့လန်လက်ကိုဆွဲကာ စာကြည့်ခန်းထဲပြန်ဝင်ဖို့ပြင်လိုက်ပေမဲ့လည်း ဝေ့လန်ကတစက်ကလေးတောင်ရွေ့မလာပါ။

သူ နောက်ကိုပြန်လှည့်ကြည့်လိုက်တော့ တဖက်ကခေါင်းကြီးငုံ့ထားပြီး သူနဲ့ပြန်လိုက်လာဖို့ကို ခေါင်းမာမှုအပြည့်ဖြင့် ငြင်းဆန်နေတာကြောင့် ဝေ့ရွှင်းရဲ့ မျက်ခုံးများပိုကြုံ့လာပြီး အသံကိုပုံမှန်ထက်ပိုနှိိမ့်ရင်း

'' ဝေ့လန် တခြားလူတွေ ငါ့အပေါ် စိတ်ဆိုးစိတ်ကောက်လုပ်နေတာမျိုးတွေ မကြိုက်ဘူး ''

နောက်ဆုံးမှာတော့ ဝေ့လန်က ဝေ့ရွှင်းကို မော့ကြည့်ချင်စိတ်ရှိလာသည်။ တဖက်လူကို နောင်တ၊ဒေါသ၊အပြစ်တင်လိုစိတ်များပြည့်နေသော မျက်ဝန်းတစ်စုံဖြင့် စေ့စေ့ကြည့်ရင်း အတင်းစေ့ပိတ်ထားရလို့ ဖြူဖျော့​နေသည့်နှုတ်ခမ်းတစ်စုံကနေ

'' ဝေ့ရွှင်း ငါကလည်း တခြားလူတွေ ငါပေးထားတဲ့ပစ္စည်းကို တန်ဖိုးမထားတာမျိုးတွေမကြိုက်ဘူး ''

သူဟာ ဝေ့ရွှင်းကို မကျေနပ်ချက်တွေဖိတ်လျှံကျနေသည့် မျက်ဝန်းတစ်စုံနှင့် သေချာကြည့်နေလိုက်ကာ သိပ်ကိုမှခက်ထန်လှသည့်လေသံဖြင့်

'' မင်း ငါ့ပစ္စည်းတွေကိုအလေးမထားတဲ့အတွက် နောက်တစ်ခါ ငါ မင်းကို ဘာမှမပေးတော့ဘူး ဝက်ဝံရုပ်ကတော့ ပေးထားပြီးသားမို့လို့ ငါ ပြန်မယူသွားဘူး ဒါပေမဲ့ ငါ မင်းကိုဘာမှထပ်ပေးမှာမဟုတ်တော့ဘူး ''

သူ ထိုသို့ပြောပြီးတာနဲ့ ဝေ့ရွှင်းက သူ့လက်ကိုဆွဲထားဆဲဖြစ်တာကြောင့် ရုန်းဖယ်ဖို့ပြင်လိုက်ပေမဲ့လည်း တဖက်လူကမလွှတ်ပေးလာတာကိုမြင်တော့ ဝေ့ရွှင်းလက်ကိုကိုင်ပြီး အတင်းဆွဲခွာနေသည်။

ဝေ့ရွှင်းကလည်း သူ့လက်ကို မလွှတ်ပေးလာပဲ မြဲမြဲမြံမြံကိုင်ဆွဲထားသည်။ ထို့ကြောင့် ဝေ့လန်လည်းဒေါသတွေထွက်လာကာ

'' လက်ကိုလွှတ်! ငါအိမ်ပြန်မှာ! ''

ဝေ့ရွှင်း ကလေးမျက်လုံးထဲက ခေါင်းမာမှုတွေကိုကြည့်ပြီး ဘာစကားမှမထွက်လာနိုင်တော့ပေ။ သူအခုတော့ ကိုယ်မတဲ့ကျောက်တုံး ကိုယ့်ခြေထောက်ကိုပြန်ပိသည့် ခံစားချက်မျိုးကိုခံစားဖူးပြီးသွားပြီဖြစ်သည်။ သူ အစကတော့ ဝေ့လန်ကိုစနောက်ပြီးခါမှ စိတ်ဆိုးနေတဲ့ကောင်လေးကို အံ့သြသွားအောင် လုပ်လိုက်မည်ဟုပင်။ အခုတော့ သူ့ကို စိတ်မဆိုးသွားဖို့အတွက် နောက်ကနေအတင်းလိုက်ပြီး ရှင်းပြနေရသည်။

ဝေ့ရွှင်းလည်း ဘယ်လိုရေစက်တွေကြောင့် ဒီသဘာဝရန်သူလေးနဲ့ ဆုံတွေ့ခဲ့ရမှန်း နားမလည်နိုင်ဖြစ်နေလေသည်။ စိတ်ကောင်းနေချိန်ဆို ဘာပြောပြောစကားနားထောင်ပြီး ဒေါသထွက်နေချိန်ဆို အင်မတန်ခေါင်းမာ၍ လက်ပေါက်ကပ်လေသည်။

တဖက်လူက သူဘာလုပ်လုပ် မလွှတ်ပေးလာတာကို မြင်တော့ ဝေ့လန်လည်း ဒေါသပိုထွက်လာခဲ့သည်။ သို့သော် သူ ဝေ့ရွှင်းနဲ့သူသေကိုယ်သေမချချင်တာကြောင့် ပါးစပ်ကပဲ ပိုအားထုတ်လိုက်ရသည်။

'' ငါ့ကိုလွှတ်! ''

ဝေ့ရွှင်းလည်း အငွေ့တလူလူထွက်သည်အထိ ဒေါသကြီးနေသော မျက်နှာသေးသေးလေးကိုကြည့်ပြီး ရိုးရှင်းစွာပဲ ဆွေ့ခနဲကောက်ပွေ့လိုက်ကာ စာကြည့်ခန်းထဲပြန်ခေါ်သွားလေသည်။

ဝေ့ရွှင်းက သူ့ကို ဒီလိုမျိုးကြီးကောက်ချီလိမ့်မည်ဟု မထင်ထားတာကြောင့် ကြောင်ပေါက်လေးမှာ ရင်ခွင်ထဲကနေ အတင်းကုန်းထွက်ဖို့ ရုန်းကန်နေလေသည်။

'' မင်း နည်းနည်းလောက် ငြိမ်ငြိမ်နေစမ်းပါ ''

'' ငါ့ကိုအခုချက်ချင်းချပေး! ''

ဝေ့ရွှင်းလည်း ဒီလိုမျိုး အရေးမပါသည့်စကားတွေပြောပြီး မငြင်းခုန်ချင်တာကြောင့် ဝေ့လန်ကိုစာကြည့်ခန်းထဲပြန်ခေါ်လာလိုက်ကာ သူ့စာရေးစားပွဲနောက်က ထိုင်ခုံပေါ်မှာ ချပေးလိုက်သည်။ လက်တစ်ဖက်က ဝေ့လန်ထွက်ပြေးမှာစိုးလို့ ထိုင်ခုံပေါ်ဖင်ချတာနဲ့ ပုခုံးကိုဖိထားရပြီး ကျန်လက်တစ်ဖက်ကတော့ သူ့ရဲ့စားပွဲခုံမှာရှိနေသည့် ဒုတိယမြောက်အံဆွဲကိုဖွင့်လိုက်လေသည်။

'' ကိုယ့်ဘာသာကြည့် ''

ဝေ့လန်လည်း မြင်ပြီးပြီ။ ဝေ့ရွှင်း အံဆွဲဖွင့်လိုက်ကတည်းက အထဲမှာ ဘာတွေရှိနေမှန်း သူ မြင်ပြီးပြီဖြစ်သည် —— အံဆွဲတစ်ခုလုံး သူ ဝေ့ရွှင်းကိုပေးထားသည့် ကစားစရာအရုပ်များနှင့်သာပြည့်နှက်နေခဲ့သည်။

ဝေ့ရွှင်းက သူ့လက်ကိုဆွဲယူပြီး တတိယမြောက်အံဆွဲကို အတူတူဆွဲဖွင့်လိုက်သည့်အခါ ထိုထဲတွင်လည်း အပေါ်ကအံဆွဲလိုပဲ ကစားစရာအရုပ်တွေပြည့်နေလေသည်။

ဝေ့ရွှင်း စာကြည့်စားပွဲကိုမှီလိုက်ကာ တိတ်ဆိတ်နေသည့်ဝေ့လန်ကိုကြည့်ပြီး

'' ဟုတ်ပြီ ခုနက အရမ်းအိမ်ပြန်ချင်နေတာမဟုတ်ဘူးလား အခုပြန်လို့ရပြီ ''

ဝေ့လန်ကတော့ မကျေနပ်ချက်ပိစိလေး ကျန်ရှိနေသေးတာကြောင့် အရုပ်တွေဆီကနေ ဝေ့ရွှင်းဘက်အကြည့်ရောက်သွားကာ

'' ခင်ဗျား ဘာလို့ ကျွန်တော့်ကိုလိမ်ပြောရတာလဲ ''

'' ငါက ဒီတိုင်း မင်းကိုစချင်ရုံလေးပဲ ဒါပေမဲ့ဘယ်သူသိမှာလဲ ဒေါသထွက်လာတာနဲ့ ဒီလောက်အထိခေါင်းမာပြီး လက်ပေါက်ကပ်လိမ့်မယ်လို့ ''

'' ကျွန်တော့်ကို ဘာလို့ဒီလိုကိစ္စမျိုးနဲ့ပတ်သက်ပြီး စနောက်ချင်ရတာလဲ '' ဝေ့လန်ကလည်း ဒါတွေနဲ့ပတ်သက်ပြီးအစခံရတာကို မကြိုက်သည့်အကြောင်း ပြင်းပြင်းထန်ထန်တုံ့ပြန်လာသည်။ '' တကယ်လို့ ခင်ဗျားရေးပေးလိုက်တဲ့ လက်ရေးလှစာအုပ်တွေကို တစ်လုံးမှမရေးပဲ အကုန်လွှတ်ပစ်လိုက်တယ်လို့ပြောရင်ရော ခင်ဗျားပျော်မှာလား ကျွန်တော်က ခင်ဗျားထက် ဘယ်လောက်ပဲအသက်ငယ်ငယ်လေ ဒီလိုမျိုးကြီးကတော့ မစနောက်သင့်ဘူး ကျွန်တော်လည်း ခင်ဗျားကို ဘယ်တော့မှ ဒီလိုမျိုးစနောက်မှာမဟုတ်ဘူး ''

ဝေ့ရွှင်းထိုစကားတွေကိုနားထောင်အပြီး အခုချိန်အထိ မပျော်မရွှင်ဖြစ်နေသေးသော မျက်နှာနုနုလေးကိုမြင်လိုက်ရသည့်အခါ သူ့စိတ်ထဲတွင်လည်း အနည်းငယ်အပြစ်ရှိသလိုခံစားလိုက်ရသည်။ သူ့ကို ခေါင်းမာစွာ၊ဖြူစင်အပြစ်ကင်းစွာ ပြန်မော့ကြည့်နေသည့် ကလေးလေးရဲ့မျက်ဝန်းများကိုမြင်တော့ သူ အနည်းငယ်ငုံ့ကိုင်းလိုက်ကာ ခေါင်းလေးကိုခပ်ဖွဖွပုတ်ပေးရင်း

'' ငါ့အမှားပါ ငါ မင်းကို အဲ့လိုမျိုးမစလိုက်သင့်ဘူး မင်းကိုမပျော်ရွှင်စေချင်တဲ့သဘောနဲ့စလိုက်တာမျိုးမဟုတ်ပါဘူး စိတ်မဆိုးပါနဲ့တော့ ဟုတ်ပြီလား ''

ဝေ့ရွှင်းလည်း ဒီအသက်အရွယ်အထိ ဘယ်သူ့ကိုမှ '' ငါ့အမှားပါ '' ဟုပြောပြီး မတောင်းပန်ဖူးပေ။ သူ့အတွက်ကတော့ သက်ရှိဖြစ်ပါစေ၊ သက်မဲ့ဖြစ်ပါစေ သူ့ရဲ့တောင်းပန်စကားနှင့် မထိုက်တန်ဘူးဟုသာ ယူဆထားခဲ့သည်။ သို့သော် ဝေ့လန်မျက်လုံးထဲက ဝမ်းနည်းရိပ်များကိုမြင်ရသည့်အခါ အရိုးရှင်းဆုံးစကားလုံးကိုသုံးပြီးတောင်းပန်လိုက်ခြင်းကသာ တစ်ဖက်လူ၏ဒေါသကိုပြေလျော့စေနိုင်သည်ဟု တွေးလိုက်မိလေသည်။ ထို့ကြောင့် ထိုစကားလုံးလေးလုံးက သူမသိလိုက်ခင်မှာတင် သူ့ပါးစပ်ဖျားကနေ ထွက်သွားပြီးနေပြီဖြစ်သည်။

ဝေ့လန်က ပျော်ပျော်နေတတ်သည့်ကလေးတစ်ယောက်ဖြစ်တာကြောင့် စိတ်မကြည်မသာဖြစ်ရသည့်အချိန်ကခပ်ရှားရှားပင်။ ထိုသို့ဖြစ်လာပြီဆိုလျှင်လည်း ပျော်သွားအောင်ပြန်ချော့ဖို့က အင်မတန်ကိုမှခက်ခဲလှပေသည်။ ထို့ကြောင့် ဝေ့ရွှင်းရဲ့တောင်းပန်စကားကို ကြားအပြီးမှာတော့ ပြန်ခွင့်လွှတ်လိုက်သင့်ပြီဟု တွေးနေမိသော်ငြား ဝေ့ရွှင်းစနောက်ခဲ့သည့်စကားများကို ပြန်သတိရသွားချိန်မှာတော့ စိတ်ထဲ မသက်မသာဖြစ်နေဆဲဖြစ်တာကြောင့် အရင်လိုရွှင်ရွှင်မြူးမြုးပြန်ဖြစ်ဖို့ကတော့ ခက်ခဲနေလေသည်။ သူ အိမ်ကနေ ဒီအခန်းထဲဝင်လာချိန်အထိ စိတ်အခြေအနေအလွန်ကောင်းနေခဲ့ကာ အခုများတော့ စိတ်အခြေအနေမှာ အရင်ကလောက်ကောင်းမလာတော့ပေ။

ဝေ့ရွှင်းလည်း မွေးကတည်းကနေ ဒီအသက်ဒီအရွယ်အထိ ဘယ်သူ့ကိုမှမချော့ဖူးတာ​ကြောင့် ဝေ့လန်ငြိမ်နေပြန်တာကိုမြင်တော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေလေသည်။

'' အခုထိ စိတ်မကြည်သေးဘူးလား ''

ဘာလို့စိတ်မကြည်သေးမှန်း သူတကယ်နားမလည်နိုင်ပါ။

'' မင်းအရုပ်တွေအားလုံးကိုမြင်ပြီးပြီမလား ငါတစ်ခုမှမလွှတ်ပစ်ပဲ ဒီထဲမှာ အကုန်ထည့်​သိမ်းထားတယ်လေ ပြီးတော့ နောက်ဆို အဲ့လိုမျိုးထပ်မစတော့ဘူးလို့လည်း ကတိပေးထားတယ်မလား အခုအချိန်အထိစိတ်ကောက်နေတုန်းလား ''

မသိမသာဗျာများနေသော ဝေ့ရွှင်းကို ဝေ့လန် ခွင့်လွှတ်ခြင်းတစ်ဝက်၊လျစ်လျူရှုခြင်းတစ်ဝက်ဖြင့် ပြန်မော့ကြည့်လာကာ သူကိုယ်တိုင်လည်း ဘာလုပ်ရမှန်းမသိသလိုမျိုးလေး ပါးစပ်ပိတ်နေသည်။

ထိုအမူအရာကြောင့် တစ်ခါမှစိုးရိမ်ကြောင့်ကြစိတ်မဖြစ်ဖူးသော ဝေ့ရွှင်းမှာလည်း အနည်းငယ်စိတ်ပူပန်လာကာ

'' ဝေ့လန် ငါ တစ်ခါမှ မင်းအရွယ်လောက်ရှိတဲ့ကလေးတွေနဲ့ ထိတွေ့မဆက်ဆံဖူးဘူး ဒါကြောင့် သူတို့ကိုဘယ်လိုချော့ရမယ်မှန်းလည်း ငါမသိဘူး မင်းဘာဖြစ်ချင်လဲ ဘာလုပ်ချင်လဲ ငါ့ကိုပြောပြပါ ငါ့ကို ဒီလိုလုပ်ချင်တယ် ဟိုလိုလုပ်ချင်တယ်ပြောပြမှ ငါ့ဘက်ကလည်း လိုက်ဖြည့်ဆည်းပေးလို့ရမှာပေါ့ အဲ့ဒါမှမင်းစိတ်ဆိုးပြေပြီး ဝမ်းမနည်းတော့မှာမလား ''

တဖက်က ဒီလောက်အထိ ပြောလာမှတော့ ဝေ့လန်လည်း ဒီပြဿနာအတွက် ဖြေရှင်းချက်တစ်ခုမစဥ်းစားလို့မရတော့ပေ။ သူ အလေးအနက်ထားပြီး စဥ်းစားကြည့်လိုက်ကာမှ သူ့စိတ်အခြေအနေပြန်ကောင်းလာစေမည့် နည်းလမ်းတစ်ခုကိုရှာတွေ့သွားလေသည်။

'' ကျွန်တော်တို့ အကုန်လုံးကို အစကနေပြန်စရအောင် ''

'' ဘာပြောချင်တာလဲ ''

'' ကျွန်တော်တို့ ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်လိုက်ကြမယ်လေ ကျွန်တော် ခင်ဗျားရဲ့အိမ်တံခါးကို နောက်တစ်ကြိမ်ပြန်ခေါက်မယ် ဒီအရုပ်ကိုလည်းနောက်တစ်ကြိမ်ထပ်ပေးမယ် တခြားအရုပ်တွေရော ဘယ်ရောက်သွားပြီလဲလို့ နောက်တစ်ကြိမ်ထပ်မေးမယ် ''

ဝေ့ရွှင်းလည်း ဒီလိုဖြေရှင်းချက်မျိုးကို ပထမဦးဆုံးအကြိမ်ကြားဖူးခြင်းဖြစ်ပြီး အနည်းငယ်ဆွံ့အနေခဲ့သည်။ သူတို့အရာအားလုံးကို နောက်တစ်ကြိမ် အစကနေပြန်လုပ်လိုက်တာနဲ့ အခုဖြစ်ပျက်သွားတဲ့ကိစ္စတွေအားလုံးကို မရှိတော့ဘူးလို့ ယူဆလိုက်တော့မှာလား။

ဝေ့လန်က အသံတိုးလေးဖြင့်

'' ရမလား ''

ဝေ့ရွှင်း ခေါင်းငြိမ့်ပြလိုက်သည်။ မရစရာအကြောင်းမှမရှိတာ။ တောင်းပန်စရာရှိတာလည်း တောင်းပန်ပြီးမှတော့ တဖက်လူစိတ်တိုင်းကျလိုက်မလုပ်ပေးနိုင်စရာ ဘာအကြောင်းမှမရှိတော့ဘူး။

ဝေ့ရွှင်း သဘောတူလိုက်တာကိုမြင်တာနဲ့ ဝေ့လန်မျက်နှာလေးလည်း ပြုံးသွားကာ သူ့စာကြည့်စားပွဲဆီအပြေးသွားပြီး သူ့ထက်ခေါင်းတစ်လုံးပိုမြင့်သည့် ဝက်ဝံရုပ်ကြီးကိုဖက်ရင်း စာကြည့်ခန်းထဲကနေထွက်သွားသည်။ ဝေ့ရွှင်းကတော့ ဝေ့လန်အောက်ထပ်ကိုဆင်းနေချိန် ဝက်ဝံရုပ်ကြီးကမြင်ကွင်းကိုကွယ်နေတာကြောင့် လှေကားထစ်တွေကိုမမြင်ရမှာစိုးတဲ့အတွက် ဝက်ဝံရုပ်ကြီးကို ကလေးလက်ထဲကနေ အတင်းပြန်လုလိုက်သည်။ ထို့နောက် လှေကားဆင်းနေချိန်တစ်လျှောက်လုံး သူပဲသယ်လာကာ တံခါးပေါက်နားရောက်မှ ပြန်ပေးလိုက်လေသည်။

ဝေ့လန်လည်း ဝက်ဝံရုပ်ကြီးဖက်ထားလျက်ဖြင့် တံခါးအပြင်ဘက်ကိုထွက်သွားကာ ခဏလောက်ကြာမှ ဝေ့ရွှင်းတို့အိမ်တံခါးဘဲလ်ကိုထပ်တီးလိုက်သည်။ ဝေ့ရွှင်းတံခါးဖွင့်လိုက်တာနဲ့ ဝက်ဝံရုပ်ကြီးကိုအရင်ဆုံးတွေ့ရပြီး ထိုအရုပ်ကြီးနောက်မှာတော့ အသံလွင်လွင်လေးထွက်လာခဲ့သည်။

'' ဒါ ခင်ဗျားကိုပေးမယ် ဒီနေ့တော့ သူ့အလှည့်ပဲ ''

ဒါကတော့ ဝေ့လန် အိမ်ထဲမဝင်ခင်ပြောခဲ့သည့် ပထမဦးဆုံးစကားဖြစ်သည်။

ဝေ့ရွှင်းကအရင်အတိုင်းပြန်မဖြေပဲ

'' ဒီဝက်ဝံရုပ်က တော်တော်လေးချစ်ဖို့ကောင်းတာပဲ မင်းရဲ့စာကြည့်စားပွဲခုံဘေးမှာ ထားပေးမယ် ''

ထိုစကားက ပထမတစ်ခေါက်ပြောခဲ့သည့် စကားတွေထဲမှာမပါပေမဲ့လည်း ဝေ့လန်က ကြားကြားချင်း အရမ်းပျော်သွားကာ သူ့ခေါင်းပိစိလေးကို ဝက်ဝံရုပ်ကြီးကွယ်ထားသည့်ကြားကနေ အတင်းတိုးထွက်ပြီး ဝေ့ရွှင်းကိုသွားပေါ်သည်အထိပြုံးပြရင်း ပျော်ပျော်ရွှင်ရွှင်ပြန်ဖြေလာခဲ့သည်။

'' ကောင်းတာပေါ့ ''

ဝေ့ရွှင်း ဝက်ဝံရုပ်ကြီးကိုလှမ်းယူလိုက်သည်။ သူ လှေကားတစ်လျှောက်ပြန်သယ်လာပြီး ဝေ့လန်ကလည်းသူ့အနောက်ကနေ ထပ်ချပ်မကွာလိုက်လာခဲ့သည်။ ထို့နောက် သူ့အရုပ်ကြီးကို သူ့စာကြည့်စားပွဲဘေးချလိုက်တာကို ကြည့်နေခဲ့လေသည်။

ဝေ့လန်ကထပ်မေးလာပြန်သည်။

'' ကျွန်တော်ပေးထားတဲ့တခြားအရုပ်တွေရော? ဘယ်နားထား,ထားလဲ ''

ထိုအမေးကြောင့် ဝေ့ရွှင်းပြုံးမိသွားသည်။ ဝေ့ရွှင်းက အရယ်အပြုံးနည်းတာကြောင့် ထိုသို့ပြုံးလိုက်တိုင်းလည်း ဝေ့လန်က မျက်တောင်တချက်မခတ်ပဲ သေချာအလေးအနက်ထားပြီး ကြည့်နေမိဆဲပင်။ ဝေ့ရွှင်းရဲ့အပြုံးက ဘယ်လောက်တောင်မှရှားလိုက်သလဲ။

သူ ဝေ့လန်ရဲ့လက်ကိုလှမ်းဆွဲလိုက်ကာ သူ့စာကြည့်စားပွဲအနားခေါ်လာပြီး ဒုတိယမြောက်အံဆွဲနှင့် တတိယမြောက်အံဆွဲကိုဖွင့်ပြရင်း လေသံမှာ နူးနူးညံ့ညံ့

'' မင်းကြည့်,ကြည့် ''

ဝေ့လန်ရဲ့စိတ်အခြေအနေလည်း သိသိသာသာကိုကောင်းမွန်လာပြီဖြစ်တာကြောင့် အံဆွဲအပြည့်အရုပ်တွေနဲ့ ဘေးနားကဝေ့ရွှင်းကို ကြည့်ပြီး သူ့အပြုံးတွေမှာ ဖုံးလို့ဖိလို့မရနိုင်ခဲ့။

'' အခု ပျော်သွားပြီလား ''

ဝေ့လန်မှာ ခေါင်းလေးတငြိမ့်ငြိမ့်။

ဆိုတော့ သူ ဒီကလေးကို ချော့နိုင်သွားပြီပေါ့၊ အခုခေတ်ကလေးတွေက ဒီလိုပဲ ချော့ရခက်ကြသလား?

ဝေ့လန်ကလည်း စိတ်အခြေအနေကောင်းနေသဖြင့် ဝေ့ရွှင်းနှင့် စကားပြောချင်စိတ်ရှိလာခဲ့သည်။

'' ကျွန်တော်က ချော့ရခက်လို့လား ''

'' ငါထင်ထားတာထက်တော့ပိုခက်တယ် '' ဝေ့ရွှင်းက ကူကယ်ရာမဲ့နေသည့်မျက်နှာဖြင့် '' ဒါပေမဲ့ မင်းကိုဘယ်သူက သခင်လေးဖြစ်ခိုင်းထားလဲ ''

တဖက်လူစကားသံထဲက သည်းခံအလိုလိုက်သည့်အရိပ်အယောင်တွေကိုကြားနေရတော့ ဝေ့လန်ရဲ့နှုတ်ခမ်းထောင့်နှစ်ဖက်ကလည်း မသိမသာမြင့်တက်သွားလေသည်။ သူ ဝေ့ရွှင်းရဲ့အင်္ကျီစကိုလှမ်းဆွဲလိုက်ကာ စိတ်တိုင်းကျ ယမ်းခါရင်း သူ့အခြေအနေကိုရှင်းပြလာခဲ့သည်။

'' ကျွန်တော်က အဲ့လောက်အထိချော့ရမခက်ပါဘူး အချိန်အများစုက လိမ္မာပါတယ် ခုနက တော်တော်လေးဒေါသထွက်ပြီး စိတ်မသက်မသာဖြစ်သွားလို့ပါ အဲ့ဒါကြောင့် တော်တော်လေးချော့ရခက်သွားတာ နောက်တစ်ခါအဲ့လိုမစနဲ့တော့နော် ''

'' စိတ်ချပါ မစတော့ဘူး ''

'' ဒါဆို ကျွန်တော်တို့ ပြန်ခေါ်သွားကြပြီပေါ့နော် ''

ဝေ့လန်က တကယ့်ကို ကလေးလေးပါပဲဟုတွေးလိုက်မိပြန်သည်။ သူတို့အစကတည်းက ရန်မှမဖြစ်ထားကြတာ။ တစ်ယောက်ထဲ တဖက်သတ်စိတ်ဆိုးစိတ်ကောက် ခေါင်းမာနေလို့ ဒီက မနည်းပြန်ချော့ထားရတာကို အခုကျ နှစ်ဦးသဘောတူ ပြန်ခေါ်သွားကြပြီတဲ့လား။

သို့သော် ခေါင်းငြိမ့်ပြရင်း လိုက်လိုက်လျောလျောပြောလာသည်က

'' အင်း ''

ဝေ့လန် ဝေ့ရွှင်းရင်ခွင်ထဲ ပစ်ဝင်လိုက်ကာ တဖက်လူကိုတင်းတင်းကြပ်ကြပ်ဖက်ထားပြီး ပျော်ရွှင်ကြည်နူးနေသောလေသံဖြင့်

'' ကောကောက တကယ်အကောင်းဆုံးပဲ ''

ဝေ့ရွှင်းလည်း သူ့ကို အတင်းဖက်ထားသည့် ဝေ့လန်ကိုကြည့်ရင်း လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကတော့ သူပွေ့ချီတာမခံချင်လို့ ရင်ခွင်ထဲကနေ အတင်းရုန်းကန်ထွက်ဖို့ကြိုးစားနေတဲ့ ကောင်လေးကဘယ်သူလဲဟု တွေးမိသွားလေသည်။ အခုကျ သူ့ဘာသာရင်ခွင်ထဲတိုးဝင်လာပြီး '' ကောကောက အကောင်းဆုံးပဲ '' လို့ ပြောနေပြန်ပြီတဲ့လား။ အခုစိတ်တိုလိုက်၊ အခုပျော်လိုက်နဲ့ တကယ်ကို စိတ်အခြေအနေပေါ်မူတည်တာပဲ။ ဝေ့ရွှင်း သူ့ရင်ခွင်ထဲက ဝေ့လန်လေးကိုကြည့်ပြီး သူပြုစုပျိုးထောင်နေသည့်ကလေးလေးက သာမန်ကလေးတွေလိုမဖြစ်လာပဲ အခုတစ်မျိုး၊တော်ကြာတစ်မျိုးနဲ့ သူနဲ့ပိုပိုတူလာတာပဲဟု တွေးမိသွားလေသည်။

『 စာရေးသူမှာ ပြောစရာရှိတယ်:

အန့်စီး (စာရေးသူ) : ဘာကို ဘယ်သူနဲ့ပိုတူလာလို့ ဂုဏ်ယူနေတာလဲ နင်ပျိုးထောင်ထားတာက တိုင်းသိပြည်သိဘူလီလေးဟဲ့! အခုအချိန်မှာ ငယ်သေးလို့ချစ်ဖို့ကောင်းနေရုံလေးတင်! 』

__________________________________

ကိုကိုက တကယ်ဘက်လိုက်တယ်ကွာ သူများကျ လိုတာထက်ပိုမပြောဘူး သူ့ကလေးကျ ပြောလိုက်ရင်အရှည်ကြီး 🤣 ဝေ့လန်က တကယ်ဂျစ်တူးလေးနော်

Zawgyi

ေဝ့႐ႊင္း ေဝ့လန္ကို ေပြ႕ေခၚသြားတယ္
____________________________

ေဝ့လန္ကလည္း ေရးမယ္လို႔ေျပာလိုက္တာနဲ႔ ေျပာထားတဲ့အတိုင္း တကယ္လုပ္တတ္သည့္ကေလးျဖစ္တာေၾကာင့္ ေနာက္တစ္ေန႔မွာ ေဝ့႐ႊင္းနာမည္ကို တကယ္ႀကီး အေခါက္၁၀၀ခ်ေရးလာခဲ့သည္။ သူက ထိုစကားလုံးႏွစ္လုံးကို ေသခ်ာေလး အေလးအနက္ထားၿပီး အေရးက်င့္ေနခဲ့ျခင္းျဖစ္တာေၾကာင့္ ေဝ့႐ႊင္းကိုယ္တိုင္ '' ေဝ့႐ႊင္း ''ဟု ေရးေပးလိုက္သည့္ စာမ်က္ႏွာေတြကေတာင္ သူ႕အတြက္ မလုံေလာက္ခဲ့ေပ။ ထို႔ေၾကာင့္ ယြမ္ေ႐ွာင္ဖန္႔ရဲ႕လက္ေရးလွက်င့္စာအုပ္ထဲက စာ႐ြက္အခ်ိဳ႕ကို ၿဖဲၿပီး ယူက်င့္ပစ္သည္အထိ ႀကိဳးစားခဲ့ေလသည္။ အေခါက္တစ္ရာေက်ာ္ေရးအၿပီးမွာေတာ့ ေဝ့႐ႊင္းဆိုသည့္စကားလုံးႏွစ္လုံးကို ေတာ္ေတာ္ေလးလွေအာင္ေရးႏိုင္ခဲ့ၿပီျဖစ္ကာ ႐ုတ္တရက္သာၾကည့္လိုက္လွ်င္ ေဝ့႐ႊင္းလက္ေရးမ်ားႏွင့္ နင္လားငါလားေပ။

တဖက္လူ၏ႀကိဳးစားမႈအေပၚ အနည္းငယ္အံ့အားသင့္သြားသည့္ ေဝ့႐ႊင္းကေတာ့ စိတ္ထဲတြင္လည္း အနည္းငယ္ေပ်ာ္ေနမိေလသည္။ သို႔ေသာ္ သူက မ်က္ႏွာေပၚမွာ ဘာမွမထုတ္ျပလာပဲ အရင္လိုပဲ ေဝ့လန္ဖတ္စာအုပ္ထဲက စကားလုံးေတြကို ထုတ္ၿပီး စာအုပ္ထဲခ်ေရးလိုက္ကာ ေဝ့လန္ကို သူ႕လက္ေရးအတိုင္း လက္ေရးလွက်င့္ခိုင္းေနဆဲပင္။

အရင္တစ္ခါက္ျဖစ္သြားသည့္ သေဘာတူညီခ်က္သုံးခ်က္ေၾကာင့္ ေဝ့႐ႊင္းနဲ႔ေဝ့လန္တို႔ ဖုန္းနံပါတ္လဲျဖစ္သြားၾကသည္။ ေဝ့႐ႊင္းဖုန္းနံပါတ္ရသြားသည့္ေဝ့လန္ကေတာ့ ကစားစရာအသစ္တစ္ခုရသြားသလိုပါပဲ တစ္ေန႔၊တစ္ေန႔ ေဝ့႐ႊင္းဆီ စာပို႔လိုက္၊ဖုန္းေခၚလိုက္ျဖင့္ အလုပ္႐ႈပ္ေနေတာ့သည္။ သူဟာ ေဝ့႐ႊင္းသူ႕အတြက္ ခ်မွတ္ထားသည့္ စည္းကမ္းသုံးခ်က္ကို လည္း တကယ္လိုက္နာခဲ့သည္။ ေန႔တိုင္း လာျဖစ္,မလာျဖစ္ဖုန္းႀကိဳဆက္ေပးကာ၊ အားေနတဲ့အခ်ိန္ေတြ၊ ပ်င္းေနတဲ့အခ်ိန္ေတြတိုင္းမွာလည္း ဘယ္သြားတယ္၊ဘာလုပ္တယ္၊ဘာစားတယ္ကအစ သံေတာ္ဦးလွမ္း,လွမ္းတင္ေလသည္။

ေဝ့႐ႊင္းကေတာ့ စာသင္ခ်ိန္မ်ားေၾကာင့္ ေဝ့လန္ဘက္ကလာသည့္ဖုန္းကို တခါတေလျပန္မကိုင္ႏိုင္ခဲ့။ တေန႔ ေဝ့လန္က ဖုန္းမကိုင္ရသည့္အေၾကာင္းအရင္းကိုေမးၿပီး အေျဖသိသြားသည့္အခါ ေနာက္ပိုင္း စာေတြပဲပို႔ေတာ့သည္။ စာသင္တဲ့အခ်ိန္ျဖစ္ပါေစ၊ စာမသင္တဲ့အခ်ိန္ျဖစ္ပါေစ ေဝ့႐ႊင္းရဲ႕ဟန္းဖုန္းက messageဝင္သံေၾကာင့္ တစ္ခ်ိန္လုံးတုန္ခါေနမည္ျဖစ္ၿပီး ဖုန္းဖြင့္ၾကည့္လိုက္တာနဲ႔ ေဝ့လန္ဘက္က ပို႔ထားသည့္ messageမ်ားကလည္း message boxထဲျပည့္ႏွက္ေနလိမ့္မည္။ အေၾကာင္းအရာေတြကေတာ့ သူ လက္ေရးလွက်င့္ေနတာ ဘယ္ေလာက္တိုးတက္လာၿပီတို႔၊ ေန႔လည္စာကို သူ ဘာနဲ႔ဘာစားတယ္တို႔၊ ေဝ့႐ႊင္းေရာ ဘာေတြစားလဲတို႔ စသည္ စသည္........ တခ်က္ေလာက္ ကိုယ့္ကိုယ္ကိုယ္လည္း အနားေလးျပန္ေပးၾကည့္ပါဦး။

တစ္ခါတေလ ေဝ့႐ႊင္းကစာျပန္လိမ့္မည္။ တစ္ခါတေလလည္း မျပန္ျဖစ္ပါ။ သို႔ေသာ္ ေဝ့လန္က စာကိုမျဖစ္မေနျပန္ေပးဖို႔ အတင္းတြန္းအားေပးမည့္ကေလးမ်ိဳးမဟုတ္တာေၾကာင့္ တကယ္လို႔ ေဝ့႐ႊင္းဘက္က စာျပန္လာလွ်င္ ေဝ့လန္ကလည္း စာေတြဆက္ပို႔ၿပီး စကားေတြဆက္ေျပာေနလိမ့္မည္။ တကယ္လို႔ စာမျပန္လာလွ်င္ ေဝ့လန္လည္း ထိုအခ်ိန္အပိုင္းအျခားအတြင္း ဘာမွဆက္ပို႔ေတာ့မည္မဟုတ္ပါ။

ေခါင္းငိုက္စိုက္ျဖင့္ ဖုန္းကိုငုံ႔ၾကည့္ေနၿပီး မၾကာမၾကာစာပါ႐ိုက္,႐ိုက္ေနေသာ ေဝ့႐ႊင္းကို လင္႐ွီးက်ယ္ ဂလယ္အူေၾကာင္ေလးၾကည့္လိုက္ကာ

'' ဘာေတြလုပ္ေနတာလဲ ဒီရက္ပိုင္းအျပင္ထြက္ၿပီးသြားေဆာ့ၾကမလား ''

'' မသြားဘူး '' ေဝ့႐ႊင္းက လိုရင္းတို႐ွင္းပဲျပန္ေျဖလိုက္သည္။

(T/N: ဘယ္ေလာက္လိုရင္းတို႐ွင္းသလဲဆို Rawမွာ 不(ပု)တစ္လုံးထဲျပန္ေျဖတာပါ)

'' မင္းဒီႏွစ္လမွာ ပိုပိုၿပီး တရားေပါက္လာတယ္လို႔မခံစားရဘူးလား* ငါတို႔ဘာလုပ္လုပ္ ဘယ္မွမလိုက္ဘူး ''

(T/N: မူရင္းမွာက 清心寡欲(ခ်င္း႐ွင္းကြာယြိ) စိတ္ႏွလုံးကိုျဖဴစင္သန္႔႐ွင္းေအာင္ထားၿပီး အလိုဆႏၵပိုပိုနည္းလာတယ္လို႔ ေရးထားတာပါ အဲ့ဒါက ဘုန္းႀကီးေတြ၊တရားက်င့္ၾကံတဲ့လူေတြကိုရည္ၫႊန္းပါတယ္ )

'' အင္း ''

'' အင္းႏိုင္ေသးတယ္!!! '' လင္႐ွီးက်ယ္မွာ ဒီလူ႕အေပၚ ဒီ့ထပ္ပိုၿပီးေဒါသမထြက္ႏိုင္ေတာ့ဘူးဟုေတာင္ ခံစားေနရသည္။ '' မင္း အိမ္မွာလည္း လုပ္စရာဘာမွမ႐ွိတာ တစ္ေခါက္ေလာက္ အျပင္ေလးဘာေလးထြက္ၿပီး ေဆာ့ရေအာင္ေလ လူတိုင္းကို မ်က္ႏွာေလာက္ေတာ့လာျပပါဦး ''

ေဝ့႐ႊင္း ေဝ့လန္ဆီ replyျပန္ၿပီးေနာက္မွာေတာ့ သူ လင္႐ွီးက်ယ္ကိုျပန္ၾကည့္လိုက္ကာ

'' သြားမွျဖစ္မွာလား ''

'' သြားကိုသြားရမယ္လို႔ေတာ့ မဆိုလိုပါဘူး ''

ေဝ့႐ႊင္းက သူတို႔အဖြဲ႕ထဲမွာ အေရးပါအရာေရာက္သည့္လူတစ္ေယာက္ဟု ဆိုႏိုင္ေပမဲ့လည္း တဖက္လူက စကားနည္းၿပီး ဘယ္သူနဲ႔မွ ရင္းရင္းႏွီးႏွီးမေနတတ္တာေၾကာင့္ လူတိုင္းက သူ႕ရဲ႕သီးသန္႔ဆန္သည့္စိတ္ေနစိတ္ထားျဖင့္ အသားက်ေနၾကၿပီျဖစ္သည္။ ထို႔ေၾကာင့္ အခုလိုမ်ိဳး လူစုံစုၿပီး ေလွ်ာက္သြားတာေတြ၊ ခ်ိန္းဆိုပြဲေတြ၊ ပါတီပြဲေတြ႐ွိလာလွ်င္ တဖက္လူကို မေရာက္,ေရာက္ေအာင္လာဖို႔ တစ္ခါမွတြန္းအားမေပးခဲ့ပါ။

လင္႐ွီးက်ယ္ဆီကေန မလာလည္းရတယ္ဆိုသည့္အေျဖလည္းထြက္လာေရာ ေဝ့လန္ရဲ႕စာကလည္း'တင္'ဆိုၿပီးဝင္လာတာေၾကာင့္ သူ ေခါင္းျပန္ငုံ႔သြားကာ ေဝ့လန္ကိုသာစာဆက္ျပန္ေနလိုက္သည္။

လင္႐ွီးက်ယ္လည္း ေဝ့႐ႊင္းရဲ႕ဖုန္းကို လွမ္း,လွမ္းၾကည့္ေနၿပီး ဘယ္သူနဲ႔ေျပာေနတာလဲ ဘာေတြေျပာေနၾကတာလဲဆိုတာကို ေသေလာက္ေအာင္သိခ်င္ေနေလသည္။ စာစ,စဝင္လာခ်ိန္တုန္းကဆို ေဝ့႐ႊင္းက စာပို႔ရတာမႀကိဳက္ဘူးဆိုတာကို မသိဘူးလား၊ တစ္''တင္'' ''တင္''နဲ႔ အဆက္မျပတ္ပို႔ေနတာ၊ ဘာေတြမ်ားဒီေလာက္အေရးႀကီးေနလို႔ ဖုန္းနဲ႔ေတာင္ဆက္မေျပာႏိုင္ရတာလဲဟု ေတြးခဲ့မိေသးသည္။ သို႔ေသာ္ ေဝ့႐ႊင္းက ဖုန္းကိုၾကည့္ၿပီး စာေတြျပန္ေနတာကို ျမင္လိုက္ရခ်ိန္မွာေတာ့ ဒီေန႔မွ ဘာလို႔ဒီေလာက္ေတာင္ စိတ္အေျခအေနေကာင္းေနရတာလဲ??? သုံးေလးငါးခုကို တစ္ခုခ်င္းစီေသခ်ာထိုင္ျပန္ေနတယ္??? ဘယ္တုန္းကမွမ႐ွိခဲ့ဖူးတဲ့ စိတ္႐ွည္သည္းခံမႈေတြ ျပန္ေရာက္လာၿပီလား?? ပုံမွန္ေဝ့႐ႊင္းသာဆို အရင္လိုပဲ ဘယ္သူပို႔တာလဲၾကည့္ၿပီးတာနဲ႔ ဖုန္းကို ေဘာင္းဘီအိတ္ထဲ ျပန္ထိုးထည့္လိုက္ရမွာမဟုတ္ဘူးလား???

ေဝ့႐ႊင္းက တေန႔တျခား ပိုပိုထူးဆန္းလာတာေၾကာင့္ သူ ေမးခြန္းအခ်ိဳ႕ေမးၾကည့္ဖို႔ျပင္လိုက္စဥ္မွာတင္ အတန္းတက္ေခါင္းေလာင္းသံကိုၾကားလိုက္ရသျဖင့္ မတတ္ႏိုင္သည့္အဆုံး ကိုယ့္ခုံကိုယ္ျပန္ၿပီး ေနာက္အတန္းတက္ဖို႔အတြက္ျပင္ဆင္လိုက္ရသည္။

ေနာက္တစ္ပတ္မွာေတာ့ ေဝ့လန္ေလးက ေဝ့႐ႊင္းရဲ႕စာၾကည့္ခန္းထဲဝင္ခအျဖစ္ ဝက္ဝံ႐ုပ္အႀကီးႀကီးကိုေပးလာျပန္သည္။ ဝက္ဝံ႐ုပ္ႀကီးကဘယ္ေလာက္ႀကီးလိုက္သလဲဆို ေဝ့လန္ထက္ေတာင္ပိုႀကီးေနေသးသည္။ ကေလးက ဝက္ဝံ႐ုပ္ကိုမႏိုင္တႏိုင္ဖက္ထားတဲ့အတြက္ သူ႕ကိုယ္လုံးကို ေ႐ွ႕ကဝက္ဝံ႐ုပ္ႀကီးကကြယ္ေနၿပီး ေပ်ာ္႐ႊင္တက္ႂကြသည့္ အသံလြင္လြင္ကိုသာ အရင္ၾကားရလိမ့္မည္။

'' ဒါ ခင္ဗ်ားကိုေပးမယ္ ဒီေန႔ေတာ့သူ႕အလွည့္ပဲ ''

ေဝ့႐ႊင္းဟာ ငယ္ငယ္ေလးကတည္းက ဒီလိုမ်ိဳးအေမြးပြအ႐ုပ္ေတြကို စိတ္မဝင္စားတာေၾကာင့္ ေဝ့လန္ထက္ေခါင္းတစ္လုံးပိုျမင့္ေနသည့္ ဝက္ဝံ႐ုပ္ႀကီးကိုၾကည့္ၿပီး ကူကယ္ရာမဲ့ေနေသာေလသံျဖင့္

'' ငါကသူ႕ကို​ယူၿပီးဘာလုပ္ရမွာလဲ ''

'' ဘာမွမလုပ္ရဘူးေလ သူ႕အလွည့္ကိုက ဒီေန႔ျဖစ္ေနလို႔ '' ေဝ့လန္က ႐ွင္းျပလာခဲ့သည္။ '' ကြၽန္ေတာ္႕ဆီက်န္တဲ့အ႐ုပ္ေတြထဲမွာ သူ႕ကိုအႀကိဳက္ဆုံးပဲ ''

'' ဒါဆိုလည္း ငါသူ႕ကိုမင္းဆီျပန္ေပးလိုက္မယ္ မင္းျပန္ယူသြား ''

ေဝ့လန္လည္း သူ႕အရပ္ထက္ေက်ာ္သည့္ ဝက္ဝံႀကီးေနာက္ကေန ေခါင္းေလး မရရေအာင္ တိုးထြက္လာလာကာ အနည္းငယ္ခပ္ခြၽဲခြၽဲေလသံျဖင့္

'' အဲ့လိုမလုပ္ပါနဲ႔ ဒီဝက္ဝံ႐ုပ္ကကြၽန္ေတာ္အႀကိဳက္ဆုံးအ႐ုပ္ေလဗ်ာ ဒီတိုင္းလက္ခံလိုက္ပါ~ ''

ေဝ့လန္ ထိုသို႔ျပဳမူလာတာကိုျမင္ေတာ့ သူလည္းေ႐ြးခ်ယ္စရာမ႐ွိေတာ့တာေၾကာင့္ ေဝ့လန္လက္ထဲက ဝက္ဝံ႐ုပ္ႀကီးကိုလွမ္းယူလိုက္ကာ ထိုအ႐ုပ္ႀကီးကိုသယ္ၿပီး အေပၚထပ္တက္သြားသည္။ ေဝ့လန္လည္း ေဝ့႐ႊင္းေနာက္အတင္ေျပးလိုက္လာၿပီး ဝက္ဝံ႐ုပ္ႀကီးကို သူစာလုပ္ေနက်စားပြဲခုံဝိုင္းေလးေဘး ခ်ထားလိုက္တာကို ျမင္လိုက္ရသည္။

'' မင္းနဲ႔အတူတူအိမ္စာလုပ္လို႔ရေအာင္ သူ႕ကိုဒီမွာထားလိုက္မယ္ အဆင္ေျပလား ''

ေဝ့လန္ကလည္း ေခါင္းေလးၿငိမ့္ျပရင္း

''အဆင္ေျပတယ္ အဆင္ေျပတယ္ ခင္ဗ်ားလက္ခံထားရင္ကိုရၿပီ ''

ေဝ့႐ႊင္း သူ႕စာၾကည့္ခန္းႏွင့္မလိုက္ဖက္သည့္ အေမြးပြဝက္ဝံ႐ုပ္ႀကီးကိုၾကည့္ၿပီး ဒါႀကီးကေတာ့ ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ လႊတ္ကိုလႊတ္ပစ္မွျဖစ္မည္ဟု ေတြးလိုက္သည္။ သို႔ေသာ္ ခုနကေလးတင္ ထိုအ႐ုပ္ကိုလက္ခံေပးဖို႔ အတင္းေတာင္းဆိုေနသည့္ ကေလးသံခပ္ခြၽဲခြၽဲေလးအား ျပန္ၾကားေယာင္လာသည့္အခါ သံသယဝင္စရာမလိုေလာက္ေအာင္ပဲ သူသာ ဒီအ႐ုပ္ကိုအခုခ်က္ခ်င္းလႊတ္ပစ္လိုက္လွ်င္ ေဝ့လန္က စိတ္ဆိုးတႀကီးေျပးေကာက္ၿပီး ေဒါသတလူလူျဖင့္အိမ္ျပန္သြားေလာက္မည္ျဖစ္ကာ သူ႕ကိုပါစိတ္ေကာက္သြားႏိုင္သည္။

သူ ေဝ့လန္အေၾကာင္းကို ေတာ္ေတာ္ေလးနားလည္ေနၿပီပဲ။

ေဝ့လန္လည္း စားပြဲခုံဝိုင္းေလးေဘး ခ်ထားသည့္ ဝက္ဝံ႐ုပ္ႀကီးကိုျမင္ေတာ့ သူ ေဝ့႐ႊင္းကိုေပးထားသည့္ အရင္အ႐ုပ္ေတြကိုပါသတိရသြားတာေၾကာင့္ သိခ်င္စိတ္ျဖင့္ စပ္စပ္စုစုေမးလာခဲ့သည္။

'' ေကာေကာ ကြၽန္ေတာ္အရင္ကေပးထားတဲ့အ႐ုပ္ေတြေရာ ဘယ္နားထား,ထားလဲ ''

ထိုေမးခြန္းၾကားတာနဲ႔ ေဝ့႐ႊင္းက တမင္လုပ္ေျဖလာသည္။

'' လႊတ္ပစ္လိုက္ၿပီ ''

ေဝ့လန္မွာ မယုံရဲသည့္ေလသံေလးျဖင့္

'' လႊတ္ပစ္လိုက္ၿပီ!? ''

'' ငါ့ကိုၾကည့္ရတာ အဲ့လိုအ႐ုပ္ေတြကို ႀကိဳက္မဲ့ပုံစံမ်ိဳးေပၚေနလို႔လား ''

ေဝ့လန္ ေဒါသေတြစထြက္လာကာ

'' အဲ့လိုဆိုတိုင္းလည္း လႊတ္ပစ္လိုက္လို႔မရဘူးေလ! ''

'' ဒါေပမဲ့ အဲ့တုန္းကလည္း သိမ္းထားပါ့မယ္လို႔ မေျပာဖူးဘူးေလ ''

ထိုစကားကလည္း မွန္ေနေလသည္။ ျပန္စဥ္းစားၾကည့္လိုက္ပါက သူေပးသမွ်အ႐ုပ္ေတြတိုင္းကို လက္ခံဖို႔ျငင္းဆန္ခဲ့သူမွာ ေဝ့႐ႊင္းျဖစ္ၿပီး သူ႕ဘက္ကသာ ဇြဲ႐ွိ႐ွိျဖင့္ ေလွကားထိပ္မွာအၿမဲတင္,တင္ထားခဲ့ျခင္းျဖစ္သည္။ ေနာက္ေန႔ ေနာက္အ႐ုပ္ေတြထပ္ထားဖို႔ ထားေနက်ေနရာကိုသြားၾကည့္လိုက္တာနဲ႔ အရင္အ႐ုပ္ေတြကမ႐ွိေတာ့တာေၾကာင့္ ေဝ့႐ႊင္းက သူေပးတာကိုလက္ခံၿပီး သိမ္းထားတာျဖစ္မည္ဟု ယူဆလိုက္ေသာ္ျငား သူေပးသမွ်အကုန္လုံးကို လႊတ္ပစ္လိုက္တယ္တဲ့လား။

ေဝ့႐ႊင္းက သူေပးထားသည့္အ႐ုပ္ေတြကို အမိႈက္ပုံးထဲထည့္ပစ္လိုက္သည္ဟု စိတ္ကူးၾကည့္လိုက္တိုင္း ရင္ေတြနာၿပီး စိတ္ပ်က္ဝမ္းနည္းလာခဲ့သည္။ ေသခ်ာထပ္စဥ္းစားၾကည့္လိုက္လွ်င္ ေဝ့႐ႊင္းက သူ႕အ႐ုပ္ေလးေတြကို တခ်က္ေလးေတာင္ေစာင္းငဲ့ၾကည့္ခဲ့မဲ့ပုံမေပၚပါ။ အန္တီဝမ္က သန္႔႐ွင္းေရးလုပ္ေနရင္း ေလွကားထိပ္က အ႐ုပ္ေသးေသးေလးေတြကိုေတြ႕သည္အခါ ဒါေလးေတြကို ဘာလုပ္လိုက္ရမလဲဟု သြားေမးႏိုင္သည္။ ထိုအခ်ိန္က် ေဝ့႐ႊင္းက ဒီတိုင္းလႊတ္ပစ္လိုက္ပါ ဟု ျပန္ေျဖေလာက္သည္။ ထိုအခါ သူ႕ရဲ႕အဖိုးတန္အ႐ုပ္ေလးေတြက အမိႈက္ပုံးထဲေရာက္သြားၿပီး တျခားအမိႈက္ေတြနဲ႔အတူတူ စြန္႔ပစ္ခံလိုက္ရႏိုင္သည္။ သူ အရမ္းေနာင္တရမိသြားသည္။ သူအစကတည္းက ေဝ့႐ႊင္းကို ဒီအ႐ုပ္ေတြမေပးခဲ့သင့္ဘူး။ သူအႀကိဳက္ဆုံးေတြကိုမွ ေ႐ြးၿပီးေပးထားတာေလ! ဒါေပမဲ့ ေဝ့႐ႊင္းမ်က္လုံးထဲမွာက် အားလုံးကအမိႈက္နဲ႔မျခားပါလား။

ေဝ့လန္ ဘာမွထပ္မေျပာေတာ့ပဲ ထိုေနရာကေန ခ်ာခနဲလွည့္ထြက္လာကာ ေခါင္းငိုက္စိုက္ျဖင့္ အိမ္ျပန္ဖို႔ျပင္လိုက္သည္။

'' မင္း ဘာျဖစ္သြားတာလဲ ဘယ္ကိုသြားမလို႔လဲ ''

ယြီလင္အိမ္ကေန ျပန္ေရာက္လာတာနဲ႔ လြယ္အိတ္ေတာင္မခြၽတ္ႏိုင္ေသးခင္ အိမ္ကိုဝက္ဝံ႐ုပ္အေျပးျပန္ယူၿပီး ကားေမာင္းတဲ့ဦးေလးႀကီးကို ေဝ့႐ႊင္းတို႔အိမ္ ျပန္လိုက္ပို႔ေပးဖို႔ပူဆာခဲ့သည္။ ဒီအိမ္ေရာက္လာေတာ့လည္း ေဝ့႐ႊင္းလက္ထဲ သူအႀကိဳက္ဆုံးဝက္ဝံ႐ုပ္ႀကီးကို ထည့္ေပးလိုက္ကာ ေဝ့႐ႊင္းေနာက္ကို ၾကည္လင္ေနသည့္စိတ္အဟုန္ျဖင့္လိုက္လာၿပီး သူ႕အ႐ုပ္ေလး သူ႕စာေရးေနက်စားပြဲခုံေဘးအထားခံလိုက္ရတာကိုျမင္ေတာ့ အင္မတန္ကိုမွ ၾကည္ႏူးေနခဲ့ေလသည္။ အိမ္စာေရးၿပီးရင္ေတာ့ ဝက္ဝံႀကီးကိုမွီၿပီး ႐ုပ္ျပစာအုပ္ေတြထိုင္ဖတ္ဦးမွပဲဟု ေတြးေနခဲ့ျခင္းျဖစ္ကာ အခုေတာ့ အိမ္ပဲျပန္ခ်င္ေတာ့သည္။

'' အိမ္ျပန္ေတာ့မယ္ '' သူျပန္ေျဖသည့္ေလသံမွာ ခပ္တိုးတိုး။

'' စိတ္ဆိုးသြားတာလား ''

ေဝ့လန္က ျပန္မေျဖပါ။

ေဝ့႐ႊင္းစိတ္ထဲမွာေတာ့ သူေတြးထားတဲ့ပုံစံနဲ႔ တစ္ပုံစံထဲပဲဟု မွတ္ခ်က္ခ်ေနခဲ့သည္။

ေဝ့႐ႊင္း စာၾကည့္ခန္းထဲကေန လွည့္ထြက္သြားေသာ ေဝ့လန္ကိုၾကည့္ေနလိုက္ကာ မေနႏိုင္သည့္အဆုံး

'' ေတာ္ၿပီ စိတ္မဆိုးနဲ႔ေတာ့ ျပန္လာခဲ့ ''

သို႔ေသာ္ ေဝ့လန္က သူေျပာတာကို မၾကားလိုက္သလိုမ်ိဳး လ်စ္လ်ဴ႐ႈထားၿပီး ေျခေထာက္က အခန္းအျပင္ကိုေတာင္ေရာက္ၿပီးေနၿပီျဖစ္သည္။

တကယ့္ကို ေခါင္းမာတဲ့ကေလးပဲဟု ေတြးရင္း သူ ေဝ့လန္ေနာက္ကိုအတင္းေျပးလိုက္သြားကာ ေနာက္ကေန ပုခုံးကိုလွမ္းကိုင္ၿပီး တဖက္လူေ႐ွ႕သြားရပ္လိုက္ေတာ့ ေဝ့လန္က ေဝ့႐ႊင္းကို ေမာ့ပင္ၾကည့္မလာပဲ ေခါင္းကိုငုံ႔ၿမဲငုံထားဆဲပင္။

'' ဒါက ငါနဲ႔ စိတ္ေကာက္ေနတယ္ဆိုတဲ့သေဘာလား ''

ေဝ့လန္က ျပန္မေျဖပါ။

'' ဟုတ္ပါၿပီ စိတ္မဆိုးနဲ႔ေတာ့ ငါ မင္းကိုျပစရာ႐ွိတယ္ ''

ေဝ့႐ႊင္းက ထိုသို႔ေျပာၿပီး ေဝ့လန္လက္ကိုဆြဲကာ စာၾကည့္ခန္းထဲျပန္ဝင္ဖို႔ျပင္လိုက္ေပမဲ့လည္း ေဝ့လန္ကတစက္ကေလးေတာင္ေ႐ြ႕မလာပါ။

သူ ေနာက္ကိုျပန္လွည့္ၾကည့္လိုက္ေတာ့ တဖက္ကေခါင္းႀကီးငုံ႔ထားၿပီး သူနဲ႔ျပန္လိုက္လာဖို႔ကို ေခါင္းမာမႈအျပည့္ျဖင့္ ျငင္းဆန္ေနတာေၾကာင့္ ေဝ့႐ႊင္းရဲ႕ မ်က္ခုံးမ်ားပိုၾကဳံ႕လာၿပီး အသံကိုပုံမွန္ထက္ပိုႏွိိမ့္ရင္း

'' ေဝ့လန္ တျခားလူေတြ ငါ့အေပၚ စိတ္ဆိုးစိတ္ေကာက္လုပ္ေနတာမ်ိဳးေတြ မႀကိဳက္ဘူး ''

ေနာက္ဆုံးမွာေတာ့ ေဝ့လန္က ေဝ့႐ႊင္းကို ေမာ့ၾကည့္ခ်င္စိတ္႐ွိလာသည္။ တဖက္လူကို ေနာင္တ၊ေဒါသ၊အျပစ္တင္လိုစိတ္မ်ားျပည့္ေနေသာ မ်က္ဝန္းတစ္စုံျဖင့္ ေစ့ေစ့ၾကည့္ရင္း အတင္းေစ့ပိတ္ထားရလို႔ ျဖဴေဖ်ာ့​ေနသည့္ႏႈတ္ခမ္းတစ္စုံကေန

'' ေဝ့႐ႊင္း ငါကလည္း တျခားလူေတြ ငါေပးထားတဲ့ပစၥည္းကို တန္ဖိုးမထားတာမ်ိဳးေတြမႀကိဳက္ဘူး ''

သူဟာ ေဝ့႐ႊင္းကို မေက်နပ္ခ်က္ေတြဖိတ္လွ်ံက်ေနသည့္ မ်က္ဝန္းတစ္စုံႏွင့္ ေသခ်ာၾကည့္ေနလိုက္ကာ သိပ္ကိုမွခက္ထန္လွသည့္ေလသံျဖင့္

'' မင္း ငါ့ပစၥည္းေတြကိုအေလးမထားတဲ့အတြက္ ေနာက္တစ္ခါ ငါ မင္းကို ဘာမွမေပးေတာ့ဘူး ဝက္ဝံ႐ုပ္ကေတာ့ ေပးထားၿပီးသားမို႔လို႔ ငါ ျပန္မယူသြားဘူး ဒါေပမဲ့ ငါ မင္းကိုဘာမွထပ္ေပးမွာမဟုတ္ေတာ့ဘူး ''

သူ ထိုသို႔ေျပာၿပီးတာနဲ႔ ေဝ့႐ႊင္းက သူ႕လက္ကိုဆြဲထားဆဲျဖစ္တာေၾကာင့္ ႐ုန္းဖယ္ဖို႔ျပင္လိုက္ေပမဲ့လည္း တဖက္လူကမလႊတ္ေပးလာတာကိုျမင္ေတာ့ ေဝ့႐ႊင္းလက္ကိုကိုင္ၿပီး အတင္းဆြဲခြာေနသည္။

ေဝ့႐ႊင္းကလည္း သူ႕လက္ကို မလႊတ္ေပးလာပဲ ၿမဲၿမဲျမံျမံကိုင္ဆြဲထားသည္။ ထို႔ေၾကာင့္ ေဝ့လန္လည္းေဒါသေတြထြက္လာကာ

'' လက္ကိုလႊတ္! ငါအိမ္ျပန္မွာ! ''

ေဝ့႐ႊင္း ကေလးမ်က္လုံးထဲက ေခါင္းမာမႈေတြကိုၾကည့္ၿပီး ဘာစကားမွမထြက္လာႏိုင္ေတာ့ေပ။ သူအခုေတာ့ ကိုယ္မတဲ့ေက်ာက္တုံး ကိုယ့္ေျခေထာက္ကိုျပန္ပိသည့္ ခံစားခ်က္မ်ိဳးကိုခံစားဖူးၿပီးသြားၿပီျဖစ္သည္။ သူ အစကေတာ့ ေဝ့လန္ကိုစေနာက္ၿပီးခါမွ စိတ္ဆိုးေနတဲ့ေကာင္ေလးကို အံ့ၾသသြားေအာင္ လုပ္လိုက္မည္ဟုပင္။ အခုေတာ့ သူ႕ကို စိတ္မဆိုးသြားဖို႔အတြက္ ေနာက္ကေနအတင္းလိုက္ၿပီး ႐ွင္းျပေနရသည္။

ေဝ့႐ႊင္းလည္း ဘယ္လိုေရစက္ေတြေၾကာင့္ ဒီသဘာဝရန္သူေလးနဲ႔ ဆုံေတြ႕ခဲ့ရမွန္း နားမလည္ႏိုင္ျဖစ္ေနေလသည္။ စိတ္ေကာင္းေနခ်ိန္ဆို ဘာေျပာေျပာစကားနားေထာင္ၿပီး ေဒါသထြက္ေနခ်ိန္ဆို အင္မတန္ေခါင္းမာ၍ လက္ေပါက္ကပ္ေလသည္။

တဖက္လူက သူဘာလုပ္လုပ္ မလႊတ္ေပးလာတာကို ျမင္ေတာ့ ေဝ့လန္လည္း ေဒါသပိုထြက္လာခဲ့သည္။ သို႔ေသာ္ သူ ေဝ့႐ႊင္းနဲ႔သူေသကိုယ္ေသမခ်ခ်င္တာေၾကာင့္ ပါးစပ္ကပဲ ပိုအားထုတ္လိုက္ရသည္။

'' ငါ့ကိုလႊတ္! ''

ေဝ့႐ႊင္းလည္း အေငြ႕တလူလူထြက္သည္အထိ ေဒါသႀကီးေနေသာ မ်က္ႏွာေသးေသးေလးကိုၾကည့္ၿပီး ႐ိုး႐ွင္းစြာပဲ ေဆြ႕ခနဲေကာက္ေပြ႕လိုက္ကာ စာၾကည့္ခန္းထဲျပန္ေခၚသြားေလသည္။

ေဝ့႐ႊင္းက သူ႕ကို ဒီလိုမ်ိဳးႀကီးေကာက္ခ်ီလိမ့္မည္ဟု မထင္ထားတာေၾကာင့္ ေၾကာင္ေပါက္ေလးမွာ ရင္ခြင္ထဲကေန အတင္းကုန္းထြက္ဖို႔ ႐ုန္းကန္ေနေလသည္။

'' မင္း နည္းနည္းေလာက္ ၿငိမ္ၿငိမ္ေနစမ္းပါ ''

'' ငါ့ကိုအခုခ်က္ခ်င္းခ်ေပး! ''

ေဝ့႐ႊင္းလည္း ဒီလိုမ်ိဳး အေရးမပါသည့္စကားေတြေျပာၿပီး မျငင္းခုန္ခ်င္တာေၾကာင့္ ေဝ့လန္ကိုစာၾကည့္ခန္းထဲျပန္ေခၚလာလိုက္ကာ သူ႕စာေရးစားပြဲေနာက္က ထိုင္ခုံေပၚမွာ ခ်ေပးလိုက္သည္။ လက္တစ္ဖက္က ေဝ့လန္ထြက္ေျပးမွာစိုးလို႔ ထိုင္ခုံေပၚဖင္ခ်တာနဲ႔ ပုခုံးကိုဖိထားရၿပီး က်န္လက္တစ္ဖက္ကေတာ့ သူ႕ရဲ႕စားပြဲခုံမွာ႐ွိေနသည့္ ဒုတိယေျမာက္အံဆြဲကိုဖြင့္လိုက္ေလသည္။

'' ကိုယ့္ဘာသာၾကည့္ ''

ေဝ့လန္လည္း ျမင္ၿပီးၿပီ။ ေဝ့႐ႊင္း အံဆြဲဖြင့္လိုက္ကတည္းက အထဲမွာ ဘာေတြ႐ွိေနမွန္း သူ ျမင္ၿပီးၿပီျဖစ္သည္ —— အံဆြဲတစ္ခုလုံး သူ ေဝ့႐ႊင္းကိုေပးထားသည့္ ကစားစရာအ႐ုပ္မ်ားႏွင့္သာျပည့္ႏွက္ေနခဲ့သည္။

ေဝ့႐ႊင္းက သူ႕လက္ကိုဆြဲယူၿပီး တတိယေျမာက္အံဆြဲကို အတူတူဆြဲဖြင့္လိုက္သည့္အခါ ထိုထဲတြင္လည္း အေပၚကအံဆြဲလိုပဲ ကစားစရာအ႐ုပ္ေတြျပည့္ေနေလသည္။

ေဝ့႐ႊင္း စာၾကည့္စားပြဲကိုမွီလိုက္ကာ တိတ္ဆိတ္ေနသည့္ေဝ့လန္ကိုၾကည့္ၿပီး

'' ဟုတ္ၿပီ ခုနက အရမ္းအိမ္ျပန္ခ်င္ေနတာမဟုတ္ဘူးလား အခုျပန္လို႔ရၿပီ ''

ေဝ့လန္ကေတာ့ မေက်နပ္ခ်က္ပိစိေလး က်န္႐ွိေနေသးတာေၾကာင့္ အ႐ုပ္ေတြဆီကေန ေဝ့႐ႊင္းဘက္အၾကည့္ေရာက္သြားကာ

'' ခင္ဗ်ား ဘာလို႔ ကြၽန္ေတာ္႕ကိုလိမ္ေျပာရတာလဲ ''

'' ငါက ဒီတိုင္း မင္းကိုစခ်င္႐ုံေလးပဲ ဒါေပမဲ့ဘယ္သူသိမွာလဲ ေဒါသထြက္လာတာနဲ႔ ဒီေလာက္အထိေခါင္းမာၿပီး လက္ေပါက္ကပ္လိမ့္မယ္လို႔ ''

'' ကြၽန္ေတာ္႕ကို ဘာလို႔ဒီလိုကိစၥမ်ိဳးနဲ႔ပတ္သက္ၿပီး စေနာက္ခ်င္ရတာလဲ '' ေဝ့လန္ကလည္း ဒါေတြနဲ႔ပတ္သက္ၿပီးအစခံရတာကို မႀကိဳက္သည့္အေၾကာင္း ျပင္းျပင္းထန္ထန္တုံ႔ျပန္လာသည္။ '' တကယ္လို႔ ခင္ဗ်ားေရးေပးလိုက္တဲ့ လက္ေရးလွစာအုပ္ေတြကို တစ္လုံးမွမေရးပဲ အကုန္လႊတ္ပစ္လိုက္တယ္လို႔ေျပာရင္ေရာ ခင္ဗ်ားေပ်ာ္မွာလား ကြၽန္ေတာ္က ခင္ဗ်ားထက္ ဘယ္ေလာက္ပဲအသက္ငယ္ငယ္ေလ ဒီလိုမ်ိဳးႀကီးကေတာ့ မစေနာက္သင့္ဘူး ကြၽန္ေတာ္လည္း ခင္ဗ်ားကို ဘယ္ေတာ့မွ ဒီလိုမ်ိဳးစေနာက္မွာမဟုတ္ဘူး ''

ေဝ့႐ႊင္းထိုစကားေတြကိုနားေထာင္အၿပီး အခုခ်ိန္အထိ မေပ်ာ္မ႐ႊင္ျဖစ္ေနေသးေသာ မ်က္ႏွာႏုႏုေလးကိုျမင္လိုက္ရသည့္အခါ သူ႕စိတ္ထဲတြင္လည္း အနည္းငယ္အျပစ္႐ွိသလိုခံစားလိုက္ရသည္။ သူ႕ကို ေခါင္းမာစြာ၊ျဖဴစင္အျပစ္ကင္းစြာ ျပန္ေမာ့ၾကည့္ေနသည့္ ကေလးေလးရဲ႕မ်က္ဝန္းမ်ားကိုျမင္ေတာ့ သူ အနည္းငယ္ငုံ႔ကိုင္းလိုက္ကာ ေခါင္းေလးကိုခပ္ဖြဖြပုတ္ေပးရင္း

'' ငါ့အမွားပါ ငါ မင္းကို အဲ့လိုမ်ိဳးမစလိုက္သင့္ဘူး မင္းကိုမေပ်ာ္႐ႊင္ေစခ်င္တဲ့သေဘာနဲ႔စလိုက္တာမ်ိဳးမဟုတ္ပါဘူး စိတ္မဆိုးပါနဲ႔ေတာ့ ဟုတ္ၿပီလား ''

ေဝ့႐ႊင္းလည္း ဒီအသက္အ႐ြယ္အထိ ဘယ္သူ႕ကိုမွ '' ငါ့အမွားပါ '' ဟုေျပာၿပီး မေတာင္းပန္ဖူးေပ။ သူ႕အတြက္ကေတာ့ သက္႐ွိျဖစ္ပါေစ၊ သက္မဲ့ျဖစ္ပါေစ သူ႕ရဲ႕ေတာင္းပန္စကားႏွင့္ မထိုက္တန္ဘူးဟုသာ ယူဆထားခဲ့သည္။ သို႔ေသာ္ ေဝ့လန္မ်က္လုံးထဲက ဝမ္းနည္းရိပ္မ်ားကိုျမင္ရသည့္အခါ အ႐ိုး႐ွင္းဆုံးစကားလုံးကိုသုံးၿပီးေတာင္းပန္လိုက္ျခင္းကသာ တစ္ဖက္လူ၏ေဒါသကိုေျပေလ်ာ့ေစႏိုင္သည္ဟု ေတြးလိုက္မိေလသည္။ ထို႔ေၾကာင့္ ထိုစကားလုံးေလးလုံးက သူမသိလိုက္ခင္မွာတင္ သူ႕ပါးစပ္ဖ်ားကေန ထြက္သြားၿပီးေနၿပီျဖစ္သည္။

ေဝ့လန္က ေပ်ာ္ေပ်ာ္ေနတတ္သည့္ကေလးတစ္ေယာက္ျဖစ္တာေၾကာင့္ စိတ္မၾကည္မသာျဖစ္ရသည့္အခ်ိန္ကခပ္႐ွား႐ွားပင္။ ထိုသို႔ျဖစ္လာၿပီဆိုလွ်င္လည္း ေပ်ာ္သြားေအာင္ျပန္ေခ်ာ့ဖို႔က အင္မတန္ကိုမွခက္ခဲလွေပသည္။ ထို႔ေၾကာင့္ ေဝ့႐ႊင္းရဲ႕ေတာင္းပန္စကားကို ၾကားအၿပီးမွာေတာ့ ျပန္ခြင့္လႊတ္လိုက္သင့္ၿပီဟု ေတြးေနမိေသာ္ျငား ေဝ့႐ႊင္းစေနာက္ခဲ့သည့္စကားမ်ားကို ျပန္သတိရသြားခ်ိန္မွာေတာ့ စိတ္ထဲ မသက္မသာျဖစ္ေနဆဲျဖစ္တာေၾကာင့္ အရင္လို႐ႊင္႐ႊင္ျမဴးျမဳးျပန္ျဖစ္ဖို႔ကေတာ့ ခက္ခဲေနေလသည္။ သူ အိမ္ကေန ဒီအခန္းထဲဝင္လာခ်ိန္အထိ စိတ္အေျခအေနအလြန္ေကာင္းေနခဲ့ကာ အခုမ်ားေတာ့ စိတ္အေျခအေနမွာ အရင္ကေလာက္ေကာင္းမလာေတာ့ေပ။

ေဝ့႐ႊင္းလည္း ေမြးကတည္းကေန ဒီအသက္ဒီအ႐ြယ္အထိ ဘယ္သူ႕ကိုမွမေခ်ာ့ဖူးတာ​ေၾကာင့္ ေဝ့လန္ၿငိမ္ေနျပန္တာကိုျမင္ေတာ့ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္ေနေလသည္။

'' အခုထိ စိတ္မၾကည္ေသးဘူးလား ''

ဘာလို႔စိတ္မၾကည္ေသးမွန္း သူတကယ္နားမလည္ႏိုင္ပါ။

'' မင္းအ႐ုပ္ေတြအားလုံးကိုျမင္ၿပီးၿပီမလား ငါတစ္ခုမွမလႊတ္ပစ္ပဲ ဒီထဲမွာ အကုန္ထည့္​သိမ္းထားတယ္ေလ ၿပီးေတာ့ ေနာက္ဆို အဲ့လိုမ်ိဳးထပ္မစေတာ့ဘူးလို႔လည္း ကတိေပးထားတယ္မလား အခုအခ်ိန္အထိစိတ္ေကာက္ေနတုန္းလား ''

မသိမသာဗ်ာမ်ားေနေသာ ေဝ့႐ႊင္းကို ေဝ့လန္ ခြင့္လႊတ္ျခင္းတစ္ဝက္၊လ်စ္လ်ဴ႐ႈျခင္းတစ္ဝက္ျဖင့္ ျပန္ေမာ့ၾကည့္လာကာ သူကိုယ္တိုင္လည္း ဘာလုပ္ရမွန္းမသိသလိုမ်ိဳးေလး ပါးစပ္ပိတ္ေနသည္။

ထိုအမူအရာေၾကာင့္ တစ္ခါမွစိုးရိမ္ေၾကာင့္ၾကစိတ္မျဖစ္ဖူးေသာ ေဝ့႐ႊင္းမွာလည္း အနည္းငယ္စိတ္ပူပန္လာကာ

'' ေဝ့လန္ ငါ တစ္ခါမွ မင္းအ႐ြယ္ေလာက္႐ွိတဲ့ကေလးေတြနဲ႔ ထိေတြ႕မဆက္ဆံဖူးဘူး ဒါေၾကာင့္ သူတို႔ကိုဘယ္လိုေခ်ာ့ရမယ္မွန္းလည္း ငါမသိဘူး မင္းဘာျဖစ္ခ်င္လဲ ဘာလုပ္ခ်င္လဲ ငါ့ကိုေျပာျပပါ ငါ့ကို ဒီလိုလုပ္ခ်င္တယ္ ဟိုလိုလုပ္ခ်င္တယ္ေျပာျပမွ ငါ့ဘက္ကလည္း လိုက္ျဖည့္ဆည္းေပးလို႔ရမွာေပါ့ အဲ့ဒါမွမင္းစိတ္ဆိုးေျပၿပီး ဝမ္းမနည္းေတာ့မွာမလား ''

တဖက္က ဒီေလာက္အထိ ေျပာလာမွေတာ့ ေဝ့လန္လည္း ဒီျပႆနာအတြက္ ေျဖ႐ွင္းခ်က္တစ္ခုမစဥ္းစားလို႔မရေတာ့ေပ။ သူ အေလးအနက္ထားၿပီး စဥ္းစားၾကည့္လိုက္ကာမွ သူ႕စိတ္အေျခအေနျပန္ေကာင္းလာေစမည့္ နည္းလမ္းတစ္ခုကို႐ွာေတြ႕သြားေလသည္။

'' ကြၽန္ေတာ္တို႔ အကုန္လုံးကို အစကေနျပန္စရေအာင္ ''

'' ဘာေျပာခ်င္တာလဲ ''

'' ကြၽန္ေတာ္တို႔ ဘာမွမျဖစ္ခဲ့သလိုမ်ိဳး ဟန္ေဆာင္လိုက္ၾကမယ္ေလ ကြၽန္ေတာ္ ခင္ဗ်ားရဲ႕အိမ္တံခါးကို ေနာက္တစ္ႀကိမ္ျပန္ေခါက္မယ္ ဒီအ႐ုပ္ကိုလည္းေနာက္တစ္ႀကိမ္ထပ္ေပးမယ္ တျခားအ႐ုပ္ေတြေရာ ဘယ္ေရာက္သြားၿပီလဲလို႔ ေနာက္တစ္ႀကိမ္ထပ္ေမးမယ္ ''

ေဝ့႐ႊင္းလည္း ဒီလိုေျဖ႐ွင္းခ်က္မ်ိဳးကို ပထမဦးဆုံးအႀကိမ္ၾကားဖူးျခင္းျဖစ္ၿပီး အနည္းငယ္ဆြံ႕အေနခဲ့သည္။ သူတို႔အရာအားလုံးကို ေနာက္တစ္ႀကိမ္ အစကေနျပန္လုပ္လိုက္တာနဲ႔ အခုျဖစ္ပ်က္သြားတဲ့ကိစၥေတြအားလုံးကို မ႐ွိေတာ့ဘူးလို႔ ယူဆလိုက္ေတာ့မွာလား။

ေဝ့လန္က အသံတိုးေလးျဖင့္

'' ရမလား ''

ေဝ့႐ႊင္း ေခါင္းၿငိမ့္ျပလိုက္သည္။ မရစရာအေၾကာင္းမွမ႐ွိတာ။ ေတာင္းပန္စရာ႐ွိတာလည္း ေတာင္းပန္ၿပီးမွေတာ့ တဖက္လူစိတ္တိုင္းက်လိုက္မလုပ္ေပးႏိုင္စရာ ဘာအေၾကာင္းမွမ႐ွိေတာ့ဘူး။

ေဝ့႐ႊင္း သေဘာတူလိုက္တာကိုျမင္တာနဲ႔ ေဝ့လန္မ်က္ႏွာေလးလည္း ျပဳံးသြားကာ သူ႕စာၾကည့္စားပြဲဆီအေျပးသြားၿပီး သူ႕ထက္ေခါင္းတစ္လုံးပိုျမင့္သည့္ ဝက္ဝံ႐ုပ္ႀကီးကိုဖက္ရင္း စာၾကည့္ခန္းထဲကေနထြက္သြားသည္။ ေဝ့႐ႊင္းကေတာ့ ေဝ့လန္ေအာက္ထပ္ကိုဆင္းေနခ်ိန္ ဝက္ဝံ႐ုပ္ႀကီးကျမင္ကြင္းကိုကြယ္ေနတာေၾကာင့္ ေလွကားထစ္ေတြကိုမျမင္ရမွာစိုးတဲ့အတြက္ ဝက္ဝံ႐ုပ္ႀကီးကို ကေလးလက္ထဲကေန အတင္းျပန္လုလိုက္သည္။ ထို႔ေနာက္ ေလွကားဆင္းေနခ်ိန္တစ္ေလွ်ာက္လုံး သူပဲသယ္လာကာ တံခါးေပါက္နားေရာက္မွ ျပန္ေပးလိုက္ေလသည္။

ေဝ့လန္လည္း ဝက္ဝံ႐ုပ္ႀကီးဖက္ထားလ်က္ျဖင့္ တံခါးအျပင္ဘက္ကိုထြက္သြားကာ ခဏေလာက္ၾကာမွ ေဝ့႐ႊင္းတို႔အိမ္တံခါးဘဲလ္ကိုထပ္တီးလိုက္သည္။ ေဝ့႐ႊင္းတံခါးဖြင့္လိုက္တာနဲ႔ ဝက္ဝံ႐ုပ္ႀကီးကိုအရင္ဆုံးေတြ႕ရၿပီး ထိုအ႐ုပ္ႀကီးေနာက္မွာေတာ့ အသံလြင္လြင္ေလးထြက္လာခဲ့သည္။

'' ဒါ ခင္ဗ်ားကိုေပးမယ္ ဒီေန႔ေတာ့ သူ႕အလွည့္ပဲ ''

ဒါကေတာ့ ေဝ့လန္ အိမ္ထဲမဝင္ခင္ေျပာခဲ့သည့္ ပထမဦးဆုံးစကားျဖစ္သည္။

ေဝ့႐ႊင္းကအရင္အတိုင္းျပန္မေျဖပဲ

'' ဒီဝက္ဝံ႐ုပ္က ေတာ္ေတာ္ေလးခ်စ္ဖို႔ေကာင္းတာပဲ မင္းရဲ႕စာၾကည့္စားပြဲခုံေဘးမွာ ထားေပးမယ္ ''

ထိုစကားက ပထမတစ္ေခါက္ေျပာခဲ့သည့္ စကားေတြထဲမွာမပါေပမဲ့လည္း ေဝ့လန္က ၾကားၾကားခ်င္း အရမ္းေပ်ာ္သြားကာ သူ႕ေခါင္းပိစိေလးကို ဝက္ဝံ႐ုပ္ႀကီးကြယ္ထားသည့္ၾကားကေန အတင္းတိုးထြက္ၿပီး ေဝ့႐ႊင္းကိုသြားေပၚသည္အထိျပဳံးျပရင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျပန္ေျဖလာခဲ့သည္။

'' ေကာင္းတာေပါ့ ''

ေဝ့႐ႊင္း ဝက္ဝံ႐ုပ္ႀကီးကိုလွမ္းယူလိုက္သည္။ သူ ေလွကားတစ္ေလွ်ာက္ျပန္သယ္လာၿပီး ေဝ့လန္ကလည္းသူ႕အေနာက္ကေန ထပ္ခ်ပ္မကြာလိုက္လာခဲ့သည္။ ထို႔ေနာက္ သူ႕အ႐ုပ္ႀကီးကို သူ႕စာၾကည့္စားပြဲေဘးခ်လိုက္တာကို ၾကည့္ေနခဲ့ေလသည္။

ေဝ့လန္ကထပ္ေမးလာျပန္သည္။

'' ကြၽန္ေတာ္ေပးထားတဲ့တျခားအ႐ုပ္ေတြေရာ? ဘယ္နားထား,ထားလဲ ''

ထိုအေမးေၾကာင့္ ေဝ့႐ႊင္းျပဳံးမိသြားသည္။ ေဝ့႐ႊင္းက အရယ္အျပဳံးနည္းတာေၾကာင့္ ထိုသို႔ျပဳံးလိုက္တိုင္းလည္း ေဝ့လန္က မ်က္ေတာင္တခ်က္မခတ္ပဲ ေသခ်ာအေလးအနက္ထားၿပီး ၾကည့္ေနမိဆဲပင္။ ေဝ့႐ႊင္းရဲ႕အျပဳံးက ဘယ္ေလာက္ေတာင္မွ႐ွားလိုက္သလဲ။

သူ ေဝ့လန္ရဲ႕လက္ကိုလွမ္းဆြဲလိုက္ကာ သူ႕စာၾကည့္စားပြဲအနားေခၚလာၿပီး ဒုတိယေျမာက္အံဆြဲႏွင့္ တတိယေျမာက္အံဆြဲကိုဖြင့္ျပရင္း ေလသံမွာ ႏူးႏူးညံ့ညံ့

'' မင္းၾကည့္,ၾကည့္ ''

ေဝ့လန္ရဲ႕စိတ္အေျခအေနလည္း သိသိသာသာကိုေကာင္းမြန္လာၿပီျဖစ္တာေၾကာင့္ အံဆြဲအျပည့္အ႐ုပ္ေတြနဲ႔ ေဘးနားကေဝ့႐ႊင္းကို ၾကည့္ၿပီး သူ႕အျပဳံးေတြမွာ ဖုံးလို႔ဖိလို႔မရႏိုင္ခဲ့။

'' အခု ေပ်ာ္သြားၿပီလား ''

ေဝ့လန္မွာ ေခါင္းေလးတၿငိမ့္ၿငိမ့္။

ဆိုေတာ့ သူ ဒီကေလးကို ေခ်ာ့ႏိုင္သြားၿပီေပါ့၊ အခုေခတ္ကေလးေတြက ဒီလိုပဲ ေခ်ာ့ရခက္ၾကသလား?

ေဝ့လန္ကလည္း စိတ္အေျခအေနေကာင္းေနသျဖင့္ ေဝ့႐ႊင္းႏွင့္ စကားေျပာခ်င္စိတ္႐ွိလာခဲ့သည္။

'' ကြၽန္ေတာ္က ေခ်ာ့ရခက္လို႔လား ''

'' ငါထင္ထားတာထက္ေတာ့ပိုခက္တယ္ '' ေဝ့႐ႊင္းက ကူကယ္ရာမဲ့ေနသည့္မ်က္ႏွာျဖင့္ '' ဒါေပမဲ့ မင္းကိုဘယ္သူက သခင္ေလးျဖစ္ခိုင္းထားလဲ ''

တဖက္လူစကားသံထဲက သည္းခံအလိုလိုက္သည့္အရိပ္အေယာင္ေတြကိုၾကားေနရေတာ့ ေဝ့လန္ရဲ႕ႏႈတ္ခမ္းေထာင့္ႏွစ္ဖက္ကလည္း မသိမသာျမင့္တက္သြားေလသည္။ သူ ေဝ့႐ႊင္းရဲ႕အက်ႌစကိုလွမ္းဆြဲလိုက္ကာ စိတ္တိုင္းက် ယမ္းခါရင္း သူ႕အေျခအေနကို႐ွင္းျပလာခဲ့သည္။

'' ကြၽန္ေတာ္က အဲ့ေလာက္အထိေခ်ာ့ရမခက္ပါဘူး အခ်ိန္အမ်ားစုက လိမၼာပါတယ္ ခုနက ေတာ္ေတာ္ေလးေဒါသထြက္ၿပီး စိတ္မသက္မသာျဖစ္သြားလို႔ပါ အဲ့ဒါေၾကာင့္ ေတာ္ေတာ္ေလးေခ်ာ့ရခက္သြားတာ ေနာက္တစ္ခါအဲ့လိုမစနဲ႔ေတာ့ေနာ္ ''

'' စိတ္ခ်ပါ မစေတာ့ဘူး ''

'' ဒါဆို ကြၽန္ေတာ္တို႔ ျပန္ေခၚသြားၾကၿပီေပါ့ေနာ္ ''

ေဝ့လန္က တကယ့္ကို ကေလးေလးပါပဲဟုေတြးလိုက္မိျပန္သည္။ သူတို႔အစကတည္းက ရန္မွမျဖစ္ထားၾကတာ။ တစ္ေယာက္ထဲ တဖက္သတ္စိတ္ဆိုးစိတ္ေကာက္ ေခါင္းမာေနလို႔ ဒီက မနည္းျပန္ေခ်ာ့ထားရတာကို အခုက် ႏွစ္ဦးသေဘာတူ ျပန္ေခၚသြားၾကၿပီတဲ့လား။

သို႔ေသာ္ ေခါင္းၿငိမ့္ျပရင္း လိုက္လိုက္ေလ်ာေလ်ာေျပာလာသည္က

'' အင္း ''

ေဝ့လန္ ေဝ့႐ႊင္းရင္ခြင္ထဲ ပစ္ဝင္လိုက္ကာ တဖက္လူကိုတင္းတင္းၾကပ္ၾကပ္ဖက္ထားၿပီး ေပ်ာ္႐ႊင္ၾကည္ႏူးေနေသာေလသံျဖင့္

'' ေကာေကာက တကယ္အေကာင္းဆုံးပဲ ''

ေဝ့႐ႊင္းလည္း သူ႕ကို အတင္းဖက္ထားသည့္ ေဝ့လန္ကိုၾကည့္ရင္း လြန္ခဲ့တဲ့မိနစ္အနည္းငယ္ကေတာ့ သူေပြ႕ခ်ီတာမခံခ်င္လို႔ ရင္ခြင္ထဲကေန အတင္း႐ုန္းကန္ထြက္ဖို႔ႀကိဳးစားေနတဲ့ ေကာင္ေလးကဘယ္သူလဲဟု ေတြးမိသြားေလသည္။ အခုက် သူ႕ဘာသာရင္ခြင္ထဲတိုးဝင္လာၿပီး '' ေကာေကာက အေကာင္းဆုံးပဲ '' လို႔ ေျပာေနျပန္ၿပီတဲ့လား။ အခုစိတ္တိုလိုက္၊ အခုေပ်ာ္လိုက္နဲ႔ တကယ္ကို စိတ္အေျခအေနေပၚမူတည္တာပဲ။ ေဝ့႐ႊင္း သူ႕ရင္ခြင္ထဲက ေဝ့လန္ေလးကိုၾကည့္ၿပီး သူျပဳစုပ်ိဳးေထာင္ေနသည့္ကေလးေလးက သာမန္ကေလးေတြလိုမျဖစ္လာပဲ အခုတစ္မ်ိဳး၊ေတာ္ၾကာတစ္မ်ိဳးနဲ႔ သူနဲ႔ပိုပိုတူလာတာပဲဟု ေတြးမိသြားေလသည္။

『 စာေရးသူမွာ ေျပာစရာ႐ွိတယ္:

အန္႔စီး (စာေရးသူ) : ဘာကို ဘယ္သူနဲ႔ပိုတူလာလို႔ ဂုဏ္ယူေနတာလဲ နင္ပ်ိဳးေထာင္ထားတာက တိုင္းသိျပည္သိဘူလီေလးဟဲ့! အခုအခ်ိန္မွာ ငယ္ေသးလို႔ခ်စ္ဖို႔ေကာင္းေန႐ုံေလးတင္! 』

__________________________________

ကိုကိုက တကယ္ဘက္လိုက္တယ္ကြာ သူမ်ားက် လိုတာထက္ပိုမေျပာဘူး သူ႕ကေလးက် ေျပာလိုက္ရင္အ႐ွည္ႀကီး 🤣 ေဝ့လန္က တကယ္ဂ်စ္တူးေလးေနာ္

Pokračovat ve čtení

Mohlo by se ti líbit

116K 2.7K 42
When your PR team tells you that we have to date a girl on the UCONN women basketball team and you can't say no to it... At first you don't think too...
961K 36.4K 87
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
1.1M 44.8K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
133K 3.6K 74
Stray Kids is on tour! Ella wins a prize at the concert that ends up turning her entire life upside down. She uncovers the dark secrets to K-Pop and...