မင်းက α€„α€«α€·α€™α€­α€”α€Ία€Έα€™α€–α€Όα€…α€Ία€œα€¬α€™α€šα€Ία€·α€žα€° (...
By Zphoowai
376K 19.4K 2.4K
Redflag- Beauty M-preg More
Intro
Profile
ထပိုင်း (၁)
ထပိုင်း (၂)
ထပိုင်း (၃)
ထပိုင်း (၅)
ထပိုင်း (၆)
ထပိုင်း (၇)
ထပိုင်း (၈)
ထပိုင်း (၉)
🌱
ထပိုင်း (၁၀)
Emergency foods
Ice CREAM
πŸƒ
ထပိုင်း (၁၁)
ထပိုင်း (၁၂)
ထပိုင်း (၁၃)
ထပိုင်း (၁၄)
ထပိုင်း (၁၅)
ထပိုင်း (၁၆)
ထပိုင်း(၁၇)
ထပိုင်း (၁၈)
ထပိုင်း (၁၉)
ထပိုင်း (၂၀)
ထပိုင်း (၂၁)
ထပိုင်း (၂၂)
ထပိုင်း (၂၃)
ထပိုင်း (၂၄)
ထပိုင်း (၂၅)
ထပိုင်း (၂၆)
ထပိုင်း (၂၇)
ထပိုင်း (α‚αˆ)
ထပိုင်း (၂၉)
ထပိုင်း (၃၀)
ထပိုင်း (၃၁)
ထပိုင်း (၃၂)
ထပိုင်း (၃၃)
ထပိုင်း (၃၄)
ထပိုင်း (၃၅)
😎
ထပိုင်း (၄)
11.8K 686 97
By Zphoowai
{Zawgyi}
... ဓားဘယ်လောက် ရှတယ် မြည့်တယ် ပြောပြော...
ဓားအိမ်အပြင်ဘက် မရောက်သရွေ့
ဘာမှမဖြစ်ဘူး...။
ဒီတော့...
သိပ်ပြီး အန္တရာယ်ကြီးတဲ့ အဲ့ဒီဓားကို
ထိန်းထားနိုင်တဲ့ ဓားအိမ်ကသာ....။
***
ညပိုင်း
ကျွန်တော်တို့ တောထဲက ပြန်လာပြီး အိမ်ရောက်သည်နှင့် မီးဖိုခန်းဝင်ပြီး တကုပ်ကုပ် လုပ်နေမိသည်။ အစ်ကိုကတော့ ကျွန်တော့်ကို မီးဖိုခန်းထဲ ထားပြီးသည်နှင့် ဆန်ကြိတ် ၊ နွားစားကျွေးတာမျိုး လုပ်နေသည်။
ဂိမာန် ရာသီဥတုမို့ နေ့တာရှည်ပြီး ညတာရှည်လျားသည်။ တန်ခူး ကဆုန် ဆွေ့ဆွေ့ခုန် ဆိုသည့်အတိုင်း ပူအိုက်မှုက ဘယ်အရာနှင့်မျှ အစားထိုးလို့ မရ....။
ဟင်းအိုးတစ်အိုးပြီး တစ်အိုးဆိုတာထက် ကျွန်တော်ကြိုက်တဲ့ ဟင်းတွေကိုပဲ စားချင်လို့ ချက်နေတာမျိုးပင်...။ ကျွန်တော့်အကြိုက်အတွက် အစ်ကိုရော အစ်ကို့မေမေတို့ပါ မတားပါ။ သို့ပေမယ့် ဥပဒ်ဖြစ်စေမှာ စိုးလို့ အများကြီးတော့ မကျွေးပါလေ...။
ဟင်းချက်ပြီးစီးသည်နှင့် အပြင်က ရာသီဥတုကို ကြည့်လိုက်မိတော့ အနည်းငယ် မှောင်ရီပျိုးနေလေပြီ။ ကျွန်တော်လည်း လက်သုတ်ဝတ်ကို လက်က အပေအကျန် ဆေးကျောထားသည့် ရေများကို သုတ်ငင်လိုက်ပြီး အစ်ကို့ကို လိုက်ရှာနေမိသည်။
အိမ်အောက် ဧည့်ခန်းမှာတော့ အိမ်ဘေးနားမှ ကလေးတွေ ကာတွန်းကား ကြည့်နေသည်။ အစ်ကို့အမေနှင့်အဖေကတော့ ဧည့်ခန်းတစ်ဖက်က ကုတင်ပေါ်မှာ စာရင်းလုပ်​နေသည်။ ထို့နောက် ကျွန်တော်လည်း အစ်ကိုရှိနေတတ်သည့် ဆန်ကြိတ်စက်ရုံအနား သွားကြည့်မိသည်။
စပါးကြိတ်နေပေမယ့် အစ်ကို့ကို ဘယ်နေရာမှ မတွေ့...။ အိမ်မှာ ဆန်ကြိတ်ဖို့ ငှားထားသည့် ရွာထဲမှ အစ်ကိုတစ်ချို့ကိုသာ တွေ့ရသည်။ ကျွန်တော် စက်ရုံအနှံ့လိုက်ရှာနေသည်ကို သိသည့် အစ်ကိုတစ်ယောက်ကတော့ဖြင့်....
"ပျိုးငယ်... ကိုဦးကို ရှာနေတာလား?"
"ဟုတ်ကဲ့ အစ်ကို ဘယ်သွားလဲ မသိဘူး...။"
"သြော်... မြို့ကို ခဏသွားတယ်... ဒီနေ့ စပါးဝယ်မယ့်သူတွေကို သွားကြိုရတာ ထင်တယ်....။"
"ဟုတ်လား? အစ်ကိုက ပျိုးငယ်ကို ဘာမှပြောမသွားဘူး...။"
ကျွန်တော်က သဘောမကျစွာ ငြီးတွားလိုက်ချိန်မှာတော့ ထိုအစ်ကိုက...
"သွားတာ... ကြာပါပြီ... ပြန်တောင် ရောက်တော့မယ် ထင်တယ်...။ သူလည်း အလောတကြီးနဲ့ ထွက်သွားတာမလို့ နေပါမယ်...။ ကြည့်ထား... အပြန်မှ ချော့လိမ့်မယ်...။"
"... အစ်ကိုက အမြဲတမ်း အဲ့လိုပဲ... တကယ် တကယ်.... ။"
နူတ်ခမ်းကို ဆူကာ စိတ်အလိုမကျဟန်ဖြင့် ထွက်သွားသည့် ကလေးလေးက တကယ်ကိုပင် အူယားစရာလေးပင်။ ပျိုးပင်ငယ်ဆိုတာ ဒီရွာမှာထက် ဘယ်လိုပြောရမလဲ... ရွာနီးချုပ်စပ်အထိ သူ့အလှက နှိုင်းယှဥ်နိုင်သည်။
မပြင်မဆင် မဖြီးမလိမ်းတာပင် ချောမောပြီး ချစ်ဖို့ ကောင်းနေတုန်းပင်...။ အသက်ရှုမှားလောက်သည့် အလှကို ပိုင်ဆိုင်ထားသည့် ဒီလူကို ပိုင်ဆိုင်ထားသည့် ကိုဦး၏ ခံစားချက်ကို အခုမှ သတိထားမိသည်။
ကိုဦးက ထိုကလေးက ဓားကြိမ်း ကြိမ်းပြီး ဇွတ်အတင်း ယူခဲ့တာ...။ သူသဘောကျလွန်းလို့ သူ့အနား ရအောင် သိမ်းထားခဲ့တာမျိုး....။ ဒီအရာက သူ့အတွက်မရှိမဖြစ်... ဒီအရာမရှိလျှင် သူရူးသွားနိုင်သော သေသွားနိုင်သော အခြေအနေ တစ်ခုမှာတော့ သူ ဒီကလေးကို ရအောင်ယူလိုက်တာမျိုးပင်...။ သူ့အတွက် ဒီကလေးရဲ့ ဖြစ်တည်မှုက သူ့တစ်ဘဝလုံးနှင့် ရင်းနှီးလောက်သည့်အထိ သိပ်သည်းဆ များတာမို့....။
ည ၇နာရီ...
၇နာရီလောက်မှာတော့ အိမ်ရှေ့မှာ အစ်ကို့ဆိုင်ကယ်ကို စက်ရပ်သံကို ကြားလိုက်ရသည်။ အရီးလေးက အပြင်သို့ ထွက်သွားပြီး အကျိုးအကြောင်း မေးပေမယ့် ကျွန်တော်ကတော့ ဘာကိုမှ မလုပ်ဘဲ TVထဲက Seriesတစ်ခုကိုသာ အသည်းအသန် မဲကြည့်နေဟန် ဆောင်လိုက်မိတော့သည်။
အစ်ကိုက ဆိုင်ကယ်ကို အိမ်တစ်ဖက်မှာ အဖီရပ်ဆွဲထားသော နေရာသို့ ရပ်ပြီးသည်နှင့် အိမ်ထဲသို​့ ဝင်လာသည်။ ထိုအချိန်မှာတော့ အိမ်အောက်မှာ ကျွန်တော်နှင့်အတူ ဇာတ်ကား ကြည့်နေသည့် သူများကတော့ ကျွန်တော့်ကို ကြည့်လိုက်.... အစ်ကို့ကို ကြည့်လိုက်ဖြင့်ပင်....။
ခဏအကြာမှာတော့ ဧည့်ခန်းကုတင်တစ်ဖက်မှာ ဆိုင်ကယ် ဦးထုပ် ၊ ဆိုင်ကယ်သော့များ ထားပြီးသည်နှင့်.... ကျွန်တော့်ထံသို့ ကြည့်လာသည်....။ ကျွန်တော်ကလည်း အစ်ကို့ကို ကြည့်လိုက်သည့် တစ်ခဏ အကြည့်ချင်း ဆုံသွားချိန်မှာတော့ အစ်ကိုက မမှတ်မသုန် ကျွန်တော့်ကို ကြည့်နေသည်....။
ထိုအချိန်မှာတော့ ကျွန်တော်နှင့် ဇာတ်လမ်းတွဲ ထိုင်ကြည့်နေသည့် သူများက....
"ပျိုးငယ်လေး... မသွားသေးဘူးလား? ဟိုမှာ ငဦး စောင့်နေတယ်လေ...။"
"ဟင့်အင်း... မသွားပါဘူး...။ သူ့ဘာသာ ဘယ်လိုနေနေ....။"
ထိုအချိန်မှာတော့ ကျွန်တော့်ကို လာပြောသည့် အစ်မတစ်ယောက်၏ နူတ်မှ.... 'အမလေး' ဟူသော ထိတ်လန့်သံနှင့် သူတို့က ဇာတ်လမ်းကို အာရုံစိုက်နိုင်စွမ်း မရှိတော့....။
အစ်ကိုက တဖြည်းဖြည်း ကျွန်တော့်ဆီ လျှောက်လာချိန်မှာတော့ အားလုံးက စိတ်ဝင်တစား ကြည့်နေသည်....။ အစ်ကိုက ကျွန်တော့်အနားမှာ ရပ်ပြီး ကျွန်တော့်ကို ကြည့်ကာ....
"ပျိုးငယ်... အပေါ် သွားရအောင်လေ....။"
အစ်ကိုက လေသံအေးအေးနောက်မှာတော့ ကျွန်တော် ပထမဦးဆုံးအကြိမ်အဖြစ် မကြားချင်ယောင်ဆောင်နေမိသည်။ ထိုခဏအကြာမှာတော့ အစ်ကိုက ခါးဘက်မှ လာရောက်ပွေ့ပိုက်ပြီး အတင်းပွေ့ချီကာ အိမ်ပေါ်သို့...။
ကျွန်တော်လည်း အစ်ကို့လက်ထဲက မရဲတရဲ ရုန်းကန်ကြည့်ပြီး ငြင်းဆန်နေမိတော့....။
"ပျိုးငယ်..."
အစ်ကို့အသံက Warning အပြည့်ဖြင့် ခေါ်လာသည်။ ကျွန်တော်လည်း ထိုအချိန်မှပင် အစ်ကို့ကို ကြည့်လိုက်မိပြီး...
"ဘာလို့ မြို့သွားတာကို ပြောမသွားတာလဲ? "
ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို တစ်ချက်ကြည့်လာပြီး ကျွန်တော့်ပါးပြင်ကို တစ်ချက်နမ်းရှိုက်ကာ...
"မင်းကို မြင်နေရရင် မသွားချင်မှာစိုးလို့....။"
"ဟမ်?"
နံနက်ပိုင်း...
ဒီနေ့လည်း အစ်ကိုက နံနက်စောစော ထပြီး  စပါးကျီဘက်မှာ မြို့မှာ စပါးဝယ်သည့် ဧည့်သည်များနှင့် စကားစမြည်ပြောနေသည်...။ ပြီးတော့ တစ်ခါတည်း စပါးကြိတ်ဖို့ စပါးလှမ်းနေသည့် နေရာ၌ စပါးသယ်နေသည့် မိန်းကလေးတစ်ချို့ဖြင့် အစ်ကိုက ပြုံးရယ်ကာ ရှိနေသေးသည်။
ထိုအထဲမှာ အိမ်နီးချင်း တက္ကသိုလ် ပထမနှစ် ကလေးမ အချောလေးပင် ပါနေသေးသည်။ အစ်ကိုက စပါးချင်ပြီး တင်နေသည့် ကားနှင့် စပါးလှန်းနေသည့် နေရာအကြား၌ ဆောင့်ဆောင့်ထိုင်ကာ သူ့လက်နှစ်ဖက်ကို ဒူးနှစ်ဖက်ပေါ်သို့ တင်ထားသည်။ ဘေးနားက စပါးပွဲစားနှင့် အတော်လေးကို ရယ်ရယ်မောမော ရှိလေတော့....
ကျွန်တော်လည်း မီးဖိုခန်းထဲ မနက်စာအတွက် ချက်ပြုတ်ပြီးသည်နှင့် ဒီအတိုင်း အစ်ကို့ကို စောင့်မနေဘဲ ရေချိုးဖို့ ပြင်မိသည်။ စပါးကျီနှင့် ရေချိုးသည့်နေရာက မျက်စောင်းထိုးလောက်မို့ ရေချိုးဖို့ ပြင်နေသည့် ကျွန်တော့်ကို လိုက်ကြည့်နေဟန် ရှိသည့် အစ်ကို့ကို မမြင်ချင်ယောင်ဆောင်ကာ ပြောလိုက်မိသည်။
တွေ့ကြသေးတာပေါ့.... ပျိုးငယ်ဆိုတာ ဘာလေးလဲဆိုတာ လုပ်ပြရမည် ဖြစ်သည်။ သူကျ နေချင်သလို နေပြီး မိမိကျတော့ နေရာတကာ ပိတ်ပင်နေချင်တာ....။ ပြီးတော့ အရင်လိုပင် စကားစမြည် သိပ်မပြောဘဲ ရှိနေတော့... ယောကျ်ားတွေများ ဒါငြီးငွေ့သွားတာပေါ့လေ....။ အတွေးနှင့်အတူ ရေချိုးခန်းသို့ ဝင်မိလိုက်တော့သည်။
တစ်ဖက်မှာတော့....
"ပျိုးပင်ငယ်ဆိုတာ သူလား?"
"ဟုတ်တယ်..."
"တကယ်ကို မင်းပြောနေကျ... တစ်လုတ်စာလေးပဲ...။ မင်း ဝရော ဝရဲ့လား ငဦးရာ...။"
ပွဲစား ဝင်းမင်းစိုး၏ ပြောသံကို အပြုံးဖြင့်သာ တုံ့ပြန်လိုက်မိသည်။ ထို့နောက် ရေချိုးခန်းဘက်သို့ တစ်ချက်ကြည့်လိုက်မိပြီး မိနစ်များကိုသာ ရေတွက်လိုက်မိသည်။
မိနစ်အနည်းငယ် အကြာ...
ရေချိုးပြီး သနပ်ခါး လိမ်းနေရင်းပင် ခေါင်းထဲ အတွေးတစ်ခု ပေါ်လာသည်က အစ်ကို့ကို တစ်ခုခုလုပ်ဖို့....။ စပါးလှန်းနေသည့် ကလေးများနှင့် ပြုံးပျော်နေသည့် အစ်ကို့ကို အရင်က သူတားမြစ်ထားသည့် အရာများကို ပြန်လုပ်ဖို့ ပြင်မိလိုက်သည်။
အရင်ထက်ပိုပြီး သနပ်ခါးဖွေးဖွေးလေးကို လိမ်းလိုက်မိသည်။ ထို့နောက် နူတ်ခမ်းကို အနည်းငယ် နီသွေးထွေးနေသည်။ ဆံထုံးကို သေချာထုံးပြီး ပန်းလေးကိုပါ ပန်လိုက်မိသည်။ ထို့နောက် အရင်ထက် ပိုပြီး ပြုပြင်လိုက်မိသည်....။
အားလုံး ပြင်ဆင်ပြီးသွားသည်နှင့် အိမ်အောက်သို့ ဆင်းလာချိန်မှာတော့ မီးဖိုခန်းထဲ ထမင်းပွဲ ပြင်နေသည့် အစ်ကို့အမေကို တွေ့လိုက်မိတော့သည်။ အရီးလေးကတော့ ကျွန်တော့်ကို အတော်ကြာ ငေးမောကြည့်နေပြီး အံ့သြနေဟန် ရှိသည်။
"အငယ်လေး... ဘယ်လိုဖြစ်ပြီး...."
အရီးလေးကတော့ ဘာမှမပြောဘဲ အစ်ကိုရှိနေသည့် စပါးကျီဘက်သို့ ခေါင်းကို ထွက်ကာ ကြည့်နေပြီး ရင်တမမ ရှိနေသည်။ အရီးလေးစိတ်ထဲမှာတော့ ဒီကလေး ငဦးကို မကြောက်မရွံ့ဆိုတာမျိုး ဖြစ်လိမ့်မည်။ ကျွန်တော်ကတော့ ဘာမှမပြောဘဲ.... အရီးလေးရှိနေသည့် နေရာသို့သာ သွားလိုက်မိပြီး....
"အရီးလေး... ပျိုးငယ် ပြင်လိုက်မယ်နော်...။ စပါးလာဝယ်တဲ့သူတွေက ဒီမှာ ထမင်းစားမှာ မလား?"
အရီးလေး လက်ထဲမှ ပန်းကန်ပြားတစ်ချပ်ကို ကိုင်ကာ ကျွန်တော်က ပြောလိုက်မိတော့....
"အငယ်လေး... ဘယ်လိုဖြစ်ပြီး....။ တစ်ခြားသူတွေရှေ့ ဒီလိုပြင်ပြီး ငဦးကို သွားမစပါနဲ့... ကလေးရယ်။ မင်း... အဲ့ဒီကလေးအကြောင်းလည်း သိရဲ့သားနဲ့...။"
အရီးလေး၏ စိုးရိမ်သံကို ကျွန်တော်ပြုံးကာ တုံ့ပြန်လိုက်မိပြီး....
"ဒီအတိုင်း အစ်ကို့ကို စိတ်ဆိုးစရာ ရှိလို့ကို....။ မေမေ့သားကလေ ပျိုးငယ်ကိုသာ ပိတ်ပင်နေတာ သူကျ နေချင်သလို နေနေတာ.... ဟွန့်...။"
"အမလေး... အမ​လေး မဟုတ်တာကွယ်...။ အဲ့ဒီကလေးက မင်းက လွဲပြီး ဘယ်သူ့ကိုမှ ဒီလိုမျိုး ယူထားတာ မဟုတ်ဘူး...။ အခုတောင် ငဦးပိတ်ပင်ထားတဲ့ အရာတွေက မနည်းမနော... ။ နောက်ဆို အိမ်ပေါ်ကနေ အိမ် အောက်ကိုတောင် ခွင့်မပြုဘဲ နေလိမ့်မယ်...။ ပျိုးငယ် ကလေးရယ်... မလုပ်ပါနဲ့ ကွယ်...။"
"ဟုတ်ကဲ့ပါ... ပျိုးငယ်က အဲ့ဒီလောက်အထိ မလုပ်ပါဘူး ဒီအတိုင်း နည်းနည်း....။"
အဟင်း....
သက်ပြင်းသဲ့သဲ့ကိုသာ ချမိသည်။ သူက ငဦးဒေါသရဲ့ လောင်စာ.... ငဦးရဲ့လောင်စာဆိုတာ သူကိုယ်တိုင်မသိသေး...။ အဲ့ဒီကလေးကတော့ သူ့အတွက်နဲ့ဆို ဘာကိုမှ ထိန်းမရတာလည်း အသိဆုံး....။ ဒါကို ဘယ်လိုဖြစ်ပြီး....။
ရှိရင်းစွဲ အလှနဲ့တောင် အသက်ရှုမှားဖို့ တန်နေသည့် ကလေးလေးက ဒီနေ့မှာတော့ နည်းနည်းတောင် ပြင်ဆင်ထားသည်တဲ့....။ ဒီအငယ်လေးကတော့ တစ်ခုခုဖြစ်ရင် မိမိတို့လည်း ငဦးကို မနိုင်ဘူးဆိုတာ သူမသိလေရော့သလား?
ပြီးတော့....
ငဦး ဓားသွားက ဓားမသွေးတာတောင် ဓားသွားက မြည့်နေတုန်းဆိုတာ ထိုကလေး မသိသေး။
နောက်ဆက်တွဲ အရာတစ်ခုအတွက် ရယ်မောကာ ရှိနေတုန်းပင် အိမ်နောက်ဘက်မှ ခေါ်သံတစ်ခုကြောင့်....
"ပျိုးငယ်... ပျိုးငယ်ရေ....။"
အငယ်လေးကတော့ ထိုအသံကြားသည်နှင့် မိမိအား ပြောပြီး ထိုနေရာသို့....။ ခဏအကြာမှာတော့ လက်ထဲ၌ ပဒုမ္မာကြာပန်း တစ်ပွေ့တစ်ပိုက်ကြီးနှင့် ပြန်လာသည့် ပျိုးငယ်က ဘာတွေ ကြံစည်နေလဲ မသိတော့....။
"အရီးလေး... ပျိုးငယ် ဘုရားပန်းလှူမလို့ မှာထားတာ လှတယ်မလား?"
"အင်း အင်း... ဒါဆို ပန်းလှူပြီး အိမ်ပေါ်မှာပဲ နေတော့နော်။"
"အိမ်ပေါ်က ပူတယ် ... ပျိုးငယ် မနေနိုင်ဘူးရော်...။"
ပျိုးငယ်ကတော့ သူ့လက်ထဲက ပန်းများကို ကိုင်ကာ ဘုရားပန်းလဲဖို့ ပြင်ဆင်နေသည်။ ခဏအကြာမှာတော့ မီးဖိုခန်းသို့ ပြန်လာပြီး....
"အရီးလေး... အစ်ကိုတို့ကို ထမင်းစားဖို့ သွားခေါ်လိုက်တော့မယ်နော်...။"
"......"
မိမိထံမှ ဘာစကားမှ မကြားခင် ပျိုးငယ်ကတော့ ငဦး ရှိနေသည့် နေရာသို့...။ ငဦးပုံမှန်စိတ်အတိုင်းတောင် ကြောက်ဖို့ကောင်းနေတာ... ဘီယာမသောက်ပါစေနဲ့ဟုသာ ဆုတောင်းရင်း မကြာမီ ဖြစ်လာမယ့် သားဖြစ်သူ၏ ဒေါသတရားများအတွက်.... ကြိုတင်ကာဖြင့်....
အစ်ကိုရှိနေသည့် နေရာသို့ ပေါ့ပေါ့ပါးပါးဖြင့်ပင် သွားနေမိသည်။ အစ်ကိုကတော့ အခုထက်ထိ ထိုင်နေပြီး သူ့လက်ထဲမှာတော့ ဘီယာဗူးကို ကိုင်ထားသည်။ အစ်ကိုက သူ့နံဘေးမှ ပွဲစားဖြင့် စကားပြောနေရင်းမှ ကျွန်တော့်ကို ကြည့်လာသည်....။
"အစ်ကို... အမေက ဧည့်သည်တွေကို ထမင်းစားဖို့ ခေါ်ခိုင်းလို့....။"
တမင်တကာပင် အပြုံးလေးဖြင့် ဝေ့ကာ ပြောလိုက်မိတော့ အစ်ကို့က တည်လျှက်....။ စပါးဖြန့်တဲ့သူ... စပါးချင်သည့်သူများကို ခဏရပ်နားစေပြီးသည့်နောက်.... အစ်ကိုက ကျွန်တော့်ကို ကြည့်လာကာ သူ့ဆီလာဖို့ ခေါ်သည်....။
ကျွန်တော်လည်း နံဘေးက လူအ​ခြေအနေများကို ကြည့်လိုက်ပြီး အစ်ကို့အနား တရွေ့ရွေ့..
နံဘေးမှ လူအများ၏ အကြည့်များက ကျွန်တော့်ပေါ်၌သာ သိသိသာသာ...။ ကျွန်တော်လည်း အခြေအနေကို တစ်ချက်ကြည့်ပြီး အစ်ကို့အနားသို့ ရောက်သည့်အချိန်မှာတော့ အစ်ကိုက ထိုင်ရာမှ ထ မလာသေး....။
အစ်ကိုက ကျွန်တော့်ကို မော့ကြည့်လာပြီးသည့်နောက်...
"ပျိုးငယ်..."
"ဟုတ် အစ်ကို..."
"မင်း ခြေထောက်တွေ အချိုးခံချင်တာလား? "
မျက်နှာတည်ဖြင့် ပြောလာသည့် အစ်ကိုစကားတစ်ခွန်းမှာတော့ ကျွန်တော် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ ထင်သည်တော့ အစ်ကိုက အခုနက ကျွန်တော် လုပ်နေသည့်အရာများကို လိုက်ကြည့်နေခဲ့ပုံ ရပါသည်...။ ထို့နောက် သူ့အနားမှာ ရပ်ကာ ဘာမှဖြေမလာခဲ့သည့် ကျွန်တော့်ကို တစ်ချက်ကြည့်လာပြီး...
"ဘယ်သွား မသွားနိုင်အောင် အချိုးခံချင်တာလား?"
ထင်သည်တော့ အစောနက ကျွန်တော်သွားလာနေသည်ကို အစ်ကိုက သဝန်တိုဟန်ဖြင့် ပြောနေလေသည်။ အစ်ကို ပျိုးငယ်ကို အရမ်းချစ်တယ်ဆိုတာ သိပေမယ့် အစ်ကိုဒီလို ဒေါသထွက်နေရင် တကယ်ကြောက်မိတာမျိုးပင်...။ အစ်ကိုက ခဏ ခဏ သတ်ပစ်ဖို့ ခြိမ်းခြောက်ထားတာမို့....။
"မဟုတ်ပါဘူး... ပျိုးငယ်က ဒီအတိုင်း... ဟို..."
တည်တံ့နေသော အစ်ကို့မျက်နှာကို တစ်ချက်ကြည့်ကာ စကားသံတို့ မထွက်လာတော့...။ အစ်ကိုကတော့ သူ့ခေါင်းကို ငုံ့ကာ သူ့လက်သီးနှစ်ဖက်လုံးကို ကြပ်ကြပ်ဆုပ်ထားသည်။
အစ်ကို့ဘက်က စကားသံတို့ ထွက်မလာချိန်မှာတော့ ကျွန်တော်လည်း တံတွေးတစ်ချက် မြိုချလိုက်ကာ...
"ပျိုးငယ် ဒီလိုရှိနေတာက... ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။ ပျိုးငယ်မှာ အစ်ကိုတစ်ယောက်လုံး ရှိနေတာပဲလေ...။ ပျိုးငယ်က ဒီအတိုင်း အစ်ကို သတိထားမိအောင်လို့....။"
ထိုအချိန်မှာတော့ အစ်ကိုက ရုတ်တရက် ထိုင်ရာမှ ထလာပြီး သူ့လက်သီးအား ကျွန်တော့်မျက်နှာသို့ ချိန်ရွယ်ကာ....
"သတိထားမိတာ ဟုတ်လား? အားလုံးက မျက်လုံးကျွတ်မတက် ကြည့်နေကြတာ... ဟ! ။ ငါ လူသတ်ပွဲတွေ မဖြစ်ချင်ရင် ပျိုးငယ် မင်း ကြည့်နေနော်...။"
အစ်ကိုက ကျွန်တော့်မျက်နှာသို့ ချိန်ရွယ်ထားသည့် သူ့လက်သီးကို ဖယ်ခွာသွားလေပြီ။ သို့သော် အခုထက်ထိ လက်သီးကို မဖြည်ချသေး....။
"... ထင်တာတော့ မင်းက ငါ့ဓားမြည့်မမြည့်ကို သိချင်တာလား..?"
အံကို ဖိကြိတ်ကာ ဆိုလာသည့် အစ်ကို့စကားနောက်မှာတော့ ကျွန်တော်လည်း အစ်ကို့ကို ကြည့်ကာ...
"... ဒီအတိုင်း အစ်ကို့အာရုံတွေ ပျိုးငယ်အပေါ် လျော့နေတယ်အထင်နဲ့... ပျိုးငယ် လုပ်ခဲ့တာ...။ ပျိုးငယ် ဘယ်သူ့ကိုမှ မရည်ရွယ်ဘူး....။"
ထိုအခါမှ အစ်ကိုက ကျွန်တော့်ကို ကြည့်လာပြီး ကျွန်တော့်လည်တိုင်သို့ သူ့လက်ဖြင့် ဖိကာ....
"အာရုံစိုက်မှု ဟုတ်လား? ဒီကောင်က မင်းကို တစ်နာရီမမြင်ရရင်တောင် တစ်နာရီထိုင်ကြည့်နေတတ်တဲ့ ကောင်... ပျိုးငယ်...။ မင်း မရှိရင် နေသားမကျတဲ့ သူ..."
"ဒါဆို ဘာလို့ ဘေးအိမ်က နဒီတို့အဖွဲ့နဲ့ကျ ပြုံးရယ်နေတာလဲ? ဘာလို့ ပျိုးငယ်ကျ ကိုယ့်ယောကျ်ားကို သဝန်တိုခွင့် မရှိတာလဲ...။ ပျိုးငယ်လည်း အစ်ကို့ကို သဝန်တိုလို့ မရဘူးလား?"
ထိုအချိန်မှာတော့ အစ်ကိုက တစ်ချက်ကြည့်လာပြီး...
"ပျိုးငယ်...
မင်း သဝန်တိုဖို့ မလိုအောင် ငါ့စိတ်ဝိညာဥ် အကုန်လုံးက မင်းဆီမှာ...။ ငါ့ရူးသွပ်မှုက မင်းပဲ...။ ငါရူးရင်တောင် မင်းကို တ ပြီး ရူးမှာ ပျိုးငယ်...။ လာ... ပါးပေါ်က သနပ်ခါးတွေဖျက်လိုက်....။"
"မဖျက်ဘူး... ပျိုးငယ် လှနေတာပဲ မလား...။ ဒီလိုလေး နေမယ်နော်...။"
ထိုအချိန်မှာတော့ အစ်ကိုက...
"ငါ လုပ်လိုက်ရင် သေဦးမယ်...
လည်ပင်းကလည်း ငါ့လက် တစ်ဖက်တည်းနဲ့တင် အဆင်ပြေတယ်...။
စားရင်လည်း ငါ့တစ်လုတ်စာလေး ရှိတာကို...။ ငါ့ကို မသတ်နဲ့...။"
အစ်ကို့လက်ဖဝါးနှစ်ဖက်လုံးက ကျွန်တော့်မျက်နှာပေါ်မှ ခြယ်သမှုတို့ကို ဖြည်းညှင်းစွာ ဖျက်နေသည်...။ ကျွန်တော်ကတော့ ဘာမှမပြောဘဲ အစ်ကို့ကို စိတ်မကျေနပ်စွာပင် ကြည့်နေမိသည်။ အစ်ကိုက ဘာမှမပြောဘဲ...
"... နေ့လည်စာ မစားရသေးဘူးမလား? သွားစားရအောင်လေ...။"
"ဧည့်သည်တွေ စားနေတယ် မလား? အစ်ကိုကရော ဆာနေပြီလား?"
"အင်း ပျိုးငယ် စားမှ စားမလို့ပါ...။ အစောနက နည်းနည်း သောက်ထားလို့...။"
"ဟင့်အင်း... ဒါဆို ပျိုးငယ်လည်း မဆာသေးဘူး...။ မုန့်ပဲ စားမယ်လေနော်...။"
မိနစ်အနည်းငယ် အကြာ...
"၅၁၆..."
အစ်ကိုကတော့ လက်နှစ်ဖက်ရှေ့တန်းရာမှ စပါးအိတ်အရေအတွက်ကို ရေတွက်နေသည်။ ကျွန်တော်ကတော့ အစ်ကို့ရင်ခွင်ထဲမှာ မှေးထိုင်ကာ လက်ထဲက မုန့်ထုပ်ကိုသာ စားနေမိသည်။ အစ်ကိုကတော့ စပါးအရေအတွက်စစ်နေရင်းမှ ကျွန်တော့်ကို ခဏခဏ ဆန်းစစ်နေသည်။
ကျွန်တော့်ခန္ဓာကိုယ် နေရောင်ကျသည့် နေရာကို ဇွတ်အတင်း ကွယ်ဝှက်နေရသည်ကအလုပ်တစ်ခု..။ ကျွန်တော့်ခြေထောက်အောက်သို့ သူ့လက်ဖဝါးကြီးကြီးတို့က မကြာခဏဆိုသလို.... ။ နေပူရင်တောင် မကြိုက်တဲ့သူက ဒီ​ခြေထောက်တွေကို ရိုက်ချိုးဖို့ ​ပြောခဲ့တာတဲ့....။
ခဏအကြာမှာတော့ အစ်ကိုက ပျိုးငယ်ကို တစ်ချက်ကြည့်ကာ ကျွန်တော့်နားအနားသို့ တိုးကပ်လာပြီး...
"ပျိုးငယ်...
မင်းအသားက စားကောင်းမယ် ထင်လား?"
Sat:29:7:2023:12:17AM
{Zawgyi}
ဘာမှမဖြစ်ဘူး...။
ဒီတော့...
***
ညပိုင်း
ည ၇နာရီ...
"ဟင့်အင်း... မသွားပါဘူး...။ သူ့ဘာသာ ဘယ်လိုနေနေ....။"
"ပျိုးငယ်..."
"ဟမ်?"
နံနက်ပိုင်း...
တစ်ဖက်မှာတော့....
"ဟုတ်တယ်..."
မိနစ်အနည်းငယ် အကြာ...
အဟင်း....
ပြီးတော့....
"ပျိုးငယ်... ပျိုးငယ်ရေ....။"
"......"
"ပျိုးငယ်..."
"ဟုတ် အစ်ကို..."
"ပျိုးငယ်...
မိနစ်အနည်းငယ် အကြာ...
"၅၁၆..."
"ပျိုးငယ်...
Sat:29:7:2023:12:17AM
Continue Reading
You'll Also Like
652K 56.9K 51
α€—α€­α€―α€œα€Ία€‘α€±α€¬α€„α€Ία€’α€„α€Ία€”α€Ύα€„α€Ία€·α€™α€™α€Όα€α€„α€Ία€Έα€€α€­α€― inspireα€šα€°αα€›α€±α€Έα€‘α€¬α€Έα€žα€Šα€Ία€·boy loveα€α€α€Ήα€α€―α€α€…α€Ία€•α€―α€’α€Ία€–α€Όα€…α€Ία€žα€Šα€Ία‹ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် α€™α€Όα€”α€Ία€™α€¬α€”α€­α€―α€„α€Ία€„α€Άα€€α€­α€―α€–α€€α€Ία€†α€…α€Ία€‚α€»α€•α€”α€Ία€α€­α€―α€·α€›α€€α€Ία€…α€€α€Ία€α€²α€·α€ž...
700K 37.7K 46
α€€α€‡α€¬α€α€Ία€œα€™α€Ία€Έα€α€½α€„α€Ί α€•α€«α€α€„α€Ία€žα€±α€¬ α€‡α€¬α€α€Ία€œα€™α€Ία€ΈαŠα€‡α€¬α€α€Ία€€α€½α€€α€ΊαŠα€‡α€¬α€α€Ία€€α€±α€¬α€„α€Ία€™α€»α€¬α€Έα€žα€Šα€Ί α€…α€¬α€›α€±α€Έα€žα€°α€›α€²α€· α€…α€­α€α€Ία€€α€°α€Έα€‰α€¬α€α€Ίβ€Œα€±α€žα€Έβ€Œα€±α€žα€Έα€–α€Όα€„α€·α€Ία€žα€¬ α€•α€―α€Άα€–α€±α€¬α€Ία€‘α€¬α€Έα€α€Όα€„α€Ία€Έα€–α€Όα€…α€Ία€œα€­α€―α€· တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...