ယုန်လေး က သားပေါက်လေးကို ပျို...

By Kyiphyuswe

31.5K 4.1K 61

ယုန်လေး က သားပေါက် လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး! (BL translation) Little rabbit, he can't afford to ra... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2.2)
အပိုင်း (2.3)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (3.3)
အပိုင်း (4.1)
အပိုင်း (4.2)
အပိုင်း (4.3)
အပိုင်း (5.1)
အပိုင်း (5.2)
အပိုင်း (5.3)
အပိုင်း (6.1)
အပိုင်း (6.2)
အပိုင်း (6.3)
အပိုင်း (7.1)
အပိုင်း (7.2)
အပိုင်း (7.3)
အပိုင်း (8.2)
အပိုင်း (8.3)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.1)
အပိုင်း ( 10.2)
အပိုင်း (11.1)
အပိုင်း (11.2)
အပိုင်း (12.1)
အပိုင်း (12.2)
အပိုင်း (13.1)
အပိုင်း (13.2)
အပိုင်း (14.1)
အပိုင်း (14. 2)
အပိုင်း (15.1)
အပိုင်း (15.2)
အပိုင်း (16.1)
အပိုင်း (16. 2)

အပိုင်း (8.1)

443 74 1
By Kyiphyuswe

(8.1) အသူရာချောက်နက် (Abyss)

ကျင်းထန် က ထို အဝတ်အစား ကို ကိုင်သာ ကိုင်ထား ပြီးတော့ ဘာမှ မပြောတဲ့ အတွက်ကြောင့် ဟော်လင်း တစ်ယောက် အနည်းငယ် စိုးရိမ်စ ပြုလာ လေ ပြီပဲ ဖြစ်လေတယ်။

သူဆိုတဲ့ ဟော်လင်း က အတင်းအဖျင်း ဖရဲသီး စား ကြတဲ့ စကွက် မှာဆိုရင် ထိတ်ဆုံး နေရာကနေ ပြီးတော့ ဝင်ပါ တက် ပေမယ့် သူက အတင်းအဖျင်း ဖရဲသီး သတင်း တွေကို နားလည် သဘောပေါက် နိုင်စွမ်း က အတော်လေး နှေးကွေး လေတယ်။ ဒါကြောင့် သူက ချက်ချင်း ပဲ အမြန်လေး မေးလိုက် လေတယ်။

'' ဘာမှား နေလို့လဲ?  အဲ့ အဝတ် အစားနဲ့ ပတ်သက်ပြီး တော့ ဘာ များ မှားယွင်း နေလို့လဲ? ''

ကျင်းထန် ရဲ့ လှပတဲ့ လက်ချောင်း သွယ်သွယ်လေး တွေရဲ့ ထိပ်လေး တွေနဲ့ စျေးကြီး ပေးရတဲ့ ချည်ထည် အစ ကို ဖြေးဖြေးချင်း ပွတ်သပ် နေခဲ့ လေတယ်။ သူ့ရဲ့ မျက်ဝန်း တွေထဲ မှာတော့ မရှင်းလင်း တဲ့ ပုံရိပ်တွေ ရှိနေ ဆဲ ဖြစ်ကာ အသံ နိမ့်နိမ့် လေးနဲ့ ပြောလိုက် လေတယ်။

''သူက ငါ့ရဲ့ အဝတ်အစား တစ်ထည် ကို ယူသွား ခဲ့တယ်။ ''

'' ဘယ်သူလဲ?  အစောက ဝိတ်တာ လေးကို ပြော​နေတာလား? ''

ဟော်လင်း ရဲ့ ဦးနှောက် က အခုချိန် ထိကို အလုပ် ကောင်းကောင်း မလုပ်နိုင် သေးပါပေ။

'' မဖြစ်နိုင် တာကွာ။ ငါက အဲ့ကောင် လေးကို ချိတ်နိုင် ဖို့ စိတ်ကူး နေတုံး ပဲ ရှိနေ သေးတယ် တစ်ဖက် လူက မင်းဘက် ကိုတောင် ပါသွား ပြီပေါ့လေ?  ဒါက လုံးဝ ကြီးကို မတရားတာ ပဲကွ! ''

ဟော်လင်း က ဒေါသ တကြီး နဲ့ ပြောလိုက် လေတယ်။

ကျင်းထန် ကတော့ ဟော်လင်း ကို စိတ်ကုန်တယ် ဆိုတဲ့ အကြည့်နဲ့ ကြည့် ပြီးတော့ အထင် သေးစွာနဲ့ ပြောလိုက်တယ်။

'' မင်းရဲ့ ဦးနှောက် ဆဲလ် တွေက အခုချိန်ထိ တစ်ခု ထည်းပဲ ရှိနေ သေးတာလား? ဖွံ့ဖြိုး တိုးတက် မှုတောင်  မရှိဘူးလား? ''

ငထုံ ဦးနှောက် ရှိတဲ့ အကိုတော် ချော ဟော်လင်း ခမျာ တစ်ဖြေးဖြေး သဘောပေါက် လာသလိုလို ရှိပြီးတော့ ဖြေးဖြေးချင်း ပဲ ထောင့်နားလေး ကို လှည့်ကြည့် ရင်းနဲ့ တုန်လှုပ်စွာ မေးလိုက် လေတယ်။

'' မင်းပြော ချင်တဲ့ အဓိပ္ပာယ် က ယုန်ငယ်လေး က မင်းရဲ့ အဝတ်တွေ ယူလာ ပေးဖို့ အဲ့ကောင်လေး ကို တောင်းဆို ခဲ့တာ လို့လား? ''

ဒါက အမှန် တရားပဲလေ။

ဝိတ်တာ လေး သာ တကယ်ကို ကျင်းထန် အား စွဲလမ်း လွန်းလို့ ကျင်းထန် ရဲ့ အဝတ်အစား ကို ယူချင်တယ် ဆိုရင် အခုမှ ဘာလို့ ထယူ နေရ မှာပဲ။ အရင် ကတည်း က ယူ ပြီးသွားတာ ကြာလှ ရောပေါ့။

ဘယ်လို ပဲ ဖြစ်ပါစေ အခုချိန်မှာ သူနဲ့ ယုန်လေး နန်ဟွေး တို့ကြားက ဆက်ဆံရေး က ပေါ်ပေါက် လာတဲ့ အပြင် အဲ့နေ့က ကျင်းထန် နဲ့ ယုန်လေး တို့ကလည်း နွေဦးည ဖြတ်သန်း ခဲ့ ကြ သေးတယ် လေ။

ဒီ သဲလွန်စ ဖြစ်ရပ် တွေ အကုန်လုံး ကို သာ စုစည်းလိုက် မယ် ဆိုရင် အရမ်းကိုပဲ တိုက်ဆိုင် လွန်းနေတယ်လေ ။ ပြီးတော့ အဖြေမှန် ကို အချိန်တို အတွင်းမှာ အလွယ်လေး ဖော်ထုတ် လို့တောင် ရနေတာ ပဲလေ။

ထို အဝတ်ကို တကယ် ကြီး  လိုချင်တဲ့ တစ်စုံ  တစ်ယောက် က ယုန်လေး နန်ဟွေး ပဲပေါ့။

ယူသွားတာ ခံရတဲ့ အဲ့အဝတ် အစား က နောက်ဆုံးတော့ နန်ဟွေး ရဲ့ လက်ထဲ ကိုပဲ ရောက်သွား မှာပေါ့လေ။

'' သူက မင်းရဲ့ အဝတ်တွေ နဲ့ ဘာတွေ များ လုပ်မလို့ ပါ လိမ့်နော်? သူက တကယ်ကြီး ပဲ လိုချင် နေတာ ပေါ့ ။ အဲ့လိုသာ အမှန်ဆို သူက မင်းကို တောင်းဆို လိုက်ရုံလေး တင် ရနေ တာပဲ မဟုတ်ဘူး လား။ ကြီးမြတ်လှတဲ့ မစ္စတာ ကျင်း က သူကိုယ်တိုင် တောင် ကားမောင်း ပြီးတော့ အဝတ်တွေ သွားပို့ပေး လိမ့် အုံးမယ်''

'' ငါက ဘယ်လို လုပ် သိမှာလဲ?''

ကျင်းထန် က အဝတ် ဗီဒို တံခါး ကို ' ဘန်း ' ခနဲ မြည်အောင် ပိတ်လိုက် လေတယ်။

တစ်ဖက်လူ ရဲ့ အေးစက်တဲ့ အမူအရာ အောက်မှာ ဖုံးကွယ်ထား တဲ့ ပျော်ရွှင်မှု တွေ ရှိနေတယ် ဆိုတာကို ဟော်လင်း ခံစား မိလေတယ်။ ပြီးတော့ ခွေးစာ ကို ဇွတ်အတင်း ကျွေးခံ လိုက်ရ သလို ခံစား ရတာ ကြောင့် သေမှာ မကြောက်ပဲ ရွဲ့တဲ့တဲ့ နဲ့ ပြောလိုက် လေတယ်။

'' မင်း အရမ်း ကြီးတွေ ပျော်ရွှင် မနေနဲ့။ ငါက က ကြိုတင် ပြီးတော့ ခန့်မှန်း ကြည့်လိုက် မယ်ကွ။ အဲ့ ဝိတ်တာ ငယ်လေး က မင်းကို မကြာခင် မှာပဲ ချစ်မိ သွားမယ် ဆိုတာ ငါ ကြိမ်းသေ ပြောရဲတယ်။ အဲ့အခါ ကျရင် မင်း အတွက် နဲ့ နှစ်ယောက်သား ရန်တွေ ဖြစ်ကြမယ်။ အဲ့အချိန် ကျမှ မင်းက ဘယ်လိုတွေ ဆက်လုပ် မလဲ ဆိုတာ ကို ငါ ကြည့် ရသေးတာ ပေါ့ ''

'' လူတိုင်းက မင်းလို မျိုး အရမ်းတွေ နှာဘူး ထ နေတယ် လို့များ မင်းထင် နေတာ လား ဟင်? ''

'' ဘယ်လို ပဲ ဖြစ်ပါစေ ငါက မင်းရဲ့ ယုန်လေး လောက်တော့ နှာဘူး မထဘူး ကွ ''

ဟော်လင်း က တိုက်ရိုက်ပဲ မြွေမကြောက် နဂါးမကြောက် ထုတ်ပြော လေတယ်။

''တစ်ဖက် လူရဲ့အဝတ်အစား ကိုယူ တာ က အဆင်ပြေ တယ်ထင် သလား။ ပြီးတော့ အဲ့တာ နဲ့ ဘာလုပ် မယ်ဆိုတာ ကိုလည်း ငါမသိဘူးလေ။ ဒါပေမယ့် တွေးကြည့် ရ သလောက် ကတော့ ကွာ ကောင်းတဲ့ ကိစ္စ မဟုတ်တာ တော့ လုံးဝ ကို သေချာ တယ်ကွ''

ဟော်လင်း ရဲ့စကား တွေက မီးစ လေး တစ်စ နဲ့ တူလေတယ်။ ပြီးတော့ အခုလေးတင် ငြိမ်းသက် ထား ရတဲ့ ကျင်းထန် ရဲ့ စိတ် တွေကို ချက်ချင်း ပဲ တဟုန်းဟုန်း မီးထ လောင်စေ လေတယ်။

အခုလေး တင် အတင်း ဖိနှိပ် ထား ရတဲ့စိတ် ဆန္ဒ မီး ခမျာ ပုံရိပ်တွေ ဝင် လာပြီးတော့ မရပ်မနား ကို တောက်လောင် စေနေ တော့တယ်။

ဟော်လင်း က ခေါင်းကို မော့ကြည့်လိုက် တဲ့ အခါ မှာတော့ ကျင်းထန် ရဲ့ ပြုံးချင် သလိုလို မပြုံးချင် သလိုလို နဲ့ ထူးဆန်းတဲ့ မျက်နှာ အမူအရာ ကြီးကို မြင်လိုက် ရ​လေတယ်။ ပြီးတော့ ချက်ချင်း ပဲ သူ့ တစ်ကိုယ်လုံး မှာ ကြက်သီးတွေ တဖြန်းဖြန်း ထသွား တော့ လေတယ်။

'' အမလေး ရွံစရာ ကြီး။ ကျင်းထန်ရေ ၊ နှာဘူး ထနေတဲ့ ပုံစံ လိုမျိုး ကြီး အမူအရာ လုပ်နေ တာကို ရပ်ပေးလို့ ရနိုင် မလား ကွာ? ''

ဟော်လင်း က အထင်သေးမှု ကို ပြသ တဲ့ အနေနဲ့ အနောက်ကို ခြေ နှစ်လမ်း လောက် ဆုတ်လိုက် လေတယ်။

ကြည့်စမ်း ပါအုံး ဒီကောင်တော့ နှာဘူး လို့ အခေါ်ခံ ရတာ တောင်မှ အဲ့အမူအရာ ဆက်ဖြစ် နေတုံးပဲ။

ကျင်းထန် နဲ့ နန်ဟွေး တို့ရဲ့ မျိုးနွယ် တွေက တဏှာ ပိုင်းမှာ အတော်လေး ကို တွဲဖက် ညီတာ ကို ဟော်လင်း သိလိုက် ရတော့ သူ့ရဲ့ ခေါင်းထဲမှာ နှာဘူးကျတဲ့ ပုံရိပ်တွေ နဲ့ ပဲ ပြည့်သွား လေတယ်။

သူက အမှန် ကို မ​မြင် နိုင်တာ မထူးဆန်း တော့ ပါဘူးလေ။

အိုး မဖြစ်သေးဘူး။

သေချာလေး တွေးကြည့် မယ် ဆိုရင် ဒါက ကျင်းထန် ရဲ့ တစ်ဖက်သက် အကဲ ဖြတ်မှု ပဲလေ။

ယုန်ငယ်လေး က ကျင်းထန် ရဲ့ အဝတ်အစား တွေကို ဘာကြောင့် လိုအပ် တာလဲ ဆိုတဲ့ အကြောင်း က သိပ် ပြီးတော့ မရှင်းလင်း ဘူးလေ။

အတိုချုပ် ပြောရရင် တော့ ကျင်းထန် နဲ့ ယုန်ငယ်လေး တို့ မျက်လုံးထဲက အတွေးတွေ က မတူ ညီလောက်ဘူး ဆိုတာကိုပဲ။

အဲ့လို မှ မဟုတ်ရင် ဘယ်လိုလုပ် စားပြီးတာနဲ့ တံခါးဝ ကနေ ခုန် ထွက်သွား ရ မှာလဲ။

ကျင်းထန် က ဒီနေရာမှာ ဘယ်လိုတောင်  စားပြီး ထွေးထုတ် ခံခဲ့ ရသလဲ ဆိုတာ ကို တွေးကြည့်ရင် ဟော်လင်း တစ်ယောက် မထိန်းနိုင်ပဲ ရယ်ချင် လာ လေတယ်။

ဒီလို သူတော်စင် အိုကြီး ကလည်း တစ်နေ့မှာ ကောင်လေး တစ်ယောက် ရဲ့ အသုံးတော် ခံ ခဲ့ရပြီး ဟိုဘက်က ပစ်ထား ခဲ့တာ ကို ခံခဲ့ ရတယ်လေ။ အရိုက်တောင် ခံရ သေးတယ်။ အဲ့နေ့က အတော်လေး ကို စိတ်ကျေနပ်စရာ ကောင်း တဲ့ နေ့ကောင်း လေး ဖြစ်မှာ သေချာတယ်။

ဒီလို မျိုး ဖရဲသီး ကြီးရဲ့ သက်တမ်း က အတော်လေး ကို ရှည်ကြာ မယ်လို့ကို ဟော်လင်း ခံစား ရလေတယ်။ အဲ့ထဲက တစ်ချို့သာ သူတို့ သိရ သေးတာ ပဲ ဖြစ်ရမယ်။

တစ်ခြား တစ်ဖက် မှာတော့ ဝမ်ဟန် က ကျင်းထန် ရဲ့ မြင်ကွင်း ထဲ ကနေ လွတ်ပြီ ဆိုတာနဲ့ ထွက်ပြေး လာသလို မျိုး သန့်ရှင်းရေး လှည်းလေး ကို တွန်းကာ အမြန် အောက်ထပ် ကို ဆင်းလာ ခဲ့လေတယ် ။

သူက ကောလိပ် အတန်းဖော် သူငယ်ချင်း ကို သူ့ရဲ့ ပြဿနာ ​အား အကျဥ်းချုပ် ဖော်ပြ ပြီးတဲ့ နောက် အမှိုက် အိတ်ကို သူ့ရဲ့ အိတ်ထဲ ထည့်ကာ ကားမောင်း ပြီးတော့ အိမ် ဆီကို အမြန်လေး ပြန်လာ ခဲ့လေတယ်။

သူက အိမ်တံခါး ကို ရောက်တဲ့ အချိန် ထိ ကြောက်လို့ တုန်နေတဲ့ သူ့နှလုံးသား လေးက အခုချိန် ထိကို မတည် ငြိမ်နိုင် သေးပါပေ။

ပြီးတော့ နန်ဟွေး က အိမ်ထဲကို အလော တကြီးနဲ့ ပြေးဝင် လာပြီး မျက်နှာ တစ်ခုလုံး ဖြူဖျော့ နေတဲ့ ဝမ်ဟန် ကို တွေ့လိုက် ရလေတယ်။ သူကလည်း  လန့်သွားတာ ကြောင့် ဝမ်ဟန် ဆီကို မြန်မြန်လေး သွားကာ ဆွဲလာ  ပြီးတော့ ဆိုဖာ ပေါ်မှာ ထိုင်စေ လေတယ်။ နောက်ပြီး ဝမ်ဟန် အတွက် နွားနို့ ပူပူလေး နောက် တစ်ခွက် ထပ်လုပ် ပေးလိုက် တော့လေတယ် ။

....................................................

Continue Reading

You'll Also Like

7.7M 353K 65
For years angel academy has taught students of all races and ability's, angels, werewolves, vampires, dragon riders, you name it. The school was cre...
405K 13.2K 17
My priority /property/privacy
5.6K 667 19
ဒါလေးကစုစုပေါင်းအပိုင်း160ရှိပြီးတော့ e tranကအပိုင်း30ပဲပြီးသေးပါတယ်။ အဲ့ဒါကြောင့်အဆင်ပြေသလိုတင်ပေးသွားပါမယ်။ This is not my work. This is just a fan...
71.8M 2.3M 52
To the world he was a beast but for her he would do anything. He could have the world but all he wanted was her. They say the things we want most are...