Black King{ Complete✓ }
By DayMaharMyat
78.8K 4.3K 490
ကျောင်းရဲ့ Black King . Xiao Zhan အင်္ကျီအနက်ရောင်ကလွဲမဝတ် တည်ကြည်တယ် ခန့်ညားတယ် ထက်မြက်တယ် တော်တယ် အေးစက်တယ်... More
P.1
P.2
P.3
P.4
P.5
P.6
P.7
P.8
P.9
P.10
P. 12
P.13
P.14
P.15🚫 { Final }
Extra
Extra.2
P.11
3.1K 213 19
By DayMaharMyat
Uni
" ကိုကို "
" နိုးပြီလား "
" Ranကိုဖမ်းသွားကြပြီလား "
" အင်း "
" ကိုကိုသိလား Ranက ဝမ်ဝမ့်အပေါ်အရမ်းကြင်နာပြီးကောင်းပေးခဲ့တာ ဝမ်ဝမ်ညီတစ်ယောက်ကောက်ရခဲ့သလိုပဲ အရမ်းလည်းရိုးသားတာ "
* အင့် *
ရိပေါ်အားရင်ခွင်ထဲထည့်ကာ ခေါင်းလေးအားပွတ်သပ်ပေးနေသည်မှာနူးညံလှသည်။ ရှောင်းကျန့်သည် လျှို့ဝှက်ထောက်လှမ်းရေးအရာရှိဖြစ်သလို တစ်ချိန်တွင် သမ္မတတစ်ယောက်ဖြစ်လာမည့် လူတစ်ယောက်ဖြစ်သည်။
" ကိုကို သူတို့ကပြောတယ် ကိုကိုကအရာရှိဆို ဟုတ်လားဟင် "
" ..... "
" ကိုကို့ကို သမ္မတတစ်ယောက်ရဲ့မြေးဆိုပြီးပဲသိထားခဲ့တာ "
" ..... "
" ကိုကိုမပြောပြလို့ စိတ်မဆိုးပါဘူး အစကတည်းက ဝမ်ဝမ်က ကိုကို့အကြောင်းတေကိုစိတ်ဝင်စားခဲ့တာမှမဟုတ်တာ ဝမ်ဝမ်ဿိုကို့ကိုပဲစိတ်ဝင်စားတာလေ "
" ..... "
" ဝမ်ဝမ့်ကို တစ်နေ့နေ့ကြရင်တော့ ကိုကိုအကုန်ပြောပြမယ်လို့ ယုံကြည်ထားတာမို့ ဝမ်ဝမ်ဘာမှမမေးတော့ဘူး ဝမ်ဝမ်အခုအရမ်းပင်ပန်းနေတယ် "
" အိပ်တော့ "
" အွန်း ဝမ်ဝမ်အိပ်တော့ အယ် ကိုကို့ "
ရှောင်းကျန့်သည် အိပ်တော့ ဟုဆိုကာ ရိပေါ်အားပွေ့လိုက်လေသည်။ ရိပေါ် အခုမှကြည့်ဖြစ်သည် သူရောက်နေသည်မှာ ဆေးရုံမဟုတ်နေခဲ့ပေ။
" ကိုကို ဒါက "
" ကိုယ့်အခန်း "
" ဟမ် ဝမ်ဝမ့်လက်ထဲကို အစိကြီးဝင်သွားတာမလား "
နားမလည်သလိုကြည့်လာသည့် ကိုကို့ကြောင့် သူစကားမှားသွားမှန်းသိလိုက်ရသည်။
" ကျည်ဆန်အစိကို ပြောတာ "
" ..... "
" ကိုကိုကျွန်တော့်ကိုဘာမှပြောစရာမရှိဘူးလား "
" သူပြောမှာမဟုတ်ဘူး ကိုယ်ပြောပြမယ် "
" Rain "
" နေအုံး Sean မင်းကလေးကို မင်းမပြောမှာငါသိတယ် "
ရှောင်းကျန့်သက်ပြင်းတစ်ချက်အားချလိုက်ပြီး ရိပေါ်အားခေါ်သွားရန်ပြင်လေသည်။
" ကိုကို ဝမ်ဝမ့်ကိုချပေး "
" ‌ဟာ ငါ့မှာ စော်တောင်ရသေးတာမဟုတ်ဘူးနော် ငါ့ရှေ့မတော်‌တရော်တေ.... "
" အယ် အဲ့လိုပြောတာမဟုတ်ဘူး ဝမ်ဝမ်ကကိုကို့ကိုအောက်ချခိုင်းနေတာပါ "
" ..... "
" ကိုကို ဝမ်ဝမ်အခုအောက်ဆင်းချင်တယ် "
ဒါပါပဲ ထိုကလေးက ဘယ်သူမှအမိန့်မပေးနိုင်သည့် သူအားအမိန့်ပေးနိုင်ပါသည်။ရှောင်းကျန့်သည် သွေးအေးသည်၊ ထို့အပြင် ရှောင်းကျန့်သည် ဘယ်သူ့ကိုမှ လူမထင်သည့်သူတစ်ယောက်ဖြစ်သည်။သို့သော် ထိုကလေးပြောရင်တော့ ချက်ချင်းနာခံလေ့ရှိသည်။
" ကိုကို့အကြောင်းတေ ဝမ်ဝမ့်ကိုပြောပြလို့ရလားဟင် "
" အင်း ပြောပြမယ် "
" ကိုကို ကိုကိုအပြင်ထွက် "
Rainအား မျက်နှာသေဖြင့်ကြည့်လိုက်သောရှောင်းကျန့်ကြောင့် ရိပေါ် ရှောင်းကျန့်အား အပြင်သို့ အတင်းတွန်းလွှတ်ကာ တံခါးပိတ်လိုက်တော့သည်။
" ရိပေါ် အကိုကို့ကိုမင်းမသိပေမဲ့ မင်းကိုတော့အကိုသိတယ် သူက မင်းငယ်ငယ်ကမင်းမိဘတေရဲ့အိမ်နဲ့အိမ်ချင်းကပ်ရပ်က gegeလေ မှတ်မိလား "
" ဟင် "
" အင်းဟုတ်တယ် ပြီးတော့ ကိုယ်ကမင်းတို့အိမ်ရဲ့သုံးအိမ်ကျော်ကလေ မှတ်မိလား "
" အာ ရန်ကော "
" သေချာတာပေါ့ သူကမင်းတို့အိမ်ပြောင်းသွားကတည်းက တည်ငြိမ်အေးစက်သွားတာ ပြီးတော့ သူက USမှာ ဘွဲ့လွန်တက်ပြီးသား ဒါပေမဲ့ မင်းအကြောင်းစုံစမ်းချင်လို့ ကျောင်းကိုနှစ်စကပြန်တက်တာ USမှာ ဘွဲ့လွန်တက်လာပြီးတဲ့အပြင် သူကအဲ့မှာ အရာရှိတစ်ယောက်လေ အဲ့တာကို မင်းကိုရှာဖို့ အရာရှိကနေနှုတ်ထွက်ဖို့လုပ်ခဲ့တယ် ကိုယ်အဲ့တုန်းက တော်တော်ဖြောင်းဖျလိုက်ရသေးတယ် အဲ့တာနဲ့ လျှို့ဝှက်ထောက်လှမ်းရေးအရာရှိလိုင်းဘက်သူပြောင်းလိုက်တာ နောက်ပြီးတော့ USမှာ သူ့ကိုယ်ပိုင် company ရှိတယ် တိုက်ခန်းတော်တော်များများလည်းသူပိုင်ထားတယ် မင်းငယ်ငယ်ကအိမ်မပြောင်းခင် အသဲအသန်ဖျားတာကိုမှတ်မိလား "
" အွန်း အဲ့တုန်းက ဆရာဝန်တေလက်လျော့လိုက်ရမလိုဖြစ်သွားတာလေ ပြီးတော့ ရန်ကောပါးက ကျွန်တော့်ကိုကယ်ပေးခဲ့တာလေ "
" အေး အဲ့တာကြောင့်ပဲ ဆရာဝန်ထက်ဆေးအကြောင်း ပိုသိအောင် ဆေးစာအုပ်အကုန်သူဝယ်ဖတ်တယ် မယုံရင် သူ့အိမ်ရဲ့ စာကြည့်ခန်းမှာ မင်းကိုယ်တိုင်သွားကြည့်လို့ရတယ် မင်းဖျားတုန်းကမင်းအဖျားကို ကိုယ့်ပါးကကုပေးလို့ အဲ့နောက်ပိုင်း ကိုယ်နဲ့ရှောင်းကျန့်ခင်သွားတာ "
" ကိုကိုကအဲ့တာတေအကုန်လုပ်တာလား "
" အင်း ဟုတ်တယ် နောက်တက်မဲ့ သမ္မတကသူဆိုတာတော့ သိတယ်မလား "
" ဟုတ် အဲ့တာတော့သိတယ် "
" နောက်တစ်ခုရှိသေးတယ် အဲ့တာကတော့ မင်းကိုနောက်မှ သူကိုယ်တိုင်ပြောပြလိမ့်မယ် "
" ကိုကိုက အရမ်းကိုချမ်းသာတယ် ကျွန်တော်ကတော့ "
" မဟုတ်ဘူး မင်းကသူ့ထက်ပိုချမ်းသာတော့မှာ ကဲ ကိုယ်သွားတော့မယ် ကိုယ်က မနက်ဖြန်ပဲ USပြန်မှာ အခု ကိုယ်USကဘာလို့ဒီရောက်လာလဲကောသိချင်လား "
ရိပေါ်သည်ခေါင်းလေးငြိမ့်ကာ သိချင်ကြောင်းပြလေသည်။
" မင်းကိုကုဖို့ တစ်ခြားဆရာဝန်တေ မင်းကိုထိတာ သူမကြိုက်ဘူးတဲ့ သူကဆေးအကြောင်းသိပေမဲ့ ဆရာဝန်မဟုတ်လို့ ငါ့ကိုကုပေးပါတဲ့ ငါအခုထိ စော်မရတာ မင်းကိုကိုကြောင့်လည်းပါတယ် "
" အယ် "
ပြောကာထသွားသူနောက်ရိပေါ်မလိုက်ဖြစ်ပါ။အံ့ဩကာကျန်နေခဲ့ရသည်။ကိုကိုကအဲ့သည်လောက်သူ့ကိုချစ်သည်လား....ဟူသည့် အသိသည် သိပ်ကိုပျော်ဖို့ကောင်းလွန်းလှသည်။
" ကိုကိုရယ် ချစ်လွန်းလို့ ကိုကို့ကို ဘောင်းဘီထဲထည့်ဖွက် အယ် မဟုတ်ပါဘူး ပါးစပ်ထဲငုံထားချင်လာပြီ "
##########
အဖြစ်အပျက်အားလုံးအား သိပြီးကတည်းက ရိပေါ်သည် ရှောင်းကျန့်အပေါ်ပို၍ စနောက်တတ်လာသည်။
" ကိုကို အာဘွားပေးချင်လို့ "
" ကိုကို ဒီနှုတ်ခမ်းလေးကို နမ်းချင်လို့လို့ဆို "
" ကိုကို နမ်းခိုင်းဘူးလား "
" ကိုကိုလို့ "
ပြွတ်စ်
ဒါဟာဝမ်ရိပေါ်အား ရှောင်းကျန့်ကြွေးသည့်ငြိမ်ဆေးဖြစ်သည်။ဝမ်ရိပေါ်နားပူသည်အထိ ပြောလာတိုင်း ရှောင်းကျန့်ဟာ အနမ်းတစ်ပွင့်နှင့်နှုတ်ပိတ်တတ်သည်။ထိုအရာကိုသိသည်မို့ ဆိုးနေသူသည် အနမ်းတစ်ပွင့်ရသည်နှင့် ပြုံးကာငြိမ်သွားတတ်သည်။
" ကိုကို အဖြေပေးပါတော့လားဟင် "
" ..... "
" ကိုကိုသိလား ဝမ်ဝမ်ကိုကို့ဆီက အဖြေမရရင် သက်သေချင်စိတ်တကယ်ပေါက်လာတာ "
ရှောင်းကျန့် အလုပ်လုပ်လက်စအားရပ်ကာ ရိပေါ်အားကြည့်လိုက်သည်။တကယ်ကိုဆွေးမြေ့ကာကြည့်နေသည့်ကလေးငယ်လေးကြောင့် ရှောင်းကျန့်ရိပေါ်လက်အားဆွဲကာ ထရပ်လိုက်သည်။ဖုန်းအားကောက်ယူလိုက်ပြီး Laptop နှင့်အိတ်များအား သိမ်းရန် ကိုယ်ရံတော်အချို့အားခေါ်လိုက်သည်။
" ကိုကို ကိုကိုကအရာရှိလေ အဲ့တာကိုဘာလို့ သူတို့ကိုငှားတာလဲ "
" အဘိုးမေး "
" ဟုတ် "
ရှောင်းကျန့်ရိပေါ်အားခေါ်ကာ ရိပေါ်၏မိခင်အားအရင်သွားခေါ်လေသည်။ပြီးသည်နှင့်အဘိုးထံသွားလေသည်။သူ၏အဘိုးထံသို့ရောက်သည်နှင့် စကားအနည်းငယ်ကိုဆိုလေသည်။
" ကျွန်တော်လက်ထက်တော့မယ် "
" ဟင် ကိုကို "
" အဘိုးကသဘောမတူစရာမရှိပါဘူး "
ရိပေါ်ပျော်သွားလေသည်။ကိုကို၏အဘိုးကလက်မခံမှာသူစိုးရိမ်ခဲ့ရသည်။သို့သော် ချက်ချင်းပဲသဘောတူပေးသည့် ကိုကို၏အဘိုးကြောင့် သူသိပ်ကိုပျော်သွားရသည်။
" ကိုကိုကချစ်တယ်လည်းမပြောဘူး လက်ထက်မယ်ပြောနေတယ် "
ရိပေါ်ကမျက်နှာလေးမဲ့ကာ အသံတိုးတိုးသာပြောလိုက်သော်လည်း ဘေးရှိလူအကုန်ကြားနေရလေသည်။
" ချစ်တာထက်ပိုတယ် "
ရှောင်းကျန့်၏ထိုစကားကြောင့် ရိပေါ်အရမ်းပျော်ကာ ရှက်လည်းရှက်သွားရသည်။ထို့ကြောင့် ရှောင်းကျန့်၏ရင်ခွင်ထဲဝင်ကာမျက်နှာအား ဖွက်ထားလေတော့သည်။
" မြေး လက်ဖွဲ့ကအဘိုးစီစဉ်လိုက်မယ် "
" စီစဉ်ပြီးပြီ "
" ဘယ်ကတည်းက ငါ့မြေးလက်ထက်ချင်နေတာတုန်းကွဲ့ "
" လွန်ခဲ့တဲ့ ၁၅နှစ် "
ဟား ဟား ဟား
အိမ်တော်အတွင်းရယ်မောသံများပျံ့လွင့်သွားရတော့သည်။
လက်ထက်ချင်ခဲ့တာကြာပြီ
အသက်မပြည့်သေးလို့ စောင့်နေယုံ.....
# Day
ဇာတ်သိမ်းဖို့သိပ်မလိုတော့ဘူး
bottom kook fic ရေးနေတယ်ဗျ တင်ရင်ကောင်းမလား မတင်ရင်ကောင်းမလားတွေးနေတာ
Thank For Yours Votes &Ments 🐼♡.
21.7.2023
Zawgyi
" ကိုကို "
" နိုးၿပီလား "
" အင်း "
* အင့် *
" ..... "
" ..... "
" ..... "
" အိပ်တော့ "
" ကိုကို ဒါက "
" ကိုယ့်အခန်း "
" ကျည်ဆန်အစိကို ပြောတာ "
" ..... "
" Rain "
" ..... "
" အင်း ပြောပြမယ် "
" ဟင် "
" အာ ရန်ကော "
" ဟုတ် အဲ့တာတော့သိတယ် "
" အယ် "
##########
" ကိုကိုလို့ "
ပြွတ်စ်
" ..... "
" အဘိုးမေး "
" ဟုတ် "
" ဟင် ကိုကို "
" ချစ်တာထက်ပိုတယ် "
" စီစဉ်ပြီးပြီ "
" လွန်ခဲ့တဲ့ ၁၅နှစ် "
ဟား ဟား ဟား
# Day
21.7.2023
Continue Reading
You'll Also Like
4.9K 491 10
Гадагшаа тараахыг хатуу хориглоно !!! Мөн шүүлтүүртэй хандана уу ? Баярлалаа . ( Энд орж байгаа бүх мэдээлэл 100% үнэн биш бөгөөд хамгийн үнэн , бат...
527K 18.9K 94
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
1.2M 49.5K 54
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
2.3M 119K 65
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...