Dear Ko Ko ( Complete)

Von sunray9597

32.1K 2.1K 1.6K

မောင်သာ ကိုကို ကို သစ္စာဖောက်ခဲ့ရင်..ကိုကို နာကျင်အောင်လုပ်မိခဲ့ရင်..မောင့်တစ်ဘဝလုံး အထီးကျန်ဆန်ပြီး နာကျင်မှ... Mehr

Dear Ko Ko (Intro )
Part -1
Part -2
Part -3
Part -4 ⚠️
Part -5
Part -6
Part -7
Part -8
Part-9
Part -10
Part -11
Part -12
Part -13
Part -14
Part -15
Part -16
Part -18
Part -19
Part -20
Part -21
Part -22
Part -23
Part -24
Part -25
Part -26
Part -27
Part -28
Part -29
Part -30
Part -31
Part -32
Part -33
Part 34
Part -35 ( Final-1)
Part -36 ( Final -2 ) Main Final
Dear Ko Ko's Reasons Of Creation

Part -17

588 52 43
Von sunray9597


# Unicode #

ထယ်ယောင်း ညအိပ်ခါနီး ကိုကို့ကို နွားနို့ ‌တိုက်ဖို့ မီးဖိုခန်းထဲ လာယူတော့ ရေခဲသေတ္တာထဲက ရေဘူးယူပြီးသောက်နေတဲ့ မာမီနဲ့တွေ၏။

" သားထယ်..ဂျောင်ဂုလေး ဗိုက်ကို သံလွင်ဆီ ညတိုင်းလိမ်းပေးလား.."

" လိမ်းပေးတယ်မာမီ...ပြီးတော့ မာမီ့ကို မေးစရာရှိလို့..ကိုကို့မွေးဒိတ်က နောက်နှစ်ပတ်မှမလား..ဒါပေမဲ့ အခုရက်ပိုင်း ကိုကို ဗိုက်ခဏခဏ နာတယ်တဲ့ ခါးလည်းကိုက်တယ် ပြောတယ် အဲ့ဒါ စိုးရိမ်ရလား မာမီ.."

ထယ်ယောင်းလည်း ကိုကို့အတွက် စိတ်ပူတာနဲ့ မာမီ့ကို မေးလိုက်သည်။ မာမီက ကလေးမွေးဖူးတာမို့ သူထက်စာရင် ပိုသိမယ်ထင်တယ်..

" မစိုးရိမ်ရပါဘူးသားရယ်..မွေးခါနီးလို့ ကလေးအလှည့်အပြောင်းလုပ်တာပါ..မွေးဖို့ တစ်ပတ်လိုတာနဲ့ ဆေးရုံကြိုတက်ထားလိုက်လေ..အဲ့ဒါက ပိုကောင်းတယ်သား.."

" ဟုတ်ကဲ့ မာမီ ..သားလည်း အဲ့လိုဘဲစဉ်းစားထားတယ်....တစ်ခုခုဖြစ်ရင် ကိုကိုက စကားမပြောနိုင်တော့ သာမန်လူတွေထက် ပိုစိုးရိမ်ရတယ် မာမီ.."

" ဟုတ်တယ်သား..အခုရက်ပိုင်း မာမီလည်း ဂျောင်ဂုလေးကို ကြည့်နေတာ တစ်ခါတစ်လေ ဗိုက်ကလေးကို ကိုင်ပြီး..နာနေတဲ့ပုံစံမျိုးနဲ့ ခြေထောက်တွေလည်း ရောင်နေတယ်..မွေးချင်နေလို့လားမသိဘူး..ဒိတ်ကလည်း မလို‌တော့ဘူးမလား..."

ထယ်ယောင်းလည်း မာမီပြောသလို သတိထားမိသည်။ကိုကို့ခြေထောက်ကလေးတွေက ရောင်ပြီး အသိမသာလေးကြီးနေသည်။

" ဒါဆို နောက်နစ်ပတ်လုပ်မနေနဲ့ ချယ် မနက်ကျရင် ဆေးရုံတက်လိုက်တာကောင်းတယ်..ချယ့်တုန်းကလည်း..ဒိတ်ရက်မရောက်ခင် သားထယ်ကို မွေးတာလေ..အဲ့တော့ တစ်ခုခုဆို အချိန်မှီလုပ်လို့ရအောင် ဆေးရုံတက်ထားတာအကောင်းဆုံးဘဲ ပြီးတော့ ဂျောင်ဂုက ‌‌ယောကျာ်းလေးကိုယ်ဝန်ဆောင်လေ မွေးလမ်းကြောင်းမရှိဘူး အန္တရာယ်များတယ်..."

ထယ်ယောင်းတို့စကားပြောနေတုန်း ထယ်မင်ကပါရောက်လာပြီး ပြောတာကြောင့် ထယ်ယောင်းတို့ သေချာနားထောင်နေကြသည်။

" အဲ့ဆို ဒေါ်ကြီးဂျူးကို မနက်ဆေးရုံတက်ဖို့အတွက် လိုအပ်တာတွေ ပြင်ဆင်ပေးခိုင်းထားပါနော် မာမီ..သားကိုကို့ကို သွားပြောလိုက်အုံးမယ်.."

" သွား..သား..မာမီ စီစဉ်ထားလိုက်မယ်.."

ထယ်ယောင်းလည်း နွားနို့ခွက်ကိုယူပြီး အခန်းဆီပြန်လာလိုက်သည်။

အခန်းထဲရောက်တော့ ကိုကိုက ကုတင်ထောင့်စွန်းလေးမှာထိုင်ကာ ခြေထောက်တွေက ကြမ်းပြင်ချထားပြီး....လက်‌တစ်ဖက်က မွေ့ရာကို ဆုပ်ကိုင်ထားကာ..ကျန်တစ်ဖက်က ခါးကို ထောက်ပြီး မျက်နှာက ရှုံ့မဲ့နေ၏။

" ကိုကို.. ကိုကို...ဗိုက်နာလို့လား.."

နွားနို့ ခွက်ကိုစားပွဲပေါ်တင်ပြီး..ကိုကို့ဘေးဝင်ထိုင်ကာမေးလိုက်သည်။

*~.ခါးနာတာ မောင်.~*

*~.ဆေးရုံသွားမလားကိုကို.~*

*~.ရတယ်..မောင်..အရမ်းကြီးမနာဘူး..ငါ့ကို ဆေးလိမ်းပေးပါလား.~*

*~.မောင်လိမ်းပေးမယ်နော်...နွားနို့လေးအရင်သောက်လိုက်.~*

ထယ်ယောင်းက နွားနို့ ကို သေချာလေးလက်တစ်ဖက်ဖြင့်ထိန်းကိုင်ပေးကာ သောက်ခိုင်းလိုက်သည်။ပြီးတော့ ကိုကို့ကို ဘေးတစ်စောင်းလှဲခိုင်းလိုက်ပြီး ခါးတစ်ဝိုက်ကို သံလွင်ဆီလေးနဲ့ ခပ်ဖွဖွလေးပွတ်ပေးလိုက်၏။ဒဏ်ကြေလိမ်းဆေးက ပူတာမို့ ကလေးထိခိုက်မှာစိုးပြီး မသုံးရဲ ...ကိုယ်ဝန်ကြောင့် နှိပ်ပေးလို့လည်း မရတာကြောင့် ခပ်ဖွဖွလေးသာ ပွတ်ပေးလိုက်သည်။

*~.ကိုကို မနက်ကျရင် ဆေးရုံကြိုတက်ရမယ်.~*

ထယ်ယောင်းစာကို ဖတ်ပြီးဂျောင်ဂုက အံ့ဩသွားကာ မျက်လုံးလေးတွေဝိုင်းလာ၏။

*~.နောက်တစ်ပတ်နေမှ ဆေးရုံကြိုတက်ရမှာဆိုမောင်.~*

*~.အခုရက်ပိုင်း ကိုကိုက ဗိုက်နာလိုက် ခါးနာလိုက်ဖြစ်နေတော့ ဒိတ်မရောက်ခင်မွေးမယ်ထင်လို့ ..~*

ဂျောင်ဂုလည်း ဘာမှ ဆက်မရေးပြတော့ဘဲ ခေါင်းဘဲငြိမ့်ပြလိုက်သည်။မောင်ပြောတာလည်း မှန်နေတာဘဲ..တစ်ခါတစ်လေ ဗိုက်ထဲက ကလေးလေးက အတင်းကန်တာကြောင့် နာတတ်သလို ခါးတစ်ဝိုက်ကလည်း တဆစ်ဆစ်ကိုက်နေတတ်၏။

" အိပ်တော့ ကိုကို.."

ထယ်ယောင်းက ဆေးလိမ်းပြီးတာနဲ့ ဂျောင်ဂုကို စောင်ခြုံပေးပြီး နဖူးလေးကို အနမ်းပေးကာ သူပါဝင်ပြီး လှဲလိုက်သည်။ပြီးတော့ အိပ်ပျော်အောင် ကျောပင်လေးကို ပွတ်ပေးနေ၏။

ကိုကိုက လရင့်လာလေ တော်ရုံနဲ့အိပ်မ‌ပျော်ဖြစ်လာတတ်တာကြောင့် ထယ်ယောင်းမှာ စောစောအိပ်ရာဝင်ခိုင်းရ၏။အိပ်ရအဆင်မပြေလို့လည်း ပါမည်ထင်..ပူပြီးလုံးဝန်းနေတဲ့ ဗိုက်အလေးချိန်ကြောင့် ကိုကို့မှာ ပလက်လှဲအိပ်လို့မရ..မှောက်အိပ်လို့လည်းမရတာကြောင့် ဘေးတစ်စောင်းသာအိပ်ရသည်။အိပ်နေရင်း ကလေးကန်တာကြောင့် လန့်လန့်နိုးလာပြီး ပြန်ပြီးအိပ်မပျော်လို့ ထယ်ယောင်းမှာ ‌အိပ်ပျော်ဖို့ ကျောပြင်လေးကို ပွတ်ပေးနေရတာ ညတိုင်းလိုလိုပင်...လရင့်လာတော့ ဆီးခဏခဏသွားတတ်တာကြောင့်သန့်စင်ခန်းကိုလည်း တစ်နေ့ကို အခါနှစ်ဆယ်လောက်သွားရ၏။

မိနစ်အနည်းငယ်ကြာတော့ သူ့ကို ကျောပြင်ပွတ်ပေးနေတဲ့ မောင့်ရဲ့ လက်ကရပ်တန့်သွားပြီး သူ့ရဲ့ရှေ့ကမောင်က အသက်ရှုသံပုံမှန်နဲ့ အိပ်ပျော်သွားပြီ..သူကသာ အခုထိအိပ်လို့မရသေး...အိပ်ပျော်နေတဲ့ မောင့်ရဲ့ ဆံနွယ်တွေကို သပ်တင်ပေးကာ မောင့်မျက်နှာချောချောကို ငေးကြည့်မိသည်။

မောင့်ကိုငေးနေတုန်း ခါးက ပိုပြီးကိုက်လာသည်။တဆစ်ဆစ်နဲ့ အထဲက ထိုးနေသလိုပင်..တစ်နေ့လုံးကိုက်လိုက်ပြန်ပျောက်သွားလိုက်နဲ့မို့ ခဏကြာရင်ပျောက်သွားမှာပါဆိုပြီး ငြိမ်နေလိုက်သည်။မောင့်ကိုလည်း မနိုးချင်တော့ ..မောင်က တစ်နေ့လုံး သူ့ဝေယျာဝစ္စရော ကုမ္ပဏီအလုပ်တွေပါ လုပ်ရလို့ ပင်ပန်းနေတာ..အေးအေးဆေးဆေးအိပ်ပါစေ..

ကိုက်နေတဲ့ခါးကို မေ့ထားပြီး မျက်လုံးတွေမှတ်ကာ အိပ်ပျော်အောင်အိပ်လိုက်သည်။နောက်ဆုံး သူ့ခန္ဓာကိုယ်ကပေါ့ပါးသွားပြီး မျက်လုံးတွေကမှေးစင်းသွားသည်။သေချာတာက သူအိပ်ပျော်သွားပြီဆိုတာပါဘဲ..

~

~

~

မခံမရပ်နိုင်အောင် ခါးတွေထိုးကိုက်လာတာကြောင့် ဂျောင်ဂုနိုးလာခဲ့သည်။ စားပွဲပေါ်က နာရီကိုကြည့်လိုက်တော့ ဆယ့်နှစ်နာရီ မိနစ်လေးဆယ် ရှိပြီ...မောင့်ကိုကြည့်လိုက်တော့ အိပ်ပျော်နေဆဲ..ညဉ့်ယံမို့ တိတ်ဆိတ်နေချိန် သူတစ်ယောက်သာ နိုးထနေ၏။ဘေးတစ်စောင်းအနေထားကနေပလက်လှန်လိုက်ပြီး ဗိုက်ပေါ်လက်တင်ကာ နာကျင်တာကို အောင့်ခံနေမိသည်။

တကယ်ဆိုသူ့စိတ်ထဲကအော်ဟစ်နေတာပါ..သူမှအသံမထွက်တာ..ခါးကိုက်ရာကနေ ဝမ်းဗိုက်တစ်ခုလုံး..မခံမရပ်နိုင်အောင်နာကျင်လာတာကြောင့် နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ပြီး အိပ်ရာခင်းကို လက်ဖြင့် ဆုပ်ကိုင်ထားမိသည်။ချွေးစေးတွေလည်းပျံလာကာ..ကလေးကလည်း အတင်းတိုးနေတာကြောင့် ပိုပြီး နာကျင်လာ၏။

မခံနိုင်တော့တဲ့ အဆုံး ဖြေးဖြေးချင်းဆီထထိုင်ကာ မောင့်ကို လှုပ်နိုးနေမိသည်။ တစ်ချက်တစ်ချက်ကလေးကအားပြင်းပြင်းနဲ့ ဗိုက်ထဲက ကန်နေတာကြောင့်...လက်တစ်ဖက်က ဗိုက်ကိုထိန်းထားရသည်။နာကျင်လွန်းလို့ အော်ဟစ်ချင်ပေမဲ့ အသံကလုံးဝမထွက်..မောင့်ကိုလှုပ်နိုးနေတဲ့လက်တွေကလည်း အားမရှိတော့ ထိရုံလေးသာ လှုပ်နိုင်တော့သည်။မျက်ရည်တွေလည်းထွက်ကာ..ချွေးစေးတွေနဲ့ရောနေ၏။

* အားး မောင်ရေ...ငါ အရမ်းနာနေပြီ...မောင်...*

မောင့်နာမည်ကိုတပြီး စိတ်ထဲကနေ အော်ပြောနေမိသော်လည်း လက်တွေ့ ကလုံးဝအသံထွက်မလာ...

အားကုန်သုံးပြီး အိပ်ပျော်နေတဲ့ မောင့်ရဲ့လက်ကို ခပ်ကြမ်းကြမ်းလှုပ်ကိုင်လိုက်သည်။

" အင်း~...ဟင်!.... ဟင်!.... အာ~... ကိုကို!!..."

ထယ်ယောင်းလည်း အိပ်နေရင်း လက်မောင်းကို ခပ်ကြမ်းကြမ်းဆွဲလှုပ်ခံရဝာာကြောင့် အိပ်ချင်မူးတူးနဲ့ နိုးလာတော့ သူ့ရဲ့လက်မောင်းကို လှုပ်နိုးနေတဲ့ ကိုကို့ကြောင့် အိပ်ချင်စိတ်တွေပြေပြီး ထထိုင်လိုက်၏။

ကိုကို့ရဲ့ မျက်နှာမှာချွေးစေးတွေနဲ့ မျက်ရည်တွေရောနေပြီး မျက်နှာလေးက ရှုံ့မဲ့နေပြီး ဗိုက်ကိုလက်ဖြင့် ကိုင်ထားသည်။အဲ့...အဲ့ပုံစံက ဗိုက်‌နာနေတာမလား...

" ကိုကို... ကိုကို... ဗိုက်နာနေတာလား.."

သူပြောတော့ ခေါင်းလေးငြိမ့်ပြတဲ့ကိုကို..မအော်ဟစ်နိုင်တော့ နှုတ်ခမ်းလေးကို ဖိကိုက်ထားသဖြင့် သွေးလေးတောင်စို့နေပြီ..စကားသာပြောနိုင်ရင် ကိုကိုအော်ဟစ်ပြီးနာကျင်နေမှာအမှန်..

" ခဏ..ခဏလေး ကိုကို..မောင်..ဆေးရုံလိုက်ပို့မယ်...ထ..ဆေးရုံသွားကြရအောင်.."

ကုတင်ပေါ်ကပြေးဆင်းပြီး ကိုကို့ရဲ့ လက်မောင်းလေးကနေ ထိန်းပြီး တွဲကာ..ကုတင်ပေါ်က ဆင်းခိုင်းလိုက်သည်။ကြမ်းပြင်နဲ့ ခြေထောက်ထိတဲ့တိုင် ကိုကိုက နာနေတာကြောင့် ‌မတ်တပ်တောင်ကောင်းကောင်းမရပ်နိုင်ပေ..ဒါကြောင့် ထယ်ယောင်း က ကိုကို့ကို ပွေ့လိုက်ပြီး အောက်ထပ်ကို ဆင်းလာလိုက်ပြီး ကိုကို့ကို ဆိုဖာပေါ်ခဏထိုင်ခိုင်းလိုက်သည်။

" မာမီ..မာမီ..! ဒယ်ဒီ!! ဒေါ်ကြီးဂျူး!. "

" ဒယ်ဒီ!.. မာမီ.. ! ဒေါ်ကြီးဂျူး.မြန်မြန်ဆင်းလာကြပါ..ဒီမှာ ကိုကိုဗိုက်နာနေလို့.. "

ထယ်ယောင်း အသံကုန်အော်ပြီး နိုးလိုက်တော့ ချယ်ယောင်း ထယ်မင် ဂျူးနဲ့ အိမ်အကူတွေပါနိုးလာကြသည်။

ချယ်ယောင်းတို့လည်း အောက်ထပ်ရောက်တော့ သားထယ်က စိုးရိမ်ပြီး စိတ်လှုပ်ရှားနေတဲ့ ပုံစံနဲ့..ပြီးတော့ ဆိုဖာပေါ်မှာ ဂျောင်ဂုလေးက ဗိုက် ကိုကိုင်ကာ ‌နာကျင်နေတဲ့ပုံစံလေးနဲ့

" သားထယ်!.. ဂျောင်ဂုလေး ဗိုက်နာနေတာလား.."

" ဟုတ်တယ်မာမီ.."

သူတို့လည်း ဂျောင်ဂုကိုသေချာကြည့်လိုက်တော့ အကြည့်လေးတွေကဖျော့တော့လာပြီးနှုတ်ခမ်းလေးတွေက ဖြူဖျော့လာသည်။တစ်ဖြေးဖြေး အားမရှိတော့တဲ့ပုံစံပေါက်လာတာကြောင့်..

" ထယ်ယောင်း .ကားမြန်မြန်ထုတ်..ဂျောင်ဂုလေး သတိမေ့တော့မယ်..ကလေးမွေးမဲ့သူက သတိမေ့လို့မရဘူး.."

ထယ်မင်က ‌ပြောလိုက်တော့ ‌ထယ်ယောင်းလည်း သုတ်ခြေတင်ပြီး ဂိုဒေါင်ထဲက ကားထုတ်ဖို့ထွက်သွားလိုက်သည်။

" ကျွန်မ..ဆေးရုံတက်ဖို့ပြင်ထားတာတွေသွားယူထားလိုက်မယ်.."

ဂျူးလည်း ကောင်မလေးတွေခေါ်ကြီး ညဦးတည်းက ပြင်ဆင်ထားတဲ့ ကလေးအနှီးတွေနဲ့ အသုံးဆောင်ပစ္စည်းတွေကို သွားပြီးယူလိုက်၏။

" သား..ဂျောင်ဂုလေး.. မာမီ့ကိုကြည့်!."

ချယ်ယောင်းနဲ့ ထယ်မင်က ဂျောင်ဂုရဲ့ဘေးနားဝင်ထိုင်ပြီး ချယ်ယောင်းက မျက်နှာလေးကိုလက်ဖြင့်ထိန်းယူကာ မျက်လုံးချင်းဆုံအောင်ကြည့်ပြီး ပြောလိုက်တော့ ငွေ့ရည်ဖွဲ့နေတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ကြည့်လာတဲ့ ဂျောင်ဂု...မျက်လုံးလေးတွေက " အရမ်းနာတယ် မာမီ.." လို့ပြောနေသယောင်ပင်..နာကျင်နေတဲ့အရိပ်ယောင်လေးတွေ မြင်နေရ၏။သူလည်း မိခင်တစ်ယောက်မို့ ဒီခံစားချက်ကိုနားလည်သည်။ဒါပေမဲ့သူက နာကျင်မှုကို အော်ဟစ်ပြီး ထုတ်ဖော်ပြလို့ရပေမြဲ ဂျောင်ဂုလေးကတော့ နှုတ်ခမ်းကိုတင်းတင်းကိုက်ပြီးသာ နာကျင်နေကြောင်းသာပြနိုင်သည်။ နဖူးနဲ့ မျက်နှာတစ်ဝိုက်ခိုတွဲနေတဲ့ ချွေးစက်လေးတွေက နာကျင်နေတဲ့ခံစားမှုနဲ့ပြယုဒ်ပင်..

" သား..လုံးဝ မျက်လုံးမမှိတ်လိုက်နဲ့နော် .သားကလေးအတွက် သားလုံးဝမျက်လုံးမှိတ်လို့မရဘူး!! "

သူ့စကားကို နားလည်တဲ့ ဂျောင်ဂုက ခေါင်းတဆက်ဆက်ငြိမ့်ပြလာ၏။ဖြူဖြူဖျော့ဖျော့ နှုတ်ခမ်းပါးလေး‌တွေက တဆက်ဆက်တုန်ယင်နေပြီး.. ချွေးစေးတွေနဲ့ အေးစက်စက်လက်အစုံက မူးမေ့လဲမတတ်နာကျင်နေတာကို တင်းခံထားမှန်းသိသာလှသည်။

" ဒယ်..ဒယ်ဒီ ကား..ကားရပြီ.. "

" ဂျောင်ဂုလေးကို ကားပေါ်တင်ဖို့လုပ် .မင်းကားမမောင်းနဲ့ ဒယ်ဒီမောင်းမယ်..မင်းအခုအရမ်းစိတ်လှုပ်ရှားနေတယ်.."

တကယ်လည်း ထယ်ယောင်း ကားမောင်းလို့အဆင်မပြေ...ခြေတွေလက်တွေတုန်ကာ ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ ဦးနှောက်က ဗလာကျင်းနေသည်။

ချက်ချင်းဘဲ ကိုကို့ကို ပွေ့လိုက်ပြီး ကားထဲထည့်ကာသူက ဘေးကနေဝင်ထိုင်လိုက်သည်။ ဒေါ်ကြီးဂျူးက ကားနောက်ခန်းထဲ ပစ္စည်းတွေထည့်ပြီး ဂျောင်ဂုရဲ့ ဘေးဘက်ဝင်ထိုင်လိုက်တော့ ဂျောင်ဂုက ထယ်ယောင်းနဲ့ ဂျူးရဲ့ အလယ်မှာ..ချယ်ယောင်းက ‌ထယ်မင်ရဲ့ဘေးမှာဝင်ထိုင်လိုက်၏။

" ဒယ်ဒီ..မြန်မြန်မောင်းပါဗျာ!."

ကားမောင်းနေတဲ့ ထယ်မင့်ကို နောက်ကနေ တတွတ်တွတ်ပြောနေတဲ့ ထယ်ယောင်း...သူ့ရင်ခွင်ထဲက ဂျောင်ဂုက နှုတ်ခမ်းသားလေးတွေပြာကာ..မျက်လုံးလေးတွေမှေးဆင်းနေပြီ..

" ကိုကို!.. ကိုကို! "

ထယ်ယောင်း ရင်ခွင်ထဲက ကိုကို့ကို ထုတ်ပြီး ပခုံးလေးကိုလှုပ်ကာ ခပ်ဆက်ဆက်လေးခေါ်လိုက်တော့ မပွင့်တပွင့်မျက်လုံးလေးတွေနဲ့ ကြည့်လာတဲ့ ကိုကို..

" ကိုကို..သတိမေ့လို့မရဘူးနော်..မောင်တို့ အခုဆေးရုံသွားနေပြီ..အားတင်းထားနော်..ကိုကို.."

သူပြောတော့ ခေါင်းလေးဖြေးဖြေးငြိမ့်ပြတဲ့ ကိုကို

ရင်ခွင်ထဲထည့်ပြီး ပခုံးကနေဖက်ကာ ကျန်လက်တစ်ဖက်က ကိုကို့ရဲ့ ချွေးစို့နေတဲ့ လက်အေးအေးလေးကို တင်းအောင် ကိုင်ထားလိုက်သည်။ဂျူးကလည်း ဘေးကနေ ဂျောင်ဂုအရိပ်မခြေကို ကြည့်နေမိသည်။ထယ်မင်ကလည်း ကားကို အရှိန်တင်ပြီးမောင်းနေ၏။သန်းခေါင်ကျော်မို့ ကားလမ်းရှင်းနေတာတော်သေးသည်။ချယ်ယောင်းလည်း ကားနောင်ဘက်ကို လှည့်ကြည့်ပြီး ဂျောင်ဂု အဆင်ပြေမပြေ ကြည့်နေ၏။အားလုံးရဲ့ ရင်ထဲမှာ စိုးရိမ်ပူပန်မှုတွေ အပြည့်နဲ့ပင်..

ဂျောင်ဂုလည်း ဝမ်းထဲက လှိုက်တက်ပြီး နာကျင်တာကြောင့် မျက်လုံးမှိတ်လိုက်ချင်ပေမဲ့ ပိစိလေးအတွက်တင်းခံနေမိသည်။မောင်ကလည်း ဘေးကနေ သူမအိပ်ပျော်အောင်ပြောနေသလို မာမီကလည်းလှည့်ကြည့်ပြီး မအိပ်စေဖို့ တဖွဖွသတိပေးနေမှန်းသူသိ၏။အရမ်းနာနေတာကြောင့် သူသေမတက်ခံစားရနေရသော်လည်း သတိကို အတင်းကပ်ထားသည်။

" ဒယ်ဒီ မရောက်သေးဘူးလား..ကိုကို အရမ်းပင်ပန်းနေပြီး..သတိမကပ်ချင်သလိုဖြစ်နေပြီ..မြန်မြန်မောင်းပါ ဒယ်ဒီ.."

" ဒယ်ဒီလည်း မောင်းနေတာဘဲ သားထယ်..ခဏနေရောက်တော့မယ်.."

" ဒေါ်ကြီး ဂျူး ပစ္စည်းတွေစုံရဲ့လား.."

" စုံတယ် သားထယ်.."

ထယ်ယောင်း ကားပေါ်မှာ ဂနာမငြိမ်နိုင်ဘဲ ဟိုလူ့ပြောဒီလူ့ပြောပြောနေမိ၏။

" မာမီ..ဆေးရုံကိုဖုန်းဆက်ပြီး ရောက်တာနဲ့ ခွဲခန်းထဲဝင်ဖို့ပြောပြီးပြီလား.."

" ပြောပြီး ပြီ သား.."

" ကိုကို ခဏလေးဘဲ တောင်ခံထားနော် ဆေးရုံရောက်တော့မယ်.."

ဆုပ်ကိုင်ထားတဲ့ လက်ကလေးကို ခပ်ဖွဖွလေးနမ်းလိုက်ပြီး ပြောလိုက်သည်။

ဆေးရုံရောက်တော့ ကိုကို့ကို ကုတင်ပေါ်တင်ပြီး ခွဲခန်းထဲဝင်ဖို့ သွားတော့ သူတို့ပါလိုက်လာကြ၏။

" ကိုကိ အဆင်ပြေသွားမှာနောခ မကြောက်နဲ့ မောင်ရှိတယ်.."

ခွဲခန်းထဲဝင်ခါနီး ကိုကို့ရဲ့နဖူးလေးကို နမ်းကာ ထယ်ယောင်းပြောလိုက်တော့ မျက်ရည်ဝဲဝဲ လေးနဲ့ ခေါင်းငြိမ့်ပြတဲ့ ကိုကို..

ထယ်ယောင်းတို့အားလုံး ခွဲခန်းရှေ့မှာ စောင့်နေကြသည်။အားလုံးလည်း ရင်ထဲအပူလှိုင်းတွေနဲ့ ခွဲခန်းထဲက ဂျောင်ဂု အဆင်ပြေဖို့ဆုတောင်းနေရ၏။

ထယ်ယောင်း စောင့်နေရင်း ကိုကို့ရဲ့ နာကျင်လွန်းလို့ ခံစားနေရတဲ့ပုံရိပ်လေးကို မြင်ယောင်လာသည်။ကလေးမွေးခါနီး နာကျင်မှုက နံရိုးတွေရိုက်ချိုးခံရလို့ နာကျင်တာနဲ့ညီမျှတယ်လို့ ပြောကြတယ်..သေမတတ်အလူးအလဲခံစားပြီး မိမိအသက်နဲ့ရင်းကာ ရင်သွေးကို မွေးဖွားရတယ်လို့ သူစာ‌အုပ်တွေထဲမှာ ဖတ်ဖူးတယ်...ကလေးမွေးချိန်က သေရှင်နဲ့ရှင်ခြင်းလမ်းခွမှာ လွန်ဆွဲနေတာနဲ့ပင်တူ၏။အန္တရာယ်များတဲ့ အချိန်မို့ ထယ်ယောင်း တော်တော် စိတ်ပူမိသည်။

စိတ်ထဲမှာလည်း အလိုလိုဝမ်းနည်းလာကာ..ငိုချင်သလိုလိုဖြစ်လာသည်။တကယ်လို့ ကိုကိုနဲ့ ပိစိလေးသာ တစ်ခုခုဖြစ်သွားရင် ဆိုတဲ့ အတွေးကြီးကလည်း ကြီးစိုးနေ၏။ခြေဖျားလက်ဖျားတွေအေးစက်ကာ...ဖင်ပူအောင်မထိုင်နဲဘဲ..ခွဲခန်းရှေ့ လမ်းခဏခဏဖြတ်လျှောက်နေမိသည်။

ချယ်ယောင်း နဲ့ ဒေါ်ကြီးဂျုးက ထိုင်ခုံမှာ ထိုင်ပြီး ကိုကိုမွေးဖွားရအဆင်ပြေအောင် ဆုတောင်းပေးနေကြ၏။ ထယ်မင်လည်း ချယ် တို့ဘေးမှာ မတ်တပ်ရပ်ပြီး ခွဲခန်းကိုကြည့်ကာ ရင်တထိတ်ထိတ်နဲ့စောင့်နေသည်။

" မာ...မာမီ...ကိုကို အဆင်ပြေမှာပါနော်.."

" ပြေမှာပါ..သားရယ်..စိတ်ကို အေးအေးထား.."

" ဟုတ်.. "

" ဖျတ်!... ဖျတ်!... ဖျတ်!.. "

" ဖျတ်!.... ဖျတ်!.... ဖျတ်!... "

ညနှစ်နာရီ ကျော်ကျော်ဘဲရှိသေးတာမို့ ဆေးရုံက တိတ်ဆိတ်နေရတဲ့အထဲ ထယ်ယောင်းရဲ့ တဖျတ်ဖျတ်ခြေသံတွေကဟိန်းထွက်နေသည်။ချယ်ယောင်းတို့လည်း..ခေါက်တုံ့ခေါက်ပြန်လျှောက်နေတဲ့ ထယ်ယောင်းကို ကြည့်ပြီး ခေါင်းတွေမူးနှောက်လာ၏။

" ထယ်ယောင်း!.. ငြိမ်ငြိမ်ထိုင်နေစမ်းကွာ..ဒီမှာ စိတ်ပူနေရတဲ့ အထဲ မင်းက တမှောင့် မူးနှောက်နေပြီ.."

မနေနိုင်တဲ့အဆုံး..ထယ်မင်က ဟောက်လိုက်သည်။

" ဒယ်ဒီကလည်း ...ကိုကို ခွဲခန်းဝင်နေတဲ့ အချိန်မှာ သားက ထိုင်နိုင်မှာလား..ဒီမှာ အရမ်းစိတ်ပူနေတာ ရင်ထဲမှာ မီးတောင်ကြီး ပေါက်ကွဲတော့မယ့်အတိုင်းဘဲ ..တင်းကြပ်ပြီး ဆို့တစ်တစ် ခံစားချက်ကြီးနဲ့ ..ဒယ်ဒီ ခေါင်းမူးလာရင် သားကို မကြည့်နဲ့.."

" မင်းက ငါတို့ရှေ့မှာ လျှောက်နေတော့ ကြည့်မိပြီပေါ့.. ငြိမ်ငြိမ်ထိုင်စမ်းပါကွာ.."

" ဒယ်ဒီ့ တုန်းကရော မာမီ ခွဲခန်းထဲ ဝင်တဲ့အချိန် ငြိမ်ငြိမ်ထိုင်နေလို့လား.."

" မင်း!.. ကဲကွာ..ကြိုက်သလိုနေ..အဖေထက်သားတစ်လကြီးတာကို ငါက မေ့ပြီး ပြောမိတာ..သူ့ကိုပြောလိုက်တာနဲ့ ဒယ်ဒီ့တုန်းကရောက အရင်ဘဲ.."

" သားပြောတာ ဘာမှားလို့လဲ..ဒယ်ဒီကလေ သားအဖချင်း ကိုယ်ချင်းမစာဘူး .."

" ကဲ..တော်ကြပါ..သားထယ်..သားလည်း ခဏလောက်ငြိမ်ပြီးနေလိုက်..အစ်ကိုလည်း သားကို သိပ်ပြောမနေနဲ့..ဂျောင်ဂုလေးက ကလေးမွေးနေတာ..ရှင်တို့စကားမများဘဲ အဆင်ပြေပြေမွေးနိုင်ဖို့ ဆုတောင်းကြ.."

ချယ်ယောင်းပြောမှ ခွန်းကြီး ခွန်းငယ် စကားနိုင်လုနေကြတဲ့ သားအဖငြိမ်သွား၏။

ခွဲခန်းထဲဝင်သွားတာ တစ်နာရီကြာပြီ အခုထိ ဘာမှ မထူးသေး..

" ဒယ်ဒီ..သားကို မွေးတုန်းကရော..သားလိုဘဲ ဒယ်ဒီ ခံစားရလားဟင် .."

" ဒါပေါ့..သားရဲ့..ဒယ်ဒီဆို ပြာယာခတ်ပြီး..အယောင်ယောင်အမှားမှားတွေဖြစ်တာ..သားလည်း အရမ်းကြီး စိတ်ပူမနေနဲ့ ဂျောင်ဂုလေးကို ခွဲစိတ်ပေးနေတဲ့ ဆရာဝန်က ယောက်ျားလေးကိုယ်ဝန်ဆောင်တွေကို မွေးဖူးတယ်..အဆင်ပြေမှာ စိတ်အေးအေးထား.."

ထယ်မင်က သားရဲ့ ပခုံးကို ခပ်ဖွဖွလေးပုတ်ပြီး နှစ်သိမ့်နေတော့ ထယ်ယောင်းက ခေါင်းငြိမ့်ပြီး ပြုံးပြ၏။

အခုကျတော့လည်း ခုနကရန်ဖြစ်နေကြတဲ့သူတွေမဟုတ်တဲ့ အတိုင်းဘဲ..ဂျုးကတော့ သူတို့သားအဖကြောင်းသိသူပီပီ ပြုံးနေပြီး ချယ်ယောင်းက အဖေရောသားပါ မျက်စောင်းထိုးလိုက်သည်။

" မွေးလူနာ ကင်မ်ဂျောင်ဂု အမျိုးသားရှိလား.."

ရုတ်တရက် နာစ့်မက ခွဲခန်းထဲကနေထွက်လာကာ နာမည်ခေါ်လိုက်တော့ စိတ်လှုပ်ရှားလွန်နေတဲ့ ထယ်ယောင်းက ကြောင်တောင်တောင်ဖြစ်သွား၏။

* ကင်မ်‌ဂျောင်ဂု အမျိုးသား*

ထယ်ယောင်း မတ်တပ်ရပ်ကြီး စဉ်းစားနေတုန်း ဒယ်ဒီက လက်မောင်းကို ဖြတ်ရိုက်လာ၏။

" ဖြန်း!.. ခွေးကောင်..ကင်မ်ဂျောင်ဂုအမျိုးသားက မင်းလေ..သွား..ဘာတွေကြောင်တောင်တောင်လုပ်နေတာလဲ.."

" အာ!.. ဟုတ်သားဘဲ.."

ထယ်ယောင်းလည်း အဲ့ကျမှ ကသုတ်ကရိုက်နဲ့ နာစ့်မဆီသွားလိုက်သည်။

" ကလေးခွဲမွေးလို့ပြီးပါပြီး.. ကလေးအဖေလက်မှတ်နေရာမှာ ထိုးပေးပါနော်"

နာစ့်မလက်ထဲက ဘောပင်ကို ယူပြီး ထယ်ယောင်းထိုးပေးလိုက်၏။

" ကျွန်တော့်အမျိုးသား အခြေနေရော.."

" အမျိုးသားရော ကလေးပါကျန်းမာပါတယ်.."

" ဘာလေးမွေးလဲ ဆရာမ.."

ထယ်ယောင်းတို့ အားလုံးပြိုင်တူမေးလိုက်၏။

~

~

~

‌ဂျောင်ဂု ယောကျာ်းလေး မွေးမယ်ထင်လား မိန်းကလေးမွေးမယ်ထင်လား..ပြောခဲ့ကြနော် မဟုတ်ရင် မနက်ဖြန် မအပ်ပေးဘူး..😁

Good night ပါသဲငယ်လေးတို့ 😘💜💜💜💜💜💜💜

Thanks for votes, feedback and comment.

I Love my readers forever ❤️


I PURPLE YOUR



______________________________________








# Zawgyi #

ထယ္ေယာင္း ညအိပ္ခါနီး ကိုကို႔ကို ႏြားနို႔ ‌တိုက္ဖို႔ မီးဖိုခန္းထဲ လာယူေတာ့ ေရခဲေသတၱာထဲက ေရဘူးယူၿပီးေသာက္ေနတဲ့ မာမီနဲ႕ေတြ၏။

" သားထယ္..ေဂ်ာင္ဂုေလး ဗိုက္ကို သံလြင္ဆီ ညတိုင္းလိမ္းေပးလား.."

" လိမ္းေပးတယ္မာမီ...ၿပီးေတာ့ မာမီ့ကို ေမးစရာရွိလို႔..ကိုကို႔ေမြးဒိတ္က ေနာက္ႏွစ္ပတ္မွမလား..ဒါေပမဲ့ အခုရက္ပိုင္း ကိုကို ဗိုက္ခဏခဏ နာတယ္တဲ့ ခါးလည္းကိုက္တယ္ ေျပာတယ္ အဲ့ဒါ စိုးရိမ္ရလား မာမီ.."

ထယ္ေယာင္းလည္း ကိုကို႔အတြက္ စိတ္ပူတာနဲ႕ မာမီ့ကို ေမးလိုက္သည္။ မာမီက ကေလးေမြးဖူးတာမို႔ သူထက္စာရင္ ပိုသိမယ္ထင္တယ္..

" မစိုးရိမ္ရပါဘူးသားရယ္..ေမြးခါနီးလို႔ ကေလးအလွည့္အေျပာင္းလုပ္တာပါ..ေမြးဖို႔ တစ္ပတ္လိုတာနဲ႕ ေဆး႐ုံႀကိဳတက္ထားလိုက္ေလ..အဲ့ဒါက ပိုေကာင္းတယ္သား.."

" ဟုတ္ကဲ့ မာမီ ..သားလည္း အဲ့လိုဘဲစဥ္းစားထားတယ္....တစ္ခုခုျဖစ္ရင္ ကိုကိုက စကားမေျပာနိုင္ေတာ့ သာမန္လူေတြထက္ ပိုစိုးရိမ္ရတယ္ မာမီ.."

" ဟုတ္တယ္သား..အခုရက္ပိုင္း မာမီလည္း ေဂ်ာင္ဂုေလးကို ၾကည့္ေနတာ တစ္ခါတစ္ေလ ဗိုက္ကေလးကို ကိုင္ၿပီး..နာေနတဲ့ပုံစံမ်ိဳးနဲ႕ ေျခေထာက္ေတြလည္း ေရာင္ေနတယ္..ေမြးခ်င္ေနလို႔လားမသိဘူး..ဒိတ္ကလည္း မလို‌ေတာ့ဘူးမလား..."

ထယ္ေယာင္းလည္း မာမီေျပာသလို သတိထားမိသည္။ကိုကို႔ေျခေထာက္ကေလးေတြက ေရာင္ၿပီး အသိမသာေလးႀကီးေနသည္။

" ဒါဆို ေနာက္နစ္ပတ္လုပ္မေနနဲ႕ ခ်ယ္ မနက္က်ရင္ ေဆး႐ုံတက္လိုက္တာေကာင္းတယ္..ခ်ယ့္တုန္းကလည္း..ဒိတ္ရက္မေရာက္ခင္ သားထယ္ကို ေမြးတာေလ..အဲ့ေတာ့ တစ္ခုခုဆို အခ်ိန္မွီလုပ္လို႔ရေအာင္ ေဆး႐ုံတက္ထားတာအေကာင္းဆုံးဘဲ ၿပီးေတာ့ ေဂ်ာင္ဂုက ‌‌ေယာက်ာ္းေလးကိုယ္ဝန္ေဆာင္ေလ ေမြးလမ္းေၾကာင္းမရွိဘူး အႏၱရာယ္မ်ားတယ္..."

ထယ္ေယာင္းတို႔စကားေျပာေနတုန္း ထယ္မင္ကပါေရာက္လာၿပီး ေျပာတာေၾကာင့္ ထယ္ေယာင္းတို႔ ေသခ်ာနားေထာင္ေနၾကသည္။

" အဲ့ဆို ေဒၚႀကီးဂ်ဴးကို မနက္ေဆး႐ုံတက္ဖို႔အတြက္ လိုအပ္တာေတြ ျပင္ဆင္ေပးခိုင္းထားပါေနာ္ မာမီ..သားကိုကို႔ကို သြားေျပာလိုက္အုံးမယ္.."

" သြား..သား..မာမီ စီစဥ္ထားလိုက္မယ္.."

ထယ္ေယာင္းလည္း ႏြားနို႔ခြက္ကိုယူၿပီး အခန္းဆီျပန္လာလိုက္သည္။

အခန္းထဲေရာက္ေတာ့ ကိုကိုက ကုတင္ေထာင့္စြန္းေလးမွာထိုင္ကာ ေျခေထာက္ေတြက ၾကမ္းျပင္ခ်ထားၿပီး....လက္‌တစ္ဖက္က ေမြ႕ရာကို ဆုပ္ကိုင္ထားကာ..က်န္တစ္ဖက္က ခါးကို ေထာက္ၿပီး မ်က္ႏွာက ရႈံ႕မဲ့ေန၏။

" ကိုကို.. ကိုကို...ဗိုက္နာလို႔လား.."

ႏြားနို႔ ခြက္ကိုစားပြဲေပၚတင္ၿပီး..ကိုကို႔ေဘးဝင္ထိုင္ကာေမးလိုက္သည္။

*~.ခါးနာတာ ေမာင္.~*

*~.ေဆး႐ုံသြားမလားကိုကို.~*

*~.ရတယ္..ေမာင္..အရမ္းႀကီးမနာဘူး..ငါ့ကို ေဆးလိမ္းေပးပါလား.~*

*~.ေမာင္လိမ္းေပးမယ္ေနာ္...ႏြားနို႔ေလးအရင္ေသာက္လိုက္.~*

ထယ္ေယာင္းက ႏြားနို႔ ကို ေသခ်ာေလးလက္တစ္ဖက္ျဖင့္ထိန္းကိုင္ေပးကာ ေသာက္ခိုင္းလိုက္သည္။ၿပီးေတာ့ ကိုကို႔ကို ေဘးတစ္ေစာင္းလွဲခိုင္းလိုက္ၿပီး ခါးတစ္ဝိုက္ကို သံလြင္ဆီေလးနဲ႕ ခပ္ဖြဖြေလးပြတ္ေပးလိုက္၏။ဒဏ္ေၾကလိမ္းေဆးက ပူတာမို႔ ကေလးထိခိုက္မွာစိုးၿပီး မသုံးရဲ ...ကိုယ္ဝန္ေၾကာင့္ ႏွိပ္ေပးလို႔လည္း မရတာေၾကာင့္ ခပ္ဖြဖြေလးသာ ပြတ္ေပးလိုက္သည္။

*~.ကိုကို မနက္က်ရင္ ေဆး႐ုံႀကိဳတက္ရမယ္.~*

ထယ္ေယာင္းစာကို ဖတ္ၿပီးေဂ်ာင္ဂုက အံ့ဩသြားကာ မ်က္လုံးေလးေတြဝိုင္းလာ၏။

*~.ေနာက္တစ္ပတ္ေနမွ ေဆး႐ုံႀကိဳတက္ရမွာဆိုေမာင္.~*

*~.အခုရက္ပိုင္း ကိုကိုက ဗိုက္နာလိုက္ ခါးနာလိုက္ျဖစ္ေနေတာ့ ဒိတ္မေရာက္ခင္ေမြးမယ္ထင္လို႔ ..~*

ေဂ်ာင္ဂုလည္း ဘာမွ ဆက္မေရးျပေတာ့ဘဲ ေခါင္းဘဲၿငိမ့္ျပလိုက္သည္။ေမာင္ေျပာတာလည္း မွန္ေနတာဘဲ..တစ္ခါတစ္ေလ ဗိုက္ထဲက ကေလးေလးက အတင္းကန္တာေၾကာင့္ နာတတ္သလို ခါးတစ္ဝိုက္ကလည္း တဆစ္ဆစ္ကိုက္ေနတတ္၏။

" အိပ္ေတာ့ ကိုကို.."

ထယ္ေယာင္းက ေဆးလိမ္းၿပီးတာနဲ႕ ေဂ်ာင္ဂုကို ေစာင္ၿခဳံေပးၿပီး နဖူးေလးကို အနမ္းေပးကာ သူပါဝင္ၿပီး လွဲလိုက္သည္။ၿပီးေတာ့ အိပ္ေပ်ာ္ေအာင္ ေက်ာပင္ေလးကို ပြတ္ေပးေန၏။

ကိုကိုက လရင့္လာေလ ေတာ္႐ုံနဲ႕အိပ္မ‌ေပ်ာ္ျဖစ္လာတတ္တာေၾကာင့္ ထယ္ေယာင္းမွာ ေစာေစာအိပ္ရာဝင္ခိုင္းရ၏။အိပ္ရအဆင္မေျပလို႔လည္း ပါမည္ထင္..ပူၿပီးလုံးဝန္းေနတဲ့ ဗိုက္အေလးခ်ိန္ေၾကာင့္ ကိုကို႔မွာ ပလက္လွဲအိပ္လို႔မရ..ေမွာက္အိပ္လို႔လည္းမရတာေၾကာင့္ ေဘးတစ္ေစာင္းသာအိပ္ရသည္။အိပ္ေနရင္း ကေလးကန္တာေၾကာင့္ လန႔္လန႔္နိုးလာၿပီး ျပန္ၿပီးအိပ္မေပ်ာ္လို႔ ထယ္ေယာင္းမွာ ‌အိပ္ေပ်ာ္ဖို႔ ေက်ာျပင္ေလးကို ပြတ္ေပးေနရတာ ညတိုင္းလိုလိုပင္...လရင့္လာေတာ့ ဆီးခဏခဏသြားတတ္တာေၾကာင့္သန႔္စင္ခန္းကိုလည္း တစ္ေန႕ကို အခါႏွစ္ဆယ္ေလာက္သြားရ၏။

မိနစ္အနည္းငယ္ၾကာေတာ့ သူ႕ကို ေက်ာျပင္ပြတ္ေပးေနတဲ့ ေမာင့္ရဲ႕ လက္ကရပ္တန႔္သြားၿပီး သူ႕ရဲ႕ေရွ႕ကေမာင္က အသက္ရႈသံပုံမွန္နဲ႕ အိပ္ေပ်ာ္သြားၿပီ..သူကသာ အခုထိအိပ္လို႔မရေသး...အိပ္ေပ်ာ္ေနတဲ့ ေမာင့္ရဲ႕ ဆံႏြယ္ေတြကို သပ္တင္ေပးကာ ေမာင့္မ်က္ႏွာေခ်ာေခ်ာကို ေငးၾကည့္မိသည္။

ေမာင့္ကိုေငးေနတုန္း ခါးက ပိုၿပီးကိုက္လာသည္။တဆစ္ဆစ္နဲ႕ အထဲက ထိုးေနသလိုပင္..တစ္ေန႕လုံးကိုက္လိုက္ျပန္ေပ်ာက္သြားလိုက္နဲ႕မို႔ ခဏၾကာရင္ေပ်ာက္သြားမွာပါဆိုၿပီး ၿငိမ္ေနလိုက္သည္။ေမာင့္ကိုလည္း မနိုးခ်င္ေတာ့ ..ေမာင္က တစ္ေန႕လုံး သူ႕ေဝယ်ာဝစၥေရာ ကုမၸဏီအလုပ္ေတြပါ လုပ္ရလို႔ ပင္ပန္းေနတာ..ေအးေအးေဆးေဆးအိပ္ပါေစ..

ကိုက္ေနတဲ့ခါးကို ေမ့ထားၿပီး မ်က္လုံးေတြမွတ္ကာ အိပ္ေပ်ာ္ေအာင္အိပ္လိုက္သည္။ေနာက္ဆုံး သူ႕ခႏၶာကိုယ္ကေပါ့ပါးသြားၿပီး မ်က္လုံးေတြကေမွးစင္းသြားသည္။ေသခ်ာတာက သူအိပ္ေပ်ာ္သြားၿပီဆိုတာပါဘဲ..

~

~

~

မခံမရပ္နိုင္ေအာင္ ခါးေတြထိုးကိုက္လာတာေၾကာင့္ ေဂ်ာင္ဂုနိုးလာခဲ့သည္။ စားပြဲေပၚက နာရီကိုၾကည့္လိုက္ေတာ့ ဆယ့္ႏွစ္နာရီ မိနစ္ေလးဆယ္ ရွိၿပီ...ေမာင့္ကိုၾကည့္လိုက္ေတာ့ အိပ္ေပ်ာ္ေနဆဲ..ညဉ့္ယံမို႔ တိတ္ဆိတ္ေနခ်ိန္ သူတစ္ေယာက္သာ နိုးထေန၏။ေဘးတစ္ေစာင္းအေနထားကေနပလက္လွန္လိုက္ၿပီး ဗိုက္ေပၚလက္တင္ကာ နာက်င္တာကို ေအာင့္ခံေနမိသည္။

တကယ္ဆိုသူ႕စိတ္ထဲကေအာ္ဟစ္ေနတာပါ..သူမွအသံမထြက္တာ..ခါးကိုက္ရာကေန ဝမ္းဗိုက္တစ္ခုလုံး..မခံမရပ္နိုင္ေအာင္နာက်င္လာတာေၾကာင့္ ႏႈတ္ခမ္းကို ခပ္တင္းတင္းကိုက္ၿပီး အိပ္ရာခင္းကို လက္ျဖင့္ ဆုပ္ကိုင္ထားမိသည္။ေခြၽးေစးေတြလည္းပ်ံလာကာ..ကေလးကလည္း အတင္းတိုးေနတာေၾကာင့္ ပိုၿပီး နာက်င္လာ၏။

မခံနိုင္ေတာ့တဲ့ အဆုံး ေျဖးေျဖးခ်င္းဆီထထိုင္ကာ ေမာင့္ကို လႈပ္နိုးေနမိသည္။ တစ္ခ်က္တစ္ခ်က္ကေလးကအားျပင္းျပင္းနဲ႕ ဗိုက္ထဲက ကန္ေနတာေၾကာင့္...လက္တစ္ဖက္က ဗိုက္ကိုထိန္းထားရသည္။နာက်င္လြန္းလို႔ ေအာ္ဟစ္ခ်င္ေပမဲ့ အသံကလုံးဝမထြက္..ေမာင့္ကိုလႈပ္နိုးေနတဲ့လက္ေတြကလည္း အားမရွိေတာ့ ထိ႐ုံေလးသာ လႈပ္နိုင္ေတာ့သည္။မ်က္ရည္ေတြလည္းထြက္ကာ..ေခြၽးေစးေတြနဲ႕ေရာေန၏။

* အားး ေမာင္ေရ...ငါ အရမ္းနာေနၿပီ...ေမာင္...*

ေမာင့္နာမည္ကိုတၿပီး စိတ္ထဲကေန ေအာ္ေျပာေနမိေသာ္လည္း လက္ေတြ႕ ကလုံးဝအသံထြက္မလာ...

အားကုန္သုံးၿပီး အိပ္ေပ်ာ္ေနတဲ့ ေမာင့္ရဲ႕လက္ကို ခပ္ၾကမ္းၾကမ္းလႈပ္ကိုင္လိုက္သည္။

" အင္း~...ဟင္!.... ဟင္!.... အာ~... ကိုကို!!..."

ထယ္ေယာင္းလည္း အိပ္ေနရင္း လက္ေမာင္းကို ခပ္ၾကမ္းၾကမ္းဆြဲလႈပ္ခံရဝာာေၾကာင့္ အိပ္ခ်င္မူးတူးနဲ႕ နိုးလာေတာ့ သူ႕ရဲ႕လက္ေမာင္းကို လႈပ္နိုးေနတဲ့ ကိုကို႔ေၾကာင့္ အိပ္ခ်င္စိတ္ေတြေျပၿပီး ထထိုင္လိုက္၏။

ကိုကို႔ရဲ႕ မ်က္ႏွာမွာေခြၽးေစးေတြနဲ႕ မ်က္ရည္ေတြေရာေနၿပီး မ်က္ႏွာေလးက ရႈံ႕မဲ့ေနၿပီး ဗိုက္ကိုလက္ျဖင့္ ကိုင္ထားသည္။အဲ့...အဲ့ပုံစံက ဗိုက္‌နာေနတာမလား...

" ကိုကို... ကိုကို... ဗိုက္နာေနတာလား.."

သူေျပာေတာ့ ေခါင္းေလးၿငိမ့္ျပတဲ့ကိုကို..မေအာ္ဟစ္နိုင္ေတာ့ ႏႈတ္ခမ္းေလးကို ဖိကိုက္ထားသျဖင့္ ေသြးေလးေတာင္စို႔ေနၿပီ..စကားသာေျပာနိုင္ရင္ ကိုကိုေအာ္ဟစ္ၿပီးနာက်င္ေနမွာအမွန္..

" ခဏ..ခဏေလး ကိုကို..ေမာင္..ေဆး႐ုံလိုက္ပို႔မယ္...ထ..ေဆး႐ုံသြားၾကရေအာင္.."

ကုတင္ေပၚကေျပးဆင္းၿပီး ကိုကို႔ရဲ႕ လက္ေမာင္းေလးကေန ထိန္းၿပီး တြဲကာ..ကုတင္ေပၚက ဆင္းခိုင္းလိုက္သည္။ၾကမ္းျပင္နဲ႕ ေျခေထာက္ထိတဲ့တိုင္ ကိုကိုက နာေနတာေၾကာင့္ ‌မတ္တပ္ေတာင္ေကာင္းေကာင္းမရပ္နိုင္ေပ..ဒါေၾကာင့္ ထယ္ေယာင္း က ကိုကို႔ကို ေပြ႕လိုက္ၿပီး ေအာက္ထပ္ကို ဆင္းလာလိုက္ၿပီး ကိုကို႔ကို ဆိုဖာေပၚခဏထိုင္ခိုင္းလိုက္သည္။

" မာမီ..မာမီ..! ဒယ္ဒီ!! ေဒၚႀကီးဂ်ဴး!. "

" ဒယ္ဒီ!.. မာမီ.. ! ေဒၚႀကီးဂ်ဴး.ျမန္ျမန္ဆင္းလာၾကပါ..ဒီမွာ ကိုကိုဗိုက္နာေနလို႔.. "

ထယ္ေယာင္း အသံကုန္ေအာ္ၿပီး နိုးလိုက္ေတာ့ ခ်ယ္ေယာင္း ထယ္မင္ ဂ်ဴးနဲ႕ အိမ္အကူေတြပါနိုးလာၾကသည္။

ခ်ယ္ေယာင္းတို႔လည္း ေအာက္ထပ္ေရာက္ေတာ့ သားထယ္က စိုးရိမ္ၿပီး စိတ္လႈပ္ရွားေနတဲ့ ပုံစံနဲ႕..ၿပီးေတာ့ ဆိုဖာေပၚမွာ ေဂ်ာင္ဂုေလးက ဗိုက္ ကိုကိုင္ကာ ‌နာက်င္ေနတဲ့ပုံစံေလးနဲ႕

" သားထယ္!.. ေဂ်ာင္ဂုေလး ဗိုက္နာေနတာလား.."

" ဟုတ္တယ္မာမီ.."

သူတို႔လည္း ေဂ်ာင္ဂုကိုေသခ်ာၾကည့္လိုက္ေတာ့ အၾကည့္ေလးေတြကေဖ်ာ့ေတာ့လာၿပီးႏႈတ္ခမ္းေလးေတြက ျဖဴေဖ်ာ့လာသည္။တစ္ေျဖးေျဖး အားမရွိေတာ့တဲ့ပုံစံေပါက္လာတာေၾကာင့္..

" ထယ္ေယာင္း .ကားျမန္ျမန္ထုတ္..ေဂ်ာင္ဂုေလး သတိေမ့ေတာ့မယ္..ကေလးေမြးမဲ့သူက သတိေမ့လို႔မရဘူး.."

ထယ္မင္က ‌ေျပာလိုက္ေတာ့ ‌ထယ္ေယာင္းလည္း သုတ္ေျခတင္ၿပီး ဂိုေဒါင္ထဲက ကားထုတ္ဖို႔ထြက္သြားလိုက္သည္။

" ကြၽန္မ..ေဆး႐ုံတက္ဖို႔ျပင္ထားတာေတြသြားယူထားလိုက္မယ္.."

ဂ်ဴးလည္း ေကာင္မေလးေတြေခၚႀကီး ညဦးတည္းက ျပင္ဆင္ထားတဲ့ ကေလးအႏွီးေတြနဲ႕ အသုံးေဆာင္ပစၥည္းေတြကို သြားၿပီးယူလိုက္၏။

" သား..ေဂ်ာင္ဂုေလး.. မာမီ့ကိုၾကည့္!."

ခ်ယ္ေယာင္းနဲ႕ ထယ္မင္က ေဂ်ာင္ဂုရဲ႕ေဘးနားဝင္ထိုင္ၿပီး ခ်ယ္ေယာင္းက မ်က္ႏွာေလးကိုလက္ျဖင့္ထိန္းယူကာ မ်က္လုံးခ်င္းဆုံေအာင္ၾကည့္ၿပီး ေျပာလိုက္ေတာ့ ေငြ႕ရည္ဖြဲ႕ေနတဲ့ မ်က္ဝန္းဝိုင္းဝိုင္းေလးေတြနဲ႕ၾကည့္လာတဲ့ ေဂ်ာင္ဂု...မ်က္လုံးေလးေတြက " အရမ္းနာတယ္ မာမီ.." လို႔ေျပာေနသေယာင္ပင္..နာက်င္ေနတဲ့အရိပ္ေယာင္ေလးေတြ ျမင္ေနရ၏။သူလည္း မိခင္တစ္ေယာက္မို႔ ဒီခံစားခ်က္ကိုနားလည္သည္။ဒါေပမဲ့သူက နာက်င္မႈကို ေအာ္ဟစ္ၿပီး ထုတ္ေဖာ္ျပလို႔ရေပၿမဲ ေဂ်ာင္ဂုေလးကေတာ့ ႏႈတ္ခမ္းကိုတင္းတင္းကိုက္ၿပီးသာ နာက်င္ေနေၾကာင္းသာျပနိုင္သည္။ နဖူးနဲ႕ မ်က္ႏွာတစ္ဝိုက္ခိုတြဲေနတဲ့ ေခြၽးစက္ေလးေတြက နာက်င္ေနတဲ့ခံစားမႈနဲ႕ျပယုဒ္ပင္..

" သား..လုံးဝ မ်က္လုံးမမွိတ္လိုက္နဲ႕ေနာ္ .သားကေလးအတြက္ သားလုံးဝမ်က္လုံးမွိတ္လို႔မရဘူး!! "

သူ႕စကားကို နားလည္တဲ့ ေဂ်ာင္ဂုက ေခါင္းတဆက္ဆက္ၿငိမ့္ျပလာ၏။ျဖဴျဖဴေဖ်ာ့ေဖ်ာ့ ႏႈတ္ခမ္းပါးေလး‌ေတြက တဆက္ဆက္တုန္ယင္ေနၿပီး.. ေခြၽးေစးေတြနဲ႕ ေအးစက္စက္လက္အစုံက မူးေမ့လဲမတတ္နာက်င္ေနတာကို တင္းခံထားမွန္းသိသာလွသည္။

" ဒယ္..ဒယ္ဒီ ကား..ကားရၿပီ.. "

" ေဂ်ာင္ဂုေလးကို ကားေပၚတင္ဖို႔လုပ္ .မင္းကားမေမာင္းနဲ႕ ဒယ္ဒီေမာင္းမယ္..မင္းအခုအရမ္းစိတ္လႈပ္ရွားေနတယ္.."

တကယ္လည္း ထယ္ေယာင္း ကားေမာင္းလို႔အဆင္မေျပ...ေျခေတြလက္ေတြတုန္ကာ ဘာလုပ္လို႔လုပ္ရမွန္းမသိဘဲ ဦးႏွောက္က ဗလာက်င္းေနသည္။

ခ်က္ခ်င္းဘဲ ကိုကို႔ကို ေပြ႕လိုက္ၿပီး ကားထဲထည့္ကာသူက ေဘးကေနဝင္ထိုင္လိုက္သည္။ ေဒၚႀကီးဂ်ဴးက ကားေနာက္ခန္းထဲ ပစၥည္းေတြထည့္ၿပီး ေဂ်ာင္ဂုရဲ႕ ေဘးဘက္ဝင္ထိုင္လိုက္ေတာ့ ေဂ်ာင္ဂုက ထယ္ေယာင္းနဲ႕ ဂ်ဴးရဲ႕ အလယ္မွာ..ခ်ယ္ေယာင္းက ‌ထယ္မင္ရဲ႕ေဘးမွာဝင္ထိုင္လိုက္၏။

" ဒယ္ဒီ..ျမန္ျမန္ေမာင္းပါဗ်ာ!."

ကားေမာင္းေနတဲ့ ထယ္မင့္ကို ေနာက္ကေန တတြတ္တြတ္ေျပာေနတဲ့ ထယ္ေယာင္း...သူ႕ရင္ခြင္ထဲက ေဂ်ာင္ဂုက ႏႈတ္ခမ္းသားေလးေတြျပာကာ..မ်က္လုံးေလးေတြေမွးဆင္းေနၿပီ..

" ကိုကို!.. ကိုကို! "

ထယ္ေယာင္း ရင္ခြင္ထဲက ကိုကို႔ကို ထုတ္ၿပီး ပခုံးေလးကိုလႈပ္ကာ ခပ္ဆက္ဆက္ေလးေခၚလိုက္ေတာ့ မပြင့္တပြင့္မ်က္လုံးေလးေတြနဲ႕ ၾကည့္လာတဲ့ ကိုကို..

" ကိုကို..သတိေမ့လို႔မရဘူးေနာ္..ေမာင္တို႔ အခုေဆး႐ုံသြားေနၿပီ..အားတင္းထားေနာ္..ကိုကို.."

သူေျပာေတာ့ ေခါင္းေလးေျဖးေျဖးၿငိမ့္ျပတဲ့ ကိုကို

ရင္ခြင္ထဲထည့္ၿပီး ပခုံးကေနဖက္ကာ က်န္လက္တစ္ဖက္က ကိုကို႔ရဲ႕ ေခြၽးစို႔ေနတဲ့ လက္ေအးေအးေလးကို တင္းေအာင္ ကိုင္ထားလိုက္သည္။ဂ်ဴးကလည္း ေဘးကေန ေဂ်ာင္ဂုအရိပ္မေျခကို ၾကည့္ေနမိသည္။ထယ္မင္ကလည္း ကားကို အရွိန္တင္ၿပီးေမာင္းေန၏။သန္းေခါင္ေက်ာ္မို႔ ကားလမ္းရွင္းေနတာေတာ္ေသးသည္။ခ်ယ္ေယာင္းလည္း ကားေနာင္ဘက္ကို လွည့္ၾကည့္ၿပီး ေဂ်ာင္ဂု အဆင္ေျပမေျပ ၾကည့္ေန၏။အားလုံးရဲ႕ ရင္ထဲမွာ စိုးရိမ္ပူပန္မႈေတြ အျပည့္နဲ႕ပင္..

ေဂ်ာင္ဂုလည္း ဝမ္းထဲက လွိုက္တက္ၿပီး နာက်င္တာေၾကာင့္ မ်က္လုံးမွိတ္လိုက္ခ်င္ေပမဲ့ ပိစိေလးအတြက္တင္းခံေနမိသည္။ေမာင္ကလည္း ေဘးကေန သူမအိပ္ေပ်ာ္ေအာင္ေျပာေနသလို မာမီကလည္းလွည့္ၾကည့္ၿပီး မအိပ္ေစဖို႔ တဖြဖြသတိေပးေနမွန္းသူသိ၏။အရမ္းနာေနတာေၾကာင့္ သူေသမတက္ခံစားရေနရေသာ္လည္း သတိကို အတင္းကပ္ထားသည္။

" ဒယ္ဒီ မေရာက္ေသးဘူးလား..ကိုကို အရမ္းပင္ပန္းေနၿပီး..သတိမကပ္ခ်င္သလိုျဖစ္ေနၿပီ..ျမန္ျမန္ေမာင္းပါ ဒယ္ဒီ.."

" ဒယ္ဒီလည္း ေမာင္းေနတာဘဲ သားထယ္..ခဏေနေရာက္ေတာ့မယ္.."

" ေဒၚႀကီး ဂ်ဴး ပစၥည္းေတြစုံရဲ႕လား.."

" စုံတယ္ သားထယ္.."

ထယ္ေယာင္း ကားေပၚမွာ ဂနာမၿငိမ္နိုင္ဘဲ ဟိုလူ႕ေျပာဒီလူ႕ေျပာေျပာေနမိ၏။

" မာမီ..ေဆး႐ုံကိုဖုန္းဆက္ၿပီး ေရာက္တာနဲ႕ ခြဲခန္းထဲဝင္ဖို႔ေျပာၿပီးၿပီလား.."

" ေျပာၿပီး ၿပီ သား.."

" ကိုကို ခဏေလးဘဲ ေတာင္ခံထားေနာ္ ေဆး႐ုံေရာက္ေတာ့မယ္.."

ဆုပ္ကိုင္ထားတဲ့ လက္ကေလးကို ခပ္ဖြဖြေလးနမ္းလိုက္ၿပီး ေျပာလိုက္သည္။

ေဆး႐ုံေရာက္ေတာ့ ကိုကို႔ကို ကုတင္ေပၚတင္ၿပီး ခြဲခန္းထဲဝင္ဖို႔ သြားေတာ့ သူတို႔ပါလိုက္လာၾက၏။

" ကိုကိ အဆင္ေျပသြားမွာေနာခ မေၾကာက္နဲ႕ ေမာင္ရွိတယ္.."

ခြဲခန္းထဲဝင္ခါနီး ကိုကို႔ရဲ႕နဖူးေလးကို နမ္းကာ ထယ္ေယာင္းေျပာလိုက္ေတာ့ မ်က္ရည္ဝဲဝဲ ေလးနဲ႕ ေခါင္းၿငိမ့္ျပတဲ့ ကိုကို..

ထယ္ေယာင္းတို႔အားလုံး ခြဲခန္းေရွ႕မွာ ေစာင့္ေနၾကသည္။အားလုံးလည္း ရင္ထဲအပူလွိုင္းေတြနဲ႕ ခြဲခန္းထဲက ေဂ်ာင္ဂု အဆင္ေျပဖို႔ဆုေတာင္းေနရ၏။

ထယ္ေယာင္း ေစာင့္ေနရင္း ကိုကို႔ရဲ႕ နာက်င္လြန္းလို႔ ခံစားေနရတဲ့ပုံရိပ္ေလးကို ျမင္ေယာင္လာသည္။ကေလးေမြးခါနီး နာက်င္မႈက နံရိုးေတြရိုက္ခ်ိဳးခံရလို႔ နာက်င္တာနဲ႕ညီမွ်တယ္လို႔ ေျပာၾကတယ္..ေသမတတ္အလူးအလဲခံစားၿပီး မိမိအသက္နဲ႕ရင္းကာ ရင္ေသြးကို ေမြးဖြားရတယ္လို႔ သူစာ‌အုပ္ေတြထဲမွာ ဖတ္ဖူးတယ္...ကေလးေမြးခ်ိန္က ေသရွင္နဲ႕ရွင္ျခင္းလမ္းခြမွာ လြန္ဆြဲေနတာနဲ႕ပင္တူ၏။အႏၱရာယ္မ်ားတဲ့ အခ်ိန္မို႔ ထယ္ေယာင္း ေတာ္ေတာ္ စိတ္ပူမိသည္။

စိတ္ထဲမွာလည္း အလိုလိုဝမ္းနည္းလာကာ..ငိုခ်င္သလိုလိုျဖစ္လာသည္။တကယ္လို႔ ကိုကိုနဲ႕ ပိစိေလးသာ တစ္ခုခုျဖစ္သြားရင္ ဆိုတဲ့ အေတြးႀကီးကလည္း ႀကီးစိုးေန၏။ေျခဖ်ားလက္ဖ်ားေတြေအးစက္ကာ...ဖင္ပူေအာင္မထိုင္နဲဘဲ..ခြဲခန္းေရွ႕ လမ္းခဏခဏျဖတ္ေလွ်ာက္ေနမိသည္။

ခ်ယ္ေယာင္း နဲ႕ ေဒၚႀကီးဂ်ဳးက ထိုင္ခုံမွာ ထိုင္ၿပီး ကိုကိုေမြးဖြားရအဆင္ေျပေအာင္ ဆုေတာင္းေပးေနၾက၏။ ထယ္မင္လည္း ခ်ယ္ တို႔ေဘးမွာ မတ္တပ္ရပ္ၿပီး ခြဲခန္းကိုၾကည့္ကာ ရင္တထိတ္ထိတ္နဲ႕ေစာင့္ေနသည္။

" မာ...မာမီ...ကိုကို အဆင္ေျပမွာပါေနာ္.."

" ေျပမွာပါ..သားရယ္..စိတ္ကို ေအးေအးထား.."

" ဟုတ္.. "

" ဖ်တ္!... ဖ်တ္!... ဖ်တ္!.. "

" ဖ်တ္!.... ဖ်တ္!.... ဖ်တ္!... "

ညႏွစ္နာရီ ေက်ာ္ေက်ာ္ဘဲရွိေသးတာမို႔ ေဆး႐ုံက တိတ္ဆိတ္ေနရတဲ့အထဲ ထယ္ေယာင္းရဲ႕ တဖ်တ္ဖ်တ္ေျခသံေတြကဟိန္းထြက္ေနသည္။ခ်ယ္ေယာင္းတို႔လည္း..ေခါက္တုံ႕ေခါက္ျပန္ေလွ်ာက္ေနတဲ့ ထယ္ေယာင္းကို ၾကည့္ၿပီး ေခါင္းေတြမူးႏွောက္လာ၏။

" ထယ္ေယာင္း!.. ၿငိမ္ၿငိမ္ထိုင္ေနစမ္းကြာ..ဒီမွာ စိတ္ပူေနရတဲ့ အထဲ မင္းက တေမွာင့္ မူးႏွောက္ေနၿပီ.."

မေနနိုင္တဲ့အဆုံး..ထယ္မင္က ေဟာက္လိုက္သည္။

" ဒယ္ဒီကလည္း ...ကိုကို ခြဲခန္းဝင္ေနတဲ့ အခ်ိန္မွာ သားက ထိုင္နိုင္မွာလား..ဒီမွာ အရမ္းစိတ္ပူေနတာ ရင္ထဲမွာ မီးေတာင္ႀကီး ေပါက္ကြဲေတာ့မယ့္အတိုင္းဘဲ ..တင္းၾကပ္ၿပီး ဆို႔တစ္တစ္ ခံစားခ်က္ႀကီးနဲ႕ ..ဒယ္ဒီ ေခါင္းမူးလာရင္ သားကို မၾကည့္နဲ႕.."

" မင္းက ငါတို႔ေရွ႕မွာ ေလွ်ာက္ေနေတာ့ ၾကည့္မိၿပီေပါ့.. ၿငိမ္ၿငိမ္ထိုင္စမ္းပါကြာ.."

" ဒယ္ဒီ့ တုန္းကေရာ မာမီ ခြဲခန္းထဲ ဝင္တဲ့အခ်ိန္ ၿငိမ္ၿငိမ္ထိုင္ေနလို႔လား.."

" မင္း!.. ကဲကြာ..ႀကိဳက္သလိုေန..အေဖထက္သားတစ္လႀကီးတာကို ငါက ေမ့ၿပီး ေျပာမိတာ..သူ႕ကိုေျပာလိုက္တာနဲ႕ ဒယ္ဒီ့တုန္းကေရာက အရင္ဘဲ.."

" သားေျပာတာ ဘာမွားလို႔လဲ..ဒယ္ဒီကေလ သားအဖခ်င္း ကိုယ္ခ်င္းမစာဘူး .."

" ကဲ..ေတာ္ၾကပါ..သားထယ္..သားလည္း ခဏေလာက္ၿငိမ္ၿပီးေနလိုက္..အစ္ကိုလည္း သားကို သိပ္ေျပာမေနနဲ႕..ေဂ်ာင္ဂုေလးက ကေလးေမြးေနတာ..ရွင္တို႔စကားမမ်ားဘဲ အဆင္ေျပေျပေမြးနိုင္ဖို႔ ဆုေတာင္းၾက.."

ခ်ယ္ေယာင္းေျပာမွ ခြန္းႀကီး ခြန္းငယ္ စကားနိုင္လုေနၾကတဲ့ သားအဖၿငိမ္သြား၏။

ခြဲခန္းထဲဝင္သြားတာ တစ္နာရီၾကာၿပီ အခုထိ ဘာမွ မထူးေသး..

" ဒယ္ဒီ..သားကို ေမြးတုန္းကေရာ..သားလိုဘဲ ဒယ္ဒီ ခံစားရလားဟင္ .."

" ဒါေပါ့..သားရဲ႕..ဒယ္ဒီဆို ျပာယာခတ္ၿပီး..အေယာင္ေယာင္အမွားမွားေတြျဖစ္တာ..သားလည္း အရမ္းႀကီး စိတ္ပူမေနနဲ႕ ေဂ်ာင္ဂုေလးကို ခြဲစိတ္ေပးေနတဲ့ ဆရာဝန္က ေယာက္်ားေလးကိုယ္ဝန္ေဆာင္ေတြကို ေမြးဖူးတယ္..အဆင္ေျပမွာ စိတ္ေအးေအးထား.."

ထယ္မင္က သားရဲ႕ ပခုံးကို ခပ္ဖြဖြေလးပုတ္ၿပီး ႏွစ္သိမ့္ေနေတာ့ ထယ္ေယာင္းက ေခါင္းၿငိမ့္ၿပီး ၿပဳံးျပ၏။

အခုက်ေတာ့လည္း ခုနကရန္ျဖစ္ေနၾကတဲ့သူေတြမဟုတ္တဲ့ အတိုင္းဘဲ..ဂ်ဳးကေတာ့ သူတို႔သားအဖေၾကာင္းသိသူပီပီ ၿပဳံးေနၿပီး ခ်ယ္ေယာင္းက အေဖေရာသားပါ မ်က္ေစာင္းထိုးလိုက္သည္။

" ေမြးလူနာ ကင္မ္ေဂ်ာင္ဂု အမ်ိဳးသားရွိလား.."

႐ုတ္တရက္ နာစ့္မက ခြဲခန္းထဲကေနထြက္လာကာ နာမည္ေခၚလိုက္ေတာ့ စိတ္လႈပ္ရွားလြန္ေနတဲ့ ထယ္ေယာင္းက ေၾကာင္ေတာင္ေတာင္ျဖစ္သြား၏။

* ကင္မ္‌ေဂ်ာင္ဂု အမ်ိဳးသား*

ထယ္ေယာင္း မတ္တပ္ရပ္ႀကီး စဥ္းစားေနတုန္း ဒယ္ဒီက လက္ေမာင္းကို ျဖတ္ရိုက္လာ၏။

" ျဖန္း!.. ေခြးေကာင္..ကင္မ္ေဂ်ာင္ဂုအမ်ိဳးသားက မင္းေလ..သြား..ဘာေတြေၾကာင္ေတာင္ေတာင္လုပ္ေနတာလဲ.."

" အာ!.. ဟုတ္သားဘဲ.."

ထယ္ေယာင္းလည္း အဲ့က်မွ ကသုတ္ကရိုက္နဲ႕ နာစ့္မဆီသြားလိုက္သည္။

" ကေလးခြဲေမြးလို႔ၿပီးပါၿပီး.. ကေလးအေဖလက္မွတ္ေနရာမွာ ထိုးေပးပါေနာ္"

နာစ့္မလက္ထဲက ေဘာပင္ကို ယူၿပီး ထယ္ေယာင္းထိုးေပးလိုက္၏။

" ကြၽန္ေတာ့္အမ်ိဳးသား အေျခေနေရာ.."

" အမ်ိဳးသားေရာ ကေလးပါက်န္းမာပါတယ္.."

" ဘာေလးေမြးလဲ ဆရာမ.."

ထယ္ေယာင္းတို႔ အားလုံးၿပိဳင္တူေမးလိုက္၏။

~

~

~

‌ေဂ်ာင္ဂု ေယာက်ာ္းေလး ေမြးမယ္ထင္လား မိန္းကေလးေမြးမယ္ထင္လား..ေျပာခဲ့ၾကေနာ္ မဟုတ္ရင္ မနက္ျဖန္ မအပ္ေပးဘူး..😁

Good night ပါသဲငယ္ေလးတို႔ 😘💜💜💜💜💜💜💜

Thanks for votes, feedback and comment.

I Love my readers forever ❤️

I PURPLE YOUR

Weiterlesen

Das wird dir gefallen

111K 8.9K 16
JEON JUNGKOOK X KIM TAEHYUNG #Warning -18 Plus Start Date-23.9.2023 End Date-
483K 8.2K 132
✨New wdw Imagine book {DM me requests}
356K 21.7K 37
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...
Gentle touch Von K

Aktuelle Literatur

49.5K 1.1K 32
It had been mere months after her eighteen birthday, when she was pulled from the safe haven of her life and forced into the fantasy the women had cr...