Thank you for coming to me...

By Libra_May

56.7K 3.8K 74

နွေဦးရဲ့လေပြေလေးလို သကြားခဲလေးလို ဒီလူဟာသူ့အတွက်တော့ အေးချမ်းပြီးအမြဲချိုမြနေမဲ့ အိမ်ကလေးဖြစ်တယ်♡。 More

Libra May's Note
Prologue
1
2
3
4
5
6
7
8
9
10
11
12
13
14
14 / zaw /
15
💚🍀。
Final part
Certificate / ကျေးဇူးတင်လွှာ
New Fic

16

2K 148 5
By Libra_May

ဘာမှန်းမသိတဲ့ လက်မှတ်လေးနှစ်စောင်ကို ရှောင်းကျန့် ဟိုဘက်လှန်ကြည့်လိုက် ဒီဘက်လှန်ကြည့်လိုက်နဲ့ ကြည့်နေမိတယ်။စာရွက်အပိုင်းအစလေးက အရမ်းလည်းမကြီး အရမ်းလည်းမသေးတဲ့ အနေအထားမှာ။ဒါကရထားလက်မှတ်တစ်ခု ဖြစ်ပါလိမ့်မယ်။ကုတင်ပေါ်မှာ အခုအချိန်အထိ မလှုပ်မယှက်အိပ်နေသေးတဲ့ သူကိုရှောင်းကျန့် လည်ပင်းလေးအနည်းငယ်ထောင်လို့ လှမ်းကြည့်လိုက်တယ်။ဒီနေ့က ပိတ်ရက်ပါ။ပုံမှန်ပိတ်ရက်တွေဆို မနက်စောစောက လမ်းလျှောက်ထွက်တတ်တဲ့ ဝမ်ရိပေါ်က ဒီနေတော့ စောင်ပုံထဲလုံးထွေးရင်း ခုနှစ်နာရီခွဲတော့မဲ့ အချိန်အထိ မထသေးဘူး။ရှောင်းကျန့် လက်မှတ်လေးနှစ်စောင်ကို ပစ္စည်းထည့်တဲ့ ဘူးအဝိုင်းလေးထဲ ထည့်ထားခဲ့လိုက်တယ်။

" ရိပေါ် ခုနှစ်နာရီခွဲနေပြီ နေမကောင်းလို့များလား မှန်းစမ်း။"

စောင်ပုံထဲ လုံးထွေးနေတာမို့ ဝမ်ရိပေါ်က မျက်နှာ‌ပဲပေါ်‌တယ်။ဝမ်ရိပေါ်က အိပ်နေရင် အတော်ချစ်စရာကောင်းတယ်၊ရုပ်တည်ကြီးလည်း မဟုတ်တော့ဘဲ ခပ်ပြေပြေမျက်ခုံးတန်းတွေကနဲ့မို့ လူကြီးရုပ်ကြီးဖြစ်မနေတော့ဘူး။ရှောင်းကျန့် နှာခေါင်းလုံးလုံးလေးရဲ့ ထိပ်ကို လက်နဲ့ထိကြည့်လိုက်တယ်။ဝမ်ရိပေါ်ရဲ့ မျက်ခုံးတန်းတွေက ဆတ်ခနဲတွန့်ကွေးသွားပြီ။တွန့်ကွေးသွားတဲ့ မျက်ခုံးတန်းတွေကိုလည်း ရှောင်းကျန့်လက်နဲ့ဖိပြီး သပ်ပေးလိုက်တယ်။

" ကိုယ်ပူနေတယ်။"

ရှောင်းကျန့်က တစ်ကိုယ်တည်း ရေရွက်သလိုတိုးတိုးလေးပြောတယ်။ရိပေါ်က နိုးနေပြီ ဒါပေမဲ့ သူရဲ့မျက်လုံးတွေက ကျိန်းစပ်နေတာမို့ ဖွင့်မရဘူးဖြစ်နေတယ်။အိမ်သားရဲ့ လက်နွေးနွေးကလေးက နဖူးပေါ်ရောက်လာပြီး ဟိုစမ်းဒီစမ်း စမ်းတဲ့အခါ ရိပေါ်နှုတ်ခမ်းပါးတွေက တွန့်ကွေးကုန်ရတယ်။

" အင်း ကိုယ်ဒီနေ့နည်းနည်းနေလို့မကောင်းဘူး။"

" ဘာကိုနည်းနည်းလည်း ကိုတွေဒီလောက်ပူနေတာကို။ခေါင်းကိုက်နေလား မျက်နှာထ‌သစ်နိုင်ရဲ့လား။မဖြစ်သေးပါဘူး ကျွန်တော်ပဲ သစ်ပေးတော့မယ်။"

အိမ်သားက ခပ်တိုးတိုးရေရွက်ရင်း ကုတင်ပေါ်က ဆင်းသွားတယ်။ရိပေါ်က အခုထိမျက်လုံးမဖွင့်နိုင်သေးဘူး ဒါပေမဲ့ ဇယ်စက်သလို တစ်ခုပြီးတစ်ခုလုပ်နေတဲ့ အသံတွေကိုတော့ ကြားနေရတယ်။ရိပေါ်ပြောလိုက်တယ်။

" ကိုယ်မျက်နှာတော့ ထသစ်နိုင်ပါတယ်ကွာ။အချစ်ခဏနားဦးလား၊မနက်ကလည်း အစောကြီးထ
ထားတာကို။"

" ရတယ်၊မျက်နှာသစ်ပေးပြီးရင် ဆန်ပြုတ်သွားပြုတ်ဦးမယ်။ခြံထဲမှာ အာလူးတွေသွားတူးထားတယ်။"

" အာလူးဆန်ပြုတ်ပြုတ်မလို့လား။"

" ဟုတ်တယ်လေ။တအားသောက်ကောင်းတယ်။ကျွန်တော်တော့ တအားကြိုက်။"

အိမ်သားရဲ့ အသံကရွှင်ပျလို့နေ့တယ်။မျက်လုံးတွေ ကျိန်းစပ်ပြီး ခေါင်းထဲတူနဲ့ထုသလို ခံစားနေ‌ရပေမဲ့
အိမ်သားရဲ့ ရွှင်ပျပျအသံကြည်ကြည်လေးကြောင့် ရိပေါ်ပြုံးမိပြန်တယ်။တကယ့်ကို မရှိမဖြစ် အသက်ဓာတ်ကလေးပါပဲ။

" ရိပေါ်ထနိုင်လား။မထနိုင်ရင်လည်း ရတယ်နော်။ကျွန်တော် ဒီအတိုင်းပဲသစ်ပေးမယ်။"

ဝမ်ရိပေါ်‌နောက်ကျောမှာ ခေါင်းအုံးလေးခံပေးပြီး ရှောင်းကျန့် နားထင်ကိုစမ်းမိတော့ တဒုန်းဒုန်းခုန်နေတယ်။ဒါကခေါင်းကိုင်ရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခာမို့ သက်ပြင်းဖွဖွချမိတယ်။တအားခံရခက်နေမှာ။

" ကိုယ် နေလို့အဆင်ပြေပါတယ်အချစ်ရဲ့ ‌စိတ်မပူပါနဲ့။"

ရာသီဥတုအကူးအပြောင်းမှာ ဖြစ်လေ့ရှိတဲ့ တုပ်ကွေးဖျားမို့ ဂရုစိုက်ရတယ်။ခန္ဓာကိုယ်တွေ ကိုက်ခဲနေပြီး မှိုင်းနေတတ်တာက ဒီအဖျားဝင်ရင် ခံစားရမှာတွေမို့ ရှောင်းကျန့်က စိတ်ပူတာ။ဒီဒဏ်တွေက ဘယ်လောက်တောင်ဆိုးလိုက်သလဲ။

" နေလို့အဆင်မပြေပါဘူး။ဆန်ပြုတ်ပြုတ်ပြီး ပြန်လာခဲ့မယ် ဟုတ်ပြီလား။"

ရေစိုဝတ်နဲ့ မျက်နှာကိုခပ်ဖွဖွသုတ်ပေးရင်းပဲ အိမ်သားက သူလုပ်စရာတွေရှိတာတွေ သွားလုပ်ဦးမယ်ဖြစ်ကြောင်းပြောတယ်။

ရိပေါ်ကတော့ အင်းမလုပ်အဲမလုပ်နဲ့ မှိန်းသာနေမိတယ်။ရိပေါ်က တော်ရုံဖျားတတ်တာမဟုတ်ဘူး။ဖျားပြီဆိုရင်လည်း အတော်ခံရပြီး ကြာတတ်တာမို့ စိတ်ပူမိတယ်။သူ့ကိုယ်သူ မဟုတ်ဘဲ စိတ်ပူမှုလွန်ကဲတတ်တဲ့ အိမ်သားကိုပါပဲ။အခုတောင် သက်ပြင်းတဖွဖွချရင်း အိမ်သားရဲ့ ကြည်ကြည်လင်လင်မျက်နှာကလေးက ခပ်ငယ်ငယ်နဲ့။

" ကိုယ့်အနား တအားမကပ်နဲ့လေ အချစ်ရဲ့ အဖျားကူးလိမ့်မယ်။"

" ကူးကူးပေါ့။ကျွန်တော်က ခဏခဏဖျားနေတာမို့ ဒီဒဏ်ကို ခံနိုင်နေပြီ။ရိပေါ်ကကျ မတူဘူးလေ။"

ဝမ်ရိပေါ်ရဲ့ မျက်ခမ်းစပ်တွေက ရဲဆွေးနေတာမို့ ရှောင်းကျန့် ကြည့်ရင်း စိတ်မကောင်းဖြစ်ရတယ်။မနက်ခင်း အစောမှာတွေ့ခဲ့တဲ့ လက်မှတ်နှစ်စောင်က
ဘာလုပ်ဖို့လဲ ဆိုတာ မေးဖို့သတိမရသလို ဆန်ပြုတ်ပြုတ်ဖို့အတွက် အာလူးလှီးတဲ့ အမှုကိစ္စကိုလည်း ဒီအခန်းထဲမှာပဲ လုပ်ချင်နေတယ်။နေမကောင်းတဲ့ ယောင်္ကျားဖြစ်သူအနားမှာပဲ သူကပ်ပြီးနေချင်ဝာာ အဖျားကူးလည်း ကူးပါစေတော့။ မျက်နှာတွေရဲပြီး အပူငွေ့ကို ဘေးကရှောင်းကျန့်တောင် ခံစားလို့ ရနေဝာာမို့ မနေသာဘူးဆိုတာသိတယ်။

" ခွင့်တစ်ခုတောင်းလို့ရမလား။"

ရိပေါ်က မျက်လုံးတွေကို မှိတ်ထားတာပါ၊ဒါပေမဲ့ လက်လေးတစ်ချောင်းထောင်ပြီး တောင်းဆိုတော့မဲ့ အိမ်သားအကြောင်းသိတာမို့ လက်ကိုဖမ်းဆွဲပြီး ဖိကပ်လို့နမ်းမိတယ်။

" အချစ်သဘော အကုန်လုပ်လို့ရတယ်။"

" ဘာမှတောင်မပြောရသေးတာကို။"

" မပြောလည်း ရတယ်လေကွာ။အချစ်ဘာလုပ်ချင်လည်း လုပ်ချင်တာရှိရင် ဒီတိုင်းသာလုပ်ချလိုက်။ခွင့်တောင်းဖို့မလိုပါဘူး။အကုန်မင်းစိတ်တိုင်းကျလုပ်လို့ရပါတယ် အချစ်ရယ်။"

" ဒါဆို လိုတာတွေသွားယူလိုက်ဦိးမယ်။"

မွေ့ယာက အပေါ်ကို အနည်းငယ်မြောက်တက်သွားတယ်။အိမ်သားကတော့ အရှိန်နဲ့ထသွားပြီး အလျှင်လိုနေပြန်ပြီ။ရိပေါ် အော်လိုက်တယ်။အသံကနားနေတာမို့ အိမ်သားကြားရပါ့မလား မသေချာဘူး။

" ဖြေးဖြေးသွား ချော်လဲမယ်။"

" ဟုတ်ပြီ။"

လှေကားပေါ်က ဆင်းခါနီးမှာ ရှောင်းကျန့်ရဲ့ အရှိန်က ဘရိတ်အုပ်လိုက်တဲ့ ကားလိုပဲ ရပ်သွားတယ်။လှေကားအောက်က အိမ်တော်ထိန်းကတော့ အကြောင်သား ရပ်ကြည့်နေတယ်။ဘာတွေဖြစ်နေလဲ နေချင်နေပုံရတဲ့ အကြည့်နဲ့မို့ ရှောင်းကျန့်ပြောလိုက်တယ်။

" အိမ်ကလူလေ နေမကောင်းဖြစ်နေတာ ရာသီတုတ်ကွေးထင်ပါတယ်။အဲ့တာ ဆန်ပြုတ်ပြုတ်ပေးမလို့။"

" သခင်လေးက ဖျားရင်ကြာတယ်။မိသားစု ဆရာဝန်ခေါ်လိုက်ရမလား အားကျန့်။"

" အဲ့လိုလုပ်ကြမလား။"

....................

" အာလူးတွေကို ဒီမှာပဲရေဆေးလိုက်မယ်နော်။"

ရိပေါ်ရဲ့ အိပ်ခန်းက အခုတော့ မီးဖိုချောင်ကြီးလိုဖြစ်နေပြီ။အာလူးတွေရော ဓားတွေရော စုံနေတာပဲ။အာလူးလေးနွှာလိုက် နဖူးပေါ်ကရေဝတ်ကို လာကြည့်လိုက်နဲ့ အလုပ်များနေရှာတာ။

" ဆေးလို့ရပါတယ်။ဒီမှာ ချက်ချင်ရင်တောင်ရတယ်။မီးရှိနေတာပဲ။"

" တကယ်လား။"

" ဒါပေါ့။"

အိမ်သားရဲ့ မျက်ဝန်းညိုလေးတွေ အရောင်လဲ့သွားပုံက အမြဲအလိုလိုက် အကြိုက်ဆောင်ပေးချင်စရာ ကောင်းတယ်။ရိပေါ်က တအားအသန့်ကြိုက်တဲ့သူ ပွနေတာမျိုးတွေ အိပ်ခန်းနဲ့ မဆိုင်တဲ့ ပစ္စည်းမျိုးတွေ အခန်းထဲရှိနေတာကို သဘောမကျဘူး။အခုများတော့ သူသဘောကျတာလေးတွေများ လုပ်နေရရင် မျက်ဝန်းညိုလေးတွေ လဲ့နေတတ်တဲ့ အိမ်သားကြောင့် စိတ်ကြိုက် သဘောရှိဆိုပြီး အလိုလိုက်ချင်နေတာ။အိမ်သားများ ပြုံးနေရင် နေမကောင်းတာတွေတောင် တစ်ဝက်သက်သာသလို ခံစားရတယ်။အချစ်က လူကိုပြောင်းလဲစေနိုင်တယ်လို့ ပြောရင် ရိပေါ်ရဲ့ပြောင်းလဲမှုကတော့ အကောင်းဘက်သွားနေတဲ့ ပြောင်းလဲမှုပဲ။

" ဓားကိုသေချာကိုင် ကိုယ့်ကိုစိတ်မပူပါနဲ့။မင်းမ‌ျက်စိရှေ့မှာပဲ ရှိနေပါတယ် ဘေဘီရယ်။"

" ဖျားရင်ကြာတယ်လို့ ဦးလေးကပြောလိုက်တယ်။ဒါကြောင့် ပိုဂရုစိုက်ပေးရမယ်လေ။"

ပြောလို့လည်း နိုင်မှာမဟုတ်ဘူးဆိုတာ ရိပေါ်သေချာပေါက်သိတယ်။ဒါကြောင့် သူဘာမှထပ်မပြောတော့ဘူး မျက်စိ‌ေ‌ရှ့က လှုပ်စိလှုပ်စိနဲ့ အလုပ်များနေတဲ့ ချစ်စရာမြင်ကွင်းလေးကိုပဲကြည့်နေလိုက်တယ်။

" တကယ်တော့ လက်ဆောင်ပေးစရာရှိတယ်။ဒီနေ့က ဘာနေ့လဲသိလား။"

" ဟင် ဘာနေ့လဲ။"

ဆန်တွေကို ကြေအောင်ခေါက်ရင်း ဝိုင်းနေတဲ့ မျက်လုံးတွေနဲ့ မေးရှာတယ်။ဒီလိုစကားမ‌ျိုး ပြောရမှာ ရိပေါ်နည်းနည်းတော့ရှက်တယ်။ဒါပေမဲ့ အိမ်သားအပေါ် ရိပေါ်ဘယ်လောက်ထိ မြတ်နိုးပြီး အသေးစိတ်ကအစ ဂရုစိုက်တတ်လည်း‌ဆိုတာကို သိစေချင်တယ်။ချစ်တာကို ထုတ်မပြတတ်တဲ့ ယောင်္ကျားဆိုတာ ရှိလောက်လားမသိပေမဲ့ ရိပေါ်ကတော့ ချစ်နေကြောင်း ဘယ်လောက်ထိမြတ်နိုးကြောင်း တိုက်ဆိုင်မှုတွေရှိလာတိုင်း ပြောချင်တယ်။သူက ဒီလို ယောင်္ကျားမျိုးပါ။

" ကောအတွက်တော့ ထူးထူးခြားမဟုတ်ပေမဲ့ ကိုယ့်အတွက်ကျ ထူးခြားတဲ့နေ့မို့ လက်ဆောင်ပြင်ထားပေမဲ့ အခုတော့အကုန်ပျက်သွားပြီ။"

ရဲဆွေးနေတဲ့မျက်နှာ ရဲနေတဲ့မျက်ခမ်းစပ်တွေနဲ့ ဝမ်ရိပေါ်က ဒဏ်ရာရနေတဲ့ ကျားနာလေးလိုပဲ၊အခုလည်း မျက်နှာငယ်ငယ်နဲ့ ယူကျုံးမရဖြစ်နေဟန်ရှိတယ်။ရှောင်းကျန့် ဆန်ပြုတ်အိုးကို ဒီအတိုင်းထားခဲ့လိုက်ပြီး ဝမ်ရိပေါ်ဆီသွားလိုက်တယ်။ပြီးတော့ ပွေ့ဖက်လို့ ကျောကိုပုတ်ပေးလိုက်တယ်။နေမကောင်းဖြစ်နေတာမို့ မကပ်စေချင်သူက အစကတော့ ရုန်းနေပေမဲ့ ရှောင်းကျန့်ရဲ့ တိုးပြီးညှင်သာတဲ့ စကားသံမှာ ငြိမ်သွားတယ်။

" ကျွန်တော်အဖျားကူးရင် ရိပေါ်ကပြန်ပြီး ဂရုစိုက်ပေးလေ အခုတော့ ဖက်ထားချင်တာမို့ ငြိမ်‌ခံပါဦးလလား။"

စကားမဆက်ဘဲ ရိပေါ်ကငြိမ်နေတာမို့ ရှောင်းကျန့်အစဖော်ပေးလိုက်ရတယ်။

" ဆက်ပြောပါဦး ဒီနေ့ကဘာနေ့လဲ ကျွန်တော်တွေးနေပေမဲ့ တွေးမရတော့ဘူး။"

အိမ်သားရဲ့ ရယ်သံလွင်လွင်ကလေးက မမှတ်မိလို့ ခွင့်လွှတ်ပါပြောနေသလား မှတ်ရတယ်။

" ဒီနေ့က အချစ်ကျွန်တော့်ဆီ ရောက်လာပေးတာ ၄လပြည့်တဲ့နေ့လေ။မမှတ်မိလား အဲ့နေ့ကအချစ်မေ့နေခဲ့တာလေ။အသေးစားမတော်တဆမှုဆိုပေမဲ့ တော်တော်ကြာတဲ့အထိ သတိမရဘူးလေ။မင်းက အဲ့သည့် မတော်တဆမှုကြောင့် ကိုယ့်ဆီရောက်လာခဲ့တာမို့ မတော်တဆဖြစ်တာကိုရော ရှောင်းကျန့်ကိုလုပ်ကြံတဲ့သူတွေကိုရော ကျေးဇူးတင်ရမလို ဖြစ်နေပြီ။"

ရိပေါ် ခပ်ဟိုက်ဟိုက်ရယ်ရင်းပြောတော့ အိမ်သားက
"မဟုတ်တာတွေဆိုပြီး"လက်မောင်းကို တဖျတ်ဖျတ်ရိုက်တယ်။

" ကျေးဇူးတင်ပါတယ်။ရောက်လာပေးလို့ရော လက်ခံပေးလို့ရော အများကြီးချစ်တာနေ့တိုင်းမပြောလည်း သိတယ်မလား။"

" တကယ်က ရိပေါ်နေ့‌တိုင်းပြောနေခဲ့တာ မနက်မျက်လုံးနှစ်လုံးဖွင့်တာနဲ့ ရိပေါ်အရင်လုပ်တာကတာက ကျွန်တော့်မျက်နှာကိုကြည့်ပြီး ချစ်တယ်နော်လို့ပြောတာပဲလေ။ဘာကိုနေ့တိုင်း မပြောတာလဲ။"

ရှက်စိတ်ကိုဖုံးကွယ်ဖို့ ရန်ရှာနေတဲ့ အိမ်သားကလေးပါပဲ။ရိပေါ်က တစ်နေ့တစ်နေ့ အချစ်တွေစုရင်း အချစ်‌ထုတွေကြီးမားလာပုံများ ခြောက်နှစ်ကြီးမှန်းသိပေမဲ့ ဘယ်သွားသွား အိတ်ကပ်လေးထဲ ထည့်သယ်သွားလို့ရရင် ကောင်းမယ်လို့ တွေးမိတဲ့အထိပဲ။

လက်ဆောင်ကဘာလဲဆိုပြီး ရှောင်းကျန့်မမေးမိဘူး သူ့ခေါင်းထဲမှာ ယောင်္ကျားဖြစ်သူပြောတဲ့ ချစ်စကားတွေနဲ့ပြည့်သွားတာမို့ ရှက်နေရင်း ဘာလုပ်လို့ဘာကိုင်ရမှန်းတောင်မသိဘူး။ဆန်ပြုတ်အိုးထဲတောင် ဆားထည့်လိုက်ရဲ့လားပဲ။

A/N- နောက်တစ်ပိုင်းက Final partပါ။ဘာမှရေးစရာ မကျန်တော့ဘူး။အကြာကြီးနေမှ ပေါ်လာရတာ amountမပြည့်သေးလို့ပါ။လာ joinကြပါအုံးနော်။ဒီလကုန်အထိရပါသေးတယ်။💛 joinမယ်ဆို @bjyx1823 telegramကိုလာခဲ့ပေးပါရှင်။
18/7/23

ဘာမွန္းမသိတဲ့ လက္မွတ္ေလးႏွစ္ေစာင္ကို ေရွာင္းက်န႔္ ဟိုဘက္လွန္ၾကည့္လိုက္ ဒီဘက္လွန္ၾကည့္လိုက္နဲ႕ ၾကည့္ေနမိတယ္။စာ႐ြက္အပိုင္းအစေလးက အရမ္းလည္းမႀကီး အရမ္းလည္းမေသးတဲ့ အေနအထားမွာ။ဒါကရထားလက္မွတ္တစ္ခု ျဖစ္ပါလိမ့္မယ္။ကုတင္ေပၚမွာ အခုအခ်ိန္အထိ မလႈပ္မယွက္အိပ္ေနေသးတဲ့ သူကိုေရွာင္းက်န႔္ လည္ပင္းေလးအနည္းငယ္ေထာင္လို႔ လွမ္းၾကည့္လိုက္တယ္။ဒီေန႕က ပိတ္ရက္ပါ။ပုံမွန္ပိတ္ရက္ေတြဆို မနက္ေစာေစာက လမ္းေလွ်ာက္ထြက္တတ္တဲ့ ဝမ္ရိေပၚက ဒီေနေတာ့ ေစာင္ပုံထဲလုံးေထြးရင္း ခုႏွစ္နာရီခြဲေတာ့မဲ့ အခ်ိန္အထိ မထေသးဘူး။ေရွာင္းက်န႔္ လက္မွတ္ေလးႏွစ္ေစာင္ကို ပစၥည္းထည့္တဲ့ ဘူးအဝိုင္းေလးထဲ ထည့္ထားခဲ့လိုက္တယ္။

" ရိေပၚ ခုႏွစ္နာရီခြဲေနၿပီ ေနမေကာင္းလို႔မ်ားလား မွန္းစမ္း။"

ေစာင္ပုံထဲ လုံးေထြးေနတာမို႔ ဝမ္ရိေပၚက မ်က္ႏွာ‌ပဲေပၚ‌တယ္။ဝမ္ရိေပၚက အိပ္ေနရင္ အေတာ္ခ်စ္စရာေကာင္းတယ္၊႐ုပ္တည္ႀကီးလည္း မဟုတ္ေတာ့ဘဲ ခပ္ေျပေျပမ်က္ခုံးတန္းေတြကနဲ႕မို႔ လူႀကီး႐ုပ္ႀကီးျဖစ္မေနေတာ့ဘူး။ေရွာင္းက်န႔္ ႏွာေခါင္းလုံးလုံးေလးရဲ႕ ထိပ္ကို လက္နဲ႕ထိၾကည့္လိုက္တယ္။ဝမ္ရိေပၚရဲ႕ မ်က္ခုံးတန္းေတြက ဆတ္ခနဲတြန႔္ေကြးသြားၿပီ။တြန႔္ေကြးသြားတဲ့ မ်က္ခုံးတန္းေတြကိုလည္း ေရွာင္းက်န႔္လက္နဲ႕ဖိၿပီး သပ္ေပးလိုက္တယ္။

" ကိုယ္ပူေနတယ္။"

ေရွာင္းက်န႔္က တစ္ကိုယ္တည္း ေရ႐ြက္သလိုတိုးတိုးေလးေျပာတယ္။ရိေပၚက နိုးေနၿပီ ဒါေပမဲ့ သူရဲ႕မ်က္လုံးေတြက က်ိန္းစပ္ေနတာမို႔ ဖြင့္မရဘူးျဖစ္ေနတယ္။အိမ္သားရဲ႕ လက္ေႏြးေႏြးကေလးက နဖူးေပၚေရာက္လာၿပီး ဟိုစမ္းဒီစမ္း စမ္းတဲ့အခါ ရိေပၚႏႈတ္ခမ္းပါးေတြက တြန႔္ေကြးကုန္ရတယ္။

" အင္း ကိုယ္ဒီေန႕နည္းနည္းေနလို႔မေကာင္းဘူး။"

" ဘာကိုနည္းနည္းလည္း ကိုေတြဒီေလာက္ပူေနတာကို။ေခါင္းကိုက္ေနလား မ်က္ႏွာထ‌သစ္နိုင္ရဲ႕လား။မျဖစ္ေသးပါဘူး ကြၽန္ေတာ္ပဲ သစ္ေပးေတာ့မယ္။"

အိမ္သားက ခပ္တိုးတိုးေရ႐ြက္ရင္း ကုတင္ေပၚက ဆင္းသြားတယ္။ရိေပၚက အခုထိမ်က္လုံးမဖြင့္နိုင္ေသးဘူး ဒါေပမဲ့ ဇယ္စက္သလို တစ္ခုၿပီးတစ္ခုလုပ္ေနတဲ့ အသံေတြကိုေတာ့ ၾကားေနရတယ္။ရိေပၚေျပာလိုက္တယ္။

" ကိုယ္မ်က္ႏွာေတာ့ ထသစ္နိုင္ပါတယ္ကြာ။အခ်စ္ခဏနားဦးလား၊မနက္ကလည္း အေစာႀကီးထ
ထားတာကို။"

" ရတယ္၊မ်က္ႏွာသစ္ေပးၿပီးရင္ ဆန္ျပဳတ္သြားျပဳတ္ဦးမယ္။ၿခံထဲမွာ အာလူးေတြသြားတူးထားတယ္။"

" အာလူးဆန္ျပဳတ္ျပဳတ္မလို႔လား။"

" ဟုတ္တယ္ေလ။တအားေသာက္ေကာင္းတယ္။ကြၽန္ေတာ္ေတာ့ တအားႀကိဳက္။"

အိမ္သားရဲ႕ အသံက႐ႊင္ပ်လိဳ႕ေန႕တယ္။မ်က္လုံးေတြ က်ိန္းစပ္ၿပီး ေခါင္းထဲတူနဲ႕ထုသလို ခံစားေန‌ရေပမဲ့
အိမ္သားရဲ႕ ႐ႊင္ပ်ပ်အသံၾကည္ၾကည္ေလးေၾကာင့္ ရိေပၚၿပဳံးမိျပန္တယ္။တကယ့္ကို မရွိမျဖစ္ အသက္ဓာတ္ကေလးပါပဲ။

" ရိေပၚထနိုင္လား။မထနိုင္ရင္လည္း ရတယ္ေနာ္။ကြၽန္ေတာ္ ဒီအတိုင္းပဲသစ္ေပးမယ္။"

ဝမ္ရိေပၚ‌ေနာက္ေက်ာမွာ ေခါင္းအုံးေလးခံေပးၿပီး ေရွာင္းက်န႔္ နားထင္ကိုစမ္းမိေတာ့ တဒုန္းဒုန္းခုန္ေနတယ္။ဒါကေခါင္းကိုင္ရင္ ျဖစ္ေလ့ျဖစ္ထရွိတဲ့ လကၡာမို႔ သက္ျပင္းဖြဖြခ်မိတယ္။တအားခံရခက္ေနမွာ။

" ကိုယ္ ေနလို႔အဆင္ေျပပါတယ္အခ်စ္ရဲ႕ ‌စိတ္မပူပါနဲ႕။"

ရာသီဥတုအကူးအေျပာင္းမွာ ျဖစ္ေလ့ရွိတဲ့ တုပ္ေကြးဖ်ားမို႔ ဂ႐ုစိုက္ရတယ္။ခႏၶာကိုယ္ေတြ ကိုက္ခဲေနၿပီး မွိုင္းေနတတ္တာက ဒီအဖ်ားဝင္ရင္ ခံစားရမွာေတြမို႔ ေရွာင္းက်န႔္က စိတ္ပူတာ။ဒီဒဏ္ေတြက ဘယ္ေလာက္ေတာင္ဆိုးလိုက္သလဲ။

" ေနလို႔အဆင္မေျပပါဘူး။ဆန္ျပဳတ္ျပဳတ္ၿပီး ျပန္လာခဲ့မယ္ ဟုတ္ၿပီလား။"

ေရစိုဝတ္နဲ႕ မ်က္ႏွာကိုခပ္ဖြဖြသုတ္ေပးရင္းပဲ အိမ္သားက သူလုပ္စရာေတြရွိတာေတြ သြားလုပ္ဦးမယ္ျဖစ္ေၾကာင္းေျပာတယ္။

ရိေပၚကေတာ့ အင္းမလုပ္အဲမလုပ္နဲ႕ မွိန္းသာေနမိတယ္။ရိေပၚက ေတာ္႐ုံဖ်ားတတ္တာမဟုတ္ဘူး။ဖ်ားၿပီဆိုရင္လည္း အေတာ္ခံရၿပီး ၾကာတတ္တာမို႔ စိတ္ပူမိတယ္။သူ႕ကိုယ္သူ မဟုတ္ဘဲ စိတ္ပူမႈလြန္ကဲတတ္တဲ့ အိမ္သားကိုပါပဲ။အခုေတာင္ သက္ျပင္းတဖြဖြခ်ရင္း အိမ္သားရဲ႕ ၾကည္ၾကည္လင္လင္မ်က္ႏွာကေလးက ခပ္ငယ္ငယ္နဲ႕။

" ကိုယ့္အနား တအားမကပ္နဲ႕ေလ အခ်စ္ရဲ႕ အဖ်ားကူးလိမ့္မယ္။"

" ကူးကူးေပါ့။ကြၽန္ေတာ္က ခဏခဏဖ်ားေနတာမို႔ ဒီဒဏ္ကို ခံနိုင္ေနၿပီ။ရိေပၚကက် မတူဘူးေလ။"

ဝမ္ရိေပၚရဲ႕ မ်က္ခမ္းစပ္ေတြက ရဲေဆြးေနတာမို႔ ေရွာင္းက်န႔္ ၾကည့္ရင္း စိတ္မေကာင္းျဖစ္ရတယ္။မနက္ခင္း အေစာမွာေတြ႕ခဲ့တဲ့ လက္မွတ္ႏွစ္ေစာင္က
ဘာလုပ္ဖို႔လဲ ဆိုတာ ေမးဖို႔သတိမရသလို ဆန္ျပဳတ္ျပဳတ္ဖို႔အတြက္ အာလူးလွီးတဲ့ အမႈကိစၥကိုလည္း ဒီအခန္းထဲမွာပဲ လုပ္ခ်င္ေနတယ္။ေနမေကာင္းတဲ့ ေယာကၤ်ားျဖစ္သူအနားမွာပဲ သူကပ္ၿပီးေနခ်င္ဝာာ အဖ်ားကူးလည္း ကူးပါေစေတာ့။ မ်က္ႏွာေတြရဲၿပီး အပူေငြ႕ကို ေဘးကေရွာင္းက်န႔္ေတာင္ ခံစားလို႔ ရေနဝာာမို႔ မေနသာဘူးဆိုတာသိတယ္။

" ခြင့္တစ္ခုေတာင္းလို႔ရမလား။"

ရိေပၚက မ်က္လုံးေတြကို မွိတ္ထားတာပါ၊ဒါေပမဲ့ လက္ေလးတစ္ေခ်ာင္းေထာင္ၿပီး ေတာင္းဆိုေတာ့မဲ့ အိမ္သားအေၾကာင္းသိတာမို႔ လက္ကိုဖမ္းဆြဲၿပီး ဖိကပ္လို႔နမ္းမိတယ္။

" အခ်စ္သေဘာ အကုန္လုပ္လို႔ရတယ္။"

" ဘာမွေတာင္မေျပာရေသးတာကို။"

" မေျပာလည္း ရတယ္ေလကြာ။အခ်စ္ဘာလုပ္ခ်င္လည္း လုပ္ခ်င္တာရွိရင္ ဒီတိုင္းသာလုပ္ခ်လိဳက္။ခြင့္ေတာင္းဖို႔မလိုပါဘူး။အကုန္မင္းစိတ္တိုင္းက်လဳပ္လို႔ရပါတယ္ အခ်စ္ရယ္။"

" ဒါဆို လိုတာေတြသြားယူလိုက္ဦိးမယ္။"

ေမြ႕ယာက အေပၚကို အနည္းငယ္ေျမာက္တက္သြားတယ္။အိမ္သားကေတာ့ အရွိန္နဲ႕ထသြားၿပီး အလွ်င္လိုေနျပန္ၿပီ။ရိေပၚ ေအာ္လိုက္တယ္။အသံကနားေနတာမို႔ အိမ္သားၾကားရပါ့မလား မေသခ်ာဘူး။

" ေျဖးေျဖးသြား ေခ်ာ္လဲမယ္။"

" ဟုတ္ၿပီ။"

ေလွကားေပၚက ဆင္းခါနီးမွာ ေရွာင္းက်န႔္ရဲ႕ အရွိန္က ဘရိတ္အုပ္လိုက္တဲ့ ကားလိုပဲ ရပ္သြားတယ္။ေလွကားေအာက္က အိမ္ေတာ္ထိန္းကေတာ့ အေၾကာင္သား ရပ္ၾကည့္ေနတယ္။ဘာေတြျဖစ္ေနလဲ ေနခ်င္ေနပုံရတဲ့ အၾကည့္နဲ႕မို႔ ေရွာင္းက်န႔္ေျပာလိုက္တယ္။

" အိမ္ကလူေလ ေနမေကာင္းျဖစ္ေနတာ ရာသီတုတ္ေကြးထင္ပါတယ္။အဲ့တာ ဆန္ျပဳတ္ျပဳတ္ေပးမလို႔။"

" သခင္ေလးက ဖ်ားရင္ၾကာတယ္။မိသားစု ဆရာဝန္ေခၚလိုက္ရမလား အားက်န႔္။"

" အဲ့လိုလုပ္ၾကမလား။"

....................

" အာလူးေတြကို ဒီမွာပဲေရေဆးလိုက္မယ္ေနာ္။"

ရိေပၚရဲ႕ အိပ္ခန္းက အခုေတာ့ မီးဖိုေခ်ာင္ႀကီးလိုျဖစ္ေနၿပီ။အာလူးေတြေရာ ဓားေတြေရာ စုံေနတာပဲ။အာလူးေလးႏႊာလိုက္ နဖူးေပၚကေရဝတ္ကို လာၾကည့္လိုက္နဲ႕ အလုပ္မ်ားေနရွာတာ။

" ေဆးလို႔ရပါတယ္။ဒီမွာ ခ်က္ခ်င္ရင္ေတာင္ရတယ္။မီးရွိေနတာပဲ။"

" တကယ္လား။"

" ဒါေပါ့။"

အိမ္သားရဲ႕ မ်က္ဝန္းညိုေလးေတြ အေရာင္လဲ့သြားပုံက အၿမဲအလိုလိုက္ အႀကိဳက္ေဆာင္ေပးခ်င္စရာ ေကာင္းတယ္။ရိေပၚက တအားအသန႔္ႀကိဳက္တဲ့သူ ပြေနတာမ်ိဳးေတြ အိပ္ခန္းနဲ႕ မဆိုင္တဲ့ ပစၥည္းမ်ိဳးေတြ အခန္းထဲရွိေနတာကို သေဘာမက်ဘဴး။အခုမ်ားေတာ့ သူသေဘာက်တာေလးေတြမ်ား လုပ္ေနရရင္ မ်က္ဝန္းညိုေလးေတြ လဲ့ေနတတ္တဲ့ အိမ္သားေၾကာင့္ စိတ္ႀကိဳက္ သေဘာရွိဆိုၿပီး အလိုလိုက္ခ်င္ေနတာ။အိမ္သားမ်ား ၿပဳံးေနရင္ ေနမေကာင္းတာေတြေတာင္ တစ္ဝက္သက္သာသလို ခံစားရတယ္။အခ်စ္က လူကိုေျပာင္းလဲေစနိုင္တယ္လို႔ ေျပာရင္ ရိေပၚရဲ႕ေျပာင္းလဲမႈကေတာ့ အေကာင္းဘက္သြားေနတဲ့ ေျပာင္းလဲမႈပဲ။

" ဓားကိုေသခ်ာကိုင္ ကိုယ့္ကိုစိတ္မပူပါနဲ႕။မင္းမ‌်က္စိေရွ႕မွာပဲ ရွိေနပါတယ္ ေဘဘီရယ္။"

" ဖ်ားရင္ၾကာတယ္လို႔ ဦးေလးကေျပာလိုက္တယ္။ဒါေၾကာင့္ ပိုဂ႐ုစိုက္ေပးရမယ္ေလ။"

ေျပာလို႔လည္း နိုင္မွာမဟုတ္ဘူးဆိုတာ ရိေပၚေသခ်ာေပါက္သိတယ္။ဒါေၾကာင့္ သူဘာမွထပ္မေျပာေတာ့ဘူး မ်က္စိ‌ေ‌ရွ႕က လႈပ္စိလႈပ္စိနဲ႕ အလုပ္မ်ားေနတဲ့ ခ်စ္စရာျမင္ကြင္းေလးကိုပဲၾကည့္ေနလိုက္တယ္။

" တကယ္ေတာ့ လက္ေဆာင္ေပးစရာရွိတယ္။ဒီေန႕က ဘာေန႕လဲသိလား။"

" ဟင္ ဘာေန႕လဲ။"

ဆန္ေတြကို ေၾကေအာင္ေခါက္ရင္း ဝိုင္းေနတဲ့ မ်က္လုံးေတြနဲ႕ ေမးရွာတယ္။ဒီလိုစကားမ‌်ိဳး ေျပာရမွာ ရိေပၚနည္းနည္းေတာ့ရွက္တယ္။ဒါေပမဲ့ အိမ္သားအေပၚ ရိေပၚဘယ္ေလာက္ထိ ျမတ္နိုးၿပီး အေသးစိတ္ကအစ ဂ႐ုစိုက္တတ္လည္း‌ဆိုတာကို သိေစခ်င္တယ္။ခ်စ္တာကို ထုတ္မျပတတ္တဲ့ ေယာကၤ်ားဆိုတာ ရွိေလာက္လားမသိေပမဲ့ ရိေပၚကေတာ့ ခ်စ္ေနေၾကာင္း ဘယ္ေလာက္ထိျမတ္နိုးေၾကာင္း တိုက္ဆိုင္မႈေတြရွိလာတိုင္း ေျပာခ်င္တယ္။သူက ဒီလို ေယာကၤ်ားမ်ိဳးပါ။

" ေကာအတြက္ေတာ့ ထူးထူးျခားမဟုတ္ေပမဲ့ ကိုယ့္အတြက္က် ထူးျခားတဲ့ေန႕မို႔ လက္ေဆာင္ျပင္ထားေပမဲ့ အခုေတာ့အကုန္ပ်က္သြားၿပီ။"

ရဲေဆြးေနတဲ့မ်က္ႏွာ ရဲေနတဲ့မ်က္ခမ္းစပ္ေတြနဲ႕ ဝမ္ရိေပၚက ဒဏ္ရာရေနတဲ့ က်ားနာေလးလိုပဲ၊အခုလည္း မ်က္ႏွာငယ္ငယ္နဲ႕ ယူက်ဳံးမရျဖစ္ေနဟန္ရွိတယ္။ေရွာင္းက်န႔္ ဆန္ျပဳတ္အိုးကို ဒီအတိုင္းထားခဲ့လိုက္ၿပီး ဝမ္ရိေပၚဆီသြားလိုက္တယ္။ၿပီးေတာ့ ေပြ႕ဖက္လို႔ ေက်ာကိုပုတ္ေပးလိုက္တယ္။ေနမေကာင္းျဖစ္ေနတာမို႔ မကပ္ေစခ်င္သူက အစကေတာ့ ႐ုန္းေနေပမဲ့ ေရွာင္းက်န႔္ရဲ႕ တိုးၿပီးညွင္သာတဲ့ စကားသံမွာ ၿငိမ္သြားတယ္။

" ကြၽန္ေတာ္အဖ်ားကူးရင္ ရိေပၚကျပန္ၿပီး ဂ႐ုစိုက္ေပးေလ အခုေတာ့ ဖက္ထားခ်င္တာမို႔ ၿငိမ္‌ခံပါဦးလလား။"

စကားမဆက္ဘဲ ရိေပၚကၿငိမ္ေနတာမို႔ ေရွာင္းက်န႔္အစေဖာ္ေပးလိုက္ရတယ္။

" ဆက္ေျပာပါဦး ဒီေန႕ကဘာေန႕လဲ ကြၽန္ေတာ္ေတြးေနေပမဲ့ ေတြးမရေတာ့ဘူး။"

အိမ္သားရဲ႕ ရယ္သံလြင္လြင္ကေလးက မမွတ္မိလို႔ ခြင့္လႊတ္ပါေျပာေနသလား မွတ္ရတယ္။

" ဒီေန႕က အခ်စ္ကြၽန္ေတာ့္ဆီ ေရာက္လာေပးတာ ၄လျပည့္တဲ့ေန႕ေလ။မမွတ္မိလား အဲ့ေန႕ကအခ်စ္ေမ့ေနခဲ့တာေလ။အေသးစားမေတာ္တဆမႈဆိုေပမဲ့ ေတာ္ေတာ္ၾကာတဲ့အထိ သတိမရဘူးေလ။မင္းက အဲ့သည့္ မေတာ္တဆမႈေၾကာင့္ ကိုယ့္ဆီေရာက္လာခဲ့တာမို႔ မေတာ္တဆျဖစ္တာကိုေရာ ေရွာင္းက်န႔္ကိုလုပ္ႀကံတဲ့သူေတြကိုေရာ ေက်းဇူးတင္ရမလို ျဖစ္ေနၿပီ။"

ရိေပၚ ခပ္ဟိုက္ဟိုက္ရယ္ရင္းေျပာေတာ့ အိမ္သားက
"မဟုတ္တာေတြဆိုၿပီး"လက္ေမာင္းကို တဖ်တ္ဖ်တ္ရိုက္တယ္။

" ေက်းဇူးတင္ပါတယ္။ေရာက္လာေပးလို႔ေရာ လက္ခံေပးလို႔ေရာ အမ်ားႀကီးခ်စ္တာေန႕တိုင္းမေျပာလည္း သိတယ္မလား။"

" တကယ္က ရိေပၚေန႕‌တိုင္းေျပာေနခဲ့တာ မနက္မ်က္လုံးႏွစ္လုံးဖြင့္တာနဲ႕ ရိေပၚအရင္လုပ္တာကတာက ကြၽန္ေတာ့္မ်က္ႏွာကိုၾကည့္ၿပီး ခ်စ္တယ္ေနာ္လို႔ေျပာတာပဲေလ။ဘာကိုေန႕တိုင္း မေျပာတာလဲ။"

ရွက္စိတ္ကိုဖုံးကြယ္ဖို႔ ရန္ရွာေနတဲ့ အိမ္သားကေလးပါပဲ။ရိေပၚက တစ္ေန႕တစ္ေန႕ အခ်စ္ေတြစုရင္း အခ်စ္‌ထုေတြႀကီးမားလာပုံမ်ား ေျခာက္ႏွစ္ႀကီးမွန္းသိေပမဲ့ ဘယ္သြားသြား အိတ္ကပ္ေလးထဲ ထည့္သယ္သြားလို႔ရရင္ ေကာင္းမယ္လို႔ ေတြးမိတဲ့အထိပဲ။

လက္ေဆာင္ကဘာလဲဆိုၿပီး ေရွာင္းက်န႔္မေမးမိဘူး သူ႕ေခါင္းထဲမွာ ေယာကၤ်ားျဖစ္သူေျပာတဲ့ ခ်စ္စကားေတြနဲ႕ျပည့္သြားတာမို႔ ရွက္ေနရင္း ဘာလုပ္လို႔ဘာကိုင္ရမွန္းေတာင္မသိဘူး။ဆန္ျပဳတ္အိုးထဲေတာင္ ဆားထည့္လိုက္ရဲ႕လားပဲ။

A/N- ေနာက္တစ္ပိုင္းက Final partပါ။ဘာမွေရးစရာ မက်န္ေတာ့ဘူး။အၾကာႀကီးေနမွ ေပၚလာရတာ amountမျပည့္ေသးလို႔ပါ။လာ joinၾကပါအုံးေနာ္။ဒီလကုန္အထိရပါေသးတယ္။💛 joinမယ္ဆို @bjyx1823 telegramကိုလာခဲ့ေပးပါရွင္။
18/7/23



Continue Reading

You'll Also Like

22.5K 1.5K 17
က်ဳပ္ဘဝရဲ႕ ပထမဆုံးဆိုတဲ့အရာရာတိုင္းဟာ ဒီလူ႕ေၾကာင့္ပဲျဖစ္တည္ေနခဲ့ၿပီ။ က်ဳပ္ေမးစမ္းပါဦးမယ္ ခင္ဗ်ားမလြန္လြန္းဘူးလား ေရွာင္းစြာ..." ကျုပ်ဘဝရဲ့ ပထမဆုံးဆ...
87.4K 5.9K 41
လက်ထပ်ရမှာကို ရှောင်ပြေးချင်တဲ့ ကောင်လေးတစ်ယောက်...။ ဖူးစာကြိုးနီပိုင်ရှင်ကြောင့် အမှတ်မထင်တာတွေ ကြုံတွေ့ရတဲ့ အခါ...
13.5K 2.2K 20
အဝါရောင်တွေစွန်းထင်းသွားတဲ့ မေတ္တာထုတစ်ချို့။ အဝါေရာင္ေတြစြန္းထင္းသြားတဲ့ ေမတၱာထုတစ္ခ်ိဳ႕။
1.3M 51.9K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...