Dear Ko Ko ( Complete)

由 sunray9597

32.1K 2.1K 1.6K

မောင်သာ ကိုကို ကို သစ္စာဖောက်ခဲ့ရင်..ကိုကို နာကျင်အောင်လုပ်မိခဲ့ရင်..မောင့်တစ်ဘဝလုံး အထီးကျန်ဆန်ပြီး နာကျင်မှ... 更多

Dear Ko Ko (Intro )
Part -1
Part -2
Part -3
Part -4 ⚠️
Part -5
Part -6
Part -7
Part -8
Part-9
Part -10
Part -11
Part -12
Part -13
Part -14
Part -16
Part -17
Part -18
Part -19
Part -20
Part -21
Part -22
Part -23
Part -24
Part -25
Part -26
Part -27
Part -28
Part -29
Part -30
Part -31
Part -32
Part -33
Part 34
Part -35 ( Final-1)
Part -36 ( Final -2 ) Main Final
Dear Ko Ko's Reasons Of Creation

Part -15

628 52 44
由 sunray9597

# Unicode #

ဂျွန်အိမ်တော်ရောက်တော့..အခမ်းအနားတွေပြင်ဆင်သူက ပြင်ဆင် နာရေးလာတဲ့သူတွေက လာနဲ့ ဈာပနပွဲက စနေပြီ.....အနက်ရောင်ဝတ်စုံတွေဝတ်ထားတဲ့သူတွေက အခေါင်းတွေရှေ့လာပြီး အမွှေးတိုင်နဲ့ ပန်းများလာရောက်ထိုးကြသည်။

တချို့ကလည်း မျက်လုံးဝေ့ကာ မသိမသာနဲ့ ဂျောင်းဝန်းနဲ့ ဆွန်းဂျီတို့ရဲ့သားကို မသိမသာရှာနေကြသည်။တစ်ခါမှ သာူကို အပြင်ထုတ်မပြတဲ့ဂျွန်မောင်နှံကြောင့် သူတို့သားကို မြင်ဖူးတဲ့သူမရှိ...ကင်မ်ကုမ္ပဏီက သားနဲ့ လက်ထပ်လိုက်ပြီလို့ကြားပေမဲ့ လက်ထပ်ပွဲက လူအနည်းငယ်နဲ့သာကျင်းပ‌တာကြောင့်...ဂျောင်ဂုကို သိသူက ရှားသည်။

ဂျွန်အိမ်ရှေ့ ထယ်ယောင်းကားရပ်လိုက်တော့ အားလုံးရဲ့ အကြည့်က သူတို့ဆီမှာ...။ ကားပေါ်ကနေ ဂျောင်ဂုကို ဖြေးဖြေးဆင်းစေပြီး ထယ်ယောင်းက အိမ်ထဲကိုခေါ်လာခဲ့သည်။
အားလုံးကလည်း သိသိသာသာရော မသိမသာပါ ဂျောင်ဂုကို ကြည့်နေကြသည်။ တချို့က သနားသည့်မျက်ဝန်းတွေနဲ့ တစ်ချို့က ယောကျာ်းလေး ကိုယ်ဝန်ဆောင်မို့ မိဘတွေခိုက်ပြီး အဖြစ်ဆိုးကြုံရတယ်ဆိုတဲ့ အကြည့်တွေနဲ့...

" ဟယ်...သားတို့ အစောကြီးရောက်လာကြပါလား.."

သူတို့ကိုမြင်တော့ ချယ်ယောင်းက ဧည့်ခံနေရင်းကနေ လာခေါ်၏။

" ဟုတ်တယ်....မာမီ..ကိုကိုက အခုလာချင်တယ်ဆိုတာနဲ့~.."

ထယ်ယောင်း ဆက်မပြောတော့ဘဲ ကိုကို့ကို ကြည့်လိုက်တော့ မိဘနှစ်ပါးရဲ့ အခေါင်းတွေကိုကြည့်ပြီး မျက်ရည်လေးတွေဝဲနေသည်။ ချယ်ယောင်းလည်း ဂျောင်ဂုကိုကြည့်ပြီး ဂရုဏာသက်မိ၏။

" သား...ဂျောင်ဂုလေးကို ကန်တော့ဖို့ခေါ်သွားလိုက်.."

ထယ်ယောင်းလည်း မာမီ့ကို ခေါင်းငြိမ့်ပြကာ...ကိုကို့ကိုခေါ်ပြီး..အခေါင်းတွေနားသွားကာ အမွှေးတိုင်ထွန်းခိုင်းလိုက်ပြီး သူပါဝင်ထွန်းကာ ကန်တော့လိုက်ကြသည်။

*~.ကိုကို..အဆင်ပြေလား.~*

*~.အင်း..ပြေတယ်မောင်..ကိုကို့အစား လူတွေကို ဧည့်ခံပေးပါနော် ကိုကို ဒီမှာ ခဏထိုင်ချင်သေးလို့.~*

သူသိတာပေါ့ ကိုကိုက တစ်ယောက်တည်းနေချင်လို့ သူကို အလိမ္မာသုံးပြီးထွက်သွားခိုင်းနေတာ...

*~.ဟုတ်ပြီ ကိုကို မောင် ခဏသွားလိုက်မယ်..ပြီးမှ ပြန်လာခဲ့မယ်နော်.~*

ထယ်ယောင်းလည်း ကိုကို့ရဲ့ လက်ထဲ ၏ာအုပ်နဲ့ဘောပင်ထည့်ကာ ထွက်သွားလိုက်သည်။

~

~

~

ဈာပနလာတဲ့သူတွေက ပါးပါးတို့မိတ်ဆွေတွေပေမဲ့ သူနဲ့သိသူမရှိတာကြောင့် ပါးပါးတို့ အခေါင်းရှေ့မှာသာ ထိုင်နေမိသည်။ ဂန္ဓာမာပန်းအဖြူရောင်ကြီးတွေနဲ့ အလှဆင်ထားတဲ့ ရွှေရောင် အခေါင်းနှစ်လုံးက ဘေးချင်းယှဉ်...အခေါင်းရှေ့က ဓာတ်ပုံ နှစ်ပုံက သူ့မိဘတွေရဲ့ အလှဓာတ်ပုံတွေ အဖြူနဲ့ အနက်ရောင် ကြိုးလေးတွေနဲ့ ဓာတ်ပုံ အပေါ်ပိုင်းကို ချည်ကာ အလှဆင်ထား၏။ပုံတွေထဲမှာ ပါးပါးနဲ့ မားမားက အလှဆုံးပြုံးနေကြတာ...ဓာတ်ပုံတွေကိုကြည့်ပြီး ဂျောင်ဂု ငိုနေသည့်ကြားမှ ပြုံးလိုက်မိသည်။ အဲ့ပုံလေးတွေက..သူကိုယ်တိုင် ပါးပါးတို့ကို ရိုက်ပေးထားတာပင်..သူ့က ဓာတ်ပုံရိုက်ပေးတာကြောင့်...ပါးပါးတို့က အလှဆုံးပြုံးနေကြတာ...

«« ဆွန်း အလှဆုံးပြုံးထားနော်..ကိုတို့သားလေးက ရိုက်ပေးမှာကွ..»»

««ပြုံးရမှာပေါ့ ကိုရဲ့ ဒီပုံက အလှဆုံးဖြစ်မှာသေချာတယ် ဆွန်းရဲ့ မျက်ဝန်းဝိုင်းလေးရိုက်ပေးလို့လေ»»

ဂျောင်ဂုရဲ့ အာရုံတွေက အရင်က ခြံထဲက ပန်းပင်တွေကြားမှာ မိဘတွေရဲ့ ဓာတ်ပုံတွေကို ကင်မရာ တစ်လုံးနဲ့ ရိုက်ပေးနေတဲ့ အချိန်ကို မြင်ယောင်ပြီး နာနာကျင်ကျင်နဲ့ ပြုံးလိုက်မိသည်။အဲ့ကင်မရာလေးက သူ့အသက်ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့လက်ဆောင်လေ ရရချင်း ပါးပါးကို ဓာတ်ပုံရိုက်နည်းသင်ခိုင်းပြီး ပါးပါးတို့ကို ပြန်ရိုက်ပေးခဲ့တာ..ဓာတ်ပုံတွေကို ပါးပါးက ကူးပေးပြီး သေချာ အယ်လ်ဘယ် တစ်ခုနဲ့ ထုတ်ပြီးသူ့ကိုပေးခဲ့တာ ပြီးတော့ ပုံကြီးချဲ့ပြီး ပါးပါးတို့ အိပ်ခန်းထဲမှာလည်း ချိတ်ဆွဲထား၏။အာရုံတွေက လက်ရှိကိုပြန်ရောက်လာတော့..ဂျောင်ဂု သည်းသည်းထန်ထန်ငိုကြွေးမိသည်။သူမိဘတွေကို ပြန်လိုချင်တယ် .. ဘဝမှ ဘယ်လိုမှ အစားထိုးမရတဲ့လူတွေမို့ သူဖြေလို့မနိုင်..အဖိုးတန်ဆုံးလူသားတွေကို ဆုံးရှုံးလိုက်ရလို့ ရင်ဘတ်ထဲက ပြောမပြတတ်အောင် နာတယ်..

* မားမား...ပါးပါး...သား..သား..မားမားတို့ရှေ့မှာ ထိုင်နေတယ်လေ..သားကို ရင်ခွင်ထဲထည့်ပြီး..ပွေ့ဖက်ပေးပါလား..သား..အရမ်းနာကျင်ရလို့..*

မိဘတွေရဲ့ အခေါင်းရှေ့က ဓာတ်ပုံကိုကြည့်ပြီး..ဂျောင်ဂု တိတ်တဆိတ် ငိုကြွေးမိသည်။

* မားမား..သားတောင်းပန်ပါတယ်..မားမားမှာ‌ နှလုံးရောဂါရှိနေမှန်းတောင်မသိခဲ့ဘူး..သားက တော်တော်ဆိုးတဲ့သားဘဲ..တကယ်ဆို မားမားရောဂါဖြစ်ရတာသားကြောင့် သားသာ မားမားဆီမှာ မွေးမလာခဲ့ရင်...မားမားနှလုံးရောဂါရမှာမဟုတ်ဘူး...*

* သားသိတာပေါ့...ညတိုင်း သားကိုကြည့်ပြီး ငိုနေတတ်တဲ့ မားမား...သားကို ချော့သိပ်ပြီးတိုင်း ငိုနေတတ်တဲ့မားမား..မားမသိတာက မားရင်ခွင်ထဲက သားကလည်းငိုနေတယ်ဆိုတာဘဲ...တဖြည်းဖြည်းအရွယ်ရောက်လာတော့လည်း ထူးဆန်းတဲ့ သားအိမ်ပါလာလို့ နေ့တိုင်း စိုးရိမ်ကြောင့်ကြစိတ်တွေနဲ့ ပူပန်နေရတဲ့ မားမား..အဲ့အရာတွေက မားမားရဲ့ နှလုံးရောဂါကို ပိုဆိုးစေတာ..သားကြောင့်ပါ...သားက မားမားတို့ဆီကို စိုးရိမ်မှုတွေသယ်ဆောင်လာတဲ့ကလေးမို့ပါ...*

* တစ်ခါတစ်လေ..သားအိပ်ပျော်ပြီထင်လို့ အခန်းထဲဝင်ပြီး ငိုနေကြတဲ့ ပါးပါးနဲ့မားမား..သားလည်း အကွယ်ကနေချောင်းကြည့်ပြီး ငိုခဲ့မိတယ်..ဘာမှမကြားနိုင်ပေမဲ့ ပါးပါးတို့ငိုနေတာ သားကြောင့်ဆိုတာ သားသိတာပေါ့...ဒါကြောင့်လည်း ပါးပါးတို့ စိတ်ချတဲ့မောင်နဲ့ သားလက်ထပ်ဖို့မငြင်းခဲ့တာ..တစ်သက်လုံး စိတ်ဆင်းရဲအောင်လုပ်ခဲ့တဲ့သားက ပါးပါးတို့ကိုစိတ်ချမ်းသာစေချင်လို့ မောင့်ကိုလက်ထပ်ခဲ့တာ...*

* ပါးပါးနဲ့မားမားက အခု သားကို စိတ်ချလက်ချထားသွားပြီနော်..သားကို ပြုစုခွင့်တောင်မပေးဘဲ..နှုတ်ဆက်ခွင့်တောင်မရဘဲ သားကို ထားသွားကြပြီ...ပါးပါးတို့ နောက်ဆုံးအချိန်မှာတောင် သားက အနားမှာ မရှိနေခဲ့ဘူး..သား..သားမှာ ခင်တွယ်စရာဆိုလို့..ပါးပါး မားမားနဲ့ မောင်..ပြီးတော့ မောင့်မိဘတွေဘဲရှိတာ အခု..ပါးပါးတို့က ထားသွားတော့ သား..သားရဲ့ နွေးထွေးပြီး လုံခြုံတဲ့အရိပ်ကြီးဆုံးရှုံးလိုက်ရသလိုဘဲ..မိခင်မေတ္တာက အေးမြပြီး ဖခင်မေတ္တာက လုံခြုံတယ်တဲ့..သားကတော့ ပါးပါးနဲ့မားမားတို့ရဲ့မေတ္တာကြောင့် အေးမြတာထက်ပိုပြီးနွေးထွးလုံခြုံခဲ့တယ်...*

*သားလည်း မိဘနေရာရောက်လာလို့လား မသိဘူး မားမားတို့ရဲ့ အချစ်တွေနဲ့ စိုးရိမ်သောကတွေကို နားလည်လာခဲ့တယ်...ပါးပါးနဲ့မားမားစိတ်ချနော်..သားက ကောင်းကောင်းမွန်မွန်ရှင်သန်မှာမလို့..ပါးပါးတို့က ကောင်းရာမွန်ရာကိုသွားကြပါနော်...‌ဘဝသစ်ရှိသေးရင် ပါးပါးတို့ သားလိုကလေးမျိုးနဲ့မကြုံပါစေနဲ့လို့ဆုတောင်းပေးပါတယ် ပါးပါး...ပြီးတော့ ...သားလို ကလေးမျိုးကို လက်ခံပြီး အကောင်းဆုံးစောင်ရှောက်ပေးပြီး ချစ်ပေးခဲ့လို့ နွေးထွေးပေးခဲ့လို့ကျေးဇူးအများကြီးတင်ပါတယ် မားမားနဲ့ ပါးပါး..*

ထယ်ယောင်း အဝေးကနေ တသိမ့်သိမ့်တုန်နေတဲ့ကိုယ်လေးကိုကြည့်ပြီး...ငိုနေမိ၏။ထွေးပွေ့နှစ်သိမ့်ပေးမဲ့ ရင်ခွင်လိုအပ်နေမှာသေချာတယ်..သူကိုကို့ကို လွှတ်မပေးသင့်ဘူးထင်တယ်..တုံ့ဆိုင်းမနေဘဲ ငိုနေတဲ့ကိုကို့အနားသွားကာ ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်သည်။ခါးကို ဖက်တွယ်လာတဲ့ လက်ဖြူဖြူလေးနဲ့ ပခုံးပေါ်စိုစွတ်လာတဲ့ မျက်ရည်ကြည်တွေကြောင့် သူပိုလို့သာတင်းတင်းကျပ်ကျပ် ဖက်ထားလိုက်၏။

* စိတ်ချပါ ပါးပါးနဲ့မားမား..ကိုကို့ကို ကျွန်တော် သေချာစောင့်ရှောက်ပေးပါ့မယ်..အသက်နဲ့ ရင်းပြီးစောင့်ရှောက်ပေးပါ့မယ်...*

ထယ်ယောင်း ဂျွန်မောင်နှံရဲ့ ဓာတ်‌ပုံကိုကြည့်ပြီး စိတ်ထဲကနေ ပြောလိုက်သည်။

တဖြည်းဖြည်း အသက်ရှုမှန်မှန်နဲ့ အိပ်ပျော်သွားတဲ့ ကိုကို..သူလည်းသေချာပွေ့ချီကာ ကိုကို့အခန်းထဲပို့ဖို့ လုပ်လိုက်သည်။အစောကြီး ထပြီး တချိန်လုံးငိုနေတော့ ပင်ပန်းပြီးအိပ်ပျော်သွားတဲ့ကိုကို..

ချယ်ယောင်းနဲ့ ထယ်မင်လည်း သားနှစ်ယောက်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။ဂျောင်ဂုလေးက မိဘတွေဆုံးရှုံးရလို့ စိတ်ထိခိုက်နေပြီး သားထယ်က ကိုကို့မျက်နှာတစ်ကမ္ဘာလုပ်နေတဲ့သူမို့ ဂျောင်ဂုမျက်နှာညိုးတာနဲ့ မနေတတ်တာကြောင့်...စိတ်ထိခိုက်နေ၏။

* ဂျောင်းဝန်း...စိတ်ချပါ..ငါမင်း သားလေးကို သေချာ စောင့်ရှောက်ပေးပါ့မယ်..*

*ဆွန်းဂျီ...ဂျောင်ဂုလေးကို စိတ်မပူနဲ့နော် ငါတို့ သေချာဂရုစိုက်ပါ့မယ်..သူငယ်ချင်း..*

ကင်မ်မောင်နှံလည်း သူငယ်ချင်းတွေကိုတိုင်တည်ပြီးကတိပေးလိုက်၏။သူတို့သူငယ်ချင်းတွေဘဝကူးကောင်းဖို့ သူတို့က ဂျောင်ဂုလေးကို စောင့်ရှောက်ပေးမှရမည်။ဒါမှသူတို့သူငယ်ချင်းတွေ စိတ်ချလက်ချအိပ်စက်နိုင်မှာလေ. .

~

~

~

ဈာပနပြီးတည်းက ဘာမှ ရေရေရာရာမစားဘဲ အိပ်ရာထဲမှာဘဲ မှိုင်နေတဲ့ကိုကို..ရက်ကြာလာတော့ ဒဏ်မခံနိုင်ဘဲဖျားပြီလေ..သူလည်း အလုပ်ကို မသွားနိုင်ဘဲ ကိုကို့အနားမှာသာနေမိ၏။

အခုလည်း ဒေါ်ကြီးဂျူးကို စွတ်ပြုတ်လုပ်ခိုင်းပြီးပန်းကန်ထဲထည့်ကာ ကိုကိုကို တိုက်ဖို့ယူလာတာ..အခန်းထဲရောက်ဝောာ့ ကိုကိုက ပြတင်းပေါက်ကနေ အပြင်ကိုငေးနေသည်။စိတ်ဖီစီးမှု‌တွေကြောင့် မျက်နှာလေးက သိသိသာသာချောင်ကျသွားသည်။

" ကိုကို..စွတ်ပြုတ်လေးသောက်ရအောင်.."

ကိုကို့ဘေး ဝင်ထိုင်ပြီး စွတ်ပြုတ်ပန်းကန်ကို စားပွဲပေါ်တင်ပြီးပြောလိုက်တော့ သူ့ကို တစ်ချက်သာကြည့်ပြီး..မျက်နှာလွှဲသွားတဲ့ကိုကို..နှာသီးဖျားလေးတွေရဲကာ..မျက်လုံးလေးတွေဖူးအစ်နေတာမို့ သူမရှိတုန်းငိုထားမှန်းသိသာလှသည်။ကိုကို့ရဲ့ အခုလိုပုံစံကိုမြင်ရတာ သူ့အတွက် ကမ္ဘာပျက်တာထက်ပင်ဆိုး၏။

*~.ကိုကို...ဒီလိုနေလို့မရဘူးလေ အားရှိအောင်တစ်ခုခုလေးစားအုံးမှပေါ့..ဗိုက်ထဲက ပိစိလေးအတွက် ကိုကိုကျန်းမာဖို့လိုတယ်လေ.~*

သူစာဖတ်ပြီး ကိုကိုက မျက်ရည်တွေကျလာသည်။

" ကိုကို!.. ကိုကို..မငိုပါနဲ့ကွာ..ကိုကို့မျက်ရည်တွေမြင်ရတာ မောင်ပူလောင်လွန်းလို့ပါ..."

မျက်ရည်တွေကိုသုတ်ပေးပြီး..ထယ်ယောင်း ကိုကို့ရဲ့ လက်ကလေးကို ခပ်ဖွဖွဆုပ်ကိုင်လိုက်၏။

*~.မောင်..ပါးပါးတို့မရှိတော့ဘူးဆိုတာ..ငါ အခုထိလက်မခံနိုင်သေးဘူး..ငါ..ငါ..မိဘတွေကို တွေ့ချင်သေးတယ်..သူတို့က ငါ့ဗိုက်ထဲက ပိစိလေးကို တောင် တွေ့မသွားကြဘူး..ငါ့..ငါ့ကို ထားသွားကြတယ်..မောင်ရယ်..~*

ဂျောင်ဂုက ထယ်ယောင်းလက်ထဲက ရုန်းလိုက်ပြီး စာရေးပြကာပြောလိုက်တော့ ထယ်ယောင်း စာဖတ်ပြီး ကိုကို့ကို ဘယ်လို နှစ်သိမ့်ရမှန်းမသိတော့ပေ...

*~.ကိုကို..ကိုကို့မိဘတွေမရှိတော့ပေမဲ့ ကိုကို့ဘေးမှာ မောင်ရှိတယ်..ပြီးတော့ ပိစိလေးလည်းရှိသေးတယ်လေ...မောင့် မိဘတွေလည်းရှိတယ်..အားမငယ်ရဘူး.~*

ခေါင်းလေးတဆက်ဆက်ငြိမ့်ပြီး ကြည့်လာတဲ့ကိုကို...

*~.မောင်တို့က မိသားစု‌‌လေးမကြာခင်ဖြစ်တော့မှာလေ..ပိစိလေးရောက်လာရင် မောင်တို့က ပြီးပြည့်စုံတဲ့မိသားစုလေးဖြစ်ပြီလေ..အဲ့တော့ ကိုကိုက ဝမ်းနည်းနေလို့မရဘူးသိလား....ပြီးတော့ ကိုကိုသာ ပါးပါးတို့ကို အမြဲတမ်းချစ်နေမယ် သတိရနေမယ်ဆိုရင် ပါးပါးတို့က ပြင်ပလောကမှာ အသက်မရှိတော့ပေမဲ့ ကိုကို့ရဲ့ နှလုံးသားလေးထဲမှာတော့ ရှင်သန်နေမှာလေ..ထာဝရပေါ့.~*

*~...........~*

" မောင်ပြောတာ နားလည်လားကိုကို.."

ထယ်ယောင်း ပါးစပ်ကနေမေးလိုက်တော့ ခေါင်းငြိမ့်ပြတဲ့ကိုကို...

" တော်ပြီကွာ..မောင့်ရဲ့ ချစ်ချစ်ကို မျက်ရည်ထပ်ပြီးအကျမခံနိုင်တော့ဘူး..မငိုနဲ့တော့နော်..ကိုကိုပင်ပန်းလိမ့်မယ်.."

ထယ်ယောင်းက ရွှတ်နောက်နောက်ပြောပြီး...မျက်ရည်စလေးတွေကိုသုတ်ပေးလိုက်တော့...သူ့ပြောတာကို သဘောပေါက်တဲ့ကိုကိုက မျက်စောင်းလေးထိုးလာသည်။သူကြိုစားရမယ်..ကိုကို့ကို အရင်လို ပြုံးပျော်နိုင်အောင်..ကိုကို့မျက်နှာက အပြုံးလေးတွေ ပြန်ပြီး အသက်ဝင်အောင်...

*~.မောင်..ငါ့ကိုပြောဖူးတယ်နော်..မောင် ကလေးငါးယောက်လိုချင်တယ်လို့.~*

*~.ဟုတ်တယ်..ကိုကို..ကိုကိုက မှတ်ထားတာလား..ကိုကိုသိလား မောင်က တစ်ဦးတည်းသောသားမို့ အရမ်းအထီးကျန်တာ အဲ့ဒါကြောင့်..မောင် အိမ်ထောင်ကျရင် ကလေးများများယူမယ်လို့ တွေးထားတာ..ပိစိလေးမွေးပြီး နှစ်နှစ်လောက်ကြာရင် ကလေးထပ်ယူကြမယ်နော်.~*

သူ့ရေးပြတဲ့စာကို မြင်တော့ ကိုကို့မျက်နှာလေး ပန်းသွေးရောင်သန်းသွားသည်။

*~.မောင်ကလည်း..ပိစိလေးတောင် မထွက်သေးတာကို...ပြီးတော့ ငါးယောက်ကြီးတောင်..ငါမွေးနိုင်ပါ့မလား.~*

*~.မောင့်အစွမ်းအစကို ယုံလိုက်..ကိုကိုမွေးနိုင်တယ်.~*

" ဖြန်း!.. "

သူ့ရဲ့ စာအဆုံး လက်မောင်းကို ရောက်ချလာတဲ့ လက်ဝါးပျံတစ်ခု..အီစိမ့်သွားတာမှ အသားထဲထိ..ဒါပေမဲ့ ကိုကို့မျက်နှာက ပြုံးယောင်သန်းနေတာကြောင့် အသားနာရ ကျိုးနပ်တာပင်...

*~.ကိုကို..မွေးပေးရမယ်နော်.~*

သူစာရေးပြလည်း ကိုကိုက တုတ်တုတ်မှ မလှုပ်..

" ကိုကို...ကိုကို...ကိုကို...ကိုကို...မွေးပေးရမယ်နော်..နော်လို့...နော်..."

ပြောပြီးတော့...ကိုကို့ရဲ့ ရင်ခွင်ထဲထိုးဝင်ပြီး..ဗိုက်ပူပူလေးကို မျက်နှာအပ်လိုက်၏။

ဂျောင်ဂုကတော့ ပြုံးပြီး မောင့်ရဲ့ ဆံနွယ်ကောက်ကောက်လေးတွေကြားလက်ထည့်ပြီး ဖွနေလိုက်သည်။ သူမြတ်နိုးတယ် မောင့်ရဲ့ ဆံနွယ်လေးတွေကို..

*~.ကိုကို မွေးပေးပါနော်..မောင်က ကိုကို့အတွက် ပျော်စရာမိသားစုလေးဖန်တီးပေးချင်လို့ပါ....မောင်ရယ် ကိုကိုရယ်..ပြီးတော့ ဘေဘီလေးတွေရယ်..ကိုကိုမြင်ယောင်ကြည့်..မောင်က ကိုကို့ရဲ့ ပေါင်ပေါ်မှာ ခေါင်းအုံးပြီး ကလေးလေးတွေ ခြံထဲမှာ ပြေးလွှားဆော့ကစားပြီး ရယ်မောနေတာလေးတွေကို ကြည့်နေမယ် .ပြီးတော့..ကိုကိုက မောင့်ရဲ့ ဆံပင်တွေကို ထိကိုင်ပြီးပွတ်သတ်နေမယ်..ကလေးလေးတွေက မောင်နဲ့ကိုကို့ကို လာခေါ်ပြီး သူတို့နဲ့ဆော့ဖို့ပြောမယ်..မောင်တို့ အတူတူဆော့ကြမယ်...အစားအတူတူစားကြမယ်..အိပ်ရာဝင်တိုင်း ရင်ခွင်ထဲမှာ ကလေးလေးတွေကို ထည့်ပြီး မောင်က ပုံပြောပြမယ် ကိုကိုက ကလေးလေးတွေကို အမူအရာနဲ့လုပ်ပြ..မအိပ်ခင် ကုတင်ပေါ်မှာ ခေါင်းအုံးတွေနဲ့ဆော့ကြမယ်..ကလေးတွေကို ကျောင်းအတူတူလိုက်ပို့မယ်...မိုးရွာရင် ကလေးတွေနဲ့ အတူ‌ မိုးရေထဲမှာဆော့ကြမယ်..တွေးကြည့်ရင်း ဘယ်လောက်တောင် ပျော်ဖို့ကောင်းလဲကိုကို...သူတို့လေးတွေကို မောင်နဲ့ကိုကို့ရဲ့ လက်တွေနဲ့ လှပ‌တဲ့ ဘဝလေးတွေရေးခြယ်ပေးကြမယ်လေ အသက်ကြီးလာရင်..မြေးတွေနဲ့ ဘယ်လောက်တောင် ပြီးပြည့်စုံတဲ့ ဘဝလေးလဲ..မပိုင်ဆိုင်ချင်ဘူးလား ကိုကို.~*

ဂျောင်ဂု မောင် ရေးထားတဲ့ အတိုင်းသူ့မျက်လုံးထဲမှာပေါ်လာတော့ အပြုံးချိုချိုလေးတွေ ပေါ်လာ၏။ဆွံ့အနားမကြားတဲ့သူက ပျော်စရာမိသားစု ဘဝလေးတော့ လိုချင်မိသည်။သူ့အတွေးထဲကလို ချစ်စရာကောင်းတဲ့ မိသားစုလေးပေါ့..

*~.ငါမွေးပေးမယ် မောင်..ပြီးရင် ငါတို့မိသားစုလေးက အပျော်ရွှင်ဆုံးဖြစ်လာမှာပေါ့နော်..ငါ အဲ့လိုမိသားစုမျိူးလိုချင်တယ်မောင် ...အတူတူ ဖန်တီးကြတာပေါ့.~*

" ဒါပေါ့..မောင်တို့ ဖန်တီးကြတာပေါ့.."

ထယ်‌ယောင်းက ကိုကို့ရဲ့ စာကို ဖတ်ပြီး လေးထောင့်ဆန်ဆန် အပြုံးများနဲ့ ပြောလိုက်သည်။

ဂျောင်ဂုက ပြုံးနေရာကနေ တစ်ခုခုကို တွေးမိပြီး မျက်နှာမှိုင်သွားကာ စာရွက်လေးပေါ်မှာ ချရေးပြီး..မောင့်ကိုပြလိုက်၏။

*~.မောင်..တကယ်လို့ ကလေးတွေက ငါနဲ့တူနေမယ်ဆိုရင်ရော မောင်လက်ခံမှာလား.~*

*~.ဒါပေါ့ဗျာ..မောင့်ကလေးတွေက ကိုကိုနဲ့ တူလည်းမောင်က လက်ခံမှာပေါ့..ကိုကိုနဲ့ မောင့်ရဲ့သွေးသားလေးတွေဘဲ.~*

မောင့်ရေးပြတဲ့စာကြောင်းလေးကို ဖတ်ပြီး ဂျောင်ဂု ရင်ထဲအတိုင်းမသိ ကြည်နူးသွား၏။ဂျောင်ဂု မသိတာက သူပြောတဲ့ အဓိပ္ပာယ်နဲ့ ထယ်ယောင်းနားလည်တဲ့ အဓိပ္ပာယ် ကွဲလွှဲသွားတယ်ဆိုတာကိုပင်...

" စွတ်ပြုတ်လေးသောက်ရအောင်.."

ထယ်ယောင်းလည်း စွတ်ပြုတ်ပန်းကန်ကို ယူပြီး ပူမှာစိုးလို့ သေချာမှုတ်ပေးကာ ကိုကို့ကို ခွံ့ကျွေးလိုက်သည်။ဂျောင်ဂုရဲ့ ဝမ်းနည်းနေတဲ့ စိတ်တွေက ပျောက်ကွယ်သွားပြီး မောင်ခွံ့ကျွေးတာကို ကုန်အောင်သောက်လိုက်၏။အခုသူရှင်သန်နေရတဲ့ အကြောင်းပြချက်က မောင့်ကြောင့် ဖြစ်သွားပြီ...အရင်က ပါးပါးနဲ့မားမားပေးတဲ့ အချစ်တွေနဲ့ ရှင်သန်ခဲ့ပေမဲ့ ပါးပါးတို့မရှိတော့ သူလည်းပျောက်ကွယ်သွားမှာ အမှန်ပင်..အခုတော့ သူက မောင့်ကြောင့် ရှင်သန်နေရတဲ့ ပန်းလေးဖြစ်သွားပြီ..မောင့်ရဲ့ နေရောင်ကြောင့် ပွင့်လန်းနေတဲ့ ပန်းလေးပေါ့...

*ငါ မင်းစကားတွေကို ယုံလိုက်မယ်နော် မောင်..မင်းပြောခဲ့တဲ့စကားတွေ..ရေးပြခဲ့တဲ့စာတွေကို ငါ့ဦးနှောက်ကလုံးဝမေ့မှာမဟုတ်သလို နှလုံးသားကလည် မေ့မှာမဟုတ်ဘူးမောင်...*

~

~

~

မနေ့ကမအပ်မိလို့တောင်းပန်ပါတယ်နော် မနေ့က အလုပ်များနေလို့ပါ😘

Good night ပါသဲငယ်လေးတို့ 😘💜💜💜💜💜💜💜

Thanks for votes, feedback and comment.

I Love my readers forever ❤️

I PURPLE YOUR 💜

______________________________________

# Zawgyi #

ဂြၽန္အိမ္ေတာ္ေရာက္ေတာ့..အခမ္းအနားေတြျပင္ဆင္သူက ျပင္ဆင္ နာေရးလာတဲ့သူေတြက လာနဲ႕ ဈာပနပြဲက စေနၿပီ.....အနက္ေရာင္ဝတ္စုံေတြဝတ္ထားတဲ့သူေတြက အေခါင္းေတြေရွ႕လာၿပီး အေမႊးတိုင္နဲ႕ ပန္းမ်ားလာေရာက္ထိုးၾကသည္။

တခ်ိဳ႕ကလည္း မ်က္လုံးေဝ့ကာ မသိမသာနဲ႕ ေဂ်ာင္းဝန္းနဲ႕ ဆြန္းဂ်ီတို႔ရဲ႕သားကို မသိမသာရွာေနၾကသည္။တစ္ခါမွ သာူကို အျပင္ထုတ္မျပတဲ့ဂြၽန္ေမာင္ႏွံေၾကာင့္ သူတို႔သားကို ျမင္ဖူးတဲ့သူမရွိ...ကင္မ္ကုမၸဏီက သားနဲ႕ လက္ထပ္လိုက္ၿပီလို႔ၾကားေပမဲ့ လက္ထပ္ပြဲက လူအနည္းငယ္နဲ႕သာက်င္းပ‌တာေၾကာင့္...ေဂ်ာင္ဂုကို သိသူက ရွားသည္။

ဂြၽန္အိမ္ေရွ႕ ထယ္ေယာင္းကားရပ္လိုက္ေတာ့ အားလုံးရဲ႕ အၾကည့္က သူတို႔ဆီမွာ...။ ကားေပၚကေန ေဂ်ာင္ဂုကို ေျဖးေျဖးဆင္းေစၿပီး ထယ္ေယာင္းက အိမ္ထဲကိုေခၚလာခဲ့သည္။
အားလုံးကလည္း သိသိသာသာေရာ မသိမသာပါ ေဂ်ာင္ဂုကို ၾကည့္ေနၾကသည္။ တခ်ိဳ႕က သနားသည့္မ်က္ဝန္းေတြနဲ႕ တစ္ခ်ိဳ႕က ေယာက်ာ္းေလး ကိုယ္ဝန္ေဆာင္မို႔ မိဘေတြခိုက္ၿပီး အျဖစ္ဆိုးႀကဳံရတယ္ဆိုတဲ့ အၾကည့္ေတြနဲ႕...

" ဟယ္...သားတို႔ အေစာႀကီးေရာက္လာၾကပါလား.."

သူတို႔ကိုျမင္ေတာ့ ခ်ယ္ေယာင္းက ဧည့္ခံေနရင္းကေန လာေခၚ၏။

" ဟုတ္တယ္....မာမီ..ကိုကိုက အခုလာခ်င္တယ္ဆိုတာနဲ႕~.."

ထယ္ေယာင္း ဆက္မေျပာေတာ့ဘဲ ကိုကို႔ကို ၾကည့္လိုက္ေတာ့ မိဘႏွစ္ပါးရဲ႕ အေခါင္းေတြကိုၾကည့္ၿပီး မ်က္ရည္ေလးေတြဝဲေနသည္။ ခ်ယ္ေယာင္းလည္း ေဂ်ာင္ဂုကိုၾကည့္ၿပီး ဂ႐ုဏာသက္မိ၏။

" သား...ေဂ်ာင္ဂုေလးကို ကန္ေတာ့ဖို႔ေခၚသြားလိုက္.."

ထယ္ေယာင္းလည္း မာမီ့ကို ေခါင္းၿငိမ့္ျပကာ...ကိုကို႔ကိုေခၚၿပီး..အေခါင္းေတြနားသြားကာ အေမႊးတိုင္ထြန္းခိုင္းလိုက္ၿပီး သူပါဝင္ထြန္းကာ ကန္ေတာ့လိုက္ၾကသည္။

*~.ကိုကို..အဆင္ေျပလား.~*

*~.အင္း..ေျပတယ္ေမာင္..ကိုကို႔အစား လူေတြကို ဧည့္ခံေပးပါေနာ္ ကိုကို ဒီမွာ ခဏထိုင္ခ်င္ေသးလို႔.~*

သူသိတာေပါ့ ကိုကိုက တစ္ေယာက္တည္းေနခ်င္လို႔ သူကို အလိမၼာသုံးၿပီးထြက္သြားခိုင္းေနတာ...

*~.ဟုတ္ၿပီ ကိုကို ေမာင္ ခဏသြားလိုက္မယ္..ၿပီးမွ ျပန္လာခဲ့မယ္ေနာ္.~*

ထယ္ေယာင္းလည္း ကိုကို႔ရဲ႕ လက္ထဲ ၏ာအုပ္နဲ႕ေဘာပင္ထည့္ကာ ထြက္သြားလိုက္သည္။

~

~

~

ဈာပနလာတဲ့သူေတြက ပါးပါးတို႔မိတ္ေဆြေတြေပမဲ့ သူနဲ႕သိသူမရွိတာေၾကာင့္ ပါးပါးတို႔ အေခါင္းေရွ႕မွာသာ ထိုင္ေနမိသည္။ ဂႏၶာမာပန္းအျဖဴေရာင္ႀကီးေတြနဲ႕ အလွဆင္ထားတဲ့ ေ႐ႊေရာင္ အေခါင္းႏွစ္လုံးက ေဘးခ်င္းယွဥ္...အေခါင္းေရွ႕က ဓာတ္ပုံ ႏွစ္ပုံက သူ႕မိဘေတြရဲ႕ အလွဓာတ္ပုံေတြ အျဖဴနဲ႕ အနက္ေရာင္ ႀကိဳးေလးေတြနဲ႕ ဓာတ္ပုံ အေပၚပိုင္းကို ခ်ည္ကာ အလွဆင္ထား၏။ပုံေတြထဲမွာ ပါးပါးနဲ႕ မားမားက အလွဆုံးၿပဳံးေနၾကတာ...ဓာတ္ပုံေတြကိုၾကည့္ၿပီး ေဂ်ာင္ဂု ငိုေနသည့္ၾကားမွ ၿပဳံးလိုက္မိသည္။ အဲ့ပုံေလးေတြက..သူကိုယ္တိုင္ ပါးပါးတို႔ကို ရိုက္ေပးထားတာပင္..သူ႕က ဓာတ္ပုံရိုက္ေပးတာေၾကာင့္...ပါးပါးတို႔က အလွဆုံးၿပဳံးေနၾကတာ...

«« ဆြန္း အလွဆုံးၿပဳံးထားေနာ္..ကိုတို႔သားေလးက ရိုက္ေပးမွာကြ..»»

««ၿပဳံးရမွာေပါ့ ကိုရဲ႕ ဒီပုံက အလွဆုံးျဖစ္မွာေသခ်ာတယ္ ဆြန္းရဲ႕ မ်က္ဝန္းဝိုင္းေလးရိုက္ေပးလို႔ေလ»»

ေဂ်ာင္ဂုရဲ႕ အာ႐ုံေတြက အရင္က ၿခံထဲက ပန္းပင္ေတြၾကားမွာ မိဘေတြရဲ႕ ဓာတ္ပုံေတြကို ကင္မရာ တစ္လုံးနဲ႕ ရိုက္ေပးေနတဲ့ အခ်ိန္ကို ျမင္ေယာင္ၿပီး နာနာက်င္က်င္နဲ႕ ၿပဳံးလိုက္မိသည္။အဲ့ကင္မရာေလးက သူ႕အသက္ဆယ့္ရွစ္ႏွစ္ျပည့္ေမြးေန႕လက္ေဆာင္ေလ ရရခ်င္း ပါးပါးကို ဓာတ္ပုံရိုက္နည္းသင္ခိုင္းၿပီး ပါးပါးတို႔ကို ျပန္ရိုက္ေပးခဲ့တာ..ဓာတ္ပုံေတြကို ပါးပါးက ကူးေပးၿပီး ေသခ်ာ အယ္လ္ဘယ္ တစ္ခုနဲ႕ ထုတ္ၿပီးသူ႕ကိုေပးခဲ့တာ ၿပီးေတာ့ ပုံႀကီးခ်ဲ့ၿပီး ပါးပါးတို႔ အိပ္ခန္းထဲမွာလည္း ခ်ိတ္ဆြဲထား၏။အာ႐ုံေတြက လက္ရွိကိုျပန္ေရာက္လာေတာ့..ေဂ်ာင္ဂု သည္းသည္းထန္ထန္ငိုေႂကြးမိသည္။သူမိဘေတြကို ျပန္လိုခ်င္တယ္ .. ဘဝမွ ဘယ္လိုမွ အစားထိုးမရတဲ့လူေတြမို႔ သူေျဖလို႔မနိုင္..အဖိုးတန္ဆုံးလူသားေတြကို ဆုံးရႈံးလိုက္ရလို႔ ရင္ဘတ္ထဲက ေျပာမျပတတ္ေအာင္ နာတယ္..

* မားမား...ပါးပါး...သား..သား..မားမားတို႔ေရွ႕မွာ ထိုင္ေနတယ္ေလ..သားကို ရင္ခြင္ထဲထည့္ၿပီး..ေပြ႕ဖက္ေပးပါလား..သား..အရမ္းနာက်င္ရလို႔..*

မိဘေတြရဲ႕ အေခါင္းေရွ႕က ဓာတ္ပုံကိုၾကည့္ၿပီး..ေဂ်ာင္ဂု တိတ္တဆိတ္ ငိုေႂကြးမိသည္။

* မားမား..သားေတာင္းပန္ပါတယ္..မားမားမွာ‌ ႏွလုံးေရာဂါရွိေနမွန္းေတာင္မသိခဲ့ဘူး..သားက ေတာ္ေတာ္ဆိုးတဲ့သားဘဲ..တကယ္ဆို မားမားေရာဂါျဖစ္ရတာသားေၾကာင့္ သားသာ မားမားဆီမွာ ေမြးမလာခဲ့ရင္...မားမားႏွလုံးေရာဂါရမွာမဟုတ္ဘူး...*

* သားသိတာေပါ့...ညတိုင္း သားကိုၾကည့္ၿပီး ငိုေနတတ္တဲ့ မားမား...သားကို ေခ်ာ့သိပ္ၿပီးတိုင္း ငိုေနတတ္တဲ့မားမား..မားမသိတာက မားရင္ခြင္ထဲက သားကလည္းငိုေနတယ္ဆိုတာဘဲ...တျဖည္းျဖည္းအ႐ြယ္ေရာက္လာေတာ့လည္း ထူးဆန္းတဲ့ သားအိမ္ပါလာလို႔ ေန႕တိုင္း စိုးရိမ္ေၾကာင့္ၾကစိတ္ေတြနဲ႕ ပူပန္ေနရတဲ့ မားမား..အဲ့အရာေတြက မားမားရဲ႕ ႏွလုံးေရာဂါကို ပိုဆိုးေစတာ..သားေၾကာင့္ပါ...သားက မားမားတို႔ဆီကို စိုးရိမ္မႈေတြသယ္ေဆာင္လာတဲ့ကေလးမို႔ပါ...*

* တစ္ခါတစ္ေလ..သားအိပ္ေပ်ာ္ၿပီထင္လို႔ အခန္းထဲဝင္ၿပီး ငိုေနၾကတဲ့ ပါးပါးနဲ႕မားမား..သားလည္း အကြယ္ကေနေခ်ာင္းၾကည့္ၿပီး ငိုခဲ့မိတယ္..ဘာမွမၾကားနိုင္ေပမဲ့ ပါးပါးတို႔ငိုေနတာ သားေၾကာင့္ဆိုတာ သားသိတာေပါ့...ဒါေၾကာင့္လည္း ပါးပါးတို႔ စိတ္ခ်တဲ့ေမာင္နဲ႕ သားလက္ထပ္ဖို႔မျငင္းခဲ့တာ..တစ္သက္လုံး စိတ္ဆင္းရဲေအာင္လုပ္ခဲ့တဲ့သားက ပါးပါးတို႔ကိုစိတ္ခ်မ္းသာေစခ်င္လို႔ ေမာင့္ကိုလက္ထပ္ခဲ့တာ...*

* ပါးပါးနဲ႕မားမားက အခု သားကို စိတ္ခ်လက္ခ်ထားသြားၿပီေနာ္..သားကို ျပဳစုခြင့္ေတာင္မေပးဘဲ..ႏႈတ္ဆက္ခြင့္ေတာင္မရဘဲ သားကို ထားသြားၾကၿပီ...ပါးပါးတို႔ ေနာက္ဆုံးအခ်ိန္မွာေတာင္ သားက အနားမွာ မရွိေနခဲ့ဘူး..သား..သားမွာ ခင္တြယ္စရာဆိုလို႔..ပါးပါး မားမားနဲ႕ ေမာင္..ၿပီးေတာ့ ေမာင့္မိဘေတြဘဲရွိတာ အခု..ပါးပါးတို႔က ထားသြားေတာ့ သား..သားရဲ႕ ႏြေးေထြးၿပီး လုံၿခဳံတဲ့အရိပ္ႀကီးဆုံးရႈံးလိုက္ရသလိုဘဲ..မိခင္ေမတၱာက ေအးျမၿပီး ဖခင္ေမတၱာက လုံၿခဳံတယ္တဲ့..သားကေတာ့ ပါးပါးနဲ႕မားမားတို႔ရဲ႕ေမတၱာေၾကာင့္ ေအးျမတာထက္ပိုၿပီးႏြေးထြးလုံၿခဳံခဲ့တယ္...*

*သားလည္း မိဘေနရာေရာက္လာလို႔လား မသိဘူး မားမားတို႔ရဲ႕ အခ်စ္ေတြနဲ႕ စိုးရိမ္ေသာကေတြကို နားလည္လာခဲ့တယ္...ပါးပါးနဲ႕မားမားစိတ္ခ်ေနာ္..သားက ေကာင္းေကာင္းမြန္မြန္ရွင္သန္မွာမလို႔..ပါးပါးတို႔က ေကာင္းရာမြန္ရာကိုသြားၾကပါေနာ္...‌ဘဝသစ္ရွိေသးရင္ ပါးပါးတို႔ သားလိုကေလးမ်ိဳးနဲ႕မႀကဳံပါေစနဲ႕လို႔ဆုေတာင္းေပးပါတယ္ ပါးပါး...ၿပီးေတာ့ ...သားလို ကေလးမ်ိဳးကို လက္ခံၿပီး အေကာင္းဆုံးေစာင္ေရွာက္ေပးၿပီး ခ်စ္ေပးခဲ့လို႔ ႏြေးေထြးေပးခဲ့လို႔ေက်းဇူးအမ်ားႀကီးတင္ပါတယ္ မားမားနဲ႕ ပါးပါး..*

ထယ္ေယာင္း အေဝးကေန တသိမ့္သိမ့္တုန္ေနတဲ့ကိုယ္ေလးကိုၾကည့္ၿပီး...ငိုေနမိ၏။ေထြးေပြ႕ႏွစ္သိမ့္ေပးမဲ့ ရင္ခြင္လိုအပ္ေနမွာေသခ်ာတယ္..သူကိုကို႔ကို လႊတ္မေပးသင့္ဘူးထင္တယ္..တုံ႕ဆိုင္းမေနဘဲ ငိုေနတဲ့ကိုကို႔အနားသြားကာ ရင္ခြင္ထဲ ေထြးေပြ႕ထားလိုက္သည္။ခါးကို ဖက္တြယ္လာတဲ့ လက္ျဖဴျဖဴေလးနဲ႕ ပခုံးေပၚစိုစြတ္လာတဲ့ မ်က္ရည္ၾကည္ေတြေၾကာင့္ သူပိုလို႔သာတင္းတင္းက်ပ္က်ပ္ ဖက္ထားလိုက္၏။

* စိတ္ခ်ပါ ပါးပါးနဲ႕မားမား..ကိုကို႔ကို ကြၽန္ေတာ္ ေသခ်ာေစာင့္ေရွာက္ေပးပါ့မယ္..အသက္နဲ႕ ရင္းၿပီးေစာင့္ေရွာက္ေပးပါ့မယ္...*

ထယ္ေယာင္း ဂြၽန္ေမာင္ႏွံရဲ႕ ဓာတ္‌ပုံကိုၾကည့္ၿပီး စိတ္ထဲကေန ေျပာလိုက္သည္။

တျဖည္းျဖည္း အသက္ရႈမွန္မွန္နဲ႕ အိပ္ေပ်ာ္သြားတဲ့ ကိုကို..သူလည္းေသခ်ာေပြ႕ခ်ီကာ ကိုကို႔အခန္းထဲပို႔ဖို႔ လုပ္လိုက္သည္။အေစာႀကီး ထၿပီး တခ်ိန္လုံးငိုေနေတာ့ ပင္ပန္းၿပီးအိပ္ေပ်ာ္သြားတဲ့ကိုကို..

ခ်ယ္ေယာင္းနဲ႕ ထယ္မင္လည္း သားႏွစ္ေယာက္ကို ၾကည့္ၿပီး စိတ္မေကာင္းျဖစ္မိသည္။ေဂ်ာင္ဂုေလးက မိဘေတြဆုံးရႈံးရလို႔ စိတ္ထိခိုက္ေနၿပီး သားထယ္က ကိုကို႔မ်က္ႏွာတစ္ကမၻာလုပ္ေနတဲ့သူမို႔ ေဂ်ာင္ဂုမ်က္ႏွာညိုးတာနဲ႕ မေနတတ္တာေၾကာင့္...စိတ္ထိခိုက္ေန၏။

* ေဂ်ာင္းဝန္း...စိတ္ခ်ပါ..ငါမင္း သားေလးကို ေသခ်ာ ေစာင့္ေရွာက္ေပးပါ့မယ္..*

*ဆြန္းဂ်ီ...ေဂ်ာင္ဂုေလးကို စိတ္မပူနဲ႕ေနာ္ ငါတို႔ ေသခ်ာဂ႐ုစိုက္ပါ့မယ္..သူငယ္ခ်င္း..*

ကင္မ္ေမာင္ႏွံလည္း သူငယ္ခ်င္းေတြကိုတိုင္တည္ၿပီးကတိေပးလိုက္၏။သူတို႔သူငယ္ခ်င္းေတြဘဝကူးေကာင္းဖို႔ သူတို႔က ေဂ်ာင္ဂုေလးကို ေစာင့္ေရွာက္ေပးမွရမည္။ဒါမွသူတို႔သူငယ္ခ်င္းေတြ စိတ္ခ်လက္ခ်အိပ္စက္နိုင္မွာေလ. .

~

~

~

ဈာပနၿပီးတည္းက ဘာမွ ေရေရရာရာမစားဘဲ အိပ္ရာထဲမွာဘဲ မွိုင္ေနတဲ့ကိုကို..ရက္ၾကာလာေတာ့ ဒဏ္မခံနိုင္ဘဲဖ်ားၿပီေလ..သူလည္း အလုပ္ကို မသြားနိုင္ဘဲ ကိုကို႔အနားမွာသာေနမိ၏။

အခုလည္း ေဒၚႀကီးဂ်ဴးကို စြတ္ျပဳတ္လုပ္ခိုင္းၿပီးပန္းကန္ထဲထည့္ကာ ကိုကိုကို တိုက္ဖို႔ယူလာတာ..အခန္းထဲေရာက္ေဝာာ့ ကိုကိုက ျပတင္းေပါက္ကေန အျပင္ကိုေငးေနသည္။စိတ္ဖီစီးမႈ‌ေတြေၾကာင့္ မ်က္ႏွာေလးက သိသိသာသာေခ်ာင္က်သြားသည္။

" ကိုကို..စြတ္ျပဳတ္ေလးေသာက္ရေအာင္.."

ကိုကို႔ေဘး ဝင္ထိုင္ၿပီး စြတ္ျပဳတ္ပန္းကန္ကို စားပြဲေပၚတင္ၿပီးေျပာလိုက္ေတာ့ သူ႕ကို တစ္ခ်က္သာၾကည့္ၿပီး..မ်က္ႏွာလႊဲသြားတဲ့ကိုကို..ႏွာသီးဖ်ားေလးေတြရဲကာ..မ်က္လုံးေလးေတြဖူးအစ္ေနတာမို႔ သူမရွိတုန္းငိုထားမွန္းသိသာလွသည္။ကိုကို႔ရဲ႕ အခုလိုပုံစံကိုျမင္ရတာ သူ႕အတြက္ ကမၻာပ်က္တာထက္ပင္ဆိုး၏။

*~.ကိုကို...ဒီလိုေနလို႔မရဘူးေလ အားရွိေအာင္တစ္ခုခုေလးစားအုံးမွေပါ့..ဗိုက္ထဲက ပိစိေလးအတြက္ ကိုကိုက်န္းမာဖို႔လိုတယ္ေလ.~*

သူစာဖတ္ၿပီး ကိုကိုက မ်က္ရည္ေတြက်လာသည္။

" ကိုကို!.. ကိုကို..မငိုပါနဲ႕ကြာ..ကိုကို႔မ်က္ရည္ေတြျမင္ရတာ ေမာင္ပူေလာင္လြန္းလို႔ပါ..."

မ်က္ရည္ေတြကိုသုတ္ေပးၿပီး..ထယ္ေယာင္း ကိုကို႔ရဲ႕ လက္ကေလးကို ခပ္ဖြဖြဆုပ္ကိုင္လိုက္၏။

*~.ေမာင္..ပါးပါးတို႔မရွိေတာ့ဘူးဆိုတာ..ငါ အခုထိလက္မခံနိုင္ေသးဘူး..ငါ..ငါ..မိဘေတြကို ေတြ႕ခ်င္ေသးတယ္..သူတို႔က ငါ့ဗိုက္ထဲက ပိစိေလးကို ေတာင္ ေတြ႕မသြားၾကဘူး..ငါ့..ငါ့ကို ထားသြားၾကတယ္..ေမာင္ရယ္..~*

ေဂ်ာင္ဂုက ထယ္ေယာင္းလက္ထဲက ႐ုန္းလိုက္ၿပီး စာေရးျပကာေျပာလိုက္ေတာ့ ထယ္ေယာင္း စာဖတ္ၿပီး ကိုကို႔ကို ဘယ္လို ႏွစ္သိမ့္ရမွန္းမသိေတာ့ေပ...

*~.ကိုကို..ကိုကို႔မိဘေတြမရွိေတာ့ေပမဲ့ ကိုကို႔ေဘးမွာ ေမာင္ရွိတယ္..ၿပီးေတာ့ ပိစိေလးလည္းရွိေသးတယ္ေလ...ေမာင့္ မိဘေတြလည္းရွိတယ္..အားမငယ္ရဘူး.~*

ေခါင္းေလးတဆက္ဆက္ၿငိမ့္ၿပီး ၾကည့္လာတဲ့ကိုကို...

*~.ေမာင္တို႔က မိသားစု‌‌ေလးမၾကာခင္ျဖစ္ေတာ့မွာေလ..ပိစိေလးေရာက္လာရင္ ေမာင္တို႔က ၿပီးျပည့္စုံတဲ့မိသားစုေလးျဖစ္ၿပီေလ..အဲ့ေတာ့ ကိုကိုက ဝမ္းနည္းေနလို႔မရဘူးသိလား....ၿပီးေတာ့ ကိုကိုသာ ပါးပါးတို႔ကို အၿမဲတမ္းခ်စ္ေနမယ္ သတိရေနမယ္ဆိုရင္ ပါးပါးတို႔က ျပင္ပေလာကမွာ အသက္မရွိေတာ့ေပမဲ့ ကိုကို႔ရဲ႕ ႏွလုံးသားေလးထဲမွာေတာ့ ရွင္သန္ေနမွာေလ..ထာဝရေပါ့.~*

*~...........~*

" ေမာင္ေျပာတာ နားလည္လားကိုကို.."

ထယ္ေယာင္း ပါးစပ္ကေနေမးလိုက္ေတာ့ ေခါင္းၿငိမ့္ျပတဲ့ကိုကို...

" ေတာ္ၿပီကြာ..ေမာင့္ရဲ႕ ခ်စ္ခ်စ္ကို မ်က္ရည္ထပ္ၿပီးအက်မခံနိုင္ေတာ့ဘူး..မငိုနဲ႕ေတာ့ေနာ္..ကိုကိုပင္ပန္းလိမ့္မယ္.."

ထယ္ေယာင္းက ႐ႊတ္ေနာက္ေနာက္ေျပာၿပီး...မ်က္ရည္စေလးေတြကိုသုတ္ေပးလိုက္ေတာ့...သူ႕ေျပာတာကို သေဘာေပါက္တဲ့ကိုကိုက မ်က္ေစာင္းေလးထိုးလာသည္။သူႀကိဳစားရမယ္..ကိုကို႔ကို အရင္လို ၿပဳံးေပ်ာ္နိုင္ေအာင္..ကိုကို႔မ်က္ႏွာက အၿပဳံးေလးေတြ ျပန္ၿပီး အသက္ဝင္ေအာင္...

*~.ေမာင္..ငါ့ကိုေျပာဖူးတယ္ေနာ္..ေမာင္ ကေလးငါးေယာက္လိုခ်င္တယ္လို႔.~*

*~.ဟုတ္တယ္..ကိုကို..ကိုကိုက မွတ္ထားတာလား..ကိုကိုသိလား ေမာင္က တစ္ဦးတည္းေသာသားမို႔ အရမ္းအထီးက်န္တာ အဲ့ဒါေၾကာင့္..ေမာင္ အိမ္ေထာင္က်ရင္ ကေလးမ်ားမ်ားယူမယ္လို႔ ေတြးထားတာ..ပိစိေလးေမြးၿပီး ႏွစ္ႏွစ္ေလာက္ၾကာရင္ ကေလးထပ္ယူၾကမယ္ေနာ္.~*

သူ႕ေရးျပတဲ့စာကို ျမင္ေတာ့ ကိုကို႔မ်က္ႏွာေလး ပန္းေသြးေရာင္သန္းသြားသည္။

*~.ေမာင္ကလည္း..ပိစိေလးေတာင္ မထြက္ေသးတာကို...ၿပီးေတာ့ ငါးေယာက္ႀကီးေတာင္..ငါေမြးနိုင္ပါ့မလား.~*

*~.ေမာင့္အစြမ္းအစကို ယုံလိုက္..ကိုကိုေမြးနိုင္တယ္.~*

" ျဖန္း!.. "

သူ႕ရဲ႕ စာအဆုံး လက္ေမာင္းကို ေရာက္ခ်လာတဲ့ လက္ဝါးပ်ံတစ္ခု..အီစိမ့္သြားတာမွ အသားထဲထိ..ဒါေပမဲ့ ကိုကို႔မ်က္ႏွာက ၿပဳံးေယာင္သန္းေနတာေၾကာင့္ အသားနာရ က်ိဳးနပ္တာပင္...

*~.ကိုကို..ေမြးေပးရမယ္ေနာ္.~*

သူစာေရးျပလည္း ကိုကိုက တုတ္တုတ္မွ မလႈပ္..

" ကိုကို...ကိုကို...ကိုကို...ကိုကို...ေမြးေပးရမယ္ေနာ္..ေနာ္လို႔...ေနာ္..."

ေျပာၿပီးေတာ့...ကိုကို႔ရဲ႕ ရင္ခြင္ထဲထိုးဝင္ၿပီး..ဗိုက္ပူပူေလးကို မ်က္ႏွာအပ္လိုက္၏။

ေဂ်ာင္ဂုကေတာ့ ၿပဳံးၿပီး ေမာင့္ရဲ႕ ဆံႏြယ္ေကာက္ေကာက္ေလးေတြၾကားလက္ထည့္ၿပီး ဖြေနလိုက္သည္။ သူျမတ္နိုးတယ္ ေမာင့္ရဲ႕ ဆံႏြယ္ေလးေတြကို..

*~.ကိုကို ေမြးေပးပါေနာ္..ေမာင္က ကိုကို႔အတြက္ ေပ်ာ္စရာမိသားစုေလးဖန္တီးေပးခ်င္လို႔ပါ....ေမာင္ရယ္ ကိုကိုရယ္..ၿပီးေတာ့ ေဘဘီေလးေတြရယ္..ကိုကိုျမင္ေယာင္ၾကည့္..ေမာင္က ကိုကို႔ရဲ႕ ေပါင္ေပၚမွာ ေခါင္းအုံးၿပီး ကေလးေလးေတြ ၿခံထဲမွာ ေျပးလႊားေဆာ့ကစားၿပီး ရယ္ေမာေနတာေလးေတြကို ၾကည့္ေနမယ္ .ၿပီးေတာ့..ကိုကိုက ေမာင့္ရဲ႕ ဆံပင္ေတြကို ထိကိုင္ၿပီးပြတ္သတ္ေနမယ္..ကေလးေလးေတြက ေမာင္နဲ႕ကိုကို႔ကို လာေခၚၿပီး သူတို႔နဲ႕ေဆာ့ဖို႔ေျပာမယ္..ေမာင္တို႔ အတူတူေဆာ့ၾကမယ္...အစားအတူတူစားၾကမယ္..အိပ္ရာဝင္တိုင္း ရင္ခြင္ထဲမွာ ကေလးေလးေတြကို ထည့္ၿပီး ေမာင္က ပုံေျပာျပမယ္ ကိုကိုက ကေလးေလးေတြကို အမူအရာနဲ႕လုပ္ျပ..မအိပ္ခင္ ကုတင္ေပၚမွာ ေခါင္းအုံးေတြနဲ႕ေဆာ့ၾကမယ္..ကေလးေတြကို ေက်ာင္းအတူတူလိုက္ပို႔မယ္...မိုး႐ြာရင္ ကေလးေတြနဲ႕ အတူ‌ မိုးေရထဲမွာေဆာ့ၾကမယ္..ေတြးၾကည့္ရင္း ဘယ္ေလာက္ေတာင္ ေပ်ာ္ဖို႔ေကာင္းလဲကိုကို...သူတို႔ေလးေတြကို ေမာင္နဲ႕ကိုကို႔ရဲ႕ လက္ေတြနဲ႕ လွပ‌တဲ့ ဘဝေလးေတြေရးျခယ္ေပးၾကမယ္ေလ အသက္ႀကီးလာရင္..ေျမးေတြနဲ႕ ဘယ္ေလာက္ေတာင္ ၿပီးျပည့္စုံတဲ့ ဘဝေလးလဲ..မပိုင္ဆိုင္ခ်င္ဘူးလား ကိုကို.~*

ေဂ်ာင္ဂု ေမာင္ ေရးထားတဲ့ အတိုင္းသူ႕မ်က္လုံးထဲမွာေပၚလာေတာ့ အၿပဳံးခ်ိဳခ်ိဳေလးေတြ ေပၚလာ၏။ဆြံ႕အနားမၾကားတဲ့သူက ေပ်ာ္စရာမိသားစု ဘဝေလးေတာ့ လိုခ်င္မိသည္။သူ႕အေတြးထဲကလို ခ်စ္စရာေကာင္းတဲ့ မိသားစုေလးေပါ့..

*~.ငါေမြးေပးမယ္ ေမာင္..ၿပီးရင္ ငါတို႔မိသားစုေလးက အေပ်ာ္႐ႊင္ဆုံးျဖစ္လာမွာေပါ့ေနာ္..ငါ အဲ့လိုမိသားစုမ်ိဴးလိုခ်င္တယ္ေမာင္ ...အတူတူ ဖန္တီးၾကတာေပါ့.~*

" ဒါေပါ့..ေမာင္တို႔ ဖန္တီးၾကတာေပါ့.."

ထယ္‌ေယာင္းက ကိုကို႔ရဲ႕ စာပို ဖတ္ၿပီး ေလးေထာင့္ဆန္ဆန္ အၿပဳံးမ်ားနဲ႕ ေျပာလိုက္သည္။

ေဂ်ာင္ဂုက ၿပဳံးေနရာကေန တစ္ခုခုကို ေတြးမိၿပီး မ်က္ႏွာမွိုင္သြားကာ စာ႐ြက္ေလးေပၚမွာ ခ်ေရးၿပီး..ေမာင့္ကိုျပလိုက္၏။

*~.ေမာင္..တကယ္လို႔ ကေလးေတြက ငါနဲ႕တူေနမယ္ဆိုရင္ေရာ ေမာင္လက္ခံမွာလား.~*

*~.ဒါေပါ့ဗ်ာ..ေမာင့္ကေလးေတြက ကိုကိုနဲ႕ တူလည္းေမာင္က လက္ခံမွာေပါ့..ကိုကိုနဲ႕ ေမာင့္ရဲ႕ေသြးသားေလးေတြဘဲ.~*

ေမာင့္ေရးျပတဲ့စာေၾကာင္းေလးကို ဖတ္ၿပီး ေဂ်ာင္ဂု ရင္ထဲအတိုင္းမသိ ၾကည္ႏူးသြား၏။ေဂ်ာင္ဂု မသိတာက သူေျပာတဲ့ အဓိပၸာယ္နဲ႕ ထယ္ေယာင္းနားလည္တဲ့ အဓိပၸာယ္ ကြဲလႊဲသြားတယ္ဆိုတာကိုပင္...

" စြတ္ျပဳတ္ေလးေသာက္ရေအာင္.."

ထယ္ေယာင္းလည္း စြတ္ျပဳတ္ပန္းကန္ကို ယူၿပီး ပူမွာစိုးလို႔ ေသခ်ာမႈတ္ေပးကာ ကိုကို႔ကို ခြံ႕ေကြၽးလိုက္သည္။ေဂ်ာင္ဂုရဲ႕ ဝမ္းနည္းေနတဲ့ စိတ္ေတြက ေပ်ာက္ကြယ္သြားၿပီး ေမာင္ခြံ႕ေကြၽးတာကို ကုန္ေအာင္ေသာက္လိုက္၏။အခုသူရွင္သန္ေနရတဲ့ အေၾကာင္းျပခ်က္က ေမာင့္ေၾကာင့္ ျဖစ္သြားၿပီ...အရင္က ပါးပါးနဲ႕မားမားေပးတဲ့ အခ်စ္ေတြနဲ႕ ရွင္သန္ခဲ့ေပမဲ့ ပါးပါးတို႔မရွိေတာ့ သူလည္းေပ်ာက္ကြယ္သြားမွာ အမွန္ပင္..အခုေတာ့ သူက ေမာင့္ေၾကာင့္ ရွင္သန္ေနရတဲ့ ပန္းေလးျဖစ္သြားၿပီ..ေမာင့္ရဲ႕ ေနေရာင္ေၾကာင့္ ပြင့္လန္းေနတဲ့ ပန္းေလးေပါ့...

*ငါ မင္းစကားေတြကို ယုံလိုက္မယ္ေနာ္ ေမာင္..မင္းေျပာခဲ့တဲ့စကားေတြ..ေရးျပခဲ့တဲ့စာေတြကို ငါ့ဦးႏွောက္ကလုံးဝေမ့မွာမဟုတ္သလို ႏွလုံးသားကလည္ ေမ့မွာမဟုတ္ဘူးေမာင္...*

~

~

~

မေန႕ကမအပ္မိလို႔ေတာင္းပန္ပါတယ္ေနာ္ မေန႕က အလုပ္မ်ားေနလို႔ပါ😘

Good night ပါသဲငယ္ေလးတို႔ 😘💜💜💜💜💜💜💜

Thanks for votes, feedback and comment.

I Love my readers forever ❤️

I PURPLE YOUR 💜

繼續閱讀

You'll Also Like

445K 31.9K 43
ပဲပြုတ်သည်ငပြူးနဲ့ ဆိုက်ကားဆရာငလူးတို့ရဲ့ story လေးတစ်ပုဒ်
1.5M 128K 62
RATHOD In a broken family, every person suffers from his insecurities and guilt. Successful in every field but a big failure when it comes to emotio...
2.3K 98 8
ပေါက်စလေးကကိုယ့်အပိုင်မို့ပေါက်စလေးကိုကိုယ်ရဲ့အနားမှာမြတ်နိုးရတဲ့အမျိုးသားလေးအဖြစ်ထာ၀ရအပိုင်သိမ်းထားတော့မှာ Jeon Jungkook🐰 ~~~~~~~~~~~~~~~💜💜 Kim T...
591K 27.1K 42
Needs editing [ the destiny series #1] 𝑻𝒉𝒆 𝒇𝒂𝒕𝒆 𝒑𝒖𝒔𝒉𝒆𝒅 𝒕𝒉𝒆𝒎 𝒂𝒑𝒂𝒓𝒕 𝒃𝒖𝒕 𝒅𝒆𝒔𝒕𝒊𝒏𝒚 𝒂𝒈𝒂𝒊𝒏 𝒑𝒖𝒍𝒍𝒆𝒅 𝒕𝒉𝒆𝒎 𝒕𝒐𝒈...