General Xiao Is Ruining Me

By Unika66

98.1K 5.8K 178

Zhanyi(ZSWW) S D - 6.7.2023 ED - 28.8.2023 More

Intro
Part-1
Part-2(Z)
Part-2(U)
🚨Noti🚨
Part-3(Z)
Part-3 (U)
Part-4
Part-5
Birthday Plan
Part 7
Special
Part 8
Part-9
Part-10
Part 11
5.8.2023
Part-12
MY.New.Fic!!!
Part 13
Part-14
Part-15
Part-16
Noti
Part 17
Part-18
Part 19
MY Acc
Final

Part 6

3.8K 243 8
By Unika66

Uni

"တောင်းပန်ပါတယ် ဗိုလ်ချုပ်"

ရှောင်ကျန့်ဟာယွီပင်းနဲ့ယွီချန်ကိုတစ်ချက်ကြည့်လိုက်ပြီး​နောက်
သူရင်ခွင်ထဲ​ကောင်​လေးဆီအကြည့်ပြန်​ရောက်သွားတယ်

ဗိုလ်ချုပ်ရှောင်းဟာကောင်လေးရဲ့ကျောလေးကိုခပ်ဖွဖွလေးပွတ်သပ်ရင်းနှစ်သိမ့်ရှာတယ်

"ဘာမှမဖြစ်ဘူးရိပေါ်...ဒီအတိုင်းလေးချိုင့်ပြုတ်ကျသွားရုံပဲ...ဘာမှမဖြစ်ဘူးနော်....အရမ်းလန့်သွားလား...."

ရိပေါ်ကရှောင်းကျန့်ရင်ဘတ်မှာခေါင်းမှီထားရာကနေထလာပြီခါယမ်းပြတယ်သူအဆင်​ပြေတယ်​ပေါ့
ဒါပေမဲ့ရှောင်ကျန့်ကတော့အဆင်မ​ပြေ​ပေ
ကောင်လေးမျက်နှာကနီ​ရဲနေတော့နည်းနည်းစိတ်ပူမိတယ်

"ယွီချန်..."

"ဟုတ်ဗိုလ်ချုပ်"

"ဆရာဝန်သွားခေါ်လိုက်"

"ဟင့်အင်းမခေါ်နဲ့....ကျွန်တော်နည်းနည်းလန့်သွားရုံပါ...ခဏနားလိုက်ရင်သက်သာသွားမှာပါ"

"ကောင်းပြီ"

ရှောင်ကျန့်ဝမ်ရိ​ပေါ်ကို​ပွေ့ချီပြီးမ​နေ့ကလိုသူ​ပေါင်​ပေါ်တင်ထားလိုက်တယ်
ကောင်လေးရဲ့ခေါင်း​​လေးမနာ​အာင်ဆိုဖာလက်ရန်းပေါ်မှာ
တင်ထားတဲ့သူ့ဘယ်ဘက်လက်ပေါ်မှာ​နေရာချ​ပေးထားလိုက်တယ်
နောက်ထပ်သူ့ညာဘက်လက်ကတော့ အခြားဆိုဖာလက်ရန်းပေါ်က ကောင်လေးခြေထောက်တွေကိုထိန်းကိုင်ထားရင်း

"ဘာလုပ်နေတာလဲလာထိုင်လေ"

"ဟုတ်ဗိုလ်ချုပ်"

ဝမ်ရိပေါ်ကစစ်သားနှစ်​ယောက်ကိုမြင်လိုက်ရတာ​ကြောင့်​ရောင်ကျန့်ရင်ဘတ်နားတိုးကပ်သွား
သူခုနကဗိုလ်ချုပ်ရှောင်းနဲ့ အရမ်းကိုနီးကပ်နေခဲ့တာ
တကယ်လို့သူထင်တာမမှားရင် ဗိုလ်ချုပ်ရှောင်းက
သူ့ကိုနမ်းဖို့လုပ်ခဲ့တယ် ဒါတင်မက
ထိုစစ်သားနှစ်ယောက်ကလဲ သူတို့နှစ်ယောက်ရဲ့
ထိုအခြေအနေကိုမြင်သွားခဲ့သည်
ဝမ်ရိပေါ်ရှက်လွန်းလို့ရှောင်ကျန့်ရင်ခွင်ထဲကိုပိုတိုးဝင်သွားတယ်
ရှောင်ကျန့်အဖြစ်ကအခုမှပဲသားပေါက်လေးကို
ရင်ခွင်ထဲကိုထည့်ပြီးနို့ချိုတိုက်ကျွေးနေတဲ့
မိခင်တစ်ဦးသဖွယ်လုံးလုံးရောက်ရှိသွားတယ်

"ပြော...ဘာကိစ္စလဲ"

ပြောလို့သာပြောတာ
သူတို့ဗိုလ်ချုပ်ရဲ့မျက်လုံး​တွေကသူပေါင်ပေါ်မှာရှိတဲ့
အကောင်ပေါက်လေးဆီမှာပဲရှိနေတယ်
ယွီပင်းနဲ့ယွီချန်ကသူတို့ဗိုလ်ချုပ်ရဲ့ဒီလိုပုံစံကိုအခုမှမြင်ဘူးတာဖြစ်တယ်
ရှောင်ကျန့်ကဆိုဖာပေါ်မှီထိုင်နေပြီး
သူပေါင်ပေါ်ကကောင်လေးအမြတ်တနိုးကြည့်နေတယ်
ကောင်လေးကနဲနဲခပ်ဆိုးဆိုးသူေဋ္ဌးသားလေးဖြစ်မယ်ထင်တယ်
ဆံနွယ်အချို့ကအဖြူရောင်ဖြစ်နေပြီး နားတစ်ဖက်မှာလက်ဝါးကပ်တိုင်နားကပ်​လေးတစ်ခုကိုဝတ်ဆင်ထား​သေးတယ်

ရှောင်ကျန့်ရဲ့မျက်လုံးတွေကဟာယွီပင်းနဲ့ယွီချန်ကိုတစ်ချက်ကြည့်လာတယ်

"စိတ်ပူစရာမလိုဘူး...သူကနောက်၂ရက်နေရင်...မင်းတို့ရဲ့ဗိုလ်ချုပ်ကတော်ဖြစ်တော့မှာ...အဲ့တာကြောင့်သူရှိနေလဲ...မင်းတို့နှောင့်နှေးမူ့မရှိဘဲတပ်အတွင်းကလျို့ဝှက်ချက်တွေနဲ့လုပ်ဆောင်မူ့တွေကို....ငါကိုသတင်းပို့နိုင်တယ်"

ယွီပင်းနဲ့ယွီချန်မှာမင်းတို့ရဲ့ဗိုလ်ချုပ်ကတော်ဆိုတဲ့ကြောင့်
သူ့တို့နှစ်ယောက်ပါးစပ်တွေမပိတ်နိုင်အောင်အံ့သြ သွားရတယ်
ဒါဆိုဒီကောင်လေးက ဗိုလ်ချုပ်အိမ်ကသဘောတူထားတဲ့ကောင်လေးပေါ့

ရင်ခွင်ထဲကဝမ်ရိပေါ်က ရှောင်ကျန့်ရဲ့ ဗိုလ်ချုပ်ကတော်ဆိုတဲ့
စကားကြောင့်ဒေါသသေးသေး​လေးထွက်သွားကာ
သူမျက်နှာနဲ့နီးကပ်စွာရှိနေတဲ့ ဗိုလ်ချုပ်ရှောင်းရဲ့ဘယ်ဘက်ရင်ဘတ်ကိုကိုက်ခဲလိုက်တော့တယ်

"အ!"

ရှောင်ကျန့်ကသူ့ရင်ခွင်ထဲကကောင်လေးကိုကြည့်လိုက်
နီရဲနေတဲ့မျက်နှာလေးကသူ့ကိုမျက်စောင်းထိုး​နေပုံထောက်ရင်
​​ကောင်​လေးကသူ့ကိုမကျေမနပ်ဖြစ်နေတာအမှန်ပေ ဗိုလ်ချုပ်ကတော်အဲ့ဝေါဟာရလေးက
တကယ်ပဲ​ကောင်​လေးအတွက်​လေ သူ့နဲ့လက်ထပ်ပြီးရင်ကောင်လေးရမဲ့ဂုဏ်ပုဒ်​လေ

"မဟုတ်လို့လား....ကိုကအမှန်တရားကိုပြောတာလေ ဘာလို့မင်းလေးက​ခွေးပေါက်လေးအတိုင်း
ကိုယ့်ကိုလိုက်ကိုက်နေတာလဲ"

ရှောင်ကျန့်စကားကြောင့်ဝမ်ရိပေါ်လေးဟာပိုဒေါသထွက်သွားပြီ
သူ့ရဲ့ဘယ်ဘက်လက်ကလေးကိုလက်သီးဆုပ်လေးအသွင်ပြောင်းပြီး
ရှောင်ကျန့်ညာဘက်ရင်ဘတ်ကိုခပ်ဖွဖွလေးထုလာတယ်
​ကောင်​လေးခြေထောက်ကိုထိန်းကိုင်ထားတဲ့
သူ့ညာဘက်လက်ဟာ
ခြငေ်္သ့လေးလိုမန်ဖီနေတဲ့အကောင်ပါက်လေးရဲ့လက်သီးဆုပ်လေးကိုဆုပ်ကိုင်လိုက်တယ်
ထို့နောက်သူ့နှုတ်ခမ်းလေးနဲ့ဖိကပ်လိုက်တယ်

"ကိုယ်ကိုယ့်တပ်ကကောင်တွေနဲ့
အရေးကြီးကိစ္စပြောစရာရှိသေးတယ် ကျေးဇူးပြုပြီးကိုယ့်အိမ်သူလေးဖြစ်လာမဲ့မင်းက
ဗိုလ်ချုပ်က​တော်ဆိုတဲ့ဂုဏ်ပုဒ်​လေးကို​ထောက်ထားပြီး
ငြိမ်ငြိမ်လေးနေပေးလို့ရမလား"

ရှောင်ကျန့်ရဲ့စကားအဆုံးဝမ်ရိ​ပေါ်ကသခင်ဆီကအဆုံးအမခံလိုက်ရတဲ့​ခွေး​ပေါက်​လေးအတိုင်း
အနမ်းခံလိုက်ရတဲ့သူရဲ့လက်က​လေးကိုဆုပ်ကိုင်ကာ​ရှောင်ကျန့်ရင်ဘတ်ဆီပြန်တိုးဝှေ့သွား​တော့တယ်

"ဆက်ပြော"

ခုနကအထိသူ့ရင်ခွင်ထဲကကောင်လေးကိုမြတ်မြတ်နိုးနိုးနဲ့
ကြည့်နေတဲ့သူတို့ဗိုလ်ချုပ်ဟာသူတို့ကိုကြည့်​နေ​တော့
ရေခဲသမျှအေးစက်တဲ့အကြည့်ပေးကိုပေးလာတယ်

ဒါက$ရမ်းတွေကိုဘက်လိုက်လွန်းနေတာ
မဟုတ်ဘူးလားဗိုလ်ချုပ်ရေ....

နာရီဝက်လောက်အကြာထိဆွေးနွေးလို့အပြီးမှာတော့
ရင်ခွင်ထဲကအကောင်ပေါက်လေးကအသက်ရူမှန်မှန်နဲ့အိပ်မောကျသွားလေပြီ

"ကျွန်တော်အထက်ကိုတင်ပြ..."

ယွီပင်းပြောနေတုန်းရှောင်ကျန့်ကလက်ဖဝါးကို​ထောင်ပြလာသည်

"ခဏလေးရပ်လိုက်...ငါသူ့ကိုအခန်းထဲရွေ့ပေးလိုက်အုံးမယ်
ယွီချန်အံ့ဆွဲထဲကသော့ယူပြီး ဟိုအခန်းကိုဖွင့်လိုက်"

ခေါင်ယွီချန်နဲ့ယွီပင်မှာခဏသာမှင်သက်သွားရသည်
ဒီအခန်းကိုလွန်ခဲ့တဲ့နှစ်ဝက်လောက်ကတည်းက
ဒုဗိုလ်ချုပ်ကိုယ်တိုင်ဒီဇိုင်းဆ​ွဲ​နေခဲ့တာ....
ဘယ်သူနေမယ်မှန်းမသိပေမဲ့ သူတို့ဗိုလ်ချုပ်ကဒီအခန်းကို
ကိုယ်တိုင်ပြင်ဆင်နေခဲ့တာကိုတော့သူတို့သိသည်

ခေါင်ယွီချန်ဟာအလျင်အမြန်ပင်တံခါးသော့ယူပြီး
အခန်းတံခါးကိုဖွင့်လိုက်သည်
အခန်းထဲမှာတော့Legoအရုပ်တွေ ဆိုင်ကယ်အရုပ်တွေ Skateboard တွေနဲ့
ဆိုင်ကယ်ဦးထုတ်တွေအများကြီးရှိနေတယ်
​စင်​သေး​သေးတစ်ခုမှာလူငယ်ဆန်တဲ့ Limited ဖိနပ်တွေကိုစုထားတဲ့အပြင်Gaming Room လေးတစ်ခုတောင်ပါသေး
အခန်းအပြင်အဆင်ကိုအစိမ်းဖျော့ရောင်လေးသုတ်ထားပြီး
ကုတင်နဲ့အခြားအခန်းအတွင်းပရိ​ဘောဂ​တွေကို​တော့အစိမ်းရင့်​ရောင်သုံးထာသည်

ဗိုလ်ချုပ်ကတကယ်ပဲဒီကောင်လေးကိုရတနာတစ်ခုလိုသဘောထားနေတာပဲ

အွန်း....

"ကျွတ်စ်...ကျွတ်...ကျွတ်.."

ကုတင်ပေါ်ကိုချလိုက်တာနဲ့ ကောင်လေးက ကလေးသေး​သေး​လေး​တွေလိုလူးလွန့်လာတာမို့လို့
ကျွတ်သပ်ကာ​ကျော​လေးကိုခပ်ဖွဖွ​လေးပုတ်​ပေးလိုက်တယ်
ထို့နောက်ကောင်လေးရဲ့နဖူးလေးကိုတစ်ချက်နမ်းလိုက်တယ်
ရှောင်ကျန့်ဆိုတဲ့ကောင်ကဒီလိုပဲသူဖြစ်ချင်ရင်အဲ့တာကိုမဖြစ်ဖြစ်အောင်လုပ်တယ် သူနမ်းချင်ရင်လဲမဖြစ်ဖြစ်အောင်နမ်းတယ် ဒါကိုကောင်လေးသိသင့်တယ်

ဧည့်ခန်းထဲကယွီပင်းနဲ့ယွီချန်ကတော့
အနမ်းသူခိုးလုပ်နေတဲ့သူတို့ဗိုလ်ချုပ်ကို
​ကြောင်တောင်တောင်လေးဘဲရပ်ကြည့်နေတယ်
တကယ်ပဲအခန်းတံခါးလေးတော့ပိတ်သင့်ပါတယ်ဗိုလ်ချုပ်ရယ်
ဒါမှမဟုတ်ရင်လဲဒီအခန်းကိုအပေါ်ထပ်ကိုပြောင်းလိုက်ပါလား
ဘာလို့ဧည့်ခန်းကြီးနဲ့မျက်နှာချင်းဆိုင်မှာလုပ်ထားရတာလဲ
ဧည့်သည်SingleDogလေးတွေကိုအရိုးကျွေးမလို့လား

နောက်ဆုံးမှာတော့ရှောင်ကျန့်ကအခန်တံခါးကိုသာသာလေးပိတ်ကာဧည့်ခန်းထဲကိုပြန်ဝင်လာတယ်

"သွားမယ်....မင်းတို့တွေပိုင်ရိဟန်နဲ့ချင်​မော့ရန်အကြောင်းပြောမလို့မလား"

"ဟုတ်ဗိုလ်ချုပ်"

*******

ဝမ်ရိပေါ်ဟာနိုးလာတဲ့အခါ အခန်းတစ်ခုကြောင့်
အံသြမူ့အပြည့် တစ်ခန်းလုံးသူ့အကြိုက်ဆုံး
အရာတွေနဲ့သာအလှဆင်ထားတယ် အရောင်အစ အရုပ်တွေအဆုံးအားလုံးသူ့အကြိုက်တွေချည်းပဲ
သူဟာပျော်လွန်းငိုမိသွားတယ်
အိမ်မက်ထင်ပြီးအခန်းတံခါးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာ
သူဗိုလ်ချုပ်ရှောင်းရဲ့ကွန်ဒိုမှာပဲရှိနေသေးတယ်
ဒါသူမနေ့တွေ့လိုက်တဲ့သော့ခတ်ထားတဲ့အခန်းပဲ
ဒီအခန်းကသူ့အတွက်ပေါ့ ဝမ်ရိပေါ်ဟာမယုံကြည်နိုင်မူ့တွေနဲ့
အခန်းထဲလျှောက်ပတ်ကြည့်ရင်း တစ်နေရာအရောက်မှာရပ်တန့်သွားတယ်
စားပွဲပေါ်မှာဓာတ်ပုံတစ်ပုံရှိနေတယ်
ထိုဓာတ်ပုံလေးမှာ၆နှစ်သားအရွယ်သူကို့စစ်ဝတ်စုံဝတ်ထားတဲ့၁၂နှစ်သားအရ​ွယ်ကောင်လေးကမနိုင်တစ်နိုင်ချီထားတယ်
သေချာပေါက်ထိုကောင်လေးကဒုဗိုလ်ချုပ်ရှောင်းသာဖြစ်လိမ့်မည်
နှစ်ဖက်မိဘတွေကတော့သူကိုပြုတ်ကျမှာစိုးသည့်အလား
လေးကနေထိန်းပေးနေကြတယ်

"အား!..."

ရိပေါ်တစ်ယောက်ခွေလဲကျသွားသည်
သူ့ခေါင်းကနာကျင်ခိုက်ခဲမူတွေအပြည့်
ရင်ဘတ်ကလဲအလွန်နာကျင်​နေတယ်

"မေမေ့....ရှောင်ကျန့်ကိုကိုက....သားကိုမချစ်ဘူး....ကိုကိုကဝမ်ဝမ့်ကိုမချစ်ဝူးလို့"

"ရှောင်းကျန့်ကိုကိုကစစ်ဝတ်စုံနဲ့လိုက်တယ်"

"ရှောင်းကျန့်ကိုကို....ဝမ်ဝမ့်ကိုချီပါ့လားဟင်"

"ရှောင်းကျန့်ကိုကိုကစစ်သားကြီးလုပ်...ဝမ်ဝမ်က...ဝမ်ဝမ်က...ဝမ်ဝမ်ကဘာလုပ်ရမှာလဲဟင်....​မေမေ့...သားသိတော့ဝူး"

သူ့မှတ်ဉာဏ်ထဲက၆နှစ်သားအရွယ်​ကောင်​လေးက
သူ့အမေကိုအကူအညီ​တောင်း​နေတယ်
ခဏအကြာမှာတော့က​လေး​သေး​သေး​လေးဟာမှတ်မိသွားတယ်

"ဟုတ်ပြီ...ဝမ်ဝမ်သိပြီ....ရှောင်ကျန့်ကိုကိုက...လေးငယ်လေးလို...ဗိုလ်ချုပ်ကြီးလုပ်....ဝမ်ဝမ်က....အန်တီရီလေးလို...ဗိုလ်ချုပ်ကတော်လုပ်မယ်"

*******
အိမ်ထဲကိုဝင်လာတဲ့ယွီပင်းနဲ့ရှောင်ကျန့်ဟာ
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သွေးတွေပြောင်းပြန်စီးဆင်းသွားသလိုပဲ
ဝမ်ရိပေါ်ဟာသူ့ရင်ဘတ်ကိုဖိကိုင်ကြမ်းပြင်ပေါ်မှာခွေလဲကျ​နေတယ်
သူနဲ့မနီးမဝေးမှာလဲ မိသားစုဓာတ်ပုံရှိနေတယ်
သေစမ်းသူဓာတ်ပုံကိုသိမ်းဖို့မေ့သွားတယ်
အံဆွဲထဲကဆေးထိုးအပ်တစ်ခုကိုယူလိုက်က
အခန်းထဲသို့ဝင်လာလိုက်တယ်

"ယွီပင်းဆရာဝန်ခေါ်လိုက်....."

"ဟုတ်ဗိုလ်ချုပ်"

ရှောင်ကျန့်ဟာအလျင်အမြန်ပဲရိပေါ်ကိုပွေ့ဖက်လိုက်တယ်

"ရိပေါ်...ရိပေါ်ကိုယ်ကိုကြည့်စဉ်းစားစရာမလိုဘူး
အဲ့ဒါတွေကဖြစ်ပြီးသွားပြီး....ရိပေါ်ပြန်မစဉ်းစားနဲ့"

ဝမ်ရိပေါ်ဟာရှောင်ကျန့်မျက်လုံးတွေနဲ့ဆုံသွားတယ်

"ရှောင်ကျန့်ကိုကို..."

"အင်းကိုကိုလာပြီနော်...ဝမ်ဝမ်မနာ​တော့ဘူး"

*စွပ်*

ဆေးထိုးအပ်ကရိပေါ်ကိုယ်ထဲဝင်သွားတဲ့အခါမှာတော့
ကောင်လေးကငြိမ်ကျသွားပြီဖြစ်တယ်

အသက်ရှုသံဟာပုံမှန်ပြန်ဖြစ်လာသလိုမျက်လုံး​လေး​တွေဟာလဲ
ကြည်တောက်လာတယ်

"​မစဉ်းစားနဲ့ ကားတိုက်မူ့တွေပြန်မစဉ်းစားနဲ့ အထူးသဖြင့်ငယ်ငယ်တုန်းက ကားတိုက်မူ့အကြောင်း
မင်းတွေးလို့မရဘူး "

ဟိုသူတောင်းစားကြောင့်ဖြစ်ခဲ့တဲ့ကားတိုက်မူ့အကြောင်းလဲပြန်မတွေးနဲ့

ထိုစကားကိုတော့ရှောင်ကျန့်စိတ်ထဲကပဲပြောလိုက်မိတယ်

********
To Be Continue....
ငယ်ငယ်တုန်းကကားတိုက်မူ့နဲ့
ဝမ်လေးသေပြီးတဲ့နောက်မှာဗိုလ်ချုပ်ရှောင်း
ဘာဖြစ်သွားလဲဆိုတာတော့နောက်အပိုင်းတွေမှာ
ရှင်းပြသွားပါ့မယ်******

**********
Note:

ယွီပင်း-"ဝမ်သခင်လေးအခန်းကိုအပေါ်ထပ်ကိုပြောင်းလိုက်ပါလား
ဗိုလ်ချုပ်"

မဖြစ်ဘူးမတော်တဆရိပေါ်ညဘက်တွေရေသောက်ဆင်းလို့
ပြုတ်ကျသွားနိုင်တယ်

***********
Zaw






"ယွီချန်..."

"ဟုတ်ဗိုလ်ချုပ်"

"ဆရာဝန်သွားခေါ်လိုက်"


"ကောင်းပြီ"



"ဟုတ်ဗိုလ်ချုပ်"


"ပြော...ဘာကိစ္စလဲ"

ပြောလို့သာပြောတာ
ကောင်လေးကနဲနဲခပ်ဆိုးဆိုးသူဋ္ဌေးသားလေးဖြစ်မယ်ထင်တယ်





"အ!"



သူ့ညာဘက်လက်ဟာ
ခြင်္သေ့လေးလိုမန်ဖီနေတဲ့အကောင်ပါက်လေးရဲ့လက်သီးဆုပ်လေးကိုဆုပ်ကိုင်လိုက်တယ်



"ဆက်ပြော"










အွန်း....

"ကျွတ်စ်...ကျွတ်...ကျွတ်.."





"ဟုတ်ဗိုလ်ချုပ်"

*******


"အား!..."








*******


"ဟုတ်ဗိုလ်ချုပ်"




"ရှောင်ကျန့်ကိုကို..."


*စွပ်*


ကြည်တောက်လာတယ်

မင်းတွေးလို့မရဘူး "



********
To Be Continue....
ရှင်းပြသွားပါ့မယ်******

**********
Note:

ဗိုလ်ချုပ်"

ပြုတ်ကျသွားနိုင်တယ်

***********

Continue Reading

You'll Also Like

35.1K 2.7K 63
α€”α€½α€œα€Άα€―α€Έα€žα€¬α€Έα€›α€½α€­α€±α€”α€·α€žα€±α€›α€Όα€·α€±α€α€¬α€· α€±α€™α€¬α€„α€Ήα€€α€„α€«α€·α€›α€„α€Ήα€˜α€€α€Ήα€‘α€²α€€α€”α€½α€œα€Άα€―α€Έα€žα€¬α€Έα€€α€­α€―α€‘α€žα€€α€Ήα€žα€Όα€„α€Ήα€Έα€±α€•α€Έα€α€²α‚” α€”α€½α€œα€Άα€―α€Έα€α€―α€”α€Ήα€”α‚ˆα€”α€Ήα€Έα€±α€œα€Έα€»α€–α€…α€Ήα€±α€”α€‘α€Άα€―α€Έα€™α€½α€¬α€•α€² α€”α€Ύα€œα€―α€Άα€Έα€žα€¬α€Έα€›α€Ύα€­α€”α€±α€·α€žα€›α€½α€±α€·α€α€±α€¬α€· α€™α€±α€¬α€„α€Ία€€α€„α€«α€·α€›α€„α€Ία€˜α€€α€Ία€‘α€²α€€α€”...
3.5K 244 80
vivan mills the daughter of regina met snow white back in the enchanted forest but can snow help vivan see the light?
1.1M 49.4K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC