Falling In Love With My Husba...

By Hinnery

988K 36.6K 1.6K

Season 1 သာမာန် လူလတ်တန်းစား မိသားစုက တက်ကြွကာ အလုပ်ကြိုးစားသော ခပ်ချောချော လူဆိုးကောင်လေး နေမင်းတာရာ မျိူးရိ... More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇ ⚠️
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း 12
အခန်း 13
အခန်း 14
အခန်း 15
အခန်း 16
အခန်း 17 ⚠️
အခန်း 18
အခန်း 19
အခန်း 20
အခန်း 21
အခန်း 22
အခန်း 23
အခန်း 24⚠️
အခန်း 25
အခန်း 26
အခန်း 27
အခန်း 28
အခန်း 29
အခန်း 30
အခန်း 31
အခန်း 32
အခန်း 33
အခန်း 34
အခန်း 35
အခန်း 36
အခန်း 37
အခန်း 38
အခန်း 39
အခန်း 41
အခန်း 42
အခန်း 43
အခန်း 44
အခန်း 45
အခန်း 46⚠️
အခန်း 47
အခန်း 48
အခန်း 49
အခန်း 50
အခန်း 51⚠️
အခန်း 53
အခန်း 52
ဇာတ်သိမ်းပိုင်း
special episode
Season 2
အမည်ချိန်းခြင်း⚠️

အခန်း 40

12.3K 428 36
By Hinnery

"သခင်မကြီး..ပုံတွေ ရပါပြီ"

ဂျိမ်းစ်က အညိုရောင် စက်ကူအိတ်တစ်အိတ်ကို ဒေါ်ဝါဝါညွန့်ရှေ့ စားပွဲပေါ်တွင် တရိုတသေ လှမ်းတင်ပေးရင်း ပြောသည်။ဖိုင်လ်တစ်ခုကို ဖတ်ကြည့်နေသည့် ဒေါ်ဝါဝါညွန့်မျက်လုံးအစုံက ထိုစာအိတ်ပေါ် အကြည့်ရွှေ့သွားကာ လက်ထဲက ဖိုလ်ကိုအုပ်ပြီး ဘေးချလိုက်သည်။သို့ပေမဲ့ အညိုရောင်စာအိတ်ကို လက်မလှမ်းပေ။

"သင့်တော်တဲ့ ပုံတွေ ‌ရွေးပြီး စီစဉ်လိုက်..ငါ အဲဒီအထိတော့ အသေးစိတ်လိုက်ပြောစရာမလိုဘူး ထင်ပါတယ်"

ဒေါ်ဝါဝါညွန့်က မျက်နှာထားတည်တည်ဖြင့်ဆိုတော့ ဂျိမ်းစ် ခေါင်းငြိမ့်နာခံကာ စားပွဲပေါ်မှ စာအိတ်ကိုပြန်ဆွဲယူသည်။

"နားလည်ပါပြီ..သခင်မကြီး ကျွန်တော် သေချာအောင် စီစဉ်လိုက်ပါ့မယ်"

ထိုစာအိတ်ထဲတွင် ဟိုနေ့က ရိုက်ခိုင်းထားသည့် ပုံတွေ ပါရှိသည်ဖြစ်သည်။သူမတို့ အစီအစဉ်က မအောင်မြင်ဘူးလို့ ဆိုရပေမဲ့ ဓာတ်ပုံတွေနဲ့လည်း အဆင်ပြေပါသည်။ဒီလောက်ဆို နေ တို့ နှစ်ယောက်ကြား အထင်လွဲအောင် လုပ်လို့ရပြီဖြစ်သည်။

"ကောင်းပြီ...ဒီနေ့ ညပဲ သတင်းတွေ တက်လာတာလိုချင်တယ်"

"ဟုတ်ကဲ့...ကျွန်တော် အမြန်ဆုံး စီစဉ်လိုက်ပါ့မယ် သခင်မကြီး"

ဂျိမ်းစ်ဆိုသည်ကို ဒေါ်ဝါဝါညွန့်က ခေါင်းငြိမ့်ပြတော့ ဂျိမ်းစ်အလိုက်တသိ ဒေါ်ဝါဝါညွန့်ကို ဦးညွှတ်နုတ်ဆက်ပြီး စာအိတ်ဆွဲယူကာ အခန်းထဲက ထွက်လာသည်။ဂျိမ်းစ်နားနေရာ အခန်းထဲရောက်သည်နဲ့ အလုပ်စားပွဲတွင် နေရာချက်ချင်းယူကာ laptopကိုင်သည်။သူ သတင်းအတုတချိူ့ရေးပြီး ဒီပုံတွေ ပြန့်သွားအောင် လုပ်ဖို့လိုသည်။

"လီ ငါ့ကို ပုံလာရွေးပေးအုံး"

ဂျိမ်းစ်က အော်ပြောတော့ ဂျိမ်းစ်အခန်းထဲချိတ်ဆွဲထားသည့် ကြိုးပုခက်ပေါ် တက်ကာ ဖုန်းပွတ်နေသည့် လီလီက ပုခက်ပေါ်မှလွှာခနဲ ခုန်ဆင်းကာ ဂျိမ်းစ်နား ရောက်လာသည်။လီလီက စိမ်းပုတ်ရောင် ကိုယ်ကျပ်ခါးတိုလက်ပြတ်နဲ့ ဘောင်းဘီရှည်ပွပွကို ဝတ်ဆင်ထားသည်။အရပ်ရှည်ကာ ၊ခန်ဓာကိုယ်လှလှ ပိုင်ဆိုင်ထားသည့် လီလီက ပုရိသယောကျာ်းတို့စွဲမက်ဖွယ် ခန်ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပေမဲ့ မိန်းမတော့ဆန်မနေပေ။အပြောင်သိမ်းကာ ကျစ်ဆံမြီးကျစ်ထားသည့် အဝါရောင်ဆံပင်ရှည်တို့သည်တောင် အစ်ကိုဖြစ်သူ ဂျိမ်းစ်က အရှည်ထားခိုင်းထား၍ ဘိုကေ ဖြစ်မနေခြင်းပင်။လီလီ့အတွက် အခန်းသပ်သပ်စီစဉ်ပေးထားပေမဲ့ လီလီကတော့ အစ်ကိုဖြစ်သူ ဂျိမ်းစ်အခန်းတွင်သာ အနေများသည်။မိဘနှစ်ပါးလုံး ဂျိမ်းစ်တို့ မောင်နှမ ငယ်ငယ်ကပင် သေဆုံးသွားသည်မို့ ဂျိမ်းစ်က လီလီကိုအစ်ကိုလိုမျိူးမိဘလိုမျိူး ပြုစုစောင့်ရှောက်ခဲ့ရသည်။ဂျိမ်းစ်သည် သူ့ညီမဖြစ်သူ လီလီကို အတော်ချစ်ရှာပါသည်။

လီလီက ဂျိမ်းစ်ထိုင်နေသည့် စားပွဲနားတွင် ရပ်ကာ စာအိတ်ကို ဇိုးဇိုးဇတ်ဇတ်ဆွဲယူ ဖောက်သည်။ဓာတ်ပုံ လေး၊ငါး ခြောက်ပုံ ခန့်က စားပွဲပေါ် ပြန့်ကျဲကျလာသည်။လီလီက ဓာတ်ပုံ တစ်ပုံချင်းကို သေချာကြည့်ရင်း နှုတ်ခမ်းမဲ့သည်။ပုံတိုင်းက သခင်လေးနဲ့ဆူးငယ် ဆိုသည့် ကလေးလိုလို၊ခွေးလိုလို ကောင်မလေး ပူးကပ်နမ်းရှိုက်နေသည့် ပုံတွေချည်းဖြစ်သည်။သခင်လေး နေက အင်ကျီဗလာနဲ့ဖြစ်ပြီး ဟိုတစ်‌ယောက် ရင်ဘတ်ညှပ်ရိုးနားတစ်ဝိုက် မျက်နှာအပ်နေသည့် ပုံလည်း ပါသည်။ရိုက်ချက်က ပီပြင်နေကာ ပုံထွက်တော်တော်လှသည်။

"နှစ်ယောက်စလုံး တော်တော် hornyနေတာပဲ"

လီလီက လက်ထဲပုံတွေညှပ်ကိုင်ထားကာ တစ်ပုံချင်း ဖြတ်ခနဲ ဆွဲဆွဲယူကြည့်ရင်း နှုတ်ခမ်းမဲ့ကာ မှတ်ချက်ချသည်။လီလီ သခင်လေးရုပ်ရည်ကို သူမ နည်းနည်းသဘောကျသလို ခံစားရသည်မို့ ဒီပုံတွေကို ကြည့်ရတာ သူမရင်ထဲ ပန်းတွေတော့ပွင့်မနေ။သခင်လေးက ဆေးမိထားလို့ ဖြစ်နေတာ ထားပါတော့။ဟို တစ်ယောက်မျက်နှာထားက ဘာလို့ အဲလောက်ကြီး feelပြနေရတာလဲ။

ဂျိမ်းစ်က ဘာမှ မပြောဘဲ လက်ကြီးပိုက်ငြိမ်နေကာ ညီမဖြစ်သူ ရွေးပေးလာမည့် ပုံကို ထိုင်စောင့်သည်။

"မြန်မြန်ရွေး လီ..ငါ ဒီည အမှီ သတင်းရေးပေးရမယ်"

"ငါသေချာရွေးပေးနေတာလေ နင် စောင့်ပေါ့..ငါ ပြောမယ် ပုံက သခင်လေး ဂုဏ်သတင်း မကျဆင်းစေမဲ့ပုံ၊ပြီးတော့ အဲဂျပုမနဲ့ dateနေတဲ့ ပုံစံလောက်ဆိုတော်ရောပေါ့ ...နင် ရိုက်ထားတဲ့ ပုံတွေက ထန် လွန်းတယ်"

"သူတို့ ဖြစ်နေတုန်း ငါ ခိုးရိုက်ရတာလေ...မတတ်နိုင်ဘူး"

"နင်က ငတုံးပဲ ဂျိမ်းစ်"

လီလီက ဂျိမ်းစ်ကိုမကျေမနပ်ပြောဆိုပြီးမှ ပုံနှစ်ပုံကို ဂျိမ်းစ်ရှေ့ပစ်ချသည်။တစ်ပုံက ဆူးငယ် နေ့ ဘောင်းဘီအိတ်ကပ်ထဲ ဖုန်းပြန်ထည့်ပေးနေသည့် ပုံဖြစ်ပြီး တစ်ပုံက နှစ်ယောက်သား ဖက်တွယ် နမ်းရှိုက်နေသည့် ပုံဖြစ်သည်။နမ်း နေသည့်ပုံက ‌နေ့ နောက်ကျောဘက်မှ ရိုက်ထားသည့် ပုံဖြစ်သည်မို့ နမ်းနေသည်ဟု သတ်မှတ်နိုင်ရုံပင် ဖြစ်သည်။

"နှစ်ပုံပဲလား"

"နှစ်ပုံ‌ပဲပေါ့..dating newရေးမှာနော် bro..အပြာကား ကြော်ငြာမှာ မဟုတ်ဘူး"

လီလီက ဂျိမ်းစ်ကို မျက်စောင်းရွယ်ပြောပြီးမှ ဂျိမ်းစ်အိတ်ကပ်ထဲက စီးကရက်ဘူးကို ဖြတ်ခနဲဆွဲယူ ထွက်သွားသည်။

"လီ!..ဆေးလိပ် လျှော့သောက်စမ်း!..ကျန်းမာရေးအတွက်မကောင်းဘူး"

ဂျိမ်းစ်က ထွက်သွားသည့် လီလီ့ကို လှည့်ကြည့်ကာ အော်ပြောသည်။

"Yes sir!!"

လီလီက စီးကရက်တစ်လိပ်ကိုမီးညှိ့ကာပါးစပ်တေ့ထားရင်းမှ ပြောင်ချော်ချော်ပြန်အော်သည်။ဂျိမ်းစ် ညီမဖြစ်သူကို မနိုင်သလို လွှတ်ထားလိုက်ပြီး လက်တော့ပ်ထံတွင်သာ အာရုံစိုက်လိုက်တော့သည်။

<<<<>>>>>

"ဟုတ်ကဲ့...စိတ်ချနေပါ သခင်မကြီး... ကျွန်တော်နဲ့အတူ ရှိနေပါတယ်"

တစ်ဖက်မှ ဒေါ်ဝါဝါညွန့် စကားကို နားထောင်ရင်း ဦးသူ စိတ်ချရန်ဆိုသည်။သခင်လေး နေ အခြေအနေကို စိတ်ပူ၍ သခင်မကြီးက သူ့ကို အဆက်အသွယ်လုပ်လာခြင်းဖြစ်သည်။

"သခင်လေးက အခု အိပ်ပျော်နေပါတယ်"

"......."

"ဟုတ်ကဲ့...သခင်လေးနိုးလာတာနဲ့ အိမ်တော်ကို ချက်ချင်းပြန်လာခဲ့လိုက်ပါ့မယ်"

ဒေါ်ဝါဝါညွန့်က မှာကြားစရာ အကုန်မှာကြားပြီးသည်နဲ့ ဖုန်းချသွားသည်။နောက်ကျောဘက်မှ လှုပ်ရှားသံ သဲ့သဲ့ကြားသည်မို့ ဦးသူ ဖုန်းပြောပြီးသည်နဲ့ နေ့ ဘက် ချက်ချင်းလှည့်လာသည်။

"သခင်လေး...သက်သာရဲ့လား"

နေ နိုးလာသည့် အချိန်တွင်တော့ နောက်နေ့ နေ့ခင်း ဆယ်နာရီခန့်ပင် ရှိနေပြီဖြစ်သည်။ဒဏ်ရာ ရထားသည့် လက်မောင်းတစ်ဖက်က ဆေးထည့်ထားသည်ဆိုပေမဲ့ နေ နာကျင်ကိုက်ခဲမှုကို ခံစားရသည်။

"သက်သာတယ်...ဦးသူ ကျွန်တော် သွားစရာရှိတယ်"

နေ က လူနာခုတင်ပေါ်မှချက်ချင်းထဆင်းလာကာ ဆိုဖာပေါ်တွင် အသင့်တွေ့သည်ဂျာကင် တစ်ထည်ကို ကောက်ယူထပ်ဝတ်သည်။နေ့ ကိုယ်ပေါ်တွင် ညက ဦးသူဝတ်ပေးထားသည့် ခဲရောင် တီရှပ်တစ်ထည်ဝတ်ထားသည်ဖြစ်သည်။

"ဦးသူ ဂျာကင်ထင်တယ်...ကျွန်တော် ခဏ ဝတ်သွားမယ်"

ဦးသူက တစ်ခါတစ်လေ အားလပ်ရက်တိုင်း ဝတ်ရည်အိမ်ကို ရောက်ရောက်လာတတ်သည်မို့ ဝတ်ရည် အိမ်တွင် ဦးသူ အဝတ်အစား တချိူ့ ရှိသည်ဖြစ်သည်။နေ့ မျက်နှာက ဒဏ်ရာအရှိန်ကြောင့်ထင် ဖြူဖျော့ဖျော့ဖြစ်နေသည်။တစ်ကိုယ်လုံး အပူငွေ့တွေ ဟပ်နေသည်ကို ခံစားရသည်မို့ နေ ကိုယ့်ကိုယ်ကို ဖျားတော့မည်မှန်းသိသည်။သို့ပေမဲ့ သူ ချမ်း အနား ဒီနေ့သွားမှဖြစ်မည်။ညက သူမှားခဲ့သည့်အမှားအတွက် ချမ်း ကို ဝန်ခံတောင်းပန်ချင်သည်။ဆေးခပ်ခံရသည် ဆိုအုံးတော့ သူ ချမ်း မဟုတ်တဲ့တခြားတစ်ယောက်နဲ့ ပွေ့ဖက်နမ်း၍ လွန်ကျူးမိမတတ်ဖြစ်ခဲ့သည်။နေ စိတ်ထဲမလုံသလို ခံစားရသည်။သူ ချမ်းကိုပြောထားသည့်အတိုင်း ချမ်းအပေါ် သစ်စာစောင့်သိချင်သည်။

"သခင်လေး...သခင်မကြီးက ခုချက်ချင်း အိမ်တော်ပြန်လာဖို့ အကြောင်းကြားထားပါတယ်"

"ကျွန်တော် သွားစရာရှိသေးတယ်"

နေက ထိုမျှပင်ပြောပြီး အိမ်ရှေ့ခန်းတွင် တွေ့ရသည် ဘေလ်စင်တွင်ကုန်းကာ မျက်နှာသစ် ပလုတ်ကျင်းသည်။

"လူနာ ကောင်လေး...နိုးလာပြီလား...."

ထိုစဉ် ဝတ်ရည်က မြန်မာဝတ်စုံပေါ်မှ ဂျူတီကုတ်ထပ်ဝတ်ကာ အတွင်းခန်းထဲက ထွက်လာသည်။သူမ လက်တစ်ဖက်တွင်တော့ ခပ်ကြီးကြီး လက်ကိုင်အိတ်တစ်လုံးကို ဆွဲထားလျက်။သူမ ဆေးရုံသွားတော့မည့်ဟန်ပေါ်သည်။ဘေလ်စင်တွေ မျက်နှာကုန်းသစ်နေသည့် နေ့ကို မြင်တော့ နှုတ်ဆက်စကားဆိုသည်။

"ဟုတ်ကဲ့..ဒေါက်တာ"

နေ ပလုတ်ကျင်းနေသည့်ရေကို အမြန်ထွေးချရင်း ခေါင်းငြိမ့် ပြောလိုက်သည်။ဝတ်ရည်က နေ့ကိုပြုံးပြပြီးမှ ဦးသူဘက်မျက်နှာလှည့်သည်။

"ရှင်တို့နှစ်ယောက်အတွက် စားပွဲပေါ်မှာ မနက်စာ စီစဉ်ပေးခဲ့တယ်...မနက်စာ စားပြီး ကောင်လေးကို ဆေးတိုက်လိုက်အုံး ဆေးလည်း စားပွဲပေါ်မှတင်ထားတယ်...အဲဒါမှ မသက်သာသေးရင် ညကျ ဆေးတစ်ခေါက်ထပ်လာထိုးလှည့်...ပြီးတော့ ရှင်ပြန်ရင် ခြံတံခါး သော့ခတ်ခဲ့ဖို့ မမေ့နဲ့အုံး"

ဦးသူကို အကုန်မှာကြားပြီးသည်နဲ့ သူမက အိမ်ရှေ့ရပ်ထားသည့် သူမ ကားအနက်လေးပေါ်တက်ကာ မောင်းထွက်သွားလေတော့သည်။ဦးသူက သူမ ထွက်သွားသည် အထိ တမေ့တမော ရပ်ကြည့်ကျန်ခဲ့သည်။ဒီအမျိူးသမီးက ဂျူတီကုတ်နဲ့ဆို ပိုမိုခန့်ညာပြီး ကျက်သရေ ရှိလှသည်။

"ဦးသူ ကောင်မလေးလား"

ဦးသူက အသက်လေးဆယ်ခန့်ရှိနေပြီဆိုပေမဲ့ နှစ်ဆယ်ကျော် သုံးဆယ်နီးပါးအရွယ်လို အရွယ်တင်ပြီး ခန့်ညားသည်။နေက မျက်နှာပေါ်မှ ရေစက်တွေကို သပ်ချရင်းမှ မေးသည်။နေ့ အမေးကြောင့် ဦးသူ နားရွက်နှစ်ဖက်ပူလာသလို ခံစားရသည်။

"မဟုတ်ပါဘူး သခင်လေး...ကျွန်တော့် မိတ်ဆွေ...‌ကျွန်တော့်မိတ်ဆွေဟောင်းပါ"

ဦးသူက နေ့ကို ခေါင်းညွတ်ပြီး အလျင်အမြန်ပြန်ဖြေသည်။နေက ဘာမှဆက်မပြောတော့ပဲ ချွတ်ထားသည့် ဖိနပ်ကို ကောက်စီးသည်။

"သခင်လေး....သခင်မကြီးက......."

ဦးသူက နေ ထွက်သွားတော့မည်ကို မြင်လျှင် တားမြစ်စကားဆိုလာဟန်ပြင်ပြီးမှ ရပ်တန့်သည်။

"သခင်လေး လက်မောင်းမှာ ဒဏ်ရာနဲ့...ကား ကိုယ်တိုင် မောင်းလို့ မဖြစ်ပါဘူး...ကျွန်တော်လိုက်ပို့ပါ့မယ်...ဒါပေမဲ့ မသွားခင် မနက်စာစားပြီး ဆေးသောက်သင့်ပါတယ် သခင်လေး"

"ရတယ်...ဦးသူ ကျွန်တော် ဘာမှမဖြစ်ဘူး...အခုပဲ သွားရအောင်"

နေက ပြောပြီး ရှေ့ကထွက်သည်မို့ ဦးသူ ဖိနပ်အမြန်စီးကာ နောက်က အပြေးလိုက်လာရသည်။

ကားလေးက ချမ်းတို့ ခြံဝန်းကျယ်ကြီးရှေ့ရပ်တန့်သွားသည်။ဦးသူ ကား ဟွန်းကို နှစ်ချက်သုံးချက် တီးလိုက်တော့ ခြံစောင့်ဖြစ်ဟန်တူသည့် လူကြီးတစ်ယောက်က ခြံတံခါးဖွင့်ကာ နေ့တို့ကား နား လျှောက်လာသည်။ဦးသူက ကားမှန်ကို အလိုက်တသိချလိုက်သည်။

"ဘယ်သူနဲ့တွေ့ချင်လို့လဲ"

ဒေါ်မေမီရဲ့ အလုပ်သမားပီသစွာ မျက်နှာထားမာမာနဲ့ပင် ကားပြတင်းကနေ ကားထဲကို ငုံ့ကြည့်မေးလာသည်။

"ကျွန်တော်က ချမ်းရဲ့အမျိူးသားပါ..
သူ့ကိုလာတွေ့တာ"

နေ‌က အေးအေးဆေးဆေးပင် တုံ့ပြန်ဆိုလိုက်သည်။ထိုလူကြီး မျက်မှောင်ကျူံ့သွားသည်ကို မြင်ရသည်။

"ခဏစောင့်ပေးပါ.."

ထိုသို့ပြောပြီး ခြံထဲပြန်ဝင်သွားသည်။ပြီးသည်နဲ့ ခြံထောင့်က ဆက်သွယ်ရေးကိရိယာဖြင့် အိမ်ထဲ လှမ်းအကြောင်းကြားနေပုံရသည်။နေ စိတ်မရှည်ဖြစ်လာကာ ဖုန်းထုတ်ပြီး ချမ်း ကိုဖုန်းခေါ်လိုက်သည်။ချက်ချင်းပင် ချမ်းက ဖုန်းကိုင်လာသည်။

"မောင်.."

ဖုန်းထဲမှ ချမ်း ခေါ်သံလေးကိုကြားရသည်။

"ဘေဘီ..မောင် ဘေဘီတို့ အိမ်ရှေ့ရောက်နေတယ် ခဏလောက် တွေ့လို့ရမလား"

နေ ကဆင်းခဲ့ လို့မပြောဘဲ တွေ့လို့ရမလားဟု ချမ်းဘက်ကို စဉ်းစဉ်းစားစားတွေးပေးကာ ပြောသည်။ချမ်း ဘက်က တွေ့ဖို့အဆင်မပြေဖြစ်နေလျှင် သူ့ကြောင့် ချမ်း အခက်အခဲဖြစ်မှာမလိုလားပေ။နေ့ စကားကြောင့် ပါးလေးတစ်ဖက်ဖောင်းအောင် စပျစ်သီးအလုံးလိုက် ပါးစပ်ထဲ ငုံထားသည့် ချမ်း မျက်လုံးလေးပြူးသည်။မာမီ အိမ်မှာရှိတယ်လေ။မောင့်ကို တွေ့သွားရင် ထပ်ပြီး စကားများကြပြန်တော့မှာပဲ။ဟိုတစ်ခါ မောင်နဲ့ မာမီ မျက်နှာချင်းဆိုင် အကြည့်စူးစူးတွေနဲ့ စကားများပြီးကတည်းက ချမ်း မောင်နဲ့မာမီ မျက်နှာချင်းဆိုင် တွေ့မှာ ကြောက်နေတာဖြစ်သည်။သူချစ်ရတဲ့သူ နှစ်ယောက် သူနဲ့ပတ်သက်ပြီး စကားများရန်ဖြစ်သည်ကို ချမ်း တကယ်မလိုလားပေ။

"မောင်...မာမီ အိမ်မှာရှိတယ်..နောက်နေ့..နောက်နေ့မှ တွေ့ရအောင်နော်"

"အင်း....ဒါဆို ဘေဘီ ညဘက် ခိုးထွက်လာရလား...မောင် ညကျထပ်လာခဲ့မယ်..."

ချမ်း စဉ်းစားသလို ခဏလေးငြိမ်သည်။ခုရက်ပိုင်း မာမီ ညဘက်တွေ စောစောအိပ်ရာဝင်တတ်သည်ကို တွေ့ရသည်မို့ ‌ချမ်း မောင့်စကားကို လက်ခံလိုက်သည်။ခိုးတွေ့မှ မောင်နဲ့ အကြာကြီးတွေ့ခွင့်ရသည် မဟုတ်လား။

"ဟုတ် မောင်..
အဲဒါဆို ညမှတွေ့ရအောင်"

"အင်း...ချစ်တယ်"

နေ ချစ်စကားကြားတော့ ချမ်း ကျေနပ်သဘောကျစွာ ပြုံးပြုံးလေးဖြစ်သည်။နေ ဖုန်းပြောပြီးမှ ခြံစောင့်ဦးလေးကြီးက နေ တို့ကားနားပြန်လျှောက်လာသည်။

"သခင်လေး..အိမ်မှာမရှိဘူးလို့ ပြောလိုက်တဲ့"

မျက်နှာထားတည်တည်ဖြင့်ပြောလာသည့် ခြံစောင့်ဦးလေးကြီး စကား‌ ကြောင့်နေက သဘောကျစွာရယ်သေးသည်။

"ကျေးဇူး...ဦးလေး ကျွန်တော် နောက်မှ ထပ်လာခဲ့မယ်"

နေ စကားဆုံးသည်နဲ့ ဦးသူက ကားကို ပြန့်ကွေ့မောင်းထွက်လာတော့သည်။နေ့ ကျေးဇူးတင်စကားကြောင့် ခြံစောင့်ဦးလေးကြီး ခေါင်းကုတ်ကျန်နေခဲ့သည်။ဒီကောင်လေး ဘာကိုကျေးဇူးတင်စကားဆိုသွားပါလိမ့်။

<<<<>>>>>

ညရောက်တော့ နေ အိပ်ရာထဲက မထနိုင်အောင် အဖျားကြီးတော့သည်။ဖျားချင်နေသည်ကို ဆေးလည်းမသောက်၊ချမ်းတို့ အိမ်ကအပြန်လည်း ရေ စိမ် ချိူးလိုက် သေးသည့် မို့ နေ အိပ်ရာထဲက မထနိုင်တော့။

"ဒဏ်ရာအရှိန်ကြောင့် အဖျားကြီးသွားတာပါ ..ကျွန်တော်ဆေးထိုးထားပါတယ် မကြာခင် သက်သာလာပါလိမ့်မယ် အန်တီ စိတ်မပူပါနဲ့"

မိသားစုဆရာဝန်က နေ့ ခုတင်ဘေးနား စိုးရိမ်စွာ ထိုင်နေသည့် ဒေါ်ငွေခင်ကို အပြုံးလေးဖြင့် နှစ်သိမ့်စကားဆိုသည်။သို့ပေမဲ့ ဒေါ်ငွေခင်ကတော့ ပြန်လည်မပြုံးပြနိုင်ပါ။ကိုယ်တွေ ပူခြစ်နေသည့် သားဖြစ်သူကိုသာ စိုးရိမ်တကြီးကြည့်နေသည်။လက်မောင်းက ဒဏ်ရာကရော ဘယ်လိုဖြစ်ပြီးရခဲ့တာလဲ။ဒီကလေးကတော့......။ထိုစဉ် ဒေါ်ဝါဝါညွန့်က နေ့ အခန်းထဲရောက်လာသည်။နေက အိပ်ပျော်နေသည်ဖြစ်သည်။ဒေါ်ဝါဝါညွန့် အခန်းထဲရောက်လာတော့ ဆရာဝန်က ထိုင်နေရာမှ ထက အရိုအသေပေးသည်။

"ဒေါက်တာနိုင်....ငါ့မြေး ဘာဖြစ်တာလဲ"

ဒေါ်ဝါဝါညွန့်က နေ့ ခုတင်ဘေးတွေ တင်ပါးလွှဲထိုင်ကာ နေ့ နဖူးကိုစမ်းသပ်ရင်း ဆရာဝန်အား မေးသည်။

"ရိုးရိုးဖျားတာပါ သခင်မ...ကျွန်တော် ဆေးထိုးတာမို့ မနက်ကျ အဖျားကျပါလိမ့်မယ်...သူ ဒီည နှစ်နှစ်ခြိုက်ခြိုက် အိပ်ပါစေ"

ဆရာဝန်က ပြန်ဖြေတော့ ဒေါ်ဝါဝါညွန့်ခေါင်းငြိမ့်သည်။လက်မောင်းတွင် စည်းထားသည့် ပတ်တီးထူထူကိုမြင်တော့ ဒေါ်ဝါဝါညွန့် မလုံသလို အကြည့်လွှဲမိသည်။ဒီ ဒဏ်ရာက ဘယ်လိုရလာသလဲ ဆူးငယ် အကြောင်းစုံပြောပြပြီးပြီးမို့ သူမသိပါသည်။

"ငွေခင်..ညည်း သွားအိပ်တော့လေ...ဒေါက်တာနိုင်လည်း နားလို့ရပြီ"

"ဟုတ်ကဲ့"

ဆရာဝန်က ခေါင်းငြိမ့်သည်။ည ထပ်ဖျားလာမည်စိုး၍ ဆရာဝန်က နေ့ အခန်းထဲတွင် ညစောင့် အိပ်မည်ဖြစ်သည်။

"အမေညွန့်...ကျွန်မ ဒီည နေ့ နားပဲ စောင့်အိပ်လိုက်ပါ့မယ်"

"အန်တီ အေးအေးဆေးသွားနားပါ...ကျွန်တော် ရှိပါတယ်"

ဆရာဝန်က အပြုံးဖြင့် ဝင်ပြောသည်။

"ရပါတယ်..ဒေါက်တာ ကျွန်မပါ ကူစောင့်အိပ်ပေးပါ့မယ်"

ဒေါ်ငွေခင်က ဆရာဝန်စကားကို ငြင်းဆန်သည်။ညရေးညတာ တစ်ခုခုဖြစ်မှဖြင့် နေ တို့က ဒေါက်တာကိုအားနားပြီး နှိုးမည်မဟုတ်ပေ။သူမ ကိုယ်တိုင်ဘေးနားရှိနေမှ ဖြစ်မည်။အိမ်မှာတုန်းကလို့ အခန်းထဲက အော်ခေါ်၍လည်း ရမည်မဟုတ်။

"အိပ်မှာဆိုလည်း အိပ်ပေါ့...ဒေါ်မြကို အိပ်ယာတစ်ခု ထပ်စီစဉ် ခိုင်း လိုက်မယ်...ညည်း ညစာ ရော စားပြီးပြီလား."

နေ့ အခန်းက အကျယ်ကြီးမို့ ခုတင်သုံးလုံးထပ်ထည့်ရင်တောင် နေ ရာလွတ်တွေရှိနေအုံးမည်ဖြစ်သည်။နေ companyမှာ အလုပ်သင် ဆင်းပြီးနောက်ပိုင်း နေ့ အခန်းထဲ အလုပ်နဲ့ပတ်သက်သည့် စာအုပ်တွေထားရှိသည့် စာအုပ်စဉ်ကြီး တစ်စဉ် ထပ်တိုးလာသည်။

"မဆာပါဘူး...အမေညွန့်ရယ်...စားမဝင်ဘူး"

"နည်းနည်းတော့ စားမှပေါ့...ထမင်း မစားချင်ရင် အသီးတစ်ခုခု လုပ်ခိုင်းလိုက်"

"ဟုတ်ကဲ့...အမေညွန့်"

ဒေါ်ဝါဝါညွန့်ကပြောပြီး အခန်းထဲကထွက်သွားပြီဖြစ်သည်။သားကြီး မရှိသည့် နောက်ပိုင်း သားကြီး ချစ်မြတ်နိုးသည့် ဒီအမျိူးသမီးကို သူမ သမီးအရင်းတစ်ယောက်လို သဘောထားနိုင်ရန်ကြိုးစားပါသည်။အပြောအဆို မတတ်သည်ကလွဲ စိတ်ရင်းကောင်းပြီး လိမ်မာပါးနပ်သည့် ‌ငွေခင် ဆိုသည့် အမျိူးသမီးက ယောက်ခမဖြစ်သည့် သူမက နှိမ့်ချပြောဆို ဆက်ဆံခဲ့သည်ကို ဘယ်လိုတုံ့ပြန်မှုမှ မရှိခဲ့ပေ။အငြှိုးအာဃာတ ထားခဲ့သည်လည်းမရှိ။လင်ယောကျာ်းအပေါ်ချစ်မြတ်နိုးသည့် စိတ်နဲ့ ယောက်ခမ ကို အကောင်းမြင်စိတ်မွေးကာ လေးစားနိုင်ဖို့သာ ကြိုးစားခဲ့သည်။

နောက်ဆုံးတော့ သူမ ‌ကြိုးစားမှုတွေ အရာထင်ခဲ့ပြီလေ။မေတ်တာရောင်ပြန်ဟပ်သည်ဟု ဆိုမလား။ခင်ပွန်းဖြစ်သူ မရှိတော့တာတောင် ‌သူမ ယောက်ခမဖြစ်သူရဲ့ တန်ပြန်မေတ်တာတုံ့ပြန်မှုတွေကို ရရှိခဲ့ပြီဖြစ်သည်။

<<<<<>>>>>






"သခင္မႀကီး..ပုံေတြ ရပါၿပီ"

ဂ်ိမ္းစ္က အညိဳေရာင္ စက္ကူအိတ္တစ္အိတ္ကို ေဒၚဝါဝါၫြန႔္ေရွ႕ စားပြဲေပၚတြင္ တ႐ိုတေသ လွမ္းတင္ေပးရင္း ေျပာသည္။ဖိုင္လ္တစ္ခုကို ဖတ္ၾကည့္ေနသည့္ ေဒၚဝါဝါၫြန႔္မ်က္လုံးအစုံက ထိုစာအိတ္ေပၚ အၾကည့္ေ႐ႊ႕သြားကာ လက္ထဲက ဖိုလ္ကိုအုပ္ၿပီး ေဘးခ်လိုက္သည္။သို႔ေပမဲ့ အညိဳေရာင္စာအိတ္ကို လက္မလွမ္းေပ။

"သင့္ေတာ္တဲ့ ပုံေတြ ‌ေ႐ြးၿပီး စီစဥ္လိုက္..ငါ အဲဒီအထိေတာ့ အေသးစိတ္လိုက္ေျပာစရာမလိုဘူး ထင္ပါတယ္"

ေဒၚဝါဝါၫြန႔္က မ်က္ႏွာထားတည္တည္ျဖင့္ဆိုေတာ့ ဂ်ိမ္းစ္ ေခါင္းၿငိမ့္နာခံကာ စားပြဲေပၚမွ စာအိတ္ကိုျပန္ဆြဲယူသည္။

"နားလည္ပါၿပီ..သခင္မႀကီး ကြၽန္ေတာ္ ေသခ်ာေအာင္ စီစဥ္လိုက္ပါ့မယ္"

ထိုစာအိတ္ထဲတြင္ ဟိုေန႔က ႐ိုက္ခိုင္းထားသည့္ ပုံေတြ ပါရွိသည္ျဖစ္သည္။သူမတို႔ အစီအစဥ္က မေအာင္ျမင္ဘူးလို႔ ဆိုရေပမဲ့ ဓာတ္ပုံေတြနဲ႔လည္း အဆင္ေျပပါသည္။ဒီေလာက္ဆို ေန တို႔ ႏွစ္ေယာက္ၾကား အထင္လြဲေအာင္ လုပ္လို႔ရၿပီျဖစ္သည္။

"ေကာင္းၿပီ...ဒီေန႔ ညပဲ သတင္းေတြ တက္လာတာလိုခ်င္တယ္"

"ဟုတ္ကဲ့...ကြၽန္ေတာ္ အျမန္ဆုံး စီစဥ္လိုက္ပါ့မယ္ သခင္မႀကီး"

ဂ်ိမ္းစ္ဆိုသည္ကို ေဒၚဝါဝါၫြန႔္က ေခါင္းၿငိမ့္ျပေတာ့ ဂ်ိမ္းစ္အလိုက္တသိ ေဒၚဝါဝါၫြန႔္ကို ဦးၫႊတ္ႏုတ္ဆက္ၿပီး စာအိတ္ဆြဲယူကာ အခန္းထဲက ထြက္လာသည္။ဂ်ိမ္းစ္နားေနရာ အခန္းထဲေရာက္သည္နဲ႔ အလုပ္စားပြဲတြင္ ေနရာခ်က္ခ်င္းယူကာ laptopကိုင္သည္။သူ သတင္းအတုတခ်ိဴ႕ေရးၿပီး ဒီပုံေတြ ျပန႔္သြားေအာင္ လုပ္ဖို႔လိုသည္။

"လီ ငါ့ကို ပုံလာေ႐ြးေပးအုံး"

ဂ်ိမ္းစ္က ေအာ္ေျပာေတာ့ ဂ်ိမ္းစ္အခန္းထဲခ်ိတ္ဆြဲထားသည့္ ႀကိဳးပုခက္ေပၚ တက္ကာ ဖုန္းပြတ္ေနသည့္ လီလီက ပုခက္ေပၚမွလႊာခနဲ ခုန္ဆင္းကာ ဂ်ိမ္းစ္နား ေရာက္လာသည္။လီလီက စိမ္းပုတ္ေရာင္ ကိုယ္က်ပ္ခါးတိုလက္ျပတ္နဲ႔ ေဘာင္းဘီရွည္ပြပြကို ဝတ္ဆင္ထားသည္။အရပ္ရွည္ကာ ၊ခန္ဓာကိုယ္လွလွ ပိုင္ဆိုင္ထားသည့္ လီလီက ပုရိသေယာက်ာ္းတို႔စြဲမက္ဖြယ္ ခန္ဓာကိုယ္ေလးကို ပိုင္ဆိုင္ထားေပမဲ့ မိန္းမေတာ့ဆန္မေနေပ။အေျပာင္သိမ္းကာ က်စ္ဆံၿမီးက်စ္ထားသည့္ အဝါေရာင္ဆံပင္ရွည္တို႔သည္ေတာင္ အစ္ကိုျဖစ္သူ ဂ်ိမ္းစ္က အရွည္ထားခိုင္းထား၍ ဘိုေက ျဖစ္မေနျခင္းပင္။လီလီ့အတြက္ အခန္းသပ္သပ္စီစဥ္ေပးထားေပမဲ့ လီလီကေတာ့ အစ္ကိုျဖစ္သူ ဂ်ိမ္းစ္အခန္းတြင္သာ အေနမ်ားသည္။မိဘႏွစ္ပါးလုံး ဂ်ိမ္းစ္တို႔ ေမာင္ႏွမ ငယ္ငယ္ကပင္ ေသဆုံးသြားသည္မို႔ ဂ်ိမ္းစ္က လီလီကိုအစ္ကိုလိုမ်ိဴးမိဘလိုမ်ိဴး ျပဳစုေစာင့္ေရွာက္ခဲ့ရသည္။ဂ်ိမ္းစ္သည္ သူ႔ညီမျဖစ္သူ လီလီကို အေတာ္ခ်စ္ရွာပါသည္။

လီလီက ဂ်ိမ္းစ္ထိုင္ေနသည့္ စားပြဲနားတြင္ ရပ္ကာ စာအိတ္ကို ဇိုးဇိုးဇတ္ဇတ္ဆြဲယူ ေဖာက္သည္။ဓာတ္ပုံ ေလး၊ငါး ေျခာက္ပုံ ခန႔္က စားပြဲေပၚ ျပန႔္က်ဲက်လာသည္။လီလီက ဓာတ္ပုံ တစ္ပုံခ်င္းကို ေသခ်ာၾကည့္ရင္း ႏႈတ္ခမ္းမဲ့သည္။ပုံတိုင္းက သခင္ေလးနဲ႔ဆူးငယ္ ဆိုသည့္ ကေလးလိုလို၊ေခြးလိုလို ေကာင္မေလး ပူးကပ္နမ္းရႈိက္ေနသည့္ ပုံေတြခ်ည္းျဖစ္သည္။သခင္ေလး ေနက အင္က်ီဗလာနဲ႔ျဖစ္ၿပီး ဟိုတစ္‌ေယာက္ ရင္ဘတ္ညႇပ္႐ိုးနားတစ္ဝိုက္ မ်က္ႏွာအပ္ေနသည့္ ပုံလည္း ပါသည္။႐ိုက္ခ်က္က ပီျပင္ေနကာ ပုံထြက္ေတာ္ေတာ္လွသည္။

"ႏွစ္ေယာက္စလုံး ေတာ္ေတာ္ hornyေနတာပဲ"

လီလီက လက္ထဲပုံေတြညႇပ္ကိုင္ထားကာ တစ္ပုံခ်င္း ျဖတ္ခနဲ ဆြဲဆြဲယူၾကည့္ရင္း ႏႈတ္ခမ္းမဲ့ကာ မွတ္ခ်က္ခ်သည္။လီလီ သခင္ေလး႐ုပ္ရည္ကို သူမ နည္းနည္းသေဘာက်သလို ခံစားရသည္မို႔ ဒီပုံေတြကို ၾကည့္ရတာ သူမရင္ထဲ ပန္းေတြေတာ့ပြင့္မေန။သခင္ေလးက ေဆးမိထားလို႔ ျဖစ္ေနတာ ထားပါေတာ့။ဟို တစ္ေယာက္မ်က္ႏွာထားက ဘာလို႔ အဲေလာက္ႀကီး feelျပေနရတာလဲ။

ဂ်ိမ္းစ္က ဘာမွ မေျပာဘဲ လက္ႀကီးပိုက္ၿငိမ္ေနကာ ညီမျဖစ္သူ ေ႐ြးေပးလာမည့္ ပုံကို ထိုင္ေစာင့္သည္။

"ျမန္ျမန္ေ႐ြး လီ..ငါ ဒီည အမွီ သတင္းေရးေပးရမယ္"

"ငါေသခ်ာေ႐ြးေပးေနတာေလ နင္ ေစာင့္ေပါ့..ငါ ေျပာမယ္ ပုံက သခင္ေလး ဂုဏ္သတင္း မက်ဆင္းေစမဲ့ပုံ၊ၿပီးေတာ့ အဲဂ်ပုမနဲ႔ dateေနတဲ့ ပုံစံေလာက္ဆိုေတာ္ေရာေပါ့ ...နင္ ႐ိုက္ထားတဲ့ ပုံေတြက ထန္ လြန္းတယ္"

"သူတို႔ ျဖစ္ေနတုန္း ငါ ခိုး႐ိုက္ရတာေလ...မတတ္ႏိုင္ဘူး"

"နင္က ငတုံးပဲ ဂ်ိမ္းစ္"

လီလီက ဂ်ိမ္းစ္ကိုမေက်မနပ္ေျပာဆိုၿပီးမွ ပုံႏွစ္ပုံကို ဂ်ိမ္းစ္ေရွ႕ပစ္ခ်သည္။တစ္ပုံက ဆူးငယ္ ေန႔ ေဘာင္းဘီအိတ္ကပ္ထဲ ဖုန္းျပန္ထည့္ေပးေနသည့္ ပုံျဖစ္ၿပီး တစ္ပုံက ႏွစ္ေယာက္သား ဖက္တြယ္ နမ္းရႈိက္ေနသည့္ ပုံျဖစ္သည္။နမ္း ေနသည့္ပုံက ‌ေန႔ ေနာက္ေက်ာဘက္မွ ႐ိုက္ထားသည့္ ပုံျဖစ္သည္မို႔ နမ္းေနသည္ဟု သတ္မွတ္ႏိုင္႐ုံပင္ ျဖစ္သည္။

"ႏွစ္ပုံပဲလား"

"ႏွစ္ပုံ‌ပဲေပါ့..dating newေရးမွာေနာ္ bro..အျပာကား ေၾကာ္ျငာမွာ မဟုတ္ဘူး"

လီလီက ဂ်ိမ္းစ္ကို မ်က္ေစာင္း႐ြယ္ေျပာၿပီးမွ ဂ်ိမ္းစ္အိတ္ကပ္ထဲက စီးကရက္ဘူးကို ျဖတ္ခနဲဆြဲယူ ထြက္သြားသည္။

"လီ!..ေဆးလိပ္ ေလွ်ာ့ေသာက္စမ္း!..က်န္းမာေရးအတြက္မေကာင္းဘူး"

ဂ်ိမ္းစ္က ထြက္သြားသည့္ လီလီ့ကို လွည့္ၾကည့္ကာ ေအာ္ေျပာသည္။

"Yes sir!!"

လီလီက စီးကရက္တစ္လိပ္ကိုမီးညႇိ႔ကာပါးစပ္ေတ့ထားရင္းမွ ေျပာင္ေခ်ာ္ေခ်ာ္ျပန္ေအာ္သည္။ဂ်ိမ္းစ္ ညီမျဖစ္သူကို မႏိုင္သလို လႊတ္ထားလိုက္ၿပီး လက္ေတာ့ပ္ထံတြင္သာ အာ႐ုံစိုက္လိုက္ေတာ့သည္။

<<<<>>>>>

"ဟုတ္ကဲ့...စိတ္ခ်ေနပါ သခင္မႀကီး... ကြၽန္ေတာ္နဲ႔အတူ ရွိေနပါတယ္"

တစ္ဖက္မွ ေဒၚဝါဝါၫြန႔္ စကားကို နားေထာင္ရင္း ဦးသူ စိတ္ခ်ရန္ဆိုသည္။သခင္ေလး ေန အေျခအေနကို စိတ္ပူ၍ သခင္မႀကီးက သူ႔ကို အဆက္အသြယ္လုပ္လာျခင္းျဖစ္သည္။

"သခင္ေလးက အခု အိပ္ေပ်ာ္ေနပါတယ္"

"......."

"ဟုတ္ကဲ့...သခင္ေလးႏိုးလာတာနဲ႔ အိမ္ေတာ္ကို ခ်က္ခ်င္းျပန္လာခဲ့လိုက္ပါ့မယ္"

ေဒၚဝါဝါၫြန႔္က မွာၾကားစရာ အကုန္မွာၾကားၿပီးသည္နဲ႔ ဖုန္းခ်သြားသည္။ေနာက္ေက်ာဘက္မွ လႈပ္ရွားသံ သဲ့သဲ့ၾကားသည္မို႔ ဦးသူ ဖုန္းေျပာၿပီးသည္နဲ႔ ေန႔ ဘက္ ခ်က္ခ်င္းလွည့္လာသည္။

"သခင္ေလး...သက္သာရဲ႕လား"

ေန ႏိုးလာသည့္ အခ်ိန္တြင္ေတာ့ ေနာက္ေန႔ ေန႔ခင္း ဆယ္နာရီခန႔္ပင္ ရွိေနၿပီျဖစ္သည္။ဒဏ္ရာ ရထားသည့္ လက္ေမာင္းတစ္ဖက္က ေဆးထည့္ထားသည္ဆိုေပမဲ့ ေန နာက်င္ကိုက္ခဲမႈကို ခံစားရသည္။

"သက္သာတယ္...ဦးသူ ကြၽန္ေတာ္ သြားစရာရွိတယ္"

ေန က လူနာခုတင္ေပၚမွခ်က္ခ်င္းထဆင္းလာကာ ဆိုဖာေပၚတြင္ အသင့္ေတြ႕သည္ဂ်ာကင္ တစ္ထည္ကို ေကာက္ယူထပ္ဝတ္သည္။ေန႔ ကိုယ္ေပၚတြင္ ညက ဦးသူဝတ္ေပးထားသည့္ ခဲေရာင္ တီရွပ္တစ္ထည္ဝတ္ထားသည္ျဖစ္သည္။

"ဦးသူ ဂ်ာကင္ထင္တယ္...ကြၽန္ေတာ္ ခဏ ဝတ္သြားမယ္"

ဦးသူက တစ္ခါတစ္ေလ အားလပ္ရက္တိုင္း ဝတ္ရည္အိမ္ကို ေရာက္ေရာက္လာတတ္သည္မို႔ ဝတ္ရည္ အိမ္တြင္ ဦးသူ အဝတ္အစား တခ်ိဴ႕ ရွိသည္ျဖစ္သည္။ေန႔ မ်က္ႏွာက ဒဏ္ရာအရွိန္ေၾကာင့္ထင္ ျဖဴေဖ်ာ့ေဖ်ာ့ျဖစ္ေနသည္။တစ္ကိုယ္လုံး အပူေငြ႕ေတြ ဟပ္ေနသည္ကို ခံစားရသည္မို႔ ေန ကိုယ့္ကိုယ္ကို ဖ်ားေတာ့မည္မွန္းသိသည္။သို႔ေပမဲ့ သူ ခ်မ္း အနား ဒီေန႔သြားမွျဖစ္မည္။ညက သူမွားခဲ့သည့္အမွားအတြက္ ခ်မ္း ကို ဝန္ခံေတာင္းပန္ခ်င္သည္။ေဆးခပ္ခံရသည္ ဆိုအုံးေတာ့ သူ ခ်မ္း မဟုတ္တဲ့တျခားတစ္ေယာက္နဲ႔ ေပြ႕ဖက္နမ္း၍ လြန္က်ဴးမိမတတ္ျဖစ္ခဲ့သည္။ေန စိတ္ထဲမလုံသလို ခံစားရသည္။သူ ခ်မ္းကိုေျပာထားသည့္အတိုင္း ခ်မ္းအေပၚ သစ္စာေစာင့္သိခ်င္သည္။

"သခင္ေလး...သခင္မႀကီးက ခုခ်က္ခ်င္း အိမ္ေတာ္ျပန္လာဖို႔ အေၾကာင္းၾကားထားပါတယ္"

"ကြၽန္ေတာ္ သြားစရာရွိေသးတယ္"

ေနက ထိုမွ်ပင္ေျပာၿပီး အိမ္ေရွ႕ခန္းတြင္ ေတြ႕ရသည္ ေဘလ္စင္တြင္ကုန္းကာ မ်က္ႏွာသစ္ ပလုတ္က်င္းသည္။

"လူနာ ေကာင္ေလး...ႏိုးလာၿပီလား...."

ထိုစဥ္ ဝတ္ရည္က ျမန္မာဝတ္စုံေပၚမွ ဂ်ဴတီကုတ္ထပ္ဝတ္ကာ အတြင္းခန္းထဲက ထြက္လာသည္။သူမ လက္တစ္ဖက္တြင္ေတာ့ ခပ္ႀကီးႀကီး လက္ကိုင္အိတ္တစ္လုံးကို ဆြဲထားလ်က္။သူမ ေဆး႐ုံသြားေတာ့မည့္ဟန္ေပၚသည္။ေဘလ္စင္ေတြ မ်က္ႏွာကုန္းသစ္ေနသည့္ ေန႔ကို ျမင္ေတာ့ ႏႈတ္ဆက္စကားဆိုသည္။

"ဟုတ္ကဲ့..ေဒါက္တာ"

ေန ပလုတ္က်င္းေနသည့္ေရကို အျမန္ေထြးခ်ရင္း ေခါင္းၿငိမ့္ ေျပာလိုက္သည္။ဝတ္ရည္က ေန႔ကိုၿပဳံးျပၿပီးမွ ဦးသူဘက္မ်က္ႏွာလွည့္သည္။

"ရွင္တို႔ႏွစ္ေယာက္အတြက္ စားပြဲေပၚမွာ မနက္စာ စီစဥ္ေပးခဲ့တယ္...မနက္စာ စားၿပီး ေကာင္ေလးကို ေဆးတိုက္လိုက္အုံး ေဆးလည္း စားပြဲေပၚမွတင္ထားတယ္...အဲဒါမွ မသက္သာေသးရင္ ညက် ေဆးတစ္ေခါက္ထပ္လာထိုးလွည့္...ၿပီးေတာ့ ရွင္ျပန္ရင္ ၿခံတံခါး ေသာ့ခတ္ခဲ့ဖို႔ မေမ့နဲ႔အုံး"

ဦးသူကို အကုန္မွာၾကားၿပီးသည္နဲ႔ သူမက အိမ္ေရွ႕ရပ္ထားသည့္ သူမ ကားအနက္ေလးေပၚတက္ကာ ေမာင္းထြက္သြားေလေတာ့သည္။ဦးသူက သူမ ထြက္သြားသည္ အထိ တေမ့တေမာ ရပ္ၾကည့္က်န္ခဲ့သည္။ဒီအမ်ိဴးသမီးက ဂ်ဴတီကုတ္နဲ႔ဆို ပိုမိုခန႔္ညာၿပီး က်က္သေရ ရွိလွသည္။

"ဦးသူ ေကာင္မေလးလား"

ဦးသူက အသက္ေလးဆယ္ခန႔္ရွိေနၿပီဆိုေပမဲ့ ႏွစ္ဆယ္ေက်ာ္ သုံးဆယ္နီးပါးအ႐ြယ္လို အ႐ြယ္တင္ၿပီး ခန႔္ညားသည္။ေနက မ်က္ႏွာေပၚမွ ေရစက္ေတြကို သပ္ခ်ရင္းမွ ေမးသည္။ေန႔ အေမးေၾကာင့္ ဦးသူ နား႐ြက္ႏွစ္ဖက္ပူလာသလို ခံစားရသည္။

"မဟုတ္ပါဘူး သခင္ေလး...ကြၽန္ေတာ့္ မိတ္ေဆြ...‌ကြၽန္ေတာ့္မိတ္ေဆြေဟာင္းပါ"

ဦးသူက ေန႔ကို ေခါင္းၫြတ္ၿပီး အလ်င္အျမန္ျပန္ေျဖသည္။ေနက ဘာမွဆက္မေျပာေတာ့ပဲ ခြၽတ္ထားသည့္ ဖိနပ္ကို ေကာက္စီးသည္။

"သခင္ေလး....သခင္မႀကီးက......."

ဦးသူက ေန ထြက္သြားေတာ့မည္ကို ျမင္လွ်င္ တားျမစ္စကားဆိုလာဟန္ျပင္ၿပီးမွ ရပ္တန႔္သည္။

"သခင္ေလး လက္ေမာင္းမွာ ဒဏ္ရာနဲ႔...ကား ကိုယ္တိုင္ ေမာင္းလို႔ မျဖစ္ပါဘူး...ကြၽန္ေတာ္လိုက္ပို႔ပါ့မယ္...ဒါေပမဲ့ မသြားခင္ မနက္စာစားၿပီး ေဆးေသာက္သင့္ပါတယ္ သခင္ေလး"

"ရတယ္...ဦးသူ ကြၽန္ေတာ္ ဘာမွမျဖစ္ဘူး...အခုပဲ သြားရေအာင္"

ေနက ေျပာၿပီး ေရွ႕ကထြက္သည္မို႔ ဦးသူ ဖိနပ္အျမန္စီးကာ ေနာက္က အေျပးလိုက္လာရသည္။

ကားေလးက ခ်မ္းတို႔ ၿခံဝန္းက်ယ္ႀကီးေရွ႕ရပ္တန႔္သြားသည္။ဦးသူ ကား ဟြန္းကို ႏွစ္ခ်က္သုံးခ်က္ တီးလိုက္ေတာ့ ၿခံေစာင့္ျဖစ္ဟန္တူသည့္ လူႀကီးတစ္ေယာက္က ၿခံတံခါးဖြင့္ကာ ေန႔တို႔ကား နား ေလွ်ာက္လာသည္။ဦးသူက ကားမွန္ကို အလိုက္တသိခ်လိုက္သည္။

"ဘယ္သူနဲ႔ေတြ႕ခ်င္လို႔လဲ"

ေဒၚေမမီရဲ႕ အလုပ္သမားပီသစြာ မ်က္ႏွာထားမာမာနဲ႔ပင္ ကားျပတင္းကေန ကားထဲကို ငုံ႔ၾကည့္ေမးလာသည္။

"ကြၽန္ေတာ္က ခ်မ္းရဲ႕အမ်ိဴးသားပါ..
သူ႔ကိုလာေတြ႕တာ"

ေန‌က ေအးေအးေဆးေဆးပင္ တုံ႔ျပန္ဆိုလိုက္သည္။ထိုလူႀကီး မ်က္ေမွာင္က်ဴံ႕သြားသည္ကို ျမင္ရသည္။

"ခဏေစာင့္ေပးပါ.."

ထိုသို႔ေျပာၿပီး ၿခံထဲျပန္ဝင္သြားသည္။ၿပီးသည္နဲ႔ ၿခံေထာင့္က ဆက္သြယ္ေရးကိရိယာျဖင့္ အိမ္ထဲ လွမ္းအေၾကာင္းၾကားေနပုံရသည္။ေန စိတ္မရွည္ျဖစ္လာကာ ဖုန္းထုတ္ၿပီး ခ်မ္း ကိုဖုန္းေခၚလိုက္သည္။ခ်က္ခ်င္းပင္ ခ်မ္းက ဖုန္းကိုင္လာသည္။

"ေမာင္.."

ဖုန္းထဲမွ ခ်မ္း ေခၚသံေလးကိုၾကားရသည္။

"ေဘဘီ..ေမာင္ ေဘဘီတို႔ အိမ္ေရွ႕ေရာက္ေနတယ္ ခဏေလာက္ ေတြ႕လို႔ရမလား"

ေန ကဆင္းခဲ့ လို႔မေျပာဘဲ ေတြ႕လို႔ရမလားဟု ခ်မ္းဘက္ကို စဥ္းစဥ္းစားစားေတြးေပးကာ ေျပာသည္။ခ်မ္း ဘက္က ေတြ႕ဖို႔အဆင္မေျပျဖစ္ေနလွ်င္ သူ႔ေၾကာင့္ ခ်မ္း အခက္အခဲျဖစ္မွာမလိုလားေပ။ေန႔ စကားေၾကာင့္ ပါးေလးတစ္ဖက္ေဖာင္းေအာင္ စပ်စ္သီးအလုံးလိုက္ ပါးစပ္ထဲ ငုံထားသည့္ ခ်မ္း မ်က္လုံးေလးျပဴးသည္။မာမီ အိမ္မွာရွိတယ္ေလ။ေမာင့္ကို ေတြ႕သြားရင္ ထပ္ၿပီး စကားမ်ားၾကျပန္ေတာ့မွာပဲ။ဟိုတစ္ခါ ေမာင္နဲ႔ မာမီ မ်က္ႏွာခ်င္းဆိုင္ အၾကည့္စူးစူးေတြနဲ႔ စကားမ်ားၿပီးကတည္းက ခ်မ္း ေမာင္နဲ႔မာမီ မ်က္ႏွာခ်င္းဆိုင္ ေတြ႕မွာ ေၾကာက္ေနတာျဖစ္သည္။သူခ်စ္ရတဲ့သူ ႏွစ္ေယာက္ သူနဲ႔ပတ္သက္ၿပီး စကားမ်ားရန္ျဖစ္သည္ကို ခ်မ္း တကယ္မလိုလားေပ။

"ေမာင္...မာမီ အိမ္မွာရွိတယ္..ေနာက္ေန႔..ေနာက္ေန႔မွ ေတြ႕ရေအာင္ေနာ္"

"အင္း....ဒါဆို ေဘဘီ ညဘက္ ခိုးထြက္လာရလား...ေမာင္ ညက်ထပ္လာခဲ့မယ္..."

ခ်မ္း စဥ္းစားသလို ခဏေလးၿငိမ္သည္။ခုရက္ပိုင္း မာမီ ညဘက္ေတြ ေစာေစာအိပ္ရာဝင္တတ္သည္ကို ေတြ႕ရသည္မို႔ ‌ခ်မ္း ေမာင့္စကားကို လက္ခံလိုက္သည္။ခိုးေတြ႕မွ ေမာင္နဲ႔ အၾကာႀကီးေတြ႕ခြင့္ရသည္ မဟုတ္လား။

"ဟုတ္ ေမာင္..
အဲဒါဆို ညမွေတြ႕ရေအာင္"

"အင္း...ခ်စ္တယ္"

ေန ခ်စ္စကားၾကားေတာ့ ခ်မ္း ေက်နပ္သေဘာက်စြာ ၿပဳံးၿပဳံးေလးျဖစ္သည္။ေန ဖုန္းေျပာၿပီးမွ ၿခံေစာင့္ဦးေလးႀကီးက ေန တို႔ကားနားျပန္ေလွ်ာက္လာသည္။

"သခင္ေလး..အိမ္မွာမရွိဘူးလို႔ ေျပာလိုက္တဲ့"

မ်က္ႏွာထားတည္တည္ျဖင့္ေျပာလာသည့္ ၿခံေစာင့္ဦးေလးႀကီး စကား‌ ေၾကာင့္ေနက သေဘာက်စြာရယ္ေသးသည္။

"ေက်းဇူး...ဦးေလး ကြၽန္ေတာ္ ေနာက္မွ ထပ္လာခဲ့မယ္"

ေန စကားဆုံးသည္နဲ႔ ဦးသူက ကားကို ျပန႔္ေကြ႕ေမာင္းထြက္လာေတာ့သည္။ေန႔ ေက်းဇူးတင္စကားေၾကာင့္ ၿခံေစာင့္ဦးေလးႀကီး ေခါင္းကုတ္က်န္ေနခဲ့သည္။ဒီေကာင္ေလး ဘာကိုေက်းဇူးတင္စကားဆိုသြားပါလိမ့္။

<<<<>>>>>

ညေရာက္ေတာ့ ေန အိပ္ရာထဲက မထႏိုင္ေအာင္ အဖ်ားႀကီးေတာ့သည္။ဖ်ားခ်င္ေနသည္ကို ေဆးလည္းမေသာက္၊ခ်မ္းတို႔ အိမ္ကအျပန္လည္း ေရ စိမ္ ခ်ိဴးလိုက္ ေသးသည့္ မို႔ ေန အိပ္ရာထဲက မထႏိုင္ေတာ့။

"ဒဏ္ရာအရွိန္ေၾကာင့္ အဖ်ားႀကီးသြားတာပါ ..ကြၽန္ေတာ္ေဆးထိုးထားပါတယ္ မၾကာခင္ သက္သာလာပါလိမ့္မယ္ အန္တီ စိတ္မပူပါနဲ႔"

မိသားစုဆရာဝန္က ေန႔ ခုတင္ေဘးနား စိုးရိမ္စြာ ထိုင္ေနသည့္ ေဒၚေငြခင္ကို အၿပဳံးေလးျဖင့္ ႏွစ္သိမ့္စကားဆိုသည္။သို႔ေပမဲ့ ေဒၚေငြခင္ကေတာ့ ျပန္လည္မၿပဳံးျပႏိုင္ပါ။ကိုယ္ေတြ ပူျခစ္ေနသည့္ သားျဖစ္သူကိုသာ စိုးရိမ္တႀကီးၾကည့္ေနသည္။လက္ေမာင္းက ဒဏ္ရာကေရာ ဘယ္လိုျဖစ္ၿပီးရခဲ့တာလဲ။ဒီကေလးကေတာ့......။ထိုစဥ္ ေဒၚဝါဝါၫြန႔္က ေန႔ အခန္းထဲေရာက္လာသည္။ေနက အိပ္ေပ်ာ္ေနသည္ျဖစ္သည္။ေဒၚဝါဝါၫြန႔္ အခန္းထဲေရာက္လာေတာ့ ဆရာဝန္က ထိုင္ေနရာမွ ထက အ႐ိုအေသေပးသည္။

"ေဒါက္တာႏိုင္....ငါ့ေျမး ဘာျဖစ္တာလဲ"

ေဒၚဝါဝါၫြန႔္က ေန႔ ခုတင္ေဘးေတြ တင္ပါးလႊဲထိုင္ကာ ေန႔ နဖူးကိုစမ္းသပ္ရင္း ဆရာဝန္အား ေမးသည္။

"႐ိုး႐ိုးဖ်ားတာပါ သခင္မ...ကြၽန္ေတာ္ ေဆးထိုးတာမို႔ မနက္က် အဖ်ားက်ပါလိမ့္မယ္...သူ ဒီည ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ပါေစ"

ဆရာဝန္က ျပန္ေျဖေတာ့ ေဒၚဝါဝါၫြန႔္ေခါင္းၿငိမ့္သည္။လက္ေမာင္းတြင္ စည္းထားသည့္ ပတ္တီးထူထူကိုျမင္ေတာ့ ေဒၚဝါဝါၫြန႔္ မလုံသလို အၾကည့္လႊဲမိသည္။ဒီ ဒဏ္ရာက ဘယ္လိုရလာသလဲ ဆူးငယ္ အေၾကာင္းစုံေျပာျပၿပီးၿပီးမို႔ သူမသိပါသည္။

"ေငြခင္..ညည္း သြားအိပ္ေတာ့ေလ...ေဒါက္တာႏိုင္လည္း နားလို႔ရၿပီ"

"ဟုတ္ကဲ့"

ဆရာဝန္က ေခါင္းၿငိမ့္သည္။ည ထပ္ဖ်ားလာမည္စိုး၍ ဆရာဝန္က ေန႔ အခန္းထဲတြင္ ညေစာင့္ အိပ္မည္ျဖစ္သည္။

"အေမၫြန႔္...ကြၽန္မ ဒီည ေန႔ နားပဲ ေစာင့္အိပ္လိုက္ပါ့မယ္"

"အန္တီ ေအးေအးေဆးသြားနားပါ...ကြၽန္ေတာ္ ရွိပါတယ္"

ဆရာဝန္က အၿပဳံးျဖင့္ ဝင္ေျပာသည္။

"ရပါတယ္..ေဒါက္တာ ကြၽန္မပါ ကူေစာင့္အိပ္ေပးပါ့မယ္"

ေဒၚေငြခင္က ဆရာဝန္စကားကို ျငင္းဆန္သည္။ညေရးညတာ တစ္ခုခုျဖစ္မွျဖင့္ ေန တို႔က ေဒါက္တာကိုအားနားၿပီး ႏႈိးမည္မဟုတ္ေပ။သူမ ကိုယ္တိုင္ေဘးနားရွိေနမွ ျဖစ္မည္။အိမ္မွာတုန္းကလို႔ အခန္းထဲက ေအာ္ေခၚ၍လည္း ရမည္မဟုတ္။

"အိပ္မွာဆိုလည္း အိပ္ေပါ့...ေဒၚျမကို အိပ္ယာတစ္ခု ထပ္စီစဥ္ ခိုင္း လိုက္မယ္...ညည္း ညစာ ေရာ စားၿပီးၿပီလား."

ေန႔ အခန္းက အက်ယ္ႀကီးမို႔ ခုတင္သုံးလုံးထပ္ထည့္ရင္ေတာင္ ေန ရာလြတ္ေတြရွိေနအုံးမည္ျဖစ္သည္။ေန companyမွာ အလုပ္သင္ ဆင္းၿပီးေနာက္ပိုင္း ေန႔ အခန္းထဲ အလုပ္နဲ႔ပတ္သက္သည့္ စာအုပ္ေတြထားရွိသည့္ စာအုပ္စဥ္ႀကီး တစ္စဥ္ ထပ္တိုးလာသည္။

"မဆာပါဘူး...အေမၫြန႔္ရယ္...စားမဝင္ဘူး"

"နည္းနည္းေတာ့ စားမွေပါ့...ထမင္း မစားခ်င္ရင္ အသီးတစ္ခုခု လုပ္ခိုင္းလိုက္"

"ဟုတ္ကဲ့...အေမၫြန႔္"

ေဒၚဝါဝါၫြန႔္ကေျပာၿပီး အခန္းထဲကထြက္သြားၿပီျဖစ္သည္။သားႀကီး မရွိသည့္ ေနာက္ပိုင္း သားႀကီး ခ်စ္ျမတ္ႏိုးသည့္ ဒီအမ်ိဴးသမီးကို သူမ သမီးအရင္းတစ္ေယာက္လို သေဘာထားႏိုင္ရန္ႀကိဳးစားပါသည္။အေျပာအဆို မတတ္သည္ကလြဲ စိတ္ရင္းေကာင္းၿပီး လိမ္မာပါးနပ္သည့္ ‌ေငြခင္ ဆိုသည့္ အမ်ိဴးသမီးက ေယာက္ခမျဖစ္သည့္ သူမက ႏွိမ့္ခ်ေျပာဆို ဆက္ဆံခဲ့သည္ကို ဘယ္လိုတုံ႔ျပန္မႈမွ မရွိခဲ့ေပ။အျငႇိဳးအာဃာတ ထားခဲ့သည္လည္းမရွိ။လင္ေယာက်ာ္းအေပၚခ်စ္ျမတ္ႏိုးသည့္ စိတ္နဲ႔ ေယာက္ခမ ကို အေကာင္းျမင္စိတ္ေမြးကာ ေလးစားႏိုင္ဖို႔သာ ႀကိဳးစားခဲ့သည္။

ေနာက္ဆုံးေတာ့ သူမ ‌ႀကိဳးစားမႈေတြ အရာထင္ခဲ့ၿပီေလ။ေမတ္တာေရာင္ျပန္ဟပ္သည္ဟု ဆိုမလား။ခင္ပြန္းျဖစ္သူ မရွိေတာ့တာေတာင္ ‌သူမ ေယာက္ခမျဖစ္သူရဲ႕ တန္ျပန္ေမတ္တာတုံ႔ျပန္မႈေတြကို ရရွိခဲ့ၿပီျဖစ္သည္။

<<<<<>>>>>
















Continue Reading

You'll Also Like

441K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
18.8K 1.3K 44
The contents of this story are written only with the writer's thoughts and ideas, and do not want to hurt or insult any person or society. Started da...
415K 27.3K 36
မင်းအပြုံးလေးဖြစ်ဖို့ လေပြေလိုအေးချမ်းပေးမယ် မင်းမျက်ရည်ကျခဲ့ရင်တော့ ကိုယ်ကလေပွေလို အသက်ပါနှုတ်မယ့်ကောင်ပဲ ကလေး #လေနက္ခတ်ရိုင်း အခြားလူတွေအတွတ် လေပွ...
1.2M 83.4K 71
နှုန်းဟာ အန္တရာယ်များတဲ့ သက်ရှိအနုပညာလေးပဲ တို့မိ၊ထိမိလိုက်တာနဲ့ ဘဝတစ်ခုလုံး ပုံအပ်ချင်မိလောက်တဲ့အထိ ဆွဲအားကြီးတယ်...။ ****************************...