Dream

By livy96

24 10 0

Just a dream... More

Part 1
Part 2
###

Part 3 (Final)

7 3 0
By livy96

"ကဲ ရောက်ပါပီ"

သူမအတွေးတွေကို လက်စသတ်လိုက်ပီး ထိုလူရဲ့စကားကို အသိမှတ်ပြုသည့်ပမာ
ခေါင်းငြိမ့်ပြလိုက်သည်

နောက်တော့ သူမမျက်စိရှေ့မှာတွေ့လိုက်ရတဲ့
မြင်ကွင်းဟာ မယုံနိုင်စရာကောင်းလှသည်
သူမ ကိုယ့်မျက်စိကိုယ်တောင် မယုံနိုင်လောက်အောင် လှသည်
ထိုနေရာသည် အရမ်းလှသည်.......

ကစားကွင်းထဲတွင် ရယ်သံအချို့ဟာ
လွှင့်ပြန့်နေခဲ့သည်
သြရှရှ ရယ်သံတစ်ချို့နဲ့
ကောင်မလေးတစ်ယောက်ရဲ့ ရယ်သံပေါ့......
ထိုကောင်လေးဟာ သူ့ရဲ့အဖြူလုံးလေးကို တစ်စိမ့်စိမ့် ကြည့်နေခဲ့တယ်ဆိုတာတော့ ဘယ်သူမှမသိခဲ့ပါ.......

ထိုလူခေါ်ဆောင်ရာနောက်ကို လိုက်ပီး ကစားစရာတွေတစ်ခုပီးတစ်ခု ဆော့ခဲ့ ကစားခဲ့သည် ထိုလူနှင့် အတူတူ အခုလိုနေနေရသည်မှာ ပျော်စရာကောင်းလှသည်
နောက်တော့ ထိုလူက

"ဟို rollercoaster သွားစီးရအောင် အချိန်လဲမနည်းတော့ဘူး ပီးရင်ပြန်ရအောင်နော်"

"ဟုတ် သွားစီးကျမယ်လေ"

သူမ မနိုးထချင်တော့ပါ ထိုလူနဲ့အတူ အချိန်လေးနည်းနည်းလောက် ပိုနေချင်သေးသည်
သူမ နည်းနည်းလောက် လောဘတက်မိသည် ထိုလူအပေါ်ကိုပေါ့..........

ရုတ်တရက် ထိပ်ဆုံးနေရာမှာ သူမတို့ စီးနေတဲ့ rollercoaster ဟာလေးဟာ ရပ်သွားခဲ့တယ် ပီးနောက် ထိုလူဟာ

"အခုလိုလေးခနနေရအောင် အပေါ်ကနေ
ကြည့်ရင် view ကအရမ်းလှတာ တွေ့လား"

ခနတာငြိမ်သက်သွားတဲ့အခိုက်အတန့်.......
ထိုလူကိုသူမကြည့်လိုက်မိသည့်
ချောလိုက်ဟာ လူတစ်တစ်ယောက်ကအဲ့လောက်ချောဖို့လိုလို့လား
သူမ သူ့အနားကိုတိုးထိုင်လိုက်မိသည်တဖြည်းဖြည်းပိုတိုးလာသည့်
လိုချင်တပ်မက်မှု........
လိုချင်သည် ထိုလူကို သူမအပိုင်အဖြစ် တံဆိပ်ခတ်ထားလိုက်ချင်သည်
သူမ အရမ်းလောဘကြီးနေမိပီလား

တွေရတာ တစ်နေ့တောင်မပြည့်သေးတဲ့လူအပေါ် သူမဟာ ရူးသွပ်နေမိပီ သူမ ကိုယ်ဟာကိုယ်သိပင်မယ့် ခံစားချက်တွေကို ထိန်ထားလို့မရခဲ့ပါ ဒါဟာ အိမ်မက်ဘဲမလား.........

ထိုလူရဲ့ပါးပြင်ကိုကြည့်ပီး နမ်းရှိုက်ချင်လာတာကြောင့် ထိုလူရဲ့ပါးပြင်အနားကို သူမရဲ့နှုတ်ခမ်းသားဟာ နီးကပ်သွားခဲ့တယ်

ရုတ်တရက် ထိုလူဟာ သူမဘက်ကိုလှည့်ကြည့်လာခဲ့တယ်

"ကိုယ့်ကို ခိုးနမ်းမလိုပေါ့လေ လူလည်မလေး
နမ်းတယ်ဆိုတာ ကိုယ့်ဘက်ကအရင် စရမဲ့ ကိစ္စပါ"

အားးးးး
လုံလောက်သည် သူမရူးသွားဖို့လုံလောက်သည် ထိုလူအခုလုပ်လိုက်တဲ့လုပ်ရပ်ဟာ သူမကို ထိုလူ့အပေါ် ပိုပီးဒူးထောက်ခစားစေဖို့ လုံလောက်သည်

ထိုလူ သူမကို နမ်းလိုက်သည် သူမရဲ့လည်ပင်းကိုပေါ့ နောက်တော့ သူမရဲ့ပါးပြင်
ပျော်လိုက်တာ အရမ်းကိုပျော်သည်
ထိုလူသားဆီက အနမ်းမိုးတွေရနေသည့်မို့ ပျော်သည် ပျော်လွန်းလို့ကို ကမ္ဘာ့အပြင်ဘက်ကိုထွက်ပြေးချင်စိတ်တောင်ပေါက်မိပါသည်
သူမ မသိလိုက်သည်က ထိုအပျော်များသည်
စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်တော့မည်
ဆိုတာကိုပေါ့.......

ထိုအနမ်းများဟာ ရပ်တန့်သွားပီး ထွက်လာတဲ့စကားသံအချို့

"ဟာ အချိန်တောင် တော်တော်လွန်နေပီ
ကိုယ်တောင်းပန်ပါတယ်နော် ကလေးလေး"

သူမနားမလည်ပါ ထိုလူ ဘာကိုပြောနေတာလဲအချိန်လွန်နေပီဆိုတာကရောဘာလဲ
သူမ မေးချိန်တောင်မရလိုက်ပါ......

ရုတ်တရက် တွန်းထုတ်လိုက်တဲ့လက်တစ်စုံ နဲ့ အောက်သို့ ပြုတ်ကျနေသော ခန္ဓာကိုယ်လေးတစ်ခု

အခု.....
ထိုလူက သူမကိုတွန်းချလိုက်တာလား

"ကိုယ်တောင်းပန်ပါတယ် ကလေးလေး
ကိုယ်မင်းကိုလာပြန်ရှာမှာမို့ စောင့်နေပေးပါ
သေချာပေါက်ကို မင်းကိုလာခေါ်မှာမို့ ကျေးဇူးပြုပီး စောင့်နေပေးပါ"

ထိုလူကို ကြည့်ရတာ သေချာပေါက်ကို သူမကိုလာခေါ်မည့်ပုံစံဖြစ်နေတာကြောင့် သူမခေါင်းငြိမ့်လိုက်မိသည်
အဟက်.....
သူမရူးနေပီ အခုလေးတင်ဘဲ သူမကို
အမြင့်ကနေ တွန်းချလိုက်တဲ့သူကို
သူမ ယုံမိနေတုန်း......
သူမ မျက်လုံးတွေကို ပိတ်ချလိုက်ပီး

*စောင့်နေမယ် စောင့်နေမှာမို့ ခဗျားသာ မြန်မြန်လာခဲ့ပါ*

____________________________________

သူမနိုးလာချိန်မှာ သူမဟာ သူမရဲ့ အိပ်ယာပေါ်မှာ အိမ်မက်ထဲကလို မြေပြင်နဲ့သူမဟာ မိတ်ဆက်မသွားခဲ့ပါ သူမမျက်လုံးကို သူမစမ်းကြည့်မိတော့ မျက်ရည်အချို့ဟာ သူမမျက်လုံးအိမ်ထဲကနေ
စိမ့်ထွက်နေပါရောလား
သူမရဲ့ မျက်ရည်တွေကို လက်ဖမိုးဖြင့်
သူမသုတ်လိုက်တယ်

ဒီအိမ်မက် သူမထပ်မက်ပြန်ပီ သူမအသက် 12 နှစ်မှာ စပီးမက်ခဲ့တဲ့ အိမ်မက်ဟာ 5နှစ်တောင်ရှိသွားခဲ့ပီ ဒီအိမ်မက်ကိုဘဲ
ထပ်ကာတလဲလဲ မက်နေခဲ့တယ်
အခုသူမအသက် 17 ပြည့်တော့မည်

ထိုအိမ်မက် မက်ပီး 1နှစ်လောက်အကြာမှာ ဖွားဖွားဟာ heart attack ဖြင့်ဆုံးပါးသွားခဲ့တယ် ထိုအချိန်တွေဟာ သူမအတွက် အခက်အခဲဆုံးအချိန်တွေဖြစ်ခဲ့တာပေါ့

ထိုလူဟာ သူမကို အခုထိနှောင့်ယှက်နေတုန်းပါဘဲ အရင်ကလိုတော့ အဲ့အိမ်မက်ကို
မက်တာ ရက်မစိမ့်တော့ပင်မယ့် သူမ မေ့လောက်တော့မဲ့ အချိန်ဆို ထိုလူဟာ အိမ်မက်ထဲတွင်ပေါ်ပေါ်လာတတ်သည်
ထူးဆန်းတာက.....
ထိုလူရဲ့ မျက်နှာပါ သူမ ထိုလူရဲ့ မျက်နှာကို
မမှတ်မိတော့ပါ ဘယ်လောက်ဘဲ
စဥ်းစား စဥ်းစား ပုံဖော်နေပါစေ ထိုလူသားရဲ့ မျက်နှာကိုမမှတ်မိပါ

သူမစွဲလမ်းနေမိပီ
အိမ်မက်ထဲက ထိုလူသားကို....
ထိုလူဟာ အပြင်မှာရှိလား မရှိလားဆိုတာ သူမ မသိပင်မယ့် ရှိနေစေချင်သည်
အခုတစ်လော သူမပိုဆိုးလာသည်
ထိုသူကို ပုံဖော်ပီး အချိန်တိုင်း စိတ်ကူးယဥ်နေမိသည် တစ်ခါတစ်လေ လက်တွေ့ဘဝဟာသူမအတွက်မဟုတ်ဘူးလို့ ထင်မိတဲ့
အထိတောင် သူမဟာ
ထိုလူကိုစွဲလမ်းနေမိတာ.......

"သမီးရေ ထတော့လေ 6နာရီခွဲနေပီ"

မေမေရဲ့ လာနှိုးသံကြားမှဘဲ သူမရဲ့အတွေးတွေအကုန်လုံးကို လက်စသတ်လိုက်မိသည်
သူမရဲ့ဘဝဟာ အခုဆို ဖွားဖွားမရှိတော့ကတည်းက အရင်လို မိသားစု5ယောက် မဟုတ်တော့ပင်မယ့် သူမရယ် ဖေဖေရယ် မေမေရယ် သူမမောင်လေးရယ်နဲ့ သိုက်သိုက်ဝန်းဝန်း အဆင်ပြေနေပါပီ

"မမရေ ထတော့ အခုမထရင် ဖေဖေဝယ်လာတဲ့ မုန့်တွေအကုန် သားစားလိုက်တော့မှာနော်"

သူမ မောင်လေးရဲ့အော်သံစူးစူးလေးကိုကြားတော့ သူမပြုံးလိုက်မိသည်

ကဲကဲ......ဒီနေ့တစ်နေ့တာကိုတော့ ပုံမှန်အတိုင်းဖြတ်သန်းရအုံးမှာပေါ့ကွာ
ထိုနောက် သူမတွေးလိုက်မိသည်က........

*နောက်လဲ အခုလို အိမ်မက်ထဲလာပြီး
ပျော်စရာကောင်းအောင်လုပ်ပေးပါအုံးနော်
ကိုယ့်ရဲ့ အိမ်မက်ထဲက လူသားလေးရေ *♡♡


_____________☆The End ☆____________

🍀🍀🍀
1:00 P.M
17/7/2023

Continue Reading

You'll Also Like

37.1K 180 4
Dee Dee 🐑 အပြာစာပေ
1.7M 17.4K 3
*Wattys 2018 Winner / Hidden Gems* CREATE YOUR OWN MR. RIGHT Weeks before Valentine's, seventeen-year-old Kate Lapuz goes through her first ever br...
7.3M 303K 38
~ AVAILABLE ON AMAZON: https://www.amazon.com/dp/164434193X ~ She hated riding the subway. It was cramped, smelled, and the seats were extremely unc...