General Xiao Is Ruining Me

By Unika66

98.1K 5.8K 178

Zhanyi(ZSWW) S D - 6.7.2023 ED - 28.8.2023 More

Intro
Part-1
Part-2(Z)
Part-2(U)
🚨Noti🚨
Part-3(Z)
Part-3 (U)
Part-4
Birthday Plan
Part 6
Part 7
Special
Part 8
Part-9
Part-10
Part 11
5.8.2023
Part-12
MY.New.Fic!!!
Part 13
Part-14
Part-15
Part-16
Noti
Part 17
Part-18
Part 19
MY Acc
Final

Part-5

3.8K 257 5
By Unika66

သိပ်ကိုဖြူစင်လွန်းတဲ့အခါ သိပ်ကိုစိုးရိမ်းရပါတယ်

"အင်း...."

ဝမ်ရိပေါ်ဟာငြီးငြူလိုက်ပြီးအိပ်ယာကနေထလိုက်တယ်
နေပါဦးဒီအခန်းက...ဒီအခန်းကဒုဗိုလ်ချုပ်ရှောင်းရဲ့အခန်းမလား
ဒါဆိုသူညကငါ့ကိုပြန်မပို့ဘူးလား.....
သိ'ကျွန်တော်ခင်ဗျားနဲ့မြန်မြန်လက်ထပ်ချင်တယ်'
'ကောင်းပြီဖြစ်စေရမယ်'

မနေ့ကပြောခဲ့တဲ့စကားတွေကိုပြန်တွေးလိုက်ရင်း
ရိပေါ်ခေါင်းဟာပူထူသွားတယ် မဟုတ်လောက်ပါဘူး ဗိုလ်ချုပ်ရှောင်းကအဲ့နည်းလမ်းကိုသုံးခဲ့မှာမဟုတ်လောက်ပါဘူး

ရိပေါ်ဟာကွန်ဒိုအ​ပေါ်ထပ်ကနေပြီးအောက်ဆင်းလာမိတယ်
ဧည့်ခန်းထဲမှာတော့ ရှောင်ကျန့်ကသူ့ဦးလေးရှောင်ယန်နဲ့ဇနီးရှေ့မှာ
ဒူးထောက်လျက်ရှိနေတယ် နှုတ်ခမ်းထောင့်မှာလဲသွေးစအနည်းငယ်ရှိနေတယ်
သေချာပေါက်ကတော့ရှောင်ကျန့်အထိုးခံထားရတယ်

"ငါမင်းအဒေါ်ကိုဘယ်လိုမျက်နှာပြရမှာလဲ First Date မှာသူ့သားကိုအိမ်ပြန်မပို့ဘူး မင်းအသက်၂၆နှစ်ပြည့်​တော့မယ်
ဘယ်လောက်ပဲသဘောတူထားတူထား လက်မထပ်ရသေးခင် တူတူမနေသင့်ဘူးဆိုတာ မင်းသိသင့်တယ်
ဒါကဘယ်လိုရှက်စရာကောင်းတဲ့သတင်းလဲ"

"တော်သေးတာပေါ့ မင်းအခန်းထဲမှာရှိ​နေတဲ့ကောင်လေးကရိပေါ်
ဖြစ်နေလို့ တကယ်လို့သာအခြားသူသာဖြစ်ကြည့် အမေတို့
တစ်ရှက်က​နေ နှစ်ရှက်ဖြစ်တော့မယ်"

"သားတောင်းပန်ပါတယ် သားစိတ်အလိုလိုက်မိသွားတယ်"

"ဟင့်အင်းမ​တောင်းပန်ပါနဲ့ အကိုရှောင်းမမှားမဟုတ်ပါဘူး
အားလုံးကသားအပြစ်တွေပါ"

အပေါ်ထပ်အခန်းထဲမှာအိပ်နေတဲ့ရိပေါ်လေးက
ရုတ်တရက်ကြီးသားရှောင်းဘေးမှာဒူးလာထောက်တော့
ရှောင်းယန်တို့လင်မယားမှာခဏတာမှင်သပ်သွားတယ်
သူတို့ကဘယ်လိုလုပ်ရိပေါ်လေးကိုဒူးထောက်ခိုင်းရက်ပါမလဲ

"ဘယ်လိုလုပ်သားအပြစ်ဖြစ်ရမှာလဲသားဝမ်ရယ်
သေချာပေါက်သားရှောင်ရဲ့အပြစ်ပဲပေါ့ သူကသားထက်၆နှစ်ကြီးတယ်​လေ သူမှာစဉ်းစားဉာဏ်သာရှိရင်သားလေးကို သားကိုအိမ်ပြန်ပို့ခဲ့မှာ"

*တင်းတောင်...တင်းတောင်*

ဝမ်ရိပေါ် ကအလျင်အမြန်ဘဲတံခါးသွားဖွင့်လိုက်တယ်
သူ့အဖေနဲ့အမေရောက်လာပြီထင်တယ်

"သားလေး...ဘယ်လိုနေသေးလဲ...မားမားစိတ်ပူလိုက်ရတာကွယ်"

တံခါးပေါက်ကလူ၂ယောက်ကိုမြင်လိုက်ရတော့
ရှောင်ယန်ရဲ့မျက်နှာကအနည်းငယ်ပျက်သွားတယ်
သူ့ညီမလေးရဲ့အသဲအသက်လေးကို သူသားကတစ်ညလုံးခိုးယူထားခဲ့တယ်တဲ့

"အကို....ဘယ်လိုတွေဖြစ်နေတာလဲဘာလို့သားရှောင်းကိုထိုးကြိတ်ပြီးဒူး​ထောက်ခိုင်းထားရတာလဲ"

ရှောင်ချူးလန် ဟာသူ့တူ​လေးကိုဆွဲထူလိုက်တယ်
အကြာကြီးဒူးထောက်ထားတော့ရှောင်ကျန့်ရဲ့​ခြေ​ထောက်​တွေကထုံထိုင်းလျှက်
ဝမ်ရိပေါ်ကတော့သူလက်မောင်းဆွဲကိုင်ပြီးလဲမကျအောင်ထိန်းထားရတယ်

"သူကမသင့်တော်တဲ့လုပ်ရက်ကိုလုပ်ခဲ့တယ် သူကသားဝမ်ကို...."

"မဟုတ်ပါဘူးအကို အကိုအထင်မှားနေပြီ တကယ်​တော့ မနေ့ကသားဝမ်ကချိန်း​တွေ့​နေရင်း​​နှလုံးဖောက်တော့မလို
ဖြစ်သွားခဲ့တာကြောင့် သားရှောင်ကသူ့ကွန်ဒိုခေါ်လာခဲ့တာပါ
သားရှောင်ကကျွန်မတို့ဆီကိုဆက်သွယ်ဖို့လုပ်ခဲ့ပေမဲ့
သားဝမ်ကကျွန်မတို့စိုးရိမ်မှာစိုးလို့အိမ်မပြန်ချင်ဘူးဆိုပြီး
သားရှောင်ကိုပူဆာခဲ့တာ"

"ဟုတ်ပါတယ်ဦးလေးသားပူဆာခဲ့တာပါ"

ရှောင်ယန်နဲ့ဇနီးဖြစ်သူလန်ရီမှာဝမ်ရိ​ပေါ်စကား​ကြောင့်အနည်းငယ်အံ့သြသွားခဲ့တယ်
သားရှောင်ကိုကြည့်လိုက်ပြန်တော့လဲသူလက်မောင်းကို
တွဲထားတဲ့သားဝမ်ကိုပဲအမြတ်တနိုးကြည့်နေပြန်တယ်
သားရှောင်ကအထိုးပဲခံကာတစ်ခုမှရှင်းမပြခဲ့​ပေ သားငယ်​လေးက အဆုံးအထိရိ​ပေါ်​လေးရဲ့အမှားကိုကာကွယ်​နေတာဖြစ်နိုင်တယ်
တကယ်ပဲ သူတို့သားသူသာအသေသာခံလိုက်မယ် ရိပေါ်ကိုအန္တရာယ်အဖြစ်ခံမှာမဟုတ်​ပေ
အဲ့အချက်ကိုသူတို့လင်မယား၂ယောက်လုံးမေ့သွားခဲ့တယ်

"ကောင်းပြီ....ဖြစ်ပြီးမှလဲဘာမှမထူး​တော့ဘူး...မင်းတို့နှစ်ယောက်ကဖြူစင်ပေမဲ့....အခြားသူတွေကအဲ့လိုထင်မှာမဟုတ်ဘူး...အထူးသဖြင့်သားရှောင်မင်းရဲ့တပ်သားတွေက....မင်းနဲ့သားဝမ်ကိုအတူတူတွဲမြင်ပြီးပြီ....ဒါကိုမင်းဘယ်လိုစဉ်းစားထားလဲ"

"ကျွန်တော်တာဝန်ယူမှာပါ....မနက်ဖြန်မှာလက်ထပ်မှတ်ပုံတင်သွားလုပ်လိုက်ပါ့မယ်"

ရှောင်ယန်မှာသူသားစကား​ကြောင့်​သွေးတက်​သွားတယ်
ဘယ်လိုတောင်သူ့သားကအဆင့်တွေကိုကျော်ချနေတာလဲ
ဒီနေ့မှာရှေ့တန်းကပြန်လာပြီးDateလုပ်​နောက်ရက်မှာလက်ထပ်မှတ်ပုံတင်...တကယ်ပါပဲအခုခေတ်ကလေးတွေများလိုက်လို့မမှီတော့ဘူး
လန်ရီမှာသူ့သားကိုနားချဖို့ပြင်တော့တယ်ရိပေါ်လေးကအရမ်းငယ်တယ်

"အဲ့တာကနည်းလမ်းကောင်းတစ်ခုပါ
ဒါပေမဲ့သားဝမ်လေးကအခုမှ၁၉နှစ်ပဲရှိသေးတာလေ
ဘယ်လိုလုပ်များသူကသူ့ရဲ့လွတ်လပ်မူ့​တွေစွန့်လွတ်နိုင်မှာလဲ"

"ကျွန်တော်စွန့်လွတ်နိုင်ပါတယ်"

အသံတိုးတိုးလေးကြောင့်အခန်းတစ်ခုလုံးတိတ်ဆိတ်သွားတယ်
ဝမ်ပါးနဲ့ဝမ်မားမှာသူတို့သားလေးရဲ့စကားကြောင့်ပါးစပ်မပိတ်နိုင်​တော့ဘူး..
ရှောင်ကျန့်အဖေနဲ့အမေလဲအဲ့ဒီအတိုင်းပဲတည်ငြိမ်နေတာကတော့
သူတို့ရဲ့သားတော်မောင်ရှောင်ကျန့်ပဲ သူကရိပေါ်လေးကိုငုံ့ကြည့်ကာ သူ့ဘယ်လက်မောင်းကိုထိန်းကိုင်ထားတဲ့ရိပေါ်လေးရဲ့လက်သေးသေးလးနှစ်ဖက်ကိုသူ့ညာဘက်လက်နဲ့ပုတ်ပေးပြီးနှစ်သိမ့်နေရှာတယ်

ဝမ်ရိပေါ်ကရှောင်ကျန့်ရဲ့လက်မောင်းပိုမိုတင်းကျပ်စွာဆုပ်ကိုင်လိုက်တယ်သူ​က​ရှောင်ကျန့်ကို​မော့ကြည့်ရင်း​
အကြည့်ခြင်းဆုံ​စေလိုက်တယ် ဒုဗိုလ်ချုပ်​ရှောင်းရဲ့ဓားသဖွယ်ပြတ်သားလှတဲ့မျက်လုံးကိုစိုက်ကြည့်ရင်း
သူဟာ​တွေ​ဝေမူ့မရှိဘဲ​စကားတစ်ခွန်းကို​ပြောချလိုက်တယ် သူယုံတယ် ရှောင်းရှောင်ကျန့်
ဆိုတဲ့ဘဲကြီးက သူ့ကိုအမြဲကာကွယ်နေလိမ့်မယ် ဆိုတာကို

"ကျွန်​တော်သ​ဘောတူပါတယ် ကျွန်တော့်ရဲ့ လူငယ်ဘဝကိုစွန့်လွတ်ပြီးလက်ထပ်မှတ်ပုံတင်တင်ချင်တယ်"

ဝမ်ရိ​ပေါ်ဟာ​ပြောပြီး​တာနဲ့​ရှောင်ကျန့်ရဲ့အ​နောက်ကိုသူ့​လေးတစ်ခြမ်းဝင်ကာပုန်းကွယ်လိုက် သူ့ဒယ်ဒီကိုကြောက်တယ်
ရှောင်ကျန့်မှာတော့ကလေးဆန်တဲ့ရိပေါ်လေးကိုကြည့်ရင်း
အပြုံးသေးသေးလေးကဖုံးဖိမရတော့ပေ
မိသားစုနှစ်ခုလုံးရဲ့အသဲအသက်လေးက
သ​ဘောတူတယ်ဆိုတော့လဲမိဘ​တွေကဘာလုပ်လို့ရ​တော့မှာလဲ
ပေးစားရုံကလွဲလို့ဘာမှလုပ်လို့မရတော့​ပေ
ဝမ်လင်မယားဟာလဲသက်ပြင်းချလိုက်တယ်
သူတို့..သားရှောင်ကိုပိုင်ရိဟန်နဲ့ရိ​ပေါ်အ​ကြောင်းကို​ပြောပြပြီး
ရှေ့တန်းကနေပြန်လာခိုင်းလိုက်တာမှန်သွားသည်
ဒါမှမဟုတ်ရင် သူတို့သားလေးပိုင်ရိဟန်ရဲ့ ဟန်ဆောင်မူ့တွေကြားမှာ​ရေတိမ်​နစ်ရ​တော့မှာ
ဒါ​ပေမဲ့ သူတို့သားငယ်လေးကငယ်ငယ်တုန်းကလိုပဲ ဘယ်သူနဲ့ယှဉ်ယှဉ် သားရှောင်ကိုရွေးချယ်နေတုန်းပဲ
ဒါကသိပ်ကိုပျော်စရာကောင်းတဲ့ကိစ္စပဲ

​နောက်ဆုံးမှာ​တော့​ရှောင်ယန်ဟာတိတ်ဆိတ်​နေတဲ့​လေထုကိုဖြိုခွင်းလိုက်တယ်

"​ကောင်းပြီဒီ​နေ့က​သောကြာ​နေ့မလား....အဲ့တော့တနင်္လာ​နေ့မှာကျင်းပမဲ့Xiao GPရဲ့​ရွှေရတုနှစ်ပတ်လည်ပွဲမှာပဲ ငါတို့တွေက​လေး​တွေရဲ့လက်ထပ်ပွဲကို​လူသိရှင်ကြား​ကြေငြာလိုက်တာ​ပေါ့
ကြားထဲမှာမင်းတို့လက်ထပ်မှတ်ပုံတင်လုပ်ဖို့အချိန်နှစ်ရက်ရှိတယ်
စဉ်းစားဖို့လဲအချိန်ရှိသေးတယ်"

"စဉ်းစားဖို့မလိုတော့ပါဘူး အဖေ"
"စဉ်းစားဖို့မလိုတော့ပါဘူး ဦးလေး"

အသံနှစ်သံကပြတ်ပြတ်သားသားထွက်လာခဲ့တယ်
နှစ်ဖက်မိဘတွေဟာခေါင်းငြိမ့်ရင်းအပြုံးကိုယ်ဆီထွက်ပေါ်လာတယ် နောက်ဆုံးတော့သူတို့မျော်လင့်ချက်တွေအမှန်ဖြစ်လာသည်

ခဏလောက်စကား​ပြောပြီး​နောက်မှာ
မိဘတွေဟာပြန်သွားကြသည် ရိပေါ်လေးသာရှောင်ကျန့်ကိုတွဲရင်းအိမ်ထဲသို့ပြန်ဝင်လာသည်

"ခင်ဗျားဒီမှာခဏထိုင်ဦး"

ဝမ်ရိပေါ်မှာ ရှောင်ကျန့်ကိုဆိုဖာပေါ်မှာနေရာချပြီးနောက်
တစ်ခုခုကိုလိုက်ရှာနေတယ်

"မင်းဘာလိုက်ရှာနေတာလဲ"

"ဆေးသေတ္တာ"

"ဟိုအောက်မှာ"

ရှောင်ကျန့်ကလက်ညိုးထိုးပြတော့စင်သေးသေးလေးအောက်ကဆေးသေတ္တာကိုဝမ်ရိပေါ်မြင်သွားတယ်
သူဟာစားပွဲပေါ်မှာဆေးသေတ္တာကိုချကာတစ်စုံတစ်ခုကိုရှာဖွေနေတယ်...
နောက်ဆုံးမှာတော့ ဝမ်ရိပေါ်ဟာလက်ထဲမှာဆေးဝါးပစ္စည်းအချို့ကို
ကိုင်လာကာသူ့ရှေ့မှာလာထိုင်တယ်
အနေအထားတစ်မျိုးတော့အဝါရောင်သန်းနေတယ်

ရှောင်ကျန့်ဟာကျားကျားယားယားယောက်ျားသားမို့လို့ဆိုဖာပေါ်ခြေထောက်နှစ်ဖက်စုမထိုင်ဘဲခွ​ဲထိုင်​လေ့ရှိသည်
ဝမ်ရိပေါ်ကတော့သူ​ထိုင်​နေတဲ့ဆိုဖာ​ရှေ့မှာဒူးထောက်ထားရုံတင်မက
ရှောင်ကျန့်​ခြေ​ထောက​​​်​တွေကြားထဲကိုဝင်လာတယ်
စိတ်ရှိတိုင်းသာလုပ်လိုက်ရရင်ရှောင်ကျန့်ခြေထောက်တွေကရိပေါ်ကိုယ်လုံးလေးဆွဲချုပ်ပစ်လိုက်မှာ

"ပါးစပ်ဟ..."

အမိန့်ပေးသံလေးကြောင့်ရှောင်ကျန့်နှုတ်ခမ်းလေးဟာ​အော်တိုပွင့်ဟသွားတယ်
ဝမ်ရိပေါ်ဟာ​ရေစွတ်ထားတဲ့ဂွမ်းတံလေးနဲ့
ရှောင်ကျန့်နှုတ်ခမ်းထောင်လေးကိုခပ်ဖွဖွ​လေးသုတ်​ပေး​နေတယ်
သေချာဂရုတစိုက်လေး​ခြောက်​နေတဲ့​သွေး​တွေကိုဖယ်​ပေးနေတာ​ကြောင့်
အနေအထားကအရမ်းကိုနီးကပ်နေတယ် ခန့်မှန်းခြေ၈လက်မလောက်ဘဲ သူတို့နှစ်ယောက်ကွာဝေးတော့တယ်ထင်တယ်

"နာလား"

"ဟင့်အင်းကိုမနာဘူး...နောက်ပြီးဒဏ်ရာသေးသေးလေးပါ..ဒီဒဏ်ရာလောက်တော့ကိုယ်တို့စစ်သားတွေကစာမဖွဲ့ပါဘူး
ဒါလေးကခြင်ကိုက်တာလောက်တောင်မနာပါဘူးကွာ"

"ခင်ဗျားအတွက်ခြင်ကိုက်သလောက်ပဲရှိပေမဲ့...ကျွန်တော်အတွက်တော့တစ်ဘဝလုံးလေ..."

"????"

​ကောင်​လေးရဲ့စကား​တွေကိုနားမလည်ပေမဲ့
ရင်ထဲမှာတော့ပန်းရောင်သန်းသွားတယ်
သို့သော်လဲခဏလေးသာ

"မေမေကပြောတယ်...အခုခင်ဗျားကို​ဆေးမထည့်ပေးရင်....လက်ထပ်မှတ်ပုံတင်ဓာတ်ပုံကိုညိုမဲစွဲနေတဲ့....မျက်နှာကြီးနဲ့ပဲရိုက်ရမှာတဲ့..."

"အဟက်.."

ရှောင်ကျန့်ထိန်းထားတဲ့ကြားကနေ ခနဲ့တဲ့ရယ်သံတိုးတိုးလေးထွက်သွားမိတယ် သူကိုကမှားတာပါ
ခင်ဗျားအတွက်ခြင်ကိုက်သလောက်ပဲရှိပေမဲ့
ကျွန်​တော့်အတွက်တစ်ဘဝလုံး ဆိုတဲ့စကားလေးကိုရင်ခုန်မိသွားတဲ့ သူကပဲမှားတာပါ

ရှောင်ကျန့်ဟာကောင်လေးမျက်နှာကိုစေ့စေ့ကြည့်လိုက်တယ်
ကောင်လေးကတော့ခုနကရီမိတာမကျေမနပ်ဖြစ်နေတဲ့ပုံပဲ
မျက်မှောင်လေးတွေစုကြုံလို့
ဝမ်ရိပေါ်ကသိပ်ဖြူစင်လွန်းတယ် အဲ့တာကြောင့်ပဲမကောင်းတဲ့ကောင်ဆီကနေလှည့်စားခံရ​တာ​ပေါ့....
​ကောင်​လေးကသိပ်ကိုဖြူစင်နေလွန်းတဲ့အခါ
သူသိပ်ကိုစိုးရိမ်ရပါတယ်

"ကျွန်တော်အရက်ပြန်ထည့်တော့မယ်နဲနဲတော့စပ်မှာ​ပေါ့
ဒါပေမဲ့ပါးစပ်မပိတ်လိုက်နဲ့နော်...ပါးစပ်ထဲဝင်သွားလိမ့်မယ်အရက်ပြန်ကသောက်လိုမရဘူး"

ရှောင်ကျန့်ဟာခပ်ဖွဖွလေးပြုံးရင်းအရက်ပြန်ပုလင်းထဲကို
ဂွမ်တံလေးဂရုတစိုက်စိမ်နေတဲ့သက်ဆိုင်သူလေးကိုကြည့်နေမိလိုက်တယ်
ဒီလိုစိုးရိမ်ပေးမဲ့အိမ်သူလေးရှိနေမယ်ဆိုရင်သူလက်ထပ်ပြီးတာနဲ့ဒဏ်ရာ​တွေရ​ခဏခဏ​ရ​အောင်လုပ်မိ​တော့မယ်ထင်ပါတယ်

ခဏအကြာမှာတော့အရက်ပြန်တို့ထားတဲ့ဂွမ်းတံ​လေး​ရှောင်ကျန့်​နှုတ်ခမ်း​ထောင့်​လေးကိုထိလာပြန်တယ်
အရက်ပြန်ဖြစ်တာကြောင့်ပါးစပ်ထဲဝင်မှာဆိုပြီးဝမ်ရိပေါ်ဟာ
ခုနကထက်တောင်ပိုပြီးဂရုတစိုက်လုပ်ပေးလာတယ်
​အခုသူတို့ကြားမှာ ၄လက်မလောက်ဘဲ ကွာဝေးသည်
ရှောင်ကျန့်မျက်လုံးတွေကိုမှိတ်လိုက်မိတယ်
သူဒီကလေးနဲ့နီးနီးကပ်ကပ်နေဖို့သူ့မှာအင်အားမရှိဘူး
ဟင့်အင်း...မထိန်းချုပ်နိုင်တာဆိုရင်ပိုမှန်မယ်

"ဘာလို့မျက်လုံးမှိတ်လိုက်တာလဲ စပ်သွားလို့လားဟင်"

အထနအကောက်လွှဲသွားတဲ့ရိပေါ်လေးဟာရှောင်ကျန့်ရဲမျက်နှာကိုလက်လေးနှစ်ဖက်နဲ့ဆွဲယူပြီးလေနဲ့မှုတ်ပေးလာတယ်
ပူနွေးလှတဲ့လေငွေ့တွေကြောင့်​ရှောင်ကျန့်​သွေး​တွေ​ပြောင်းပြန်စီးဆင်းသွားသလိုပဲ မျက်လုံးအစုံကိုဖွင့်ကြည့်လိုက်တော့
မျက်တောင်စိတ်စိတ်လေးတွေနဲ့ဖုံးအုပ်ထားတဲ့မျက်ဝန်းအစုံနဲ့
စူနေတဲ့နှုတ်ခမ်းသားလေးတွေကိုသာမြင်နေရတယ်
နီးကပ်နေတဲ့အနေအထားကတော့ကောင်လေးမျက်တောင်မွေးလေးတွေကိုတောင်ရေတွက်နိုင်တဲ့အထိပဲ
တစ်ချက်ပဲ...တစ်ချက်လေးပဲဆွဲချုပ်လိုက်မယ်ဆိုရင်
သူကောင်လေးကိုနမ်းလို့ရသည်
ရိပေါ်လေးကတော့ဒဏ်ရကိုအာရုံစိုက်နေလို့ဘာမှမသိပေမဲ့ရှောင်ကျန့်ရဲ့ခြေထောက်တွေလက်တွေကတော့သူ့ခြေထောက်ကြားမှာဒူးထောက်ပြီးဆေးထည့်ပေးနေတဲ့ကောင်လေးကိုဖမ်းချုပ်ဖို့လုပ်နေသည်
ရှောင်ကျန့်လက်တွေဟာရိပေါ်ခါးကိုထိတော့မဲ့အချိန်သတိပြန်ဝင်လာသည်
မဖြစ်ဘူးသူသာ​ကောင်​လေးကိုအခုချိန်နမ်းလိုက်ရင်အရက်ပြန်တွေဟာ​ကောင်​လေးပါးစပ်ထဲ​ရောက်သွားလိမ့်မယ်
ရှောင်ကျန့်ဟာသူ့လက်တွေကိုနောက်ပြန်ဆုတ်လိုက်ရင်းဆိုဖာလက်ရမ်းကိုသာတင်းတင်းကျပ်ကျပ်ဆွဲစုပ်ထားမိတယ်
သူဟာကောင်လေးမျက်နှာ​လေးကိုငု​ံကြည့်​နေတဲ့အချိန်
ကောင်းလေးကလဲစပ်သေးလားလို့မေးပြီးသူ့ကို​မော့ကြည့်လာတယ်
ရှောင်ကျန့်ဟာကောင်လေးရဲ့မျက်နှာနားကိုတိုးကပ်လာတယ်
လေထုအခြေအနေဟာချက်ချင်းကိုပန်းရောင်သန်းနေတယ်
ထိုအချိန်...

*ခလွမ်း*

ဆိုတဲ့အသံကြီးကြားလိုက်ရတယ်
ရုတ်တရက်ထိတ်လန့်သွားတဲ့ကောင်လေးဟာသူ့လည်ပင်းကိုသိုင်းဖက်လာပြီးသူ့ရင်ခွင်ထဲကိုခေါင်းလေးဝင်လာတယ်
ဆိုဖာလက်ရမ်းကိုဆုတ်ကိုင်ထားတဲ့သူ့လက်တွေဟာအခုတော့ကောင်လေးခါးလေးကိုတင်းကျပ်စွာဖက်လိုက်နိုင်လေပြီ
သူရဲ့ခြေထာက်ရှည်ကြီးတွေဟာလဲသူ့ဆန္ဒရှိတဲ့အတိုင်းဒူးထောက်နေတဲ့ကောင်လေးရဲ့ခြေထောက်တွေကိုဖမ်းချုပ်နိုင်လိုက်ပြီ
ရှောင်ကျန့်ဟာရိပေါ်ရဲ့ကျောလေးကိုခပ်ဖွဖွပွတ်သတ်ရင်း
အသံကြားတဲ့နေရာကိုကြည့်လိုက်တော့
သူတပည့်ကျော်နှစ်ယောက်ကိုမြင်လိုက်ရသည်
အသံကတော့ယွီပင်းလက်ထဲကချိုင့်ပြုတ်ကျသွားတာကြောင့်ဖြစ်လိမ့်မယ်

"တောင်းပန်ပါတယ်ဗိုလ်ချုပ်"

********

ဇာတ်လမ်းကတော့စပါပြီ
ပထမဆုံးခွေးစာအကျွေးခံလိုက်ရတာကတော့ယွီပင်းကောပါ
ယွီပင်းကောအတွက်နှစ်မိနစ်လောက်ငြိမ်သက်ပေးလိုက်ကြပါ😂😂😂

********

"အင်း...."

'ကောင်းပြီဖြစ်စေရမယ်'









*တင်းတောင်...တင်းတောင်*



























"ဆေးသေတ္တာ"

"ဟိုအောက်မှာ"



"ပါးစပ်ဟ..."


"နာလား"



"????"

သို့သော်လဲခဏလေးသာ


"အဟက်.."







ထိုအချိန်...

*ခလွမ်း*



********
ဇာတ်လမ်းကတော့စပါပြီ

Continue Reading

You'll Also Like

1.1M 45K 52
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
595K 13.3K 40
In wich a one night stand turns out to be a lot more than that.
25.1K 293 12
For as long as I can remember, I have always been an outcast. I never fit in anywhere, with anyone. Girls hated me and boys always kept their distanc...
21.2K 1.4K 42
'အကယ်၍ ငါတို့ရဲ့အချစ်ကအမှားတခုဖြစ်ခဲ့မယ်ဆိုရင်တောင်...' main-binhao×binthew side-gyujin, shentaerae 🔻This story is not related to real life🔻 Don't...