A chance to change the past (...

By Maihsu-97

131K 7.5K 234

ဟမ်!!.. ငါ​​သေသွားပြီမဟုတ်ဘူးလား... ဘယ်လို​ဖြစ်ပြီးဒီအိမ်ကိုပြန်ရောက်နေတာလည်း!! ဘုရားသခင်က ဝမ်ရိပေါ်ဆိုတဲ့လူမ... More

Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25 (Final)

Part-1

14.1K 487 9
By Maihsu-97

"ဟိုင်းဝေး အ​ဝေး​ပြေးလမ်းမထက်တစ်နေရာတွင်ဆိုင်ကယ်ဖြင့် အရှိန်အဟုန်ပြင်းစွာ မောင်းနှင်လာသောကောင်လေးတစ်ဦး...."​​ကောင်​လေး၏မျက်နှာကိုသေချာစွာကြည့်
လိုက်မယ်ဆိုလျှင်နောင်တတရားများဖြင့်ပြည့်နှက်နေပြီး ယူကြုံးမရဖြစ်နေတာကို မျက်နှာမှာအတိုင်းသားတွေ့ရမည်ဖြစ်သည်။

"အား!...ငါဘာလို့..မမြင်နိုင်ခဲ့ရတာလဲ!!..."
မင်းကတော်တော် အသုံးမကျခဲ့တဲ့ကောင်ဘဲ ဝမ်ရိပေါ်...မင်းသေသင့်တယ်.. ဝမ်ရိပေါ်..မင်းသေကို​သေသင့်တယ်...

ဆိုင်ကယ်ပေါ်က​​ကောင်​လေးကဝမ်းနည်းပက်လက်ဖြင့်သူ့ဘာသာသူကျိန်ဆဲ​နေပြီး မောင်းနှင်လာတဲ့ဆိုင်ကယ်ကိုတော့ အရှိန်မလျှော့ခဲ့ပေ...

ရုတ်တရုတ်......

"ကျွီ့...........ဒုန်း........"

အရှိန်အဟုန်ပြင်းစွာ မောင်းနှင်လာတဲ့ ဆိုင်ကယ်လေးဟာ လမ်းတစ်ခုတွင်တော့ အရှိန်နှင့်လာတဲ့ကားတစ်စီးနှင့်တိုက်မိပြီး အဝေးကို လွှင့်ကာသွားရသည်။

ဝမ်ရိပေါ်သည်လည်း လမ်း၏ခပ်ဝေးဝေးကိုလွှင့်ထွက်သွားရကာ ကတ္တရာ လမ်းနှင့်ခေါင်းစောင့်မိပြီးသွေးတွေတစ်စိမ့်စိမ့်နှင့်အများကြီးထွက်လာရကာ အမြင်အာရုံတွေဝေဝါးလာရသည်။
ထိုအချိန်တွင် ဝမ်ရိပေါ်တွင်သေရမည်ကိုသိနေသော်လည်း ကြောက်မနေခဲ့...သူသည်​သေကိုသေသင့်သည့်ကောင်မလား...

သူကိုဂရုစိုက်မှုတွေ ,သည်းခံမှုတွေ, ​မေတ္တာစစ်​တွေနှင့်ချစ်ပေးခဲ့တဲ့ ရှောင်းကျန့်ကိုတော့ ဂရုမစိုက်မူ​တွေ နာကျင်မူတွေနဲ့ စိတ်ညစ်စရာတွေကိုသာ ပေးခဲ့မိပြီး..သူ့ကို့တကယ်မချစ်ဘဲ နောက်ကျောကိုဓါးနဲ့ထိုးဖို့ကြံစည်ကာအချိုသပ်နေတဲ့ ရှင်းရှင်းကိုတော့ အစစ်အမှန်ထင်ပြီးသူကမေတ္တာတွေထားခဲ့မိသည်။
အခုတော့ သိပ်ကိုနောင်တတွေရနေပါပြီ......
သူ့ကြောင့်နဲ့....သူရှင်းရှင်းကိုအဆုံးထိယုံကြည်မိလို့...သူချစ်ရတဲ့ သား​လေးနဲ့ အမျိုးသားကိုလည်းဆုံးရူံးခဲ့ရသည်မလား...
ဝမ်ရိပေါ်မသေခင်လေး, သူမျက်စိတွေမမှိတ်ခင်​လေးမှာနောင်တတွေယူ​ကြုံးမရစွာဖြင့်တွေးမိလိုက်သည်။
တကယ်လို့ဘုရားသခင်က သူ့ကိုဒုတိယအကြိမ်အတိတ်ကိုပြင်ဆင်ခွင့်ပေးမယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ......
-
-
-
-
-
-
-
-
-
"ဝမ်ရိပေါ်တစ်ယောက်နိုးနိုးချင်း သူ့မျက်စိတွေကလည်းချက်ချင်းဖွင့်မရသလိုခေါင်းတွေကလည်း ကိုက်ခဲလို့နေပေသည်။

"အား!!..."
သူတစ်ချက်ငြီးငြူလိုက်ပြီးသူ့ရဲ့ကိုက်ခဲနေတဲ့ခေါင်းကို လက်နဲ့အသာဖိလိုက်ကာ မျက်စိကိုဖြည်းဖြည်းချင်း အားယူကာဖွင့်လိုက်မိသည်။

ဟင်!!
ငါဘယ်ရောက်နေတာလည်း...ဒီအခန်းထဲကိုဘယ်လိုလုပ်....ငါ..ငါက​သေသွားပြီမဟုတ်ဘူးလား... ဘယ်လိုလုပ်ဒီအိမ်ကိုပြန်ရောက်နေတာလည်း...

ဝမ်ရိပေါ်တစ်ယောက် မယုံနိုင်စွာဖြင့်မျက်စိကိုပွတ်ကာ​နောက်တစ်ခါပြန်ကြည့်လိုက်မိသည်။ ပြီးတော့တစ်ဆက်ထဲ..သူ့ခန္တကိုယ်.ကိုပြန်ကြည့်လိုက်မိသည်။

ဟင်!!!
အခုသူဝတ်ထားတဲ့အကျီက လွန်ခဲ့တဲ့ 3နှစ်တုန်းက ရှင်းရှင်းပေးခဲ့တဲ့အကျီလေး...
ဒါပင်မဲ့ဒီအကျီ.... အကျီက ..အဖြစ်မှန်တွေအကုန်သိပြီးတာနဲ့ သူကိုယ်တိုင် ဒီအကျီကိုမီးရှို့ခဲ့တာပါ...ဘယ်လိုလုပ်.....

ဝမ်ရိပေါ်တစ်ယောက် စဥ်းစားနေရင်း အားမရလို့ကုတင်ပေါ်ကဆင်းကာမှန်ရှေ့သွား ရပ်လိုက်ချိန်မှာတော့ သူပိုပြီးတော့တောင်အံ့သြသွားရ​လေသည်။

သူ့ဆံပင်ပုံစံကလွန်ခဲ့တဲ့3နှစ်က သူထားခဲ့တဲ့ဆံပင်ပုံစံအတိုင်း...ဆံပင်ပုံစံတင်မဟုတ် သူ့ခန္တကိုယ်ပုံစံကအစ အကုန်လွန်ခဲ့တဲ့3နှစ်ကအတိုင်းဖြစ်လို့နေပေသည်။

ဝမ်ရိပေါ်တစ်ယောက်မှန်ရှေ့မှာသူ့ပုံသူပြန်ကြည့်ရင်း အရမ်းအံသြနေမိကာ...သူ့မျက်စိကိုအပေါ်ဘက်နံရံဆီကြည့်မိလိုက်ချိန်မှာတော့ သူပိုလို့တောင်အံ့သြသွားရသည်။

"ဒီ..ဒီဓာတ်ပုံက...ရှောင်းကျန့်နဲ့မဂ်လာဆောင်တုန်းက ရိုက်ထားခဲ့တဲ့ဓာတ်ပုံ.."
ဓာတ်ပုံထဲကဝမ်ရိပေါ်ရဲ့ မျက်နှာဟာ အလိုမကျသလိုမှုန်ကုတ်ကုတ်ဖြစ်နေပြီး ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်ရဲ့လက်မောင်းကိုသူ့လက်နှင့်ချိတ်ထားကာ..မျက်နှာလေးမှာလည်းပြုံးရွင်လျက်မြင်ရသူအဖို့စိတ်အေးချမ်းမူကို​ဖြစ်စေလေသည်။

"ဒါ...ဒါပင်မဲ့..ဒီဓာတ်ပုံကို ငါကိုယ်တိုင်ဖျက်စီးခဲ့တာပါ..."
ဝမ်ရိပေါ် အံသြတကြီးပြန်တွေးမိကာ စားပွဲပေါ်မှာထောင်ထားတဲ့ ပြက္ခတိန်ကိုယူ​​ပြီးကြည့်လိုက်မိသည်။

ဟာ.....
ဝမ်ရိပေါ်တစ်ယောက်​ပြက္ခတိန်ကရက်စွဲကိုကြည့်ပြီး တကယ့်ကိုအံ့သြသွားခဲ့သည်။

" 5,22,2018 "

"ဒါ...ဒါဆို...ငါ..ငါက အရင်အချိန်တွေကိုပြန်ရောက်နေတာလား..."
ငါ့အမှားတွေကို..ပြန်ပြင်ဖို့ ဘုရားသခင်က ငါ့ကိုတကယ်ဒုတိယအကြိမ်အခွင့်အရေး ပြန်ပေးခဲ့တာလား...

ဝမ်ရိပေါ် တစ်ယောက် ပြက္ခတိန်ကြီးကို ကြည့်ပြီး အံ့သြနေတုန်း.........

အခန်းရဲ့တံခါးဝမှာ....အရိပ်ကလေးတစ်ခု....

အဲ့ဒီအရိပ်သေးသေးကလေးက လက်ထဲမှာဝက်ဝံရုပ်ကလေးကိုပိုက်ထားကာ မျက်လုံးဝိုင်းဝိုင်းနှင့်တံခါးဝကနေသူ့ကို မရဲတရဲ သူ့ကိုချောင်းကာကြည့်နေလေသည်။

"....သားလေ...ဝမ်ကျန့်.. "
ရိပေါ် ခပ်တိုးတိုး​လေးခေါ်လိုက်ကာ လက်ထဲက ကိုင်ထားတဲ့ပြက္ခတိန်က စားပွဲပေါ်ပြန်ချလိုက်ပြီး သားလေးအနား ကပ်သွားလိုက်မိသည်။
အရင်အချိန်တွေကဆိုလျှင် သားကိုရိပေါ်လှည့်တောင်မကြည့်ဖြစ် ဂရုလည်းမစိုက်ပေ.. မချစ်မနှစ်သက်သော လူနှင့်ရထားသောသွေးသားမို့ ကြည့်ကိုမကြည့်ခဲ့.....ကလေးကသူ့ဆီလာကပ်ရင်တောင်သူက အော်လွှတ်စမြဲဖြစ်သောကြောင့် ဝမ်ကျန့်လေးက ရိပေါ်ကိုဆိုကြောက်ပေသည်။

အခုလည်းရိ​ပေါ်သည် သားဆီတိုးကပ်သွားတာနှင့်သားကကြောက်လန့်တကြား နောက်ကိုပြေးသွား​လေတော့သည်။ ရိပေါ်လည်းစိတ်မကောင်းဖြစ်သွားပင်မဲ့ ဒါဟာသူ့အပြစ်တာဖြစ်သောကြောင့် စိတ်မကောင်းဖြစ်ရုံကလွှဲလို့ ဘာမှမတက်နိုင်ပေ..ဒါ​​ကြောင့်အခုကစပြီးကလေးကိုချစ်ပေးပြီး ပိုရင်းနှီးလာအောင်လုပ်ရမည်မှာ သူ့တာဝန်ဖြစ်သည်။

ရိပေါ်လည်းသူ့ကိုယ်သူအခုမှသတိထားမိတာ သူ့ခန္တကိုယ်က အရက်နံတွေနံစော်လို့နေသည်။ တစ်ဆက်တည်းမှာဘဲ ပြန်မှတ်မိလိုက်သည့်မှတ်ဥာဏ်အရဆို မနေ့ကရှင်းရှင်း၏ မွေးနေ့ဖြစ်သည်။ ဒါကြောင့်သူ မွေးနေ့ကိုသွားကာ အရက်တွေသောက်မူးရူးပြီးမှ ညနက်မှအိမ်ကိုပြန်လာခဲ့သည်။ ပြန်လာသည့်အချိန်တွင်လည်း ရှောင်းကျန့်ကိုရန်ရှာကာ စိတ်ဒုက္ခပေးခဲ့သေးသည်။

ရိပေါ်ပြန်တွေးရင်း သူ့ကိုယ်သူစိတ်တိုလာရကာ ခဏလောက်ဆက်မတွေးတော့ဘဲ သူရဲ့ညစ်ပတ်နေတဲ့ခန္တကိုယ်ကြီးကို ရေချိုးခန်းထဲဝင်ကာ သန့်စင်တော့သည်။

ရေချိုးပြီးမှ သူ့ရဲ့ကိုက်နေတဲ့ခေါင်းကအနည်းငယ်နေလို့ကောင်းသွားသည်ဟုခံစားလိုက်ရပေသည်။

ဝမ်ရိ​ပေါ် ရေချိုးအဝတ်အစားလဲပြီးအခန်းပြင်ထွက်လာကာ..ထမင်းစားခန်းထဲ ဝင်သွားသည့်အခါမှာတော့​ အရမ်းကိုကြားချင်​နေရသည့် ကြည်လင်သည့်အသံ​​အေး​​အေး​​လေးကြောင့်သူ့ခြေလှမ်းတွေရပ်တန့်သွားခဲ့သည်.....

"...နိုးပြီလား ရိပေါ်..."

TBC.....
**********************************

Zawgyi.....

"ဟိုင္းေဝး အေဝးေျပးလမ္းမထက္တစ္ေနရာတြင္ဆိုင္ကယ္ျဖင့္ အရွိန္အဟုန္ျပင္းစြာ ေမာင္းႏွင္လာေသာေကာင္ေလးတစ္ဦး...."ေကာင္ေလး၏မ်က္ႏွာကိုေသခ်ာၾကည့္စြာလိုက္မယ္ဆိုလွ်င္ေနာင္တတရားမ်ားျဖင့္ျပည့္ႏွက္ေနၿပီး ယူႀကဳံးမရျဖစ္ေနတာကို ေတြ႕ရမည္ျဖစ္သည္။

"အား!...ငါဘာလို႔..မျမင္နိုင္ခဲ့ရတာလဲ!!..."
မင္းကေတာ္ေတာ္ အသုံးမက်ခဲ့တဲ့ေကာင္ဘဲ ဝမ္ရိေပၚ...မင္းေသသင့္တယ္.. ဝမ္ရိေပၚ..မင္းေသကိုေသသင့္တယ္...

ဆိုင္ကယ္ေပၚကေကာင္ေလးကဝမ္းနည္းပက္လက္ျဖင့္သူ႕ဘာသာသူက်ိန္ဆဲေနၿပီး ေမာင္းႏွင္လာတဲ့ဆိုင္ကယ္ကိုေတာ့ အရွိန္မေလွ်ာ့ခဲ့ေပ...

႐ုတ္တ႐ုတ္......

"ကြၽီ့...........ဒုန္း........"

အရွိန္အဟုန္ျပင္းစြာ ေမာင္းႏွင္လာတဲ့ ဆိုင္ကယ္ေလးဟာ လမ္းတစ္ခုတြင္ေတာ့ အရွိန္ႏွင့္လာတဲ့ကားတစ္စီးႏွင့္တိုက္မိၿပီး အေဝးကို လႊင့္ကာသြားရသည္။

ဝမ္ရိေပၚသည္လည္း လမ္း၏ခပ္ေဝးေဝးကိုလႊင့္ထြက္သြားရကာ ကတၱရာ လမ္းႏွင့္ေခါင္းေစာင့္မိၿပီးေသြးေတြတစ္စိမ့္စိမ့္ႏွင့္အမ်ားႀကီးထြက္လာကာ အျမင္အာ႐ုံေတြေဝဝါးလာရသည္။
ထိုအခ်ိန္တြင္ ဝမ္ရိေပၚတြင္ေသရမည္ကိုသိေနေသာ္လည္း ေၾကာက္မေနခဲ့...သူသည္ေသကိုေသသင့္သည့္ေကာင္မလား...

သူကိုဂ႐ုစိုက္မႈေတြ ,သည္းခံမႈေတြ, ေမတၱာစစ္ေတြႏွင့္ခ်စ္ေပးခဲ့တဲ့ ေရွာင္းက်န့္ကိုေတာ့ ဂ႐ုမစိုက္မူေတြ ဒဏ္ရာေတြ နာက်င္မူေတြနဲ႕ စိတ္ညစ္စရာေတြကိုသာ ေပးခဲ့မိၿပီး..သူ႕ကို႔တကယ္မခ်စ္ဘဲ ေနာက္ေက်ာကိုဓါးနဲ႕ထိုးဖို႔ႀကံစည္ကာအခ်ိဳသပ္ေနတဲ့ ရွင္းရွင္းကိုေတာ့ အစစ္အမွန္ထင္ၿပီးသူကေမတၱာေတြထားခဲ့မိသည္။
အခုေတာ့ သိပ္ကိုေနာင္တေတြရေနပါၿပီ......
သူ႕ေၾကာင့္နဲ႕....သူရွင္းရွင္းကိုအဆုံးထိယုံၾကည္မိလို႔...သူခ်စ္ရတဲ့ သားေလးနဲ႕ အမ်ိဳးသားကိုလည္းဆုံး႐ူံးခဲ့ရသည္မလား...
ဝမ္ရိေပၚမေသခင္ေလး, သူမ်က္စိေတြမမွိတ္ခင္ေလးမွာေနာင္တေတြယူႀကဳံးမရစြာျဖင့္ေတြးမိလိုက္သည္။
တကယ္လို႔ဘုရားသခင္က သူ႕ကိုဒုတိယအႀကိမ္အတိတ္ကိုျပင္ဆင္ခြင့္ေပးမယ္ဆို ဘယ္ေလာက္ေကာင္းလိုက္မလဲ......


"ဝမ္ရိေပၚတစ္ေယာက္နိုးနိုးခ်င္း သူ႕မ်က္စိေတြကလည္းခ်က္ခ်င္းဖြင့္မရသလိုေခါင္းေတြကလည္း ကိုက္ခဲလို႔ေနေပသည္။

"အား!!..."
သူတစ္ခ်က္ၿငီးျငဴလိုက္ၿပီးသူ႕ရဲ႕ကိုက္ခဲေနတဲ့ေခါင္းကို လက္နဲ႕အသာဖိလိုက္ကာ မ်က္စိကိုျဖည္းျဖည္းခ်င္း အားယူကာဖြင့္လိုက္မိသည္။

ဟင္!!
ငါဘယ္ေရာက္ေနတာလည္း...ဒီအခန္းထဲကိုဘယ္လိုလုပ္....ငါ..ငါကေသသြားၿပီမဟုတ္ဘူးလား... ဘယ္လိုလုပ္ဒီအိမ္ကိုျပန္ေရာက္ေနတာလည္း...

ဝမ္ရိေပၚတစ္ေယာက္ မယုံနိုင္စြာျဖင့္မ်က္စိကိုပြတ္ကာေနာက္တစ္ခါျပန္ၾကည့္လိုက္မိသည္။ ၿပီးေတာ့တစ္ဆက္ထဲ..သူ႕ခႏၱကိုယ္.ကိုျပန္ၾကည့္လိုက္မိသည္။

ဟင္!!!
အခုသူဝတ္ထားတဲ့အက်ီက လြန္ခဲ့တဲ့ 3ႏွစ္တုန္းက ရွင္းရွင္းေပးခဲ့တဲ့အက်ီေလး...
ဒါပင္မဲ့ဒီအက်ီ.... အက်ီက ..အျဖစ္မွန္ေတြအကုန္သိၿပီးတာနဲ႕ သူကိုယ္တိုင္ ဒီအက်ီကိုမီးရွို႔ခဲ့တာပါ...ဘယ္လိုလုပ္.....

ဝမ္ရိေပၚတစ္ေယာက္ စဥ္းစားေနရင္း အားမရလို႔ကုတင္ေပၚကဆင္းကာမွန္ေရွ႕သြား ရပ္လိုက္ခ်ိန္မွာေတာ့ သူပိုၿပီးေတာ့ေတာင္အံ့ၾသသြားရေလသည္။

သူ႕ဆံပင္ပုံစံကလြန္ခဲ့တဲ့3ႏွစ္က သူထားခဲ့တဲ့ဆံပင္ပုံစံအတိုင္း...ဆံပင္ပုံစံတင္မဟုတ္ သူ႕ခႏၱကိုယ္ပုံစံကအစ အကုန္လြန္ခဲ့တဲ့3ႏွစ္ကအတိုင္းျဖစ္လို႔ေနေပသည္။

ဝမ္ရိေပၚတစ္ေယာက္မွန္ေရွ႕မွာသူ႕ပုံသူျပန္ၾကည့္ရင္း အရမ္းအံၾသေနမိကာ...သူ႕မ်က္စိကိုအေပၚဘက္နံရံဆီၾကည့္မိလိုက္ခ်ိန္မွာေတာ့ သူပိုလို႔ေတာင္အံ့ၾသသြားရသည္။

"ဒီ..ဒီဓာတ္ပုံက...ေရွာင္းက်န့္နဲ႕မဂ္လာေဆာင္တုန္းက ရိုက္ထားခဲ့တဲ့ဓာတ္ပုံ.."
ဓာတ္ပုံထဲကဝမ္ရိေပၚရဲ႕ မ်က္ႏွာဟာ အလိုမက်သလိုမႈန္ကုတ္ကုတ္ျဖစ္ေနၿပီး ေရွာင္းက်န့္ကေတာ့ ဝမ္ရိေပၚရဲ႕လက္ေမာင္းကိုသူ႕လက္ႏွင့္ခ်ိတ္ထားကာ..မ်က္ႏွာေလးမွာလည္းၿပဳံး႐ြင္လ်က္ျမင္ရသူအဖို႔စိတ္ေအးခ်မ္းမူကိုျဖစ္ေစေလသည္။

"ဒါ...ဒါပင္မဲ့..ဒီဓာတ္ပုံကို ငါကိုယ္တိုင္ဖ်က္စီးခဲ့တာပါ..."
ဝမ္ရိေပၚ အံၾသတႀကီးျပန္ေတြးမိကာ စားပြဲေပၚမွာေထာင္ထားတဲ့ ျပကၡတိန္ကိုယူၿပီးၾကည့္လိုက္မိသည္။

ဟာ.....
ဝမ္ရိေပၚတစ္ေယာက္ျပကၡတိန္ကရက္စြဲကိုၾကည့္ၿပီး တကယ့္ကိုအံ့ၾသသြားခဲ့သည္။

" 5,22,2018 "

"ဒါ...ဒါဆို...ငါ..ငါက အရင္အခ်ိန္ေတြကိုျပန္ေရာက္ေနတာလား..."
ငါ့အမွားေတြကို..ျပန္ျပင္ဖို႔ ဘုရားသခင္က ငါ့ကိုတကယ္ဒုတိယအႀကိမ္အခြင့္အေရး ျပန္ေပးခဲ့တာလား...

ဝမ္ရိေပၚ တစ္ေယာက္ ျပကၡတိန္ႀကီးကို ၾကည့္ၿပီး အံ့ၾသေနတုန္း.........

အခန္းရဲ႕တံခါးဝမွာ....အရိပ္ကေလးတစ္ခု....

အဲ့ဒီအရိပ္ေသးေသးကေလးက လက္ထဲမွာဝက္ဝံ႐ုပ္ကေလးကိုပိုက္ထားကာ မ်က္လုံးဝိုင္းဝိုင္းႏွင့္တံခါးဝကေနသူ႕ကို မရဲတရဲ သူ႕ကိုေခ်ာင္းကာၾကည့္ေနေလသည္။

"....သားေလ...ဝမ္က်န့္.. "
ရိေပၚ ခပ္တိုးတိုးေလးေခၚလိုက္ကာ လက္ထဲက ကိုင္ထားတဲ့ျပကၡတိန္က စားပြဲေပၚျပန္ခ်လိဳက္ၿပီး သားေလးအနား ကပ္သြားလိုက္မိသည္။
အရင္အခ်ိန္ေတြကဆိုလွ်င္ သားကိုရိေပၚလွည့္ေတာင္မၾကည့္ျဖစ္ ဂ႐ုလည္းမစိုက္ေပ.. မခ်စ္မႏွစ္သက္ေသာ လူႏွင့္ရထားေသာေသြးသားမို႔ ၾကည့္ကိုမၾကည့္ခဲ့.....ကေလးကသူ႕ဆီလာကပ္ရင္ေတာင္သူက ေအာ္လႊတ္စၿမဲျဖစ္ေသာေၾကာင့္ ဝမ္က်န့္ေလးက ရိေပၚကိုဆိုေၾကာက္ေပသည္။

အခုလည္းရိေပၚသည္ သားဆီတိုးကပ္သြားတာႏွင့္သားကေၾကာက္လန့္တၾကား ေနာက္ကိုေျပးသြားေလေတာ့သည္။ ရိေပၚလည္းစိတ္မေကာင္းျဖစ္သြားပင္မဲ့ ဒါဟာသူ႕အျပစ္တာျဖစ္ေသာေၾကာင့္ စိတ္မေကာင္းျဖစ္႐ုံကလႊဲလို႔ ဘာမွမတက္နိုင္ေပ..ဒါေၾကာင့္အခုကစၿပီးကေလးကိုခ်စ္ေပးၿပီး ပိုရင္းႏွီးလာေအာင္လုပ္ရမည္မွာ သူ႕တာဝန္ျဖစ္သည္။

ရိေပၚလည္းသူ႕ကိုယ္သူအခုမွသတိထားမိတာ သူ႕ခႏၱကိုယ္က အရက္နံေတြနံေစာ္လို႔ေနသည္။ တစ္ဆက္တည္းမွာဘဲ ျပန္မွတ္မိလိုက္သည့္မွတ္ဥာဏ္အရဆို မေန႕ကရွင္းရွင္း၏ ေမြးေန႕ျဖစ္သည္။ ဒါေၾကာင့္သူ ေမြးေန႕ကိုသြားကာ အရက္ေတြေသာက္မူး႐ူးၿပီးမွ ညနက္မွအိမ္ကိုျပန္လာခဲ့သည္။ ျပန္လာသည့္အခ်ိန္တြင္လည္း ေရွာင္းက်န့္ကိုရန္ရွာကာ စိတ္ဒုကၡေပးခဲ့ေသးသည္။

ရိေပၚျပန္ေတြးရင္း သူ႕ကိုယ္သူစိတ္တိုလာရကာ ခဏေလာက္ဆက္မေတြးေတာ့ဘဲ သူရဲ႕ညစ္ပတ္ေနတဲ့ခႏၱကိုယ္ႀကီးကို ေရခ်ိဳးခန္းထဲဝင္ကာ သန့္စင္ေတာ့သည္။

ေရခ်ိဳးၿပီးမွ သူ႕ရဲ႕ကိုက္ေနတဲ့ေခါင္းကအနည္းငယ္ေနလို႔ေကာင္းသြားသည္ဟုခံစားလိုက္ရသည္။

ဝမ္ရိေပၚ ေရခ်ိဳးအဝတ္အစားလဲၿပီးအခန္းျပင္ထြက္လာကာ..ထမင္းစားခန္းထဲ ဝင္သြားသည့္အခါမွာေတာ့ အရမ္းကိုၾကားခ်င္ေနရသည့္ ၾကည္လင္သည့္အသံေအးေအးေလးေၾကာင့္သူ႕ေျခလွမ္းေတြရပ္တန့္သြားခဲ့သည္.....

"...နိုးၿပီလား ရိေပၚ..."

TBC.....

************************************

Continue Reading

You'll Also Like

1M 33.6K 79
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...
296K 14.2K 92
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...
1.5M 34.9K 60
In wich a one night stand turns out to be a lot more than that. -Completed-
132K 7.8K 93
"Great news! Wei WuXian has died!" "Wait- WHAT?!" "But I'm still here." The juniors (Lan Sizhui, Lan Jingyi, Jin Ling, and Ouyang Zizhen) accidentall...