ယုန်လေး က သားပေါက်လေးကို ပျို...

By Kyiphyuswe

31.6K 4.1K 61

ယုန်လေး က သားပေါက် လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး! (BL translation) Little rabbit, he can't afford to ra... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2.2)
အပိုင်း (2.3)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (3.3)
အပိုင်း (4.1)
အပိုင်း (4.2)
အပိုင်း (4.3)
အပိုင်း (5.1)
အပိုင်း (5.2)
အပိုင်း (5.3)
အပိုင်း (6.1)
အပိုင်း (6.3)
အပိုင်း (7.1)
အပိုင်း (7.2)
အပိုင်း (7.3)
အပိုင်း (8.1)
အပိုင်း (8.2)
အပိုင်း (8.3)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.1)
အပိုင်း ( 10.2)
အပိုင်း (11.1)
အပိုင်း (11.2)
အပိုင်း (12.1)
အပိုင်း (12.2)
အပိုင်း (13.1)
အပိုင်း (13.2)
အပိုင်း (14.1)
အပိုင်း (14. 2)
အပိုင်း (15.1)
အပိုင်း (15.2)
အပိုင်း (16.1)
အပိုင်း (16. 2)

အပိုင်း (6.2)

607 101 2
By Kyiphyuswe

(6.2) ယုန်လေး မှာ ကိုယ်ဝန် ရှိနေပြီ

လုံခြုံရေး အစောင့် က အရှေ့မှ မောင်းတံ ကို ဖွင့်ပေး နေရင်း နဲ့ ကားထဲ က လူကို ပြုံးပြ ပြီးတော့ ပြောလိုက် လေတယ်။

'' ဒေါက်တာ ခုန်း က ဒီနေ့ အလုပ်ကို မသွား တော့ဘူး ထင်ပါ့ဗျာ ''

'' ဟုတ်ပ။ ဒီနေ့တော့ နားရက်လေး ယူမလား လို့လေ''

ခုန်းယင် က လုံခြုံရေး အစောင့်ကို ပြန်ပြီးတော့ ခေါင်းငြိမ့် ပြလိုက် လေတယ်။

'' စကားပြောနေ ရင်းမှပဲ မှတ်မိတယ် ဗျာ။ ဒီနေ့ ဒေါက်တာ ခုန်း ကို ရှာဖို့ ဆိုပြီးတော့ ကောင်လေး ငယ်လေး နှစ်ယောက် လာတယ်ဗျ။ ကျွန်တော် က ဒေါက်တာ ကို မတွေ့ရ သေးခင်မှာ တင် အဲ့ ကလေးတွေကို တွေ့ခဲ့ ရတာ လေ ''

လုံခြုံရေး အစောင့် က သိပ်မဝေးတဲ့ နေရာဆီကို ညွှန်ပြ လိုက် ပြီးတော့ ပြောလိုက်တယ်။

'' အဲ့မှာလေ။ အဲ့နားမှာ ရပ်နေ တဲ့ ကလေး နှစ်ယောက် ဗျာ ။ ''

ခုန်းယင် က ထို နှစ်ယောက် ကို အလင်းပြန် နေတဲ့ မှန်ကနေ တစ်ဆင့် လှမ်းပြီး တော့ မြင်လိုက် ရ လေတယ်။

'' အဲ့ကလေး တွေက ဘာကြောင့် ကျွန်မ ဆီ လာကြတာ လဲ ဆိုတာကို ရော ပြောသေးလား? ''

'' မပြော ပါဘူး ဗျာ ''

လုံခြုံရေး အစောင့် က သူ့ရဲ့ ခေါင်းကို ကုတ်ကာ ပြောလိုက် လေတယ်။

'' သူတို့ ကို ခေါ်ပြီးတော့ မေးပေး ပါရစေ ။ ဒီနေရာမှာ ကျွန်တော်က အမှားလုပ်မိမှာ စိုးရိမ်လို့ပါ ''

အဆုံးမှာတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက် က ဆေးဘတ်ဆိုင်ရာ ပြဿနာ တစ်ရပ် ဖြစ်ပွား ခဲ့ဘူးတယ်လေ။ ဒါကြောင့် သူက ထိုကောင်လေး နှစ်ယောက် တစ်ခုခု ဖြစ်သွားမှာ ကို ကြောက်မိတာ ပဲ ဖြစ်လေတယ်။ မဟုတ်ရင် သူ့ရဲ့ အလုပ် လေး က ဆုံးရှုံး သွားနိုင် လေတယ်။

'' အဲ့တာ က ကလေး နှစ်ယောက် ပဲလေ အဆင်ပြေ ပါတယ် ''

ခုန်းယင် က သူမရဲ့ နေကာ မျက်မှန် ကို ချွတ်လိုက် လေတယ်။

'' ကျွန်မ အရင်ဆုံး အထဲကို ဝင်သွား လိုက်မယ်။ မင်းက အဲ့ကလေး နှစ်ယောက် ကို အထဲကို ခေါ်လာ ပေးပါအုံး ''

'' ဟေး ၊ ကလေးတွေ ၊ ဒီကိုလာ။ အထဲက သွားကြစို့''

ကားက အထဲကို မောင်းဝင် သွားပြီး တဲ့နောက် လုံခြုံရေး အစောင့်က နန်ဟွေး နဲ့ ဝမ်ဟန် တို့ ရှိရာ ဘက် ဆီကို လမ်းလှမ်းပြီး ဝေ့ယမ်း ပြ ကာ ပြောလိုက် လေတယ်။

နှစ်ယောက် သား က လုံခြုံရေး ကိရိယာ တွေ ဆီကနေ မမိ ရစေ ဖို့ အတွက် တိုင်ပင် ဆွေးနွေး နေတာ က အခုချိန်ထိ မပြီးသေးပါ ပေ။

'' မင်းတို့ နှစ်ယောက် အထဲကို ဝင်တော့။ ဒိနေရာထဲ မှာ စောင့်ကြည့် ရေး ပစ္စည်းတွေ နဲ့ ကိရိယာတွေ အများကြီး ရှိတယ်။ အဲ့တာ တွေကို မပျက်စီး စေနဲ့နော်''

လုံခြုံရေး အစောင့် က စိတ်အေး လက်အေး နဲ့ မလွှတ်လိုက် နိုင်သေး တာကြောင့် သူက စကား အနည်းငယ် နဲ့ သတိ ပေးလိုက် လေတယ်။

နန်ဟွေး နဲ့ ဝမ်ဟန် တို့ခမျာ သူတို့ အပေါ် ထားတဲ့ လုံခြုံရေး အစောင့်ရဲ့ သဘောထား က ဘာကြောင့် ၁၈၀ ဒီဂရီ အထိ လုံးဝ ကို ပြောင်းလဲ သွားရ သလဲ ဆိုတာကို မသိ ပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ကတော့ အထဲကို ဝင်သွားခွင့် ရ နေပြီပဲလေ။

'' ကျေးဇူး တင်ပါတယ် ဦးလေး ''

ထိုစကား ကို ပြောပြီး တာနဲ့ နှစ်ယောက် သား က အထဲကို အမြန်ဝင် သွား တော့လေတယ်။

ထိုခြံဝင်း ကြီးထဲ က ဗီလာ တွေ က တစ်အိမ်နဲ့ တစ်အိမ် အတော်လေး ဝေးတာ ပဲ ဖြစ်လေတယ်။ သူတို့ နှစ်ယောက် ခမျာ တစ်အိမ်ပြီး တစ်အိမ် လိုက်ရှာ ရင်း နဲ့ နောက်ဆုံး မှာတော့ သူတို့ ရှာနေတဲ့ လိပ်စာ နဲ့ ကိုက်ညီတဲ့ အိမ်တစ်အိမ် ကို ရှာတွေ့ သွားပါ တော့တယ်။

ဝမ်ဟန် က အရှေ့ကို တိုးလိုက် ပြီးတော့ တံခါး ဘဲလ်ကို တီးလိုက် လေတယ်။

'' မင်္ဂလာပါ ဒေါက်တာ ခုန်း ၊ ကျွန်တော် က ဝမ်မို ရဲ့ သားပါ ဗျ။ ဒီကို လာပြီးတော့ တစ်ခုခုကြောင့် လာရှာ ရတာ ပါ''

ထိုစကား ပြောပြီး တဲ့နောက် နှစ်ယောက် သား တံခါး အပြင်ဘက်မှာ စိုးရိမ် ပူပန်စွာ နဲ့ စောင့်ဆိုင်း နေခဲ့ ကြ လေတယ်။

သိပ်မကြာခင် မှာပဲ တစ်စုံတစ်ယောက် က လာပြီးတော့ တံခါး ဖွင့်ပေး လိုက်လေတယ်။

နန်ဟွေး ကြည့်လိုက် တဲ့ အချိန်မှာတော့ သူ့ရှေ့မှာ ရှိနေတဲ့ အမျိုးသမီး က ငယ်ရွယ်လှပ ပြီးတော့ တက်နိုင်စွမ်း ရှိတဲ့ အမျိုးသမီး တစ်ယောက် ဆိုတာကို တွေ့လိုက် ရ လေတယ်။

သူက သူမ ကို ဘယ်လို မျိုး ခေါ်လိုက် ရမလဲ ဆိုတာ မသိ ပါပေ။ ဒါကြောင့် ရိုးရှင်းစွာ နဲ့ပဲ ' မင်္ဂလာပါ ကျဲကျဲ ' လို့ သာ နှုတ်ဆက် လိုက်လေတယ်။

ခုန်းယင် က တစ်ခဏ တော့ အေးခဲ သွား ပေမယ့် နန်ဟွေး ခေါ်လိုက်တဲ့ ' ကျဲကျဲ ' ဆိုတဲ့ အသုံးအနှုန်း ကိုတော့ အရမ်း သဘောကျ သွား လေတယ်။

'' ငါ့ကို အန်တီ လို့သာ ခေါ်ကြ ပါ။ ပြီးတော့ ငါနဲ့ ဝမ်မို တို့က မျိုးဆက် အတူတူ ပါပဲ''

နောက်တော့ သူမ က ဝမ်မိုနဲ့ ၈၀ ရာခိုင်နှုန်း တူတဲ့ ဝမ်ဟန် ဆီကို တစ်ချက် လှည့် ကြည့်ကာ မေးလိုက် လေတယ်။

'' မင်းက ဝမ်ဟန်ပဲ ဖြစ်ရမယ် ။ ဟုတ်တယ် မလား။ ဝမ်မို က သူ့သား အကြောင်းကို တစ်ချိန်လုံး ပြောနေ တာ လေ။ ငါ့မှာ မင်းကို တွေ့ဖို့ အခွင့်အရေး တစ်ခုတောင် မရခဲ့ ဘူး။ ဒါပေမယ့် အခုမှ ပဲ ငါ မင်းကို တွေ့ရ တော့တယ်''

'' အထဲကို ဝင်လာ ကြလေ ''

ခုန်းယင် က သူတို့ ရှေ့ကို ဖိနပ်အပါး တစ်ရံ ဆီ ချ ပေးကာ ပြောလေတယ်။

ဗီလာ ရဲ့ အပြင်အဆင် က ရိုးရှင်း ပေမယ့် အတော်လေး ကို စတိုင် ကျပါတယ်။ နန်ဟွေး ရဲ့ အတွေးထဲ မှာတော့ ဒီ​ ဒေါက်တာ ခုန်း ဆိုတဲ့ အစ်မ ကြီး က အရမ်းကို စွမ်းအား ကြီးတဲ့ သူပဲ ဖြစ်ရ မယ်လို့ကို တွေး နေပြီ ပဲ ဖြစ်လေတယ်။

သူမရဲ့ အသွင်အပြင် နဲ့ အတော်လေး ကွဲ ပြားတဲ့ အကျင့်စရိုက် ရှိပြီးတော့ ခုန်းယင် နဲ့ စကား ပြော ရတာ က အတော်လေး လွယ်ကူ ပေါ့ပါး လေတယ်။ ထိုကဲ့သို့ စကားပြောဆို ရ လွယ်ကူ ပြီး ပွင့်လင်း တဲ့သူ ဖြစ်တဲ့ အတွက်ကြောင့် သာ သူမ နဲ့ ဝမ်မို တို့က ခင်မင် ဖို့ အခွင့်အရေး တွေ ကြုံကြိုက် ခဲ့ ရတာ ပဲ ဖြစ်လေတယ်။

ဖြစ်ချင်တော့ လွန်ခဲ့တဲ့ နှစ် အနည်းငယ် အတွင်း တုံးက ခုန်းယင် ဟာ အချိန်ပိုင်း စာရေး သူ တစ်ယောက် အဖြစ် အလုပ် လုပ်ခဲ့ ဘူးပါတယ်။ ဒါပေမယ့် သူမရဲ့ များပြား လှ တဲ့ အလုပ်တွေ ကြောင့်သာ စာရေး ခြင်းကို ရပ်နား ခဲ့ ရတာ ပဲ ဖြစ်လေတယ်။ ထို ဝတ္ထုရေး နေတဲ့ အချိန်ကာလ အတောအတွင်း သူမ နဲ့ ဝမ်မို တို့က ပိုပြီး တော့တောင် နီးကပ် လာကြ ပါသေး တယ်။

ဒီလောက် ထိ အ​တူတူ နေထိုင် ခဲ့ ပြီးတော့ နီးကပ် ခဲ့တာ တောင်မှ ပဲ အခု ချိန်မှာ တစ်ယောက် နဲ့ တစ်ယောက် အဆက်အသွယ် မရှိကြ တော့ပေ။ အရင်တုံးက အကြောင်း တွေကို ပြန်ပြီး တော့ ပြောပြ ​နေရင်း နဲ့ ခုန်းယင် ရဲ့ မျက်နှာ ပေါ်မှာ လွမ်းဆွတ် တမ်းတ တဲ့ အပြုံးလေး တစ်ခု ထွက်ပေါ် လာခဲ့ လေတယ်။

'' ငါတို့တွေ ရဲ့ အုပ်စု ထဲက သူတွေ ကြားထဲ မှာ သူမ တစ်ယောက် ထဲကသာ အခုချိန်ထိ ရပ်တည် နေနိုင်တာ လေ။ အခုဆို တစ်ခါ တစ်လေ ငါက သူမရဲ့ အလုပ်တွေကို အာရုံစိုက် ကြည့်သေးတယ်။ သူမ က အရင်က ထက်တောင် ပိုပြီးတော့ တကယ့်ကို  ရင့်ကျက် လာခဲ့ တယ်လေ ''

နှုတ်ဆက်တဲ့ လုပ်ငန်း ဆောင်တာ က ပြီးသွားတဲ့ အခါ မှာတော့ ခုန်းယင် က လက်ဖက်ရည် တစ်ငုံ စုပ်သောက် လိုက်ပြီး တော့ ဘေးကို လှည့်ကာ  နန်ဟွေးကို တစ်ချက် ကြည့် လိုက် လေတယ်။

'' ဒီနေ့က မင်းတို့ ဒီကို လာတယ် ဆိုတာ က ဒီကလေး က ငါ့ကို တစ်ခုခု အတွက် လိုအပ်နေ လို့ပဲ ဖြစ်ရမယ်။ ဟုတ်တယ် မလား? ''

ဒေါက်တာ ခုန်း က ဘာမျိုးစိတ် လဲ ဆိုတာ ကို နန်ဟွေး မသိ ပေမယ့် မြေခွေးလေး ရဲ့ မေမေ က မိတ်ဆက် ပေးတယ် ဆိုမှတော့ သူမ က အတော်လေး ကို ယုံကြည့် အားကိုး ထိုက်တဲ့ လူပဲ ဖြစ်ရမယ် လို့ သူတွေး မိ လေတယ်။

ဒါကြောင့် နန်ဟွေး က ဖြစ်ခဲ့ သမျှကို သူမအား ဝန်ခံ ပြီးတော့ ပြောဆို ခဲ့ တော့လေတယ်။

ဖြစ်စဥ် တစ်ခုလုံး ကို နားထောင် ပြီးတဲ့နောက် ခုန်းယင် က ဘာကိုမှ စိတ်အနှောင့်အယှက် ဖြစ်တာ မျိုး မရှိခဲ့ ပါပေ။ အဆုံးမှာ တော့ ဒေါက်တာ တွေက ထူးဆန်း တဲ့ ကိစ္စ တွေ အတော် များများ ကို ကြုံတွေ့ ခဲ့ ကြဘူး တာပဲလေ။

............................................................
မယ်ရီခရစ်စမတ်ပါ အချစ်လေးတို့ လျော့စျေးတွေကို ကိုယ့်ရဲ့ message board မှာ တင်ထားပါတယ်။ သွားကြည့်လိုက် ကြပါ။

Continue Reading

You'll Also Like

7.7M 353K 65
For years angel academy has taught students of all races and ability's, angels, werewolves, vampires, dragon riders, you name it. The school was cre...