# Unicode #
"ဒေါ်ကြီးဂျူး..ကိုကို့အတွက် ဘာပြင်ပေးထားလဲဟင်... "
" ထယ်လေးမနေ့ကပေးတဲ့ စာရင်းထဲက..နွားနို့ပူပူလေးနဲ့...နို့ကိတ်မုန့်လေးလုပ်ပေးထားတယ်.. "
" အဲ့ဆို ယူလာခဲ့နော်..."
စားပွဲဝိုင်းမှာ ထိုင်တော့ ကင်မ်မောင်နှံက မနက်စာစားနေပြီး ထယ်ယောင်းကတော့ ဂျောင်ဂုကို ဂရုတစိုက်ကျွေးနေသည်။
" ကိုကို နွားနို့က ပူတုန်းလေးသောက်လိုက်နော်... "
မသောက်ချင်လို့ခေါင်းခါပြနေတဲ့ ကိုကို...
" သောက်လိုက်ပါ ကိုကိုရယ်...ကလေးအတွက်ကောင်းတယ်.. "
ဗိုက်ကလေးကို လက်ဖြင့်ပွတ်ပြီးပြောတော့ ကိုကိုက တစ်ချက် စဉ်းစားသလို နေပြီးမှ ခေါင်းငြိမ့်ပြ၏။
" ဖြေးဖြေး..မော့မသောက်ရဘူးလေ ကိုကိုရဲ့ သီးသွားမှာပေါ့...ပေးပေး..မောင်တိုက်မယ်.. "
နွားနို့ခွက်ကို မော့သောက်နေတဲ့ ဂျောင်ဂုကို တားပြီး နွားနို့ခွက်ကို ယူလိုက်တဲ့ ထယ်ယောင်း...ဂျောင်ဂုက ဘာဖြစ်လို့လဲဟူသည့်အကြည့်တွေနဲ့ကြည့်လာသည်။ သူတိုက်လို့လည်း သောက်ရသေးတယ်...
" ထယ်ယောင်း...ဂျောင်ဂုလေး သူ့ဘာသာအေးဆေးစားပါစေကွာ..မင်း ဘာဖြစ်နတာလဲ.. "
" မရပါဘူး..ဒယ်ဒီရာ...ဒေါ်ကြီးဂျူး ဇွန်းတစ်ချောင်းယူပေးပါ.."
" ဟုတ်ပြီ..ထယ်လေး... "
ဂျူးလည်း ဇွန်းယူပြီး ထယ်ယောင်းကို ပေးလိုက်ရ၏။
နွားနို့တွေကို ဇွန်းဖြင့်ခပ်ပြီး..ဂျောင်ဂုကို တိုက်နေတဲ့ ထယ်ယောင်းက မသိရင် ကလေးတစ်ယောက်ကို မနက်စာခွံ့ကျွေးနေသလိုပင်..
" ဟာ... ဟာ... မနှိုက်နဲ့လေ ကိုကို..!! "
" ချွင်!... ချွင်!.. "
" ဘုရား!.. "
ကင်မ်ချီထမင်းကြော်ကို နှိုက်ဖို့ပြင်နေတဲ့ ဂျောင်ဂုကို အလန့်တကြားတားလိုက်တဲ့ ထယ်ယောင်းကြောင့် ဂျောင်ဂုတောင် လန့်သွားပြီး..ထယ်မင်နဲ့ ချယ်ယောင်းက စားနေရင် ဇွန်းတွေ လွတ်ကျကာ ဘုရားတောင် တမိသွား၏။တိတ်ဆိတ်နေတဲ့ အချိန် ထယ်ယောင်းရဲ့ အသံက မိုးကြိုးပစ်သံထက်တောင် ကျယ်တော့ မလန့်ဘဲနေမလား...
" အဲ့တာက စပ်တယ်လေ..ကိုကိုရဲ့ မစားရဘူး..နို့ကိတ်မုန့်လေးဘဲစား.. "
စားချင်တာမစားရတော့ ဂျောင်ဂုက နှုတ်ခမ်းလေးဆူသွားသည်။
" ထယ်ယောင်း မင်းဘယ်လို ဖြစ်နေတာလဲ..ကိုယ်ဝန်လနုသေးတယ် ဘာမှ မဖြစ်ဘူး ပြီးတော့ အဲ့လောက်စပ်တာလဲမဟုတ်ဘူး.. "
" ဒယ်ဒီ ဘာသိလို့လဲ အပူအစပ်ဆိုတာ အခုတည်းက ရှောင်ရတယ် တော်ကြာ ကလေးက ဆံပင်မပေါက်ရင် ဘယ်လိုလုပ်မလဲ.. ဒယ်ဒီတို့ မြေးလေး ရုပ်ဆိုးဖြစ်မှာ လာမပြောနဲ့.. "
" ဟ!..ငါက မင်းကို မွေးလာတဲ့ ဖအေပါကွ..ဒီလောက်ဝော့ာသိတယ်..တန်ဆေးလွန်ဘေးတဲ့...အစပ်စားတိုင်း ဆံပင်မပေါက်ဘူးဆို မင်း ကတုန်း ဖြစ်နေပြီ.. "
သားအဖနှစ်ယောက် စကားနိုင်လုတာကိုကြည့်ပြီး ချယ်ယောင်းက ပြုံးစိစိဖြစ်နေပြီး ဂျောင်ဂုကတော့ တအံ့တဩကြည့်နေသည်။အိမ်အကူတွေလည်း မျက်နှာက ရယ်ချင်တာကို ထိန်းထားရ၏။သူတို့ အစ်ကိုလေးနဲ့ သူဌေးက အမြဲလိုလို တကျတ်ကျတ်ပေမဲ့..သူတို့သားအဖရန်ဖြစ်တာက ကလေးတွေစကားနိုင်လုနေသလိုပင်..
" ဘာမှလဲမဆိုင်ဘူး..ဒယ်ဒီ.. "
" ဆိုင်တာမှ သိပ်သိပ်ဆိုင်.. မင်း မာမီတုန်းက အစပ်ကို လရင်တဲ့ အထိစားတုန်း ငါပြောတာတောင်မရဘူး...မေးကြည့်ပါလား မင်းမာမီကို.. "
" ဟုတ်လား မာမီ.. "
သားက မယုံသလိုမေးလာတာကြောင့်..ချယ်ယောင်းပြုံးပြီး ခေါင်းငြိမ့်ပြလိုက်၏။
" အဲ့ဒါကြောင့် သား အစပ်မစားနိုင်တာ..မာမီက သားကိုယ်ဝန်နဲ့တုန်းက အစပ်အရမ်းစားတော့ သားက အစပ်ကိုကြောက်သွားတာ သားကလေးလေးကို အဲ့လိုတော့ အဖြစ်မခံဘူး... "
" ဟုတ်ပါပြီ..မင်းဘဲသိ မင်းဘဲ တတ်.. မပြောတော့ဘူး..လုပ်ချင်သလိုလုပ်..တစ်ခုတော့ကြည့်...သမက်လေးမျက်နှာကို မင်း စားခိုင်းထားတာတွေကို မစားချင်စားချင်နဲ့စားနေရတာ...ကိုယ်ဝန်ဆောင်တွေကို စိတ်ချမ်းသာအောင် ထားရမယ်ဆိုတာ မသိဘူးလား .. "
ဒယ်ဒီပြောမှ ကိုကို့ကို ကြည့်တော့ နို့ကိတ်ကို မျက်နှာမသာမယာနဲ့စားနေ၏။
" ကိုကို..စားချင်လို့လား.. "
ကိုကို့ရဲ့ လက်မောင်းလေးကို ဖွဖွလေးတို့ပြီး ကင်မ်ချီ ထမင်းကြော်ကို လက်ညိုးထိုးပြလိုက်တော့ ခေါင်းငြိမ့်ပြလာတဲ့ ကိုကို...
*~.အများကြီးမရဘူး ကိုကို...ငါးဇွန်းဘဲစားရမယ်.~*
ထယ်ယောင်းရေးပြတဲ့ စာကို ဖတ်ပြီး ဂျောင်ဂု ပျော်သွားသည်။မစားရတာ ထက်စာငါးဇွန်းက တော်ပါသေးတယ်..
ဂျောင်ဂုခေါင်းငြိမ့်ပြလိုက်တော့ ထယ်ယောင်းက တစ်ဇွန်းယူပြီး ခွံ့ကျွေးလိုက်သည်။ သူကတော့ အခုထိ ဘာမှ မစားသေး..
" နွားနို့သောက်အုံး ကိုကို အစပ်ပြေအောင်.. "
နွားနို့ကို ဇွန်းနဲ့ ခပ်တိုက်ပြီး ကင်မ်ချီထမင်းကြော်တစ်ဇွန်းခွံ့လိုက်၏။
*~.မောင်...မောင်လည်း စားလေ..~*
*~.မောင်က ကိုကိုကို ခွံ့ကျွေးပြီးမှစားတော့မယ်..ကိုကိုသာဝအောင်စားနော်..ပြီးရင် မောင်နဲ့ အတူ ဆေးရုံသွားမယ်..~*
သူ့စာဖတ်ပြီး ခေါင်းငြိမ့်ပ့ကာ သူခွံ့ကျွေးတာကို ပါးလေးတွေဖောင်းတဲ့ ထိဝါးကာစားနေတဲ့ ကိုကိုက အရမ်းချစ်ဖို့ကောင်းသည်။
" သားထယ်..သားစားတော့လေ..ခနနေ ဂျောင်ဂုလေးရဲ့ ကိုယ်ဝန်အပ်ဖို့ ဆေးရုံသွားရမှာမလား..."
အခုထိ mocha တောင်မသောက်သေးတဲ့ သားကို ချယ်ယောင်းစားဖို့ပြောလိုက်ရ၏။ယောကျာ်းမျက်နှာကို ကြည့်ပြီး ပြုံးပြုံးကြီးနဲ့ ခွံ့နေကာ ကိုယ်စားဖို့သတိမရတာကြောင့် မနေနိုင်တဲ့သူက သတိပေးရသည်။
" ဟုတ်ကဲ့ မာမီ ကိုကို့ကို ခွံပြီးမှ စားတော့မယ်.. "
" သားရယ်..ခွံ့ရင်းစားလို့ရပါတယ်.. "
" သားက ကိုကိုစားနေတာကို ကြည့်ချင်လို့မာမီရဲ့.. "
သူ့စကားကြောင့် သွေးတက်သလို နားထင်ကို လက်နဲ့ ဖိထားတဲ့ မာမီ..
" ချယ်ရေ..မင်းသားက ဆေးမမှီတော့ဘူး....ထားလိုက်.. ပြောရင် ငါတို့ဘဲ ဆီချိုတက်ပြီးသေမှာ..မိဘတွေရှိနေတာတောင် ယောကျာ်းမျက်နှာဘဲမြင်နေတာ..ပြောမနေနဲ့..ချယ်ဝပြီလား..အစ်ကိုတော့ဝပြီ...သွားတော့မယ်..ကဲကဲပိုကို အမြင်ကပ်လာလို့..."
ထယ်မင်ကပြောပြီး ထတော့ ချယ်ယောင်းလည်း ထလိုက်သည်။
" ဝပြီ အစ်ကို....ချယ်ပါလိုက်မယ်.. "
" ဒယ်ဒီနော်...သားအဖချင်းလာဖဲ့နေတယ်..ကိုယ့်ယောကျာ်းကိုယ် ဂရုစိုက်တာ မကျေနပ်ရင် ဒယ်ဒီလည်း မာမီကို ဂရုစိုက်ပါလား.. "
" ငါက ငါ့မိန်းမကို အချိန်ပြည့်ဂရုစိုက်တယ် လာ..ချယ်သွားမယ်.."
ကင်မ်မောင်နှံလည်း ထွက်သွားတော့ ထယ်ယောင်းလည်း ကိုကို့ကို မနက်စာဆက်ကျွေးနေလိုက်၏။
" တော်ပြီလား ကိုကို.. "
ထပ်ကျွေးဖို့လုပ်နေတော့ ပါးစပ်ကို လက်ကလေးဖြင့် ပိတ်ကာ ခေါင်းခါပြလာတဲ့ ကိုကို...သူမေးလိုက်တော့ ခေါင်းငြိမ့်ပြလာ၏။
*~.ကိုကို ဝပြီမောင်..မောင် စားတော့လေ..ကိုကို စောင့်နေပေးမယ်.~*
*~.ဟုတ်ပြီ..ခဏစောင့်ပေးနော် ကိုကို..ပြီးရင် မောင်နဲ့ ဆေးရုံသွားကြမယ်.."
ထယ်ယောင်းလည်း စာပြန်ရေးပြီး မနက်စာကို ခပ်သွက်သွက်စားလိုက်သည်။
~
~
~
" တီ!.. တီ!... တီ!.. "
" တီ!... တီ!... တီ!... "
လမ်းတစ်နေရာရောက်တော့..ကားမောင်းနေရင်း အရှိန်လုံးဝလျှော့လိုက်တာကြောင့် နောက်ကားတွေက ဟွန်းတွေတီးလာသည်။ဒါပေမဲ့ ထယ်ယောင်းက မကြားချင်ယောင်ဆောင်ပြီး လုပ်စရာရှိတာဆက်လုပ်နေလိုက်၏။ကိုကိုကလည်း မကြားရတော့ ကားအရှိန်လျှော့လိုက်တဲ့သူ့ကိုသာ ကြည့်နေသည်။
ကားတွေ အရှိန်လျှော့အောင် တားထားတဲ့ ဂုန်းပုံစံလေးက ဒီအတိုင်းဖြတ်မောင်းရင်..ကားပေါ်ကလူတွေကို အနည်းဆုံး ဖင်ကြွသွားအောင်လောက် ခုန်စေနိုင်တာမို့..အရှိန်လျှော့ကာ တစ်ဘီးချင်းစီ လှိမ့်ပြီး....ကားမခုန်အောင် လုပ်နေ၏။ကိုကိုက ကိုယ်ဝန်နဲ့လေ..ကားခုန်ရင် တစ်ခုခုဖြစ်သွားမှာစိုးလို့..ဒါကြောင့် ဆိုလ်းလမ်းမကြီးပေါ်မှာ ဟွန်းတီးသံတွေ ညံနေတာတောင် ထယ်ယောင်းက လုံးဝအရှိန်နဲ့ မဖြတ်ဘဲ တစ်ဘီးချင်းစီ ဖြတ်လိုက်သည်။ ထယ်ယောင်းရဲ့ ကောင်းမှုကြောင့် ဆိုလ်းမြို့မှာ ယာဉ်ကြောကျပ်မှာတွေဖြစ်လာ၏။
" ဟုတ်ပြီ...နောက်ဘီးတွေဘဲ ကျန်တော့တယ်.. "
ထယ်ယောင်းက ဖြေးဖြေးလေးလှိမ့်ပြီး မောင်းရာ ကားရှေ့ဘီးတွေက ဂုန်းကို ကျော်သွားပြီး နောက်ဘီးတွေသာကျန်တော့သည်။
" ဒေါက်!.. ဒေါက်!.. "
နောက်ဘီးကို ဖြေးဖြေးလေး လှိမ့်နေတုန်း ကားမှန်တံခါးကို ခေါက်လာတာကြောင့်..မှန်ချလိုက်တော့ ယာဉ်ထိန်းရဲတွေ...
" အာ!.. မစ္စတာ ကင်မ်ဘဲ.. မစ္စတာကင်မ်..ကားကို အဲ့လိုလုပ်မနေပါနဲ့လား..နောက်ကကားတွေသွားလို့မရတော့လို့ပါ.. "
ထယ်ယောင်းမှန်းသိတော့ လေသံကိုလျှော့ပြီး..ပြောလိုက်တဲ့ ယာဉ်ထိန်းရဲ.. ကင်မ်လုပ်ငန်းစုရဲ့ အရှိန်အဝါက ကြီးတယ်လေ..
" သွားလို့မရရင် ရပ်စောင့်ခိုင်းလိုက်ပါ..ကျွန်တော့် အမျိုးသားက ကိုယ်ဝန်နဲ့မို့ ကုန်းတွေကို ကျော်လို့မရလို့ ဖြေးဖြေးလှိမ့်နေတာ.. "
ထယ်ယောင်းက ခပ်တည်တည်ဘဲပြောတော့ ရဲတွေက ဂျောင်ဂုကို ကြည့်လာတော့ ဘာမှ မသိတဲ့ ဂျောင်ဂုက ရယ်ပြလိုက်၏။
" ဟာ!. ကိုကိုဘာလို့ ရယ်ပြနေတာလဲ..မောင့်ကိုဘဲ ရယ်ပြ.. "
ချက်ချင်း ဂျောင်ဂုရဲ့ မျက်နှာကို သူ့ဘက် ဆွဲလှည့်ကာ ပြောလိုက်တဲ့ ထယ်ယောင်း..ဂျောင်ဂုကတော့ ထယ်ယောင်းကို ပြူးကြောင်ကြောင်လေးသာကြည့်နေ၏။ရဲတွေနဲ့ မောင်က ဘာတွေပြောနေမှန်းမသိပေမဲ့ မောင့်ကို တစ်ခုခုပြောနေတာ ပြောမရလို့အခက်တွေ့နေတဲ့ပုံပင်...သူ့မောင်က လူဆိုးလုပ်နေတာလား..
" အဟမ်း!.. "
ရဲတွေလည်း..အိုးတိုးအန်းတန့် ဖြစ်သွားတာကြောင့်...ချောင်းတစ်ချက်ဟန့်လိုက်သည်။
" ဒါပေမဲ့ မစ္စတာကင်မ်...ဒီ ရှစ်လက်မလောက်ဘဲရှိတဲ့ ဂုန်းအကျယ်လေးက ကိုယ်ဝန်သည်တွေအတွက် အန္တရာယ်မရှိပါဘူး..ဒါ့ကြောင့် မြန်မြန်မောင်းလို့ရပါတယ်..တစ်ဘီးချင်းလှိမ့်စရာမလိုပါဘူး.. "
ပခုံးမှာ ကြယ်နှစ်ပွင့်ရှိတဲ့ ရဲက ပြောလိုက်တော့ ထယ်ယောင်း မျက်မှောင်ကုပ်ပြီး ကြည့်ပေးလိုက်၏။
" သူများတွေနဲ့ ကိုကိုက မတူဘူး..ကိုကိုနဲ့ ဗိုက်ထဲက ကလေးလေး ဂုန်းကျော်လို့ တစ်ခုခုဖြစ်သွားရင် ခင်ဗျား အသက်ပြန်ပေးမလား..."
ပြောရခက်တဲ့ ထယ်ယောင်းကြောင့် ရဲတွေ စိတ်အိုက်လာ၏။ခေါင်းကုတ်ဖင်ကုတ်နဲ့ ဘယ်လိုပြောရမှန်းမသိတော့..သူတို့တာဝန်က ယာဉ်ကြောပိတ်ဆို့မှူကို တားပြီး..စည်းကမ်းမလိုက်နာတဲ့သူတွေကို ဖမ်းဖို့ပင်..အခု သူတို့ ထယ်ယောင်းတို့ကား ဒီလမ်းရောက်လာတည်းက ကြည့်နေတာ..ဖြေးဖြေးလေးမောင်းလာပြီး..ဂုန်းနားရောက်တော့ ကားရပ်ကာ တဖြေးဖြေးလှိမ့်နေတာကြောင့် သွားလို့မရတော့တဲ့ကားတွေရဲ့ တစ်လမ်းလုံး ကားဟွန်းသံတွေညံ့သွား၏။မဖြစ်တဲ့အဆုံး လာပြောတော့..လည်း အခက်တွေ့နေရပြီ...
" ဟူး~..မစ္စတာကင်မ် သဘောဗျာ..ဒါပေမဲ့ ခုနက အရှိန်ထက် နည်းနည်းလေးမြန်ပေးပါခင်ဗျ.. "
" မြန်လို့မ~.. "
သူ့စကားမဆုံးသေးခင် ကိုကိုက လက်ထဲစာအုပ်ထည့်လာတာကြောင့် ဖတ်ကြည့်လိုက်တော့..
*~.မောင်..ဘာတွေဖြစ်နေတာလဲ..~*
*~.ကားကို မြန်မြန်မောင်းဖို့ပြောနေတာကိုကို..ယာဉ်ကြောပိတ်နေလို့တဲ့..~*
*~.အဲ့ဆို မောင်းပေးလိုက်လေ မောင်...~*
*~.မရပါဘူး ကိုကိုကလည်း.. ကိုကို့ဗိုက်ထဲမှာ ပိစိလေးနဲ့လေ.~*
*~.ရတယ်မောင်...ဘာမှ မဖြစ်ဘူး..သူတို့ပြောသလို လုပ်ပေးလိုက်နော်...~*
" ဟာ..ကိုကို ~.."
ထယ်ယောင်း ကိုကို့စာကို ဖတ်ပြီး ငြင်းမလို့ရှိသေး ကိုကိုက အကြည့်စူးစူးတွေတဲ့ ကြည့်လာတာကြောင့်..
" ဟုတ်ပြီ..ဟုတ်ပြီ...မောင်..သူတို့ပြောသလို လုပ်လိုက်မယ်.. "
အဲ့တော့မှ ပြုံးသွားတဲ့ ကိုကို..
" ဒီမှာ ကျွန်တော်လုပ်ပေးမယ် ဟုတ်ပြီလား..."
" ကျေးဇူးပါ..မစ္စတာကင်မ်.."
စူပုတ်ပုတ်နဲ့ ပြောလိုက်တော့ ထွက်သွားကြတဲ့သူတွေ...ထယ်ယောင်းလည်း...ကားကို နည်းနည်း မဆိုသလောက်လေး အရှိန်တင်ကာ..ဂုန်းကို ဖြတ်လိုက်သည်။ ပြီးတော့ ဖြေးဖြေးလေးမောင်းလိုက်၏။
ရဲတွေကတော့ လိပ်ထက်နှေးတဲ့ ထယ်ယောင်းရဲ့ နောက်ဆုံးပေါ်ကားကြီးကိုကြည့်ပြီး ခေါင်းတစ်ခါခါ...ယာဉ်ထိန်းရဲသက်တမ်းတစ်လျှောက် မြန်မြန်မောင်းလို့ တားရ ပြောရတာ ရှိပေမဲ့ .နှေးနှေးမောင်းလွန်းလို့ ပြောရတာ ဒီတစ်ခေါက်က ပထမဦးဆုံးပင်..
~
~
~
ပုံမှန်ဆို မိနစ်နှစ်ဆယ်လောက်မောင်းရင် ရောက်တဲ့ ဆေးရုံက ထယ်ယောင်းရဲ့ ကားမောင်းစကေးကြောင့် တစ်နာရီလောက်ကြာမှ ရောက်လာ၏။
" ခဏလေး..ကိုကို...ခဏလေး.. "
ခါးပတ်ဖြုတ်ပြီး ကားပေါ်က ဆင်းမလို့ကို လက်ဝါးတပြပြနဲ့ မဆင်းဖို့တားလာတာကြောင့်..ဂျောင်ဂုမျက်ခုံးတန်းလေးတွေ တွန့်ချိုးသွား၏။ ဘာတွေ လုပ်အုံး မလို့ပါလိမ့်..
အတွေးအဆုံး..သူ့ဘက်က ကားတံခါးကို
ဖွင့်ပေးလာတဲ့ ထယ်ယောင်း..
" ဖြေးဖြေး..ကိုကို..ကလေးထိမယ်..ခြေထောက်ကို ဖြေးဖြေးချ.."
ကိုကိုမကြားတာသိပေမဲ့ ထယ်ယောင်းပါးစပ်ကနေ တတွတ်တွတ်ပြောကာ..ကိုကို့ရဲ့ လက်မောင်းလေးကို ဆုပ်ကိုင်ပြီး ကားပေါ်က ဖြေးဖြေးဆင်းခိုင်းလိုက်၏။ဆေးရုံအဝင်ဝကသူတွေကလည်း ထယ်ယောင်းရဲ့ ပြာပြာသလဲ အပြုမူကြောင့် လရင့်တဲ့ ကိုယ်ဝန်သည်များလားလို့ ပြူးပြူးပြဲပြဲကြည့်နေကြပြီး ကားပေါ်က ဆင်းလာတဲ့ ဗိုက်သားချပ်ချပ်နဲ့ ဂျောင်ဂုကိုမြင်မှ..ပါးစပ်အဟောင်းသားဖြစ်သွား၏။သူတို့က ရှစ်လ ကိုးလ ဗိုက်ကြီးသည် မှတ်နေတာ ..အခုတော့ ဗိုက်တောင်မထွက်သေးတဲ့ လူဖြစ်နေသည်။
ထယ်ယောင်းကတော့ ဘယ်သူတွေကြည့်ကြည့် ဂရုမစိုက်ဘဲ ဂျောင်ဂုကို လရင့်ကိုယ်ဝန်သည်တစ်ယောက်လိုတွဲကာ ဆေးရုံထဲခေါ်သွားလိုက်၏။ reception မှာ ဘိုကင်နံပါတ်ပြောပြီး သားဖွားမီးယပ် အထူးကုဆီ လိုက်ပို့ခိုင်းလိုက်သည်။
သားဖွားမီးယပ်ဆီရောက်တော့ သူတို့ ရှေ့မှာ လူ နှစ်ယောက်လောက်ရှိသေးတာကြောင့် ကိုကို့ကို သေချာထိုင်ခိုင်းလိုက်ပြီး သူက ကိုကို့ဘေးမှာ ဝင်ထိုင်လိုက်၏။ဒီဆရာဝန်က အိမ်ကိုလာပြီး ကိုကို့ကို ဆေးကုပေးသွားတဲ့ ဒေါက်တာရဲ့ သူငယ်ချင်း..ဒေါက်တာကိုယ်တိုင် ဘိုကင်ယူပေးထားတာကြောင့်ထယ်ယောင်းတို့သိပ်စောင့်စရာမလို..ပြီးတော့ အမျိုးသားကိုယ်ဝန်သည် သုံးယောက်ကိုလည်း မွေးပေးဖူးတယ်လို့ပြောတာကြောင့် ဒီဒေါက်တာနဲ့ အပ်ဖို့ လာခဲ့တာပင်..
" ကင်မ်ဂျောင်ဂုရဲ့ အမျိုးသား..ဆေးစာအုပ်လုပ်ဖို့လာခဲ့ပါ.."
နာစ့်မတစ်ယောက်က အော်ပြောတော့..ထယ်ယောင်း ကိုကို့ကို ခဏထိုင်စောင့်နေဖို့ စာရေးပြောခဲ့ပြီး..ဆေးစာအုပ်လုပ်တဲ့နေရာကို သွားလိုက်သည်။
" ကင်မ်ဂျောင်ဂုရဲ့ အမျိုးသားလား "
" ဟုတ်ပါတယ်.. "
" ဒါဆို စာအုပ်လုပ်ပေးမယ်နော်.. "
" နာမည်က ကင်မ်ဂျောင်ဂု.. "
" အဖအမည်က.. ဂျွန်ဂျောင်းဝန်း..အသက်က...နှစ်ဆယ့်လေး..အမျိုးသားအမည်က ..ကင်မ်ထယ်ယောင်းနော်.. "
" ဟုတ်ကဲ့ အကုန်မှန်ပါတယ်.. "
" ကိုယ်ဝန်က အခုမှ အပ်ရမှာမလား.. "
" ဟုတ်ပါတယ်~.. "
" ဪ..ဒါဆို ခဏနေ အမျိုးသမီးကို ခေါ်ပြီး ဝင်ခဲ့ပါနော်.. "
သူနာပြုစကားကြောင့် ထယ်ယောင်း ရဲ့မျက်ခုံးတန်းတွေ တွန့်ချိုးသွား၏။
" အမျိုးသမီး မရှိဘူး.. "
" ဟမ်!.. ဒါဆို..ဘယ်သူ့ကိုယ်ဝန်လာအပ်တာလဲ..ရှင့်နာမည်က ကင်မ်ထယ်ယောင်း..မလား.."
ထယ်ယောင်းစကားကြောင့် နာစ်မလေးမှာ ကြောင်တောင်တောင်ရယ်..အချက်အလက်တွေအကုန်မှန်ပြီးမှ အမျိုးသမီးခေါ်လာတော့ဆိုတော့ မရှိဘူးတဲ့..ဒါဆို ဘယ်သူ့ဗိုက်လာအပ်တာလဲ...
" ဟုတ်တယ်..ကျုပ်ယောက်ျား ကိုယ်ဝန်လာအပ်တာ..ကင်မ်ဂျောင်ဂုက အမျိုးသမီး မဟုတ်ဘူး.. အမျိုးသား...မိန်းကလေးတွေထက်တောင် ချောပြီးလှတဲ့ ကျုပ်ရဲ့ အမျိုးသား...ရှင်းပြီလား..ကိုယ်ဝန်က မိန်းကလေးတွေဘဲ လာအပ်ကြတာမဟုတ်ဘူး....အခုခေတ်မှာ ယောကျာ်းလေးတွေလည်း အပ်နေကြတာဘဲ အထူးဆန်းလုပ်လို့.."
တည်တင်းနေတဲ့ မျက်နှာထားနဲ့ စွာနေတဲ့ ထယ်ယောင်းကို ကြည့်ပြီး နာစ်မလေးမှာ ခြေမကိုင်မိ လက်မကိုင်မိ.. မှားပြောမိတာကို ကျွန်တော့် အမျိုးသားလို့ပြောလိုက်ရင် ပြီးတာဘဲကို ရန်တွေ့နေတယ်..
" ဟုတ်..ဟုတ်ပါပြီရှင်..ကျွန်မဒေါက်တာကို ဆေးစာအုပ်ပြရမှာမလို့..ခဏနေ နာမည်ခေါ်ရင် ဆေးကုခန်းထဲဝင်လာခဲ့ပါနော်.."
ဘာမှ မပြောဘဲ ခေါင်းငြိမ့်ကာ ထွက်သွားတဲ့ထယ်ယောင်း..
နာစ့်မ ကတော့ စာအုပ်တွေကိုယူကာ ဒေါက်တာ့ကို သွားပြလိုက်၏။
" ကင်မ်ဂျောင်ဂု..ဝင်လို့ရပါပြီ.. "
နာမည်ခေါ်သံကြားတော့ ထယ်ယောင်းက ကိုကို့ရဲ့ လက်ကို တွဲပြီး အခန်ထဲ ဝင်သွားလိုက်သည်။
" လာ..ထိုင်ကြပါ.. "
" အမျိုးသား ကိုယ်ဝန်ဆောင်နော်.. "
" ဟုတ်ကဲ့..."
" အခုမှ အပ်ရမှာမလား.. "
" ဟုတ်ကဲ့.. "
" နှစ်ပတ်ကျော်ကျော်ဘဲရှိသေးတယ်နော်!.."
" ဟုတ်ကဲ့ "
ဂျောင်ဂု ကိုကြည့်ပြီးမေးလိုက်ပေမဲ့ ထယ်ယောင်းချည်းက ဝင်ဖြေလိုက်တာကြောင့် ဒေါက်တာမှ ကြောင်တောင်တောင်ရယ်..ကိုယ်ဝန်က ဘယ်သူရှိနေတာလဲ..ခန္ဓာကိုယ် ညှပ်တဲ့ ဂျောင်ဂုကို uke လို့ထင်ပြီးမေးလိုက်မှ ထယ်ယောင်းကဖြေနေတော့.. ကိုယ်ဝန်က ထယ်ယောင်းရှိနေသလိုလို...သေးသေးလေးက top တဲ့လား..
" ကိုယ်ဝန်ဆောင်က ခင်ဗျားလား.. "
" ဟုတ်ကဲ့ .အဲ~..မဟုတ်ကဲ့.. အာ!..မဟုတ်ဘူး.."
ဒေါက်တာပြောသမျှကို ဟုတ်ကဲ့လိုက်နေမိတော့ ယောင်ပြီး ဟုတ်ကဲ့ပြောမိသဖြင့် အယောင်ယောင်အမှားမှားဖြစ်သွား၏။
" ဗျာ!. "
" ဒီလို ဒေါက်တာ..ကိုယ်ဝန်ဆောင်က သူပါ..ကျွန်တော့် အမျိုးသားက ဆွံ့အနားမကြားတစ်ယောက်ပါ..အဲ့ဒါကြောင့် ကျွန်တော်က အစားဖြေပေးနေတာ .."
ကိုကို့ရဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီး ပြောပြလိုက်တော့ ဒေါက်တာက ဂျောင်ဂုကို သနားတဲ့ အကြည့်လေးတွေနဲ့ကြည့်လိုက်သည်။အတိတ်ကံမလှလို့ အခုလိုဖြစ်နေပေမဲ့ ဂရုစိုက်တတ်တဲ့ ခင်ပွန်းရထားတော့ တော်သေးတာပေါ့..
ဂျောင်ဂုလည်း ဆရာဝန်ကို အပြုံးလှလှလေးတဲ့ ပြုံးပြလိုက်သည်။
" ဒါဆို ကျွန်တော် ဆောင်ရမှာနဲ့ ရှောင်ရမှာတွေပြောပြမယ်နော်.."
" ဟုတ်ကဲ့ ဒေါက်တာ "
" အပူ အစပ်နဲ့~.. "
" အပူအစပ်နဲ့ အလေးအပင်တွေ မခိုင်းလို့မရဘူးမလား..ဒေါက်တာ ပြီးတော့..စိတ်ချမ်းသာအောင်ထားရမယ်..ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်အတက်အကျမြန်တာမို့ ပိုပြီး ဂရုစိုက်ပေးရမယ်..အာဟာရရှိတဲ့ အစားအစာတွေကို ကျွေးရမယ်..ပြီးတော့~.."
" ရ..ရပါပြီ..ဒီလောက်ဆို ကျွန်တော် ပြောပြစရယမလိုတော့ဘူးထင်တယ်..အားဆေးနဲ့ သံဓာတ်အားဖြည့်ဆေးတွေ ပေးလိုက်မယ် ပုံမှန်တိုက်ပေးပါ..ပြန်လို့ရပြီနော်..နောက်နှစ်ပတ်နေမှ ထပ်လာခဲ့ပါ ..အဲ့ချိန်ကျရင် အန်ထရာဆောင်း ရိုက်ကြည့်မယ်နော်.. "
ဒေါက်တာက စကားစရုံဘဲရှိသေး ထယ်ယောင်းက သူဖတ်ထားတာတွေ ပြောလိုက်တော့ ဒေါက်တာ့မှာ ပါးစပ်အဟောင်းသား..ဒါကြောင့် တော်ခိုင်းလိုက်ပြီး ဆေးပေးကာ ပြန်ခိုင်းလိုက်ရ၏။
ထယ်ယောင်းညက သူဖတ်ထားတဲ့ဟာတွေအကုန် ရွတ်ပြမလို့ကို ဒေါက်တာက ရပြီပြောတာကြောင့် ဆေးယူကာ ပြန်လာခဲ့၏။အလာတုန်းကအတိုင်း ဂျောင်ဂုမှာ ကားစီးရသည်နဲ့ မတူဘဲ လိပ်စီးနေရသလိုပင်..ဒါပေမဲ့ မောင့်ရဲ့ ဒီအမူအရာတွေကြောင့် စိတ်အနှောက်ယှက်မဖြစ်ဘဲ ကြည်နူးနေမိသည်။
~
~
~
Good night ပါသဲငယ်လေးတို့😘💜💜💜💜💜💜💜
Thanks for votes, feedback and comment.
I Love my readers forever ❤️
I PURPLE YOUR 💜
______________________________________
# Zawgyi #
"ေဒၚႀကီးဂ်ဴး..ကိုကို႔အတြက္ ဘာျပင္ေပးထားလဲဟင္... "
" ထယ္ေလးမေန႕ကေပးတဲ့ စာရင္းထဲက..ႏြားနို႔ပူပူေလးနဲ႕...နို႔ကိတ္မုန႔္ေလးလုပ္ေပးထားတယ္.. "
" အဲ့ဆို ယူလာခဲ့ေနာ္..."
စားပြဲဝိုင္းမွာ ထိုင္ေတာ့ ကင္မ္ေမာင္ႏွံက မနက္စာစားေနၿပီး ထယ္ေယာင္းကေတာ့ ေဂ်ာင္ဂုကို ဂ႐ုတစိုက္ေကြၽးေနသည္။
" ကိုကို ႏြားနို႔က ပူတုန္းေလးေသာက္လိုက္ေနာ္... "
မေသာက္ခ်င္လို႔ေခါင္းခါျပေနတဲ့ ကိုကို...
" ေသာက္လိုက္ပါ ကိုကိုရယ္...ကေလးအတြက္ေကာင္းတယ္.. "
ဗိုက္ကေလးကို လက္ျဖင့္ပြတ္ၿပီးေျပာေတာ့ ကိုကိုက တစ္ခ်က္ စဥ္းစားသလို ေနၿပီးမွ ေခါင္းၿငိမ့္ျပ၏။
" ေျဖးေျဖး..ေမာ့မေသာက္ရဘူးေလ ကိုကိုရဲ႕ သီးသြားမွာေပါ့...ေပးေပး..ေမာင္တိုက္မယ္.. "
ႏြားနို႔ခြက္ကို ေမာ့ေသာက္ေနတဲ့ ေဂ်ာင္ဂုကို တားၿပီး ႏြားနို႔ခြက္ကို ယူလိုက္တဲ့ ထယ္ေယာင္း...ေဂ်ာင္ဂုက ဘာျဖစ္လို႔လဲဟူသည့္အၾကည့္ေတြနဲ႕ၾကည့္လာသည္။ သူတိုက္လို႔လည္း ေသာက္ရေသးတယ္...
" ထယ္ေယာင္း...ေဂ်ာင္ဂုေလး သူ႕ဘာသာေအးေဆးစားပါေစကြာ..မင္း ဘာျဖစ္နတာလဲ.. "
" မရပါဘူး..ဒယ္ဒီရာ...ေဒၚႀကီးဂ်ဴး ဇြန္းတစ္ေခ်ာင္းယူေပးပါ.."
" ဟုတ္ၿပီ..ထယ္ေလး... "
ဂ်ဴးလည္း ဇြန္းယူၿပီး ထယ္ေယာင္းကို ေပးလိုက္ရ၏။
ႏြားနို႔ေတြကို ဇြန္းျဖင့္ခပ္ၿပီး..ေဂ်ာင္ဂုကို တိုက္ေနတဲ့ ထယ္ေယာင္းက မသိရင္ ကေလးတစ္ေယာက္ကို မနက္စာခြံ႕ေကြၽးေနသလိုပင္..
" ဟာ... ဟာ... မႏွိုက္နဲ႕ေလ ကိုကို..!! "
" ခြၽင္!... ခြၽင္!.. "
" ဘုရား!.. "
ကင္မ္ခ်ီထမင္းေၾကာ္ကို ႏွိုက္ဖို႔ျပင္ေနတဲ့ ေဂ်ာင္ဂုကို အလန႔္တၾကားတားလိုက္တဲ့ ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ဂုေတာင္ လန႔္သြားၿပီး..ထယ္မင္နဲ႕ ခ်ယ္ေယာင္းက စားေနရင္ ဇြန္းေတြ လြတ္က်ကာ ဘုရားေတာင္ တမိသြား၏။တိတ္ဆိတ္ေနတဲ့ အခ်ိန္ ထယ္ေယာင္းရဲ႕ အသံက မိုးႀကိဳးပစ္သံထက္ေတာင္ က်ယ္ေတာ့ မလန႔္ဘဲေနမလား...
" အဲ့တာက စပ္တယ္ေလ..ကိုကိုရဲ႕ မစားရဘူး..နို႔ကိတ္မုန႔္ေလးဘဲစား.. "
စားခ်င္တာမစားရေတာ့ ေဂ်ာင္ဂုက ႏႈတ္ခမ္းေလးဆူသြားသည္။
" ထယ္ေယာင္း မင္းဘယ္လို ျဖစ္ေနတာလဲ..ကိုယ္ဝန္လႏုေသးတယ္ ဘာမွ မျဖစ္ဘူး ၿပီးေတာ့ အဲ့ေလာက္စပ္တာလဲမဟုတ္ဘူး.. "
" ဒယ္ဒီ ဘာသိလို႔လဲ အပူအစပ္ဆိုတာ အခုတည္းက ေရွာင္ရတယ္ ေတာ္ၾကာ ကေလးက ဆံပင္မေပါက္ရင္ ဘယ္လိုလုပ္မလဲ.. ဒယ္ဒီတို႔ ေျမးေလး ႐ုပ္ဆိုးျဖစ္မွာ လာမေျပာနဲ႕.. "
" ဟ!..ငါက မင္းကို ေမြးလာတဲ့ ဖေအပါကြ..ဒီေလာက္ေဝာ့ာသိတယ္..တန္ေဆးလြန္ေဘးတဲ့...အစပ္စားတိုင္း ဆံပင္မေပါက္ဘူးဆို မင္း ကတုန္း ျဖစ္ေနၿပီ.. "
သားအဖႏွစ္ေယာက္ စကားနိုင္လုတာကိုၾကည့္ၿပီး ခ်ယ္ေယာင္းက ၿပဳံးစိစိျဖစ္ေနၿပီး ေဂ်ာင္ဂုကေတာ့ တအံ့တဩၾကည့္ေနသည္။အိမ္အကူေတြလည္း မ်က္ႏွာက ရယ္ခ်င္တာကို ထိန္းထားရ၏။သူတို႔ အစ္ကိုေလးနဲ႕ သူေဌးက အၿမဲလိုလို တက်တ္က်တ္ေပမဲ့..သူတို႔သားအဖရန္ျဖစ္တာက ကေလးေတြစကားနိုင္လုေနသလိုပင္..
" ဘာမွလဲမဆိုင္ဘူး..ဒယ္ဒီ.. "
" ဆိုင္တာမွ သိပ္သိပ္ဆိုင္.. မင္း မာမီတုန္းက အစပ္ကို လရင္တဲ့ အထိစားတုန္း ငါေျပာတာေတာင္မရဘူး...ေမးၾကည့္ပါလား မင္းမာမီကို.. "
" ဟုတ္လား မာမီ.. "
သားက မယုံသလိုေမးလာတာေၾကာင့္..ခ်ယ္ေယာင္းၿပဳံးၿပီး ေခါင္းၿငိမ့္ျပလိုက္၏။
" အဲ့ဒါေၾကာင့္ သား အစပ္မစားနိုင္တာ..မာမီက သားကိုယ္ဝန္နဲ႕တုန္းက အစပ္အရမ္းစားေတာ့ သားက အစပ္ကိုေၾကာက္သြားတာ သားကေလးေလးကို အဲ့လိုေတာ့ အျဖစ္မခံဘူး... "
" ဟုတ္ပါၿပီ..မင္းဘဲသိ မင္းဘဲ တတ္.. မေျပာေတာ့ဘူး..လုပ္ခ်င္သလိုလုပ္..တစ္ခုေတာ့ၾကည့္...သမက္ေလးမ်က္ႏွာကို မင္း စားခိုင္းထားတာေတြကို မစားခ်င္စားခ်င္နဲ႕စားေနရတာ...ကိုယ္ဝန္ေဆာင္ေတြကို စိတ္ခ်မ္းသာေအာင္ ထားရမယ္ဆိုတာ မသိဘူးလား .. "
ဒယ္ဒီေျပာမွ ကိုကို႔ကို ၾကည့္ေတာ့ နို႔ကိတ္ကို မ်က္ႏွာမသာမယာနဲ႕စားေန၏။
" ကိုကို..စားခ်င္လို႔လား.. "
ကိုကို႔ရဲ႕ လက္ေမာင္းေလးကို ဖြဖြေလးတို႔ၿပီး ကင္မ္ခ်ီ ထမင္းေၾကာ္ကို လက္ညိုးထိုးျပလိုက္ေတာ့ ေခါင္းၿငိမ့္ျပလာတဲ့ ကိုကို...
*~.အမ်ားႀကီးမရဘူး ကိုကို...ငါးဇြန္းဘဲစားရမယ္.~*
ထယ္ေယာင္းေရးျပတဲ့ စာကို ဖတ္ၿပီး ေဂ်ာင္ဂု ေပ်ာ္သြားသည္။မစားရတာ ထက္စာငါးဇြန္းက ေတာ္ပါေသးတယ္..
ေဂ်ာင္ဂုေခါင္းၿငိမ့္ျပလိုက္ေတာ့ ထယ္ေယာင္းက တစ္ဇြန္းယူၿပီး ခြံ႕ေကြၽးလိုက္သည္။ သူကေတာ့ အခုထိ ဘာမွ မစားေသး..
" ႏြားနို႔ေသာက္အုံး ကိုကို အစပ္ေျပေအာင္.. "
ႏြားနို႔ကို ဇြန္းနဲ႕ ခပ္တိုက္ၿပီး ကင္မ္ခ်ီထမင္းေၾကာ္တစ္ဇြန္းခြံ႕လိုက္၏။
*~.ေမာင္...ေမာင္လည္း စားေလ..~*
*~.ေမာင္က ကိုကိုကို ခြံ႕ေကြၽးၿပီးမွစားေတာ့မယ္..ကိုကိုသာဝေအာင္စားေနာ္..ၿပီးရင္ ေမာင္နဲ႕ အတူ ေဆး႐ုံသြားမယ္..~*
သူ႕စာဖတ္ၿပီး ေခါင္းၿငိမ့္ပ့ကာ သူခြံ႕ေကြၽးတာကို ပါးေလးေတြေဖာင္းတဲ့ ထိဝါးကာစားေနတဲ့ ကိုကိုက အရမ္းခ်စ္ဖို႔ေကာင္းသည္။
" သားထယ္..သားစားေတာ့ေလ..ခနေန ေဂ်ာင္ဂုေလးရဲ႕ ကိုယ္ဝန္အပ္ဖို႔ ေဆး႐ုံသြားရမွာမလား..."
အခုထိ mocha ေတာင္မေသာက္ေသးတဲ့ သားကို ခ်ယ္ေယာင္းစားဖို႔ေျပာလိုက္ရ၏။ေယာက်ာ္းမ်က္ႏွာကို ၾကည့္ၿပီး ၿပဳံးၿပဳံးႀကီးနဲ႕ ခြံ႕ေနကာ ကိုယ္စားဖို႔သတိမရတာေၾကာင့္ မေနနိုင္တဲ့သူက သတိေပးရသည္။
" ဟုတ္ကဲ့ မာမီ ကိုကို႔ကို ခြံၿပီးမွ စားေတာ့မယ္.. "
" သားရယ္..ခြံ႕ရင္းစားလို႔ရပါတယ္.. "
" သားက ကိုကိုစားေနတာကို ၾကည့္ခ်င္လို႔မာမီရဲ႕.. "
သူ႕စကားေၾကာင့္ ေသြးတက္သလို နားထင္ကို လက္နဲ႕ ဖိထားတဲ့ မာမီ..
" ခ်ယ္ေရ..မင္းသားက ေဆးမမွီေတာ့ဘူး....ထားလိုက္.. ေျပာရင္ ငါတို႔ဘဲ ဆီခ်ိဳတက္ၿပီးေသမွာ..မိဘေတြရွိေနတာေတာင္ ေယာက်ာ္းမ်က္ႏွာဘဲျမင္ေနတာ..ေျပာမေနနဲ႕..ခ်ယ္ဝၿပီလား..အစ္ကိုေတာ့ဝၿပီ...သြားေတာ့မယ္..ကဲကဲပိုကို အျမင္ကပ္လာလို႔..."
ထယ္မင္ကေျပာၿပီး ထေတာ့ ခ်ယ္ေယာင္းလည္း ထလိုက္သည္။
" ဝၿပီ အစ္ကို....ခ်ယ္ပါလိုက္မယ္.. "
" ဒယ္ဒီေနာ္...သားအဖခ်င္းလာဖဲ့ေနတယ္..ကိုယ့္ေယာက်ာ္းကိုယ္ ဂ႐ုစိုက္တာ မေက်နပ္ရင္ ဒယ္ဒီလည္း မာမီကို ဂ႐ုစိုက္ပါလား.. "
" ငါက ငါ့မိန္းမကို အခ်ိန္ျပည့္ဂ႐ုစိုက္တယ္ လာ..ခ်ယ္သြားမယ္.."
ကင္မ္ေမာင္ႏွံလည္း ထြက္သြားေတာ့ ထယ္ေယာင္းလည္း ကိုကို႔ကို မနက္စာဆက္ေကြၽးေနလိုက္၏။
" ေတာ္ၿပီလား ကိုကို.. "
ထပ္ေကြၽးဖို႔လုပ္ေနေတာ့ ပါးစပ္ကို လက္ကေလးျဖင့္ ပိတ္ကာ ေခါင္းခါျပလာတဲ့ ကိုကို...သူေမးလိုက္ေတာ့ ေခါင္းၿငိမ့္ျပလာ၏။
*~.ကိုကို ဝၿပီေမာင္..ေမာင္ စားေတာ့ေလ..ကိုကို ေစာင့္ေနေပးမယ္.~*
*~.ဟုတ္ၿပီ..ခဏေစာင့္ေပးေနာ္ ကိုကို..ၿပီးရင္ ေမာင္နဲ႕ ေဆး႐ုံသြားၾကမယ္.."
ထယ္ေယာင္းလည္း စာျပန္ေရးၿပီး မနက္စာကို ခပ္သြက္သြက္စားလိုက္သည္။
~
~
~
" တီ!.. တီ!... တီ!.. "
" တီ!... တီ!... တီ!... "
လမ္းတစ္ေနရာေရာက္ေတာ့..ကားေမာင္းေနရင္း အရွိန္လုံးဝေလွ်ာ့လိုက္တာေၾကာင့္ ေနာက္ကားေတြက ဟြန္းေတြတီးလာသည္။ဒါေပမဲ့ ထယ္ေယာင္းက မၾကားခ်င္ေယာင္ေဆာင္ၿပီး လုပ္စရာရွိတာဆက္လုပ္ေနလိုက္၏။ကိုကိုကလည္း မၾကားရေတာ့ ကားအရွိန္ေလွ်ာ့လိုက္တဲ့သူ႕ကိုသာ ၾကည့္ေနသည္။
ကားေတြ အရွိန္ေလွ်ာ့ေအာင္ တားထားတဲ့ ဂုန္းပုံစံေလးက ဒီအတိုင္းျဖတ္ေမာင္းရင္..ကားေပၚကလူေတြကို အနည္းဆုံး ဖင္ႂကြသြားေအာင္ေလာက္ ခုန္ေစနိုင္တာမို႔..အရွိန္ေလွ်ာ့ကာ တစ္ဘီးခ်င္းစီ လွိမ့္ၿပီး....ကားမခုန္ေအာင္ လုပ္ေန၏။ကိုကိုက ကိုယ္ဝန္နဲ႕ေလ..ကားခုန္ရင္ တစ္ခုခုျဖစ္သြားမွာစိုးလို႔..ဒါေၾကာင့္ ဆိုလ္းလမ္းမႀကီးေပၚမွာ ဟြန္းတီးသံေတြ ညံေနတာေတာင္ ထယ္ေယာင္းက လုံးဝအရွိန္နဲ႕ မျဖတ္ဘဲ တစ္ဘီးခ်င္းစီ ျဖတ္လိုက္သည္။ ထယ္ေယာင္းရဲ႕ ေကာင္းမႈေၾကာင့္ ဆိုလ္းၿမိဳ႕မွာ ယာဥ္ေၾကာက်ပ္မွာေတြျဖစ္လာ၏။
" ဟုတ္ၿပီ...ေနာက္ဘီးေတြဘဲ က်န္ေတာ့တယ္.. "
ထယ္ေယာင္းက ေျဖးေျဖးေလးလွိမ့္ၿပီး ေမာင္းရာ ကားေရွ႕ဘီးေတြက ဂုန္းကို ေက်ာ္သြားၿပီး ေနာက္ဘီးေတြသာက်န္ေတာ့သည္။
" ေဒါက္!.. ေဒါက္!.. "
ေနာက္ဘီးကို ေျဖးေျဖးေလး လွိမ့္ေနတုန္း ကားမွန္တံခါးကို ေခါက္လာတာေၾကာင့္..မွန္ခ်လိဳက္ေတာ့ ယာဥ္ထိန္းရဲေတြ...
" အာ!.. မစၥတာ ကင္မ္ဘဲ.. မစၥတာကင္မ္..ကားကို အဲ့လိုလုပ္မေနပါနဲ႕လား..ေနာက္ကကားေတြသြားလို႔မရေတာ့လို႔ပါ.. "
ထယ္ေယာင္းမွန္းသိေတာ့ ေလသံကိုေလွ်ာ့ၿပီး..ေျပာလိုက္တဲ့ ယာဥ္ထိန္းရဲ.. ကင္မ္လုပ္ငန္းစုရဲ႕ အရွိန္အဝါက ႀကီးတယ္ေလ..
" သြားလို႔မရရင္ ရပ္ေစာင့္ခိုင္းလိုက္ပါ..ကြၽန္ေတာ့္ အမ်ိဳးသားက ကိုယ္ဝန္နဲ႕မို႔ ကုန္းေတြကို ေက်ာ္လို႔မရလို႔ ေျဖးေျဖးလွိမ့္ေနတာ.. "
ထယ္ေယာင္းက ခပ္တည္တည္ဘဲေျပာေတာ့ ရဲေတြက ေဂ်ာင္ဂုကို ၾကည့္လာေတာ့ ဘာမွ မသိတဲ့ ေဂ်ာင္ဂုက ရယ္ျပလိုက္၏။
" ဟာ!. ကိုကိုဘာလို႔ ရယ္ျပေနတာလဲ..ေမာင့္ကိုဘဲ ရယ္ျပ.. "
ခ်က္ခ်င္း ေဂ်ာင္ဂုရဲ႕ မ်က္ႏွာကို သူ႕ဘက္ ဆြဲလွည့္ကာ ေျပာလိုက္တဲ့ ထယ္ေယာင္း..ေဂ်ာင္ဂုကေတာ့ ထယ္ေယာင္းကို ျပဴးေၾကာင္ေၾကာင္ေလးသာၾကည့္ေန၏။ရဲေတြနဲ႕ ေမာင္က ဘာေတြေျပာေနမွန္းမသိေပမဲ့ ေမာင့္ကို တစ္ခုခုေျပာေနတာ ေျပာမရလို႔အခက္ေတြ႕ေနတဲ့ပုံပင္...သူ႕ေမာင္က လူဆိုးလုပ္ေနတာလား..
" အဟမ္း!.. "
ရဲေတြလည္း..အိုးတိုးအန္းတန႔္ ျဖစ္သြားတာေၾကာင့္...ေခ်ာင္းတစ္ခ်က္ဟန႔္လိုက္သည္။
" ဒါေပမဲ့ မစၥတာကင္မ္...ဒီ ရွစ္လက္မေလာက္ဘဲရွိတဲ့ ဂုန္းအက်ယ္ေလးက ကိုယ္ဝန္သည္ေတြအတြက္ အႏၱရာယ္မရွိပါဘူး..ဒါ့ေၾကာင့္ ျမန္ျမန္ေမာင္းလို႔ရပါတယ္..တစ္ဘီးခ်င္းလွိမ့္စရာမလိုပါဘူး.. "
ပခုံးမွာ ၾကယ္ႏွစ္ပြင့္ရွိတဲ့ ရဲက ေျပာလိုက္ေတာ့ ထယ္ေယာင္း မ်က္ေမွာင္ကုပ္ၿပီး ၾကည့္ေပးလိုက္၏။
" သူမ်ားေတြနဲ႕ ကိုကိုက မတူဘူး..ကိုကိုနဲ႕ ဗိုက္ထဲက ကေလးေလး ဂုန္းေက်ာ္လို႔ တစ္ခုခုျဖစ္သြားရင္ ခင္ဗ်ား အသက္ျပန္ေပးမလား..."
ေျပာရခက္တဲ့ ထယ္ေယာင္းေၾကာင့္ ရဲေတြ စိတ္အိုက္လာ၏။ေခါင္းကုတ္ဖင္ကုတ္နဲ႕ ဘယ္လိုေျပာရမွန္းမသိေတာ့..သူတို႔တာဝန္က ယာဥ္ေၾကာပိတ္ဆို႔မႉကို တားၿပီး..စည္းကမ္းမလိုက္နာတဲ့သူေတြကို ဖမ္းဖို႔ပင္..အခု သူတို႔ ထယ္ေယာင္းတို႔ကား ဒီလမ္းေရာက္လာတည္းက ၾကည့္ေနတာ..ေျဖးေျဖးေလးေမာင္းလာၿပီး..ဂုန္းနားေရာက္ေတာ့ ကားရပ္ကာ တေျဖးေျဖးလွိမ့္ေနတာေၾကာင့္ သြားလို႔မရေတာ့တဲ့ကားေတြရဲ႕ တစ္လမ္းလုံး ကားဟြန္းသံေတြညံ့သြား၏။မျဖစ္တဲ့အဆုံး လာေျပာေတာ့..လည္း အခက္ေတြ႕ေနရၿပီ...
" ဟူး~..မစၥတာကင္မ္ သေဘာဗ်ာ..ဒါေပမဲ့ ခုနက အရွိန္ထက္ နည္းနည္းေလးျမန္ေပးပါခင္ဗ်.. "
" ျမန္လို႔မ~.. "
သူ႕စကားမဆုံးေသးခင္ ကိုကိုက လက္ထဲစာအုပ္ထည့္လာတာေၾကာင့္ ဖတ္ၾကည့္လိုက္ေတာ့..
*~.ေမာင္..ဘာေတြျဖစ္ေနတာလဲ..~*
*~.ကားကို ျမန္ျမန္ေမာင္းဖို႔ေျပာေနတာကိုကို..ယာဥ္ေၾကာပိတ္ေနလို႔တဲ့..~*
*~.အဲ့ဆို ေမာင္းေပးလိုက္ေလ ေမာင္...~*
*~.မရပါဘူး ကိုကိုကလည္း.. ကိုကို႔ဗိုက္ထဲမွာ ပိစိေလးနဲ႕ေလ.~*
*~.ရတယ္ေမာင္...ဘာမွ မျဖစ္ဘူး..သူတို႔ေျပာသလို လုပ္ေပးလိုက္ေနာ္...~*
" ဟာ..ကိုကို ~.."
ထယ္ေယာင္း ကိုကို႔စာကို ဖတ္ၿပီး ျငင္းမလို႔ရွိေသး ကိုကိုက အၾကည့္စူးစူးေတြတဲ့ ၾကည့္လာတာေၾကာင့္..
" ဟုတ္ၿပီ..ဟုတ္ၿပီ...ေမာင္..သူတို႔ေျပာသလို လုပ္လိုက္မယ္.. "
အဲ့ေတာ့မွ ၿပဳံးသြားတဲ့ ကိုကို..
" ဒီမွာ ကြၽန္ေတာ္လုပ္ေပးမယ္ ဟုတ္ၿပီလား..."
" ေက်းဇူးပါ..မစၥတာကင္မ္.."
စူပုတ္ပုတ္နဲ႕ ေျပာလိုက္ေတာ့ ထြက္သြားၾကတဲ့သူေတြ...ထယ္ေယာင္းလည္း...ကားကို နည္းနည္း မဆိုသေလာက္ေလး အရွိန္တင္ကာ..ဂုန္းကို ျဖတ္လိုက္သည္။ ၿပီးေတာ့ ေျဖးေျဖးေလးေမာင္းလိုက္၏။
ရဲေတြကေတာ့ လိပ္ထက္ႏွေးတဲ့ ထယ္ေယာင္းရဲ႕ ေနာက္ဆုံးေပၚကားႀကီးကိုၾကည့္ၿပီး ေခါင္းတစ္ခါခါ...ယာဥ္ထိန္းရဲသက္တမ္းတစ္ေလွ်ာက္ ျမန္ျမန္ေမာင္းလို႔ တားရ ေျပာရတာ ရွိေပမဲ့ .ႏွေးႏွေးေမာင္းလြန္းလို႔ ေျပာရတာ ဒီတစ္ေခါက္က ပထမဦးဆုံးပင္..
~
~
~
ပုံမွန္ဆို မိနစ္ႏွစ္ဆယ္ေလာက္ေမာင္းရင္ ေရာက္တဲ့ ေဆး႐ုံက ထယ္ေယာင္းရဲ႕ ကားေမာင္းစေကးေၾကာင့္ တစ္နာရီေလာက္ၾကာမွ ေရာက္လာ၏။
" ခဏေလး..ကိုကို...ခဏေလး.. "
ခါးပတ္ျဖဳတ္ၿပီး ကားေပၚက ဆင္းမလို႔ကို လက္ဝါးတျပျပနဲ႕ မဆင္းဖို႔တားလာတာေၾကာင့္..ေဂ်ာင္ဂုမ်က္ခုံးတန္းေလးေတြ တြန႔္ခ်ိဳးသြား၏။ ဘာေတြ လုပ္အုံး မလို႔ပါလိမ့္..
အေတြးအဆုံး..သူ႕ဘက္က ကားတံခါးကို
ဖြင့္ေပးလာတဲ့ ထယ္ေယာင္း..
" ေျဖးေျဖး..ကိုကို..ကေလးထိမယ္..ေျခေထာက္ကို ေျဖးေျဖးခ်.."
ကိုကိုမၾကားတာသိေပမဲ့ ထယ္ေယာင္းပါးစပ္ကေန တတြတ္တြတ္ေျပာကာ..ကိုကို႔ရဲ႕ လက္ေမာင္းေလးကို ဆုပ္ကိုင္ၿပီး ကားေပၚက ေျဖးေျဖးဆင္းခိုင္းလိုက္၏။ေဆး႐ုံအဝင္ဝကသူေတြကလည္း ထယ္ေယာင္းရဲ႕ ျပာျပာသလဲ အျပဳမူေၾကာင့္ လရင့္တဲ့ ကိုယ္ဝန္သည္မ်ားလားလို႔ ျပဴးျပဴးၿပဲၿပဲၾကည့္ေနၾကၿပီး ကားေပၚက ဆင္းလာတဲ့ ဗိုက္သားခ်ပ္ခ်ပ္နဲ႕ ေဂ်ာင္ဂုကိုျမင္မွ..ပါးစပ္အေဟာင္းသားျဖစ္သြား၏။သူတို႔က ရွစ္လ ကိုးလ ဗိုက္ႀကီးသည္ မွတ္ေနတာ ..အခုေတာ့ ဗိုက္ေတာင္မထြက္ေသးတဲ့ လူျဖစ္ေနသည္။
ထယ္ေယာင္းကေတာ့ ဘယ္သူေတြၾကည့္ၾကည့္ ဂ႐ုမစိုက္ဘဲ ေဂ်ာင္ဂုကို လရင့္ကိုယ္ဝန္သည္တစ္ေယာက္လိုတြဲကာ ေဆး႐ုံထဲေခၚသြားလိုက္၏။ reception မွာ ဘိုကင္နံပါတ္ေျပာၿပီး သားဖြားမီးယပ္ အထူးကုဆီ လိုက္ပို႔ခိုင္းလိုက္သည္။
သားဖြားမီးယပ္ဆီေရာက္ေတာ့ သူတို႔ ေရွ႕မွာ လူ ႏွစ္ေယာက္ေလာက္ရွိေသးတာေၾကာင့္ ကိုကို႔ကို ေသခ်ာထိုင္ခိုင္းလိုက္ၿပီး သူက ကိုကို႔ေဘးမွာ ဝင္ထိုင္လိုက္၏။ဒီဆရာဝန္က အိမ္ကိုလာၿပီး ကိုကို႔ကို ေဆးကုေပးသြားတဲ့ ေဒါက္တာရဲ႕ သူငယ္ခ်င္း..ေဒါက္တာကိုယ္တိုင္ ဘိုကင္ယူေပးထားတာေၾကာင့္ထယ္ေယာင္းတို႔သိပ္ေစာင့္စရာမလို..ၿပီးေတာ့ အမ်ိဳးသားကိုယ္ဝန္သည္ သုံးေယာက္ကိုလည္း ေမြးေပးဖူးတယ္လို႔ေျပာတာေၾကာင့္ ဒီေဒါက္တာနဲ႕ အပ္ဖို႔ လာခဲ့တာပင္..
" ကင္မ္ေဂ်ာင္ဂုရဲ႕ အမ်ိဳးသား..ေဆးစာအုပ္လုပ္ဖို႔လာခဲ့ပါ.."
နာစ့္မတစ္ေယာက္က ေအာ္ေျပာေတာ့..ထယ္ေယာင္း ကိုကို႔ကို ခဏထိုင္ေစာင့္ေနဖို႔ စာေရးေျပာခဲ့ၿပီး..ေဆးစာအုပ္လုပ္တဲ့ေနရာကို သြားလိုက္သည္။
" ကင္မ္ေဂ်ာင္ဂုရဲ႕ အမ်ိဳးသားလား "
" ဟုတ္ပါတယ္.. "
" ဒါဆို စာအုပ္လုပ္ေပးမယ္ေနာ္.. "
" နာမည္က ကင္မ္ေဂ်ာင္ဂု.. "
" အဖအမည္က.. ဂြၽန္ေဂ်ာင္းဝန္း..အသက္က...ႏွစ္ဆယ့္ေလး..အမ်ိဳးသားအမည္က ..ကင္မ္ထယ္ေယာင္းေနာ္.. "
" ဟုတ္ကဲ့ အကုန္မွန္ပါတယ္.. "
" ကိုယ္ဝန္က အခုမွ အပ္ရမွာမလား.. "
" ဟုတ္ပါတယ္~.. "
" ဪ..ဒါဆို ခဏေန အမ်ိဳးသမီးကို ေခၚၿပီး ဝင္ခဲ့ပါေနာ္.. "
သူနာျပဳစကားေၾကာင့္ ထယ္ေယာင္း ရဲ႕မ်က္ခုံးတန္းေတြ တြန႔္ခ်ိဳးသြား၏။
" အမ်ိဳးသမီး မရွိဘူး.. "
" ဟမ္!.. ဒါဆို..ဘယ္သူ႕ကိုယ္ဝန္လာအပ္တာလဲ..ရွင့္နာမည္က ကင္မ္ထယ္ေယာင္း..မလား.."
ထယ္ေယာင္းစကားေၾကာင့္ နာစ္မေလးမွာ ေၾကာင္ေတာင္ေတာင္ရယ္..အခ်က္အလက္ေတြအကုန္မွန္ၿပီးမွ အမ်ိဳးသမီးေခၚလာေတာ့ဆိုေတာ့ မရွိဘူးတဲ့..ဒါဆို ဘယ္သူ႕ဗိုက္လာအပ္တာလဲ...
" ဟုတ္တယ္..က်ဳပ္ေယာက္်ား ကိုယ္ဝန္လာအပ္တာ..ကင္မ္ေဂ်ာင္ဂုက အမ်ိဳးသမီး မဟုတ္ဘူး.. အမ်ိဳးသား...မိန္းကေလးေတြထက္ေတာင္ ေခ်ာၿပီးလွတဲ့ က်ဳပ္ရဲ႕ အမ်ိဳးသား...ရွင္းၿပီလား..ကိုယ္ဝန္က မိန္းကေလးေတြဘဲ လာအပ္ၾကတာမဟုတ္ဘူး....အခုေခတ္မွာ ေယာက်ာ္းေလးေတြလည္း အပ္ေနၾကတာဘဲ အထူးဆန္းလုပ္လို႔.."
တည္တင္းေနတဲ့ မ်က္ႏွာထားနဲ႕ စြာေနတဲ့ ထယ္ေယာင္းကို ၾကည့္ၿပီး နာစ္မေလးမွာ ေျခမကိုင္မိ လက္မကိုင္မိ.. မွားေျပာမိတာကို ကြၽန္ေတာ့္ အမ်ိဳးသားလို႔ေျပာလိုက္ရင္ ၿပီးတာဘဲကို ရန္ေတြ႕ေနတယ္..
" ဟုတ္..ဟုတ္ပါၿပီရွင္..ကြၽန္မေဒါက္တာကို ေဆးစာအုပ္ျပရမွာမလို႔..ခဏေန နာမည္ေခၚရင္ ေဆးကုခန္းထဲဝင္လာခဲ့ပါေနာ္.."
ဘာမွ မေျပာဘဲ ေခါင္းၿငိမ့္ကာ ထြက္သြားတဲ့ထယ္ေယာင္း..
နာစ့္မ ကေတာ့ စာအုပ္ေတြကိုယူကာ ေဒါက္တာ့ကို သြားျပလိုက္၏။
" ကင္မ္ေဂ်ာင္ဂု..ဝင္လို႔ရပါၿပီ.. "
နာမည္ေခၚသံၾကားေတာ့ ထယ္ေယာင္းက ကိုကို႔ရဲ႕ လက္ကို တြဲၿပီး အခန္ထဲ ဝင္သြားလိုက္သည္။
" လာ..ထိုင္ၾကပါ.. "
" အမ်ိဳးသား ကိုယ္ဝန္ေဆာင္ေနာ္.. "
" ဟုတ္ကဲ့..."
" အခုမွ အပ္ရမွာမလား.. "
" ဟုတ္ကဲ့.. "
" ႏွစ္ပတ္ေက်ာ္ေက်ာ္ဘဲရွိေသးတယ္ေနာ္!.."
" ဟုတ္ကဲ့ "
ေဂ်ာင္ဂု ကိုၾကည့္ၿပီးေမးလိုက္ေပမဲ့ ထယ္ေယာင္းခ်ည္းက ဝင္ေျဖလိုက္တာေၾကာင့္ ေဒါက္တာမွ ေၾကာင္ေတာင္ေတာင္ရယ္..ကိုယ္ဝန္က ဘယ္သူရွိေနတာလဲ..ခႏၶာကိုယ္ ညွပ္တဲ့ ေဂ်ာင္ဂုကို uke လို႔ထင္ၿပီးေမးလိုက္မွ ထယ္ေယာင္းကေျဖေနေတာ့.. ကိုယ္ဝန္က ထယ္ေယာင္းရွိေနသလိုလို...ေသးေသးေလးက top တဲ့လား..
" ကိုယ္ဝန္ေဆာင္က ခင္ဗ်ားလား.. "
" ဟုတ္ကဲ့ .အဲ~..မဟုတ္ကဲ့.. အာ!..မဟုတ္ဘူး.."
ေဒါက္တာေျပာသမွ်ကို ဟုတ္ကဲ့လိုက္ေနမိေတာ့ ေယာင္ၿပီး ဟုတ္ကဲ့ေျပာမိသျဖင့္ အေယာင္ေယာင္အမွားမွားျဖစ္သြား၏။
" ဗ်ာ!. "
" ဒီလို ေဒါက္တာ..ကိုယ္ဝန္ေဆာင္က သူပါ..ကြၽန္ေတာ့္ အမ်ိဳးသားက ဆြံ႕အနားမၾကားတစ္ေယာက္ပါ..အဲ့ဒါေၾကာင့္ ကြၽန္ေတာ္က အစားေျဖေပးေနတာ .."
ကိုကို႔ရဲ႕ လက္ကေလးကို ဆုပ္ကိုင္ၿပီး ေျပာျပလိုက္ေတာ့ ေဒါက္တာက ေဂ်ာင္ဂုကို သနားတဲ့ အၾကည့္ေလးေတြနဲ႕ၾကည့္လိုက္သည္။အတိတ္ကံမလွလို႔ အခုလိုျဖစ္ေနေပမဲ့ ဂ႐ုစိုက္တတ္တဲ့ ခင္ပြန္းရထားေတာ့ ေတာ္ေသးတာေပါ့..
ေဂ်ာင္ဂုလည္း ဆရာဝန္ကို အၿပဳံးလွလွေလးတဲ့ ၿပဳံးျပလိုက္သည္။
" ဒါဆို ကြၽန္ေတာ္ ေဆာင္ရမွာနဲ႕ ေရွာင္ရမွာေတြေျပာျပမယ္ေနာ္.."
" ဟုတ္ကဲ့ ေဒါက္တာ "
" အပူ အစပ္နဲ႕~.. "
" အပူအစပ္နဲ႕ အေလးအပင္ေတြ မခိုင္းလို႔မရဘူးမလား..ေဒါက္တာ ၿပီးေတာ့..စိတ္ခ်မ္းသာေအာင္ထားရမယ္..ကိုယ္ဝန္ေဆာင္ခ်ိန္မွာ စိတ္အတက္အက်ျမန္တာမို႔ ပိုၿပီး ဂ႐ုစိုက္ေပးရမယ္..အာဟာရရွိတဲ့ အစားအစာေတြကို ေကြၽးရမယ္..ၿပီးေတာ့~.."
" ရ..ရပါၿပီ..ဒီေလာက္ဆို ကြၽန္ေတာ္ ေျပာျပစရယမလိုေတာ့ဘူးထင္တယ္..အားေဆးနဲ႕ သံဓာတ္အားျဖည့္ေဆးေတြ ေပးလိုက္မယ္ ပုံမွန္တိုက္ေပးပါ..ျပန္လို႔ရၿပီေနာ္..ေနာက္ႏွစ္ပတ္ေနမွ ထပ္လာခဲ့ပါ ..အဲ့ခ်ိန္က်ရင္ အန္ထရာေဆာင္း ရိုက္ၾကည့္မယ္ေနာ္.. "
ေဒါက္တာက စကားစ႐ုံဘဲရွိေသး ထယ္ေယာင္းက သူဖတ္ထားတာေတြ ေျပာလိုက္ေတာ့ ေဒါက္တာ့မွာ ပါးစပ္အေဟာင္းသား..ဒါေၾကာင့္ ေတာ္ခိုင္းလိုက္ၿပီး ေဆးေပးကာ ျပန္ခိုင္းလိုက္ရ၏။
ထယ္ေယာင္းညက သူဖတ္ထားတဲ့ဟာေတြအကုန္ ႐ြတ္ျပမလို႔ကို ေဒါက္တာက ရၿပီေျပာတာေၾကာင့္ ေဆးယူကာ ျပန္လာခဲ့၏။အလာတုန္းကအတိုင္း ေဂ်ာင္ဂုမွာ ကားစီးရသည္နဲ႕ မတူဘဲ လိပ္စီးေနရသလိုပင္..ဒါေပမဲ့ ေမာင့္ရဲ႕ ဒီအမူအရာေတြေၾကာင့္ စိတ္အႏွောက္ယွက္မျဖစ္ဘဲ ၾကည္ႏူးေနမိသည္။
~
~
~
Good night ပါသဲငယ္ေလးတို႔😘💜💜💜💜💜💜💜
Thanks for votes, feedback and comment.
I Love my readers forever ❤️
I PURPLE YOUR 💜