Dear Ko Ko ( Complete)

By sunray9597

33.6K 2.1K 1.6K

မောင်သာ ကိုကို ကို သစ္စာဖောက်ခဲ့ရင်..ကိုကို နာကျင်အောင်လုပ်မိခဲ့ရင်..မောင့်တစ်ဘဝလုံး အထီးကျန်ဆန်ပြီး နာကျင်မှ... More

Dear Ko Ko (Intro )
Part -1
Part -2
Part -3
Part -4 ⚠️
Part -5
Part -6
Part -7
Part -8
Part-9
Part -11
Part -12
Part -13
Part -14
Part -15
Part -16
Part -17
Part -18
Part -19
Part -20
Part -21
Part -22
Part -23
Part -24
Part -25
Part -26
Part -27
Part -28
Part -29
Part -30
Part -31
Part -32
Part -33
Part 34
Part -35 ( Final-1)
Part -36 ( Final -2 ) Main Final
Dear Ko Ko's Reasons Of Creation

Part -10

682 53 61
By sunray9597


# Unicode #

Bar ကိုရောက်တော့....ဝီစကီမှာကာ..သောက်လိုက်၏။ မူးနေရင် သူ့မေ့သွားလောက်မှာ အဲ့ကောင်ပြောခဲ့တာတွေကို...

" မဖြစ်နိုင်တာတွေ ဘာကြောင့် ..ငါနဲ့ ကိုကိုရဲ့ ကလေး...ကလေးက ..အဲ့လိုဖြစ်လာမှာလဲ..ဆောက် အဓိပ္ပာယ်မရှိတာတွေ.."

ခံပြင်းစိတ်နဲ့ ဝီစကီတွေချည်းဘဲသောက်နေမိသည်။ မူးချင်လို့..အရာအားလုံးနဲ့ ခဏလောက်အဆက်ဖြတ်ထားချင်တယ်...သူမတွေးချင်ဘူး..အဲ့ ကောင်ပြောသလို သူ့မျိုးဆက်တွေက ကိုကို့လို..အားး ဖြစ်မှ မဖြစ်နိုင်တာ...

«« င အကနေ င အလေး မွေးလာမှ မင်းလူညွှန့်တုံးနေမယ် »»

" မဟုတ်ဘူး!! "

" ဒုန်း!.. ခွမ်း!.. "

မကြားချင်တဲ့ စကားတွေကြားလာလို့ လက်ထဲက ဝီစကီ ပုလင်းကို နံရံကို ပစ်ပေါက်လိုက်တော့ barထဲက VIP ROOM ကို ယူထားတာမို့ အသံလုံကာ သူတစ်ယောက်တည်းရှိနေသဖြင့် ဘယ်သူမှ မကြားနိုင်

" ကိုကိုရာ..မောင် ...အေ့..ကိုကို့ကို ခဏလောက်မေ့ထားမယ်နော်...အေ့.."

တဖြေးဖြေးမူးလာပြီး အခြေနေမဟန်တော့ပေ..စားပွဲပေါ်မှာလည်း...ဝီစကီပုလင်းသုံးပုလင်းလောက်ရှိနေပြီ လက်ထဲမှာလည်း လက်ကျန်တစ်ပုလင်း....

" ဂွီ~...အေ့..ကိုကို..ခွေးကောင်ကပြောတယ်သိလား..မောင်နဲ့..အေ့ ကိုကို့ ရင်သွေးတွေက ဆွံအလေးတွေ ဖြစ်လာမယ်တဲ့..အေ့...ဟက်!...မဖြစ်နိုင်တာတွေ ကိုကိုရာ...‌အဲ့သူတောင်းစားကိုလေ..မောင်..မသေမရှင် ..အေ့ ...လုပ်ခိုင်းလိုက်တယ် သိလား ကိုကို... "

အရက်ကို မော့ပြီး..တစ်ယောက်တည်း စကားတွေပြောနေမိတဲ့ ထယ်ယောင်း...မျက်ရည်တွေကျနေလည်း မသုတ်မိ..သူမူးနေတာတောင် ဝမ်းနည်းတဲ့ ခံစားချက်ကြီးက မပျောက်ဘဲ ပိုဆိုးလာ၏။

ငါနဲ့ ကိုကိုက ပျော်ရွင်ဖို့ ကောင်းတဲ့ မိသားစုလေး တည်ထောငရမှာလေ...အဲ့ကောင်က ဘာတွေ လာပြောနေတာလဲ...ကလေးတွေက ဘာမှ ဖြစ်မှာမဟုတ်ဘူး..ငါ့ကလေးတွေက ဘာဖြစ်မှာမလို့လဲ..မွေးလာရင် တီတီတာတာလေးတွေနဲ့ ကိုကိုနဲ့ ငါ့ကို ချွဲမှာပေါ့...ဟားး

" ဟုတ်တယ် မလား..ကိုကို...အာ!..မောင်မေ့နေတာဘဲ...အေ့...ကိုကိုက စကားမှ မပြောတတ်တာ .. sorry... sorry...အဲ!..ကိုကိုက ကြားလည်း မကြားရဘူးလေ..ငါစကားပြောလို့မှ မရတာ..အဲ့တော့ လက်အုပ်ချီပြီ..အေ့....တောင်းပန်တယ်နော်.. "

တစ်ယောက်တည်း...ဂျောင်ဂုရှိတယ် မှတ်ပြီး လက်အုပ်ချီကာ စကားတွေပြောနေတဲ့ ထယ်ယောင်း....

" ကိုကိုက ..အေ့...မောင်‌ပြောတာကို နားမလည်ဘူးလား..စာ...အေ့...စာရေးပြမယ်နော်.. ခဏ.. "

အမြဲဆောင်ထားတဲ့ လက်ဖဝါးလောက်သာရှိတဲ့စာအုပ်လေးနဲ့ ဘောပင်ကို ထုတ်ကာ..စာရေးနေတဲ့ ထယ်ယောင်း...ကိုကိုနဲ့တွေ့ပြီးတည်းက ကိုကိုနဲ့ ပြောလို့ရအောင် ဆောင်ထားတတ်လာ၏။

*~.မောင်..တောင်း ပန် တယ်နော် ကို ကို ကိုကို က မကြားနိုင်တော့ မောင်က စာရေးပြတာပေါ့ မောင့်ကို စကားပြောတတ်တဲ့ ကလေး လေးဘဲ မွေး ပေးနော် ကိုကို .~*

ရွဲ့စောင်းနေတဲ့ လက်ရေးတွေနဲ့ ထိန်းပြီးရေးကာ..ကိုကို ဂျောင်ဂုရှိတယ် အမှတ်နဲ့.. အရှေ့က ဆိုဖာအလွတ်ကို သွားပေးလိုက်သည်။

" အားးး မောင်..ရူးတော့မယ် ကိုကို... အေ့..မောင်ကလေ...ကိုကိုနဲ့ ပျော်ရွင်တဲ့ မိသားစုလေးဘဲ တည်ထောင်ချင်တာပါ... ဟွန်းဂျယ်ပြောသလို ဖြစ်မလာဘူးမလား ကိုကို.. "

မူးလေ ပိုပြီးပေါက်ကွဲလာပြီး ထယ်ယောင်း ခံစားချက်တွေပြင်းထန်လာကာ ငိုလိုက်ရယ်လိုက်နဲ့ ပင်....

ကိုကို့ရဲ့ ဖြစ်တည်မှုတွေကို သူလက်ခံနိုင်ပေမဲ့ ကလေးတွေကတော့ အဲ့လိုဖြစ်လာမှာကို သူသိပ်ကြောက်မိသည်။

မူးပြီး စကားတွေပြော သောင်းကျန်းပြီးနောက် ထိုအခန်းထဲမှာဘဲ အိပ်ပျော်သွားတဲ့ ထယ်ယောင်း...

Bar အပြင်က ထယ်ယောင်းရဲ့ ကားထဲက ထိုင်ခုံပေါ်က ဖုန်းလေးကတော့ ခေါ်သူတွေနဲ့ မက်ဆေ့ခ်ျပို့သူတွေ ရှိနေတာတောင် ကိုင်မဲ့သူမရှိတာကြောင့် အသက်မဲ့လျက်ပင်...


~

~

~

~

" သား...ခေါင်းမူးနေပြန်ပြီလား.. "

နားထင်ကို လက်ဖြင့်ဖိကာ..နှိပ်နေတဲ့ ဂျောင်ဂုကိုမြင်တော့..ချယ်ယောင်း မေးလိုက်သည်။ ဒီကလေးကြည့်ရတာ ဖြူဖတ်ဖြူရော်နဲ့...အားမရှိသည့်ပုံပင်....မနက်တည်းက ခေါင်းမူးနေတာ အခုထိမသက်သာသေးဘူးထင်တယ် သူမေးတော့..ခေါင်းငြိမ့်ပြလာတဲ့ ဂျောင်ဂု..

*~.သား အခန်းထဲသွားနားတော့လေ...မာမီ ထယ့်လေးကို ဖုန်းဆက်ကြည့်လိုက်မယ်..~*

*~.ရပါတယ် မာမီ...အခုမှ ခြောက်နာရီဘဲရှိသေးတာ..မောင်ပြန်လာတာကို စောင့်လိုက်အုံးမယ်.~*

သူစာကိုမြင်တော့..မာမီက ခပ်ဖွဖွလေးပြုံးပြလာ၏။

*~.ဟုတ်ပါပြီကွယ်...ထမင်းမစားသေးဘူးလား.~*

သူခေါင်းခါပြလိုက်၏။

*~.သားကို စောင့်နေတာလား..~*

*~.ဟုတ်တယ် မာမီ..မောင်ပြန်လာမှ အတူတူစားတော့မယ်.~*

အိမ်ပေါက်ဝကို ကြည့်ပြီးမျှော်နေတဲ့ သူ့ကို မာမီက ဆွေး‌ဆွေးလေးကြည့်နေသည်။

*သားထယ်က ဒီနေ့မှ ဘာကြောင့် နောက်ကျနေပါလိမ့်..ခါတိုင်းဆို ငါးနာရီဆိုတာနဲ့ ပြန်ရောက်ပါပြီ...ငါဖုန်းခေါ်ကြည့်အုံးမှပါ*

ချယ်ယောင်း စိတ်ထဲကနေ ပြောရင်း လက်ကလည်း ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။ ဝင်ပြီး ကိုင်သူမရှိတဲ့ နံပါတ်က သူ့ကို သရော်နေသယောင်ပင်...ထပ်ခါထပ်ခေါ်လည်း...ပြန်လည်ဖြေကြားခြင်းမရှိတဲ့ အသံသာကြားနေရ၏။

သူဖုန်းဆက်တာကို ရိပ်မိတဲ့ ဂျောင်ဂုလေးက သူ့ကို ကြည့်ပြီး....သူ့မျက်နှာရိပ်ကို အကဲခတ်နေသည်။

*~.မာမီ...မောင် ဖုန်းမကိုင်ဘူးလားဟင်.~*

ဂျောင်ဂုရဲ့ အမေးကို ချယ်ယောင်း ဘယ်လိုဖြေရမယ်မှန်းမသိတော့ပေ...သားထယ်က သူတို့အိမ်ထောင်သက်....ခြောက်လအတွင်းမှာ တစ်ခါမှ အိမ်ပြန်မနောက်ကျဘူးတဲ့သားက အခုနောက်ကျနေပြီး ဖုန်းလည်းမကိုင်ပေ...အလုပ်ရှိရင်တောင် အိမ်ယူပြီး လုပ်တတ်တဲ့သားက ဖုန်းဝောာင်မကိုင်တာ..ဘယ်လိုပြောရမလဲမသိ...

*~.သားထယ် အလုပ်ရှိသေးလို့ထင်တယ်... သားလေး ညစာ စားရင် စားလိုက်ပါလား..သားထယ်ကို မစောင့်နဲ့လေ...ပြီးရင် အနားယူပါတော့လား..သားပုံစံကြည့်ရတာ နေမကောင်းဖြစ်ချင်နေတယ်နဲ့ တူတယ်.~*

*~.ရပါတယ်..သား..မောင့်ကို စောင့်အုံးမယ်..မောင်ပြန်လာတော့မှာပါ.~*

ချယ်ယောင်းလည်း စိတ်အားထက်သန်နေတဲ့ ဂျောင်ဂုရဲ့ ပုံစံကြောင့် ဘာမှ မပြောတော့ပေ...

~

~

~

သူထိုင်စောင့်နေတာ..သုံးနာရီနီးပါးရှိပြီ...အခုည..ကိုးနာရီ..မောင်က အခုထိပြန်မလာသေးပေ...မောင့်မိဘတွေလည်း ဖုန်းဆက်တိုက်ခေါ်နေပေမဲ့ မကိုင်ပေ...အတွင်းရေးမှုးဟန်ကို ဖုန်းဆက်မေးကြည့်ခိုင်းတော့လည်း..ညနေက အစောကြီးပြန်သွားပြီတဲ့....

ဧည့်ခန်းထဲမှာထယ်မင်က ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီး ချယ်ယောင်းက ဂျောင်ဂုလေးနားမှာ ထနုင်ကာ ဂျောင်ဂုလေးရဲ့ လက်ကို ဆုပ်ကိုင်ထားသည်။ အခုချိန်မှာ သူ့ရင်ထဲ အတွေးတွေရှုပ်နေတာဘဲသိသည်။ သူ့ပို့သမျှ မက်ဆေ့ခ်ျတွေကိုလည်း.. seen မပြတာကြောင့် စိုးရိမ်လာ၏။

" တောက်စ်!..ဒီကောင်ကွာ..ဘယ်တွေ သဝေထိုးနေတာလည်း မသိဘူး...ညနက်နေပြီ အားလုံးစိတ်ပူအောင်လို့.. "

ထယ်မင် လည်း စိတ်ပူတာနဲ့ ရောပြီး ထယ်ယောင်းကို ကြိမ်းနေမိသည်။ တစ်ခါမှ အိမ်ပြန်နောက်မကျဘူးတဲ့သားက အခုတော့ စာမလာ ဖုန်းမဆက်ဘဲ ပျောက်နေတာ..သမက်လေးကလည်း မျက်နှာငယ်လေးနဲ့..အခုထိ ထမင်းစားခိုင်းလို့လည်း မရသေး...မောင့်ကို စောင့်အုံးမယ်ဘဲပြောနေတော့ အခက်တွေ့နေရ၏။

တဖြည်းဖြည်း...နာရီလက်တံက ဆယ်နာရီကို ညွှန်ပြနေသည်။ သူတို့လည်း နေရာက တစ်ဖွားမှ မခွာဘဲ စောင့်နေမိသလို ဒေါ်ကြီးဂျူးနဲ့ အိမ်အကူတွေလည်း မီးဖိုခန်းထဲကနေ သူတို့အရိပ်အခြေကို ကြည့်နေ၏။

*~.မာမီနဲ့ ဒယ်ဒီ..နားရင်နားတော့လေ..သား ဆက်စောင့်နေလိုက်မယ်...ညနက်နေပြီ ကျန်းမာရေးထိခိုက်ပါ့မယ်.~*

သူ့စာရေးပြီး..မောင့်မိဘတွေကို ပြလိုက်သည်။ခါတိုင်းဆို ကိုးနာရီထိုးတာနဲ့ မောင့်မိဘတွေက အိပ်ရာဝင်နေကြပင်...

*~.မဟုတ်တာ သားရယ်..မာမီတို့စောင့်ပေးပါ့မယ်.~*

*~.ရပါတယ် မာမီ..သားလည်း မစောင့်တော့ဘူး..ညစာစားပြီး အိပ်တော့မယ်..မာမီတို့လည်း အိပ်တော့နော်.. မောင်ပြန်လာတာ ညဉ့်နက်မယ်ထင်တယ်..အရင်ရက်က မောင်ပြောတာ ဒီဇိုင်းတွေ ဆွဲဖို့ကျန်သေးတယ်တဲ့ အဲ့ဒါတွေကြောင့် အိမ်ပြန်ဖို့လုပ်ပြီးမှ မပြန်ဘဲ လုပ်နေတာလားမှ မသိတာ..အနားယူလိုက်ပါတော့နော်.~*

ချယ်ယောင်း ဂျောင်ဂုစာကိုဖတ်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ ဂျောင်ဂုလည်း မစောင့်ဘဒ အိပ်တော့မှာ ဆိုတော့ သူတို့လည်း အနားယူဖို့ ဆုံးဖြတ်လိုက်၏။ဂျောင်ဂုလေးပြောသလို....အလုပ်ကြောင့်နောက်ကျနေတာနေမှာပါ....

ဂျောင်ဂုမောင့်ကို ဆက်စောင့်နေချင်ပေမဲ့ မောင့်မိဘတွေက အနားယူဖို့လိုအပ်နာကြောင့် မစောင့်ဘူးပြောကာ နားခိုင်းလိုက်သည်။ မောင့် ဒယ်ဒီနဲ့ မာမီ သောက်ဖို့ နွားနို့ကို နွေးပေးကာ ညဆေးတိုက်ပြီး..အနားယူခိုင်းလိုက်၏။

ချယ်ယောင်းနဲ့ ထယ်မင်ကတော့ အလိုက်သိလွန်းတဲ့ သမက်လေးကို ကြည့်ပြီး မျက်ရည်ဝဲမိသည်။ဒီကလေး သားနဲ့ လက်ထပ်တဲ့ အချိန်ကစပြီး သူတို့ကို ပြုစုပေးခဲ့တာ တစ်ရက်မှ မပြတ်ပေ။အာဟာရရှိတဲ့အစားအစာတွေကိုလည်း ချက်ပြုတ်ကျွေးသလို ‌ပုံမှန်လည်းဆေးတိုက်‌တာကြောင့်...သူတိုမှာ ဂျောင်ဂုလေးကြောင့် ကျန်းမာရေးအခြေနေကောင်းမွန်လာ၏။ သားထယ်ပြန်မရောက်လာသေးလို့ မျက်နှာမကောင်းတာတောင် သူတို့ရှေ့မှာ ဘာမှ မဖြစ်သလို နေပြီး ဆေးတိုက်နေတဲ့ ကလေးကိုကြည့်ပြီး ရင်ထဲမကောင်းပေ..ဘာကြောင့် ထယ်ယောင်းက ပြန်မလာသေးတာလဲဆိုတာ မတွေးတတ်တော့....ကိုယ်တွေ စိုးရိမ်ပြီးပေါက်ကွဲလိုက်ရင် ဒီကလေးပိုပြီး ခံစားရမှာဆိုးလို့...ထိန်းချုပ်နေရတာ...

သူတို့လည်း အခန်းထဲပြန်တော့...ဧည့်ခန်းထဲမှာ ဂျောင်ဂုတစ်ယောက်တည်းသာ ကျန်ခဲ့တော့၏။ ဒေါ်ကြီးဂျူးတို့က သူညစာစားဖို့ ပြင်ဆင်ပေးနေသည်။ဘယ်သူမှ မရှိတော့မှ လှိုက်တတ်လာတဲ့ ဝမ်းနည်းစိတ်ကြောင့် မျက်ရည်များကျလာသည်။မောင်များသူ့ကိုစိတ်ပျက်ပြီး ပြန်မလာတာလားဆိုတဲ့အတွတွေက အလိုလိုရောက်လာတော့...ရင်ထဲက အောင့်တက်လာ၏။

ပြန်ရောက်လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ စောင့်နေမိတဲ့သူက အများတွေအမြင်မှာ သန်မာနေပေမဲ့..ရင်ထဲမှာတော့ ကမ္ဘာပျက်နေသလိုပင်..မောင်သာ သူမျှော်လင့်ထားသလို ပြန်မလာဘူးဆိုရင်....

ဟင့်အင်...မောင်က ပြန်လာမှာပါ..သူပြန်လာမှာ..ဟုတ်တယ်...

ကျလုဆဲဆဲမျက်ရည်တွေနဲ့ ပါးပြင်ပေါ်စိုစွတ်နေတဲ့ မျက်ရည်တွေကိုသုတ်ပြီး အားတင်းထားလိုက်၏။ဘာကြောင့်လဲဆိုရင် မောင်က သူငိုတာကို မကြိုက်ဘူးလေ...

" သား.. "

တံခါးမကြီးကိုကြည့်ပြီး မျက်ရည်ဝဲဝဲလေးနဲ့ ငေးနေတဲ့သူ့ကို ဒေါ်ကြီးဂျူးက ပခုံးလေးကို ခပ်ဖွဖွလေး ဆုပ်ကိုင်ပြီး.. ခေါ်လာတော့ ဝေ့ဝဲနေတဲ့ မျက်ရည်တွေကို မျက်တောင်ထူကြီးတွေနဲ့ နှစ်ချက်သုံးချက်ပုတ်ထုတ်ကာ ပြုံးပြလိုက်သည်။

" ညစာစားလို့ရပြီ..သား.. "

သူ့ကို ညစာစားဖို့လာခေါ်မှန်းသိတာကြောင့်..ခေါင်းငြိမ့်ပြီး နောက်ကနေလိုက်လာခဲ့လိုက်သည်။ ထမင်းစားခန်းထဲရောက်တော့...အသင့်ပြင်ထားတဲ့ ထမင်းပန်းကန်ရှေ့မှာ ဝင်ထိုင်လိုက်၏။

*~.ဒေါ်ကြီးတို့ သွားနားတော့လေ..တစ်မနက်လုံး ပင်ပန်းထားတာ ...စားပြီးရင် သားဘဲ သိမ်းလိုက်ပါ့မယ်.~*

" မဟုတ်~.."

‌ဂျူးလည်း..ငြင်းဖို့လုပ်ပေမဲ့ တောင်းပန်တဲ့ အကြည့်လေးတွေနဲ့ ကြည့်လာတာကြောင့် ခေါင်းငြိမ့်ပြလိုက်ရသည်။ ဒီကလေး အခုစိတ်ထဲမှာ ဝမ်းနည်းနေတာ မျက်လုံးလေးတွေမှာ ပေါ်လွင်နေ၏။

*~.စားပြီးတာနဲ့ ထားခဲ့ပါကွယ်..မနက်ရောက်မှ ဒေါ်ကြီးသိမ်းပါ့မယ်..သွားနားတော့မယ်..မသိမ်းနဲ့နော် သား.~*

သူ့ကို စာရေးပြတော့ ခေါင်းငြိမ့်ပြလိုက်တော့..ဒေါ်ကြီးက သက်မောလေးချကာ ထွက်သွားသည်။မနက်တည်းက ခေါင်းမူးနေလို့ဆိုပြီး ဘာမှသိပ်မစားဘဲ အခြထိနေနေတာကြောင့် စိုးရိမ်မိတာပင်.....ထယ်လေးကလည်း..ညဉ့်နက်နေပြီ..အခုထိပြန်မလာသေး...

~

~

~

အေးစက်နေတဲ့ ထမင်းဝိုင်းကြီးရှေ့မှာ သူတစ်ယောက်တည်းထိုင်နေမိတာ တစ်နာရီနီးပါးရှိပြီ..အေးစက်စက်ဟင်းတွေက သူ့ကို သရော်နေသယောင်ပင်...ဒီနေ့ ခေါင်းမူးပြီး မအီမသာဖြစ်နေပေမဲ့ မောင့်အကြိုက်..ဟင်းတွေချည်းပင် သူကိုယ်တိုင်ရွေးပြီးချက်ထားတာ....မောင်က နေ့လည်စာကို အလုပ်ကိစ္စပြောရင်း အပြင်မှာစားမယ်ဆိုလို့ ညစာအတူစားဖို့စောင့်နေတာ...ပြန်လာဝောာ့မှာပါဆိုပြီး အားတင်းထားတဲ့စိတ်တွေက ပြေလုလုပင်...

တစိုးတစိမျှ ထိမထားရသေးတဲ့ ထမင်းပန်းကန်နဲ့ ဟင်းတွေကို အုပ်စောင်းနဲ့ သေချာအုပ်ပြီး..အခန်းထဲဝင်လာလိုက်သည်။အခန်းတံခါးလော့စ်တော့ ချမထားပေ...မောင်ပြန်လာရင် ဖွင့်လို့ရအောင်...

တိတ်ဆိတ်နေတဲ့ ညဉ့်ယံမှာ ညပိုးကောင်လေးတွေရဲ့ အော်သံသာကြားရပြီး...အမှောင်ကြီးစိုးနေချိန်....ကင်မ်အိမ်တော်ကြီးရဲ့ အခန်းတစ်ခန်းကတော့ မီးထိန်ထိန်လင်းနေဆဲပင်.....

ပြန်လာမှာပါဆိုတဲ့ မျှော်လင့်ချက်တွေပျောက်ဆုံးလုပြီ...အိပ်မပျော်သေးဘဲ အက်ကြောင်းထပ်နေတဲ့ မက်ဆေ့ခ်ျတွေကိုလည်း ပို့နေမိတာ အခါခါပင်....

*~.မောင်...ကိုကိုမျှော်နေတယ်လေ..ပြန်လာတော့မှာမလား...ကိုကို့ကို စိတ်ပျက်သွားပြီလားဟင်...မောင်...စာပြန်ပါအုံး...ကိုကို မောင် ပြန်မလာမချင်းမျှော်နေမှာ သိလား...မြန်မြန်ပြန်လာခဲ့နော်.~*

seen မပြလည်း ပို့နေမိတာ တစ်ရာ့နဲ့ ရှစ်ဆယ့်ငါးခါ ရှိပြီ....နံရံပေါ်က နာရီကိုကြည့်လိုက်တော့ နှစ်နာရီကို ညွှန်ပြနေပြီ...တစ်ရေးမှ မအိပ်စက်ရသေးဘဲ... မျက်ရည်တွေနဲ့ စောင့်နေမိတဲ့သူ...

" ခြိမ်း!..... ခြိမ်း!... "

" ဝူးး ဝူးးး ဝူးးး "

" ခြိမ်း!.. "

အိမ်ထဲက ကောင်လေးမသိတာက သူ့ခံစားချက်တွေလိုပင် အပြင်မှာလည်း မိုးတွေ ခြိမ်းပြီး လေတွေတိုက်တာ သူနဲ့ ထပ်တူ ဝမ်းနည်းနေကြောင်း သဘာဝတရားကြီးက ဖော်ပြနေသည်။

ကုတင်ပေါ်က ထကာ..‌ရေးနေကြ ဒိုင်ယာရီ စာအုပ်လေးထုတ်လိုက်သည်။ ဒီစာအုပ်လေးထဲမှာ သူခံစားချက်တွေ ရေးထားတာ မောင်နဲ့ လက်မထပ်ခင်တည်းကပင်...စာအုပ်ကို စားပွဲပေါ်တင်ပြီး...သူ့ရဲ့ ခံစားချက်တွေကို ချရေး‌နေလိုက်သည်။

*~.မောင် ဒီနေ့ အိမ်ပြန်မလာခဲ့ဘူး..ငါလေ..မအိပ်ဘဲစောင့်နေမိတယ်..မောင်ပြန်လာမလား ဆိုပြီးတော့လေ...မောင်က ညနေကျရင်..ငါ့အတွက်..ဘနားနားမစ်နဲ့ ပီဇာ ဝယ်လာခဲ့မယ်လို့ မက်ဆေ့ခ်ျပို့တယ်..အဲ့ဒါကြောင့် ငါလည်း မောင် ကြိုက်တာတွေ ချက်ပြီးစောင့်နေခဲ့တယ်...မောင်က ပြန်မလာခဲ့ဘူး..ငါစောင့်နေတာ မောင်မသိဘူးလား...ငါကို မောင်များ စိတ်ကုန်သွားပြီလား...~*

စာကြောင်းလေးအဆုံးမှာ စာအုပ်ပေါ်ကို ကျလာတဲ့ မျက်ရည်တွေ..ထိုအသိတွေ ဝင်လာတိုင်း အောင့်တက်လာတဲ့ နှလုံးနဲ့...မွန်းကြပ်လာတဲ့ စိတ်တွေက ထိန်းမရအောင်ပင်...

*~.မောင် မင်းသိလား....ငါက မောင့်ကို အရာအားလုံးထက်ပိုပြီးချစ်နေမိပြီ...မင်းငါ့အပေါ် စိတ်ပျက်သွားမယ်ဆိုရင်..ငါခံစားနိုင်မှာမဟုတ်တော့ဘူးမောင်...ငါ့ဘဝမှာ အားလုံးထက် မင်းကို ခင်တွယ်နေပြီ...ငါရဲ့ မျှော်လင့်ချက်တွေကို မရိုက်ချိုးပါနဲ့ မောင်ရယ်..~*

*~.မောင်က ပြောခဲ့တယ် ငါ့ရဲ့ မျက်လုံးလေးတွေက သူ့ရဲ့ အသက်တဲ့...ဒါပေမဲ့ မောင်မသိတာက ငါရဲ့ ခံစားချက်တွေနဲ့ ကမ္ဘာကြီးက မောင်ဆိုတာဘဲ...မောင်ပြုံးနေရင်..အဲ့ဒါက နှစ်ခြိုက်စရာ...မောင် မဲ့သွားရင်..အဲ့အရာက မုန်းစရာ..မောင်ရယ်နေရင် အဲ့အရာက ပျော်စရာ..မောင် ငိုနေရင် အဲ့အရာက ဝမ်းနည်းစရာ...မောင့်မျက်နှာ ခက်ထန်နေရင် အဲ့အရာတွေက ဒေါသထွက်စရာ....အဲ့ဒါတွေနဲ့လက်ရှိကမ္ဘာကို ငါဆက်သွယ်လို့ရခဲ့တာမောင်....မင်းရဲ့ မျက်နှာ အမူအရာကိုကြည့်ပြီး တိတ်ဆိတ်လွန်းတဲ့ ငါ့ကမ္ဘာကို အသက်ဝင်စေခဲ့တာ.~*

*~.ဆူညံသံတွေ ငါမကြားရရင်တောင်...မောင့်ရဲ့ နားကို လက်ညိုးလေးနဲ့ ကလော်တာကိုကြည့်ပြီး ငါခံစားလို့ရတယ်မောင်...သီချင်းတွေ ငါမကြားရပေမဲ့ မောင့်ရဲ့ နှုတ်ခမ်းကထွက်လာတဲ့ သီချင်းသံလေးတွေရဲ့ လေထဲပျံနှံ့လာတာကို ငါခံစားလို့ရတယ်မောင်... မောင်နဲ့ မတွေ့ခင်အထိ ငါရဲ့ ကမ္ဘာက တိတ်ဆိတ်ပြီး အသံတွေကို မသိရပေမဲ့ မောင်နဲ့ တွေ့ဆုံပြီးမှာတော့ အဲ့အသံတွေကို ငါ သိလာတယ်..ခံစားလို့ရလာတယ်...မောင့်ရဲ့ အပြုအမူနဲ့ လှုပ်ရှားမှုတိုင်းကနေ ငါ ပြင်ပကမ္ဘာကို သိလာတယ်.~*

*~. ငါက မောင့်ရဲ့ အသက်ဆို..မောင်က ငါရဲ့ ကမ္ဘာဘဲ...ငါပိုင်ဆိုင်တဲ့ တစ်ဦးတည်းသော ကမ္ဘာလေးဘဲမောင်..အဲ့ကမ္ဘာ‌လေးက ပျက်သုဉ်းသွားရင်..ငါ သေသွားနိုင်တယ်မောင်..လူ‌တွေက ဘယ်လောက်အသက်ရှည်ရှည် ကမ္ဘာကြီး ပျက်သုဉ်းတာနဲ့ နေလို့ရတော့မှာ မဟုတ်ဘူးမောင်.~*

*~.ပြန်လာခဲ့ပါတော့...ငါ မောင့်ကိုစောင့်နေတယ်...ပြန်မလာမချင်းလေ..စောင့်နေမှာသိလား..မောင်စိတ်စိုးအောင်လုပ်မိတာရှိရင်လည်း ငါက မောင်ကျေနပ်အောင် တောင်းပန်မှာမလို့ ပြန်လာခဲ့ပါမောင်.~*

ရေးထားတဲ့စာအုပ်ကို ပိတ်ပြီး မျက်ရည်‌များနဲ့ အခန်းတံခါးကို ကြည့်နေလိုက်သည်။ မအိပ်ရသေးလို့ ကျိန်းစပ်နေတဲ့ မျက်လုံးတွေကို မေ့ထားပြီး စောင့်နေမိသည်။ မောင်ပြန်လာရင် သူအိပ်ပျော်နေမှာစိုးလို့..မောင်က သူနဲ့ ညစာအတူစားမယ်ပြောထားခဲ့တာ..သူအိပ်ပျော်နေရင် မောင့်ကို ထမင်းခူးကျွေးလို့ ဘယ်ရတော့မလဲ...

သုံးနာရီ!...လေးနာရီ!...ငါးနာရီ!...

ရောင်ခြည်သန်းလာလည်း..မလှုပ်မယှက်နဲ့ စောင့်နေမိဆဲ့သူ တသိမ့်သိမ့်တုန်နေတဲ့ ကိုယ်လေးက ပိုပြီးတုန်ခါလာသည်။ ငိုသံမထွက်ပေမဲ့ သူ့ရဲ့ မျက်ဝန်းတွေမှာတော့..မျက်ရည်တွေ အပြည့်‌ပင်..သူစောင့်နေရအုံးမှာ....

မူးပြီး ရိပ်တိတ်တိတ်ဖြစ်လာတဲ့ ခေါင်းကို လက်ဖြင့်ဖိထားပြီး တင်းခံထားလိုက်သည်။ သူမောင့်ကို စောင့်နေရအုံးမှာလေ...

~

~

~

~

Good night ပါသဲငယ်လေးတို့ 😘💜💜💜💜💜💜💜

Thanks for votes, feedback and comment.

I Love my readers forever ❤️

I PURPLE YOUR 💜



______________________________________




# Zawgyi #

Bar ကိုေရာက္ေတာ့....ဝီစကီမွာကာ..ေသာက္လိုက္၏။ မူးေနရင္ သူ႕ေမ့သြားေလာက္မွာ အဲ့ေကာင္ေျပာခဲ့တာေတြကို...

" မျဖစ္နိုင္တာေတြ ဘာေၾကာင့္ ..ငါနဲ႕ ကိုကိုရဲ႕ ကေလး...ကေလးက ..အဲ့လိုျဖစ္လာမွာလဲ..ေဆာက္ အဓိပၸာယ္မရွိတာေတြ.."

ခံျပင္းစိတ္နဲ႕ ဝီစကီေတြခ်ည္းဘဲေသာက္ေနမိသည္။ မူးခ်င္လို႔..အရာအားလုံးနဲ႕ ခဏေလာက္အဆက္ျဖတ္ထားခ်င္တယ္...သူမေတြးခ်င္ဘူး..အဲ့ ေကာင္ေျပာသလို သူ႕မ်ိဳးဆက္ေတြက ကိုကို႔လို..အားး ျဖစ္မွ မျဖစ္နိုင္တာ...

«« အ အကေန အ အေလး ေမြးလာမွ မင္းလူၫႊန႔္တုံးေနမယ္ »»

" မဟုတ္ဘူး!! "

" ဒုန္း!.. ခြမ္း!.. "

မၾကားခ်င္တဲ့ စကားေတြၾကားလာလို႔ လက္ထဲက ဝီစကီ ပုလင္းကို နံရံကို ပစ္ေပါက္လိုက္ေတာ့ barထဲက VIP ROOM ကို ယူထားတာမို႔ အသံလုံကာ သူတစ္ေယာက္တည္းရွိေနသျဖင့္ ဘယ္သူမွ မၾကားနိုင္

" ကိုကိုရာ..ေမာင္ ...ေအ့..ကိုကို႔ကို ခဏေလာက္ေမ့ထားမယ္ေနာ္...ေအ့.."

တေျဖးေျဖးမူးလာၿပီး အေျခေနမဟန္ေတာ့ေပ..စားပြဲေပၚမွာလည္း...ဝီစကီပုလင္းသုံးပုလင္းေလာက္ရွိေနၿပီ လက္ထဲမွာလည္း လက္က်န္တစ္ပုလင္း....

" ဂြီ~...ေအ့..ကိုကို..ေခြးေကာင္ကေျပာတယ္သိလား..ေမာင္နဲ႕..ေအ့ ကိုကို႔ ရင္ေသြးေတြက ဆြံအေလးေတြ ျဖစ္လာမယ္တဲ့..ေအ့...ဟက္!...မျဖစ္နိုင္တာေတြ ကိုကိုရာ...‌အဲ့သူေတာင္းစားကိုေလ..ေမာင္..မေသမရွင္ ..ေအ့ ...လုပ္ခိုင္းလိုက္တယ္ သိလား ကိုကို... "

အရက္ကို ေမာ့ၿပီး..တစ္ေယာက္တည္း စကားေတြေျပာေနမိတဲ့ ထယ္ေယာင္း...မ်က္ရည္ေတြက်ေနလည္း မသုတ္မိ..သူမူးေနတာေတာင္ ဝမ္းနည္းတဲ့ ခံစားခ်က္ႀကီးက မေပ်ာက္ဘဲ ပိုဆိုးလာ၏။

ငါနဲ႕ ကိုကိုက ေပ်ာ္႐ြင္ဖို႔ ေကာင္းတဲ့ မိသားစုေလး တည္ေထာငရမွာေလ...အဲ့ေကာင္က ဘာေတြ လာေျပာေနတာလဲ...ကေလးေတြက ဘာမွ ျဖစ္မွာမဟုတ္ဘူး..ငါ့ကေလးေတြက ဘာျဖစ္မွာမလို႔လဲ..ေမြးလာရင္ တီတီတာတာေလးေတြနဲ႕ ကိုကိုနဲ႕ ငါ့ကို ခြၽဲမွာေပါ့...ဟားး

" ဟုတ္တယ္ မလား..ကိုကို...အာ!..ေမာင္ေမ့ေနတာဘဲ...ေအ့...ကိုကိုက စကားမွ မေျပာတတ္တာ .. sorry... sorry...အဲ!..ကိုကိုက ၾကားလည္း မၾကားရဘူးေလ..ငါစကားေျပာလို႔မွ မရတာ..အဲ့ေတာ့ လက္အုပ္ခ်ီၿပီ..ေအ့....ေတာင္းပန္တယ္ေနာ္.. "

တစ္ေယာက္တည္း...ေဂ်ာင္ဂုရွိတယ္ မွတ္ၿပီး လက္အုပ္ခ်ီကာ စကားေတြေျပာေနတဲ့ ထယ္ေယာင္း....

" ကိုကိုက ..ေအ့...ေမာင္‌ေျပာတာကို နားမလည္ဘူးလား..စာ...ေအ့...စာေရးျပမယ္ေနာ္.. ခဏ.. "

အၿမဲေဆာင္ထားတဲ့ လက္ဖဝါးေလာက္သာရွိတဲ့စာအုပ္ေလးနဲ႕ ေဘာပင္ကို ထုတ္ကာ..စာေရးေနတဲ့ ထယ္ေယာင္း...ကိုကိုနဲ႕ေတြ႕ၿပီးတည္းက ကိုကိုနဲ႕ ေျပာလို႔ရေအာင္ ေဆာင္ထားတတ္လာ၏။

*~.ေမာင္..ေတာင္း ပန္ တယ္ေနာ္ ကို ကို ကိုကို က မၾကားနိုင္ေတာ့ ေမာင္က စာေရးျပတာေပါ့ ေမာင့္ကို စကားေျပာတတ္တဲ့ ကေလး ေလးဘဲ ေမြး ေပးေနာ္ ကိုကို .~*

႐ြဲ႕ေစာင္းေနတဲ့ လက္ေရးေတြနဲ႕ ထိန္းၿပီးေရးကာ..ကိုကို ေဂ်ာင္ဂုရွိတယ္ အမွတ္နဲ႕.. အေရွ႕က ဆိုဖာအလြတ္ကို သြားေပးလိုက္သည္။

" အားးး ေမာင္..႐ူးေတာ့မယ္ ကိုကို... ေအ့..ေမာင္ကေလ...ကိုကိုနဲ႕ ေပ်ာ္႐ြင္တဲ့ မိသားစုေလးဘဲ တည္ေထာင္ခ်င္တာပါ... ဟြန္းဂ်ယ္ေျပာသလို ျဖစ္မလာဘူးမလား ကိုကို.. "

မူးေလ ပိုၿပီးေပါက္ကြဲလာၿပီး ထယ္ေယာင္း ခံစားခ်က္ေတြျပင္းထန္လာကာ ငိုလိုက္ရယ္လိုက္နဲ႕ ပင္....

ကိုကို႔ရဲ႕ ျဖစ္တည္မႈေတြကို သူလက္ခံနိုင္ေပမဲ့ ကေလးေတြကေတာ့ အဲ့လိုျဖစ္လာမွာကို သူသိပ္ေၾကာက္မိသည္။

မူးၿပီး စကားေတြေျပာ ေသာင္းက်န္းၿပီးေနာက္ ထိုအခန္းထဲမွာဘဲ အိပ္ေပ်ာ္သြားတဲ့ ထယ္ေယာင္း...

Bar အျပင္က ထယ္ေယာင္းရဲ႕ ကားထဲက ထိုင္ခုံေပၚက ဖုန္းေလးကေတာ့ ေခၚသူေတြနဲ႕ မက္ေဆ့ခ္်ပိဳ႕သူေတြ ရွိေနတာေတာင္ ကိုင္မဲ့သူမရွိတာေၾကာင့္ အသက္မဲ့လ်က္ပင္...


~

~

~

~

" သား...ေခါင္းမူးေနျပန္ၿပီလား.. "

နားထင္ကို လက္ျဖင့္ဖိကာ..ႏွိပ္ေနတဲ့ ေဂ်ာင္ဂုကိုျမင္ေတာ့..ခ်ယ္ေယာင္း ေမးလိုက္သည္။ ဒီကေလးၾကည့္ရတာ ျဖဴဖတ္ျဖဴေရာ္နဲ႕...အားမရွိသည့္ပုံပင္....မနက္တည္းက ေခါင္းမူးေနတာ အခုထိမသက္သာေသးဘူးထင္တယ္ သူေမးေတာ့..ေခါင္းၿငိမ့္ျပလာတဲ့ ေဂ်ာင္ဂု..

*~.သား အခန္းထဲသြားနားေတာ့ေလ...မာမီ ထယ့္ေလးကို ဖုန္းဆက္ၾကည့္လိုက္မယ္..~*

*~.ရပါတယ္ မာမီ...အခုမွ ေျခာက္နာရီဘဲရွိေသးတာ..ေမာင္ျပန္လာတာကို ေစာင့္လိုက္အုံးမယ္.~*

သူစာကိုျမင္ေတာ့..မာမီက ခပ္ဖြဖြေလးၿပဳံးျပလာ၏။

*~.ဟုတ္ပါၿပီကြယ္...ထမင္းမစားေသးဘူးလား.~*

သူေခါင္းခါျပလိုက္၏။

*~.သားကို ေစာင့္ေနတာလား..~*

*~.ဟုတ္တယ္ မာမီ..ေမာင္ျပန္လာမွ အတူတူစားေတာ့မယ္.~*

အိမ္ေပါက္ဝကို ၾကည့္ၿပီးေမွ်ာ္ေနတဲ့ သူ႕ကို မာမီက ေဆြး‌ေဆြးေလးၾကည့္ေနသည္။

*သားထယ္က ဒီေန႕မွ ဘာေၾကာင့္ ေနာက္က်ေနပါလိမ့္..ခါတိုင္းဆို ငါးနာရီဆိုတာနဲ႕ ျပန္ေရာက္ပါၿပီ...ငါဖုန္းေခၚၾကည့္အုံးမွပါ*

ခ်ယ္ေယာင္း စိတ္ထဲကေန ေျပာရင္း လက္ကလည္း ဖုန္းနံပါတ္ကို ႏွိပ္လိုက္သည္။ ဝင္ၿပီး ကိုင္သူမရွိတဲ့ နံပါတ္က သူ႕ကို သေရာ္ေနသေယာင္ပင္...ထပ္ခါထပ္ေခၚလည္း...ျပန္လည္ေျဖၾကားျခင္းမရွိတဲ့ အသံသာၾကားေနရ၏။

သူဖုန္းဆက္တာကို ရိပ္မိတဲ့ ေဂ်ာင္ဂုေလးက သူ႕ကို ၾကည့္ၿပီး....သူ႕မ်က္ႏွာရိပ္ကို အကဲခတ္ေနသည္။

*~.မာမီ...ေမာင္ ဖုန္းမကိုင္ဘူးလားဟင္.~*

ေဂ်ာင္ဂုရဲ႕ အေမးကို ခ်ယ္ေယာင္း ဘယ္လိုေျဖရမယ္မွန္းမသိေတာ့ေပ...သားထယ္က သူတို႔အိမ္ေထာင္သက္....ေျခာက္လအတြင္းမွာ တစ္ခါမွ အိမ္ျပန္မေနာက္က်ဘဴးတဲ့သားက အခုေနာက္က်ေနၿပီး ဖုန္းလည္းမကိုင္ေပ...အလုပ္ရွိရင္ေတာင္ အိမ္ယူၿပီး လုပ္တတ္တဲ့သားက ဖုန္းေဝာာင္မကိုင္တာ..ဘယ္လိုေျပာရမလဲမသိ...

*~.သားထယ္ အလုပ္ရွိေသးလို႔ထင္တယ္... သားေလး ညစာ စားရင္ စားလိုက္ပါလား..သားထယ္ကို မေစာင့္နဲ႕ေလ...ၿပီးရင္ အနားယူပါေတာ့လား..သားပုံစံၾကည့္ရတာ ေနမေကာင္းျဖစ္ခ်င္ေနတယ္နဲ႕ တူတယ္.~*

*~.ရပါတယ္..သား..ေမာင့္ကို ေစာင့္အုံးမယ္..ေမာင္ျပန္လာေတာ့မွာပါ.~*

ခ်ယ္ေယာင္းလည္း စိတ္အားထက္သန္ေနတဲ့ ေဂ်ာင္ဂုရဲ႕ ပုံစံေၾကာင့္ ဘာမွ မေျပာေတာ့ေပ...

~

~

~

သူထိုင္ေစာင့္ေနတာ..သုံးနာရီနီးပါးရွိၿပီ...အခုည..ကိုးနာရီ..ေမာင္က အခုထိျပန္မလာေသးေပ...ေမာင့္မိဘေတြလည္း ဖုန္းဆက္တိုက္ေခၚေနေပမဲ့ မကိုင္ေပ...အတြင္းေရးမႈးဟန္ကို ဖုန္းဆက္ေမးၾကည့္ခိုင္းေတာ့လည္း..ညေနက အေစာႀကီးျပန္သြားၿပီတဲ့....

ဧည့္ခန္းထဲမွာထယ္မင္က ေခါက္တုံ႕ေခါက္ျပန္ေလွ်ာက္ေနၿပီး ခ်ယ္ေယာင္းက ေဂ်ာင္ဂုေလးနားမွာ ထႏုင္ကာ ေဂ်ာင္ဂုေလးရဲ႕ လက္ကို ဆုပ္ကိုင္ထားသည္။ အခုခ်ိန္မွာ သူ႕ရင္ထဲ အေတြးေတြရႈပ္ေနတာဘဲသိသည္။ သူ႕ပို႔သမွ် မက္ေဆ့ခ္်ေတြကိုလည္း.. seen မျပတာေၾကာင့္ စိုးရိမ္လာ၏။

" ေတာက္စ္!..ဒီေကာင္ကြာ..ဘယ္ေတြ သေဝထိုးေနတာလည္း မသိဘူး...ညနက္ေနၿပီ အားလုံးစိတ္ပူေအာင္လို႔.. "

ထယ္မင္ လည္း စိတ္ပူတာနဲ႕ ေရာၿပီး ထယ္ေယာင္းကို ႀကိမ္းေနမိသည္။ တစ္ခါမွ အိမ္ျပန္ေနာက္မက်ဘဴးတဲ့သားက အခုေတာ့ စာမလာ ဖုန္းမဆက္ဘဲ ေပ်ာက္ေနတာ..သမက္ေလးကလည္း မ်က္ႏွာငယ္ေလးနဲ႕..အခုထိ ထမင္းစားခိုင္းလို႔လည္း မရေသး...ေမာင့္ကို ေစာင့္အုံးမယ္ဘဲေျပာေနေတာ့ အခက္ေတြ႕ေနရ၏။

တျဖည္းျဖည္း...နာရီလက္တံက ဆယ္နာရီကို ၫႊန္ျပေနသည္။ သူတို႔လည္း ေနရာက တစ္ဖြားမွ မခြာဘဲ ေစာင့္ေနမိသလို ေဒၚႀကီးဂ်ဴးနဲ႕ အိမ္အကူေတြလည္း မီးဖိုခန္းထဲကေန သူတို႔အရိပ္အေျခကို ၾကည့္ေန၏။

*~.မာမီနဲ႕ ဒယ္ဒီ..နားရင္နားေတာ့ေလ..သား ဆက္ေစာင့္ေနလိုက္မယ္...ညနက္ေနၿပီ က်န္းမာေရးထိခိုက္ပါ့မယ္.~*

သူ႕စာေရးၿပီး..ေမာင့္မိဘေတြကို ျပလိုက္သည္။ခါတိုင္းဆို ကိုးနာရီထိုးတာနဲ႕ ေမာင့္မိဘေတြက အိပ္ရာဝင္ေနၾကပင္...

*~.မဟုတ္တာ သားရယ္..မာမီတို႔ေစာင့္ေပးပါ့မယ္.~*

*~.ရပါတယ္ မာမီ..သားလည္း မေစာင့္ေတာ့ဘူး..ညစာစားၿပီး အိပ္ေတာ့မယ္..မာမီတို႔လည္း အိပ္ေတာ့ေနာ္.. ေမာင္ျပန္လာတာ ညဉ့္နက္မယ္ထင္တယ္..အရင္ရက္က ေမာင္ေျပာတာ ဒီဇိုင္းေတြ ဆြဲဖို႔က်န္ေသးတယ္တဲ့ အဲ့ဒါေတြေၾကာင့္ အိမ္ျပန္ဖို႔လုပ္ၿပီးမွ မျပန္ဘဲ လုပ္ေနတာလားမွ မသိတာ..အနားယူလိုက္ပါေတာ့ေနာ္.~*

ခ်ယ္ေယာင္း ေဂ်ာင္ဂုစာကိုဖတ္ၿပီး ေခါင္းၿငိမ့္ျပလိုက္သည္။ ေဂ်ာင္ဂုလည္း မေစာင့္ဘဒ အိပ္ေတာ့မွာ ဆိုေတာ့ သူတို႔လည္း အနားယူဖို႔ ဆုံးျဖတ္လိုက္၏။ေဂ်ာင္ဂုေလးေျပာသလို....အလုပ္ေၾကာင့္ေနာက္က်ေနတာေနမွာပါ....

ေဂ်ာင္ဂုေမာင့္ကို ဆက္ေစာင့္ေနခ်င္ေပမဲ့ ေမာင့္မိဘေတြက အနားယူဖို႔လိုအပ္နာေၾကာင့္ မေစာင့္ဘူးေျပာကာ နားခိုင္းလိုက္သည္။ ေမာင့္ ဒယ္ဒီနဲ႕ မာမီ ေသာက္ဖို႔ ႏြားနို႔ကို ႏြေးေပးကာ ညေဆးတိုက္ၿပီး..အနားယူခိုင္းလိုက္၏။

ခ်ယ္ေယာင္းနဲ႕ ထယ္မင္ကေတာ့ အလိုက္သိလြန္းတဲ့ သမက္ေလးကို ၾကည့္ၿပီး မ်က္ရည္ဝဲမိသည္။ဒီကေလး သားနဲ႕ လက္ထပ္တဲ့ အခ်ိန္ကစၿပီး သူတို႔ကို ျပဳစုေပးခဲ့တာ တစ္ရက္မွ မျပတ္ေပ။အာဟာရရွိတဲ့အစားအစာေတြကိုလည္း ခ်က္ျပဳတ္ေကြၽးသလို ‌ပုံမွန္လည္းေဆးတိုက္‌တာေၾကာင့္...သူတိုမွာ ေဂ်ာင္ဂုေလးေၾကာင့္ က်န္းမာေရးအေျခေနေကာင္းမြန္လာ၏။ သားထယ္ျပန္မေရာက္လာေသးလို႔ မ်က္ႏွာမေကာင္းတာေတာင္ သူတို႔ေရွ႕မွာ ဘာမွ မျဖစ္သလို ေနၿပီး ေဆးတိုက္ေနတဲ့ ကေလးကိုၾကည့္ၿပီး ရင္ထဲမေကာင္းေပ..ဘာေၾကာင့္ ထယ္ေယာင္းက ျပန္မလာေသးတာလဲဆိုတာ မေတြးတတ္ေတာ့....ကိုယ္ေတြ စိုးရိမ္ၿပီးေပါက္ကြဲလိုက္ရင္ ဒီကေလးပိုၿပီး ခံစားရမွာဆိုးလို႔...ထိန္းခ်ဳပ္ေနရတာ...

သူတို႔လည္း အခန္းထဲျပန္ေတာ့...ဧည့္ခန္းထဲမွာ ေဂ်ာင္ဂုတစ္ေယာက္တည္းသာ က်န္ခဲ့ေတာ့၏။ ေဒၚႀကီးဂ်ဴးတို႔က သူညစာစားဖို႔ ျပင္ဆင္ေပးေနသည္။ဘယ္သူမွ မရွိေတာ့မွ လွိုက္တတ္လာတဲ့ ဝမ္းနည္းစိတ္ေၾကာင့္ မ်က္ရည္မ်ားက်လာသည္။ေမာင္မ်ားသူ႕ကိုစိတ္ပ်က္ၿပီး ျပန္မလာတာလားဆိုတဲ့အတြေတြက အလိုလိုေရာက္လာေတာ့...ရင္ထဲက ေအာင့္တက္လာ၏။

ျပန္ေရာက္လာမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးနဲ႕ ေစာင့္ေနမိတဲ့သူက အမ်ားေတြအျမင္မွာ သန္မာေနေပမဲ့..ရင္ထဲမွာေတာ့ ကမၻာပ်က္ေနသလိုပင္..ေမာင္သာ သူေမွ်ာ္လင့္ထားသလို ျပန္မလာဘူးဆိုရင္....

ဟင့္အင္...ေမာင္က ျပန္လာမွာပါ..သူျပန္လာမွာ..ဟုတ္တယ္...

က်လဳဆဲဆဲမ်က္ရည္ေတြနဲ႕ ပါးျပင္ေပၚစိုစြတ္ေနတဲ့ မ်က္ရည္ေတြကိုသုတ္ၿပီး အားတင္းထားလိုက္၏။ဘာေၾကာင့္လဲဆိုရင္ ေမာင္က သူငိုတာကို မႀကိဳက္ဘူးေလ...

" သား.. "

တံခါးမႀကီးကိုၾကည့္ၿပီး မ်က္ရည္ဝဲဝဲေလးနဲ႕ ေငးေနတဲ့သူ႕ကို ေဒၚႀကီးဂ်ဴးက ပခုံးေလးကို ခပ္ဖြဖြေလး ဆုပ္ကိုင္ၿပီး.. ေခၚလာေတာ့ ေဝ့ဝဲေနတဲ့ မ်က္ရည္ေတြကို မ်က္ေတာင္ထူႀကီးေတြနဲ႕ ႏွစ္ခ်က္သုံးခ်က္ပုတ္ထုတ္ကာ ၿပဳံးျပလိုက္သည္။

" ညစာစားလို႔ရၿပီ..သား.. "

သူ႕ကို ညစာစားဖို႔လာေခၚမွန္းသိတာေၾကာင့္..ေခါင္းၿငိမ့္ၿပီး ေနာက္ကေနလိုက္လာခဲ့လိုက္သည္။ ထမင္းစားခန္းထဲေရာက္ေတာ့...အသင့္ျပင္ထားတဲ့ ထမင္းပန္းကန္ေရွ႕မွာ ဝင္ထိုင္လိုက္၏။

*~.ေဒၚႀကီးတို႔ သြားနားေတာ့ေလ..တစ္မနက္လုံး ပင္ပန္းထားတာ ...စားၿပီးရင္ သားဘဲ သိမ္းလိုက္ပါ့မယ္.~*

" မဟုတ္~.."

‌ဂ်ဴးလည္း..ျငင္းဖို႔လုပ္ေပမဲ့ ေတာင္းပန္တဲ့ အၾကည့္ေလးေတြနဲ႕ ၾကည့္လာတာေၾကာင့္ ေခါင္းၿငိမ့္ျပလိုက္ရသည္။ ဒီကေလး အခုစိတ္ထဲမွာ ဝမ္းနည္းေနတာ မ်က္လုံးေလးေတြမွာ ေပၚလြင္ေန၏။

*~.စားၿပီးတာနဲ႕ ထားခဲ့ပါကြယ္..မနက္ေရာက္မွ ေဒၚႀကီးသိမ္းပါ့မယ္..သြားနားေတာ့မယ္..မသိမ္းနဲ႕ေနာ္ သား.~*

သူ႕ကို စာေရးျပေတာ့ ေခါင္းၿငိမ့္ျပလိုက္ေတာ့..ေဒၚႀကီးက သက္ေမာေလးခ်ကာ ထြက္သြားသည္။မနက္တည္းက ေခါင္းမူးေနလို႔ဆိုၿပီး ဘာမွသိပ္မစားဘဲ အျခထိေနေနတာေၾကာင့္ စိုးရိမ္မိတာပင္.....ထယ္ေလးကလည္း..ညဉ့္နက္ေနၿပီ..အခုထိျပန္မလာေသး...

~

~

~

ေအးစက္ေနတဲ့ ထမင္းဝိုင္းႀကီးေရွ႕မွာ သူတစ္ေယာက္တည္းထိုင္ေနမိတာ တစ္နာရီနီးပါးရွိၿပီ..ေအးစက္စက္ဟင္းေတြက သူ႕ကို သေရာ္ေနသေယာင္ပင္...ဒီေန႕ ေခါင္းမူးၿပီး မအီမသာျဖစ္ေနေပမဲ့ ေမာင့္အႀကိဳက္..ဟင္းေတြခ်ည္းပင္ သူကိုယ္တိုင္ေ႐ြးၿပီးခ်က္ထားတာ....ေမာင္က ေန႕လည္စာကို အလုပ္ကိစၥေျပာရင္း အျပင္မွာစားမယ္ဆိုလို႔ ညစာအတူစားဖို႔ေစာင့္ေနတာ...ျပန္လာေဝာာ့မွာပါဆိုၿပီး အားတင္းထားတဲ့စိတ္ေတြက ေျပလုလုပင္...

တစိုးတစိမွ် ထိမထားရေသးတဲ့ ထမင္းပန္းကန္နဲ႕ ဟင္းေတြကို အုပ္ေစာင္းနဲ႕ ေသခ်ာအုပ္ၿပီး..အခန္းထဲဝင္လာလိုက္သည္။အခန္းတံခါးေလာ့စ္ေတာ့ ခ်မထားေပ...ေမာင္ျပန္လာရင္ ဖြင့္လို႔ရေအာင္...

တိတ္ဆိတ္ေနတဲ့ ညဉ့္ယံမွာ ညပိုးေကာင္ေလးေတြရဲ႕ ေအာ္သံသာၾကားရၿပီး...အေမွာင္ႀကီးစိုးေနခ်ိန္....ကင္မ္အိမ္ေတာ္ႀကီးရဲ႕ အခန္းတစ္ခန္းကေတာ့ မီးထိန္ထိန္လင္းေနဆဲပင္.....

ျပန္လာမွာပါဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြေပ်ာက္ဆုံးလုၿပီ...အိပ္မေပ်ာ္ေသးဘဲ အက္ေၾကာင္းထပ္ေနတဲ့ မက္ေဆ့ခ္်ေတြကိုလည္း ပို႔ေနမိတာ အခါခါပင္....

*~.ေမာင္...ကိုကိုေမွ်ာ္ေနတယ္ေလ..ျပန္လာေတာ့မွာမလား...ကိုကို႔ကို စိတ္ပ်က္သြားၿပီလားဟင္...ေမာင္...စာျပန္ပါအုံး...ကိုကို ေမာင္ ျပန္မလာမခ်င္းေမွ်ာ္ေနမွာ သိလား...ျမန္ျမန္ျပန္လာခဲ့ေနာ္.~*

seen မျပလည္း ပို႔ေနမိတာ တစ္ရာ့နဲ႕ ရွစ္ဆယ့္ငါးခါ ရွိၿပီ....နံရံေပၚက နာရီကိုၾကည့္လိုက္ေတာ့ ႏွစ္နာရီကို ၫႊန္ျပေနၿပီ...တစ္ေရးမွ မအိပ္စက္ရေသးဘဲ... မ်က္ရည္ေတြနဲ႕ ေစာင့္ေနမိတဲ့သူ...

" ၿခိမ္း!..... ၿခိမ္း!... "

" ဝူးး ဝူးးး ဝူးးး "

" ၿခိမ္း!.. "

အိမ္ထဲက ေကာင္ေလးမသိတာက သူ႕ခံစားခ်က္ေတြလိုပင္ အျပင္မွာလည္း မိုးေတြ ၿခိမ္းၿပီး ေလေတြတိုက္တာ သူနဲ႕ ထပ္တူ ဝမ္းနည္းေနေၾကာင္း သဘာဝတရားႀကီးက ေဖာ္ျပေနသည္။

ကုတင္ေပၚက ထကာ..‌ေရးေနၾက ဒိုင္ယာရီ စာအုပ္ေလးထုတ္လိုက္သည္။ ဒီစာအုပ္ေလးထဲမွာ သူခံစားခ်က္ေတြ ေရးထားတာ ေမာင္နဲ႕ လက္မထပ္ခင္တည္းကပင္...စာအုပ္ကို စားပြဲေပၚတင္ၿပီး...သူ႕ရဲ႕ ခံစားခ်က္ေတြကို ခ်ေရး‌ေနလိုက္သည္။

*~.ေမာင္ ဒီေန႕ အိမ္ျပန္မလာခဲ့ဘူး..ငါေလ..မအိပ္ဘဲေစာင့္ေနမိတယ္..ေမာင္ျပန္လာမလား ဆိုၿပီးေတာ့ေလ...ေမာင္က ညေနက်ရင္..ငါ့အတြက္..ဘနားနားမစ္နဲ႕ ပီဇာ ဝယ္လာခဲ့မယ္လို႔ မက္ေဆ့ခ္်ပိဳ႕တယ္..အဲ့ဒါေၾကာင့္ ငါလည္း ေမာင္ ႀကိဳက္တာေတြ ခ်က္ၿပီးေစာင့္ေနခဲ့တယ္...ေမာင္က ျပန္မလာခဲ့ဘူး..ငါေစာင့္ေနတာ ေမာင္မသိဘူးလား...ငါကို ေမာင္မ်ား စိတ္ကုန္သြားၿပီလား...~*

စာေၾကာင္းေလးအဆုံးမွာ စာအုပ္ေပၚကို က်လာတဲ့ မ်က္ရည္ေတြ..ထိုအသိေတြ ဝင္လာတိုင္း ေအာင့္တက္လာတဲ့ ႏွလုံးနဲ႕...မြန္းၾကပ္လာတဲ့ စိတ္ေတြက ထိန္းမရေအာင္ပင္...

*~.ေမာင္ မင္းသိလား....ငါက ေမာင့္ကို အရာအားလုံးထက္ပိုၿပီးခ်စ္ေနမိၿပီ...မင္းငါ့အေပၚ စိတ္ပ်က္သြားမယ္ဆိုရင္..ငါခံစားနိုင္မွာမဟုတ္ေတာ့ဘူးေမာင္...ငါ့ဘဝမွာ အားလုံးထက္ မင္းကို ခင္တြယ္ေနၿပီ...ငါရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို မရိုက္ခ်ိဳးပါနဲ႕ ေမာင္ရယ္..~*

*~.ေမာင္က ေျပာခဲ့တယ္ ငါ့ရဲ႕ မ်က္လုံးေလးေတြက သူ႕ရဲ႕ အသက္တဲ့...ဒါေပမဲ့ ေမာင္မသိတာက ငါရဲ႕ ခံစားခ်က္ေတြနဲ႕ ကမၻာႀကီးက ေမာင္ဆိုတာဘဲ...ေမာင္ၿပဳံးေနရင္..အဲ့ဒါက ႏွစ္ၿခိဳက္စရာ...ေမာင္ မဲ့သြားရင္..အဲ့အရာက မုန္းစရာ..ေမာင္ရယ္ေနရင္ အဲ့အရာက ေပ်ာ္စရာ..ေမာင္ ငိုေနရင္ အဲ့အရာက ဝမ္းနည္းစရာ...ေမာင့္မ်က္ႏွာ ခက္ထန္ေနရင္ အဲ့အရာေတြက ေဒါသထြက္စရာ....အဲ့ဒါေတြနဲ႕လက္ရွိကမၻာကို ငါဆက္သြယ္လို႔ရခဲ့တာေမာင္....မင္းရဲ႕ မ်က္ႏွာ အမူအရာကိုၾကည့္ၿပီး တိတ္ဆိတ္လြန္းတဲ့ ငါ့ကမၻာကို အသက္ဝင္ေစခဲ့တာ.~*

*~.ဆူညံသံေတြ ငါမၾကားရရင္ေတာင္...ေမာင့္ရဲ႕ နားကို လက္ညိုးေလးနဲ႕ ကေလာ္တာကိုၾကည့္ၿပီး ငါခံစားလို႔ရတယ္ေမာင္...သီခ်င္းေတြ ငါမၾကားရေပမဲ့ ေမာင့္ရဲ႕ ႏႈတ္ခမ္းကထြက္လာတဲ့ သီခ်င္းသံေလးေတြရဲ႕ ေလထဲပ်ံႏွံ႕လာတာကို ငါခံစားလို႔ရတယ္ေမာင္... ေမာင္နဲ႕ မေတြ႕ခင္အထိ ငါရဲ႕ ကမၻာက တိတ္ဆိတ္ၿပီး အသံေတြကို မသိရေပမဲ့ ေမာင္နဲ႕ ေတြ႕ဆုံၿပီးမွာေတာ့ အဲ့အသံေတြကို ငါ သိလာတယ္..ခံစားလို႔ရလာတယ္...ေမာင့္ရဲ႕ အျပဳအမူနဲ႕ လႈပ္ရွားမႈတိုင္းကေန ငါ ျပင္ပကမၻာကို သိလာတယ္.~*

*~. ငါက ေမာင့္ရဲ႕ အသက္ဆို..ေမာင္က ငါရဲ႕ ကမၻာဘဲ...ငါပိုင္ဆိုင္တဲ့ တစ္ဦးတည္းေသာ ကမၻာေလးဘဲေမာင္..အဲ့ကမၻာ‌ေလးက ပ်က္သုဥ္းသြားရင္..ငါ ေသသြားနိုင္တယ္ေမာင္..လူ‌ေတြက ဘယ္ေလာက္အသက္ရွည္ရွည္ ကမၻာႀကီး ပ်က္သုဥ္းတာနဲ႕ ေနလို႔ရေတာ့မွာ မဟုတ္ဘူးေမာင္.~*

*~.ျပန္လာခဲ့ပါေတာ့...ငါ ေမာင့္ကိုေစာင့္ေနတယ္...ျပန္မလာမခ်င္းေလ..ေစာင့္ေနမွာသိလား..ေမာင္စိတ္စိုးေအာင္လုပ္မိတာရွိရင္လည္း ငါက ေမာင္ေက်နပ္ေအာင္ ေတာင္းပန္မွာမလို႔ ျပန္လာခဲ့ပါေမာင္.~*

ေရးထားတဲ့စာအုပ္ကို ပိတ္ၿပီး မ်က္ရည္‌မ်ားနဲ႕ အခန္းတံခါးကို ၾကည့္ေနလိုက္သည္။ မအိပ္ရေသးလို႔ က်ိန္းစပ္ေနတဲ့ မ်က္လုံးေတြကို ေမ့ထားၿပီး ေစာင့္ေနမိသည္။ ေမာင္ျပန္လာရင္ သူအိပ္ေပ်ာ္ေနမွာစိုးလို႔..ေမာင္က သူနဲ႕ ညစာအတူစားမယ္ေျပာထားခဲ့တာ..သူအိပ္ေပ်ာ္ေနရင္ ေမာင့္ကို ထမင္းခူးေကြၽးလို႔ ဘယ္ရေတာ့မလဲ...

သုံးနာရီ!...ေလးနာရီ!...ငါးနာရီ!...

ေရာင္ျခည္သန္းလာလည္း..မလႈပ္မယွက္နဲ႕ ေစာင့္ေနမိဆဲ့သူ တသိမ့္သိမ့္တုန္ေနတဲ့ ကိုယ္ေလးက ပိုၿပီးတုန္ခါလာသည္။ ငိုသံမထြက္ေပမဲ့ သူ႕ရဲ႕ မ်က္ဝန္းေတြမွာေတာ့..မ်က္ရည္ေတြ အျပည့္‌ပင္..သူေစာင့္ေနရအုံးမွာ....

မူးၿပီး ရိပ္တိတ္တိတ္ျဖစ္လာတဲ့ ေခါင္းကို လက္ျဖင့္ဖိထားၿပီး တင္းခံထားလိုက္သည္။ သူေမာင့္ကို ေစာင့္ေနရအုံးမွာေလ...

~

~

~

~

Good night ပါသဲငယ္ေလးတို႔ 😘💜💜💜💜💜💜💜

Thanks for votes, feedback and comment.

I Love my readers forever ❤️

I PURPLE YOUR 💜

Continue Reading

You'll Also Like

137K 2K 20
Daniel larusso and Johnny both love y/n but who will win her?🙊 1# RalphMacchio 25/02/21
83.9K 3.9K 31
Chan needs a new secretary since his recent secretary resigned due to personal and family matters, Jisung might have someone to recommend since he's...
148K 5K 50
Dhani prayed to the Lord for twelve years to get a husband. The Lord granted her wish. But instead of one she got five. Aatreya, Bali, Mithun, Manan...
3.2K 384 9
အိုးခိုင်မော့ ငါလေး နန်းတွင်းကိုရောက်နေတာလား {Host ဒီစကားပြောတာ အခါဆယ်ကြိမ်ရှိပါပြီ } တိတ်စမ်း အမယ်ကင်မ်ထယ်လေး ကချောလိုက်တာ * ဒီhostနဲ့ရူးချင်တယ် *...