(5.3) နိုင်ငံသားစီစစ်ရေးကဒ်( ID card)
နန်ဟွေး က သူမရဲ့ စကားကို ကြားလိုက် ရတဲ့ အချိန်မှာတော့ သက်ပြင်းချ မိလေတယ်။
ကြည့်ရတာ မြေခွေးလေး ရဲ့ မေမေ တောင်မှ သူ့မှာ ကလေး ရှိမရှိ ကို အတိအကျ ပြောလို့ မရ ဘူးနဲ့ တူပါတယ်။
ညစာ စားပွဲ ပါတီ ဆီကနေ အရသာ ရှိတဲ့ အစား အစာ တွေကို သတိ ရမိတဲ့ အခါ နန်ဟွေး တစ်ယောက် ပိုလို့ ပိုလို့ တောင် စိတ်ပျက် လာခဲ့ လေတယ်။
''အန်တီ က မင်းမှာ ကိုယ်ဝန် ရှိ မရှိကို သေချာလေး မသိ ပေမယ့် အဲ့တာကို သိနိုင်တဲ့ အတွေ့အကြုံ ရှိတဲ့ ဆရာဝန် တစ်ယောက် ကိုတော့ သိတယ်။ သူက အန်တီ နဲ့ သိပ်မဝေးတဲ့ နေရာမှာ နေတာ လေ။ အန်တီ က မင်း အတွက် သူ့ရဲ့ လိပ်စာ နဲ့ ဆက်သွယ် ရမယ့် အချက်အလက် တွေ ကို ပေးလိုက် မယ်နော် ''
ဝမ်မို က နန်ဟွေး ရဲ့ခေါင်း လေး ကို ထိကာ ပြောလိုက် လေတယ်။
'' အာဟွေး အရမ်းကြီး မစိုးရိမ် ပါနဲ့။ အန်တီ က မင်း ကို သေချာပေါက် အကူအညီ ပေးမှာပါ''
ထိုကိစ္စကို လုံးဝ ပြီးပြတ် အောင် မဖြေရှင်း ရ သေးပေမယ့် လည်း အခုတော့ အရမ်းကြီး မတုန်လှုပ် တော့ ပါပေ။
ထမင်းစားချိန် ရောက်တဲ့ အချိန်မှာ တော့ ဝမ်မို က သူမဆီမှာ ဘာမှ ဟင်းချက်စရာ ပစ္စည်းတွေ လည်း မရှိတဲ့ အပြင် ဘာမှ လည်း ဟင်းချက် စကေးတွေ လည်း မရှိတာ ကြောင့် သူမက ရိုးရှင်းစွာနဲ့ပဲ စျေးကြီးရဲ့ ဒလီဗာရီ ကိုပဲ လှမ်းမှာ လိုက်ရ တော့လေတယ်။
အကုန်လုံး က တရှဲရှဲ မြည်နေဆဲ အသားကင်တွေ ၊ ရွေရောင် သန်းပြီးတော့ ကြွပ်ရွ နေတဲ့ ကြက်သား ကြော်တွေ နဲ့ ကော့စင်း ဖွေးစွတ် နေတဲ့ ထမင်းဖြူ တွေကို ကြည့်ရင်း ပဲ နန်ဟွေး တစ်ယောက် ဒီ ခရီးကို လာရတာ က တကယ့်ကို မှန်ကန်တာ ပဲ လို့ တွေးမိ လေလေ ဖြစ်လေတယ်။
ညစာ စားပွဲမှာတော့ ဝမ်ဟန် က ဝမ်မိုအား သူက နန်ဟွေး အတွက် နိုင်ငံသား စီစစ်ရေး ကဒ်ပြား တစ်ခု လျောက်ပေး လိုတယ် ဆိုတဲ့ အကြောင်း ပြောလာ ခဲ့ လေတယ်။
တကယ်လို့ နန်ဟွေးသာ အနာဂတ်မှာ လူသား လောက အတွင်း အချိန်အကြာ ကြီး နေမယ့် အစီအစဥ် ရှိရင် နိုင်ငံသား စီစစ်ရေး ကဒ်ပြား က လုံးဝ ကို မရှိမဖြစ် လို အပ်တာ ပဲ ဖြစ်လေတယ်။
ဝမ်မို က သူမ ရဲ့ လက်ကို ဝေ့ယမ်းကာ ထိုဟာကို ထမင်းစား ပြီးတာနဲ့ သူမ အရင်ဆုံး လုပ်ပေး မယ်လို့ ပြောခဲ့ လေတယ်။
တကယ်လို့ သားရဲ အငယ်လေး တွေသာ ID card လိုချင် ရင် လူသား လောက ရဲ့ နည်းလမ်း လုပ်ဆောင်မှု အတိုင်း လိုက်စရာ မလိုပါပေ။ ပြီးတော့ တစ်ခြား သီးသန့် ချန်နယ် တစ်ခု သပ်သပ် ရှိလေတယ်။
နှစ်ပေါင်းများစွာ အတွေ့အကြုံ ရလာ ပြီးတဲ့နောက် ထို ချန်နယ် ရဲ့ လှုပ်ရှား အသုံးဝင်မှု က တဖြေးဖြေး နဲ့ ချောမွေ့ လာခဲ့ လေတယ်။ ထိုဟာ က သူတို့ရဲ့ ကိုယ်ရေး အချက်အလတ် အမှန်ကို မပေါ်သွား စေရုံသာ မက လူသား လောက မှာသာ အလိုက်သင့်လေး စီးမျော သွားလို့ ရလေတယ်။
စားသောက် ပြီးနောက် တစ်ခဏ အနားယူ ပြီး ချိန်မှာတော့ ဝမ်မို ကကလေး နှစ်ယောက် ကို ID card ပြဿနာ ဖြေရှင်း နိုင်မယ့် နေရာ ဆီကို ခေါ်သွား ပေး လိုက်တော့ လေတယ်။
အပေါ်ယံ မျက်နှာ ပြင်မှာတော့ အဲ့တာ က သာမန် ဓာတ်ပုံရိုက် ပေးတဲ့ စတူရီယို တစ်ခု လိုပါပဲ။ အထဲကို ဝင်သွားတဲ့ အခါ မှာတော့ နံရံပေါ်မှာ ပြသ ထားတဲ့ ဓာတ်ပုံတွေ အများကြီး ကို တွေ့ရ လေတယ်။
'' လောင်စုန့် ရေ ၊ ဓာတ်ပုံရိုက်ဖို့ အတွက် ငါ ကလေး တစ်ယောက် ကို ခေါ်လာတယ်! သူက ဘယ်ရောက် နေတာ ပါလိမ့်နော်? ''
ဝမ်မို က အရှေ့က ကောင်တာ မှာ ဘယ်သူမှ မရှိတာ ကိုတွေ့တော့ အထဲဆီ လှမ်းပြီးတော့ အော်လိုက် တော့ လေတယ်။
တစ်ခဏ ကြတော့ နန်ဟွေး တစ်ယောက် အထဲကနေ ထွက်ပေါ်လာတဲ့ '' ဒုန်း ဒုန်း ဒုန်း ဒုန်း '' ဆိုတဲ့ စွမ်းအားကြီး ပြီး လေးလံတဲ့ ခြေသံ တွေကို ကြားလိုက် ရတော့ လေတယ်။
မျက်မှန် တပ်ထား ပြီးတော့ ရိုးသားကာ ပွင့်လင်း မယ့် ဟန် ပေါ်တဲ့ သက်လက်ပိုင်း အရွယ် အမျိုးသား တစ်ယောက် ရဲ့ အသွင်အပြင် က လှေကား ဆီကနေ ပေါ်ထွက် လာခဲ့လေတယ်။
'' ဟေး ညီမ မို နင်က လာတာ အရမ်းကို ရှားပါးတဲ့ ဧည့်သည် တစ်ယောက် ပဲ။ ဘာကြောင့်များ ငါ့နေ ရာဆီကို လာလည်ဖို့ အချိန်တွေ အားသွား ရတာ လဲ? ''
'' ကောင်းပြီ။ ငါ့မှာ နင်နဲ့ စကားပြောဖို့ အချိန်ကို မရှိတာ လေ''
ဝမ်မို က သူမရဲ့ နောက်မှာ ရှိနေတဲ့ နန်ဟွေး ကို အရှေ့ဆီ ထုတ်ကာ ပြောလိုက် လေတယ်။
'' ဒီကလေး က အခုမှ တောင်ပေါ် ကနေ ဆင်းလာ တာလေ။ သူ့ကို အသိအမှတ်ပြု လက်မှတ်လေး ရအောင် ကူညီပေး လိုက်ပါအုံး ''
'' ဟုတ်ပါပြီ ၊ ဟုတ်ပါပြီ အထဲကို ဝင်ကြ အုံးလေ ''
မျက်မှန်နဲ့ သက်လတ်ပိုင်း အရွယ် အမျိုးသား က ဧည့်သည် တစ်စုကို ဦးဆောင် ပြီးတော့ အပေါ်ထပ် ကို ခေါ်သွား တော့လေတယ်။
နန်ဟွေး ကို အခန်း အသေးလေး ထဲ ခေါ်သွား ပေးခဲ့တယ်။
ထို သက်လက်ပိုင်း လူကြီး က နန်ဟွေးအား နံရံကို ကျောပေး ထားတဲ့ ထိုင်ခုံ ပေါ်မှာ ထိုင်ခိုင်း ပြီးတော့ သူကတော့ သိပ်မဝေးတဲ့ နေရာမှာ ထောင်ထားတဲ့ အမဲရောက် အပြား အနောက် ကို သွားရပ် ပြီးတော့ ပြောလိုက် လေတယ်။
''ကလေး ကင်မရာ ကို ကြည့် ပြီးတော့ ပြုံး ''
' ကင်မရာ ' ဆိုတာက ဘာကြီး မှန်း နန်ဟွေး မသိ ပေမယ့် အရှေ့မှာတော့ သူ့ရဲ့ သဘာဝ အတိုင်း အပြုံးလေး ကိုတော့ ထုတ်ပြ လိုက် လေတယ်။
ထိုနေရာမှာ အလင်းရောင် တစ်ချက် လတ်သွားကာ ခလုတ် တစ်ချက် အသာနှိပ်လိုက် တဲ့ အသံကို ကြားလိုက် ရ လေတယ်။
''ကလေး က တကယ်ကို ရုပ်ထွက် ကောင်းတာ ပဲဟေး''
ထိုဟာကို ကြားလိုက် ရတဲ့ ဝမ်ဟန်ရော ဝမ်မို ပါ ရိုက်ကူးတာက ပြီးသွားပြီ ဆိုတာ ကို သိလိုက် ရလေတယ်။ ဒါကြောင့် သူတို့က အထဲကို ဝင်သွား ပြီးတော့ ကွန်ပြူတာ ရှေ့ကို ငုံ့ကာ ကြည့်လိုက် ကြတော့ လေတယ်။
'' တကယ် ကို မဆိုးဘူး ပဲနော်။ အားပေါင် ရဲ့ ပုံတွေ ထက်တောင် ပိုကောင်း နေသေးတယ် ''
ဝမ်မို က စနောက်ပြီးတော့ သူမ ကလေး ရဲ့ နှလုံးသား လေးကို နာကျင် စေလိုက် လေတယ်။
ဝမ်ဟန် က သူ့ရဲ့ ID card အကြောင်းကို တိတ်ဆိတ် ပြန်တွေး မိလေတယ်။ ယုန် တစ်ကောင် နဲ့ မြေခွေး တစ်ကောင်ရဲ့ ကြားက ကွဲပြားမှု ဟာ အတော်လေး ကို ကြီးမားတာ ပဲလို့ တွေးမိပြီး တိတ်တိတ်လေး သက်ပြင်း ချမိ လေတယ်။
ID card လုပ်တာ က အချိန် တခ ဏတော့ ယူရ လေတယ်။ ဒါပေမယ့် မေမေ ဝမ်မို က မစောင့်တော့ပဲ ရတာနဲ့ တိုက်ရိုက် ပို့ပေးဖို့ ပြောခဲ့ လေတယ်။ ပြီးတော့ အခုချိန် က အတော်လေး ကို နောက်ကျ နေပြီ ဖြစ်တဲ့ အတွက် နှစ်ယောက် လုံးကို ကားနဲ့ စောစော သာ ပြန်ခိုင်း လိုက်တော့ လေတယ်။
အပြန်လမ်း တစ်လျောက် မှာ ဝမ်ဟန် က အသေအချာ လေး တွေးနေ ခဲ့ ပြီး တော့မှ နောက်ဆုံးမှာတော့ အချိန်အတော်ကြာ ထိန်းချုပ် ထား ရတဲ့ မေးခွန်း တစ်ခု ကို နန်ဟွေး အား ထုတ်မေး လိုက်တော့ လေတယ်။
'' အာဟွေး ၊ တကယ်လို့ မင်းမှာသာ ကလေး တစ်ယောက် ရှိနေ ပြီ ဆိုတာ က သေချာရင် အဲ့ကလေး ကို မင်းမွေးမှာလား? ''
ဒီဘာသာ ပြန်သူမှာ ပြောစရာ ရှိပါတယ်။
ငါက အေးခဲ သွားသလို ကို ခံစားလိုက် ရတာပါ OvO
.......................................................