𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔�...
By choyee6
286K 26.3K 1.9K
13 Century နဲ့ လက်ရှိ Modern World အကြားက Time Travel အမျိုးအစားလေးပါ။ မှော်အတတ်ပညာတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေ... More
Intro
Isaac Harold Kendrick
Minn Thit Kaung Yan (Kingsley)
🦋 1 🦋
🦋 2 🦋
🦋 3 🦋
🦋 4 🦋
🦋 5 🦋
🦋 6 🦋
🦋 7 🦋
🦋 8 🦋
🦋 9 🦋
🦋 10 🦋
🦋 11 🦋
🦋 12 🦋
Character Intro
🦋 13 🦋
🦋 14 🦋
🦋 15 🦋
🦋 16 🦋
🦋 17 🦋
🦋 18 🦋
ေခတၱရပ္နား (ခေတ္တရပ်နား)
နှစ်သစ်ဆုမွန်ကောင်း (နှစ်သစ်ဆုမွန်ကောင်း)
🦋 19 🦋
🦋 20 🦋
🦋 21 🦋
🦋 22 🦋
🦋 23 🦋
New Fic Announcement
🦋 24 🦋
သိစေချင်သည့်အကြောင်းအရာ
Return
🦋 25 🦋
🦋 26 🦋
သေချာပေါက်ဖတ်ပေးပါ
🦋 27 🦋
🦋 28 🦋
🦋 29 🦋
🦋 30 🦋
🦋 Isaac Harold Kendrick🦋
🦋 31 🦋
🦋 32 🦋
🦋 33 🦋
Announcement
🦋 34 🦋
🦋 35 🦋
🦋 37 🦋 (Final)
S2 & Explanation
ခဏတာ နှုတ်ဆက်စာ
S2 Announcement
Book Announcements
🦋 36 🦋
3.9K 441 51
By choyee6
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
"............."
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
"Elroy....မိုခီတာ"
"ဘာကို..."
"အရှင့်သား..."
"............"
"အရှင့်သား...."
".........."
"ကောင်းယံ...."
"............."
"ကောင်းယံ...ငါ..."
"ကောင်း....ယံ"
ထို့နောက်တော့ နှစ်ဦးသားတိတ်ဆိတ်သွားကာ မျက်နှာခြင်းဆိုင် ခပ်လှမ်းလှမ်းရပ်၍ တော်တော်ကြာကြာထိငေးစိုက်ကြည့်နေခဲ့ကြပြီး ဒီတစ်ကြိမ်တွင်လည်း အရင်ဆုံးအကြည့် လွှဲသူမှာ မိမိသာလျှင်ဖြစ်ပြန်သည်။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
6700 words
Unicode
ညအမှောင်ထုကြီးစိုးနေသည့်အချိန်ပေမို့ တောအုပ်ထဲလိုနေရာမျိုးတွင် ပို၍နက်မှောင်သည်။ ထိုအမှောင်ထုထဲ ဖြတ်သန်းနေကြသော မြင်းတွေနှင့်လူများ၊ တနည်းအားဖြင့် အနက်ရောင်မြင်းတပ်ကတော့ သူတို့ဧ။်အရှင်သခင်ဖြစ်သည့် ဒဏ္ဍာရီလာသတ္တဝါကြီးနှင့်အတူ မီးရောင်များမြင်းနေရသည့် တိုင်းပြည်တစ်ခုဆီသို့ ဦးတည်သွားနေခဲ့သည်။
မီးရောင်များအား တဖြည်းဖြည်းပို၍ မြင်နေရခြင်းက ဒါဟာဦးတည်ရာနေရာသို့ နီးကပ်လာပြီဆိုသော အဓိပ္ပယ်ပင်ဖြစ်သည်။ လူတစ်ပိုင်း၊မိစ္ဆာတစ်ပိုင်း စစ်သည်တော်များကိုဦးဆောင်လာသူ Aldorus တစ်ဖြစ်လဲ ဒဏ္ဍရီလာသတ္တဝါကြီးက အင်တိုက်အားတိုက်ဖြင့် တိုက်ခိုက်ရန်ကြံစည်ပြီးကာမှ တစုံတခုကို သတိပြုမိသည့်အလား အတောင်များကို ရုတ်သိမ်းကာ မြေပြင်သို့ဆင်းသက်လိုက်ပြီး မြေပြင်နှင့်ခြေထောက် ထိပြီးသည်နှင့် လူ့အသွင်သို့ ပြောင်းလဲသွားခဲ့သည်။
"ဘာများဖြစ်လို့ပါလဲ အရှင်"
အန်ချီ တိုင်းပြည်ကြီးတစ်ခုလုံးမှာ လူသူအရိပ်အယောင်များမရှိ၊ သွားလာလှုပ်ရှားခြင်းမရှိ ၊ ယုတ်စွအဆုံးမြို့ရိုးတွင်ပင်စောင့်ကြပ်နေခြင်းမရှိ၊ မီးတုတ်များသာ လင်းထိန်နေအောင် ထွန်းညှိထားပြီး အခွံသက်သက်ကြီးသာ ကျန်ရစ်နေခဲ့သည့်သဖွယ်။ Elroy ကို မိမိ လျှော့တွက်မိခဲ့သည့်ပုံပင်၊ ယခုအခြေအနေအရ Elroy သည်လည်း မိမိသည် ဒဏ္ဍာရီလာသတ္တဝါကြီး ဖြစ်လာခဲ့ခြင်းကို ရှင်းလင်းစွာသိသွားသည့်ဟန်။ ထိုမြင်ကွင်းကို Aldorus စိုက်ကြည့်နေရာက
"ငါတို့နောက်ကျသွားခဲ့ပြီး အန်ချီက ငါလာလိမ့်မယ်ဆိုတာကို ရိပ်မိသွားခဲ့ပေတယ်"
ဟု ဆိုလိုက်သည့်အခါ ထိုစစ်မက်ကထပ်မံပြောကြားလာခဲ့သည်။
"မိုခီတာကိုချီတက်ကြမည်လား အရှင်"
"လာရာလမ်းအတိုင်း ပြန်လှည့်ကြရပေမယ်။ မိုခီတာမှာ စစ်မက်အင်အား အများကြီးရှိလှတယ်"
"အရှင့်ရဲ့မီးတစ်ချက်အမှုတ်မှာ သက်ရှိသက်မဲ့အရာဝထ္ထုတိုင်းက ပြာကျမြေခသွားရမှာပါ။ ခရီးအတော်ပေါက်ခဲ့ပြီးတဲ့အပြင် မသေမျိုးနွယ် ကျွန်တော်မျိုးတို့ကလဲ စစ်မက်ပေါင်းများစွာနဲ့ ယှဉ်နိုင်ပေတာမို့ စဉ်းစားလှည့်ပါဦးအရှင် "
ထိုသို့ဆိုလာသည့်တိုင် လက်လွတ်စပယ်မပြုလုပ်ရဲကြောင်းကိုတော့ Aldorus ဝန်ခံရပေမည်။ အိုင်းဆက်က မိမိဧ။်အဆိပ်ကို မိမိပေးထားခဲ့ဖူးသော သက်စောင့်ဆေးရည်နှင့်ပြန်ကုစားနိုင်ခဲ့ပြီမို့ လူကောင်းမဖြစ်နိုင်သေးရင်တောင် ခုလောက်ဆို သက်သာပြီး သက်ရှိထင်ရှား ရှိနေဦးမှာအမှန်ပေ။ ထို့အပြင် အခုလို အန်ချီတစ်တိုင်းပြည်လုံး မရှိတော့ခြင်းက Elroy မှာ တိုင်းသူပြည်သားတွေကို ပုန်းစေခြင်း၊ ရှောင်စေခြင်းနှင့် သူဧ။်အင်အားစုကို မိုခီတာကို ရွှေ့သွားခြင်းကလွဲ၍မဖြစ်နိုင်၊ အန်ချီနဲ့မိုခီတာက ပူးပေါင်းလိုက်ပြီးဖြစ်ကြောင်း မပြောပြလိုက်ရုံတမည်ပင်ဖြစ်ဧ။်။
Elroy သည်လည်း လျှော့တွက်လို့မရသည့် အရည်အခြင်းရှိသူဖြစ်ပြီး စစ်မက်များစွာပိုင်ဆိုင်သည်။ မိုခီတာကပို၍ပင်လျှော့တွက်မရ၊ အိုင်းဆက်ကိုနိုင်ပြီအထင်နှင့် မိမိပြန်လည်ကုစားပေးထားသော ကန်းထရစ်မင်းကြီးကိုယ်တိုင် ဦးဆောင်နေမှာ မလွဲဧကန်။ ထိုသို့သော တိုင်းပြည်နှစ်ခု ပူးပေါင်းလိုက်သည့် အခြေအနေမှာ မိမိဘက်က စစ်မက်အင်အား ပိုခေါ်ရန်လိုအပ်နေပြီမို့ မိုခီတာကိုသိမ်းသည့်အခါမှ ခေါ်ဆောင်ရန်ကြံရွယ်ထားသော စစ်မက်များကိုပြန်လည်ခေါ်ဆောင်မှရပေမည်။
"Elroy ကိုအထင်သေးလို့မရပေဘူး။ တိုင်းပြည်တစ်ခုလုံးကို နှစ်ရက်အတွင်း အသံမထွက်ရွှေ့ဆိုင်းသွားနိုင်တဲ့ အရည်အချင်းက တော်တန်ရုံမဟုတ်လှဘူး"
"မင်းသားအိုင်းဆက်ကတော့ သူ့ရဲ့တိုင်းပြည်မှာ ရှိနေပုံမရပါဘူး အရှင်"
"အိုင်းဆက်မရှိသည့်တိုင်အောင် မိုခီတာမှာထက်မြက်တဲ့ စစ်မက်တွေနဲ့ မာကြောလှတဲ့ လက်နက်စွမ်းရည်တွေကြောင့် ထိပါးဖို့မလွယ်ကူလှဘူး။ အခုဆိုရင်အန်ချီကပါ ပူးပေါင်းလိုက်တဲ့ဟန်ပေမို့ အင်အားစုကို ထပ်ခေါ်ဖို့ရာ ဒီနေ့တော့ လက်လျှော့ပြန်ရပေမယ် "
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
နှစ်ရက်တာသောအချိန်ကာလ၊ ပြင်းထန်လှသော အဆိပ်တို့ကြောင့် နိုးထမလာသေးသော်ငြား အသားအရည်နှင့် မျက်နှာကအစ လူကောင်းပကတိကဲ့သို့ ပြောင်းလဲကောင်းမွန်လာသည့် အရှင့်သားကြောင့် ပူပန်နေရသည့် စိတ်တစ်ချို့သက်သာရာရဧ။်။ Aldrous ကို သိပ်ခင်မင်ခဲ့သည့်အရှင့်သားနိုးလာလျှင် Aldorus ဟာ ဒဏ္ဍာရီလာသတ္တဝါတစ်ပိုင်း၊ လူတစ်ပိုင်းဖြစ်နေသည့်အကြောင်းကို မည်သို့ ပြောပြရမလဲတောင် မသိတော့ချေ။ ထို့အတူ ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သည့် ကိစ္စကိုလဲ အရှင့်သားထံအသိပေးဖို့ရာ တွန့်ဆုတ်နေမိဧ။်။
အတွေးများနွံနစ်နေရာက မိုးသောက်ယံအချိန်သို့ရောက်ရှိလာပြီး တိုးညှင်းပေမယ့် တစ်ချက်တစ်ချက်ကြားနေရသည့် မြင်းခွာသံများကြောင့် ကောင်းယံအတွေးစပြတ်သွားကာ နားစွင့်မိသည်။ ဒီရက်ပိုင်းအတွင်း တောအုပ်ထဲဖြတ်သန်းသွားလာကြသည့် လှည်းသံ၊မြင်းသံ၊လူသံတို့ကြောင့် အသံဗလံများသည် မထူးခြားလှသော်လည်း ယခုအသံများကတော့ မိမိတို့ရှိနေရာနေရာသို့ သိုသိပ်တိတ်ဆိတ်စွာလာနေသောဟန်။ နေရာမှဖျတ်ခနဲထကာ ဂူဧ။်တစ်ဖက်ခြမ်းဖြစ်သည့် တောအုပ်ထွက်ပေါက်ဘက်သို့ အသာပြေးကြည့်လိုက်တော့ Elroy ကိုတွေ့လိုက်ရပြီး တကယ်တမ်းတွင်တော့ Elroy တင်မဟုတ်၊ စစ်မက်အချို့၊ အထိန်းတော်တစ်ချို့နှင့် သူဧ။်ဖခင်ဖြစ်သော အန်ချီဘုရင်ပါ ပါဝင်နေသည်မို့ ကောင်းယံ အနည်းငယ်အံ့သြသွားရသည်။
"Elroy ဘယ်ကိုသွားမလို့များလဲ"
"မင်းသားအိုင်းဆက် နိုးပြီလား၊ သူနိုးလာဖို့သိပ်ကိုလိုအပ်နေပါပြီ"
"မနိုးသေးပါဘူး ဘာတွေဖြစ်နေခဲ့လို့လဲ။ အန်ချီဘုရင်ကိုရော၊ စစ်မက်တွေကိုရောခေါ်ပြီး ဘယ်ကိုသွားမလို့လဲ "
"မိုခီတာကို သွားရပေမယ်။ ဒဏ္ဍာရီလာသတ္တဝါကြီးရဲ့ အင်အားကသိပ်ကိုကြီးမားတာမို့ တိုင်းပြည်နှစ်ခုပေါင်းစည်းတာတောင် လုံလောက်မှာမဟုတ်ပေဘူး"
"Aldorus က အန်ချီကို မတိုက်ခိုက်လောက်ပါဘူး။ သူသတ်ချင်နေတာ အရှင့်သားနဲ့ မိုခီတာကိုသိမ်းချင်ယုံပဲ"
"မှားတယ်စစ်သူကြီး ။ မင်းသားအိုင်းဆက်ရဲ့အခြေအနေကို သူတိတိပပမသိလို့ မိုခီတာကို လက်လွတ်စပယ်မလာရဲလောက်ပဲ အန်ချီကို အရင်ချေမှုန်းလိမ့်မယ်လို့ ကျုပ်ထင်တဲ့အတိုင်း ယမန်နေ့ညကပဲ အန်ချီကို သူစစ်မက်တွေနဲ့လာခဲ့ကြောင်း ကျုပ်စောင့်ခိုင်းထားတဲ့ ရဲမက်ထံကသိရှိပြီးပါပြီ"
"ဒါဆို တိုင်းသူပြည်သားတွေရော"
"ဒီလိုဖြစ်မယ်ဆိုတာကိုသိလို့ အန်ချီကတိုင်းသူပြည်သားတွေကို လွတ်ကင်းရာနယ်မြေဆီ ကျုပ်ပို့ပေးခဲ့ပြီးပါပြီ။ လျို့ဝှက်ပုန်းအောင်းရင်း အခြေအနေကြည့်ရှုဖို့ ကျုပ်ချန်ရစ်ခဲ့တဲ့ စစ်မက်တစ်ချို့ကလွဲရင် အန်ချီကအခွံလွတ်ကြီးဖြစ်နေခဲ့တာ"
"အခု ဘာဆက်လုပ်လုပ်မယ် စဉ်းစားထားလဲ မင်းသား Elroy"
"ကျုပ်ရဲ့အင်အားစုကို မီုခီတာကိုအရင်ပို့ထားတယ်။ Aldorus က မိုခီတာကို လက်လွတ်စပယ် မထိရဲဘူးဆိုပေမယ့် မထိပါးဘူးဆိုတာမျိုး မဟုတ်လေတော့ အနှေးနဲ့အမြန် အင်အားအကုန်သုံးပြီး မိုခီတာကိုလာလိမ့်မယ်"
"ကန်းထရစ်မင်းကြီးနဲ့မိဖုရားကြီးကို နေရာရွှေ့ထားမှာပါလား"
ထိုမေးခွန်းကိုတော့ Elroy ကခေါင်းယမ်းပြကာ သူဧ။်ဖခင်ရှိနေသည့် မြင်းလှည်းဆီသို့ တစ်ချက်လှမ်းကြည့်သည်။
"ကျုပ် ကန်းထရစ်မင်းကြီးနဲ့တိုင်ပင်ပြီးပြီ။ သူ ရှောင်ထွက်မသွားလိုပါဘူးတဲ့။ မိုခီတာရဲ့ဦးသျှောင်ဘုရင်တစ်ပါးမို့ အဆုံးထိ ကာကွယ်တိုက်ပွဲဝင်မှာဖြစ်ပြီး မိဖုရားကြီးကလဲသူ့ရဲ့ခင်ပွန်းသည်ကိုရော တိုင်းပြည်ကိုရော စွန့်ခွာထွက်မပြေးပါဘူးတဲ့။ ကျုပ်ရဲ့ခမည်းတော်ရောပါပဲ။ ကျန်းမာရေးမကောင်းလှပေမယ့် သူလဲတိုက်ပွဲဝင်ပါမယ်တဲ့လေ"
"............."
"ကျုပ် မိုခီတာကို သွားတော့မယ် စစ်သူကြီး။ မင်းသားအိင်းဆက်နိုးလာရင် ဒီအကြောင်းတွေကို ဆက်ဆက်ပြောပြပေးပါ။ Aldrous ရဲ့ ကျူးကျော်မှုကို ကျုပ်ရော၊ မိုခီတာရဲ့သံချပ်ကာတပ်ဖွဲ့ရော၊ ကျုပ်ရဲ့စစ်မက်တွေရောက အသက်မသေသေးသရွေ့ ကြံ့ကြံ့ခံမယ်ဆိုပေမယ့် Aldorus လို မိစ္ဆာတစ်ပိုင်းကိုတော့ နိုင်ခြေမရှိလှပါဘူး။ ဒါပေမဲ့ မင်းသားအိုင်းဆက်သာ ပါဝင်လာနိုင်ခဲ့ရင်တော့ အခြေအနေပြောင်းလဲသွားနိုင်ပါတယ်။ ဒီအကြောင်းအရာတွေကို ပြောပြဖို့ဝင်လာခဲ့တာ "
"ကျုပ်တို့ရော နေရာပြောင်းသင့်သလား"
"Aldorus က တကယ်ကိုပဲ ဆေးပညာကို စစ်ပညာထက်ပိုလေ့လာခဲ့သူပါ။ ဒါကြောင့် သူဟာ ဘယ်လိုပင်ဒဏ္ဍာရီလာအကောင်ကြီးဖြစ်နေပါစေ၊ မိစ္ဆာတစ်ပိုင်းဖြစ်နေပါစေ ကျုပ်တို့လောက် စစ်ရေးမတတ်မြောက်သလို နယ်မြေလဲမကျွမ်းကျင်ပါဘူး။ ဒီဂူကို သူမရှာနိုင်ဘူး။ ကျုပ်သွားတော့မယ်"
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
အသိစိတ်က ကိုယ်မှာကပ်လာသည်နှင့် မျက်လုံးကိုဖောက်၍ တိုးဝင်နေသောအလင်းရောင်ကို အိုင်းဆက်စတင်သတိပြုမိလိုက်သည်။ ဖွင့်ကြည့်လိုက်ချိန်မှာတော့ ညနေစောင်းခါနီးပေမို့ သိပ်တော့မစူးရှလှပေ။
"အရှင့်သား...သတိရပါပြီလား"
ခန္ဓာကိုယ်တစ်ချက်အရွှေ့ကိုပင် သတိပြုမိဟန်ရှိသည့်ကောင်းယံကား မိမိနိုးအလာကို ဘယ်အချိန်ကတည်းကစောင့်မျှော်နေခဲ့သည်မသိပေ။ နောက်ဆုံးအဖြစ်အပျက်....အူတွေ၊အသည်းတွေ၊ ကလီစာမှန်သမျှက အတွင်းထဲ၌ ပေါက်ကွဲပြန့်ထွက်ကုန်သည့်နှယ် သည်းခံဖို့တောင်ခဲယဉ်းလှသည့် နာကျင်မှုကြီးကြောင့် သွေးများပွက်ပွက်အန်ကာ လဲကျသွားခြင်းက နောက်ဆုံးအသိဉာဏ်ဖြစ်သော်ငြား ယခုကတော့ ခန္ဓာကိုယ်မှာ အနည်းငယ်ထိုင်းမှိုင်းနေခြင်းကလွဲ၍ ကောင်းမွန်နေခြင်းကြောင့် ထထိုင်ရန်ပြင်တော့ ကောင်းယံက အသာတွဲထူပေးလာသည်။
"Elroy....မိုခီတာ"
ယှဉ်ပြိုင်မှုကို မိမိလွဲချော်ခဲ့ပြီဖြစ်ကြောင်း သတိပြုမိလိုက်သည့်အခါ အိုင်းဆက်မှာသတိလက်လွတ်ဖြင့် ထရန်ပြင်လိုက်ဧ။်။ မကျန်းမာသေးသည့် ခန္ဓာကိုယ်က မိုက်ခနဲဖြစ်စေကာ ယိုင်သွားရသည်အခါ ကောင်းယံကအသာပွေ့ပိုက်ထားပြီးနောက်...
"အရှင့်သား ကျွန်တော်မျိုးပြောပြပါ့မယ် ကျန်းမားရေးကိုဂရုပြုပါဦး..."
ဟုအစချီ၍ အကြောင်းအရာများအား ပြောပြလာခဲ့ပြီး Aldorus အကြောင်း ကြားသိရသည့်အခါတွင်တော့ မိမိဧ။်သံယောဇဉ်ကို အသုံးချသွားမှုအပေါ် တစ်ကိုယ်လုံးရှိန်းခနဲဖြစ်ရသည့်အထိ။ တကယ့်ရန်သူကိုမှ မိမိကအားတစ်ခုသဖွယ် တိုင်ပင်မိလေခြင်း၊ အားကိုးမိလေခြင်း။ အဖြစ်အပျက်များက Elroy ကိုအထင်မှားစေရန် Aldorus ကဖန်တီးထားခဲ့ပြီး မိမိကလဲ သူဆင်ထားသည့် လှည့်ကွက်ထဲ လွယ်လင့်တကူပင် ကျဆင်းခဲ့ရဧ။်။
"မင်းရဲ့စကား နားမထောင်မိပဲ ဆေးကိုဆက်သောက်မိလို့ ငါတောင်းပန်ပါတယ်
"မဟုတ်တာ။ အရှင့်သားကို ဒီလိုမျိုးပြန်မြင်ရတာနဲ့တင် ကျွန်တော်မျိုးကျေနပ်တယ်"
"စိတ်ပူအောင်လုပ်မိရော့ပြီ ငါ့ရဲ့ကြင်ယာတော်လေး"
ကြင်ယာတော်ဟူသော အသုံးအနှုန်းကို သုံးလိုက်သည့်အခါ Kingsley မျက်နှာမှာပို၍မှုန်မှိုင်းသွားကာ မျက်လုံးများကို မှိတ်ချပစ်လိုက်ပြီး ကျဆင်းတော့မည့် မျက်ရည်စတို့ကို ထိန်းသိမ်းနေသည့်ဟန်။
"အဘယ်ကြောင့်ငိုနေရော့သလဲ ကောင်းယံ"
"အရှင့်သား ကျွန်တော်မျိုးတို့ အဆုံးသတ်ပစ်ဖို့ အချိန်တန်ပါပြီ"
"ဘာကို..."
သို့သော် ဆက်၍မမေးဖြစ်တော့အထိ ရောက်ရှိနေရာပတ်ဝန်းကျင်ကို အိုင်းဆက်သတိချပ်မိလာသည်။ မိမိတို့နေထိုင်ရာဂူမဟုတ် အခြားဂူဧ။်အဝင်အဝ၊ တိကျစွာဆိုရသော် မာတန်ဘုရင်ကြီးဧ။် ဂူအဝတွင်ဖြစ်သည်။ ဂူအတွင်းထဲဆိုပါက အငွေ့အသက်မကောင်း၍ မိမိအားဂူအဝမှာပင်ထားကာ သတိလည်လာသည်အထိ စောင့်ဆိုင်းနေခဲ့ဟန်ဖြစ်ပြီး ဒီနေရာသို့ရောက်ရှိနေခြင်းကလဲ စာချွန်လွှာထဲကအတိုင်း ပြုလုပ်ရန်ကလွဲ အခြားမရှိပေ။ ထိုအချက်များကို အိုင်းဆက်မသိကျိုးကျွံပြုကာ ထရပ်လိုက်သည်။
"အဆုံးသတ်ရပေတော့မှာပေါ့။ မိုခီတာကို အခုပဲပြန်ကြပြီး မိုခီတာနဲ့အန်ချီ တိုင်းပြည်နှစ်ခု ပူးပေါင်းတိုက်ခိုက်မှာကို ငါဦးဆောင်ရော့မယ်"
"အရှင့်သား..."
"............"
"အရှင့်သား!! အဲ့ဒီနည်းလမ်းကလွဲပြီး ကျွန်တော်မျိုးတို့မှာ မရှိတော့ဘူး။ ဒါကြောင့် Elroy အကူအညီယူပြီး အရှင့်သားကို ဒီအထိသယ်ဆောင်စောင့်ဆိုင်းခဲ့တာပါ။ "
"မဟုတ်တမ်းတရားတွေ။ ငါတို့မှာ အခြားနည်းလမ်းရှိမှာ၊ ရှိကိုရှိရော့မှာ ကောင်းယံ။ ရှာဖွေဖို့အချိန်မရလဲ ငါကိုယ်တိုင်တိုက်မယ်။ နတ်ဘုရားရဲ့သားတော်က သတ္တဝါဆိုးကြီးကို မနိုင်ဘူးဆိုတာ ငါမယုံရော့ဘူး"
"တိုင်းသူပြည်သားတွေကို ချစ်ခင်တန်ဖိုးထားတယ်ဆို အရှင့်သား၊ မင်းကြီးနဲ့မိဖုရားကို ချစ်ခင်တယ်ဆို၊ မိုခီတာကိုကာကွယ်ချင်တယ်ဆို...အရှင့်သား ဒီနည်းလမ်းကိုမလုပ်ရင် အရှင့်သားချစ်ခင်ရတဲ့လူတွေနဲ့ တိုင်းပြည်ကြီးပျက်ဆီးရပါလိမ့်မယ်။ ကျွန်တော်မျိုးအတွက်နဲ့ အဲ့ဒီအရာတွေကိုလဲယူမလို့ပါလား အရှင့်သား"
"ငါ့ကို ဒီလိုမျိုးကြီး နှိုင်းယှဉ်မပြရော့နဲ့ကောင်းယံ၊ မင်းနဲ့ငါနဲ့ အပြီးတိုင်ခွဲခွာရမှာကိုလဲ ငါဘယ်လိုနှလုံးသားနဲ့လက်ခံရလိမ့်မလဲ။ ဒါကြောင့် ထပ်မပြောရော့နဲ့"
"အရှင့်သား...."
".........."
လျစ်လျူရှူကာ လှည့်မကြည့်ပဲ ဆက်လှမ်းလာသည့် အိုင်းဆက်ခြေလှမ်းတို့က တုန်တုန်ယင်ယင်နှင့်ထွက်ပေါ်လာသည့် ကောင်းယံဧ။်စကားလုံးများအောက် တုံ့ခနဲ။
"ခြေတစ်လှမ်းထပ်တိုးရင် ကျွန်တော်မျိုးဒီနေရာမှာပဲ သတ်သေပစ်လိုက်တော့မှာပါ"
လှည့်အကြည့်မှာ မြားတံဖြင့်လည်ပင်းကိုချိန်ရွယ်ထားသည့် ကောင်းယံ။
"ကောင်းယံ...."
ဟုဆို၍မိမိရှေ့တစ်လှမ်းတိုးတိုင်း သူကနောက်တစ်လှမ်းဆုတ်သွားကာ မြားဧ။်ထိပ်ချွန်သည်လည်း သူဧ။်လည်ပင်းဆီသို့ နစ်ဝင်စပြုလာပြီး သွေးစို့လာသောအခါ ရောက်နေရာနေရာမှာပင် အိုင်းဆက်ခြေစုံရပ်တန့်လိုက်သည်။
"အရှင့်သားမှာ အိမ်ရှေ့စံတစ်ပါးအနေနဲ့ရော၊ ဦးသျှောင်ဖြစ်လာမယ့် ရှင်ဘုရင်လောင်းအနေနဲ့ရော တိုင်းပြည်နဲ့လူမျိုးကို စောင့်ရှောက်ရမယ့် တာဝန်ဝတ္တရားရှိနေပါတယ်။ ကျွန်တော်မျိုးကလဲ တစ်ဖက်ခြမ်းမှာ သက်တော်စောင့် အဖြစ်တာဝန်ထမ်းဆောင်သူမို့၊ လူ့အသက်ကိုစောင့်ရှောက်ပေးရသူမို့ ကျွန်တော်မျိုးတို့အရေး ရှေ့တန်းတင်ပြီး လူအများပျက်ဆီးရမှာကို လက်မခံလိုပါဘူး"
"ဒါဆို ငါတို့ကရော ကောင်းယံ၊ အချင်းချင်းအသက်ထက်တောင် မေတ္တာသက်ဝင် ချစ်မြတ်နိုးကြတဲ့ ငါတို့ကရော.."
"ကျွန်တော်မျိုးတို့ရဲ့ ကံကြမ္မာက ခွဲခွာရဖို့သတ်မှတ်ပြီးသားပါ အရှင့်သား၊ ကမ္ဘာမတူညီတဲ့ လူနှစ်ဦးမို့ကျွန်တော်မျိုးတို့ဟာ တစ်ချိန်မှာခွဲခွာရမယ်ဆိုတာ အရှင့်သားလဲ သိနေခဲ့တာကို...."
နေရာတွင်ပင် ဒူးထောက်ထိုင်ချကာ ခေါင်းငိုက်စိုက်ချထားသည့် အရှင့်သားနံဘေး ကောင်းယံပါထိုင်ချပြီးနောက် အရှင့်သားမျက်နှာအား ဆွဲယူမော့်စေလိုက်သည်။
"ကျွန်တော်မျိုးတို့မှာ အမှတ်တရတွေအများကြီး ဖန်တီးချန်ရစ်ခဲ့ပြီးကြပါပြီ။ အနမ်းတွေ၊ ထိတွေ့မှုတွေ ၊ နှလုံးသားတွေ တစ်ထပ်တည်းကျစေခဲ့ပြီးပြီ။ အခုအချိန်မှာခွဲရပေမယ့် ကျွန်တော်မျိုးရဲ့နှလုံးသားထဲမှာ အရှင့်သားကရှင်သန်နေမှာပါ"
"ငါ...ငါမလုပ်နိုင်ရော့ဘူး ကောင်းယံ"
"ကျွန်တော်မျိုးပြန်လာခဲ့ပါ့မယ်။ ပြန်လာခဲ့မှာမို့ အခုတော့ကျွန်တော်မျိုးတို့ရဲ့ ချစ်ခြင်းကိုခေတ္တထားပြီး လူတွေကိုကယ်တင်ရအောင်ပါ။ မိုခီတာတည်တံ့နေမှ ကျွန်တော်မျိုးပြန်လာလို့ရမှာပေါ့ အရှင့်သားရယ်။ ဒီဆွဲကြိုးလေးက ကျွန်တော်မျိုးရဲ့ ဂုဏ်ဒြပ်မဟုတ်လား"
"............."
"ဟုတ်တယ်မဟုတ်လား အရှင့်သား။ ကျွန်တော်မျိုးရဲ့ဂုဏ်ဒြပ်မဟုတ်လား။ အရှင့်သားရဲ့ဖူးစာဖက်အဖြစ်လေ "
ထိုအခါ အရှင့်သားမှာ မိမိလည်ပင်းရှိဆွဲကြိုးအား လက်တစ်ဖက်ဖြင့် ခပ်တင်တင်းလှမ်းဆုပ်ကိုင်ကာ မိမိဧ။်လက်တစ်ဖက်ကိုယူ၍ သူဧ။်ဝဲဘက်ရင်အုံဆီသို့ ကပ်ထားလိုက်သည်။
"မိုခီတာဧ။် အိမ်ရှေ့စံတစ်ပါး၊ အနာဂတ်ရှင်ဘုရင်လောင်း၊ Viscount နယ်မြေကိုအပိုင်စားရထားသူ Duke Of Viscout ဖြစ်သည့် ငါ အိုင်းဆက်ဟာရိုးကန်းထရစ်ရဲ့ ကြင်ယာတော်ဟာ ငါဧ။်အရှေ့မှာရှိနေသူ မင်းသစ်ကောင်းယံသာ ဖြစ်ပေတယ်။ ဤအချိန်မှစတင်ပြီး ဤသူသာလျှင် ငါဧ။်ကြင်ယာတော်အဖြစ် ဧကန်သတ်မှတ်ပြီး Duchess Of Viscount ဟု ခေါ်တွင်စေမည်။ ကမ္ဘာတည်သရွေ့ တစ်ဦးတည်းကိုပဲ သက်ထက်ဆုံးချစ်မြတ်နိုးသွားပါ့မည်"
ဟု ကတိကဝတ်ပြုသည့်အချိန်နှင့် တိုက်ဆိုင်စွာပင် တောတွင်းအကောင်ငယ်တစ်ချို့ဧ။် အသံသေးသေးလေးများ၊ အနားမှာရှိနေသည့် သစ်ပင်ပန်းပင်တွေမှ ပျံ့လွှင့်လာသည့် မွှေးရနံ့များအပြင် ခပ်ဝေးဝေးတစ်နေရာဆီမှ လက်ခနဲအလင်းရောင်တစ်ခု၊ မှောင်ရီပျိုးစအချိန်ပေမို့ ကောင်းစွာမြင်နိုင်ပြီး အရှင့်သားဧ။်လိပ်ပြာအုပ်ထံမှ ကောင်းချီးပေးခြင်းပင်ဖြစ်လိမ့်မည် ထင်သည်။
"ကျေးဇူးတင်ပါတယ် အရှင့်သား။ ကျွန်တော်မျိုးကို ဒီလောက်ထိချစ်မြတ်နိုးပေးလို့...."
"ကောင်းယံ...ငါ..."
အရှင့်သားဧ။် စကားဆက်ခွင့်မရအောင် နှုတ်ခမ်းတို့အားညင်သာစွာနမ်းရှိုက်လိုက်သည်။ နှုတ်ဆက်အနမ်းဖြစ်နေလို့လားမသိ အနမ်းများက ပို၍ချိုမြိန်လို့နေဧ။်။ နှစ်ဦးသားတို့ဧ။်ပါးပြင်ပေါ် လိမ့်ဆင်းလာသည့် မျက်ရည်များကြားမှ ထို အနမ်းနုနုတို့သည်လည်း လွမ်းမောဖွယ်ရာအတိ။
အနမ်းတို့အား ကောင်းယံဘက်ကပင် စတင်အဆုံးသတ်ကာ မီးတုတ်ထွန်းညှိ၍ ဂူထဲသို့အလျှင်စလိုပင် ဝင်လာခဲ့ဧ။်။ တင်းထားသည့် စိတ်တို့လျော့ကျမသွားခင် ဒီကိစ္စကို အကောင်အထည် ဖော်ရမည်ဖြစ်သည့်အတွက် ကျောက်သေတ္တာလေးဧ။်အဖုံးကို လှပ်၍ မြားတံနှင့် ပုလင်းလေးအားထုတ်လိုက်သည့်အခိုက်....
"ကောင်း....ယံ"
ဟူသော လှိုက်မောရှိုက်ငင်နေသည် အရှင့်သားဧ။် မချိတင်ကဲအသံကို ကြားလိုက်ရသည့်အခိုက်၊ မျက်ရည်ကြည်များဖြင့် ဝေ့သီနေသော တလက်လက်တောက်ပနေသည့် ရွှေအိုရောင်မျက်လုံးများကို မြင်ရသည့်အခိုက် မိမိဧ။်နှလုံးသားသည်လည်း သံရည်ပူများ လောင်းချခံရသည့်ပမာ အဆမတန်ပူလောင်ရချေသည်။ လက်လျှော့ပစ်လိုက်ချင် စိတ်များတဖွားဖွား ပေါ်ပေါက်လာရသည်မို့ အသက်ဝဝတစ်ချက်ရှုသွင်းကာ အံကြိတ်ထားပြီးနောက် အရှင့်သားဧ။်မျက်နှာကိုလဲ မကြည့်မိအောင် သတိထားနေရသည်။ ထပ်မံကြည့်မိပါက တကယ်ကိုလွှတ်ချမိတော့မည်ထင်ဧ။်။
"ကောင်းယံ ငါတို့ဒီနေ့တစ်ရက် အချိန်ယူကြရအောင်။ ငါ မင်းကိုနှုတ်ဆက်ဖို့ အဆင်သင့်မဖြစ်သေးရော့ဘူး"
"မဖြစ်ပါဘူးအရှင့်သား။ Aldorus က အချိန်မရွေးပေါ်လာနိုင်ပါတယ်။ မဖြစ်မနေ လုပ်ရတော့မယ်ကိစ္စမှာ ကျွန်တော်မျိုး မြန်မြန်စောနှုတ်ဆက်လေ၊ မြန်မြန်ပြန်တွေ့ဖို့နီးစပ်လေ မဟုတ်ဘူးလား"
ထို့နောက်တော့ နှစ်ဦးသားတိတ်ဆိတ်သွားကာ မျက်နှာခြင်းဆိုင် ခပ်လှမ်းလှမ်းရပ်၍ တော်တော်ကြာကြာထိငေးစိုက်ကြည့်နေခဲ့ကြပြီး ဒီတစ်ကြိမ်တွင်လည်း အရင်ဆုံးအကြည့် လွဲှသူမှာ မိမိသာလျှင်ဖြစ်ပြန်သည်။
"အရှင့်သားနဲ့တွေ့ဆုံရခြင်းက ကျွန်တော်မျိုးအတွက် ဆုလာဘ်ကြီးတစ်ပါးပါ။ ကျွန်တော်မျိုးထွက်သွားပြီးနောက်ပိုင်း ငိုကြွေးကြေကွဲမနေပဲ Aldorus ကို အနိုင်တိုက်ပါ။ မိုခီတာကိုတည်တံ့စေပါ"
စကားဆုံးသည်နှင့်တစ်ပြိုင်နက် လက်ဖဝါးတစ်ဖက်ကိုဆန့်တန်းလိုက်သောအခါ ရုပ်ထုကြီးဧ။်ပခုံးထက်တွင် နားခိုနေသောလိပ်ပြာကြီးက ဆင်းသက်နားခိုလာပြီး အတောင်ပံများကိုရုတ်သိမ်းကာ စတေးခံရန် အသင့်အနေအထားဖြင့် ရှိနေပေးသည်။ ထိုလိပ်ပြာကိုဖိညှစ်လိုက်သည်နှင့်  အရှင့်သားမှာ မျှော်စင်ရင်ပြင်မှာတုန်းက သူဧ။်လိပ်ပြာကိုမိမိထိတွေ့တုန်းကအတိုင်း ဖြူလျော်သွားကာမြေပြင်ပေါ်သို့ ဘိုင်းခနဲလဲကျသွားသည်။ နာကျင်မှုကြောင့် လူးလှိမ့်နေသည့်ကြားမှ မိမိကိုသာကြည့်နေသည့် အရှင့်သားဧ။်လက်ထဲ မြားကိုထည့်ပေးလိုက်သည့်အခါ
"မလုပ်နဲ့....မလုပ်ရော့ပါနဲ့ ကောင်း..ယံ "
ဟုဆို၍ မြားတံကိုလွှတ်ချရန်ကြံစည်နေခြင်းကြောင့် အရှင့်သားဧ။် လက်ကိုအပေါ်မှထပ်အုပ်ကိုင်ပြီး မိမိဧ။်နှလုံးတည်ရှိရာ ဘယ်ဘက်ရင်အုံဆီသို့ စတင်ထိုးစိုက်လိုက်သည်။
"မလုပ်နဲ့..ကောင်းယံ၊ မလုပ်လိုက်ပါနဲ့ ငါ့နှလုံးသားတွေကွဲကြေနေရော့ပြီ..."
မျက်လုံးများပြာဝေလာကာ စူးရှလွန်းသည့်နာကျင်မှု၊ ချက်ချင်းဆိုသလို အသက်ရှုသွင်းလို့ပင်မရတော့ခြင်းက နှလုံးကိုထိုးစိုက်မိသွားပြီဆိုသော အဓိပ္ပယ်ပင်ဖြစ်ပြီး စက္ကန့်တစ်ချို့သာ အသက်ရှင်နိုင်တော့မည်ကို သိလိုက်ပြီးနောက် မြားတံမှစီးကျလာသော သွေးစက်များအား လက်ထဲတွင်ကိုင်ထားသည့် ပုလင်းလေးထဲ စီးကျစေရာက အသိစိတ်များစတင်လွတ်လာပြီမို့ တုန်ယင်နေသည့် လက်အစုံက အဖုံးကိုကြိုးစားပိတ်နေရဧ။်။
ထို့နောက်တွင်တော့ စိတ်လျှော့ချလိုက်သည့် ခန္ဓာကိုယ်က မြေပြင်ပေါ်သို့လဲပြိုသွားရပြီး မိမိရှိရာ တွားကာလာနေသည့် အရှင့်သားထံအားယူပြုံးပြလိုက်သော်လည်း အပြုံးများက အရာဝင်လိမ့်မည်မထင်ပေ။
"ကျွန်တော်...မျိုး...တို့...ပြန်...ပြန်တွေ့ကြ...မယ်နော် ။ အရှင့်...သားကို အရမ်း...ချစ်...မြတ်....နိုး...ရပါ..တယ်"
"ကောင်းယံ!!! ခဏ...ထွက်မသွားရော့ပါနဲ့ဦး...ငါနှုတ်ဆက်ချင်ရော့သေးလို့ပါ ကောင်းယံ!! "
ထိုစကားလုံးများသာ ဝိုးတဝါးထွက်သွားခဲ့ပြီး တဖြည်းဖြည်းနှင့် အရှင့်သားဧ။် ပုံရိပ်ကမှေးမှိန်လာနေပြီး အသံတို့သည်လည်း တိုးသွားခဲ့ပြီမို့ ဤနယ်မြေ၊ မိမိဧ။်နှလုံးသားစံမြန်းရာ ဤနယ်မြေ၊ မိမိဧ။်မင်းသားလေးကို ထားခဲ့ရတော့မည်ဖြစ်ကြောင်းကိုပါ သတိချပ်မိလာတော့ မျက်လုံးအိမ်မှ မျက်ရည်များက ကျဆင်းလာခဲ့ပြီး အရာအားလုံးတိတ်ဆိတ်သွားခဲ့သည်။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
တိုင်းပြည်ရဲ့အိမ်ရှေ့စံတစ်ပါး၊ နတ်ဘုရားဧ။်သားတော်၊ အရာရာမှာ ထူးချွန်သည်ဟု သတ်မှတ်ခြင်းခံထားရသည့် မိမိက ယခုတော့ ချစ်ရသူစတေးခံသွားသည့်အပေါ် တစ်ချက်မှတောင် ဝင်တားနိုင်ခြင်းမရှိခဲ့။ လိပ်ပြာကြီးပျက်သုန်းရခြင်းကြောင့် လိပ်ပြာနှင့်အသက်ဆက်ထားရသည့် မိမိသည်လည်း သေလုမတတ်။ ကောင်းယံကတော့ စိတ်ဆုံးဖြတ်ထားသည့်အတိုင်း တုံ့ဆိုင်းခြင်းအလျဉ်းမရှိခဲ့သလို သေအံ့မူးမူးအချိန်မှာလဲ နောင်တရဟန်မရှိပေ။
နာကျင်လွန်းနေသည့်ကိုယ်ခန္ဓာအား တရွတ်တိုက်ကြိုးစားသယ်ဆောင်ခဲ့သော်လည်း ချစ်ရသူဧ။်ထွက်သက်ကိုတောင်မမှီခဲ့၊ နွေးနွေးထွေးထွေး ပွေ့ပိုက်ပေးလိုက်ခွင့်မရခဲ့၊ ဝိညာဉ်ချုပ်ငြိမ်းသွားပြီဖြစ်သည့် ကောင်းယံအားထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းယံဧ။်ကိုယ်ခန္ဓာကား မိမိရှေ့မှောက်မှာတင် အရိုးစုအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။ ထိုတော့မှပင် မိမိဧ။်အစောင့်အရှောက်သည် မြားမှန်စဉ်ကတည်းက သေဆုံးသွားခဲ့ပြီဖြစ်ပြီး ကောင်းယံဧ။်ဝိညာဉ်ဝင်ရောက်လာခဲ့၍သာ ဤကဲ့သို့ ရှင်သန်နေခြင်းမှန်း အိုင်းဆက်နားလည်လာရသည်။
မြင်နေရသည့်မြင်ကွင်းက အနားမှာအမြဲရှိခဲ့သည့် အပါးတော်မြဲဟာ တကယ်ပင်သေဆုံးသွားခဲ့ကြောင်းနှင့် ချစ်ရသူသည်လည်း ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း ပြသနေပြီး သူငယ်ချင်းနှင့်ချစ်သူ နှစ်ဦးလုံးကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရပြီဆိုသည့်အသိက ရင်တခုလုံး လှိုက်တက်တုန်ခါလာသည်အထိ ခံစားလာရကာ အသံထွက်အော်ငိုမိရသည်။
သို့သော် မည်သူကမှမိမိကိုတုံ့ပြန်နိုင်ခြင်းမရှိတော့၊ "အရှင့်သား" ဟူ၍ ခေါ်ဆိုတတ်သည့် ကောင်းယံဧ။်အသံလေးကိုလဲ ထပ်မကြားရတော့။ ဝမ်းနည်းပက်လက်ငိုကြွေးခြင်းက အတိုင်းအတာတခုကို ကျော်လွန်သွားသည့်အခါ ဆုံးဖြတ်ချက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးနောက် အိုင်းဆက်သည် မြားနှင့်ပုလင်းကိုယူဆောင်ကာ မိုခီတာရှိရာသို့ခရီးနှင်ခဲ့တော့သည်။
"ငါ တိုက်ပွဲကိုနိုင်အောင်တိုက်ပြီး မင်းကိုစောင့်နေရော့မယ် ကောင်းယံ"
(AN - ကြာသပတေးနေ့မှာ ဇတ်သိမ်းပိုင်းတင်ပေးပါမယ်ရှင်။ DOV ကိုနှုတ်ဆက်ရတော့မှာပါ)
6700 words
Continue Reading
You'll Also Like
Priestess of The Moon By Leah
Historical Fiction
246K 20.8K 46
Li Xiang is the Priestess of the Moon, she can see read the stars and fortune as well as misfortune to her people. However, the life of a Priestess c...
895K 30.6K 109
When Grace returns home from college, it doesn't go like she thought it would. With her past still haunting her everyday choices, she discovers a sid...
123K 3.5K 25
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။