Dear Ko Ko ( Complete)
De sunray9597
32.1K 2.1K 1.6K
မောင်သာ ကိုကို ကို သစ္စာဖောက်ခဲ့ရင်..ကိုကို နာကျင်အောင်လုပ်မိခဲ့ရင်..မောင့်တစ်ဘဝလုံး အထီးကျန်ဆန်ပြီး နာကျင်မှ... Mai multe
Dear Ko Ko (Intro )
Part -1
Part -2
Part -3
Part -4 ⚠️
Part -5
Part -6
Part -7
Part -8
Part -10
Part -11
Part -12
Part -13
Part -14
Part -15
Part -16
Part -17
Part -18
Part -19
Part -20
Part -21
Part -22
Part -23
Part -24
Part -25
Part -26
Part -27
Part -28
Part -29
Part -30
Part -31
Part -32
Part -33
Part 34
Part -35 ( Final-1)
Part -36 ( Final -2 ) Main Final
Dear Ko Ko's Reasons Of Creation
Part-9
675 55 50
De sunray9597
# Unicode #
" ခဏလေး..စောင့်ပါအုံး ကိုကို...မောင်...ခေါင်းလေးဖီးပါရစေအုံးကွာ.."
ဒီနေ့ ပိတ်ရက်မို့..အိပ်ရမယ် မထင်နဲ့ ကင်မ်ဂျောင်ဂုတို့က အစောကြီးတည်းက နိုးပြီး ကစားကွင်းသွားဖို့ တာဆူနေလို့..သူမှ ထပြီး ပြင်ဆင်နေရသည်။ အခုလည်း ခေါင်းဖီးနေတာကို အနားကနေ မျက်လုံးဝိုင်းကြီးတွေနဲ့ ကြည့်ကာ အမြန်လုပ်ခိုင်းနေ၏။ဒီနေ့မှ ကိုကိုက အရမ်းချစ်ဖို့ကောင်းနေတော့..ထယ်ယောင်းလည်း..လိုက်မပို့ချင်တော့ပေ...ဆင်စွယ်ရောင် ဆွယ်တာလေးနဲ့...အဖြူရောင် ဘောင်းဘီလေးဝတ်ထားတဲ့ ကိုကိုက အဝတ်ပုံထဲမြှုပ်နေပေမဲ့...ချစ်ဖို့ကောင်းလှ၏။
ဆံပင်ကို အလယ်ကနေခွဲကာ ဘေးသို့ သို့ပို့ထားတာကြောင့် မျက်နှာဝိုင်းဝိုင်းလေးက ပေါ်လွင်နေပြီး..နှုတ်ခမ်းနီနီရဲရဲလေးနဲ့ အသည်းယားဖို့ကောင်းသည်။
" ကိုကိုရာ...မောင် လိုက်တောင် မပို့ချင်တော့ဘူး...ကိုကိုအရမ်းလှနေတော့ စိတ်မချတော့လို့.. "
သူ့စကားကြောင့်...နှုတ်ခမ်းလေးစူသွားတဲ့ ကိုကိုက မကြည်ကြည့်လေး ကြည့်လာ၏။ကိုကိုတကယ်သွားချင်နေမှန်းသိပေမဲ့...သူက သဝန်တိုနေတာလေ...
*~.လိုက်ပို့ပါ မောင်...ကိုကို သွားဖူးချင်လို့ပါ...မောင်ဘဲ ကတိပေးထားတယ်လေ..ကိုကို မခေါ်ဘဲနေလိုက်မှာနော်.~*
ကိုကိုရေးပြတဲ့စာကို ဖတ်ပြီး ထယ်ယောင်း ပြုံးလိုက်မိ၏။ကိုကိုက ထယ်ယောင်းကို မပြည့်ဘဲ နှုတ်ခမ်းလေးဆူထားသည်။
*~.မောင် လိုက်ပို့ပါမယ်..နှုတ်ခမ်းလေးဆူမထားပါနဲ့..စိတ်မထိန်းနိုင်ရင်..ကိုကို အိပ်ရာထဲက မထနိုင်ဖြစ်သွားမယ်နော်.~*
ထယ်ယောင်းရဲ့ စာကို ဖတ်ပြီး ကိုကိုရဲ့ နားရွက်ဖျားလေးတွေ ရဲသွားသည်။ ကင်မ်ဂျောင်ဂုတို့က ရှက်ရင် နားရွက်လေးတွေက အစ နီရဲနေတတ်တာ..ပန်းသီးလေးတစ်လုံးလို...
" လာ..သွားကြမယ်.. "
ထယ်ယောင်း ကိုကို့ရဲ့ လက်ကို ကိုင်ပြီး အောက်ထပ်ဆင်းလာကာ..မနက်စာစားလိုက်သည်။ပြီးမှ မာမီတို့ကိုပြောပြီး..ကစားကွင်းထွက်လာခဲ့၏။
~
~
~
ကားပါကင်သေချာထိုးပြီး...ကစားကွင်းဝသ်ခွင့်လက်မှတ်ကိုဖြတ်ကာ..ကိုကိုကို ခေါ်ပြီး အထဲဝင်လိုက်ကြသည်။ ကိုကိုကတော့ မြင်သမျှကို အထူးအဆန်းကြည့်နေသည်။ ပိတ်ရက်မို့ ကစားကွင်းမှာ လူများနေ၏။ အများအားဖြင့် ကလေးတွေကို လိုက်ပို့ကြတဲ့ မိသားစုတွေပင်...ဆယ်ကျော်သက်လေးတွေလည်းတွေ့ရ၏။
" ကို~.. "
ထယ်ယောင်း စကားပြောမလို့...နောက်ကို လှည့်ကြည့်တော့ ကိုကိုက ပါမလာ...လှည့်ပတ်ပြီး ရှာကြည့်လိုက်တော့...ပင်လယ်ဓားပြလှေနားမှာ ရပ်ပြီး ကြည့်နေတဲ့ ကိုကို...အပြေးသွားပြီး ကိုကို့ရဲ့ လက်ကို ဆုပ်ကိုင်လိုက်တော့....သူကို လက်ညိုးထိုးပြီး ပင်လယ်ဓားပြကို ပြကာ ရယ်နေတဲ့ ကိုကို..
*~.မောင်အဲ့ဒါက..မိုးပေါ်ပျံနေတဲ့ လှေကြီးမလား...သူတို့တွေ စီးနေတာ ပျော်စရာကောင်းမယ်ထင်တယ် ပါးစပ်ကြီးတွေဟပြီး ရယ်နေကြတာလားဟင်.~*
ဒီလောက်...နားမခံသာအောင် အော်နေကြတာကို ကိုကိုက ရယ်နေကြတာလားတဲ့..အေးလေ.ကိုကိုက ကြားမှ မကြားနိုင်တာဘဲ....ပြီးတော့..ဘာတဲ့..မိုးပေါ်ပျံနေတဲ့ လှေကြီးတဲ့. သူ မလို့ ခေါ်တတ်တယ်..အတွေးနဲ့ အတူ..ပြုံးလိုက်မိ၏။
*~.အဲ့ဒါက ပင်လယ်ဓားပြလို့ခေါ်တယ်..ကိုကို..ပြီးတော့ သူတို့က ရယ်နေကြတာမဟုတ်ဘူး..ကြောက်လို့ အော်နေကြတာ...~*
*~.ဟုတ်လား..မောင် ကိုကို စီးကြည့်ချင်တယ်.~*
ထယ်ယောင်းလည်း...လက်မှတ်နှစ်ဆောင်ဖြတ်ပြီး ကိုကို့လက်ကို တွဲကာ..ပင်လယ်ဓားပြ ထိုင်ခုံမှာ ဝင်ထိုင်လိုက်၏။
" ကိုကို ကြောက်ရင် မောင့်လက်ကို တင်းတင်းဆုပ်ထားနော်.."
ထယ်ယောင်း ဆုပ်ကိုင်ခားတဲ့ လက်ကို ထောင်ပြလိုက်ပြီး ပြောလိုက်တော့ ကိုကိုက ခေါင်းငြိမ့်ပြလာသည်။
" ဝူးး "
" အားးးးး အိုမား..... အားးးးး "
" ဟားး...ဟားးးး ဟားးး "
" အားးး ကယ်ကြပါအုံး...အားးးး "
စတင်ပြီး လွှဲလိုက်ပြီဆိုတာနဲ့ စ
ထွက်ပေါ်လာတဲ့ အသံပေါင်းစုံ....လူ့သဘာဝကိုက ကြောက်ပေမဲ့ လုပ်ချင် စူးစမ်းချင်ကြတာဘဲလေ..ပြီးရင် အသံကုန် မိုင်ကုန်အော်ဟစ်ကြပြီ...
ထယ်ယောင်းလည်း ကိုကို စီးချင်လို့သာ လိုက်စီးပေးရတာ...တစ်ချက်တစ်ချက် အောက်ပြန်ကျသွားရင်..အူတွေ အသည်းတွေ ပြုတ်ပြုတ်သွားသလိုခံစားရပြီး...မအော်ချင်အောင် နှုတ်ခမ်းကို တင်းတင်းစေ့ထားရ၏။
ကိုကိုကတော့ သဘောကျနေသည်ထင်..အပြုံးအရယ်မပြတ်...အထက်ကနေ အောက်ကို‌ကျသွားရင်..ယုန်သွားလေးများပေါ်အောင် ရယ်နေတာများ မျက်လုံးလေးတွေတောင် မှိတ်လို့ပင်...ကိုကို့ကို ကြောက်မယ်ထင်ထားတာ လုံးဝမကြောက်ဘဲ ပျော်နေသည်။
ပြီးသွားလို့ ဆင်းတော့ ဒူးတွေတုန်နေလို့ မနည်းသတိထားပြီးဆင်းရ၏။ဂျောင်ဂုကတော့ ပေါ့ပေါ့ပါးပါးပင်...အဲ့ ..မောင်ပြောတော့ ပင်လယ်ဓားပြ ကြီးစီးရတာ မိုးပေါ်ပျံရသလိုပင် လွတ်လပ်ပြီး ပျော်ဖို့ကောင်းသည်။ အောက်ကို နိမ့်ဆင်းသွားရင်လည်း...ရင်ထဲအေးစိမ့်စိမ့်နဲ့ ခံစားမှုကောင်း၏။သူနောက်တစ်ခေါက်ထပ်စီးချင်သေးသည်။
ကိုကို မရိပ်မိအောင် အားယူပြီး တုန်နေတဲ့ ဒူးတွေကို ထိန်းကာ လမ်းလျှောက်နေတုန်း ကိုကိုက သူ့ရဲ့ အင်္ကျီစလေးကို လှုပ်လာသဖြင့် လှည့်ကြည့်လာတော့..လက်ကလေးတစ်ချောင်းထောင်ပြ၏။ ဘာလဲဆိုပြီး မေးငေါ့ပြီး မေးလိုက်တော့ မျက်နှာချိုသွေးကာ..ပင်လယ်ဓားပြလှေကို လက်ညိုးထိုးပြပြီး..လက်ချောင်းထောင်ပြလာသည်။ သဘောက သူနောက်ထပ်စီးချင်တယ်ဆိုတဲ့ အဓိပ္ပာယ်...
မဖြစ်ဘူး...နောက်ထပ်စီးရင် ထယ်ယောင်း နေရာမှာတင် ဒူးတွေ ချောင်ပြီး လဲကုန်မှာ...အဲ့တော့ ကိုကိုစိတ်ပြောင်းအောင်လုပ်ရမှာပင်...
ထယ်ယောင်း..ခေါင်းခါပြလိုက်တော့ ကိုကိုက သူ့အင်္ကျီစကို လှုပ်ရမ်းပြီး ပူဆာလာ၏ စကားပြောတတ်ရင်..စီးချင်လို့ ပါမောင်..နောက်တစ်ခေါက်စီးရအောင်ဆိုပြီး ပြောနေမှာ အသေအချာပင်..
*~.မစီးပါနဲ့တော့ ကိုကိုရဲ့..နောက်ထပ်ကစားစရာတွေ ရှိသေးတယ်..မောင်တို့ ကြည့်ရအုံးမယ်လေ..တော်ကြာနောက်ကျလို့ ကစားကွင်းပိတ်သွားရင် ဘယ်လိုလုပ်မလဲ.~*
သူ့စာကိုဖတ်ပြီး ကိုကိုက တွေတွေလေး သဉ်းစားနေသည်။ ပြီးတော့မှ ခေါင်းငြိမ့်ကာ သူ့ရဲ့ လက်ကို လာတွဲ၏။သူကိုကိုရဲ့ အကျင်လေးတစ်ခုကို သိလာပြီထင်သည်။ ကိုကိုက ပုံမှန်ဆို သူ့လက်ကို လာတွဲပြီး လိုချင်တာရှိရင်..သူ့ရဲ့ အင်္ကျီလက်မောင်းစ ဒါမှ မဟုတ် အောက်အနားစလေးကို ဆွဲပြီး လှုပ်ကာ ကလေးလေးတွေလို ပူဆာတတ်၏။ အဲ့ဒါလေးကလည်း တစ်မျိုးချစ်ဖို့ကောင်းသည်။
သူနဲ့လက်တွဲပြီး လျှောက်နေတုန်း ကိုကိုက ကလေးလေးတစ်ယောက်ရေခဲမုန့်စားနေတာကိုတွေ့တော့ ကြည့်နေသဖြင့်..ထယ်ယောင်းလည်း အနားမှာ ရှိတဲ့ ရေခဲမုန့်ဆိုင်ကို ခေါ်သွားလိုက်သည်။ကိုကိုကတော့ သူခေါ်‌ရာနောက်သာ တစိုက်မတ်မတ်လိုက်နေ၏။ သူများတွေ အမြင်မှာ သူ့ပုံစံက ဘာမှ မသိတဲ့ ကလေးတစ်ယောက်ကို လက်ဆွဲပြီး ကစားကွင်း လိုက်ပို့နေတာနဲ့တောင် တူသေးသည်။
" ရေခဲမုန့်..ကွက်ကီးအရသာနဲ့ တစ်ခွက်ပေးပါ.. "
ထယ်ယောင်းက ပိုက်ဆံထုတ်ရှင်းပြီး ရေခဲမုန့်ယူကာ ကိုကို့ လပ်ထဲ ထည့်ပေးလိုက်တော့ ပြူးကြောင်ကြောင်လေးနဲ့ သူ့ကိုတစ်လှည့် ရေခဲမုန့်ကို တစ်လှည့်ကြည့်နေတဲ့ ကိုကို..
" ကိုကို..စားဖို့.. "
သူပြောတော့ ..ကိုကိုက သူ့ကိုယ်သူလက်ညိုးထိုးကာ ခေါင်းငြိမ့်ပြီး....သူ့အတွက်လားဆိုတဲ့ အဓိပ္ပာယ်နဲ့ မေးလာ၏။ထယ်ယောင်းလည်း ခေါင်းငြိမ့်ပြီး ပေးလိုက်တော့ လက်ထဲက ရေခဲမုန့်ကို ယူလိုက်တဲ့ကိုကို...
တခြားသူတွေလို ချက်ချင်းစားမယ်မထင်ပါနဲ့...ကင်မ်ဂျောင်ဂုတို့က လူတစ်မျိုး..ရေခဲမုန့်ကို မှုတ်ပြီးမှစားတာ...အခုလည်း..နှုတ်ခမ်းလေးတထော်ထော်နဲ့ မှုတ်နေတာ..လူကို နမ်းချင်လာအောင်မြူစွယ်နေသလား မှတ်ရတယ်..
‌သူခေါ်ရာနောက်ကို ရေခဲမုန့်စားရင် လိုက်နေတဲ့ ကိုကို..အားလုံးကလည်း သူ့နောက်က ကလေးကြီးကို အသည်းယားတဲ့ အကြည့်တွေနဲ့ ကြည့်ကြည့်သွားကြသဖြင့်..လေဆာအကြည့်တွေနဲ့ ပြန်ပြီး ကြည့်နေရတာလဲ အမော...
*~.မောင်..သံတိုင်တွေနဲ့ လေထဲမှာ ဖြတ်သွားတဲ့ဟာလေ..လူတွေအများကြီးစီးလို့ရတယ် ပြီးတော့...အကွေ့အကောက်တွေနဲ့ ရထားလိုပုံစံလေ..အဲ့ဒါကို ဟိုဘက်မှာ တွေ့ခဲ့တယ် ရေခဲမုန့်မကုန်သေးလို့ မောင့်ကို မပြောသေးတာ..သွားစီးကြရအောင်နော်..မောင်..နော်လို့..~*
စာကိုဖတ်ပြီး ထယ်ယောင်း မျက်ခုံးခပ်လှုပ်လှုပ်ရယ်..ကိုကို့ကို ကြည့်လိုက်တော့လည်း..လူကို မျက်လုံးကြည်ကြည်တောက်တောက်လေးတွေနဲ့ ကြည့်
နေတာကြောင့် လူက အရည်ပျော်လုနီးပါပင်..ဒါကြောင့် ခေါင်းကို ငြိမ့်ကာ..ရိုလာကိုစတာ စီးဖို့ခေါ်သွားလိုက်သည်။ အဲ့တာလေးတွေနဲ့ လုပ်စားနေတဲ့ ကိုကိုကတော့.. ပြုံး‌ပြုံးပျော်ပျော်နဲ့ သူ့နောက်က လိုက်လာသည်။
*~.မောင် အဲ့ဒါရဲ့ နာမည်က ဘယ်လိုခေါ်လဲ.~*
*~.ရိုလာကိုစတာ ကိုကို.~*
ကိုကို့အမေးကို ဖြေပြီးတော့..စာအုပ်နဲ့ ဘောပင်ကို ကိုကို့ရဲ့ ကျောပိုးအိဝ်အသေစလေးထဲ ထည့်ကာ..ကိုကို့ကို အန္တရာယ်ကင်းခါးပတ်ပတ်ပေးလိုက်၏။သူလည်းပတ်ပြီး အသင့်စောင့်နေလိုက်သည်။ သတ်မှတ်ထားတဲ့ လူဦးရေ ပြည့်တော့ စပြီး ထွက်ခွား၏။ဖြေးဖြေးလေး ထွက်ခွာရာမှ အရှိန်မြှင့်လိုက်တော့ လူတွေရဲ့ အော်သံက စူးခနဲပင်...
" အားးးးးး အားးးး အို.....မားးးး အားးးး "
" အားးးးးးး "
" မစီးနိုင်ဝောာ့ဘူး...ရပ်ပေးကြပါ...အားးးးး "
" အိုမားး..အားးး ကြောက်တယ်... "
" အားးးး ကိုကိုရေ.. "
အကွေ့နားရောက်တော့ ပြောင်းပြန်ကြီးဖြစ်သွားသဖြင့် ထယ်ယောင်း ထိန်းမထားနိုင်ဘဲ အော်လိုက်မိသလို...လူတွေရဲ့ အော်သံကလည်း ‌ထွက်ပေါ်လာ၏။ဂျောင်ဂုကတော့ သဘောတကျနဲ့ ကိုပြုံးနေတော့တာဘဲ...ဂျောင်ဂုကတော့ ဘယ်လိုနေမယ်မှန်းမသိပေမဲ့ သူကတော့ တော်တော် ကို နှလုံးတုန်နေပြီ...
" အားးး ကိုကို.....အားးးးး "
" အားးး...ပြုတ်ကျတော့မယ်ထင်တယ်...အားးး အိုမားရေ..ဇောက်ထိုးကြီး ဖြစ်နေပြီ..အားးးးး "
ကျွတ်ကျွတ်ညံတဲ့ အော်သံတွေကို မကြားနိုင်တဲ့ ဂျောင်ဂုကတော့ ပြုံးပြုံးသာ စီးနေသည်။
တဖြည်းဖြည်း အရှိန်လျှော့ပြီး ရပ်သွားတော့ အားလုံး လည်း ခြေကုန်လက်ပန်းကျကုန်ပြီ...တုန်တုန်ချိချိနဲ့ ပင် ထွက်လာကြ၏။ ထယ်ယောင်းလည်း အခုန်လွန်နေတဲ့ ရင်ဘတ်ကို ထိန်းကာ ခြေလှမ်းမှန်အောင် မလျှောက်နိုင်တာကြောင့်..ထွက်လာပြီး သစ်ပင်ရိပ်မှာ ငုတ်တုတ်ထိုင်နေလိုက်သည်။
" မောင် ဘာမှမဖြစ်ဘူး..ကိုကို.."
သူ့ကို စိုးရိမ်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်လာတဲ့ ကိုကိုကြောင့် ပြောလိုက်ရသည်။ ကိုကိုက‌သူ့ဆီက အဆင်ပြေကြောင်းကြားတာနဲ့ ရိုလာကိုစတာကို သံယောဇဉ်..မပြတ်သလိုပြန်ကြည့်နေတာကြောက့် ထိုင်နေရာကနေ ထကာ ကိုကို့လက်ကို တွဲပြီး အဲ့နေရာရဲ့ အဝေးဆုံးကို ထွက်သွားလိုက်၏။ကိုကိုက နောက်တစ်ခေါက်ထပ်စီးမယ်ပြောရင် ထယ်ယောင်း အသက်ပါတော့မယ်ဟုမထင်ပေ....
ထိုနေက ထယ်ယောင်း ကစားကွင်းမှာ ကိုကိုနဲ့ အတူဆော့ပေးခဲ့ရသည်။ ပန်းကန်ပြားပျံစီးတုန်းကလည်း ကိုကိုက ဘာမှ မဖြစ်ဘဲ သူက မူးပြီး အန်ခဲ့ရသေးသည်။ နောက်တစ်ခါထယ်ယောင်း ကိုကို့ကို ကစားကွင်း လိုက်မပို့ဖို့ ဆုံးဖြတ်လိုက်ရ၏။
~
~
~
" Mr.Kim ရဲ့ ဒီဇိုင်းတွေကို ကြိုက်တယ်..ဘယ်တစ်ခုကို ရွေးလို့ရွေးရမှန်းတောင်မသိတော့ဘူး.. "
" ရပါတယ် ခင်ဗျား..စိတ်ကြိုက်ရွေးပါ..ပြီးရင် ကျွန်တော် တို့ ကုမ္မဏီက ဆောက်လုပ်ရေးအပိုင်းရော အားလုံးကို တာဝန်ယူပေးမှာပါ..အဆောက်အအုံတွေရဲ့ ခိုင်ခံမှုနဲ့ ပါဝင်ပစ္စည်းအရည်အသွေး ကောင်းမွန်မှုကိုလည်း အာမခံပါတယ်.. "
ထယ်ယောင်းရဲ့ အဆောက်အုံ ဒီဇိုင်းတွေကို လာကြည့်တဲ့ နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကို သေချာရှင်းပြနေမိသည်။ ဒီလူက သူတို့နိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံ့မှုတွေ လာလုပ်တဲ့သူပင် အဆောက်အအုံများစွာကို ဆောက်လုပ်မှာ ဖြစ်တဲ့အတွက် သူ့ကုမ္မဏီကို ဒီဇိုင်းလာအပ်တာပင်....
" ယုံပါတယ် ဗျာ...Mr. Kim ရဲ့ ကုမ္မဏီက ဆောက်လုပ်ရေးပိုင်းမှာ နာမည်ကြီးဘဲကို...ဘယ်သူမှ ခင်ဗျားရဲ့ ဒီဇိုင်းတွေကို မမှီဘူး Mr. Kim.. "
" ကျေးဇူးပါဗျာ...ခင်ဗျား စိတ်ကြိုက်ရွေးပြီးတာနဲ့ ဆက်သွယ်လို့ရပါတယ်ဗျ..ကျွန်တော် အတွင်းရေးမှုးဟန်ကို မှာထားပါတယ်..သူနဲ့ ပြောလည်း ရပါတယ်.."
" ကောင်းပါပြီဗျာ..ကျွန်တော့်ကို ခွင့်ပြုပါအုံး.. "
" ဟုတ်ကဲ့.. "
နိုင်ငံခြားသားပေမဲ့ ကိုရီးယားစကားကို ပြောတတ်တာကြောင့် စကားပြောရနာ အဆင်ပြေသည်။ သူနဲ့ အလုပ်လုပ်ချင်ကြတဲ့သူတွေ ထဲမှာပါ ထယ်ယောင်းက ထိုလူကိုယ်တိုင် လာရောက်ကမ်းလှမ်းခြင်းခံရတာကြောင့် မနာလိုတဲ့သူတွေ အပုပ်ချတဲ့သူတွေရှိနေပေမဲ့ ထယ်ယောင်းတို့က မမူ့ပေ...
ညနေ ရုံးဆင်းချိန်ရောက်တော့ ကိုကို့အတွက်..ဘနားနား မစ် နဲ့ ပီဇာ..ဝယ်ဖို့ ကုမ္မဏီနားက.. Favorite စားသောက်ဆိုင်ကို ဝင်လိုက်သည်။ ပီဇာနဲ့ ဘနားနားမစ်ကို မှာပြီး ထိုင်စောင့်နေလိုက်သည်။ ကိုကိုက ဘနားနားမစ် အရမ်းကြိုက်တာ..ဟိုတစ်ခါကဆို တစ်နေ့တည်းနဲ့ ငါးခွက်လောက် မှာခိုင်းတာမို့ ထယ်ယောင်းမှာ မနည်းတားလိုက်ရ၏။
" အို...ဘယ်သူများလဲလို့...ထယ်ယောင်းပါလား.. "
ကိုကို့အကြောင်းတွေးပြီးထိုင်နေစဉ်..သူရှိတဲ့ ဝိုင်းမှာလာထိုင်တဲ့ ဟန်နာ့ရဲ့ အကိုကြောင့်...မျက်နှာထားတင်းလိုက်၏။
" ဘာလာလုပ်တာလဲ.."
" ကော်ဖီသောက်ဖို့လာတာ..မင်းကို တွေ့လို့ လာနှုတ်ဆက်တာ.. "
" မင်းနဲ့ ငါ့အကြားမှာ အဲ့လောက်ရင်းနှီးဘူးလို့လား.. "
သူဆပြာတော့ လီဟွန်းဂျယ်က ရယ်လာသည်။
" ဟက်!..ဟုတ်တာပေါ့...ဒါနဲ့ မင်းလက်ထပ်လိုက်ပြီဆို.."
" အဲ့ဒါ မင်းနဲ့ ဆိုင်လို့လား.. "
" မဆိုင်ပေမဲ့ မင်းလက်ထပ်ထားတဲ့သူက ငအ တစ်ယောက်ဆိုတဲ့ သတင်းကဝော့ မွှေးနေတာဘဲ.. "
" မင်း စောက်ကြောင်းပါလို့ လာပြောနေတာလား .ဟွန်းဂျယ်.! "
ထယ်ယောင်း စားသုံးသူတွေရှိနေလို့ အံ့ကြိတ်ပြီးမေးလိုက်သည်။ သူအဲ့တာတွေသိပေမဲ့ လုံးဝဂရုမစိုက်..ဒါပေမဲ့ ဒီကောင်က သူ့ရှေ့မှာ လာပြီး ကိုကို့ကိုပြောနေတာ..
" ငါက အမှန်ကိုပြောတာပါ...ရုပ်လေးလှတာသာရှိတာ နားကမကြား...စကားက မပြောတတ်နဲ့ ဘယ်နေရာမှာ အသုံးဝင်လို့လဲ.."
ထယ်ယောင်း လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ပြီး ရှေ့က ကောင်ကို စူးစူးစိုက်စိုက်ကြည့်နေလိုက်၏။ ဟွန်းဂျယ်က သူဒေါသထွက်နေမှန်းသိသိနဲ့ ဂရုမစိုက်ဘဲ ပြောနေတာ ဘာသဘောလဲ...
" အာ!..အသုံးဝင်တဲ့ တစ်နေရာရှိတယ်...ကုဝင်ပေါ်မှာလေ..အဟက်..မင်းလက်ထပ်ရအောင် ဖြစ်သွားတာဆိုတော့ သူက ကုတင်ပေါ်မှာ ကောင်းလောက်ထင်တယ် .ငါ့ကို တစ်ရက်လောက်..ငှား~.."
" ဝုန်း!!."
" မင်းကများ..ကိုကို့ ကို!."
" ခွပ်!.. "
" ဘုန်း!.. "
ထယ်ယောင်း ဝုန်းခနဲ ရပ်ကာ ဟွန်းဂျယ်ရဲ့ ကော်လံစကို ဆုပ်ကိုင်ပြီး မျက်နှာကို ထိုးလိုက်တာကြောင့်..ကြမ်းပြင်ပေါ် ကျသွား၏။ စားသုံးသူတွေလည်း ကြည့်လာသလို..ဝန်ထမ်းတွေလည်း ထွက်လာပြီး သူ့ကို ထပ်ထိုးဖို့ ပြင်နေတဲ့ သူ့ကို ဝိုင်းဆွဲ ထားကြသဖြင့် ဟွန်းဂျယ်လွတ်သွားသည်။
" မင်းက မင်းလင် င အထိလို့နာနေတာလား..အေး..အဲ့ င အကနေ အ အလေး မွေးလာမှ မင်းလူညွှန့်တုံးနေမယ်..မင်း ရဲ့ ငအ က မွေးရာပါ..ကုလို့မရဘူး..ကလေးတွေကလည်း သူလိုမျိုး မျိုးရိုးလိုက်ပြီး အ အတွေ ဖြစ်လာမှာ... "
" ခွေးသား... sh*t သေစမ်း!! "
" ခွပ်! "
ချုပ်ထားတာကို ရုန်းပြီး ထပ်ထိုးလိုက်တော့ အတင်းပြန်ပြီး ချုပ်လာကြတဲ့ ဝန်ထမ်းတွေ...
" အစ်ကိုလေး စိတ်လျှော့ပါ..ဆိုင်မှာ ရန်ဖြစ်လို့မရပါဘူး..ဒီက ဧည့်သည်လည်း ပြန်ပါတော့.. "
" တောက်စ်!.. "
သူ့ကို မကြည်ကြည့်ကြည့်သွားကာ နှုတ်ခမ်းကသွေးစတွေကို လက်မဖြင့်သုတ်ပြီး တဲ့ခေါက်ကာ ထွက်သွားတဲ့ ဟွန်းဂျယ်...သူက ထယ်ယောင်းအကြောင်းမသိသေးလို့ ရန်လာရှာတာ..ထယ်ယောင်းက ပွဲဖြစ်အောင်လုပ်ပေးရမှာပေါ့...ဟန်နာ့တုန်းကလည်း ဆေးရုံရောက်အောင် လုပ်ခဲ့တာကို အမှတ်မရှိ လာ‌ဆွနေတာ..
" အစ်ကိုလေး မှာထားတာ ရပါပြီ ဗျ.. "
ဝန်ထမ်းတစ်ယောက်က သူမှာထားတာတွေကို လာပေးသဖြင့် ယူကာ ဆိုင်ထဲက ထွက်သွားလိုက်သည်။ ‌ကားထဲရောက်တော့ သူ့ရဲ့ တပည့်တွေကို ဖုန်းဆက်လိုက်၏။
" လီဟွန်းဂျယ်ကို ICU ထဲရောက်အောင်လုပ်လိုက်.. "
" တီ! "
တစ်ခွန်းတည်းပြောကာ ဖုန်းကို ဘေးကlove seat ပေါ်ပစ်တင်လိုက်သည်။သူ ဟွန်းဂျယ်ရဲ့ စကားတွေကြောင်ြ စိတ်ရှုပ်ထွေးနေ၏။
«« အ အကနေ အ အလေး မွေးလာမှ မင်းလူညွှန့်တုံးနေမယ် »»
«« မင်း ရဲ့ င အက မွေးရာပါ..ကုလို့မရဘူး..ကလေးတွေကလည်း သူလိုမျိုး မျိုးရိုးလိုက်ပြီး င အတွေ ဖြစ်လာမှာ... »»
" အားး!! မဟုတ်ဘူး!! "
" ဘုန်း! ဘုန်း! ဘုန်း! "
«« င အကနေ င အလေး မွေးလာမှ မင်းလူညွှန့်တုံးနေမယ် »»
" မဟုတ်ဘူး!!! "
" ဘုန်း!... ဘုန်း! "
ထယ်ယောင်း ဟွန်းဂျယ်ပြောတဲ့စကားတွေကို ကြားယောင်လာတာကြောင့် မျက်ရည်တွေကျတာ နားကို လက်ဖြင့်ပိတ်ပြီး အော်ဟစ်ကာ ငြင်းနေမိသည်။ကားစတီရင်ယာကိုလည်း ထုရိုက်နေမိပြီး စိတ်ဖြေနေမိ၏။သူနဲ့ ကိုကို့ရဲ့ ရင်သွေးလေးက အဲ့လိူ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး...ဟုတ်တယ် မရှိဘူး...
ထယ်ယောင်း မျက်ရည်များကို သုတ်ကာ ကားကို လီဗာ အကုန်တင်ပြီးမောင်းကာ...အိမ်မပြန်ဘဲ bar ကိုမောင်းလိုက်၏။
~
~
~
~
Unicode နဲ့ Zawgyi တစ်ခုခုက ဖတ်ရတာ အဆင်မပြေရင် သဲကို လာပြောကြပါနော် အဲ့ဒါမှ ပြန်ပြင်ပေးလို့ရမှာ..ဒီနေ့လည်း acc ထဲက fic တွေရဲ့ Zawgyi က ဖတ်မရလို့ ပြန်ပြင်ပေးနေတာနဲ့ နောက်ကျမှ type ဖြစ်တာ..အဲ့ဒါတောင် အကုန်ပြင်လို့မပြီးသေးဘူး နောက်နေ့မှ ထပ်ပြီး ပြင်ရမှာ...နောက်နေ့လည်း..နောက်ကျမှ အပ်ပေးမယ်နော် ..
Good night ပါသဲငယ်လေးတို့ 😘💜💜💜💜💜💜💜
Thanks for votes, feedback and comment.
I Love my readers forever ❤️
I PURPLE YOUR 💜
______________________________________
# Zawgyi #
" လာ..သွားကြမယ်.. "
~
~
~
" ကို~.. "
" ဝူးး "
" ဟားး...ဟားးးး ဟားးး "
" ကိုကို..စားဖို့.. "
*~.ရိုလာကိုစတာ ကိုကို.~*
" အားးးးးးး "
" အားးးး ကိုကိုရေ.. "
" အားးး ကိုကို.....အားးးးး "
~
~
~
" ဟုတ်ကဲ့.. "
" ဘာလာလုပ်တာလဲ.."
" မဆိုင်ပေမဲ့ မင်းလက်ထပ်ထားတဲ့သူက အ အ တစ်ယောက်ဆိုတဲ့ သတင်းကဝော့ မွှေးနေတာဘဲ.. "
" ဝုန်း!!."
" မင်းကများ..ကိုကို့ ကို!."
" ခွပ်!.. "
" ဘုန်း!.. "
" မင်းက မင်းလင် အ အထိလို့နာနေတာလား..အေး..အဲ့ အ အကနေ အ အလေး မွေးလာမှ မင်းလူညွှန့်တုံးနေမယ်..မင်း ရဲ့ အ အက မွေးရာပါ..ကုလို့မရဘူး..ကလေးတွေကလည်း သူလိုမျိုး မျိုးရိုးလိုက်ပြီး အ အတွေ ဖြစ်လာမှာ... "
" ခွေးသား... sh*t သေစမ်း!! "
" ခွပ်! "
" တောက်စ်!.. "
" တီ! "
«« မင်း ရဲ့ အ အက မွေးရာပါ..ကုလို့မရဘူး..ကလေးတွေကလည်း သူလိုမျိုး မျိုးရိုးလိုက်ပြီး အ အတွေ ဖြစ်လာမှာ... »»
" အားး!! မဟုတ်ဘူး!! "
" ဘုန်း! ဘုန်း! ဘုန်း! "
" မဟုတ်ဘူး!!! "
" ဘုန်း!... ဘုန်း! "
~
~
~
~
I PURPLE YOUR 💜
Continuă lectura
O să-ți placă și
5M 188K 50
*COMPLETED* Liam always thought that his first lover and best friend would turn out to be his mate. But after him leaving for two years, and the cont...
221K 16.3K 20
Avantika Aadish Rajawat Aadi, with his fiery nature, adds intensity and excitement to their relationship, igniting a spark in Avni. Avni, like the ca...
2.3K 98 8
ပေါက်စလေးကကိုယ့်အပိုင်မို့ပေါက်စလေးကိုကိုယ်ရဲ့အနားမှာမြတ်နိုးရတဲ့အမျိုးသားလေးအဖြစ်ထာ၀ရအပိုင်သိမ်းထားတော့မှာ Jeon Jungkook🐰 ~~~~~~~~~~~~~~~💜💜 Kim T...
Ice Cold De m
Ficțiune generală
2.2M 83.5K 49
[boyxboy] Wren Ridley is always two steps ahead of everyone, or so he thinks. His life seems out of his control when he starts having feelings for so...