ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

Por Dandelion_nini

41.6K 5.8K 488

ဝေ့ဝေ့ Extra ( 68 parts only ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seekin... Más

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 6
Chapter 7

Chapter 5

3.6K 678 26
Por Dandelion_nini

Unicode

အစားချေးများခြင်းနှင့် အရံဟင်း
________________________________

ဝေ့ရွှင်းက ပြောပြီးရင် ပြောတဲ့အတိုင်း လုပ်တတ်တဲ့လူဖြစ်တာကြောင့် စာကြည့်ခန်းထဲပြန်ရောက်တာနဲ့ မှတ်စုစာအုပ်တစ်အုပ်ထုတ်ပြီး စရေးတော့သည်။ သို့သော် ရေးနေရင်း ဒီလိုမှတ်စုစာအုပ်တွေက စာကြောင်းရေသိပ်မပါသည့်အပြင် အရှေ့လှန်လိုက် ၊အနောက်လှန်လိုက်ဖြင့် လေ့ကျင့်မည့်ကလေးအဆင်မပြေမှာစိုးတာကြောင့် သေချာချင့်ချင့်ချိန်ချိန်စဥ်းစားအပြီးမှာတော့ အိမ်စာစာအုပ်တွေထဲက စာအုပ်အသစ်တစ်အုပ်ထုတ်ပြီး ဆက်ရေးတော့သည်။

သူဟာ လက်ရေးလှစာအုပ်တွေထဲက ပုံမှန်မြင်တွေ့နေကျ စကားလုံးတွေချမရေးပဲ ဝေ့လန်တို့ကို လက်ရှိသင်နေသည့် တရုတ်စာသင်ရိုးထဲက စကားလုံးတွေကိုချရေးလိုက်သည်။ သူရေးလို့ပြီးသွားချိန် ဝေ့လန်က အောက်ထပ်မှာ ကာတွန်းကားကြည့်နေဆဲဖြစ်တာကြောင့် သူအောက်ထပ်ကိုဆင်းပြီး စာအုပ်သွားပေးလေသည်။

ဝေ့လန်လှမ်းယူလိုက်ကာ အဖုံးကိုကြည့်ရုံနဲ့တင် ဝေ့ရွှင်းက သူ့အိမ်စာစာအုပ်နဲ့ရေးထားမှန်း တန်းသိလိုက်လေသည်။

သူစာအုပ်ကိုလှန်ကြည့်လိုက်တာနဲ့ ပထမစာမျက်နှာရော ဒုတိယစာမျက်နှာမှာပါ ဝေ့ရွှင်းရေးပေးထားသည့် စာလုံးများနှင့် ပြည့်နှက်နေသည်။ တဖက်လူ၏လက်ရေးမှာ ပုံနှိပ်ထားသကဲ့သို့လှပပြီး စာလုံးလေးတွေတိုင်းက လေးထောင့်ကျကျရှိနေကာ၊ စုတ်ချက်တစ်ချက်စီတိုင်းကလည်း ရှင်းလင်းပြတ်သားလှ၍ ကြည့်လိုက်ရုံနဲ့တင် မာန်ပါပါအရေးအသားမှန်း သိသာလှပေသည်။ ဝေ့လန်ကြည့်နေရင်း ကိုယ့်လက်ရေးကိုယ်ပြန်မြင်ယောင်လာတာကြောင့် အနည်းငယ်ရှက်မိသွားသည်။

ဝေ့ရွှင်း ပထမစာကြောင်းအောက်က ဒုတိယစာကြောင်းအလွတ်ကို လက်ညှိုးထိုးပြပြီး တည်ကြည်လေးနက်သည့်လေသံဖြင့်

'' အပေါ်ကအတိုင်း ကြည့်ပြီး အောက်ကစာကြောင်းအလွတ်မှာ ရေး ''

ဝေ့လန်က ခေါင်းလေးတငြိမ်​ငြိမ့်ဖြင့်

'' သိပါပြီ ''

တဖက်လူက ထပ်ပြီးစောတကတက်မလာတာကိုမြင်တော့ ဝေ့ရွှင်းအပေါ်ပြန်တက်ဖို့ပြင်လိုက်သည်။

ဝေ့လန် တဖက်လူရဲ့အင်္ကျီစကိုအလျင်အမြန်လှမ်းဆွဲလိုက်တာကြောင့် ဝေ့ရွှင်းပြန်လှည့်ကြည့်ချိန် သူ ဆွဲထားသည့်အင်္ကျီစကို ချက်ချင်းပြန်လွှတ်ပေးလိုက်ကာ

'' ဒါတွေရေးလို့ပြီးရင် အပေါ်ထပ်မှာအိမ်စာလာလုပ်လို့ရမလားဟင် ''

ထို့နောက် သူက ဆိုဖာဘက်လက်ညှိုးလှမ်းထိုးပြပြီး

'' အဲ့မှာ အိမ်စာလုပ်ရတာ အဆင်မပြေဘူး ''

ဝေ့ရွှင်း ကလေးဘက်ပြန်လှည့်လိုက်ကာ ဘောင်းဘီအိတ်ကပ်ထဲလက်ကိုဟန်ပါပါထည့်ရင်း

'' တစ်လက်မပေးရင် တစ်တောင်လောက်လိုချင်တယ်ဆိုတဲ့စကားပုံကိုသိလား ''

ဝေ့လန်ကလည်း ကျိန်းသေပေါက် အဲ့စကားပုံကိုသိတာပေါ့။ သူ တစ်ခဏလောက် တွေဝေနေပြီးကာမှ ဘောင်းဘီအိတ်ထဲကနေ ကပ်စေးဘောလုံးလေးကိုထုတ်လိုက်ကာ

'' ဒါ ခင်ဗျားကိုပေးမယ် ''

ဝေ့ရွှင်း ကလေးလက်ထဲက ဘောလုံးလေးကိုကြည့်ပြီး သိချင်စိတ်ဖြစ်မိသွားတာကြောင့်

'' မင်း တနေ့တနေ့ ကျောင်းကိုသွားတာ စာသင်ဖို့လား ဒါမှမဟုတ် အရုပ်တွေနဲ့ကစားဖို့လား ''

'' စာသင်ဖို့လေ ဒါပေမဲ့ အချိန်ရရင်ရသလိုလည်း ကစားသေးတာပေါ့ ကောကောရော စာသင်ချိန်တစ်ချိန်နဲ့တစ်ချိန်ကြားက နားချိန်တွေမှာ မကစားဖူးဘူးလား ''

ဝေ့ရွှင်းခေါင်းခါပြလိုက်သည်။

ထိုအခါ ဝေ့လန်ဆိုသည့်လူတတ်ကလေးက အကျိုးအကြောင်းခိုင်လုံလှသည့် အကြောင်းပြချက်တစ်ခုပေးလာခဲ့သည်။

'' ဘာလို့လဲဆိုတော့ ကောကောတို့က အထက်တန်းကျောင်းသားဖြစ်နေပြီလေ ကျွန်တော်တို့ထပ်ပိုကြီးတယ် ကျွန်တော်တို့ကကျအခုမှ မူလတန်းပဲရှိသေးတာ ''

ထိုအကြောင်းပြချက်မှာ တော်တော်လေးကိုမှ အကျိုးအကြောင်းခိုင်လုံလှပြီး လက်ခံချင်စရာကောင်းလှသော်ငြား ဝေ့ရွှင်းကတော့ ဒီအရွယ်ကြီးနဲ့ တနေ့တနေ့ ကစားစရာတွေသယ်ပြီးကျောင်းသွားတတ်တာက တော်တော်လေးလွန်လွန်းအားကြီးသွားပြီဟု ထင်မိလေသည်။

ဝေ့လန်လေးကတော့ လက်ထဲ ကပ်စေးဘောလုံးလေးကိုကိုင်ထားရင်း

'' ရမယ်မလားဟင် ''

'' ရေးပြီးမှ ဆက်ပြောရအောင် '' ထိုသို့ပြောပြီးတာနဲ့ ချာခနဲလှည့်ပြီး အပေါ်ကိုပြန်တက်သွားလေသည်။

တဖက်လူရဲ့ရတယ်လည်းမဟုတ်၊ မရဘူးလည်းမဟုတ်သည့်အဖြေကြောင့် သူ့ဆီမှာအခွင့်အရေးရှိသေးသည်ဟုခံစားရတဲ့အတွက် ဝေ့ရွှင်းရေးပေးထားသည့်စာအုပ်လေးကို ကျောပိုးအိတ်ထဲကောက်ထည့်လိုက်ကာ ပြန်ခါနီး လှေကားထိပ်တွင် ကပ်စေးဘောလုံးလေးကိုထားခဲ့သည်။

နောက်တစ်နေ့ ဝေ့လန်ကျောင်းရောက်သည့်အခါ ဝေ့ရွှင်းပေးလိုက်သည့်စာအုပ်ကိုထုတ်ပြီး မနက်ခင်းစာဖတ်ချိန်ပြီးသည်အထိ အပီအပြင်လက်ရေးလေ့ကျင့်တော့သည်။ သူဟာ ဝေ့ရွှင်းရေးပေးလိုက်သည့် စာလုံးများကို ကြည့်ပြီး စုတ်ချက်တစ်ချက်ချင်းစီတိုင်း ဖြေးဖြေးချင်း သေချာတုပ၍ တလေးတနက်ထားပြီး ရေးနေခဲ့လေသည်။ ထိုင်ခုံဖော်တစ်ဖြစ်လဲ အချစ်ဆုံးသူငယ်ချင်းယွမ်ရှောင်ဖန့်မှာတော့ ဝေ့လန်ရဲ့နှေးနှေးကွေးကွေးစာရေးနေပုံကို စားပွဲပေါ်ခေါင်းတင်ကြည့်ရင်း တစ်ယောက်ထဲစိတ်မရှည်နိုင်ဖြစ်နေကာ ကိုယ်ပဲသူ့အစားမြန်မြန်ရေးပေးလိုက်ချင်သလိုမျိုး ကြိတ်မနိုင်ခဲမရဖြစ်နေလေသည်။

'' ရှောင်လန် မင်းရေးတာအရမ်းနှေးတာပဲ ''

'' မဆူစမ်းနဲ့ '' ဝေ့လန်က ခေါင်းပင်မမော့လာပဲ '' ငါ သေချာဂရုစိုက်ပြီးရေးနေရတာ နည်းနည်းပဲဖြစ်ဖြစ် သူနဲ့တူနေမှရမယ် ''

'' ဒီတိုင်းရေးလိုက်ရင်ပြီးပြီမဟုတ်ဘူးလား တူဖို့လိုသေးတာလား ''

'' အကျိုးရှိအောင်ရေးတာလေ သူပေးတာနဲ့တူအောင်မရေးနိုင်မှတော့ ဘာကိစ္စနဲ့ လက်ရေးလှကျင့်တယ်လို့ခေါ်တော့မှာလဲ ''

'' ဒါပေမဲ့ မင်း ဒီပုံစံအတိုင်းသာ နှေးနှေးလေးရေးနေရင် ငါတို့ဘယ်အချိန်ကြမှ ဘောလုံးသွားကန်နိုင်မှာလဲ '' ယွမ်ရှောင်ဖန့်က သူ့ရဲ့စူဖောင်းဖောင်းမျက်နှာလေးအား လက်နှစ်ဖက်ပေါ်တင်ပြီး သနားချင့်စဖွယ်မေးလာခဲ့သည်။

'' ငါ ဒီတစ်မျက်နှာရေးပြီးတဲ့အထိစောင့်ကွာ ဘေးကနေလာလောမနေနဲ့ ငါ.......'' ဝေ့လန်ထိုသို့ပြောရင်း မှားရေးမိသွားတာကြောင့် ထိုစာလုံးကိုကြည့်ပြီး တစ်ခဏလောက်ဆွံ့အသွားကာ မှားရေးအောင်လုပ်နေသော တရားခံယွမ်ရှောင်ဖန့်အား စိတ်ဆိုးတကြီးလှည့်ကြည့်လိုက်သည်။ '' မင်း! ပါးစပ်ပိတ်ထားလိုက်တော့! အားလုံးမင်းအပြစ်တွေပဲ ပါးစပ်ခဏလောက်ပိတ်ထားပါလို့ပြောတာကို ပါးစပ်မပိတ်ပဲ ဘေးကနေဟောင်ဖွာဟောင်ဖွာနဲ့ငါ့ကိုမှားအောင်လာလုပ်နေတာ မင်း ငါစာရေးတာကို ထပ်ပြောပြီး ထပ်နှောက်ယှက်ရင် ငါ မင်းနဲ့ ဘောလုံးမကန်တော့ဘူး ''

ယွမ်ရှောင်ဖန့်မှာ အလျင်အမြန်သူ့ပါးစပ်လေးသူ လက်နဲ့ပိတ်ပြီး

'' မပြောတော့ဘူး မ​ပြောတော့ပါဘူး ''

ယွီလင်နဲ့ သူ့ထိုင်ခုံဖော်ကျောင်းသူလေးတို့ ကျောင်း convenient storeကနေ မုန့်တွေအအေးတွေဝယ်ပြီးပြန်လာချိန် ဆူပုတ်ပုတ်မျက်နှာဖြင့် စာရေးနေသောဝေ့လန်နှင့် မျက်နှာငယ်လေးဖြင့် ပါးစပ်ပိတ်ပြီးငြိမ်ငြိမ်လေးထိုင်နေသော ယွမ်ရှောင်ဖန့်ကိုမြင်လိုက်ရလေသည်။ သူမ ထိုနှစ်ယောက်ရှေ့ ဒိန်ချဥ်တစ်ဘူးစီချပေးလိုက်ကာ သူမရဲ့မုန့်တွေမျှကျွေးရင်း ရယ်ချင်ရက်ပက်ကျိဖြစ်နေသောရုပ်ဖြင့်

'' ရှောင်ဖန့် နင် ရှောင်လန်ကို စိတ်ဆိုးအောင်လုပ်ထားပြန်ပြီလား ''

ယွမ်ရှောင်ဖန့်ကလည်း သူ့အမှားမဟုတ်ကြောင်း အသည်းအသန်ပြန်ငြင်းလေသည်။

'' ငါ့အမှားမှမဟုတ်တာ ''

'' အားလုံးမင်းအမှားတွေလေ ငါမင်းကိုစကားပြောခွင့်မပေးထားဘူးနော် ထပ်ပြောတာနဲ့ ဒီမုန့်တွေမစားရတော့ဘူး မှတ် ''

ဝေ့လန်ကထိုသို့ပြောပြီး မုန့်တွေအားလုံးကို သူ့ဘက်ယူသိမ်းပစ်လိုက်သည်။

'' အာ လင်လင်က ငါတို့နှစ်ယောက်လုံးစားဖို့ပေးထားတာလေ '' ယွမ်ရှောင်ဖန့်မှာ ကြိုးကြိုးစားစားရုန်းကန်နေရှာသည်။

'' ငါ့ကိုထပ်နှောက်ယှက်တာနဲ့ မင်းအတွက်ဘာမှမရှိတော့ဘူး '' ဝေ့လန်ထိုသို့ပြောပြီးသွားတာနဲ့ ခေါင်းပြန်ငုံ့ပြီး ကြိုးကြိုးစားစား လက်ရေးလှဆက်ကျင့်နေတော့သည်။

ယွမ်ရှောင်ဖန့်မှာ မတရားအနိုင်ကျင့်ခံထားရသည့်မျက်နှာငယ်လေးဖြင့် ယွီလင်ဘက်လှည့်ပြီး ဝေ့လန်ရဲ့စိတ်ပုတ်မှုတွေကို မီးမောင်းထိုးပြနေပါသော်လည်း အားကိုးမရသည့်သူငယ်ချင်းကောင်းလေးမှာ မျက်လုံးနှစ်ဖက်ကို လက်ဖြင့်အုပ်ရင်း အရှက်မရှိစွာပြန်ဖြေလာသည်က

'' ငါဘာမှမမြင်ဘူး ''

ယွမ်ရှောင်ဖန့်တစ်ယောက် ဒေါသတွေထွက်လွန်းသဖြင့် ဒိန်ချဥ်ဘူးအဖုံးကို စိတ်ဆိုးတကြီးလှည့်ဖွင့်ပစ်လိုက်ကာ ရင်ဘတ်ထဲကမီးတွေပြေငြိမ်းစေဖို့အတွက် တစ်ငုံနှစ်ငုံသောက်ချပစ်လိုက်ရသည်အထိ။

ဝေ့ရွှင်းပေးလိုက်တဲ့စာလုံးတွေ အကုန်ရေးပြီးဖို့အတွက် ဝေ့လန်တစ်မနက်စာလောက်အချိန်ယူလိုက်ရသည်။ သူအာလူးကြော်ထုပ်ဖောက်စားနေရင်း သက်ပြင်းတချချဖြင့်

'' ပင်ပန်းလိုက်တာကွာ! မလွယ်ချက်က! ''

ဝေ့လန်လက်ရေးလှကျင့်နေသည့် တစ်မနက်စာလုံး ယွမ်ရှောင်ဖန့်က ထပ်မနှောက်ယှက်တော့ပေ။ လိမ်လိမ်မာမာလေးနေပြလိုက်တာကြောင့် ယွီလင်ဝယ်လာသည့်မုန့်ထုပ်တွေဖောက်စားရမည့် အခွင့်အရေးကို အောင်အောင်မြင်မြင်ဖြင့် ရရှိသွားလေသည်။ သူကပါဘေးကနေ တဇွက်ဇွက်နှိုက်စားနေရင်း ဝေခွဲမရသည့်အမူအရာဖြင့်

'' အဲ့ဒါတောင်မင်းကရေးသေးတယ်လား ဒီလောက်တောင် အလေးအနက်ထားပြီးတော့လေ ''

'' ကျိန်းသေပေါက် ဟိုကောကောက သူ့ကိုရေးခိုင်းလိုက်လို့နေမှာပေါ့ '' ယွီလင်ကဝင်ပြောလေသည်။

ဝေ့လန်က ခေါင်းလေးငြိမ့်ပြရင်း

'' သူက ငါ့ကို သူ့လက်ရေးအတိုင်း လိုက်ကျင့်ခိုင်းတယ်လေ အဲ့ဒါကြောင့် အခု ငါ့အတွက် ကော်ပီစာအုပ်ကိုတောင် သူ့ကိုယ်တိုင်သီးသန့်ရေးပေးထားတာ ''

ဝေ့လန် လက်ရေးလှကျင့်နေစဥ်တစ်လျှောက်လုံး ယွီလင်ကလည်းဘေးကနေ အကြာကြီးထိုင်ကြည့်နေခဲ့တာကြောင့် တဖက်လူရဲ့လက်ရေးဟာ ဘယ်လိုအခြေအနေရှိမှန်းသိနားလည်သည်။

'' သူ့လက်ရေးကတကယ်လှတာ ''

ဝေ့လန်ကလည်း ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့် ထောက်ခံနေသည်။

'' အမှန်ပဲ ''

'' အဲ့ဒါကြောင့် နင် သူ့လက်ရေးအတိုင်း လိုက်လေ့ကျင့်သင့်တယ် ''

ဝေ့လန်က ယွီလင်ကို ရှုံ့မဲ့မဲ့လေးပြန်ကြည့်သည်။

ယွီလင်က ပြုံးတုံ့တုံ့ဖြင့်

'' ဒါဆိုငါတို့သုံးယောက်ထဲမှာ ရှောင်ဖန့်တစ်ယောက်ပဲ လက်ရေးစုတ်ပြတ်သတ်ပြီး ကျန်ခဲ့တော့မှာပေါ့ ''

အေးအေးလူလူ အာလူးကြော်ထိုင်စားနေသည့် ယွမ်ရှောင်ဖန့်တစ်ယောက် မထင်မှတ်ပဲ ထိုစကားဝိုင်းထဲသွတ်သွင်းခံလိုက်ရတာကြောင့် အူကြောင်ကြောင်လေးဖြစ်သွားကာ ဝေ့လန်ကလည်း သူ့ပုခုံးကိုလာပုတ်ပြီး

'' မကြောက်ပါနဲ့ ငါ လင်လင်ဆီကရတဲ့ လက်ရေးလှစာအုပ်ကို မင်းကိုပေးပါ့မယ် မင်း ကြိုးကြိုးစားစားသာလေ့ကျင့်လိုက် ငါတို့နှစ်ယောက်လိုလှလာလိမ့်မယ် ''

သေတာတောင်လက်ရေးလှမကျင့်ဘူးဟု ဆုံးဖြတ်ထားသည့် ယွမ်ရှောင်ဖန့်တစ်ယောက် ထိုစကားကြောင့် ပို၍ကြောင်အသွားကာ သူ့ပါးစပ်ထဲက ငြင်းဆန်မည့်စကားတွေတောင် အစီအရီထွက်မလာရသေးခင် ဝေ့လန်က ယွီလင်ပေးထားသည့်စာအုပ်ကို သူ့လက်ထဲလာထည့်ပေးပြီးနေပြီဖြစ်သည်။

'' ကြိုးစားထား ''

''ငါ.... '' ယွမ်ရှောင်ဖန့်ငြင်းဖို့ကြိုးစားနေချိန် ယွီလင်ကကြားထဲကနေဖြတ်ပြောလာခဲ့သည်။ '' ငါနင့်ကို ပုံမှန်စစ်မှာနော် ဒါ ငါ အထူးဝယ်ထားတဲ့စာအုပ် မရေးပဲလျှောက်ပစ်လိုက်တာဖြစ်ဖြစ် သေချာမရေးပဲ ပြီးစလွယ်လုပ်ထားတာပဲဖြစ်ဖြစ် တွေ့တာနဲ့ ငါကျိန်းသေပေါက်စိတ်ဆိုးပစ်မှာ ''

သူငယ်ချင်းသုံးယောက်ထဲမှာ မိန်းကလေးဆိုလို့ ယွီလင်တစ်ယောက်ထဲပါတာကြောင့် စိတ်ဆိုးစိတ်ကောက်၊အချော့ခံရမည့် အထူးအခွင့်အရေးတွေကို သူတစ်ယောက်ထဲ အပိုင်ယူထားလေသည်။ ထို့ကြောင့် ယွမ်ရှောင်ဖန့်မှာ လက်ထဲကစာအုပ်လေးကိုငုံ့ကြည့်ပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် သဘောတူလိုက်ရုံသာ တတ်နိုင်တော့သည်။

ညနေဘက်မှာတော့ ဝေ့လန်တစ်ယောက် ဝေ့ရွှင်းတို့အိမ်ဘက်ထပ်သွားခဲ့သည်။ သူ့ခင်ဗျာ တော်တော်လေးကို စိတ်အခြေအနေကောင်းနေခဲ့တာကြောင့် ဝေ့ရွှင်းပြန်လာတာနဲ့ သူရေးထားသည့်စာအုပ်လေးကို တယုတယထုတ်ပြလေသည်။

'' ကျွန်တော်ရေးပြီးသွားပြီ '' သူက ထိုသို့ပြောရင်း ဝေ့ရွှင်းအတွက် စာရွက်တွေတောင်လှန်ပေးနေသေးသည်။

ဝေ့ရွှင်းစာအုပ်ကို လှမ်းယူလိုက်ကာ စာလုံးတစ်လုံးချင်းစီတိုင်းကို သေချာအလေးအနက်ထား၍ ကြည့်နေလေသည်။ တဖက်ကတိတ်ဆိတ်နေတာကိုမြင်တော့ ဝေ့လန်တစ်ယောက် ကိုယ့်ဘက်ကိုယ်ယက်သည့် စကားကောင်းလေးတွေ ကူပြောပေးရတော့သည်။

'' ကျွန်တော် သေချာဂရုစိုက်ပြီးရေးထားတာနော် ယွမ်ရှောင်ဖန့်က ကစားမယ်ဆိုပြီးလာခေါ်လည်းမလိုက်ဘူး စာရေးတာကိုအနှောက်အယှက်ဖြစ်မှာစိုးလို့ သူစကားလာပြောလည်း ပြန်မပြောဘူး သူ့ကိုလည်းပြောခွင့်မပေးထားဘူး အတန်းတက်ချိန်ရော အတန်းဆင်းချိန်ရော စာပြီးအောင်ပဲရေးနေခဲ့တာ အထူးကြိုးစားထားတာနော် ''

'' ဒါဆို စာသင်ချိန်မှာ စာတွေနားမထောင်ပဲ ဒါတွေပဲထိုင်ရေးနေတယ်ပေါ့? '' ဝေ့ရွှင်းကလည်း main pointကို တိတိကျကျဖမ်းဆုပ်လိုက်နိုင်သည်။

ဝေ့လန်မှာခေါင်းလေးတစ်ခါခါဖြင့်

'' အဲ့လိုမဟုတ်ပါဘူး အနုပညာချိန်လေ ဆရာက ကျွန်တော်တို့ကိုပုံပဲဆွဲခိုင်းထားတာ ဘာစာမှမသင်တာနဲ့ ကျွန်တော်လည်းစာပဲထိုင်ရေးနေလိုက်တာ ''

'' အဲ့ဒီ့တော့ ဆရာကပုံဆွဲခိုင်းတာကို ပုံမဆွဲဘူးပေါ့? ''

'' အဲ့ဒါက အိမ်စာလေ နောက်အပတ်သူ့အချိန်ပြန်ရောက်မှ ထပ်ရမှာ အိမ်ကျမှ ဆွဲလိုက်ရင်ရပြီ '' ဝေ့လန်ကလည်း တစ်မျိုးပြီးတစ်မျိုး ချောချောမွတ်မွတ်ပြန်ဖြေလာခဲ့သည်။

ဝေ့ရွှင်းကကြည့်သာကြည့်နေပြီး ဘာမှပြောမလာပေ။

မနေနိုင်သည့်ဝေ့လန်ကပဲ

'' ကျွန်တော်ရေးထားတာတွေဘယ်လိုထင်လဲ ဒီလောက်ဆိုရလား ''

ဝေ့ရွှင်း အိမ်စာစာအုပ်ကိုပြန်ငုံ့ကြည့်လိုက်တော့ စုတ်ချက်တစ်ချက်ချင်းစီတိုင်းက သေသေချာချာ၊ ရှင်းရှင်းလင်းလင်း၊ လေးလေးနက်နက်ရေးထားမှန်းသိသာလှတာကြောင့် ပုံမှန်ရေးနေကျ လက်ရေးတွေထက်တော့ အပုံကြီးသာလေသည်။ ထို့အပြင် ရိုးရှင်းသည့်စာလုံးတွေကိုပဲ ရွေးပေးထားသည့်အတွက် အနည်းနဲ့အများတော့ သူ့လက်ရေးနဲ့ဆင်နေသည်။

'' ရပါသေးတယ် ''

'' ဒါဆို ကျွန်တော် အပေါ်ထပ်တက်ပြီးအိမ်စာလုပ်လို့ရပြီလား '' ဝေ့လန်ကလည်း ပါးပါးနပ်နပ်လေးမေးလာခဲ့သည်။

ဝေ့ရွှင်းက သူ့ကိုပြန်ကြည့်ပြီး

'' မင်းဘယ်လိုထင်လဲ? ''

ဝေ့လန်ကလည်း အရှက်ဆိုတာဘာမှန်းမသိသည့်ရုပ်လေးဖြင့် ပြန်ဖြေလာသည်က

'' ကျွန်တော်ကတော့ရတယ်လို့ထင်တာပဲ ''

သူဟာ ထိုစကားပြောနေရင်း ဖြစ်သင့်တဲ့အရာတစ်ခုကိုပြောနေသလိုမျိုး ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့် ကိုယ့်ကိုယ်ကိုယ်ထောက်ခံမဲပေးနေလေသည်။

ဝေ့ရွှင်းကတော့ ကလေးရဲ့တွေးပုံခေါ်ပုံနဲ့အပြုအမူလေးတွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲဟု တွေးနေပြန်သေးသည်။ သူ့ကိုမျှော်လင့်ချက်ကြီးစွာ မော့ကြည့်နေသည့် ကလေးလေးကိုကြည့်ပြီး ဒီလို ကလေးမျိုးမွေးစားထားရတာလည်း မဆိုးတဲ့အကြံဉာဏ်တစ်ခုပဲဟုတွေးမိလေသည်။ ဝေ့လန်က နေ့တိုင်း ပျော်ပျော်ရွှင်ရွှင်နေတတ်သည့် ကလေးတစ်ယောက်ဖြစ်ကာ တနေ့လုံး လှုပ်ရှားသက်ဝင်နေပြီး သူ့ဆီကိုပါ စိတ်အပန်းဖြေမှုတွေ ယူဆောင်လာပေးတတ်သည်။ ထို့ကြောင့် ဒီကမ္ဘာပေါ်မှာ ကြောင်မွေးတဲ့လူရှိသလို၊ ခွေးမွေးတဲ့လူရှိသလိုပဲ သူကိုယ်တိုင်ကလည်း ကလေးတစ်ယောက်မွေးထားတာက မဖြစ်နိုင်တဲ့အရာမဟုတ်ဘူးပဲဟု တွေးနေမိလေသည်။

တဖက်လူက စကားထပ်မပြောတော့ပြန်တာကိုမြင်တော့ ဝေ့လန်က သတိပေးလာခဲ့သည်။

'' ခင်ဗျားမနေ့က ကျွန်တော့်ရဲ့ကပ်စေးဘောလုံးလေးကို လက်ခံပြီးသွားပြီနော် ''

'' အဲ့ဒီ့တော့? ''

'' ကပ်စေးဘောလုံးလေးအလဲအထပ်လုပ်ရတဲ့အဖိုးအခက အပေါ်ထပ်တက်ပြီးအိမ်စာလုပ်ဖို့အတွက်လေ ခင်ဗျားလက်ခံပြီးပြီဆိုမှတော့ ကျွန်တော်အပေါ်တက်ပြီးအိမ်စာလုပ်လို့ရပြီပေါ့ '' ဝေ့လန်ကလည်းသူ့အကြောင်းပြချက်နဲ့သူဟုတ်နေလေသည်။

'' ဒါဆို ငါမင်းကိုပြန်ပေးရမလား '' ဝေ့ရွှင်းကလည်း ကလေးငြင်းမယ်မှန်းသိသိရက်နှင့် တမင်မေးလာခဲ့သည်။

ဝေ့လန်က အသည်းအသန်လက်ခါပြရင်း

'' လက်ခံပြီးပြီဆိုမှလက်ခံပြီးပြီပေါ့ ဘာကိစ္စနဲ့ ပြန်ပေးဦးမှာလဲ ခင်ဗျားလက်ခံပြီးပြီဆိုမှတော့ ဒါက သဘောတူညီချက်ပဲ ''

ဝေ့ရွှင်းမှာ အလျင်လိုနေသည့်မျက်နှာလေးဖြင့် အကြောင်းပြချက်တွေရှာရင်းအလုပ်ရှုပ်နေသည့် ဝေ့လန်လေးကိုကြည့်ပြီး တကယ်ရယ်ချင်စရာကောင်းသည်ဟု တွေးလိုက်မိသည်။ သူဘာမှထပ်မပြောတော့ပဲ ခေါင်းကိုငုံ့ပြီး ဖိနပ်လဲစီးလိုက်ကာ အပေါ်ထပ်ကိုတက်ဖို့ပြင်တော့သည်။

ဝေ့လန်မှာ အနောက်ကနေတကောက်ကောက်လိုက်လာရင်း အရမ်းကိုမှသိချင်စိတ်ဖြစ်နေသည့်ပုံဖြင့်

''ရလား မရဘူးလား ''

'' မင်း မနက်ဖြန်အတွက် စာလုံးရေးလေ့ကျင့်ပြီးမှ ဆက်ပြောကြတာပေါ့ ''

'' ဒါဆို မနက်ဖြန်ရေးတာလည်း ဒီနေ့လို မဆိုးဘူးဆိုရင် ခင်ဗျားခွင့်ပြုလိုက်ပြီလို့ သတ်မှတ်လိုက်မှာနော် ခင်ဗျားသာသဘောတူဖို့ပြင်ထားတော့ ''

ဝေ့ရွှင်းပြန်လှည့်ကြည့်လာပြီး

'' မင်းဆီမှာ ဉာဏ်နီဉာဏ်နက်တော်တော်ပေါတာပဲ ''

ဝေ့လန်ကတော့ ပြုံးဖြီးဖြီးဖြင့် တဖက်လူပြောတာကို သဘောတူသလိုမျိုး

'' ရှဲ့ရှဲ့ ကောကော ''

ဝေ့ရွှင်းတစ်ယောက် ဝေ့လန်တောင်းဆိုသည့်သဘောတူညီချက်ကို ငြင်းဆန်ခြင်းပြုမနေတော့ပဲ သူ့ကိုရယ်ပြပြုံးပြနေသည့် ကလေးလေးအား ခဏလောက်ရပ်ကြည့်နေလိုက်ကာ ပြန်လှည့်ပြီး အပေါ်တက်သွားတော့သည်။

ကလေးလေးက ညနေစာမစားခင်အထိ အိမ်စာလုပ်နေခဲ့သည်။ သူမသိသည့်မေးခွန်းတွေကိုလည်း ဝေ့ရွှင်းကိုပြန်မေးဖို့ချန်ထားလိုက်ကာ ထမင်းစားချိန်ရောက်လာတော့မှ သူမသိသည့်မေးခွန်းတွေကို ထမင်းစားပြီးရင်ရှင်းပြပေးပါဟု ဝေ့ရွှင်းဆီတောင်းဆိုလာခဲ့သည်။ တဖက်ကလည်း ဘာမှထပ်မငြင်းလာပဲ သူပြောတာကိုသဘောတူလိုက်လေသည်။ 

အန်တီဝမ်က ဒီနေ့ သူကြိုက်သည့်နံရိုးချိုချဥ်ဟင်း ချက်ထားတာကြောင့် ဝေ့လန်တစ်ယောက် တစ်တုံးပြီးတစ်တုံးနှိုက်စားနေခဲ့သည်။

ဝေ့ရွှင်း ဝေ့လန်ဘက်ကိုအမှတ်မထင်လှမ်းကြည့်လိုက်မိချိန် တဖက်လူရဲ့ပန်းကန်လုံးထဲမှာ နံရိုးဟင်းတွေကိုသာတွေ့နေရပြီး အသီးအရွက်ဆိုလို့တစ်ဖက်ကလေးတောင်မရှိတာကိုမြင်လိုက်ရသည်။ သူ နှစ်ခါလောက် မသိမသာသေချာစောင့်ကြည့်လိုက်ပြီးခါမှ ဝေ့လန်က နံရိုးဟင်းတွေကိုသာ တဖက်ပြီးတဖက် တဖက်ပြီးတဖက် ယူစားနေပြီး တစ်ခုကုန်တာနဲ့နောက်တစ်ခုကို ချက်ချင်းလှမ်းနှိုက်နေသည်အား အတည်ပြုနိုင်သွားခဲ့သည်။ သူ သူတို့နှစ်ယောက် ထမင်းအတူတူစားသည့်အချိန်တွေကို မရေမရာပြန်တွေးကြည့်လိုက်တော့ သူ့ရဲ့ကန့်သတ်ထားသည့်မှတ်ဉာဏ်ထဲမှာ ဝေ့လန်ကတချို့ဟင်းတွေကိုသာ ထပ်တလဲလဲနှိုက်ပြီးရင်းနှိုက်တတ်ပြီး တခြားဟင်းတွေဆို တို့တောင်မတို့မှန်း အံအားသင့်ဖွယ်သိလိုက်ရလေသည်။

ဝေ့ရွှင်းတွေးကြည့်ရသလောက် တဖက်လူရဲ့သူ့အိမ်ကို ကိုယ့်အိမ်လိုသဘောထားတတ်သည့်စိတ်ထားနဲ့ဆို ယဥ်ကျေးမှုအရ ဒါမှမဟုတ် ရှက်ရွံ့မှုကြောင့် မနှိုက်ရဲခြင်းမျိုးမဟုတ်ပဲ ဒီတိုင်းအစားချေးများလို့ ကိုယ်ကြိုက်တဲ့ဟင်းတွေပဲ ရွေးစားနေခြင်းမျိုးဖြစ်လိမ့်မည်ဟု ထင်မိသည်။

နံရိုးဟင်းပန်းကန်ဆီ ထပ်နှိုက်ဖို့လက်လှမ်းနေသည့်ဝေ့လန်၏တူကို ဝေ့ရွှင်းက သူ့တူဖြင့်တားဆီးလိုက်တာကြောင့် ဝေ့လန်ခင်ဗျာ အူကြောင်ကြောင်လေးပြန်မော့ကြည့်ရင်း

'' ဘာဖြစ်လို့လဲ ''

ချိုချဥ်အနှစ်တွေကြောင့် သူ့ပါးစပ်တစ်ခုလုံးက နီရဲနေလေသည်။

''ပါးစပ်ကအဆီတွေသုတ် ''

ဝေ့လန် tissue boxကို ဟိုဟိုဒီဒီလိုက်ရှာလိုက်ပေမဲ့လည်း နောက်ဆုံး ဝေ့ရွှင်းဘက်မှာရှိနေကြောင်း ရှာတွေ့သွားတာကြောင့်

'' တစ်ရှူးကခင်ဗျားဘက်မှာ ''

ဝေ့ရွှင်း တစ်ရှူးတစ်ရွက်ဆွဲထုတ်ပြီး လှမ်းပေးလိုက်တော့ တဖက်ကလည်း သူ့ပါးစပ်သူ ပွတ်သုတ်လိုက်လေသည်။

''ပြောင်သွားပြီ ''

စိတ်ကျေနပ်သွားသည့် ဝေ့ရွှင်းတစ်ယောက် ဝေ့လန်ကို မေးခွန်းစထုတ်တော့သည်။

'' အန်တီဝမ်က ဟင်းတစ်ခွက်ထဲချက်လို့လား ''

ဝေ့လန်ခေါင်းခါပြသည်။

'' ဒါဆို တခြားဟင်းတွေက အရသာမရှိလို့လား ''

''မဟုတ်ပါဘူး ''

'' ဒါဆို ငါကမင်းကိုမစားခိုင်းလို့လား ''

'' အဲ့ဒါလည်းမဟုတ်ပါဘူး ''

'' အဲ့ဒါဆို မင်းက ဘာလို့ ဒီဟင်းတစ်မျိုးထဲကိုပဲ ထပ်ခါထပ်ခါစားနေရတာလဲ ''

ဝေ့လန်ထိုမေးခွန်းကြောင့် အကြပ်ရိုက်သွားလေသည်။ သူက အစားချေးများတဲ့လူဖြစ်တာကြောင့် အသားစားရတာကိုပဲကြိုက်ကာ ဟင်းသီးဟင်းရွက်စားရတာကိုမကြိုက်ပေ။ ပုံမှန်အားဖြင့် အိမ်မှာ ဝေ့ရှီး ဒါမှမဟုတ် ဝေ့မင်တို့နှင့် ထမင်းအတူတူစားလျှင် ထိုနှစ်ယောက်က သူ့ပန်းကန်ထဲဟင်းရွက်ကြော်တွေထည့်ပေးပြီး သူစားမစားကိုစောင့်ကြည့်နေတတ်သည်။ ဝေ့လန်ကလည်း ငယ်ငယ်လေးကတည်းက သူ့စည်းမျဥ်းနဲ့သူနေတတ်သည့် ကလေးတစ်​ယောက်ဖြစ်တာကြောင့် သူမကြိုက်သည့်ဟင်းတွေဖြစ်နေလျှင်တောင်မှ သူ့ပန်းကန်ထဲလာထည့်ပေးထားလျှင် သူဘက်ကနာနာခံခံဖြင့်စားပေးလိုက်မည်။ သူ့ပန်းကန်ထဲလာမထည့်ပေးလျှင်တော့ တစ်စက်ကလေးတောင်သွားထိမည်မဟုတ်ပါ။

ဝေ့လန်စိတ်အညစ်ဆုံးကလည်း သူ့အဖိုး၊သူ့အမေတို့နှင့် ထမင်းအတူတူစားရချိန်ဖြစ်သည်။ အဲ့လိုအချိန်မျိုးတွေဆို မကြိုက်တဲ့ဟင်းတွေကို မစားချင်တဲ့အတွက် သူ့ဘက်ကနေကြံရဖန်ရတော့သည်။ ဝေ့ရှီးနဲ့ဝေ့မင်တို့က ထမင်းစားရင်းအလုပ်ဘက်စကားလမ်းကြောင်းပြောင်းသွားလျှင် သူ့ကိုဟင်းထည့်ပေးဖို့မေ့နေတတ်ပြီး သူတို့ဆွေးနွေးချင်ရာတွေဆွေးနွေးနေလိမ့်မည်။ ထိုအချိန်က ဝေ့လန်အတွက်အခွင့်အရေးဖြစ်ကာ သူစားချင်တာတွေသာ အားရပါးရနှိုက်စားနေမည်ဖြစ်သည်။ အဖိုးနဲ့အမေက သူ့ကိုသတိရသွားပြီး သူ့ဆီဟင်းထည့်ပေးဖို့လည်းပြင်ရော သူက ''ဗိုက်ဝပြီ''ဟု အကျယ်ကြီးအော်ရင်း ထမင်းစားပွဲကနေသုံးပေလောက်ကွာအောင်ခုန်ထွက်လာကာ မကြိုက်တာတွေစား​ရသည့် အဖြစ်ကနေ ထိုကဲ့သို့ လိမ္မာပါးနပ်၊ဂုဏ်ယူစွာ ရှောင်ရှောင်ထွက်နေကြဖြစ်သည်။

သူ ဝေ့ရွင်းတို့အိမ် လာလာနေရတာကိုကြိုက်သည့် အဓိကအကြောင်းအရင်းထဲမှာလည်း ထမင်းစားသည့်အချိန်တစ်ချိန်ပါဝင်သည်။ ဝေ့ရွှင်းနဲ့ထမင်းအတူတူစားလျှင် တဖက်လူက သူဘာပဲနှိုက်စားစားစိတ်ဝင်စားခြင်း၊ဂရုစိုက်ခြင်းမရှိတာကြောင့် သူစားချင်ရာကို အထိန်းအကွပ်မရှိပဲ ယူစားလို့ရလေသည်။ သူ ဒီလိုအခြေအနေလေးကို ထာဝရတည်မြဲနေလိမ့်မည်ဟု တွေးထင်ထားခဲ့သော်ငြား ကြည့်ရသလောက်တော့ ဝေ့ရွှင်းက စောစောစီးစီးရှာတွေ့သွားသည့်ပုံပင်။

ဝေ့လန်တစ်ယောက် လိပ်ပြာမလုံသလိုမျိုး ခြောက်ကပ်ကပ်ကြီး ဟားဟားဟားဟားထရယ်လိုက်သည်အား ဝေ့ရွှင်း တိတ်တိတ်ဆိတ်ဆိတ်လေးထိုင်ကြည့်နေခဲ့သည်။

'' ဘာလို့လဲဆိုတော့ ဒီနံရိုးချိုချဥ်က အရမ်းစားကောင်းနေလို့လေ ကောကောလည်းတစ်ခုလောက်မြည်းကြည့်ပါလား တကယ်စားလို့ကောင်းတာ ''

သူ ဝေ့ရွှင်းအတွက် အသားတစ်ဖက်လှမ်းယူလိုက်ကာ တဖက်လူရဲ့ထမင်းပန်းကန်ထဲထည့်ပေးပြီး မြည်းကြည့်ကြည့်ဖို့ မျက်လုံးဖြင့်အချက်ပြနေလေသည်။

ဝေ့ရွှင်းကလည်း ကလေးဆန္ဒအတိုင်း တစ်ကိုက်မြည်းကြည့်လိုက်ပြီးနောက်

'' မဆိုးပါဘူး ''

'' ဟုတ်တယ်မလား? '' ဝေ့လန်ကလည်း သူ့ကိုယ်သူကာကွယ်ဖို့အတွက် အသည်းအသန်ဖြေရှင်းချက်ပေးလေသည်။ '' အဲ့ဒါကြောင့်မို့လို့ ကျွန်တော်လည်းမတတ်သာပဲ နည်းနည်းလောက်ပိုစားမိတာပါ ''

'' မင်းကိုယ်မင်းလည်းပိုစားမိမှန်းသိတယ်ပေါ့? ဒါပေမဲ့ တခြားဟင်းတွေ ဒီလောက်အများကြီးကျန်သေးတာ ဒါတွေကိုရော ဘယ်လိုလုပ်သင့်တယ်လို့ထင်လဲ ''

ဝေ့လန်တစ်ယောက် မျက်နှာငယ်လေးဖြင့်

''ကျိန်းသေပေါက် ကောကောအတွက် ချန်ထားသင့်တာပေါ့ ''

'' ဒီလောက်တောင်သိတတ်တာလား? '' ဝေ့ရွှင်းကလည်း ဝေ့လန်ရဲ့စိတ်ဓာတ်ကျနေသည့်မျက်နှာငယ်လေးကိုကြည့်ပြီး ရွှင်မြူးစွာမေးလာခဲ့သည်။

ဝေ့လန်မှာ ခေါင်းလေးငြိမ့်ကာငြိမ့်ကာဖြင့် ကိုယ့်ကိုယ်ကိုယ်ပြန်ချီးကျူးဖို့လည်းမမေ့။

'' ဟိုးအရင်ကတည်းက သိတတ်တာပါနော် ''

ဝေ့ရွှင်းတစ်ယောက် လက်သင့်မခံချင်ပေမဲ့လည်း လက်သင့်ခံချင်ယောင်၊ လိုက်လျောချင်ယောင်ဆောင်နေသည့် ဝေ့လန်ရဲ့ထိုကဲ့သို့ပုံစံလေးကိုကြည့်ပြီး တစ်မျိုးလေးချစ်ဖို့ကောင်းတာပဲဟု တွေးမိပြန်လေသည်။ သူ ရှားရှားပါးပါးပြုံးမိသွားကာ အခုအချိန်အထိ သူ့ကိုယ်သူ အစားချေးများကြောင်း ဝန်မခံချင်သေးသော ကလေးလေးကိုကြည့်ပြီး ညင်သာသည့်လေသံဖြင့်

'' သိတတ်တဲ့ကလေးဆိုမှတော့ ဆုချရမှာပေါ့ ''

'' ဥပမာ အပေါ်ထပ်တက်ပြီး အိမ်စာလုပ်ခွင့်ပေးတာမျိုးလား '' ဝေ့လန်ကလည်း လှေကားချပေးလာတာနဲ့ တန်းတက်ပြီးသားပင်။

ဝေ့ရွှင်းက ခေါင်းခါပြလိုက်ကာ တူကို ကောက်ကိုင်ပြီး မနှေးလွန်းမမြန်လွန်း တည်ကြည်အေးဆေးသောအမူအရာဖြင့် မုန်ညင်းရွက်ကြော်အချို့အား ဝေ့လန်ပန်းကန်လုံးထဲညှပ်ထည့်ပေးလိုက်ပြီးနောက်

'' ဥပမာ ဟင်းတွေကူထည့်ပေးတာမျိုးပေါ့ ''

ဝေ့လန် သူ့ပန်းကန်ထဲက မုန်ညင်းရွက်တွေကိုကြည့်ပြီး ခံစားချက်မကောင်းတော့ပေ။

တဖက်လူရဲ့အသိစိတ်မကပ်သည့်အခြေအနေကို အခွင့်ကောင်းယူပြီး ဝေ့ရွှင်းတစ်ယောက် တခြားအရံဟင်းတွေကိုလည်း တစ်မျိုးပြီးတစ်မျိုးကောက်ထည့်ပေးနေလေသည်။

ထိုအခါမှ အသိစိတ်ပြန်ကပ်လာသည့်ဝေ့လန်တစ်ယောက် သူ့ပန်းကန်သူလက်နဲ့အုပ်ကာရင်း ထအော်တော့သည်။

''တော်ပြီ တော်ပြီ လုံလောက်ပြီ ကျွန်တော်မစားနိုင်ပဲနေတော့မယ် ဒီလောက်ဆိုရပြီ ကောကော ''

ဝေ့ရွှင်းမှာ အသက်သဖွယ်ကာကွယ်ခံထားရသည့် ပန်းကန်လုံးပေါ်က လက်နှစ်ဖက်ကိုကြည့်ပြီး

''လက်ကိုဖယ်လိုက် ''

ဝေ့လန်လေးခင်ဗျာ ဝေ့ရွှင်းကို သနားချင့်စဖွယ်မော့ကြည့်ရင်း

''တကယ်များနေတာပါ ''

'' မင်းပုံမှန်ဆိုဒီလောက်အစားမနည်းပါဘူး ''

'' ကျွန်တော်ဒီနေ့ဗိုက်မဆာလို့ပါ '' ဝေ့လန် အမြန်ပြန်ဖြေလာခဲ့သည်။

'' ခုနက အန်တီဝမ် ဟင်းပွဲတွေလာချတော့ မင်း ငါ့ကိုဘာပြောလိုက်သလဲ ''

ဝေ့လန် : ''............''

ဝေ့ရွှင်း ညင်ညင်သာသာပြောလာသည်က

'' မင်းပြောတာတော့ ဒီနေ့ လက်ရေးလှလေ့ကျင့်ရတာအရမ်းပင်ပန်းလွန်းလို့ အရင်နေ့တွေကထက်များများပိုစားမယ်ဆို ''

ဝေ့လန် : ''..............''

ဝေ့လန် သူ့လက်လေးသူ တိတ်တိတ်ကလေးပြန်ဖယ်လိုက်ရသည်။ သူ ဒီနေ့ ယွမ်ရှောင်ဖန့်ကို စကားမပြောရဘူးဆိုပြီး အနိုင်မကျင့်ခဲ့သင့်ဘူး! အခုတော့ သူကိုယ်တိုင်တောင် ဆွံ့အနေခဲ့ပြီ!

ဝေ့ရွှင်း ဒီနေ့ချက်သည့် အသီးအရွက်ကြော်တွေအားလုံး ဝေ့လန်ပန်းကန်ထဲ စိတ်ကြိုက်ထည့်ပေးပြီးကာမှ

'' ဟုတ်ပြီ ထမင်းဆက်စားရအောင် ''


『 စာရေးသူမှာ ပြောစရာရှိတယ် :

ဝေ့လန် : မစားချင်ဘူးလို့! လာ့ကျီးကောကော*ဘိုင့်ဘိုင်!

(T/N: ကြက်အစပ်လိုအစ်ကို a.k.a အမှိုက်လိုအစ်ကို)

ဝေ့ရွှင်း : အပေါ်ထပ်တက်ပြီးအိမ်စာမလုပ်ချင်တော့ဘူးလား? 』

________________________________

ဒီဘာသာပြန်သူမှာလည်းပြောစရာရှိတယ် : ဒီနေ့ ပုံမှန်ဘာသာယူပြန်တဲ့ raw siteက errorတက်နေလို့ နောက်တစ်siteကယူပြန်မှပဲ နောက်siteက လင်းအန့်စီး(မူရင်းအော်သာ)ရဲ့ foot noteလေးတွေထည့်ပေးထားမှန်းသိတယ်ကွယ်။ အာသာက အပိုဒ်တိုင်းမှာ အဲ့လိုလေးတွေ ထည့်ပေးပုံပါပဲ။ တို့အရင်ပြန်တဲ့siteက အဲ့ဒါလေးတွေကို ဖြတ်ချထားတာ ချင်းချီတို့ကတော့ အားမှ ဒီလို [作者有话要说 ( စာရေးသူမှာ ပြောစရာရှိတယ်) ] ဆိုတဲ့စာပိုဒ်လေးတွေ လိုက်ထည့်ပေးမယ်နော် ဝေ့လန်တို့ကတော့ အပိုင်းမများသေးတဲ့အတွက် အခုပဲ လိုက်ထည့်ထားပါတယ် အားရင်နောက်တစ်ခေါက်ပြန်ဖတ်ကြည့်ပါဦးရှင့်။

ကပ်စေးဘောလုံး

Zawgyi

အစားေခ်းမ်ားျခင္းႏွင့္ အရံဟင္း
________________________________

ေဝ့႐ႊင္းက ေျပာၿပီးရင္ ေျပာတဲ့အတိုင္း လုပ္တတ္တဲ့လူျဖစ္တာေၾကာင့္ စာၾကည့္ခန္းထဲျပန္ေရာက္တာနဲ႔ မွတ္စုစာအုပ္တစ္အုပ္ထုတ္ၿပီး စေရးေတာ့သည္။ သို႔ေသာ္ ေရးေနရင္း ဒီလိုမွတ္စုစာအုပ္ေတြက စာေၾကာင္းေရသိပ္မပါသည့္အျပင္ အေ႐ွ႕လွန္လိုက္ ၊အေနာက္လွန္လိုက္ျဖင့္ ေလ့က်င့္မည့္ကေလးအဆင္မေျပမွာစိုးတာေၾကာင့္ ေသခ်ာခ်င့္ခ်င့္ခ်ိန္ခ်ိန္စဥ္းစားအၿပီးမွာေတာ့ အိမ္စာစာအုပ္ေတြထဲက စာအုပ္အသစ္တစ္အုပ္ထုတ္ၿပီး ဆက္ေရးေတာ့သည္။

သူဟာ လက္ေရးလွစာအုပ္ေတြထဲက ပုံမွန္ျမင္ေတြ႕ေနက် စကားလုံးေတြခ်မေရးပဲ ေဝ့လန္တို႔ကို လက္႐ွိသင္ေနသည့္ တ႐ုတ္စာသင္႐ိုးထဲက စကားလုံးေတြကိုခ်ေရးလိုက္သည္။ သူေရးလို႔ၿပီးသြားခ်ိန္ ေဝ့လန္က ေအာက္ထပ္မွာ ကာတြန္းကားၾကည့္ေနဆဲျဖစ္တာေၾကာင့္ သူေအာက္ထပ္ကိုဆင္းၿပီး စာအုပ္သြားေပးေလသည္။

ေဝ့လန္လွမ္းယူလိုက္ကာ အဖုံးကိုၾကည့္႐ုံနဲ႔တင္ ေဝ့႐ႊင္းက သူ႕အိမ္စာစာအုပ္နဲ႔ေရးထားမွန္း တန္းသိလိုက္ေလသည္။

သူစာအုပ္ကိုလွန္ၾကည့္လိုက္တာနဲ႔ ပထမစာမ်က္ႏွာေရာ ဒုတိယစာမ်က္ႏွာမွာပါ ေဝ့႐ႊင္းေရးေပးထားသည့္ စာလုံးမ်ားႏွင့္ ျပည့္ႏွက္ေနသည္။ တဖက္လူ၏လက္ေရးမွာ ပုံႏွိပ္ထားသကဲ့သို႔လွပၿပီး စာလုံးေလးေတြတိုင္းက ေလးေထာင့္က်က်႐ွိေနကာ၊ စုတ္ခ်က္တစ္ခ်က္စီတိုင္းကလည္း ႐ွင္းလင္းျပတ္သားလွ၍ ၾကည့္လိုက္႐ုံနဲ႔တင္ မာန္ပါပါအေရးအသားမွန္း သိသာလွေပသည္။ ေဝ့လန္ၾကည့္ေနရင္း ကိုယ့္လက္ေရးကိုယ္ျပန္ျမင္ေယာင္လာတာေၾကာင့္ အနည္းငယ္႐ွက္မိသြားသည္။

ေဝ့႐ႊင္း ပထမစာေၾကာင္းေအာက္က ဒုတိယစာေၾကာင္းအလြတ္ကို လက္ညိႇဳးထိုးျပၿပီး တည္ၾကည္ေလးနက္သည့္ေလသံျဖင့္

'' အေပၚကအတိုင္း ၾကည့္ၿပီး ေအာက္ကစာေၾကာင္းအလြတ္မွာ ေရး ''

ေဝ့လန္က ေခါင္းေလးတၿငိမ္​ၿငိမ့္ျဖင့္

'' သိပါၿပီ ''

တဖက္လူက ထပ္ၿပီးေစာတကတက္မလာတာကိုျမင္ေတာ့ ေဝ့႐ႊင္းအေပၚျပန္တက္ဖို႔ျပင္လိုက္သည္။

ေဝ့လန္ တဖက္လူရဲ႕အက်ႌစကိုအလ်င္အျမန္လွမ္းဆြဲလိုက္တာေၾကာင့္ ေဝ့႐ႊင္းျပန္လွည့္ၾကည့္ခ်ိန္ သူ ဆြဲထားသည့္အက်ႌစကို ခ်က္ခ်င္းျပန္လႊတ္ေပးလိုက္ကာ

'' ဒါေတြေရးလို႔ၿပီးရင္ အေပၚထပ္မွာအိမ္စာလာလုပ္လို႔ရမလားဟင္ ''

ထို႔ေနာက္ သူက ဆိုဖာဘက္လက္ညိႇဳးလွမ္းထိုးျပၿပီး

'' အဲ့မွာ အိမ္စာလုပ္ရတာ အဆင္မေျပဘူး ''

ေဝ့႐ႊင္း ကေလးဘက္ျပန္လွည့္လိုက္ကာ ေဘာင္းဘီအိတ္ကပ္ထဲလက္ကိုဟန္ပါပါထည့္ရင္း

'' တစ္လက္မေပးရင္ တစ္ေတာင္ေလာက္လိုခ်င္တယ္ဆိုတဲ့စကားပုံကိုသိလား ''

ေဝ့လန္ကလည္း က်ိန္းေသေပါက္ အဲ့စကားပုံကိုသိတာေပါ့။ သူ တစ္ခဏေလာက္ ေတြေဝေနၿပီးကာမွ ေဘာင္းဘီအိတ္ထဲကေန ကပ္ေစးေဘာလုံးေလးကိုထုတ္လိုက္ကာ

'' ဒါ ခင္ဗ်ားကိုေပးမယ္ ''

ေဝ့႐ႊင္း ကေလးလက္ထဲက ေဘာလုံးေလးကိုၾကည့္ၿပီး သိခ်င္စိတ္ျဖစ္မိသြားတာေၾကာင့္

'' မင္း တေန႔တေန႔ ေက်ာင္းကိုသြားတာ စာသင္ဖို႔လား ဒါမွမဟုတ္ အ႐ုပ္ေတြနဲ႔ကစားဖို႔လား ''

'' စာသင္ဖို႔ေလ ဒါေပမဲ့ အခ်ိန္ရရင္ရသလိုလည္း ကစားေသးတာေပါ့ ေကာေကာေရာ စာသင္ခ်ိန္တစ္ခ်ိန္နဲ႔တစ္ခ်ိန္ၾကားက နားခ်ိန္ေတြမွာ မကစားဖူးဘူးလား ''

ေဝ့႐ႊင္းေခါင္းခါျပလိုက္သည္။

ထိုအခါ ေဝ့လန္ဆိုသည့္လူတတ္ကေလးက အက်ိဳးအေၾကာင္းခိုင္လုံလွသည့္ အေၾကာင္းျပခ်က္တစ္ခုေပးလာခဲ့သည္။

'' ဘာလို႔လဲဆိုေတာ့ ေကာေကာတို႔က အထက္တန္းေက်ာင္းသားျဖစ္ေနၿပီေလ ကြၽန္ေတာ္တို႔ထပ္ပိုႀကီးတယ္ ကြၽန္ေတာ္တို႔ကက်အခုမွ မူလတန္းပဲ႐ွိေသးတာ ''

ထိုအေၾကာင္းျပခ်က္မွာ ေတာ္ေတာ္ေလးကိုမွ အက်ိဳးအေၾကာင္းခိုင္လုံလွၿပီး လက္ခံခ်င္စရာေကာင္းလွေသာ္ျငား ေဝ့႐ႊင္းကေတာ့ ဒီအ႐ြယ္ႀကီးနဲ႔ တေန႔တေန႔ ကစားစရာေတြသယ္ၿပီးေက်ာင္းသြားတတ္တာက ေတာ္ေတာ္ေလးလြန္လြန္းအားႀကီးသြားၿပီဟု ထင္မိေလသည္။

ေဝ့လန္ေလးကေတာ့ လက္ထဲ ကပ္ေစးေဘာလုံးေလးကိုကိုင္ထားရင္း

'' ရမယ္မလားဟင္ ''

'' ေရးၿပီးမွ ဆက္ေျပာရေအာင္ '' ထိုသို႔ေျပာၿပီးတာနဲ႔ ခ်ာခနဲလွည့္ၿပီး အေပၚကိုျပန္တက္သြားေလသည္။

တဖက္လူရဲ႕ရတယ္လည္းမဟုတ္၊ မရဘူးလည္းမဟုတ္သည့္အေျဖေၾကာင့္ သူ႕ဆီမွာအခြင့္အေရး႐ွိေသးသည္ဟုခံစားရတဲ့အတြက္ ေဝ့႐ႊင္းေရးေပးထားသည့္စာအုပ္ေလးကို ေက်ာပိုးအိတ္ထဲေကာက္ထည့္လိုက္ကာ ျပန္ခါနီး ေလွကားထိပ္တြင္ ကပ္ေစးေဘာလုံးေလးကိုထားခဲ့သည္။

ေနာက္တစ္ေန႔ ေဝ့လန္ေက်ာင္းေရာက္သည့္အခါ ေဝ့႐ႊင္းေပးလိုက္သည့္စာအုပ္ကိုထုတ္ၿပီး မနက္ခင္းစာဖတ္ခ်ိန္ၿပီးသည္အထိ အပီအျပင္လက္ေရးေလ့က်င့္ေတာ့သည္။ သူဟာ ေဝ့႐ႊင္းေရးေပးလိုက္သည့္ စာလုံးမ်ားကို ၾကည့္ၿပီး စုတ္ခ်က္တစ္ခ်က္ခ်င္းစီတိုင္း ေျဖးေျဖးခ်င္း ေသခ်ာတုပ၍ တေလးတနက္ထားၿပီး ေရးေနခဲ့ေလသည္။ ထိုင္ခုံေဖာ္တစ္ျဖစ္လဲ အခ်စ္ဆုံးသူငယ္ခ်င္းယြမ္ေ႐ွာင္ဖန္႔မွာေတာ့ ေဝ့လန္ရဲ႕ေႏွးေႏွးေကြးေကြးစာေရးေနပုံကို စားပြဲေပၚေခါင္းတင္ၾကည့္ရင္း တစ္ေယာက္ထဲစိတ္မ႐ွည္ႏိုင္ျဖစ္ေနကာ ကိုယ္ပဲသူ႕အစားျမန္ျမန္ေရးေပးလိုက္ခ်င္သလိုမ်ိဳး ႀကိတ္မႏိုင္ခဲမရျဖစ္ေနေလသည္။

'' ေ႐ွာင္လန္ မင္းေရးတာအရမ္းေႏွးတာပဲ ''

'' မဆူစမ္းနဲ႔ '' ေဝ့လန္က ေခါင္းပင္မေမာ့လာပဲ '' ငါ ေသခ်ာဂ႐ုစိုက္ၿပီးေရးေနရတာ နည္းနည္းပဲျဖစ္ျဖစ္ သူနဲ႔တူေနမွရမယ္ ''

'' ဒီတိုင္းေရးလိုက္ရင္ၿပီးၿပီမဟုတ္ဘူးလား တူဖို႔လိုေသးတာလား ''

'' အက်ိဳး႐ွိေအာင္ေရးတာေလ သူေပးတာနဲ႔တူေအာင္မေရးႏိုင္မွေတာ့ ဘာကိစၥနဲ႔ လက္ေရးလွက်င့္တယ္လို႔ေခၚေတာ့မွာလဲ ''

'' ဒါေပမဲ့ မင္း ဒီပုံစံအတိုင္းသာ ေႏွးေႏွးေလးေရးေနရင္ ငါတို႔ဘယ္အခ်ိန္ၾကမွ ေဘာလုံးသြားကန္ႏိုင္မွာလဲ '' ယြမ္ေ႐ွာင္ဖန္႔က သူ႕ရဲ႕စူေဖာင္းေဖာင္းမ်က္ႏွာေလးအား လက္ႏွစ္ဖက္ေပၚတင္ၿပီး သနားခ်င့္စဖြယ္ေမးလာခဲ့သည္။

'' ငါ ဒီတစ္မ်က္ႏွာေရးၿပီးတဲ့အထိေစာင့္ကြာ ေဘးကေနလာေလာမေနနဲ႔ ငါ.......'' ေဝ့လန္ထိုသို႔ေျပာရင္း မွားေရးမိသြားတာေၾကာင့္ ထိုစာလုံးကိုၾကည့္ၿပီး တစ္ခဏေလာက္ဆြံ႕အသြားကာ မွားေရးေအာင္လုပ္ေနေသာ တရားခံယြမ္ေ႐ွာင္ဖန္႔အား စိတ္ဆိုးတႀကီးလွည့္ၾကည့္လိုက္သည္။ '' မင္း! ပါးစပ္ပိတ္ထားလိုက္ေတာ့! အားလုံးမင္းအျပစ္ေတြပဲ ပါးစပ္ခဏေလာက္ပိတ္ထားပါလို႔ေျပာတာကို ပါးစပ္မပိတ္ပဲ ေဘးကေနေဟာင္ဖြာေဟာင္ဖြာနဲ႔ငါ့ကိုမွားေအာင္လာလုပ္ေနတာ မင္း ငါစာေရးတာကို ထပ္ေျပာၿပီး ထပ္ေႏွာက္ယွက္ရင္ ငါ မင္းနဲ႔ ေဘာလုံးမကန္ေတာ့ဘူး ''

ယြမ္ေ႐ွာင္ဖန္႔မွာ အလ်င္အျမန္သူ႕ပါးစပ္ေလးသူ လက္နဲ႔ပိတ္ၿပီး

'' မေျပာေတာ့ဘူး မ​ေျပာေတာ့ပါဘူး ''

ယြီလင္နဲ႔ သူ႕ထိုင္ခုံေဖာ္ေက်ာင္းသူေလးတို႔ ေက်ာင္း convenient storeကေန မုန္႔ေတြအေအးေတြဝယ္ၿပီးျပန္လာခ်ိန္ ဆူပုတ္ပုတ္မ်က္ႏွာျဖင့္ စာေရးေနေသာေဝ့လန္ႏွင့္ မ်က္ႏွာငယ္ေလးျဖင့္ ပါးစပ္ပိတ္ၿပီးၿငိမ္ၿငိမ္ေလးထိုင္ေနေသာ ယြမ္ေ႐ွာင္ဖန္႔ကိုျမင္လိုက္ရေလသည္။ သူမ ထိုႏွစ္ေယာက္ေ႐ွ႕ ဒိန္ခ်ဥ္တစ္ဘူးစီခ်ေပးလိုက္ကာ သူမရဲ႕မုန္႔ေတြမွ်ေကြၽးရင္း ရယ္ခ်င္ရက္ပက္က်ိျဖစ္ေနေသာ႐ုပ္ျဖင့္

'' ေ႐ွာင္ဖန္႔ နင္ ေ႐ွာင္လန္ကို စိတ္ဆိုးေအာင္လုပ္ထားျပန္ၿပီလား ''

ယြမ္ေ႐ွာင္ဖန္႔ကလည္း သူ႕အမွားမဟုတ္ေၾကာင္း အသည္းအသန္ျပန္ျငင္းေလသည္။

'' ငါ့အမွားမွမဟုတ္တာ ''

'' အားလုံးမင္းအမွားေတြေလ ငါမင္းကိုစကားေျပာခြင့္မေပးထားဘူးေနာ္ ထပ္ေျပာတာနဲ႔ ဒီမုန္႔ေတြမစားရေတာ့ဘူး မွတ္ ''

ေဝ့လန္ကထိုသို႔ေျပာၿပီး မုန္႔ေတြအားလုံးကို သူ႕ဘက္ယူသိမ္းပစ္လိုက္သည္။

'' အာ လင္လင္က ငါတို႔ႏွစ္ေယာက္လုံးစားဖို႔ေပးထားတာေလ '' ယြမ္ေ႐ွာင္ဖန္႔မွာ ႀကိဳးႀကိဳးစားစား႐ုန္းကန္ေန႐ွာသည္။

'' ငါ့ကိုထပ္ေႏွာက္ယွက္တာနဲ႔ မင္းအတြက္ဘာမွမ႐ွိေတာ့ဘူး '' ေဝ့လန္ထိုသို႔ေျပာၿပီးသြားတာနဲ႔ ေခါင္းျပန္ငုံ႔ၿပီး ႀကိဳးႀကိဳးစားစား လက္ေရးလွဆက္က်င့္ေနေတာ့သည္။

ယြမ္ေ႐ွာင္ဖန္႔မွာ မတရားအႏိုင္က်င့္ခံထားရသည့္မ်က္ႏွာငယ္ေလးျဖင့္ ယြီလင္ဘက္လွည့္ၿပီး ေဝ့လန္ရဲ႕စိတ္ပုတ္မႈေတြကို မီးေမာင္းထိုးျပေနပါေသာ္လည္း အားကိုးမရသည့္သူငယ္ခ်င္းေကာင္းေလးမွာ မ်က္လုံးႏွစ္ဖက္ကို လက္ျဖင့္အုပ္ရင္း အ႐ွက္မ႐ွိစြာျပန္ေျဖလာသည္က

'' ငါဘာမွမျမင္ဘူး ''

ယြမ္ေ႐ွာင္ဖန္႔တစ္ေယာက္ ေဒါသေတြထြက္လြန္းသျဖင့္ ဒိန္ခ်ဥ္ဘူးအဖုံးကို စိတ္ဆိုးတႀကီးလွည့္ဖြင့္ပစ္လိုက္ကာ ရင္ဘတ္ထဲကမီးေတြေျပၿငိမ္းေစဖို႔အတြက္ တစ္ငုံႏွစ္ငုံေသာက္ခ်ပစ္လိုက္ရသည္အထိ။

ေဝ့႐ႊင္းေပးလိုက္တဲ့စာလုံးေတြ အကုန္ေရးၿပီးဖို႔အတြက္ ေဝ့လန္တစ္မနက္စာေလာက္အခ်ိန္ယူလိုက္ရသည္။ သူအာလူးေၾကာ္ထုပ္ေဖာက္စားေနရင္း သက္ျပင္းတခ်ခ်ျဖင့္

'' ပင္ပန္းလိုက္တာကြာ! မလြယ္ခ်က္က! ''

ေဝ့လန္လက္ေရးလွက်င့္ေနသည့္ တစ္မနက္စာလုံး ယြမ္ေ႐ွာင္ဖန္႔က ထပ္မေႏွာက္ယွက္ေတာ့ေပ။ လိမ္လိမ္မာမာေလးေနျပလိုက္တာေၾကာင့္ ယြီလင္ဝယ္လာသည့္မုန္႔ထုပ္ေတြေဖာက္စားရမည့္ အခြင့္အေရးကို ေအာင္ေအာင္ျမင္ျမင္ျဖင့္ ရ႐ွိသြားေလသည္။ သူကပါေဘးကေန တဇြက္ဇြက္ႏိႈက္စားေနရင္း ေဝခြဲမရသည့္အမူအရာျဖင့္

'' အဲ့ဒါေတာင္မင္းကေရးေသးတယ္လား ဒီေလာက္ေတာင္ အေလးအနက္ထားၿပီးေတာ့ေလ ''

'' က်ိန္းေသေပါက္ ဟိုေကာေကာက သူ႕ကိုေရးခိုင္းလိုက္လို႔ေနမွာေပါ့ '' ယြီလင္ကဝင္ေျပာေလသည္။

ေဝ့လန္က ေခါင္းေလးၿငိမ့္ျပရင္း

'' သူက ငါ့ကို သူ႕လက္ေရးအတိုင္း လိုက္က်င့္ခိုင္းတယ္ေလ အဲ့ဒါေၾကာင့္ အခု ငါ့အတြက္ ေကာ္ပီစာအုပ္ကိုေတာင္ သူ႕ကိုယ္တိုင္သီးသန္႔ေရးေပးထားတာ ''

ေဝ့လန္ လက္ေရးလွက်င့္ေနစဥ္တစ္ေလွ်ာက္လုံး ယြီလင္ကလည္းေဘးကေန အၾကာႀကီးထိုင္ၾကည့္ေနခဲ့တာေၾကာင့္ တဖက္လူရဲ႕လက္ေရးဟာ ဘယ္လိုအေျခအေန႐ွိမွန္းသိနားလည္သည္။

'' သူ႕လက္ေရးကတကယ္လွတာ ''

ေဝ့လန္ကလည္း ေခါင္းေလးတၿငိမ့္ၿငိမ့္ျဖင့္ ေထာက္ခံေနသည္။

'' အမွန္ပဲ ''

'' အဲ့ဒါေၾကာင့္ နင္ သူ႕လက္ေရးအတိုင္း လိုက္ေလ့က်င့္သင့္တယ္ ''

ေဝ့လန္က ယြီလင္ကို ႐ႈံ႕မဲ့မဲ့ေလးျပန္ၾကည့္သည္။

ယြီလင္က ျပဳံးတုံ႔တုံ႔ျဖင့္

'' ဒါဆိုငါတို႔သုံးေယာက္ထဲမွာ ေ႐ွာင္ဖန္႔တစ္ေယာက္ပဲ လက္ေရးစုတ္ျပတ္သတ္ၿပီး က်န္ခဲ့ေတာ့မွာေပါ့ ''

ေအးေအးလူလူ အာလူးေၾကာ္ထိုင္စားေနသည့္ ယြမ္ေ႐ွာင္ဖန္႔တစ္ေယာက္ မထင္မွတ္ပဲ ထိုစကားဝိုင္းထဲသြတ္သြင္းခံလိုက္ရတာေၾကာင့္ အူေၾကာင္ေၾကာင္ေလးျဖစ္သြားကာ ေဝ့လန္ကလည္း သူ႕ပုခုံးကိုလာပုတ္ၿပီး

'' မေၾကာက္ပါနဲ႔ ငါ လင္လင္ဆီကရတဲ့ လက္ေရးလွစာအုပ္ကို မင္းကိုေပးပါ့မယ္ မင္း ႀကိဳးႀကိဳးစားစားသာေလ့က်င့္လိုက္ ငါတို႔ႏွစ္ေယာက္လိုလွလာလိမ့္မယ္ ''

ေသတာေတာင္လက္ေရးလွမက်င့္ဘူးဟု ဆုံးျဖတ္ထားသည့္ ယြမ္ေ႐ွာင္ဖန္႔တစ္ေယာက္ ထိုစကားေၾကာင့္ ပို၍ေၾကာင္အသြားကာ သူ႕ပါးစပ္ထဲက ျငင္းဆန္မည့္စကားေတြေတာင္ အစီအရီထြက္မလာရေသးခင္ ေဝ့လန္က ယြီလင္ေပးထားသည့္စာအုပ္ကို သူ႕လက္ထဲလာထည့္ေပးၿပီးေနၿပီျဖစ္သည္။

'' ႀကိဳးစားထား ''

''ငါ.... '' ယြမ္ေ႐ွာင္ဖန္႔ျငင္းဖို႔ႀကိဳးစားေနခ်ိန္ ယြီလင္ကၾကားထဲကေနျဖတ္ေျပာလာခဲ့သည္။ '' ငါနင့္ကို ပုံမွန္စစ္မွာေနာ္ ဒါ ငါ အထူးဝယ္ထားတဲ့စာအုပ္ မေရးပဲေလွ်ာက္ပစ္လိုက္တာျဖစ္ျဖစ္ ေသခ်ာမေရးပဲ ၿပီးစလြယ္လုပ္ထားတာပဲျဖစ္ျဖစ္ ေတြ႕တာနဲ႔ ငါက်ိန္းေသေပါက္စိတ္ဆိုးပစ္မွာ ''

သူငယ္ခ်င္းသုံးေယာက္ထဲမွာ မိန္းကေလးဆိုလို႔ ယြီလင္တစ္ေယာက္ထဲပါတာေၾကာင့္ စိတ္ဆိုးစိတ္ေကာက္၊အေခ်ာ့ခံရမည့္ အထူးအခြင့္အေရးေတြကို သူတစ္ေယာက္ထဲ အပိုင္ယူထားေလသည္။ ထို႔ေၾကာင့္ ယြမ္ေ႐ွာင္ဖန္႔မွာ လက္ထဲကစာအုပ္ေလးကိုငုံ႔ၾကည့္ၿပီး တြန္႔ဆုတ္တြန္႔ဆုတ္ျဖင့္ သေဘာတူလိုက္႐ုံသာ တတ္ႏိုင္ေတာ့သည္။

ညေနဘက္မွာေတာ့ ေဝ့လန္တစ္ေယာက္ ေဝ့႐ႊင္းတို႔အိမ္ဘက္ထပ္သြားခဲ့သည္။ သူ႕ခင္ဗ်ာ ေတာ္ေတာ္ေလးကို စိတ္အေျခအေနေကာင္းေနခဲ့တာေၾကာင့္ ေဝ့႐ႊင္းျပန္လာတာနဲ႔ သူေရးထားသည့္စာအုပ္ေလးကို တယုတယထုတ္ျပေလသည္။

'' ကြၽန္ေတာ္ေရးၿပီးသြားၿပီ '' သူက ထိုသို႔ေျပာရင္း ေဝ့႐ႊင္းအတြက္ စာ႐ြက္ေတြေတာင္လွန္ေပးေနေသးသည္။

ေဝ့႐ႊင္းစာအုပ္ကို လွမ္းယူလိုက္ကာ စာလုံးတစ္လုံးခ်င္းစီတိုင္းကို ေသခ်ာအေလးအနက္ထား၍ ၾကည့္ေနေလသည္။ တဖက္ကတိတ္ဆိတ္ေနတာကိုျမင္ေတာ့ ေဝ့လန္တစ္ေယာက္ ကိုယ့္ဘက္ကိုယ္ယက္သည့္ စကားေကာင္းေလးေတြ ကူေျပာေပးရေတာ့သည္။

'' ကြၽန္ေတာ္ ေသခ်ာဂ႐ုစိုက္ၿပီးေရးထားတာေနာ္ ယြမ္ေ႐ွာင္ဖန္႔က ကစားမယ္ဆိုၿပီးလာေခၚလည္းမလိုက္ဘူး စာေရးတာကိုအေႏွာက္အယွက္ျဖစ္မွာစိုးလို႔ သူစကားလာေျပာလည္း ျပန္မေျပာဘူး သူ႕ကိုလည္းေျပာခြင့္မေပးထားဘူး အတန္းတက္ခ်ိန္ေရာ အတန္းဆင္းခ်ိန္ေရာ စာၿပီးေအာင္ပဲေရးေနခဲ့တာ အထူးႀကိဳးစားထားတာေနာ္ ''

'' ဒါဆို စာသင္ခ်ိန္မွာ စာေတြနားမေထာင္ပဲ ဒါေတြပဲထိုင္ေရးေနတယ္ေပါ့? '' ေဝ့႐ႊင္းကလည္း main pointကို တိတိက်က်ဖမ္းဆုပ္လိုက္ႏိုင္သည္။

ေဝ့လန္မွာေခါင္းေလးတစ္ခါခါျဖင့္

'' အဲ့လိုမဟုတ္ပါဘူး အႏုပညာခ်ိန္ေလ ဆရာက ကြၽန္ေတာ္တို႔ကိုပုံပဲဆြဲခိုင္းထားတာ ဘာစာမွမသင္တာနဲ႔ ကြၽန္ေတာ္လည္းစာပဲထိုင္ေရးေနလိုက္တာ ''

'' အဲ့ဒီ့ေတာ့ ဆရာကပုံဆြဲခိုင္းတာကို ပုံမဆြဲဘူးေပါ့? ''

'' အဲ့ဒါက အိမ္စာေလ ေနာက္အပတ္သူ႕အခ်ိန္ျပန္ေရာက္မွ ထပ္ရမွာ အိမ္က်မွ ဆြဲလိုက္ရင္ရၿပီ '' ေဝ့လန္ကလည္း တစ္မ်ိဳးၿပီးတစ္မ်ိဳး ေခ်ာေခ်ာမြတ္မြတ္ျပန္ေျဖလာခဲ့သည္။

ေဝ့႐ႊင္းကၾကည့္သာၾကည့္ေနၿပီး ဘာမွေျပာမလာေပ။

မေနႏိုင္သည့္ေဝ့လန္ကပဲ

'' ကြၽန္ေတာ္ေရးထားတာေတြဘယ္လိုထင္လဲ ဒီေလာက္ဆိုရလား ''

ေဝ့႐ႊင္း အိမ္စာစာအုပ္ကိုျပန္ငုံ႔ၾကည့္လိုက္ေတာ့ စုတ္ခ်က္တစ္ခ်က္ခ်င္းစီတိုင္းက ေသေသခ်ာခ်ာ၊ ႐ွင္း႐ွင္းလင္းလင္း၊ ေလးေလးနက္နက္ေရးထားမွန္းသိသာလွတာေၾကာင့္ ပုံမွန္ေရးေနက် လက္ေရးေတြထက္ေတာ့ အပုံႀကီးသာေလသည္။ ထို႔အျပင္ ႐ိုး႐ွင္းသည့္စာလုံးေတြကိုပဲ ေ႐ြးေပးထားသည့္အတြက္ အနည္းနဲ႔အမ်ားေတာ့ သူ႕လက္ေရးနဲ႔ဆင္ေနသည္။

'' ရပါေသးတယ္ ''

'' ဒါဆို ကြၽန္ေတာ္ အေပၚထပ္တက္ၿပီးအိမ္စာလုပ္လို႔ရၿပီလား '' ေဝ့လန္ကလည္း ပါးပါးနပ္နပ္ေလးေမးလာခဲ့သည္။

ေဝ့႐ႊင္းက သူ႕ကိုျပန္ၾကည့္ၿပီး

'' မင္းဘယ္လိုထင္လဲ? ''

ေဝ့လန္ကလည္း အ႐ွက္ဆိုတာဘာမွန္းမသိသည့္႐ုပ္ေလးျဖင့္ ျပန္ေျဖလာသည္က

'' ကြၽန္ေတာ္ကေတာ့ရတယ္လို႔ထင္တာပဲ ''

သူဟာ ထိုစကားေျပာေနရင္း ျဖစ္သင့္တဲ့အရာတစ္ခုကိုေျပာေနသလိုမ်ိဳး ေခါင္းေလးတၿငိမ့္ၿငိမ့္ျဖင့္ ကိုယ့္ကိုယ္ကိုယ္ေထာက္ခံမဲေပးေနေလသည္။

ေဝ့႐ႊင္းကေတာ့ ကေလးရဲ႕ေတြးပုံေခၚပုံနဲ႔အျပဳအမူေလးေတြက တကယ္ကို စိတ္ဝင္စားဖို႔ေကာင္းတာပဲဟု ေတြးေနျပန္ေသးသည္။ သူ႕ကိုေမွ်ာ္လင့္ခ်က္ႀကီးစြာ ေမာ့ၾကည့္ေနသည့္ ကေလးေလးကိုၾကည့္ၿပီး ဒီလို ကေလးမ်ိဳးေမြးစားထားရတာလည္း မဆိုးတဲ့အၾကံဉာဏ္တစ္ခုပဲဟုေတြးမိေလသည္။ ေဝ့လန္က ေန႔တိုင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတတ္သည့္ ကေလးတစ္ေယာက္ျဖစ္ကာ တေန႔လုံး လႈပ္႐ွားသက္ဝင္ေနၿပီး သူ႕ဆီကိုပါ စိတ္အပန္းေျဖမႈေတြ ယူေဆာင္လာေပးတတ္သည္။ ထို႔ေၾကာင့္ ဒီကမ႓ာေပၚမွာ ေၾကာင္ေမြးတဲ့လူ႐ွိသလို၊ ေခြးေမြးတဲ့လူ႐ွိသလိုပဲ သူကိုယ္တိုင္ကလည္း ကေလးတစ္ေယာက္ေမြးထားတာက မျဖစ္ႏိုင္တဲ့အရာမဟုတ္ဘူးပဲဟု ေတြးေနမိေလသည္။

တဖက္လူက စကားထပ္မေျပာေတာ့ျပန္တာကိုျမင္ေတာ့ ေဝ့လန္က သတိေပးလာခဲ့သည္။

'' ခင္ဗ်ားမေန႔က ကြၽန္ေတာ္႕ရဲ႕ကပ္ေစးေဘာလုံးေလးကို လက္ခံၿပီးသြားၿပီေနာ္ ''

'' အဲ့ဒီ့ေတာ့? ''

'' ကပ္ေစးေဘာလုံးေလးအလဲအထပ္လုပ္ရတဲ့အဖိုးအခက အေပၚထပ္တက္ၿပီးအိမ္စာလုပ္ဖို႔အတြက္ေလ ခင္ဗ်ားလက္ခံၿပီးၿပီဆိုမွေတာ့ ကြၽန္ေတာ္အေပၚတက္ၿပီးအိမ္စာလုပ္လို႔ရၿပီေပါ့ '' ေဝ့လန္ကလည္းသူ႕အေၾကာင္းျပခ်က္နဲ႔သူဟုတ္ေနေလသည္။

'' ဒါဆို ငါမင္းကိုျပန္ေပးရမလား '' ေဝ့႐ႊင္းကလည္း ကေလးျငင္းမယ္မွန္းသိသိရက္ႏွင့္ တမင္ေမးလာခဲ့သည္။

ေဝ့လန္က အသည္းအသန္လက္ခါျပရင္း

'' လက္ခံၿပီးၿပီဆိုမွလက္ခံၿပီးၿပီေပါ့ ဘာကိစၥနဲ႔ ျပန္ေပးဦးမွာလဲ ခင္ဗ်ားလက္ခံၿပီးၿပီဆိုမွေတာ့ ဒါက သေဘာတူညီခ်က္ပဲ ''

ေဝ့႐ႊင္းမွာ အလ်င္လိုေနသည့္မ်က္ႏွာေလးျဖင့္ အေၾကာင္းျပခ်က္ေတြ႐ွာရင္းအလုပ္႐ႈပ္ေနသည့္ ေဝ့လန္ေလးကိုၾကည့္ၿပီး တကယ္ရယ္ခ်င္စရာေကာင္းသည္ဟု ေတြးလိုက္မိသည္။ သူဘာမွထပ္မေျပာေတာ့ပဲ ေခါင္းကိုငုံ႔ၿပီး ဖိနပ္လဲစီးလိုက္ကာ အေပၚထပ္ကိုတက္ဖို႔ျပင္ေတာ့သည္။

ေဝ့လန္မွာ အေနာက္ကေနတေကာက္ေကာက္လိုက္လာရင္း အရမ္းကိုမွသိခ်င္စိတ္ျဖစ္ေနသည့္ပုံျဖင့္

''ရလား မရဘူးလား ''

'' မင္း မနက္ျဖန္အတြက္ စာလုံးေရးေလ့က်င့္ၿပီးမွ ဆက္ေျပာၾကတာေပါ့ ''

'' ဒါဆို မနက္ျဖန္ေရးတာလည္း ဒီေန႔လို မဆိုးဘူးဆိုရင္ ခင္ဗ်ားခြင့္ျပဳလိုက္ၿပီလို႔ သတ္မွတ္လိုက္မွာေနာ္ ခင္ဗ်ားသာသေဘာတူဖို႔ျပင္ထားေတာ့ ''

ေဝ့႐ႊင္းျပန္လွည့္ၾကည့္လာၿပီး

'' မင္းဆီမွာ ဉာဏ္နီဉာဏ္နက္ေတာ္ေတာ္ေပါတာပဲ ''

ေဝ့လန္ကေတာ့ ျပဳံးၿဖီးၿဖီးျဖင့္ တဖက္လူေျပာတာကို သေဘာတူသလိုမ်ိဳး

'' ႐ွဲ႕႐ွဲ႕ ေကာေကာ ''

ေဝ့႐ႊင္းတစ္ေယာက္ ေဝ့လန္ေတာင္းဆိုသည့္သေဘာတူညီခ်က္ကို ျငင္းဆန္ျခင္းျပဳမေနေတာ့ပဲ သူ႕ကိုရယ္ျပျပဳံးျပေနသည့္ ကေလးေလးအား ခဏေလာက္ရပ္ၾကည့္ေနလိုက္ကာ ျပန္လွည့္ၿပီး အေပၚတက္သြားေတာ့သည္။

ကေလးေလးက ညေနစာမစားခင္အထိ အိမ္စာလုပ္ေနခဲ့သည္။ သူမသိသည့္ေမးခြန္းေတြကိုလည္း ေဝ့႐ႊင္းကိုျပန္ေမးဖို႔ခ်န္ထားလိုက္ကာ ထမင္းစားခ်ိန္ေရာက္လာေတာ့မွ သူမသိသည့္ေမးခြန္းေတြကို ထမင္းစားၿပီးရင္႐ွင္းျပေပးပါဟု ေဝ့႐ႊင္းဆီေတာင္းဆိုလာခဲ့သည္။ တဖက္ကလည္း ဘာမွထပ္မျငင္းလာပဲ သူေျပာတာကိုသေဘာတူလိုက္ေလသည္။ 

အန္တီဝမ္က ဒီေန႔ သူႀကိဳက္သည့္နံ႐ိုးခ်ိဳခ်ဥ္ဟင္း ခ်က္ထားတာေၾကာင့္ ေဝ့လန္တစ္ေယာက္ တစ္တုံးၿပီးတစ္တုံးႏိႈက္စားေနခဲ့သည္။

ေဝ့႐ႊင္း ေဝ့လန္ဘက္ကိုအမွတ္မထင္လွမ္းၾကည့္လိုက္မိခ်ိန္ တဖက္လူရဲ႕ပန္းကန္လုံးထဲမွာ နံ႐ိုးဟင္းေတြကိုသာေတြ႕ေနရၿပီး အသီးအ႐ြက္ဆိုလို႔တစ္ဖက္ကေလးေတာင္မ႐ွိတာကိုျမင္လိုက္ရသည္။ သူ ႏွစ္ခါေလာက္ မသိမသာေသခ်ာေစာင့္ၾကည့္လိုက္ၿပီးခါမွ ေဝ့လန္က နံ႐ိုးဟင္းေတြကိုသာ တဖက္ၿပီးတဖက္ တဖက္ၿပီးတဖက္ ယူစားေနၿပီး တစ္ခုကုန္တာနဲ႔ေနာက္တစ္ခုကို ခ်က္ခ်င္းလွမ္းႏိႈက္ေနသည္အား အတည္ျပဳႏိုင္သြားခဲ့သည္။ သူ သူတို႔ႏွစ္ေယာက္ ထမင္းအတူတူစားသည့္အခ်ိန္ေတြကို မေရမရာျပန္ေတြးၾကည့္လိုက္ေတာ့ သူ႕ရဲ႕ကန္႔သတ္ထားသည့္မွတ္ဉာဏ္ထဲမွာ ေဝ့လန္ကတခ်ိဳ႕ဟင္းေတြကိုသာ ထပ္တလဲလဲႏိႈက္ၿပီးရင္းႏိႈက္တတ္ၿပီး တျခားဟင္းေတြဆို တို႔ေတာင္မတို႔မွန္း အံအားသင့္ဖြယ္သိလိုက္ရေလသည္။

ေဝ့႐ႊင္းေတြးၾကည့္ရသေလာက္ တဖက္လူရဲ႕သူ႕အိမ္ကို ကိုယ့္အိမ္လိုသေဘာထားတတ္သည့္စိတ္ထားနဲ႔ဆို ယဥ္ေက်းမႈအရ ဒါမွမဟုတ္ ႐ွက္႐ြံ႕မႈေၾကာင့္ မႏိႈက္ရဲျခင္းမ်ိဳးမဟုတ္ပဲ ဒီတိုင္းအစားေခ်းမ်ားလို႔ ကိုယ္ႀကိဳက္တဲ့ဟင္းေတြပဲ ေ႐ြးစားေနျခင္းမ်ိဳးျဖစ္လိမ့္မည္ဟု ထင္မိသည္။

နံ႐ိုးဟင္းပန္းကန္ဆီ ထပ္ႏိႈက္ဖို႔လက္လွမ္းေနသည့္ေဝ့လန္၏တူကို ေဝ့႐ႊင္းက သူ႕တူျဖင့္တားဆီးလိုက္တာေၾကာင့္ ေဝ့လန္ခင္ဗ်ာ အူေၾကာင္ေၾကာင္ေလးျပန္ေမာ့ၾကည့္ရင္း

'' ဘာျဖစ္လို႔လဲ ''

ခ်ိဳခ်ဥ္အႏွစ္ေတြေၾကာင့္ သူ႕ပါးစပ္တစ္ခုလုံးက နီရဲေနေလသည္။

''ပါးစပ္ကအဆီေတြသုတ္ ''

ေဝ့လန္ tissue boxကို ဟိုဟိုဒီဒီလိုက္႐ွာလိုက္ေပမဲ့လည္း ေနာက္ဆုံး ေဝ့႐ႊင္းဘက္မွာ႐ွိေနေၾကာင္း ႐ွာေတြ႕သြားတာေၾကာင့္

'' တစ္႐ွဴးကခင္ဗ်ားဘက္မွာ ''

ေဝ့႐ႊင္း တစ္႐ွဴးတစ္႐ြက္ဆြဲထုတ္ၿပီး လွမ္းေပးလိုက္ေတာ့ တဖက္ကလည္း သူ႕ပါးစပ္သူ ပြတ္သုတ္လိုက္ေလသည္။

''ေျပာင္သြားၿပီ ''

စိတ္ေက်နပ္သြားသည့္ ေဝ့႐ႊင္းတစ္ေယာက္ ေဝ့လန္ကို ေမးခြန္းစထုတ္ေတာ့သည္။

'' အန္တီဝမ္က ဟင္းတစ္ခြက္ထဲခ်က္လို႔လား ''

ေဝ့လန္ေခါင္းခါျပသည္။

'' ဒါဆို တျခားဟင္းေတြက အရသာမ႐ွိလို႔လား ''

''မဟုတ္ပါဘူး ''

'' ဒါဆို ငါကမင္းကိုမစားခိုင္းလို႔လား ''

'' အဲ့ဒါလည္းမဟုတ္ပါဘူး ''

'' အဲ့ဒါဆို မင္းက ဘာလို႔ ဒီဟင္းတစ္မ်ိဳးထဲကိုပဲ ထပ္ခါထပ္ခါစားေနရတာလဲ ''

ေဝ့လန္ထိုေမးခြန္းေၾကာင့္ အၾကပ္႐ိုက္သြားေလသည္။ သူက အစားေခ်းမ်ားတဲ့လူျဖစ္တာေၾကာင့္ အသားစားရတာကိုပဲႀကိဳက္ကာ ဟင္းသီးဟင္း႐ြက္စားရတာကိုမႀကိဳက္ေပ။ ပုံမွန္အားျဖင့္ အိမ္မွာ ေဝ့႐ွီး ဒါမွမဟုတ္ ေဝ့မင္တို႔ႏွင့္ ထမင္းအတူတူစားလွ်င္ ထိုႏွစ္ေယာက္က သူ႕ပန္းကန္ထဲဟင္း႐ြက္ေၾကာ္ေတြထည့္ေပးၿပီး သူစားမစားကိုေစာင့္ၾကည့္ေနတတ္သည္။ ေဝ့လန္ကလည္း ငယ္ငယ္ေလးကတည္းက သူ႕စည္းမ်ဥ္းနဲ႔သူေနတတ္သည့္ ကေလးတစ္​ေယာက္ျဖစ္တာေၾကာင့္ သူမႀကိဳက္သည့္ဟင္းေတြျဖစ္ေနလွ်င္ေတာင္မွ သူ႕ပန္းကန္ထဲလာထည့္ေပးထားလွ်င္ သူဘက္ကနာနာခံခံျဖင့္စားေပးလိုက္မည္။ သူ႕ပန္းကန္ထဲလာမထည့္ေပးလွ်င္ေတာ့ တစ္စက္ကေလးေတာင္သြားထိမည္မဟုတ္ပါ။

ေဝ့လန္စိတ္အညစ္ဆုံးကလည္း သူ႕အဖိုး၊သူ႕အေမတို႔ႏွင့္ ထမင္းအတူတူစားရခ်ိန္ျဖစ္သည္။ အဲ့လိုအခ်ိန္မ်ိဳးေတြဆို မႀကိဳက္တဲ့ဟင္းေတြကို မစားခ်င္တဲ့အတြက္ သူ႕ဘက္ကေနၾကံရဖန္ရေတာ့သည္။ ေဝ့႐ွီးနဲ႔ေဝ့မင္တို႔က ထမင္းစားရင္းအလုပ္ဘက္စကားလမ္းေၾကာင္းေျပာင္းသြားလွ်င္ သူ႕ကိုဟင္းထည့္ေပးဖို႔ေမ့ေနတတ္ၿပီး သူတို႔ေဆြးေႏြးခ်င္ရာေတြေဆြးေႏြးေနလိမ့္မည္။ ထိုအခ်ိန္က ေဝ့လန္အတြက္အခြင့္အေရးျဖစ္ကာ သူစားခ်င္တာေတြသာ အားရပါးရႏိႈက္စားေနမည္ျဖစ္သည္။ အဖိုးနဲ႔အေမက သူ႕ကိုသတိရသြားၿပီး သူ႕ဆီဟင္းထည့္ေပးဖို႔လည္းျပင္ေရာ သူက ''ဗိုက္ဝၿပီ''ဟု အက်ယ္ႀကီးေအာ္ရင္း ထမင္းစားပြဲကေနသုံးေပေလာက္ကြာေအာင္ခုန္ထြက္လာကာ မႀကိဳက္တာေတြစား​ရသည့္ အျဖစ္ကေန ထိုကဲ့သို႔ လိမၼာပါးနပ္၊ဂုဏ္ယူစြာ ေ႐ွာင္ေ႐ွာင္ထြက္ေနၾကျဖစ္သည္။

သူ ေဝ့႐ြင္းတို႔အိမ္ လာလာေနရတာကိုႀကိဳက္သည့္ အဓိကအေၾကာင္းအရင္းထဲမွာလည္း ထမင္းစားသည့္အခ်ိန္တစ္ခ်ိန္ပါဝင္သည္။ ေဝ့႐ႊင္းနဲ႔ထမင္းအတူတူစားလွ်င္ တဖက္လူက သူဘာပဲႏိႈက္စားစားစိတ္ဝင္စားျခင္း၊ဂ႐ုစိုက္ျခင္းမ႐ွိတာေၾကာင့္ သူစားခ်င္ရာကို အထိန္းအကြပ္မ႐ွိပဲ ယူစားလို႔ရေလသည္။ သူ ဒီလိုအေျခအေနေလးကို ထာဝရတည္ၿမဲေနလိမ့္မည္ဟု ေတြးထင္ထားခဲ့ေသာ္ျငား ၾကည့္ရသေလာက္ေတာ့ ေဝ့႐ႊင္းက ေစာေစာစီးစီး႐ွာေတြ႕သြားသည့္ပုံပင္။

ေဝ့လန္တစ္ေယာက္ လိပ္ျပာမလုံသလိုမ်ိဳး ေျခာက္ကပ္ကပ္ႀကီး ဟားဟားဟားဟားထရယ္လိုက္သည္အား ေဝ့႐ႊင္း တိတ္တိတ္ဆိတ္ဆိတ္ေလးထိုင္ၾကည့္ေနခဲ့သည္။

'' ဘာလို႔လဲဆိုေတာ့ ဒီနံ႐ိုးခ်ိဳခ်ဥ္က အရမ္းစားေကာင္းေနလို႔ေလ ေကာေကာလည္းတစ္ခုေလာက္ျမည္းၾကည့္ပါလား တကယ္စားလို႔ေကာင္းတာ ''

သူ ေဝ့႐ႊင္းအတြက္ အသားတစ္ဖက္လွမ္းယူလိုက္ကာ တဖက္လူရဲ႕ထမင္းပန္းကန္ထဲထည့္ေပးၿပီး ျမည္းၾကည့္ၾကည့္ဖို႔ မ်က္လုံးျဖင့္အခ်က္ျပေနေလသည္။

ေဝ့႐ႊင္းကလည္း ကေလးဆႏၵအတိုင္း တစ္ကိုက္ျမည္းၾကည့္လိုက္ၿပီးေနာက္

'' မဆိုးပါဘူး ''

'' ဟုတ္တယ္မလား? '' ေဝ့လန္ကလည္း သူ႕ကိုယ္သူကာကြယ္ဖို႔အတြက္ အသည္းအသန္ေျဖ႐ွင္းခ်က္ေပးေလသည္။ '' အဲ့ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္လည္းမတတ္သာပဲ နည္းနည္းေလာက္ပိုစားမိတာပါ ''

'' မင္းကိုယ္မင္းလည္းပိုစားမိမွန္းသိတယ္ေပါ့? ဒါေပမဲ့ တျခားဟင္းေတြ ဒီေလာက္အမ်ားႀကီးက်န္ေသးတာ ဒါေတြကိုေရာ ဘယ္လိုလုပ္သင့္တယ္လို႔ထင္လဲ ''

ေဝ့လန္တစ္ေယာက္ မ်က္ႏွာငယ္ေလးျဖင့္

''က်ိန္းေသေပါက္ ေကာေကာအတြက္ ခ်န္ထားသင့္တာေပါ့ ''

'' ဒီေလာက္ေတာင္သိတတ္တာလား? '' ေဝ့႐ႊင္းကလည္း ေဝ့လန္ရဲ႕စိတ္ဓာတ္က်ေနသည့္မ်က္ႏွာငယ္ေလးကိုၾကည့္ၿပီး ႐ႊင္ျမဴးစြာေမးလာခဲ့သည္။

ေဝ့လန္မွာ ေခါင္းေလးၿငိမ့္ကာၿငိမ့္ကာျဖင့္ ကိုယ့္ကိုယ္ကိုယ္ျပန္ခ်ီးက်ဴးဖို႔လည္းမေမ့။

'' ဟိုးအရင္ကတည္းက သိတတ္တာပါေနာ္ ''

ေဝ့႐ႊင္းတစ္ေယာက္ လက္သင့္မခံခ်င္ေပမဲ့လည္း လက္သင့္ခံခ်င္ေယာင္၊ လိုက္ေလ်ာခ်င္ေယာင္ေဆာင္ေနသည့္ ေဝ့လန္ရဲ႕ထိုကဲ့သို႔ပုံစံေလးကိုၾကည့္ၿပီး တစ္မ်ိဳးေလးခ်စ္ဖို႔ေကာင္းတာပဲဟု ေတြးမိျပန္ေလသည္။ သူ ႐ွား႐ွားပါးပါးျပဳံးမိသြားကာ အခုအခ်ိန္အထိ သူ႕ကိုယ္သူ အစားေခ်းမ်ားေၾကာင္း ဝန္မခံခ်င္ေသးေသာ ကေလးေလးကိုၾကည့္ၿပီး ညင္သာသည့္ေလသံျဖင့္

'' သိတတ္တဲ့ကေလးဆိုမွေတာ့ ဆုခ်ရမွာေပါ့ ''

'' ဥပမာ အေပၚထပ္တက္ၿပီး အိမ္စာလုပ္ခြင့္ေပးတာမ်ိဳးလား '' ေဝ့လန္ကလည္း ေလွကားခ်ေပးလာတာနဲ႔ တန္းတက္ၿပီးသားပင္။

ေဝ့႐ႊင္းက ေခါင္းခါျပလိုက္ကာ တူကို ေကာက္ကိုင္ၿပီး မေႏွးလြန္းမျမန္လြန္း တည္ၾကည္ေအးေဆးေသာအမူအရာျဖင့္ မုန္ညင္း႐ြက္ေၾကာ္အခ်ိဳ႕အား ေဝ့လန္ပန္းကန္လုံးထဲညႇပ္ထည့္ေပးလိုက္ၿပီးေနာက္

'' ဥပမာ ဟင္းေတြကူထည့္ေပးတာမ်ိဳးေပါ့ ''

ေဝ့လန္ သူ႕ပန္းကန္ထဲက မုန္ညင္း႐ြက္ေတြကိုၾကည့္ၿပီး ခံစားခ်က္မေကာင္းေတာ့ေပ။

တဖက္လူရဲ႕အသိစိတ္မကပ္သည့္အေျခအေနကို အခြင့္ေကာင္းယူၿပီး ေဝ့႐ႊင္းတစ္ေယာက္ တျခားအရံဟင္းေတြကိုလည္း တစ္မ်ိဳးၿပီးတစ္မ်ိဳးေကာက္ထည့္ေပးေနေလသည္။

ထိုအခါမွ အသိစိတ္ျပန္ကပ္လာသည့္ေဝ့လန္တစ္ေယာက္ သူ႕ပန္းကန္သူလက္နဲ႔အုပ္ကာရင္း ထေအာ္ေတာ့သည္။

''ေတာ္ၿပီ ေတာ္ၿပီ လုံေလာက္ၿပီ ကြၽန္ေတာ္မစားႏိုင္ပဲေနေတာ့မယ္ ဒီေလာက္ဆိုရၿပီ ေကာေကာ ''

ေဝ့႐ႊင္းမွာ အသက္သဖြယ္ကာကြယ္ခံထားရသည့္ ပန္းကန္လုံးေပၚက လက္ႏွစ္ဖက္ကိုၾကည့္ၿပီး

''လက္ကိုဖယ္လိုက္ ''

ေဝ့လန္ေလးခင္ဗ်ာ ေဝ့႐ႊင္းကို သနားခ်င့္စဖြယ္ေမာ့ၾကည့္ရင္း

''တကယ္မ်ားေနတာပါ ''

'' မင္းပုံမွန္ဆိုဒီေလာက္အစားမနည္းပါဘူး ''

'' ကြၽန္ေတာ္ဒီေန႔ဗိုက္မဆာလို႔ပါ '' ေဝ့လန္ အျမန္ျပန္ေျဖလာခဲ့သည္။

'' ခုနက အန္တီဝမ္ ဟင္းပြဲေတြလာခ်ေတာ့ မင္း ငါ့ကိုဘာေျပာလိုက္သလဲ ''

ေဝ့လန္ : ''............''

ေဝ့႐ႊင္း ညင္ညင္သာသာေျပာလာသည္က

'' မင္းေျပာတာေတာ့ ဒီေန႔ လက္ေရးလွေလ့က်င့္ရတာအရမ္းပင္ပန္းလြန္းလို႔ အရင္ေန႔ေတြကထက္မ်ားမ်ားပိုစားမယ္ဆို ''

ေဝ့လန္ : ''..............''

ေဝ့လန္ သူ႕လက္ေလးသူ တိတ္တိတ္ကေလးျပန္ဖယ္လိုက္ရသည္။ သူ ဒီေန႔ ယြမ္ေ႐ွာင္ဖန္႔ကို စကားမေျပာရဘူးဆိုၿပီး အႏိုင္မက်င့္ခဲ့သင့္ဘူး! အခုေတာ့ သူကိုယ္တိုင္ေတာင္ ဆြံ႕အေနခဲ့ၿပီ!

ေဝ့႐ႊင္း ဒီေန႔ခ်က္သည့္ အသီးအ႐ြက္ေၾကာ္ေတြအားလုံး ေဝ့လန္ပန္းကန္ထဲ စိတ္ႀကိဳက္ထည့္ေပးၿပီးကာမွ

'' ဟုတ္ၿပီ ထမင္းဆက္စားရေအာင္ ''


『 စာေရးသူမွာ ေျပာစရာ႐ွိတယ္ :

ေဝ့လန္ : မစားခ်င္ဘူးလို႔! လာ့က်ီးေကာေကာ*ဘိုင့္ဘိုင္!

(T/N: ၾကက္အစပ္လိုအစ္ကို a.k.a အမိႈက္လိုအစ္ကို)

ေဝ့႐ႊင္း : အေပၚထပ္တက္ၿပီးအိမ္စာမလုပ္ခ်င္ေတာ့ဘူးလား? 』

________________________________

ဒီဘာသာျပန္သူမွာလည္းေျပာစရာ႐ွိတယ္ : ဒီေန႔ ပုံမွန္ဘာသာယူျပန္တဲ့ raw siteက errorတက္ေနလို႔ ေနာက္တစ္siteကယူျပန္မွပဲ ေနာက္siteက လင္းအန္႔စီး(မူရင္းေအာ္သာ)ရဲ႕ foot noteေလးေတြထည့္ေပးထားမွန္းသိတယ္ကြယ္။ အာသာက အပိုဒ္တိုင္းမွာ အဲ့လိုေလးေတြ ထည့္ေပးပုံပါပဲ။ တို႔အရင္ျပန္တဲ့siteက အဲ့ဒါေလးေတြကို ျဖတ္ခ်ထားတာ ခ်င္းခ်ီတို႔ကေတာ့ အားမွ ဒီလို [作者有话要说 ( စာေရးသူမွာ ေျပာစရာ႐ွိတယ္) ] ဆိုတဲ့စာပိုဒ္ေလးေတြ လိုက္ထည့္ေပးမယ္ေနာ္ ေဝ့လန္တို႔ကေတာ့ အပိုင္းမမ်ားေသးတဲ့အတြက္ အခုပဲ လိုက္ထည့္ထားပါတယ္ အားရင္ေနာက္တစ္ေခါက္ျပန္ဖတ္ၾကည့္ပါဦး႐ွင့္။

ကပ္ေစးေဘာလုံး


Seguir leyendo

También te gustarán

1.1M 44.7K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
957K 36.2K 86
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
340K 16.4K 77
Kang y/n was always been the black sheep of the family. Overshadow by her extremely talented, gorgeous sister Roseanne . Who has the world revolve a...
1.1M 49.3K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC