Dear Ko Ko ( Complete)
sunray9597 tarafından
32.1K 2.1K 1.6K
မောင်သာ ကိုကို ကို သစ္စာဖောက်ခဲ့ရင်..ကိုကို နာကျင်အောင်လုပ်မိခဲ့ရင်..မောင့်တစ်ဘဝလုံး အထီးကျန်ဆန်ပြီး နာကျင်မှ... Daha Fazla
Dear Ko Ko (Intro )
Part -1
Part -2
Part -3
Part -4 ⚠️
Part -5
Part -7
Part -8
Part-9
Part -10
Part -11
Part -12
Part -13
Part -14
Part -15
Part -16
Part -17
Part -18
Part -19
Part -20
Part -21
Part -22
Part -23
Part -24
Part -25
Part -26
Part -27
Part -28
Part -29
Part -30
Part -31
Part -32
Part -33
Part 34
Part -35 ( Final-1)
Part -36 ( Final -2 ) Main Final
Dear Ko Ko's Reasons Of Creation
Part -6
772 56 76
sunray9597 tarafından
# Unicode #
အားလုံးချက်ပြုတ်ပြင်ဆင်ပြီးသွားတော့...ရေချိုးပြီး..မောင့်ကို ထမင်းသွားပို့ဖို့ပြင်လိုက်သည်။မောင့်မာမီက စိတ်မချတာမို့ အိမ်က ဒရိုင်ဘာနဲ့ မောင့်ကုမ္မဏီကို လိုက်ပို့ခိုင်း၏။
ကုမ္မဏီရောက်တော့...ဒရိုင်ဘာက မောင့် မာမီဝယ်ခိုင်းတာ‌တွေ ဝယ်ဖို့ ထွက်သွားသဖြင့်...သူတစ်ယောက်တည်းသာ မောင့်ကုမ္မဏီတည်း ဝင်လိုက်သည်။ လက်တစ်ဖက်စီတွင် လေးဆင့်ချိုင့် တစ်လုံးစီ ဆွဲထားပြီး... မောင့်ကို ဖုန်းခေါ်တော့လည်း..မကိုင်သဖြင့် စာပို့ထားတာလည်း..seen မပြတာကြောင့်... reception..ကိုသာ သွားလိုက်၏။
သွားသာသွားရတာ သူဘယ်လိုပြောရမှန်းမသိပေ...ပထမဦးဆုံးအကြိမ် အဖော်မပါဘဲ တခြားသူတွေနဲ့ ဆက်သွယ်ရမှာမလား ..
" ဘာများ ကူညီပေးရမလဲ ဧည့်သည်.."
ဝန်ထမ်းမလေးက အပြုံးချိုချိုလေးနဲ့ မေးလာတော့ သူခေါင်းခါပြလိုက်သည်။
"ဘယ်သူ့ကိုတွေ့ချင်လို့လဲ...နာမည်တစ်ချက်ပြောပေးပါနော်..."
ဝန်ထမ်းမလေး ပြောတဲ့စကားကို နားလည်အောင် ပါးစပ်ကိုသာ စိုက်ကြည့်နေလိုက်သည်။ လွယ်တော့မလွယ်..မကြားရနာကြောင့် စူးစိုက်ပြီး ပါးစပ်လှုပ်တာကို ကြည့်နေမိသည်။
" ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲရှင်.."
"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ ရှင်.."
*~.........~*
နားလည်သွားတော့....ချိုင့်တွေကို ကောင်တာပေါ်တင်ပြီး အဲ့မှာရှိတဲ့ စာရွက်နဲ့ဘောပင်ယူကာ ရေးပြလိုက်သည်။
*~.မောင့်ကို နေ့လည်စာ လာပို့တာပါ.~*
" မောင်...ဘယ်က မောင်လဲ.."
*~.................~*
ဝန်ထမ်းမလေးက သူ့စာကိုဖတ်ပြီး မျက်မှောင်ကျုံပြီးမေးတော့ သူမှ မကြားရတာ..ဘယ်လိုဖြေရမလဲ.....မျက်နှာကြည့်ရုံနဲ့ သူ့ရေးတဲ့စာအပေါ် နားမလည်မှုတွေနဲ့သူ့ကို စိတ်မရှည်မှုတွေ အတိုင်းသားမြင်နေရသည်။
" ဟဲ့..ကြည့်ရတာ စကားလည်းမပြောတတ်ဘူးထင်တယ်ပြီးတော့ နားလည်းမကြားဖူးလားမသိဘူး.."
"အေးဟဲ့...ပုံစံလေးက ချစ်စရာလေးပေမဲ့ သနားစရာလေးနော်..."
"အဲ့မှာ ဘာတွေဖြစ်နေတာလဲ..."
ဒေါက်မြင့်ဖိနပ်သံ တချွင်ချွင်နဲ့ အထက်စီးလေသံမျိုးနဲ့ reception..ကို လျှောက်လာပြီး မေးလာတဲ့သူကြောင့်...ဝန်ထမ်းတွေ ခေါင်းငုံ့လိုက်ကြ၏။ဘာကြောင့်လဲဆိုတော့..သူက ကုမ္မဏီရဲ့ ရှယ်ယာဝင်တစ်ယောက်ဖြစ်နေလို့ပါဘဲ...ပြီးတော့ သူတို့ CEO..ကိုလည်း ကြိုက်နေတဲ့အပြင်...သူနဲ့ အဆင်မပြေရင် အလုပ်ထွက်ရအောင်လုပ်တတ်တဲ့သူမျိုးပင်...
" မမလေး..ဟို...ဒီ ကောင်လေးက..မောင်နဲ့ တွေ့ချင်လို့ဆိုပြီးစာရေးပြနေလို့..မောင်က ဘယ်သူလဲလို့မေးနေတာပါ..."
ခေါင်းငုံပြီး မေးတာကိုဖြေလာတဲ့ ဝန်ထမ်းမလေး...
"ရုပ်လေးကြည့်တော့ သနားကမားနဲ့...ရှုပ်ရှုပ်ယှက်ယှက်တွေလာလုပ်နေတယ် ...ပြောစမ်း ဘယ်က မောင်လဲ..."
ရုတ်တရပ် သူ့ဘေးနားရောက်လာတဲ့ မိန်းကလေးတစ်ယောက်က သူ့ကိုကြည့်ပြီး ပြောနေတဲ့စကားတွေက မိန်းကလေးမျက်နှာကြည့်ရုံနဲ့ သူ့ကို အော်ငေါက်နေမှန်းသိသာလှသည်။ ပတ်ဝန်းကျင်ကို မသိမသာကြည့်ပြန်တော့လည်း အားလုံးက သူတို့ကို ဝိုင်းကြည့်နေကြ၏။ကြောက်ရွံ့လာစိန်ကြောင့် မျက်ရည်တွေဝဲလာသည်။
"ဟဲ့ အကောင်!..ဖြေလေ အနေလို့လား..ဟမ်! ..နားကန်းနေလား...မဖြေရင် လုံခြုံရေးခေါ်ပြီး..ဆွဲထုတ်ခိုင်းလိုက်မယ်.."
*~........~*
သူ့ကို လက်ညိုးထိုးကာ ပြောနေတဲ့ မိန်းကလေးကြောင့် စိတ်ထဲဝမ်းနည်းလာပြီး ကြောက်ရွံ့လာသည်။ မျက်ရည်လည်း အလိုလိုဝိုင်းလာ၏။
" မမလေး..ဟန်နာ...သူက ဆွံ့အနားမကြားထင်တယ်..ကျွန်မတို့ပြောတာကို တောင်စာဘဲရေးပြတာပါ.."
" သူက အ နေတာလား.."
"မင်းတို့လုံခြုံရေးတွေက ဘာလုပ်နေလို့ ကုမ္မဏီကို အ အ တစ်ယောက်ဝင်တာတောင်မသိရတာလဲ..ကင်မ်သိရင်..အကုန်လုံးကို အလုပ်ထုတ်လိမ့်မယ်.."
"ဟို...ဟို..CEO ကိုတော့ ပြန်မပြောပါနဲ့ ကျွန်မတို့သူကို ဘယ်သူ့လာတွေ့တာလဲ မေးလိုက်ပါ့မယ်.."
ဝန်ထမ်းမလေးက ပြာပြာသလဲ...စာရွက်မှာရေးပြီး...ဂျောင်ဂုကိုပေးလိုက်သည်။
*~.မောင်ဆိုတာ...နာမည်ဘယ်လိုခေါ်လဲ..ဘယ်ဌာနကလဲ .~*
*~.ကင်မ်ထယ်ယောင်းပါ...ကျွန်တော်နဲ့ လက်ထပ်ထားတဲ့ သူပါ.~*
သူ့စာကြောင့် ဝန်ထမ်းမလေးနှစ်ယောက်က ကြောင်အသွားသည်။ အံ့ဩသွားတာဆိုပိုမှန်မည်။
"ရုပ်တွေက ကြောင်တောင်ဝောာင်နဲ့...ပေးစမ်းငါ့ကို...ဘာတွေရေးပြထားလို့~.."
စာဖတ်ပြီး ပါးစပ်အဟောင်းသားဖြစ်နေကြတဲ့...ဝန်ထမ်းနှစ်ယောက်လက်ထဲက စာရွက်ကို ဆွဲယူပြီး...ကြည့်လိုက်တော့ ပြောလက်စ စကားတောင် ရပ်သွားသည်။
တကယ်ထင်မထားဘူး...ကင်မ်လက်ထပ်ထားတဲ့သူက ဆွံ့အနားမကြား တစ်ယောက်မှန်း...လက်ထပ်ထားမှန်းတော့သိပေမဲ့။ အကျယ်တဝင့်မရှိတာကြောင့် ကင်မ်က မနှစ်သက်ဘူးထင်ပြီး သူက ကင်မ့်ကို လက်မလျှော့သေးတာ..လက်စသတ်တော့ ကင်မ်က သူယူထားနာ အအ ကြီးမှန်းလူသိမှာဆိုးလို့ လက်ထပ်ပွဲကို အကျဉ်းချုံးလုပ်ခဲ့တာဘဲ...
တောက်စ်! သူ့မှာဘာတွေ အပြစ်အနာဆာရှိနေလို့ .ကင်မ်က အအတစ်ယောက်ကို လက်ထပ်ရတာလဲ...ဟင်း ..ရုပ်လေးကချောပေမဲ့ အနေတော့ခက်သား...တွေ့မယ် ကင်မ့်အနားက ခွာသွားအောင် ဆောက်ရှက်ခွဲပြမယ်...
" ဟက်!..ကင်မ်က အအတစ်ယောက်ကိုလက်ထပ်ထားတာလား..ဟား...ဟား..."
"မင်းတို့....CEO က ဆွံအနားမကြားတဲ့သူနဲ့ လက်ထပ်ထားတာလား..."
တဟားဟားအော်ရယ်ပြီးပြောနေတဲ့စကားတွေက သူ့ကိုရော မောင့်ကိုပါ ထိခိုက်ပြီးပြောနေမှန်းသိသည်။သူ့ကို ငအ တစ်ယောက်လိုပြောတာကို လက်ခံတယ်..ဒါပေမဲ့ မောင့်ကိုတော့ မပြောကြပါနဲ့ သူ့ကြောင့် မောင်သိက္ခာကျမှာမလိုလားဘူး...ဝန်ထမ်းတွေက သူ့ကိုရော ထိုမိန်းကလေးကိုပါ ဝိုင်းကြည့်နေကြသည်။
"ကြည့်ပါအုံး ..နားလည်တယ် ထင်တယ်..မျက်ရည်လေးတွေဝဲလို့...အရူးချီးပန်းလာလျှောက်ပြောနေတယ်..သူ့လို ငအက..ကင်မ့်ရဲ့ အသုံးဝောာ်ခံလောက်ဘဲ ဖြစ်လာမှာပေါ့...ကင်မ်က လက်ထပ်ပါ့မလား...နင်တို့က ယုံတယ်ပေါ့...ဟား.... ဟား..... ဟား..... "
ဟန်နာ့စကားကြောင့် ဝန်ထမ်းတွေက သူ့ကို ရွံ့ရှာသလိုကြည့်လာ၏။သူက ညာပြီး လာသလိုကြည့်နေကြသည်။
"ဆွံ့အနားမကြားတစ်ယောက်ကို မင်းတို့ CEO ကလက်ထပ်ထားတာတဲ့ ကင်မ်ရဲ့ သိက္ခာတော့မရှိတော့ပါဘူး..လူတောမတိုးတဲ့ ခင်ပွန်းတစ်ယောက်နဲ့ လက်ထပ်ထားရလို့လေ..ဟုတ်တယ်မလား...မင်းက အဲ့လို ဖြစ်စေချင်လို့ လာလိမ်နေတာလား...ကင်မ့်ရဲ့ အရှက်ကိုခွဲဖို့လေ .."
*~.ကျွန်တော့်ကိုပြောချင်ပြောပါ မောင့်ကို ဆွဲမထည့်ပါနဲ့.~*
" ဟက်!...ယုတ္တိမရှိတာကို လာလိမ်နေတယ်..."
*~.ဟင့်အင် ငါ မလိမ်ဘူး...ပြီးတော့ ငါဒီကိုလာတာ မောင့်ကို အရှက်ရစေဖို့ မရည်ရွယ်ပါဘူး.~*
ဂျောင်ဂု ငိုပြီး.. စိတ်ထဲကပြန်ပြောနေသော်လည်း အပြင်မှာစကားတစ်လုံးမှတောင်ထွက်မလာ...ပထမအဆုံးအကြိမ် ကိုယ့်ဘဝကိုယ် အားမလိုအားမရ ဖြစ်မိတာပင်...သူပြောချင်တာကို သူ့မျက်လုံးလေးတွေကနေ နားလည်အောင် ကြည့်ပေးကြပါ..မျက်လုံးပေါင်းသောင်းခြောက်ထောင်ရဲ့ ရွံ့ရှာတဲ့အကြည့် အထင်သေးတဲ့ အကြည့်တွေနဲ့ ရှေ့ကမိန်းကလေးရဲ့ စော်ကားတဲ့ စကားလုံးတွေကိုသူ မကြားပေမဲ့ နားလည်သည်။
*~.မောင်!...ငါ့ကို လာခေါ်ပါ...မောင်...ငါကြောက်တယ်.~*
ငုတ်တုတ်ထိုင်ချပြီး မျက်နှာပေါ်လက်အုပ်ကာ ငိုနေမိတဲ့သူ...သူစကားမပြောတတ်တာ သူနားမကြားတာ အဲ့လောက်တောင် လူအထင်သေးခံရတာလား....သူလည်း လူတစ်ယောက်ဘဲ စကားမပြောတတ်ရုံ နားမကြားရုံနဲ့ အပြစ်ပယ်ခံရပြီး အနှိမ်ခံနေရမှာလား...အဲ့လိုလူတွေကြောင့် ပါးပါးတို့က သူ့ကို အိမ်ပြင်မထွက်ခိုင်းခဲ့တာလား...
" ဒီမှာ...မဟုတ်တာတွေလာပြောမနေနဲ့ ထွက်သွား အခု..."
သူ့မျက်နှာကို ပါးကနေ ဆွဲညစ်ပြီး မော့ခိုင်းကာ..ပြောလာတဲ့ ထိုမိန်းကလေး...သူ့ကို ထွက်သွားခိုင်းနေတာ...ဟင့်အင် လုံးဝမသွားဖူး...မောင့်ကို ထမင်းပို့ရအုံးမှာ...
သူငိုနေရင်း ခေါင်းခါပြတော့....ထိုမိန်းကလေးက သူ့ပါးကို အားထည့်ပြီး ညစ်လာတာကြောင့် ပါးပြင်က နာကျင်လာပြီး လက်ချောင်းရာတွေ ထင်တော့မှာ အသေချာပင်...
" လုံခြုံရေးတွေခေါ်လိုက်...ပြီးရင် ဆွဲထုတ်သွားလိုက်!.."
သူ့မျက်နှာကိုစေ့စေ့ကြည့်ပြီး ပြောလိုက်တဲ့စကားကိုသူနားလည်တာကြောင့် ခေါင်းကို ခါရမ်းပြီး မလုပ်ဖို့ပြောနေမိသည်။
*~.ဟင့်...မလုပ်ပါနဲ့ မောင့်ဆီကိုလာတာပါ...မောင်ရေ.....ကိုကို့ကို ကယ်ပါအုံး...~*
သူပြောနေတဲ့ အသံက လုံးဝထွက်မလာပေ...အသံကုန်အော်ဟစ်နေသော်လည်းတကယ်တမ်းကျတော့ တိုးတိုးလေးတောင် ထွက်မလာ...
ထောင်ထောင်မောင်းမောင်းနဲ့ လုံခြုံရေးဝတ်စုံဝတ်လာတဲ့ လူနှစ်ယောက် ယောက်လာပြီး..သူ့ကို ဆွဲ ထုတ်ဖို့လုပ်နေတာကြောင့်ငုတ်တုတ်ထိုင်နေရင်းကနေ ဖင်ထိုင်ချလိုက်ပြီး နောက်ဆုတ်သွားနေမိသည်။
"ရပ်လိုက်ကြစမ်း!! "
ထယ်ယောင်း နိုင်ငံခြားက ကုမ္မဏီ တစ်ခုနဲ့ ချိတ်ဆက်ပြီး အလုပ်စကားပြောနေတာကြောင့် ဖုန်းကို silent လုပ်ထားသဖြင့် ကိုကိုဖုန်းခေါ်ထားတဲ့ အသံကိုလည်းမကြားမိသလို မက်ဆေ့ခ်ျလည်း မကြည့်မိ...အလုပ်ကိစ္စပြီးမှ ဖုန်းကို ဖွင့်ကြည့်တော့..ကိုကို့ရဲ့ miss call နဲ့...ကိုကိုရောက်နေပြီ...မောင်...ဆိုတဲ့စာလေးတွေ့လို့ ရုံခန်းကနေ ပြေးလာခဲ့တာ.. reception..နားရောက်တော့ လူလည်းအုံနေသလို...လုံခြုံရေးတွေကိုပါတွေ့လိုက်တာကြောင့် ပြဿနာဖြစ်နေတာထင်ပြီး သွားကြည့်လိုက်တာ...ကိုကို့ကို ဆွဲထုတ်ဖို့ပြင်နေကြပြီး..ကိုကိုက ဖင်ထိုင်လျက်ကနေ နောက်ဆုတ်ကာ သူ့ကိုမလုပ်ဖို့ ခေါင်းလေးတစ်ခါခါနဲ့ ငြင်းနေပြီး ငိုလည်းငိုနေသည်။
ဘာမှ မမြင်နိုင်အောင် ကိုကို့ရဲ့ မျက်ရည်တွေကြောင့် ပြာယာသွားကာ အသံကျယ်ကြီးနဲ့ တားလိုက်မိ၏။သူ့အသံကြားတော့ ဝန်ထမ်းတွေက ရပ်သွားကြပြီး ခေါင်းငုံ့သွားကြသည်။ ဟန်နာကလည်း..ရုတ်တရပ်ကြီး ရောက်ချလာတဲ့ ထယ်ယောင်းကြောင့် မျက်နှာပျက်သွား၏။ကင်မ်နဲ့လပ်ထပ်ထားတဲ့သူ့ကို ပညာကောင်းကောင်းပေးချင်လို့တမင် နှိမ်ပြီး ဆွဲထုတ်ခိုင်းကာမှ ကင်မ်က ရောက်လာရတယ်လို့...
"အဲ့ဒါ ဘာလုပ်နေကြတာလဲ!..ဟမ်!!.."
ကိုကို ကို ပြေးပွေ့ပြီး ရင်ခွင်ထဲ ထည့်ထားကာ...ဝန်ထမ်းတွေကို မေးလိုက်သည်။ထယ်ယောင်းရဲ့..မျက်နှာကျောကြီးက တင်းမာကာ..မေးရိုးကြီးတွေက ထောင်နေသဖြင့် ဒေါသ အတော်ထွက်နေမှန်းသိသာလှသည်။
သူ့ရင်ခွင်ထဲက ကိုကိုက အားကိုးရာ ရသွားသည့်နှယ်...ရင်ခွင်ထဲ မျက်နှာဝှက်ကာ တသိမ့်သိမ့်ငိုနေ၏။ကိုကို့ မျက်နှာက လက်ရာတွေရော....သူ့အင်္ကျီစကို စိုစွတ်လာတဲ့ မျက်ရည်တွေကြောင့် ထယ်ယောင်းရဲ့ ဒေါသက အထွဋ်ထိပ်ရောက်သွားသည်။
" မင်းတို့ကို ဘယ်သူက ဆွဲထုတ်ခိုင်းလို့ လုပ်တာလဲ!."
" .................. "
"ဖြေလေ..ဘာကြောင့် စောက်ပါးစပ်တွေက ပိတ်နေတာလဲ..."
ထယ်ယောင်းရဲ့ အသံက ကုမ္မဏီ တစ်ခုလုံး လွှမ်းသွား၏။
" မမလေး..ဟန်..ဟန်နာက ဆွဲထုတ်ခိုင်းတာပါ.."
လုံခြုံရေးတစ်ယောက်ရဲ့ စကားကြောင့် ထယ်ယောင်းရဲ့ အစိမ်းလိုက်စားတော့မလိုအကြည့်တွေက ဟန်နာ့အပေါ်ရောက်သွား၏။
"လီဟန်နာ...မင်းက ဘာသဘောနဲ့ ခိုင်းရတာလဲ... "
"............. "
"ဖြေလေ!.."
မဖြေဘဲ နေတဲ့ ဟန်နာ့ကြောင့် ထယ်‌ယောင်း အော်လိုက်သည်။
" မင်းမဖြေဘူးပေါ့ ရတယ်...ဟိုတစ်ယောက် ဖြစ်ပျက်သမျှ ငါ့ကို အကုန်ပြော..! "
ဝန်ထမ်းတစ်ယောက်ကို လက်ညိုးထိုးပြီးမေးလိုက်တဲ့ ထယ်ယောင်း...
"ဟို..ဟို...ဒီ..ဒီက သူက..စာရေးပြီး..မောင်နဲ့ တွေ့ချင်တယ်လို့..ပြော..ပြောတော့...ကျွန်မတို့လည်း ပြန်ပြီးမေးတော့ သူက C..CEO..ရဲ့ နာမည်ကို ပြောပါတယ်...အဲ့ဒါ..မမလေး ဟန်နာက..သူညာနေတာဆိုပြီး ဆွဲထုတ်ခိုင်းတာပါ..."
"မင်းတို့က သူပြောတိုင်းလုပ်ရအောင်..သူက လစာပေးထားတာလား..ပြီးတော့ ကိုကို ကိုယ်တိုင်က ငါ့ခင်ပွန်းပါလို့ပြောတာကို မင်းတို့က..မယုံဘဲ..ဆွဲထုတ်တာကို ဝိုင်းတောင် ကြည့်နေလိုက်သေးတယ်..."
"အဲ့...အဲ့ဒါက...သူက ဆွံ့အနားမ..မကြားဆိုတော့လေ...မမလေး ပြောသလို အမှန်ထင်...~..."
"တော်!...တောက်စ်!...မင်းတို့နဲ့ ပြီးမှ ရှင်းမယ်...လီဟန်နာ..ဒီနေ့ကစပြီး ငါ့ကုမ္မဏီက မင်းရဲ့ ရှယ်ယာတွေကို ပြန်ထုတ်သွား..ပြီးတော့ မင်းမြဲမြဲ မှတ်ထား..ကိုကို့ ဆွံ့အနားမကြားဖြစ်လည်း ငါချစ်လွန်းလို့ လက်ထပ်ထားတဲ့ တရားဝင် ခင်ပွန်းဘဲ...နောက်ဆုံးအကြိမ်သတိပေးလိုက်မယ်...ကိုကို့ကို စော်ကားတဲ့စကားမျိုးထပ်ထွက်ရဲထွက်ကြည့် အားလုံးကို အသေသတ်ပစ်မယ်..."
" ပြီးတော့...မင်းတို့လည်း နောက်ဆို..ကိုကိုလာတာတွေ့ရင် ရိုရိုသေသေဆက်ဆံ...အထင်သေးပြီး စောင်မြောင်းတာတွေ့ရင် အလုပ်ထွက်ဖို့ပြင်..."
ထယ်ယောင်း အပြတ်ပြောပြီးတာနဲ့ ကိုကို့ကို ချီကာ..သူ့ရဲ့ ရုံခန်းထဲ ခေါ်သွားလိုက်သည်။ ကျန်ခဲ့တဲ့ ဝန်ထမ်းတွေမှာတော့..ရင်တထိတ်ထိတ်နဲ့...မျက်နှာလည်းပူနေကြသည်။ တကယ့် သူတို့ရဲ့ CEO ကတော်ကိုမှ သွားပြီး ထိပါးမိတာကို..ချက်ချင်းအလုပ်မထုတ်လိုက်တာဘဲ ကံကောင်း....
ကျန်ခဲ့တဲ့ ဟန်နာတစ်ယောက်လည်း လူပုံအလယ်မှာ အပြောခံလိုက်ရတာကြောင့်...ဒေါသထွက်ပြီး အံကျိတ်မိသည်။ ချက်ချင်းဘဲ ထိုနေရာနေ ထွက်လာမိ၏။
ဝန်ထမ်းတွေလည်း....လူစုခွဲပြီး လုပ်စရာရှိတာကို လုပ်လိုက်ကြသည်။ ထမင်းအိုးမကွဲချင်ရင် အလုပ်တော့ သေချာလုပ်ရမယ်...မဟုတ်ရင် ..လူတွေကိုယ်က အလိုလိုပြုတ်စော်နံနေပြီ....
~
~
~
~
" မငိုပါနဲ့ တော့ ကိုကို...မောင့်အမှားပါကွာ...မငိုနဲ့တော့နော်.."
ရုံးခန်းထဲရောက်တော့...ကိုကို့ကို ဆိုဖာပေါ်ချပေးပြီး..သူက ကိုကိုဘေးဝင်ထိုင်ကာ မျက်ရည်လေးတွေကို သုတ်ပြီးပြောလိုက်သည်။
သူကိုက မှားတာ...ကိုကိုလာမယ်ဆိုတာကို ဝန်ထမ်းတွေကို မှာသင့်တာ..အခုတော့ ကိုကိုကြောက်သွားပြီ...မောင်မရည်ရွယ်ပါဘူး ကိုကိုရယ်..မောင်က ကိုကို့ကို လူတွေနဲ့ ဆက်သွယ်ရေးအဆင်ပြေစေချင်လို့ပါ...အခုတော့ ကိုကိုလူကြောက်တဲ့စိတ်ကိုပိုဆိုးအောင်လုပ်မိပြီ ...ငိုထားလို့ မျက်ခွံလေးတွေက ဖောင်းလာပြီး..ဟိုမိန်းမ အားနဲ့ ညစ်ထားတဲ့ ပါးပြင်ဟာ..နီရဲနေပြီး လက်ချောင်းရာတွေ ထင်နေ၏။တောက်စ်!...မင်းကို ငါထိုက်သင့်တဲ့ အပြစ်ပေးပြမယ်....
ချက်ချင်း ဖုန်းထုတ်ပြီး..သူ့ရဲ့ ကိုယ်ရံတော်တွေ ကိုဖုန်းဆက်ကာ..
"လီဟန်နာရဲ့ ပါးကို သွေးထွက်အောင်ရိုက်ခဲ့... "
တစ်ခွန်းဘဲ ပြောပြီး ဖုန်းချလိုက်သည်။
*~.မောင်...ငါ့ကြောင့် မင်းကို လူတွေ ကဲ့ရဲ့နေကြပြီ...ငါ..ငါတောင်းပန်ပါတယ်...~*
ကိုကိုက တစ်လုံးချင်းစီကို ထိန်းပြီးရေးကာ..သူ့ကိုပြတော့ သူ စိတ်မကောင်းဖြစ်သွားသည်။
" ကိုကို...မောင့်ကိုကြည့်...မောင်က ဘယ်သူတွေ ဘာပြောပြော ကိုကို့ကိုဘဲ ရွေးချယ်မှာမလို့..အဲ့ဒါနဲ့ ပတ်သတ်ပြီး လုံးဝခေါင်းထဲ မထည့်နဲ့နော်.. "
ကိုကို့ရဲ့ မျက်နှာလေူကို ခပ်ဖွဖွကိုင်လိုက်ပြီး..မျက်လုံးချင်းစိုက်ကြည့်ကာ သေသေချာချာ ပြောပြလိုက်၏။
*~.သူတို့က ငါ့မျက်လုံးကပြောတဲ့စကားတွေကိုနားမလည်ကြဘူးမောင်.~*
" သူတို့နားမလည်လဲ ကိုကိုက ဂရုမစိုက်နဲ့နော်"
*~ငါ မောင့်ကို စကားတွေ အများကြီး ပြောချင်ပေမဲ့..ငါဘဝက ကံအကျိုးပေး မလှသူမို့ ငါ့မျက်ဝန်းတွေက ပြောတဲ့ စကား‌ကို မောင်နားလည်အောင် ကြည့်ပေးပါနော်.. ငါ့မျက်လုံးလေးတွေရဲ့ စကားကို နားလည်အောင်ကြိုးစားမှာလားဟင်..မောင်~*
"မောင်က ကိုကိုရဲ့ မျက်ဝန်းတွေက ပြောတဲ့ စကားတွေကို နားလည်တာပေါ့...ကိုကိုရဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေက မောင့်ရဲ့..အသက်ဘဲ..သိလား...ကိုကို "
*~..မောင်...ငါ့ရဲ့ ဖြစ်တည်မှုကို..အမြဲလက်ခံပေးရမယ်နော်..~*
"ကိုကိုရဲ့ ဖြစ်တည်မှုတိုင်းကို...မောင်က မြတ်နိုးတယ်..ကိုကို.."
ကိုကိုနဲ့သူ စာရေးပြီး အပြန်အလှန်ပြောနေမိကြသည်။ သူ့စကားတွေကြောင့် ကိုကို့ရဲ့ မျက်နှာမှာ ဝမ်းနည်းရိပ်တွေမရှိတော့ပေ....
" မောင်ဗိုက်ဆာတယ် ကိုကို... "
*~.ချိုင့်တွေက reception..မှာ ကျန်ခဲ့တယ်မောင်.~*
" ဒါဆို မောင်လာပို့‌ပေးဖို့မှာလိုက်မယ်နော် ကိုကို.."
သူပြောတော့ကိုကိုက ခေါင်းငြိမ့်ပြသည်။ ကိုကိုကသာ စာရေးပြနေတာ သူက ပါးစပ်က ပြောနေမိသည်။ဒါပေမဲ့ ကိုကိုက နားလည်လွယ်၏။သူက ကိုကို့မျက်ဝန်းရဲ့စကားတစ်ချို့ကို အဓိပ္ပာယ်မဖော်နိုင်ပေမဲ့ ကိုကိုက သူ့နှုတ်ကထွက်သမျှကို နားလည်သည်။ သူလည်း ကိုကို့ရဲ့ မျက်ဝန်းကစကားတွေကို အကုန်နားလည်နိုင်အောင် ကြိုးစားရမည်။
ထမင်းချိုင့်လာပို့ပေးတော့ ကိုကိုက အစစအရာရာပြင်ပေး၏။
" ကိုကို ကိုယ်တိုင်ချက်ထားတာလား..."
သူ့စကားကို ကိုကိုက ခေါင်းငြိမ့်ပြ၏။....
"အဲ့ကြောင့်ထင်တယ်....ဟင်းတွေက စားတောင်မစားရသေးဘူး..အနံ့နဲ့တင်မွှေးနေပြီး သရေယိုနေပြီ.."
သူ့စကားအဆုံး ပိုကိုပိုတယ်ဟူသော မျက်စောင်းလေးထိုးလာတဲ့ ကိုကို..
" မောင် အပိုပြောတာ မဟုတ်ဘူး ကိုကို..မွ! "
ကိုကို့ရဲ့ ပါးဖောင်းဖောင်းလေးတစ်ဖက်ကို မွေးကြူပြီး ပြောလိုက်တော့ ကိုကို့ မျက်နှာလေးရဲပြီး ပတ်ဝန်းကျင်မှာ လူရှိလား ခေါင်းလေးလှည့်ပြီး ကြည့်နေ၏။
*~.မောင် ...စားတော့လေ.~* ဆိုတဲ့သဘောဖြင့် တူကို လက်ထဲထည့်ပေးကာ မေးငေါ့ပြသည်
*~.ကိုကိုပါ တစ်ခါတည်း ဝင်စား..ဟင်းတွေက အများကြီး မောင်တစ်ယောက်တည်းမကုန်ဘူး..ပြီးတော့..ခင်ပွန်းမောင်နှံ လက်ဆုံစားရတာပိုအရသာရှိတယ်တဲ့.~*
သူစာရေးပြပြီးပြောတော့ ကိုကို့..ပြုံးပြီး ခေါင်းငြိမ့်လာ၏။
ထယ်ယောင်းရဲ့ နေ့လည်စာလေးက ကိုကိုနဲ့ အတူစားခဲ့လိုထင်တယ်..တခြားနေ့တွေနဲ့မတူဘဲ အရသာရှိလှသည်။
တစ်ဖက်က လီဟန်နာကလည်း...ထယ်ယောင်းရဲ့လူတွေလက်ချက်ကြောင့်..သွား သုံးချောင်း ကျွတ်ကာ..အရေးပေါ်ခန်းထဲရောက်သွား၏။
Good night ပါသဲငယ်လေးတို့ 😘💜💜💜💜💜💜💜
Thank for votes , feedback and comment.
I love my readers forever ❤️
I PURPLE YOUR 💜
______________________________________
# Zawgyi #
*~.........~*
" မောင်...ဘယ်က မောင်လဲ.."
*~.................~*
*~........~*
" သူက အ နေတာလား.."