မျောလွင့်နေသောပြာမှုန်များ

By PrettiOcean

30.4K 3.8K 97

This is not my own story English Title- Flying ash Author - 余酲 Translator- IQ Team More

Part-1
Part-2
Part-3.1
Part-3.2
Part-4.1
Part-4.2
Part-5.1
Chapter-5.2
Part-6.1
Part-6.2
Part-7.1
Part-7.2
Part-8.1
Part-8.2
Part-9.1
Part-9.2
Part-10.1
Part-10.2
Part-11.1
Part-11.2
Part-12.1
Part-12.2
Part-13.1
Part-13.2
Part-14.1
Part-14.2
Part-15.1
Part-15.2
Part-16
Part-17.1
Part-17.2
Part-18.1
Part-18.2
Part-19.1
Part-19.2
Part-20.1
Part-21.1
Part-21.2
Part-22
Part-23
Part-24.1
Part-24.2
Part-25.1
Part-25.2
Part-26.1
Part-26.2
Part-27.1
Part-27.2
Part-28.1
Part-28.2
Part-29.1
Part-29.2
Part-30
Part-31
Part-32.1
Part-32.2
Part-33.1
Part-33.2
Part-34.1
Part-34.2
Part-35.1
Part-35.2
Part-36.1
Part-36.2
Part-37.1

Part-20.2

423 69 2
By PrettiOcean

Chapter 20.2

တိရစ္ဆာန်များအားလုံးအနေဖြင့် လူများနှင့် အချိန်ဖြုန်းပြီးနောက် သံယောဇဉ် တွယ်လာမည်လား ဆိုသည်ကို သူ သိချင်နေမိသည်။ အတိုချုံ့ပြောရမည်ဆိုပါက ထိုငန်းများမှာ ယီဟွေ့ကို တစ်ခါမှ မကိုက်ဖူးပေ။ ယီဟွေ့က သူ့လက်ထဲတွင် ဝါးရင်းတုတ် သေးသေးလေး တစ်ချောင်းကို ကိုင်ပြီး အဝေးမှ လမ်းလျှောက်လာသည်ကို မြင်သောအခါ သူတို့၏ အတောင်ပံများကို ဝမ်းသာအားရ တဖျတ်ဖျတ် ခတ်လိုက်ကြသည်။

ငန်းသုံးကောင်က မြစ်ကမ်းနံဘေးတွင် သူတို့ဘာသာ လမ်းလျှောက်နေကြသည်။ ယီဟွေ့က မြစ်ကမ်းပါး ခပ်နိမ့်နိမ့် နေရာတွင် ထိုင်လိုက်ပြီးနောက် ဘာမှလုပ်စရာမရှိပေ။ သူက ငန်းများ၏ အလေ့အကျင့်ကို အင်တာနက်ပေါ်တွင် စစ်ဆေးကြည့်ရန် သူ့ဖုန်းကို ထုတ်လိုက်ပြီးနောက် ဖိုရမ်ပို့စ်တစ်ခုကို နှိပ်ကြည့်လိုက်သည်။ မှတ်ချက်များအားလုံးမှာ ငန်းများက မည်မျှ ဒေါသကြီးပြီး သူတို့အကိုက်ခံရသည့်အခါ မည်မျှ နာကျင်ကြောင်းသာ ဖြစ်သည်။ လူတစ်ယောက်က သူ့ကို ငန်းတစ်ကောင်က တင်းတင်းကြပ်ကြပ် ကိုက်ခဲ့ဖူးသဖြင့် သူ့တင်ပါးပေါ်တွင် အမာရွတ်ကျန်နေဆဲဖြစ်ကြောင်း ပြောဆိုထားသည်။

ယီဟွေ့က ထိုမှတ်ချက်ကို ကြည့်ပြီး အနည်းငယ် အသံထွက်ရုံမျှသာ တိတ်တိတ်လေး ရယ်လိုက်သည်။ ပြုံးနေရင်း သူက မြစ်ကမ်းဘေးတွင် မြက်စားနေသည့် အဖြူရောင် ငန်းကြီးတစ်ကောင်ကို တွေ့လိုက်ရသောအခါ ယခင်က တိရစ္ဆာန်လေးတစ်ကောင် မွေးမြူချင်သည့် သူ့ဆန္ဒကို အကောင်အထည် ဖော်နေနိုင်ပြီ ဖြစ်ကြောင်း ရုတ်တရက် သတိရသွားမိသည်။

အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို စောင့်ရှောက်ချင်သည့် သူ၏ ရည်ရွယ်ချက်မှာ အလွန်ပင် ရိုးရှင်းလှသည်။ သူက သူ့ဘေးတွင် သက်ရှိသတ္တဝါတစ်ကောင် ရှိနေရန် မျှော်လင့်နေခြင်း ဖြစ်ပြီး ထိုမှသာ အေးသောအချိန်၌ တစ်ယောက်နှင့် တစ်ယောက် နွေးနွေးထွေးထွေး ပွေ့ဖက်ထားနိုင်ပေလိမ့်မည်။

သူ့မိသားစုမှာ သာလွန်သော အခြေအနေတွင် ရှိကြောင်း အခြားသူများက တွေးထင်ကြသည်။ သူက အရည်အချင်း မပြည့်မီ၍ ကျန်ရစ်သော ဘဝတစ်လျှောက်လုံး အိမ်ထဲတွင်သာ နေနေရသော်လည်း အစာရေစာ ဝဝလင်လင် စားရရန်နှင့် နေစရာအတွက် အလုပ်လုပ်ရန်ပင်မဆိုထားနှင့် အသက်ရှင်နေထိုင်ရန်အတွက် ပိုက်ဆံရှာရမည်ကို စိုးရိမ်ပူပန်နေစရာလည်း မလိုအပ်ပေ။

သို့သော် ဤကဲ့သို့ အိမ်အကြီးကြီးထဲတွင် သူ တစ်ယောက်တည်း နေထိုင်ရသည်ကို မည်မျှ ကြောက်ရွံ့နေကြောင်း မည်သူမှ မသိကြချေ။ သူ ညအချိန် နိုးလာသည့်အခါ သူ့မျက်စိရှေ့တွင် ပိန်းပိတ်အောင် မှောင်မဲနေပြီး သူ့လက်ကို ဆန့်ထုတ်လိုက်သောအခါ အေးစက်သော မွေ့ယာကိုသာ သူ ထိတွေ့နိုင်ပေသည်။ သူ့ကိုယ်ပိုင်အသံ၏ ပဲ့တင်သံကသာ သူ့ကို အမြဲတမ်း တုံ့ပြန်နေလေ့ရှိသည်။

ထို့ကြောင့် သူ ထိုလူ အိမ်ပြန်လာသည့်အချိန်ကို အလွန် မြတ်နိုးတန်ဖိုးထားခြင်းပင်။ သူက အိပ်စက်ခြင်းဖြင့် အချိန်ကုန်သွားမည်ကို မနှစ်သက်သဖြင့် သူ့မျက်လုံးများကိုပင် မမှိတ်ချင်ပေ။ သူက ငိုက်မျဉ်းခြင်းကို ကောင်းစွာ ထိန်းချုပ်ကာ အိပ်ရာတစ်ဖက်တွင် လှဲလျောင်း၍ ထိုလူကို တိတ်တဆိတ် ငေးကြည့်ရင်း အချိန်များ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားရန် တောင်းပန်တိုးလျှိုးနေမိသည်။ အကယ်၍ လုံလောက်သော အနွေးဓာတ်ကို သိမ်းဆည်းထားနိုင်ပါက ပို၍ ကောင်းမွန်ပြီး ထိုမှသာ ထိုလူ ပြန်သွားသည့်အချိန် တစ်ယောက်တည်း နေထိုင်ရသည့် ရှည်လျားသော နေ့ရက်များမှာ များစွာ ခက်ခဲတော့မည် မဟုတ်ချေ။

ငန်းများကို ပြန်ပို့ပြီးနောက် ယီဟွေ့က ခွဲခွာနှုတ်ဆက်ရန် အနည်းငယ် ဝန်လေးနေမိသည်။ သူက ခြံစည်းရိုးကို ဖြတ်ပြီး အငယ်ဆုံးငန်းလေး၏ ခေါင်းကို ထိလိုက်သည်။ ထိုစဉ် ဘေးနားတွင် ရှိနေသော အန်တီချုံက တအံ့တဩ ပြောလိုက်လေသည်။

“လူစိမ်းတွေကို တွေ့ရင် အဒေါ်တို့ငန်းတွေ အထူးသဖြင့် ဒီကောင်လေးက နောက်ကလိုက်ဆိတ်တတ်တာ… သူက အရမ်းဒေါသကြီးလွန်းလို့ ဦးလေးချုံတောင် သူ့နားမကပ်ရဲဘူး… မင်းတစ်ယောက်ပဲ သူ့ခေါင်းကို ထိလို့ ရတယ်…”

ယီဟွေ့မှာ သေဆုံးပြီးနောက် အခြားသော ခန္ဓာကိုယ်တစ်ခုနှင့် နေရာချင်းလဲ၍ ဘဝသစ်တစ်ခုကို စတင်နိုင်သည့် အကျိုးကျေးဇူးအတွက် ဤကံကြမ္မာနှင့် ပတ်သက်ပြီး ပျော်ရွှင်နေမိသည်။

အရာအားလုံးမှာ သစ်လွင်နေပြီး သူက အနာဂတ်တွင် လုပ်စရာ အများအပြား ကျန်နေသည့်အပြင် ရှေ့ဆက်သွားရမည့် ခရီးလမ်းမှာလည်း ရှည်လျားလှသည်။

အိမ်ပြန်လမ်းတွင် ယီဟွေ့၏ ခြေလှမ်းများမှာ ပေါ့ပါးနေခဲ့သည်။ သူက တံခါးဆီသို့ လျှောက်လာရင်း အတွင်းမှ ရယ်မောသံများကို ကြားနေရသည့်အပြင် မွှေးပျံ့သော စားကောင်းသောက်ဖွယ် ရနံ့များကိုပါ ရှူရှိုက်မိလိုက်သည်။ ယနေ့ မြို့ထဲသို့ အပြင်လူများ ရောက်လာပုံရကြောင်း အန်တီချုံ ပြောလိုက်သည်ကို သူ ချက်ချင်းပင် မေ့သွားပုံ ရသည်။

မိန်းကလေးကျန်းယီမန့်ထံ ပုံကြမ်းကို ပြသ၍ အတည်ပြုချက် ရယူကာ ချီးကျူးခံရပြီးနောက် ယီဟွေ့က ထမင်းစားစားပွဲတွင် ထိုင်လိုက်ပြီး ပန်းချီကားများကို အွန်လိုင်းတွင် ရောင်း၍ ပိုက်ဆံရှာရန် ရည်ရွယ်ချက်ကို ထုတ်ပြောရန် ပြင်ဆင်နေပြီး စကားလုံးများကို တိတ်တဆိတ် အစီအစဉ်တကျ ပြင်ဆင်နေသည်။

ကျန်းမိသားစု၏ ငွေရေးကြေးရေး အခြေအနေမှာ သာမန်မျှသာ ဖြစ်သည်။ သူ့မိသားစုမှာ သူ့ကျန်းမာရေးအတွက် ငွေကြေးများစွာ ကုန်ဆုံးခဲ့ရပြီး ယခုအခါ သူ့တာဝန်ကို ကိုယ်တိုင် ထမ်းရန် အချိန်ကျပြီ ဖြစ်ပေသည်။

လက်ဖြင့်ဆွဲသည်နှင့်မတူဘဲ ဒီဂျစ်တယ်ပန်းချီဆွဲခြင်းမှာ ကွဲပြားသော ကိုယ်ပိုင်စတိုင် ရှိနိုင်ချေ နည်းပါးပြီး အသိအမှတ် ပြုခံနိုင်ရချေ မရှိပေ။

ဟင်းပွဲများကို စားပွဲပေါ်တွင် ခင်းကျင်းထားပြီး အပူပေးထား၏။ ယီဟွေ့က စကားပြောရန် ပြင်ဆင်လိုက်သည့် အချိန်မှာပင် သတ္တုတံခါး အပြင်ဘက်မှ တံခါးခေါက်သံ ကြားလိုက်ရသည်။

“ဘယ်သူလဲ…” ကျန်းရွှယ်မေ့က ပြတင်းပေါက်မှတစ်ဆင့် မေးလိုက်သည်။

တံခါးအပြင်ဘက်ရှိလူက ပြန်မဖြေဘဲ တံခါးကိုသာ နောက်ထပ် သုံးကြိမ် ခေါက်လိုက်လေသည်။

“သမီးရဲ့အတန်းဖော် ထင်တယ်… သူ နောက်နှစ်ရက်နေရင် သမီးအိမ်လာပြီး ကစားမယ်လို့ သူ ပြောဖူးတယ်…”

တံခါးဖွင့်ရန် အလောတကြီးဖြင့် ကျန်းယီမန့်က ဇွန်းကို ပစ်ချလိုက်ရာ ဟင်းချိုခပ်မိသလို ဖြစ်သွားပြီး ထိုစွပ်ပြုတ်ပူပူကြောင့် သူမ၏လက်မှာ အပူလောင်လုနီးပါး ဖြစ်သွားလေသည်။

ယီဟွေ့က မတ်တပ်ထပြီး ပြောလိုက်၏။ “အစ်ကို တံခါးသွားဖွင့်လိုက်မယ်… ထိုင်နေ သတိထားဦး…”

သူက တံခါးဆီသို့ လမ်းလျှောက်သွားပြီး သူ့လက်ကို တံခါးလက်ကိုင်ပေါ် ကိုင်လိုက်သည့်အချိန်တွင် ယီဟွေ့မှာ သူ့အကြံအစည်ကို ကျန်းရွှယ်မေ့အား လက်ခံလာအောင် မည်သို့ ပြောရမည်နှင့် ဒေါက်တာလျှို့အား မည်သို့ ပြောဆိုရမည်ကို သူ စဉ်းစားနေဆဲ ဖြစ်သည်။ သူ ပိုက်ဆံရှာရန်အတွက် ပန်းချီကား ရောင်းမည်ကို ခွင့်ပြုပါမည်လောဟု သိချင်နေသည်။

သူက တံခါးကို သတိလက်လွတ်ဖြင့် ဖွင့်လိုက်ပြီးနောက် တံခါးဘောင်မှတစ်ဆင့် ဖြာကျနေသော ခပ်မှိန်မှိန် လမ်းမီးရောင်အောက်တွင် ပထမဆုံးသူမြင်လိုက်ရသည်မှာ အရပ်မြင့်မြင့် ခပ်တောင့်တောင့် ပုံသဏ္ဌာန်တစ်ခု ဖြစ်သည်။

သူက မျက်လုံးကို မော့၍ ချွန်ထက်သော မေးရိုးများ၊ အနည်းငယ် ဟနေသည့် ပါးလွှာသော နှုတ်ခမ်းနှင့် ခန့်ညားနက်မှောင်သော မျက်ခုံးတို့ကို ကြည့်လိုက်သည်။

ထိုလူက လမ်းပေါ်တွင် တစ်ညတာလုံး အချိန်ကုန်ဆုံးခဲ့ပုံရသည်။ သူ၏ သပ်ရပ်ခြောက်သွေ့သော ကုတ်အင်္ကျီမှာ ကြေမွနေပြီး သူ့ပုခုံးပေါ်တွင် ပါးလွှာသော ညနှင်းမှုန်ကလေးများ ဖုံးလွှမ်းထားလေသည်။

အမြဲလိုလို အလင်းရောင် တောက်ပလေ့ရှိသော မျက်လုံးများမှာ ယခုအခါ ပင်ပန်းနွမ်းနယ်နေပြီး နှင်းရည် စိုစွတ်နေသည့် အနက်ရောင်ဆံနွယ်အချို့က ဓားသွားပုံမျက်ခုံးပေါ် ဝဲကျနေသဖြင့် သူ့နဖူးပေါ်ရှိ အနာမကျက်သေးသော ဒဏ်ရာကို ပို၍ အာရုံစိုက်မိစေသည်။

သူက အတတ်နိုင်ဆုံး ရှောင်လွှဲရန် ကြိုးစားသည့်တိုင်အောင် ယီဟွေ့မှာ သူ့ကို ညပေါင်းများစွာ အိပ်မက်ဆိုးများအဖြစ် ခြောက်လှန့်စေသော သူ့မျက်နှာပေါ်မှ ဒဏ်ရာများကို တွေ့လိုက်ရသည်။ သူ့အိပ်မက်များမှာ မျက်နှာမမြင်ရသော အမျိုးသားတစ်ယောက်က အလွန် မြင့်မားသော အမြင့်မှ ပြုတ်ကျလာသည့် မြင်ကွင်းများနှင့် ပြည့်နှက်နေပြီး သူ အိပ်ရာနိုးလာသောအခါ သူ့နှလုံးသားမှာ ထိန်းချုပ်မရနိုင်အောင် ဖြစ်ကာ အချိန်အတော်ကြာသည်အထိ သူ့ကိုယ်သူ အသိစိတ် မလွတ်အောင် မဆွဲထားနိုင်တော့ပေ။

ယခုအခါတွင်မူ ထိုလူက သူ့ရှေ့တွင် ရပ်နေသဖြင့် ယီဟွေ့၏ စိတ်မှာ ဗလာကျင်းသွားပြီး မည်သည့်ကိစ္စကိုမှ မစဉ်းစားနိုင်တော့ပေ။

ထိုလူ၏ နှုတ်ခမ်းထောင့်များ တဖြည်းဖြည်း မြင့်တက်လာသည်ကို ယီဟွေ့ မြင်လိုက်ရပြီး အလွန်တရာ စိတ်အေးသက်သာရာ ရသွားဟန်ဖြင့် ပြုံးကာ ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်သွားပုံ ရလေသည်။ လေပွေတစ်ခု ဖြတ်သန်းတိုက်ခတ်သွားပြီး သူ့ကို ကြီးမားသော ခွန်အားဖြင့် ရှေ့သို့ အဆွဲခံလိုက်ရကာ ထိုလူ၏ ရင်ခွင်ထဲသို့ လဲကျသွားလေသည်။

အင်အားကြီးသော လက်တစ်စုံက သူ့ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားပြီး တစ်ယောက်နှင့် တစ်ယောက် အလွန်နီးကပ်စွာ ရှိနေသဖြင့် တစ်ဖက်သား၏ ရင်ဘတ်မှာ လျင်မြန်စွာ နိမ့်လိုက် မြင့်လိုက် ဖြစ်နေခြင်းနှင့် ပူပြင်းသော ဝင်သက်ထွက်သက်တို့ သူ့နားထဲ တိုးဝင်လာသည်ကို ယီဟွေ့ အတားအဆီး မရှိ ခံစားနေရသည်။

“ငါ မင်းကို ရှာတွေ့ပြီ…” ကျိုးကျင်ဟမ့်၏ နှုတ်ခမ်းထောင့်က ယီဟွေ့၏ ဆံနွယ်များကို ဖိထားရင်း အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော ယီဟွေ့၏ ခန္ဓာကိုယ်မှ ရင်းနှီးနေသော ရနံ့လေးကို လောဘတကြီး ရှူရှိုက်ရင်း အသံခပ်တိုးတိုးဖြင့် မြည်တမ်းလိုက်သည်။

“ငါ မင်းကို ရှာတွေ့ပြီ…”

Xxxxxxxx

Chapter 20.2

တိရစ္ဆာန္မ်ားအားလုံးအေနျဖင့္ လူမ်ားႏွင့္ အခ်ိန္ျဖဳန္းၿပီးေနာက္ သံေယာဇဥ္ တြယ္လာမည္လား ဆိုသည္ကို သူ သိခ်င္ေနမိသည္။ အတိုခ်ဳံ႕ေျပာရမည္ဆိုပါက ထိုငန္းမ်ားမွာ ယီေဟြ႕ကို တစ္ခါမွ မကိုက္ဖူးေပ။ ယီေဟြ႕က သူ႕လက္ထဲတြင္ ဝါးရင္းတုတ္ ေသးေသးေလး တစ္ေခ်ာင္းကို ကိုင္ၿပီး အေဝးမွ လမ္းေလွ်ာက္လာသည္ကို ျမင္ေသာအခါ သူတို႔၏ အေတာင္ပံမ်ားကို ဝမ္းသာအားရ တဖ်တ္ဖ်တ္ ခတ္လိုက္ၾကသည္။

ငန္းသုံးေကာင္က ျမစ္ကမ္းနံေဘးတြင္ သူတို႔ဘာသာ လမ္းေလွ်ာက္ေနၾကသည္။ ယီေဟြ႕က ျမစ္ကမ္းပါး ခပ္နိမ့္နိမ့္ ေနရာတြင္ ထိုင္လိုက္ၿပီးေနာက္ ဘာမွလုပ္စရာမရွိေပ။ သူက ငန္းမ်ား၏ အေလ့အက်င့္ကို အင္တာနက္ေပၚတြင္ စစ္ေဆးၾကည့္ရန္ သူ႕ဖုန္းကို ထုတ္လိုက္ၿပီးေနာက္ ဖိုရမ္ပို႔စ္တစ္ခုကို ႏွိပ္ၾကည့္လိုက္သည္။ မွတ္ခ်က္မ်ားအားလုံးမွာ ငန္းမ်ားက မည္မွ် ေဒါသႀကီးၿပီး သူတို႔အကိုက္ခံရသည့္အခါ မည္မွ် နာက်င္ေၾကာင္းသာ ျဖစ္သည္။ လူတစ္ေယာက္က သူ႕ကို ငန္းတစ္ေကာင္က တင္းတင္းၾကပ္ၾကပ္ ကိုက္ခဲ့ဖူးသျဖင့္ သူ႕တင္ပါးေပၚတြင္ အမာ႐ြတ္က်န္ေနဆဲျဖစ္ေၾကာင္း ေျပာဆိုထားသည္။

ယီေဟြ႕က ထိုမွတ္ခ်က္ကို ၾကည့္ၿပီး အနည္းငယ္ အသံထြက္႐ုံမွ်သာ တိတ္တိတ္ေလး ရယ္လိုက္သည္။ ၿပဳံးေနရင္း သူက ျမစ္ကမ္းေဘးတြင္ ျမက္စားေနသည့္ အျဖဴေရာင္ ငန္းႀကီးတစ္ေကာင္ကို ေတြ႕လိုက္ရေသာအခါ ယခင္က တိရစ္ဆာန္ေလးတစ္ေကာင္ ေမြးျမဴခ်င္သည့္ သူ႕ဆႏၵကို အေကာင္အထည္ ေဖာ္ေနနိုင္ၿပီ ျဖစ္ေၾကာင္း ႐ုတ္တရက္ သတိရသြားမိသည္။

အိမ္ေမြးတိရစ္ဆာန္တစ္ေကာင္ကို ေစာင့္ေရွာက္ခ်င္သည့္ သူ၏ ရည္႐ြယ္ခ်က္မွာ အလြန္ပင္ ရိုးရွင္းလွသည္။ သူက သူ႕ေဘးတြင္ သက္ရွိသတၱဝါတစ္ေကာင္ ရွိေနရန္ ေမွ်ာ္လင့္ေနျခင္း ျဖစ္ၿပီး ထိုမွသာ ေအးေသာအခ်ိန္၌ တစ္ေယာက္ႏွင့္ တစ္ေယာက္ ႏြေးႏြေးေထြးေထြး ေပြ႕ဖက္ထားနိုင္ေပလိမ့္မည္။

သူ႕မိသားစုမွာ သာလြန္ေသာ အေျခအေနတြင္ ရွိေၾကာင္း အျခားသူမ်ားက ေတြးထင္ၾကသည္။ သူက အရည္အခ်င္း မျပည့္မီ၍ က်န္ရစ္ေသာ ဘဝတစ္ေလွ်ာက္လုံး အိမ္ထဲတြင္သာ ေနေနရေသာ္လည္း အစာေရစာ ဝဝလင္လင္ စားရရန္ႏွင့္ ေနစရာအတြက္ အလုပ္လုပ္ရန္ပင္မဆိုထားႏွင့္ အသက္ရွင္ေနထိုင္ရန္အတြက္ ပိုက္ဆံရွာရမည္ကို စိုးရိမ္ပူပန္ေနစရာလည္း မလိုအပ္ေပ။

သို႔ေသာ္ ဤကဲ့သို႔ အိမ္အႀကီးႀကီးထဲတြင္ သူ တစ္ေယာက္တည္း ေနထိုင္ရသည္ကို မည္မွ် ေၾကာက္႐ြံ႕ေနေၾကာင္း မည္သူမွ မသိၾကေခ်။ သူ ညအခ်ိန္ နိုးလာသည့္အခါ သူ႕မ်က္စိေရွ႕တြင္ ပိန္းပိတ္ေအာင္ ေမွာင္မဲေနၿပီး သူ႕လက္ကို ဆန႔္ထုတ္လိုက္ေသာအခါ ေအးစက္ေသာ ေမြ႕ယာကိုသာ သူ ထိေတြ႕နိုင္ေပသည္။ သူ႕ကိုယ္ပိုင္အသံ၏ ပဲ့တင္သံကသာ သူ႕ကို အၿမဲတမ္း တုံ႕ျပန္ေနေလ့ရွိသည္။

ထို႔ေၾကာင့္ သူ ထိုလူ အိမ္ျပန္လာသည့္အခ်ိန္ကို အလြန္ ျမတ္နိုးတန္ဖိုးထားျခင္းပင္။ သူက အိပ္စက္ျခင္းျဖင့္ အခ်ိန္ကုန္သြားမည္ကို မႏွစ္သက္သျဖင့္ သူ႕မ်က္လုံးမ်ားကိုပင္ မမွိတ္ခ်င္ေပ။ သူက ငိုက္မ်ဥ္းျခင္းကို ေကာင္းစြာ ထိန္းခ်ဳပ္ကာ အိပ္ရာတစ္ဖက္တြင္ လွဲေလ်ာင္း၍ ထိုလူကို တိတ္တဆိတ္ ေငးၾကည့္ရင္း အခ်ိန္မ်ား ျဖည္းျဖည္းခ်င္း ကုန္ဆုံးသြားရန္ ေတာင္းပန္တိုးလွ်ိုးေနမိသည္။ အကယ္၍ လုံေလာက္ေသာ အႏြေးဓာတ္ကို သိမ္းဆည္းထားနိုင္ပါက ပို၍ ေကာင္းမြန္ၿပီး ထိုမွသာ ထိုလူ ျပန္သြားသည့္အခ်ိန္ တစ္ေယာက္တည္း ေနထိုင္ရသည့္ ရွည္လ်ားေသာ ေန႕ရက္မ်ားမွာ မ်ားစြာ ခက္ခဲေတာ့မည္ မဟုတ္ေခ်။

ငန္းမ်ားကို ျပန္ပို႔ၿပီးေနာက္ ယီေဟြ႕က ခြဲခြာႏႈတ္ဆက္ရန္ အနည္းငယ္ ဝန္ေလးေနမိသည္။ သူက ၿခံစည္းရိုးကို ျဖတ္ၿပီး အငယ္ဆုံးငန္းေလး၏ ေခါင္းကို ထိလိုက္သည္။ ထိုစဥ္ ေဘးနားတြင္ ရွိေနေသာ အန္တီခ်ဳံက တအံ့တဩ ေျပာလိုက္ေလသည္။

လူစိမ္းေတြကို ေတြ႕ရင္ အေဒၚတို႔ငန္းေတြ အထူးသျဖင့္ ဒီေကာင္ေလးက ေနာက္ကလိုက္ဆိတ္တတ္တာ သူက အရမ္းေဒါသႀကီးလြန္းလို႔ ဦးေလးခ်ဳံေတာင္ သူ႕နားမကပ္ရဲဘူး မင္းတစ္ေယာက္ပဲ သူ႕ေခါင္းကို ထိလို႔ ရတယ္

ယီေဟြ႕မွာ ေသဆုံးၿပီးေနာက္ အျခားေသာ ခႏၶာကိုယ္တစ္ခုႏွင့္ ေနရာခ်င္းလဲ၍ ဘဝသစ္တစ္ခုကို စတင္နိုင္သည့္ အက်ိဳးေက်းဇူးအတြက္ ဤကံၾကမၼာႏွင့္ ပတ္သက္ၿပီး ေပ်ာ္႐ႊင္ေနမိသည္။

အရာအားလုံးမွာ သစ္လြင္ေနၿပီး သူက အနာဂတ္တြင္ လုပ္စရာ အမ်ားအျပား က်န္ေနသည့္အျပင္ ေရွ႕ဆက္သြားရမည့္ ခရီးလမ္းမွာလည္း ရွည္လ်ားလွသည္။

အိမ္ျပန္လမ္းတြင္ ယီေဟြ႕၏ ေျခလွမ္းမ်ားမွာ ေပါ့ပါးေနခဲ့သည္။ သူက တံခါးဆီသို႔ ေလွ်ာက္လာရင္း အတြင္းမွ ရယ္ေမာသံမ်ားကို ၾကားေနရသည့္အျပင္ ေမႊးပ်ံ့ေသာ စားေကာင္းေသာက္ဖြယ္ ရနံ႕မ်ားကိုပါ ရႉရွိုက္မိလိုက္သည္။ ယေန႕ ၿမိဳ႕ထဲသို႔ အျပင္လူမ်ား ေရာက္လာပုံရေၾကာင္း အန္တီခ်ဳံ ေျပာလိုက္သည္ကို သူ ခ်က္ခ်င္းပင္ ေမ့သြားပုံ ရသည္။

မိန္းကေလးက်န္းယီမန႔္ထံ ပုံၾကမ္းကို ျပသ၍ အတည္ျပဳခ်က္ ရယူကာ ခ်ီးက်ဴးခံရၿပီးေနာက္ ယီေဟြ႕က ထမင္းစားစားပြဲတြင္ ထိုင္လိုက္ၿပီး ပန္းခ်ီကားမ်ားကို အြန္လိုင္းတြင္ ေရာင္း၍ ပိုက္ဆံရွာရန္ ရည္႐ြယ္ခ်က္ကို ထုတ္ေျပာရန္ ျပင္ဆင္ေနၿပီး စကားလုံးမ်ားကို တိတ္တဆိတ္ အစီအစဥ္တက် ျပင္ဆင္ေနသည္။

က်န္းမိသားစု၏ ေငြေရးေၾကးေရး အေျခအေနမွာ သာမန္မွ်သာ ျဖစ္သည္။ သူ႕မိသားစုမွာ သူ႕က်န္းမာေရးအတြက္ ေငြေၾကးမ်ားစြာ ကုန္ဆုံးခဲ့ရၿပီး ယခုအခါ သူ႕တာဝန္ကို ကိုယ္တိုင္ ထမ္းရန္ အခ်ိန္က်ၿပီ ျဖစ္ေပသည္။

လက္ျဖင့္ဆြဲသည္ႏွင့္မတူဘဲ ဒီဂ်စ္တယ္ပန္းခ်ီဆြဲျခင္းမွာ ကြဲျပားေသာ ကိုယ္ပိုင္စတိုင္ ရွိနိုင္ေခ် နည္းပါးၿပီး အသိအမွတ္ ျပဳခံနိုင္ရေခ် မရွိေပ။

ဟင္းပြဲမ်ားကို စားပြဲေပၚတြင္ ခင္းက်င္းထားၿပီး အပူေပးထား၏။ ယီေဟြ႕က စကားေျပာရန္ ျပင္ဆင္လိုက္သည့္ အခ်ိန္မွာပင္ သတၱဳတံခါး အျပင္ဘက္မွ တံခါးေခါက္သံ ၾကားလိုက္ရသည္။

ဘယ္သူလဲ က်န္း႐ႊယ္ေမ့က ျပတင္းေပါက္မွတစ္ဆင့္ ေမးလိုက္သည္။

တံခါးအျပင္ဘက္ရွိလူက ျပန္မေျဖဘဲ တံခါးကိုသာ ေနာက္ထပ္ သုံးႀကိမ္ ေခါက္လိုက္ေလသည္။

သမီးရဲ႕အတန္းေဖာ္ ထင္တယ္ သူ ေနာက္ႏွစ္ရက္ေနရင္ သမီးအိမ္လာၿပီး ကစားမယ္လို႔ သူ ေျပာဖူးတယ္

တံခါးဖြင့္ရန္ အေလာတႀကီးျဖင့္ က်န္းယီမန႔္က ဇြန္းကို ပစ္ခ်လိဳက္ရာ ဟင္းခ်ိဳခပ္မိသလို ျဖစ္သြားၿပီး ထိုစြပ္ျပဳတ္ပူပူေၾကာင့္ သူမ၏လက္မွာ အပူေလာင္လုနီးပါး ျဖစ္သြားေလသည္။

ယီေဟြ႕က မတ္တပ္ထၿပီး ေျပာလိုက္၏။ အစ္ကို တံခါးသြားဖြင့္လိုက္မယ္ ထိုင္ေန သတိထားဦး

သူက တံခါးဆီသို႔ လမ္းေလွ်ာက္သြားၿပီး သူ႕လက္ကို တံခါးလက္ကိုင္ေပၚ ကိုင္လိုက္သည့္အခ်ိန္တြင္ ယီေဟြ႕မွာ သူ႕အႀကံအစည္ကို က်န္း႐ႊယ္ေမ့အား လက္ခံလာေအာင္ မည္သို႔ ေျပာရမည္ႏွင့္ ေဒါက္တာလွ်ို႔အား မည္သို႔ ေျပာဆိုရမည္ကို သူ စဥ္းစားေနဆဲ ျဖစ္သည္။ သူ ပိုက္ဆံရွာရန္အတြက္ ပန္းခ်ီကား ေရာင္းမည္ကို ခြင့္ျပဳပါမည္ေလာဟု သိခ်င္ေနသည္။

သူက တံခါးကို သတိလက္လြတ္ျဖင့္ ဖြင့္လိုက္ၿပီးေနာက္ တံခါးေဘာင္မွတစ္ဆင့္ ျဖာက်ေနေသာ ခပ္မွိန္မွိန္ လမ္းမီးေရာင္ေအာက္တြင္ ပထမဆုံးသူျမင္လိုက္ရသည္မွာ အရပ္ျမင့္ျမင့္ ခပ္ေတာင့္ေတာင့္ ပုံသဏၭာန္တစ္ခု ျဖစ္သည္။

သူက မ်က္လုံးကို ေမာ့၍ ခြၽန္ထက္ေသာ ေမးရိုးမ်ား၊ အနည္းငယ္ ဟေနသည့္ ပါးလႊာေသာ ႏႈတ္ခမ္းႏွင့္ ခန႔္ညားနက္ေမွာင္ေသာ မ်က္ခုံးတို႔ကို ၾကည့္လိုက္သည္။

ထိုလူက လမ္းေပၚတြင္ တစ္ညတာလုံး အခ်ိန္ကုန္ဆုံးခဲ့ပုံရသည္။ သူ၏ သပ္ရပ္ေျခာက္ေသြ႕ေသာ ကုတ္အကၤ်ီမွာ ေၾကမြေနၿပီး သူ႕ပုခုံးေပၚတြင္ ပါးလႊာေသာ ညႏွင္းမႈန္ကေလးမ်ား ဖုံးလႊမ္းထားေလသည္။

အၿမဲလိုလို အလင္းေရာင္ ေတာက္ပေလ့ရွိေသာ မ်က္လုံးမ်ားမွာ ယခုအခါ ပင္ပန္းႏြမ္းနယ္ေနၿပီး ႏွင္းရည္ စိုစြတ္ေနသည့္ အနက္ေရာင္ဆံႏြယ္အခ်ိဳ႕က ဓားသြားပုံမ်က္ခုံးေပၚ ဝဲက်ေနသျဖင့္ သူ႕နဖူးေပၚရွိ အနာမက်က္ေသးေသာ ဒဏ္ရာကို ပို၍ အာ႐ုံစိုက္မိေစသည္။

သူက အတတ္နိုင္ဆုံး ေရွာင္လႊဲရန္ ႀကိဳးစားသည့္တိုင္ေအာင္ ယီေဟြ႕မွာ သူ႕ကို ညေပါင္းမ်ားစြာ အိပ္မက္ဆိုးမ်ားအျဖစ္ ေျခာက္လွန႔္ေစေသာ သူ႕မ်က္ႏွာေပၚမွ ဒဏ္ရာမ်ားကို ေတြ႕လိုက္ရသည္။ သူ႕အိပ္မက္မ်ားမွာ မ်က္ႏွာမျမင္ရေသာ အမ်ိဳးသားတစ္ေယာက္က အလြန္ ျမင့္မားေသာ အျမင့္မွ ျပဳတ္က်လာသည့္ ျမင္ကြင္းမ်ားႏွင့္ ျပည့္ႏွက္ေနၿပီး သူ အိပ္ရာနိုးလာေသာအခါ သူ႕ႏွလုံးသားမွာ ထိန္းခ်ဳပ္မရနိုင္ေအာင္ ျဖစ္ကာ အခ်ိန္အေတာ္ၾကာသည္အထိ သူ႕ကိုယ္သူ အသိစိတ္ မလြတ္ေအာင္ မဆြဲထားနိုင္ေတာ့ေပ။

ယခုအခါတြင္မူ ထိုလူက သူ႕ေရွ႕တြင္ ရပ္ေနသျဖင့္ ယီေဟြ႕၏ စိတ္မွာ ဗလာက်င္းသြားၿပီး မည္သည့္ကိစၥကိုမွ မစဥ္းစားနိုင္ေတာ့ေပ။

ထိုလူ၏ ႏႈတ္ခမ္းေထာင့္မ်ား တျဖည္းျဖည္း ျမင့္တက္လာသည္ကို ယီေဟြ႕ ျမင္လိုက္ရၿပီး အလြန္တရာ စိတ္ေအးသက္သာရာ ရသြားဟန္ျဖင့္ ၿပဳံးကာ ပင္ပန္းႏြမ္းနယ္မႈမ်ား ေျပေပ်ာက္သြားပုံ ရေလသည္။ ေလေပြတစ္ခု ျဖတ္သန္းတိုက္ခတ္သြားၿပီး သူ႕ကို ႀကီးမားေသာ ခြန္အားျဖင့္ ေရွ႕သို႔ အဆြဲခံလိုက္ရကာ ထိုလူ၏ ရင္ခြင္ထဲသို႔ လဲက်သြားေလသည္။

အင္အားႀကီးေသာ လက္တစ္စုံက သူ႕ခႏၶာကိုယ္ကို တင္းတင္းၾကပ္ၾကပ္ ရစ္ပတ္ထားၿပီး တစ္ေယာက္ႏွင့္ တစ္ေယာက္ အလြန္နီးကပ္စြာ ရွိေနသျဖင့္ တစ္ဖက္သား၏ ရင္ဘတ္မွာ လ်င္ျမန္စြာ နိမ့္လိုက္ ျမင့္လိုက္ ျဖစ္ေနျခင္းႏွင့္ ပူျပင္းေသာ ဝင္သက္ထြက္သက္တို႔ သူ႕နားထဲ တိုးဝင္လာသည္ကို ယီေဟြ႕ အတားအဆီး မရွိ ခံစားေနရသည္။

ငါ မင္းကို ရွာေတြ႕ၿပီ က်ိဳးက်င္ဟမ့္၏ ႏႈတ္ခမ္းေထာင့္က ယီေဟြ႕၏ ဆံႏြယ္မ်ားကို ဖိထားရင္း အခ်ိန္အေတာ္ၾကာ ေပ်ာက္ကြယ္ေနခဲ့ေသာ ယီေဟြ႕၏ ခႏၶာကိုယ္မွ ရင္းႏွီးေနေသာ ရနံ႕ေလးကို ေလာဘတႀကီး ရႉရွိုက္ရင္း အသံခပ္တိုးတိုးျဖင့္ ျမည္တမ္းလိုက္သည္။

ငါ မင္းကို ရွာေတြ႕ၿပီ

Xxxxxxxx

Continue Reading

You'll Also Like

4M 253K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.9M 106K 89
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
3.8M 161K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
970K 52.4K 58
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...