~အချစ်ဆိုတာ တကယ်ရှိလား။
ကိုယ်ပေးတိုင်းရော ပြန်ရတတ်လား။
ငါတီချယ့်ကို ပေးနေမိတဲ့ ၅၂၈ မဟုတ်တဲ့ အချစ်တွေက အချစ်စစ်လို့ခေါ်ထိုက်လား။~
*ဒီစာလေးကို ရေးမိတိုင်း အတွေးတွေက လွန်ခဲ့တဲ့၁၀နှစ်စီကို ပြန်ပြန်ခေါ်သွားတယ်...နာကျင်စရာ အမှတ်တရတွေပြည့်နေတဲ့ အတိတ်ကိုပေါ့။*
_________
သခ်ျာအိမ်စာပေးလိုက်သည်ကို မေ့နေသဖြင့် ဧကတစ်ယောက် အသည်းအသန်ကုန်းရေးနေသည်။
'ဧကလွန်းစစ်မောင်...ဧကလွန်းစစ်မောင်...'
'ဧက ဧက မင်းကိုဆရာမခေါ်နေတယ်'
'ဗျ...ဗျာ'
'ငါခေါ်တာတောင် မကြားရအောင် နင်ဘာတွေရေးနေတာလည်း'
'ဘာ...ဘာမှမရေးပါဘူး'
'နင်ကုန်းရေးနေတာလေ စာသင်တာ အနှောက်အယှက်အရမ်းဖြစ်တယ် သွား အခန်းပြင်ထွက် ဒူးထောက် လက်မြောက်ထား'
ဧကလည်း အခန်းပြင်ထွက်လာကာ ဒူးထောက်လက်မြှောက်နေလိုက်သည်။
ထိုအချိန် ဧကရှေ့သို့ Bioဆရာမနှင့်အတူ ဆရာမတစ်ယောက်လမ်းလျှောက်လာသည်။
ထိုဆရာမမှာ အလွန်ပင်လှသည်။ လှိုင်းထနေတဲ့ ဆံနွယ်လေးတွေ။ အညိုရောင်မျက်ဝန်းလေးတွေ။ နှုတ်ခမ်းဖူးဖူးလေးတွေ။ ညာဘက်ပါးပေါ်က မထင်မရှားပါးချိုင့်လေးတွေ။ မေးစေ့နားက မှည့်လေးတွေ။ အို အားလုံးပါဘဲ။ ခြေတစ်လှမ်း ကုဋေတစ်သန်းဆိုသည်မှာ ထိုဆရာမရဲ့ လမ်းလျှောက်ပုံလေးကို တင်စားထားသလား မှတ်ရသည်။
'ဧက အပြစ်ပေးခံရပြန်ပြီလား'
'ဟီး ဟုတ်ဆရာမ'
'နင်လည်း မိန်းကလေးဖြစ်နေလို့သာဘဲ'
ဟုဆိုကာ အတန်းထဲဝင်သွားသည်။ အတန်းထဲက Cheဆရာမက ထွက်လာပြီး
'ဝင်တော့ နောက်ခါကြ ဒီ့ထက်ပိုဆိုးမယ်မှတ်'
'ဟုတ်'
ဟုဆိုကာ ဧက အတန်းထဲဝင်လာသည်။
'အားလုံး နားထောင်ကြ ဒါက မင်းတို့ရဲ့ English ဆရာမအသစ် နာမည်က ဒေါ်အိရွှေစင်သန့် ဟုတ်ပြီလား။ ဆရာမစကားကို နားထောင် မဆိုးနဲ့ ကြားလား အထူးသဖြင့် ဧက နင်ကျပ်ကျပ်သတိထားနော်'
ထို့နောက်Bioဆရာမထွက်သွားပြီး ထိုဆရာမလေးသာကျန်ခဲ့သည်။
'ကဲ အရှေ့က ဆရာမသင်တာ ဘယ်နားရောက်သွားပြီလဲ'
'Poem1ထိပြီးသွားပါပြီ'
'ဟုတ်ပြီ အဲ့တာဆို အဲ့Poemကို တစ်ယောက်ချင်းစီ အလွတ်ဆိုရမယ် ဆရာမခေါ်တဲ့သူ အရှေ့ထွက်ခဲ့ မရတဲ့သူ ထိုင်ထလုပ်ရမယ် ဟုတ်ပြီလား'
'ဟုတ်...'
'အဲ့တာဆို ၅မိနစ် အချိန်ပေးမယ် ပြန်နွှေး'
'Sh*t ငါတစ်လုံးမှ မကျက်ရသေးဘူး'
'ရသလောက်ကျက်လိုက်ကွာ'
'အေး'
၅မိနစ် ကြာပြီးနောက်
'ကဲ ရပြီထင်ပါတယ် အတန်းခေါင်းဆောင်ထဆို'
'@#$%^^%##$^*&^%$%#%^&*'
မော်နီတာဆိုပြီးတော့ ထိုဆရာမလေးက မိန်းကလေးတန်းဘက်လှည့်လာကာ
'ခုနက အတန်းရှေ့မှာ ဒူးထောက်ရတဲ့ တစ်ယောက်ထဆို'
'သေလိုက်ပါတော့ တစ်လုံးမှမရသေးဘူး'
'ဘာတွေ ပွစိပွစိလုပ်နေတာလည်း ဆိုလေ'
'ထိုင်ထ ဘယ်နှခါလုပ်ရမလဲ တီချယ်'
'ဘာ.....မင်းငါ့ကို ရွဲ့နေတာလား'
'မရွဲ့ပါဘူးဗျ ကျနော် မကျက် ရသေးလို့ပါ'
'ဟုတ်ပြီ ဒီနေ့က ပထမဆုံးနေ့မလို့ ခွင့်လွှတ်ပေးလိုက်မယ် မနက်ဖြန်ကျောင်းရောက်တာနဲ့လာဆို'
'ဟုတ်'
ကျောင်းဆင်းတော့ ဧကလည်း ဧကသူငယ်ချင်းနှစ်ယောက်နဲ့အတူ အိမ်ပြန်လာသည်။ ဧကသူငယ်ချင်းနှစ်ယောက်မှာ ဧကတို့ ၁လမ်းကျော်တွင်နေကြသည်။ သူတို့နှစ်ယောက်က အမွှာတေသာဖစ်တာ ရုပ်ချင်းလည်း တစ်စက်မှမဆင်။ နာမည်မှာလည်း လင်းအာရုံဦးနှင့် နေမွန်းတည့်ပင်။ လင်းအာရုံဦးက မနက်အစောပိုင်းတွင်မွေးပြီး နေမွန်းတည့်မှာ နေလည်၁၂တိတိတွင်မွေးသောကြောင့် ထိုနာမည်များ ပေးထားခြင်းပင်။
သူတို့နှစ်ယောက်က သူတို့လမ်းဘက်ကွေ့သွားတော့ ဧကလည်း နှုတ်ဆက်ပြီး ဆိုင်ကယ်ကို ဆက်မောင်းလာခဲ့သည်။ ထိုအချိန် မနက်က ဆရာမလေး လမ်းလျှောက်လာသည်အား တွေ့လိုက်ရသည်။
'တီချယ်...တီချယ်....'
'အော် ဘယ်သူများလဲလို့ စာမရတဲ့တစ်ယောက်ပါလား'
'တီချယ်ကလည်း ကျနော့်နာမည်က စာမရတဲ့ တစ်ယောက်မဟုတ်ဘူး ဧကလွန်းစစ်မောင်ဗျ'
'မင်းနာမည်တစ်ခါခေါ်ရင် ငါရေသောက်ပြီးခေါ်ရမယ်'
'အော် သူများတွေ ခေါ်သလို ဧကလို့ခေါ်ပေါ့'
'လူတိုင်းခေါ်နေတာ မခေါ်ချင်ပါဘူး'
'အာ့ဆို ဘယ်လိုခေါ်မှာလဲ'
'မင်းနာမည်က ဧက...'
'ဧကလွန်းစစ်မောင်'
'အင်း ဟုတ်ပြီ လွန်းစစ်လို့ခေါ်မယ်'
'သဘော'
'အင်း'
'ဒါနဲ့ တီချယ်က ဘယ်ပြန်မှာလဲ'
'ရှေ့ နှစ်လမ်းမြောက်'
'ကျနော်နဲ့ တူတူဘဲပေါ့ လာတတ် ကျနော်လိုက်ပို့မယ်'
'မင်းစာမကျက်ချင်လို့ လာဖားနေတာလား'
'မဟုတ်ရပါဘူးဗျာ ကျနော်က တစ်လမ်းတည်းမို့ လမ်းကြုံလို့ခေါ်သွားပေးမလို့ မလိုက်ချင်လည်းနေရတယ်'
'အော် စိတ်ကြီးဘဲ ဒီကစတာကို လိုက်မယ် လိုက်မယ်..'
တီချယ်က ဆိုင်ကယ်ပေါ်ထိုင်ပြီးတော့ ဧကခါးကိုဖက်လိုက်သည်။ ဧကခါးလေးတွန့်သွားသည်။ ရင်ထဲမှာလည်း ကုလားဘုရားလှည့်နေသည့်အတိုင်းပင်။ ရင်ခုန်သံများ ဆူညံနေလေသည်။ ဧကလည်း မြန်မြန်ရောက်အောင် ဆိုင်ကယ်ကို အရှိန်တင်ကာမောင်းတော့သည်။'
'တီချယ် တီချယ့်အိမ်က ဘယ်နားမှာလဲ'
'ခြံအမှတ်၃၆ ကလေး'
*တီချယ် ငါ့ကို ကလေးလို့ခေါ်လိုက်တာလား။*
'ဟု..ဟုတ် တီချယ်'
တီချယ့်အိမ်က ဧကတို့အိမ်နဲ့ မျက်နှာချင်းဆိုင်ပင်။
*ငါဒါကိုဘာလို့ မသိခဲ့ရပါလိမ့်*
တီချယ့်က ဆိုင်ကယ်ပေါ်ကဆင်းပြီး
'ကျေးဇူးနော် လွန်းစစ်'
'ဟုတ် ရပါတယ်'
'တီချယ်'
တီချယ် ခြံထဲဝင်တော့မည် အလုပ် ဧကခေါ်သည်ကြောင့် ပြန်လှည့်ကြည့်လာသည်။
'ဟို..ဟိုဟာလေ မနက်ကျရင်လည်း ဧကတို့ တူတူသွားကြမယ်နော်'
'အင်း အိမ်ရှေ့ကနေ ဟွန်းတီးလိုက်နော်'
'ဟုတ်'
ထို့နောက် ဧကလည်း အိမ်ထဲပြန်ဝင်လာလိုက်သည်။
လှလိုက်တာ တီချယ်ရယ်။ မြင်မြင်ချင်းအချစ်ဆိုတာ ဒါကိုပြောတာလား။ ကျနော်လေ တီချယ့်ကို သိပ်ချစ်မိသွားပြီ။၏
'ဧက...ဧက...ဟဲ့ဧက..'
'ဗျ...ဗျာ..'
'ငါခေါ်နေတာကြာလှပြီ ဘာတွေတွေးနေတာလဲ'
'တိချယ့်အကြောင်း'
'ဟင်'
'ဘာ...ဘာမှမဟုတ်ပါဘူး ကျူရှင်သွားဖို့ ရေချိုးလိုက်အုန်းမယ်'
ဟုဆိုကာ အိမ်ပေါ်ထပ်သို့ ပြေးတတ်လာသည်။ ထို့နောက် ရေချိုးကာ ကျူရှင်သွားဖို့ပြင်လိုက်သည်။
_______________
အသစ်လေး အားပေးကြပါအုန်းနော်....