'' အစ်မလေး မာမီက မဟုတ်သေးဘူး။ ''
'' ရော် ဘာများဖြစ်လို့ပါလဲ ကိုထွန်းတောက်ကြီးရဲ့ ''
မနက်စာ စားအပြီး ပန်းကန်တွေဆေးရင်း ဆိုလာသည့် ကိုထွန်းတောက်ကြောင့် လရောင်ပြန်မေးလိုက်လေသည်။
'' ဟုတ်တယ်လေ အိမ်ကိုစရောက်တဲ့နေ့ကစပြီး အစ်မလေးအပေါ် ဆက်ဆံတဲ့ပုံရော၊ အပြောအဆိုလေသံကိုရော ကျုပ်မကြိုက်လှဘူး။ ဟို မော်လေး ဆိုတဲ့ ကလက်တက်တက်မိန်းမကိုကျ မော်လေး မော်လေး နေတာပဲ။ တူမ မို့လို့သာပေါ့ ကျုပ်ဖြင့် အစ်မလေးက သမီးလား။ သူကသမီးလားလိုမသိဘူး။ ''
'' အမယ်လေး ဒါများအဆန်းလုပ်လို့ ရန်ကုန်မှာဆို ဒီ့ထက်တောင် သာလို့ဆိုးသေး။ ခင်လေးမှာဆို လေ တစ်ခါတစ်လေ ဗိုက်ခေါက်ဆွဲခံရတာနဲ့ ကြိမ်တုတ်နဲ့ တောင်.....''
'' ခင်ထွေး !''
လွှတ်ခနဲ့ ပြောမိသွားသည့် ခင်ထွေး၏ စကားကြောင့် လရောင် ပန်းကန်ဆေးရင်းလက်စဖြင့် အမြန်တားလိုက်ရလေသည်။
'' ဘယ်လို ကျုပ်အစ်မလေးက အရိုက်ခံရတယ်''
'' မဟုတ်ပါဘူး ကိုထွန်းတောက်ရယ် ခင်ထွေးကဒီလိုပဲ ပြောမိတာပါ စိတ်ထဲမထားပါနဲ့ ''
လရောင် ကိုထွန်းတောက်အား ပြုံးပြုံးကလေး ဆိုလိုက်လေသည်။
'' မဟုတ်သေးပါဘူး။ ကျုပ် စဥ်းစားလို့ကိုမရဘူး။ ဘာလို့ အဲလိုလုပ်...''
'' ထွန်းတောက်ရေ ၊ ထွန်းတောက် ''
ထွန်းတောက် မစားပင်မဆုံးသေး ဧည့်ခန်းထဲမှ ဆရာဖြစ်သူ၏ ခေါ်သံကြောင့် ပြောလက်စ စကားရပ်သွားလေသည်။
'' ဗျာ လာပြီဆရာ။''
ပြောပြောဆိုဆိုနှင့် မီးဖိုခန်းထဲမှပြေးထွက်သွားသော ကိုထွန်းတောက်ကြောင့် လရောင် ခင်ထွေးကို မျက်နှာရိပ်၊ မျက်နှာကဲ ပြကာ မီးဖိုခန်းထဲမှ လိုက်ထွက်ခဲ့လေသည်။
'' သြော် မြို့အုပ်မင်းတောင် ရုံးသွားတော့မလို့လား။ ''
'' ဟုတ်ကဲ့ဒေါ်ဒေါ်''
ဧည့်ခန်းထဲသို့ ဝင်လာပြီး မျက်နှာချိုသွေးနေကြသည့် ဒေါ်မာရင်မြင့်ကြောင့် သစ်ဦးခက်တန်တန်သာ ပြောလိုက်လေသည်။
'' ထွန်းတောက် ငါရုံးသွားတော့မယ် ။ ဒီနေ့စျေးဝယ်ရင် ခင်ထွေးကို ခေါ်သွား။ လရောင်စျေးမဝယ်ရစေနဲ့။ မောင် နေ့လည်ထမင်းပြန်စားမယ်လရောင်။ သြော်ပြီးတော့ ဒီနေ့လှော်ကားဖက်သွားစရာရှိသေးလို့ ပြန်ရင် လရောင်ကြိုက်တဲ့ ပျိုးပင်လေးတွေ ဝယ်ခဲ့မယ်။ ''
'' ဟုတ်ကဲ့ ''
လရောင် ပြုံး၍ သာခေါင်းညိတ်ပြလိုက်လေသည်။ဒေါ်မာရင်မြင့်ကတော့ လရောင်အားခက်စိမ်းစိမ်းသာကြည့်နေလေသည်။
"ဪ ငါ့တူကြီးက လှော်ကားဘက် ရောက်တယ်ဆိုရင် မင်းနှမမော်လေး ကိုခေါ်သွာပေးစမ်းပါကွယ်။ ဒီသူငယ်မ ဟာလေ ဘယ်မှ ဟုတ်တိပတ်တိ ရောက်ဖူးတယ်မရှိလှဘူး။ဒေါ်ဒေါ် ကလိုက်ပို့ပေးချင်ပေမဲ့ ဒေါ်ဒေါ်လည်းနယ်ခံ မဟုတ်တော့သိပ်မသိလှဘူးကွယ်။ ငါ့တူနဲ့ဆိုစိတ်ချပါတယ်။ "
ဒေါ်မာရင်မြင့်၏ မျက်နှာချိုသွေးကာ အတင်းထိုးပေးနေသည့် စကားကြောင့် သစ်ဦး မျက်မှောင်ကြုတ်လိုက်လေသည်။
" အားနာပါတယ် ဒေါ်ဒါ် ။ ကျုပ် ဇနီးလောင်း ဒေါ်ဒေါ် ရဲ့ သမီး ရှေ့မှာ တစ်ခြားမိန်းမပျို တစ်ယောက်နဲ့နှစ်ကိုယ်တည်း လျှောက်သွား ဖို့ ဆိုတာကတော့ မသင့်တော်ပါဘူး။"
သစ်ဦး ၏ စကားကြောင့် ထွန်းတောက်နှင့် ခင်ထွေး မှာ ကြိတ်ရယ်လိုက်ပေမဲ့ ဒေါ်မာရင်မြင့်နှင့် မော်လီကတော့ မျက်နှာပျက်ကာ လရောင်အား အကြည့်စူးစူး များနှင့် လှည့်ကြည့်လိုက်လေသည်။
'' မဟုတ်တာ လရောင်လေးက ဒီလောက်စိတ်သဘောထားပြည့်ဝ တာ။ အထင်မလွဲပါဘူး။ သူ့မမ ဟာကို နော်လရောင်လေး။
ဒေါ်မာရင်မြင့် သည် လရောင်ဘေးနားသို့ အတင်းကပ်ပြီး လရောင်အား ဖက် ကာ မျက်နှာတိ မျက်နှာထားနှင့်ပြောလိုက်လေသည်။ လရောင်လေး၊ လရောင်လေးနှင့် ပါးစပ်မှ ရွှန်းရွှန်းဝေနေပေမဲ့ အကြည့်တွင်တော့ လက်ခံရင် တွေ့မယ်ဆိုသော အကြည့်များနှင့်လရောင်အား စိုက်ကြည့်နေလေသည်။
'' လရောင် လက်ခံနိုင်တယ်ဆိုတာ သိပေမဲ့ ကျွန်တော်ကိုယ်တိုင်ကကို ဆန္ဒမရှိလို့ပါဒေါ်ဒေါ်။ တကယ်လို့ မရောက်ဘူးလို့ လိုက်ပို့စေချင်တယ်ဆို ထွန်းတောက်ရှိပါတယ်။ ထွန်းတောက်က ကျွန်တော့်တပည့် ဆိုတာထက် ညီဝမ်းကွဲ ပါပဲ။ စိတ်ချလို့လည်းရတယ်။ ''
'' အို ... သူစိမ်းယောက်ျားလေးနဲ့ နှစ်ယောက်တည်းလွှတ်ဖို့ကျ...''
'' ကျွန်တော်ကလည်း သူစိမ်းပါပဲဒေါ်ဒေါ်။ လရောင် နဲ့ပတ်သတ်လို့သာ တော်နေရပေမဲ့ ဒေါ်ဒေါ့်တူမနဲ့တော့သူစိမ်းပါပဲ။ ''
သစ်ဦး ၏ ကြားဖြတ်ကာပြောလိုက်သော စကားကြောင့်ဒေါ်မာရင်မြင့် မျက်နှာ မထားတတ်အောင်ပျက်သွားလေတော့သည်။ ဒါက လရောင်ခင်နဲ့ပတ်သတ်နေလို့သာ သူ့ဘက်က မတော်ချင်ဘဲ တော်နေရသည့် အဓိပ္ပာယ်မျိုးမဟုတ်ပါလား။
'' နေပါ အန်တီမြင့်ရဲ့ မော်လေး သွားမလည်တော့ပါဘူး။ မြို့အုပ်မင်းက ဒီလောက် အလုပ်များတာ အနှောက်အယှက်မပေးချင်တော့ပါဘူး။ ''
ဝမ်းနည်းသွားသလို ဟန်ပန်နှင့် မိမိအား မထိတထိကြည့်ကာ ဝင်ပြောလိုက်သော မော်လီကြောင့် ဒေါ်မာရင်မြင့် လရောင်အား မျက်လုံးလှန်၍ ကြည့်လာလေတော့သည်။
'' ဟို ကိုသစ်ဦး မအားရင်လည်းနေပါ။ လရောင်လိုက်ပို့လိုက်ပါ့မယ်။ နေလည် ကိုထွန်းတောက်နဲ့ မြင်းလှည်းငှားပြီး မာမီရော ၊ မမမော်လေး ကိုပါလရောင်လိုက်ပို့လိုက်ပါ့မယ်။ ''
လရောင် ကြားထဲမှ ဝင်ပြောလ်ိုက်သောစကားကြောင့် သစ်ဦး ဘာမှထပ်မပြောတော့ဘဲ ငြိမ်သွားလေသည်။
'' အဟမ်း လရောင်လိုက်ပို့မယ်ဆို မောင် ပါလိုက်မယ်။ မောင်နေ့လည် ပြန်လာခဲ့ပါ့မယ်။ ညနေတော့ နားလိုက်မယ် မနက်ပိုင်း အလုပ်တွေအကုန်အပြီးသတ်လိုက်မယ်။ ပျိုးပင်လည်းမောင်ဝင်မဝယ်တော့ဘူး လရောင်နဲ့မှပဲ မောင်တို့တူတူဝယ်ကြတာပေါ့''
သစ်ဦး၏ ချက်ချင်းပြောင်းသွားသော မျက်နှာထားနှင့် စကားကြောင့် မော်လီ လက်ကိုတင်းနေအောင်သာဆုတ်လိုက်လေသည်။ တကယ်ဆို ခုလရောင်ခင်ရဲ့ နေရာက မော်လီရဲ့နေရော မဟုတ်ပါလား။ အလိုမကျမှုတွေကို ချုပ်တည်းရင်းသာ လရောင်အား အကြည့်စူးစူးများနှင့်သာကြည့်လိုက်လေသည်။
'' အင်း ကိုသစ်ဦး သဘောပါလေ။ ''
'' ကဲဟုတ်ပြီ။ ဒါဆိုမောင် ရုံးသွားတော့မယ်။ ထွန်းတောက် လရောင်ကိုစျေးလိုက်မဝယ်ခိုင်နဲ့နော် ကိုယ့်ဟာကိုယ်သွားဝယ်ချေ။ ''
'' ဟုတ်ကဲ့ပါ အာစရိ ''
သစ်ဦး လရောင်အားနှုတ်ဆက်ပြီး ထွန်းတောက်အားမှာစရာရှိတာ မှာပြီးသည်နှင့် တစ်ခြားသူများအား တစ်ချက်မှလှည့်မကြည့်တော့ဘဲ ထွက်သွားလေတော့သည်။
'' ကဲ အစ်မလေး ဒါဖြင့် ကျုပ်လည်းစျေးသွားတော့မယ်။ အစ်မလေးလိုက်ခဲ့မယ်မလား''
ထွန်းတောက် ဆရာ၏ အမိန့်ကြောင့် အစ်မလေးအား စျေးမခေါ်သွားဖို့တွေးလိုက်ပေမဲ့ အစ်မလေးမာမီနှင့် မော်လေးဆိုသူအား စိတ်မချတာကြောင့်အစ်မလေးအား တစ်ယောက်တည်းမထားခဲ့ချင်သည်မို့မေးလိုက်လေသည်။
'' လိုက်ခဲ့မယ်လေ ။ လရောင်လိုက်ခဲ့ပေးပါ့မယ်။ ''
'' ဘာလိုက်လုပ်မလဲ လရောင်လေးရယ် ပင်ပန်းတယ် ။ မြို့အုပ်မင်းကလည်း မလိုက်သွားဖို့ပြောခဲ့တယ်မလား။ မလိုက်ပါနဲ့တော့ မာမီနဲ့နေပေးပါအုံး ။ မာမီ မှာလရောင်လေးကိုပြောစရာတွေလည်းရှိသေးတယ်။''
လရောင် အိမ်မှာ မနေခဲ့ချင်ပေမဲ့လရောင်၏လက်အား အတင်းဆွဲကာ မျက်နှာချိုသွေးနေသည့်မေမေမြင့်ကြောင့် လရောင် ဘာပြောရမှန်းမသိဖြစ်သွားလေသည်။ သေချာပါသည် စောစောက ကိစ္စကိုမကျေနပ်လို့ လရောင်ကိုဆဲကြအုံးမှာပါပဲ။
'' အစ်မလေး လိုက်ချင်ရင် ဘယ်သူမှတားလို့မရပါဘူး ဆန္ဒရှိရင်လိုက်ခဲ့ပါ။ ''
အခြေအနေအား ထွန်းတောက်ရိပ်မိတော့ အစ်မလေးအား လိုက်ခဲ့ရန် သွယ်ဝိုက်သောနည်းနှင့်ပြောလိုက်လေသည်။
'' လရောင်လေးက မလိုက်တော့ပါဘူး ။ မောင်ထွန်းတောက် တစ်ယောက်တည်းအဆင်မပြေရင် ခင်ထွေးကိုခေါ်သွားချေ။ ခင်ထွေးလိုက်သွားလိုက်ကြားသလား။ ''
'' ဟုတ်ကဲ့ မေမေကြီး''
ဒေါ်မာရင်မြင့်သည် ထိုသို့သာပြောလ်ိုက်ပြီး လရောင်၏ လက်အားအတင်းဆွဲကာ အပေါ်ထပ်သို့တက်သွားလေတော့သည်။ ထွန်းတောက်လည်းနောက်ဆံတတင်းတင်း နှင့်သာ ခင်ထွေးအားခေါ်ပြီးစျေးသို့ထွက်ခဲ့လေတော့သည်။
'' ကျုပ်လာသာ လာရတာ အစ်မလေးကို စိတ်ချတာမဟုတ်ဘူး ။ ''
စျေးခြင်းတောင်းအားကိုင်၍ ခင်ထွေးအား လှည့်ကြည့်ကာပြောလာသည့် ကိုထွန်းတောက်ကြောင့် ခင်ထွေးခေါင်းကလေးသာညိတ်ပြလိုက်လေသည်။
'' ခင်ထွေးရောပဲ။ ခင်လေးကိုနည်းနည်းတော့စိတ်ပူတယ် မြန်မြန်ဝယ်ပြီး မြန်မြန်ပြန်ကြရအောင် ''
ခင်ထွေး၏ စကားကြောင့် ထွန်းတောက်မျက်ခုံးတို့တွန့်ကျုံ့သွားလေသည်။
'' ဘာလို့စိတ်ပူရတာလဲ။ သူတို့သားအမိတွေပဲမဟုတ်ဘူးလား။ သားအမိတွေချင်းစကားပြောတာ ဘာစိတ်ပူစရာရှိလဲ။ ''
ထွန်းတောက်၏ ချောင်ပိတ်မေးသည့်မေးခွန်းကြောင့် ခင်ထွေးဘာဖြေရမှန်းမသိ ကြောင်သွားလေသည်။
'' ဟို ... အဲဒါက ''
''....''
'' အယ် ဘဘကြီး ပါ့လား ။ ပြောတော့ရန်ကုန်ပြန်သွားမယ်ဆိုပြီး ဘာလို့ မေမြို့မှာရှိနေရသေးတာလဲ။ မေမေကြီးတို့ဆီမလာပဲ။ ''
ခင်ထွေး၏ အဖြေအား နားစိုက်ထောင်နေစဥ် ခင်ထွေးပြောလိုက်သည့်စကားများကြောင့် ထွန်းတောက် အကြည့်များ ခင်ထွေးကြည့်နေရာနေရာသို့ လွှဲလိုက်လေသည်။
'' ဦးကိုကိုကျော်''
ဦးကိုကိုကျော်အကြောင်းအား အမြဲစုံစမ်းနေရသည့်လူမို့ ထွန်းတောက်မမှတ်မိရန်အကြောင်းမရှိ ဂျစ်ကားထဲမှထွက်၍ စံအိမ်တစ်ခုထဲသို့ဝင်သွားသည်ဦးကိုကိုကျော်မှာ ပုန်းလျှိုးကွယ်ရှိုးနိုင်လှသည်။ ဒေါ်မာရင်မြင့် မနေ့ကပြောတော့ သူတို့ကြီးပဲ မေမြို့ကိုလာခဲ့သည်ဆိုပြီး ခုကျ ဦးကိုကိုကျော်ကပါ မေမြို့မှာရှိနေလေသည်။ ဒါဖြင့် ရန်ကုန်မှာ ရှိနေသည် ဆိုတာကလည်း အယောင်ပြသာဖြစ်နိုင်သည်။ ထွန်းတောက်အကြောင်းအရာများအားဆက်စပ် တွေးပြီး တစ်ချက်ပြန်ကြည့်မိတော့ မိမိဘက်ကိုလှည့်လာသည့် ဦးကိုကိုကျော်ကြောင့် ခင်ထွေးအားမသိမသာကွယ်လိုက်လေသည်။ သူမိမိကိုတော့သေခိာမတွေ့ဘူး၍ မှတ်မိမည်မဟုတ်။ ခင်ထွေးသာအဓိကမို့ ခင်ထွေးအားမသိမသာ ကွယ်လိုက်လေသည်။ ဦးကိုကိုကျော် စံအိမ်ထဲဝင်သွားတာ သေချာပြီဆိုကာမှ ထွန်းတောက် ခင်ထွေး၏ အင်္ကျီလက်အားအတင်ဆွဲပြီး ခပ်မြန်မြန်ထွက်ခဲ့လေတော့သည်။
'' ဘာဖြစ်လို့လဲဟင် ကိုထွန်းတောက်''
'' သြော် ဘာမှမဖြစ်ပါဘူး စျေးနောက်ကျမှာဆိုးလို့ ဒါနဲ့ ခင်ထွေးတို့ မနေ့ က လာတုန်းက ဦးကိုကိုကျော်ရောပါတာလား''
'' အင်း ဘဘကြီးက လိုက်ခဲ့တယ် ဒါပေမဲ့ မြို့အုပ်အိမ်ထိမလိုက်တော့ဘဲ မြို့စပ်မှာ ကျန်ခဲ့တာ ပြောတော့ချက်ချင်းပြန်မယ်လည်းပြောတယ်။ ''
'' သြော်မသိပါဘူး မနေ့က ခင်ထွေးတို့မေမေကြီးက ကျုပ်ဆရာမေးတုန်းက ရန်ကုန်မှာကျန်ခဲ့တယ်ဆိုလို့လေ''
'' အင်း ခင်ထွေးလည်းမသိတော့ပါဘူး ။ ဘဘကြီးချက်ချင်းပြန်မှာမို့ အဲလိုပြောလိုက်တာထင်တယ်။ ''
ခင်ထွေး၏ စကားကြောင့် ထွန်းတောက်ခေါင်းတညိတ်ညိတ်နှင့် ညစ်ကျယ်ကျယ်သာပြုံးနေလေသည်။
>>>>>>
<<<<<<
'' ဖြောင်း!''
'' အား!''
ပါးပေါ်ကျရောက်လာသော ရိုက်ချက်ကြောင့်လရောင် မျက်နှာလည်ထွက်သွားလေသည်။
'' သိပ်ကိုပျော်နေတယ်ပေါ့လရောင်ခင် ဟင် ။ နင့်ကိုယ်နင် တကယ့်မြို့အုပ်ကတော်မှတ်နေပြီပေါ့။ ငါ့ကိုတောင် မြို့အုပ်မင်းရှေ့မှာ အရှက်ခွဲလို့ ''
'' လရောင် ဘာလုပ်မိလို့လဲ။ လရောင် မမမော်လီကိုထိခိုက်အောင် ဘာမှရည်ရွယ်ပြီးမလုပ်ခဲ့ပါဘူး။ ''
'' နင်အခုနေရာက ငါ့အစားထိုးထားတဲ့ နေရာပဲ။ နင့်အပိုင်မဟုတ်ဘူး။ လောဘတက်မနေနဲ့။ ခုကစပြီးထပ်ပြောမယ် မြို့အုပ်မင်းက ငါ့အတွက်ပဲ ငါ့နေရာငါပြန်ယူမှာနင်ဝင်ရှုပ်မယ်ဆို နောက်တစ်ခါဒီထပ်ပိုနာမယ်မှတ်''
ပြောချင်တာပြောပြီး လရောင်အား အကြည့်စူးစူးများများနှင့်ကြည့်ကာ ထွက်သွားသည့် မမမော်လီကြောင့် လရောင် လက်သီးအားတင်းနေအောင်ဆုပ်ကာ မျက်ရည်တို့ကျဆင်းလာလေသည်။
>>>>
<<<<
4.11.2023
TBC__
အကြားကြီး အကြာကြီးပြစ်ထားမိလို့ တောင်းပန်ပါတယ်နော် ကြိုးစားပြီးပြန်ရေးပါ့မယ်💙
'' အစ္မေလး မာမီက မဟုတ္ေသးဘူး။ ''
'' ေရာ္ ဘာမ်ားျဖစ္လို႔ပါလဲ ကိုထြန္းေတာက္ႀကီးရဲ႕ ''
မနက္စာ စားအၿပီး ပန္းကန္ေတြေဆးရင္း ဆိုလာသည့္ ကိုထြန္းေတာက္ေၾကာင့္ လေရာင္ျပန္ေမးလိုက္ေလသည္။
'' ဟုတ္တယ္ေလ အိမ္ကိုစေရာက္တဲ့ေန႔ကစၿပီး အစ္မေလးအေပၚ ဆက္ဆံတဲ့ပုံေရာ၊ အေျပာအဆိုေလသံကိုေရာ က်ဳပ္မႀကိဳက္လွဘူး။ ဟို ေမာ္ေလး ဆိုတဲ့ ကလက္တက္တက္မိန္းမကိုက် ေမာ္ေလး ေမာ္ေလး ေနတာပဲ။ တူမ မို႔လို႔သာေပါ႔ က်ဳပ္ျဖင့္ အစ္မေလးက သမီးလား။ သူကသမီးလားလိုမသိဘူး။ ''
'' အမယ္ေလး ဒါမ်ားအဆန္းလုပ္လို႔ ရန္ကုန္မွာဆို ဒီ့ထက္ေတာင္ သာလို႔ဆိုးေသး။ ခင္ေလးမွာဆို ေလ တစ္ခါတစ္ေလ ဗိုက္ေခါက္ဆြဲခံရတာနဲ႔ ႀကိမ္တုတ္နဲ႔ ေတာင္.....''
'' ခင္ေထြး !''
လႊတ္ခနဲ႔ ေျပာမိသြားသည့္ ခင္ေထြး၏ စကားေၾကာင့္ လေရာင္ ပန္းကန္ေဆးရင္းလက္စျဖင့္ အျမန္တားလိုက္ရေလသည္။
'' ဘယ္လို က်ဳပ္အစ္မေလးက အ႐ိုက္ခံရတယ္''
'' မဟုတ္ပါဘူး ကိုထြန္းေတာက္ရယ္ ခင္ေထြးကဒီလိုပဲ ေျပာမိတာပါ စိတ္ထဲမထားပါနဲ႔ ''
လေရာင္ ကိုထြန္းေတာက္အား ၿပဳံးၿပဳံးကေလး ဆိုလိုက္ေလသည္။
'' မဟုတ္ေသးပါဘူး။ က်ဳပ္ စဥ္းစားလို႔ကိုမရဘူး။ ဘာလို႔ အဲလိုလုပ္...''
'' ထြန္းေတာက္ေရ ၊ ထြန္းေတာက္ ''
ထြန္းေတာက္ မစားပင္မဆုံးေသး ဧည့္ခန္းထဲမွ ဆရာျဖစ္သူ၏ ေခၚသံေၾကာင့္ ေျပာလက္စ စကားရပ္သြားေလသည္။
'' ဗ်ာ လာၿပီဆရာ။''
ေျပာေျပာဆိုဆိုႏွင့္ မီးဖိုခန္းထဲမွေျပးထြက္သြားေသာ ကိုထြန္းေတာက္ေၾကာင့္ လေရာင္ ခင္ေထြးကို မ်က္ႏွာရိပ္၊ မ်က္ႏွာကဲ ျပကာ မီးဖိုခန္းထဲမွ လိုက္ထြက္ခဲ့ေလသည္။
'' ေၾသာ္ ၿမိဳ႕အုပ္မင္းေတာင္ ႐ုံးသြားေတာ့မလို႔လား။ ''
'' ဟုတ္ကဲ့ေဒၚေဒၚ''
ဧည့္ခန္းထဲသို႔ ဝင္လာၿပီး မ်က္ႏွာခ်ိဳေသြးေနၾကသည့္ ေဒၚမာရင္ျမင့္ေၾကာင့္ သစ္ဦးခက္တန္တန္သာ ေျပာလိုက္ေလသည္။
'' ထြန္းေတာက္ ငါ႐ုံးသြားေတာ့မယ္ ။ ဒီေန႔ေစ်းဝယ္ရင္ ခင္ေထြးကို ေခၚသြား။ လေရာင္ေစ်းမဝယ္ရေစနဲ႔။ ေမာင္ ေန႔လည္ထမင္းျပန္စားမယ္လေရာင္။ ေၾသာ္ၿပီးေတာ့ ဒီေန႔ေလွာ္ကားဖက္သြားစရာရွိေသးလို႔ ျပန္ရင္ လေရာင္ႀကိဳက္တဲ့ ပ်ိဳးပင္ေလးေတြ ဝယ္ခဲ့မယ္။ ''
'' ဟုတ္ကဲ့ ''
လေရာင္ ၿပဳံး၍ သာေခါင္းညိတ္ျပလိုက္ေလသည္။ေဒၚမာရင္ျမင့္ကေတာ့ လေရာင္အားခက္စိမ္းစိမ္းသာၾကည့္ေနေလသည္။
"ဪ ငါ႔တူႀကီးက ေလွာ္ကားဘက္ ေရာက္တယ္ဆိုရင္ မင္းႏွမေမာ္ေလး ကိုေခၚသြာေပးစမ္းပါကြယ္။ ဒီသူငယ္မ ဟာေလ ဘယ္မွ ဟုတ္တိပတ္တိ ေရာက္ဖူးတယ္မရွိလွဘူး။ေဒၚေဒၚ ကလိုက္ပို႔ေပးခ်င္ေပမဲ့ ေဒၚေဒၚလည္းနယ္ခံ မဟုတ္ေတာ့သိပ္မသိလွဘူးကြယ္။ ငါ႔တူနဲ႔ဆိုစိတ္ခ်ပါတယ္။ "
ေဒၚမာရင္ျမင့္၏ မ်က္ႏွာခ်ိဳေသြးကာ အတင္းထိုးေပးေနသည့္ စကားေၾကာင့္ သစ္ဦး မ်က္ေမွာင္ၾကဳတ္လိုက္ေလသည္။
" အားနာပါတယ္ ေဒၚဒၚ ။ က်ဳပ္ ဇနီးေလာင္း ေဒၚေဒၚ ရဲ႕ သမီး ေရွ႕မွာ တစ္ျခားမိန္းမပ်ိဳ တစ္ေယာက္နဲ႔ႏွစ္ကိုယ္တည္း ေလွ်ာက္သြား ဖို႔ ဆိုတာကေတာ့ မသင့္ေတာ္ပါဘူး။"
သစ္ဦး ၏ စကားေၾကာင့္ ထြန္းေတာက္ႏွင့္ ခင္ေထြး မွာ ႀကိတ္ရယ္လိုက္ေပမဲ့ ေဒၚမာရင္ျမင့္ႏွင့္ ေမာ္လီကေတာ့ မ်က္ႏွာပ်က္ကာ လေရာင္အား အၾကည့္စူးစူး မ်ားႏွင့္ လွည့္ၾကည့္လိုက္ေလသည္။
'' မဟုတ္တာ လေရာင္ေလးက ဒီေလာက္စိတ္သေဘာထားျပည့္ဝ တာ။ အထင္မလြဲပါဘူး။ သူ့မမ ဟာကို ေနာ္လေရာင္ေလး။
ေဒၚမာရင္ျမင့္ သည္ လေရာင္ေဘးနားသို႔ အတင္းကပ္ၿပီး လေရာင္အား ဖက္ ကာ မ်က္ႏွာတိ မ်က္ႏွာထားႏွင့္ေျပာလိုက္ေလသည္။ လေရာင္ေလး၊ လေရာင္ေလးႏွင့္ ပါးစပ္မွ ရႊန္းရႊန္းေဝေနေပမဲ့ အၾကည့္တြင္ေတာ့ လက္ခံရင္ ေတြ႕မယ္ဆိုေသာ အၾကည့္မ်ားႏွင့္လေရာင္အား စိုက္ၾကည့္ေနေလသည္။
'' လေရာင္ လက္ခံႏိုင္တယ္ဆိုတာ သိေပမဲ့ ကြၽန္ေတာ္ကိုယ္တိုင္ကကို ဆႏၵမရွိလို႔ပါေဒၚေဒၚ။ တကယ္လို႔ မေရာက္ဘူးလို႔ လိုက္ပို႔ေစခ်င္တယ္ဆို ထြန္းေတာက္ရွိပါတယ္။ ထြန္းေတာက္က ကြၽန္ေတာ့္တပည့္ ဆိုတာထက္ ညီဝမ္းကြဲ ပါပဲ။ စိတ္ခ်လို႔လည္းရတယ္။ ''
'' အို ... သူစိမ္းေယာက္ေက်ားလးနဲ႔ ႏွစ္ေယာက္တည္းလႊတ္ဖို႔က်...''
'' ကြၽန္ေတာ္ကလည္း သူစိမ္းပါပဲေဒၚေဒၚ။ လေရာင္ နဲ႔ပတ္သတ္လို႔သာ ေတာ္ေနရေပမဲ့ ေဒၚေဒၚ့တူမနဲ႔ေတာ့သူစိမ္းပါပဲ။ ''
သစ္ဦး ၏ ၾကားျဖတ္ကာေျပာလိုက္ေသာ စကားေၾကာင့္ေဒၚမာရင္ျမင့္ မ်က္ႏွာ မထားတတ္ေအာင္ပ်က္သြားေလေတာ့သည္။ ဒါက လေရာင္ခင္နဲ႔ပတ္သတ္ေနလို႔သာ သူ့ဘက္က မေတာ္ခ်င္ဘဲ ေတာ္ေနရသည့္ အဓိပၸာယ္မ်ိဳးမဟုတ္ပါလား။
'' ေနပါ အန္တီျမင့္ရဲ႕ ေမာ္ေလး သြားမလည္ေတာ့ပါဘူး။ ၿမိဳ႕အုပ္မင္းက ဒီေလာက္ အလုပ္မ်ားတာ အေႏွာက္အယွက္မေပးခ်င္ေတာ့ပါဘူး။ ''
ဝမ္းနည္းသြားသလို ဟန္ပန္ႏွင့္ မိမိအား မထိတထိၾကည့္ကာ ဝင္ေျပာလိုက္ေသာ ေမာ္လီေၾကာင့္ ေဒၚမာရင္ျမင့္ လေရာင္အား မ်က္လုံးလွန္၍ ၾကည့္လာေလေတာ့သည္။
'' ဟို ကိုသစ္ဦး မအားရင္လည္းေနပါ။ လေရာင္လိုက္ပို႔လိုက္ပါ႔မယ္။ ေနလည္ ကိုထြန္းေတာက္နဲ႔ ျမင္းလွည္းငွားၿပီး မာမီေရာ ၊ မမေမာ္ေလး ကိုပါလေရာင္လိုက္ပို႔လိုက္ပါ႔မယ္။ ''
လေရာင္ ၾကားထဲမွ ဝင္ေၿပာလ္ိဳက္ေသာစကားေၾကာင့္ သစ္ဦး ဘာမွထပ္မေျပာေတာ့ဘဲ ၿငိမ္သြားေလသည္။
'' အဟမ္း လေရာင္လိုက္ပို႔မယ္ဆို ေမာင္ ပါလိုက္မယ္။ ေမာင္ေန႔လည္ ျပန္လာခဲ့ပါ႔မယ္။ ညေနေတာ့ နားလိုက္မယ္ မနက္ပိုင္း အလုပ္ေတြအကုန္အၿပီးသတ္လိုက္မယ္။ ပ်ိဳးပင္လည္းေမာင္ဝင္မဝယ္ေတာ့ဘူး လေရာင္နဲ႔မွပဲ ေမာင္တို႔တူတူဝယ္ၾကတာေပါ႔''
သစ္ဦး၏ ခ်က္ခ်င္းေျပာင္းသြားေသာ မ်က္ႏွာထားႏွင့္ စကားေၾကာင့္ ေမာ္လီ လက္ကိုတင္းေနေအာင္သာဆုတ္လိုက္ေလသည္။ တကယ္ဆို ခုလေရာင္ခင္ရဲ႕ ေနရာက ေမာ္လီရဲ႕ေနေရာ မဟုတ္ပါလား။ အလိုမက်မႈေတြကို ခ်ဳပ္တည္းရင္းသာ လေရာင္အား အၾကည့္စူးစူးမ်ားႏွင့္သာၾကည့္လိုက္ေလသည္။
'' အင္း ကိုသစ္ဦး သေဘာပါေလ။ ''
'' ကဲဟုတ္ၿပီ။ ဒါဆိုေမာင္ ႐ုံးသြားေတာ့မယ္။ ထြန္းေတာက္ လေရာင္ကိုေစ်းလိုက္မဝယ္ခိုင္နဲ႔ေနာ္ ကိုယ့္ဟာကိုယ္သြားဝယ္ေခ်။ ''
'' ဟုတ္ကဲ့ပါ အာစရိ ''
သစ္ဦး လေရာင္အားႏႈတ္ဆက္ၿပီး ထြန္းေတာက္အားမွာစရာရွိတာ မွာၿပီးသည္ႏွင့္ တစ္ျခားသူမ်ားအား တစ္ခ်က္မွလွည့္မၾကည့္ေတာ့ဘဲ ထြက္သြားေလေတာ့သည္။
'' ကဲ အစ္မေလး ဒါျဖင့္ က်ဳပ္လည္းေစ်းသြားေတာ့မယ္။ အစ္မေလးလိုက္ခဲ့မယ္မလား''
ထြန္းေတာက္ ဆရာ၏ အမိန္႔ေၾကာင့္ အစ္မေလးအား ေစ်းမေခၚသြားဖို႔ေတြးလိုက္ေပမဲ့ အစ္မေလးမာမီႏွင့္ ေမာ္ေလးဆိုသူအား စိတ္မခ်တာေၾကာင့္အစ္မေလးအား တစ္ေယာက္တည္းမထားခဲ့ခ်င္သည္မို႔ေမးလိုက္ေလသည္။
'' လိုက္ခဲ့မယ္ေလ ။ လေရာင္လိုက္ခဲ့ေပးပါ႔မယ္။ ''
'' ဘာလိုက္လုပ္မလဲ လေရာင္ေလးရယ္ ပင္ပန္းတယ္ ။ ၿမိဳ႕အုပ္မင္းကလည္း မလိုက္သြားဖို႔ေျပာခဲ့တယ္မလား။ မလိုက္ပါနဲ႔ေတာ့ မာမီနဲ႔ေနေပးပါအုံး ။ မာမီ မွာလေရာင္ေလးကိုေျပာစရာေတြလည္းရွိေသးတယ္။''
လေရာင္ အိမ္မွာ မေနခဲ့ခ်င္ေပမဲ့လေရာင္၏လက္အား အတင္းဆြဲကာ မ်က္ႏွာခ်ိဳေသြးေနသည့္ေမေမျမင့္ေၾကာင့္ လေရာင္ ဘာေျပာရမွန္းမသိျဖစ္သြားေလသည္။ ေသခ်ာပါသည္ ေစာေစာက ကိစၥကိုမေက်နပ္လို႔ လေရာင္ကိုဆဲၾကအုံးမွာပါပဲ။
'' အစ္မေလး လိုက္ခ်င္ရင္ ဘယ္သူမွတားလို႔မရပါဘူး ဆႏၵရွိရင္လိုက္ခဲ့ပါ။ ''
အေျခအေနအား ထြန္းေတာက္ရိပ္မိေတာ့ အစ္မေလးအား လိုက္ခဲ့ရန္ သြယ္ဝိုက္ေသာနည္းႏွင့္ေျပာလိုက္ေလသည္။
'' လေရာင္ေလးက မလိုက္ေတာ့ပါဘူး ။ ေမာင္ထြန္းေတာက္ တစ္ေယာက္တည္းအဆင္မေျပရင္ ခင္ေထြးကိုေခၚသြားေခ်။ ခင္ေထြးလိုက္သြားလိုက္ၾကားသလား။ ''
'' ဟုတ္ကဲ့ ေမေမႀကီး''
ေဒၚမာရင္ျမင့္သည္ ထိုသို႔သာေၿပာလ္ိဳက္ၿပီး လေရာင္၏ လက္အားအတင္းဆြဲကာ အေပၚထပ္သို႔တက္သြားေလေတာ့သည္။ ထြန္းေတာက္လည္းေနာက္ဆံတတင္းတင္း ႏွင့္သာ ခင္ေထြးအားေခၚၿပီးေစ်းသို႔ထြက္ခဲ့ေလေတာ့သည္။
'' က်ဳပ္လာသာ လာရတာ အစ္မေလးကို စိတ္ခ်တာမဟုတ္ဘူး ။ ''
ေစ်းျခင္းေတာင္းအားကိုင္၍ ခင္ေထြးအား လွည့္ၾကည့္ကာေျပာလာသည့္ ကိုထြန္းေတာက္ေၾကာင့္ ခင္ေထြးေခါင္းကေလးသာညိတ္ျပလိုက္ေလသည္။
'' ခင္ေထြးေရာပဲ။ ခင္ေလးကိုနည္းနည္းေတာ့စိတ္ပူတယ္ ျမန္ျမန္ဝယ္ၿပီး ျမန္ျမန္ျပန္ၾကရေအာင္ ''
ခင္ေထြး၏ စကားေၾကာင့္ ထြန္းေတာက္မ်က္ခုံးတို႔တြန္႔က်ဳံ႕သြားေလသည္။
'' ဘာလို႔စိတ္ပူရတာလဲ။ သူတို႔သားအမိေတြပဲမဟုတ္ဘူးလား။ သားအမိေတြခ်င္းစကားေျပာတာ ဘာစိတ္ပူစရာရွိလဲ။ ''
ထြန္းေတာက္၏ ေခ်ာင္ပိတ္ေမးသည့္ေမးခြန္းေၾကာင့္ ခင္ေထြးဘာေျဖရမွန္းမသိ ေၾကာင္သြားေလသည္။
'' ဟို ... အဲဒါက ''
''....''
'' အယ္ ဘဘႀကီး ပါ႔လား ။ ေျပာေတာ့ရန္ကုန္ျပန္သြားမယ္ဆိုၿပီး ဘာလို႔ ေမၿမိဳ႕မွာရွိေနရေသးတာလဲ။ ေမေမႀကီးတို႔ဆီမလာပဲ။ ''
ခင္ေထြး၏ အေျဖအား နားစိုက္ေထာင္ေနစဥ္ ခင္ေထြးေျပာလိုက္သည့္စကားမ်ားေၾကာင့္ ထြန္းေတာက္ အၾကည့္မ်ား ခင္ေထြးၾကည့္ေနရာေနရာသို႔ လႊဲလိုက္ေလသည္။
'' ဦးကိုကိုေက်ာ္''
ဦးကိုကိုေက်ာ္အေၾကာင္းအား အၿမဲစုံစမ္းေနရသည့္လူမို႔ ထြန္းေတာက္မမွတ္မိရန္အေၾကာင္းမရွိ ဂ်စ္ကားထဲမွထြက္၍ စံအိမ္တစ္ခုထဲသို႔ဝင္သြားသည္ဦးကိုကိုေက်ာ္မွာ ပုန္းလွ်ိဳးကြယ္ရႈိးႏိုင္လွသည္။ ေဒၚမာရင္ျမင့္ မေန႔ကေျပာေတာ့ သူတို႔ႀကီးပဲ ေမၿမိဳ႕ကိုလာခဲ့သည္ဆိုၿပီး ခုက် ဦးကိုကိုေက်ာ္ကပါ ေမၿမိဳ႕မွာရွိေနေလသည္။ ဒါျဖင့္ ရန္ကုန္မွာ ရွိေနသည္ ဆိုတာကလည္း အေယာင္ျပသာျဖစ္ႏိုင္သည္။ ထြန္းေတာက္အေၾကာင္းအရာမ်ားအားဆက္စပ္ ေတြးၿပီး တစ္ခ်က္ျပန္ၾကည့္မိေတာ့ မိမိဘက္ကိုလွည့္လာသည့္ ဦးကိုကိုေက်ာ္ေၾကာင့္ ခင္ေထြးအားမသိမသာကြယ္လိုက္ေလသည္။ သူမိမိကိုေတာ့ေသခိာမေတြ႕ဘူး၍ မွတ္မိမည္မဟုတ္။ ခင္ေထြးသာအဓိကမို႔ ခင္ေထြးအားမသိမသာ ကြယ္လိုက္ေလသည္။ ဦးကိုကိုေက်ာ္ စံအိမ္ထဲဝင္သြားတာ ေသခ်ာၿပီဆိုကာမွ ထြန္းေတာက္ ခင္ေထြး၏ အကႌ်လက္အားအတင္ဆြဲၿပီး ခပ္ျမန္ျမန္ထြက္ခဲ့ေလေတာ့သည္။
'' ဘာျဖစ္လို႔လဲဟင္ ကိုထြန္းေတာက္''
'' ေၾသာ္ ဘာမွမျဖစ္ပါဘူး ေစ်းေနာက္က်မွာဆိုးလို႔ ဒါနဲ႔ ခင္ေထြးတို႔ မေန႔ က လာတုန္းက ဦးကိုကိုေက်ာ္ေရာပါတာလား''
'' အင္း ဘဘႀကီးက လိုက္ခဲ့တယ္ ဒါေပမဲ့ ၿမိဳ႕အုပ္အိမ္ထိမလိုက္ေတာ့ဘဲ ၿမိဳ႕စပ္မွာ က်န္ခဲ့တာ ေျပာေတာ့ခ်က္ခ်င္းျပန္မယ္လည္းေျပာတယ္။ ''
'' ေၾသာ္မသိပါဘူး မေန႔က ခင္ေထြးတို႔ေမေမႀကီးက က်ဳပ္ဆရာေမးတုန္းက ရန္ကုန္မွာက်န္ခဲ့တယ္ဆိုလို႔ေလ''
'' အင္း ခင္ေထြးလည္းမသိေတာ့ပါဘူး ။ ဘဘႀကီးခ်က္ခ်င္းျပန္မွာမို႔ အဲလိုေျပာလိုက္တာထင္တယ္။ ''
ခင္ေထြး၏ စကားေၾကာင့္ ထြန္းေတာက္ေခါင္းတညိတ္ညိတ္ႏွင့္ ညစ္က်ယ္က်ယ္သာၿပဳံးေနေလသည္။
>>>>>>
<<<<<<
'' ေျဖာင္း!''
'' အား!''
ပါးေပၚက်ေရာက္လာေသာ ႐ိုက္ခ်က္ေၾကာင့္လေရာင္ မ်က္ႏွာလည္ထြက္သြားေလသည္။
'' သိပ္ကိုေပ်ာ္ေနတယ္ေပါ႔လေရာင္ခင္ ဟင္ ။ နင့္ကိုယ္နင္ တကယ့္ၿမိဳ႕အုပ္ကေတာ္မွတ္ေနၿပီေပါ႔။ ငါ႔ကိုေတာင္ ၿမိဳ႕အုပ္မင္းေရွ႕မွာ အရွက္ခြဲလို႔ ''
'' လေရာင္ ဘာလုပ္မိလို႔လဲ။ လေရာင္ မမေမာ္လီကိုထိခိုက္ေအာင္ ဘာမွရည္ရြယ္ၿပီးမလုပ္ခဲ့ပါဘူး။ ''
'' နင္အခုေနရာက ငါ႔အစားထိုးထားတဲ့ ေနရာပဲ။ နင့္အပိုင္မဟုတ္ဘူး။ ေလာဘတက္မေနနဲ႔။ ခုကစၿပီးထပ္ေျပာမယ္ ၿမိဳ႕အုပ္မင္းက ငါ႔အတြက္ပဲ ငါ႔ေနရာငါျပန္ယူမွာနင္ဝင္ရႈပ္မယ္ဆို ေနာက္တစ္ခါဒီထပ္ပိုနာမယ္မွတ္''
ေျပာခ်င္တာေျပာၿပီး လေရာင္အား အၾကည့္စူးစူးမ်ားမ်ားႏွင့္ၾကည့္ကာ ထြက္သြားသည့္ မမေမာ္လီေၾကာင့္ လေရာင္ လက္သီးအားတင္းေနေအာင္ဆုပ္ကာ မ်က္ရည္တို႔က်ဆင္းလာေလသည္။
>>>>
<<<<
4.11.2023
TBC__
အၾကားႀကီး အၾကာႀကီးျပစ္ထားမိလို႔ ေတာင္းပန္ပါတယ္ေနာ္ ႀကိဳးစားၿပီးျပန္ေရးပါ႔မယ္💙