(3.3) သားပေါက်လေး
နန်ဟွေး က ဟော်တည် ထဲမှာ သူက နှစ်ကြိမ်လောက် နံရံကို ဖြတ်ကျော် ခဲ့တာ ကို ပြန်ပြီးတော့ သတိ ရသွား လေတယ်။
သူက သိသိသာသာ ကြီး ကိုပဲ လူနည်းတဲ့ ထောင့်နား လေးကို ရွေးချယ် ပြီးတော့ ဖြတ်ကျော် ခဲ့တာ ဖြစ်ပေမယ့် ရှောင်ဟိုလီ ပြောတဲ့ အတိုင်း သူ့ရဲ့ လှုပ်ရှား မှုတွေ မှတ်ယူထား နိုင်တဲ့ ဟာသာ ရှိရင် အဲ့မှတ်တမ်း ထဲမှာ သူလုပ်ခဲ့ တဲ့ ဟာတွေက လူသား တွေကို သေချာပေါက် ကြောက်လန့် စေမိ သွားမှာ ပဲ ဖြစ်တယ်။
နန်ဟွေး က တွေးလေလေ မြေခွေး လေး က သူ့ထက်တောင် ပိုပြီး အတွေ့အကြုံ များကာ အရမ်းကို တော်တယ် ဆိုတဲ့ ဂုဏ်ပုဒ် နဲ့ ကိုက်ညီတယ် လို့ ခံစား ရလေတယ်။
မြေခွေးလေး က သိပ်ကို စဥ်းစား တက်တာ ပဲရော်။
'' ကောင်းပြီ။ ငါ တစ်ခဏ လောက် အတွင်း ပဲ ပြန်လာ ခဲ့မယ်နော် ''
ဟော်တည် ရဲ့ ပထမထပ် မန်နေဂျာ ရဲ့ ရုံးခန်း ထဲမှာ ကျင်းထန် တစ်ယောက် တိတ်တဆိတ် ထိုင်နေ ခဲ့လေတယ်။
သူ့နောက်မှာ ရပ်နေတဲ့ အတွင်းရေး မှုးခမျာ ဘာမေးခွန်း ကိုမှ မမေးရဲ ပါပေ။
မစ္စတာ ကျင်း က သူမ ကို မနက်ခင်း အစောကြီး ကတည်း က လှမ်းခေါ်ထား ပြီးတော့ ဘာကိုမှ မပြောခဲ့ ပါပေ။ ပြီးတော့ ဟော်တည် မန်နေဂျာ ကို ခေါ်ကာ အနီးကပ် စောင့်ကြည့် ရေး ကင်မရာ မှတ်တမ်း တွေကို ပြုပြင် ခိုင်းတာ ပဲ ဖြစ်လေတယ်။
ပြီးတော့ သူမ ဘော့စ်ရဲ့ ဘယ်ဘက် ပါးပေါ်က အနီရောင် လက်ဝါးရာ အကြီးကြီး ကိုလည်း သူမ တွေ့လိုက် ရလေတယ်။ ဒါကြောင့် ပေါက်ကွဲ ထွက်လာ မတက် သိချင် နေတဲ့ စိတ်တွေကို သူမ ခမျာ အတက်နိုင်ဆုံး ဖိနှိပ်ထား ရလေတယ်။
သိချင်လို စိတ်က လူ တစ်ယောက် ကိုတောင် သေစေ နိုင်ရုံသာ မကပဲ သူမရဲ့ လစာ အများကြီး ရတဲ့ အတွင်းရေးမှုး အလုပ်လေး ကိုတောင် ဆုံးရှုံး သွားစေ နိုင်တယ်လေ ။
သူမ က သူမ အတွက် ထောက်ပံ့ နေရဆဲ ပဲ ဖြစ်ပြီးတော့ ဒီကနေ ရလာမယ့် အကျိုးဆက်ကို လည်း ခံစားနိုင်စွမ်း မရှိသေးပါပေ။
ဟော်တည် မန်နေဂျာ ခမျာ တုန်ရီ စွာနဲ့ပဲ တောင်းဆို မှုအတိုင်း လိုက်ပြီး လုပ်ပေး နေ လေတယ်။ သူ့အတွက်လည်း လုံးဝကို မလွယ်ပါဘူး ။ ဒီလောက် အကောင်ကြီး ကြီး ကို သူက ဘယ်လို အပြစ် ပြုမိထား မှန်းတောင် မသိပါပေ။
သေချာ တာပေါ့ သူကလည်း ကျင်းထန် ရဲ့ ပါးပေါ်က အနီမှတ် ကြီး ကို တွေ့ခဲ့တယ်လေ။ ဒါပေမယ့် ဒီလိုမျိုး မိုင်းတွင်း ကြီးကို ဘယ်သူ က မီးတက်ရှို့ရဲ တာလဲ ဆိုတာ ကတော့ မန်နေဂျာ ခမျာ လည်း မသိခဲ့ ပါပေ။
သူက အနီးကပ်စောင့် ကြည့်ရေး ကင်မရာ ရဲ့ မှတ်တမ်း ဗီဒီယို တွေကို ပြုပြင် ပြီးတဲ့နောက် မလွယ်ကူ ဘူးဆိုတဲ့ ခံစားချက် ကြီး က ပိုပြီးတော့ တောင် ပြင်းထန် လာလေတယ်။
၁၂ ထပ် က လျောက်လမ်း မှ ကင်မရာ တစ်လုံး က လွဲရင် ကျင်းထန် တောင်းဆိုချက် အတိုင်း ပြသ ခိုင်းတဲ့ အချိန်တွေ မှာမှ တစ်ခြား အထပ်တိုင်း ထောင့်နား လေးတွေ ဆီမှာ ရှိတဲ့ ကင်မရာ တွေက အမည်မသိ အကြောင်းအရင်း တစ်ချို့ကြောင့် ပျက်စီး နေတာကို တွေ့လိုက် ရလေတယ်။
မန်နေဂျာ ခမျာ အတော်လေး ကို ကြောက်လန့် သွားပြီးတော့ သေချင်စိတ် တွေတောင် ပေါက်သွားတော့ လေတယ်။
ဘာကြောင့် အခုလိုတွေ ဖြစ်လာ ရတာ လဲ ဆိုတာကို သူ ခမျာ လုံးဝ မသိ ပေမယ့် အဲ့တာ က တိုက်ဆိုင်မှု တစ်ခု သက်သက် မဟုတ်မှန်းတော့ သဘောပေါက် ပါ သေးတယ်။
မှတ်တမ်းတွေ အချိန်ကိုက် ပျက်တာ နဲ့ ပတ်သက်ပြီး တော့ တစ်ခုခု မှားယွင်း နေတာ ပဲ ဖြစ်ရမယ်။
ဒါပေမယ့် ပြဿနာ က ဘာကြောင်းလဲ ဆိုတာကို မန်နေဂျာဟာ အချိန်တခဏ လေး အတွင်းမှာ ပဲ အဖြေလုံးဝ မထုတ် နိုင်ခဲ့ ပါပေ။
အခု လောလော ဆယ်မှာ သူက ဘာကို စိုးရိမ် ပူပန် ကြောင့်ကြ နေရ သလဲ ဆိုတာ ကတော့ သူဟာ ကျင်းထန် လို တကယ့် ပုံမှန်လာ နေကြဖြစ်တဲ့ အကောင်ကြီးကြီး ကာစတန်မာ တစ်ယောက် ကို လက်လွတ် ရတော့ မှာ ဖြစ်ရုံ တင်မက ပဲ ကျင်းထန် ဆီကနေ ပါ ပြဿနာ အရှာခံ ရ တော့မှာ ပဲ ဖြစ်လေတယ်။
အဲ့တာ ကို အရေး မပါတဲ့ ကိစ္စ လို့ ကွန်ပလိန်း တက်လိုက် ချင်ရင် ရပေမယ့် လည်း ကျင်းထန်သာ သူ့ကို ခက်ခဲ စေချင် ပါက လုပ်ဆောင် နိုင်တဲ့ နည်းလမ်း အရေ အတွက်တွေ အများ ကြီး ရှိလေတယ်။
မန်နေဂျာ ခမျာ ထိုအကြောင်းအရာ ကို ကျင်းထန် ဆီ ချွေးအေးတွေ ကျစွာနဲ့ သတင်း ပို့ရ လေတယ်။
ဒီအခြေအနေ မျိုးမှာ ကျင်းထန် ကို လှည့်ပတ် ပြီးတော့ အရူးလုပ်ထ ဖို့က လုံးဝ မဖြစ်နိုင်တာ ကြောင့် အမှန်အတိုင်း ပြောပြ ဖို့သာ တက်နိုင် လေတယ်။
အံ့သြ ဖို့ ကောင်းစွာ နဲ့ပဲ ကျင်းထန် က ဒေါသ လည်း မထွက်သလို မန်နေဂျာ စိတ်ကူးထား သလိုမျိုးလဲ လုပ်မလာ ခဲ့ ပါပေ။ ဒါပေမယ့် သူက လျောက်လမ်း ထောင့်က ဗီဒီယို ကိုပဲ စိုက်ကြည့် နေကာ ထပ်တလဲလဲ ပြန်ကြည့် နေခဲ့ လေတယ်။
မန်နေဂျာ က ထိုဗီဒီယို ကို အခုလေးတင် ကြည့်ပြီး ခဲ့ ပြီး ဖြစ်လေတယ်။ အနက်ရောင် ဟူဒီ ဝတ်ထားတဲ့ ကောင်လေး တစ်ယောက် က ကျင်းထန် ရဲ့ အခန်း ထဲ ကနေ ထွက်လာ ခဲ့တာ ပဲ ဖြစ်လေတယ်။
ထိုကောင်လေး က ယိမ်းယိုင်စွာ နဲ့ပဲ လျောက်လမ်း ရဲ့ ထောင့်နား လေးမှာ ပဲ ပျောက်ကွယ် သွားတော့ လေတယ်။
အဲ့တာ က လက်ဝါးရာ ရဲ့ ပိုင်ရှင် ဖြစ်ဟန် တူ ပါတယ်။
ဒီလောက် အသက်ငယ် သေးတဲ့ ကောင်လေး ကို ကြည့်လိုက် စမ်းပါ။ သတ္တိကတော့ အတော်လေး ကို ကောင်းတာ ဗျာ ။
မန်နေဂျာ က နန်ဟွေး ရဲ့ သတ္တိကို သူ့ စိတ်ထဲမှာ အနည်းငယ် လောက် အသိအမှတ် ပြုလိုက်လေတယ်။
နောက်ဆုံးမှာတော့ ကျင်းထန် ရဲ့ မျက်လုံး တွေက အနီးကပ် စောင့်ကြည့်ရေး ကင်မရာ မှတ်တမ်း ဗီဒီယို ကနေ ဖယ်သွား တော့တယ်။ မျက်လုံး တွေက မန်နေဂျာ အပေါ်မှာ ရပ်တန့် သွားပြီးတော့ ကြက်သီး ထစရာ ကောင်းတဲ့ အသံနဲ့ ပြောလာ ခဲ့တယ်။
'' မင်းတို့ ဟော်တည် ရဲ့ လုံခြုံရေး အတိုင်း အတာ က တကယ်ကြီးကို ကောင်းကောင်း ဆောင်ရွက် နေတာကိုး''
မန်နေဂျာ ရဲ့ နှလုံးသား က လည်ပင်း ကနေ ခုန်ထွက်လု နီးပါး ဖြစ်နေ ခဲ့လေတယ်။
ဒါပေမယ့် ကျင်းထန် က ထို စကား ကို ပြောပြီး တာနဲ့ တစ်ခြား ဘာစကား ကိုမှ ထပ်မပြောတော့ ပဲ ရုံးခန်း ထဲ ကနေ ပြီးတော့ ထွက်ခွာ သွားတော့ လေတယ်။
မန်နေဂျာ ခမျာ ကြောင်အ စွာ တွေးနေ မိလေတယ်။
ဒါက အဆုံးသတ် သွား ပြီလား?
ဟော်တည် ထဲ ကနေ ထွက်ပြီး တော့ ကျင်းထန်က သူ့ ကားထဲ ရောက်တဲ့ အထိ မန်နေဂျာ ခမျာ အသက်တောင် ပြင်းပြင်း မရူရဲ့ သလို သက်ပြင်းလည်း မချ ရဲ ခဲ့ပါပေ။
ကျင်းထန် ကတော့ သူ့ရဲ့ ဘယ်ဘက် ပါးပေါ် က လက်ဝါးရာ ဖျော့ဖျော့လေး ကို ကြည့်ရင်း နန်ဟွေး က သူ့ကို ရိုက်တဲ့ အချိန်မှာ ခွန်အားရဲ့ တစ်ဝိုက်တောင် သုံးမထား ဘူး ဆိုတာ ကို တွေ့လိုက် ရလေတယ်။
ကျင်းထန် က တစ်စုံတစ်ရာ ကို တွေးတော နေပြီးတော့ စိတ်ခံစားချက် တွေ အကုန်လုံး က သူ့မျက်ဝန်း ထဲမှာ ပဲ စုပြုံ ပေါ်ပေါက် လာတော့ လေတယ်။
ယုန်ငယ်လေး ကတော့ တကယ်ကို ကြီးပြင်း လာခဲ့ ပြီး ဖြစ်ကာ ချွန်ထက်တဲ့ လက်သည်း လေးတွေ တောင် ရှိနေ ပြီ ဆိုတာကို သူလက်တွေ့ ခံစား လိုက် ရ ပြီလေ။
ကျင်းထန် က သူ့ မျက်နှာ ပေါ်မှာ ထင်ရှား နေတဲ့ လက်ဝါး ရာ ကြီးကို ပျောက်ကင်းအောင် မကိုင်တွယ် ပဲနဲ့ သူ့ရဲ့ ကုမ္ပဏီ ကို သာ တိုက်ရိုက် ပဲ ပြန်သွား လိုက်တော့ လေတယ်။
( ချစ်ချစ် ရဲ့ အမှတ်အသား လေးလေ 🤣🤣)
ဒီဘာသာပြန်သူ မှာ ပြောစရာ ရှိတယ်
ပရိုက်ကွစ်: မစ္စတာ ကျင်း ၊ ခများ ဘယ်လို ထင်ပါသလဲ
ကျင်းထန်: ကလေးလေး ရလာမလား ခန့်မှန်းကြည့် လေ ။ မှန်းတာမှန်ရင် ဟုန်ပေါင်း ပေးမယ်။
.....................................................
ဟက်ပီးဘက်ဒေး တူမီ❤😀
ကိုယ့်မွေးနေ့ မလို့ ၃ ပိုင်း တင်ပေး ထားပါတယ်။ ဒါကို နောက်တစ်ပိုင်းလို့ ပြောပြီး ကျက်သရေ လာယုတ်ရင် ဘယ်သူ့ကို မဆို mute မည် 😀❤