(3.1) သားပေါက်လေး
နန်ဟွေး က မိတ်လိုက် ကာလ ဝင် ပြီးတဲ့နောက် မသိတဲ့ လူ တစ်ယောက် နဲ့ အိပ်လိုက် မိတယ်။
ကြီးမားတဲ့ သတင်း အချက်အလတ် တွေက ဝမ်ဟန် ရဲ့ မသိစိတ်ကို တိုးပြီး ဝင်ဆောင့် လာခဲ့ လေတယ်။
လမ်းမကြီး ပေါ်မှာ ရှိနေတဲ့ အတွက်ကြောင့် ထိုနေရာမှာ သတင်း အချက်အလတ် တွေကို သေချာ မေးမြန်းဖို့ မသင့်တော် ပါပေ။ ဝမ်ဟန် က အမြန်ပဲ နန်ဟွေးကို သူ့ရဲ့ အိမ်အသေးလေး ဆီ ပြန်ပြီးတော့ ဆွဲခေါ် သွားတော့ လေတယ်။
အိမ် က အရမ်းကြီး မကြီးပေမယ့် လိုအပ်သမျှ တွေ အကုန် ရှိလေတယ်။ အိပ်ခန်း၊ ရေချိုးခန်း ၊ မီးဖိုချောင် ၊ ဝရံတာ တွေ ရှိလေတယ်။ နန်ဟွေး က ဆိုဖာပေါ် မထိုင်ရ သေးခင် မှာပဲ သူက အိမ် ထဲကို မနာလိုစွာ နဲ့ ပဲ လိုက်ကြည့် ခဲ့လေတယ်။
သူက အခုလို လူသား ပုံစံ ပြောင်းတယ် ဆိုတဲ့ အကြောင်း ပြချက် တစ်ခု ကတော့ ရှောင်ဟိုလီ လို မျိုး ကိုယ်ပိုင် ပိုင်ဆိုင်မှု တွေ ရှိချင် နေတာကြောင့်ပဲ ဖြစ်လေတယ်။ ဒီလူသား ကမ္ဘာ မှာ သူက ဒီလို အိမ်သေးသေး လေး တစ်လုံးတော့ ရှိချင် မိတယ်လေ။
သူ့ရဲ့ ဂူ က လုံခြုံတယ် ဆိုပေမယ့်လည်း အရမ်းကို ပျင်းစရာ ကောင်းတယ်လေ။ ပြီးတော့ အဲ့တာ က လူသား ကမ္ဘာ လိုမျိုး ပျော်ရွှင်စရာ လည်း လုံးဝ ကို မကောင်း ပါပေ။
ထို ကျဥ်းမြောင်းတဲ့ နေရာ လေး က နန်ဟွေး ကို ပြောမပြ တက်လောက် အောင် လုံခြုံမှု အငွေ့အသက်တွေ ပေးစွမ်း နိုင်လေတယ်။ ပြီးတော့ သူမေ့လျော့ထား ခဲ့တဲ့ ဆာလောင် မှု ကလည်း သူ့ရဲ့ အစာအိမ် ထဲကနေ ပျင်းထန်စွာ ဝေ့ဝိုက် တက်လာ ခဲ့ ပြီးတော့ အသံ ကျယ်ကြီး မြည်ဟီး လာခဲ့ လေတယ်။
နန်ဟွေး က သူ့ရဲ့ ' သံစုံတီးဝိုင်း ' ဖြစ်နေတဲ့ ဗိုက်လေး ကို လက်နဲ့ ဖိထား ပြီးတော့ ရှောင်ဟိုလီ ကို ရှက်ရှက် နဲ့ ပဲ ပြုံးပြ လိုက်တော့ လေတယ်။
ဝမ်ဟန် က ထို အဓိပ္ပါယ် ကို ကောင်းကောင်း လေး နားလည် လေတယ်။ သူက အရင်ဆုံး နွားနို့ တစ်ခွက် လောင်းထည့် က နန်ဟွေး ကို ပေးခဲ့ ပြီးတော့ မီးဖိုချောင် ထဲကို သွားကာ အေပရွန် ဝတ်လိုက် ပြီးတော့ မနက်စာ ချက်လိုက် တော့လေတယ်။
မီးဖိုချောင်ထဲ ကနေ သင်းပျံ့တဲ့ ရနံ့တွေ က ဝေ့ဝိုက် တက် လာတဲ့ အခါ မှာတော့ နန်ဟွေး ရဲ့ မျက်လုံး နီနီ လေး တွေက ချက်ချင်းပဲ မျှော်လင့် ချက်တွေ အပြည့် ဖြစ်သွား တော့လေတယ်။
သူ့ရဲ့ မူလ ပုံစံ က ယုန် တစ်ကောင် ဖြစ်ပေမယ့် လူသား အဖြစ် ပုံပြောင်း ပြီးတဲ့နောက် လူသား တွေစားတဲ့ အစားအစာ မှန်သမျှ ကို စားလို့ ရပြီပဲ ဖြစ်လေတယ်။ ဘာပြဿနာ မှ မရှိတော့ ပါပေ။
နန်ဟွေး တစ်ယောက် ကမ္ဘာပေါ်မှာ အရသာ ရှိတဲ့ စားသောက် ဖွယ်ရာ မျိုးစုံ ရှိကြောင်း ကို ရှောင်ဟိုလီ ဝမ်ဟန် ရဲ့ ပြောစကာတွေ ထဲမှာ နှစ်ပေါင်းများစွာ ကတည်း က ကြားသိ လာ ခဲ့ ရတာ ဖြစ်လေတယ်။ ပြီးတော့ ဒီနေ့မှာတော့ အဲ့တာ တွေကို စားဖို့ အတွက် ပထမဆုံး အခွင့်အရေး ကို ရလာခဲ့ ပြီ ဖြစ်တာ ကြောင့် နန်ဟွေး တစ်ယောက် အရမ်းကိုစိတ် လှုပ်ရှား တက်ကြွ နေကြ လေတယ်။
ဝမ်ဟန် က ပန်းကန်ပြား တစ်ချက် နဲ့ အမြန်ပဲ ထွက်လာ ခဲ့ လေတယ်။
နန်ဟွေး အရမ်းကို ဗိုက်ဆာ နေမှာ စိုးရိမ်တဲ့ အတွက်ကြောင့် ဝမ်ဟန် က လက်ဖက်ကြက်ဥ ပြုတ် နှစ်လုံးကို လှီးကာ ဝက်ဘေကွန် ၃ ချက် ကြော်ပြီး ကြက်သား အစွာသွပ် မုန့်၃ခု အပြင် ပေါက်စီ နွေးနွေးလေး ၅ ခု ကို ပန်းကန် ပြားပေါ် တင်က အမြန်လေး ယူလာခဲ့ ပေးတာ ပဲ ဖြစ်လေတယ်။
နန်ဟွေး က ကြီးမားတဲ့ ပန်းကန် ပြား ပေါ်က စားစရာ တွေကို သရေတကျ နဲ့ လှမ်းကြည့် ပြီးတော့ ရှက်ရွံ့စွာ ပဲ ရှောင်ဟိုလီ ကို လှမ်း မေးလိုက် လေတယ်။
'' ရှောင်ဟိုလီ မင်းရော စားချင် သေးလား ဟင်? ''
ဝမ်ဟန် ခမျာ နန်ဟွေး ရဲ့ ချစ်စရာ ကောင်းမှု တွေကြောင့် ရင်ထဲ ထိသွား ပြီးတော့ ပါးစပ်လေး ကို အုပ်ကာ ပြုံးလိုက် လေတယ်။
'' ငါက ဟော်တည် ကနေ ပြန်လာ ပြီး ကတည်း က စားပြီး သွား ပါပြီ။ မြန်မြန်လေး ဒါတွေကို စားလိုက်။ အစာ မခံ ရစေနဲ့! ''
ထိုအခါ မှသာ နန်ဟွေး တစ်ယောက် ယုံကြည် မှု အပြည့်နဲ့ တူ တွေကို ကောက်ကိုင် လိုက်တော့ လေတယ်။
ရှောင်ဟိုလီ ရဲ့ ဟင်းချက် ဆိုင်ရာ ကျွမ်းကျင် မှု ကတော့ ပြောစရာ မလို လောက်အောင် ကို ကောင်းမွန် နေလေတယ်။
နန်ဟွေး က သူ့ဗိုက်လေး မပြည့်မချင်း စား နေ ပြီးတော့ နို့ကို လည်း သောက် လေတယ်။ ကြက်သား အစာသွပ်မုန့် တစ်ခုနဲ့ ပေါက်စီလေး ၂ ခုသာ မကုန် ပဲ ကျန်နေ ခဲ့တာ ဖြစ်လေတယ်။
ဝမ်ဟန် က ကျန်တဲ့ အစားအစာ တွေကို ရေခဲ သေတ္တာ ထဲ ထည့်လိုက် ပြီးတော့ ပန်းကန် တွေကို ဆေးကြော သန့်စင် လိုက်လေတယ်။
နောက်ဆုံးတော့ နှစ်ယောက် စလုံး အတွက် စကား ကောင်းကောင်း ပြောဖို့ အချိန် ကို ကျရောက် လို့ လာခဲ့ ပါတော့တယ်။
နန်ဟွေး က ဝမ်ဟန် ကို တောင်ပေါ် ကနေ ဆင်းပြီးတော့ သူ့နဲ့ ပြန်ကြုံတွေ့တဲ့ အထိ ဖြစ်ပျက် ကြုံတွေ့ ခဲ့သမျှကို ပြန်ပြီး ပြောပြ ခဲ့လေတယ်။ တစ်ချို့ အလယ်မှာ ဖြစ်ပျက်ခဲ့တာ တွေရဲ့ အသေးစိတ် အချက်အလတ် တစ်ချို့ ကလွဲ ပြီးတော့ ပေါ့လေ ။ ထိုကိစ္စ ရဲ့ ဖြစ်ပေါ် လာမှု နဲ့ အကျိုးဆက် တွေကို တိုက်နိုင်သမျှ ဖုံးကွယ် ထား ခဲ့လေတယ် ။
ထိုဟာ တွေကို ကြားပြီး တဲ့နောက် ဝမ်ဟန် ခမျာ အံသြ လွန်းလို့ မေးရိုးတောင် ပြုတ်ကျ မတက် ဖြစ်သွား တော့လေတယ်။ ဒါပေမယ့် သူ့ကိုယ်သူ စိတ်တည် ငြိမ်စေ ဖို့ရာ အတွက် တက်နိုင်သမျှ ထိန်းခဲ့ ပြီးတော့ နန်ဟွေး တစ်ယောက် အခု လက်ရှိ ကြုံတွေ့ ခဲ့ရတဲ့ အခြေအနေ ကို တက်နိုင် သမျှ ခွဲခြမ်း စိတ်ဖြာ နေခဲ့ လေတယ်။
'' ဆိုတော့ မင်းက ထူးဆန်း တဲ့ မွှေး ရနံ့ တစ်ခု ကို ရခဲ့ ပြီးတော့ မိတ်လိုက် ကာလ ထဲကို ကျရောက် သွားတာ ပေါ့လေ။ လူစိမ်း တစ်ယောက် နဲ့ အတူတူ အိပ်ပြီး သွားတဲ့ နောက်မှာတော့ မင်းရဲ့ နားရွက် တွေနဲ့ အမြီးလေး က ပြန်ပြီးတော့ ထည့်လို့ မရ တော့ ဘူးပေါ့လေ''
နန်ဟွေး က ခေါင်းလေး ကို တဆက်ဆက် ငြိမ့် ပြလိုက် လေတယ်။ မြေခွေးလေး က လူ့လောက မှ အကြာကြီး နေဖို့ ထိုက်တန် တဲ့ သူ လို့ မပြောရဘူး သူပြောလိုက် တဲ့ အရာအားလုံးကို တစ်ခဏ လေးတင်မှာ ပဲ ကောင်းစွာ အကျဥ်းချုပ် လိုက် နိုင်တယ်လေ။
အခု က မြေခွေးလေး ရဲ့ အိမ်မှာ ဖြစ်တဲ့ အတွက်ကြောင့် နန်ဟွေး တစ်ယောက် ဘာမှကို ရှက်ရွံ့ နေစရာ မလိုပါပေ။ ဒါကြောင့် သူက ခေါင်းပေါ်မှာ ဆောင်းထားတဲ့ ဦးထုတ် လေး ကို ချွတ်လိုက် ပြီးတော့ အဖြူရောင် အမွေးပွ နားရွက်လေး နှစ်ဖက် က ခေါင်းလေး ပေါ်မှာ တင်ကျန် နေတာကို တွေ့ နေ ရလေတယ်။
ဝမ်ဟန် က တစ်ခဏ တွေးလိုက် ပြီးတဲ့နောက် သူ့ရဲ့ အမူအရာ က အလေးအနက် ရှိလာ ခဲ့လေတယ်။
'' ငါအဲ့ကိစ္စ ရဲ့ ဖြစ်လာမယ့် အကျိုးဆက်ကို ပြောပြ ချင်တယ်။ အဲ့ဒါက ဖြစ်တန်စွမ်း ပဲနော်။ မင်း ကလေး ရလာနိုင် သလား? ''
နန်ဟွေး က ခေါင်းလေး စောင်းကာ ပထမတော့ ဝမ်ဟန် ရဲ့ အမေး ဖြစ်တဲ့ သူ့မှာသာ ကလေး ရှိလာ ရင် ဆိုတာ က ဘာကို ပြောချင်တာ လဲ ဆိုတာကို သဘော မပေါက် ခဲ့ ပါပေ။
အဲ့ တာ က ဘာကို ဆိုလိုချင် တာ လဲ ဆိုတာကို သေချာလေး တွေးမိ ပြီးသွား တဲ့နောက် သူ့အမြီးလေး ပေါ်က အမွှေးတွေ အကုန်လုံး က ထောင်ထ သွားတော့ လေတယ်။
သူက ထစ်ထစ် အအ နဲ့ ပြောလာ ခဲ့လေတယ်။
'' မဖြစ်..... မဖြစ် နိုင်တာ ကြီးပဲလေ ''
သူက ငယ်စဥ် အရွယ်လေး မှာတင် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ မှာ ထူးခြားတယ် ဆိုတာကို နန်ဟွေး သိခဲ့ ပြီးသား ဖြစ်လေတယ်။
သူက ယုန်အထီး လေး အဖြစ် မွေးဖွာ လာတယ် ဆိုပေမယ့် လည်း သူက သားပေါက်လေး တွေ မွေးပေး နိုင်တဲ့ ယုန်အထီး လေးပဲ ဖြစ်လေတယ်။
မိတ်လိုက် ကာလ ကို အချိန် အတော် ကြာ ကတည်း က မဖြစ်ခဲ့တဲ့ အတွက်ကြောင့် နန်ဟွေး က အဲ့ အချက်ကို မေ့လုနီး ပါး ဖြစ် နေ ခဲ့ ပါပြီ။
'' ငါပြောတာ ကို နားထောင် နော် ''
ဝမ်ဟန် က နန်ဟွေး ရဲ့ လက်လေး ကို ကိုင် လိုက် ပြီးတော့ စိတ်တည်ငြိမ် စေ ဖို့ လုပ်ပေး လိုက်တယ်။
'' ငါက ငါ့မေမေ ပြောတာ ကို ကြားဘူးတယ်။ အဲ့လို ထူးခြားတဲ့ ရုပ်ပိုင်း ဆိုင်ရာ အခြေအနေ ရှိသူ တွေက သားပေါက်လေး တွေ ရလာတဲ့ အခါ မှာ သူတို့ရဲ့ ကိုယ်ခန္ဓာ လုပ်ဆောင် ချက်တွေ က ပြောင်းလဲ သွား တက်တယ်တဲ့။ သူမပြောတာ က မြေခွေးတွေ အတွက်ပဲ ဖြစ်တယ် ဆိုပေမယ့် ယုန်တွေ မှာဆို ရင်ရော ဒီလို ပဲလားတော့ ငါလည်း မသိဘူး ရယ်။ ဒါပေမယ့် မနေ့ က မင်း ကြုံတွေ့ ခဲ့ရတဲ့ အခြေအနေ တွေ အရ ဆိုရင်တော့ အဲ့လို ဖြစ်ပုံနဲ့ အတော်လေး ကို ဆင်တူ သွားပြီလေ ''
နန်ဟွေး က သူ့ရဲ့ ဟူဒီ အောက်နားစ ကို ဆွဲချေ လုံးစုပ် နေရင်း နဲ့ သေချင်စိတ် တွေ ပေါ်နေ လေတယ်။
''ရှောင်ဟိုလီ ငါ့ရဲ့ မိတ်လိုက် ကာလ က ရုတ်ချည်း ဝင်လာ ကြောင့် ငါ့ကိုယ်ရဲ့ လုပ်ဆောင်ချက် တွေ က ပြောင်း လဲ သွားတာ ရော မဖြစ်နိုင်ဘူး လားဟင်။ အဲ့လိုလဲ ဖြစ်နိုင်ချေ ရှိနေ သေးတယ် မဟုတ်လား? ''
ဝမ်ဟန် က တစ်ခဏ လောက် အေးခဲ သွားပြီး တော့မှ ငြင်သာ စွာနဲ့ ပြုံးပြ လာခဲ့ လေတယ်။
'' အဲ့လို မျိုး ဖြစ်နိုင်ချေ လည်း သိပ်ပြီး ရှိတာ ပေါ့။ ဒါပေမယ့် ဘာတွေ ပဲ ဖြစ်လာ ပါစေ ကိစ္စ မရှိပါဘူး။ ငါက မင်းဘေး မှာ ပဲ အတူ ရှိနေ ပေး မှာပါ။ ဘာကို မှ ကြောက်နေ စရာ မလိုဘူး ''
.............................................
ဟက်ပီးဘက်ဒေး တူမီ ❤😀