General Xiao Is Ruining Me

By Unika66

98K 5.8K 178

Zhanyi(ZSWW) S D - 6.7.2023 ED - 28.8.2023 More

Intro
Part-1
Part-2(Z)
๐ŸšจNoti๐Ÿšจ
Part-3(Z)
Part-3 (U)
Part-4
Part-5
Birthday Plan
Part 6
Part 7
Special
Part 8
Part-9
Part-10
Part 11
5.8.2023
Part-12
MY.New.Fic!!!
Part 13
Part-14
Part-15
Part-16
Noti
Part 17
Part-18
Part 19
MY Acc
Final

Part-2(U)

3.8K 231 3
By Unika66


T T T T ဘေးနားမှာတတီတီမြည်နေတဲ့နိူးစက်သံကိုဝမ်ရိပေါ်ကြားနေရတာကြောင့်လှမ်းပိတ်လိုက်တယ်

နေဦး...နိူးစက်...နိူးစက်လား...ငါအခုသေ သွားပြီမဟုတ်လား
ဘယ်လိုလုပ်နုိူးစက်ကိုပိတ်လို့ရသွားတာလဲ

ဝမ်ရိပေါ်ဟာစိတ်လှုပ်ရှားမူ့များစွာဖြင့်ထထိုင်လိုက်တယ်
သူမှာကားတိုက်မူ့​ကြောင့်ရတဲ့ဒဏ်ရာလဲမရှိသလို လုံးဝလဲနာကျင်မနေပေ

စားပွဲပေါ်က သူ့ဖုန်းကိုယူလိုက်တော့ 16.6.2022တဲ့
ဒါက...ဘယ်လိုအခြေအနေကြီးလဲ သူက ဘာလို့သူမသေခင်၁လအလိုကိုပြန်ရောက်နေတာလဲ

မဟုတ်မှလွှဲရောသူ့အမှား​တွေကိုပြင်ဆင်လိုတဲ့စိတ်ဆန္ဒ​တွေ​ကြောင့်သူ့အတိတ်ကိုပြန်​ရောက်လာတာလား ဝတ္ထုတွေထဲကလိုလေ
ဝမ်ရိပေါ်ဟာမယုံနိုင်လွန်းလို့သူ့ကိုယ်သူပြန်ဆွဲဆိတ်ကြည့်လိုက်​သောအခါ
နာကျင်မူလဲရှိခဲ့သလို....သူ့ညာဘက်လက်မှာအနဲငယ်လဲနီရဲနေတာကိုပါထူးခြားစွာ​တွေ့လိုက်ရတယ်
ဝမ်ရိပေါ်ဟာပျော်ရွှင်မူ့ကြောင့်ဘာမှမပြောနိုင်ခဲ့ဘူး

ထိုအချိန်

*ကျွီ....*

ဟုသောမြည်သံအတူသူ့အခန်းတံခါးဟာပွင့်သွားခဲ့သည်
ဝမ်ရိပေါ်ရဲ့အမေရှောင်ချူးလန်သည်ပူပူနွေးနွေးစွပ်ပြုတ်ပန်းကန်လေးကိုကိုင်ကာအခန်းထဲသို့ပြုံး၍ဝင်လာခဲ့သည်

"သြော်....မားမားကလေးလေးကနိုးနေပြီပဲ"

"မား..."

ဝမ်ရိပေါ်သည်ကုတင်ပေါ်မှဆင်းကာသူ၏အမေကိုတင်းကျပ်စွာပွေ့ဖက်ထားလိုက်သည်

"အော်....ဘယ်လိုဖြစ်နေတာလဲသားလေးရယ်အပူတွေလောင်ကုန်မှဖြင့်...."

ဝမ်မားသည်စွပ်ပြုတ်ပန်းကန်လေးကိုစားပွဲပေါ်မှာအသာချ၍သူ့ကိုဖက်ထားတဲ့သားလေးရဲ့ဆံပင်တွေကိုဖွကာနေတယ်

"ဘာလိုချင်လို့များဒီလောက်ချွဲနေတာလဲသားလေးရယ်"

ဝမ်ရိပေါ်ဟာ​ခေါင်းကိုခါရင်းသူ့အ​မေကိုပိုတိုးလို့ဖက်တယ်
ရှောင်ချူးလန်သည်သူမပုခုံးပေါ်မှာစိုစိုစွတ်စွတ်ဖြစ်သွားသည်ကိုသတိထားမိလိုက်သည်

"သား...ရိပေါ်ဘာဖြစ်လို့လဲ...ဘယ်နားကနာနေလို့လဲ...အမေဆရာဝန်ခေါ်ပေးရမလား...ဒါမှမဟုတ်..ဆေးရုံသွားကြမလား"

ဝမ်ရိပေါ်ဟာ ငယ်ငယ်ကတည်းကကျန်းမာရေးချူချာသူမို့
ရှောင်ချူးလန်သည်စိတ်ပူ​နေရသည်
သူမသည်သူမသားငိုတာကိုဆေးရုံရောက်တဲ့အခါအချိန်(သို့မဟုတ်)အရမ်းနာကျင်တဲ့အချိန်မှသာမြင်ဖူးခဲ့သည်
ထို့ကြောင့်သူမသားအားဘယ်နားနာနေလို့လဲ​ဆေးရုံသွားမလားလို့​မေးခြင်းဖြစ်သည်

"သားမနာပါဘူးမားရယ်သားအိပ်မက်ဆိုးမက်လို့ပါ"

"ဘယ်လိုအိပ်မက်ဆိုးမို့လို့မားမားသား​လေးကအခုလိုငိုရတာလဲကွယ်​ပြောစမ်းပါဦး"

"အိပ်မက်ထဲမှာ..သားသေသွားတယ်.."

"ဘာတွေလျောက်တွေးနေတာလဲသားရယ် ဆောင်းတွင်းအိပ်မက်တွေကဒီလိုပါဘဲကယောက်ကယက်နဲ့ရယ်
သွားသွားရေသွားချိုးတော့...."

ဝမ်ရိပေါ်ဟာသူ့အမေစကားကြောင့် ရေချိုးခန်းထဲကိုဝင်သွားလိုက်တော့သည်
ရှောင်ချူးလန် လည်းသူ့သားရေချိုးခန်းထဲဝင်သွားမှာ
မွေ့ယာပေါ်မှာအရုပ်ကြိုးပျက်သလိုထိုင်ချလိုက်တော့သည်

သူမသားလေးစိတ်ခုမှာဆိုးလို့သားဆောင်းတွင်းအိပ်မက်လို့ပြောလိုက်တာတကယ်တော့အခုအချိန်ကဆောင်းဦးရာသီကိုမှဝင်စလေးပဲရှိသေးတာ
သားလေးမှာအန္တရာယ်ရှိနေတာကိုသူမကြိုသိသည်
သားလေးကကျန်းမာရေးသိပ်မကောင်းသူမို့လို့
ဆေးဝါးတွေတင်မကအခြားပညာရပ်တွေကိုလဲအားကိုးခဲ့တယ်
အထူးသဖြင့်ဗေဒင်ပညာရပ်ပေါ့

ဒီ၃လအတွင်းမှာသူ့သားလေးအသက်အန္တရာယ်ရှိနေတာကိုသူမသိနေသည် အဲ့တာကြောင့်လဲသူမသားလေးကိုဒီလအတွင်းမှာ
သူ့တူဖြစ်တဲ့ ဒုဗိုလ်ချုပ်ရှောင်းနဲ့ လက်ထပ်ပေးဖို့စီစဉ်နေကြသည်

တူလေးရှောင်းက....ကံကောင်းတဲ့နမိတ်တွေကြားမှာမွေးဖွားလာခဲ့တာမို့လို့....သူ့သားလေးကိုကယ်တင်နိုင်လိမ့်မယ်

သူမအကိုဖြစ်သူရှောင်ယန်ကလဲ သား​ရှောင်းကို သူ့တူ​လေး
ဝမ်ရိ​ပေါ်နဲ့အရမ်းသ​ဘောတူ​နေတာဆို​တော့အချိန်မဆွဲချင်တော့ပေ
ရှောင်ချူးလန်သည်သူမယောက်ျားကိုအလျင်အမြန်ဖုန်းဆက်လိုက်သည်ထို့နောက်တစ်ခွန်းပဲပြောလိုက်​တော့တယ်

"သားလေးကိုဒီညပြောပြလိုက်တော့"

*************
ဝမ်ရိပေါ်မှာကြောင်တောင်တောင်နဲ့တက္ကသိုလ်ထဲကိုရောက်လာတယ်

ဒီနေ့က 17.6.2022 သေစမ်းဒီနေ့ကဟို$ကောင်ပိုင်ရိဟန်ရဲ့မွေးနေ့ပဲ ဝမ်ရိပေါ်ကအလျှင်အမြန်ပင် စတုတ္ထနှစ်အဆောင်ကိုသွားလိုက်သည်

ပိုင်ရိဟန် ဟာသူ့ရဲ့စားပွဲ​ပေါ်မှာ
စာအိတ်တစ်အိတ်ရောက်​နေတာကိုသတိထားမိလိုက်တယ်
စာအိတ်ရဲ့အပေါ်မှာ ရိပေါ်မှ လို့ရေးထားတယ်

ပိုင်ရိဟန်ဟာခနဲ့စွာပြုံးလာတယ်
ဒီလူပေါ့ကြော့သခင်လေးကတကယ်ကစားဖို့လွယ်တာပဲ

စားပွဲပေါ်ကစာအိတ်ကိုဖွင်ကြည့်လိုက်တော့
ပိုင်ရိဟန် ရဲ့ မျက်လုံးတွေဟာစူးရှသွားတယ်
အိတ်ထဲမှာရှိနေတာကဝမ်ရိပေါ်ကသူပိုင်ဆိုင်တဲ့ရှယ်ယာ၅%ကိုလွဲပြောင်းထားတဲ့စာရွက်ပဲ
ပိုင်ရိဟန် ဟာ သူ့ကိုရှယ်ယာတွေလွဲပြောင်းထားတာ
ဟုတ်မဟုတ်စစ်မလို့ရှိသေးသူ့လက်ထဲကစာရွက်ဟာအလုခံလိုက်ရတယ်

"ဟင်...ရိပေါ်"

"Sorry စီနီယာကျွန်တော်စာအိတ်မှားပို့မိလိုက်တာ"

ပိုင်ရိဟန် မှာ စားရခါနီးမှ လက်ထဲကပြုတ်ကျသွားတဲ့မုန့်
သဖွယ်ခံစားလိုက်ရတယ် စာအိတ်မှားနေတာတဲ့
ဒါဆိုအဲ့ရှယ်ယာတွေက...ဘယ်သူ့အတွက်လဲ....ဘယ်သူ့ကိုလွဲပြောင်းပေးဖို့ကြံနေတာလဲ

"ဪ...ဟုတ်လား...ဒါအကို့အတွက်မွေးနေ့လက်ဆောင်မဟုတ်ဘူးပေါ့...."

ဝမ်ရိပေါ်မှာပိုင်ရိဟန်ကိုထထိုးချင်စိတ်ကိုအကောင်းဆုံးထိန်းချုပ်ထားရင်း အတင်းပြုံးပြလိုက်ရတယ်

"ဟုတ်....ဒီဟာကမှအကို့အတွက်မွေးနေ့လက်ဆောင်ပါ"

ဝမ်ရိပေါ်ဟာသူလွယ်အိတ်ထဲကနေပိုင်ရိဟန်စားပွဲပေါ်မှာတင်ထားတဲ့ စာအိတ်နဲ့တူတဲ့စာအိတ်တစ်အိတ်ကို ထုတ်ပေးလိုက်တယ်
စာအိတ်ကိုမြင်တော့ ပိုင်ရိဟန်မျက်နှာကပြုံးရွှင်သွားတယ်
ပိုင်ရိဟန် က ဒီစာအိတ်ထဲမှာလဲ ရှယ်ယာတွေရှိနေတာလို့ထင်နေတာဖြစ်တယ်

"အကိုအခုဒီစာအိတ်ကိုဖွင့်ဖောက်လို့ရမလား"

"ဟင့်အင်း..အခုမဖောက်သေးနဲ့ဦးကျွန်တော်သွားမှဖောက်ပါ"

"ကောင်းပြီ"

ဝမ်ရိပေါ် ဟာ ပိုင်ရိဟန်ကို ပြုံးပြနှုတ်ဆက်ပြီးထွက်သွားဖို့လုပ်လိုက်တယ်

"ဒါနဲ့ရိပေါ်...ရိပေါ်လက်ထဲကစာရွက်ကဘယ်သူ့အတွက်လဲ"

ရုတ်တရက်မေးလာတဲ့ပိုင်ရိဟန်ရဲ့​မေးခွန်းကြောင့်
ဝမ်ရိပေါ်ရဲ့မျက်နှာမှာခနဲ့တဲ့အပြုံးသေးသေးလေးထွက်လာတယ်
နောက်ဆုံးတော့ပိုင်ရိဟန်ကသူရဲ့ဂွင်ထဲရောက်လာပြီပဲ
သူကစားဘဲကြီးပိုင်ရိဟန် နဲ့ ကြာပန်းဖြူလေးချင်မော့ရန်
ကိုဖျက်ဆီးပစ်တော့မှာ
ဝမ်ရိပေါ်ဟာပိုင်ရိဟန်ကိုပြုံးပြရင်းစကားတစ်ခွန်းကိုပဲပြောလိုက်တယ်

"ပထမတုန်းက ဟန်ကော အတွက်ဆို​ပေမဲ့ အခုတော့ ကျွန့်တော့်သတို့သားဖြစ်လာမဲ့သူအတွက်ပါ"

"ဟင်!!!"

ပိုင်ရိဟန် ဟာ ထွက်သွားတဲ့ဝမ်ရိပေါ်ကိုကြည့်ကာ
ဝေခွဲမရခြင်းများစွာနဲ့ စာအိတ်ကိုဖွင့်ဖောက်လိုက်တော့သည်

အထဲမှာတော့ရှယ်ယာလွှဲပြောင်းစာ အစားA4စက္ကူဖြူတစ်ရွက်သာရှိနေတယ်
ထိုစာရွက်ဖြူထဲမှာရေးထားတာတော့

"Happy Birthday Per ဟန်ကောရေ
ဒီနှစ်အတွက်မွေးနေ့လက်ဆောင်ကတော့ ဟန်ကောကိုလွတ်လပ်ခွင့်ပေးလိုက်တာပဲ ကျွန်တော်ဟန်ကောကိုစွန့်လွတ်လိုက်ပါပြီ ကျွန်​တော်ဟန်​ကောကိုမကြိုက်​တော့ဘူး ဒါနဲ့ကျွန်တော်သူ့ငယ်ချင်း​လေးချင်​မော့ရန်က ဟန်ကောကိုစိတ်ဝင်စားနေတဲ့ပုံပဲ ကျွန်တော်တောင်းဆိုပါတယ် မော့ရန်ကိုအခွင့်အရေးပေးလိုက်ပါ"

စာကိုအဆုံးထိဖတ်ပြီးတဲ့​နောက်မှာ ပိုင်ရိဟန် ဟာစာရွက်ကိုလုံးချေလိုက်တယ်

စွန့်လွတ်တယ် မကြိုက်တော့ဘူး ဒါတွေကိုသူကယုံမယ်ထင်နေလား
ဝမ်ရိပေါ်ဆိုတဲ့လူပေါ့ကြော့သခင်လေးကသူမှသူဖြစ်နေတာကို
သူသာအသိဆုံးလေ သေချာတယ် ဒါရိပေါ်ရဲ့စိတ်ရင်းအမှန်မဟုတ်လောက်ဘူး

သူထင်တာမမှားရင် ဒီကိစ္စဟာချင်မော့ရန်နဲ့ပတ်သတ်နေလိမ့်မယ်
ဝမ်ရိပေါ်ဟာ သူ့သူငယ်ချင်းကိုအရမ်းချစ်တာဆိုတော့
သူ့သူငယ်ချင်းအတွက်နောက်ဆုတ်လိုက်တာနေမယ်

ရန်အာ...ရန်အာ...မင်းလေးကတော်တော်မွှေတာပဲ
ရိပေါ်သာ မင်းကိုယ့်ကိုချစ်​နေမှန်းမသိခဲ့ရင် ဒီရှယ်ယာ​တွေကကို့အတွက်ဖြစ်လာခဲ့မှာ
ထိုအချိန် ပိုင်ရိဟန်က တစ်ခုခုကိုစဉ်းစားမိသွားတယ်

"နေပါဦး...ခုနကဝမ်ရိပေါ်ပြောသွားတဲ့
'ပထမတုန်းက ဟန်ကော အတွက်ဆို​ပေမဲ့ အခုတော့ ကျွန့်တော့်သတို့သားဖြစ်လာမဲ့သူအတွက်ပါ'ဆိုတဲ့အဓိပ္ပါယ်က
ငါသာရိ​ပေါ်ရဲ့ချစ်သူဖြစ်သွားခဲ့ရင် အဲ့ရှယ်ယာတွေကိုရမယ်လို့ပြောချင်တာလား"

ပိုင်ရိဟန် ပြုံးလိုက်မိတယ် လူပေါ့ကြော့သခင်လေးကဘယ်ဆိုးလို့လဲ
အပေးအယူဘာတွေတောင်လုပ်တက်နေပြီပဲ

ကောင်းပြီလေအဲ့တာဆိုတော့ကိုလဲမင်းနဲ့ကစားပေးရတာပေါ့
ကိုတကယ်ချစ်တာချင်မော့ရန်ဆိုပေမဲ့
ဝမ်သခင်လေးကိုချစ်ချင်ယောင်ဆောင်တော့လဲ
အရှုံးတော့မရှိပါဘူး

********
"သားဝမ်....ပါးမင်းကိုပြောစရာရှိတယ်"

အဖေဖြစ်သူကထမင်းစားဝိုင်းမှာစကားပြောတာအရမ်းရှားတာမို့လို
ဝမ်ရိပေါ်ထမင်းစားခြင်းကိုရပ်တန့်လိုက်တယ်

"ဟုတ်...ပါးပြောပါ"

"သားမှာရည်းစားရှိပြီလား"

"မရှိသေးပါဘူးအဖေဘာလို့လဲ"

"ဒါဆိုရင်သား....သားအကိုဝမ်းကွဲနဲ့ဒိတ်ကြည့်မလား....ဒုဗိုလ်ချုပ်ရှောင်းနဲ့လေ"

*ချလွင်*

အဖေဖြစ်သူဝမ်ရိုဟန်ရဲ့စကားကြောင့်
ဝမ်ရိပေါ်ကိုင်ထားတဲ့ ဇွန်းခက်ရင်းအစုံဟာ မြေပေါ်သို့သက်ဆင်းသွားရတယ်

ဝမ်ရိ​ပေါ်ဟာ ဒုဗိုလ်ချုပ်နဲ့လက်ထပ်ဖို့ပြင်ဆင်ထားပေမဲ့မလုံလောက်သေးပေ
သူမသေခင်တုန်းကသူ့ကိုပွေ့ဖက်ထားတဲ့သူဟာတကယ်ပဲ ဒုဗိုလ်ချုပ်ရှောင်းသာဆိုရင်....တကယ်ပဲသူ့အကိုဝမ်းကွဲသာဆိုရင်
သူဘယ်လိုလုပ်ရမလဲ....သူဒုဗိုလ်ချုပ်ရှောင်းကိုအားနာလွန်းလို့ဘယ်လိုလုပ်ရမလဲ

**************
Note

Wang Yibo -(အေးပါ ငါ့လောင်ကုန်းမပေါ်လာသေးတဲ့
အထိတော့ရှုးနေလိုက်ပါအုံး ပိုင်ရိဟန်ရယ်)

နောက်အပိုင်းမှာ တွေ့ကြတော့မှာပါ ဗိုလ်ချုပ်ရှောင်း နဲ့ သူ့ကလေးလေး

******

Continue Reading

You'll Also Like

46.2K 2.9K 25
Love isn't easy. Everyone knows that. And love most definitely does not last long. But will these two young rebel hearts prove that saying wrong. Or...
164K 17.5K 51
SidNaaz love tales! โœจ A compilation book of SidNaaz's different Love stories of different length and concepts ๐Ÿ’œ
17.5K 331 5
"I can give you exactly what you're asking for, Janie, and I can give it to you all night long." Their first kiss is impulsive, fun, a little wicke...
42.4K 1.7K 30
แ€„แ€šแ€บ.....แ€Ÿแ€ฏแ€แ€บแ€แ€šแ€บ....แ€’แ€ฎแ€”แ€ฌแ€™แ€บแ€…แ€ฌแ€ธแ€œแ€ฑแ€ธแ€€แ€™แ€„แ€บแ€ธแ€แ€…แ€บแ€šแ€ฑแ€ฌแ€€แ€บแ€‘แ€ฒแ€กแ€แ€ฝแ€€แ€บแ€›แ€šแ€บแ€•แ€ซYiboแ€›แ€šแ€บ #xiaozhan แ€แ€„แ€บแ€—แ€ปแ€ฌแ€ธแ€€แ€˜แ€ฌแ€œแ€ญแ€ฏแ€ทแ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€ทแ€บแ€€แ€ญแ€ฏแ€€แ€ฐแ€Šแ€ฎแ€›แ€แ€ฌแ€œแ€ฒ.......แ€œแ€ฐแ€แ€ฝแ€ฑแ€€แ€กแ€€แ€ปแ€ญแ€ฏแ€ธแ€กแ€™แ€ผแ€แ€บแ€™แ€›แ€พแ€ญแ€•แ€ฒแ€”แ€ฒแ€ทแ€แ€ฑแ€ฌแ€ทแ€™แ€œ...