မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်...
By Moesattkha
138K 16K 262
ဟိုဘက် acc log ကျသွားလို့ဒီမှာပြန်တင်ပေးပါမယ်ရှင့် More
Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (23) (Unicode)
Chapter (23) (Zawgyi)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chaptet (40)
Chapter (41.1)
Chapter (41.2)
Chapter (42.1)
Chapter (42.2) (Unicode)
Chapter (42.2) (Zawgyi)
Chapter (43) (Unicode)
Chapter (43) (Zawgyi )
Chapter (44) (Unicode)
Chapter (44) (Zawgyi)
Chapter (45.1)
Chapter (45.2)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chspter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (22)
2.4K 282 6
By Moesattkha
လမ်းတစ်လျှောက်တွင် ရှောင်ဝမ်းသည် အလွန်စိတ်လှုပ်ရှားနေသည်။သူကားပေါ်မှ ဆင်းခါနီးတွင် မုရှင်းယုကို မပြောရသေးသော အရေးကြီးသည့် အရာတစ်ခု ရှိနေသည်ကို သူသတိရသွားတယ်။
" ရှင်းယု မင်းရဲ့မွေးနေ့က မကြာခင်လာတော့မယ်။ ပရိသတ်တွေက မင်းကို Birthday Support ပေးဖို့အဆိုပြုထားကြတယ် "
မုရှင်းယုရဲ့ မွေးနေ့သည် မေလ 18 ရက်နေ့ဖြစ်ပြီး အခုက ဧပြီလလယ်ရောက်နေပြီဖြစ်၍ မကြာခင်မှာ ရောက်ရှိလာတော့မှာ ဖြစ်သည်။
" ပရိသတ်တွေကို အရမ်းဒုက္ခ ဖြစ်မခံနဲ့လို့ပြောလိုက် " Birthday support လို့ ခေါ်တဲ့ အဓိပ္ပာယ်က ပရိတ်သတ်တွေဟာ idol တွေကို support ဖို့အတွက် အမျိုးမျိုးသော ပရိုမိုးရှင်းလှုပ်ရှားမှုတွေကို ဖွဲ့စည်းပေးတာဖြစ်ပါတယ်။ ဒါပေမယ့် မုရှင်းယုက အရာအားလုံးချို့တဲ့နေတာမဟုတ်သဖြင့် ပရိသတ်တွေကို ပိုက်ဆံမဖြုန်းစေချင်ဘူး။
" ရှင်းယု, ဒါက ပရိသတ်တွေရဲ့ စိတ်ဆန္ဒပါ။ မင်း ဖျော်ဖြေရေးလောကကနေ ထွက်ခွာသွားတာ တစ်နှစ်ခွဲလောက်ရှိပြီ။ လူတိုင်းက မင်းကို အရမ်းသတိရပြီး မင်းရဲ့မွေးနေ့မှာ ပျော်ရွှင်မှုရှိဖို့ မျှော်လင့်နေကြတယ် "
ပရိသတ်များက support ဖို့ စီစဉ်နေကြတာကို သိသောအခါ ရှောင်ဝမ်းက ရှေ့သို့ ထွက်လာခဲ့သည်။ ဖျောင့်ဖျရမယ်, တကယ်လို့ သူဖျောင့်ဖျချင်ရင်တောင် ပရိသတ်များက စိတ်အားထက်သန်လွန်းသဖြင့် သူဖျောင်းဖျနိုင်မည် မဟုတ်ပေ။
မုရှင်းယုက ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး " အိုကေ၊ ဒါပေမယ့် အဲ့ဒါက မင်းအပေါ်မှာပဲ မူတည်တယ်လို့ ဖန်တွေကိုပြောလိုက် "
တကယ်တော့ သူက မွေးနေ့တွေကို ဂရုမစိုက်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူ့အမေက အဲဒါနဲ့ပတ်သတ်ပြီး အရမ်းစိတ်ပူတယ်။ သူ့ကို နိုင်ငံခြားကို လည်ပတ်ဖို့ ခေါ်သွားတာပဲဖြစ်ဖြစ်၊ သူ့အတွက်တန်ဖိုးကြီးလက်ဆောင်ကို ပြင်ဆင်ပေးတာဖြစ်ဖြစ်။ သူက လက်ကောက်ကို ကြည့်လိုက်တယ်။ ဒီကြာပန်းလက်ကောက်က သူ့ရဲ့ဘဝသစ်မှာ သူ့အမေပေးခဲ့တဲ့ မွေးနေ့လက်ဆောင်ဘဲ။
ရှောင်ဝမ်းကို အိမ်ပြန်ပို့ပြီးနောက် မုရှင်းယုသည် စောနေသေးကြောင်း တွေ့၍ သူက ကု၏အဆောက်အအုံ သို့သွားခဲ့သည်။
ကျန်းယွမ်ရှင်းက သူ့ကိုမြင်တော့ အရမ်းအံ့သြသွားပြီး " မုရှောင်, ရှင် မလာတော့ဘူးလို့ ကျွန်မထင်နေတာ? "
" လုပ်စရာတွေပြီးသွားတော့, စောနေသေးထင်တယ်လို့ ကျတော် ဒီကိုလာလိုက်တာ "
ကျန်းယွမ်ရှင်းက မုရှင်းယုကို ဥက္ကဋ္ဌရုံးကို ခေါ်သွားသည် " မုရှောင်, ရှင်ဒီမှာခဏထိုင်နေဦးနော်။ မစ္စတာကုက အစည်းဝေးမှာဘဲ ရှိနေသေးတယ် "
" ကောင်းပြီ " မုရှင်းယုက ကျန်းယွမ်ရှင်း ထွက်သွားတာကို မြင်တော့ သူမကို အမြန်ခေါ်လိုက်တယ် " လက်ထောက်ကျန်း, ကျတော်ရောက်တာနဲ့ ပတ်သက်ပြီး သူ့ကို မပြောနဲ့ဦးနော် "
" ကျွန်မနားလည်ပါပြီး, မုရှောင်က ဥက္ကဋ္ဌကုကို အံ့အားသွာအောင်လုပ်ဖို့ စီစဉ်နေတာဘဲ "
ကျန်းယွမ်ရှင်း၏ စနောက်သံကို ကြားသောအခါ မုရှင်းယုက အကူညီမဲ့စွာနဲ့ အနည်းငယ်ရှက်သွားတယ်။ ဒါပေမယ့်, သူက အဲ့လိုလုပ်ဖို့ တွေးခဲ့တယ်။
အစည်းအဝေးခန်းတွင်, ကုယွမ်ကျိုးသည် ပင်မထိုင်ခုံတွင်ထိုင်ပြီး အရောင်းဌာန၏ အစီရင်ခံစာကို နားထောင်နေသည်။
အစည်းအဝေးစားပွဲ၏ အလယ်ဗဟိုသည် ပန်းများဖြင့်အလှဆင်ထားပြီး ထိုနေရာမှာ ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်လည်း ရှိနေသည်။ ဒုဥက္ကဋ္ဌကျန်း၏ အစီရင်ခံစာကို နားထောင်ရင်း ကုယွမ်ကျိုး၏ မျက်လုံးများသည် ရံဖန်ရံခါ ကျောက်စိမ်းဗုဒ္ဓပေါ် ကျရောက်နေတယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာ သူ့အစီအစဥ်များအကြောင်း တွေးနေမိသည်။
ဒုဥက္ကဋ္ဌကျန်း ပြောပြီးချိန်မှာတော့ သူကပြောသည် " ပြီးခဲ့တဲ့ အပတ်က ဒုဥက္ကဋ္ဌကျန်းရဲ့ စွမ်းဆောင်ရည်က ကျဆင်းနေတယ်။ ဒါကိုဘယ်လိုရှင်းပြမလဲ? "
" မစ္စတာကု, အဓိက,ကတော့ ကျတော်တို့ရဲ့အစီအစဉ်တွေ ပေါက်ကြားကုန်လို့ဘဲ။ အဲ့တာက ပြိုင်ဘက်တွေကို အခွင့်အရေးပေးသလို ဖြစ်သွားတယ် "
" ဒါဆို အစီအစဉ်ကို အချိန်မီပြန်ပြင်ဆင်ပါ။ ဒီလိုအမှားကို ထပ်မလုပ်မိစေနဲ့ "
ဒုဥက္ကဋ္ဌကျန်းက အနည်းငယ် ရှက်ရွံစွာနဲ့ မေးတယ် " မစ္စတာကု, ဥရောပရဲ့ order တွေက အကျိုးသက််ရောက်မှုရှိနေတယ်။ ကျွန်တော်တို့ရဲ့ အများနဲ့ယှဥ်ပြိုင်မှု အားသာချက်ကအကန့်အသတ်ရှိတယ်။ ကျတော်တို့ ကမ်းလှမ်းချက်ကို လျှော့သင့်လား? "
ကုယွမ်ကျိုးက နည်းနည်းစဉ်းစားပြီး ပြောတယ် " ဟုတ်တယ်, စျေးကွက်ချဲ့ထွင်ဖို့အတွက် အနည်းဆုံး ရှစ်ရာခိုင်နှုန်းလောက် လျှော့ရမယ်လို့ ငါထင်တယ် "
" ရှစ် ... ရှစ်ရာခိုင်နှုန် .... "
ကုယွမ်ကျိုးက ဘာပြောလဲ? တက်ရောက်လာသော ရာထူးကြီးပိုင်းများက အလွန်အံ့အားသင့်သွားသည်။ ဒုဥက္ကဋ္ဌကျန်းက တုံ့ပြန်မှုမဲ့သွားတယ်။ ကုယွမ်ကျိုးက သူ့ကမ်းလှမ်းချက်ကို လျှော့ပေးမယ်လို့ မျှော်လင့်ထားပေမယ့် အဲ့တာက ရှစ်ရာခိုင်နှုန်းလောက်ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး ။ ( #ကိုယ်လည်း စီးပွားရေး အကြောင်းနားမလည်တော့ သူတို့ပြောတာတွေကို မရှင်းပြတက်ဘူး )
" ဥက္ကဋ္ဌကု, ဒါက... "
" အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့။ မင်းမှာ order တွေကို ထိန်းသိမ်းဖို့ ပိုကောင်းတဲ့ နည်းလမ်းရှိလား? " ကုယွမ်ကျိုးက အေးစက်သော မျက်နှာဖြင့် မေးသည်။
" မရှိပါဘူး...မရှိပါဘူး " ဒုဥက္ကဋ္ဌကျန်းက ခေါင်းကိုအမြန်ခါလိုက်သည်။
ထို့နောက်, ကုယွမ်ကျိုး၏ ညွှန်ကြားချက်အရ ရာထူးကြီးပိုင်းများသည် အစီအစဉ်ကို ပြုပြင်ပြောင်းလဲရန် စတင်ခဲ့သည်။
ကုယွမ်ကျိုးက စိတ်ဝင်စားမှုမရှိတော့ဘဲ Weibo ကိုဖွင့်၍ သတင်းများကိုကြည့်လိုက်တယ်။ သူက မုရှင်းယုရဲ့ celebrity Topic ထဲကိုဝင်ရောက်လာသောအခါတွင် သတင်းအသစ်များစွာကို မြင်တွေ့ရမည်ဟု သူမမျှော်လင့်ခဲ့ပေ။
ပရိသတ်များသည် မုရှင်းယု၏ မွေးနေ့ဂုဏ်ပြုပွဲကို မည်သို့ကျင်းပရမည်ကို ပြောဆိုနေကြတယ်။ ကုယွမ်ကျိုးသည် မုရှင်းယု၏မွေးနေ့မကြာမီလာတော့မည်ကို သိလိုက်ရသည်။
သူ့ရဲ့ပေါ့ဆမှုကြောင့် စိတ်တိုကာ မျက်မှောင်ကြုတ်လိုက်တယ်။ ဒါပေမယ့် သူ့အမူအရာကို စကားပြောဆိုနေသော ဒုဥက္ကဋ္ဌကျန်းက မြင်လိုက်သောအခါ, သူ အမှားလုပ်မိပြန်ပြီဟု လွဲမှားစွာတွေးကာ တုန်လှုပ်ချောက်ချားစွာဖြင့်မေးတယ် " မစ္စတာကု, ကျတော့် အဆိုပြုချက်မှာ ပြဿနာရှိလို့လား? "
ကုယွမ်ကျိုးက မော့ကြည့်ပြီး ပြောတယ် " ဆက်ပြော "
ဒုဥက္ကဋ္ဌကျန်းက ဆက်လက်ပြီး ပြောနေတယ်။ ထိုစဥ် ကုယွမ်ကျိုးက မွေးနေ့ကြည်နူးစရာပုံကို နှိပ်လိုက်တယ်။ Fan Group က စီစဉ်ထားတဲ့ လှုပ်ရှားမှု အမျိုးမျိုးကို မြင်တွေ့ပြီးနောက်မှာတော့ သူ့ရဲ့လက်ချောင်းတွေက ထိုပေါ်မှာရပ်တန့်သွားတယ် " ကြယ်လေးရဲ့ နာမည်နဲ့ ပရဟိတမူလတန်းကျောင်းဆောက်ဖို့ လှူဒါန်းခြင်း "
သူသည် fan club ကို တိုက်ရိုက်ဆက်သွယ်ခဲ့သည်- [ ပရဟိတမူလတန်းကျောင်းဆောက်လုပ်ဖို့ လှူဒါန်းတဲ့တာဝန်ကို ကျတော်ပြီးမြောက်အောင် ဆောင်ရွက်လိုက်မယ်၊ မင်း ရန်ပုံငွေကောက်ခံမှုကို ရုပ်သိမ်းလိုက်တော့ ]
ကြယ်လေးရဲ့ နို့ပူတင်ပေါင်မုန့် - [ ဘာလို့၊ ဘာလို့ ငါအဲ့ဒါကို ရုပ်သိမ်းရမှာလဲ! ]
နို့ပူတင်းပေါင်မုန့်သည် မုရှင်းယုရဲ့ ပွဲဦးထွက်ကတည်းက သစ္စာရှိတဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး သူ့ကြယ်လေးရဲ့ လှပကျော်ကြားမှုကြောင့် သူ(ရှင်းယု) နာမည်ကြီးလာမယ်လို့ အမြဲယုံကြည်နေတယ်။ မုရှင်းယုသည် ယခင်က ဟက်ခ်ခံရသောအခါတွင် သူသည် Anti ဆန့်ကျင်ရေး ရှေ့တန်းတွင် ရုန်းကန်ခဲ့ရပြီးနောက် Fan group ၏ ခေါင်းဆောင်အဖြစ် အောင်မြင်စွာ ရာထူးတိုးခံခဲ့ရသည်။
မုရှင်းယုသည် ခေတ္တအနာယူနေတာကြောင့် ကြက်ဥနို့ပေါင်းပေါင်မုန့်သည် Fan Group ကို စေ့စေ့စပ်စပ် စီမံခန့်ခွဲနေသည်။ ဤမွေးနေ့ပွဲကိုလည်း သူကိုယ်တိုင် စီစဉ်ပေးရသည်။ ပရဟိတမူလတန်းကျောင်း ဆောက်လုပ်လှူဒါန်းခြင်းပံပိုးကူညီမှုလုပ်ငန်းမှာလည်း Birthday support လှုပ်ရှားမှုများထဲမှတစ်ခုဖြစ်သည်။ ပရိသတ်များ၏ လှုဒါန်မှုစွမ်းအားကို ထည့်သွင်းတွက်ချက်ပြီး တစ်သန်းသာ တိုးပွားစေရန် ရည်ရွယ်ထားသော်လည်း မမျှော်လင့်ဘဲ မုရှင်းယုသည် ပရိသတ်များစွာရှိခဲ့ပြီး နှစ်ရက်အတွင်း သန်းတစ်ဝက်ကျော်ကို စုဆောင်းနိုင်ခဲ့သည်။
သူပျော်နေတဲ့အချိန်မှာဘဲ " ကြယ်မိုးကိုမြင်ရဖို့ မင်းနဲ့လိုက်ခဲ့မယ် " ဆိုတဲ့အင်တာနက်သုံးစွဲသူကိုတွေ့လိုက်ရတယ်။ ထိုသူက ရန်ပုံငွေရှာတာကို ရုပ်သိမ်းခိုင်းပြီး သူကအလုပ်ပြီးအောင်လုပ်မယ်လို့ပြောတယ်။ နို့ပူတင်းပေါင်မုန့်၏ ပထမဆုံး တုံ့ပြန်မှုကတော့ ဒေါသထွက်သွားတာဘဲ။ ဤအင်တာနက်သုံးစွဲသူသည် သူ့အပေါ် လှည့်စားနေသည်ဟု သူခံစားခဲ့ရသည်။
ကုယွမ်ကျိုးကလည်း သူ့စကားလုံးတွေက မှားနေတယ်လို့ ခံစားမိတယ်။ ဒါပေမယ့် သူက ရှင်းပြမနေဘဲ ပံ့ပိုးကူညီမှုလင့်ခ်ကိုနှိပ်ပြီး ကျန်နေတဲ့ ရန်ပုံငွေရှာဖွေခြင်းတွေကို ပြီးမြောက်အောင်လုပ်လိုက်တယ်။
နို့ပူတင်းပေါင်မုန်သည် ရန်ပုံငွေကောက်ခံမှု ပြီးမြောက်ကြောင်းသတင်းကိုရရှိသောအခါတွင် အသေးစိတ်စာမျက်နှာကိုစိတ်လှုပ်ရှားစွာနှိပ်လိုက်သည်။ မထင်မှတ်စွာ, အများဆုံး support ပေးသော Fan မှာ " ကြယ်မိုးကိုမြင်ရဖို့မင်းနဲ့လိုက်ခဲ့မယ် " ဖြစ်တယ်။
သူက စာတစ်စောင် ပို့လိုက်တယ်။
[ အစ်ကိုကြီးရေးး ငါမှားသွားပါတယ် ]
[ အစ်ကိုကြီး၊ ငါ့နှလုံးသားလေးကို မင်းကိုပြမယ်။ မုရှင်းယုက နှလုံးသားထက်ပိုတယ် :gif ]
ကုယွမ်ကျိုးသည် ပရိသတ်တွေလုပ်ထားတဲ့ မုရှင်းယု၏ ကာတွန်းရုပ်ပုံအား ပထမဆုံးအကြိမ် မြင်လိုက်ရပြီး သူကမနေနိုင်ဘဲ ပြုံးလိုက်ကာ မက်ဆေ့ချ်ပို့လိုက်သည် - [ ကျွန်တော်
ပရဟိတမူလတန်းကျောင်းနှစ်ကျောင်းဆောက်ဖို့ နောက်ထပ်တစ်သန်းလှူဖို့ စီစဉ်ထားတယ်။ ကောင်းတဲ့အရာတွေ အတူတကွရောက်လာမှာပါ ]
[ ဘော့စ်ရေးးး မင်းကအရမ်းကို ဂုဏ်ယူစရာဘဲ။ ကျေဇူးပြုပြီး ငါဒူးထောက်ပါတယ် ]
ထိုအချိန်တွင်, အစည်းအဝေးခန်းသည် ရုတ်တရက် တိတ်ဆိတ်သွားသည်ကို ကုယွမ်ကျိုးက တွေ့ရှိခဲ့သည်။ သူကြည့်လိုက်တော့ အားလုံးက သူ့ကို စောင့်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ သူက ခပ်မြန်မြန် ချောင်းဆိုးလိုက်ပြီး " မင်းဆက်လုပ်ပါ "
" အိုး! ကောင်းပြီး " ဒုဥက္ကဋ္ဌကျန်းက ဒီနေ့ သူ့စိတ်ခံစားချက်သည် ရိုလာကိုစတာနဲ့တူတယ်လို့ ခံစားလိုက်ရပြီး သူက အမြန်ဆက်ပြောလိုက်တယ်။
ကုယွမ်ကျိုးက သူ့ဖုန်းကို ဘေးဖယ်ထားပြီး ဒုဥက္ကဋ္ဌကျန်းက သူ့ထင်မြင်ချက်တွေကို ဆက်လက်ဖော်ပြနေတာကို စောင့်ကြည့်နေပေမယ့် သူက မုရှင်းယု၏ မွေးနေ့ပွဲကို ကျင်းပဖို့အကြောင်း စဉ်းစားနေတယ်။
စည်းအဝေးပြီးသွားသောအခါတွင် သူက မထွက်သွားဘဲ တခြားသူများ ထွက်သွားပြီးနောက် ဆဲလ်ဖုန်းကို ထုတ်ကာ ချာလီထံသို့ ဖုန်းခေါ်လိုက်တယ်။
" မစ္စတာကု မင်းမနက်ခင်းမှာ ပြန်လည်ထူထောင်ရေးမလုပ်ဘူးလား? အခုဘာလို့ဖုန်းခေါ်တာလဲ? " ချာလီသည် အိပ်နေရင်း ရုတ်တရက်နိုးလာသောအခါ အလွန်စိတ်တိုသွားတယ်။
ကုယွမ်ကျိုးက သူ့လက်ပတ်နာရီကို ကြည့်လိုက်ပြီးပြောတယ် " အခုက နေ့လည် လေးနာရီထိုးနေပြီ "
" ငါအလုပ်မသွားဘူး! ငါပြန်အိပ်မယ် ဂရုမစိုက်ဘူး! "
ကုယွမ်ကျိုးက မျက်မှောင်ကြုတ်လိုက်တယ်။ သူက ချာလီကိုမေးစရာတစ်ခုရှိသေးတာကို တွေးတောလိုက်ပြီး ပြန်မချေပဘဲ သိချင်စိတ်ဖြင် မေးတယ် " အစပိုင်းမှာ မင်းချန်ဖန်းကိုဘယ်လို လိုက်ခဲ့လဲ? "
" တကယ်တော့ အဲ့တာက stalker... " ဒါက သူ့ image ကို ထိခိုက်စေကြောင်း ချာလီကတွေ့ရှိသွားတော့ သူကပါးစပ်ကိုသုပ်သုပ်ပြာပြာ ပြန်ပိတ်လိုက်ပြီး စူးစမ်းစွာ မေးတယ် " တကယ်လို့ ဒါက ဘာအတွက်လဲလို့မင်းကို မေးချင်တယ်။ မင်း,မုရှောင်းကိုလိုက်ချင်တာလား? မင်းနိုးလာပြီးနောက် လက်ထပ်ခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုမှထင်မြင်ချက်မရှိဘူးလားလို့ ငါမေးခဲ့တယ်။ မင်း သူ့ကို တကယ်ကြိုက်တာလာ? "
" ငါမင်းကို ဘယ်လိုလုပ်ရမလဲလို့ မေးနေတာ! " ကုယွမ်ကျိုးသည် ချာလီ၏ရယ်မောသံကိုကြားသောအခါ အလွန်မကျေမနပ်ဖြစ်ပြီး အေးစက်စွာပြောသည်။
" ဒီမှာ နည်းလမ်းရှိမလား? ကုတင်ပေါ်သာတင်လိုက် " ချာလီက စနောက်လိုက်တယ် " မင်း ယောက်ျားတစ်ယောက်ရဲ့ အရည်အချင်းကိုသာ အမြန်စစ်ဆေးလိုက်။ ငါဆို အသုံးမကျဘဲ စွမ်းဆောင်ရည်တွေ ယိုယွင်းလာမှာကို အရမ်းစိုးရိမ်တယ် "
( # နားလည်တယ်ဟုတ် 🌚)
" ချာ, လီ! " ကုယွမ်ကျိုးက သူသည် ချာလီကို ဖုန်းမဆက်သင့်ဘူးလို့ ခံစားလိုက်ရတယ်။
" စိတ်မဆိုးပါနဲ့, ငါနောက်တာပါ။ မုရှောင်ကိုကြိုက်နေတာကို မင်းမပြောရင် မုရှောင်က ဘယ်လိုလုပ်သိမလဲ။ ဒါကြောင့် တစ်စုံတစ်ယောက်ကို လိုက်ဖို့ ပထမဆုံးခြေလှမ်းက သူ့ကို ဝန်ခံဖို့ဘဲ "
" ငါ နားလည်ပြီး " ပြောပြီးနောက်မှာ ကုယွမ်ကျိုးက ဖုန်းချလိုက်တယ်။
" မင်းက ဘာကို အတိအကျ နားလည်တာလဲ? ဟေး ဟေး! " ချာလီက ဆက်မေးပေမယ့် ဖုန်းထဲမှာ စူးစူးဝါးဝါးအသံတစ်ခုပဲ ရှိတော့တယ်။
.....
ကုယွမ်ကျိုးက သူ့စိတ်ထဲမှာ အစီအစဉ်တွေ ရှိနေတယ်။ သူက ဝှီးချဲလ်ကိုတွန်းပြီး ရုံးခန်းကို ပြန်လာခဲ့တယ်။ ဒါပေမယ့် တံခါးဖွင့်လိုက်တာနဲ့ မုရှင်းယုကိုတွေ့ဖို့ သူမမျှော်လင့်ထားဘူး။
" မစ္စတာကု ကောင်းသောနေ့လည်ခင်းပါ! " မုရှင်းယုက ပြုံးပြလိုက်သည်။ ကုယွမ်ကျိုးသည် ဟန်ဆောင်ကောင်းသော်လည် သူတံခါးကို ဖွင့်လိုက်သောအခါ ကုယွမ်ကျိုး၏ အံသြသွားမှုကိုချက်ချင်း တွေ့လိုက်ရ၍ သူကအရမ်းဝမ်းသာသွားတယ်။
" မင်းဘာလို့လုပ် ဒီကိုရောက်နေတာလဲ? " ကုယွမ်ကျိုးက ဝှီးချဲလ်ကို စားပွဲဆီ တွန်းသွားပြီး အေးဆေးစွာမေးတယ်။
" ကျတော် ကြော်ငြာရိုက်ပြီးသွားတော့ အချိန်ရှိသေးတာတွေ့လို့ ဒါကြောင့် ခင်ဗျားကိုတွေ့ဖို့ လမ်းကြုံရပ်လိုက်တာ "
" လမ်းကြုံ ... " ကုယွမ်ကျိုးက ထိုစကားလုံးနှစ်လုံးကို လေးနက်သော မျက်လုံးများဖြင့် ပြောတယ်။
မုရှင်းယုက လျှင်မြန်စွာ သူ့ရဲ့စကာလုံးများကို ပြောင်းလိုက်တယ်။
" မဟုတ်ဘူး, ကျတော် ခင်ဗျားနဲ့အတူ အိမ်ပြန်ချင်လို့ ဒီကိုအထူးလာခဲ့တာ " (😂)
ကုယွမ်ကျိုးကညည်းတွားကာ ဖိုင်တွေ ယူဆောင်လာသူ ကျန်းယွမ်းရှင်းအား " ငါအရင်ပြန်တော့မယ်။ နောက်မှ ပြန်ဆက်သွယ်လိုက်မယ် "
" ကောင်းပါပြီ မစ္စတာကု " ကျန်ယွမ်ရှင်းသည် ကုယွမ်ကျိုးက နောက်ထပ်တစ်ခါ စောစောပြန်သွား လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ အိမ်ထောင်ရှင်ယောက်ျားက မိသားစုကို တကယ်ဂရုစိုက်တာဘဲလို့ သူမက တွေးလိုက်တယ်။ ကုမ္ပဏီမှာ အဆက်မပြတ်ရှိနေခဲ့တဲ့ မစ္စတာကုကို သူမ မတွေ့ရတော့ဘူး။
ကုယွမ်ကျိုးသည်, လက်မှတ်ရေးထိုးပြီးနောက် မုရှင်းယုနှင့် ထွက်ခွာသွားခဲ့တယ်။ သူက ကုယွမ်ကျိုး၏ အလုပ်ကိုနှောင့်နှေးစေတယ်လို့ မုရှင်းယုက ခံစားခဲ့ရတယ်။
" မစ္စတာကု ခင်ဗျား ဒီအတိုင်းထွက်လာတာ ကိစ္စမရှိဘူးမလာ? "
" ဘာကိစ္စလဲ? ကုမ္ပဏီယန္တရားက ကောင်းနေပြီး ကိုယ်က အရာရာတိုင်းကို ကိုင်တွယ်ဖြေရှင်းဖို့ မလိုအပ်ဘူး "
သူက ကားပါကင်ကို ရောက်တဲ့အခါ မုရှင်းယုသည် ကုယွမ်ကျိုး၏ Hummer တွင်ထိုင်လိုက်ပြီး သူမောင်းလာတဲ့ကားကတော့ မနက်ဖြန် ဒါရိုင်ဘာ ပြန်မောင်းလာတာကို စောင့်ရုံဘဲ။
ကားထဲတွင်, မုရှင်းယုသည် ပိုးမွှားကိရိယာအကြောင်းကို စဉ်းစားမိပြီး မေးလိုက်တယ် " မစ္စတာကု ပိုးမွှားကိရိယာ စုံစမ်းရေးက ဘယ်လိုလဲ? လျှို့ဝှက်ချက်တွေ ခိုးနားထောင်တာကို ဘယ်လို ကိုင်တွယ်မှာလဲ? "
" စိတ်မပူပါနဲ့ ကိုယ့်မှာ အစီအစဥ်ရှိပြီးသား။ အခုတဖြည်းဖြည်း အကောင်အထည်ဖော်နေတယ် " ကုယွမ်ကျိုးက တည်ငြိမ်စွာပြောတယ်။
" ဘာအစီအစဉ်လဲ? " မုရှင်းယုက စိတ်ဝင်တစားမေးသည်။
" မင်း မကြာခင် သိလိမ့်မယ်။"
" ကောင်းပြီ " မုရှင်းယုသည် ကုယွမ်ကျိုး၏ စွမ်းရည်ကို ယုံကြည်တာကြောင့် သိချင်စိတ်ကိုသည်ခံကာ ရလဒ်များကြေညာရန် စောင့်နေလိုက်သည်။
သူအိမ်ပြန်ရောက်တော့, ဖိုးဖိုးကုသည် သူတို့နှစ်ယောက် အတူပြန်လာတာမြင်တော့ အရမ်းကို ဝမ်းသာသွားတယ်။
ညစာစားပြီးနောက်, မုရှင်းယုသည် ဇာတ်ညွှန်းကို ဆက်လက်စဉ်းစားရန် အခန်းထဲသို့ပြန်သွားလိုက်တယ်။ ပြီးနောက် သူ့အမေထံမှ ဖုန်ခေါ်ဆိုမှုကို ရုတ်တရက် ရရှိခဲ့တယ်။
" ရှင်းယု, သားကြော်ငြာရိုက်ဖို့သွားတာလား? "
" မား, ဘယ်လိုသိတာလဲ? "
" မား, ဒါကို ပရိသတ်တွေဆီကသိတာ? "
ရိုက်ကူးရေးမှာ ပါဝင်ခဲ့တဲ့ဝန်ထမ်းတွေက မထုတ်ဖော်ရဘူးဆိုတဲ့သဘောတူစာချုပ်မှာ လက်မှတ်မထိုးထားဘူး။ ဒါကြောင့် တစ်စုံတစ်ယောက်က မုရှင်းယုကို အကျိုးစီးပွားအတွက် ရိုက်ကူးသွားခဲ့တယ်။ ကြော်ငြာကို ထုတ်ဖော်ပြီးရင် ပရိသတ်တွေက သဘာဝကျကျ သိပါလိမ့်မယ်။ ဒါပေမယ့် မုရှင်းယု သိချင်လာတာကတော့ သူ့အမေက ဒါကို ဘယ်လိုသိတာလဲ? ဒါကြောင့်သူမကို မေးလိုက်တယ် " မား, ဖန်အသိုင်းအဝိုင်းထဲမှာ, မား, ရှိနေတာတော့ မဟုတ်ပါဘူးနော်? "
" အမှန်ဘဲ, မားက အနာဂတ်မှာ သားရဲ့ စူပါဖန် ဖြစ်လာမှာ " ဂုဏ်ယူစွာနဲ့ ပြောတယ်။
မုရှင်းယုက သူ့အမေသည် ဖန်အသိုင်းအဝိုင်းမှာ တကယ်ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားပေ။ သူက အကူညီမဲ့စွာနဲ့ ခေါင်းကိုက်လာသလို ခံစားလိုက်ရတယ်။ ဖန်အသိုင်အဝိုင်းက အရမ်းရှုပ်ထွေးပြီး သူ့အမေအတွက် မသင့်တော်တဲ့အတွက် သူကဖျောင့်ဖျလိုက်တယ် " မား, ပရဟိတလုပ်ဖို့အချိန်ရှိလား? ဒါမှမဟုတ် လှပဖို့မီဟဲယွမ်ကိုသွားလေ။ အင်တာနက်ပေါ်မှာ အချိန်ဖြုန်းနေစရာမလိုဘူး "
" စိတ်မပူပါနဲ့၊ မား အချိန်အများကြီး နောက်ကျမှာ မဟုတ်ပါဘူး "
မားမားမုရဲ့ စကားဆုံးပြီးတာနဲ့ ပါးပါးမုရဲ့အသံကထွက်လာတယ် " အချိန်နောက်မကျဘူးလို့ ဘယ်သူပြောလဲ? မင်း ညတိုင်းအိပ်မပျော်ဘူး။ Weibo ကိုဘဲ ထိုင်ပွတ်နေတာကြောင့် မင်းကောင်းကောင်း အိပ်မပျော်ဘူးမဟုတ်လာ? "
ပါးပါးမုရဲ့ တိုက်ခိုက်ခြင်းကို ရင်ဆိုင်ရတဲ့အခါ မားမားမုက အရမ်းဒေါသထွက်သွားတယ်။ သူမသည် သားဖြစ်သူနှင့် ဖုန်းပြောနေခြင်းကို မထိခိုက်ရန် ပါးပါးမုကို ထွက်သွားဖို့ တိုက်ရိုက်တောင်းဆိုခဲ့သည်။
မုရှင်းယုက အလျင်အမြန်ပြောတယ် " မား, ပါးကိုဖုန်းဖြေခိုင်း ကျတော် ပါးကိုမေးစရာရှိတယ် "
" ဘာကိစ္စရှိလို့လဲ? မားကိုမေးလို့ရတယ် "
" အဲ့တာကအလုပ်အကြောင်း, ပါးက ပိုအဆင်ပြေတာပေါ့ "
မားမားမုက မသိဘူး။ ဖြေရှင်းချက်ကတော့ ပါးပါးမုဆီ ဖုန်းလွှဲပေးလိုက်တာပါပဲ။ ပါးပါးမုက ဖုန်းကိုယူလိုက်ပြီး ပြုံးကာပြောတယ် " ရှင်းယု, ဘာကိစ္စရှိလို့လဲ? "
" ပါး, ကျွန်တော် စတူဒီယိုဖွင့်ချင်တယ်။ အခုထိ နေရာမရှိသေးဘူး။ ပါးပြော, ကျတော် ဘယ်ကုမ္ပဏီမှာရွေးသင့်ဘဲ? "
" သား အတည်ပြောတာလား? " ပါးပါးမုက မေးတယ်။
" အမှန်ဘဲ "
" ကုရဲ့မိသားစုက သဘောတူလား? " ပါးပါးမုက ထပ်မေးတယ်။
" ပါး, စိတ်မပူပါနဲ့ မစ္စတာကုနဲ့ ဖိုးဖိုးကုက ကျွန်တော့်ကို အရမ်းထောက်ခံတယ်။ ပြီးတော့ ဖိုးဖိုးကုတို့က ကျွန်တော့်ကို ရင်းနှီးမြှုပ်နှံပေးချင်တယ်။ ဒါပေမယ့် ကျွန်တော် သဘောမတူခဲ့ဘူး "
ပါးပါးမုက စိတ်သက်သာရာရပြီးပြောတယ် " ကုရဲ့အဆောက်အဦးက တော်တော်ကောင်းမယ်ထင်တယ်။ နာမည်ကြီး တော်တော်များများက အဲဒီမှာ စတူဒီယိုတွေရှိတယ်။ ပါး အဲ့တာကို သားအတွက် ကူပြီးအရင်ရှာပေးမယ်။ ပြီးရင် သားရွေးချယ်ဖို့ အချက်အလက်တွေ ပို့ပေးမယ် "
" ပါး, ကျေးဇူးပါ " မုရှင်းယုက ပြုံးလိုက်တယ်။
သားဖြစ်သူက စတူဒီယိုဖွင့်တော့မယ်လို့ မားမားမုကြားတော့ သူမက အရမ်းကို စိတ်လှုတ်ရှားစွာဖြင့် ဖုန်း ကိုဆက်ကနဲ ဆွဲလုလိုက်ပြီး " သားလေး, သား စတူဒီယိုဖွင့်တော့မယ်။ သားရဲ့ အေးဂျင့်ကိုရွေးပြီးပြီလား။ မား မီဟဲယွမ်အလှပြင်ဆိုင်ကို သွားတုန်းက မားတွေ့ခဲ့တာကို ပြောပြမယ်။ ရှီးယင်ဒီရဲ့ အေးဂျင့်လန်ယင်လေ။ ရှီယင်ဒီ အနားယူသွားပြီးနောက်ပိုင် သူမက ဘယ်အနုပညာရှင်ကိုမှ နောက်ထပ်မခေါ်ခဲ့ဘူး။ အမေသားအတွက် သွားခေါ်လာပေးမယ် "
" မား, အစ်မလန်ကို ပြောတာလာ? " မုရှင်းယု ဖျော်ဖြေရေးလောကထဲကို မဝင်ခင်က သူက အစ်မလန် ဆိုတဲ့ နာမည်ကို ကြားဖူးတယ်။ သူမသည် အလွန်ကောင်းမွန်သော အေးဂျင့်တစ်ဦးဖြစ်သည်။ သူမသည် ရုပ်ရှင်နှစ်ကားနှင့် ဇာတ်ကားသုံးကားကို ယူဆောင်ခဲ့တာ်။ ယင်းတို့များထဲမှ, ရှီယင်ဒီသည် ပြင်သစ်ရုပ်ရှင်ပွဲတော်တွင် ဇာတ်ဆောင်ဆုကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် မင်းသားရှီသည် ဗြိတိန်ဒီဇိုင်နာတစ်ဦးနှင့် လက်ထပ်ပြီးနောက်တွင် အငြိမ်းစားယူကာ UK တွင် အခြေချနေထိုင်ခဲ့သည်။ အစ်မလန်သည်လည်း လွတ်လပ်သွားတယ်။ ဒါပေမယ့် သူမသည် ဘယ်အနုပညာရှင်တစ်ဦးကိုမှ နောက်ထပ်မခေါ်ခဲ့ပေ။
" အဲတာ သူမပဲ, တကယ်လို့ သူမသာ သားကို ခေါ်ခဲ့ရင် သားမှာ တောက်ပတဲ့ အနာဂတ် ရှိလာမယ် "
" မား, အစ်မလန်က ဒီလောကကိုပြန်မလာမှာကို ကျတော် စိတ်ပူတယ် "
" စိတ်သာအေးအေးထား, မားက အပြင်ထွက်ပြီး တာဝန်ကို ပြီးအောင် လုပ်မယ်လို့ ကတိပေးတယ် " မားမားမုရဲ့စကားကြောင့် မုရှင်းယုက မရယ်မိအောင် ထိန်းထားရသည်။
ကုယွမ်ကျိုးက တံခါးအပြင်ဘက်မှာ အချိန်ခဏလောက်နေခဲ့ပြီး မုရှင်းယု ဖုန်းပြောအပြီးမှာ သူက တံခါးကိုဖွင့်လိုက်တယ်။
မုရှင်းယု၏ ရယ်မောသံကို သူ့နားဖြင့် မကြားမိပါက မူလကအပြုအမူကောင်းသူ မုရှင်းယုသည် ဤသို့ ဖျက်လတ်တက်ကြွသော ဘက်ခြမ်းရှိနေသည်ကို သူသိလိမ့်မည် မဟုတ်ပေ။ ဒါက မုရှင်းယုကို ဝန်ခံမယ့် သူ့ရဲ့ စိတ်ပိုင်းဖြတ်မှုကို တိုးလာစေတယ်။ တစ်နေ့မှာတော့, မုရှင်းယုသည် စိမ်းကားပြီး ယဉ်ကျေးခြင်းမရှိတဲ့ တစ်ဖတ်ခြမ်းကို သူ့ကိုလည်း ဖွင့်ပြနိုင်မယ်လို့ သူမျှော်လင့်တယ်။
ဒါနဲ့ နောက်နေ့ သူအလုပ်သွားတဲ့အခါ ကုယွမ်ကျိုးက ကျန်းယွမ်ရှင်းကိုပါးပါးမုရဲ့ ကိုယ်ရေးကိုယ်တာနံပါတ်ကို မေးလိုက်တယ်။ ပြီးနောက် သူက ဖုန်းခေါ်လိုက်တယ်။
မနေ့ညက, မုရှင်းယုသည် စတူဒီယို နေရာကိုရှာရန် ပါးပါးမုကိုကူညီရန် တောင်းဆိုကြောင်း သူကြားခဲ့ရသည်။ ထိုအချိန်က, သူဘာမျှမပြောခဲ့ဘူး။ ဒါပေမယ့် သူစိတ်ထဲမှာတော့ မုရှင်းယုသည် သူ့ကိုအပြင်လူအဖြစ်ဆက်ဆံသည်ဟုထင်ခဲ့သည်။
ဒါကြောင့် သူက ပါးမုကို ဖုန်းဆက်ပြီး ဒီကိစ္စကို ရှင်းဖို့ ကြံလိုက်တယ်။
ဖုန်းခေါ်ဆိုမှုက လျင်မြန်စွာ ချိတ်ဆက်သွားသော်လည်း သူကဖုန်းချသွားခဲ့သည်။ ကုယွမ်ကျိုး, စကားမပြောဘူးလာ ???
သူနောက်တစ်ခေါက် ပြန်ခေါ်တယ်။
ဖခင်မူးသည် အစည်းအဝေးတစ်ခုတွင် ရှိနေခဲ့ပြီး မရင်းနှီးသော နံပါတ်တစ်ခုရဲ့ ခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ သူက အစည်းအဝေးထိခိုက်မှာကို စိုးရိမ်သဖြင့် ချက်ချင်း ဖုန်းချလိုက်သည်။ ဒါပေမယ့်, ခဏအကြာတော့ မရင်းနှီးတဲ့ ဖုန်းနံပါတ်က ထပ်ခေါ်ပြန်တယ်။ သူကခေါ်ဆိုသူသည် အရမ်းအလျင်လိုနေတယ်လို့ထင်တယ်။ ဒါကြောင့်သူက ဖုန်းကိုင်လိုက်ပြီး " ဟယ်လို, ငါပြောလို့ရမလာ, တကယ်လို့ မင်း .... "
" အဖေ, ကျတော် ယွမ်ကျိုးပါ "
" အမ်း? မင်းက ... မစ္စတာကု! " ပါးပါးမုက တိတ်တိတ်လေးပြောတယ်။ အစည်းအဝေးတက်နေတဲ့ လက်အောက်ငယ်သားတွေအားလုံးက သူ့ကို အံ့အားသင့်စွာ ကြည့်နေကြတယ်။ သူသည် အလွဲအချော်ဖြစ်နေမှန်းသိသဖြင့် ပါးပါးမုသည် လက်ကိုင်ဖုန်းဖြင့် အစည်းအဝေးခန်းမှ အမြန်ထွက်လာခဲ့သည်။
" အဖေ, ကျွန်တော့်ကို ယွမ်ကျိုးလို့ ခေါ်နိုင်ပါတယ် "
ပါးမုက ခြောက်ကပ်ကပ်ပြုံး လိုက်ပြီး " ယွမ်ကျိုး ဘာလို့ ပါးကို ခေါ်တာလဲ? "
" ပါး, ဒါတာက၊ မနေ့ညက ရှင်းယုက ပါးကို အကူအညီတောင်းခဲ့တယ်။ ပါးကို ဒုက္ခဖြစ်စေပြီး "
" ဒုက္ခမဖြစ်ပါဘူး, ဒုက္ခမဖြစ်ပါဘူး "
" ပါး, ရှင်းယုရဲ့ ကိစ္စတွေကို ကျတော်လုပ်ပါရစေ။ အရင်က မေ့မြောနေပြီး ကျတော် သူ့အတွက် ဘာမှ မလုပ်ပေးရသေးဘူး "
" ဒါက ... ယွမ်ကျိုး မင်းက ရှင်းယုကို အရမ်းကောင်းစွာဆက်ဆံတယ်။ ကောင်းပြီ, ပါး အရမ်းပျော်တယ် "
" ဒါက ကျွန်တော်လုပ်သင့်တာပါ "
ကုယွမ်ကျိုးက ကျိုးနွံစွာပြောပြီး ဖုန်းမချခင် ပါးမုနဲ့ ခဏလောက် စကားစမြည်ပြောခဲ့တယ်။
ပါးမုက ဖုန်းကိုကြည့်ပြီး အရမ်းအံ့သြသွားတယ်။ ကုယွမ်ကျိုးက အရမ်းနှိမ့်ချပြီး ယဉ်ကျေးတဲ့အချိန်အထိတိုင်အောင် သူက နိုးမထလာနိုင်သေးဘူး။ အရင်က ပုံစံများနှင့် လုံးဝကိုကွဲပြားနေတယ်။
သူက ကုယွမ်ကျိုးရဲ့ စိတ်နေသဘောထားကို အရင်က တစ်ခါမှ နားမလည်နိုင်ခဲ့တဲ့အတွက် ကုယွမ်ကျိုး နိုးလာချိန်အတောတွင်းမှာ လက်ဆောင်တစ်ခုပေးခဲ့ပြီး အိမ်ကိုမသွားခဲ့ပေ။ ခုတော့ ပါးမုက သူ့ခံစားချက်တွေကို ဆက်သွယ်ဖို့ ကုရဲ့အိမ်ကို သွားလည်ကြည့်သင့်တယ်ထင်တယ်။
.....
ကုယွမ်းကျိုးက ဖုန်းခေါ်ဆိုမှု ပြီးသောအခါ သူက ကျန်ယွမ်ရှင်း ကိုခေါ်လိုက်တယ် " ငါ့ကို စတူဒီယိုတစ်ခု မှတ်ပုံတင်ပေး "
ကျန်းယွမ်ရှင်းက အံ့အားသင့် သွားသည် - " မစ္စတာကု, လုပ်ငန်းအသစ် ချဲ့ထွင်းချင်တာလား? "
" မဟုတ်ဘူး, ငါ ရှင်းယုအတွက်ကိုယ်ပိုင်စတူဒီယိုဖွင့်ချင်လို့။ လုပ်ထုံးလုပ်နည်းတွေအားလုံးကို သူ့မွေးနေ့မတိုင်ခင်မှာ ပြီးအောင်လုပ်ရမယ်။ မင်း ဒါကိုလျှို့ဝှက်ထားရမယ် "
" အိုး! ကောင်းပါပြီ " ကျန်ယွမ်ရှင်း ရုံးခန်းထဲက ထွက်ခွာသွားပြီးနောက် ဒီမှာ ဘာတုံ့ပြန်မှုမှ မရှိခဲ့ပေ။
သူမသည် စတားစတူဒီယိုဖွင့်လှစ်ခြင်းနှင့် ဘယ်တုန်းကမှ မဆက်သွယ်ခဲ့ဖူးပေ။ အမြဲတမ်း စွမ်းဆောင်နိုင်သူ ကျန်းယွမ်ရှင်သည် ယခုအခါ အနည်းငယ် ရူးသွပ်နေသည်။
ရုံးခန်းထဲမှာ, ကုယွမ်ကျိုးသည် သူ့ဘယ်ဘက် လက်သူကြွယ်ပေါ်ရှိ လက်စွပ်ကို ကိုင်လိုက်ပြီး သူသည်မုရှင်းယုအား ဝန်ခံချင်ပြီး စတူဒီယိုဖွင့်ဖို့ကူညီပေးတဲ့အပြင်စေ့စပ်လက်စွပ် ကိုလည်း ထည့်ပေးသင့်တယ်လို့ တွေးနေတယ်။
ထို့ကြောင့် သူသည် သူ၏ လက်ကိုင်ဖုန်းကိုထုတ်လိုက်ပြီး UK ရှိ W&W အနုပညာဒါရိုက်တာထံ ဖုန်းဆက်လိုက်တယ် " Beloved စီးရီးရဲ့ ဒီဇိုင်နာချုပ်ကို မနက်ဖြန် ပေကျင်ကိုလာခိုင်းလိုက် "
" မစ္စတာကု, ဒီဇိုင်းအတွေအခေါ် ပေါက်ကြားသွားပြီး, ကျတော် ... "
အနုပညာဒါရိုက်တာက ကုယွမ်ကျိုးသည် 'ရှင်းစီ'ကို ရာဇဝတ်မှုနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ခေါ်တယ်လို့ တွေးတယ်။ ဒါပေမယ့် ကုယွမ်းကျိုးက သူ့ရှင်းပြချက်ကို ကြားဖြတ်ပြောလိုက်မယ်လို့ မမျှော်လင့်ထားဘူး။ " ငါ ဒီဇိုင်းပေါက်ကြားမှုကို ကိုင်တွယ်ဖြေရှင်းလိုက်မယ်။ ငါ့မှာ ကိုယ်ရေးကိုယ်တာကိစ္စရှိလို့ ဒီဇိုင်နာနဲ့ တွေ့ချင်တာ "
......
*************************************
ကုယွမ်ကျိုးက နည်းနည်းစဉ်းစားပြီး ပြောတယ် " ဟုတ်တယ်, ဈေးကွက်ချဲ့ထွင်ဖို့အတွက် အနည်းဆုံး ရှစ်ရာခိုင်နှုန်းလောက် လျှော့ရမယ်လို့ ငါထင်တယ် "
" ဥက္ကဋ္ဌကု, ဒါက... "
ကုယွမ်ကျိုးသည် ပရိသတ်တွေလုပ်ထားတဲ့ မုရှင်းယု၏ ကာတွန်းရုပ်ပုံအား ပထမဆုံးအကြိမ် မြင်လိုက်ရပြီး သူကမနေနိုင်ဘဲ ပြုံးလိုက်ကာ မက်ဆေ့ခ်ျပို့လိုက်သည် - [ ကျွန်တော်
( # နားလည်တယ်ဟုတ် )
.....
" မား, ဘယ်လိုသိတာလဲ? "
" အမှန်ဘဲ "
.....
......
*************************************
Continue Reading
You'll Also Like
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
3.6M 289K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
3.6K 668 133
《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့   အခုခေတ်နောက်ခံ 1 V 1 , HE   
8.5K 302 21
I thought I'd had crushes before There was Carson, who smiled at me in bio There was Isabell, with the beautiful eyes But this girl God, it's like it...