မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်...

By Moesattkha

137K 16K 262

ဟိုဘက် acc log ကျသွားလို့ဒီမှာပြန်တင်ပေးပါမယ်ရှင့် More

Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (22)
Chapter (23) (Unicode)
Chapter (23) (Zawgyi)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chaptet (40)
Chapter (41.1)
Chapter (41.2)
Chapter (42.1)
Chapter (42.2) (Unicode)
Chapter (42.2) (Zawgyi)
Chapter (43) (Unicode)
Chapter (43) (Zawgyi )
Chapter (44) (Unicode)
Chapter (44) (Zawgyi)
Chapter (45.1)
Chapter (45.2)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chspter (59)
Chapter (60)
Chapter (61)
Chapter (62)

Chapter (21)

2.3K 278 1
By Moesattkha


ညနေပိုင်းတွင်, ကုယွမ်ကျိုးသည် ထုံးစံအတိုင်း အလုပ်ကိစ္စများဆောင်ရွက်ရန် စာကြည့်ခန်းသို့ သွားခဲ့သည်။

မုရှင်းယုက အရင်ဆေးကြောသန့်စင်ပြီး ညအိပ်ဝတ်စုံကိုလဲ၍ ကုယွမ်ကျိုး၏အခန်းဆီသို့ ပြန်လာသောအခါတွင် လွတ်သွားသော ဖုန်းခေါ်ဆိုမှုတစ်ခု ရှိနေသည်ကိုတွေ့၍ သူပြန်ခေါ်လိုက်တယ်။

" ရှင်းယု! နောက်ဆုံးအခြေအနေတွေ မင်းကို ငါသတင်းပို့မလို့! " ရှောင်ဝမ်းရဲ့အသံက အရမ်းစိတ်လှုပ်ရှားနေတယ်။

" ငါ လန်ရှင်နဲ့ ဆက်သွယ်ပြီးပြီ။ သူတို့က တစ်နှစ်တာ စာချုပ်ချုပ်ဆိုဖို့ ရည်ရွယ်ထားတယ်။ ထောက်ခံချက် လုပ်အားခက 5 သန်း။ ရှင်းယု မင်းဘယ်လိုမြင်လဲ? "

Blue Heart သည် မုရှင်းယုနှစ်သက်သော ခေါင်းလျှော်ရည်အမှတ်တံဆိပ်ဖြစ်သည်။ သူတို့ပေးသော ထောက်ခံကြေးသည် မုရှင်းယုအတွက် မုန့်ဖိုးငွေပမာဏ အနည်းငယ်နှင့်ပင် နှိုင်းယှဉ်၍မရသော်လည်း အမှန်တကယ်အောင်မြင်မှုမရှိသော ကြယ်ပွင့်အတွက်တော့ တစ်နည်းပြောရရင် ဒါက ကောင်းမွန်တဲ့ကမ်းလှမ်းမှုတစ်ခု ဖြစ်နေပါပြီ။

" အဆင်ပြေပါတယ် " မုရှင်းယုက ထောက်ခံချက် လုပ်အားခကို ဂရုမစိုက်ဘူး။ လန်ရှင်ဟာ နာမည်ကြီးအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး အကျိုးသက်ရောက်မှုက အရမ်းကောင်းတယ်။

" ဒါဆို ငါအမှတ်တံဆိပ်ကို အကြောင်းပြန်ပြီး သူတို့ဆီသွားပြီးအသေးစိတ်ဆွေးနွေးဖို့ ချိန်းဆိုမှုလုပ်လိုက်မယ် "

" ကောင်းပြီ "

ရှောင်ဝမ်းက နောက်တစ်နေ့တွင် Blue Heart ၏အမှတ်တံဆိပ်သည် သူ(ရှင်းယု)နှင့် ပူးပေါင်းဆောင်ရွက်ရသည့်အတွက် အလွန်ဝမ်းသာသွားပြီး မနက်ဖြန် Blue Heart ရုံးချုပ်မှာ တွေ့ဆုံဖို့ လာရန် သူ့ကို တောင်ဆိုကြောင်း မုရှင်းယုကို ပြောကြားခဲ့တယ်။

မုရှင်းယုက သဘာဝအတိုင်းသဘောတူလိုက်တယ်။ ညဘက်အိပ်ရာဝင်ချိန်ရောက်သောအခါ, မနက်ဖြန် လုပ်စရာတစ်ခုရှိတာမို့ ဂျင်ဆင်းဟင်းရည်ပို့ဖို့ ကုမ္ပဏီကို မလာတော့ဘူးလို့ ကုယွမ်ကျိုးကို ပြောလိုက်တယ်။

ကုယွမ်ကျိုးက ခေါင်းညိတ်လိုက်တယ်။ သူ့မျက်နှာမှာ ပြောင်းလဲမှုမရှိပေမယ့် သူ့စိတ်ထဲမှာတော့ နည်းနည်းစိတ်ပျက်သွားတယ်။

.......

နောက်နေ့မနက်မှာ, မုရှင်းယုက ရှောင်ဝမ်ကိုခေါ်ဖို့ ကားမောင်းသွားပြီး ရှောင်ဝမ်းက အမှတ်တံဆိပ်နဲ့ ပြောဆိုထားတဲ့ အသေးစိတ်အချက်အလတ်တချို့ကို ပြောပြခဲ့ပါတယ်။

" ဒီတစ်​ခါ မင်းရဲ့ကြိုးစားအားထုတ်​မှုအတွက်​ ​ကျေးဇူးတင်​ပါတယ်​။ ဒါက မင်းအတွက်​ ဘောစ်နပ်ဖြစ်​လာမယ် " မုရှင်းယုက​ ပြောတယ်​။

" အဲ့တာက မခက်ပါဘူး, မခက်ခဲပါဘူး။ ဒါတွေအားလုံးကို ရှာတွေ့ဖို့ အမှတ်တံဆိပ်တွေဘက်ကဘဲ အစပြုခဲ့ကြတာ။ ပြီးတော့ တစ်ခုခု မှားယွင်းမှာကို ငါစိုးရိမ်နေတုန်းပဲ " ရှောင်ဝမ်းက ပြုံးရင်းပြောသည်။ ( #ပြောချင်တာ သူကခက်ခက်ခဲခဲလိုက်ပြီး ကမ်းလှမ်းနေစရာမလိုဘဲ ကုမ္ပဏီတွေဘက်က အရင်ကမ်းလှမ်းလာတာ )

သူ၏ လက်ရှိအလုပ်သည် အလွန်အေးဆေးသည်။ နေ့စဉ်နှင့်အမျှ အွန်လိုင်းမှာ Trends ဖြစ်နေတာကိုကြည့်ရှုတယ်။ ပြီးရင် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားသော အမှတ်တံဆိပ်များနှင့် ညှိနှိုင်းဆွေးနွေးသည်။ သို့သော်, သူသည် ပရော်ဖက်ရှင်နယ်အေးဂျင့်တစ်ဦးမဟုတ်ပေ။ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းသောအခါတွင် သူသည် စွမ်းအင်များမရှိသလို ခံစားရတယ်။ ဒါကြောင့် အခြေအနေတွေကို နားလည်ရန်နှင့် မလိုလားအပ်သောပြဿနာများကို ရှောင်ရှားရန် သူအချိန်ပိုပြီး သုံးစွဲရန်လိုအပ်သည်။

မုရှင်းယုသည် ရှောင်ဝမ်း၏ အခက်အခဲများကိုသိတယ်။ ဒါကြောင့် သူပြောလိုက်တယ် " ရှောင်ဝမ်း ငါကိုယ်ပိုင်စတူဒီယိုတစ်ခုထောင်ဖို့ စီစဉ်ထားတယ် "

" ဘာလဲ! စတူဒီယိုဖွင့်မယ်? ရှင်းယု မင်းပြောတာ အမှန်လာ? "

" ငါ မင်းကို လိမ်ရမှာလား? " မုရှင်းယုက ပြုံးတယ်။

" မဟုတ်ဘူး, ငါအရမ်းပျော်တယ်, မင်းအိမ်မှာပဲ ဆက်နေမယ်လို့ ငါထင်နေတာ " ရှောင်ဝမ်းကပြောတယ်။

မုရှင်းယုက ခေါင်းခါလိုက်ပြီးဆိုသည် " မနေတော့ဘူး, ငါ့မိသားစုကိစ္စက ပြီးသွားပြီ။ ငါ့ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းအလုပ်နဲ့ စတင်ရုန်းကန်ချင်တယ် "

ရှောင်ဝမ်းက အရမ်းပျော်နေပြီး အနာဂတ်အတွက် တမ်းတမှုများနဲ့ ပြည့်နေခဲ့တယ်။

မကြာမီတွင်, သူတို့သည် Blue Heart အမှတ်တံဆိပ်ရုံးချုပ်သို့ ရောက်ရှိလာပြီး ထောက်ခံချက်အသေးစိတ်အချက်အလက်များအတွက် တာဝန်ခံနှင့် ညှိနှိုင်းခဲ့သည်။ သူတို့သည် မှန်ကန်ကြောင်း အတည်ပြုပြီးနောက်, မုရှင်းယုသည် သူ၏ဘဝတွင် ပထမဆုံးသော ထောက်ခံမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

" မစ္စတာမု, ပျော်ရွှင်သော ပူးပေါင်းဆောင်ရွက်မှုပါ "

" ပျော်ရွှင်သော ပူးပေါင်းဆောင်ရွက်မှုပါ " မုရှင်းယုသည် တာဝန်ခံနှင့် လက်ဆွဲနှုတ်ဆက်ပြီး ပြုံးလိုက်တယ်။

စာချုပ်ချုပ်ပြီးတာနဲ့, သူတို့သည် ကြော်ငြာရိုက်ကူးမှု အကြောင်းကို စတင်ပြောခဲ့ကြတယ်။ ကုန်အမှတ်တံဆိပ်ဘက်တွင်မူ အစီအစဉ်သုံးရပ်ကို ရေးဆွဲထားသည်။ ၎င်းတို့ကိုမြင်ပြီးနောက်, မုရှင်းယုသည် သူ၏ ကိုယ်ပိုင်ထင်မြင်ချက်များကို တင်ပြခဲ့တယ်။

မွန်းတည့်ချိန်တွင်, တာဝန်ခံက မုရှင်းယုကို အနီးနားရှိ ဟိုတယ်တစ်ခုတွင် စားသောက်ရန် ဖိတ်ကြားခဲ့တယ်။ ထို့နောက် ရိုက်ကူးမည့် အစီအစဉ်ကို ဆက်လက် ဆွေးနွေးခဲ့ပြီး နောက်ဆုံးတွင် လန်းဆန်းတက်ကြွသော ကြော်ငြာတစ်ခု ရိုက်ကူးရန် ဆုံးဖြတ်ခဲ့သည်။

" ကျွန်တော်တို့ လာမယ့် တနင်္လာနေ့မှာ ရိုက်ကူးမယ်။ ပြီးရင် တစ်လအတွင်း David TV တစ်ခုစီမှာ ထုတ်လွှင့်နိုင်အောင် ကြိုးစားသွားမှာပါ " တာဝန်ခံက စိတ်လှုပ်ရှားစွာပြောတယ်။

ဒီတစ်ကြိမ်တွင်, သူတို့သည် နွေရာသီမတိုင်ခင် ခေါင်းလျှော်ရည်အသစ်ကို ရောင်းချရန် ပြောရေးဆိုခွင့်ရှိသူအသစ်ကို ရွေးချယ်ခဲ့သည်။ ဒီနေ့ခေတ်တွင်, အချိန်ကဖိနေတယ်။ ဒါကြောင့် တာဝန်ခံက ရိုက်ကူးရေးကို စီစဥ်ရန်စိတ်စောနေတယ်။

အပြန်လမ်းတွင်, ရှောင်ဝမ်းက အလွန်ပျော်နေသည် " ရှင်းယု, ငါ မင်းကို တစ်လအတွင်း TV မှာတွေ့ရတော့မယ် "

မုရှင်းယုက ခပ်ဖျော့ဖျော့ပြုံးတယ်။ သူ့ကိုယ်ပိုင်ကြိုးစားမှုမှတစ်ဆင့် အနာဂတ်မှာ နောက်ထပ်ထုတ်ကုန်တွေကို ထောက်ခံနိုင်မယ် သူယုံကြည်တယ်။

" စကားမစပ်, မင်းအရင်က ဇာတ်ညွှန်းတချို့ ရထားတယ်လို့ ပြောတယ်မလာ။ မင်းအဲဒါတွေကို ရွေးပြီးသွားပြီလား? "

" ရွေးချယ်ပြီးပြီး, သူတို့တွေ
ထဲကငါးခုက အရမ်းကောင်းတာကို ငါတွေ့တယ်။ နောက်မှ ငါမင်းကို ဇာတ်ညွှန်းတွေပေးမယ် "

" ကောင်းပြီ "

မုရှင်းယုက ရှောင်ဝမ်းကို အိမ်ပြန်ခိုင်းလိုက်ပြီး ရှောင်ဝမ်း ပြောခဲ့သော ဇာတ်ညွှန်းငါးစုံ ပါသောအိတ်ကို ယူလာလိုက်တယ်။

သူ ကုရဲ့အိမ်ပြန်ရောက်တော့ ခြောက်နာရီထိုးခါနီးပြီ။ ကားဂိုဒေါင်ထဲမှာ ကုယွမ်ကျိုးရဲ့ Hummer ကိုတွေ့ရမယ်လို့ သူမမျှော်လင့်ထားဘူး။ သူကအရမ်းအံ့သြသွားတယ်။

ဧည့်ခန်းထဲကို မြန်မြန်ဝင်လာတော့ ဧည့်ခန်းထဲမှာ ကုယွမ်ကျိုးက အဖိုးကုနဲ့ စကားပြောနေတာကို တွေ့လိုက်ရတယ်။

" ရှင်းယု, ပြန်လာပြီလာ " အဘိုးကုက ပြုံးပြီးနှုတ်ဆက်လိုက်ပြီး သူက ဧည့်ခန်းထဲမှာ ဝင်ထိုင်လိုက်တယ်။

" ဖိုးဖိုး " မုရှင်းယုကပြောပြီး ကုယွမ်ကျိုးကိုကြည့်ကာမေးသည် " ဥက္ကဋ္ဌကု ဒီနေ့စောစောပြန်လာတာလာ? "

" အင် "

ကုယွမ်ကျိုးက ကြည့်ရတာ ဘာမှမထူးခြားတဲ့ပုံမပေါက်ပေမယ့် သူဒီနေ့မွန်းလွဲပိုင်းမှာ အခြေအနေမကောင်ဘူးဆိုတာ သူသိတယ်။ နေ့ခင်းဘက်မှာ ဂျင်ဆင်းဟင်းရည် လာပို့ပေးတဲ့ မုရှင်းယုကို သူကျင့်သားရနေပြီ။ ဒီနေ့ ဂျင်ဆင်းဟင်းချို လာပို့ပေးတဲ့သူက ဒါရိုင်ဘာဖြစ်သွားတော့ ဂျင်ဆင်းဟင်းရည်အရသာက မမှန်ဘူးလို့ သူခံစားလာရတယ်။

ငါးနာရီတွင်, အရေးကြီးကိစ္စများကို ကိုင်တွယ်ပြီးနောက် ကုမ္ပဏီမှထွက်လာခဲ့သည်။ ကျန်းယွမ်ရှင်းက အဲ့တာကို မြင်လိုက်သောအခါ, သူမကအလွန် အံ့အားသင့်သွားတယ်။ ဘာလို့ဆို ဒါက ကုယွမ်ကျိုးကုမ္ပဏီမှ စောစောစီးစီးထွက်သွားသည့်ပထမဆုံးအကြိမ် ဖြစ်သောကြောင့်ဖြစ်သည််။ ကုယွမ်ကျိုး၏ အလုပ်ဆင်းချိန်သည် ညနေ ၆ နာရီဖြစ်သည်။

" မင်းလက်ထဲမှာ ကိုင်ထားတာကဘာလဲ? " ကုယွမ်ကျိုးက မုရှင်းယုရဲ့လက်ထဲက အိတ်ကိုတွေ့တဲ့အခါ မေးလိုက်တယ်။

" အိုး! ဒါတွေက ကျတော်ရခဲ့တဲ့ ဇာတ်ညွှန်းတွေ "

" ဇာတ်ညွှန်းတွေ? " ကုယွမ်းကျိုးက မျက်မှောင်ကြုတ်လိုက်တယ်။

ယခုအချိန်အထိ, မုရှင်းယုသည် အဖိုးကုနှင့် ကုယွမ်ကျိုးတို့ကို သူဖျော်ဖြေရေးလောကထဲ ပြန်လည်ဝင်ရောက်မယ့်အကြောင်း မပြောရသေးပေ။ ကံကောင်းစွာပင်, သူတို့နှစ်ဦးစလုံး ရှိနေတာကို အခွင့်ကောင်းယူကာ ပြောလိုက်တယ် " ဖိုးဖိုး, မစ္စတာကု, ကျတော် မကြာသေးမီက အလုပ်မရှိလို့ပျင်လာတယ်။ ကျတော်တစ်ခုခုကို ရှာပြီး လုပ်ချင်တယ်။ မဟုတ်သေဘူး, ကျတော် ဒီဇာတ်ညွှန်တွေရခဲ့တယ်, ကျတော် audition ဖြေချင်တယ် "

" မင်း ဖျော်ဖြေရေး အသိုင်းအဝိုင်းကို ပြန်သွားချင်တာလား? " ကုယွမ်ကျိုးက မေးတယ်။

မုရှင်းယုက​ ခေါင်းညိမ့်တယ် " ကျွန်တော် ရုပ်ရှင်ရိုက်ရတာ ကြိုက်တယ် "

မုရှင်းယု, သူ့အမြင်အာရုံက ထွက်သွားတာကို ကုယွမ်ကျိုးက မကြိုက်ဘူး။ ဒါပေမယ့် မုရှင်းယုရဲ့ မျှော်လင့်နေတဲ့ မျက်လုံးတွေကို မြင်တော့ သူက ခေါင်းညိမ့်လိုက်တယ်။ " မင်းနှစ်သက်ရင်ရပြီး "

အဖိုးကုက ပြုံးပြီးပြောတယ် " ယောက်ျားတွေမှာ သူတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းရှိသင့်တယ်။ ဖိုးဖိုးလည်း သားဖျော်ဖြေရေးနယ်ပယ်ကို ပြန်ဝင်ဖို့ ပံ့ပိုးပေးမယ်။ ရှင်းယု, ဖိုးဖိုးကို ရင်နှီးမြုပ်နှံစေချင်လာ? "

" မလိုပါဘူး, ဖိုးဖိုး ကျတော့်ကို ပံ့ပိုးပေးလို့ ကျတော်အရမ်းပျော်တယ် "
မုရှင်းယုသည် မူလက သူအချိန်တွေအများကြီး သုံးရလိမ့်မယ်လို့ ထင်ခဲ့ပြီး ကုယွမ်ကျိုးနဲ့ အဖိုးကုက ဒီလောက်လွယ်လွယ် သဘောတူလိမ့်မယ်လို့ မမျှော်လင့်ထားပေ။

စားသောက်ပြီးနောက်, မုရှင်းယုသည် အခန်းထဲသို့ တိုက်ရိုက်သွားကာ ဇာတ်ညွှန်းအားလုံးကို ထုတ်ယူလိုက်သည်။

အဖွဲ့က သရုပ်ဆောင်တွေ မခန့်အပ်ရသေးတာကြောင့်၊ ဇာတ်ညွှန်း၏ အကြောင်းအရာများ ပေါက်ကြားခြင်းမှ ရှောင်ရှားရန် ယခုအခါ အဖွဲ့သားများသည် ဇာတ်ညွှန်း၏အစပိုင်းကိုသာ ပေးခဲ့သည်။

မုရှင်းယုသည် ဇာတ်ညွှန်းခေါင်းစဉ်များနှင့် မိတ်ဆက်အကျဉ်းချုပ်များကို စစ်ဆေးခဲ့တယ်။ ဒါပေမယ့် ဇာတ်ညွှန် ၅ ခုစလုံးကို ကြားဖူးနေလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ပေ။

သူမသေဆုံးမီ နောက်ဆုံးဘဝတွင်, ဤတီဗီ ဇာတ်လမ်းတွဲငါးခုကို ထုတ်လွှင့်ခဲ့ပြီး နှစ်ခုမှာ ရေပန်းစားလာခဲ့သည်။ တစ်ခုမှာ အလုပ်ခွင်ဖက်ရှင်ဒရာမာ "Love You Every Day" နှင့် နောက်တစ်ခုက သမိုင်းဝင်ဒရာမာ " The Journey " ဖြစ်သည်။

ဤဒရမ်မာနှစ်ခုစလုံးကို နွေရာသီအားလပ်ရက်တွင် ထုတ်လွှင့်ခဲ့ပြီး နှစ်ခုစလုံးသည် ပျမ်းမျှ အဆင့်သတ်မှတ်ချက် ၂ ထက်ကျော်လွန်ပြီး၊ အမျိုးမျိုးသောစာရင်းဇယားများ၏ အကောင်းဆုံးများထဲတွင် ပါဝင်ခဲ့သည်။ ၎င်းတို့အထဲမှ, " The Journey " သည် အဆင့်သတ်မှတ်ချက်များ မြင့်မားရုံသာမကဘဲ ကျော်ကြားမှုနှင့် ကံကြမ္မာအဖြစ် ဖော်ပြနိုင်သည့် နှစ်ကုန် ရွှေကိုင်ခွဲဆုပေးပွဲတွင် ဆုငါးဆုကိုလည်း ရရှိခဲ့သည်။

ဒါပေမယ့် မုရှင်းယုရဲ့ အစိုးရိမ်ရဆုံးအရာကတော့ ယခင်ဘဝ သူသည် The Journey မှာ အမျိုးသားနံပါတ်နှစ်အတွက် audition တစ်ကြိမ်အောင်မြင်သွားပေမယ့် ဖုန်းဇီအန်းက တခြားနည်းနဲ့ဝင်လာပြီး နောက်ဆုံးတွင် ဖုန်းဇီအန်သည် ဇာတ်ကောင်ကို ဖယ်ရှားခဲ့သည်။ အဲဒါတောင် ထည့်မတွက်ထားဘူး။ ထိုအချိန်တွင် သူသည် ငွေရေးကြေးရေးအတွက် လည်ပင်းညှစ်ခံခဲ့ရပြီး ​ရှောင်ဝမ်း၏အိမ်တွင် နေထိုင်ခဲ့ရသည်။ ဖုန်းဇီအန်းက သူ့ထံသို့ ချဉ်းကပ်ကာ တကယ်လို့ သူက လူစားထိုးဖြစ်လိုပါက ယွမ်၂သောင်း ပေးမည်ဟု ပြောခဲ့သည်။ မုရှင်းယုက တိုက်ရိုက်ငြင်းဆိုခဲ့ပြီး နောက်ပိုင်းမှာ ငွေရှာရန်အတွက် အုတ်သယ်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို သွားခဲ့ရတယ်။

" ဒီဘဝမှာတော့, မင်းကိုအောင်မြင်ဖို့ ငါခွင့်မပြုဘူး! " မုရှင်းယုက " The Journey " အတွက် audition လုပ်ရန်သွားဖို့ စိတ်ထဲထည့်ထားတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ဖုန်းဇီအန်းက သူ့ဆီကနေ ဇာတ်ကောင်ကို ဘယ်လိုလုယူမလဲဆိုတာ သူသိချင်မိတယ်။

ထို့ကြောင့် မုရှင်းယုသည် " The Journey " ဇာတ်ညွှန်းကို အလေးအနက်ထားကြည့်ခဲ့သည်။

.......

ကုယွမ်ကျိုးသည် စာရွက်စာတမ်းများကို စနစ်တကျကြည့်ရှုပြီးနောက် အခန်းထဲသို့ ပြန်ရောက်ချိန်သည် ဆယ့်တစ်နာရီကျော်နေပြီဖြစ်သည်။ အရင်ကဆိုရင် မုရှင်းယုအိပ်ပျော်နေပြီး။ ဒါပေမယ့် ဒီတစ်ခါတော့ သူတံခါးဖွင့်လိုက်တာနဲ့ မုရှင်းယုက ကုတင်ပေါ်မှာထိုင်ပြီး ဘောပင်ကိုင်ကာ ဇာတ်ညွှန်းပေါ်တွင် ရေးဆွဲနေသည်ကို တွေ့လိုက်ရတယ်။

" အခုထိ မအိပ်သေးဘူးလား? "

" ဟင်အင်း, ခင်ဗျားကိုစောင့်နေတာ " မုရှင်းယုက ပြုံးလိုက်သည်။

ကုယွမ်ကျိုးက မျက်ခုံးပင့်လိုက်တယ်။ မင်းမအိပ်သေးတာ ဇာတ်ညွှန်းဖတ်ချင်တာကြောင့်လို့ ကိုယ်ထင်တယ်။ ...... ဒီလိုပြောဖို့ကတော့ သဘာဝအတိုင်း မဖြစ်နိုင်ဘူး။

ဆေးကြောပြီးနောက်, ဝှီးချဲလ်ကို သူ့လက်နှစ်ဘက်ဖြင့် တွန်းလာပြီး ကုတင်ပေါ်တွင် ထိုင်လိုက်တယ်။ သူ၏ လှုပ်ရှားမှုများသည် လျင်မြန်ပြီး မတော်တဆမှု မတိုင်မီအဆင့်သို့ အပြည့်အဝပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ညွှန်ပြနေသည်။

မုရှင်းယုသည် ဤမြင်ကွင်းကိုမြင်သောအခါ သူက အရမ်းပျော်သွားတယ်။ သူ ဇာတ်ညွှန်းကို ဗီရိုပေါ်တွင်တင်ပြီးနောက် မီးကိုပိတ်ကာ လှဲအိပ်လိုက်သည်။

အခန်းသည်တိတ်ဆိတ်နေပြီး, ကုယွမ်ကျိုးကမေးသည် " မင်းရဲ့အလုပ်အတွက် မင်းတကယ်အကူအညီမလိုဘူးလာ? "

" ဟင်အင်း, ကျတော်ကိုယ်တိုင်လုပ်လို့ရတယ်ပါတယ် "

ကုယွမ်ကျိုးက သူ့မှာ အရည်အချင်းမရှိပေမယ့် အသုံးမဝင်ဘူးလို့ ခံစားပြီး မျက်မှောင်ကြုတ်လိုက်တယ်။

သို့သော်, နောက်ပိုင်းရက်များတွင်, သူက ပိုလို့တောင် စိတ်ဓာတ်ကျလာတယ်။ ဘာလို့ဆို, မုရှင်းယုသည် Auditions နှင့် ကြော်ငြာများရိုက်ကူးရန် ပြင်ဆင်နေရ၍ ဂျင်ဆင်းဟင်းရည်ကို မပို့နိုင်သဖြင့် ကုယွမ်ကျိုးသည် သူ့နှလုံးသားထဲတွင် တစ်ခုခုပျောက်ဆုံးနေသလို အမြဲခံစားနေရတယ်။

မုရှင်းယုက ကုယွမ်ကျိုး၏ အတွေးများကိုမသိဘူး။ ဒါပေမယ်​ သူသည် ကုယွမ်ကျိုးကို အမြဲဂရုစိုက်သည်ဟု သူခံစားမိသည်။ သူသည် ဂျင်ဆင်းဟင်းရည်ကို ကိုယ်တိုင်ကိုယ်ကျ မပို့ပေးသော်လည်း ဂျင်ဆင်းဟင်းရည်ထဲသို့ ဝိညာဉ်အရည်ကို နေ့တိုင်းရောထည့်ပေးသည်။

မကြာမီတနင်္လာနေ့တွင်, မုရှင်းယုသည် ကုယွမ်ကျိုးနှင့် ပထမဆုံးအကြိမ် အပြင်ထွက်ခဲ့သည်။

ကုယွမ်ကျိုးက မုရှင်းယုတစ်ယောက်တည်း ကားမောင်းသွားတာကို မြင်လိုက်တော့ သူကပြောသည် " မင်ကိုလိုက်ပို့ပေးဖို့အတွက် ကိုယ်ဒါရိုင်ဘာကို စီစဉ်လိုက်မယ် "

" ဟင့်အင်း " မုရှင်းယုက သူသည် ကြော်ငြာရိုက်မလို့သွားရုံလို့ ခံစားရပြီး လူစုလူဝေးစည်းရုံးရန် မလိုအပ်ပေ။

'လန်ရှင်'သို့ ရောက်လာသောအခါတွင် သူသည် ပြင်းထန်သော ပြင်ဆင်မှုများတွင် နစ်မြုပ်သွားခဲ့သည်။

ပထမဦးစွာ, စတိုင်လစ်က သူ့ကို မိတ်ကပ်လိမ်းပေးပြီး သူ့ပုံစံကိုခွဲထုတ်ဖို့ လာခဲ့တယ်။

ကုယွမ်ကျိုး၏ ခန္ဓာကိုယ်သည် မကြာသေးမီက ပြန်လည်ကောင်းမွန်လာပြီး မုရှင်းယုသည် ဝိညာဉ်အရည်တစ်စက်ကို တစ်ခါတစ်လေ သောက်ခဲ့ပြီး သူ၏ခန္ဓာကိုယ်သည်လည် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။

" ကြယ်လေးရဲ့ ဆံပင်နဲ့ အသားအရည်က တို့မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ " မိတ်ကပ်ပညာရှင်က ရယ်မောရင်ပြောသည်။

" ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ် "

" ဘာလဲ! တို့ပြောတာ အမှန်ပါ "

မိတ်ကပ်လိမ်းပြီးနောက်, မုရှင်းယုသည် အမှတ်တံဆိပ်ဘက်မှ ပြင်ဆင်ပေးထားသည့် အဝတ်အစားကိုဝတ်ထားသည်။ ကိုယ်ထည်အပေါ်ပိုင်းသည် အနည်းငယ် ဖောက်ထွင်းမြင်ရသော အဖြူရောင်ရှပ်အင်္ကျီ
နှင့် ကာကီပိတ်ဘောင်းဘီရှည်ဖြစ်ပြီး အပြင်အဆင်သည် နွေရာသီမှာ လန်းဆန်းစေတယ်။

အားလုံးအဆင်သင့်ဖြစ်နောက်, ရိုက်ကူးမှုစတင်ခဲ့သည်။

ဒါက, မုရှင်းယုသည် သူ၏အတိတ်နှင့်ပစ္စုပ္ပန်ဘဝတွင် ကြော်ငြာတစ်ခုရိုက်ကူးသည့်ပထမဆုံးအကြိမ်ဖြစ်သည်။ သူသည် မတိုင်ခင်ကတည်းက အစီအစဥ်ကိုသေချာစဉ်းစားထားပြီးဖြစ်တာကြောင့်ရိုက်ကူးရေးလုပ်ငန်းစဉ်သည်ချောမွေ့သွားသည်။

ရိုက်ကွက်တစ်ခုတွင်, သူသည် ရေမှထကာ ဆံပင်ကို လှန်လိုက်ရမည်။ ဒါရိုက်တာက သူအကြိမ်အများကြီး
ရိုက်ကူးရမယ်လို့ထင်ခဲ့ပေမယ့် မုရှင်းယုရဲ့ ရေထဲကသရုပ်ဆောင်မှုက တစ်ကြိမ်တည်းနဲ့ အောင်မြင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

မုရှင်းယုသည် အချိန်ဇယားမတိုင်မီပင် အလုပ်ပြီးသွားခဲ့တယ်။ ရှောင်ဝမ်းသည် အထူးစိတ်လှုပ်ရှားနေသည်။ " ရှင်းယု, ယဲ့တုန်းက အစပိုင်းမှာ မင်းက အရည်အချင်းရှိသူလို့ ပြောခဲ့တယ်။ ဒီတစ်ခါတော့ ကြော်ငြာက အရမ်းချောမွတ်လာတယ်။ မင်းအနာဂတ်မှာ သေချာပေါက် နာမည်ကြီးကြယ် တစ်ပွင့်ဖြစ်လာမယ် "

မုရှင်းယုကလည်း အရမ်းပျော်နေပြီး ဝန်ထမ်းတွေကို နှုတ်ဆက်၍ ရှောင်ဝမ်းနဲ့ ထွက်သွားတယ်။

" အမ်း, မင်းပေးခဲ့တဲ့ ဇာတ်ညွှန်းအားလုံးကို ငါဖတ်ပြီးပြီ။ ငါ ' The Journey ' ရဲ့ အမျိုးသား နံပါတ် (၂) အတွက် audition မှာသွားဖြေမယ်။ ကျေးဇူးပြုပြီး audition လုပ်မယ့်ရက်ကို အာရုံစိုက်ပြီး အချိန်ကျရင် ငါ့ကို အကြောင်းကြားပေးဦး "

" ရှင်းယု; မင်းမှာ အမြော်အမြင်ရှိတယ်။ ' The Journey ' က အဲဒီဇာတ်ညွှန်းတွေထဲမှာ အကောင်းဆုံးဖြစ်ပြီး ဒါရိုက်တာက ရွှေကိုင်းခွဲဆုကို ဆွတ်ခူးခဲ့တဲ့ ကျန်းဟိန် ဘဲ " ရှောင်ဝမ်းက စိတ်လှုပ်ရှားစွာ ပြောတယ်။

" ဒါကြောင့် ဒီ audition က အရမ်းအရေးကြီးတယ်၊ မင်းမှာ အခြေအနေတစ်ခုခုရှိခဲ့ရင် ငါ့အသိပေးဦး "

" တာဝန်ပြီးမြောက်ဖို့ အာမခံပါတယ်! "

.....

#မှာယွင်းမှုများစွာဟာဘာသာပြန်သူရဲ့အပြစ်ပါ🙇။

**************************************

ညေနပိုင္းတြင္, ကုယြမ္က်ိဳးသည္ ထုံးစံအတိုင္း အလုပ္ကိစၥမ်ားေဆာင္႐ြက္ရန္ စာၾကည့္ခန္းသို႔ သြားခဲ့သည္။

မုရွင္းယုက အရင္ေဆးေၾကာသန့္စင္ၿပီး ညအိပ္ဝတ္စုံကိုလဲ၍ ကုယြမ္က်ိဳး၏အခန္းဆီသို႔ ျပန္လာေသာအခါတြင္ လြတ္သြားေသာ ဖုန္းေခၚဆိုမႈတစ္ခု ရွိေနသည္ကိုေတြ႕၍ သူျပန္ေခၚလိုက္တယ္။

" ရွင္းယု! ေနာက္ဆုံးအေျခအေနေတြ မင္းကို ငါသတင္းပို႔မလို႔! " ေရွာင္ဝမ္းရဲ႕အသံက အရမ္းစိတ္လႈပ္ရွားေနတယ္။

" ငါ လန္ရွင္နဲ႕ ဆက္သြယ္ၿပီးၿပီ။ သူတို႔က တစ္ႏွစ္တာ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ရည္႐ြယ္ထားတယ္။ ေထာက္ခံခ်က္ လုပ္အားခက 5 သန္း။ ရွင္းယု မင္းဘယ္လိုျမင္လဲ? "

Blue Heart သည္ မုရွင္းယုႏွစ္သက္ေသာ ေခါင္းေလွ်ာ္ရည္အမွတ္တံဆိပ္ျဖစ္သည္။ သူတို႔ေပးေသာ ေထာက္ခံေၾကးသည္ မုရွင္းယုအတြက္ မုန႔္ဖိုးေငြပမာဏ အနည္းငယ္ႏွင့္ပင္ ႏွိုင္းယွဥ္၍မရေသာ္လည္း အမွန္တကယ္ေအာင္ျမင္မႈမရွိေသာ ၾကယ္ပြင့္အတြက္ေတာ့ တစ္နည္းေျပာရရင္ ဒါက ေကာင္းမြန္တဲ့ကမ္းလွမ္းမႈတစ္ခု ျဖစ္ေနပါၿပီ။

" အဆင္ေျပပါတယ္ " မုရွင္းယုက ေထာက္ခံခ်က္ လုပ္အားခကို ဂ႐ုမစိုက္ဘူး။ လန္ရွင္ဟာ နာမည္ႀကီးအမွတ္တံဆိပ္တစ္ခုျဖစ္ၿပီး အက်ိဳးသက္ေရာက္မႈက အရမ္းေကာင္းတယ္။

" ဒါဆို ငါအမွတ္တံဆိပ္ကို အေၾကာင္းျပန္ၿပီး သူတို႔ဆီသြားၿပီးအေသးစိတ္ေဆြးႏြေးဖို႔ ခ်ိန္းဆိုမႈလုပ္လိုက္မယ္ "

" ေကာင္းၿပီ "

ေရွာင္ဝမ္းက ေနာက္တစ္ေန႕တြင္ Blue Heart ၏အမွတ္တံဆိပ္သည္ သူ(ရွင္းယု)ႏွင့္ ပူးေပါင္းေဆာင္႐ြက္ရသည့္အတြက္ အလြန္ဝမ္းသာသြားၿပီး မနက္ျဖန္ Blue Heart ႐ုံးခ်ဳပ္မွာ ေတြ႕ဆုံဖို႔ လာရန္ သူ႕ကို ေတာင္ဆိုေၾကာင္း မုရွင္းယုကို ေျပာၾကားခဲ့တယ္။

မုရွင္းယုက သဘာဝအတိုင္းသေဘာတူလိုက္တယ္။ ညဘက္အိပ္ရာဝင္ခ်ိန္ေရာက္ေသာအခါ, မနက္ျဖန္ လုပ္စရာတစ္ခုရွိတာမို႔ ဂ်င္ဆင္းဟင္းရည္ပို႔ဖို႔ ကုမၸဏီကို မလာေတာ့ဘူးလို႔ ကုယြမ္က်ိဳးကို ေျပာလိုက္တယ္။

ကုယြမ္က်ိဳးက ေခါင္းညိတ္လိုက္တယ္။ သူ႕မ်က္ႏွာမွာ ေျပာင္းလဲမႈမရွိေပမယ့္ သူ႕စိတ္ထဲမွာေတာ့ နည္းနည္းစိတ္ပ်က္သြားတယ္။

.......

ေနာက္ေန႕မနက္မွာ, မုရွင္းယုက ေရွာင္ဝမ္ကိုေခၚဖို႔ ကားေမာင္းသြားၿပီး ေရွာင္ဝမ္းက အမွတ္တံဆိပ္နဲ႕ ေျပာဆိုထားတဲ့ အေသးစိတ္အခ်က္အလတ္တခ်ိဳ႕ကို ေျပာျပခဲ့ပါတယ္။

" ဒီတစ္ခါ မင္းရဲ႕ႀကိဳးစားအားထုတ္မႈအတြက္ ေက်းဇူးတင္ပါတယ္။ ဒါက မင္းအတြက္ ေဘာစ္နပ္ျဖစ္လာမယ္ " မုရွင္းယုက ေျပာတယ္။

" အဲ့တာက မခက္ပါဘူး, မခက္ခဲပါဘူး။ ဒါေတြအားလုံးကို ရွာေတြ႕ဖို႔ အမွတ္တံဆိပ္ေတြဘက္ကဘဲ အစျပဳခဲ့ၾကတာ။ ၿပီးေတာ့ တစ္ခုခု မွားယြင္းမွာကို ငါစိုးရိမ္ေနတုန္းပဲ " ေရွာင္ဝမ္းက ၿပဳံးရင္းေျပာသည္။ ( #ေျပာခ်င္တာ သူကခက္ခက္ခဲခဲလိုက္ၿပီး ကမ္းလွမ္းေနစရာမလိုဘဲ ကုမၸဏီေတြဘက္က အရင္ကမ္းလွမ္းလာတာ )

သူ၏ လက္ရွိအလုပ္သည္ အလြန္ေအးေဆးသည္။ ေန႕စဥ္ႏွင့္အမွ် အြန္လိုင္းမွာ Trends ျဖစ္ေနတာကိုၾကည့္ရႈတယ္။ ၿပီးရင္ ပူးေပါင္းေဆာင္႐ြက္ရန္ စိတ္ဝင္စားေသာ အမွတ္တံဆိပ္မ်ားႏွင့္ ညွိႏွိုင္းေဆြးႏြေးသည္။ သို႔ေသာ္, သူသည္ ပေရာ္ဖက္ရွင္နယ္ေအးဂ်င့္တစ္ဦးမဟုတ္ေပ။ပူးေပါင္းေဆာင္႐ြက္မႈ ညွိႏွိုင္းေသာအခါတြင္ သူသည္ စြမ္းအင္မ်ားမရွိသလို ခံစားရတယ္။ ဒါေၾကာင့္ အေျခအေနေတြကို နားလည္ရန္ႏွင့္ မလိုလားအပ္ေသာျပႆနာမ်ားကို ေရွာင္ရွားရန္ သူအခ်ိန္ပိုၿပီး သုံးစြဲရန္လိုအပ္သည္။

မုရွင္းယုသည္ ေရွာင္ဝမ္း၏ အခက္အခဲမ်ားကိုသိတယ္။ ဒါေၾကာင့္ သူေျပာလိုက္တယ္ " ေရွာင္ဝမ္း ငါကိုယ္ပိုင္စတူဒီယိုတစ္ခုေထာင္ဖို႔ စီစဥ္ထားတယ္ "

" ဘာလဲ! စတူဒီယိုဖြင့္မယ္? ရွင္းယု မင္းေျပာတာ အမွန္လာ? "

" ငါ မင္းကို လိမ္ရမွာလား? " မုရွင္းယုက ၿပဳံးတယ္။

" မဟုတ္ဘူး, ငါအရမ္းေပ်ာ္တယ္, မင္းအိမ္မွာပဲ ဆက္ေနမယ္လို႔ ငါထင္ေနတာ " ေရွာင္ဝမ္းကေျပာတယ္။

မုရွင္းယုက ေခါင္းခါလိုက္ၿပီးဆိုသည္ " မေနေတာ့ဘူး, ငါ့မိသားစုကိစၥက ၿပီးသြားၿပီ။ ငါ့ကိုယ္ပိုင္အသက္ေမြးဝမ္းေၾကာင္းအလုပ္နဲ႕ စတင္႐ုန္းကန္ခ်င္တယ္ "

ေရွာင္ဝမ္းက အရမ္းေပ်ာ္ေနၿပီး အနာဂတ္အတြက္ တမ္းတမႈမ်ားနဲ႕ ျပည့္ေနခဲ့တယ္။

မၾကာမီတြင္, သူတို႔သည္ Blue Heart အမွတ္တံဆိပ္႐ုံးခ်ဳပ္သို႔ ေရာက္ရွိလာၿပီး ေထာက္ခံခ်က္အေသးစိတ္အခ်က္အလက္မ်ားအတြက္ တာဝန္ခံႏွင့္ ညွိႏွိုင္းခဲ့သည္။ သူတို႔သည္ မွန္ကန္ေၾကာင္း အတည္ျပဳၿပီးေနာက္, မုရွင္းယုသည္ သူ၏ဘဝတြင္ ပထမဆုံးေသာ ေထာက္ခံမႈစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့သည္။

" မစၥတာမု, ေပ်ာ္႐ႊင္ေသာ ပူးေပါင္းေဆာင္႐ြက္မႈပါ "

" ေပ်ာ္႐ႊင္ေသာ ပူးေပါင္းေဆာင္႐ြက္မႈပါ " မုရွင္းယုသည္ တာဝန္ခံႏွင့္ လက္ဆြဲႏႈတ္ဆက္ၿပီး ၿပဳံးလိုက္တယ္။

စာခ်ဳပ္ခ်ဳပ္ၿပီးတာနဲ႕, သူတို႔သည္ ေၾကာ္ျငာရိုက္ကူးမႈ အေၾကာင္းကို စတင္ေျပာခဲ့ၾကတယ္။ ကုန္အမွတ္တံဆိပ္ဘက္တြင္မူ အစီအစဥ္သုံးရပ္ကို ေရးဆြဲထားသည္။ ၎တို႔ကိုျမင္ၿပီးေနာက္, မုရွင္းယုသည္ သူ၏ ကိုယ္ပိုင္ထင္ျမင္ခ်က္မ်ားကို တင္ျပခဲ့တယ္။

မြန္းတည့္ခ်ိန္တြင္, တာဝန္ခံက မုရွင္းယုကို အနီးနားရွိ ဟိုတယ္တစ္ခုတြင္ စားေသာက္ရန္ ဖိတ္ၾကားခဲ့တယ္။ ထို႔ေနာက္ ရိုက္ကူးမည့္ အစီအစဥ္ကို ဆက္လက္ ေဆြးႏြေးခဲ့ၿပီး ေနာက္ဆုံးတြင္ လန္းဆန္းတက္ႂကြေသာ ေၾကာ္ျငာတစ္ခု ရိုက္ကူးရန္ ဆုံးျဖတ္ခဲ့သည္။

" ကြၽန္ေတာ္တို႔ လာမယ့္ တနလၤာေန႕မွာ ရိုက္ကူးမယ္။ ၿပီးရင္ တစ္လအတြင္း David TV တစ္ခုစီမွာ ထုတ္လႊင့္နိုင္ေအာင္ ႀကိဳးစားသြားမွာပါ " တာဝန္ခံက စိတ္လႈပ္ရွားစြာေျပာတယ္။

ဒီတစ္ႀကိမ္တြင္, သူတို႔သည္ ႏြေရာသီမတိုင္ခင္ ေခါင္းေလွ်ာ္ရည္အသစ္ကို ေရာင္းခ်ရန္ ေျပာေရးဆိုခြင့္ရွိသူအသစ္ကို ေ႐ြးခ်ယ္ခဲ့သည္။ ဒီေန႕ေခတ္တြင္, အခ်ိန္ကဖိေနတယ္။ ဒါေၾကာင့္ တာဝန္ခံက ရိုက္ကူးေရးကို စီစဥ္ရန္စိတ္ေစာေနတယ္။

အျပန္လမ္းတြင္, ေရွာင္ဝမ္းက အလြန္ေပ်ာ္ေနသည္ " ရွင္းယု, ငါ မင္းကို တစ္လအတြင္း TV မွာေတြ႕ရေတာ့မယ္ "

မုရွင္းယုက ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးတယ္။ သူ႕ကိုယ္ပိုင္ႀကိဳးစားမႈမွတစ္ဆင့္ အနာဂတ္မွာ ေနာက္ထပ္ထုတ္ကုန္ေတြကို ေထာက္ခံနိုင္မယ္ သူယုံၾကည္တယ္။

" စကားမစပ္, မင္းအရင္က ဇာတ္ၫႊန္းတခ်ိဳ႕ ရထားတယ္လို႔ ေျပာတယ္မလာ။ မင္းအဲဒါေတြကို ေ႐ြးၿပီးသြားၿပီလား? "

" ေ႐ြးခ်ယ္ၿပီးၿပီး, သူတို႔ေတြ
ထဲကငါးခုက အရမ္းေကာင္းတာကို ငါေတြ႕တယ္။ ေနာက္မွ ငါမင္းကို ဇာတ္ၫႊန္းေတြေပးမယ္ "

" ေကာင္းၿပီ "

မုရွင္းယုက ေရွာင္ဝမ္းကို အိမ္ျပန္ခိုင္းလိုက္ၿပီး ေရွာင္ဝမ္း ေျပာခဲ့ေသာ ဇာတ္ၫႊန္းငါးစုံ ပါေသာအိတ္ကို ယူလာလိုက္တယ္။

သူ ကုရဲ႕အိမ္ျပန္ေရာက္ေတာ့ ေျခာက္နာရီထိုးခါနီးၿပီ။ ကားဂိုေဒါင္ထဲမွာ ကုယြမ္က်ိဳးရဲ႕ Hummer ကိုေတြ႕ရမယ္လို႔ သူမေမွ်ာ္လင့္ထားဘူး။ သူကအရမ္းအံ့ၾသသြားတယ္။

ဧည့္ခန္းထဲကို ျမန္ျမန္ဝင္လာေတာ့ ဧည့္ခန္းထဲမွာ ကုယြမ္က်ိဳးက အဖိုးကုနဲ႕ စကားေျပာေနတာကို ေတြ႕လိုက္ရတယ္။

" ရွင္းယု, ျပန္လာၿပီလာ " အဘိုးကုက ၿပဳံးၿပီးႏႈတ္ဆက္လိုက္ၿပီး သူက ဧည့္ခန္းထဲမွာ ဝင္ထိုင္လိုက္တယ္။

" ဖိုးဖိုး " မုရွင္းယုကေျပာၿပီး ကုယြမ္က်ိဳးကိုၾကည့္ကာေမးသည္ " ဥကၠ႒ကု ဒီေန႕ေစာေစာျပန္လာတာလာ? "

" အင္ "

ကုယြမ္က်ိဳးက ၾကည့္ရတာ ဘာမွမထူးျခားတဲ့ပုံမေပါက္ေပမယ့္ သူဒီေန႕မြန္းလြဲပိုင္းမွာ အေျခအေနမေကာင္ဘူးဆိုတာ သူသိတယ္။ ေန႕ခင္းဘက္မွာ ဂ်င္ဆင္းဟင္းရည္ လာပို႔ေပးတဲ့ မုရွင္းယုကို သူက်င့္သားရေနၿပီ။ ဒီေန႕ ဂ်င္ဆင္းဟင္းခ်ိဳ လာပို႔ေပးတဲ့သူက ဒါရိုင္ဘာျဖစ္သြားေတာ့ ဂ်င္ဆင္းဟင္းရည္အရသာက မမွန္ဘူးလို႔ သူခံစားလာရတယ္။

ငါးနာရီတြင္, အေရးႀကီးကိစၥမ်ားကို ကိုင္တြယ္ၿပီးေနာက္ ကုမၸဏီမွထြက္လာခဲ့သည္။ က်န္းယြမ္ရွင္းက အဲ့တာကို ျမင္လိုက္ေသာအခါ, သူမကအလြန္ အံ့အားသင့္သြားတယ္။ ဘာလို႔ဆို ဒါက ကုယြမ္က်ိဳးကုမၸဏီမွ ေစာေစာစီးစီးထြက္သြားသည့္ပထမဆုံးအႀကိမ္ ျဖစ္ေသာေၾကာင့္ျဖစ္သည္္။ ကုယြမ္က်ိဳး၏ အလုပ္ဆင္းခ်ိန္သည္ ညေန ၆ နာရီျဖစ္သည္။

" မင္းလက္ထဲမွာ ကိုင္ထားတာကဘာလဲ? " ကုယြမ္က်ိဳးက မုရွင္းယုရဲ႕လက္ထဲက အိတ္ကိုေတြ႕တဲ့အခါ ေမးလိုက္တယ္။

" အိုး! ဒါေတြက က်ေတာ္ရခဲ့တဲ့ ဇာတ္ၫႊန္းေတြ "

" ဇာတ္ၫႊန္းေတြ? " ကုယြမ္းက်ိဳးက မ်က္ေမွာင္ၾကဳတ္လိုက္တယ္။

ယခုအခ်ိန္အထိ, မုရွင္းယုသည္ အဖိုးကုႏွင့္ ကုယြမ္က်ိဳးတို႔ကို သူေဖ်ာ္ေျဖေရးေလာကထဲ ျပန္လည္ဝင္ေရာက္မယ့္အေၾကာင္း မေျပာရေသးေပ။ ကံေကာင္းစြာပင္, သူတို႔ႏွစ္ဦးစလုံး ရွိေနတာကို အခြင့္ေကာင္းယူကာ ေျပာလိုက္တယ္ " ဖိုးဖိုး, မစၥတာကု, က်ေတာ္ မၾကာေသးမီက အလုပ္မရွိလို႔ပ်င္လာတယ္။ က်ေတာ္တစ္ခုခုကို ရွာၿပီး လုပ္ခ်င္တယ္။ မဟုတ္ေသဘူး, က်ေတာ္ ဒီဇာတ္ၫႊန္ေတြရခဲ့တယ္, က်ေတာ္ audition ေျဖခ်င္တယ္ "

" မင္း ေဖ်ာ္ေျဖေရး အသိုင္းအဝိုင္းကို ျပန္သြားခ်င္တာလား? " ကုယြမ္က်ိဳးက ေမးတယ္။

မုရွင္းယုက ေခါင္းညိမ့္တယ္ " ကြၽန္ေတာ္ ႐ုပ္ရွင္ရိုက္ရတာ ႀကိဳက္တယ္ "

မုရွင္းယု, သူ႕အျမင္အာ႐ုံက ထြက္သြားတာကို ကုယြမ္က်ိဳးက မႀကိဳက္ဘူး။ ဒါေပမယ့္ မုရွင္းယုရဲ႕ ေမွ်ာ္လင့္ေနတဲ့ မ်က္လုံးေတြကို ျမင္ေတာ့ သူက ေခါင္းညိမ့္လိုက္တယ္။ " မင္းႏွစ္သက္ရင္ရၿပီး "

အဖိုးကုက ၿပဳံးၿပီးေျပာတယ္ " ေယာက္်ားေတြမွာ သူတို႔ရဲ႕ကိုယ္ပိုင္လုပ္ငန္းရွိသင့္တယ္။ ဖိုးဖိုးလည္း သားေဖ်ာ္ေျဖေရးနယ္ပယ္ကို ျပန္ဝင္ဖို႔ ပံ့ပိုးေပးမယ္။ ရွင္းယု, ဖိုးဖိုးကို ရင္ႏွီးျမဳပ္ႏွံေစခ်င္လာ? "

" မလိုပါဘူး, ဖိုးဖိုး က်ေတာ့္ကို ပံ့ပိုးေပးလို႔ က်ေတာ္အရမ္းေပ်ာ္တယ္ "
မုရွင္းယုသည္ မူလက သူအခ်ိန္ေတြအမ်ားႀကီး သုံးရလိမ့္မယ္လို႔ ထင္ခဲ့ၿပီး ကုယြမ္က်ိဳးနဲ႕ အဖိုးကုက ဒီေလာက္လြယ္လြယ္ သေဘာတူလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားေပ။

စားေသာက္ၿပီးေနာက္, မုရွင္းယုသည္ အခန္းထဲသို႔ တိုက္ရိုက္သြားကာ ဇာတ္ၫႊန္းအားလုံးကို ထုတ္ယူလိုက္သည္။

အဖြဲ႕က သ႐ုပ္ေဆာင္ေတြ မခန႔္အပ္ရေသးတာေၾကာင့္၊ ဇာတ္ၫႊန္း၏ အေၾကာင္းအရာမ်ား ေပါက္ၾကားျခင္းမွ ေရွာင္ရွားရန္ ယခုအခါ အဖြဲ႕သားမ်ားသည္ ဇာတ္ၫႊန္း၏အစပိုင္းကိုသာ ေပးခဲ့သည္။

မုရွင္းယုသည္ ဇာတ္ၫႊန္းေခါင္းစဥ္မ်ားႏွင့္ မိတ္ဆက္အက်ဥ္းခ်ဳပ္မ်ားကို စစ္ေဆးခဲ့တယ္။ ဒါေပမယ့္ ဇာတ္ၫႊန္ ၅ ခုစလုံးကို ၾကားဖူးေနလိမ့္မယ္လို႔ သူမေမွ်ာ္လင့္ထားခဲ့ေပ။

သူမေသဆုံးမီ ေနာက္ဆုံးဘဝတြင္, ဤတီဗီ ဇာတ္လမ္းတြဲငါးခုကို ထုတ္လႊင့္ခဲ့ၿပီး ႏွစ္ခုမွာ ေရပန္းစားလာခဲ့သည္။ တစ္ခုမွာ အလုပ္ခြင္ဖက္ရွင္ဒရာမာ "Love You Every Day" ႏွင့္ ေနာက္တစ္ခုက သမိုင္းဝင္ဒရာမာ " The Journey " ျဖစ္သည္။

ဤဒရမ္မာႏွစ္ခုစလုံးကို ႏြေရာသီအားလပ္ရက္တြင္ ထုတ္လႊင့္ခဲ့ၿပီး ႏွစ္ခုစလုံးသည္ ပ်မ္းမွ် အဆင့္သတ္မွတ္ခ်က္ ၂ ထက္ေက်ာ္လြန္ၿပီး၊ အမ်ိဳးမ်ိဳးေသာစာရင္းဇယားမ်ား၏ အေကာင္းဆုံးမ်ားထဲတြင္ ပါဝင္ခဲ့သည္။ ၎တို႔အထဲမွ, " The Journey " သည္ အဆင့္သတ္မွတ္ခ်က္မ်ား ျမင့္မား႐ုံသာမကဘဲ ေက်ာ္ၾကားမႈႏွင့္ ကံၾကမၼာအျဖစ္ ေဖာ္ျပနိုင္သည့္ ႏွစ္ကုန္ ေ႐ႊကိုင္ခြဲဆုေပးပြဲတြင္ ဆုငါးဆုကိုလည္း ရရွိခဲ့သည္။

ဒါေပမယ့္ မုရွင္းယုရဲ႕ အစိုးရိမ္ရဆုံးအရာကေတာ့ ယခင္ဘဝ သူသည္ The Journey မွာ အမ်ိဳးသားနံပါတ္ႏွစ္အတြက္ audition တစ္ႀကိမ္ေအာင္ျမင္သြားေပမယ့္ ဖုန္းဇီအန္းက တျခားနည္းနဲ႕ဝင္လာၿပီး ေနာက္ဆုံးတြင္ ဖုန္းဇီအန္သည္ ဇာတ္ေကာင္ကို ဖယ္ရွားခဲ့သည္။ အဲဒါေတာင္ ထည့္မတြက္ထားဘူး။ ထိုအခ်ိန္တြင္ သူသည္ ေငြေရးေၾကးေရးအတြက္ လည္ပင္းညွစ္ခံခဲ့ရၿပီး ေရွာင္ဝမ္း၏အိမ္တြင္ ေနထိုင္ခဲ့ရသည္။ ဖုန္းဇီအန္းက သူ႕ထံသို႔ ခ်ဥ္းကပ္ကာ တကယ္လို႔ သူက လူစားထိုးျဖစ္လိုပါက ယြမ္၂ေသာင္း ေပးမည္ဟု ေျပာခဲ့သည္။ မုရွင္းယုက တိုက္ရိုက္ျငင္းဆိုခဲ့ၿပီး ေနာက္ပိုင္းမွာ ေငြရွာရန္အတြက္ အုတ္သယ္ဖို႔ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ကို သြားခဲ့ရတယ္။

" ဒီဘဝမွာေတာ့, မင္းကိုေအာင္ျမင္ဖို႔ ငါခြင့္မျပဳဘူး! " မုရွင္းယုက " The Journey " အတြက္ audition လုပ္ရန္သြားဖို႔ စိတ္ထဲထည့္ထားတယ္။ ဒါေပမယ့္ ဒီတစ္ခါမွာေတာ့ ဖုန္းဇီအန္းက သူ႕ဆီကေန ဇာတ္ေကာင္ကို ဘယ္လိုလုယူမလဲဆိုတာ သူသိခ်င္မိတယ္။

ထို႔ေၾကာင့္ မုရွင္းယုသည္ " The Journey " ဇာတ္ၫႊန္းကို အေလးအနက္ထားၾကည့္ခဲ့သည္။

.......

ကုယြမ္က်ိဳးသည္ စာ႐ြက္စာတမ္းမ်ားကို စနစ္တက်ၾကည့္ရႈၿပီးေနာက္ အခန္းထဲသို႔ ျပန္ေရာက္ခ်ိန္သည္ ဆယ့္တစ္နာရီေက်ာ္ေနၿပီျဖစ္သည္။ အရင္ကဆိုရင္ မုရွင္းယုအိပ္ေပ်ာ္ေနၿပီး။ ဒါေပမယ့္ ဒီတစ္ခါေတာ့ သူတံခါးဖြင့္လိုက္တာနဲ႕ မုရွင္းယုက ကုတင္ေပၚမွာထိုင္ၿပီး ေဘာပင္ကိုင္ကာ ဇာတ္ၫႊန္းေပၚတြင္ ေရးဆြဲေနသည္ကို ေတြ႕လိုက္ရတယ္။

" အခုထိ မအိပ္ေသးဘူးလား? "

" ဟင္အင္း, ခင္ဗ်ားကိုေစာင့္ေနတာ " မုရွင္းယုက ၿပဳံးလိုက္သည္။

ကုယြမ္က်ိဳးက မ်က္ခုံးပင့္လိုက္တယ္။ မင္းမအိပ္ေသးတာ ဇာတ္ၫႊန္းဖတ္ခ်င္တာေၾကာင့္လို႔ ကိုယ္ထင္တယ္။ ...... ဒီလိုေျပာဖို႔ကေတာ့ သဘာဝအတိုင္း မျဖစ္နိုင္ဘူး။

ေဆးေၾကာၿပီးေနာက္, ဝွီးခ်ဲလ္ကို သူ႕လက္ႏွစ္ဘက္ျဖင့္ တြန္းလာၿပီး ကုတင္ေပၚတြင္ ထိုင္လိုက္တယ္။ သူ၏ လႈပ္ရွားမႈမ်ားသည္ လ်င္ျမန္ၿပီး မေတာ္တဆမႈ မတိုင္မီအဆင့္သို႔ အျပည့္အဝျပန္လည္ေကာင္းမြန္လာၿပီျဖစ္ေၾကာင္း ၫႊန္ျပေနသည္။

မုရွင္းယုသည္ ဤျမင္ကြင္းကိုျမင္ေသာအခါ သူက အရမ္းေပ်ာ္သြားတယ္။ သူ ဇာတ္ၫႊန္းကို ဗီရိုေပၚတြင္တင္ၿပီးေနာက္ မီးကိုပိတ္ကာ လွဲအိပ္လိုက္သည္။

အခန္းသည္တိတ္ဆိတ္ေနၿပီး, ကုယြမ္က်ိဳးကေမးသည္ " မင္းရဲ႕အလုပ္အတြက္ မင္းတကယ္အကူအညီမလိုဘူးလာ? "

" ဟင္အင္း, က်ေတာ္ကိုယ္တိုင္လုပ္လို႔ရတယ္ပါတယ္ "

ကုယြမ္က်ိဳးက သူ႕မွာ အရည္အခ်င္းမရွိေပမယ့္ အသုံးမဝင္ဘူးလို႔ ခံစားၿပီး မ်က္ေမွာင္ၾကဳတ္လိုက္တယ္။

သို႔ေသာ္, ေနာက္ပိုင္းရက္မ်ားတြင္, သူက ပိုလို႔ေတာင္ စိတ္ဓာတ္က်လာတယ္။ ဘာလို႔ဆို, မုရွင္းယုသည္ Auditions ႏွင့္ ေၾကာ္ျငာမ်ားရိုက္ကူးရန္ ျပင္ဆင္ေနရ၍ ဂ်င္ဆင္းဟင္းရည္ကို မပို႔နိုင္သျဖင့္ ကုယြမ္က်ိဳးသည္ သူ႕ႏွလုံးသားထဲတြင္ တစ္ခုခုေပ်ာက္ဆုံးေနသလို အၿမဲခံစားေနရတယ္။

မုရွင္းယုက ကုယြမ္က်ိဳး၏ အေတြးမ်ားကိုမသိဘူး။ ဒါေပမယ္ သူသည္ ကုယြမ္က်ိဳးကို အၿမဲဂ႐ုစိုက္သည္ဟု သူခံစားမိသည္။ သူသည္ ဂ်င္ဆင္းဟင္းရည္ကို ကိုယ္တိုင္ကိုယ္က် မပို႔ေပးေသာ္လည္း ဂ်င္ဆင္းဟင္းရည္ထဲသို႔ ဝိညာဥ္အရည္ကို ေန႕တိုင္းေရာထည့္ေပးသည္။

မၾကာမီတနလၤာေန႕တြင္, မုရွင္းယုသည္ ကုယြမ္က်ိဳးႏွင့္ ပထမဆုံးအႀကိမ္ အျပင္ထြက္ခဲ့သည္။

ကုယြမ္က်ိဳးက မုရွင္းယုတစ္ေယာက္တည္း ကားေမာင္းသြားတာကို ျမင္လိုက္ေတာ့ သူကေျပာသည္ " မင္ကိုလိုက္ပို႔ေပးဖို႔အတြက္ ကိုယ္ဒါရိုင္ဘာကို စီစဥ္လိုက္မယ္ "

" ဟင့္အင္း " မုရွင္းယုက သူသည္ ေၾကာ္ျငာရိုက္မလို႔သြား႐ုံလို႔ ခံစားရၿပီး လူစုလူေဝးစည္း႐ုံးရန္ မလိုအပ္ေပ။

'လန္ရွင္'သို႔ ေရာက္လာေသာအခါတြင္ သူသည္ ျပင္းထန္ေသာ ျပင္ဆင္မႈမ်ားတြင္ နစ္ျမဳပ္သြားခဲ့သည္။

ပထမဦးစြာ, စတိုင္လစ္က သူ႕ကို မိတ္ကပ္လိမ္းေပးၿပီး သူ႕ပုံစံကိုခြဲထုတ္ဖို႔ လာခဲ့တယ္။

ကုယြမ္က်ိဳး၏ ခႏၶာကိုယ္သည္ မၾကာေသးမီက ျပန္လည္ေကာင္းမြန္လာၿပီး မုရွင္းယုသည္ ဝိညာဥ္အရည္တစ္စက္ကို တစ္ခါတစ္ေလ ေသာက္ခဲ့ၿပီး သူ၏ခႏၶာကိုယ္သည္လည္ တျဖည္းျဖည္း ေျပာင္းလဲသြားခဲ့သည္။

" ၾကယ္ေလးရဲ႕ ဆံပင္နဲ႕ အသားအရည္က တို႔ျမင္ဖူးသမွ်ထဲမွာ အေကာင္းဆုံးပဲ " မိတ္ကပ္ပညာရွင္က ရယ္ေမာရင္ေျပာသည္။

" ခ်ီးမြမ္းမႈအတြက္ ေက်းဇူးတင္ပါတယ္ "

" ဘာလဲ! တို႔ေျပာတာ အမွန္ပါ "

မိတ္ကပ္လိမ္းၿပီးေနာက္, မုရွင္းယုသည္ အမွတ္တံဆိပ္ဘက္မွ ျပင္ဆင္ေပးထားသည့္ အဝတ္အစားကိုဝတ္ထားသည္။ ကိုယ္ထည္အေပၚပိုင္းသည္ အနည္းငယ္ ေဖာက္ထြင္းျမင္ရေသာ အျဖဴေရာင္ရွပ္အကၤ်ီ
ႏွင့္ ကာကီပိတ္ေဘာင္းဘီရွည္ျဖစ္ၿပီး အျပင္အဆင္သည္ ႏြေရာသီမွာ လန္းဆန္းေစတယ္။

အားလုံးအဆင္သင့္ျဖစ္ေနာက္, ရိုက္ကူးမႈစတင္ခဲ့သည္။

ဒါက, မုရွင္းယုသည္ သူ၏အတိတ္ႏွင့္ပစၥဳပၸန္ဘဝတြင္ ေၾကာ္ျငာတစ္ခုရိုက္ကူးသည့္ပထမဆုံးအႀကိမ္ျဖစ္သည္။ သူသည္ မတိုင္ခင္ကတည္းက အစီအစဥ္ကိုေသခ်ာစဥ္းစားထားၿပီးျဖစ္တာေၾကာင့္ရိုက္ကူးေရးလုပ္ငန္းစဥ္သည္ေခ်ာေမြ႕သြားသည္။

ရိုက္ကြက္တစ္ခုတြင္, သူသည္ ေရမွထကာ ဆံပင္ကို လွန္လိုက္ရမည္။ ဒါရိုက္တာက သူအႀကိမ္အမ်ားႀကီး
ရိုက္ကူးရမယ္လို႔ထင္ခဲ့ေပမယ့္ မုရွင္းယုရဲ႕ ေရထဲကသ႐ုပ္ေဆာင္မႈက တစ္ႀကိမ္တည္းနဲ႕ ေအာင္ျမင္လိမ့္မယ္လို႔ မေမွ်ာ္လင့္ထားခဲ့ေပ။

မုရွင္းယုသည္ အခ်ိန္ဇယားမတိုင္မီပင္ အလုပ္ၿပီးသြားခဲ့တယ္။ ေရွာင္ဝမ္းသည္ အထူးစိတ္လႈပ္ရွားေနသည္။ " ရွင္းယု, ယဲ့တုန္းက အစပိုင္းမွာ မင္းက အရည္အခ်င္းရွိသူလို႔ ေျပာခဲ့တယ္။ ဒီတစ္ခါေတာ့ ေၾကာ္ျငာက အရမ္းေခ်ာမြတ္လာတယ္။ မင္းအနာဂတ္မွာ ေသခ်ာေပါက္ နာမည္ႀကီးၾကယ္ တစ္ပြင့္ျဖစ္လာမယ္ "

မုရွင္းယုကလည္း အရမ္းေပ်ာ္ေနၿပီး ဝန္ထမ္းေတြကို ႏႈတ္ဆက္၍ ေရွာင္ဝမ္းနဲ႕ ထြက္သြားတယ္။

" အမ္း, မင္းေပးခဲ့တဲ့ ဇာတ္ၫႊန္းအားလုံးကို ငါဖတ္ၿပီးၿပီ။ ငါ ' The Journey ' ရဲ႕ အမ်ိဳးသား နံပါတ္ (၂) အတြက္ audition မွာသြားေျဖမယ္။ ေက်းဇူးျပဳၿပီး audition လုပ္မယ့္ရက္ကို အာ႐ုံစိုက္ၿပီး အခ်ိန္က်ရင္ ငါ့ကို အေၾကာင္းၾကားေပးဦး "

" ရွင္းယု; မင္းမွာ အေျမာ္အျမင္ရွိတယ္။ ' The Journey ' က အဲဒီဇာတ္ၫႊန္းေတြထဲမွာ အေကာင္းဆုံးျဖစ္ၿပီး ဒါရိုက္တာက ေ႐ႊကိုင္းခြဲဆုကို ဆြတ္ခူးခဲ့တဲ့ က်န္းဟိန္ ဘဲ " ေရွာင္ဝမ္းက စိတ္လႈပ္ရွားစြာ ေျပာတယ္။

" ဒါေၾကာင့္ ဒီ audition က အရမ္းအေရးႀကီးတယ္၊ မင္းမွာ အေျခအေနတစ္ခုခုရွိခဲ့ရင္ ငါ့အသိေပးဦး "

" တာဝန္ၿပီးေျမာက္ဖို႔ အာမခံပါတယ္! "

.....

#မွာယြင္းမႈမ်ားစြာဟာဘာသာျပန္သူရဲ႕အျပစ္ပါ🙇။

**************************************

Continue Reading

You'll Also Like

4.5K 352 4
Zaun and Piltover. Two cities on either side of the bridge that connects them. Caitlyn and Vi find themselves at a dead end with Jinx. The troubled g...
133K 27K 80
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
1.4M 127K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
3.6K 668 133
《替身》လူစားထိုး 作者:北棠墨 မူရင္းေရးသားသူ -ေပထန္ေမာ့   အခုေခတ္ေနာက္ခံ 1 V 1 , HE