မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်...
By Moesattkha
137K 16K 262
ဟိုဘက် acc log ကျသွားလို့ဒီမှာပြန်တင်ပေးပါမယ်ရှင့် More
Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23) (Unicode)
Chapter (23) (Zawgyi)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chaptet (40)
Chapter (41.1)
Chapter (41.2)
Chapter (42.1)
Chapter (42.2) (Unicode)
Chapter (42.2) (Zawgyi)
Chapter (43) (Unicode)
Chapter (43) (Zawgyi )
Chapter (44) (Unicode)
Chapter (44) (Zawgyi)
Chapter (45.1)
Chapter (45.2)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chspter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (13)
2.6K 322 13
By Moesattkha
မုရှင်းယုသည် အခန်းထဲသို့ လျှောက်လာတယ်။
မမျှော်လင့်ဘဲ ကုယွမ်ကျိုသည်
macbook ကို ဖွင့်ကာ သတင်းအချက်အလက် များကို ကြည့်နေသည်။
သူနိုးလာပြီး သူ့ရဲ့ ကွေးညွှတ်လို့ မရတဲ့ လက်များဖြင့် ကီးဘုတ်ကို ဖြည်းဖြည်းချင်း နှိပ်နေတယ်။
" မစ္စတာကု ခင်ဗျားက နိုးလာပေမယ့် အခုကောင်းကောင်းအနားယူသင့်တယ် " မုရှင်းယုက မနေနိုင်ဘဲ ပြောလိုက်သည်။
ကုယွမ်ကျိုးသည် ခေါင်းကိုမော့လိုက်ပြီး အေးစက်သော မျက်လုံးများဖြင့် မုရှင်းယုကို ကြည့်လိုက်တယ်။ မုရှင်းယုက သူ့၏ လည်ပင်းကို ကျုံ့သွားစေတယ်။
နည်းလမ်းမရှိဘူး, ကုယွမ်ကျိုးရဲ့ ဂုဏ်သတင်တွေက သူရဲ့ နှလုံးသားထဲမှာ အချိန်ကြာမြင့်စွာ စုဆောင်းခဲ့ပြီး ထိုမျက်လုံးများက သူ့ကိုကြည့်လိုက်သောအခါ သူ့တစ်ကိုယ်လုံး အေးစက် လာတယ်လို့ ခံစားလိုက်ရတယ်။
" ကျ ... ကျတော်လည် ခင်ဗျား ကောင်းဖို့ အတွက် လုပ်ရတာပါ "
မုရှင်းယုက ခါးသက်စွာ ပြောတယ်။
နောက်ဆုံးမှာ ကုယွမ်ကျိုးက ပြောလာတယ် " မင်း ... အမြဲတမ် .... ကိုယ့်ကို ဂရုစိုက် ပေးခဲ့တာလာ? "
ကုယွမ်ကျိုးက စိတ်မသက်မသာ ပြောနေတုန်းဘဲ ဒါပေမယ့် သူ့ရဲ့ အစွမ်းထက်တဲ့ အော်ရာကိုတော့ မသက်ရောက်စေခဲ့ဘူး။
မုရှင်းယုသည် နည်းနည်းလေးမှ မလှည့်စားရဲဘူး။ သူက ရိုးသားစွာ ပြန်ပြောလိုက်တယ်။
" မဟုတ်ဘူး အဲ့တာက ဇန်နဝါရီလ ကစခဲ့တာပါ "
" အင် " ကုယွမ်ကျိုးက macbook ကိုဆက်ကြည့်နေသည်။
မုရှင်းယုက မျက်မှောက်ကြုတ် လိုက်တယ်။ သူက လက်တောစ့်ကို ယူပြီး အဝေးမှာ ထားလိုက်ချင်တယ်။ ဒါပေမယ့် အဲ့ဒါက သူ့အတွေး သက်သက်ဘဲ။
ကံကောင်းထောက်မစွာ တစ်စုံတစ်ယောက်က မကြာခင်မှာဘဲ တံခါးခေါက်လာတယ်။ မုရှင်းယုသည် တံခါးကိုဖွင့်လိုက်တော့ အန်တီချူးက ပြောင်းဆန်ယာဂု နှင့်အတူ ရောက်လာတာကိုတွေ့လိုက်ရတယ်။
" မစ္စတာကု မစ္စတာနိုးလာတော့ အရင်ဆုံး အရည်ပဲ သောက်နိုင်လိုက်မယ် "
အန်တီချူးက ညစာပန်းကန်ကို စားပွဲပေါ် တင်လိုက်ပြီး ရှင်းပြသည်။
ကုယွမ်ကျိုးသည် ခေါင်းကို မော့လိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
နောက်ဆုံး ဘာမှပြန်မပြောဘဲ သူက macbook ကိုပိတ်ပြီး အဲဒါကို အဝေးမှာ သွားထားဖို့ အန်တီချူးကို လက်ဟန်ခြေဟန်ပြလိုက်တယ်။ သို့သော် မုရှင်းယုသည် ရှေ့သို့လာပြီး သူ့ထံမှ macbook ကိုယူလိုက်တယ်။
အဒေါ်ချူးသည် ပြောင်းဆန်ယာဂုတစ်ပန်ကန်ကို ကုယွမ်ကျိုး ဆီသို့ ယူဆောင်လာခဲ့တယ်။ ကုယွမ်ကျိုးကနိုးလာပေမယ့် သူ့လက်များဟာ ခွန်အားမရှိဘူး ဆိုတာကို သူမသိတယ်။ ဒါကြောင့် သူမက သူ့ကို တိုက်ကြွေးချင်တယ်။
သူမ မလှုပ်ရှားရ သေးခင်မှာဘဲ ကုယွမ်းကျိုးက ပြောလာတယ်...
" ကျုပ်ကို ပန်ကန်ပေး "
" မစ္စတာကု ဒါပေမယ့် မစ္စတာ...."
" ကျုပ်ကို အဲ့တာပေး " ကုယွမ်ကျိုးက ထိုစကားကို ထပ်ပြောပြီးနောက်
သူ့အသံက ပိုအေးစက် လာတယ်။
အန်တီချူးသည် ကုယွမ်ကျိုးကို ဂရုစိုက်ခဲ့တာကြောင့် သူမက ကုယွမ်ကျိုးရဲ့ ဒေါသကို ကောင်စွာသိတယ်။ဒါကြောင့် သူမက လိုက်နာရမယ်။
ကြွေပန်းကန်လုံးလေးသည် ကုယွမ်ကျိုး၏ လက်ပေါ်သို့ ​ရောက်သွားပြီးနောက် ချက်ချင်းကို တုန်ခါသွားတယ်။
အန်တီချူးသည် ထိတ်လန့်စွာကြည့်နေပြီး မုရှင်းယုသည် အမြန်သွားလိုက်သည်။
ကုယွမ်ကျိုးသည် ကြွေပန်းကန်လုံးကို ယူလိုက်ရုံရှိသေး သော်လည်း သူ့၏ လက်များသည် ထိန်းညှိနိုင်ခြင်း မရှိဘဲ ဇွန်းကို ကိုင်ထားသော လက်သည် အဆက်မပြတ် တုန်ခါနေပြီး သူသည် ယာဂု အနည်းငယ်မျှပင် မစားနိုင်ခဲ့ချေ။
မိနစ်ဝက်ကျော်ကြာ မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်နေပြီး ပန်းကန်ကို ကိုင်ထားသော သူ၏ လက်က တောင့်မခံ နိုင်တော့ချေ။ ကြွေပန်ကန်လုံးလေးက ပစ်ထုတ်ရခံတော့ မည်ကိုမြင်တော့ မုရှင်းယုက ပန်ကန်လုံးကို အလျင်အမြန် ဖမ်းလိုက်တယ်။
" ဖျောင့်ဖျတာကို ခင်းဗျားက ဘာလို့ နားမထောင်တာလဲ? ခင်ဗျားက အဲ့တာကို မလုပ်နိုင်တာ သိသာနေတာကို ခင်ဗျားက အဲ့ဒါကို လုပ်ချင်နေတုန်းဘဲ " မုရှင်းယုက လျင်မြန်စွာ ပြောလိုက် သော်လည်း စကားပြောပြီးနောက်မှာ သူက ကုယွမ်ကျိုးရဲ့ အေးစက်သော မျက်လုံးများကို သူအနည်းငယ် ကြောက်ရွံသွားတယ်။ထိုအချိန်မှာ ကုယွမ်ကျိုးရဲ့ မျက်လုံးတွေက အနက်ရှိုင်းဆုံးသော ရေကဲ့သို့ နက်ပြာရောင် ဖြစ်လာသည် ကိုသူ သတိပြုမိသွားတယ်။
အန်တီချူးသည် သူတို့နှစ်ဦး၏ အလယ်၌ ရှိနေပြီး သူမသည် ပို၍ ပင် ထိတ်လန့်သွားပြီး သူမက ညှင်သာစွာ ပြောလိုက်တယ် " သခင်လေးမု သခင်လေး မစ္စတာကုကို လာပြီး ကျွေးသင့်တယ် "
မုရှင်းယုက ခေါင်းညိတ်လိုက်ပြီး အန်တီချူးကို အရင် ထွက်​သွားစေတယ်။
အန်တီချူးက အဲဒါကို မတောင်းဆို နိုင်ဘဲ အခန်းထဲကနေ အမြန်ထွက်လာခဲ့တယ်။
မုရှင်းယုသည် ကုတင်ဘေးရှိ ကုလားထိုင် ပေါ်တွင် ထိုင်ပြီး ယာဂုတစ်ဇွန်းကို ခပ်ကာ ကုယွမ်ကျိုး၏ ပါးစပ်နားသို့ ယူလာပြီး....
" ခင်ဗျား ပါးစပ်ကို ဟလိုက် "
သူက စကားပြောဖို့ အချိန်အနည်းငယ် လိုလိမ့်မည်လို့ သူထင်ခဲ့တယ်။ ဒါပေမယ့် မမျော်လင့်စွာဘဲ ကုယွမ်ကျိုးက သူ့ပါးစပ်ကို တကယ်ဖွင့်လာတယ်။
တစ်ဇွန်းပြီးတစ်ဇွန်းနဲ့ ယာဂုတစ်ပန်ကန်က မကြာခင်မှာဘဲ ကုန်သွားတယ်။
" ခင်ဗျားပိုလိုချင်လား? " မုရှင်းယုက မေးလိုက်တယ်။
" အင် "
မုရှင်းယုက ကုယွမ်ကျိုးကို ကျွေးဖို့ အခြား ပန်းကန်ကို ယူလိုက်တယ်။
ထိုအချိန်တွင် တစ်ယောက်မှ ဘာစကားမှ မပြောကြသော်လည်း မုရှင်းယုက ကုယွမ်ကျိုး၏ အကြည့်သည် သူ့အပေါ် ကျရောက် နေသည်ကို ခံစားရပြီး အဲ့တာက သူ့နှလုံးသားကို ဖြောင့်တန်း သွားစေတယ်။
သူသည် ယာဂုကို နောက်ဆုံး၌ ကျွေး ပြီးသောအခါ မုရှင်းယုသည် ညစာပန်းကန် နှင့်အတူ အောက်ထပ်သို့ အမြန်ဆင်းလာခဲ့သည်။
ကုယွမ်ကျိုးသည် ပိတ်ထားသော တံခါးကိုကြည့် သောအခါ သူသည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ပေ။
......
ညဥ့်အချိန်၌, မုရှင်းယုသည် ကုယွမ်ကျိုူ၏ ဆန့်ကျင်ဘက် အခန်းသို့ တိုက်ရိုက် သွားလိုက်တယ်။
ဒီအခန်းကို မူလက သူ့အတွက် ပြင်ဆင်ထား ပေမယ့် သူက ကုယွမ်ကျိုကို စောင့်ရှောက်ဖို့ လိုတာကြောင့် သူမနေခဲ့ဘူး။
အခုဆိုရင် ကုယွမ်ကျိုး နိုးလာတော့ သူက ကုယွမ်ကျိုး နှင့်အတူ နောက်ထပ် အိပ်ရန် မလိုတော့ တာကြောင့် သူဒီကို ပြန်လာဖို့ ဆုံးဖြတ်လိုက်တယ်။
သူ့ပစ္စည်းတွေကို ဒီမှာအခန်ထဲမှာဘဲ သိမ်းထားပြီး အခန်းကို နေ့စဥ်နေ့တိုင်း ရှင်းလင်းနေ ​​တာကြောင့် သူ့အနားယူတာကို မထိခိုက်ဘူး။
ရေချိုးပြီးတဲ့အခါ သူ့ဆံပင်တွေကို အခန်းထဲမှာ လေမှုတ်စက်နဲ့ အခြောက်ခံနေတယ်။ ထိုအချိန်မှာအန်တီချူးက သူ့အခန်း တံခါးကို လာခေါက်တယ်။
" သခင်လေးမု, သခင်လေး မစ္စတာကုကို သွားတွေ့လိုက်ပါ။ အခုမစ္စတာ ဆေးသောက်ဖို့ လိုနေပြီး၊ မစ္စတာကကိုယ်တိုင် လုပ်ချင်နေတယ် "
အန်တီချူးက အခု မုရှင်းယုအပေါ်သူမ၏ မျှော်လင့်ချက်ကို ထည့်သွင်းလိုက်သည်။
မတိုင်ခင် ပြောင်းဆန်ယာဂု ကျွေးခဲ့သည့် အတွေ့အကြုံ အကြောင်းကို စဉ်းစားရင် မုရှင်းယုသည် ကြောက်ရွံ့ခြင်းများ ကြာရှည်စွာ ရှိနေဆဲဖြစ်ပြီး " ဒေါက်တာချာလီ မရှိဘူးလား? " ဟုမေးလိုက်သည်။
ချာလီနှင့် ကုယွမ်ကျိုးတို့သည် သူငယ်ချင်းများ ဖြစ်ပြီး ချာလီက ကုယွမ်ကျိုးကို သေချာပေါက် ဖျောင့်ဖျ နိုင်လိုက်မယ်လို့ သူယုံကြည်တယ်။
" ဒေါက်တာချာလီက သခင်လေးဆီ လာဖို့ ကျွန်မကို ပြောတယ် " အန်တီချူးကပြောတယ်။
" ကောင်းပြီ ကျတော် သွားကြည့်လိုက်မယ် " မုရှင်းယုသည် သူ၏ ဆံပင်များ ခြောက်သွေ့ လုနီးပါး ဖြစ်နေသည်ကို မြင်သည်နှင့် သူက လက်ဖြင့် နှစ်ခါလောက် သပ်ပြီး ဆန့်ကျင်ဘက် အခန်းသို့ လာလိုက်သည်။
ကုယွမ်ကျိုးသည် မုရှင်းယုကို မြင်သောအခါ သူ၏ မျက်လုံးများသည် အံ့အားသင့်စွာ တောက်ပလာတယ်။ဘာကြောင့်ဆို မုရှင်းယု၏ ပိုးသား ညဝတ် အကျီသည် သူ၏ သွယ်လှသော ကိုယ်လုံးကိုယ်ထည် ကိုထင်ရှားစေပြီး အဲ့တာက လူတွေကို ကုတ်ဖဲ့ချင်စိတ် ဖြစ်အောင် လုပ်နေတယ်။
" ခင်ဗျာက ဘာလို့ ဒီလောက်တောင် အရမ်း စွန့်စား ချင်နေရတာလဲ? "မုရှင်းယုက စားပွဲပေါ်မှ ရေခွက်ကို ကောက်ယူလိုက်ပြီး ကုယွမ်ကျိုး ဆီကို ရောက်လာသည်။
" ခင်ဗျားက ဒါကို ကိုယ်တိုင် လုပ်ချင်နေတယ်။ ဒါကအနာဂတ်မှာ အခွင့်အလမ်း ရှိလာလိမ့်မယ် ဒါပေမယ့် အခု ခင်ဗျားက ကျတော်တို့ စကားကို ရိုးသားစွာ နားထောင်သင့်တယ် "
သူက အန်တီချူးကို လိုအပ်တဲ့ ဆေးအားလုံးကို ယူလာခိုင်းလိုက်ပြီး သူက ကုယွမ်ကျိုးရဲ့ ပါစပ်ထဲကို ဆေးတစ်လုံး ထည့်ဖို့ ကြံစည်လိုက်တယ်။
ကုယွမ်ကျိုးက မုရှင်းယုကို စိုက်ကြည့် လိုက်ပြီးနောက် သူကအန်တီချူးကို ပြန်ပြီးကြည့်လိုက်တယ် " အဒေါ် ထွက်သွားလို့ရပြီး "
" အိုး ကောင်းပါပြီး "
အန်တီချူး ထွက်သွားပြီးနောက် ကုယွမ်ကျိုးသည် ဆေးသောက်ရန် မိမိနှုတ်ခမ်းကို ဖွင့်လှစ်လိုက်သည်။
မုရှင်းကုက သူမျက်လုံးများ ပြူးကျယ်သွားတာ ကိုတော့ မတားဆီးနိုင်ခဲ့ဘူး။
အဲ့တာက ပြောင်သွားတယ် ကုယွမ်ကျိုးသည် အခု သူ့ကို အန်တီချူး မြင်မှာ စိုးရွံတာလာ။ ဒါပေမယ့် သူနားမလည်နိုင်ဘူး။ ကုယွမ်ကျိုးက အန်တီချူးကို စိတ်ထဲထားနေတယ်။သူက ဘာလို့ နေဖို့သဘောတူ ခဲ့တာလဲ?။
ကုယွမ်ကျိုး၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် မုရှင်းယုသည် ဆေးတိုက်ကျွေးမှုကို လျင်မြန်စွာ ပြီးမြောက်သွားစေခဲ့သည်။ သူသည်ထပြီးရေနွေး အနည်းငယ်ကို ထပ်မံယူပြီး အသစ်ထုတ်ထားတဲ့ ဝိဉာန်ရည်ကို ထပ်ထည့်လိုက်ပြီး သကြားအနည်းငယ် ထည့်ကာ ရောမွှေလိုက်ပြီး ကုယွမ်ကျိုးရှေ့သို့ ယူလာသည်။
" လာ သကြားရေ နည်းနည်းသောက်လိုက် ဒါဆိုရင် ခါးမှာမဟုတ်တော့ဘူး " ကုယွမ်ကျိုး မျက်မှောက် ကြုတ်လိုက်သည်ကို သူတွေ့လိုက်တော့ သူက ကုယွမ်ကျိုးရဲ့ အကြိုက်ကို မသိတာကို ရုတ်တရက် နာလည်သွားပြီး သူက မဝံမရဲမေးလိုက်တယ်။ " ခင်ဗျာ ဒါကို မကြိုက်ဘူးလာ? "
ကုယွမ်ကျိုးက ဘာမှမပြောဘူး။ ဒါပေမယ့်သူက ပါစပ်ကို ဖွင့်လိုက်ပြီး ရေကိုသောက်လိုက်တယ်။
ဒီရေအနံ့ကို အလွန် ရင်းနှီးနေသည်။ သူမေ့မြောနေစဉ်က မုရှင်းယုက သူ့ကို ရေမကြာခဏ တိုက်ပေးတာကို သူတွေးမိသွားတယ်။
ဒီအကြောင်းကို စဉ်းစားရင်း သူမကြိုက်တဲ့ သကြားရေကတောင် ချိုပြီးအရသာ ရှိလာတယ်။
.....
ကုယွမ်ကျိုး ရေသောက်သုံးခြင်း ပြီးစီးသွားပြီးနောက် မုရှင်းယုသည် နောက်ဆုံးတော့ စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုတယ်။သူက ကုယွမ်ကျိုး လဲလှောင်ရန် ကူညီပေးပြီး စောင်ကို ခြုံပေးပြီးနောက်မှာ သူကအနားယူရန်အခန်ဆီကိုပြန်သွားလိုက်တယ်။
ဒါပေမယ့် ခြေနှစ်လှမ်း လှမ်းပြီးသွားတဲ့အခါ ကုယွမ်ကျိုးက​ မေးလာတယ်။ " ဘယ်သွားမလို့လဲ? "
" ပြန်ပြီးအနားယူဖို့ပါ ခင်ဗျား စောစောအိပ် သင့်တယ် "
" ခဏလေး ကိုယ်မှတ်မိသေးတယ်... မင်း...ဒီမှာအနားယူတာကို " ကုယွမ်ကျိုးကပြောတယ်။
မုရှင်းယုက ခဏရပ်လိုက်ပြီး ရှက်ရွံမှု အနည်းငယ်ကို ခံစားလိုက်ရတယ်။ ကုယွမ်ကျိုး မေ့မြောနေချိန်တွင် ကုယွမ်ကျိုးက တကယ်ခံစားရလိမ့်မည်ဟု သူမမျှော်လင့်ခဲ့သလို သူတို့နှစ်ယောက် အတူတူ အိပ်ကြသည်ကိုလည်း သူသိနေတယ်။
သူကလျင်မြန်စွာရှင်းပြသည်.....
" ကျတော် ခင်ဗျားကို ဂရုစိုက် ခဲ့ရလို့ပါ။ အခု ခင်ဗျား နိုးလာပြီးဆိုတော့ ကျတော် ခင်ဗျားကို အနှောင့်အယှက် မပေးတော့ပါဘူး "
" အနှောက်အယှက် ဖြစ်တယ်လို....ကိုယ် မထင်ပါဘူး "
" ဒါပေမယ့် ကျတော်စိတ်ပူ.... "
" မင်း ကိုယ့်ကို *မကြိုက်လို့လာ? " ကုယွမ်ကျိုးက မုရှင်းယုကို ကြာဖြတ်ကာ ပြောဆိုလိုက်တယ်။
( #ဒီနေရာက * 'ကြိုက်' ဆိုတာက ချစ်တယ် ကြိုက်တယ်ရဲ့ အဓိပ္ပာယ် မဟုတ်ပါဘူးနော်။ ဒီတိုင်လူတစ်ယောက်ကို ကြည့်မရလို့မကြိုက်တာရဲ့ အဓိပ္ပာယ်ပါ )
သူက သေချာစွာ မရှင်းပြဘူး ဆိုရင် ကုယွမ်ကျိုးက အဲ့တာကို ချရေးလိုက်မယ်လို့ မုရှင်းယုက ခံစားနေရတယ်။
" ကျတော် ခင်ဗျားကို ဘာလို့ မကြိုက်ရမှာလဲ? ကျတော်က ညမှာခင်ဗျားရဲ့ အနားယူမှုအပေါ် သက်ရောက်မှု ရှိမှာ စိုးရိမ်လို့ "
မုရှင်းယုကရှင်းပြဖို့ကြိုးစားလိုက်တယ်။
" အဲဒါက မထိခိုက်ပါဘူး " ကုယွမ်ကျိုးရဲ့ ဘာသာစကား လုပ်ဆောင်ချက်က ပုံမှန်အတိုင် ပြန်မဖြစ်လာသေးပါဘူး သူ့စကားက တိုတိုလေးဘဲ ဒါပေမယ့် သေစေလောက်တယ်။
မုရှင်းယုက ဘယ်လို ပြန်ပြောရမှန်း မသိတာကြောင့် သူလက်လျှော့ခဲ့ရတယ် " ကောင်းပြီ ကျတော် မသွားတော့ဘူး "
သူက တံခါး နဲ့ ရှေ့မီးတွေကို ပိတ်လိုက်ပြီး ကုတင်ရဲ့ တစ်ဖက်ကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်တယ်။ ကုယွမ်ကျိုးကို ကျောပေးခဲ့ပြီး သူအသက်ပြင်းပြင်း ရှူလိုက်ပြီး နောက်ဆုံးမှာ သူအရင်တုန်းက အိပ်ခဲ့သည့် နေရာကို ပြန်အိပ်လိုက်တယ်။
မုရှင်းယုသည် ကုယွမ်ကျိုးအား နိုးရန် မျှော်လင့်ခဲ့သော်လည်း ကုယွမ်ကျိုး နိုးလာသောအခါ ယခုကဲ့သို့ သူကအသုံးမလိုတော့ပေ။
ကုယွမ်ကျိုး ယခင်က မေ့မြောနေစဉ်တွင် သူသည် အလွန် လုံလုံခြုံခြုံ အိပ်ခဲ့ရသည် သူသိချင်သော အခါမှာတောင် ကုယွမ်ကျိုး ရှေ့သိုလာပြီး ကုယွမ်ကျိုး၏ ပါးကို ထိုးလိမ့်မည်။
သို့သော်လည်း ယခု သူအိပ်မပျော် ဖြစ်နေတယ်။ နောက်ဆုံးတွင် ကုယွမ်ကျိုး ဘက်သို့ ပြန်လှည့်ကာ စောင်တစ်ထည်ဖြင့် သူ့ကိုယ်သူ ပတ်လိုက်ပြီး နောက်ဆုံး အိပ်ပျော်နိုင်သော အနေအထား တစ်ခုကို တွေ့သွားတယ်။
ကုယွမ်ကျိုးသည် မုရှင်းယုကို စိတ်မကောင်းစွာ ကြည့်လိုက်ပြီး သူက အလယ်ဘက်သို့ ရွေ့သွားချင်သော်လည်း သူ၌ ခွန်အား မရှိသောကြောင့် သူလက်လျှော့ခဲ့ရသည်။
စောင်အောက်တွင် သူက သူ၏ လက်သူကြွယ်ပေါ်ရှိ လက်စွပ်ကို လက်ညိုးနဲ့ တို့ထိလိုက်သည်နှင့် သူ မပြုံးဘဲ မနေနိုင်ခဲ့ဘူး။
သူ ပထမဆုံး နိုးလာတော့ မုရှင်းယုကို တွေ့လိုက်တဲ့အခါ သူအရမ်းအံ့သြသွားတယ်။ ပြီးတော့ အဖိုးက သူမေ့မြောနေတဲ့ အချိန်မှာ သူတို့ လက်ထပ်ပြီးပြီလို့ သူ့ကို ပြောပြခဲ့တယ်။ အဲ့တာက သူ့ကို အာရကျေနပ်စွာ အံသြသင့်စေခဲ့တယ်။
ဒါပေမယ့် မုရှင်းယုက သူ့ကို မကြိုက်ဘူး ဆိုတာကို မြင်နိုင်ပြီး
သူက သူ့ကို အရမ်း ကြောက်နေပုံရတယ်။ အဲ့တာက ကုယွမ်ကျိုးကို နာကျင်စေတယ်။ ကံကောင်းထောက်မစွာ မုရှင်းယုသည် ကု၏အိမ်တွင် ရှိနေပြီး သူက အနာဂတ်မှာ မုရှင်းယု၏ အမြင်ကို ပြောင်းလဲဖို့ အခွင့်အလမ်း များစွာရှိ နေသေးတယ်။
ထိုညတွင် မုရှင်းယုသည် ကောင်းကောင်း အိပ်မပျော်ပေ။
သူ့အိပ်မက်ထဲတွင် သူ့ကို ကြမ်းကြုတ်သော သားရဲတစ်ကောင်သည် လိုက်လံ တိုက်ခိုက်နေပြီး သူ အိပ်မက် ကနေ ရုတ်တရက် နိုးထလာတဲ့ အချိန်ထိ ပြေးလွှားနေခဲ့ရတယ်။
မနေ့ညက သူကောင်းကောင်း မအိပ်ခဲ့ရဘဲ သူ့ရဲ့အိပ်စက်ပုံက သိသိသာသာကို ပြောင်းသွားတယ်။
သူက ကုယွမ်ကျိုးကို ကျောပေးပြီး ရှင်းရှင်းလင်းလင်း အိပ်ခဲ့တယ်။ ရလဒ်ကအနေနဲ့ အခု သူက ကုယွမ်ကျိုးနဲ့ မျက်နှာချင်းဆိုင်​ ဖြစ်နေတယ်။ သူ့ပင်ပန်းနွမ်းနယ်မှုတွေအားလုံးကပျောက်သွားတယ်။
ကုယွမ်ကျိုးသည် စောစောနိုးပြီး သူ့ကို ကြည့်နေသည်။ မုရှင်းယု နိုးလာသောအခါ သူက " မင်းမျက်နှာက အမာရွတ်က ဘယ်ရောက်သွားတာလဲ? " ဟုမေးလိုက်တယ်။
" ဘာ အမာရွတ်လဲ? " မုရှင်းယုက ထူးဆန်းစွာမေး လိုက်တယ်။
" ဘယ်ဘက် ပါးက အမာရွတ်လေ "
( #သူ့ချစ်ချစ်ရဲ့ အမာရွတ်သေးသေးလေးက အစမှတ်ထားတာနော် :")
မုရှင်းယုက သူ့ပါးပေါ်မှာ အမှန်တကယ်ဘဲ အမာရွတ်ရှိခဲ့ တာကို သူသတိရသွားတယ်။ ဒါပေမယ့် ဝိညာဉ်အရည်ကို သောက်ပြီးနောက် အမာရွတ်က ပျောက်သွားတာကြာပြီ။ သူက တော်တော် ထူးဆန်းနေတယ်။ ကုယွမ်ကျိုးက သူ့မှာ အမာရွတ်ရှိတာကို ဘယ်လိုလုပ်သိတာလဲ။
" အဲ့တာက ပျောက်သွားတာ ကြာပြီး " မုရှင်းယုက ရုတ်တရက် မျက်နှာကို ကိုင်ပြီးပြန်ဖြေလိုက်တယ်။ " ကျတော့် မျက်နှာမှာ အမာရွတ်ရှိတာ ခင်ဗျားဘယ်လိုသိလဲ? "
" ကိုယ် အဲ့ဒါကို အရင်တုန်းက မြင်ဖူးတာ "
မုရှင်းယုက မျက်မှောင်ကြုတ်လိုက်မိသည်။ အမာရွတ်က သူငယ်စဥ်ကတည်းက ရှိနေခဲ့တာ။ အဲ့တာက သိပ်မသိသာဘူး။ ဒါပေမယ့် သူက ကုယွမ်ကျိုးကို ထပ်မေးဖို့ ပျင်းတယ်။ ထပြီး သူ့အခန်းကို ပြန်သွားခဲ့တယ်။
သန့်စင်ပြီးသောအခါ မုရှင်းယုသည် ပေါ့ပေါ့ပါးပါး အ၀တ်များ ဝတ်ကာသူ့အခန်းထဲမှာဘဲ နေနေခဲ့သည်။
ထိုအချိန်မှာ ဆန့်ကျင်ဘက် အခန်းက တံခါးခေါက်သံနဲ့ဒါက်တာချာလီရဲ့ အသံကို သူကြားလိုက်ရပြီး မနေနိုင်ဘဲ အဲဒါကို အပေါ်ကို မြှောက်လိုက်တယ်။
သူက ပွင့်လာသော ကြာပန်းကို တို့ထိလိုက်ကာ အကူအညီမဲ့စွာ သက်ပြင်းချရင်း ကုယွမ်ကျိုး၏ အခန်းထဲသို့ ၀င်သွားလိုက်သည်။
ချာလီသည် ကုယွမ်ကျိုးကို စစ်ဆေးပြီးနေနှင့်ပြီး။
မုရှင်းယုကို တွေ့ပြီးနောက် သူက ပြုံးကာ ပြောလိုက်တယ် " သခင်လေးမု လာ အီသန်ကို ဆေးတိုက်လိုက်ပါ သူက မင်းစကားကို နားထောင်တယ် "
သူက ငါ့စကားကို လုံးဝနားမထောင်ပါဘူးနော်။ မုရှင်းယုက ထိုးစကားကိုပြောဆိုလိုက်ချင်တယ်။ သို့သော် ချာလီထံမှ ဆေးသေတ္တာကိုတော့ ယူလိုက်သေးသည်။
ဆေးတိုက် ပြီးတဲ့နောက်မှာ အန်တီချူးက ရတနာရှစ်မျိုးယာဂုနဲ့ ထပ်ရောက်လာပြီး မုရှင်းယုကို အသနားခံသလို ကြည့်လိုက်တယ်။
မုရှင်းယုက နှုတ်ခမ်းကို ကွေးလိုက်ပြီး အန်တီချူးထံမှ ရတနာရှစ်မျိုးယာဂုကို ယူလိုက်သည်။
သူကမွှေလိုက်ပြီး ဝိညာဉ်အရည် နှစ်စက်ကို ယာဂုထဲသို့ တိတ်တဆိတ်ချလိုက်ပြီး ကုယွမ်ကျိုးကို တစ်ဇွန်းစီ ခပ်ကျွေးလိုက်သည်။
ကုယွမ်ကျိုးသည် အမြဲတစေ ပူးပေါင်း လုပ်ဆောင်ခဲ့သော်လည်း မုရှင်းယုသည် အကြောင်းပြချက်မရှိ မသက်မသာ ခံစားရသည်။
စာရေးသူပြောစရာတစ်ခုရှိတယ်...
: ခေါင်းကိုစောင်နဲ့ခြုံတာကလုံခြုံစိတ်ချရတဲ့အိပ်စက်နည်းတစ်ခုလို့ပြောကြတယ်။
မုရှင်းယု : သူ့ဘေးနားမှာ အမြီးကြီးကြီးနဲ့ ဝံပုလွေကြီးက အိပ်နေတယ်။ မင်း လုံခြုံတယ်လို့ ဘယ်လို ခံစားရလဲ။
#မှားယွင်းမှုများစွာဟာဘာသာပြန်သူရဲ့အပြစ်ပါ🙇🏻။
*****************************************
" ကျုပ်ကို ပန်ကန်ပေး "
" အင် "
......
ညဥ့်အချိန်၌, မုရှင်းယုသည် ကုယှမျကြို၏ ဆန့်ကျင်ဘက် အခန်းသို့ တိုက်ရိုက် သွားလိုက်တယ်။
" အိုး ကောင်းပါပြီး "
.....