မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်...

By Moesattkha

137K 16K 262

ဟိုဘက် acc log ကျသွားလို့ဒီမှာပြန်တင်ပေးပါမယ်ရှင့် More

Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23) (Unicode)
Chapter (23) (Zawgyi)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chaptet (40)
Chapter (41.1)
Chapter (41.2)
Chapter (42.1)
Chapter (42.2) (Unicode)
Chapter (42.2) (Zawgyi)
Chapter (43) (Unicode)
Chapter (43) (Zawgyi )
Chapter (44) (Unicode)
Chapter (44) (Zawgyi)
Chapter (45.1)
Chapter (45.2)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chspter (59)
Chapter (60)
Chapter (61)
Chapter (62)

Chapter (11)

2.6K 312 2
By Moesattkha


နောက်တစ်နေ့တွင် မုရှင်းယု နိုးလာသောအခါ သူ့ကိုယ်သူ ကုယွမ်ကျိုးနှင့် တစ်ယောက်နှင့်တစ်ယောက် နီးကပ်လျက် တွေ့လိုက်ရသဖြင့် သူက လန့်ဖြန့်စွာ ထထိုင်လိုက်သည်။

ဘာဖြစ်သွားတာလဲ?

သူက ကုယွမ်ကျိုးနဲ့ အတူတူ ကုတင်ပေါ်မှာ အမြဲ အိပ်ခဲ့ပေမဲ့ သူအိပ်တဲ့ ပုံစံက ကုယွမ်ကျိုးကို ဘယ်တော့မှ ထိခိုက်စေမှာ မဟုတ်ဘူး။

ဒါပေမယ့် ဒီနေ့ သူတို့နှစ်ယောက်က နီးကပ်နေပြီး အနေအထားကို ကြည့်ရတာ သူက ကုယွမ်ကျိုးရဲ့ အနားကို ရွေ့သွားပုံရတယ်။

" ခင်ဗျားကို ဖိမိသွားတယ်မဟုတ်လာ? " မုရှင်းယုသည် အနည်းငယ် စိုးရိမ်သွားတယ်။

မနက်စာ မစားခင် သူက စစ်ဆေးရန်အတွက် ချာလီကို ဖုန်းခေါ်ဆိုလိုက်တယ်။

" မင်းသူ့ကို ဘာမှမလုပ်ထားပါဘူးနော်? " မုရှင်းယုရဲ့ မသိုးမသန့်ဖြစ်နေသော အသိစိတ်ကို ကြည့်ပြီး ချာလီက မနေနိုင်ဘဲ မေးလိုက်တယ်။

" ချာလီ, ခင်ဗျားဘာတွေ တွေးနေလဲ? ကျတော် သူ့ကိုစိတ်ပူရုံသက်သက်ဘဲ...မနေ့က သူ့လက်ချောင်း လှုပ်သွားတယ် ,ဒီအခြေအနေမှာ ...ဒီနေ့ အသစ်အဆန် တစ်ခုခု ရှိလာရင် ဘယ်လို လုပ်မလဲ " မုရှင်းယုက လျှင်မြန်စွာ ရှင်းပြလိုက်တယ်။

ဒါပေမယ့် ချာလီက သိသိသာသာကို မယုံဘူး။ အဲ့တာက မုရှင်းယုကိုအရမ်း ကူကယ်ရာမဲ့ ဖြစ်စေတယ်။

စစ်ဆေးပြီးနောက်မှာ ကုယွမ်းကျိုးသည် အဆင်ပြေတာ​ကြောင့် မုရှင်းယုက စိတ်သက်သာရာ ရသွားတယ်။

ထိုနောက် မုရှင်းယုသည် ကုယွမ်ကျိုးအား ပုံမှန်အတိုင်း စိတ်ဝိညာဉ်အရည်ကို ကျွေးမွေးပြီးနောက် ရှင်သန်မှုကို စုပ်ယူရန် ဥယျာဉ်သို့သွားခဲ့သည်။

ထိုအချိန်မှာ ချန်ဖန်းက ရောက်လာပြီး အသံနိမ့်နဲ့ ပြောလိုက်တယ် " သခင်ငယ်လေးမု, လင်းရှောင်ရဲ့ အိမ်ကို စောင့်ကြည့်ဖို့ စီစဥ်ထားတဲ့ သူက ဒီမနက် သူ့ရဲ့ မီခံသေတ္တာထဲမှာ ဆေးအချို့ကို တွေ့ခဲ့ပါတယ် ဆေးနမူနာကို ချာလီကို ပေးထားတယ် မကြာခင် ရလဒ်ကို ရပါမယ် "

လင်းရှောင်သည် ကုမိသားစု၏ အိမ်တော်ထိန်းဖြစ်တယ်။

အဖိုးကု၏ ယုံကြည်မှုနှင့် ကုမိသားစုအတွင်းရှိ ,ရာထူးအဆင့်အတန်းကြောင့် အိမ်တော်ထိန်းလင်းရှောင်သည် အလွန်ကျော်ကြားတယ်။

သူသည် ပေကျင်းတွင် ကိုယ်ပိုင်အိမ်တစ်လုံးရှိပြီး တစ်ပတ်လျှင် တစ်ကြိမ် အိမ်ပြန်လေ့ရှိသည်။ မနေ့ညက နှစ်သစ်ကူးပွဲတော်ဖြစ်၍ မစ္စတာကုသည် သူ့ကို မိသားစုနှင့်အတူနေရန် အိမ်ပြန်ဖို့ အထူးပြောဆိုခဲ့တယ်။

လင်းရှောင်သည် ယနေ့မနက် အိမ်မှ ထွက်သွားပြီးနောက် သူ့ကို စောင့်ကြည့်နေသော သူသည် အခြေအနေအား စစ်ဆေးရန် သူ၏ အိမ်ထဲသို့ ၀င်လာခဲ့သည်။ သူက မမျှော်လင့်ထားသော အရာကို ရရှိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

" သူ့အိမ်က ဆေးတွေက မစ္စတာကုကို ပေးတဲ့ဟာတွေမဟုတ်လာ? " မုရှင်းယုက စိုးရိမ်နေသည်။

" ကျတော် မသိဘူး၊ဒါပေမယ့် ဒီနေ့​ချာလီက မစ္စတာကုရဲ့ အခြေအနေကို စစ်ဆေးတာ ဘာမှထူးထူးခြားခြားမရှိပါဘူး "

မုရှင်းယု၏ စိတ်အခြေအနေက ရှုပ်ထွေးသွားပြီး ချန်းဖန်ရဲ့ စကားတွေကို နားထောင်ပြီးနောက်မှာ ပြန်၍ စိတ်သက်သာရာရခဲ့တယ်။ချာလီသည် နေ့တိုင်းစစ်ဆေးနေတယ်။တကယ်လို့ လင်းရှောင်သည် ကုယွမ်ကျိုးကို အဆိပ်ခတ်လျှင် ချာလီသည် ၎င်းကို သေချာစွာစစ်ဆေးနိုင်လိမ့်မည်။

မွန်းလွဲပိုင်းတွင် ချာလီသည် စစ်ဆေးချက်ရလဒ်များနှင့်အတူ မုရှင်းယုဆီကို ရောက်လာသည်။

" ဒီဆေးတွေက ပုံပန်းသဏ္ဍာန်မှာ အပြစ်အနာအဆာ မရှိဘူး ဒါပေမယ့် သူတို့မှာ ရေ၊ဂျုံမှုန့်တွေနဲ့ ပြည့်နေတယ် ၊သူတို့မှာ နည်းနည်းလေးမှ ပျောက်ကင်းစေတဲ့ အာနိသင်မရှိဘူး "ချာလီက ပြောလိုက်တယ်။

" ခင်ဗျား ပြောချင်တာ ဒီဆေးဝါးတွေ အားလုံးက အတုတွေလာ? "

" ဟုတ်တယ် "

မုရှင်းယုသည် အိမ်တော်ထိန်းလင်းက ဒီဆေးဝါးအတုတွေနဲ့ ဘာလုပ်တယ် ဆိုတာကို နားမလည်နိုင်ဘူး။

ရုတ်တရက် သူသတိရသွားပြီး ချာလီကို မေးလိုက်တယ်။

" ပုံမှန်ဆို ဘယ်သူက ဆေးတွေကို ထိန်းသိမ်းထားပြီ မစ္စတာကု ဆီကို ယူဆောင်ပေးတာလဲ? "

ချာလီက မျက်မှောင်ကြုတ်လိုက်တယ်။ သူသည် ဆေးများကို ထိန်းသိမ်း ထားသော်လည်း သူနာပြုတွေက ကုယွမ်ကျိုးအား နေ့စဉ်ဆေးဝါးများ တိုက်ကျွေးခဲ့တယ်။

တစ်ခါတစ်ရံ သူက အိမ်တော်ထိန်းလင်းကို ဆေးများပေးပြီး ဆေးများကို အိမ်တော်ထိန်းလင်းအား သူနာပြုထံပေးစေတယ်။

" မစ္စတာကု သောက်နေတဲ့ ဆေးတွေကို အမြန်စစ်ကြည့်! " မုရှင်းယုက အလျင်စလို ပြောလိုက်သည်။

အရမ်းကို အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်ခဲ့တာကို ချာလီကသိတယ်။ထို့ကြောင့် သူက အလျင်အမြန်လိုက်သွားခဲ့တယ်။

သူက ညစာစားနေချိန်၌ ချာလီသည် နောက်ဆုံး စစ်ဆေးမှုရလဒ်ကို ရရှိခဲ့သည်။

ထိုအချိန်တွင် မုရှင်းယုသည် မစ္စတာကုနှင့်အတူ ညစာစားနေပြီး ချာလီသည် တည်ငြိမ်သော မျက်နှာဖြင့် လမ်းလျှောက်လာသောအခါ တစ်ခုခုမှားနေပြီ ဆိုတာ သူသိလိုက်သည်။

" ဒေါက်တာချာလီ၊ ဘာကိစ္စလဲ? " အဖိုးကုသည် ကုယွမ်ကျိုးသည် ပုံမှန်မဟုတ်တာ ဖြစ်ခဲ့တယ်ညထင်တဲ့အတွက် စိုးရိမ်စွာ မေးလိုက်တယ်။

" ဖိုးဖိုး, စိတ်မသက်မသာမဖြစ်ပါနဲ့ "
မုရှင်းယုသည် ချာလီထံမှ စစ်ဆေးမှု ရလဒ်ကို ယူလိုက်ပြီး အဲ့တာကို ဖတ်ပြီးနောက်မှာ သူ့မျက်နှာမှာ လည်အလွန် မဲမှောင်သွားတယ်။

လင်းရှောင်သည် ဧည့်ခန်းတွင် ရှိသော်လည်း သူက အဲ့ဒါကို မရှက်ဘူး။ ထိုအစား,သူက အဘိုးကုအား စစ်ဆေးချက် စာရွက်အား ပေးလိုက်တယ်။ " ဖိုးဖိုး,ကြည့်လိုက်ပါ "

ကုယွမ်ကျိုးသည် မေ့မြောနေသောကြောင့် အဘိုးကုသည် ကုယွမ်ကျိုးအား ယူဆောင်ပေးရန် ဆေးများအကြောင်းကို လေ့လာထားတယ်။ ထို့ကြောင့် သူက စစ်ဆေးချက်စာရွက်ကို ကြည့်လိုက်တဲ့အခါ, ကုယွမ်ကျိုးသည် အထက်ပါ ဆေးဝါး အားလုံးကို သောက်နေသည်ကို တွေ့ရှိခဲ့သည်။

စစ်ဆေးချက် စာရွက်တွင် ဆေးဝါး ၁၃ မျိုးရှိပြီး ၎င်းတွင်ဆေးဝါး ၈ မျိုးသည် ကုထုံး အာနိသင်မရှိပေ။ပါဝင်ပစ္စည်းများမှာ ရေနှင့်ဂျုံမှုန့် တို့သာဖြစ်သည်။

အဖိုးအိုကုသည် အလွန်ဗဟုသုတရှိပြီး ခန့်မှန်းချက်တစ်ခု ချက်ချင်းကို ထွက်လာသည်။

" ဒီစစ်ဆေးမှုက ဘာတွေဖြစ်နေတာလဲ? ဆေးဝါးအားလုံးကို စစ်ဆေးဖို့ပို့ပြီးမှ ယွမ်ကျိုးကို တိုက်ကျွေးတာမဟုတ်လာ? "

အဘိုးကု၏ နှလုံးသားတွင် ကံကောင်းမှုတစ်ခု ရှိဆဲဖြစ်သော်လည်း ချာလီရဲ့ စကားများကသူ့ကိုအမှန်တရားကို ရင်ဆိုင်အောင်ပြုလုပ်ခဲ့တယ်။

" အဖိုးဒါကျတော့်အမှားပါ၊တစ်စုံတစ်ယောက်ကသူ့ခြေသူ့လက်နဲ့ဆေးတွေကိုပြောင်းခဲ့တယ် "

မုရှင်းယု ကလည်းပြောလိုက်တယ်။

" ဖိုးဖိုး ၊ဒေါက်တာချာလီနဲ့ ကျတော်က ဒီနေ့ဆေးမှာ ပြဿနာတစ်ခုခုရှိနေတာကိုတွေ့ခဲ့တယ်။ အဲ့တာနဲ့ ကျတော်တို့ စစ်ဆေးကြည့်ဖို့အတွက်ပို့လိုက်တာ၊ရလဒ်က...."

" ဖိုးဖိုး နားလည်တယ် " မစ္စတာကုက ကုန်းတိုက်မှာ သူ၏ သက်တမ်းတစ်ဝက်ရှိနေပြီး သူကဘီလူးဖြစ်ဖို့ထိုက်တန်တယ်။

သူက လျှင်မြန်စွာ စိတ်လျော့လိုက်ပြီး တည်ကြည်လေးနက်စွာမေးလိုက်တယ် " ဘယ်သူကခြေတွေလက်တွေကိုအသုံးပြုခဲ့တာလဲ,မင်းသိလာ? "

မုရှင်းယုကသူ့ဘေးနားရှိလင်းရှောင်ကိုကြည့်လိုက်သည်။

" အိမ်တော်ထိန်းလင်,ဒီအချိန်မှာ,ခင်ဗျားဘာလို့ဘာမှမပြောတာလဲ? "

" သခင်လေးမု,ဘာကိုဆိုလိုတာလဲ?ကျတော်ကသခင်ငယ်လေးရဲ့ဆေးကိုပြောင်းလိုက်တယ်လို့သံသယရှိနေတာလာ? " လင်းရှောင်းကမကျေမနပ်ပြောလိုက်တယ်။

မုရှင်းယုသည်သေခါနီအန္တရာယ်ကျရောက်နေသောအချိန်မှာတောင်အလွန်တည်ငြိမ်နေသောလင်းရှောင်ကိုလေးစားတယ်။

သူကချန်ဖန်းကိုတစ်ချက်ကြည့်လိုက်ပြီးချန်ဖန်းသည်လင်းရှောင်းအိမ်မှသူရရှိသောအရာအားလုံးကိုအလျင်အမြန်စားပွဲပေါ်တင်လိုက်သည်။

" ကျတော်ခင်ဗျားအိမ်ကနေဒါတွေကိုရခဲ့တယ်၊ခင်ဗျားမှာဘာပြောစရာရှိသေးလဲ? " မုရှင်းယုကမေးသည်။

လင်းရှောင်ကအံ့သြသွားသည်။

သူကမုရှင်းယုကိုဒီလောက်မြန်မြန်သက်သေရဖို့မျှော်လင့်မထားဘူး။မုရှင်းယုကသူ့ကိုသံသယဝင်နေတာကြာပြီဖြစ်ကောင်းဖြစ်နိုင်တယ်၊ဒါပေမယ့်အဲ့တာကိုသူမသိခဲ့ဘူး။

အဘိုးကုသည်လင်းရှောင်အားအလွန်အေးစက်သောအကြည့်ဖြင့်ကြည့်လိုက်တယ်။ " လင်းရှောင်၊မင်းရဲ့လက်တွေ၊ခြေတွေဖြစ်လိမ့်မယ်လို့ငါမမျှော်လင့်ထားဘူး။ မင်းကငါ့နောက်ကိုလိုက်လာတာ အနှစ်၃၀ ကျော်ပြီငါမင်းကိုအရမ်းယုံကြည်ခဲ့တယ်ဒါပေမယ့်မင်းက...ယွမ်ကျိုးကိုထိခိုက်အောင်လုပ်ရဲတယ်၊ဘာဖြစ်တာလဲငါ့ကိုပြောစမ်း? "

" သခင်ကြီး,ကျတော်လည်ကူကယ်ရာမဲ့စွာနဲ့ဖိအားပေးခံရလို့ပါတစ်ယောက်ယောက်ကကျတော့်မိန်းမနဲ့ကလေးတွေကိုခြိမ်းခြောက်ဖို့အတွက်သုံးထားလို့ကျတော်ဆေးကိုပြောင်းခဲ့ရတာပါ " လင်းရှောင်ကဝမ်းနည်းစွာပြောတယ်။

" မင်းကိုဘယ်သူခြိမ်းခြောက်နေတာလဲ? "

လင်းရှောင်းကခေါင်းယမ်းပြီး " ကျတော်မပြောနိုင်ဘူး၊ကျတော့်မိသားစုသေလိမ့်မယ် "

" မင်းမိသားစုကိုငါသတ်မှာကိုတော့မင်းမကြောက်ဘူးလာ! " အဖိုးကုကစားပွဲကိုရိုက်လိုက်ပြီးဒေါသတကြီးပြောတယ်။

လင်းရှောင်းသည်မြေပေါ်သို့လျင်မြန်စွာဒူးထောက်လိုက်ပြီး " သခင်ကြီး၊အရာအားလုံးကိုကျတော်တစ်ယောက်ထဲလုပ်တာပါ၊ကျတော်သခင်ကြီးကိုနှစ်ပေါင်းသုံးဆယ်ကျော်အလုပ်အကျွေးပြုခဲ့တာကိုထောက်ပြီးသူတို့ကိုဒုက္ခမပေးပါနဲ့ "

" မင်းမှားတယ်၊ငါကဘယ်တုန်းကမှကြင်နာတတ်တဲ့သူတစ်ယောက်မဟုတ်ဘူး၊အထူးသဖြင့်ယွမ်ကျိုးကိုမင်းဒုက္ခပေးရဲတယ် " အဖိုးကုကတည်ငြိမ်တဲ့မျက်နှာနဲ့ပြောပြီးချန်းဖန်းကတစ်ယောက်ယောက်ကိုလင်းရှောင်းရဲ့အိမ်ကိုချက်ချင်းသွားဖို့အမိန့်ပေးလိုက်တယ်။

လင်းရှောင်းသည်အလွန်ကြောက်ရွံ့သွားပြီးနောက်ဆုံးမှာပြောလိုက်တယ် " ဒါကမစ္စတာကုရဲ့ပြိုင်ဘက်တွေလုပ်တာ "

မုရှင်းယုကမျက်မှောင်ကြုတ်ပြီးပြန်လည်ချေပတော့မည်ဖြစ်သော်လည်းလင်းရှောင်ကရုတ်တရက်နာကျင်စွာအော်ဟစ်လိုက်ပြီးမြေပေါ်သို့လဲကျသွားသည်။

ချန်းဖန်သည်ရှေ့သို့အလျင်အမြန်ရောက်လာပြီးလင်းရှောင်၏အသက်ရှုသံကိုစစ်ဆေးလိုက်တယ်,သူကအသက်ရှုနေသေးသည်မှာသေချာသည်။

သူကလင်းရှောင်း၏ရုတ်တရက်သတိမေ့ခြင်း၏အကြောင်းရင်းကိုစစ်ဆေးရန်လင်းရှောင်း၏ကော်လာကိုထပ်မံဆွဲဖယ်လိုက်ပြီးမကြာမီသူ၏လည်ပင်းနောက်ဘက်တွင်အနီရောင်နှင့်ရောင်ရမ်းနေသောအမှတ်အသားတစ်ခုကိုတွေ့လိုက်တယ်။

" သခင်ကြီး,သူကအာရုံကြောထိန်းချုပ်မှုချစ်ပ်တစ်ခုထည့်သွင်းခြင်းခံထားရတယ် " ချန်ဖန်းကပြောတယ်။

အဘိုးကု၏မျက်နှာသည်ချက်ချင်းပင်အရုပ်ဆိုးသွားခဲ့သည်။

ကုမိသားစုသည်နည်းပညာနှင့်စတင်ခဲ့ပြီးအာရုံကြောထိန်းချုပ်မှုချစ်ပ်၏လုပ်ဆောင်ချက်နှင့်ပတ်သက်၍ သူအလွန်ရှင်းလင်းစွာသိတယ်။

ထိုချစ်ပ်အမျိုးအစာကိုလူသားလည်ပင်း၏နောက်တွင်စိုက်ပြီးလူ့ ဦးနှောက်အာရုံကြောကိုထိန်းချုပ်နိုင်သည်။

အသက်သွင်းလိုက်သည်နှင့်တပြိုင်နက်အစွမ်းထက်သောလက်ရှိ ဦးနှောက်အာရုံကြောသည်ချက်ချင်းပျက်စီးသွားပြီးလူတစ်ယောက်အားအရူးတစ်ယောက်အဖြစ်သို့ပြောင်းလဲစေလိမ့်မည်။

အဖိုးကုကသူသည်လင်းရှောင်ဆီကနေအဖြေမရနိုင်တော့တာကိုသိတယ်၊ဒါကြောင့်လင်းရှောင်ကိုရဲစခန်းကိုပို့လိုက်ပြီးသူကလင်းရှောင်းနဲ့အဆက်အသွယ်ရှိသူတွေကိုချန်ဖန်းကိုစုံစမ်းခိုင်းလိုက်တယ်။မကြာခင်သူကအခြားသဲလွန်စကိုရှာတွေ့နိုင်တယ်။

မုရှင်းယုသည်လင်းရှောင်ကိုခေါ်ဆောင်သွားသည်ကိုကြည့်ပြီးအချိန်အတော်ကြာစိတ်မအေးနိုင်ခဲ့ဘူး။

သူကလင်းရှောင်ကိုမုန်းပေမယ့်လင်းရှောင်းကလည်အန်ဒရီရဲ့နှိပ်စက်တာကိုခံရတာကိုသူမသိခဲ့ဘူး။ဒီတစ်ခါလင်းရှောင်ကိုဖမ်းမိတာကအသေအချာကိုကြောက်ဖို့ကောင်းတယ်။အန်ဒရီကပိုပြီးရူးသွပ်စရာတွေကိုလုပ်မှာကိုသူစိုးရိမ်နေတယ်။

" ရှင်းယု,ယွမ်ကျိုးကိုသွားကြည့်ရအောင် " အဘိုးကုသည်ပင်ပန်းနွမ်းနယ်မှုတစ်ခုကိုပြသခဲ့ပြီးလင်းရှောင်၏သစ္စာဖောက်မှုကသူ့ကိုစိတ်မချမ်းမသာဖြစ်စေခဲ့တယ်။

မုရှင်းယုသည်ရှေ့သို့အလျင်အမြန်လာပြီးမစ္စတာကုကိုကူညီလိုက်ပြီးသူတို့ဟာစတုတ္ထထပ်သို့အတူတကွလာခဲ့ကြတယ်။

ချာလီကကုယွမ်ကျိုးကိုမစ္စတာကုရှေ့တွင်ထပ်မံစစ်ဆေးပြီး " အဖိုးကု,အီသန်ကအရာအားလုံးပုံမှန်ပါဘဲ၊စိတ်ချလက်ချနေပါ "

" ဟုတ်တယ်,ဖိုးဖိုး,ဆေးပြောင်းတာကကုသမှုကိုအကြိုးသက်ရောက်မှုမရှိဘူး၊ဒါပေမယ့်လည်းအဲ့တာကမနာကျင်ပါဘူး၊ပါဝင်တဲ့အရာတွေအကြောင်းကိုအရမ်းကြီးမစိုးရိမ်ပါနဲ့ "မုရှင်းယုကလည်ဖျောင်းဖျသည်။

ဤအချိန်၌မုရှင်းယုသည်အန်ဒရီကအရာအားလုံးကိုထုတ်ဖော်မည်ကိုကြောက်ရွံ့သောကြောင့်ကုယွမ်ကျိုးကိုအဆိပ်မခတ်ခဲ့သည့်အတွက်ကျေးဇူးတင်နေသည်။

လင်းရှောင်၏သင်ခန်းစာများကိုသင်ယူပြီးနောက်မစ္စတာကုသည်ထိုညတွင်ကုမိသားစု၏အိမ်လုံခြုံရေးကိုဖြန့်ကျက်အားဖြည့်ခဲ့ပြီးအခြားသူလျှိုများမရှိစေရန်ဖြစ်နိုင်ချေရှိသောစုံစမ်းစစ်ဆေးမှုများစွာကိုပြုလုပ်ခဲ့တယ်။

ချာလီသည်လည်းဆေးဝါးများအားလုံးကိုဖျက်ဆီး၍အထူးလေယာဉ်ဖြင့်အင်္ဂလန်သို့တစ်ညအိပ်ခရီးသွားပြီးဆေးဝါးအသစ်များဖြင့်ပြန်လာခဲ့သည်။

အိမ်တော်ထိန်းလင်းကိုဖြေရှင်းပြီးပြီးဖြစ်ပေမယ့်မုရှင်းယုကစိတ်မအေးသေးဘူး။တစ်ခုခုဖြစ်တော့မယ်လို့သူအမြဲခံစားနေရတယ်။

ဒါကြောင့်သူကဥယျာဥ်ကိုသွားတဲ့အကြိမ်အရေအတွက်ကိုတိုးမြင့်လိုက်ပြီး၊ဝိညာဥ်အရည်ကိုပိုထုတ်ယူနိုင်ရန်ရှင်သန်မှုကိုပိုစုပ်ယူလိုက်တယ်။ကုယွမ်ကျိုးကမြန်မြန်နိုးလာလိမ့်မယ်လို့မျှော်လင့်တယ်။

သူသည်မစ္စတာကု၏ကျန်းမာရေးကိုစိုးရိမ်သောကြောင့်နေ့တိုင်းမစ္စတာကု၏လက်ဖက်ရည်ထဲသို့ဝိညာဉ်အရည်တစ်စက်ကိုတိတ်တဆိတ်ထည့်လိုက်ပြီးမစ္စတာကုရဲ့ခန္ဓာကိုယ်သည်ယခင်ကထက်ပိုမိုကောင်းမွန်လာသည်။

မကြာခင်မှာပါးပါးမုရဲ့မွေးနေ့ဖြစ်ပြီးမုရှင်းယုသည်လက်ထပ်ပြီးနောက်ပထမဆုံးအကြိမ်အိမ်သို့ပြန်သွားခဲ့တယ်။

" အမေ့ရဲ့ချစ်သားလေး,သားပိုပိန်လာသလားဆိုတာကြည့်ခွင့်ပြုဦး "
မုရှင်းယုကိုကြည့်ပြီးမားမုကအရမ်းပျော်သွားပြီးမုရှင်းယုရဲ့လက်ကိုယူကာနွေးထွေးစွာမေးလိုက်တယ်။

မုရှင်းယုသည်သေချာထုပ်ပိုးပြင်ဆင်ထားတဲ့လက်ဆောင်အိတ်ကိုပါးပါးမုအားပေးလိုက်တယ်။ပါးပါးမုကသူ့ကိုမေးလိုက်တယ် " မစ္စတာကုရဲ့အခြေအနေကဘယ်လိုလဲ? "

" အများကြီးပိုကောင်းလာတယ်၊လွန်ခဲ့တဲ့နှစ်ရက်ကသူ့လက်ချောင်းကလှုပ်ရှားလာတယ်၊ဒီတိုင်းဆက်သွားရင်သူမကြာခင်နိုးလာတော့မယ် "

" အဲ့တာကောင်းတယ်! "

မုရှင်းယုပြန်လာတာကြိုဆိုဖို့အတွက်မားမားမုကမုရှင်းယုအကြိုက်ဆုံးအစားအစာများကိုပြင်ဆင်ဖို့မနက်အစောကြီးထကာမီးဖိုချောင်မှာညွှန်ကြားနေတယ်။

မုရှင်းယုသည်အိမ်တွင်,အစားစားကာအလွန်ကျေနပ်သွားပြီးယခင်ဘဝ၌သူ၏မိုက်မဲသောအပြုအမူအတွက်နောင်တရခဲ့သည်။

စားနေစဥ်အတွင်းသူသည်ပါးပါးမုအားကုမ္ပဏီ၏အခြေအနေအားမေးမြန်းခဲ့သည်။ အရာအားလုံးပုံမှန်ဖြစ်ကြောင်းသိရပြီးနောက်,နောက်ဆုံးတွင်သူသည်သက်ပြင်းချနိုင်ခဲ့တယ်။

ပါးပါးမုကစနောက်ကာ " ဘာလို့သားကကုမ္ပဏီရဲ့ကိစ္စတွေကိုဂရုစိုက်နေတာလဲ?အဲဒါကိုသားရုတ်တရက်သဘောပေါက်နားလည်သွားပြီးပါးကိုလာကူညီချင်လို့လာ? "

မုရှင်းယုကခေါင်းကိုခပ်မြန်မြန်ခါလိုက်သည်။ မားမားမုကလည်းသူ့သားကိုထောက်ခံတယ်။

" ရှင်ဘဲရှင့်သားကစီးပွားရေးအတွက်မဟုတ်ဘူးလို့ပြောခဲ့တယ်လေ၊ဒါကိုဘာကြောင့်သားကိုစိတ်ကသိကအောက်ဖြစ်အောင်စိတ်အနှောက်အယှက်ပေးနေတာလဲ၊ဖြစ်နိုင်ရင်သားကိုအနုပညာလောကထဲကိုအမြန်ဆုံးပြန်လာဖို့ကျမမျော်လင့်တယ်၊ဒါမှကျမရဲ့ကြယ်ပွင့်လေးရှင်းယုကိုဖန်သားပြင်ပေါ်မှာမြင်နိုင်မှာ "

မုရှင်းယုသည်အကူအညီမဲ့စွာပြုံးလိုက်တယ်။သူ့အမေသည်မမျှော်လင့်ဘဲ ကြယ်နောက်လိုက်ခြင်းကိုအလွန်စွဲလမ်းနေသည်။

ညစာစားပြီးသောအခါပါးပါးမုသည်အရေးကြီးသောအရာများကြောင့်ကုမ္ပဏီသို့သွားခဲ့ပြီးမားမားမုသည်မုရှင်းယုအားနောက်ဆက်တွဲစာရင်းရှိလူများအားမိတ်ဆက်ပေးရန်မိုဘိုင်းဖုန်းရှိWeiboကိုဖွင့်လိုက်တယ်။

" ကြည့်၊ဒါကဒါရိုက်တာဖန်,ဇကာတင်ရုပ်ရှင်ပွဲတော်မှာခမ်းနားတဲ့ဆုကိုဆွတ်ခူးခဲ့တဲ့သူ။ဒါကဒါရိုက်တာဆုန်း,သူကမနှစ်က၀င်ငွေအမြင့်ဆုံးရုပ်ရှင်ကိုရိုက်ကူးခဲ့တာ...."

မုရှင်းယုကူကယ်ရာမဲ့စွာကြားဖြတ်ပြောဆိုလိုက်တယ်။

" မား,ကျွန်တော့်ကိုပြော,သူတို့နဲ့ဘာလုပ်ချင်တာလဲ? "

" သားဘယ်ဒါရိုက်တာနဲ့အလုပ်လုပ်ချင်လဲ?အမေကသာကိုဒါရိုက်တာနဲ့ဆက်သွယ်ပေးမယ် "

မုရှင်းယုကရီရမလားငိုရမလားမသိတော့ပေ။

" မား၊မဟုတ်​သေးဘူး၊အဲ့ဒီအဓိကဒါရိုက်တာအားလုံးနဲ့ကျတော်အခုရိုက်ကူးဖို့အစီအစဉ်မရှိဘူး။ကျတော်ကသူတို့မျက်လုံးထဲမ၀င်နိုင်ဘူး "

" အမေပြောမယ်၊ငါ့သားကသေချာပေါက်ကိုအကောင်းဆုံးဘဲ!စိတ်မပူနဲ့,အမေကသားအတွက်ရင်းနှီမြှုပ်နှံမယ်,ဒီ,ဒါရိုက်တာတွေကငြင်းမှာမဟုတ်ဘူးလို့အမေယုံတယ် "

မုရှင်းယုကသူ့နဖူးကိုပွတ်လိုက်တယ်။သူမသိဘူး,သူ့အမေကဘာလို့သူသရုပ်ဆောင်မှာကိုအရမ်းစိတ်အားထက်သန်နေရတာလဲ?

ဒီအချိန်မှာချန်ဖန်းကသူ့ကိုရုတ်တရက်ဖုန်းခေါ်ဆိုလာပြီးသူ့အသံကအရမ်းစိုးရိမ်ကိုနေဆဲဘဲ။

" သခင်လေးမု,သခင်ကြီးကဆေးရုံမှာ "

" ဘာကိစ္စဖြစ်သွားတာလဲ? " မုရှင်းယုကအံအားသင့်သွားတယ်။ပါးပါးကုကဝိညာဥ်ရည်ကိုသောက်ပြီးကျန်းမာရေးကောင်းနေသည်မှာထင်ရှားတယ်။

" သခင်လေးမု,ကျတော်နောက်မှရှင်းပြပါ့မယ်၊အခုဆေးရုံကိုအမြန်လာပါ "

" ကောင်းပြီ၊ကျတော်အခုချက်ချင်းလာခဲ့မယ် "

မားမားမုကတည်ငြိမ်သောမျက်နှာဖြင့်မေးတယ် " ဘာကိစ္စလဲ? "

ပါးပါးမုနဲ့မားမားမုတို့သည်လည်မစ္စတာကုဆေးရုံတက်ရတဲ့အကြောင်းကိုအရမ်းစိုးရိမ်ပြီးမုရှင်းယုနဲ့အတူဆေးရုံကိုသွားခဲ့တယ်။

လမ်းမှာ,မုရှင်းယုကချန်ဖန်းကိုတစ်ဖန်,ဖုန်းပြန်ခေါ်ဆိုလိုက်ပြီးအဘိုးကုကဆေးရုံကိုဘာကြောင့်တက်ရတယ်ဆိုတာနောက်ဆုံးတော့သိသွားတယ်။

ကုယွမ်ကျိုးသတိလစ်မေ့မျောသွားပြီးနောက်ကုအုပ်စုကိုအမြဲတမ်းဒုဥက္ကဋ္ဌဟဲဝမ်ဟန်ကစီမံခန့်ခွဲမှုရသည်။

သူသည်ကုမ္ပဏီ၏၀န်ထမ်းဟောင်းတစ်ဦးဖြစ်ပြီးကုယွမ်ကျိုးကသူ့အားအလွန်ယုံကြည်ခဲ့သည်။ကုမိသားစုကိုလွှဲပြောင်းယူပြီးနောက်ဒုဥက္ကဋ္ဌသည်,သူအလုပ်ကြိုးစားခဲ့ပြီးကုမိသားစုတွင်မည်သည့်ကြီးမားသောပြသနာမှမရှိပေ။

ဒါပေမယ့်,နှစ်သစ်ရောက်ပြီးမကြာခင်မှာပဲဒုဥက္ကဋ္ဌဟာသူ့ရာထူးကိုအလွဲသုံးစားလုပ်ပြီးသက်ဆိုင်ရာဌာနတွေရဲ့သိမ်းယူခြင်းကိုခံရတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒါကိုသိပြီးတဲ့နောက်မစ္စတာကုဟာကုမ္ပဏီကိုအလျင်အမြန်သွားခဲ့တယ်။သူကအရမ်းဒေါသထွက်နေပြီးဒုဥက္ကဋ္ဌသည်ကုမ္ပဏီရဲ့သိန်းရာချီပိုင်ဆိုင်မှုတွေကိုအလွဲသုံးစားလုပ်ခဲ့တာကိုသက်သေအထောက်အထားများနဲ့တကွသိလိုက်ရတဲ့အချိန်မှာသူကသတိလစ်သွားခဲ့တယ်။

တကယ်လို့မစ္စတာကုရဲ့ကျန်းမာရေးသာမကောင်းခဲ့ရင်ဒီတခါပိုပြီအရမ်းကိုဆိုးရွားမှာကိုသူကကြောက်ရွံခဲ့တယ်။

#မှားယွင်းမှုများစွာဟာဘာသာပြန်သူရဲ့အပြစ်ပါ။

*****************************************




ေနာက္တစ္ေန႕တြင္ မုရွင္းယု နိုးလာေသာအခါ သူ႕ကိုယ္သူ ကုယြမ္က်ိဳးႏွင့္ တစ္ေယာက္ႏွင့္တစ္ေယာက္ နီးကပ္လ်က္ ေတြ႕လိုက္ရသျဖင့္ သူက လန့္ျဖန့္စြာ ထထိုင္လိုက္သည္။

ဘာျဖစ္သြားတာလဲ?

သူက ကုယြမ္က်ိဳးနဲ႕ အတူတူ ကုတင္ေပၚမွာ အၿမဲ အိပ္ခဲ့ေပမဲ့ သူအိပ္တဲ့ ပုံစံက ကုယြမ္က်ိဳးကို ဘယ္ေတာ့မွ ထိခိုက္ေစမွာ မဟုတ္ဘူး။

ဒါေပမယ့္ ဒီေန႕ သူတို႔ႏွစ္ေယာက္က နီးကပ္ေနၿပီး အေနအထားကို ၾကည့္ရတာ သူက ကုယြမ္က်ိဳးရဲ႕ အနားကို ေ႐ြ႕သြားပုံရတယ္။

" ခင္ဗ်ားကို ဖိမိသြားတယ္မဟုတ္လာ? " မုရွင္းယုသည္ အနည္းငယ္ စိုးရိမ္သြားတယ္။

မနက္စာ မစားခင္ သူက စစ္ေဆးရန္အတြက္ ခ်ာလီကို ဖုန္းေခၚဆိုလိုက္တယ္။

" မင္းသူ႕ကို ဘာမွမလုပ္ထားပါဘူးေနာ္? " မုရွင္းယုရဲ႕ မသိုးမသန့္ျဖစ္ေနေသာ အသိစိတ္ကို ၾကည့္ၿပီး ခ်ာလီက မေနနိုင္ဘဲ ေမးလိုက္တယ္။

" ခ်ာလီ, ခင္ဗ်ားဘာေတြ ေတြးေနလဲ? က်ေတာ္ သူ႕ကိုစိတ္ပူ႐ုံသက္သက္ဘဲ...မေန႕က သူ႕လက္ေခ်ာင္း လႈပ္သြားတယ္ ,ဒီအေျခအေနမွာ ...ဒီေန႕ အသစ္အဆန္ တစ္ခုခု ရွိလာရင္ ဘယ္လို လုပ္မလဲ " မုရွင္းယုက လွ်င္ျမန္စြာ ရွင္းျပလိုက္တယ္။

ဒါေပမယ့္ ခ်ာလီက သိသိသာသာကို မယုံဘူး။ အဲ့တာက မုရွင္းယုကိုအရမ္း ကူကယ္ရာမဲ့ ျဖစ္ေစတယ္။

စစ္ေဆးၿပီးေနာက္မွာ ကုယြမ္းက်ိဳးသည္ အဆင္ေျပတာေၾကာင့္ မုရွင္းယုက စိတ္သက္သာရာ ရသြားတယ္။

ထိုေနာက္ မုရွင္းယုသည္ ကုယြမ္က်ိဳးအား ပုံမွန္အတိုင္း စိတ္ဝိညာဥ္အရည္ကို ေကြၽးေမြးၿပီးေနာက္ ရွင္သန္မႈကို စုပ္ယူရန္ ဥယ်ာဥ္သို႔သြားခဲ့သည္။

ထိုအခ်ိန္မွာ ခ်န္ဖန္းက ေရာက္လာၿပီး အသံနိမ့္နဲ႕ ေျပာလိုက္တယ္ " သခင္ငယ္ေလးမု, လင္းေရွာင္ရဲ႕ အိမ္ကို ေစာင့္ၾကည့္ဖို႔ စီစဥ္ထားတဲ့ သူက ဒီမနက္ သူ႕ရဲ႕ မီခံေသတၱာထဲမွာ ေဆးအခ်ိဳ႕ကို ေတြ႕ခဲ့ပါတယ္ ေဆးနမူနာကို ခ်ာလီကို ေပးထားတယ္ မၾကာခင္ ရလဒ္ကို ရပါမယ္ "

လင္းေရွာင္သည္ ကုမိသားစု၏ အိမ္ေတာ္ထိန္းျဖစ္တယ္။

အဖိုးကု၏ ယုံၾကည္မႈႏွင့္ ကုမိသားစုအတြင္းရွိ ,ရာထူးအဆင့္အတန္းေၾကာင့္ အိမ္ေတာ္ထိန္းလင္းေရွာင္သည္ အလြန္ေက်ာ္ၾကားတယ္။

သူသည္ ေပက်င္းတြင္ ကိုယ္ပိုင္အိမ္တစ္လုံးရွိၿပီး တစ္ပတ္လွ်င္ တစ္ႀကိမ္ အိမ္ျပန္ေလ့ရွိသည္။ မေန႕ညက ႏွစ္သစ္ကူးပြဲေတာ္ျဖစ္၍ မစၥတာကုသည္ သူ႕ကို မိသားစုႏွင့္အတူေနရန္ အိမ္ျပန္ဖို႔ အထူးေျပာဆိုခဲ့တယ္။

လင္းေရွာင္သည္ ယေန႕မနက္ အိမ္မွ ထြက္သြားၿပီးေနာက္ သူ႕ကို ေစာင့္ၾကည့္ေနေသာ သူသည္ အေျခအေနအား စစ္ေဆးရန္ သူ၏ အိမ္ထဲသို႔ ၀င်လာခဲ့သည်။ သူက မေမွ်ာ္လင့္ထားေသာ အရာကို ရရွိလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားခဲ့ဘူး။

" သူ႕အိမ္က ေဆးေတြက မစၥတာကုကို ေပးတဲ့ဟာေတြမဟုတ္လာ? " မုရွင္းယုက စိုးရိမ္ေနသည္။

" က်ေတာ္ မသိဘူး၊ဒါေပမယ့္ ဒီေန႕ခ်ာလီက မစၥတာကုရဲ႕ အေျခအေနကို စစ္ေဆးတာ ဘာမွထူးထူးျခားျခားမရွိပါဘူး "

မုရွင္းယု၏ စိတ္အေျခအေနက ရႈပ္ေထြးသြားၿပီး ခ်န္းဖန္ရဲ႕ စကားေတြကို နားေထာင္ၿပီးေနာက္မွာ ျပန္၍ စိတ္သက္သာရာရခဲ့တယ္။ခ်ာလီသည္ ေန႕တိုင္းစစ္ေဆးေနတယ္။တကယ္လို႔ လင္းေရွာင္သည္ ကုယြမ္က်ိဳးကို အဆိပ္ခတ္လွ်င္ ခ်ာလီသည္ ၎ကို ေသခ်ာစြာစစ္ေဆးနိုင္လိမ့္မည္။

မြန္းလြဲပိုင္းတြင္ ခ်ာလီသည္ စစ္ေဆးခ်က္ရလဒ္မ်ားႏွင့္အတူ မုရွင္းယုဆီကို ေရာက္လာသည္။

" ဒီေဆးေတြက ပုံပန္းသ႑ာန္မွာ အျပစ္အနာအဆာ မရွိဘူး ဒါေပမယ့္ သူတို႔မွာ ေရ၊ဂ်ဳံမႈန့္ေတြနဲ႕ ျပည့္ေနတယ္ ၊သူတို႔မွာ နည္းနည္းေလးမွ ေပ်ာက္ကင္းေစတဲ့ အာနိသင္မရွိဘူး "ခ်ာလီက ေျပာလိုက္တယ္။

" ခင္ဗ်ား ေျပာခ်င္တာ ဒီေဆးဝါးေတြ အားလုံးက အတုေတြလာ? "

" ဟုတ္တယ္ "

မုရွင္းယုသည္ အိမ္ေတာ္ထိန္းလင္းက ဒီေဆးဝါးအတုေတြနဲ႕ ဘာလုပ္တယ္ ဆိုတာကို နားမလည္နိုင္ဘူး။

႐ုတ္တရက္ သူသတိရသြားၿပီး ခ်ာလီကို ေမးလိုက္တယ္။

" ပုံမွန္ဆို ဘယ္သူက ေဆးေတြကို ထိန္းသိမ္းထားၿပီ မစၥတာကု ဆီကို ယူေဆာင္ေပးတာလဲ? "

ခ်ာလီက မ်က္ေမွာင္ၾကဳတ္လိုက္တယ္။ သူသည္ ေဆးမ်ားကို ထိန္းသိမ္း ထားေသာ္လည္း သူနာျပဳေတြက ကုယြမ္က်ိဳးအား ေန႕စဥ္ေဆးဝါးမ်ား တိုက္ေကြၽးခဲ့တယ္။

တစ္ခါတစ္ရံ သူက အိမ္ေတာ္ထိန္းလင္းကို ေဆးမ်ားေပးၿပီး ေဆးမ်ားကို အိမ္ေတာ္ထိန္းလင္းအား သူနာျပဳထံေပးေစတယ္။

" မစၥတာကု ေသာက္ေနတဲ့ ေဆးေတြကို အျမန္စစ္ၾကည့္! " မုရွင္းယုက အလ်င္စလို ေျပာလိုက္သည္။

အရမ္းကို အေရးႀကီးသည့္ ကိစၥတစ္ခု ျဖစ္ခဲ့တာကို ခ်ာလီကသိတယ္။ထို႔ေၾကာင့္ သူက အလ်င္အျမန္လိုက္သြားခဲ့တယ္။

သူက ညစာစားေနခ်ိန္၌ ခ်ာလီသည္ ေနာက္ဆုံး စစ္ေဆးမႈရလဒ္ကို ရရွိခဲ့သည္။

ထိုအခ်ိန္တြင္ မုရွင္းယုသည္ မစၥတာကုႏွင့္အတူ ညစာစားေနၿပီး ခ်ာလီသည္ တည္ၿငိမ္ေသာ မ်က္ႏွာျဖင့္ လမ္းေလွ်ာက္လာေသာအခါ တစ္ခုခုမွားေနၿပီ ဆိုတာ သူသိလိုက္သည္။

" ေဒါက္တာခ်ာလီ၊ ဘာကိစၥလဲ? " အဖိုးကုသည္ ကုယြမ္က်ိဳးသည္ ပုံမွန္မဟုတ္တာ ျဖစ္ခဲ့တယ္ညထင္တဲ့အတြက္ စိုးရိမ္စြာ ေမးလိုက္တယ္။

" ဖိုးဖိုး, စိတ္မသက္မသာမျဖစ္ပါနဲ႕ "
မုရွင္းယုသည္ ခ်ာလီထံမွ စစ္ေဆးမႈ ရလဒ္ကို ယူလိုက္ၿပီး အဲ့တာကို ဖတ္ၿပီးေနာက္မွာ သူ႕မ်က္ႏွာမွာ လည္အလြန္ မဲေမွာင္သြားတယ္။

လင္းေရွာင္သည္ ဧည့္ခန္းတြင္ ရွိေသာ္လည္း သူက အဲ့ဒါကို မရွက္ဘူး။ ထိုအစား,သူက အဘိုးကုအား စစ္ေဆးခ်က္ စာ႐ြက္အား ေပးလိုက္တယ္။ " ဖိုးဖိုး,ၾကည့္လိုက္ပါ "

ကုယြမ္က်ိဳးသည္ ေမ့ေျမာေနေသာေၾကာင့္ အဘိုးကုသည္ ကုယြမ္က်ိဳးအား ယူေဆာင္ေပးရန္ ေဆးမ်ားအေၾကာင္းကို ေလ့လာထားတယ္။ ထို႔ေၾကာင့္ သူက စစ္ေဆးခ်က္စာ႐ြက္ကို ၾကည့္လိုက္တဲ့အခါ, ကုယြမ္က်ိဳးသည္ အထက္ပါ ေဆးဝါး အားလုံးကို ေသာက္ေနသည္ကို ေတြ႕ရွိခဲ့သည္။

စစ္ေဆးခ်က္ စာ႐ြက္တြင္ ေဆးဝါး ၁၃ မ်ိဳးရွိၿပီး ၎တြင္ေဆးဝါး ၈ မ်ိဳးသည္ ကုထုံး အာနိသင္မရွိေပ။ပါဝင္ပစၥည္းမ်ားမွာ ေရႏွင့္ဂ်ဳံမႈန႔္ တို႔သာျဖစ္သည္။

အဖိုးအိုကုသည္ အလြန္ဗဟုသုတရွိၿပီး ခန႔္မွန္းခ်က္တစ္ခု ခ်က္ခ်င္းကို ထြက္လာသည္။

" ဒီစစ္ေဆးမႈက ဘာေတြျဖစ္ေနတာလဲ? ေဆးဝါးအားလုံးကို စစ္ေဆးဖို႔ပို႔ၿပီးမွ ယြမ္က်ိဳးကို တိုက္ေကြၽးတာမဟုတ္လာ? "

အဘိုးကု၏ ႏွလုံးသားတြင္ ကံေကာင္းမႈတစ္ခု ရွိဆဲျဖစ္ေသာ္လည္း ခ်ာလီရဲ႕ စကားမ်ားကသူ႕ကိုအမွန္တရားကို ရင္ဆိုင္ေအာင္ျပဳလုပ္ခဲ့တယ္။

" အဖိုးဒါက်ေတာ့္အမွားပါ၊တစ္စုံတစ္ေယာက္ကသူ႕ေျခသူ႕လက္နဲ႕ေဆးေတြကိုေျပာင္းခဲ့တယ္ "

မုရွင္းယု ကလည္းေျပာလိုက္တယ္။

" ဖိုးဖိုး ၊ေဒါက္တာခ်ာလီနဲ႕ က်ေတာ္က ဒီေန႕ေဆးမွာ ျပႆနာတစ္ခုခုရွိေနတာကိုေတြ႕ခဲ့တယ္။ အဲ့တာနဲ႕ က်ေတာ္တို႔ စစ္ေဆးၾကည့္ဖို႔အတြက္ပို႔လိုက္တာ၊ရလဒ္က...."

" ဖိုးဖိုး နားလည္တယ္ " မစၥတာကုက ကုန္းတိုက္မွာ သူ၏ သက္တမ္းတစ္ဝက္ရွိေနၿပီး သူကဘီလူးျဖစ္ဖို႔ထိုက္တန္တယ္။

သူက လွ်င္ျမန္စြာ စိတ္ေလ်ာ့လိုက္ၿပီး တည္ၾကည္ေလးနက္စြာေမးလိုက္တယ္ " ဘယ္သူကေျခေတြလက္ေတြကိုအသုံးျပဳခဲ့တာလဲ,မင္းသိလာ? "

မုရွင္းယုကသူ႕ေဘးနားရွိလင္းေရွာင္ကိုၾကည့္လိုက္သည္။

" အိမ္ေတာ္ထိန္းလင္,ဒီအခ်ိန္မွာ,ခင္ဗ်ားဘာလို႔ဘာမွမေျပာတာလဲ? "

" သခင္ေလးမု,ဘာကိုဆိုလိုတာလဲ?က်ေတာ္ကသခင္ငယ္ေလးရဲ႕ေဆးကိုေျပာင္းလိုက္တယ္လို႔သံသယရွိေနတာလာ? " လင္းေရွာင္းကမေက်မနပ္ေျပာလိုက္တယ္။

မုရွင္းယုသည္ေသခါနီအႏၱရာယ္က်ေရာက္ေနေသာအခ်ိန္မွာေတာင္အလြန္တည္ၿငိမ္ေနေသာလင္းေရွာင္ကိုေလးစားတယ္။

သူကခ်န္ဖန္းကိုတစ္ခ်က္ၾကည့္လိုက္ၿပီးခ်န္ဖန္းသည္လင္းေရွာင္းအိမ္မွသူရရွိေသာအရာအားလုံးကိုအလ်င္အျမန္စားပြဲေပၚတင္လိုက္သည္။

" က်ေတာ္ခင္ဗ်ားအိမ္ကေနဒါေတြကိုရခဲ့တယ္၊ခင္ဗ်ားမွာဘာေျပာစရာရွိေသးလဲ? " မုရွင္းယုကေမးသည္။

လင္းေရွာင္ကအံ့ၾသသြားသည္။

သူကမုရွင္းယုကိုဒီေလာက္ျမန္ျမန္သက္ေသရဖို႔ေမွ်ာ္လင့္မထားဘူး။မုရွင္းယုကသူ႕ကိုသံသယဝင္ေနတာၾကာၿပီျဖစ္ေကာင္းျဖစ္နိုင္တယ္၊ဒါေပမယ့္အဲ့တာကိုသူမသိခဲ့ဘူး။

အဘိုးကုသည္လင္းေရွာင္အားအလြန္ေအးစက္ေသာအၾကည့္ျဖင့္ၾကည့္လိုက္တယ္။ " လင္းေရွာင္၊မင္းရဲ႕လက္ေတြ၊ေျခေတြျဖစ္လိမ့္မယ္လို႔ငါမေမွ်ာ္လင့္ထားဘူး။ မင္းကငါ့ေနာက္ကိုလိုက္လာတာ အႏွစ္၃၀ ေက်ာ္ၿပီငါမင္းကိုအရမ္းယုံၾကည္ခဲ့တယ္ဒါေပမယ့္မင္းက...ယြမ္က်ိဳးကိုထိခိုက္ေအာင္လုပ္ရဲတယ္၊ဘာျဖစ္တာလဲငါ့ကိုေျပာစမ္း? "

" သခင္ႀကီး,က်ေတာ္လည္ကူကယ္ရာမဲ့စြာနဲ႕ဖိအားေပးခံရလို႔ပါတစ္ေယာက္ေယာက္ကက်ေတာ့္မိန္းမနဲ႕ကေလးေတြကိုၿခိမ္းေျခာက္ဖို႔အတြက္သုံးထားလို႔က်ေတာ္ေဆးကိုေျပာင္းခဲ့ရတာပါ " လင္းေရွာင္ကဝမ္းနည္းစြာေျပာတယ္။

" မင္းကိုဘယ္သူၿခိမ္းေျခာက္ေနတာလဲ? "

လင္းေရွာင္းကေခါင္းယမ္းၿပီး " က်ေတာ္မေျပာနိုင္ဘူး၊က်ေတာ့္မိသားစုေသလိမ့္မယ္ "

" မင္းမိသားစုကိုငါသတ္မွာကိုေတာ့မင္းမေၾကာက္ဘူးလာ! " အဖိုးကုကစားပြဲကိုရိုက္လိုက္ၿပီးေဒါသတႀကီးေျပာတယ္။

လင္းေရွာင္းသည္ေျမေပၚသို႔လ်င္ျမန္စြာဒူးေထာက္လိုက္ၿပီး " သခင္ႀကီး၊အရာအားလုံးကိုက်ေတာ္တစ္ေယာက္ထဲလုပ္တာပါ၊က်ေတာ္သခင္ႀကီးကိုႏွစ္ေပါင္းသုံးဆယ္ေက်ာ္အလုပ္အေကြၽးျပဳခဲ့တာကိုေထာက္ၿပီးသူတို႔ကိုဒုကၡမေပးပါနဲ႕ "

" မင္းမွားတယ္၊ငါကဘယ္တုန္းကမွၾကင္နာတတ္တဲ့သူတစ္ေယာက္မဟုတ္ဘူး၊အထူးသျဖင့္ယြမ္က်ိဳးကိုမင္းဒုကၡေပးရဲတယ္ " အဖိုးကုကတည္ၿငိမ္တဲ့မ်က္ႏွာနဲ႕ေျပာၿပီးခ်န္းဖန္းကတစ္ေယာက္ေယာက္ကိုလင္းေရွာင္းရဲ႕အိမ္ကိုခ်က္ခ်င္းသြားဖို႔အမိန့္ေပးလိုက္တယ္။

လင္းေရွာင္းသည္အလြန္ေၾကာက္႐ြံ႕သြားၿပီးေနာက္ဆုံးမွာေျပာလိုက္တယ္ " ဒါကမစၥတာကုရဲ႕ၿပိဳင္ဘက္ေတြလုပ္တာ "

မုရွင္းယုကမ်က္ေမွာင္ၾကဳတ္ၿပီးျပန္လည္ေခ်ပေတာ့မည္ျဖစ္ေသာ္လည္းလင္းေရွာင္က႐ုတ္တရက္နာက်င္စြာေအာ္ဟစ္လိုက္ၿပီးေျမေပၚသို႔လဲက်သြားသည္။

ခ်န္းဖန္သည္ေရွ႕သို႔အလ်င္အျမန္ေရာက္လာၿပီးလင္းေရွာင္၏အသက္ရႈသံကိုစစ္ေဆးလိုက္တယ္,သူကအသက္ရႈေနေသးသည္မွာေသခ်ာသည္။

သူကလင္းေရွာင္း၏႐ုတ္တရက္သတိေမ့ျခင္း၏အေၾကာင္းရင္းကိုစစ္ေဆးရန္လင္းေရွာင္း၏ေကာ္လာကိုထပ္မံဆြဲဖယ္လိုက္ၿပီးမၾကာမီသူ၏လည္ပင္းေနာက္ဘက္တြင္အနီေရာင္ႏွင့္ေရာင္ရမ္းေနေသာအမွတ္အသားတစ္ခုကိုေတြ႕လိုက္တယ္။

" သခင္ႀကီး,သူကအာ႐ုံေၾကာထိန္းခ်ဳပ္မႈခ်စ္ပ္တစ္ခုထည့္သြင္းျခင္းခံထားရတယ္ " ခ်န္ဖန္းကေျပာတယ္။

အဘိုးကု၏မ်က္ႏွာသည္ခ်က္ခ်င္းပင္အ႐ုပ္ဆိုးသြားခဲ့သည္။

ကုမိသားစုသည္နည္းပညာႏွင့္စတင္ခဲ့ၿပီးအာ႐ုံေၾကာထိန္းခ်ဳပ္မႈခ်စ္ပ္၏လုပ္ေဆာင္ခ်က္ႏွင့္ပတ္သက္၍ သူအလြန္ရွင္းလင္းစြာသိတယ္။

ထိုခ်စ္ပ္အမ်ိဳးအစာကိုလူသားလည္ပင္း၏ေနာက္တြင္စိုက္ၿပီးလူ႕ ဦးႏွောက္အာ႐ုံေၾကာကိုထိန္းခ်ဳပ္နိုင္သည္။

အသက္သြင္းလိုက္သည္ႏွင့္တၿပိဳင္နက္အစြမ္းထက္ေသာလက္ရွိ ဦးႏွောက္အာ႐ုံေၾကာသည္ခ်က္ခ်င္းပ်က္စီးသြားၿပီးလူတစ္ေယာက္အားအ႐ူးတစ္ေယာက္အျဖစ္သို႔ေျပာင္းလဲေစလိမ့္မည္။

အဖိုးကုကသူသည္လင္းေရွာင္ဆီကေနအေျဖမရနိုင္ေတာ့တာကိုသိတယ္၊ဒါေၾကာင့္လင္းေရွာင္ကိုရဲစခန္းကိုပို႔လိုက္ၿပီးသူကလင္းေရွာင္းနဲ႕အဆက္အသြယ္ရွိသူေတြကိုခ်န္ဖန္းကိုစုံစမ္းခိုင္းလိုက္တယ္။မၾကာခင္သူကအျခားသဲလြန္စကိုရွာေတြ႕နိုင္တယ္။

မုရွင္းယုသည္လင္းေရွာင္ကိုေခၚေဆာင္သြားသည္ကိုၾကည့္ၿပီးအခ်ိန္အေတာ္ၾကာစိတ္မေအးနိုင္ခဲ့ဘူး။

သူကလင္းေရွာင္ကိုမုန္းေပမယ့္လင္းေရွာင္းကလည္အန္ဒရီရဲ႕ႏွိပ္စက္တာကိုခံရတာကိုသူမသိခဲ့ဘူး။ဒီတစ္ခါလင္းေရွာင္ကိုဖမ္းမိတာကအေသအခ်ာကိုေၾကာက္ဖို႔ေကာင္းတယ္။အန္ဒရီကပိုၿပီး႐ူးသြပ္စရာေတြကိုလုပ္မွာကိုသူစိုးရိမ္ေနတယ္။

" ရွင္းယု,ယြမ္က်ိဳးကိုသြားၾကည့္ရေအာင္ " အဘိုးကုသည္ပင္ပန္းႏြမ္းနယ္မႈတစ္ခုကိုျပသခဲ့ၿပီးလင္းေရွာင္၏သစၥာေဖာက္မႈကသူ႕ကိုစိတ္မခ်မ္းမသာျဖစ္ေစခဲ့တယ္။

မုရွင္းယုသည္ေရွ႕သို႔အလ်င္အျမန္လာၿပီးမစၥတာကုကိုကူညီလိုက္ၿပီးသူတို႔ဟာစတုတၳထပ္သို႔အတူတကြလာခဲ့ၾကတယ္။

ခ်ာလီကကုယြမ္က်ိဳးကိုမစၥတာကုေရွ႕တြင္ထပ္မံစစ္ေဆးၿပီး " အဖိုးကု,အီသန္ကအရာအားလုံးပုံမွန္ပါဘဲ၊စိတ္ခ်လက္ခ်ေနပါ "

" ဟုတ္တယ္,ဖိုးဖိုး,ေဆးေျပာင္းတာကကုသမႈကိုအႀကိဳးသက္ေရာက္မႈမရွိဘူး၊ဒါေပမယ့္လည္းအဲ့တာကမနာက်င္ပါဘူး၊ပါဝင္တဲ့အရာေတြအေၾကာင္းကိုအရမ္းႀကီးမစိုးရိမ္ပါနဲ႕ "မုရွင္းယုကလည္ေဖ်ာင္းဖ်သည္။

ဤအခ်ိန္၌မုရွင္းယုသည္အန္ဒရီကအရာအားလုံးကိုထုတ္ေဖာ္မည္ကိုေၾကာက္႐ြံ႕ေသာေၾကာင့္ကုယြမ္က်ိဳးကိုအဆိပ္မခတ္ခဲ့သည့္အတြက္ေက်းဇူးတင္ေနသည္။

လင္းေရွာင္၏သင္ခန္းစာမ်ားကိုသင္ယူၿပီးေနာက္မစၥတာကုသည္ထိုညတြင္ကုမိသားစု၏အိမ္လုံၿခဳံေရးကိုျဖန႔္က်က္အားျဖည့္ခဲ့ၿပီးအျခားသူလွ်ိုမ်ားမရွိေစရန္ျဖစ္နိုင္ေခ်ရွိေသာစုံစမ္းစစ္ေဆးမႈမ်ားစြာကိုျပဳလုပ္ခဲ့တယ္။

ခ်ာလီသည္လည္းေဆးဝါးမ်ားအားလုံးကိုဖ်က္ဆီး၍အထူးေလယာဥ္ျဖင့္အဂၤလန္သို႔တစ္ညအိပ္ခရီးသြားၿပီးေဆးဝါးအသစ္မ်ားျဖင့္ျပန္လာခဲ့သည္။

အိမ္ေတာ္ထိန္းလင္းကိုေျဖရွင္းၿပီးၿပီးျဖစ္ေပမယ့္မုရွင္းယုကစိတ္မေအးေသးဘူး။တစ္ခုခုျဖစ္ေတာ့မယ္လို႔သူအၿမဲခံစားေနရတယ္။

ဒါေၾကာင့္သူကဥယ်ာဥ္ကိုသြားတဲ့အႀကိမ္အေရအတြက္ကိုတိုးျမင့္လိုက္ၿပီး၊ဝိညာဥ္အရည္ကိုပိုထုတ္ယူနိုင္ရန္ရွင္သန္မႈကိုပိုစုပ္ယူလိုက္တယ္။ကုယြမ္က်ိဳးကျမန္ျမန္နိုးလာလိမ့္မယ္လို႔ေမွ်ာ္လင့္တယ္။

သူသည္မစၥတာကု၏က်န္းမာေရးကိုစိုးရိမ္ေသာေၾကာင့္ေန႕တိုင္းမစၥတာကု၏လက္ဖက္ရည္ထဲသို႔ဝိညာဥ္အရည္တစ္စက္ကိုတိတ္တဆိတ္ထည့္လိုက္ၿပီးမစၥတာကုရဲ႕ခႏၶာကိုယ္သည္ယခင္ကထက္ပိုမိုေကာင္းမြန္လာသည္။

မၾကာခင္မွာပါးပါးမုရဲ႕ေမြးေန႕ျဖစ္ၿပီးမုရွင္းယုသည္လက္ထပ္ၿပီးေနာက္ပထမဆုံးအႀကိမ္အိမ္သို႔ျပန္သြားခဲ့တယ္။

" အေမ့ရဲ႕ခ်စ္သားေလး,သားပိုပိန္လာသလားဆိုတာၾကည့္ခြင့္ျပဳဦး "
မုရွင္းယုကိုၾကည့္ၿပီးမားမုကအရမ္းေပ်ာ္သြားၿပီးမုရွင္းယုရဲ႕လက္ကိုယူကာႏြေးေထြးစြာေမးလိုက္တယ္။

မုရွင္းယုသည္ေသခ်ာထုပ္ပိုးျပင္ဆင္ထားတဲ့လက္ေဆာင္အိတ္ကိုပါးပါးမုအားေပးလိုက္တယ္။ပါးပါးမုကသူ႕ကိုေမးလိုက္တယ္ " မစၥတာကုရဲ႕အေျခအေနကဘယ္လိုလဲ? "

" အမ်ားႀကီးပိုေကာင္းလာတယ္၊လြန္ခဲ့တဲ့ႏွစ္ရက္ကသူ႕လက္ေခ်ာင္းကလႈပ္ရွားလာတယ္၊ဒီတိုင္းဆက္သြားရင္သူမၾကာခင္နိုးလာေတာ့မယ္ "

" အဲ့တာေကာင္းတယ္! "

မုရွင္းယုျပန္လာတာႀကိဳဆိုဖို႔အတြက္မားမားမုကမုရွင္းယုအႀကိဳက္ဆုံးအစားအစာမ်ားကိုျပင္ဆင္ဖို႔မနက္အေစာႀကီးထကာမီးဖိုေခ်ာင္မွာၫႊန္ၾကားေနတယ္။

မုရွင္းယုသည္အိမ္တြင္,အစားစားကာအလြန္ေက်နပ္သြားၿပီးယခင္ဘဝ၌သူ၏မိုက္မဲေသာအျပဳအမူအတြက္ေနာင္တရခဲ့သည္။

စားေနစဥ္အတြင္းသူသည္ပါးပါးမုအားကုမၸဏီ၏အေျခအေနအားေမးျမန္းခဲ့သည္။ အရာအားလုံးပုံမွန္ျဖစ္ေၾကာင္းသိရၿပီးေနာက္,ေနာက္ဆုံးတြင္သူသည္သက္ျပင္းခ်နိဳင္ခဲ့တယ္။

ပါးပါးမုကစေနာက္ကာ " ဘာလို႔သားကကုမၸဏီရဲ႕ကိစၥေတြကိုဂ႐ုစိုက္ေနတာလဲ?အဲဒါကိုသား႐ုတ္တရက္သေဘာေပါက္နားလည္သြားၿပီးပါးကိုလာကူညီခ်င္လို႔လာ? "

မုရွင္းယုကေခါင္းကိုခပ္ျမန္ျမန္ခါလိုက္သည္။ မားမားမုကလည္းသူ႕သားကိုေထာက္ခံတယ္။

" ရွင္ဘဲရွင့္သားကစီးပြားေရးအတြက္မဟုတ္ဘူးလို႔ေျပာခဲ့တယ္ေလ၊ဒါကိုဘာေၾကာင့္သားကိုစိတ္ကသိကေအာက္ျဖစ္ေအာင္စိတ္အႏွောက္အယွက္ေပးေနတာလဲ၊ျဖစ္နိုင္ရင္သားကိုအႏုပညာေလာကထဲကိုအျမန္ဆုံးျပန္လာဖို႔က်မေမ်ာ္လင့္တယ္၊ဒါမွက်မရဲ႕ၾကယ္ပြင့္ေလးရွင္းယုကိုဖန္သားျပင္ေပၚမွာျမင္နိုင္မွာ "

မုရွင္းယုသည္အကူအညီမဲ့စြာၿပဳံးလိုက္တယ္။သူ႕အေမသည္မေမွ်ာ္လင့္ဘဲ ၾကယ္ေနာက္လိုက္ျခင္းကိုအလြန္စြဲလမ္းေနသည္။

ညစာစားၿပီးေသာအခါပါးပါးမုသည္အေရးႀကီးေသာအရာမ်ားေၾကာင့္ကုမၸဏီသို႔သြားခဲ့ၿပီးမားမားမုသည္မုရွင္းယုအားေနာက္ဆက္တြဲစာရင္းရွိလူမ်ားအားမိတ္ဆက္ေပးရန္မိုဘိုင္းဖုန္းရွိWeiboကိုဖြင့္လိုက္တယ္။

" ၾကည့္၊ဒါကဒါရိုက္တာဖန္,ဇကာတင္႐ုပ္ရွင္ပြဲေတာ္မွာခမ္းနားတဲ့ဆုကိုဆြတ္ခူးခဲ့တဲ့သူ။ဒါကဒါရိုက္တာဆုန္း,သူကမႏွစ္က၀င္ေငြအျမင့္ဆုံး႐ုပ္ရွင္ကိုရိုက္ကူးခဲ့တာ...."

မုရွင္းယုကူကယ္ရာမဲ့စြာၾကားျဖတ္ေျပာဆိုလိုက္တယ္။

" မား,ကြၽန္ေတာ့္ကိုေျပာ,သူတို႔နဲ႕ဘာလုပ္ခ်င္တာလဲ? "

" သားဘယ္ဒါရိုက္တာနဲ႕အလုပ္လုပ္ခ်င္လဲ?အေမကသာကိုဒါရိုက္တာနဲ႕ဆက္သြယ္ေပးမယ္ "

မုရွင္းယုကရီရမလားငိုရမလားမသိေတာ့ေပ။

" မား၊မဟုတ္ေသးဘူး၊အဲ့ဒီအဓိကဒါရိုက္တာအားလုံးနဲ႕က်ေတာ္အခုရိုက္ကူးဖို႔အစီအစဥ္မရွိဘူး။က်ေတာ္ကသူတို႔မ်က္လုံးထဲမ၀င္နိုင္ဘူး "

" အေမေျပာမယ္၊ငါ့သားကေသခ်ာေပါက္ကိုအေကာင္းဆုံးဘဲ!စိတ္မပူနဲ႕,အေမကသားအတြက္ရင္းႏွီျမႇုပ္ႏွံမယ္,ဒီ,ဒါရိုက္တာေတြကျငင္းမွာမဟုတ္ဘူးလို႔အေမယုံတယ္ "

မုရွင္းယုကသူ႕နဖူးကိုပြတ္လိုက္တယ္။သူမသိဘူး,သူ႕အေမကဘာလို႔သူသ႐ုပ္ေဆာင္မွာကိုအရမ္းစိတ္အားထက္သန္ေနရတာလဲ?

ဒီအခ်ိန္မွာခ်န္ဖန္းကသူ႕ကို႐ုတ္တရက္ဖုန္းေခၚဆိုလာၿပီးသူ႕အသံကအရမ္းစိုးရိမ္ကိုေနဆဲဘဲ။

" သခင္ေလးမု,သခင္ႀကီးကေဆး႐ုံမွာ "

" ဘာကိစၥျဖစ္သြားတာလဲ? " မုရွင္းယုကအံအားသင့္သြားတယ္။ပါးပါးကုကဝိညာဥ္ရည္ကိုေသာက္ၿပီးက်န္းမာေရးေကာင္းေနသည္မွာထင္ရွားတယ္။

" သခင္ေလးမု,က်ေတာ္ေနာက္မွရွင္းျပပါ့မယ္၊အခုေဆး႐ုံကိုအျမန္လာပါ "

" ေကာင္းၿပီ၊က်ေတာ္အခုခ်က္ခ်င္းလာခဲ့မယ္ "

မားမားမုကတည္ၿငိမ္ေသာမ်က္ႏွာျဖင့္ေမးတယ္ " ဘာကိစၥလဲ? "

ပါးပါးမုနဲ႕မားမားမုတို႔သည္လည္မစၥတာကုေဆး႐ုံတက္ရတဲ့အေၾကာင္းကိုအရမ္းစိုးရိမ္ၿပီးမုရွင္းယုနဲ႕အတူေဆး႐ုံကိုသြားခဲ့တယ္။

လမ္းမွာ,မုရွင္းယုကခ်န္ဖန္းကိုတစ္ဖန္,ဖုန္းျပန္ေခၚဆိုလိုက္ၿပီးအဘိုးကုကေဆး႐ုံကိုဘာေၾကာင့္တက္ရတယ္ဆိုတာေနာက္ဆုံးေတာ့သိသြားတယ္။

ကုယြမ္က်ိဳးသတိလစ္ေမ့ေမ်ာသြားၿပီးေနာက္ကုအုပ္စုကိုအၿမဲတမ္းဒုဥကၠ႒ဟဲဝမ္ဟန္ကစီမံခန႔္ခြဲမႈရသည္။

သူသည္ကုမၸဏီ၏၀န္ထမ္းေဟာင္းတစ္ဦးျဖစ္ၿပီးကုယြမ္က်ိဳးကသူ႕အားအလြန္ယုံၾကည္ခဲ့သည္။ကုမိသားစုကိုလႊဲေျပာင္းယူၿပီးေနာက္ဒုဥကၠ႒သည္,သူအလုပ္ႀကိဳးစားခဲ့ၿပီးကုမိသားစုတြင္မည္သည့္ႀကီးမားေသာျပသနာမွမရွိေပ။

ဒါေပမယ့္,ႏွစ္သစ္ေရာက္ၿပီးမၾကာခင္မွာပဲဒုဥကၠ႒ဟာသူ႕ရာထူးကိုအလြဲသုံးစားလုပ္ၿပီးသက္ဆိုင္ရာဌာနေတြရဲ႕သိမ္းယူျခင္းကိုခံရတယ္လို႔သတင္းေတြထြက္ေပၚခဲ့ပါတယ္။

ဒါကိုသိၿပီးတဲ့ေနာက္မစၥတာကုဟာကုမၸဏီကိုအလ်င္အျမန္သြားခဲ့တယ္။သူကအရမ္းေဒါသထြက္ေနၿပီးဒုဥကၠ႒သည္ကုမၸဏီရဲ႕သိန္းရာခ်ီပိုင္ဆိုင္မႈေတြကိုအလြဲသုံးစားလုပ္ခဲ့တာကိုသက္ေသအေထာက္အထားမ်ားနဲ႕တကြသိလိုက္ရတဲ့အခ်ိန္မွာသူကသတိလစ္သြားခဲ့တယ္။

တကယ္လို႔မစၥတာကုရဲ႕က်န္းမာေရးသာမေကာင္းခဲ့ရင္ဒီတခါပိုၿပီအရမ္းကိုဆိုး႐ြားမွာကိုသူကေၾကာက္႐ြံခဲ့တယ္။

#မွားယြင္းမႈမ်ားစြာဟာဘာသာျပန္သူရဲ႕အျပစ္ပါ။

*****************************************

Continue Reading

You'll Also Like

3.6M 288K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
19.3K 2.7K 34
သူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်
4.4M 280K 104
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
3.6K 668 133
《替身》လူစားထိုး 作者:北棠墨 မူရင္းေရးသားသူ -ေပထန္ေမာ့   အခုေခတ္ေနာက္ခံ 1 V 1 , HE