မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်...
נכתב על ידי Moesattkha
138K 16K 262
ဟိုဘက် acc log ကျသွားလို့ဒီမှာပြန်တင်ပေးပါမယ်ရှင့် עוד
Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23) (Unicode)
Chapter (23) (Zawgyi)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chaptet (40)
Chapter (41.1)
Chapter (41.2)
Chapter (42.1)
Chapter (42.2) (Unicode)
Chapter (42.2) (Zawgyi)
Chapter (43) (Unicode)
Chapter (43) (Zawgyi )
Chapter (44) (Unicode)
Chapter (44) (Zawgyi)
Chapter (45.1)
Chapter (45.2)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chspter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (6)
2.6K 331 0
נכתב על ידי Moesattkha
ဒါရိုက်တာယဲ့သည် ရိုက်ကူးရေး၏ အသေးစိတ် အချက်အလက်တွေကို လက်ထောက်ဒါရိုက်တာနှင့် ဆွေးနွေးနေသည်။
မုရှင်းယုကို ရုတ်တရက်မြင်လိုက်တော့ သူက အနည်းငယ်အံသြသွားတယ်။ " မင်းကဘာလို့ ဒီကို ရောက်နေတာလဲ? မင်းအိမ်ပြန် အနားယူချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လာ? "
ဒါရိုက်တာယဲ့၏ စကားများကို ကြားလိုက်​တော့ မုရှင်းယု၏ နှလုံးသားသည် အောက်ဆုံတွင် ရှိနေခဲ့သည်။ အစ်မချင်းသည် သူ့အား တစ်ဖတ်သတ်လာဖို့ ပြောခဲ့တာဘဲ။
" ဒါရိုက်တာယဲ့.ဒါက ဒီလိုပါ ကျတော်အိမ်မှာ ကိစ္စတစ်ခုခုရှိလို့ ၊ကျတော် ဆက်ပြီး ရိုက်ကူးနိုင်မှာ မဟုတ်ဘူး၊အဖွဲ့အတွက် ဆုံးရှုံးမှုတွေကို ကျတော် အလျော်ပေးပါ့မယ် "
ယဲ့တုန်က အံ့သြသွားပြီး ဘာပြောရမှန်း မသိတော့ပေ။ သို့သော် နောက်မှ လိုက်လာသူ ဖုန်းဇီအန်သည် မုရှင်းယု၏ စကားများကိုကြားတဲ့အခါ သူက အရင်ပြောလိုက်တယ်။
" မုရှင်းယု မင်းဘာကို ဆိုလိုတာလဲ? မင်းက အဖွဲ့ကနေ နုတ်ထွက်ချင်တယ်? " အထင်သေးစွာဖြင့် " မင်းကိုယ်မင်း ဘယ်သူ ထင်နေလဲ?မင်က ဆုံးရှုံးမှု အားလုံးကို ပေးနိုင်တယ် ။ဟုတ်လာ..."
ရှောင်ဝမ်က မုရှင်းယုရဲ့ အချက်အလတ်တွေကို သိတာကြောင့် သူကဖုန်းဇီအန်ကို ပြန်လည်ချေပ ချင်ခဲ့ပေမယ့် မုရှင်းယုက မပြောဖို့အမူအယာပြခဲ့တယ်။
" အစ်ကိုဖုန်..ကျတော် လျော်ကြေးငွေ ပေးလားမပေးဘူးလား ဆိုတာ ကျတော့ပြဿနာလေ၊အစ်ကိုဘာလို့ ဝင်ပါတာလဲ၊ အစ်ကို ကျတော့အစားလျော်ကြေးငွေ ပေးချင်လို့လာ? "
ရှင်းယုက အပြုံးဖြင့် မေးလိုက်သည်။
ဖုန်းဇီအန်းသည် အလွန်ဒေါသထွက်သွားသော်လည် မည်သို့ ပြန်လည်ချေပရမည်ကို မသိခဲ့ပေ။
ဒီနေရာကို အဖွဲ့ရှိ လူတိုင်းက ကြည့်နေကြပြီး သူက ဟွန့်ကနဲနှာမှုတ်ကာဒေါသတကြီး ဖြင့်ထွက်ခွာသွားတယ်။
ယဲ့တုန်က မျက်မှောင်ကြုတ်ထားခဲ့တယ်။ ဖုန်းဇီအန် ထွက်ခွာသွားပြီးနောက် သူက မုရှင်းယုကို မေးလိုက်တယ်..." ဘာလို့ မင်းက ရုတ်တရက်ကြီး ထွက်သွားချင် ရတာလဲ? မင်းက သရုပ်ဆောင်တဲ့နေရာမှာ ပါရမီရှိတယ်၊ ပြီးတော့ မင်းခဏလေး စိတ်ပျက်အားငယ်တာက ဘာမှမဟုတ်ပါဘူး "
ယဲ့တုန်က ဖုန်းဇီအန်ကို စူးစိုက်စွာဖျက်ခနဲ တစ်ချက်ကြည့် လိုက်တယ်။ ဖုန်းဇီအန်သည် အမျိုးသားဇာတ်လိုက် ဖြစ်လာခြင်းကို အားကိုပြီး မုရှင်းယုအား နေရာတိုင်းတွင် ဖိနှိပ်ခဲ့တယ် ဆိုတာအားလုံးက သိသာထင်ရှားနေတယ်။
သို့သော်လည်း ယဲ့တုန်က မုရှင်းယုကို အလွန်သဘောကျသည်။ ပြီးတော့ မုရှင်းယုက အဲ့တာကို ယာယီလောက် သည်းခံနိုင်မယ်လို့ သူမျှော်လင့်ခဲ့တယ်။(T/N ဇီအန်ရဲ့ဖိနှိပ်မှုကိုပါ)
ဇာတ်လမ်းကို ထုတ်လွှင့်တဲ့အခါမှာ ဘယ်သူနိုင်လဲရှုံးလဲ ဆိုတာ မသိရသေးပေ။ မုရှင်းယုသည် ယဲ့တုန်း၏ ဆိုလိုရင်းကို နားလည်သည်။
သူသည် ယခင်ဘဝတွင် ဤဒရမ်မာ ရိုက်ကူးရေးမှ ဝေဒနာများစွာခံစားခဲ့ရသော်လည် အဲ့တာကို ထုတ်လွှင့်ချိန်တွင် သူ့အခန်းအများစုက ဖြတ်တောက်ပစ်ခြင်း ခံခဲ့ရတယ်။
သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကချည်းနှီးဘဲလို့ သူထင်ခဲ့ပေမယ့် သရုပ်ဆောင်တစ်ယောက်ရဲ့ကျော်ကြားမှုရှိမရှိဆိုတာသူရဲ့ရုပ်ရည်ဘဲ။ " နွေးထွေးသောအခိုက်အတန့် " ဒရမ်မာတွင်မုရှင်းယုသည် ဆင်းရဲသောဒုတိယအမျိုးသားဇာတ်လိုက်အနေနဲ့ အခန်းအနည်းငယ်သာပါဝင်သော်လည် အဲ့ဒီပြတ်တောင်ပြတ်တောင်ရိုက်ချက်များနှင့်အတူ သူကကြီးမားတဲ့အာရုံစိုက်မှုကိုရရှိခဲ့တယ်။
ဒါပေမယ့် ဒီဘ၀မှာတော့ သူ့မှာပိုအရေးကြီးတဲ့ အရာတွေကိုလုပ်စရာရှိတယ်။ ထို့ကြောင့်သူကအရင်ဆုံးဖျော်ဖြေရေးလောကကနေ ခဏတာလောက်ပဲ ယာယီရပ်နားလိုက်ရမယ်။
" ဒါရိုက်တာယဲ့ ကျတော်ရှင်းရှင်းလင်းလင်းတွေးပြီးပြီးဒါကြောင့် ကျတော်တောင်းပန်ရုံပဲတက်နိုင်တယ် "
မုရှင်းယုသည် လျော်ကြေးအတွက်ယဲ့တုန်နှင့် စတင်ဆွေးနွေးခဲ့တယ်။ဒါပေမယ့် ထိုအချိန်တွင်မစ်ချင်း,မုရှင်းယု၏အေးဂျင့်က အဖွဲ့သားများဆီသို့ရောက်လာတယ်။
ဖုန်းဇီအန်း မနေနိုင်ဘဲပြုံးလိုက်ပြီးအစ်မချင်းသည် မုရှင်းယုအားရှင်းပစ်ရန်အတွက် စောင့်နေလိုက်သည်။
သေချာတာပေါ့၊အစ်မချင်းသည်မုရှင်းယုအားမြင်ပြီးနောက်သူမကအလွန်ရိုင်စိုင်းစွာဖြင့် " မုရှင်းယု၊ နင်ရောက်နေတာကို ငါ့ကိုဘာလို့မပြောရတာလဲ? "
အစ်မချင်းသည် မုရှင်းယုကိုတွေ့ရန်အတွက် အဖွဲ့၏ အပြင်ဘက်မှာစောင့်နေခဲ့သည်။ ဒါပေမယ့်မုရှင်းယုက ယနေ့ဖွင့်လိမ့်မယ်လို့သူမသိခဲ့ဘူး။သူ (ရှင်းယု) က Audi A8 ကိုမောင်းခဲ့သည်။ ထို့ကြောင့်အဲ့မှာဘာမှမရှိတဲ့အတွက်သူမကလွဲချော်ခဲ့တယ်။
" အစ်မချင်းကျတော်အစ်မလာမယ်လို့မမျှော်လင့်ထားဘူး " အစ်မချင်းက သူ့ကိုအဖွဲ့ဆီကိုလာဖို့ပြောတယ်ဆိုတာ မုရှင်းယုကသိပြီးသားဖြစ်တယ်။ ဒါကြောင့် သူမကစတင်ပြီးအရူးတစ်ယောက်လိုယောင်ဆောင်လိုက်တယ်။
" ဟမ့်..နင်ကအဖွဲ့သားတွေကိုချန်သွားခဲ့တယ်၊ ငါနင်နဲ့စာရင်းမရှင်းရသေးဘူး..."
ယဲ့တုန်က မုရှင်းယုအပေါ်အစ်မချင်းရဲ့မှတ်ချက်ကိုကြားရသောအခါသူက မျက်မှောင်ကြုတ်လိုက်သည်။
"နွေးထွေးသောအခိုက်အတန့်များ" ကိုသူ(ယဲ့တုန်)သည်ဖုန်ဟဲမီဒီယာအနေနဲ့စီမံညွှန်ကြားကာအဓိကမဲပေးရွေးချယ်ခဲ့တယ်။ ဒါပေမယ့်အဆက်အသွယ်မှ တဆင့်ဖုန်ဟဲမီဒီယာရဲ့ ထိပ်ပိုင်းကနေ အောက်ပိုင်းထိက မကျေမနပ်ဖြစ်ခဲ့ပြီး ထိုအရာကသူ့ကိုအလွန်စိတ်ပျက်စေခဲ့တယ်။
အစ်မချင်းရဲ့စကားတွေကိုနားထောင်ပြီးနောက်မုရှင်းယုရဲ့မျက်နှာကအေးစက်သွားတယ်။သူကစိတ်မပါစွာပြောလိုက်တယ်....
" အစ်မချင်း၊ အစ်မနောက်ကျတယ်နော်၊ ကျတော် ဒါရိုက်တာယဲ့ကိုအခုဘဲနှုတ်ထွက်ဖို့အကြောင်းပြောပြီးပြီး "
" နင်ဘာပြောလဲ? "
သူမရဲ့မျက်လုံးများကပြူးကျယ်သွားတယ်၊ သူမကသူမကြားခဲ့တာကိုမယုံကြည်နိုင်ဖြစ်နေတယ်။
" ကျတော်နှုတ်ထွက်မယ်လို့ပြောတာ...အိုး... ဟုတ်သာ၊အစ်မချင်ကဒီမှာရှိနေတာဘဲ ကိစ္စမရှိဘူး၊ ကျတော်ဖုန်ဟဲနဲ့လည်း စာချုပ်ကိုအဆုံးသတ်ဖို့စီစဉ်ထားတယ်။ အစ်မချင်းက စာချုပ်ဖျက်သိမ်းဖို့ပြန်သွားပြီး ကျတော်ကိုဆီကို တဖန်ပြန်ဆက်သွယ်ပေးပါ "
" နင်......ငါ... " သူမသည်မူလကမုရှင်းယုကိုကြိမ်းမောင်းချင်ခဲ့သော်လည်း မုရှင်းယု၏စကားများက သူမ၏ ပြောရန်ပြင်ဆင်ထားသောစကားများကို အသုံးမဝင်ဖြစ်စေခဲ့တယ်။
ထိုအချိန်မှာ လက်ထောက်ကရောက်လာပြီး အန်ဒရီလာတယ်လို့ပြောခဲ့တယ်။ အဲ့တာက အစ်မချင်းရဲ့မျက်နှာကို ချက်ချင်းဖြူဖျော့သွားအောင်ပြုလုပ်ခဲ့တယ်။
မုရှင်းယုသည် အစ်မချင်းရဲ့အမူအရာမှတစ်ဆင့် နောက်ကွယ်တွင် အန်ဒရီရှိနေသည်ဟုမှန်းဆလိုက်သည်။
သူက မသိချင်ဟန်ဆောင်ပြီးဒါရိုက်တာယဲ့ကို နှုတ်ဆက်ပြီး အဖွဲ့ဆီမှ ထွက်လာလိုက်တယ်။ လမ်းမှာသူက အနက်ရောင်ဝတ်စုံနဲ့ အရပ်ရှည်ပြီး ချောမောတဲ့အန်ဒရီကိုတွေ့ခဲ့တယ်။
" ရှင်းယုမင်းအဖွဲ့ဆီဘာလို့လာတာလဲ? မင်းနာနေသေးလာ? "
အန်ဒရီသည် မုရှင်းယုကိုမမျှော်လင့်ဘဲကြည့်လိုက်တော့ သူ့မျက်နှာမှာစိုးရိမ်မှုအပြည့်နဲ့ဖြစ်နေတယ်။
" ဒါက...သက်သာနေပါပြီ " မုရှင်းယုကပေါ့ပေါ့ပါးပါးပြန်ပြောပေမယ့် သူ့နှလုံးသားထဲမှာတော့လှောင်ရယ်နေတယ်။ ထိုအချိန်မှာအစ်မချင်းကအလျင်အမြန်ပြေးလာပြီး ဘာတစ်ခုမှမပြောဘဲအန်ဒရီကိုကြည့်နေတယ်။
မူလက အစ်မချင်းသည် အန်ဒရီ၏ညွှန်ကြားချက်ကြောင့် မုရှင်းယုအားယနေ့လာရန်တမင်တကာတောင်းဆိုခဲ့ပြီးမုရှင်းယုကိုရှက်ရွံ့မိသည်။ သို့သော်မုရှင်းယုသည် အဖွဲ့မှနှုတ်ထွက်ရုံတင်မက ဘဲစာချုပ်ကိုပါရပ်စဲမည်ဖြစ်၍ အန်ဒရီကိုမည်သို့ရှင်းပြရမည်ကိုသူမ၊မသိခဲ့ပေ။
အန်ဒရီက မျက်မှောင်ကြုတ်လိုက်သည်။ ဒါပေမယ့်ဘာမှထူးထူးခြားခြားဖြစ်ပုံမရဘဲ အဲ့အစားသူကမေးလိုက်တယ် "ဘာတွေဖြစ်နေတာလဲ?"
" မစ္စတာအန်ဒရီက ရှင်းယုကို အဖွဲ့အတွက်ထောက်ခံပေးခဲ့တယ်။ ဒါပေမယ့်ရှင်းယုနဲ့ ဒါရိုက်တာက နှုတ်ထွက်မဲ့အကြောင်းကိုသူတို့အခုဘဲပြောနေတယ် "
အန်ဒရီက အံ့သြသင့်သွားတယ်။ထို့နောက်သူက ရှင်းယုကိုမေးလိုက်တယ်..." မင်းအဖွဲ့ကနေနှုတ်ထွက်ချင်တာလာ? " မုရှင်းယုကခေါင်းငြိမ့်လိုက်တယ်။
အန်ဒရီဂရုတစိုက်ဖြင့်...
" မင်းအခက်အခဲတွေကြုံခဲ့လို့လာ၊ကိုယ်မင်းကိုကူညီနိုင်လာ "
" မဟုတ်ဘူး "
အစ်မချင်းသည်အလျင်အမြန်ဖျောင်းဖျလိုက်သည်။
" ရှင်းယု၊ ငါနင့်ကိုပြောခဲ့တဲ့ ပြင်ထန်တဲ့ အရာတွေကို နင်စိတ်ထဲမထားပါနဲ့။ ငါ...ငါလည်းနင့်ကိုတကယ်ဂရုစိုက်ပါတယ်။ နင်စာချုပ်ဖျက်သိမ်းလိုက်ရင် ပျက်စီးဆုံးရှုံးမှုတွေ ဘယ်လောက်တောင်များလဲနင်သိလာ? နင်အဲ့ဒါတွေကို ဘယ်လိုလုပ်မလဲ "
အစ်မချင်းက မုရှင်းယုရဲ့နောက်ခံကိုမသိဘူး။ ဒါကြောင့်သူက မုရှင်းကြောက်ဖို့ပိုက်ဆံကိုသုံးချင်ခဲ့တယ်။
မုရှင်းယုသည် တမင်တကာစိတ်ကသိကအောက်ဖြစ်မှုကိုပြခဲ့ပြီး အန်ဒရီ၏ ဝိုင်းထားမှုကိုချက်ချင်းသက်သာစေခဲ့တယ်။
" မင်းကရိုက်ကူးရေးကိုမလုပ်ချင်ဘူး ပြီးတော့ရိုက်ကူးမှာမဟုတ်တော့ဘူးဆို၊ကိုယ်မင်းကိုလျော်ကြေးအားလုံးကိုပေးမယ် " ( ရှင်းယုအစားပေးပေမယ်လို့ပြောချင်တာ )
" ကျေးဇူးပါ " မုရှင်းယုကနောက်ဆုံးမှာအပြုံးတစ်ခုကိုပြသခဲ့တယ်။
အန်ဒရီကသူ့အတွက်တမင်တကာပြဿနာဖြစ်စေခဲ့သည့်နောက်မှာသူက ကယ်တင်ရှင်တစ်ယောက်အဖြစ် သရုပ်ဆောင်လာတဲ့အတွက် အန်ဒရီက ဘယ်လိုကစားပြီး လှည်းစားမလဲဆိုတာကိုကြည့်ဖို့ သူအကောင်းဆုံးကြိုးစားလိုက်တယ်။
အန်ဒရီက သူ့လက်ကိုဝှေ့ယမ်းလိုက်တော့အစ်မချင်း၊ သက်တော်စောင့်များနှင့် အခြားသူများအားလုံးကဘေးမှထွက်ခွာသွားကြသည်။
သူကမုရှင်းယုနဲ့တစ်ယောက်တည်းပြောစရာရှိသည်။ မုရှင်းယုသည်အန်ဒရီကအန္တရာယ်ရှိသောသူဖြစ်ကြောင်သိတယ်။ ဒါပေမယ့်အခုကအဖွဲ့မှာဖြစ်တယ်။ သူကအန်ဒရီသူ့ကိုနာ​ကျင်အောင်လုပ်မှာကို စိတ်မပူဘူး။ ထို့ကြောင့် မထွက်သွားချင်​ဖြစ်နေသော ရှောင်ဝမ်ကိုလည်းထွက်သွားခိုင်းလိုက်တယ်။
" ရှင်းယု၊ကိုယ်မင်းကိုတကယ်ကြိုက်တယ် " အန်ဒရီကချစ်ခင်စွာပြောတယ်။
မုရှင်းယုကအံ့သြသလိုဟန်ဆောင်လိုက်တယ်။ပြီးနောက်သူကတောင်းပန်စကားပြောခဲ့သည်။
" တောင်းပန်ပါတယ်ကျတော့်မှာလက်ထပ်စာချုပ်ရှိတယ်မကြာခင်ကျတော်ကစေ့စပ်ထားသူနဲ့လက်ထပ်တော့မယ် "
" မင်းမှာစေ့စပ်ထားတဲ့သူရှိတယ်!ကိုယ်ဘာလို့မသိခဲ့ရတာလဲ? "
" ကျတော်ခင်ဗျားကိုပြောပြဖို့အခွင့်အလမ်းမတွေ့ခဲ့လို့ပါ၊ကျတော်ခင်ဗျားကိုသူငယ်ချင်းတစ်ယောက်လို့ပဲသဘောထားတယ် " ပြောပြီးနောက်မုရှင်းယုကရှောင်ဝမ်နှင့်အတူထွက်ခွာသွားသည်။
....
ကားပေါ်ပြန်ရောက်တော့မုရှင်းယုကမနေနိုင်ဘဲရယ်လိုက်တယ်။
ယခင်ဘဝ၌လည်းအန်ဒရီသည်သူကိုကြိုက်သည်ဟုပြောခဲ့တယ်။ဒါပေမယ့်သူကအန်ဒရီကိုသူငယ်ချင်းအဖြစ်သာသဘောထားတာကြောင့်အန်ဒရီ၏ဝန်ခံမှုကိုလက်မခံခဲ့ပေ။နောက်ပိုင်းတွင်အန်ဒရီရဲ့မျက်နှာအစစ်အမှန်ကိုမြင်ခဲ့ပြီးနောက်သူကအန်ဒရီကိုမုန်းတီးခဲ့တယ်။
တကယ်တော့အန်ဒရီသည်သူ့ကို ချုပ်ကိုင်လိုသောဆန္ဒသာရှိခဲ့တယ်။ဘာလို့ဆိုသူကကုယွမ်ကျိုး၏စေ့စပ်ထားသူဖြစ်၍ အန်ဒရီသည်သူ့ကို ချုပ်ကိုင်ပြီးကုယွမ်ကျိုးကိုအနိုင်ယူပြချင်ခဲ့တယ်။
ဒါကြောင့်အန်ဒရီ၏ချစ်ကြောင်းဝန်ခံမှုကိုထပ်မံကြားရသောအခါမုရှင်းယုသည်ရယ်စရာတစ်ခုလိုခံစားလိုက်ရသည်။
" အစ်ကိုရှင်းယုဘာတွေရယ်စရာကောင်းနေတာလဲ "
.....
နောက်ရက်တွေမှာမုရှင်းယုကမင်္ဂလာပွဲအတွက်ပြင်ဆင်နေခဲ့တယ်။
အရာအားလုံးသည်ရိုးရှင်းနေခဲ့သော်လည်းမစ္စတာကုသည်အလွန်အလေးအနက်ထားပြီး W&W
၏ ဝတ်စုံဒီဇိုင်းနာချုပ်အားမုရှင်းယုအတွက် ၀တ်စုံကိုစိတ်ကြိုက်ပြုလုပ်ရန် Huawei သို့လာရန်ဖိတ်ကြားခဲ့ပြီး W&W ၏ကျောက်မြတ်ရတနာဒီဇိုင်းနာများကိုလည်းမုရှင်းယုအတွက်ချစ်သူစီးရီးမင်္ဂလာလက်စွပ်ဒီဇိုင်များပြုလုပ်ရန်ဌားရမ်းခဲ့တယ်။
W&W သည်ကုယွမ်ကျိုးအမေ၏မိသားစုဘက်မှ အ​မွေဆက်ခံသောရာစုနှစ်သက်တမ်းရှိအမှတ်တံဆိပ်ဖြစ်သည်။ ၎င်းကိုမြို့စားဝီလျံနှင့်မစ်ဝင်ဆာတို့ကပူးတွဲတည်ထောင်ခဲ့သည်။ ၎င်းတို့နှစ်ဦး သည် နှက်ရှိုင်းစွာချစ်ခင်ခဲ့ကြသည်။ထို့ကြောင့် အမှတ်တံဆိပ်ကို Wနှစ်ခုအမည်ပေးခဲ့သည်။
ရာစုနှစ်တစ်ခုတိုးတက်ပြီးနောက် W&W သည်ကမ္ဘာ့ထိပ်တန်းဖက်ရှင်အမှတ်တံဆိပ်ဖြစ်လာသည်။ ကုယွမ်ကျိုး၏ ဦးဆောင်မှုအောက်တွင် W&W သည်အခြားဖက်ရှင်အမှတ်တံဆိပ် Charites ကိုအနိုင်ယူပြီးမကြာသေးမီနှစ်များအတွင်းနံပါတ်တစ်အမှတ်တံဆိပ်ဖြစ်လာခဲ့သည်။
မုရှင်းယုသည် ငယ်စဉ်ကတည်းကဇိမ်ခံပစ္စည်းမျိုးစုံနှင့် ထိတွေ့ဖူးသော်လည်း W&W ၏ဒီဇိုင်နာများသည် ကိုယ်တိုင်းပြီးဒီဇိုင်းများပြုလုပ်ရန်အတွက် တရုတ်ကိုလာတာတော့ပထမဆုံးအကြိမ်ဖြစ်သည်။ ဝတ်စုံများကိုစိတ်ကြိုက်ပြင်ဆင်ရန်အချိန်ကြာမြင့်ခဲ့တယ်။
မင်္ဂလာဆောင်ကာလနီးကပ်လာသည်နှင့်အမျှ ဒီဇိုင်နာများသည်မုရှင်းယု၏ သဘာဝနှင့်ကိုက်ညီသည့်အဆင့်မြင့်အဝတ်အစားများကိုရွေးချယ်ပြီးတိုးတက်အောင်ပြုလုပ်ခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍မုရှင်းယုသည်သူ၏နားလည်မှုကိုထုတ်ဖော်ပြောကြားခဲ့သည်။
မင်္ဂလာလက်စွပ်အနေနဲ့ဒီဇိုင်နာသည်သုံးစုံစီစဥ်ပေးခဲ့တယ်။ ဒါပေမယ့်သူက ဒီနှစ်ရဲ့ချစ်သူစီးရီးအတွက်ပြင်ဆင်ထားတဲ့ အကန့်အသတ်ထုတ်ကြာပန်းပုံစံလက်စွပ်ကိုယူဖို့ဆုံးဖြတ်ခဲ့တယ်။
W&W ၏လက်ဝတ်ရတနာအမှတ်တံဆိပ်ကိုများစွာသောစီးရီးများဖြင့်ပိုင်းခြားထားပြီး အချစ်စီးရီးသည်စုံတွဲများအတွက်ဖြစ်ပြီးအထူးသဖြင့် ၎င်းသည်အဆင့်မြင့်စုံတွဲတွေအတွက်ဖြစ်သည်။
အချိန်ကြာမြင့်စွာ...ချစ်သူလက်ဝတ်ရတနာစီးရီးများကိုအလွန်အမင်းရှာဖွေခဲ့ကြတယ်။ ၎င်းတို့အနက်မှအကန့်အသတ်ထုတ်ဝေမှုများသည်ပို၍စျေးကြီးပြီး ၀ယ်ယူရရှိနိုင်မည်မဟုတ်ပေ။
ဒီနှစ်ထဲမှာ အသစ်ထွက်ရှိထားတဲ့အကန့်အသတ်ထုတ်ဝေမှုတွေထဲမှာတရုတ်ပန်းကြာပုံစံကို အစိတ်အပိုင်းတစ်ခုအနေနဲ့ဒီဇိုင်းပြုလုပ်ထားတဲ့လက်စွပ်တစ်ကွင်းပါ၀င်ပါတယ်ပြီး
" စစ်မှန်မှုနှင့်အပြစ်ကင်းစင်သောအချစ် " ကိုဆိုလိုသည်။
(T/N လက်စွပ်ရဲ့အဓိပ္ပာယ်နော်)
မုရှင်းယုသည်ထိုအဓိပ္ပါယ်နဲ့ပတ်သတ်ပြီးဂရုမစိုက်ခဲ့ဘူး။ ကြာပန်းလက်ကောက်ကြောင့် သူသည်နောက်တစ်ကြိမ်ထပ်မံရှင်သန်ခဲ့တယ်လို့ခံစားရပြီးသူကကြာပန်းတွေနဲ့ဆက်သွယ်နေတယ်လို့ပြသခဲ့တယ်။
ဒီလိုမျိုးအလျင်စလိုပြင်ဆင်မှုများနှင့်အချိန်သည် မကြာမီမှာဘဲနှစ်သစ်ကူးနေ့သို့ ရောက်ရှိလာခဲ့သည်။ မားမားမုကသူ့သားဟာလည်လက်ထပ်ဖို့အရမ်းအလျင်စလိုဖြစ်နေတယ်လို့ခံစားခဲ့ရပြီး သူမကမုရှင်းယုကိုလွှတ်လိုက်တဲ့အခါသူမမျက်လုံးထဲမှာမျက်ရည်တွေစီးကျလာခဲ့တယ်။
(T/N ကုအိမ်ကိုပို့လိုက်တာပါ)
သူမဟာမုရှင်းယုရဲ့လက်ကိုယူလိုက်ပြီး စာအိတ်နီတစ်အိတ်ကိုမုရှင်းယုကိုပေးလိုက်တယ်။ " ဒါကသားအဖေနဲ့အမေ သားအတွက် ပြင်ဆင်ထားတဲ့ ခန်းဝင်ပစ္စည်းပါ။ တကယ်လို့ကုရဲ့ မိသားစုက သားကိုအနိုင်ကျင့်ရဲရင် အိမ်ကိုပြန်လာပြီးသားမိဘတွေကိုလာပြော "
မုရှင်းယုကပြုံးပြီး " မားးစိတ်မပူပါနဲ့အဖိုးကုက သားကိုသဘောကျပါတယ် " သူ့မိဘတွေရဲ့စောင့်ကြည့်မှုအောက်မှာ သူက ကုမိသားစုကပို့လိုက်တဲ့ ကားထဲကိုရောက်လာခဲ့တယ်။ ဆွေမျိုးတွေကိုခေါ်ဖို့လူနည်းနည်းပဲရှိပေမယ့်ကုရဲ့မိသားစုကထိပ်တန်းကား၁၂စီးကိုစေလွှတ်လိုက်တယ်။
ဒီကားတွေကလမ်းကိုဖြတ်ပြီးမောင်းလာပြီးလူတိုင်းရဲ့အာရုံကိုချက်ချင်းဆွဲဆောင်ခဲ့တယ်။ သူကကု၏အိမ်သို့ရောက်သောအခါမစ္စတာကုနှင့်သူ၏အရေးကြီးဆွေမျိုးများနှင့်သူငယ်ချင်းများသည်မုရှင်းယုကိုတံခါးဝတွင်နှုတ်ဆက်ကြသည်။
" ဖိုးဖိုးကု " ကားထဲကထွက်လာပြီးမုရှင်းယုကခေါ်လိုက်တယ်။
" ရှင်းယုအခုကစပြီး 'ကု' ဆိုတဲ့စကာလုံးကိုဖယ်ရှာရမယ်နော် "
(T/N ပြောချင်တာဖိုးဖိုးကုလို့မခေါ်ဘဲဖိုးဖိုးလို့ဘဲခေါ်ခိုင်းတာပါ)
အဘိုးအိုကုသည်ပြုံးပြီးမုရှင်းယု၏ လက်ကိုယူ၍ မုရှင်းယု၏လက်ထဲကိုစာအိတ်အနီတစ်အိတ်ကိုထည့်ပေးလိုက်သည်။ ၎င်းသည်ဘဏ်ကဒ်တစ်ကဒ်ဖြစ်သည်။
ကုမိသားစု၏ သူငယ်ချင်းများနှင့်ဆွေမျိုးများအားလုံးသည် မုရှင်းယုအားကြည့်ရှုနေကြသည်။ သူတို့၏ မျက်လုံးများသည် ရှုပ်ထွေးမှု၊စူးစမ်းလိုမှု၊ မနာလိုမှု၊ အထင်သေးမှုများရှိနေသည်။
မုရှင်းယုသည် မျိုးဆက်နှစ်ခုမှုလူတစ်ယောက်ဖြစ်တယ်။ ပြီးတော့သူ၏နှလုံးသားငယ်လေးကလုံလောက်စွာသန်မာနေတယ်။ သူနဲ့အဖိုးအိုကုသည်ခန်းမထဲကိုလျှောက်လာပြီးလူတိုင်း၏မျက်လုံးများတည်ငြိမ်စွာလက်ခံလိုက်တယ်။
ဒီနေ့အန်ဒရီကမပေါ်လာခြင်းကမုရှင်းယုကိုဒုက္ခတစ်ခုဖြစ်စေတယ်။
ပျော်ရွှင်စရာနေ့မှာသူကအန်ဒရီနဲ့ပြပွဲတစ်ခုကစားဖို့အာရုံမစိုက်ချင်ဘူး။ လူများစွာအနက်မိန်းကလေးတစ်ဦး၏မျက်လုံးများသည်စူးစမ်းလိုစိတ်အပြည့်ဖြစ်နေတယ်။
ကု၏မိသားစုသည်ရှားပါးပြီးကုယွမ်ကျိုးသာလျှင်သူ၏တစ်ဦးတည်းသောတိုက်ရိုက်မြေးဖြစ်သည်။ထို့အပြင်အနီးစပ်ဆုံးမှာကုယွမ်းကျိုး၏ဝမ်းကွဲညီကိုနှင့်ဝမ်းကွဲညီမဖြစ်သည်။
ဟုတ်တာပေါ့ဝမ်းကွဲညီကိုကအန်ဒရီဖြစ်ပြီးဝမ်းကွဲညီမသည်ယခုမုရှင်းယုကိုကြည့်နေသောတုန်ရှီဖြစ်သည်။
( T/N Dong Shi = တုန်းရှီ မှားရင်ပြောနော်။ )
တုန်းရှီ​ြသည်အဘိုးအိုကိုအလွန်ချစ်ခင်သည်။ ယခင်ကမုရှင်းယုကဲ့သို့ပင်သူမသည်မိဘများ၏ စောင့်ရှောက်မှုအောက်မှချမ်းသာသောကလေးမလေးတစ်ယောက်ဖြစ်ပြီး ဘာအကြံစည်မှမရှိပေ။ ယခင်ဘဝ၌မုရှင်းယုသည်ထောင်ထဲတွင်ရှိနေစဥ် တုန်းရှီသည်ရေကူးကန်၌ ရေနစ်သေဆုံးသွားသည်ကိုသူကြားခဲ့တယ်။ ဒါပေမယ့်တကယ့်အကြောင်းရင်မှန်ကိုသူသိတယ်။
ညစာစားပြီးသောအခါမုရှင်းယုသည်အိမ်တော်ထိန်းလင်း၏ ဦး ဆောင်မှုအောက်တွင် ကုယန်ကျိုး၏ အခန်းဆီသို့ဆင်းသွားခဲ့တယ်။
အခန်းသည် ကြည့်ရတာပွဲလမ်းသဘင်ထက် ပိုပြီးတော့အလှဆင်ထားတယ်။
အိမ်တော်ထိန်းလင်းနှင့် သူနာပြုနှစ် ဦးစလုံးသည်နားလည်စွာဖြင့်ထွက်ခွာသွားပြီး လူသစ်နှစ်ယောက်အားတစ်ယောက်တည်း အတူတကွနေခွင့်ပြုခဲ့တယ်။
#မှားယွင်းမှုများစွာဟာဘာသာပြန်သူရဲ့အပြစ်ပါ။
**************************************
" နင်ဘာပြောလဲ? "
" မဟုတ်ဘူး "
....
.....