မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်...
By Moesattkha
137K 16K 262
ဟိုဘက် acc log ကျသွားလို့ဒီမှာပြန်တင်ပေးပါမယ်ရှင့် More
Description
Chapter (1)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23) (Unicode)
Chapter (23) (Zawgyi)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chaptet (40)
Chapter (41.1)
Chapter (41.2)
Chapter (42.1)
Chapter (42.2) (Unicode)
Chapter (42.2) (Zawgyi)
Chapter (43) (Unicode)
Chapter (43) (Zawgyi )
Chapter (44) (Unicode)
Chapter (44) (Zawgyi)
Chapter (45.1)
Chapter (45.2)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chspter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (2)
3.1K 366 3
By Moesattkha
ရှောင်ဝမ်း ဝင်လာသောအခါ မုရှင်ယု၏ ပျော်ရွှင်နေတဲ့ညမျက်နှာကို တွေ့တော့ သူ မအံ့သြသွားခဲ့ပေ။
သူသည် မုရှင်ယု နောက်သို့ လိုက်ခဲ့သည်မှာ ကြာပြီး ဖြစ်သည်။ မုရှင်းယု၏ ရုပ်ရည်သည် အလွန်မြင့်မားသောကြောင့် ယောက်ကျားချင်းတောင် မအံသြဘဲ မနေနိုင်ဘူး။ သို့သော် ယခု မုရှင်းယုသည် ယခင်ကထက် ပို၍ပင်အံ့သြဖွယ် ကောင်းလာသည်ကို သူတွေ့လိုက်ရသည်။
" ဘာဖြစ်လို့လဲ? " မုရှင်းယုက သူ့အားကြည့်ကာ လက်ကောက်ကို သူ့အင်္ကျီလက်၌ ဝှက်လိုက်ပြီး သံသယဖြင့်မေးလိုက်သည်။
ရှောင်ဝမ်းက ခေါင်းကို ခါယမ်းလိုက်ပြီး " အစ်ကိုရှင်းယု မင်း အရင်ကထက်ပိုပြီးကြည့်ကောင်းလာလို့ ငါအံ့သြသွားတာပါ "
" ဟမ်းး ဟုတ်လာ? " မုရှင်းယုက နည်းနည်း ထူးဆန်းသွားတယ်။ သူဝိညာဉ်ကြာပန်းရေကို သောက်မိတဲ့ အကျိုးကြောင့်များလာ? သူရေချိုးခန်းထဲကို အမြန်လျှောက်သွားပြီး မှန်ထဲမှ သူ့၏မျက်နှာကို သေသေချာချာ ကြည့်လိုက်တယ်။
သူ့မျက်နှာက အရင်အတိုင်းဘဲ ၊ဒါပေမယ့် သူ့အသားရေက အရင်ကထက် ပိုပြီး နူးညံ့လာပုံရတယ်။ မူလက သူရဲ့ညာဘက်ပါးမှာ အမာရွတ်လေးတစ်ခု ရှိခဲ့သည်။ သူငယ်စဉ်ကစားခဲ့တုန်းက သစ်ကိုင်း တစ်ခုနဲ့ထိုးမိပြီး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ဒါပေမယ့် အခု သူမှန်ရှေ့ကိုသွားပြီး အနီးကပ် ကြည့်လိုက်တော့ အမာရွတ်ကို သူမတွေ့ရတော့ချေ။
သူဟာ မအံ့သြဘဲမနေနိုင်ခဲ့ဘူး။ထို့နောက် သူဟာ ကြာပန်းဝိညာဉ်ရေ၏ ကုသနိုင်စွမ်း အသစ်ကို နားလည်သိရှိသွားသည်။
ရှောင်ဝမ်းဟာ မှန်ကြည့်နေတဲ့ ရှင်းယုကို ကြည့်ပြီး အပြုံးဖြင့် ပြောလိုက်တယ် " အစ်ကိုရှင်းယု မင်းရုပ်ရည်ကို မင်းကြည့်ပြီး မအံ့သြဘူးလာ...မင်းပရိတ်သတ်တွေက မင်ဘဝရဲ့ အကြီးမားဆုံး နောင်တက မင်းမျက်နှာကို မင်းမနမ်းနိုင်တာဘဲလို့ပြောကြတာ အံ့သြစရာမဟုတ်ပါဘူး "
" နောက်မ​နေနဲ့တော့ မင်းခွင့်ပြုချက် သွားတောင်းတာ ဘယ်လိုလဲ "
မုရှင်းယုက ရေချိုးခန်းထဲက ထွက်လာပြီး မေးလိုက်တယ်။
" ယဲ့တုန်က မင်းကိုတစ်ပတ်လောက် အနားယူဖို့ ခွင့်ပြုတယ် ဒါပေမယ့် ..."
" ဒါပေမယ့်..ဘာဖြစ်လဲ? "
" အစ်မချင်းကို ခွင့်ယူမယ့်အကြောင်း ငါမပြောရသေးဘူး ငါ သူမကို စိတ်ပူတယ်..."
မုရှင်ယုက ရှောင်ဝမ်းကို ကြားဖြတ်ကာ ပြောလိုက်တယ်...
" သူမကို တစ်ယောက်ထဲ ထားလိုက်...ငါဒီအခန်းကို ရိုက်မလား မရိုက်ဘူးလား ဆိုတာ ငါပြောလိုက်မယ် "
" ဘာပြောတယ် ! "
ရှောင်ဝမ်းက အံသြသင့်စွာနဲ့မေးလိုက်တယ်။
" အစ်ကိုရှင်ယု မင်းတစ်ခုခု ဖြစ်လို့လာ ဖုန်းဇီအန်က မင်းကို တစ်ခုခုကြံစည် ပြန်ပြီးလာ? "
ရှင်းယုက ပြုံးကာ ခေါင်းကိုခါယမ်းလိုက်သည်။ " မဟုတ်ဘူး ငါအိမ်မှာဖြေရှင်းရမယ့် ကိစ္စရှိလို့ "
ရှောင်ဝမ်က စိတ်သက်သာရာ ရသွားသည်။ ရုတ်တရက် သူခုနက တွေ့လိုက်တဲ့ သူကို တွေးမိပြီး...
" ရှင်းယု ငါခုနက ဘယ်သူ့ကို မြင်လိုက်တယ်လို့ ထင်လဲ? "
" ဘယ်သူလဲ? "
" မစ္စတာအန်ဒရီလေ...သူကမင်းရဲ့ ဒဏ်ရာအကြောင်းကို သိပြီး မင်းကိုတွေ့ဖို့ အထူးခရီးစဉ် တစ်ခု လုပ်ခဲ့တာဖြစ်မယ် " ရှောင်ဝမ်က အံ့သြစွာ ပြောလိုက်သည်။
သို့သော် ရှင်ယု၏ မျက်နှာသည် ချက်ချင်းပင် နှက်ရှိုင်းသွားတယ်။
ယခင်ဘဝ၌ သူဒဏ်ရာ ရသည်ကိုကြားပြီးနောက် အန်ဒရီသည် သူ့ကို တွေ့ရန် ဟိုတယ်သို့ အထူးခရီးစဥ် တစ်ခု လုပ်ခဲ့သည်။ ထိုအချိန်တွင် သူအတော်လေး ပျော်ရွှင်ခဲ့သည်။ ဒါပေမယ့် အဲ့ဒါက အန်ဒရီသည် သူ၏ ယုံကြည်မှုကို ရရှိရန်အတွက် သုံးသည့်နည်းလမ်းတစ်ခုသာဖြစ်သည်။
အန်ဒရီသည် စက်ဆုပ်ဖွယ်ကောင်းယုံသာမက လှည့်စားတဲ့ နေရာမှာလည်း အလွန်တော်သည်။ သူ့ပတ်ဝန်းကျင်မှ လူများက အန်ဒရီသည် သူ့အတွက် ထူးခြားသည် ဟုထင်ခဲ့သည်။
သူက သူ့ရဲ့အချက်အလတ်မျကိုဖျောက်ပြီး အနုပညာလောကထဲကို ၀င်ခဲ့တယ်၊ သူနေထိုင်တဲ့ အခန်းက မြင်ရတဲ့အတိုင်း အဖွဲ့သားတွေက သူ့ပေါ်မှာ အလွန် ဆိုးရွားစွာ ဆက်ဆံခဲ့တယ်။
အန်ဒရီသည် ထူးခြားသော အဆင့်အတန်းနှင့် ထူးခြားသော မိသားစု နောက်ခံရှိသည်။
ဤအချိန် သူ့ကို ဂရုစိုက်တာက သူ့ကို ထောက်ခံဖို့ဆိုတာ သံသယဖြစ်စရာပင် မလိုဘူ။
ဒါပေမယ့်အခု....
မုရှင်းယုက အန်ဒရီရဲ့ မျက်နှာအစစ်အမှန်ကို သိပြီး ဖြစ်တာမို့ သူက အန်ဒရီနဲ့ သူ့ရဲ့ဆက်ဆံရေးကို မြန်မြန် ဖြတ်ပစ်ချင်တယ်။
" ရှောင်ဝမ်း မင်ဒါတွေကို အရင်ရွှေ့လိုက် ငါနောက်ကလိုက်လာခဲ့မယ် "
" အစ်ကိုရှင်ယု မစ္စတာအန်ဒရီ ရောက်လာတာကို မင်းမစောင့်တော့ဘူးလား? "
" ဟင့်အင်း ငါ သူ့ဆီသွားလိုက်ဦး မယ် "
" အမ်း? " အဲ့အဓိပ္ပါယ်ကို ရှင်ယုက နားလည်တယ်။ ဒါပေမယ့် ရှင်းယုက မရှင်းပြတော့ဘဲ သူဟာ ပေါ့ပေါ့ပါးပါး အ၀တ်တွေဝတ်​ပြီး နောက်ဆုံး ကျန်နေသေးတဲ့ အရာတွေကို ထုတ်လိုက်ပြီး ရှောင်ဝမ်ကို အောက်ထပ်သို့အရင်ဆင်းခိုင်းပြီး သူကအပေါ်ထပ် ဓာတ်လှေကားကိုတက်လိုက်တယ်။
ဟိုတယ် အပေါ်ထပ်သည် အဖွဲ့၏ အဓိကကျသော အဖွဲ့သားများ နေထိုင်သော နေရာဖြစ်သည်။ ဖုန်းဇီအန်းသည် အပေါ်ထပ်က ဖြစ်သည်။
အရင်ဘဝက သူနဲ့ ဖုန်းဇီအန်းတို့သည် သူ(အန်ဒရီ)နဲ့ အဆက်ဆံမရှိ၍ သူက အပေါ်ထပ်ကို တစ်ခါမှမသွားခဲ့ဘူး။ ဒါပေမယ့် သူ ကျရှုံးသွားတဲ့အချိန်မှာ သူဖုန်းဇီအန်းဆီက သိခဲ့ရတယ် အန်ဒရီနဲ့ ဖုန်းဇီအန်းက သူနဲ့တစ်ခုခုလုပ်ရန် ရှိခဲ့တယ်ဆိုတာဘဲ။ ဖုန်းဇီအန်သည် သူ့ကို တစ်ချိန်လုံး ပစ်မှတ်ထားနေရသည့် အကြောင်းအရင်း တစ်ခုမှာ သူသည် အန်ဒရီ အားသူ့ဆီကနေ ခေါ်ထုတ်သွားမည်ကို သူစိုးရိမ်သောကြောင့်ဖြစ်သည်။
ဓာတ်လှေကား တံခါးဖွင့်ပြီးနောက် မုရှင်းယုသည် မှတ်ဉာဏ်အတိုင်း ဖုန်းဇီအန်၏တံခါးကို ခေါက်လိုက်သည်။
တခါးဖွင့်ပေးသော သူမှာ ဖုန်းဇီအန်ဖြစ်သည်။ မုရှင်းယုကို တွေ့သောအခါ သူကအနည်းငယ် အံသြသွားပြီးနောက် သူက​ဂုဏ်ယူစွာ ပြုံးလိုက်သည်။
သူက သူ့အဝတ်အစားတွေကို ညှိပြီး လည်ပင်းမှ အမှတ်ရာများကို ထုတ်ဖော်ပြသပြီး အံ့သြချင်ဟန်​ဆောင်ကာ " ရှင်းယု မင်းက ဘာလို့ဒီကို ရောက်နေတာလဲ? ဘာကိစ္စလဲ? "
မုရှင်းယုက ညင်သာစွာ ပြောလိုက်သည် " ကျတော် အချိန်မှား​ပြီး ရောက်လာ ခဲ့ပုံဘဲ အစ်ကိုဖုန်း ကျတော်ဒဏ်ရာရထားလို့ အိမ်ပြန်ပြီး ရက်အနည်းငယ် အနားယူရမယ် အဲ့တာကို အစ်ကို့ကို လာပြောတာပါ "
" အို ငါတကယ် တောင်းပန်ပါတယ်၊ငါ ရုပ်ရှင်ရိုက်တုန်းက သတိမထားမိခဲ့ဘူး အခု ဒဏ်ရာကဘယ်လိုလဲ? "
" ခဏလောက် ပြန်အနားယူလိုက်ပါ " မုရှင်းယုက ဖုန်းဇီအန်းနဲ့ အဆက်အဆံ မလုပ်ချင်ဘူး။
သူက အခန်းထဲကို တစ်ချက်ဝေ့
ကြည့်လိုက်ပြီး တိုးတိုးလေးပြောတယ် " မစ္စတာအန်ဒ​ရီကို ကျ​​တော်နှုတ်ဆက်တယ်လို့ ပြောပေးပါ " ပြောပြီးတဲ့နောက် သူက လှည့်ထွက်သွားသည်။
ထိုစဥ် အတွင်း အခန်းထဲတွင် အန်ဒရီသည် သူ၏ အဝတ်များကို ၀တ်ဆင်နေခဲ့သည်။ ဤဟိုတယ်အခန်းသည် လုံလောက်စွာ ကြီးမားသည်။ ထို့ကြောင့် ရှင်ယုက တံခါးနားကနေ အရာအားလုံးကို မမြင်ဘူးဟု သူထင်ခဲ့သည်။ သို့သော် မုရှင်ယု နောက်ဆုံး ပြောသော စကားကို သူကြားလိုက်ရသောအခါ မုရှင်းယုက သူဒီမှာရှိနေကြောင်း သိသည်မို့ သူက ချက်ချင်းကို သူ့နောက်သို့လိုက်သွားရန် အပြင်ထွက်ခဲ့သည်။
ဖုန်းဇီအန်းက သူ့ကို တားလိုက်တယ်.. " အန်ဒရီ အလျှင်စလိုမသွားနဲ့လေ "
" ကိုယ် ကုမ္ပဏီမှာ လုပ်စရာရှိသေးတယ်...ကိုယ်ပြန်ရမယ် " ပြီးတာနဲ့ အန်ဒရီက အခန်းပြင် ထွက်သွားတယ်။
ဤအချိန်၌ ဓာတ်လှေကား တံခါးက ပိတ်သွား၍ သူက နောက်ထပ် ဓာတ်လှေကားကို စီးခဲ့ရတယ်။ သူက ဟိုတယ် ဧည့်ခန်းမှာ ရှင်းယုကို တွေ့သွားသည်။
မုရှင်းယုသည် တမင်တကာ နှေးကွေးစွာ သွားနေပြီး အန်ဒရီ သူ့ကို အမှီလိုက်နိုင်ရန် စောင့်နေခဲ့သည်။
အန်ဒရီ သူ့ကို အော်ခေါ်တာကိုကြားတာနဲ့ သူကခေါင်းကိုလှည့်ပြီး အံ့သြတဲ့အပြုံးကိုပြပြီး " မစ္စတာအန်ဒရီ ခင်များဘာလို့ အောက်ကိုဆင်းလာတာလဲ? "
အန်ဒရီသည် အမေရိကန်နိုင်ငံသားဖြစ်သည်။ ရွှေရောင်ဆံပင်နဲ့ ဖြူဖွေသောအသားရေ၊​ သေသပ်စွာဝတ်ဆင်ထားတဲ့ အဝတ်စားတွေက ဒီဟောခန်းထဲရှိ လူများက သူ့ကိုမကြည့်ဘဲ မနေနိုင်အောင် ဖြစ်စေသည်။
ဒါပေမယ့် ဒီလို ချောမောတဲ့နိုင်ငံခြားသား တစ်ယောက်က တောင်းပန်တဲ့ အကြည့်နဲ့ မုရှင်းယုဆီ ရောက်လာသည်။
" ရှင်းယု ကိုယ့်စကားကို နားထောင်ဦး ကိုယ်နဲ့ဇီအန်းက ကိစ္စဆွေးနွေးနေရုံ သတ်သတ်ပါ အထင်မမှားပါနဲ "
" မစ္စတာအန်ဒရီ ကျတော်တို့သူငယ်ချင်းသက်သက်ပါ ခင်ဗျားနဲ့ အစ်ကိုဖုန်းကြားက ကိစ္စတွေကိုကျတော့်ကို ပြောပြစရာမလိုပါဘူး " ရှင်းယုက ယဥ်ကျေးစွာနဲ့ ပြုံးကာပြောလိုက်တယ်။
ယခင်ဘဝ၌ သူသည် ဖုန်းဇီအန်းနှင့် မတွေ့ဆုံမီ အန်ဒရီနှင့် ပထမဆုံး တွေ့ဆုံခဲ့သည်။ ထို့ကြောင့် မုရှင်းယုသည် အန်ဒရီနှင့် ပြတ်သားသော စည်းမျဉ်းကို ဆွဲရန် သူက ဖုန်ဇီအန်နဲ့ တွေ့ဆုံပြီး လက်ဦးမှု ​ရယူကာ အစပြုလိုက်ခြင်း ဖြစ်သည်။
" ရှင်းယု စိတ်မဆိုးပါနဲ့ ကိုယ်... "
" မစ္စတာအန်ဒရီ သူငယ်ချင်းတစ်ယောက်အနေနဲ့ကျတော် ခင်ဗျားနဲ့ အစ်ကိုဖုန်းကို ရိုးသားစွာဂုဏ်ပြုပါတယ်၊ ကျတော် အိမ်ပြန်ဖို့ အလျှင်လိုလို့၊ အရင်သွားလိုက်ဦးပါမယ် "
မုရှင်းယုက စကားပြောပြီးသောအခါ သူက ဟိုတယ်ဧည့်ခန်းမှ ချက်ချင် ထွက်လာလိုက်တယ်။
ယခု အချိန်သည် ချမ်းအေးသော ဆောင်းရာသီဖြစ်၍ တိုက်ခတ်လာသောလေက သူ့ကိုအလိုအလျောက် တုန်တက်သွား​စေသည်။
သို့သော် စိတ်သက်သာရာရမှုက သူ့ကို သက်သောင့်သက်သာ ဖြစ်စေပြီး သူက ရှောင်ဝမ်းဆီကို လျှင်မြန်စွာ လျှောက်သွားခဲ့သည်။
ကုမ္ပဏီက သူ့အား ကားမစီစဥ်ပေးသောကြောင့် ရှောင်ဝမ်းသည် တက္ကစီဌားခဲ့သည်။ ကားပေါ် တက်ပြီးနောက် သူက Bailu Bay သို့ သွားရန် ယာဉ်မောင်းအား ပြောခဲ့သည်။
ရှောင်ဝမ်းကအရမ်းအံ့သြသွားတယ်။ Bailuwan က ပေကျင်းမှာ လူသိများတဲ့ ချမ်းသာတဲ့ ခရိုင်တစ်ခု ဖြစ်သည်။ အဲ့ဒီမှာ မိသားစုနေ ဗီလာတွေရှိတယ်။ အဲ့က အိမ်ရာစျေးနှုန်းကလည်း အတော်ကို မြင့်မားတယ်။
" အစ်ကိုရှင်းယု မင်းရဲ့အိမ်က Bailuwan မှာရှိတာလား " ရှောင်ဝမ်က မသင်္ကာစွာ မေးလိုက်သည်။
" ဟုတ်တယ် " ရှင်းယုက ခေါင်းညိတ် လိုက်တယ်။ သူသည်သူ၏ ကိုယ်ပိုင် အချက်လတ်များကို ဖုံးကွယ်ထားပြီး များသောအားဖြင့် သူက ခပ်လျှိုလျှိုနေတယ်။ ဖုန်းဟဲမီဒီယာမှ လူများသည် သူ၏ မိသားစု အခြေအနေကို မသိခဲ့ပေ။
ရိုက်ကူးရေး နေရာသည် မြို့ဆင်ခြေဖုန်းမှာ ဖြစ်သည်။ အပြန်ခရီးသည် ညနေစောင်း ချိန်အထိဖြစ်သွားခဲ့သည်။ ကားသည် အလွန်နှေးကွေးစွာ သွားနေသည်။ မုရှင်းယုသည် သူ၏ မိုဘိုင်းလ်ဖုန်းကို ထုတ်လိုက်သည်။
ကုယွမ်ကျိုးနှင့် လက်ထပ်ခြင်းမှ လွတ်မြှောက်ရန် သူသည် ခရီးသွားပြီး ထွက်ပြေးခဲ့သည်။ မမျှော်လင့်ဘဲ သူသည် လမ်းတွင် အေးဂျင့်များနဲ့ တွေ့ဆုံခဲ့ပြီးနောက် သူက ဖုန်းဟဲမီဒီယာနဲ့ ချိတ်ဆက်ခဲ့တယ်။
သူ့မိဘတွေရဲ့ မေးခွန်းတွေကို သူစိုးရိမ်တာကြောင့် သူက သူ့လက်ကိုင်ဖုန်းအသံကို ပိတ်၍ သူ့အိတ်ထဲ ထည့်ထားလေ့ရှိတယ်။ ယခု ဖုန်းသည် အားကုန်နေတာကြောင့် သူက အားသွင်းရန် ရှောင်ဝမ်၏ power bank ကို ငှားပြီးနောက် မက်ဆေ့ကို ကြည့်ရန် ဖုန်းကို ဖွင့်လိုက်သည်။
သူအဲ့ဒါကို ဖွင့်လိုက်တာနဲ့ လွဲချော်သွားတဲ့ သတိပေးချက် များစွာကို ရရှိလိုက်တယ်။ သူ WeChat ကို ဖွင့်လိုက်တော့ သူ့အမေက သူ့ကို မက်ဆေ့ ၉၀ ကျော်မကပို့ထားတယ်။
သူသည် သတင်းကို လျင်မြန်စွာ ကြည့်လိုက်တော့ မက်ဆေ့အများစုသည် သူဘယ်မှာလဲဟု မေးထားပြီး ဖုန်း(သို့) တစ်ခုခုဖြေရန် သူ့ကို ပြောထားတာဖြစ်သည်။ သူထိုစာတွေကို ဖတ်ပြီးတာနဲ့ ဖုန်းက မြည်လာတယ်။
ခေါ်ဆိုမှုကို လက်ခံပြီးတဲ့နောက် သူ့အမေရဲ့ စိုးရိမ်ပူပန်တဲ့ အသံက ချက်ချင်း ထွက်လာတယ် " ရှင်းယု သားနောက်ဆုံး ဖုန်းကိုင်ပြီးပေါ့ သာဘယ်တွေ သွားနေတာလဲ? ဘာလို့ဖုန်းကို ပိတ်ပစ်တာလဲ? ဒီအမေ ဘယ်လောက် စိတ်ပူနေလဲသိလား? "
" မား... " ရှင်းယုသည် သူ့အမေ ယခင်ဘဝက အိပ်ဆေးများ သောက်ပြီးနောက် မြင်ကွင်းကို သတိရသွားပြီး သူ၏ မျက်လုံးများ ချက်ချင်းကို နီရဲလာသည်။ သူက ခံစားချက်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်ပြီး " မား ကျတော် မားကို သတိရနေတာ အခု ကျတော် အိမ်ပြန်လာတဲ့လမ်းမှာ "
" တကယ်လား? ပြန်လာခဲ့...ကောင်းပြီး မားပြောမယ် သားလက်ထပ်ပြီး ကုရဲ့မိသားစုထဲ မ၀င်ချင်ဘူးဆို အမေက မင်းကိုကူညီပေးမယ် စိတ်မပူနဲ့ နာနာခံခံအိမ်ပြန်လာ "
" မား..ကျတော်နားလည်ပြီး ကျတော်ပြန်လာရင် တိကျ​တဲ့ အရာကို အသေးစိတ် ပြောပြမယ် "
မုရှင်းယုနှင့် ကုယွမ်ကျိုးတို့ကြားက လက်ထပ်မှုကို သူတို့အမေတွေက ငယ်ရွယ်စဥ်က အပျော်သဘောဖြင့် လုပ်ခဲ့သည်။ နောက်ပိုင်းမှာ မစ္စကုဆုံးသွားတယ်။ *သူမက ဒီပြက်လုံးကို အလေးအနက် ထားစရာမလိုဘူး ထင်ခဲ့တယ်။(T/N *သူမဆိုတာရှင်းယုအမေနော်)
မမျှော်လင့်ဘဲ နောက်ပိုင်းတွင် မစ္စတာကုက ဒီကိစ္စကို ပြန်ပြောပြီး လက်ထပ်ရန် ဆုံးဖြတ်လိုက်တယ်။
မုမိသားစုသည် ကြီးမားသောမိသားစု ဖြစ်သော်လည်း ၎င်းသည် အကန့်သတ်ရှိပြီး နိုင်ငံတွင်း၌ သာဖြစ်သည်။ သို့သော် ကုမိသားစုသည် ကမ္ဘာပေါ်ရှိ ဂုဏ်သိက္ခာအရှိဆုံး မိသားစုများထဲမှ တစ်ခုဖြစ်သည်။
ကုမိသားစုသည် နည်းပညာနှင့် စတင်ခဲ့ပြီး ပြည်ပကုန်သွယ်မှုကို အလွန်စောစီးစွာ ပြုလုပ်ခဲ့သည်။
နောက်ပိုင်းတွင် ဥရောပဘုရင်များနှင့် လက်ထပ် ထိမ်းမြားခြင်းအားဖြင့် သူတို့သည် ပြည်ပဈေးကွက်များကို ပိုမို ချဲ့ထွင်ခဲ့သည်။ ကုယွမ်ကျိုး၏ မိခင်အန်နာဖဲလစ်ဝင်ဆာသည် ထိပ်တန်းနိုင်ငံခြား ဖက်ရှင်အုပ်စု၏ ဥက္ကဌဖြစ်သည်။
သူ၏ မိဘများ၏ ပေါင်းစပ်မှုက ကုမိသားစုအား နောက်ထပ် အဆင့်တစ်ခုဆီသို့ ပို့ဆောင်ပေးခဲ့သည်။ မုရှင်ယုနှင့် ကုယန်ကျိုးတို့ နှစ်ဦးစလုံးသည် အမျိုးသားများ ဖြစ်သော်လည်း ယနေ့ခေတ်သစ် လူ့အဖွဲ့အစည်းက လိင်တူလက်ထပ်ထိမ်းမြားခြင်းကို ခွင့်ပြုထားသည်။ ကုမိသားစုမှာ နိုင်ငံခြားမျိုးရိုးရှိပြီး အယူအဆက ပွင့်လင်းတယ်။ အဘိုးက သူ့မြေး လိင်တူဇနီးလက်ထပ်တာကို စိတ်ထဲမထားပေ။
သို့သော် မုရှင်းယုသည် ဤဝေဒနာကို ခံစားခဲ့ရသည်။ သူ၏ ကုယန်ကျိုးအကြောင်း သိကျွမ်းမှုသည် သူ့အဖေ၏ မျိုးဆက်စကားဝိုင်းမှ ဖြစ်သည်။ ကုယန်ကျိုးသည် စီးပွားရေး ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူ့အဖေလိုင်းဘက်မှ နည်းပညာစက်မှုလုပ်ငန်းနှင့် မိခင်၏ လိုင်းဘက်မှ ဖက်ရှင်လုပ်ငန်းတို့ကို ပေါင်းစပ်ကာ Quanxing's Gu Group ၏ဖွံ့ဖြိုးတိုးတက်မှု ပုံစံကိုဖန်တီးသည်။
သူ့အဖေ ပြောစကားများကြားတွင် သူသည် အနည်းငယ် ကြောက်ရွံ့နေသော်လည်း ကုယန်ကျိုးအတွက် အသိမှတ်ပြုမှု အပြည်ရှိသည်။ စီပွားရေးလုပ်ငန်းများသည် စစ်မြေပြင်များနှင့် တူသည်။ ကုယန်ကျိုးသည် စီးပွားရေးလုပ်ငန်းများ၏ အာဏာရှင်ဖြစ်သည်။ သူလုပ်ချင်သည့် စီမံကိန်းရှိနေသရွေ့ လုပ်ဆောင်ဖို့မဖြစ်နိုင်ဘူး ဆိုတာမရှိဘူး။ သူ့ကို ဆန့်ကျင်တိုက်ခိုက်တဲ့ ကုမ္ပဏီတိုင်းက ဒေဝါလီခံရဖို့ အဆင်သင့်ဖြစ်နေသည်။
ဈေးကွက်ကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ လူတစ်ယောက် ဖြစ်သော်လည်း သူ၏ ခြေထောက်များက မသန်စွမ်း ဖြစ်နေခဲ့တယ်။ ကမ္ဘာ့ထိပ်တန်း ဆရာဝန်များပင် ထိုအရာကို မကုသနိုင်ခဲ့ဘူး။ ကုယန်ကျိုးတွင် အလွန်​အေးစက်သော ကိုယ်ရည်ကိုယ်သွေး ရှိခြင်းက သူ့ရဲ့ ချို့တဲ့နေတဲ့ ခန္ဓာကိုယ်ကြောင့် ဖြစ်ကောင်ဖြစ် နိုင်တယ်။
ရိုးသားစွာ ပြောရလျှင် မုရှင်းယုသည် ကုယန်ကျိုးကို အလွန်ကြောက်ရွံ့သောကြောင့် ကုယန်ကျိုးကို လုံးဝ လက်မထပ်ချင်ပေ။နောက်ပိုင်းတွင် ကုယန်ကျိုးသည် ကားမတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ပြီး နိုးထရန် အခွင့်အလမ်း နည်းပြီး တိုက်ရိုက် မေ့မြောသွားခဲ့သည်။
မုရှင်းယုက စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။ သို့သော်လည် အဖိုးကုသည် သူ့ကို ကုမိသားစုထဲသို့ လက်ထပ်စေချင်သည်ဟု သူမမျှော်လင့်ခဲ့ပေ။ ပြီးတော့ သူသည် ကုယွမ်ကျိုအား ပျော်ရွှင်မှုပေးနိုင်လိမ့်မည်ဟု သူကရှင်းရှင်းလင်းလင်းပြောခဲ့သည်။
ဤအရာသည် မုရှင်ယုအား အလွန်ဒေါသထွက်စေပြီး ခရီးသွားသည် ဟုအမည်တပ်ကာ လက်ထပ်ခြင်းကို ရှောင်ရှားခဲ့သည်။ ထို့နောက် သူသည် နောက်ပိုင်းတွင် ဖျော်ဖြေရေး လောကထဲသို့ ၀င်ခဲ့သည်။
သို့သော် သေခြင်းတရားကို တွေ့ကြုံပြီးနောက် မုရှင်းယုသည် သူ၏ စိတ်ကို ပြောင်းလဲခဲ့သည်။ ဒီတခါတော့ သူက အရင်ဘဝက သူလုပ်ခဲ့တဲ့ အမှားတွေကို ပြင်ဆင်နိုင်ဖို့ အတွက် ကုယွမ်ကျိုးကို လက်ထပ်ချင်သည်။
စကားမစပ် အခု သူက ရတနာတစ်ခုရပြီးပြီ သူကကုယွမ်းကျိုးကို ကုသပေးပြီး ကုယွမ်းကျိုးကို စောစောနိုးစေနိုင်တယ်။
မုရှင်ယုသည် သူ၏
လက်ကောက်ဝတ်တွင်ရှိ ကြာပန်းအရိုးကို မနေနိုင်ဘဲထိကိုင်လိုက်သည်။
(T/N မှားယွင်းမှုများစွာဟာဘာသာပြန်သူရဲ့ညံ့ဖျင်းမှုကြောင့်ပါ)
********************************************
" ဒါပေမယ့်..ဘာဖြစ်လဲ? "
" ဘာပြောတယ် ! "
" ဘယ်သူလဲ? "
သူက သူ့ရဲ့အချက်အလတ်မျကိုဖျောက်ပြီး အနုပညာလောကထဲကို ၀ငျခဲ့တယျ၊ သူနေထိုင်တဲ့ အခန်းက မြင်ရတဲ့အတိုင်း အဖွဲ့သားတွေက သူ့ပေါ်မှာ အလွန် ဆိုးရွားစွာ ဆက်ဆံခဲ့တယ်။
ဒါပေမယ့်အခု....