မနက်ခင်း ရှောင်းကျန့်နာကျင်ကျိန်းစပ်စပ်နဲ့ပဲနိုးလာတော့တယ်။
ညက ....ညက သူတို့ ချစ်ခဲ့ကြတယ်..။
ရှောင်းကျန့် မှားခဲ့တာပါ။ သူစိတ်သူနားမလည်ခဲ့တာ။
ညတုန်းကတည်းက ရိပေါ်သူကိုသန့်ရှင်းပေးခဲ့တာ ထင်တယ်။ကပ်စေးစေးမျိုးမနေ။
သူအခန်းထဲကို ထော့နဲ့ ထော့နဲ့ ထွက်လာခဲ့တယ်။ တစ်အိမ်လုံးက ခြောက်ကပ်နေပြီးအပ်ကျသံမကြားရသိအထိ တိတ်စိတ်နေတာကြောင့် ။
သူရိပေါ်ကို လိုက်ရှာမိတယ်။
သူကိုထားခဲ့တာလား။
နာကျင်မှုကို လျစ်လျူရှုပြီး အပြေးအလွှားအခန်းတစ်ခန်းပြီးတစ်ခန်း ရှာဖွင့်တယ် ။
မတွေ့တာကြောင့် ရှာစရာ နေရာ တစ်နေရာပဲ ရှိတော့တယ်။
ထမင်းစားခန်းထဲကို အမြန်ပြေး၀င်တော့ ။
သူမျက်နှာဘက်ကို ကျောပြင်လေးမူထားတယ်။
အနားပြေးပြီး ထိုကျောပြင်ပိုင်ရှင်ကြီးကို ပြေးကာဖက်တွယ်ပစ်တယ်။
"အင့် !! ကျန့်ကော"
"ရွှတ့် မောင် မောင် ငါ့ ကိုထားခဲ့ပြီထင်နေတာ"
"ဖြစ်ရမယ် မောင့်ကောရယ် မထားခဲ့ပါဘူးဗျာ "
ရိပေါ်သူကိုယ်ပေါ်က အေပရွန်ကို ချွတ်ပြီး။ကျန့်ကောဘက်ကို မျက်နှာလှည့်ပြီး။
နူးညံ့စွာပဲ ပါးပြင်အိအိလေးပေါ်က
မျက်ရည်ကြည်တွေကို ခပ်ဖွဖွသုတ်ပေးတယ်။
"ကြည့်အုံးကွာ မျက်ရည်တွေ ကျနေတာ"
"ဟွန့် သူဘာသူ ကျတာကိုလို့"
အလှလေးရဲ့ စကားကြောင့်ရိပေါ်
ပြုံးလိုက်ပြီး ပါးလေးကို နှာခေါင်းလေးနစ်၀င်အောင်နမ်းလိုက်တယ်။
"မွ မောင့် ကော ညစ်ပတ်လေး လားကွာ
လာမျက်နှာသစ်ရအောင် မောင်မနက်စာ ပြင်ပေးထားတယ်"
"အင်း မောင်"
"နာနေသေးလား"
"ဟမ်"
"ဟိုနေရာက နာနေ..."
"မောင့်!!"
"ရှက်နေတာလား နာနေရင်မောင် ဆေးရုံ
အ့ ကော နာတယ်ဗျ"
ရှက်နေမှန်းသိတဲ့ ကောကိုစနေတဲ့ရိပေါ်
ကြောင့် စိတ်တိုကာ ဗိုက်ခေါက်ကို မနာမကျင်လေး ဆွဲလိမ်တယ် နာနာတော့မလိမ်ဆွဲဘူး
မောင် အရမ်းနာနေမှာဆိုးလို့။
"နာအောင်ပဲ ဆွဲတာကြီးကို"
"အဟက့် လာခဲ့"
"အင့် မောင် မင်းဘာလုပ်တာလဲ ချပေး"
ရိပေါ်ရှောင်းကျန့်ကို
မင်းသမီးတွေလိုပွေ့ချီနီးကား ချီပြီး မျက်နှာသစ်ပေးရန် အခန်းထဲကို လိုက်ပို့ပေးတယ်။
----
ရိပေါ် မနက်စာစားနေရင်
ကျန့်ကောကိုကြည့်မိတော့။ ရေရေရာရာမစားပဲ တူနဲ့ထိုးစွပြီး ငေးငိုင်နေသူလေးကြောင့် သူမှာသက်ပျင်းချမိတယ်။
မောင်နဲ့များ မနေချင်လို့လား ကောရယ်။
ကိုကို ကိုယ်များသတိရနေလို့လား??
မဖြစ်ရဘူးနော် ကျန့်ကောကမောင့်အပိုင်လေး။
ရိပေါ်ကျန့်ကောကို အကဲခက်နေရင်း မျက်လွှာလေးချနေတဲ့ ကျန့်ကောကို ရိပေါ် သတိပေးရင်း ခေါ်လိုက်တယ်။
"စားမကောင်းလို့လား ကော"
"....."
"ကျန့်ကော"
"....."
"ရိချင်ကောကို လွမ်းနေတာလား"
"......"
"ကော ဖြေလေဗျာ !
ကျွန်တော်မေးနေတယ် ဒီကောင်ကို! ရူးအောင်များတမင်လုပ်နေတာလားဗျာ!"
"ရိပေါ်"
ရိပေါ်စကားတင်းတင်းပြောမှ
ပြန်ပြောလာတဲ့ကော ကြောင့်
ချက်ချင်းရူးချင်စိတ်ပါပေါက်သွားတယ်။
"ရိချင် ကိုယ်တို့ကို လိုက်ရှာနေလောက်ပြီ "
"အဲ့တော့ . . ."
မျက်ခုံးတွေ တွန့်ချိုသွားတဲ့အထိ
ရိပေါ်က ခနပြောနဲ့သူကိုပြောတာကြောင့် ရှောင်းကျန့်တစ်ချက်ပြုံးမိပြီး ဟက်ဟက်ပက်ပက်ရီမိတယ်။
"ဘာရီတာလဲ . .!"
"သဘောကျလို့"
"ဟမ်"
"မင်းကို "
ကျန့်ကောရဲ့ ရဲတင်းတဲ့စကားကြောင့် ရိပေါ်နှလုံးသားလေးဟာ တဖြေးဖြေးလောင်ကျွမ်းလာပါတော့တယ်. .။
"ကျန့်ကော "
"ဟမ် "
"အိမ်ပြန်ပြီး ၀န်ခံကြရအောင်"
ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့် တုန်လှုပ်သွားပြီး ဆိုးရိမ်တဲ့ မျက်၀န်းတွေနဲ့
ရိပေါ်ကိုအလန့်တကြားကြည့်လာတယ်။
"ဖြစ်. . .ဖြစ် ပါ့မလား မောင်ရယ်
ကော ရင်မဆိုင်ရဲဘူး. ."
ရိပေါ် ကောရဲ့လက်ကိုသူလက်နဲ့ ဆုပ်ကိုင်ပြီး
ကောမျက်၀န်းတွေကို တစ်ဖန်ပြန်ကြည့်ပြီး။
"ကော မောင့်ကို ယုံလား . . .?"
"အွန်း .မောင်ကို ငါအပြည့်အ၀ယုံတယ်. ."
လုံလောက်ပြီ ဒီစကားကြောင့်
ရိပေါ် ကမ္ဘာကြီးတစ်ခုလုံးတောင်
အပိုင်ရသလား အောင့်မေ့အောင် လုံလောက် ပျော်သွားတယ်။
"၀မ်ရိချင် နဲ့ကိုယ်ကလေ လက်ထပ်စာချုပ်မှာ လက်မှတ် . ."
"ရှုး ! အဲ့ကိစ္စအတွက် ဘာမှမပူနဲ့ ကျွန်တော်အကုန်စီစဥ်ထားတယ် "
"အွန်းပါ ကိုယ်စိတ်ပူလို့ပါ အ့ မောင် ဘာလုပ်တာလဲ. .?"
ရုပ်တရက် ရိပေါ်က ဆွဲပွေ့ချီပြီး
ထမင်းစား, စားပွဲပေါ်တင်လိုက်တာကြောင့် လန့်သွားတယ်။
"မောင် ~"
"ဗျာ ဗျ .!"
"ဘာလုပ်တာလဲ မင်း လွှတ် ပြွတ် အွန်း. .!"
စကားအပြောမခံပဲ
ရိပေါ်က နှုတ်ခမ်းဖုဖုလေးကို ဆွဲနမ်းပစ်တယ်။ သောက်လေသောက်လေ အငတ်မပြေ ပင်လယ်ရေ လိုပဲ။
ကောက မြတ်နိုးရာ သက်ရှိအရုပ်လေး
ကောက သိပ်ကို ချိုလွန်းတဲ့ ပျားရည်လေးပဲ။
နမ်းနေရင်း လွှတ်ပေးပြီး မျက်လုံးခြင်းဆိုင်အောင်ကြည့်ပြီး ကောက ရိပေါ် မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ပြီး
သူသဘောကျရပါသော နှဖူးပြင်လေးကို
အနမ်းပေးတော့ ရိပေါ်က မျက်လုံးလေး မှိတ်ကာ ခံယူနေတယ်။
"သွားကြမယ် . . ."
--------
"တော်သေးတာပေါ့ကွယ် မားကသားကျန့်လေး ပျောက်လို့ အရမ်းစိတ်ပူနေတာ"
"မားကလည်း "
"သားကျန့် မင်းအတော်ဆိုးတယ်"
ရှောင်းကျန့် ရှောင်းမားရင်ခွင်ထဲကနေ မျက်စောင်းလှမ်းထိုးတယ်။
ထိုပုံစံကို ၀မ်မိသားစုက ကြည့်ပြီးပြုံးစိစိ။
"မာမီတို့ကတော့သားနှစ်ယောက်တည့်သွားရင် ကျေနပ်တယ်"
"အင်း ဒယ်ဒီလဲ အဲ့လိုပဲ ကွာရှင်တယ်
ဘာညာတုန်းက အရမ်းစိတ်ပူခဲ့ရတာ အခုတော့ စိတ်ချမ်းသာရတာပေါ့"
ရိပေါ်မာမီရောသူဒယ်ဒီရောက ဝိုင်းထောက်ပြောတာကြောင့် နှစ်ယောက်သား ခေါင်းငုံ့နေမိတယ်။
"ကဲ့ဘယ်လိုလဲ ပျက်ကြအုံးမှာလား"
"ဟင်အင်း"{(2)ပြိုင်တူပြော)}
"ဒါဆိုကွာရှင်းထားတာကရော"
"အဲ့တာက အတုကြီး"
"ဘယ်လို "{(4)ပြိုင်တူပြော}
ရိပေါ်ရဲ့အတုကြီးဆိုတာကြောင့် အကုန်လုံးကြောင်သွားကြတယ်။
"ဟုတ်တယ် ကွာရှင်းစာချုပ်က အတုကြီးလေ ဒီမှာကြည့်ပါလား"
ရိပေါ်က ကွာရှင်းစာချုပ်ကို မတ္တူကူးပြီး ပြုလုပ်ထားတာကြောင့် ကွာရှင်းထားတဲ့စာချုပ်ဟာ တရားမ၀င်သလို အကျုံးမ၀င်ဘူး။
"သားသား မင်းငါဆီလာပြီး ဘာလို့ဒရမ်မာတွေ လာခင်နေတာလဲပြောစမ်း"
မာမီရဲ့စကားကြောင့် အကုန်လုံးရီနေကြတယ်။
"ဒါဆို ကောတို့က တရား၀င်တွေတော့ဟုတ်ပါသေးတယ်နော် ရိပေါ်"
"ဟုတ်တာပေါ့ ကောရဲ့ ကောကမောင့်ရဲ့တရား၀င်ပိုင်ဆိုင်သူလေးပဲ"
" အဟက် မောင် မင်းကတက်လည်းတက်နိုင်ပါတယ်။"
"ဘယ်လိုလဲ ပျော်လား"
"ပျော်တာ..."
ထိုအချိန်ရုပ်တရက် ၀မ်အိမ်တော်ထဲကို ပြိုင်ကားတစ်စီးအမြန်မောင်းအိမ်တော်ထဲ ပြေး၀င်လာပြီး ဒေါသဟန်အပြည့်ပြောတဲ့သူကြောင့်
အနာဂတ်အထိတွေးမိကာ ရင်ပူမိသွားရတယ်။
"မင်းတို့. . .ပျော်ပေမဲ့ ငါမပျော်နိုင်ဘူး .ကွ!"
ထိုစကားကိုပြောသူက ၀မ်အျမ်တော်ရဲ့အကြီးဆုံးသား
၀မ်ရိချင်ပဲ ဖြစ်တယ်။
--------
ကိုယ်ပြန်လာပြီ🤞
စိတ်ကူးပေါက်လို့ လာတင်တာနော်
ဖတ်ကြမဖတ်ရင်မရှိ,ရှိတာနဲ့ လာထိုးမှာ🌚
------
သူကိုထားခဲ့တာလား။
"အင့် !! ကျန့်ကော"
"အင်း မောင်"
"နာနေသေးလား"
"ဟမ်"
"ဟိုနေရာက နာနေ..."
"မောင့်!!"
အ့ ကော နာတယ်ဗျ"
"အဟက့် လာခဲ့"
----
"....."
"ကျန့်ကော"
"....."
"......"
"ကော ဖြေလေဗျာ !
"ရိပေါ်"
"အဲ့တော့ . . ."
"ဘာရီတာလဲ . .!"
"သဘောကျလို့"
"ဟမ်"
"မင်းကို "
"ကျန့်ကော "
"ဟမ် "
ကော ရင်မဆိုင်ရဲဘူး. ."
"ကော မောင့်ကို ယုံလား . . .?"
"မောင် ~"
"ဗျာ ဗျ .!"
စကားအပြောမခံပဲ
"သွားကြမယ် . . ."
--------
"မားကလည်း "
"အဲ့တာက အတုကြီး"
"ဘယ်လို "{(4)ပြိုင်တူပြော}
"ဘယ်လိုလဲ ပျော်လား"
"ပျော်တာ..."
ဝမ်ရိချင်ပဲ ဖြစ်တယ်။
--------
ကိုယ်ပြန်လာပြီ🤞