ဖုန်း မြည်သံကြောင့် နေ မျက်ခုံးကျူံ့ရင်း နိုးလာသည်။ညက ချမ်း တို့အိမ်ဘက်မှ တစ်နာရီလောက်မှ ပြန်လာခဲ့သည်မို့ နေ အိပ်နေတာ သုံးနာရီလောက်ပဲ ရှိအုံးမည်ထင်သည်။နေ ကျိန်းစပ်နေသည့် မျက်လုံးတွေကိုဖွင့်ကာ အိပ်ရာဘေးမှ ဖုန်းကိုယူကိုင်လိုက်သည်။
"Hello"
"မောင်"
ကြားလိုက်ရသည့် ချမ်း အသံလေးကြောင့် နေ မျက်လုံးကျယ်သွားရသည်။မနက်ငါးနာရီပဲ ရှိသေးသည်မို့ အမှောင်ထုတောင် ကောင်းကောင်းမပျောက်သေးပေ။ချမ်းက ဒီအချိန်ဘာလို့ ဖုန်းခေါ်တာပါလိမ့်။
"ဘေဘီ အစောကြီးနိုးနေတာလား"
"အင်း..မောင့်ကိုလွမ်းလို့..ချမ်း တို့ခဏလောက်တွေ့ကြမလား"
အိပ်ရာနိုးကာစ အသံအစ်အစ်လေးနဲ့ ချမ်းက နိုးနိုးချင်းပင် သူ့ပို့ထားတဲ့စာကိုတွေ့ပြီး ဖုန်းဆက်လာခြင်းဖြစ်မည်။ချမ်း စကားကြောင့် နေ ချက်ချင်းပင်တက်ကြွလာကာ....
"တကယ်ပြောတာလား ဘေဘီ"
"အင်း"
"ဟုတ်ပြီ..အဲဒါဆို မောင် အခု ထွက်ခဲ့မယ်နော်"
"ဟုတ်...ချမ်း အိမ်ရှေ့က စောင့်နေမယ် မောင်"
"အိုကေဗျာ"
နေက ဖုန်းချပြီးတာနဲ့အိပ်ရာပေါ်မှ ကမန်းကတန်းထကာ ရေချိူးခန်းဝင်သည်။မျက်နှာသစ် သွားတိုက်ပြီးသည်နဲ့ အဝတ်အစားအမြန်ကောက်ဝတ်သည်။ပြီးတာနဲ့ ဆိုင်ကယ်သော့ဆွဲကာ နေ အမြန်ထွက်လာတော့သည်။
ချမ်း ရေချိူးခန်းဝင် မျက်နှာသစ်၊သွားတိုက်သည်။မှန်ရှေ့ ထိုင်ကာ မျက်နှာဖွေးဖွေးလေးပေါ် ခရင်မ်တစ်မျိူးလူးသည်။သုံးနေကျ lotionကို လက်ဖဝါးထဲ နည်းနည်းညှစ်ယူကာ လက်မောင်း၊လည်ပင်းပေါ် ပွတ်သပ်လူးလိုက်သည်။ဆံနွယ် အုပ်အုပ်လေးကို သပ်သပ်ရပ်ရပ်ဖြီးသင်ပြီးမှ အပေါ်က အင်ကျီလက်ရှည်ပါးပါးလေးထပ်ဝတ်ကာ ဖုန်းယူပြီး အောက်ထပ်ဆင်းလာသည်။အစောကြီးရှိသေးသည်မို့ မာမီတို့ မနိုးသေးပေ။
မီးဖိုထဲမှ မိလုံးတို့အသံကိုကြားရသည်မို့ ချမ်း လူရိပ်လူခြေကြည့်ကာ ခြေလှမ်းဖွဖွနင်းလျှောက်လာသည်။သူကို့မြင်ရင် အစ်ကိုလေး ဒီအချိန်ကြီး ဘယ်သွားမှာလဲ ဘာညာ မေးခွန်းထွက်လာနိုင်သေးသည်မို့ ဘယ်သူမှမမြင်လေ ပိုကောင်းလေပင်။ချမ်း ခြံဝသို့ ခပ်သုတ်သုတ်လေး ပြေးသွားသည်။
"အစ်ကိုလေးခင်ဗျ...ဘယ်သွားမလို့ပါလဲ"
ချမ်း ခြံဝသို့ခပ်သုတ်သုတ် လေးလျှောက်နေစဉ် ချမ်း ရှေ့မှာ မားမားကြီးရပ်ပေါ်လာသူကြောင့် လန့်ပင်လန့်သွားရသည်။ကိုသော်ဇင်ဖြစ်သည်။စောစောစီးစီး စွပ်ကျယ်ဂျိုင်းပြတ်နဲ့ လေ့ကျင့်ခန်းထလုပ်နေ ပုံပေါ်သည်။
"လမ်း ထွက်လျှောက်မလို့ ကိုသော်ဇင်...ကျွန်တော့်ကို တံခါးဖွင့်ပေးပါအုံး"
"ဟုတ်ကဲ့..ဒါနဲ့ အစ်ကိုလေး...ဒီအချိန်ကြီး တစ်ယောက်တည်း အဆင်ပြေပါ့မလား"
ခြံစောင့် ဦးပွားပင် အိပ်ရာမထသေးသည်မို့ သော်ဇင်က တံခါးဖွင့်ပေးရင်း ပြောသည်။သူတို့ သခင်လေးက နုနုနယ်နယ်လေးမို့ စိတ်ပူရသည်။
"ကျွန်တော် အိမ်ရှေ့နားတင် လမ်းလျှောက်မှာမလို့ စိတ်မပူလည်းရပါတယ်..သွားပြီ"
ချမ်းက သော်ဇင့်ကိုပြောပြီး အိမ်ရှေ့ရှိအပင်ကြီးအောက်တွင် ရပ်က မောင့်ကိုစောင့်နေမိသည်။မနက်ခြောက်နာရီ ထိုးကာနီးနေပြီမို့ အလင်းရောင် ပေါ်ထွက်လာပြီဖြစ်သည်။တစ်ယောက်ယောက်ကို ရပ်စောင့်နေပုံပေါ်သည့် သခင်လေးကြောင့် သော်ဇင် ခြံတံခါးဝနားက အခြေအနေစောင့်ကြည့်သည်။မကြာပင် ဆိုင်ကယ်တစ်စီးနဲ့ အစ်ကိုလေးရဲ့ခင်ပွန်းရောက်လာသည်။အစ်ကိုလေးက ဆိုင်ကယ်ပေါ်ချက်ချင်းတက်ကာ နောက်ကပါသွားလေသည်။သော်ဇင် ရပ်ကြည့်နေရင်း သက်ပျင်းချမိသည်။အစ်ကိုလေးတို့ကို ကြည့်ပြီး သူ ကိုယ်ချင်းစာသည်။ချစ်လျက်ရက်နဲ့ဝေးကွာနေရသည့် အဖြစ်။
တွေးရင်း ချစ်ရသူလေးကိုသတိရလာသည်။မြတ်ကိုဘက်က သူ့ကိုစ ဖွင့်ပြောခဲ့သည်ဆိူပေမဲ့ သော်ဇင် သူ့ချစ်သူလေးကို ငုံထားမတတ်ချစ်ပါသည်။သူလည်း အချစ်နဲ့တွေ့မှ အစ်ကိုလေးတို့ကို စာနာတတ်လာသည်။နှစ်ဖက်လုံးပြီးပြည့်စုံ နေလျက်တောင် သခင်မက ယောကျာ်းလေးချင်းမို့ သဘောမတူဘူးပေ။
သူဆိုလျှင်ပိုဆိုးမည် ထင်သည်။သူက ဘာပိုင်ဆိုင်မှုမှ မရှိတဲ့သူများအိမ်က အလုပ်သမားတစ်ယောက်။ချစ်ရသူလေး မိဘတွေဘက်က သူနဲ့သဘောတူဖို့ မပြောနဲ့၊ချစ်ရသူလေး ပါးစပ်က သူ့နာမည်ထွက်ဖို့တောင် အလိုရှိကြမည် မဟုတ်။သော်ဇင် သက်ပျင်းမောကြီး ချလိုက်မိသည်။သူနဲ့မြတ်ကို ဘယ်လိုမှ ပေါင်းစပ်ဖို့မလွယ်မှန်းသိရက်နဲ့ သူ့ဘဝထဲ ဘာလို့ဆွဲခေါ်မိခဲ့တာပါလိမ့်။ကိုယ့်ကိုယ်ကိုတောင် မပိုင်တဲ့သူ့လိုလူ ဘဝထဲ ချစ်ရသူလေးအား အပြီးအပိုင် ဘယ်လိုများဆွဲခေါ်ရက်ပါ့မလဲ။အနာဂတ်အားကြိုးတွေးကာ သော်ဇင် စိတ်ညစ်ညူးမိသည်။
<<<<<>>>>>
"မောင်..မုန့်ဟင်းခါး စားချင်တယ်"
နေ့ ခါးကိုတင်းတင်းဖက်ကာ နေ့ပခုံးပေါ်မေးလေးတင်လျက် တစ်ကိုယ်လုံး နေ့ကျောထံပစ်မှီပါလာသည့် ချမ်း က ဆိုတော့ နေ ဆိုင်ကယ်ဖြည်းဖြည်းမောင်းနေရင်းမှ ချမ်း မျက်နှာလေးအားငဲ့စောင်းကြည့်လာသည်။မျက်တောင်ကော့လေးတွေနဲ့ဖွေးဖွေးအုအု ချမ်း မျက်နှာလေးအားအနီးကပ်မြင်ရတော့ နေ သဘောကျစွာပြုံးသည်။
"အင်း...ဘေဘီ စားချင်ရင် စားမယ်လေ"
"ဟုတ်"
ချမ်း ခေါင်းလေးငြိမ့်ကာ နေ့ခါးကို တိုးဖက်သည်။အရမ်းလွမ်းနေတာ ဒီကျောပြင်ကျယ်ကြီး။
နေက ချမ်း တိုးဖက်သည်ကိုကျေကျေနပ်နပ်ခံယူကာ ချမ်း မျက်နှာလေးကို ငဲ့စောင်းကာ
စိုက်ကြည့်တုန်းပင်။သူ့ကို ရွှန်းရွှန်းစားစားပြုံးကြည့်နေတဲ့ နေ့ မျက်လုံးအစုံနဲ့ ချမ်း မျက်လုံးချင်ဆုံသည်။
"မောင်..ရှေ့ကိုကြည့်လေ"
ချမ်း မောင့်မျက်နှာကိုကိုင်ကာ ရှေ့ပြန်လှည့်ခိုင်းရသည်။စောစောစီးစီးမို့ လမ်းမပေါ် ဘာ ယာဉ်မှတော့ မရှိပေ။ထိုအခါမှ နေ့ မျက်နှာရှေ့ပြန်လှည့်သွားသည်။တစ်ပတ်ကျော်ကျော်မတွေ့ဘဲ နေ ရသည်မို့ နေ့ မှာ ချမ်း မျက်နှာလေးကို ကြည့်မဝဖြစ်နေသည်။နေ ဆိုင်ကယ်ကို ဆိုင်လေးတစ်ဆိုင်ရှေ့ရပ်လိုက်သည်။
မြန်မာ မုန့်မျိူးစုံရသည်ဟူသော ဆိုင်းဘုတ်လေးက ဆိုင်ရှေ့ထီးထီးမားမားရပ်လျက်။ဆိုင်လေးက အတော်အသင့်ကျယ်ဝန်းကာ ဆိုင်ထဲ စားသုံးသူအချိူ့ရှိသည်။နေ နဲ့ချမ်း တစ်ယောက်လက်တစ်ယောက်ယှက်ဖြာကိုင်ကာ ဆိုင်ထဲဝင်လာကြသည်။ဆိုင်ထဲတွင် လေးထောင့်သစ်သားစားပွဲရှည်တွေနဲ့ ကော်ထိုင်ခုံတွေဖြင့် နေရာချထားသည်။နေနဲ့ချမ်း စားပွဲဝိုင်းတစ်ခုတွင် ဝင်ထိုင်လိုက်ကြသည်။
ဆိုင်ရှင်အဒေါ်ကြီးကအေပရွန်ကြီးဝတ်ပြီး ဆံပင်ကိုအပြောင်သိမ်းထုံးကာ မုန့်ပွဲတွေပြင်ကာ လက်မလည်အောင်အလုပ်ရှုပ်နေသည်။
"ဟဲ့..လာတာမြင်လား"
အဒေါ်ကြီးက ဘေးနားထိုင်ခုံတွင်ဖုန်းကိုသဲကြီးမဲကြီးကြည့်နေသော သမီးဖြစ်သူအား အော်ပြောသည်။
"အမေကလည်း တိုးတိုးပြောပါ"
ထိုအခါမှ သမီးဖြစ်သူက ဖုန်းချကာ ချမ်း တို့ဝိုင်းထံ ရောက်လာသည်။ထိုင်နေသည့် အဆင်လေးနှစ်ယောက်ကိုမြင်သည်နဲ့ သူမ မျက်လုံးတွေက လက်ခနဲဖြစ်ကာ မျက်နှာပြုံးရွှင်သွားသည်။
"အစ်ကိုတို့ ဘာမှာမလဲရှင့်..မုန်းဟင်းခါး၊မုန့်တီ၊ရှမ်း၊အစုံရပါတယ်"
ချမ်းကိုတစ်လှည့်၊နေ့ကိုတစ်လှည့် ခေါင်းခါအောင်ကြည့်ရင်း တက်တက်ကြွကြွဆိုသည်။ချောလိုက်တာ၊ချောလိုက်တာ။နှစ်ယောက်လုံးက ချောလိုက်တာ။တစ်ယောက်က အရပ်ရှည်ရှည်၊ponytailဆံပင်စည်းလေးနဲ့ လုံးဝ အမိုက်စား badboyပုံစံလေး။တစ်ယောက်က ဖြူဖြူအုအုနုနုထွတ်ထွတ် ကိုက်စားချင်စရာလေး။
"မုန့်ဟင်းခါး နှစ်ပွဲ..တစ်ပွဲက ငရုတ်သီးမထည့်ဘူး၊နံနံပင်မထည့်ဘူး"
"မောင် ထည့်မှာ"
နေ မှာနေသည်ကို ချမ်းက ဝင်ပြောသည်။
ဆိုင်ရှင်သမီးဖြစ်သူက ချမ်း ခေါ်လိုက်သည့် နာမ်စားကြောင့် မျက်လုံးပြူးသည်။မောင်?သူမ နားကြားမှားတာလား ။
"ငရုတ်သီး စားလို့မရဘူးလေ ဘေဘီရဲ့ ဗိုက်ထဲပူနေလိမ့်မယ်"
"နည်းနည်းလေး... စားမယ်နော်... မောင်"
ချမ်းက နေ့ကိုမျက်နှာငယ်လေးဖြင့်ကြည့်ပြီးပြောသည်။
ဆိုင်ရှင်သမီးဖြစ်သူက နေတို့အတွဲကိုကြည့်ပြီး မျက်လုံးပြူးနေပြီဖြစ်သည်။အတွဲတွေလား။ငမ်း မိတာသူမ ရှပြီ။
"အဲဒါဆို ငရုတ်သီးမှုန့် တစ်ခါတည်းမထည့်ပဲ သပ်သပ်ယူလာပေးနော်"
"ဟုတ်...ဟုတ်ကဲ့ပါရှင့်"
ကောင်မလေး ရှသွားသည်မို့ နေ့ကို မချိတင်ကဲခေါင်းငြိမ့်ပြုံးပြကာ ထွက်သွားသည်။အတန်ကြာ စောင့်နေပြီးနောက် မွှေးကြိုင်နေသော မုန့်ဟင်းခါးပန်းကန်နှစ်ပန်းကန်၊သံပုရာသီးစိတ်တွေ၊ပဲကပ်ကြော်၊နံနံပင်တွေ ထည့်ထားသည့် ပန်းကန်တစ်ချပ်က စားပွဲပေါ်ရောက်လာသည်။အနက်ရောင် ကြွေပန်းကန်လုံးနဲ့ထည့်ထားသည့် မုန့်ဟင်းခါးက ကြက်ဥနှစ်ခြမ်း၊သေချာလှီးဖြတ်ထားသည့် ငှက်ပျောအူဝိုင်းတွေဖြင့် မွှေးပျံ့ကာ စားချင်စဖွယ်ဖြစ်သည်။မုန့်ဟင်းခါးနံ့လေး ရှုရင်း ချမ်း မျက်လုံးလေးတွေလက်ခနဲဖြစ်သည်။
နေ က ချမ်းအတွက်မုန့်ဟင်းခါးပန်းကန်ထဲ ဇွန်းဖျားသေးသေးလေးနဲ့ ငရုတ်သီးမုန့် ခပ်ထည့်ပေးသည်။
"မောင် နည်းနည်းထပ်ထည့်အုံးလေ"
"ထပ်မထည့်ရတော့ဘူး..တော်ပြီ"
နေက ယတိပြတ်ပြောကာငရုတ်သီးမှုန့်ထည့်ထားသည့် ဖန် ပုလင်းလေးသေချာအဖုံးပိတ်လိုက်သည်။ချမ်းက နေ ပြင်ပေးထားသည့် မုန့်ဟင်းပန်းကိုရှေ့ဆွဲယူကာ စ စားနေပြီဖြစ်သည်။ချဉ်ချဉ်စပ်စပ်လေး စားချင်သည်မို့ သံပုရာခြမ်း ထပ်ညှစ်ထည့်သည်။
"တော်ပြီလေ..ဘေဘီ အဲလောက်ထည့်မှတော့ ချဉ်စုတ်နေတော့မယ်ကွာ"
"မနေပါဘူး မောင်ရဲ့..စားကြည့်"
ချမ်းက သူ့ပန်းကန်ထဲမှ မုန်းဟင်းခါးကိုဇွန်းလေးဖြင့် ခပ်ယူကာ နေ့အားခွံ့ကျွေးသည်။နေ ချမ်း ခွံ့ကျွေးသည်ကိုပါးစပ်ဟစားလိုက်ပြီး ချဉ်သည့်အရသာကြောင့် မျက်နှာရှုံ့မဲ့သွားသည်။နေက အချဉ်မကြိုက်သည်မို့ တော်တန်ရုံအချဉ်တောင် စားသည်မဟုတ်။
"အဲလောက်ချဉ်နေတာကိုကွာ"
"မောင်ကလည်း စားကောင်းပါတယ်"
ချမ်းက ပြောပြီးမြိန်ရေယှက်ရေတွယ်နေသည်မို့ ခဏအတွင်းပင်မုန့်ဟင်းခါးတစ်ပန်းကန် ကုန်သွားသည်။နေက မုန့်ဟင်းခါးစားနေရင်းမှ ချမ်း အတွက်ရေသန့်ကို ဖန်ခွက်ထဲ ထည့်ပေးသည်။
"ဝပြီလား..ထပ်မှာအုံးမလား ဘေဘီ"
ချမ်းက နေငှဲ့ပေးထားသည့် ရေခွက်ကိုယူကာ မော့သောက်ရင်းမှ ခေါင်းလေးယမ်းသည်။
"ဝပြီ....မောင်"
"အင်း"
နေ ကတစ်ရှုးယူကာ ချမ်း နှုတ်ခမ်းလေးကို ဖွဖွသုတ်ပေးသည်။ချမ်းက ငြိမ်ငြိမ် လေးအသုတ်ခံသည်။စားပြီးသွားတော့ နှစ်ယောက်သားမပြန်ဖြစ်ကြသေးပေ။နေက စားပွဲပေါ်လက်ထောက်ကာ ထိုလက်ပေါ်မေးတင်ရင်း လက်တစ်ဖက်က ချမ်း လက်လေးကို ဆုပ်ကိုင်ကာ ချမ်း မျက်နှာလေးကို စိုက်ကြည့်သည်။
ချမ်း နေကြည့်သလို နေ့မျက်နှာကိုပြန်လည်စိုက်ကြည့်သည်။မတွေ့ရတဲ့တစ်ပတ်ကျော်အတွင်း မောင့် နှုတ်ခမ်းမွှေးတွေတောင်ရှည်လာသလိုပင်။ချမ်း စိမ်းရိပ်သမ်းနေသည့် မောင့်နှုတ်ခမ်းမွှေးစစတွေကို လက်မလေးဖြင့် ပွတ်သပ်ပေးရင်း....
"မောင့် နှုတ်ခမ်းမွှေးတွေ ထပ်ထွက်လာပြီ ရိပ်အုံး"
"မောင် နှုတ်ခမ်းမွှေး အရှည်ထားရမလားလို့"
"မထားရပါဘူး"
နေ့စကားကို ချမ်းက ချက်ချင်းငြင်းပယ်သည်။
"ဘာဖြစ်လို့လဲ ဘေဘီရဲ့"
နေက ချမ်း သူ့ရဲ့ကိုယ်ပိုင်ကိစ်စအသေးအမွှားလေးတွေအပေါ်ပိုင်စိုးပိုင်နင်းရှိပုံကို ကျေနပ်ဟန်ဖြင့် မျက်ခုံးပင့်ရင်းမေးသည်။
"စူး..စူးတယ်"
ချမ်း မောင်နမ်းတိုင်း ထိုနှုတ်ခမ်းမွှေးစစတွေရဲ့ စူးရှရှအထိအတွေ့ကို သတိရကာ လွှတ်ခနဲပြောထွက်သွားပြီးမှ ရှက်ရမှန်းသိကာ နေ့ အကြည့်တွေကိုရှောင်ဖယ်ကာ မျက်လုံးလေးလွှဲသည်။တွေး..တွေးကြည့်ရင် မောင့်နှုတ်ခမ်းမွှေးကနမ်းရင်စူးသည်သာမက မောင်..ဟို..ဟိုဟာ လုပ်ပေးရင်ရော။အတွေးနဲ့အတူ ချမ်း မျက်နှာလေးက နီရဲတွတ်လျက်။
နေက ချမ်း မျက်နှာရဲရဲလေးကိုကြည့်ကာ သဘော ပေါက်စွာတဟားဟားအော်ရယ်သည်။
"စူးလို့လား.."
မျက်နှာပိုး မသတ်နိုင်သည့်ပြီတီတီအပြုံးကြီးနဲ့ ချမ်း အားမေးလာသေးသည်။
"ဟုတ်သားပဲကွာ...မောင့် နှုတ်ခမ်းမွှေးတွေ အပြောင်ရိတ်ပစ်ရမယ်..အဲတာမှ ဘေဘီချမ်းပေါက်လေး နှုတ်ခမ်းမွှေးမစူးမှာနော့.."
"မောင်..နော် ချမ်း..ချမ်းပြောတာကနမ်းရင် စူးတယ်လို့ပြောတာ"
"ဟုတ်လား......"
နေက ချမ်းမျက်နှာလေးအားပြုံးစစစိုက်ကြည့်ရင်း သံရှည်ဆွဲပြောကာမယုံဟန်ပြသည်။
"မောင်!!"
ချမ်း ရှက်ကာအော်မိတော့သည်။အမှန်အတိုင်း ဝန်ခံရရင် မောင်ပါးစပ်နဲ့ထိတဲ့နေရာတိုင်း သူနှုတ်ခမ်းမွှေးစူးတာပေါ့။သိရင်သိသလိုနေပါတော့လား။လူက လိုက်စနေတယ် မောင်ကတော့။
"လင်မယားချင်းကို ဘာတွေအဲလောက်ကြီး ရှက်နေတာတုန်း မောင့်ဘေဘီလေးရဲ့...ကြည့်ပါအုံး ပါးလေးတွေက ထိရင်သွေးထွက်တော့မယ်အတိုင်း နီရဲနေပြီ...သူများတွေမြင်ရင် မောင်က လူမြင်ကွင်းကြီးတောင် မရှောင် တအားကဲတယ် ထင်နေကြတော့မှာပဲ"
"မောင်နော်..ပြောလေဆိုးလေ လူကိုလိုက်စမနေနဲ့..ပြန်ရအောင်"
ချမ်း စကားလမ်းကြောင်းလွှဲသည်။
"ပြန်တော့မှာလား"
"အင်းပေါ့..မောင်ရဲ့...မောင် ရှစ်နာရီဆို companyသွားရမှာမလား...နောက်ကျနေလိမ့်မယ် မောင် ပြန်ရအောင်တော့"
"အင်း"
နေက အင်တင်တင်နဲ့ခေါင်းငြိမ့်သည်။ဖြစ်နိုင်ရင် ဒီနေ့ companyမသွားပဲ ချမ်းနဲ့တစ်နေကုန်အတူရှိချင်သည်။သို့ပေမဲ့ သူ အလုပ်ပျက်လို့ မဖြစ်ဘူး မဟုတ်လား။
"ညီမ ရှင်းမယ်နော်"
နေ အော်ပြောလိုက်တော့ ဆိုင်ရှင်သမီးဖြစ်သူ ကောင်မလေးက နေတို့ဝိုင်းပြန်ရောက်လာသည်။
"သုံးထောင်ကျပါတယ်"
နေတို့ကို ကောင်မလေးက မချိတင်ကဲပြုံးပြရင်း ကျသင့်ငွေပြောသည်။သူမ တစ်ချိန်လုံး ဒီပူးကပ်နေသည့်အတွဲ ခိုးခိုးကြည့်ပြီး ခွေးစား စားနေရတာဖြစ်သည်။တကယ်ပါပဲ ဒီsingleကောင်မလေး ထိုင်ငိုချင်နေအောင် roပြနေလိုက်ကြတာ။
ငွေရှင်းပြီးတာနဲ့ နေနဲ့ချမ်း ဆိုင်ထဲကပြန်ထွက်လာကြသည်။နေက ချမ်းကို အိမ်ရှေ့ထိပြန်လိုက်ပို့ပေးသည်။
"ဘေဘီ..ခဏ "
နေ့စကားကြောင့် ခြံထဲဝင်ရန်ပြင်နေသည့် ချမ်း ခြေလှမ်းလေးတုံ့ကာ နေ့ကိုပြန့်လှည့်ကြည့်လာသည်။
"ဘာဖြစ်လို့လဲ မောင်"
နေက ဆိုင်ကယ်ပေါ်မှဆင်းကာ ချမ်းနားလျှောက်လာသည်။
"မောင် တစ်ခုခုမေ့နေပါတယ်လို့ကွာ...ဖေကြီးက သားလေးကိုမနှုတ်ဆက်ရသေးဘူးဗျ"
နေက ချမ်း ကိုယ်ကိုကိုင်းကာ ချမ်း ဗိုက်လေးထံ မျက်နှာမူရင်းဆိုသည်။ချမ်းကို အလွမ်းသယ်မဝ ဖြစ်နေသည်မို့ ဗိုက်ထဲက သားလေးကို ခဏမေ့သွားရသည်။ဆောရီးပါ..ဖေ့သားကြီးရာ။
"သားရေ..ဖေကြီး ပြန်တော့မယ်..ဖေဖေ့ဗိုက်ထဲမှာ ကျန်းကျန်းမာမာနေရမယ်နော်...မကြာခင် ဖေကြီးက ဖေကြီးရဲ့ဘေဘီလေးနှစ်ယောက်လုံးကို ပြန်လာခေါ်မယ်"
နေက ချမ်းဗိုက်ထဲက သားလေးထံဦးတည်ပြောပြီး ချမ်းဗိုက်လေးကို မျက်နှာအပ်နမ်းရှိုက်သည်။ချမ်းက သားအဖနှစ်ယောက်စကားပြောနေသည်ကို ကြည်နူးစွာပြုံးပြုံးလေးစိုက်ကြည့်နေသည်။
"သားလေးက ပြောနေတယ် မောင်..ဖေကြီးကို အရမ်းချစ်တယ်တဲ့"
"ဟုတ်လား...ဖေကြီးကလည်း အရမ်းချစ်ပါတယ်ဗျာ"
နေက ပြောပြီးချမ်းကိုယ်လေးကို မျက်နှာချင်းဆိုင်ပွေ့ဖက်လာသည်။
"ဒီဘေဘီလေးကရော မောင့်ကိုချစ်လား"
ချမ်းထံမှ ချစ်စကားကြားချင်သည်မို့ နေက ချမ်း မျက်နှာလေးကို ကြည့်ရင်းဆိုသည်။
"အင်း...မောင့်ကိုအရမ်းချစ်တယ်"
"အာဘွားပေး..."
နေကဆိုတော့ ချမ်း နေ့လည်ပင်းကိုသိုင်းဖက်ကာ နေ့ပါးပြင်ကိုရွှတ်ခနဲမော့နမ်းသည်။နေ အကျေနပ်ကြီးသွားရသည်။
"အဲဒါဆို မောင်ပြန်တော့မယ် ဘေဘီ"
"ဟုတ်..ဂရုစိုက် မောင်"
နေ ဆိုင်ကယ်ထွက်သွားသည်အထိ ချမ်း အိမ်ရှေ့မှာ ရပ်ကြည့်ကျန်နေခဲ့သည်။
<<<<<>>>>>>>
နည်းနည်းတိုသွားပေမဲ့ အချိူတွေကြီးမို့ ကျေနပ်မယ်လို့ ထင်ပါတယ်😁
ဖုန္း ျမည္သံေၾကာင့္ ေန မ်က္ခုံးက်ဴံ႕ရင္း ႏိုးလာသည္။ညက ခ်မ္း တို႔အိမ္ဘက္မွ တစ္နာရီေလာက္မွ ျပန္လာခဲ့သည္မို႔ ေန အိပ္ေနတာ သုံးနာရီေလာက္ပဲ ရွိအုံးမည္ထင္သည္။ေန က်ိန္းစပ္ေနသည့္ မ်က္လုံးေတြကိုဖြင့္ကာ အိပ္ရာေဘးမွ ဖုန္းကိုယူကိုင္လိုက္သည္။
"Hello"
"ေမာင္"
ၾကားလိုက္ရသည့္ ခ်မ္း အသံေလးေၾကာင့္ ေန မ်က္လုံးက်ယ္သြားရသည္။မနက္ငါးနာရီပဲ ရွိေသးသည္မို႔ အေမွာင္ထုေတာင္ ေကာင္းေကာင္းမေပ်ာက္ေသးေပ။ခ်မ္းက ဒီအခ်ိန္ဘာလို႔ ဖုန္းေခၚတာပါလိမ့္။
"ေဘဘီ အေစာႀကီးႏိုးေနတာလား"
"အင္း..ေမာင့္ကိုလြမ္းလို႔..ခ်မ္း တို႔ခဏေလာက္ေတြ႕ၾကမလား"
အိပ္ရာႏိုးကာစ အသံအစ္အစ္ေလးနဲ႔ ခ်မ္းက ႏိုးႏိုးခ်င္းပင္ သူ႔ပို႔ထားတဲ့စာကိုေတြ႕ၿပီး ဖုန္းဆက္လာျခင္းျဖစ္မည္။ခ်မ္း စကားေၾကာင့္ ေန ခ်က္ခ်င္းပင္တက္ႂကြလာကာ....
"တကယ္ေျပာတာလား ေဘဘီ"
"အင္း"
"ဟုတ္ၿပီ..အဲဒါဆို ေမာင္ အခု ထြက္ခဲ့မယ္ေနာ္"
"ဟုတ္...ခ်မ္း အိမ္ေရွ႕က ေစာင့္ေနမယ္ ေမာင္"
"အိုေကဗ်ာ"
ေနက ဖုန္းခ်ၿပီးတာနဲ႔အိပ္ရာေပၚမွ ကမန္းကတန္းထကာ ေရခ်ိဴးခန္းဝင္သည္။မ်က္ႏွာသစ္ သြားတိုက္ၿပီးသည္နဲ႔ အဝတ္အစားအျမန္ေကာက္ဝတ္သည္။ၿပီးတာနဲ႔ ဆိုင္ကယ္ေသာ့ဆြဲကာ ေန အျမန္ထြက္လာေတာ့သည္။
ခ်မ္း ေရခ်ိဴးခန္းဝင္ မ်က္ႏွာသစ္၊သြားတိုက္သည္။မွန္ေရွ႕ ထိုင္ကာ မ်က္ႏွာေဖြးေဖြးေလးေပၚ ခရင္မ္တစ္မ်ိဴးလူးသည္။သုံးေနက် lotionကို လက္ဖဝါးထဲ နည္းနည္းညႇစ္ယူကာ လက္ေမာင္း၊လည္ပင္းေပၚ ပြတ္သပ္လူးလိုက္သည္။ဆံႏြယ္ အုပ္အုပ္ေလးကို သပ္သပ္ရပ္ရပ္ၿဖီးသင္ၿပီးမွ အေပၚက အင္က်ီလက္ရွည္ပါးပါးေလးထပ္ဝတ္ကာ ဖုန္းယူၿပီး ေအာက္ထပ္ဆင္းလာသည္။အေစာႀကီးရွိေသးသည္မို႔ မာမီတို႔ မႏိုးေသးေပ။
မီးဖိုထဲမွ မိလုံးတို႔အသံကိုၾကားရသည္မို႔ ခ်မ္း လူရိပ္လူေျခၾကည့္ကာ ေျခလွမ္းဖြဖြနင္းေလွ်ာက္လာသည္။သူကို႔ျမင္ရင္ အစ္ကိုေလး ဒီအခ်ိန္ႀကီး ဘယ္သြားမွာလဲ ဘာညာ ေမးခြန္းထြက္လာႏိုင္ေသးသည္မို႔ ဘယ္သူမွမျမင္ေလ ပိုေကာင္းေလပင္။ခ်မ္း ၿခံဝသို႔ ခပ္သုတ္သုတ္ေလး ေျပးသြားသည္။
"အစ္ကိုေလးခင္ဗ်...ဘယ္သြားမလို႔ပါလဲ"
ခ်မ္း ၿခံဝသို႔ခပ္သုတ္သုတ္ ေလးေလွ်ာက္ေနစဥ္ ခ်မ္း ေရွ႕မွာ မားမားႀကီးရပ္ေပၚလာသူေၾကာင့္ လန႔္ပင္လန႔္သြားရသည္။ကိုေသာ္ဇင္ျဖစ္သည္။ေစာေစာစီးစီး စြပ္က်ယ္ဂ်ိဳင္းျပတ္နဲ႔ ေလ့က်င့္ခန္းထလုပ္ေန ပုံေပၚသည္။
"လမ္း ထြက္ေလွ်ာက္မလို႔ ကိုေသာ္ဇင္...ကြၽန္ေတာ့္ကို တံခါးဖြင့္ေပးပါအုံး"
"ဟုတ္ကဲ့..ဒါနဲ႔ အစ္ကိုေလး...ဒီအခ်ိန္ႀကီး တစ္ေယာက္တည္း အဆင္ေျပပါ့မလား"
ၿခံေစာင့္ ဦးပြားပင္ အိပ္ရာမထေသးသည္မို႔ ေသာ္ဇင္က တံခါးဖြင့္ေပးရင္း ေျပာသည္။သူတို႔ သခင္ေလးက ႏုႏုနယ္နယ္ေလးမို႔ စိတ္ပူရသည္။
"ကြၽန္ေတာ္ အိမ္ေရွ႕နားတင္ လမ္းေလွ်ာက္မွာမလို႔ စိတ္မပူလည္းရပါတယ္..သြားၿပီ"
ခ်မ္းက ေသာ္ဇင့္ကိုေျပာၿပီး အိမ္ေရွ႕ရွိအပင္ႀကီးေအာက္တြင္ ရပ္က ေမာင့္ကိုေစာင့္ေနမိသည္။မနက္ေျခာက္နာရီ ထိုးကာနီးေနၿပီမို႔ အလင္းေရာင္ ေပၚထြက္လာၿပီျဖစ္သည္။တစ္ေယာက္ေယာက္ကို ရပ္ေစာင့္ေနပုံေပၚသည့္ သခင္ေလးေၾကာင့္ ေသာ္ဇင္ ၿခံတံခါးဝနားက အေျခအေနေစာင့္ၾကည့္သည္။မၾကာပင္ ဆိုင္ကယ္တစ္စီးနဲ႔ အစ္ကိုေလးရဲ႕ခင္ပြန္းေရာက္လာသည္။အစ္ကိုေလးက ဆိုင္ကယ္ေပၚခ်က္ခ်င္းတက္ကာ ေနာက္ကပါသြားေလသည္။ေသာ္ဇင္ ရပ္ၾကည့္ေနရင္း သက္ပ်င္းခ်မိသည္။အစ္ကိုေလးတို႔ကို ၾကည့္ၿပီး သူ ကိုယ္ခ်င္းစာသည္။ခ်စ္လ်က္ရက္နဲ႔ေဝးကြာေနရသည့္ အျဖစ္။
ေတြးရင္း ခ်စ္ရသူေလးကိုသတိရလာသည္။ျမတ္ကိုဘက္က သူ႔ကိုစ ဖြင့္ေျပာခဲ့သည္ဆိူေပမဲ့ ေသာ္ဇင္ သူ႔ခ်စ္သူေလးကို ငုံထားမတတ္ခ်စ္ပါသည္။သူလည္း အခ်စ္နဲ႔ေတြ႕မွ အစ္ကိုေလးတို႔ကို စာနာတတ္လာသည္။ႏွစ္ဖက္လုံးၿပီးျပည့္စုံ ေနလ်က္ေတာင္ သခင္မက ေယာက်ာ္းေလးခ်င္းမို႔ သေဘာမတူဘူးေပ။
သူဆိုလွ်င္ပိုဆိုးမည္ ထင္သည္။သူက ဘာပိုင္ဆိုင္မႈမွ မရွိတဲ့သူမ်ားအိမ္က အလုပ္သမားတစ္ေယာက္။ခ်စ္ရသူေလး မိဘေတြဘက္က သူနဲ႔သေဘာတူဖို႔ မေျပာနဲ႔၊ခ်စ္ရသူေလး ပါးစပ္က သူ႔နာမည္ထြက္ဖို႔ေတာင္ အလိုရွိၾကမည္ မဟုတ္။ေသာ္ဇင္ သက္ပ်င္းေမာႀကီး ခ်လိုက္မိသည္။သူနဲ႔ျမတ္ကို ဘယ္လိုမွ ေပါင္းစပ္ဖို႔မလြယ္မွန္းသိရက္နဲ႔ သူ႔ဘဝထဲ ဘာလို႔ဆြဲေခၚမိခဲ့တာပါလိမ့္။ကိုယ့္ကိုယ္ကိုေတာင္ မပိုင္တဲ့သူ႔လိုလူ ဘဝထဲ ခ်စ္ရသူေလးအား အၿပီးအပိုင္ ဘယ္လိုမ်ားဆြဲေခၚရက္ပါ့မလဲ။အနာဂတ္အားႀကိဳးေတြးကာ ေသာ္ဇင္ စိတ္ညစ္ညဴးမိသည္။
<<<<<>>>>>
"ေမာင္..မုန႔္ဟင္းခါး စားခ်င္တယ္"
ေန႔ ခါးကိုတင္းတင္းဖက္ကာ ေန႔ပခုံးေပၚေမးေလးတင္လ်က္ တစ္ကိုယ္လုံး ေန႔ေက်ာထံပစ္မွီပါလာသည့္ ခ်မ္း က ဆိုေတာ့ ေန ဆိုင္ကယ္ျဖည္းျဖည္းေမာင္းေနရင္းမွ ခ်မ္း မ်က္ႏွာေလးအားငဲ့ေစာင္းၾကည့္လာသည္။မ်က္ေတာင္ေကာ့ေလးေတြနဲ႔ေဖြးေဖြးအုအု ခ်မ္း မ်က္ႏွာေလးအားအနီးကပ္ျမင္ရေတာ့ ေန သေဘာက်စြာၿပဳံးသည္။
"အင္း...ေဘဘီ စားခ်င္ရင္ စားမယ္ေလ"
"ဟုတ္"
ခ်မ္း ေခါင္းေလးၿငိမ့္ကာ ေန႔ခါးကို တိုးဖက္သည္။အရမ္းလြမ္းေနတာ ဒီေက်ာျပင္က်ယ္ႀကီး။
ေနက ခ်မ္း တိုးဖက္သည္ကိုေက်ေက်နပ္နပ္ခံယူကာ ခ်မ္း မ်က္ႏွာေလးကို ငဲ့ေစာင္းကာ
စိုက္ၾကည့္တုန္းပင္။သူ႔ကို ႐ႊန္း႐ႊန္းစားစားၿပဳံးၾကည့္ေနတဲ့ ေန႔ မ်က္လုံးအစုံနဲ႔ ခ်မ္း မ်က္လုံးခ်င္ဆုံသည္။
"ေမာင္..ေရွ႕ကိုၾကည့္ေလ"
ခ်မ္း ေမာင့္မ်က္ႏွာကိုကိုင္ကာ ေရွ႕ျပန္လွည့္ခိုင္းရသည္။ေစာေစာစီးစီးမို႔ လမ္းမေပၚ ဘာ ယာဥ္မွေတာ့ မရွိေပ။ထိုအခါမွ ေန႔ မ်က္ႏွာေရွ႕ျပန္လွည့္သြားသည္။တစ္ပတ္ေက်ာ္ေက်ာ္မေတြ႕ဘဲ ေန ရသည္မို႔ ေန႔ မွာ ခ်မ္း မ်က္ႏွာေလးကို ၾကည့္မဝျဖစ္ေနသည္။ေန ဆိုင္ကယ္ကို ဆိုင္ေလးတစ္ဆိုင္ေရွ႕ရပ္လိုက္သည္။
ျမန္မာ မုန႔္မ်ိဴးစုံရသည္ဟူေသာ ဆိုင္းဘုတ္ေလးက ဆိုင္ေရွ႕ထီးထီးမားမားရပ္လ်က္။ဆိုင္ေလးက အေတာ္အသင့္က်ယ္ဝန္းကာ ဆိုင္ထဲ စားသုံးသူအခ်ိဴ႕ရွိသည္။ေန နဲ႔ခ်မ္း တစ္ေယာက္လက္တစ္ေယာက္ယွက္ျဖာကိုင္ကာ ဆိုင္ထဲဝင္လာၾကသည္။ဆိုင္ထဲတြင္ ေလးေထာင့္သစ္သားစားပြဲရွည္ေတြနဲ႔ ေကာ္ထိုင္ခုံေတြျဖင့္ ေနရာခ်ထားသည္။ေနနဲ႔ခ်မ္း စားပြဲဝိုင္းတစ္ခုတြင္ ဝင္ထိုင္လိုက္ၾကသည္။
ဆိုင္ရွင္အေဒၚႀကီးကေအပ႐ြန္ႀကီးဝတ္ၿပီး ဆံပင္ကိုအေျပာင္သိမ္းထုံးကာ မုန႔္ပြဲေတြျပင္ကာ လက္မလည္ေအာင္အလုပ္ရႈပ္ေနသည္။
"ဟဲ့..လာတာျမင္လား"
အေဒၚႀကီးက ေဘးနားထိုင္ခုံတြင္ဖုန္းကိုသဲႀကီးမဲႀကီးၾကည့္ေနေသာ သမီးျဖစ္သူအား ေအာ္ေျပာသည္။
"အေမကလည္း တိုးတိုးေျပာပါ"
ထိုအခါမွ သမီးျဖစ္သူက ဖုန္းခ်ကာ ခ်မ္း တို႔ဝိုင္းထံ ေရာက္လာသည္။ထိုင္ေနသည့္ အဆင္ေလးႏွစ္ေယာက္ကိုျမင္သည္နဲ႔ သူမ မ်က္လုံးေတြက လက္ခနဲျဖစ္ကာ မ်က္ႏွာၿပဳံး႐ႊင္သြားသည္။
"အစ္ကိုတို႔ ဘာမွာမလဲရွင့္..မုန္းဟင္းခါး၊မုန႔္တီ၊ရွမ္း၊အစုံရပါတယ္"
ခ်မ္းကိုတစ္လွည့္၊ေန႔ကိုတစ္လွည့္ ေခါင္းခါေအာင္ၾကည့္ရင္း တက္တက္ႂကြႂကြဆိုသည္။ေခ်ာလိုက္တာ၊ေခ်ာလိုက္တာ။ႏွစ္ေယာက္လုံးက ေခ်ာလိုက္တာ။တစ္ေယာက္က အရပ္ရွည္ရွည္၊ponytailဆံပင္စည္းေလးနဲ႔ လုံးဝ အမိုက္စား badboyပုံစံေလး။တစ္ေယာက္က ျဖဴျဖဴအုအုႏုႏုထြတ္ထြတ္ ကိုက္စားခ်င္စရာေလး။
"မုန႔္ဟင္းခါး ႏွစ္ပြဲ..တစ္ပြဲက င႐ုတ္သီးမထည့္ဘူး၊နံနံပင္မထည့္ဘူး"
"ေမာင္ ထည့္မွာ"
ေန မွာေနသည္ကို ခ်မ္းက ဝင္ေျပာသည္။
ဆိုင္ရွင္သမီးျဖစ္သူက ခ်မ္း ေခၚလိုက္သည့္ နာမ္စားေၾကာင့္ မ်က္လုံးျပဴးသည္။ေမာင္?သူမ နားၾကားမွားတာလား ။
"င႐ုတ္သီး စားလို႔မရဘူးေလ ေဘဘီရဲ႕ ဗိုက္ထဲပူေနလိမ့္မယ္"
"နည္းနည္းေလး... စားမယ္ေနာ္... ေမာင္"
ခ်မ္းက ေန႔ကိုမ်က္ႏွာငယ္ေလးျဖင့္ၾကည့္ၿပီးေျပာသည္။
ဆိုင္ရွင္သမီးျဖစ္သူက ေနတို႔အတြဲကိုၾကည့္ၿပီး မ်က္လုံးျပဴးေနၿပီျဖစ္သည္။အတြဲေတြလား။ငမ္း မိတာသူမ ရွၿပီ။
"အဲဒါဆို င႐ုတ္သီးမႈန႔္ တစ္ခါတည္းမထည့္ပဲ သပ္သပ္ယူလာေပးေနာ္"
"ဟုတ္...ဟုတ္ကဲ့ပါရွင့္"
ေကာင္မေလး ရွသြားသည္မို႔ ေန႔ကို မခ်ိတင္ကဲေခါင္းၿငိမ့္ၿပဳံးျပကာ ထြက္သြားသည္။အတန္ၾကာ ေစာင့္ေနၿပီးေနာက္ ေမႊးႀကိဳင္ေနေသာ မုန႔္ဟင္းခါးပန္းကန္ႏွစ္ပန္းကန္၊သံပုရာသီးစိတ္ေတြ၊ပဲကပ္ေၾကာ္၊နံနံပင္ေတြ ထည့္ထားသည့္ ပန္းကန္တစ္ခ်ပ္က စားပြဲေပၚေရာက္လာသည္။အနက္ေရာင္ ေႂကြပန္းကန္လုံးနဲ႔ထည့္ထားသည့္ မုန႔္ဟင္းခါးက ၾကက္ဥႏွစ္ျခမ္း၊ေသခ်ာလွီးျဖတ္ထားသည့္ ငွက္ေပ်ာအူဝိုင္းေတြျဖင့္ ေမႊးပ်ံ႕ကာ စားခ်င္စဖြယ္ျဖစ္သည္။မုန႔္ဟင္းခါးနံ႔ေလး ရႈရင္း ခ်မ္း မ်က္လုံးေလးေတြလက္ခနဲျဖစ္သည္။
ေန က ခ်မ္းအတြက္မုန႔္ဟင္းခါးပန္းကန္ထဲ ဇြန္းဖ်ားေသးေသးေလးနဲ႔ င႐ုတ္သီးမုန႔္ ခပ္ထည့္ေပးသည္။
"ေမာင္ နည္းနည္းထပ္ထည့္အုံးေလ"
"ထပ္မထည့္ရေတာ့ဘူး..ေတာ္ၿပီ"
ေနက ယတိျပတ္ေျပာကာင႐ုတ္သီးမႈန႔္ထည့္ထားသည့္ ဖန္ ပုလင္းေလးေသခ်ာအဖုံးပိတ္လိုက္သည္။ခ်မ္းက ေန ျပင္ေပးထားသည့္ မုန႔္ဟင္းပန္းကိုေရွ႕ဆြဲယူကာ စ စားေနၿပီျဖစ္သည္။ခ်ဥ္ခ်ဥ္စပ္စပ္ေလး စားခ်င္သည္မို႔ သံပုရာျခမ္း ထပ္ညႇစ္ထည့္သည္။
"ေတာ္ၿပီေလ..ေဘဘီ အဲေလာက္ထည့္မွေတာ့ ခ်ဥ္စုတ္ေနေတာ့မယ္ကြာ"
"မေနပါဘူး ေမာင္ရဲ႕..စားၾကည့္"
ခ်မ္းက သူ႔ပန္းကန္ထဲမွ မုန္းဟင္းခါးကိုဇြန္းေလးျဖင့္ ခပ္ယူကာ ေန႔အားခြံ႕ေကြၽးသည္။ေန ခ်မ္း ခြံ႕ေကြၽးသည္ကိုပါးစပ္ဟစားလိုက္ၿပီး ခ်ဥ္သည့္အရသာေၾကာင့္ မ်က္ႏွာရႈံ႕မဲ့သြားသည္။ေနက အခ်ဥ္မႀကိဳက္သည္မို႔ ေတာ္တန္႐ုံအခ်ဥ္ေတာင္ စားသည္မဟုတ္။
"အဲေလာက္ခ်ဥ္ေနတာကိုကြာ"
"ေမာင္ကလည္း စားေကာင္းပါတယ္"
ခ်မ္းက ေျပာၿပီးၿမိန္ေရယွက္ေရတြယ္ေနသည္မို႔ ခဏအတြင္းပင္မုန႔္ဟင္းခါးတစ္ပန္းကန္ ကုန္သြားသည္။ေနက မုန႔္ဟင္းခါးစားေနရင္းမွ ခ်မ္း အတြက္ေရသန႔္ကို ဖန္ခြက္ထဲ ထည့္ေပးသည္။
"ဝၿပီလား..ထပ္မွာအုံးမလား ေဘဘီ"
ခ်မ္းက ေနငွဲ႔ေပးထားသည့္ ေရခြက္ကိုယူကာ ေမာ့ေသာက္ရင္းမွ ေခါင္းေလးယမ္းသည္။
"ဝၿပီ....ေမာင္"
"အင္း"
ေန ကတစ္ရႈးယူကာ ခ်မ္း ႏႈတ္ခမ္းေလးကို ဖြဖြသုတ္ေပးသည္။ခ်မ္းက ၿငိမ္ၿငိမ္ ေလးအသုတ္ခံသည္။စားၿပီးသြားေတာ့ ႏွစ္ေယာက္သားမျပန္ျဖစ္ၾကေသးေပ။ေနက စားပြဲေပၚလက္ေထာက္ကာ ထိုလက္ေပၚေမးတင္ရင္း လက္တစ္ဖက္က ခ်မ္း လက္ေလးကို ဆုပ္ကိုင္ကာ ခ်မ္း မ်က္ႏွာေလးကို စိုက္ၾကည့္သည္။
ခ်မ္း ေနၾကည့္သလို ေန႔မ်က္ႏွာကိုျပန္လည္စိုက္ၾကည့္သည္။မေတြ႕ရတဲ့တစ္ပတ္ေက်ာ္အတြင္း ေမာင့္ ႏႈတ္ခမ္းေမႊးေတြေတာင္ရွည္လာသလိုပင္။ခ်မ္း စိမ္းရိပ္သမ္းေနသည့္ ေမာင့္ႏႈတ္ခမ္းေမႊးစစေတြကို လက္မေလးျဖင့္ ပြတ္သပ္ေပးရင္း....
"ေမာင့္ ႏႈတ္ခမ္းေမႊးေတြ ထပ္ထြက္လာၿပီ ရိပ္အုံး"
"ေမာင္ ႏႈတ္ခမ္းေမႊး အရွည္ထားရမလားလို႔"
"မထားရပါဘူး"
ေန႔စကားကို ခ်မ္းက ခ်က္ခ်င္းျငင္းပယ္သည္။
"ဘာျဖစ္လို႔လဲ ေဘဘီရဲ႕"
ေနက ခ်မ္း သူ႔ရဲ႕ကိုယ္ပိုင္ကိစ္စအေသးအမႊားေလးေတြအေပၚပိုင္စိုးပိုင္နင္းရွိပုံကို ေက်နပ္ဟန္ျဖင့္ မ်က္ခုံးပင့္ရင္းေမးသည္။
"စူး..စူးတယ္"
ခ်မ္း ေမာင္နမ္းတိုင္း ထိုႏႈတ္ခမ္းေမႊးစစေတြရဲ႕ စူးရွရွအထိအေတြ႕ကို သတိရကာ လႊတ္ခနဲေျပာထြက္သြားၿပီးမွ ရွက္ရမွန္းသိကာ ေန႔ အၾကည့္ေတြကိုေရွာင္ဖယ္ကာ မ်က္လုံးေလးလႊဲသည္။ေတြး..ေတြးၾကည့္ရင္ ေမာင့္ႏႈတ္ခမ္းေမႊးကနမ္းရင္စူးသည္သာမက ေမာင္..ဟို..ဟိုဟာ လုပ္ေပးရင္ေရာ။အေတြးနဲ႔အတူ ခ်မ္း မ်က္ႏွာေလးက နီရဲတြတ္လ်က္။
ေနက ခ်မ္း မ်က္ႏွာရဲရဲေလးကိုၾကည့္ကာ သေဘာ ေပါက္စြာတဟားဟားေအာ္ရယ္သည္။
"စူးလို႔လား.."
မ်က္ႏွာပိုး မသတ္ႏိုင္သည့္ၿပီတီတီအၿပဳံးႀကီးနဲ႔ ခ်မ္း အားေမးလာေသးသည္။
"ဟုတ္သားပဲကြာ...ေမာင့္ ႏႈတ္ခမ္းေမႊးေတြ အေျပာင္ရိတ္ပစ္ရမယ္..အဲတာမွ ေဘဘီခ်မ္းေပါက္ေလး ႏႈတ္ခမ္းေမႊးမစူးမွာေနာ့.."
"ေမာင္..ေနာ္ ခ်မ္း..ခ်မ္းေျပာတာကနမ္းရင္ စူးတယ္လို႔ေျပာတာ"
"ဟုတ္လား......"
ေနက ခ်မ္းမ်က္ႏွာေလးအားၿပဳံးစစစိုက္ၾကည့္ရင္း သံရွည္ဆြဲေျပာကာမယုံဟန္ျပသည္။
"ေမာင္!!"
ခ်မ္း ရွက္ကာေအာ္မိေတာ့သည္။အမွန္အတိုင္း ဝန္ခံရရင္ ေမာင္ပါးစပ္နဲ႔ထိတဲ့ေနရာတိုင္း သူႏႈတ္ခမ္းေမႊးစူးတာေပါ့။သိရင္သိသလိုေနပါေတာ့လား။လူက လိုက္စေနတယ္ ေမာင္ကေတာ့။
"လင္မယားခ်င္းကို ဘာေတြအဲေလာက္ႀကီး ရွက္ေနတာတုန္း ေမာင့္ေဘဘီေလးရဲ႕...ၾကည့္ပါအုံး ပါးေလးေတြက ထိရင္ေသြးထြက္ေတာ့မယ္အတိုင္း နီရဲေနၿပီ...သူမ်ားေတြျမင္ရင္ ေမာင္က လူျမင္ကြင္းႀကီးေတာင္ မေရွာင္ တအားကဲတယ္ ထင္ေနၾကေတာ့မွာပဲ"
"ေမာင္ေနာ္..ေျပာေလဆိုးေလ လူကိုလိုက္စမေနနဲ႔..ျပန္ရေအာင္"
ခ်မ္း စကားလမ္းေၾကာင္းလႊဲသည္။
"ျပန္ေတာ့မွာလား"
"အင္းေပါ့..ေမာင္ရဲ႕...ေမာင္ ရွစ္နာရီဆို companyသြားရမွာမလား...ေနာက္က်ေနလိမ့္မယ္ ေမာင္ ျပန္ရေအာင္ေတာ့"
"အင္း"
ေနက အင္တင္တင္နဲ႔ေခါင္းၿငိမ့္သည္။ျဖစ္ႏိုင္ရင္ ဒီေန႔ companyမသြားပဲ ခ်မ္းနဲ႔တစ္ေနကုန္အတူရွိခ်င္သည္။သို႔ေပမဲ့ သူ အလုပ္ပ်က္လို႔ မျဖစ္ဘူး မဟုတ္လား။
"ညီမ ရွင္းမယ္ေနာ္"
ေန ေအာ္ေျပာလိုက္ေတာ့ ဆိုင္ရွင္သမီးျဖစ္သူ ေကာင္မေလးက ေနတို႔ဝိုင္းျပန္ေရာက္လာသည္။
"သုံးေထာင္က်ပါတယ္"
ေနတို႔ကို ေကာင္မေလးက မခ်ိတင္ကဲၿပဳံးျပရင္း က်သင့္ေငြေျပာသည္။သူမ တစ္ခ်ိန္လုံး ဒီပူးကပ္ေနသည့္အတြဲ ခိုးခိုးၾကည့္ၿပီး ေခြးစား စားေနရတာျဖစ္သည္။တကယ္ပါပဲ ဒီsingleေကာင္မေလး ထိုင္ငိုခ်င္ေနေအာင္ roျပေနလိုက္ၾကတာ။
ေငြရွင္းၿပီးတာနဲ႔ ေနနဲ႔ခ်မ္း ဆိုင္ထဲကျပန္ထြက္လာၾကသည္။ေနက ခ်မ္းကို အိမ္ေရွ႕ထိျပန္လိုက္ပို႔ေပးသည္။
"ေဘဘီ..ခဏ "
ေန႔စကားေၾကာင့္ ၿခံထဲဝင္ရန္ျပင္ေနသည့္ ခ်မ္း ေျခလွမ္းေလးတုံ႔ကာ ေန႔ကိုျပန႔္လွည့္ၾကည့္လာသည္။
"ဘာျဖစ္လို႔လဲ ေမာင္"
ေနက ဆိုင္ကယ္ေပၚမွဆင္းကာ ခ်မ္းနားေလွ်ာက္လာသည္။
"ေမာင္ တစ္ခုခုေမ့ေနပါတယ္လို႔ကြာ...ေဖႀကီးက သားေလးကိုမႏႈတ္ဆက္ရေသးဘူးဗ်"
ေနက ခ်မ္း ကိုယ္ကိုကိုင္းကာ ခ်မ္း ဗိုက္ေလးထံ မ်က္ႏွာမူရင္းဆိုသည္။ခ်မ္းကို အလြမ္းသယ္မဝ ျဖစ္ေနသည္မို႔ ဗိုက္ထဲက သားေလးကို ခဏေမ့သြားရသည္။ေဆာရီးပါ..ေဖ့သားႀကီးရာ။
"သားေရ..ေဖႀကီး ျပန္ေတာ့မယ္..ေဖေဖ့ဗိုက္ထဲမွာ က်န္းက်န္းမာမာေနရမယ္ေနာ္...မၾကာခင္ ေဖႀကီးက ေဖႀကီးရဲ႕ေဘဘီေလးႏွစ္ေယာက္လုံးကို ျပန္လာေခၚမယ္"
ေနက ခ်မ္းဗိုက္ထဲက သားေလးထံဦးတည္ေျပာၿပီး ခ်မ္းဗိုက္ေလးကို မ်က္ႏွာအပ္နမ္းရႈိက္သည္။ခ်မ္းက သားအဖႏွစ္ေယာက္စကားေျပာေနသည္ကို ၾကည္ႏူးစြာၿပဳံးၿပဳံးေလးစိုက္ၾကည့္ေနသည္။
"သားေလးက ေျပာေနတယ္ ေမာင္..ေဖႀကီးကို အရမ္းခ်စ္တယ္တဲ့"
"ဟုတ္လား...ေဖႀကီးကလည္း အရမ္းခ်စ္ပါတယ္ဗ်ာ"
ေနက ေျပာၿပီးခ်မ္းကိုယ္ေလးကို မ်က္ႏွာခ်င္းဆိုင္ေပြ႕ဖက္လာသည္။
"ဒီေဘဘီေလးကေရာ ေမာင့္ကိုခ်စ္လား"
ခ်မ္းထံမွ ခ်စ္စကားၾကားခ်င္သည္မို႔ ေနက ခ်မ္း မ်က္ႏွာေလးကို ၾကည့္ရင္းဆိုသည္။
"အင္း...ေမာင့္ကိုအရမ္းခ်စ္တယ္"
"အာဘြားေပး..."
ေနကဆိုေတာ့ ခ်မ္း ေန႔လည္ပင္းကိုသိုင္းဖက္ကာ ေန႔ပါးျပင္ကို႐ႊတ္ခနဲေမာ့နမ္းသည္။ေန အေက်နပ္ႀကီးသြားရသည္။
"အဲဒါဆို ေမာင္ျပန္ေတာ့မယ္ ေဘဘီ"
"ဟုတ္..ဂ႐ုစိုက္ ေမာင္"
ေန ဆိုင္ကယ္ထြက္သြားသည္အထိ ခ်မ္း အိမ္ေရွ႕မွာ ရပ္ၾကည့္က်န္ေနခဲ့သည္။
<<<<<>>>>>>>
နည္းနည္းတိုသြားေပမဲ့ အခ်ိဴေတြႀကီးမို႔ ေက်နပ္မယ္လို႔ ထင္ပါတယ္😁