Let's Get Divorced! [Complete...

By Gem-Citrine

2.1M 150K 35.8K

"ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြား အလွှာပါးပါးလေးကိုဖြတ်ကျော်ခါနီးမှာမှ ငါမောင့်ကိုစွန့်လွှတ်တတ်ဖို့ သင်ယူနိုင်ခ... More

စကားချီး (စကားခ်ီး)
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
A little about main characters
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23 (Unicode)
Chapter - 23 (Zawgyi)
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35 (Unicode)
Chapter - 35 (Zawgyi)
Chapter - 36 (Unicode)
Chapter - 36 (Zawgyi)
Chapter - 37 (Unicode)
Chapter - 37 (Zawgyi)
Chapter - 38 (Unicode)
Chapter - 38 (Zawgyi)
Chapter - 39 (Unicode)
Chapter - 39 (Zawgyi)
Chapter - 40 (Unicode)
Chapter - 40 (Zawgyi)
Chapter - 41 (Unicode)
Chapter - 41 (Zawgyi)
Chapter - 42 (Unicode)
Chapter - 42 (Zawgyi)
Chapter - 43 (Unicode)
Chapter - 43 (Zawgyi)
Chapter - 44 (Finale) (Unicode)
Chapter - 44 (Finale) (Zawgyi)
Extra - 1
Extra - 2
Extra - 3
Extra - 4
Extra - 5
Epilogue

Chapter - 6

42.4K 3.5K 583
By Gem-Citrine

တစ်လကျော်ကြာပြီးနောက် နိုဝင်ဘာလ အစောပိုင်းတွင် ဖြစ်၏။ တိတိကျကျ ပြောရပါမူ နိုဝင်ဘာလ ၃ ရက်နေ့။

နံနက်စောစောစီးစီး အဆင်မပြေမှုတစ်ခုက သူရိန်မင်းထင်ကို ဆီးကြိုနေသည်။ ယင်းမှာ ဆေးရုံသို့သွားခါနီး၌ ကားစက်နှိုးမရခြင်း ဖြစ်၏။

သူရိန်မင်းထင်တစ်ယောက် အနည်းငယ် စိတ်မကြည်မလင်ဖြစ်သွားပါသော်ငြား စိတ်ကိုလျှော့ကာ သက်ပြင်းချလိုက်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။ သက်မဲ့ပစ္စည်းတစ်ခုခုကြောင့်တော့ သူ့စိတ်အကြည်ဓာတ်ကို အပျက်မခံနိုင်ပါချေ။

ဆိုင်ကယ် သို့မဟုတ် သုံးဘီးတစ်စီးစီးငှား၍လည်း သွားလို့ရသည် မဟုတ်ပါလား။

"ဘာဖြစ်နေတာလဲ၊ ကားပျက်နေတာလား"

မြတ်ဘုန်းက မောင် ကားကို စက်နှိုးနေစဉ်ကတည်းက ဧည့်ခန်းထဲသို့ ရောက်နေပြီဖြစ်သည့်အတွက် မောင့်ကားက အဆင်မပြေဖြစ်နေပြီမှန်း သိလိုက်ပြီး ဖြစ်၏။ ထို့ကြောင့် မောင် ကားပေါ်မှဆင်းလာတော့ သူက အိမ်ရှေ့သို့ ထွက်လာပြီး မေးလိုက်ခြင်း။

ထိုအခါ မောင်က ကားထဲမှ လုပ်ငန်းသုံးအိတ်နှင့် ထမင်းချိုင့်တို့ကို ထုတ်ယူရင်းမှ တိုတိုတုတ်တုတ် ပြန်ဖြေလာသည်။

"စက်နှိုးမရတာ"

မောင်က ကားတံခါးကို ပြန်ပိတ်လိုက်ပြီ ဖြစ်၏။ ထို့နောက် အိမ်ထဲမှ ထွက်လာသော မြတ်ဘုန်းနှင့် အကြည့်ချင်း ဆုံသွားသည်။ မြတ်ဘုန်း၏ နောက်၌ ဒရိုင်ဘာ မောင်သစ်က ရှိနေပြီး သူ့လက်ထဲတွင်တော့ မြတ်ဘုန်း၏ လုပ်ငန်းသုံးအိတ် ရှိနေ၏။

မြတ်ဘုန်းက ဆိုလိုက်သည်။

"ငါလည်း အခု ရုံးခွဲကို သွားမလို့၊ မင်းတို့ဆေးရုံနဲ့ လမ်းကြုံတယ်၊ မင်းအဆင်ပြေရင် ငါလိုက်ပို့ပေးလို့ ရတယ်"

တစ်ဖက်လူ၏ ပြောစကားကြောင့် 'ငါ အဆင်မပြေရင်ရော' ဟူ၍ သူရိန်မင်းထင် ပြန်မေးချင်စိတ်ပေါက်သွား၏။ သို့ပေသည့် နံနက်စောစောစီးစီး ပြဿနာကို သူ့ဘက်မှ မစချင်၍ မိုးကျရွှေကိုယ်၏ ကမ်းလှမ်းလာမှုအား လက်ခံလိုက်တော့သည်။

စင်စစ် မြတ်ဘုန်းခေါင်၏ တဖြည်းဖြည်း ပြောင်းလဲလာမှုကြောင့်လည်း ပါပါ၏။ သူတို့နှစ်ယောက်ကြား၌ မကြာခဏ ကတောက်ကဆ ဖြစ်တာမျိုးတော့ ရှိပါသေးသော်ငြား မြတ်ဘုန်းခေါင်ဟာ အစပိုင်းတွင်ကဲ့သို့ ရိုင်းစိုင်းမောက်မာခြင်းမျိုး ထပ်မရှိတော့။

သို့ပေသည့် အပြောမတတ်တာတွေကြောင့် အဆင်မပြေဖြစ်တာတွေ ရှိပါသေး၏။ ယင်းတို့ကြောင့် သူရိန်မင်းထင်မှာ ဒေါသထွက်ရတာမျိုး ရှိတတ်ပါသည့်တိုင် အဆိုပါ အပြောမတတ်ခြင်းတို့သည် စိတ်ပြေသွားချိန်တွင်တော့ ရင်ထဲ သိပ်မကျန်ခဲ့စေသော အရာများသာ ဖြစ်ကြသည်။

မြတ်ဘုန်းခေါင်တစ်ယောက် သူ့နံဘေး၌ ငြိမ်သက်စွာထိုင်နေသော ချစ်ရသူကြောင့် ရင်ထဲ တသိမ့်သိမ့် နွေးလာပါသလို။

ထင်းရှူးရနံ့နှင့် ပေါင်းစပ်နေသော မောင့်ကိုယ်သင်းရနံ့ဟာ သူ့အတွက်တော့ တန်ဖိုးကြီး ရေမွှေးရနံ့တွေထက် စွဲမက်စရာ ကောင်းလွန်းပါ၏။ သို့ဖြစ်၍ သူ့စိတ်အစဉ်က မတည်မငြိမ်ဖြစ်လာပြီး မောင့်ကို လှည့်ငေးချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။

သို့သော် မောင်နေရခက်သွားမည်စိုး၍ ဆန္ဒကို အသိစိတ်တို့ဖြင့် ထိန်းချုပ်ထားရ၏။

သူတို့နှစ်ယောက်၏ ဝတ်စားဆင်ယင်မှုသည်ကား ထုံးစံအတိုင်းပင် ဆန့်ကျင်ဘက် ဖြစ်သည်။ သူက အဖြူရောင် Formal shirt ကို နို့နှစ်ရောင် Pants နှင့် တွဲဝတ်ထားပြီး မောင်ကတော့ လည်ကတုံးရှပ်လက်ရှည်အဖြူ၊ ချည်ချောပုဆိုးတို့နှင့် ဖြစ်၏။

နှစ်ယောက်စလုံး၏ လက်ကောက်ဝတ်တို့ထက်မှ နာရီတန်ဖိုးတို့ကလည်း ကွာခြားလွန်းလှသည်။

"ဒီနေ့ရော အလုပ်များမှာလား"

မြတ်ဘုန်းခေါင် တိတ်ဆိတ်စွာ ဆက်မနေနိုင်တော့၍ မေးလိုက်ခြင်း။ ထိုအခါ မောင်က မှန်ပြတင်းပြင်ပသို့ ကြည့်နေရင်းမှပင် ပြန်ဖြေလာ၏။

"အခြေအနေအရပဲ"

"ပြန်ချိန်ကို မှန်းကြည့်လို့မရဘူးလား၊ ရရင် ငါ အပြန်ဝင်ခေါ်လို့ ရတယ်"

"မလိုဘူး၊ ပီတာနဲ့ ပြန်လိုက်လာလိုက်မယ်"

မောင်က ဤသို့ပြောတော့မှ မြတ်ဘုန်းဟာ ပီတာ၏ နေအိမ်နှင့် သူတို့အိမ်က သိပ်မဝေးမှန်း သတိရလိုက်သည်။ ထို့နောက် တစ်ဆက်တည်း တွေးလိုက်မိသည်မှာ ယခုတွင် သူမောင့်ကို ခေါ်မလာပါက မောင်က ပီတာ့ထံ ဖုန်းဆက်ပြီး အကူအညီတောင်းလောက်သည်ဟူ၍။

"အင်း၊ ဒါဆိုလည်း အဆင်ပြေသားပဲ"

မြတ်ဘုန်း ထိုသို့သာ ပြန်ပြောလိုက်ပြီး ရှေ့သို့ပြန်လှည့်လျက် ငြိမ်နေလိုက်၏။ သူ့ရင်ထဲတွင်တော့ သိသိသာသာ နေလို့မကောင်းပါတော့ချေ။

သူက အကူအညီပေးခြင်း ဖြစ်ပါသော်ငြား မောင်က စိတ်ချမ်းသာလိမ့်မည်မဟုတ်ဟူ၍ စတင်တွေးလိုက်မိသည်။ မောင်က သူ့ကို သဘောမကျသည်မို့ သဘောကျရသော ပီတာနှင့်သာ အတူသွားချင်ပါလိမ့်မည်။

တစ်ဆက်တည်း၌ ဆက်တွေးမိသည်မှာ မောင်နှင့်ပီတာတို့ အတူရှိကြလျှင် ယခုတွင် သူနှင့်အတူရှိသကဲ့သို့ မောင်က တိတ်ဆိတ်နေလိမ့်မည်လား၊ သို့တည်းမဟုတ် ပျော်ပျော်ရွှင်ရွှင်နှင့် စကားများစွာ ပြောနေကြလိမ့်မည်လားဟူ၍။

သေချာသည်ကတော့ ဒုတိယတစ်ခုသာ ဖြစ်နိုင်လောက်ပါ၏။

မောင်က ပီတာ့ကို အရမ်းသဘောကျသည်။ မဟုတ်သေး၊ တစ်မိသားစုလုံးအား ဒုက္ခပေးနိုင်သော သူ့ကိုတောင် ဆန့်ကျင်ပြီး ပီတာနှင့်တွဲခဲ့မှတော့ အရမ်းသဘောကျသည်ထက် အရမ်းချစ်သည်ဟု သတ်မှတ်ရမည်ပင်။

အဆိုပါအတွေးတို့ဖြင့် မြတ်ဘုန်းခေါင်၏ ရင်ထဲ၌ နင့်သည်ထက် ပိုနင့်လာသည်။ သို့သော် မောင့်ကိုသူ စိတ်မဆိုးနိုင်ပါချေ။ စိတ်နာဖို့မပြောနှင့် စိတ်ဆိုးဖို့ပင် မတတ်နိုင်။

နှလုံးသားထဲ တသိမ့်သိမ့်နွေးနေရာမှ ပူလောင်လာရသည်။ မောင့်ကိုချစ်သော အချစ်မီးက သူ့အား ပြာကျစေသည်အထိ လောင်မြိုက်စေခြင်းတော့ မဟုတ်၊ တငွေ့ငွေ့နှင့် ပူလောင်ခြင်းတို့ကိုပေးသော မီးသာ ဖြစ်၏။

ယင်းသို့ ပူလောင်ရသည့်တိုင် လွှတ်ချချင်စိတ်တို့ ပေါက်မလာဘဲ ဆက်လက်ဆုပ်ကိုင်ထားလိုစိတ်တို့သာ ပြင်းပြလာရသည်မှာတော့ မီးထက် အချစ်က ပိုကြီးနေသည်ဟု ယူဆရမည့်ပုံပင်။

ဆေးရုံရှေ့နားသို့အရောက်၌ မောင်က ဆိုလိုက်သည်။

"ရှေ့မှာပဲရပ်လိုက် မောင်သစ်၊ အထဲမဝင်နဲ့တော့"

"ဟုတ်ကဲ့ပါ ဆရာ"

မြတ်ဘုန်း ဘာမှ ဝင်မပြောမိ။ ထို့နောက် ကားရပ်သွားတော့ မောင်က ကားပေါ်မှ ဆင်းလိုက်ပြီး သူ့ကိုကြည့်ကာ ပြောလာ၏။

"လိုက်ပို့ပေးလို့ ကျေးဇူးပဲ"

မြတ်ဘုန်း ခေါင်းသာ အသာညိတ်ပြလိုက်သည်။ တရားဝင်လက်ထပ်ထားသူတို့ကြား ဤသို့ ကျေးဇူးတင်စကားနှင့် နှုတ်ဆက်ခြင်းက သူစိမ်းဆန်လွန်းသည်ကို မောင်မသိတာတော့ ဖြစ်ဟန်မတူပါ။ စင်စစ် မောင်က သူ့အား သူစိမ်းကဲ့သို့သာ သဘောထားခြင်း ဖြစ်လောက်ပါ၏။

မြတ်ဘုန်းခေါင်ဟာ ချစ်ရသူ ဆေးရုံထဲသို့ဝင်သွားသည်အား လိုက်ကြည့်နေလိုက်သည်။ ထိုအခါ မောင် ဆေးရုံအဝသို့ အရောက်၌ ပီတာ့ကားလည်း ရောက်လာသည်ကို တွေ့လိုက်ရ၏။

တီ! တီ!

ပီတာ့ကားထံမှ ဟွန်းတီးသံကြောင့် မောင်က လှည့်ကြည့်လိုက်သည်။ ထို့နောက် ပီတာ့ကားက ဆေးရုံဝင်း၏ အဝင်အဝတွင် ခဏရပ်သွားပြီး မောင်းသူဘက်မှ ကားမှန်လည်း ကျလာ၏။

ပီတာက မောင့်ကိုဘာပြောလိုက်သည်မသိ၊ မောင်က ခေါင်းညိတ်လိုက်သည်ကို တွေ့လိုက်ရ၏။

"မောင်သစ်၊ ကားမောင်းတော့၊ ရုံးခွဲကိုပဲ တန်းသွားမယ်"

"ဟုတ်ကဲ့ပါ အစ်ကိုလေး"

မြတ်ဘုန်းဟာ ရင်နာစရာမြင်ကွင်းကို ဆက်မကြည့်နိုင်တော့သည်မို့ အကြည့်တို့ကို ရုတ်သိမ်းလိုက်ပြီး မျက်ဝန်းအစုံအား ပိတ်ထားလိုက်တော့သည်။ ဝင်သက်ထွက်သက်ကို မှန်မှန်ရှူခြင်းဖြင့် စိတ်ကို ပစ္စုပ္ပန်တွင်သာ တည်ငြိမ်နေစေရန် ထိန်းထားမိပါသော်ငြား မျောက်ထက် ထိန်းရခက်သော အတွေးတို့ကြောင့် မျက်ဝန်းအနီးတစ်ဝိုက် ပူတက်လာပါသလို။

'မောင် သူ့ကို အရမ်းသဘောကျတာပဲလား။'

'တစ်နှစ်ခွဲလောက်ပါပဲ။ တစ်နှစ်ခွဲလောက်ပဲ မောင် ငါ့ကို သည်းခံပေးရတော့မှာပါ။ ပြီးရင် ငါ မောင့်ကို လွတ်လပ်ခွင့်ပေးတော့မှာမလို့ မောင်ရော၊ မောင်ချစ်တဲ့သူပါ ပျော်ရမှာပါ။'

'ငါကတော့..'

'ငါလည်း ငါ့အတွက်ငါ ပျော်အောင်ကြိုးစားရမှာပေါ့။'

'မောင့်ကိုတော့ ငါအမြဲ ချစ်နေမှာပါ။ မောင့်မေတ္တာတွေက ငါ့အတွက် မဟုတ်ဘူးဆိုလည်း ဖြစ်ပါတယ်။ ငါကတော့ ငါ့နှလုံးသားကို မောင့်ဆီက ဘယ်တော့မှ ပြန်တောင်းမှာမဟုတ်ဘူး။'

ပြန်လည်ရှင်သန်လာခဲ့သော တစ်လကျော်အတွင်း၌ မြတ်ဘုန်းခေါင်ဟာ သူ၏ ဆိုးရွားသော အကျင့်စရိုက်များကို အတတ်နိုင်ဆုံး ပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါ၏။ သို့သည့်တိုင် အချစ်မရှိသော၊ အစကတည်းက အဆင်မပြေမှုများနှင့် စတင်ခဲ့သော အိမ်ထောင်ရေးကိုတော့ ဖာထေးဖို့ရန် မည်သို့မျှ မတတ်နိုင်ခဲ့ပေ။

သူသည် မောင်နှင့်ပတ်သက်၍ သေချာလေ့လာပြီး မောင်ကြိုက်နှစ်သက်တတ်သည်တို့ကို မှတ်သားတတ်လာခဲ့သည်။ မသေဆုံးခင်က မောင်နှင့်အတူ ငါးနှစ်နေထိုင်ခဲ့ဖူးသော်ငြား မောင် ဘာတွေကို ကြိုက်တတ်သည်၊ ဘာတွေကိုတော့ မကြိုက်တတ်ဆိုသည်တို့အား သူသတိမထားမိခဲ့။

ငယ်စဉ်အရွယ် မောင်နှင့်အဆင်ပြေခဲ့စဉ်ကလည်း မောင့်ဘက်က ထူးထူးထွေထွေ ထုတ်ပြခဲ့တာ မရှိခဲ့သည်မို့ သူဘာမှ မသိခဲ့ပါချေ။

တစ်ခုသိသည်မှာတော့ သူတို့နှစ်ယောက်စလုံး အချိုမကြိုက်ကြ ဆိုတာကိုပင်။

သည်နောက်ပိုင်းတွင်ကား သူသေချာသတိထား၍ လေ့လာခဲ့သည်မို့ တဖြည်းဖြည်းနှင့် သိလာခဲ့၏။

မောင်က နံနက်စာကို မုန့်ဟင်းခါး သို့မဟုတ် ခေါက်ဆွဲစားရသည်အား နှစ်သက်သည်။ ထမင်းကြော်စားလျှင် လက်ဖက်ရည်ကိုပါ သောက်တတ်သည်။ ပုဇွန်ထုပ်ဟင်း၊ ငါးဖယ်ငါးဆုပ်နှင့် ခရုဆီနှင့်ကြော်ထားသော ကန်စွန်းရွက်ကြော်တို့ကို ချက်ထားသည့်နေ့ဆိုလျှင် ထမင်းပိုစားတတ်သည်။

ထို့ပြင် မောင်သည် တိတ်ဆိတ်ခြင်းကို နှစ်သက်ပြီး လုပ်စရာရှိသည်တို့ကို အေးအေးဆေးဆေး လုပ်ဆောင်တတ်သူ ဖြစ်၏။ ပုံမှန်အားဖြင့် မောင့်မျက်နှာက တည်ငြိမ်နေပြီး မောင့်မျက်ဝန်းတွေက အေးချမ်းနေတတ်သည်။

အဆိုပါ မျက်ဝန်းတို့ထဲ စိတ်မရှည်ခြင်းနှင့် ဒေါသရိပ်တို့ စွက်စေသည်မှာတော့ သူ့ကြောင့်သာ များ၏။

ဘာသာတရားကိုင်းရှိုင်းသော မောင်က နေ့စဉ်ပုံမှန် ဘုရားဝတ်ပြုတတ်သလို နာရီဝက် သို့မဟုတ် တစ်နာရီခန့်လည်း တရားထိုင်တတ်သည်။ တနင်္ဂနွေနေ့ နံနက်တိုင်း ဆွမ်းထချက်တတ်ပြီး ဘုရား၌ အရုဏ်ဆွမ်းကပ်ပါသလို ဘုန်းကြီးကျောင်းသို့လည်း ဆွမ်းချိုင့်ပို့တတ်၏။

Gym သွားပြီး တကူးတက လေ့ကျင့်ခန်းလုပ်ခြင်း မရှိပါသည့်တိုင် သူအားသည့်အချိန်၌ အိမ်အတွင်း သို့မဟုတ် ခြံဝင်းထဲသို့ဆင်းကာ လေ့ကျင့်ခန်းလုပ်တတ်သည်။ ထို့ကြောင့် မောင့်ခန္ဓာကိုယ်က အဆီပိုမရှိဘဲ တောင့်တောင့်ဖြောင့်ဖြောင့် ဖြစ်နေခြင်း ဖြစ်၏။

မောင်ဟာ အထူးတလည်ကြိုက်နှစ်သက်တာ ရှားသလို မကြိုက်တာလည်း ရှားပါသည်။ ထို့ကြောင့် မြတ်ဘုန်းတစ်ယောက် သေချာလေ့လာကြည့်သလို အိမ်မှ ဝန်ထမ်းများကိုလည်း လိုက်မေးကြည့်ပါသည့်တိုင် အနည်းအကျဉ်းသာ သိရ၏။

မောင်က စာဖတ်ရတာကြိုက်သည်။ ဆေးပညာကို ချစ်သည်။ ရေကူးရတာ သဘောကျပြီး ဘတ်စကတ်ဘော ကစားတတ်သည်။ ထို့ကြောင့်လည်း မောင့်အရပ်က ဤမျှထိ ရှည်နေခြင်း ဖြစ်လောက်သည်။

ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍တော့ မောင်ဟာ ရိုးရှင်းပြီး သက်တောင့်သက်သာရှိသော အဝတ်အစားများကိုသာ နှစ်သက်တတ်သူ ဖြစ်၏။ သို့ဖြစ်၍ တစ်ခါတရံ၌ မြတ်ဘုန်းတွေးမိသည်မှာ မောင်သာ ယခုကဲ့သို့ မချောမောဘဲ သာမန်ရုပ်ရည်သာ ရှိပါလျှင် မောင့်ပုံစံက အဖိုးကြီးတစ်ယောက်နှင့် တူလောက်သည်ဟူ၍။

မြတ်ဘုန်းခေါင်၏ နှုတ်ခမ်းထောင့်စွန်းတို့က အနည်းငယ် ကော့တက်သွားကြသည်။ ချစ်ရသူကြောင့် ရင်နာနေရပါသော်ငြား ချစ်ရသူအကြောင်းများကို တွေးရင်းနှင့်ပင် စိတ်ထဲ ပြန်လည်ကြည်လင်လာရ၏။

ကဗျာမဆန်စွာပြောရပါမူ မောင်က သူ့အတွက် ကျောက်ချဉ်နှင့် တူသည်။ သူ့အာရုံတို့ မည်မျှနောက်နေပါစေ မောင့်အကြောင်းများကို သီးသန့်တွေးမိသည်နှင့် နောက်ကျိခြင်းများအားလုံး အနည်ထိုင်သွားတတ်ကြ၏။

ရုံးခွဲသို့ ရောက်သွားချိန်တွင်တော့ သူ့အတွေးများအားလုံး ပြတ်သွားကြတော့သည်။ နှစ်ကုန်တွင် ကျင်းပမည်ဖြစ်သော အိမ်ခြံမြေအရောင်းပြပွဲဲ အတွက် အစီရင်ခံစာများကို ဖတ်ရပြီး ပြင်ဆင်ထားမှုများကို စစ်ဆေးကာ လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်ခိုင်းရ၏။

သေဆုံးပြီးမှ အတိတ်တွင် နိုးထလာခဲ့သူမို့ သူဟာ စီးပွားရေး၌ အခြားသူများထက် အကွက်များစွာကျော်ပြီး ကောင်းသည်၊ ဆိုးသည်တို့ကို ကြိုမြင်နေသည်မှာ အားသာချက်ဖြစ်လာခဲ့သည်။ သူ၏ လုပ်ငန်းတို့၌ ပိုမိုကောင်းမွန်သော ​ပြောင်းလဲမှုများကို လုပ်နိုင်လာပါသလို အချည်းနှီးဖြစ်လိမ့်မည်ဖြစ်သော စီမံကိန်းတို့ကိုလည်း ကြိုတင်ပယ်ချနိုင်ခဲ့၏။

ထိုမျှမကသေး၊ သူသည် အနာဂတ်တွင် အောင်မြင်လာလိမ့်မည်ဖြစ်သော လုပ်ငန်းကြီး၊ လုပ်ငန်းငယ်များ၌ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဖြစ်လာသည်။ သို့ဖြစ်၍ သူ့ထံ၌ စီးပွားဖက်များ တစ်ဆထက်တစ်ဆ ပိုများလာ၏။

အချို့ကတော့ သူ၏ ရင်းနှီးမြှုပ်နှံမှုများမှာ စွန့်စားရာကျသည်ဟု ဆိုလာကြသည်။ သို့သော် အနာဂတ်ကို သိထားသော သူကတော့ မမှုပါချေ။

ညနေ၌ မြတ်ဘုန်းဟာ ညစာကို ထမင်းမစားချင်၍ စားသောက်ဆိုင်ကြီးတစ်ဆိုင်သို့ဝင်ကာ တစ်အိမ်လုံးစားဖို့အတွက် အစားအသောက်များ ဝင်မှာခဲ့၏။ ယခင်က အိမ်မှဝန်ထမ်းများကို ဂရုမစိုက်တတ်သော်ငြား ယခုတွင်တော့ အားလုံးက သူနှင့်မောင့်ကို ဂရုစိုက်ပြီး တာဝန်ကျေပွန်ကြသည်အား သတိထားမိနေပြီမို့ ယခင်ကဲ့သို့ မနေနိုင်ပါတော့ချေ။

ဆိုင်ကို အိမ်သို့အရောက်ပို့ရန် လိပ်စာပေးပြီးနောက် အိမ်သို့သာ တန်းပြန်လာလိုက်တော့သည်။

ညနေ ၅ နာရီထိုးခါနီး၌ စားသောက်ဆိုင်မှ Delivery ရောက်လာပါသလို တိုက်ဆိုင်စွာပင် မောင်လည်း ပီတာနှင့်အတူ ပြန်ရောက်လာ၏။ မြတ်ဘုန်းက အိမ်ရှေ့တွင် ကိုယ်တိုင်ထွက်ပြီး မှာထားသမျှကိုစစ်ကာ ငွေရှင်းနေခြင်းမို့ တစ်ဖက်လူနှစ်ယောက် ကားပေါ်မှဆင်းလာသည်ကို တွေ့လိုက်ရသည်။

ထို့နောက် မောင်က ပီတာ့ကိုပြောသည်အား ကြားလိုက်ရ၏။

"ကားပေါ်မှာပဲ စောင့်ချင်စောင့်နေလိုက်၊ ငါ စာအုပ်ယူပြီး ပြန်လာပေးမယ်"

"အောက်တောင်ဆင်းပြီးနေမှတော့ လိုက်ယူပါ့မယ်ကွာ"

​တစ်ဖက်လူနှစ်ယောက်၏ စကားတို့ဟာ မြတ်ဘုန်း၏နားထဲ ကိုးလိုးကန့်လန့် ဝင်လာပါသည့်နှယ်။ ပုံစံအရ ပီတာက မောင့်ထံမှ စာအုပ်ထပ်ငှားထားပုံ ရပါ၏။

မောင်ပြောသည့်စကားအရ ပီတာ့ကို ခဏလောက်တောင် မတ်တပ်ရပ်မစောင့်စေချင်ပုံပင်။ သူသဘောကျရသူ အနည်းငယ်ပင်ပန်းမည်ကိုပင် စိုးရိမ်ပုံရ၏။

ပီတာကလည်း မောင် တကူးတက ပြန်ထွက်လာရမည်အား မလိုလားပုံရသည်။

Delivery လာပို့ပေးသောကောင်လေး ဆိုင်ကယ်မောင်းပြီး ပြန်ထွက်သွားချိန်တွင်တော့ မြတ်ဘုန်းနှင့် ပီတာတို့ မျက်လုံးချင်း ဆုံသွားကြ၏။ ပီတာက နူးညံ့လှပသော အပြုံးနှင့် နှုတ်ဆက်လာသည့်အခါ မြတ်ဘုန်းလည်း ခပ်ဖွဖွပြုံးပြလိုက်လျက် ဆိုလိုက်သည်။

"သူရိန့်ဆီက စာအုပ်ငှားထားတာလား"

"ဟုတ်တယ် မြတ်ဘုန်း၊ ကျွန်တော်က စာအုပ်ဆို သူညွှန်းတာပဲ ဖတ်တာဆိုတော့ သူဖတ်ပြီးမှပဲ ငှားရတာ"

ထိုစဉ် မောင်က သူတို့ကို ဘာမှမပြောဘဲ အိမ်ထဲဝင်သွား၏။ မြတ်ဘုန်းနှင့် ပီတာတို့လည်း ဝင်သွားသူ၏ ကျောပြင်အား အလိုအလျောက်ဆိုသလို လိုက်ကြည့်မိကြသည်။

ထို့နောက် မြတ်ဘုန်းက ပြောလိုက်၏။

"ဒါဆိုလည်း အိမ်ထဲဝင်စောင့်ပါလား၊ စကားမစပ် ခင်ဗျားအိမ်မှာ ဒီနေ့ ဘာဟင်းချက်လဲ"

အဆိုပါ မေးခွန်းကြောင့် ပီတာက အနည်းငယ် အံ့ဩဟန်ဖြစ်သွားသည်။ ပြီးနောက်တွင်မှ ခေါင်းငုံ့ပြီး ရယ်လိုက်လျက်...

"ကျွန်တော်က တစ်ယောက်တည်းသမားဆိုတော့  ဟင်းသိပ်မကောင်းတတ်တာများတယ်၊ စဉ်းစားထားတာတော့ ဒီညနေအတွက် လက်ဖက်ပဲသုပ်လိုက်မလားလို့"

"ဒါဆို ကျွန်တော် ခင်ဗျားကို ညနေစာစားဖို့ ဖိတ်လို့ရမလား"

မြတ်ဘုန်း၏ စကားကြောင့် ပီတာ့မျက်နှာက ထပ်မံ၍ အံ့ဩဟန်ဖြစ်သွား၏။ သည်တစ်ကြိမ်တွင်တော့ ပီတာက ချက်ချင်း မတုံ့ပြန်နိုင်ဖြစ်နေသည်မို့ မြတ်ဘုန်းကပင် ထပ်ပြောလိုက်သည်။

"ဘာရယ်တော့ မဟုတ်ပါဘူး၊ အခုဏ လာပို့တာတွေလည်း ခင်ဗျားတွေ့မှာပါ၊ ကျွန်တော် ဒီနေ့ညနေစာကို ထမင်းမစားချင်လို့ဆိုပြီး စားသောက်ဆိုင်ကနေ မှာခဲ့တာ၊ ရောက်လာတော့မှ လက်လွန်သွားမှန်း သတိထားမိလို့၊ အဲ့ဒါကြောင့် ခင်ဗျားလည်း ရောက်လာတော့ ခင်ဗျားကို ဖိတ်တာ"

ထိုအခါမှ ပီတာက ရယ်လိုက်ပြီးနောက် ပြန်ဖြေလာ၏။

"ဒါဆိုရင်တော့ ကျွန်တော်က မြတ်ဘုန်းကို ကျေးဇူးတင်ရမှာပေါ့ဗျာ၊ ဒါပေမဲ့ ကျွန်တော် အိမ်ခဏပြန်ပြီး ရေချိုးလို့တော့ ရတယ်မလား"

"ခင်ဗျား အဆင်ပြေရင် ဒီမှာချိုးသွားလည်း ရတယ်၊ ကျွန်တော့်မှာ ဝတ်စုံအသစ်တွေရှိတယ်၊ မဟုတ်ရင် ခင်ဗျား အိမ်ပြန်ပြီး မြန်မြန်လုပ်နေရလိမ့်မယ်ထင်တယ်"

ပီတာက မြတ်ဘုန်း၏ ကမ်းလှမ်းမှုတို့ကို လက်ခံလိုက်သည်။ သူတို့နှစ်ယောက် စကားဆက်ပြောရင်း အိမ်ထဲသို့ ​ဝင်လာကြချိန်တွင်တော့ သူရိန်မင်းထင်က စာအုပ်တစ်အုပ်ကိုကိုင်လျက် အိမ်အပေါ်ထပ်မှ ဆင်းလာ၏။

သုံးယောက် ဆုံသွားကြချိန်၌ ပီတာက သူရိန့်ကိုကြည့်ကာ ရယ်ပြီး ဆိုလိုက်သည်။

"ငါ့ကို မြတ်ဘုန်းက ညနေစာစားဖို့ ဖိတ်ထားတယ်"

သူရိန်မင်းထင် ချက်ချင်း ဘာပြန်ပြောရမှန်းမသိဖြစ်သွားပြီး မြတ်ဘုန်းအား ကြည့်လိုက်၏။ ထိုအခါ မြတ်ဘုန်းက ပီတာ့ကိုရှင်းပြသလိုပင် ရှင်းပြလိုက်တော့ သူရိန်က ပီတာ့ကို ကြည့်လိုက်ပြီးနောက်...

"ဒါဆိုလည်း မင်း ဧည့်သည်ခန်းထဲမှာ ရေချိုးလိုက်၊ ငါလိုက်ပြပေးမယ်"

"Ok"

သူရိန်မင်းထင်ဟာ ပီတာ့ကိုခေါ်မသွားခင်၌ မြတ်ဘုန်းကို တစ်ချက်စိုက်ကြည့်လိုက်သည်။ ပြီးနောက် ဘာမှမပြောဘဲ အောက်ထပ်ရှိ ဧည့်သည်ခန်းတစ်ခန်းဆီသို့ ဦးတည်သွားလိုက်၏။

သူ့နောက်သို့ ပီတာက လိုက်သွားသော်ငြား မြတ်ဘုန်းကတော့ လိုက်မသွားဘဲ ပီတာ့အတွက် ဝတ်စုံသစ်တစ်စုံကို သွားယူရန် အပေါ်ထပ်သို့သာ ဦးတည်လိုက်သည်။

မြတ်ဘုန်းဟာ သူ ဝတ်စုံကိုယူပြီး ပြန်ဆင်းလာချိန်အထိ မောင်က ပီတာရှိရာ ဧည့်သည်ခန်းထဲမှ ပြန်ထွက်မလာသေးဆိုတာကို သတိထားမိသွား၏။ ကိုယ့်ပြဿနာကိုယ် မီးထွန်းရှာထားခြင်း ဖြစ်သောကြောင့် မိမိကိုယ်ကိုယ်သာ အပြစ်တင်ပြီး ပင့်သက်ရှိုက်လိုက်မိသည်။

ဒေါက် ဒေါက်..

သူ ဧည့်သည်ခန်း၏ တံခါးကို ခေါက်လိုက်တော့ မောင်က တံခါးလာဖွင့်ပေးသည်။ ထိုစဉ် အထဲ၌ ပီတာက အပေါ်ပိုင်းခန္ဓာကိုယ်ဗလာနှင့် ရှိနေ၏။ ပီတာချွတ်ထားသော ရှပ်အင်္ကျီက ကုလားထိုင်တစ်လုံး၏ ကျောမှီထက်၌ ဖြစ်သည်။

ပီတာ့ခန္ဓာကိုယ်၏ အသားအရည်သည် ဖြူဝင်းလွန်းလှပြီး အဆိုပါပုံစံဟာ ဆွဲဆောင်မှု ရှိလွန်းလှ၏။ ပီတာကလည်း ပိန်ပါးနေခြင်းမျိုးမဟုတ်ဘဲ ကြည့်ကောင်းသော ခန္ဓာကိုယ် ရှိသူဖြစ်သည်။

မြတ်ဘုန်း၏ အတွေးတို့ဟာ တစ်စက္ကန့်ကို ဆယ်ခုလောက် တစ်ပြိုင်နက်တည်း တိုးဝင်လာကြပါသည့်နှယ်။

'ငါ ဝင်လာမိတာ မှားပြီလား။'

'သူတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ။'

'ဒီလိုပုံစံနဲ့ အချင်းချင်း မထိတွေ့ဘဲ နေနိုင်ပါ့မလား။'

'မောင် ပီတာ့ကို သဘောကျတာက အံ့ဩစရာမရှိဘူးပဲ။'

'ပီတာက တကယ်ကြည့်ကောင်းတယ်။'

'ပီတာလည်း မောင့်ကို အရမ်းသဘောကျမှာပဲ။'

မြတ်ဘုန်းသည် ပီတာ့ကို ကြည့်ရင်း စက္ကန့်အနည်းငယ်အတွင်း အတွေးစုံသွားခြင်း ဖြစ်၏။ ချစ်ရသူနှင့်ပတ်သက်ပြီး တွေးမိနေသောကြောင့် ရင်ထဲ ပူပြင်းတက်လာရာ မျက်နှာနှင့် နားရွက်တို့လည်း ပူတက်လာပြီး ရဲလာသည်။

ထိုစဉ် သူ့လက်ထဲမှ ဝတ်စုံက ဆွဲယူခြင်းခံလိုက်ရ၏။ ထိုအခါမှ မြတ်ဘုန်းက ဆွဲယူသွားသူကို မော့ကြည့်လိုက်တော့ မျက်မှောင်တို့ကို သိသာစွာတွန့်ချိုးထားလျက် သူ့အားစိုက်ကြည့်နေသော မောင်။

မြတ်ဘုန်းစိတ်ထဲ အပြစ်ရှိသလို ခံစားလိုက်ရသည်။  မောင့်မျက်နှာအမူအရာက ဘာကြောင့်မှန်းရယ်မသိ သူ့အား ဤသို့ ခံစားရစေသည်။

"ဒါလာပေးတာပဲမလား၊ ဘာလုပ်စရာ ရှိသေးလို့လဲ"

မောင်က တံခါးဝတွင် ပိတ်ရပ်နေပြီး သူ့အား မေးလာသံက သိပ်စိတ်မရှည်ဟန်ဖြင့်။

မြတ်ဘုန်း လျှာစောင်းတစ်ဖက်ကို အသာကိုက်လိုက်မိ၏။ ပြီးနောက်တွင်မှ...

"မရှိတော့ဘူး၊ ပီတာ့ကို အရမ်းလောစရာမလိုဘူးလို့ ပြောလိုက်ဦး"

"ပြောပြီးသား"

"အင်း မောင်ရော.. အာ ငါသွားပြီး ပြင်ဆင်ခိုင်းလိုက်ဦးမယ်၊ နှစ်ယောက်သား အေးဆေးလုပ်ကြ"

မြတ်ဘုန်းသည် 'မောင်ရော ရေမချိုးသေးဘူးလား' ဟူ၍ မေးချင်ပါသည့်တိုင် အလိုမကျဟန် ဖြစ်နေသော မောင့်မျက်နှာကြောင့် နှုတ်မှ ပြောမထွက်တော့။

သူလှည့်ထွက်လာပြီးနောက်တွင်တော့ တံခါးပိတ်သံအား ကြားလိုက်ရသည်။ သူလှည့်ကြည့်လိုက်မိပြီး လက်သီးနှစ်ဖက်အား တင်းခနဲ ဆုပ်လိုက်မိ၏။

မောင်က ထိုအခန်းထဲ၌ ဆက်နေဦးမည့်ပုံပင်။

'အရမ်းမသိသာလွန်းဘူးလား မောင်။'

သူဟာ အန်တီသီတာ့ကို စားဖို့သောက်ဖို့ ပြင်ဆင်ထားရန် ညွှန်ကြားလိုက်ပြီးနောက် ဧည့်ခန်းထဲ၌ စိတ်လေးစွာ ထိုင်နေမိသည်။ ပီတာ့ကို ဖိတ်မိသည်အား တဖြည်းဖြည်းနှင့် နောင်တရမိလာ၏။

ထိုစဉ်က ဘာကြောင့်ဖိတ်လိုက်မိသည်ကိုတောင် သူမမှတ်မိပါတော့ချေ။ မောင်နှင့် ပီတာတို့ပြောသော စကားများကို နားထောင်မိပြီးနောက် သိပ်မစဉ်းစားမဆင်ခြင်ဘဲ နှုတ်မှ ထိုကဲ့သို့ အလိုအလျောက် ထွက်သွားခဲ့ခြင်းပါပေ။

သူ့အနေနှင့် တစ်ခါသေဖူးပြီးပြီမို့ စီးပွားရေးလုပ်ငန်းတို့၌ အမှားနည်းလာပါသော်ငြား မောင်နှင့်ပတ်သက်၍ကတော့ အမှားမှားအယွင်းယွင်း ဖြစ်နေဆဲ။

တစ်ခါတရံ၌ သူ့ကိုယ်သူလည်း ဘာလုပ်လို့ ဘာဖြစ်ချင်နေမှန်း မသိတော့သည်အထိ။

နာရီဝက်ကျော်အကြာတွင်မှ ဧည့်သည်ခန်းတံခါးပွင့်လာပြီး မောင်နှင့် ပီတာတို့ ရှေ့ဆင့်နောက်ဆင့် ထွက်လာကြသည်။ နှစ်ယောက်စလုံးက ရေချိုးပြီးကြသော ပုံစံများဖြစ်သည်မို့ ထိုအခါမှ မြတ်ဘုန်း သတိရသွား၏။

အဆိုပါ ဧည့်သည်ခန်းက မောင်နှင့်သူ ရန်ဖြစ်သည့်အခါတိုင်း မောင် ဆင်းနေတတ်သော အခန်းဖြစ်သည်။ သို့ဖြစ်ရာ အခန်းအတွင်း၌ မောင့်အဝတ်အစားများနှင့် ပစ္စည်းအချို့ ရှိကြ၏။

ထို့ကြောင့် မောင်ကလည်း ထိုအခန်းထဲ၌ပင် ရေချိုးခဲ့သည့်ပုံပင်။

တစ်ချိန်တည်းမှာပင် မြတ်ဘုန်း သတိထားလိုက်မိသည်မှာ ပီတာဝတ်ထားသော ကွက်စိပ်ပုဆိုး။ သူပေးခဲ့သည်က အပြာနုရောင် ကော်လာပါတီရှပ်နှင့် ဘောင်းဘီရှည်ဖြစ်သော်ငြား ​ပီတာက တီရှပ်ကိုသာ ဝတ်ထားပြီး ဘောင်းဘီရှည်အစား ပုဆိုးကို ဝတ်ဆင်ထား၏။

မည်သူ၏ပုဆိုးဆိုတာကိုတော့ မေးစရာတောင် မလိုပါတော့ချေ။

"မြတ်ဘုန်းက တကူးတက ထိုင်စောင့်နေတာလား၊ အားနာလိုက်တာ"

ပီတာက ခပ်ဖွဖွအပြုံးနှင့်အတူ ဆိုလာတော့ မြတ်ဘုန်းလည်း ပြန်ပြောလိုက်သည်။

"တကူးတကတော့ မဟုတ်ပါဘူး၊ အလုပ်နဲ့ပတ်သက်ပြီး စဉ်းစားရင်း ထိုင်နေတာပါ"

"ဒါဆို တော်သေးတာပေါ့"

သုံးယောက်သား ထမင်းစားပွဲဝိုင်း၌ ထိုင်ဖြစ်ကြတော့ သူရိန်မင်းထင်က အလယ်တွင်ဖြစ်ကာ မြတ်ဘုန်းနှင့် ပီတာတို့က ဘယ်နှင့်ညာ၌ ထိုင်နေကြသကဲ့သို့ ဖြစ်၏။

ထမင်းစားပွဲထက်၌ အစားအသောက်များက စုံလင်လှသည်။ ထမင်းကို အဓိကစားမည်မဟုတ်သော်ငြား ထမင်းစားချိန်ဖြစ်သောကြောင့် ထမင်းအား ပန်းကန်လုံးလေးတွေနှင့် ပြင်ပေးထား၏။

ဘဲကင်ပျားရည်စမ်း၊ ခေါက်ဆွဲကြော်၊ ကြက်သားလိပ်ကြော်၊ ပြည်လုံးချမ်းသာ၊ ငါးပေါင်းသံပုရာ၊ အမဲလုံးကြော်၊ ဝက်နံရိုးချဉ်စပ်စွပ်ပြုတ်၊ ပြည်ကြီးငါးသုပ်၊ မှိုကန်စွန်းကြော် စသည်တို့အပြင် သံပုရာရည်တစ်ခွက်စီနှင့် သစ်သီးစုံအချိုပွဲတို့က စားပွဲဝိုင်းထက် အပြည့်ရှိနေကြသည်။

ပီတာတစ်ယောက် ကနဦး၌ မြတ်ဘုန်းပြောသည့် လက်လွန်သွားသည်ဆိုတာကို တော်ရုံဟူ၍သာ ထင်ခဲ့သော်ငြား ယခုတွင်တော့ တော်ရုံမဟုတ်မှန်း သိသွားတော့၏။

"ပီတာ၊ ခင်ဗျား အားနာစရာ မလိုဘူးနော်၊ ဝန်ထမ်းတွေအတွက်က သီးသန့်ရှိတာမလို့ ဒါတွေကို ကျွန်တော်တို့ပဲ စားရမှာ"

မြတ်ဘုန်းက စားပွဲဝိုင်းအားကြည့်ပြီး အံ့ဩဟန်ဖြစ်နေသော ပီတာ့ကို ပြောလိုက်ခြင်း။ ထိုအခါမှ ပီတာက ရယ်လိုက်ပြီး...

"ခင်ဗျားလက်လွန်တာကတော့ တကယ်ဩချစရာပဲ"

သူတို့နှစ်ယောက် စကားပြောနေစဉ် သူရိန်မင်းထင်က ဘာမှဝင်မပြောဘဲ ထမင်းပန်းကန်လုံးနှင့် ဇွန်းကိုကိုင်ကာ စစားဖို့ပြင်လိုက်သည်။ ထို့နောက်မှ သူက ပီတာ့ကို သတိတရဖြင့် ပြောလိုက်၏။

"သေချာဝအောင်စားသွား၊ အားနာစရာမလိုဘူး"

"အေးပါ"

မြတ်ဘုန်းလည်း ဘာမှထပ်မပြောတော့ဘဲ ခေါက်ဆွဲကြော်အား ပန်းကန်ထဲအနည်းငယ်ထည့်ကာ စစားလိုက်တော့၏။

အစပိုင်း၌ သုံးယောက်ကြား စကားသံတို့ တိတ်ဆိတ်နေပါသော်ငြား ၅ မိနစ်ခန့် ကြာပြီးနောက်တွင်တော့ ပီတာက သူရိန့်ကို ပြောလိုက်သည်။

"ဪ ငါမင်းကို ပြောဖို့မေ့နေတာ၊ စနေနေ့ကျ ကိုချမ်းမွေးနေ့တဲ့၊ မိဘမဲ့ကျောင်းတစ်ကျောင်းမှာ အလှူသွားလုပ်မယ်လို့ပြောတယ်၊ အသင်းကိုရောက်လာတဲ့ အစ်မတစ်ယောက်ကလည်း ဒီလထဲ မွေးနေ့ရှိတော့ ကိုချမ်းနဲ့ ပေါင်းလုပ်မယ်တဲ့၊ အဲဒီတော့ အသင်းသားတွေကလည်း ထုံးစံအတိုင်း မိဘမဲ့ကျောင်းမှာ လှူသင့်တာလှူ၊ ကူသင့်တာကူဖို့ စီစဉ်ထားကြတယ်၊ ကိုချမ်းက ငါတို့သုံးယောက်ကို အဲဒီနေ့ဆက်ဆက်လာခဲ့ဆိုပြီး နေ့လယ်ကတည်းက ဖုန်းဆက်ထားတာ၊ ငါက မင်းနဲ့ဂုဏ်ရှိန်ကို ပြောဖို့မေ့နေတာနဲ့ ခုမှပြောဖြစ်တယ်"

ပီတာပြောသည့် 'ငါတို့သုံးယောက်' ဆိုသည်မှာ သူတို့သူငယ်ချင်းသုံးယောက်ကို ဆိုလိုခြင်း ဖြစ်၏။

သူ့စကားတို့အဆုံး သူရိန်က ခေါင်းညိတ်လိုက်သည်။

"ဖြစ်တယ်လေ၊ ငါတို့ အားတာပဲ"

"အေး၊ ငါ ဂုဏ်ရှိန့်ကိုတော့ ပြီးမှပဲ ဖုန်းဆက်ပြောလိုက်တော့မယ်"

ထိုစကားအဆုံး မြတ်ဘုန်းက ငြိမ်နေရာမှ ဝင်မေးလိုက်၏။

"အသင်းဆိုတာ' ချမ်းမြေ့ကြည်စေ'အသင်းကိုပြောတာလား"

မြတ်ဘုန်းက စိတ်ဝင်တစား မေးလာခြင်းမို့ ပီတာက ပြုံးလျက် ပြန်ဖြေလိုက်သည်။

"ဟုတ်တယ် မြတ်ဘုန်း၊ ကိုချမ်းဆိုတာက အသင်းကို စဖွဲ့စည်းတဲ့သူ ကိုချမ်းမြေ့ဦးလေ"

'ချမ်းမြေ့ကြည်စေ ပရဟိတအသင်း' သည် ဖွဲ့စည်းထားတာ သိပ်မကြာသေးပါသော်ငြား နောက်နှစ်နှစ်ခန့်အကြာ၌ အလှူအတန်းများစွာကို ပြုလုပ်နိုင်သော နာမည်ကြီး အသင်းတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်၏။

ကိုချမ်းမြေ့ဦးဆိုသည်ကား ဆေးဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်သည်။ သူရိန်မင်းထင်တို့ သူငယ်ချင်းသုံးယောက်ဟာ ကိုချမ်းနှင့် ဆေးကျောင်းတက်စဉ်ကတည်းက ရင်းနှီးခဲ့ကြသည်မို့ ပရဟိတအသင်းကို စတင်တည်ထောင်ချိန်ကတည်းက အသင်းဝင်များ ဖြစ်ခဲ့ကြခြင်း ဖြစ်၏။

သူတို့သည် အလုပ်ကိုယ်စီနှင့် ဖြစ်ကြသော်ငြား အားလျှင်အားသလို၊ ရှိလျှင်ရှိသလို လုပ်အား သို့မဟုတ် ငွေအားဖြင့် အသင်းအား ကူညီဖြစ်ခဲ့ကြသည်။

မြတ်ဘုန်းဟာ မောင်နှင့်ပတ်သက်၍ ထိုအသင်းအကြောင်း အတော်များများ သိထားသည်မို့ အမှန်တကယ် ပရဟိတလုပ်သော အသင်းဖြစ်သည်ဆိုတာ ယုံကြည်ထား၏။ ထို့ကြောင့် သူက သေချာစဉ်းစားပြီးနောက် ပီတာ့ကို မေးလိုက်သည်။

"ကျွန်တော်ရော ခင်ဗျားတို့အသင်းကို ဝင်လို့ရလား"

အဆိုပါ မေးခွန်းကြောင့် ပီတာက ကြောင်သွားပြီး သူရိန့်အား တစ်ချက်လှည့်ကြည့်လိုက်၏။ သူရိန်မင်းထင်သည်လည်း သူ့အားမမေးဘဲ ပီတာ့ကိုသာ မေးနေသူကို စိုက်ကြည့်လိုက်မိသည်။

"ဘာလို့လဲ၊ အဖွဲ့ဝင်အသစ် လက်မခံတော့လို့လား"

"မင်းက ဘာအတွက် ဝင်ချင်တာလဲ"

သည်တစ်ကြိမ်တွင်တော့ သူရိန်မင်းထင်က ပြန်မေးလိုက်ခြင်း။

မြတ်ဘုန်းကလည်း ပြန်ဖြေလိုက်သည်။

"အလှူလုပ်မလို့လေ"

"လှူချင်ရင် ဒီတိုင်းလှူလည်းရတယ်၊ အဖွဲ့ဝင်လုပ်စရာမလိုဘူး"

အဆိုပါ စကားကြောင့် မြတ်ဘုန်း အနည်းငယ် စိတ်တိုသွားရ၏။ တစ်ဖက်က ချစ်ရသူဖြစ်ပါသည့်တိုင် အဆုံးစွန်ထိတော့ အလျှော့မပေးနိုင်ပါချေ။

သူ့မျက်နှာက အလိုမကျလျှင် သိသာသည်မို့ မျက်မှောင်ကျုံ့သွားသည်က သိသိသာသာပင်။ သူရိန်မင်းထင်ကလည်း အဆိုပါမျက်နှာကို မမှိတ်မသုန် ပြန်ကြည့်သည်။

မြတ်ဘုန်းက ပြန်ပြောလိုက်၏။

"ငါ့ဘာသာ အဖွဲ့ဝင်လုပ်ချင်တာတောင် မရဘူးလား၊ မင်းခွင့်ပြုချက်ပါမှ ရမှာလား"

"မင်း လှူရုံပဲလှူမှာဆို အဖွဲ့ဝင်လုပ်စရာမလိုဘူးလို့ ပြောတာ၊ အဖွဲ့ဝင်လုပ်ရင်တော့ တာဝန်ဆိုတာ ရှိတယ်၊ အထူးသဖြင့် မင်းလိုသူဌေးမျိုးဆိုရင် ပိုရှိတတ်တယ်"

ထိုအခါ ပီတာကလည်း ဝင်ပြောလာသည်။

"အဲ့ဒါတော့ ဟုတ်တယ် မြတ်ဘုန်း၊ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာပြီဆိုရင် ကာယအား၊ ငွေအား၊ ဒါမှမဟုတ် အလှူခံရတာမျိုး စသဖြင့် လုပ်ပေးရတဲ့ တာဝန်တွေ ရှိတယ်၊ ကျွန်တော်တို့ကတော့ ကိုယ်တတ်ကျွမ်းတဲ့ ပညာနဲ့ ကူညီပေးတာများတယ်၊ ဒါပေမဲ့ မြတ်ဘုန်းသာဆိုရင် ငွေအားသုံးရဖို့ ပိုများမှာ"

"ကျွန်တော် သုံးနိုင်ပါတယ်၊ ကာယအားကလည်း ခင်ဗျားတို့သွားရင် ကျွန်တော်လည်း လိုက်ကူပေးနိုင်တာပဲ"

"မင်းက ဘယ်လောက်ထိ ပင်ပန်းခံနိုင်လို့လဲ"

"ငါ ရွှေမှုန်စားပြီး ကြီးလာတာမဟုတ်ဘူး သူရိန်မင်းထင်၊ ငါလည်း ငါတတ်နိုင်သလောက်တော့ လုပ်နိုင်တယ်"

သူ့နာမည်ကို အပြည့်အဝခေါ်ပြီး ပြန်ပြောလာခြင်းကြောင့် မြတ်ဘုန်းခေါင်တစ်ယောက် စိတ်အတော်တိုနေပြီဖြစ်ကြောင်း သူရိန်မင်းထင် သိလိုက်၏။ သို့သော် သူက မမှုဘဲ ပြန်ပြောလိုက်သည်။

"မင်းကိုယ်မင်း ယုံကြည်ချက်ရှိရင် စနေနေ့ လိုက်ခဲ့လိုက်၊ အဲဒီမှာ ဝင်ကူကြည့်ပြီးမှ အသင်းကို ဝင်မဝင် ဆုံးဖြတ်၊ မင်းရဲ့ အလုပ်တွေနဲ့ အချိန်ပေးနိုင်ပါ့မလား သေချာစဉ်းစား၊ ငွေအားနဲ့ကူတယ်ဆိုတာလည်း ကိုယ့်စိတ်နဲ့ကိုယ် လှူတာနဲ့ တာဝန်တစ်ခုအရ လှူရတာ ကွာတယ်၊ အသင်းထဲက အချို့လူတွေကဖြစ်ဖြစ်၊ မင်းလိုပဲ ငွေအားသုံးနိုင်တဲ့ အဖွဲ့ဝင်တွေကဖြစ်ဖြစ် မင်းစိတ်ကို ဖိအားပေးမလာဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး၊ လှူစရာတွေက ရှာရင် ရှာသလောက်ရှိတယ်၊ အဲဒီအခါကျ မင်းဘာသာမင်း လှူတာနဲ့ မင်းကို လှူလိုက်ပါလားလို့ တိုက်တွန်းတာမျိုး၊ ငါတို့တောင်လှူတာ မင်းလည်းလှူပါလားလို့ ပြောလာတဲ့အခါမျိုးဆို မင်းစိတ်နဲ့ ဖြစ်ပါ့မလားလို့ သေချာတွေးကြည့်၊ ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာဖြစ်မဲ့ကိစ္စတော့ ငါ အားမပေးဘူး၊ ဒီတိုင်း လှူချင်၊ ကူချင်တာက ငါသွားတဲ့အချိန် မင်းစိတ်ပါရင် အတူလိုက်လို့ရတယ်"

မြတ်ဘုန်း၏ ခင်ပွန်းဖြစ်သူအပေါ် ဒေါသမီးတို့က ဟုတ်ခနဲ ငြိမ်းသွားပါသည့်နှယ်။

မောင်က တော်ရုံဆို စကားအရှည်ကြီး သိပ်မပြောတတ်။ အကယ်၍ ပြောလာပါက လိုအပ်၍သာဖြစ်သည်မို့ သူ မောင့်စကားများကို သေချာနားထောင်ပြီး မျက်လွှာချလျက် စဉ်းစားနေမိသည်။

ထိုသို့စဉ်းစားရင်း အမဲလုံးကြော်တစ်လုံးကို ယူစားလိုက်၏။ အမဲလုံး​ကြော်သုံးလုံးကို စားပြီးနောက်တွင်တော့ သူ ပြန်ပြောလိုက်သည်။

"ဒါဆိုလည်း စနေနေ့ကျ ငါလိုက်ခဲ့မယ်၊ ငါ မိဘမဲ့ကျောင်းကိုရော၊ မင်းတို့ အသင်းကိုပါ လှူမယ်၊ အဲ့လိုဆို အဆင်ပြေတယ်မလား"

သူ့အမေးအဆုံး ပီတာက ရယ်ပြီးဆိုလာ၏။

"အဆင်မပြေစရာ ဘာရှိလို့လဲ မြတ်ဘုန်းရ၊ ခင်ဗျားလို အလှူရှင်မျိုးကို ဘယ်သူမှ လှစ်လျူရှုထားမှာ မဟုတ်ဘူး၊ ကြိုပဲကြိုဆိုကြမှာ"

စားသောက်ပြီးသွားသည့်နောက်တွင်တော့ ပီတာက အိမ်ရှင်နှစ်ယောက်ကို ကျေးဇူးတင်စကားဆိုပြီး ငှားထားသော စာအုပ်နှင့် သူ၏အဝတ်တို့အားယူကာ ပြန်သွားသည်။ ဝတ်သွားသော အဝတ်အစားတို့ကို နောက်ရက်မှ ပြန်ပေးမည်ဟူ၍ ပြောသွားသေး၏။

သူရိန်မင်းထင်တစ်ယောက် ပီတာ့ကား ထွက်သွားသည်နှင့် အိမ်ထဲသို့ လှည့်ဝင်သွားကာ အပေါ်ထပ်သို့ တက်သွားသူအား လိုက်ကြည့်လိုက်မိသည်။ ထို့နောက် သူ့မျက်ခုံးတန်းတို့က တဖြည်းဖြည်းချင်း စုကျုံ့သွားတော့၏။

'မြတ်ဘုန်းခေါင် ဘာလုပ်ချင်နေပြန်တာလဲ။'

***

စနေနေ့။

သွားရမည့် မိဘမဲ့ဂေဟာကို သူမသိသည်မို့ မြတ်ဘုန်း မောင့်ကားနှင့်သာ ကပ်လိုက်လာခဲ့သည်။ မောင်က အသင်းတံဆိပ်ပါသော အဖြူရောင် တီရှပ်လက်တိုနှင့် ချည်ချောပုဆိုးအနက်တို့ကို ဝတ်ဆင်ထား၏။

မြတ်ဘုန်းကတော့ အလုပ်လုပ်ရမည်ဆို သိပ်ပုဆိုးမခိုင်သူမို့ အဖြူရောင် ဗြောင်တီရှပ်လက်တိုနှင့် Pants အနက်တို့ကို တွဲဝတ်ထားသည်။ နှစ်ယောက်သားက အဝတ်အစားအရောင်တို့ တူပါသည့်တိုင် ဒီဇိုင်းကတော့ သိသိသာသာ ကွဲနေကြ၏။

ပီတာ့ကားက သူတို့ကားနောက်တွင် ပါလာသည်။ သူတို့တွေ ဂေဟာဝင်းထဲကို ရောက်သွားကြတော့ ပရဟိတအသင်းမှ လူများရော၊ ဂုဏ်ရှိန်ပါ ဝင်းထဲသို့ ရောက်နေကြပြီ ဖြစ်၏။

မြတ်ဘုန်း ကားပေါ်မှဆင်းပြီးနောက် ဂေဟာဝင်းအတွင်း အနည်းငယ်ဝေ့၍ ကြည့်လိုက်သည်။ ဂေဟာက အတော်လေးကျယ်ဝင်းပြီး သစ်ပင်ကြီးများရှိသောကြောင့် အရိပ်တို့ ရှိနေ၏။

"ဒါက မြတ်ဘုန်းခေါင်၊ ကျွန်တော့်မိတ်ဆွေ၊ သူက ဒီနေ့ ကျွန်တော်နဲ့အတူ ကူချင်လို့ လိုက်လာတာ၊ လှူဖို့လည်း ပြောထားတာမလို့ ကိုချမ်း သူနဲ့ဆွေးနွေးလို့ရတယ်"

မောင်က သူ့အား ကိုချမ်းမြေ့ဦးနဲ့ မိတ်ဆက်ပေးလာခြင်း။ ကိုချမ်းဟာ အသက် ၃၀ ကျော်အမျိုးသားတစ်ယောက်ဖြစ်ပြီး သဘောကောင်းသော ရုပ်ရည်ရှိသူ ဖြစ်သည်။

ကိုချမ်းက သူ့အား ဝမ်းသာအားရ ကြိုဆို၏။ ထိုစဉ်၌ ကိုချမ်း၏နံဘေးမှ အမျိုးသမီး​ငယ်က သူ့ကိုကြည့်ကာ ဆိုလာသည်။

"ညီမ ကိုမြတ်ဘုန်းခေါင်ကို သိတယ်ထင်တယ်၊ ညီမ အမှတ်မမှားရင် အစ်ကိုက Need Group က မဟုတ်လား"

"ဟုတ်ပါတယ်"

မြတ်ဘုန်း ထိုသို့ပြန်ဖြေလိုက်တော့ အမျိုးသမီးငယ်က ဝမ်းသာအားရဖြင့်...

"ဒါဆို အစ်ကို ရှေ့နေဦးမြင့်စိုးကို သိလား"

"သိပါတယ်၊ ညီမက?"

"ညီမက ဦးမြင့်စိုးရဲ့သမီး သိင်္ဂီမြင့်စိုးပါ၊ ဖေဖေက ကိုမြတ်ဘုန်းခေါင်တော်တဲ့အ​ကြောင်း ခဏခဏချီးကျူးတာနဲ့ သိနေတာပါ၊ ညီမအကျင့်ကလည်း သိပြီဆို မနေနိုင်တော့ အစ်ကို့ကို စိတ်အနှောင့်အယှက် ပေးမိပြီလားမသိဘူး"

"ရပါတယ်၊ စိတ်အနှောင့်အယှက် မဖြစ်ပါဘူး၊ ဦးမြင့်စိုးကလည်း ကျွန်တော်အလေးထားရတဲ့ ရှေ့နေတစ်ယောက်ပါ"

Need Group ဆိုသည်က အတော်လေး နာမည်ကြီးကာ ကျယ်ပြန့်သော အောင်မြင်နေသည့် စီးပွားရေးလုပ်ငန်းစုကြီး ဖြစ်၏။ သိင်္ဂီမြင့်စိုး၏ ဖခင်ဖြစ်သူ ရှေ့နေဦးမြင့်စိုးကလည်း နာမည်ကြီးစီးပွားရေး လုပ်ငန်းရှင်များစွာနှင့် အလုပ်တွဲလုပ်ရသည့် ရှေ့နေကြီးတစ်ယောက် ဖြစ်သည်။

သို့ဖြစ်ရာ ကိုချမ်းအနေနှင့် မြတ်ဘုန်းခေါင်က တော်ရုံသူဌေးတစ်ယောက်မဟုတ်မှန်း သဘောပေါက်သွားတော့၏။

စင်စစ်၌ Need Group ဟာ မြတ်ဘုန်း၏ လက်အောက်ရှိ လုပ်ငန်းများထဲမှ တစ်ခုသာ ဖြစ်သည်။ သူက အဆိုပါလုပ်ငန်းစုတွင် ရှယ်ယာအများဆုံးကို ကိုင်ထားသော်ငြား ရာထူးကိုတော့ ယူမထားပါချေ။

မသေဆုံးခင်ကလည်း မယူခဲ့သလို ယခု၌လည်း မယူထား။

မြတ်ဘုန်းကို မိုးကျရွှေကိုယ်ဟူ၍ ခေါ်ကြသည်မှာလည်း သိပ်တော့မမှားပါ။ သူ့ထံ၌ မိဘများချန်ထားခဲ့သော လုပ်ငန်းများရှိသလို နှစ်ဖက်ဘိုးဘွားများ၏ လုပ်ငန်းများလည်း ရှိ၏။ ထို့ပြင် သူကိုယ်တိုင် စတင်ထားသည့် လုပ်ငန်းများလည်း ရှိသေးသည်။

သို့ဖြစ်၍ သူအဓိက လုပ်ကိုင်သည်မှာ သူကိုယ်တိုင်စတင်ထားသော လုပ်ငန်းများကို ဖြစ်ပြီး ကျန်လုပ်ငန်းများနှင့် ပတ်သက်၍ကတော့ အခြေအနေကို စောင့်ကြည့်ပြီး ရှယ်ယာများကိုသာ စီမံခန့်ခွဲသည်က များ၏။

သူ့အနေနှင့် ထိုင်စားလျှင်တောင် ဆယ်သက်စာ စားမကုန်နိုင်ပါသော်ငြား စီးပွားရေးကို ဝါသနာပါသူမို့ စီးပွားရေးလောက၌ ကျင်လည်နေခြင်း ဖြစ်သည်။

ကလေးများကို ခေါက်ဆွဲကြော်နှင့် မုန့်များ ကျွေးပြီးသည့်နောက် နေထိုင်မကောင်းသူများနှင့် ခန္ဓာကိုယ်၌ ဒဏ်ရာဒဏ်ချက် ရှိသူများကို အသင်းမှ ဆရာဝန်အုပ်စုက ကြည့်ရှုကုသပေးကြ၏။

မြတ်ဘုန်းဟာ မိဘမဲ့ဂေဟာမှ အုပ်ချုပ်သူများနှင့် အလှူရှင်လိုအပ်နေသော ကိစ္စများအကြောင်း ဆွေးနွေးပြီးသည့်နောက် အပြင်ပြန်ထွက်လာခဲ့လိုက်သည်။ သူသည်လည်း မိဘမဲ့ပင်ဖြစ်သော်ငြား သူ့ဘဝက အရမ်းပြည့်စုံခဲ့သည်မို့ မိဘကို တောင့်တဖူးသည့်အချိန်ဟူ၍ သိပ်မရှိခဲ့။

စင်စစ် လုံးဝမရှိခဲ့တာတော့ မဟုတ်ပါချေ။

သို့သော် သူဟာ ဆင်းရဲခြင်းလောကဓံကို မခံစားခဲ့ဖူးသည်မို့ ခက်ခဲသော ဘဝများအကြောင်း သိပ်မသိခဲ့ပါ။ ယခုတွင်တော့ အသက်ရှင်ဖို့ရန်ပင် ခက်ခဲလွန်းသော ဘဝများအကြောင်း သိလာရသည်မို့ ပင့်သက်ကိုသာ အလီလီ ရှိုက်မိတော့၏။

သူသည် အပြင်သို့ ရောက်လာပြီးနောက် ကလေးများ စုဝေးနေသော နေရာဘက်သို့ ကြည့်လိုက်သည်။ ထိုအခါ မောင်တို့သူငယ်ချင်းသုံးယောက်နား၌ ကလေးများ ဝိုင်းနေသည်ကို တွေ့လိုက်ရပြီး ပီတာက အကြောင်းအရာတစ်ခုကို ပြောနေဟန်တူကာ ကလေးများအားလုံးက စိတ်ဝင်တစား နားထောင်နေကြ၏။

သူတို့ဟာ သရက်ပင်ကြီးတစ်ပင်အောက် တာလပတ်အစိမ်းရောင်ကြီးကို ခင်းကာ စုထိုင်နေကြခြင်း ဖြစ်ပြီး မောင့်ကိုယ်ထက်၌ ကလေးလေးတစ်ယောက် ရှိနေသည်။

မြတ်ဘုန်း၏စိတ်ထဲ အနည်းငယ် တစ်မျိုးဖြစ်သွား၏။ သူပထမဆုံး တွေးလိုက်မိသည်မှာ 'အဲဒီကလေးက မောင့်ကိုယ်သင်းနံ့ကို အနီးကပ်ရနေမှာပေါ့' ဟူ၍။

အဆိုပါ ကလေးဆန်ဆန် အတွေးမျိုး တွေးလိုက်ပြီးမှ တစ်ယောက်တည်း ရှက်သလို ခံစားလိုက်ရသည်မို့ အောက်နှုတ်ခမ်းအား အသာဖိကိုက်လိုက်မိသည်။

"အစ်ကိုက ဒီရောက်နေတာပဲ၊ ဒေါက်တာသူရိန်တို့ကို ကြည့်နေတာလား"

သိင်္ဂီမြင့်စိုးက နောက်ဘက်မှ ရောက်လာကာ ဆိုလာခြင်း။ လှည့်ကြည့်လိုက်တော့ သူ့အား ပြုံးပြလာကာ ကော်ဖီအေးတစ်ဘူးကို ကမ်းပေးလာသည်မို့ မြတ်ဘုန်းလည်း အလိုက်သင့် ယူလိုက်ပြီးမှ...

"ဟုတ်တယ်၊ အထဲမှာ စကားပြောပြီးထွက်လာတော့ သူတို့အုပ်စုကိုတွေ့တာနဲ့ ကြည့်နေတာ"

သူ့စကားအဆုံး အမျိုးသမီးငယ်က လှပစွာပြုံးသည်။ အသင်းအင်္ကျီကို အနက်ရောင် ဗြောင်လုံချည်နှင့် တွဲဝတ်ထားပြီး ဆံပင်ရှည်တို့ကို ရိုးရှင်းစွာပင် အမြင့်မြှောက်စည်းထားသည့်တိုင် နုငယ်လှပသော မျက်နှာလေးက သာမန်ထက် ထင်းနေ၏။

"သူတို့သူငယ်ချင်းသုံးယောက်ကတော့ ရောက်လေရာအရပ်မှာ ကလေးတွေချစ်တာ ခံရတာပဲ၊ အထူးသဖြင့် ဒေါက်တာပီတာချန်းကိုဆို ပုံပြောကောင်းလို့ ပိုချစ်ကြတယ်၊ အခုလည်း သူ ပုံပြောနေတာနေမှာ၊ ဒေါက်တာဂုဏ်ရှိန်ကကျ ကလေးတွေနဲ့ ကောင်းကောင်းကစားပေးတတ်တယ်၊ ဒေါက်တာသူရိန်ကလည်း မျက်နှာတည်ပေမဲ့ သူပြုံးပြီဆို ကလေးတွေက အလိုလိုချစ်သွားကြရော၊ သူ့စကားဆို ကလေးတိုင်း နားထောင်ကြတယ်"

မြတ်ဘုန်း ဘာမှပြန်မပြောဘဲ လူကြီးသုံးယောက်နှင့် ကလေးအုပ်စုကိုသာ ကြည့်နေမိသည်။ ပီတာက မောင်နှင့် ဂုဏ်ရှိန်ကြားတွင် ထိုင်နေပြီး မောင့်ကိုယ်ထက်မှ ကလေးလေး၏ လက်ကို ဆုပ်ကိုင်ထားကာ ကလေးများအား ပြုံးပြုံးရယ်ရယ်နှင့် ပုံပြင်ပြောပြနေ၏။

သူ မည်မျှထိ ပုံပြောကောင်းသည်မသိ၊ ကလေးများက မကြာခဏ တဟားဟားရယ်ကြသလို မောင်နှင့် ဂုဏ်ရှိန်တို့မျက်နှာကလည်း ပြုံးလိုက်၊ ရယ်လိုက်နှင့်။

သူကြည့်နေစဉ်မှာပင် မောင်က မိဘမဲ့ဂေဟာ အတွင်းဘက်သို့ လှမ်းကြည့်လိုက်သည်အား မြင်လိုက်ရသည်။ မောင်ကြည့်သောဘက်မှာ သူထွက်လာခဲ့သည့် အဆောက်အဦရှိရာဘက် ဖြစ်၏။

ဘာမှမရှိသည်ကို ဘာကိုကြည့်မှန်းမသိ။

သူလည်း မောင်နှင့်အတူ လိုက်ကြည့်မိပြီးမှ မောင့်ကို ပြန်ကြည့်မိတော့ မောင့်မျက်ဝန်းတွေက သူ့ထံ ရောက်နေပြီပင်။

သူ ခေါင်းသာ တစ်ချက်ဆတ်ပြလိုက်ပြီး နံဘေးမှ သိင်္ဂီမြင့်စိုးဘက်သို့လှည့်ကာ မေးလိုက်သည်။

"ကျွန်တော် တစ်ခုခု ကူညီပေးလို့ရတာ ရှိသေးလား"

"အခုတော့ မရှိသေးဘူး အစ်ကို၊ အဲ့ဒါကြောင့် ညီမတောင် ဒီဘက်ကို ခဏထွက်လာတာ၊ အစ်ကို အစပိုင်းမှာ ပစ္စည်းတွေ ကူသယ်ပေးပြီးပြီပဲ၊ ဘာလို့လဲ၊ ညီမတို့ကို အားနာနေတာလား"

"အဲဒီလိုတော့ မဟုတ်ပါဘူး"

ထူးထူးထွေထွေ လုပ်စရာမရှိသည့်အပြင် တစ်ယောက်တည်းလည်း ကွဲထွက်နေသည်မို့ မြတ်ဘုန်း လုပ်စရာအလုပ် ရှာနေခြင်း ဖြစ်သည်။ သို့သော် မရှိဘူးဆိုမှတော့ သူလည်း ဘာမှထပ်မ​ပြောချင်ပါတော့ချေ။

သိင်္ဂီမြင့်စိုးက အလိုက်တသိပင် ထိုကိစ္စနှင့်ပတ်သက်၍ ဆက်မပြောတော့ဘဲ ရောက်တတ်ရာရာအကြောင်းများကို ပြောလာသည်။ သို့ဖြစ်၍ ရင်ထဲ သိပ်အဆင်မပြေချိန်တွင် စကားပြောဖော်ရှိနေသည်မို့ စိတ်က အနည်းငယ် ပြန်လည်ပေါ့ပါးသွား၏။ သိင်္ဂီမြင့်စိုးဟာ စကားပြောကောင်းသူဖြစ်ပြီး သူ(မ)၏ ပရဟိတလုပ်ရာ၌ အတွေ့အကြုံများကို ဟာသနှော၍ ပြောပြနေခြင်း ဖြစ်သည်။

နှစ်ယောက်သား စကားတပြောပြောနှင့် အနားရှိ ခုံတန်းတစ်ခု၌ ခပ်ခွာခွာ ထိုင်ဖြစ်ကြ၏။

ယခင်က မြတ်ဘုန်းဟာ စီးပွားရေးကိစ္စများမရှိပါက သူစိမ်းများနှင့် သိပ်အဆက်အဆံ မလုပ်တတ်ပါချေ။ သို့သော် တစ်ခါသေဆုံးပြီးသည့်နောက်တွင်တော့ သူစိမ်းများနှင့် စကားပြောရတာကလည်း စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။

ယခုတွင်လည်း နံဘေးမှ အမျိုးသမီးငယ်၏ အတွေ့အကြုံများက သူ၏အာရုံကို ဖမ်းစားနိုင်ခဲ့၏။

"အစ်ကိုက ညီမရဲ့အစ်ကိုနဲ့တူလိုက်တာ၊ Introvert တွေမှန်း အရမ်းသိသာတာပဲ၊ ကိုကြီးဆိုရင်လည်း အဖွဲ့နဲ့လိုက်ပြီဆို သီးသန့်ကွဲထွက်နေတာများတယ်၊ အနားမှာ တစ်ယောက်ယောက်ကမှ ဧည့်ခံမပေးရင် တစ်ယောက်တည်း ငြိမ်နေရော၊ ဒါပေမဲ့ အစ်ကိုကတော့ ကိုကြီးထက်တောင် ပိုဆိုးနေသလိုပဲ"

"ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ အစ်ကို့မိတ်ဆွေတွေရှိတာတောင် အနားကို မသွားလို့လေ၊ နောက်ပြီး ညီမက ဒီလောက်ဧည့်ခံပေးနေတာတောင် နှုတ်နည်းနေရောပဲ"

မြတ်ဘုန်း ဘာမှပြန်မပြောဘဲ ပြုံးသာပြုံးလိုက်တော့ သိင်္ဂီမြင့်စိုးက "တွေ့လား" ဟူ၍ ရယ်သံနှင့် ပြန်ပြောလာသည်။

ထိုစဉ်တစ်ဖက်၌ ပီတာက ပုံပြင်တစ်ပုဒ်ကို အဆုံးသတ်လိုက်ချိန်တွင် ၅ နှစ်အရွယ် ကလေးလေးတစ်ယောက်က သူရိန်မင်းထင်ကိုကြည့်ကာ မေးလိုက်၏။

"ဦး တစ်ယောက်ယောက်ကို စိတ်ဆိုးနေတာလားဟင်၊ မျက်ခုံးကြီးတွေကို တွန့်နေတာပဲ"

ကလေး၏စကားကြောင့် ပီတာနှင့် ဂုဏ်ရှိန်တို့လည်း သူရိန့်အား လှည့်ကြည့်လိုက်ကြသည်။ ထိုအခါမှ သိသိသာသာ မှုန်ကုပ်နေသော သူရိန့်မျက်နှာက တဖြည်းဖြည်းချင်း ပြေလျော့သွားပြီး...

"ဘာမှမဖြစ်ဘူး၊ နေရှိန်လို့"

"အဲဒီလောက် မရှိန်ပါဘူးကွာ၊ မင်းလည်း မိုးကျရွှေကိုယ်နဲ့ပေါင်းပြီး တဖြည်းဖြည်း မိုးကျရွှေကိုယ် ဖြစ်လာပြီထင်တယ်"

ဂုဏ်ရှိန်က ဆိုလိုက်တော့ ကလေးတစ်ယောက်က ချက်ချင်း ပြန်မေးလာ၏။

"မိုးကျရွှေကိုယ်ဆိုတာ ဘာလဲဟင်"

ဂုဏ်ရှိန့်မျက်နှာက ပြုံးစိစိဖြစ်သွားသည်။ ပြီးနောက် ချောင်းတစ်ချက်ဟန့်လိုက်ပြီး...

"မိုးကျရွှေကိုယ်ဆိုတာ နတ်သားကို ခေါ်တာ၊ အခုတော့ အဲဒီလိုပဲ မှတ်ထားလိုက်ဦး၊ ကြီးလာရင် စာတွေဖတ်ရင်း ပိုသိလာလိမ့်မယ်"

သူရိန်မင်းထင်က ဘာမှ ဝင်မပြောဖြစ်ပါချေ။ ထို့နောက် ကလေးများက ပီတာ့ကို နောက်ထပ် ပုံပြင်သစ်တစ်ပုဒ် တောင်းဆိုကြသည်မို့ ပီတာလည်း ဆက်ပြောလိုက်သည်။

သူရိန့်ကိုယ်ထက်တွင် ရှိနေသည်မှာ သုံးနှစ်အရွယ် ကလေးလေးဖြစ်၏။ ကလေးက ချော်လဲထား၍ ခြေထောက်၌ ဒဏ်ရာရှိသည်မို့ ထိခိုက်ဝမ်းနည်းလွယ်နေသည်။ ထို့ကြောင့် သူက ကိုယ်ပေါ်၌ ပွေ့တင်ထားခြင်း ဖြစ်၏။

သူရိန်မင်းထင်၏ အကြည့်တို့ဟာ ခပ်လှမ်းလှမ်းမှ အရိပ်အောက်ရှိ ခုံတန်းထံသို့ မကြာခဏ ရောက်နေသည်။ ပြုံးရယ်ကာ စကားပြောနေသူနှစ်ယောက်အား ဘေးတိုက်အနေအထားဖြင့် မြင်နေရ၏။

ပုံမှန်ဆို စကားများလွန်းသူများနှင့် အဆင်မပြေသည့် မြတ်ဘုန်းခေါင်က ယခုတွင်တော့ အစစအရာရာ အဆင်ပြေနေပါသည့်နှယ်။

သူရိန်မင်းထင်၏ တည်တည်ငြိမ်ငြိမ်နှင့် ချောမောသော မျက်နှာက တဖြည်းဖြည်း ပြန်လည်မှုန်ကုပ်လာပြန်သည်။

ထိုစဉ် သိင်္ဂီမြင့်စိုးက ဖုန်းပြောလိုက်သည်ကို တွေ့လိုက်ရ၏။ ဖုန်းကိုချပြီးနောက် မြတ်ဘုန်းခေါင်အား တစ်စုံတစ်ခု ပြောလိုက်ပြီး ထွက်သွားသည်။ ထိုအခါမှ မြတ်ဘုန်းခေါင်တစ်ယောက် သူတို့ဘက်ကို လှည့်ကြည့်လာတော့ သူရိန်မင်းထင် ရင်ခွင်ထဲမှ ကလေးကိုသာ ငုံ့ကြည့်လိုက်၏။

တစ်ဖက်မှ မြတ်ဘုန်းဟာ တစ်ယောက်တည်းကျန်ခဲ့တာ သိပ်မကြာသေးသည်မို့ ပျင်းသလို မခံစားရပါသေးချေ။ သူက ချစ်ရသူဘက် လှည့်ကြည့်လိုက်ပြီးနောက် မနာလိုစိတ်များ ပြန်ပေါ်မလာစေရန်အတွက် အကြည့်လွှဲလိုက်မိသည်။

ထိုအချိန်၌ ပြေးလွှားဆော့ကစားနေကြသော ကလေးများဘက်မှ ၅ နှစ်၊ ၆ နှစ်ခန့်အရွယ် ကလေးငယ်တစ်ယောက်က ငိုပြီး ထွက်လာသည်ကို တွေ့လိုက်ရ၏။ ကလေး၏ လက်ထဲ၌ ရေခဲမုန့်ခွက်လေးတစ်ခွက်ကို ကိုင်ထားပြီး ကောင်ငယ်လေးဟာ သစ်ပင်ရိပ်တစ်ခုအောက်တွင် ထိုင်ချလိုက်လျက် ဒူးနှစ်ဖက်ထက် မျက်နှာအပ်လိုက်သည်။

မြတ်ဘုန်း ခဏ စောင့်ကြည့်နေလိုက်ပါသော်ငြား အဆိုပါ ကလေးနားသို့ မည်သူမှ ရောက်မလာသည်မို့ နေရာမှ ထရပ်လိုက်၏။ သူသည် ကလေးရှေ့သို့ လျှောက်သွားလိုက်ပြီးနောက် ဒူးတစ်ဖက်နှိမ့်ကာ ထိုင်လိုက်ပြီး မေးလိုက်သည်။

"ဘာလို့ ငိုနေတာလဲ၊ ရန်ဖြစ်လာတာလား"

"....."

ကလေးက ငိုရှိုက်သံများကိုသာ ထုတ်နေပြီး ဘာမှပြန်မပြောလာပါချေ။ ခန္ဓာကိုယ်၌ အနည်းငယ်နွမ်းနေသော အပြာရောင် ရှပ်လက်တိုနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး ခြေအစုံက ဖိနပ်မရှိသည်မို့ ဖုန်များဖြင့် ပေကျံနေသည်။

ဒူးနှစ်ဖက်ကိုပိုက်ကာ ဒူးတို့ထက် မျက်နှာအပ်လျက် ငိုနေပါသည့်တိုင် ရေခဲမုန့်ခွက်ကိုတော့ ခိုင်မြဲစွာ ဆုပ်ကိုင်ထားဆဲ။

မြတ်ဘုန်းခေါင် ကလေး၏ ရေခဲမုန့်ခွက်ထဲကို ကြည့်လိုက်၏။ ခွက်ထဲ၌ စတော်ဘယ်ရီရေခဲမုန့်က အရည်ပျော်နေပြီး ဘူး၏ အောက်ခြေ၌ သုံးပုံတစ်ပုံခန့်လောက်သာ ကျန်တော့ကာ စားကောင်းမည့်ပုံစံမျိုး မပေါ်ပါတော့ချေ။

ထို့ကြောင့် သူက ပြောလိုက်သည်။

"မင်းရေခဲမုန့်က မကောင်းတော့ဘူးကို ဆက်ကိုင်ထားဦးမလို့လား"

သူ့စကားအဆုံး ကလေးလေးက ငိုနေရာမှ ခေါင်းကို ဆတ်ခနဲမော့လာ၏။ ထို့နောက် သူ့အား ဒေါသမျက်ဝန်းတို့ဖြင့် ​ကြည့်လာပြီး...

"အရူးကြီး!!! ထွက်သွား!!!"

ထိုသို့ စူးခနဲအော်လိုက်ပြီး လက်ထဲမှ ရေခဲမုန့်ခွက်နှင့်လည်း ပစ်ပေါက်လိုက်သည်မို့ ခွက်က မြတ်ဘုန်း၏ ဘယ်ဘက်ပုခုံးကို မှန်သွားသည်။ စတော်ဘယ်ရီ ရေခဲမုန့်အရည်များက မြတ်ဘုန်း၏ အင်္ကျီအဖြူထက် စွန်းထင်းသွားကြတော့၏။

အဆိုပါမြင်ကွင်းကို အနီးအနားမှ ကလေးများက သတိထားမိသွားပါသလို ခပ်လှမ်းလှမ်းရှိ ပုံပြင်နားထောင်နေသော အုပ်စုမှ သူရိန်မင်းထင်ကလည်း ချက်ချင်းသတိထားမိသွားသည်။ ထိုအခါ သူက ကိုယ်ထက်ရှိကလေးကို နံဘေးမှ ပီတာ့ထံ လွှဲပေးလိုက်ပြီး လျင်မြန်စွာ ထထွက်လာ၏။

"ထွက်သွားလို့ပြောနေတယ်လေ!!! အရူးကြီး!!! ထွက်သွား!!!!"

မတုန်မလှုပ် ဆက်ထိုင်နေသော မြတ်ဘုန်းကို ကလေးက ထပ်မံအော်ဟစ်၍ လက်သေးသေးလေးများဖြင့်လည်း တွန်းထုတ်လိုက်သည်။ ထိုအခါ မြတ်ဘုန်းက နေရာမှ ထရပ်လိုက်ပြီး ကလေးငယ်အား ငုံ့ကြည့်လိုက်၏။

လေအဝေ့၌ ထင်းရှူးရနံ့က နှာဖျားထက်ရောက်လာသည်ကို မြတ်ဘုန်း သတိထားလိုက်မိသော်ငြား လှည့်မကြည့်ဘဲ ကလေးကိုသာ ဆက်လက်စိုက်ကြည့်နေလိုက်သည်။

"အရူးကြီး!!!"

"အင်း ဟုတ်တယ်၊ ငါက အရူး"

မြတ်ဘုန်း၏ တုံ့ပြန်ချက်ကြောင့် ကလေးလေးက ကြောင်သွားပါသလို အနားသို့ ရောက်လာသော သူရိန်မင်းထင်သည်လည်း ဘာပြောရမှန်းမသိ။

ထို့နောက် မြတ်ဘုန်းက ကလေးကိုစိုက်ကြည့်ပြီး ဆက်ပြောလိုက်သည်။

"မင်းပြောသလို ငါက အရူး၊ နောက်ပြီး ငါလည်း မိဘမဲ့ပဲ၊ မင်းလိုမျိုး စကားအပြောအဆိုလည်း မတတ်ဘူး"

ကလေးလေးက ဘာမှပြန်မပြောဘဲ အံကြိတ်ပြီး မျက်ရည်များသာ စီးကျလာ၏။ ရုပ်သန့်သော ကလေးငယ်လေး ဖြစ်သော်ငြား ညစ်ညစ်နွမ်းနွမ်းဖြစ်နေသည်မို့ သိပ်ရုပ်မထွက်ပါချေ။

တစ်မိနစ်ကျော်အတွင်းမှာပင် သူတို့အနားသို့ ကလေးများရော၊ လူကြီးများပါ ဝိုင်းလာ၏။ ဂေဟာ၏ အုပ်ချုပ်သူများလည်း ရောက်လာကြသည်။

ထိုအခါ အစပိုင်း ဒေါသတကြီးဖြစ်နေသော ကလေးက လန့်သွားဟန်ဖြင့် နောက်သို့ အနည်းငယ်ဆုတ်ကာ ကိုယ်ကိုကျုံ့လိုက်၏။ သူရိန်မင်းထင်က ကလေး၏ အခြေအနေကိုမြင်တော့ ဝိုင်းလာကြသူများကိုကြည့်ကာ ဆိုလိုက်သည်။

"ကလေးက နည်းနည်းလန့်နေပြီထင်တယ်၊ ကျွန်တော်တို့ စကားပြောကြည့်ပြီး ချော့လိုက်ပါ့မယ်၊ လူအုံနေရင် ကလေးအတွက်လည်း မကောင်းတာမလို့ အလုပ်ပျက်မခံကြပါနဲ့"

သူ၏ ယဉ်ကျေးစွာနှင်မှုကြောင့် လူကြီးများက အခြေအနေကို အကဲခတ်လိုက်ပြီးနောက် သက်ပြင်းကိုယ်စီ ချလိုက်ကြပြီး အနားမှ အခြားကလေးများကိုခေါ်ကာ ထွက်သွားကြတော့၏။

ထိုအခါမှ ခေါင်းငုံ့ကာ မျက်ရည်ကျနေသော ကလေးရှေ့ မြတ်ဘုန်းက ဒူးတစ်ဖက်နှိမ့်လျက် ပြန်ထိုင်လိုက်သည်။ ပြီးနောက် ကလေးငယ်အား ပွေ့ဖက်လိုက်သည်က ညင်ညင်သာသာဖြင့်။

"ဘာဖြစ်လို့ ဒီလောက်ဝမ်းနည်းနေတာလဲ၊ တစ်ယောက်ယောက်က အနိုင်ကျင့်လိုက်လို့လား"

"အီးဟီး.........................."

မြတ်ဘုန်း၏ မေးသံအဆုံး ကလေးက ပို၍ဝမ်းနည်းသွားပုံရပြီး ကနဦးကကဲ့သို့ ဒေါသမထွက်တော့ဘဲ အသံထွက်ကာ ငိုကြွေးလာတော့၏။ သူရိန်မင်းထင်အဖို့လည်း ရှေ့မှမြင်ကွင်းမျိုးအား စိတ်ကူးထဲတွင်တောင် တစ်ခါမှ ပုံမဖော်ခဲ့ဖူးသည်မို့ နှုတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။

မြတ်ဘုန်းက ကလေး၏ ကျောပြင်ငယ်လေးကို ခပ်ဖွဖွ ပုတ်ပေးလျက် ဆိုလိုက်၏။

"အရမ်းဝမ်းနည်းနေတာဆိုရင် ဒီလိုငိုချလိုက်တာ ကောင်းတယ်၊ ဒါပေမဲ့ အရမ်းတော့ ဒေါသမကြီးနဲ့၊ ဒေါသကြီးတာက မင်းကို တစ်ယောက်တည်း ဖြစ်စေလိမ့်မယ်၊ ငါက သိပ်မချော့တတ်တော့ မင်းကို ပိုစိတ်ညစ်အောင် လုပ်မိသလိုဖြစ်မှာလည်း စိုးတယ်၊ မင်း ငါ့ကို စိတ်တိုပြီး အော်ပစ်လို့တော့ ရပါတယ်၊ ခုဏကလို တစ်ခုခုနဲ့ ပစ်ပေါက်လည်း ရတယ်၊ ငါနားလည်ပေးနိုင်တယ်၊ ဒါပေမဲ့ အခြားသူတွေကိုတော့ မလုပ်နဲ့၊ ဟုတ်ပြီလား"

"ဟီး........... သားမေမေက ပြန်လာမှာကို.. သူတို့က ပြန်မလာဘူးလို့ပြောတယ်.. ဟီး............."

ကလေး၏ ဝမ်းနည်းတကြီး ပြောလာသောစကားကို မြတ်ဘုန်း ခွန်းတုံ့မပြန်တတ်တော့။ ထို့ကြောင့် ကူကယ်ရာမဲ့စွာဖြင့် အနားရှိ သူရိန်မင်းထင်ကို မော့ကြည့်လိုက်မိသည်။

သူရိန်လည်း ပင့်သက်အသာရှိုက်လျက် ခေါင်းခါပြလိုက်၏။

ကလေးကို ချော့သည့်နေရာ၌ False hope တွေ မပေးသင့်သလို ကလေး ဝမ်းနည်းနေချိန်တွင် အမှန်တရားကို လက်ခံနိုင်အောင် အတင်းအဓမ္မ တိုက်တွန်း၍လည်း မဖြစ်ပါချေ။

ကလေးလေးသည် မြတ်ဘုန်း၏ ရင်ခွင်ထဲ၌ အားရပါးရ ငိုယိုကာ သူမကျေနပ်သမျှကို ပြောဆိုပြီးနောက်တွင်တော့ ခန္ဓာကိုယ်ငယ်လေးက အရုပ်ကြိုးပြတ်သဖွယ် ဖြစ်သွားတော့သည်။ ထိုအချင်းအရာကြောင့် မြတ်ဘုန်းတစ်ယောက် လန့်သွားပြီး စိုးရိမ်တကြီး ပွေ့ထားလိုက်မိ၏။ ကလေးကိုချီလျက် မတ်တပ်ရပ်လိုက်ချိန်၌ သူ့မျက်ဝန်းတို့က နီရဲနေကြလေသည်။

"ငါ့ကိုပေး၊ သူ ဘာမှမဖြစ်ဘူး၊ အရမ်းငိုလိုက်လို့ သတိလစ်သွားရုံပဲ၊ စိတ်မပူနဲ့"

မြတ်ဘုန်း၏ စိုးရိမ်တကြီးပုံစံကြောင့် သူရိန်က ထိုသို့ဆိုလိုက်ရင်း ကလေးကို လက်လွှဲယူဖို့ ပြင်လိုက်သော်ငြား မြတ်ဘုန်းက ခေါင်းခါလိုက်ပြီး...

"ရတယ်၊ ငါသယ်နိုင်တယ်၊ လမ်းပဲပြ"

သူရိန်မင်းထင်လည်း အချိန်မဆွဲချင်သည်မို့ ကလေးကို ​ပွေ့ထားသူ၏ ကျောပြင်အား ထိန်းဖက်ကာ ၅ နှစ်၊ ၆နှစ်ကျော်အရွယ် ကလေးများနေသော အဆောင်ဘက်သို့ လမ်းပြပေးလိုက်သည်။ ထိုအဆောင်ကိုရောက်တော့ အုပ်ချုပ်သည့် ဆရာမက သူတို့ကို ကလေး၏ နေရာအား လိုက်ပြပေး၏။

သူရိန်မင်းထင် ကလေးကို စစ်ဆေးနေချိန်၌ မြတ်ဘုန်းရော၊ ဆရာမကပါ စိုးရိမ်တကြီး ကြည့်နေကြသည်။ စစ်ဆေးပြီးနောက် သူရိန်က ဆိုလိုက်၏။

"စိုးရိမ်စရာ မရှိပါဘူး၊ ဒါပေမဲ့ ခန္ဓာကိုယ်က အားနည်းနေတာမလို့ နိုးလာရင် အားပြည့်မဲ့ အစားအစာတွေ သေချာစားဖို့တော့ လိုတယ်"

"ဘာတွေ စားဖို့လိုတာလဲ၊ ငါဝယ်ခိုင်းပြီး လာပို့ခိုင်းလိုက်မယ်"

မြတ်ဘုန်းက ပြန်မေးလိုက်တော့ သူရိန်က ကလေးအတွက် အားပြည့်စေမည့် စားစရာများကို တန်းစီရွတ်ပြလိုက်သည်။ မြတ်ဘုန်းခေါင်တစ်ယောက် နားရှုပ်သွားရ၏။

ထို့ကြောင့် သူ့ဖုန်းကိုထုတ်ကာ မောင်သစ်အား ဆက်လိုက်ပြီး သူရိန့်လက်ထဲ ဖုန်းထိုးပေးလိုက်သည်။

"မင်းပဲ ကိုယ်တိုင်ပြောလိုက်"

"....."

ထို့နောက်၌ သူတို့နှစ်ယောက်ဟာ ဆရာမထံမှ ကလေး၏အကြောင်းများကို သိလိုက်ရတော့၏။ ကလေးက ဂေဟာကိုရောက်တာ နှစ်ပတ်ခန့်သာ ရှိသေးပြီး မိခင်ဖြစ်သူက စွန့်ပစ်ခဲ့ပြီးနောက် နိုင်ငံခြားသို့ ထွက်သွားခဲ့ခြင်း ဖြစ်သည်။

ကလေးအတွက် သူ၏ လက်ရှိအခြေအနေကို လက်ခံနိုင်ဖို့ရာ အရမ်းခက်ခဲနေသည်မို့ အချိန်အတော်များများ၌ စိတ်ဆတ်နေသည်ဟု ဆို၏။ ကောင်းကောင်းမစားသလို ကောင်းကောင်းလည်း မအိပ်နိုင်ဘဲ တစ်ယောက်တည်းသီးသန့်နေကာ ငိုနေချိန်က များသည်။

ရွယ်တူကလေးများနှင့် စကားပြောမိပါက ကလေးအချင်းချင်း ပွင့်ပွင့်လင်းလင်း ​ပြောကြသည့်အခါ အမှန်တရားကိုလက်မခံနိုင်သေးသော ကလေးအနေနှင့် အနာကို ဆားပက်ခံရသည့်ပမာ ခံစားရမည်မှာ မလွဲဧကန်ပါပင်။

ဂေဟာထဲမှ ပြန်အထွက်၌ မြတ်ဘုန်း ပင့်သက်ရှိုက်လိုက်မိ၏။

စင်စစ် သူသည်လည်း အမှန်တရားတို့ကို လက်ခံနိုင်ရန် မနည်းကြိုးစားနေရသူတစ်ယောက်ပင် မဟုတ်ပါလား။

မောင်နှင့် ပီတာတို့ကို အတူတွေ့ရတိုင်း အနာကို ဆားနှင့်အပက်ခံရသလို ခံစားရသည် မဟုတ်ပါလား။

"မြတ်ဘုန်းခေါင်"

နံဘေးမှ မောင့်အသံကြောင့် မြတ်ဘုန်း အတွေးလွန်နေရာမှ လှည့်ကြည့်လိုက်တော့ မောင်က သူ့မျက်ဝန်းတို့ထဲ စိုက်ကြည့်လာပြီးနောက် သူ့အင်္ကျီထက်မှ အစွန်းအထင်းများကိုကြည့်ကာ ပြောလာသည်။

"ဒီအင်္ကျီနဲ့ ဒီတိုင်းဆက်နေမလို့လား"

"ငါ့မှာ အပိုမှပါမလာတာ"

"ငါလည်း မပါဘူး၊ မင်းဆေးချင်ရင် ဆေးလို့ရတယ်လို့ပြောတာ"

"အင်း၊ ဆေးမယ်"

မောင်က သူ့အား အဆောင်တစ်ခု၏ နံဘေးရှိ ရေချိုးကန်ကြီးဆီသို့ ဦးဆောင်ခေါ်သွားသည်။ ကန်ဘောင်ထက်၌ ရေခွက်အချို့နှင့် အနားရှိ စင်၌ ဆပ်ပြာခွက်တို့ ရှိ၏။

မြတ်ဘုန်းတစ်ယောက် လက်တို့ကို အရင်ဆေးလိုက်သည်။ ထို့နောက်တွင်တော့ အင်္ကျီကို မည်သို့ဆေးရမည်မှန်း မသိတော့သည်မို့ ရေခွက်ကိုင်ရမလို၊ ​ဆပ်ပြာကိုင်ရမလို ဖြစ်နေတော့၏။

သူရိန်မင်းထင် ထိုအချင်းအရာအား ကြည့်နေရင်းမှ သက်ပြင်းချလိုက်ပြီး ဆိုလိုက်သည်။

"ဘောင်းဘီကို ဒူးဆစ်ကျော်တဲ့အထိ ခေါက်တင်လိုက်"

"အင်း"

မိုးကျရွှေကိုယ်လေးက ထိုသို့ပြန်ဖြေပြီးနောက် ဘောင်းဘီရှည်၏ တစ်ဖက်အား ခေါက်တင်နေသော ပုံစံမှာ အတော်လေး နှေးကွေးလှ၏။ သို့ဖြစ်၍ သူရိန်မင်းထင် တစ်ဖက်လူ၏ရှေ့၌ ဒူးတစ်ဖက်နှိမ့်ထိုင်လိုက်ပြီး ကျန်တစ်ဖက်ကို သူကိုယ်တိုင် ခေါက်တင်ပေးလိုက်တော့ စက္ကန့်ပိုင်းအတွင်းမှာပင် ဖြူဝင်းကာ သွေးကြောစိမ်းများနှင့် မွှေးညှင်းများရှိနေသော ခြေထောက်နှစ်ဖက် ထွက်ပေါ်လာသည်။

အဆိုပါ ခြေအစုံကို ကြည့်ရုံနှင့်ပင် ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင် နေခဲ့ရသော ခန္ဓာကိုယ်မှန်း သိသာလွန်းလှ၏။

"ဖိနပ်ကိုချွတ်၊ ခြေအိတ်တွေကိုပါချွတ်လိုက်"

သူရိန်မင်းထင်က ထိုသို့ထပ်ပြောပြီးနောက် မြတ်ဘုန်း ဘာမှမလှုပ်ရှားနိုင်ခင်မှာပင် ခြေအိတ်နှင့် ရှူးဖိနပ်တို့ကို သူကိုယ်တိုင် မြန်မြန်ဆန်ဆန် ချွတ်ပေးလိုက်ပြန်သည်။

တစ်ယောက်တည်း လွှတ်ထားလိုက်ပါက ကိုးရိုးကားယား လုပ်နေဦးမည်ကို သိနေသည်မို့ပင်။

ထို့နောက်တွင်တော့ ရှုးဖိနပ်တို့ကို နောက်ဘက်ခပ်လှမ်းလှမ်းတွင် ထားလိုက်ပြီးနောက် မိုးကျရွှေကိုယ်၏ ခြေအစုံအား သူကိုယ်တိုင် ဒူးဆစ်အောက်ပိုင်းမှ ရေလောင်းပေးလိုက်တော့၏။

သတိမပေး ဘာမပေးနှင့်မို့ မြတ်ဘုန်း၏ ခန္ဓာကိုယ်က အနည်းငယ် တွန့်သွားသည်။

ထို့ကြောင့် သူရိန်မင်းထင်က မေးလိုက်၏။

"ဘာလို့လဲ၊ အေးလို့လား"

"မအေးဘူး၊ ကြိုမပြောတော့ လန့်သွားလို့၊ ဘာလို့ ခြေထောက်ကို ရေဆေးတာလဲ၊ ငါ့ခြေထောက်တွေက သန့်ပါတယ်"

"အပူစင်အောင် ဆေးတာ၊ အင်္ကျီကိုဆေးရင် ခန္ဓာကိုယ်ကို ရေနည်းနည်းတော့ ထိမှာပဲ၊ အပူစင်အောင် ကြိုလုပ်ထားတာက အန္တရာယ်ကင်းတယ်"

သူရိန်က ထိုသို့ဆိုပြီးနောက် မြတ်ဘုန်း၏ ဒူးဆစ်အထက်မှလည်း ရေဆက်လောင်းချသည်။ မြတ်ဘုန်းလည်း ဆရာဝန်ကို ဆရာပြန်မလုပ်တတ်၍ ငြိမ်ငြိမ်လေးသာ နေနေမိ၏။

ထို့နောက် သူရိန်မင်းထင်ဟာ မြတ်ဘုန်း၏ အင်္ကျီထက်မှ ရေခဲမုန့်အစွန်းအထင်းတို့ကို ဆေးပေးဖို့ ပြင်သည်။

"ငါ အင်္ကျီချွတ်လိုက်ရမလား"

မြတ်ဘုန်းက မေးလိုက်တော့ သူရိန်က ဖြတ်သွားဖြတ်လာရှိနေသော လူများကို တစ်ချက်ကြည့်လိုက်ပြီး...

"မချွတ်နဲ့"

ထိုသို့ဆိုပြီးနောက် သူက ခါးကြားမှ Snow towel ထုပ်လေးကို ထုတ်ယူလိုက်၏။ ယင်းမှာ သူတို့ ပို့ပေးခဲ့သော ကလေး၏ အဆောင်အုပ်ချုပ်သူ ဆရာမထံမှ တောင်းလာခဲ့ခြင်း ဖြစ်သည်။

အိတ်အဖြူလေးကို ဖွင့်လိုက်တော့ ခပ်အီအီ မွှေးရနံ့က ထွက်ပေါ်လာ၏။ အဆိုပါ ရနံ့ကို နှစ်ယောက်စလုံး သိပ်မကြိုက်သည်မို့ ပြိုင်တူမျက်မှောင်ကြုတ်မိကြသည်။

"မောင် ဘာလုပ်မလို့လဲ"

"ဒါနဲ့ ပေနေတာတွေကို သုတ်မလို့"

"ဒါဆိုလည်း အနံ့ပျောက်အောင် အရင်လုပ်၊ ငါ အဲဒီအနံ့ မကြိုက်ဘူး"

"အခု လုပ်မလို့၊ စကားမများနဲ့"

စကားအဆုံး သူရိန်က ပဝါအသေးလေးကို အနံ့ပျောက်အောင် ဆပ်ပြာနှင့် သေချာလျှော်လိုက်သည်။ အနံ့က အလုံးစုံပျောက်မသွားပါသည့်တိုင် အတော်အတန် ပျောက်သွားချိန်တွင်တော့ အဆိုပါ ရေစိုပဝါလေးဖြင့် မြတ်ဘုန်း၏ အင်္ကျီထက် စွန်းထင်းနေသည်တို့ကို စိတ်ရှည်ရှည်နှင့် သုတ်ပေးလိုက်တော့၏။

"ဘောင်းဘီမှာရော ပေသေးလား"

"နည်းနည်းပေတယ် ထင်တယ်"

"မင်း ဘာသွားပြောလိုက်လို့ ကလေးက အဲဒီလောက်တောင် စိတ်တိုသွားတာလဲ"

"ရေခဲမုန့်က မကောင်းတော့တာကို ဆက်ကိုင်ထားဦးမလို့လားလို့ မေးမိတာထင်တယ်၊ သေချာမမှတ်မိ တော့ဘူး၊ ဒါပေမဲ့ သူက အစကတည်းက စိတ်တိုပြီး ငိုနေတာပါ၊ ငါ့ကြောင့် သီးသန့် မဟုတ်ဘူး"

မြတ်ဘုန်း၏ အင်္ကျီကို သေချာကြည့်ကာ သုတ်ပေးနေသော သူရိန်မင်းထင်၏ မျက်ဝန်းတို့ထဲ ​ရယ်မြူးရိပ် အနည်းငယ် ယှက်သန်းသွားကြသည်။ မြတ်ဘုန်းခေါင်တစ်ယောက်က လုပ်လိုက်လျှင် ရိုက်ပေါက်တွေချည်းသာ ဖြစ်၏။

သန့်စင်ပေးသူက စိတ်ရှည်လွန်းသည်မို့ အင်္ကျီနှင့် ဘောင်းဘီထက်မှ စွန်းထင်းရာများ ပျောက်လုနီးပါး ဖြစ်သွားကြပါသည့်တိုင် မစိုသင့်သည့် နေရာများကို လုံးဝ ရေမစိုပါချေ။

"တော်သေးတာပေါ့၊ မောင်လုပ်ပေးလို့၊ ငါ့ဘာသာဆို အင်္ကျီတစ်ထည်လုံး ရေစိုမယ်ထင်တယ်"

မြတ်ဘုန်းက သူ့အင်္ကျီသူ ငုံ့ကြည့်ကာ ပြောလိုက်ပြီးနောက် ချစ်ရသူအား မော့ကြည့်ကာ ရယ်ပြလိုက်သည်။ ထိုအခါ သူ၏ ချစ်စဖွယ်ကောင်းသော သွားတက်လေးများက ပေါ်ပေါက်လာပြီး ကနဦး စိတ်ရှုပ်နေဟန် အမူအရာတို့က ပကတိကင်းစင်နေပါသည့်နှယ်။

နေ့၏ အလင်းရောင်အောက် ပြစ်ချက်မရှိသော မျက်နှာလေး။ အကြောင်းသိမထားသူဆိုလျှင် ဤသို့ မျက်နှာလေးအား မြင်သည်နှင့် အလိုလိုက်ချင်စိတ်တို့ တဖွားဖွားပေါ်လာပေလိမ့်မည်။

သို့သော် သူရိန်မင်းထင်ကတော့ အကြောင်းသိထားသူမို့ မျက်နှာလွှဲလိုက်ပြီး နောက်ဘက် ခပ်လှမ်းလှမ်းတွင် ထားထားသော ရှူးဖိနပ်တစ်စုံအား လှမ်းယူလိုက်သည်။ ထို့နောက် ခြေဗလာနှင့် ရပ်နေသူရှေ့ ချပေးလိုက်ပြီး ထပ်မံ၍ ဒူးတစ်ဖက်နှိမ့်ကာ ထိုင်ချလိုက်၏။

"မောင် ဘာလုပ်ဦးမလို့လဲ"

သူရိန်မင်းထင်ဟာ ဘာမှပြန်မပြောဘဲ ခါးနောက်တွင်ထိုးထားသည့် လေးထောင့်ရှည်ရှည်ခေါက်ထားသော ပဝါခေါက်တစ်ခုအား ဆွဲထုတ်လိုက်ပြန်သည်။ အဆိုပါပဝါမှာ အမျိုးသားသုံး အဖြူရောင်ချည်သား လက်ကိုင်ပဝါ ဖြစ်၏။

အလုပ်လုပ်၍ ချွေးထွက်သည့်အခါ တစ်သျှူးကိုသုံးလျှင် လွှင့်ပစ်ရမည့်နေရာကို ရှာရမည်ဖြစ်သောကြောင့် သူက ချည်သားလက်ကိုင်ပဝါတို့အား ဤသို့ဆောင်ထားတတ်သည်။ များသောအားဖြင့်တော့ မျက်နှာကိုသာ သုတ်ဖြစ်ပါ၏။

သို့ပေသည့် ယခုတွင်တော့ လက်ကိုင်ပဝါအဖြူလေးဟာ ကံမကောင်းလှစွာပင် နန်းကျသွားရရှာပြီး တစ်ယောက်သောသူ၏ ခြေတော်ရင်း၌ သခင်ဖြစ်သူ၏ အလိုကျ ဝပ်ဆင်းရလေသည်။

သူရိန်မင်းထင်သည် ရေစိုနေသော ခြေထောက်တစ်ဖက်ကို ပဝါနှင့် သုတ်ပေးပြီးနောက် ခြေအိတ်သေချာပြန်စွပ်ပေးပြီး ဖိနပ်ထဲသို့ ထည့်ပေးလိုက်၏။ နောက်တစ်ဖက်ကိုလည်း ထိုသို့ လုပ်ပေးပြီးနောက် ဆိုလိုက်သည်။

"ကြိုးကို ကိုယ့်ဘာသာချည်လိုက်"

စကားအဆုံး သူက လက်ကိုင်ပဝါအား နီးစပ်ရာ အမှိုက်ပုံးဆီသွားပစ်လိုက်ပြီး ရေချိုးကန်နား ပြန်လာကာ လက်ကို သေချာဆေးလိုက်၏။

မြတ်ဘုန်းခေါင်တစ်ယောက် အကြောင်သားလေး ဆက်ရပ်နေမိစဉ်...

"သူရိန်! မြတ်ဘုန်း! ကိုချမ်းက နေ့လယ်စာစားကြမယ်တဲ့! မြန်မြန်လာခဲ့ကြ!"

ပီတာက ခပ်လှမ်းလှမ်းမှ လှမ်းအော်ပြောလာခြင်း။

ထိုအခါမှ မြတ်ဘုန်းခေါင်လည်း အသိဝင်လာပြီး ဖိနပ်တို့ကို ကြိုးမြန်မြန်ချည်လိုက်ပါသလို သူရိန်မင်းထင်သည်လည်း လက်အား ခပ်သွက်သွက် ဆေးလိုက်တော့သည်။

***

To be continued...

မြတ်ဘုန်းခေါင် Team များ - "သူရိန်မင်းထင်ကို သဘောမကျဘူး!!! ငါတို့ကလေးလေးအပေါ် မကောင်းဘူး!!! လူဆိုးကောင်!!!

သူတို့ကလေးလေး - "မောင့်ကို အသက်ထက်ပိုချစ်တယ်၊ မောင့်မျက်နှာလေးကို အမြဲငေးနေချင်တယ်၊ မောင့်ကိုယ်သင်းရနံ့ကို ငါပဲရချင်တယ်..."

Gem's note - See you on Thursday. Thank you so much. 💚

[Zawgyi]

တစ္လေက်ာ္ၾကာၿပီးေနာက္ ႏိုဝင္ဘာလ အေစာပိုင္းတြင္ ျဖစ္၏။ တိတိက်က် ေျပာရပါမူ ႏိုဝင္ဘာလ ၃ ရက္ေန႔။

နံနက္ေစာေစာစီးစီး အဆင္မေျပမႈတစ္ခုက သူရိန္မင္းထင္ကို ဆီးႀကိဳေနသည္။ ယင္းမွာ ေဆး႐ုံသို႔သြားခါနီး၌ ကားစက္ႏႈိးမရျခင္း ျဖစ္၏။

သူရိန္မင္းထင္တစ္ေယာက္ အနည္းငယ္ စိတ္မၾကည္မလင္ျဖစ္သြားပါေသာ္ျငား စိတ္ကိုေလွ်ာ့ကာ သက္ျပင္းခ်လိုက္ၿပီး ကားေပၚမွ ဆင္းလိုက္သည္။ သက္မဲ့ပစၥည္းတစ္ခုခုေၾကာင့္ေတာ့ သူ႔စိတ္အၾကည္ဓာတ္ကို အပ်က္မခံႏိုင္ပါေခ်။

ဆိုင္ကယ္ သို႔မဟုတ္ သုံးဘီးတစ္စီးစီးငွား၍လည္း သြားလို႔ရသည္ မဟုတ္ပါလား။

"ဘာျဖစ္ေနတာလဲ၊ ကားပ်က္ေနတာလား"

ျမတ္ဘုန္းက ေမာင္ ကားကို စက္ႏႈိးေနစဥ္ကတည္းက ဧည့္ခန္းထဲသို႔ ေရာက္ေနၿပီျဖစ္သည့္အတြက္ ေမာင့္ကားက အဆင္မေျပျဖစ္ေနၿပီမွန္း သိလိုက္ၿပီး ျဖစ္၏။ ထို႔ေၾကာင့္ ေမာင္ ကားေပၚမွဆင္းလာေတာ့ သူက အိမ္ေရွ႕သို႔ ထြက္လာၿပီး ေမးလိုက္ျခင္း။

ထိုအခါ ေမာင္က ကားထဲမွ လုပ္ငန္းသုံးအိတ္ႏွင့္ ထမင္းခ်ိဳင့္တို႔ကို ထုတ္ယူရင္းမွ တိုတိုတုတ္တုတ္ ျပန္ေျဖလာသည္။

"စက္ႏႈိးမရတာ"

ေမာင္က ကားတံခါးကို ျပန္ပိတ္လိုက္ၿပီ ျဖစ္၏။ ထို႔ေနာက္ အိမ္ထဲမွ ထြက္လာေသာ ျမတ္ဘုန္းႏွင့္ အၾကည့္ခ်င္း ဆုံသြားသည္။ ျမတ္ဘုန္း၏ ေနာက္၌ ဒ႐ိုင္ဘာ ေမာင္သစ္က ရွိေနၿပီး သူ႔လက္ထဲတြင္ေတာ့ ျမတ္ဘုန္း၏ လုပ္ငန္းသုံးအိတ္ ရွိေန၏။

ျမတ္ဘုန္းက ဆိုလိုက္သည္။

"ငါလည္း အခု ႐ုံးခြဲကို သြားမလို႔၊ မင္းတို႔ေဆး႐ုံနဲ႔ လမ္းႀကဳံတယ္၊ မင္းအဆင္ေျပရင္ ငါလိုက္ပို႔ေပးလို႔ ရတယ္"

တစ္ဖက္လူ၏ ေျပာစကားေၾကာင့္ 'ငါ အဆင္မေျပရင္ေရာ' ဟူ၍ သူရိန္မင္းထင္ ျပန္ေမးခ်င္စိတ္ေပါက္သြား၏။ သို႔ေပသည့္ နံနက္ေစာေစာစီးစီး ျပႆနာကို သူ႔ဘက္မွ မစခ်င္၍ မိုးက်ေ႐ႊကိုယ္၏ ကမ္းလွမ္းလာမႈအား လက္ခံလိုက္ေတာ့သည္။

စင္စစ္ ျမတ္ဘုန္းေခါင္၏ တျဖည္းျဖည္း ေျပာင္းလဲလာမႈေၾကာင့္လည္း ပါပါ၏။ သူတို႔ႏွစ္ေယာက္ၾကား၌ မၾကာခဏ ကေတာက္ကဆ ျဖစ္တာမ်ိဳးေတာ့ ရွိပါေသးေသာ္ျငား ျမတ္ဘုန္းေခါင္ဟာ အစပိုင္းတြင္ကဲ့သို႔ ႐ိုင္းစိုင္းေမာက္မာျခင္းမ်ိဳး ထပ္မရွိေတာ့။

သို႔ေပသည့္ အေျပာမတတ္တာေတြေၾကာင့္ အဆင္မေျပျဖစ္တာေတြ ရွိပါေသး၏။ ယင္းတို႔ေၾကာင့္ သူရိန္မင္းထင္မွာ ေဒါသထြက္ရတာမ်ိဳး ရွိတတ္ပါသည့္တိုင္ အဆိုပါ အေျပာမတတ္ျခင္းတို႔သည္ စိတ္ေျပသြားခ်ိန္တြင္ေတာ့ ရင္ထဲ သိပ္မက်န္ခဲ့ေစေသာ အရာမ်ားသာ ျဖစ္ၾကသည္။

ျမတ္ဘုန္းေခါင္တစ္ေယာက္ သူ႔နံေဘး၌ ၿငိမ္သက္စြာထိုင္ေနေသာ ခ်စ္ရသူေၾကာင့္ ရင္ထဲ တသိမ့္သိမ့္ ေႏြးလာပါသလို။

ထင္းရႉးရနံ႔ႏွင့္ ေပါင္းစပ္ေနေသာ ေမာင့္ကိုယ္သင္းရနံ႔ဟာ သူ႔အတြက္ေတာ့ တန္ဖိုးႀကီး ေရေမႊးရနံ႔ေတြထက္ စြဲမက္စရာ ေကာင္းလြန္းပါ၏။ သို႔ျဖစ္၍ သူ႔စိတ္အစဥ္က မတည္မၿငိမ္ျဖစ္လာၿပီး ေမာင့္ကို လွည့္ေငးခ်င္စိတ္မ်ား တဖြားဖြား ေပၚေပါက္လာသည္။

သို႔ေသာ္ ေမာင္ေနရခက္သြားမည္စိုး၍ ဆႏၵကို အသိစိတ္တို႔ျဖင့္ ထိန္းခ်ဳပ္ထားရ၏။

သူတို႔ႏွစ္ေယာက္၏ ဝတ္စားဆင္ယင္မႈသည္ကား ထုံးစံအတိုင္းပင္ ဆန္႔က်င္ဘက္ ျဖစ္သည္။ သူက အျဖဴေရာင္ Formal shirt ကို ႏို႔ႏွစ္ေရာင္ Pants ႏွင့္ တြဲဝတ္ထားၿပီး ေမာင္ကေတာ့ လည္ကတုံးရွပ္လက္ရွည္အျဖဴ၊ ခ်ည္ေခ်ာပုဆိုးတို႔ႏွင့္ ျဖစ္၏။

ႏွစ္ေယာက္စလုံး၏ လက္ေကာက္ဝတ္တို႔ထက္မွ နာရီတန္ဖိုးတို႔ကလည္း ကြာျခားလြန္းလွသည္။

"ဒီေန႔ေရာ အလုပ္မ်ားမွာလား"

ျမတ္ဘုန္းေခါင္ တိတ္ဆိတ္စြာ ဆက္မေနႏိုင္ေတာ့၍ ေမးလိုက္ျခင္း။ ထိုအခါ ေမာင္က မွန္ျပတင္းျပင္ပသို႔ ၾကည့္ေနရင္းမွပင္ ျပန္ေျဖလာ၏။

"အေျခအေနအရပဲ"

"ျပန္ခ်ိန္ကို မွန္းၾကည့္လို႔မရဘူးလား၊ ရရင္ ငါ အျပန္ဝင္ေခၚလို႔ ရတယ္"

"မလိုဘူး၊ ပီတာနဲ႔ ျပန္လိုက္လာလိုက္မယ္"

ေမာင္က ဤသို႔ေျပာေတာ့မွ ျမတ္ဘုန္းဟာ ပီတာ၏ ေနအိမ္ႏွင့္ သူတို႔အိမ္က သိပ္မေဝးမွန္း သတိရလိုက္သည္။ ထို႔ေနာက္ တစ္ဆက္တည္း ေတြးလိုက္မိသည္မွာ ယခုတြင္ သူေမာင့္ကို ေခၚမလာပါက ေမာင္က ပီတာ့ထံ ဖုန္းဆက္ၿပီး အကူအညီေတာင္းေလာက္သည္ဟူ၍။

"အင္း၊ ဒါဆိုလည္း အဆင္ေျပသားပဲ"

ျမတ္ဘုန္း ထိုသို႔သာ ျပန္ေျပာလိုက္ၿပီး ေရွ႕သို႔ျပန္လွည့္လ်က္ ၿငိမ္ေနလိုက္၏။ သူ႔ရင္ထဲတြင္ေတာ့ သိသိသာသာ ေနလို႔မေကာင္းပါေတာ့ေခ်။

သူက အကူအညီေပးျခင္း ျဖစ္ပါေသာ္ျငား ေမာင္က စိတ္ခ်မ္းသာလိမ့္မည္မဟုတ္ဟူ၍ စတင္ေတြးလိုက္မိသည္။ ေမာင္က သူ႔ကို သေဘာမက်သည္မို႔ သေဘာက်ရေသာ ပီတာႏွင့္သာ အတူသြားခ်င္ပါလိမ့္မည္။

တစ္ဆက္တည္း၌ ဆက္ေတြးမိသည္မွာ ေမာင္ႏွင့္ပီတာတို႔ အတူရွိၾကလွ်င္ ယခုတြင္ သူႏွင့္အတူရွိသကဲ့သို႔ ေမာင္က တိတ္ဆိတ္ေနလိမ့္မည္လား၊ သို႔တည္းမဟုတ္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႏွင့္ စကားမ်ားစြာ ေျပာေနၾကလိမ့္မည္လားဟူ၍။

ေသခ်ာသည္ကေတာ့ ဒုတိယတစ္ခုသာ ျဖစ္ႏိုင္ေလာက္ပါ၏။

ေမာင္က ပီတာ့ကို အရမ္းသေဘာက်သည္။ မဟုတ္ေသး၊ တစ္မိသားစုလုံးအား ဒုကၡေပးႏိုင္ေသာ သူ႔ကိုေတာင္ ဆန္႔က်င္ၿပီး ပီတာႏွင့္တြဲခဲ့မွေတာ့ အရမ္းသေဘာက်သည္ထက္ အရမ္းခ်စ္သည္ဟု သတ္မွတ္ရမည္ပင္။

အဆိုပါအေတြးတို႔ျဖင့္ ျမတ္ဘုန္းေခါင္၏ ရင္ထဲ၌ နင့္သည္ထက္ ပိုနင့္လာသည္။ သို႔ေသာ္ ေမာင့္ကိုသူ စိတ္မဆိုးႏိုင္ပါေခ်။ စိတ္နာဖို႔မေျပာႏွင့္ စိတ္ဆိုးဖို႔ပင္ မတတ္ႏိုင္။

ႏွလုံးသားထဲ တသိမ့္သိမ့္ေႏြးေနရာမွ ပူေလာင္လာရသည္။ ေမာင့္ကိုခ်စ္ေသာ အခ်စ္မီးက သူ႔အား ျပာက်ေစသည္အထိ ေလာင္ၿမိဳက္ေစျခင္းေတာ့ မဟုတ္၊ တေငြ႕ေငြ႕ႏွင့္ ပူေလာင္ျခင္းတို႔ကိုေပးေသာ မီးသာ ျဖစ္၏။

ယင္းသို႔ ပူေလာင္ရသည့္တိုင္ လႊတ္ခ်ခ်င္စိတ္တို႔ ေပါက္မလာဘဲ ဆက္လက္ဆုပ္ကိုင္ထားလိုစိတ္တို႔သာ ျပင္းျပလာရသည္မွာေတာ့ မီးထက္ အခ်စ္က ပိုႀကီးေနသည္ဟု ယူဆရမည့္ပုံပင္။

ေဆး႐ုံေရွ႕နားသို႔အေရာက္၌ ေမာင္က ဆိုလိုက္သည္။

"ေရွ႕မွာပဲရပ္လိုက္ ေမာင္သစ္၊ အထဲမဝင္နဲ႔ေတာ့"

"ဟုတ္ကဲ့ပါ ဆရာ"

ျမတ္ဘုန္း ဘာမွ ဝင္မေျပာမိ။ ထို႔ေနာက္ ကားရပ္သြားေတာ့ ေမာင္က ကားေပၚမွ ဆင္းလိုက္ၿပီး သူ႔ကိုၾကည့္ကာ ေျပာလာ၏။

"လိုက္ပို႔ေပးလို႔ ေက်းဇူးပဲ"

ျမတ္ဘုန္း ေခါင္းသာ အသာညိတ္ျပလိုက္သည္။ တရားဝင္လက္ထပ္ထားသူတို႔ၾကား ဤသို႔ ေက်းဇူးတင္စကားႏွင့္ ႏႈတ္ဆက္ျခင္းက သူစိမ္းဆန္လြန္းသည္ကို ေမာင္မသိတာေတာ့ ျဖစ္ဟန္မတူပါ။ စင္စစ္ ေမာင္က သူ႔အား သူစိမ္းကဲ့သို႔သာ သေဘာထားျခင္း ျဖစ္ေလာက္ပါ၏။

ျမတ္ဘုန္းေခါင္ဟာ ခ်စ္ရသူ ေဆး႐ုံထဲသို႔ဝင္သြားသည္အား လိုက္ၾကည့္ေနလိုက္သည္။ ထိုအခါ ေမာင္ ေဆး႐ုံအဝသို႔ အေရာက္၌ ပီတာ့ကားလည္း ေရာက္လာသည္ကို ေတြ႕လိုက္ရ၏။

တီ! တီ!

ပီတာ့ကားထံမွ ဟြန္းတီးသံေၾကာင့္ ေမာင္က လွည့္ၾကည့္လိုက္သည္။ ထို႔ေနာက္ ပီတာ့ကားက ေဆး႐ုံဝင္း၏ အဝင္အဝတြင္ ခဏရပ္သြားၿပီး ေမာင္းသူဘက္မွ ကားမွန္လည္း က်လာ၏။

ပီတာက ေမာင့္ကိုဘာေျပာလိုက္သည္မသိ၊ ေမာင္က ေခါင္းညိတ္လိုက္သည္ကို ေတြ႕လိုက္ရ၏။

"ေမာင္သစ္၊ ကားေမာင္းေတာ့၊ ႐ုံးခြဲကိုပဲ တန္းသြားမယ္"

"ဟုတ္ကဲ့ပါ အစ္ကိုေလး"

ျမတ္ဘုန္းဟာ ရင္နာစရာျမင္ကြင္းကို ဆက္မၾကည့္ႏိုင္ေတာ့သည္မို႔ အၾကည့္တို႔ကို ႐ုတ္သိမ္းလိုက္ၿပီး မ်က္ဝန္းအစုံအား ပိတ္ထားလိုက္ေတာ့သည္။ ဝင္သက္ထြက္သက္ကို မွန္မွန္ရႉျခင္းျဖင့္ စိတ္ကို ပစၥဳပၸန္တြင္သာ တည္ၿငိမ္ေနေစရန္ ထိန္းထားမိပါေသာ္ျငား ေမ်ာက္ထက္ ထိန္းရခက္ေသာ အေတြးတို႔ေၾကာင့္ မ်က္ဝန္းအနီးတစ္ဝိုက္ ပူတက္လာပါသလို။

'ေမာင္ သူ႔ကို အရမ္းသေဘာက်တာပဲလား။'

'တစ္ႏွစ္ခြဲေလာက္ပါပဲ။ တစ္ႏွစ္ခြဲေလာက္ပဲ ေမာင္ ငါ့ကို သည္းခံေပးရေတာ့မွာပါ။ ၿပီးရင္ ငါ ေမာင့္ကို လြတ္လပ္ခြင့္ေပးေတာ့မွာမလို႔ ေမာင္ေရာ၊ ေမာင္ခ်စ္တဲ့သူပါ ေပ်ာ္ရမွာပါ။'

'ငါကေတာ့..'

'ငါလည္း ငါ့အတြက္ငါ ေပ်ာ္ေအာင္ႀကိဳးစားရမွာေပါ့။'

'ေမာင့္ကိုေတာ့ ငါအၿမဲ ခ်စ္ေနမွာပါ။ ေမာင့္ေမတၱာေတြက ငါ့အတြက္ မဟုတ္ဘူးဆိုလည္း ျဖစ္ပါတယ္။ ငါကေတာ့ ငါ့ႏွလုံးသားကို ေမာင့္ဆီက ဘယ္ေတာ့မွ ျပန္ေတာင္းမွာမဟုတ္ဘူး။'

ျပန္လည္ရွင္သန္လာခဲ့ေသာ တစ္လေက်ာ္အတြင္း၌ ျမတ္ဘုန္းေခါင္ဟာ သူ၏ ဆိုး႐ြားေသာ အက်င့္စ႐ိုက္မ်ားကို အတတ္ႏိုင္ဆုံး ေျပာင္းလဲျပင္ဆင္မႈမ်ား ျပဳလုပ္ခဲ့ပါ၏။ သို႔သည့္တိုင္ အခ်စ္မရွိေသာ၊ အစကတည္းက အဆင္မေျပမႈမ်ားႏွင့္ စတင္ခဲ့ေသာ အိမ္ေထာင္ေရးကိုေတာ့ ဖာေထးဖို႔ရန္ မည္သို႔မွ် မတတ္ႏိုင္ခဲ့ေပ။

သူသည္ ေမာင္ႏွင့္ပတ္သက္၍ ေသခ်ာေလ့လာၿပီး ေမာင္ႀကိဳက္ႏွစ္သက္တတ္သည္တို႔ကို မွတ္သားတတ္လာခဲ့သည္။ မေသဆုံးခင္က ေမာင္ႏွင့္အတူ ငါးႏွစ္ေနထိုင္ခဲ့ဖူးေသာ္ျငား ေမာင္ ဘာေတြကို ႀကိဳက္တတ္သည္၊ ဘာေတြကိုေတာ့ မႀကိဳက္တတ္ဆိုသည္တို႔အား သူသတိမထားမိခဲ့။

ငယ္စဥ္အ႐ြယ္ ေမာင္ႏွင့္အဆင္ေျပခဲ့စဥ္ကလည္း ေမာင့္ဘက္က ထူးထူးေထြေထြ ထုတ္ျပခဲ့တာ မရွိခဲ့သည္မို႔ သူဘာမွ မသိခဲ့ပါေခ်။

တစ္ခုသိသည္မွာေတာ့ သူတို႔ႏွစ္ေယာက္စလုံး အခ်ိဳမႀကိဳက္ၾက ဆိုတာကိုပင္။

သည္ေနာက္ပိုင္းတြင္ကား သူေသခ်ာသတိထား၍ ေလ့လာခဲ့သည္မို႔ တျဖည္းျဖည္းႏွင့္ သိလာခဲ့၏။

ေမာင္က နံနက္စာကို မုန္႔ဟင္းခါး သို႔မဟုတ္ ေခါက္ဆြဲစားရသည္အား ႏွစ္သက္သည္။ ထမင္းေၾကာ္စားလွ်င္ လက္ဖက္ရည္ကိုပါ ေသာက္တတ္သည္။ ပုဇြန္ထုပ္ဟင္း၊ ငါးဖယ္ငါးဆုပ္ႏွင့္ ခ႐ုဆီႏွင့္ေၾကာ္ထားေသာ ကန္စြန္း႐ြက္ေၾကာ္တို႔ကို ခ်က္ထားသည့္ေန႔ဆိုလွ်င္ ထမင္းပိုစားတတ္သည္။

ထို႔ျပင္ ေမာင္သည္ တိတ္ဆိတ္ျခင္းကို ႏွစ္သက္ၿပီး လုပ္စရာရွိသည္တို႔ကို ေအးေအးေဆးေဆး လုပ္ေဆာင္တတ္သူ ျဖစ္၏။ ပုံမွန္အားျဖင့္ ေမာင့္မ်က္ႏွာက တည္ၿငိမ္ေနၿပီး ေမာင့္မ်က္ဝန္းေတြက ေအးခ်မ္းေနတတ္သည္။

အဆိုပါ မ်က္ဝန္းတို႔ထဲ စိတ္မရွည္ျခင္းႏွင့္ ေဒါသရိပ္တို႔ စြက္ေစသည္မွာေတာ့ သူ႔ေၾကာင့္သာ မ်ား၏။

ဘာသာတရားကိုင္းရႈိင္းေသာ ေမာင္က ေန႔စဥ္ပုံမွန္ ဘုရားဝတ္ျပဳတတ္သလို နာရီဝက္ သို႔မဟုတ္ တစ္နာရီခန္႔လည္း တရားထိုင္တတ္သည္။ တနဂၤေႏြေန႔ နံနက္တိုင္း ဆြမ္းထခ်က္တတ္ၿပီး ဘုရား၌ အ႐ုဏ္ဆြမ္းကပ္ပါသလို ဘုန္းႀကီးေက်ာင္းသို႔လည္း ဆြမ္းခ်ိဳင့္ပို႔တတ္၏။

Gym သြားၿပီး တကူးတက ေလ့က်င့္ခန္းလုပ္ျခင္း မရွိပါသည့္တိုင္ သူအားသည့္အခ်ိန္၌ အိမ္အတြင္း သို႔မဟုတ္ ၿခံဝင္းထဲသို႔ဆင္းကာ ေလ့က်င့္ခန္းလုပ္တတ္သည္။ ထို႔ေၾကာင့္ ေမာင့္ခႏၶာကိုယ္က အဆီပိုမရွိဘဲ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ ျဖစ္ေနျခင္း ျဖစ္၏။

ေမာင္ဟာ အထူးတလည္ႀကိဳက္ႏွစ္သက္တာ ရွားသလို မႀကိဳက္တာလည္း ရွားပါသည္။ ထို႔ေၾကာင့္ ျမတ္ဘုန္းတစ္ေယာက္ ေသခ်ာေလ့လာၾကည့္သလို အိမ္မွ ဝန္ထမ္းမ်ားကိုလည္း လိုက္ေမးၾကည့္ပါသည့္တိုင္ အနည္းအက်ဥ္းသာ သိရ၏။

ေမာင္က စာဖတ္ရတာႀကိဳက္သည္။ ေဆးပညာကို ခ်စ္သည္။ ေရကူးရတာ သေဘာက်ၿပီး ဘတ္စကတ္ေဘာ ကစားတတ္သည္။ ထို႔ေၾကာင့္လည္း ေမာင့္အရပ္က ဤမွ်ထိ ရွည္ေနျခင္း ျဖစ္ေလာက္သည္။

ဝတ္စားဆင္ယင္မႈႏွင့္ ပတ္သက္၍ေတာ့ ေမာင္ဟာ ႐ိုးရွင္းၿပီး သက္ေတာင့္သက္သာရွိေသာ အဝတ္အစားမ်ားကိုသာ ႏွစ္သက္တတ္သူ ျဖစ္၏။ သို႔ျဖစ္၍ တစ္ခါတရံ၌ ျမတ္ဘုန္းေတြးမိသည္မွာ ေမာင္သာ ယခုကဲ့သို႔ မေခ်ာေမာဘဲ သာမန္႐ုပ္ရည္သာ ရွိပါလွ်င္ ေမာင့္ပုံစံက အဖိုးႀကီးတစ္ေယာက္ႏွင့္ တူေလာက္သည္ဟူ၍။

ျမတ္ဘုန္းေခါင္၏ ႏႈတ္ခမ္းေထာင့္စြန္းတို႔က အနည္းငယ္ ေကာ့တက္သြားၾကသည္။ ခ်စ္ရသူေၾကာင့္ ရင္နာေနရပါေသာ္ျငား ခ်စ္ရသူအေၾကာင္းမ်ားကို ေတြးရင္းႏွင့္ပင္ စိတ္ထဲ ျပန္လည္ၾကည္လင္လာရ၏။

ကဗ်ာမဆန္စြာေျပာရပါမူ ေမာင္က သူ႔အတြက္ ေက်ာက္ခ်ဥ္ႏွင့္ တူသည္။ သူ႔အာ႐ုံတို႔ မည္မွ်ေနာက္ေနပါေစ ေမာင့္အေၾကာင္းမ်ားကို သီးသန္႔ေတြးမိသည္ႏွင့္ ေနာက္က်ိျခင္းမ်ားအားလုံး အနည္ထိုင္သြားတတ္ၾက၏။

႐ုံးခြဲသို႔ ေရာက္သြားခ်ိန္တြင္ေတာ့ သူ႔အေတြးမ်ားအားလုံး ျပတ္သြားၾကေတာ့သည္။ ႏွစ္ကုန္တြင္ က်င္းပမည္ျဖစ္ေသာ အိမ္ၿခံေျမအေရာင္းျပပြဲဲ အတြက္ အစီရင္ခံစာမ်ားကို ဖတ္ရၿပီး ျပင္ဆင္ထားမႈမ်ားကို စစ္ေဆးကာ လိုအပ္ခ်က္မ်ားကို ျပန္လည္ျပင္ဆင္ခိုင္းရ၏။

ေသဆုံးၿပီးမွ အတိတ္တြင္ ႏိုးထလာခဲ့သူမို႔ သူဟာ စီးပြားေရး၌ အျခားသူမ်ားထက္ အကြက္မ်ားစြာေက်ာ္ၿပီး ေကာင္းသည္၊ ဆိုးသည္တို႔ကို ႀကိဳျမင္ေနသည္မွာ အားသာခ်က္ျဖစ္လာခဲ့သည္။ သူ၏ လုပ္ငန္းတို႔၌ ပိုမိုေကာင္းမြန္ေသာ ​ေျပာင္းလဲမႈမ်ားကို လုပ္ႏိုင္လာပါသလို အခ်ည္းႏွီးျဖစ္လိမ့္မည္ျဖစ္ေသာ စီမံကိန္းတို႔ကိုလည္း ႀကိဳတင္ပယ္ခ်ႏိုင္ခဲ့၏။

ထိုမွ်မကေသး၊ သူသည္ အနာဂတ္တြင္ ေအာင္ျမင္လာလိမ့္မည္ျဖစ္ေသာ လုပ္ငန္းႀကီး၊ လုပ္ငန္းငယ္မ်ား၌ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား လုပ္ျဖစ္လာသည္။ သို႔ျဖစ္၍ သူ႔ထံ၌ စီးပြားဖက္မ်ား တစ္ဆထက္တစ္ဆ ပိုမ်ားလာ၏။

အခ်ိဳ႕ကေတာ့ သူ၏ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားမွာ စြန္႔စားရာက်သည္ဟု ဆိုလာၾကသည္။ သို႔ေသာ္ အနာဂတ္ကို သိထားေသာ သူကေတာ့ မမႈပါေခ်။

ညေန၌ ျမတ္ဘုန္းဟာ ညစာကို ထမင္းမစားခ်င္၍ စားေသာက္ဆိုင္ႀကီးတစ္ဆိုင္သို႔ဝင္ကာ တစ္အိမ္လုံးစားဖို႔အတြက္ အစားအေသာက္မ်ား ဝင္မွာခဲ့၏။ ယခင္က အိမ္မွဝန္ထမ္းမ်ားကို ဂ႐ုမစိုက္တတ္ေသာ္ျငား ယခုတြင္ေတာ့ အားလုံးက သူႏွင့္ေမာင့္ကို ဂ႐ုစိုက္ၿပီး တာဝန္ေက်ပြန္ၾကသည္အား သတိထားမိေနၿပီမို႔ ယခင္ကဲ့သို႔ မေနႏိုင္ပါေတာ့ေခ်။

ဆိုင္ကို အိမ္သို႔အေရာက္ပို႔ရန္ လိပ္စာေပးၿပီးေနာက္ အိမ္သို႔သာ တန္းျပန္လာလိုက္ေတာ့သည္။

ညေန ၅ နာရီထိုးခါနီး၌ စားေသာက္ဆိုင္မွ Delivery ေရာက္လာပါသလို တိုက္ဆိုင္စြာပင္ ေမာင္လည္း ပီတာႏွင့္အတူ ျပန္ေရာက္လာ၏။ ျမတ္ဘုန္းက အိမ္ေရွ႕တြင္ ကိုယ္တိုင္ထြက္ၿပီး မွာထားသမွ်ကိုစစ္ကာ ေငြရွင္းေနျခင္းမို႔ တစ္ဖက္လူႏွစ္ေယာက္ ကားေပၚမွဆင္းလာသည္ကို ေတြ႕လိုက္ရသည္။

ထို႔ေနာက္ ေမာင္က ပီတာ့ကိုေျပာသည္အား ၾကားလိုက္ရ၏။

"ကားေပၚမွာပဲ ေစာင့္ခ်င္ေစာင့္ေနလိုက္၊ ငါ စာအုပ္ယူၿပီး ျပန္လာေပးမယ္"

"ေအာက္ေတာင္ဆင္းၿပီးေနမွေတာ့ လိုက္ယူပါ့မယ္ကြာ"

​တစ္ဖက္လူႏွစ္ေယာက္၏ စကားတို႔ဟာ ျမတ္ဘုန္း၏နားထဲ ကိုးလိုးကန္႔လန္႔ ဝင္လာပါသည့္ႏွယ္။ ပုံစံအရ ပီတာက ေမာင့္ထံမွ စာအုပ္ထပ္ငွားထားပုံ ရပါ၏။

ေမာင္ေျပာသည့္စကားအရ ပီတာ့ကို ခဏေလာက္ေတာင္ မတ္တပ္ရပ္မေစာင့္ေစခ်င္ပုံပင္။ သူသေဘာက်ရသူ အနည္းငယ္ပင္ပန္းမည္ကိုပင္ စိုးရိမ္ပုံရ၏။

ပီတာကလည္း ေမာင္ တကူးတက ျပန္ထြက္လာရမည္အား မလိုလားပုံရသည္။

Delivery လာပို႔ေပးေသာေကာင္ေလး ဆိုင္ကယ္ေမာင္းၿပီး ျပန္ထြက္သြားခ်ိန္တြင္ေတာ့ ျမတ္ဘုန္းႏွင့္ ပီတာတို႔ မ်က္လုံးခ်င္း ဆုံသြားၾက၏။ ပီတာက ႏူးညံ့လွပေသာ အၿပဳံးႏွင့္ ႏႈတ္ဆက္လာသည့္အခါ ျမတ္ဘုန္းလည္း ခပ္ဖြဖြၿပဳံးျပလိုက္လ်က္ ဆိုလိုက္သည္။

"သူရိန္႔ဆီက စာအုပ္ငွားထားတာလား"

"ဟုတ္တယ္ ျမတ္ဘုန္း၊ ကြၽန္ေတာ္က စာအုပ္ဆို သူၫႊန္းတာပဲ ဖတ္တာဆိုေတာ့ သူဖတ္ၿပီးမွပဲ ငွားရတာ"

ထိုစဥ္ ေမာင္က သူတို႔ကို ဘာမွမေျပာဘဲ အိမ္ထဲဝင္သြား၏။ ျမတ္ဘုန္းႏွင့္ ပီတာတို႔လည္း ဝင္သြားသူ၏ ေက်ာျပင္အား အလိုအေလ်ာက္ဆိုသလို လိုက္ၾကည့္မိၾကသည္။

ထို႔ေနာက္ ျမတ္ဘုန္းက ေျပာလိုက္၏။

"ဒါဆိုလည္း အိမ္ထဲဝင္ေစာင့္ပါလား၊ စကားမစပ္ ခင္ဗ်ားအိမ္မွာ ဒီေန႔ ဘာဟင္းခ်က္လဲ"

အဆိုပါ ေမးခြန္းေၾကာင့္ ပီတာက အနည္းငယ္ အံ့ဩဟန္ျဖစ္သြားသည္။ ၿပီးေနာက္တြင္မွ ေခါင္းငုံ႔ၿပီး ရယ္လိုက္လ်က္...

"ကြၽန္ေတာ္က တစ္ေယာက္တည္းသမားဆိုေတာ့  ဟင္းသိပ္မေကာင္းတတ္တာမ်ားတယ္၊ စဥ္းစားထားတာေတာ့ ဒီညေနအတြက္ လက္ဖက္ပဲသုပ္လိုက္မလားလို႔"

"ဒါဆို ကြၽန္ေတာ္ ခင္ဗ်ားကို ညေနစာစားဖို႔ ဖိတ္လို႔ရမလား"

ျမတ္ဘုန္း၏ စကားေၾကာင့္ ပီတာ့မ်က္ႏွာက ထပ္မံ၍ အံ့ဩဟန္ျဖစ္သြား၏။ သည္တစ္ႀကိမ္တြင္ေတာ့ ပီတာက ခ်က္ခ်င္း မတုံ႔ျပန္ႏိုင္ျဖစ္ေနသည္မို႔ ျမတ္ဘုန္းကပင္ ထပ္ေျပာလိုက္သည္။

"ဘာရယ္ေတာ့ မဟုတ္ပါဘူး၊ အခုဏ လာပို႔တာေတြလည္း ခင္ဗ်ားေတြ႕မွာပါ၊ ကြၽန္ေတာ္ ဒီေန႔ညေနစာကို ထမင္းမစားခ်င္လို႔ဆိုၿပီး စားေသာက္ဆိုင္ကေန မွာခဲ့တာ၊ ေရာက္လာေတာ့မွ လက္လြန္သြားမွန္း သတိထားမိလို႔၊ အဲ့ဒါေၾကာင့္ ခင္ဗ်ားလည္း ေရာက္လာေတာ့ ခင္ဗ်ားကို ဖိတ္တာ"

ထိုအခါမွ ပီတာက ရယ္လိုက္ၿပီးေနာက္ ျပန္ေျဖလာ၏။

"ဒါဆိုရင္ေတာ့ ကြၽန္ေတာ္က ျမတ္ဘုန္းကို ေက်းဇူးတင္ရမွာေပါ့ဗ်ာ၊ ဒါေပမဲ့ ကြၽန္ေတာ္ အိမ္ခဏျပန္ၿပီး ေရခ်ိဳးလို႔ေတာ့ ရတယ္မလား"

"ခင္ဗ်ား အဆင္ေျပရင္ ဒီမွာခ်ိဳးသြားလည္း ရတယ္၊ ကြၽန္ေတာ့္မွာ ဝတ္စုံအသစ္ေတြရွိတယ္၊ မဟုတ္ရင္ ခင္ဗ်ား အိမ္ျပန္ၿပီး ျမန္ျမန္လုပ္ေနရလိမ့္မယ္ထင္တယ္"

ပီတာက ျမတ္ဘုန္း၏ ကမ္းလွမ္းမႈတို႔ကို လက္ခံလိုက္သည္။ သူတို႔ႏွစ္ေယာက္ စကားဆက္ေျပာရင္း အိမ္ထဲသို႔ ​ဝင္လာၾကခ်ိန္တြင္ေတာ့ သူရိန္မင္းထင္က စာအုပ္တစ္အုပ္ကိုကိုင္လ်က္ အိမ္အေပၚထပ္မွ ဆင္းလာ၏။

သုံးေယာက္ ဆုံသြားၾကခ်ိန္၌ ပီတာက သူရိန္႔ကိုၾကည့္ကာ ရယ္ၿပီး ဆိုလိုက္သည္။

"ငါ့ကို ျမတ္ဘုန္းက ညေနစာစားဖို႔ ဖိတ္ထားတယ္"

သူရိန္မင္းထင္ ခ်က္ခ်င္း ဘာျပန္ေျပာရမွန္းမသိျဖစ္သြားၿပီး ျမတ္ဘုန္းအား ၾကည့္လိုက္၏။ ထိုအခါ ျမတ္ဘုန္းက ပီတာ့ကိုရွင္းျပသလိုပင္ ရွင္းျပလိုက္ေတာ့ သူရိန္က ပီတာ့ကို ၾကည့္လိုက္ၿပီးေနာက္...

"ဒါဆိုလည္း မင္း ဧည့္သည္ခန္းထဲမွာ ေရခ်ိဳးလိုက္၊ ငါလိုက္ျပေပးမယ္"

"Ok"

သူရိန္မင္းထင္ဟာ ပီတာ့ကိုေခၚမသြားခင္၌ ျမတ္ဘုန္းကို တစ္ခ်က္စိုက္ၾကည့္လိုက္သည္။ ၿပီးေနာက္ ဘာမွမေျပာဘဲ ေအာက္ထပ္ရွိ ဧည့္သည္ခန္းတစ္ခန္းဆီသို႔ ဦးတည္သြားလိုက္၏။

သူ႔ေနာက္သို႔ ပီတာက လိုက္သြားေသာ္ျငား ျမတ္ဘုန္းကေတာ့ လိုက္မသြားဘဲ ပီတာ့အတြက္ ဝတ္စုံသစ္တစ္စုံကို သြားယူရန္ အေပၚထပ္သို႔သာ ဦးတည္လိုက္သည္။

ျမတ္ဘုန္းဟာ သူ ဝတ္စုံကိုယူၿပီး ျပန္ဆင္းလာခ်ိန္အထိ ေမာင္က ပီတာရွိရာ ဧည့္သည္ခန္းထဲမွ ျပန္ထြက္မလာေသးဆိုတာကို သတိထားမိသြား၏။ ကိုယ့္ျပႆနာကိုယ္ မီးထြန္းရွာထားျခင္း ျဖစ္ေသာေၾကာင့္ မိမိကိုယ္ကိုယ္သာ အျပစ္တင္ၿပီး ပင့္သက္ရႈိက္လိုက္မိသည္။

ေဒါက္ ေဒါက္..

သူ ဧည့္သည္ခန္း၏ တံခါးကို ေခါက္လိုက္ေတာ့ ေမာင္က တံခါးလာဖြင့္ေပးသည္။ ထိုစဥ္ အထဲ၌ ပီတာက အေပၚပိုင္းခႏၶာကိုယ္ဗလာႏွင့္ ရွိေန၏။ ပီတာခြၽတ္ထားေသာ ရွပ္အက်ႌက ကုလားထိုင္တစ္လုံး၏ ေက်ာမွီထက္၌ ျဖစ္သည္။

ပီတာ့ခႏၶာကိုယ္၏ အသားအရည္သည္ ျဖဴဝင္းလြန္းလွၿပီး အဆိုပါပုံစံဟာ ဆြဲေဆာင္မႈ ရွိလြန္းလွ၏။ ပီတာကလည္း ပိန္ပါးေနျခင္းမ်ိဳးမဟုတ္ဘဲ ၾကည့္ေကာင္းေသာ ခႏၶာကိုယ္ ရွိသူျဖစ္သည္။

ျမတ္ဘုန္း၏ အေတြးတို႔ဟာ တစ္စကၠန္႔ကို ဆယ္ခုေလာက္ တစ္ၿပိဳင္နက္တည္း တိုးဝင္လာၾကပါသည့္ႏွယ္။

'ငါ ဝင္လာမိတာ မွားၿပီလား။'

'သူတို႔ႏွစ္ေယာက္ ဘာလုပ္ေနၾကတာလဲ။'

'ဒီလိုပုံစံနဲ႔ အခ်င္းခ်င္း မထိေတြ႕ဘဲ ေနႏိုင္ပါ့မလား။'

'ေမာင္ ပီတာ့ကို သေဘာက်တာက အံ့ဩစရာမရွိဘူးပဲ။'

'ပီတာက တကယ္ၾကည့္ေကာင္းတယ္။'

'ပီတာလည္း ေမာင့္ကို အရမ္းသေဘာက်မွာပဲ။'

ျမတ္ဘုန္းသည္ ပီတာ့ကို ၾကည့္ရင္း စကၠန္႔အနည္းငယ္အတြင္း အေတြးစုံသြားျခင္း ျဖစ္၏။ ခ်စ္ရသူႏွင့္ပတ္သက္ၿပီး ေတြးမိေနေသာေၾကာင့္ ရင္ထဲ ပူျပင္းတက္လာရာ မ်က္ႏွာႏွင့္ နား႐ြက္တို႔လည္း ပူတက္လာၿပီး ရဲလာသည္။

ထိုစဥ္ သူ႔လက္ထဲမွ ဝတ္စုံက ဆြဲယူျခင္းခံလိုက္ရ၏။ ထိုအခါမွ ျမတ္ဘုန္းက ဆြဲယူသြားသူကို ေမာ့ၾကည့္လိုက္ေတာ့ မ်က္ေမွာင္တို႔ကို သိသာစြာတြန္႔ခ်ိဳးထားလ်က္ သူ႔အားစိုက္ၾကည့္ေနေသာ ေမာင္။

ျမတ္ဘုန္းစိတ္ထဲ အျပစ္ရွိသလို ခံစားလိုက္ရသည္။  ေမာင့္မ်က္ႏွာအမူအရာက ဘာေၾကာင့္မွန္းရယ္မသိ သူ႔အား ဤသို႔ ခံစားရေစသည္။

"ဒါလာေပးတာပဲမလား၊ ဘာလုပ္စရာ ရွိေသးလို႔လဲ"

ေမာင္က တံခါးဝတြင္ ပိတ္ရပ္ေနၿပီး သူ႔အား ေမးလာသံက သိပ္စိတ္မရွည္ဟန္ျဖင့္။

ျမတ္ဘုန္း လွ်ာေစာင္းတစ္ဖက္ကို အသာကိုက္လိုက္မိ၏။ ၿပီးေနာက္တြင္မွ...

"မရွိေတာ့ဘူး၊ ပီတာ့ကို အရမ္းေလာစရာမလိုဘူးလို႔ ေျပာလိုက္ဦး"

"ေျပာၿပီးသား"

"အင္း ေမာင္ေရာ.. အာ ငါသြားၿပီး ျပင္ဆင္ခိုင္းလိုက္ဦးမယ္၊ ႏွစ္ေယာက္သား ေအးေဆးလုပ္ၾက"

ျမတ္ဘုန္းသည္ 'ေမာင္ေရာ ေရမခ်ိဳးေသးဘူးလား' ဟူ၍ ေမးခ်င္ပါသည့္တိုင္ အလိုမက်ဟန္ ျဖစ္ေနေသာ ေမာင့္မ်က္ႏွာေၾကာင့္ ႏႈတ္မွ ေျပာမထြက္ေတာ့။

သူလွည့္ထြက္လာၿပီးေနာက္တြင္ေတာ့ တံခါးပိတ္သံအား ၾကားလိုက္ရသည္။ သူလွည့္ၾကည့္လိုက္မိၿပီး လက္သီးႏွစ္ဖက္အား တင္းခနဲ ဆုပ္လိုက္မိ၏။

ေမာင္က ထိုအခန္းထဲ၌ ဆက္ေနဦးမည့္ပုံပင္။

'အရမ္းမသိသာလြန္းဘူးလား ေမာင္။'

သူဟာ အန္တီသီတာ့ကို စားဖို႔ေသာက္ဖို႔ ျပင္ဆင္ထားရန္ ၫႊန္ၾကားလိုက္ၿပီးေနာက္ ဧည့္ခန္းထဲ၌ စိတ္ေလးစြာ ထိုင္ေနမိသည္။ ပီတာ့ကို ဖိတ္မိသည္အား တျဖည္းျဖည္းႏွင့္ ေနာင္တရမိလာ၏။

ထိုစဥ္က ဘာေၾကာင့္ဖိတ္လိုက္မိသည္ကိုေတာင္ သူမမွတ္မိပါေတာ့ေခ်။ ေမာင္ႏွင့္ ပီတာတို႔ေျပာေသာ စကားမ်ားကို နားေထာင္မိၿပီးေနာက္ သိပ္မစဥ္းစားမဆင္ျခင္ဘဲ ႏႈတ္မွ ထိုကဲ့သို႔ အလိုအေလ်ာက္ ထြက္သြားခဲ့ျခင္းပါေပ။

သူ႔အေနႏွင့္ တစ္ခါေသဖူးၿပီးၿပီမို႔ စီးပြားေရးလုပ္ငန္းတို႔၌ အမွားနည္းလာပါေသာ္ျငား ေမာင္ႏွင့္ပတ္သက္၍ကေတာ့ အမွားမွားအယြင္းယြင္း ျဖစ္ေနဆဲ။

တစ္ခါတရံ၌ သူ႔ကိုယ္သူလည္း ဘာလုပ္လို႔ ဘာျဖစ္ခ်င္ေနမွန္း မသိေတာ့သည္အထိ။

နာရီဝက္ေက်ာ္အၾကာတြင္မွ ဧည့္သည္ခန္းတံခါးပြင့္လာၿပီး ေမာင္ႏွင့္ ပီတာတို႔ ေရွ႕ဆင့္ေနာက္ဆင့္ ထြက္လာၾကသည္။ ႏွစ္ေယာက္စလုံးက ေရခ်ိဳးၿပီးၾကေသာ ပုံစံမ်ားျဖစ္သည္မို႔ ထိုအခါမွ ျမတ္ဘုန္း သတိရသြား၏။

အဆိုပါ ဧည့္သည္ခန္းက ေမာင္ႏွင့္သူ ရန္ျဖစ္သည့္အခါတိုင္း ေမာင္ ဆင္းေနတတ္ေသာ အခန္းျဖစ္သည္။ သို႔ျဖစ္ရာ အခန္းအတြင္း၌ ေမာင့္အဝတ္အစားမ်ားႏွင့္ ပစၥည္းအခ်ိဳ႕ ရွိၾက၏။

ထို႔ေၾကာင့္ ေမာင္ကလည္း ထိုအခန္းထဲ၌ပင္ ေရခ်ိဳးခဲ့သည့္ပုံပင္။

တစ္ခ်ိန္တည္းမွာပင္ ျမတ္ဘုန္း သတိထားလိုက္မိသည္မွာ ပီတာဝတ္ထားေသာ ကြက္စိပ္ပုဆိုး။ သူေပးခဲ့သည္က အျပာႏုေရာင္ ေကာ္လာပါတီရွပ္ႏွင့္ ေဘာင္းဘီရွည္ျဖစ္ေသာ္ျငား ​ပီတာက တီရွပ္ကိုသာ ဝတ္ထားၿပီး ေဘာင္းဘီရွည္အစား ပုဆိုးကို ဝတ္ဆင္ထား၏။

မည္သူ၏ပုဆိုးဆိုတာကိုေတာ့ ေမးစရာေတာင္ မလိုပါေတာ့ေခ်။

"ျမတ္ဘုန္းက တကူးတက ထိုင္ေစာင့္ေနတာလား၊ အားနာလိုက္တာ"

ပီတာက ခပ္ဖြဖြအၿပဳံးႏွင့္အတူ ဆိုလာေတာ့ ျမတ္ဘုန္းလည္း ျပန္ေျပာလိုက္သည္။

"တကူးတကေတာ့ မဟုတ္ပါဘူး၊ အလုပ္နဲ႔ပတ္သက္ၿပီး စဥ္းစားရင္း ထိုင္ေနတာပါ"

"ဒါဆို ေတာ္ေသးတာေပါ့"

သုံးေယာက္သား ထမင္းစားပြဲဝိုင္း၌ ထိုင္ျဖစ္ၾကေတာ့ သူရိန္မင္းထင္က အလယ္တြင္ျဖစ္ကာ ျမတ္ဘုန္းႏွင့္ ပီတာတို႔က ဘယ္ႏွင့္ညာ၌ ထိုင္ေနၾကသကဲ့သို႔ ျဖစ္၏။

ထမင္းစားပြဲထက္၌ အစားအေသာက္မ်ားက စုံလင္လွသည္။ ထမင္းကို အဓိကစားမည္မဟုတ္ေသာ္ျငား ထမင္းစားခ်ိန္ျဖစ္ေသာေၾကာင့္ ထမင္းအား ပန္းကန္လုံးေလးေတြႏွင့္ ျပင္ေပးထား၏။

ဘဲကင္ပ်ားရည္စမ္း၊ ေခါက္ဆြဲေၾကာ္၊ ၾကက္သားလိပ္ေၾကာ္၊ ျပည္လုံးခ်မ္းသာ၊ ငါးေပါင္းသံပုရာ၊ အမဲလုံးေၾကာ္၊ ဝက္နံ႐ိုးခ်ဥ္စပ္စြပ္ျပဳတ္၊ ျပည္ႀကီးငါးသုပ္၊ မႈိကန္စြန္းေၾကာ္ စသည္တို႔အျပင္ သံပုရာရည္တစ္ခြက္စီႏွင့္ သစ္သီးစုံအခ်ိဳပြဲတို႔က စားပြဲဝိုင္းထက္ အျပည့္ရွိေနၾကသည္။

ပီတာတစ္ေယာက္ ကနဦး၌ ျမတ္ဘုန္းေျပာသည့္ လက္လြန္သြားသည္ဆိုတာကို ေတာ္႐ုံဟူ၍သာ ထင္ခဲ့ေသာ္ျငား ယခုတြင္ေတာ့ ေတာ္႐ုံမဟုတ္မွန္း သိသြားေတာ့၏။

"ပီတာ၊ ခင္ဗ်ား အားနာစရာ မလိုဘူးေနာ္၊ ဝန္ထမ္းေတြအတြက္က သီးသန္႔ရွိတာမလို႔ ဒါေတြကို ကြၽန္ေတာ္တို႔ပဲ စားရမွာ"

ျမတ္ဘုန္းက စားပြဲဝိုင္းအားၾကည့္ၿပီး အံ့ဩဟန္ျဖစ္ေနေသာ ပီတာ့ကို ေျပာလိုက္ျခင္း။ ထိုအခါမွ ပီတာက ရယ္လိုက္ၿပီး...

"ခင္ဗ်ားလက္လြန္တာကေတာ့ တကယ္ဩခ်စရာပဲ"

သူတို႔ႏွစ္ေယာက္ စကားေျပာေနစဥ္ သူရိန္မင္းထင္က ဘာမွဝင္မေျပာဘဲ ထမင္းပန္းကန္လုံးႏွင့္ ဇြန္းကိုကိုင္ကာ စစားဖို႔ျပင္လိုက္သည္။ ထို႔ေနာက္မွ သူက ပီတာ့ကို သတိတရျဖင့္ ေျပာလိုက္၏။

"ေသခ်ာဝေအာင္စားသြား၊ အားနာစရာမလိုဘူး"

"ေအးပါ"

ျမတ္ဘုန္းလည္း ဘာမွထပ္မေျပာေတာ့ဘဲ ေခါက္ဆြဲေၾကာ္အား ပန္းကန္ထဲအနည္းငယ္ထည့္ကာ စစားလိုက္ေတာ့၏။

အစပိုင္း၌ သုံးေယာက္ၾကား စကားသံတို႔ တိတ္ဆိတ္ေနပါေသာ္ျငား ၅ မိနစ္ခန္႔ ၾကာၿပီးေနာက္တြင္ေတာ့ ပီတာက သူရိန္႔ကို ေျပာလိုက္သည္။

"ဪ ငါမင္းကို ေျပာဖို႔ေမ့ေနတာ၊ စေနေန႔က် ကိုခ်မ္းေမြးေန႔တဲ့၊ မိဘမဲ့ေက်ာင္းတစ္ေက်ာင္းမွာ အလႉသြားလုပ္မယ္လို႔ေျပာတယ္၊ အသင္းကိုေရာက္လာတဲ့ အစ္မတစ္ေယာက္ကလည္း ဒီလထဲ ေမြးေန႔ရွိေတာ့ ကိုခ်မ္းနဲ႔ ေပါင္းလုပ္မယ္တဲ့၊ အဲဒီေတာ့ အသင္းသားေတြကလည္း ထုံးစံအတိုင္း မိဘမဲ့ေက်ာင္းမွာ လႉသင့္တာလႉ၊ ကူသင့္တာကူဖို႔ စီစဥ္ထားၾကတယ္၊ ကိုခ်မ္းက ငါတို႔သုံးေယာက္ကို အဲဒီေန႔ဆက္ဆက္လာခဲ့ဆိုၿပီး ေန႔လယ္ကတည္းက ဖုန္းဆက္ထားတာ၊ ငါက မင္းနဲ႔ဂုဏ္ရွိန္ကို ေျပာဖို႔ေမ့ေနတာနဲ႔ ခုမွေျပာျဖစ္တယ္"

ပီတာေျပာသည့္ 'ငါတို႔သုံးေယာက္' ဆိုသည္မွာ သူတို႔သူငယ္ခ်င္းသုံးေယာက္ကို ဆိုလိုျခင္း ျဖစ္၏။

သူ႔စကားတို႔အဆုံး သူရိန္က ေခါင္းညိတ္လိုက္သည္။

"ျဖစ္တယ္ေလ၊ ငါတို႔ အားတာပဲ"

"ေအး၊ ငါ ဂုဏ္ရွိန္႔ကိုေတာ့ ၿပီးမွပဲ ဖုန္းဆက္ေျပာလိုက္ေတာ့မယ္"

ထိုစကားအဆုံး ျမတ္ဘုန္းက ၿငိမ္ေနရာမွ ဝင္ေမးလိုက္၏။

"အသင္းဆိုတာ' ခ်မ္းေျမ့ၾကည္ေစ'အသင္းကိုေျပာတာလား"

ျမတ္ဘုန္းက စိတ္ဝင္တစား ေမးလာျခင္းမို႔ ပီတာက ၿပဳံးလ်က္ ျပန္ေျဖလိုက္သည္။

"ဟုတ္တယ္ ျမတ္ဘုန္း၊ ကိုခ်မ္းဆိုတာက အသင္းကို စဖြဲ႕စည္းတဲ့သူ ကိုခ်မ္းေျမ့ဦးေလ"

'ခ်မ္းေျမ့ၾကည္ေစ ပရဟိတအသင္း' သည္ ဖြဲ႕စည္းထားတာ သိပ္မၾကာေသးပါေသာ္ျငား ေနာက္ႏွစ္ႏွစ္ခန္႔အၾကာ၌ အလႉအတန္းမ်ားစြာကို ျပဳလုပ္ႏိုင္ေသာ နာမည္ႀကီး အသင္းတစ္ခု ျဖစ္လာလိမ့္မည္ ျဖစ္၏။

ကိုခ်မ္းေျမ့ဦးဆိုသည္ကား ေဆးဆိုင္ပိုင္ရွင္တစ္ေယာက္ျဖစ္သည္။ သူရိန္မင္းထင္တို႔ သူငယ္ခ်င္းသုံးေယာက္ဟာ ကိုခ်မ္းႏွင့္ ေဆးေက်ာင္းတက္စဥ္ကတည္းက ရင္းႏွီးခဲ့ၾကသည္မို႔ ပရဟိတအသင္းကို စတင္တည္ေထာင္ခ်ိန္ကတည္းက အသင္းဝင္မ်ား ျဖစ္ခဲ့ၾကျခင္း ျဖစ္၏။

သူတို႔သည္ အလုပ္ကိုယ္စီႏွင့္ ျဖစ္ၾကေသာ္ျငား အားလွ်င္အားသလို၊ ရွိလွ်င္ရွိသလို လုပ္အား သို႔မဟုတ္ ေငြအားျဖင့္ အသင္းအား ကူညီျဖစ္ခဲ့ၾကသည္။

ျမတ္ဘုန္းဟာ ေမာင္ႏွင့္ပတ္သက္၍ ထိုအသင္းအေၾကာင္း အေတာ္မ်ားမ်ား သိထားသည္မို႔ အမွန္တကယ္ ပရဟိတလုပ္ေသာ အသင္းျဖစ္သည္ဆိုတာ ယုံၾကည္ထား၏။ ထို႔ေၾကာင့္ သူက ေသခ်ာစဥ္းစားၿပီးေနာက္ ပီတာ့ကို ေမးလိုက္သည္။

"ကြၽန္ေတာ္ေရာ ခင္ဗ်ားတို႔အသင္းကို ဝင္လို႔ရလား"

အဆိုပါ ေမးခြန္းေၾကာင့္ ပီတာက ေၾကာင္သြားၿပီး သူရိန္႔အား တစ္ခ်က္လွည့္ၾကည့္လိုက္၏။ သူရိန္မင္းထင္သည္လည္း သူ႔အားမေမးဘဲ ပီတာ့ကိုသာ ေမးေနသူကို စိုက္ၾကည့္လိုက္မိသည္။

"ဘာလို႔လဲ၊ အဖြဲ႕ဝင္အသစ္ လက္မခံေတာ့လို႔လား"

"မင္းက ဘာအတြက္ ဝင္ခ်င္တာလဲ"

သည္တစ္ႀကိမ္တြင္ေတာ့ သူရိန္မင္းထင္က ျပန္ေမးလိုက္ျခင္း။

ျမတ္ဘုန္းကလည္း ျပန္ေျဖလိုက္သည္။

"အလႉလုပ္မလို႔ေလ"

"လႉခ်င္ရင္ ဒီတိုင္းလႉလည္းရတယ္၊ အဖြဲ႕ဝင္လုပ္စရာမလိုဘူး"

အဆိုပါ စကားေၾကာင့္ ျမတ္ဘုန္း အနည္းငယ္ စိတ္တိုသြားရ၏။ တစ္ဖက္က ခ်စ္ရသူျဖစ္ပါသည့္တိုင္ အဆုံးစြန္ထိေတာ့ အေလွ်ာ့မေပးႏိုင္ပါေခ်။

သူ႔မ်က္ႏွာက အလိုမက်လွ်င္ သိသာသည္မို႔ မ်က္ေမွာင္က်ဳံ႕သြားသည္က သိသိသာသာပင္။ သူရိန္မင္းထင္ကလည္း အဆိုပါမ်က္ႏွာကို မမွိတ္မသုန္ ျပန္ၾကည့္သည္။

ျမတ္ဘုန္းက ျပန္ေျပာလိုက္၏။

"ငါ့ဘာသာ အဖြဲ႕ဝင္လုပ္ခ်င္တာေတာင္ မရဘူးလား၊ မင္းခြင့္ျပဳခ်က္ပါမွ ရမွာလား"

"မင္း လႉ႐ုံပဲလႉမွာဆို အဖြဲ႕ဝင္လုပ္စရာမလိုဘူးလို႔ ေျပာတာ၊ အဖြဲ႕ဝင္လုပ္ရင္ေတာ့ တာဝန္ဆိုတာ ရွိတယ္၊ အထူးသျဖင့္ မင္းလိုသူေဌးမ်ိဳးဆိုရင္ ပိုရွိတတ္တယ္"

ထိုအခါ ပီတာကလည္း ဝင္ေျပာလာသည္။

"အဲ့ဒါေတာ့ ဟုတ္တယ္ ျမတ္ဘုန္း၊ အဖြဲ႕ဝင္တစ္ေယာက္ျဖစ္လာၿပီဆိုရင္ ကာယအား၊ ေငြအား၊ ဒါမွမဟုတ္ အလႉခံရတာမ်ိဳး စသျဖင့္ လုပ္ေပးရတဲ့ တာဝန္ေတြ ရွိတယ္၊ ကြၽန္ေတာ္တို႔ကေတာ့ ကိုယ္တတ္ကြၽမ္းတဲ့ ပညာနဲ႔ ကူညီေပးတာမ်ားတယ္၊ ဒါေပမဲ့ ျမတ္ဘုန္းသာဆိုရင္ ေငြအားသုံးရဖို႔ ပိုမ်ားမွာ"

"ကြၽန္ေတာ္ သုံးႏိုင္ပါတယ္၊ ကာယအားကလည္း ခင္ဗ်ားတို႔သြားရင္ ကြၽန္ေတာ္လည္း လိုက္ကူေပးႏိုင္တာပဲ"

"မင္းက ဘယ္ေလာက္ထိ ပင္ပန္းခံႏိုင္လို႔လဲ"

"ငါ ေ႐ႊမႈန္စားၿပီး ႀကီးလာတာမဟုတ္ဘူး သူရိန္မင္းထင္၊ ငါလည္း ငါတတ္ႏိုင္သေလာက္ေတာ့ လုပ္ႏိုင္တယ္"

သူ႔နာမည္ကို အျပည့္အဝေခၚၿပီး ျပန္ေျပာလာျခင္းေၾကာင့္ ျမတ္ဘုန္းေခါင္တစ္ေယာက္ စိတ္အေတာ္တိုေနၿပီျဖစ္ေၾကာင္း သူရိန္မင္းထင္ သိလိုက္၏။ သို႔ေသာ္ သူက မမႈဘဲ ျပန္ေျပာလိုက္သည္။

"မင္းကိုယ္မင္း ယုံၾကည္ခ်က္ရွိရင္ စေနေန႔ လိုက္ခဲ့လိုက္၊ အဲဒီမွာ ဝင္ကူၾကည့္ၿပီးမွ အသင္းကို ဝင္မဝင္ ဆုံးျဖတ္၊ မင္းရဲ႕ အလုပ္ေတြနဲ႔ အခ်ိန္ေပးႏိုင္ပါ့မလား ေသခ်ာစဥ္းစား၊ ေငြအားနဲ႔ကူတယ္ဆိုတာလည္း ကိုယ့္စိတ္နဲ႔ကိုယ္ လႉတာနဲ႔ တာဝန္တစ္ခုအရ လႉရတာ ကြာတယ္၊ အသင္းထဲက အခ်ိဳ႕လူေတြကျဖစ္ျဖစ္၊ မင္းလိုပဲ ေငြအားသုံးႏိုင္တဲ့ အဖြဲ႕ဝင္ေတြကျဖစ္ျဖစ္ မင္းစိတ္ကို ဖိအားေပးမလာဘူးလို႔ ဘယ္သူမွ အာမမခံႏိုင္ဘူး၊ လႉစရာေတြက ရွာရင္ ရွာသေလာက္ရွိတယ္၊ အဲဒီအခါက် မင္းဘာသာမင္း လႉတာနဲ႔ မင္းကို လႉလိုက္ပါလားလို႔ တိုက္တြန္းတာမ်ိဳး၊ ငါတို႔ေတာင္လႉတာ မင္းလည္းလႉပါလားလို႔ ေျပာလာတဲ့အခါမ်ိဳးဆို မင္းစိတ္နဲ႔ ျဖစ္ပါ့မလားလို႔ ေသခ်ာေတြးၾကည့္၊ ကုသိုလ္တစ္ပဲ၊ ငရဲတစ္ပိႆာျဖစ္မဲ့ကိစၥေတာ့ ငါ အားမေပးဘူး၊ ဒီတိုင္း လႉခ်င္၊ ကူခ်င္တာက ငါသြားတဲ့အခ်ိန္ မင္းစိတ္ပါရင္ အတူလိုက္လို႔ရတယ္"

ျမတ္ဘုန္း၏ ခင္ပြန္းျဖစ္သူအေပၚ ေဒါသမီးတို႔က ဟုတ္ခနဲ ၿငိမ္းသြားပါသည့္ႏွယ္။

ေမာင္က ေတာ္႐ုံဆို စကားအရွည္ႀကီး သိပ္မေျပာတတ္။ အကယ္၍ ေျပာလာပါက လိုအပ္၍သာျဖစ္သည္မို႔ သူ ေမာင့္စကားမ်ားကို ေသခ်ာနားေထာင္ၿပီး မ်က္လႊာခ်လ်က္ စဥ္းစားေနမိသည္။

ထိုသို႔စဥ္းစားရင္း အမဲလုံးေၾကာ္တစ္လုံးကို ယူစားလိုက္၏။ အမဲလုံး​ေၾကာ္သုံးလုံးကို စားၿပီးေနာက္တြင္ေတာ့ သူ ျပန္ေျပာလိုက္သည္။

"ဒါဆိုလည္း စေနေန႔က် ငါလိုက္ခဲ့မယ္၊ ငါ မိဘမဲ့ေက်ာင္းကိုေရာ၊ မင္းတို႔ အသင္းကိုပါ လႉမယ္၊ အဲ့လိုဆို အဆင္ေျပတယ္မလား"

သူ႔အေမးအဆုံး ပီတာက ရယ္ၿပီးဆိုလာ၏။

"အဆင္မေျပစရာ ဘာရွိလို႔လဲ ျမတ္ဘုန္းရ၊ ခင္ဗ်ားလို အလႉရွင္မ်ိဳးကို ဘယ္သူမွ လွစ္လ်ဴရႈထားမွာ မဟုတ္ဘူး၊ ႀကိဳပဲႀကိဳဆိုၾကမွာ"

စားေသာက္ၿပီးသြားသည့္ေနာက္တြင္ေတာ့ ပီတာက အိမ္ရွင္ႏွစ္ေယာက္ကို ေက်းဇူးတင္စကားဆိုၿပီး ငွားထားေသာ စာအုပ္ႏွင့္ သူ၏အဝတ္တို႔အားယူကာ ျပန္သြားသည္။ ဝတ္သြားေသာ အဝတ္အစားတို႔ကို ေနာက္ရက္မွ ျပန္ေပးမည္ဟူ၍ ေျပာသြားေသး၏။

သူရိန္မင္းထင္တစ္ေယာက္ ပီတာ့ကား ထြက္သြားသည္ႏွင့္ အိမ္ထဲသို႔ လွည့္ဝင္သြားကာ အေပၚထပ္သို႔ တက္သြားသူအား လိုက္ၾကည့္လိုက္မိသည္။ ထို႔ေနာက္ သူ႔မ်က္ခုံးတန္းတို႔က တျဖည္းျဖည္းခ်င္း စုက်ဳံ႕သြားေတာ့၏။

'ျမတ္ဘုန္းေခါင္ ဘာလုပ္ခ်င္ေနျပန္တာလဲ။'

***

စေနေန႔။

သြားရမည့္ မိဘမဲ့ေဂဟာကို သူမသိသည္မို႔ ျမတ္ဘုန္း ေမာင့္ကားႏွင့္သာ ကပ္လိုက္လာခဲ့သည္။ ေမာင္က အသင္းတံဆိပ္ပါေသာ အျဖဴေရာင္ တီရွပ္လက္တိုႏွင့္ ခ်ည္ေခ်ာပုဆိုးအနက္တို႔ကို ဝတ္ဆင္ထား၏။

ျမတ္ဘုန္းကေတာ့ အလုပ္လုပ္ရမည္ဆို သိပ္ပုဆိုးမခိုင္သူမို႔ အျဖဴေရာင္ ေျဗာင္တီရွပ္လက္တိုႏွင့္ Pants အနက္တို႔ကို တြဲဝတ္ထားသည္။ ႏွစ္ေယာက္သားက အဝတ္အစားအေရာင္တို႔ တူပါသည့္တိုင္ ဒီဇိုင္းကေတာ့ သိသိသာသာ ကြဲေနၾက၏။

ပီတာ့ကားက သူတို႔ကားေနာက္တြင္ ပါလာသည္။ သူတို႔ေတြ ေဂဟာဝင္းထဲကို ေရာက္သြားၾကေတာ့ ပရဟိတအသင္းမွ လူမ်ားေရာ၊ ဂုဏ္ရွိန္ပါ ဝင္းထဲသို႔ ေရာက္ေနၾကၿပီ ျဖစ္၏။

ျမတ္ဘုန္း ကားေပၚမွဆင္းၿပီးေနာက္ ေဂဟာဝင္းအတြင္း အနည္းငယ္ေဝ့၍ ၾကည့္လိုက္သည္။ ေဂဟာက အေတာ္ေလးက်ယ္ဝင္းၿပီး သစ္ပင္ႀကီးမ်ားရွိေသာေၾကာင့္ အရိပ္တို႔ ရွိေန၏။

"ဒါက ျမတ္ဘုန္းေခါင္၊ ကြၽန္ေတာ့္မိတ္ေဆြ၊ သူက ဒီေန႔ ကြၽန္ေတာ္နဲ႔အတူ ကူခ်င္လို႔ လိုက္လာတာ၊ လႉဖို႔လည္း ေျပာထားတာမလို႔ ကိုခ်မ္း သူနဲ႔ေဆြးေႏြးလို႔ရတယ္"

ေမာင္က သူ႔အား ကိုခ်မ္းေျမ့ဦးနဲ႔ မိတ္ဆက္ေပးလာျခင္း။ ကိုခ်မ္းဟာ အသက္ ၃၀ ေက်ာ္အမ်ိဳးသားတစ္ေယာက္ျဖစ္ၿပီး သေဘာေကာင္းေသာ ႐ုပ္ရည္ရွိသူ ျဖစ္သည္။

ကိုခ်မ္းက သူ႔အား ဝမ္းသာအားရ ႀကိဳဆို၏။ ထိုစဥ္၌ ကိုခ်မ္း၏နံေဘးမွ အမ်ိဳးသမီး​ငယ္က သူ႔ကိုၾကည့္ကာ ဆိုလာသည္။

"ညီမ ကိုျမတ္ဘုန္းေခါင္ကို သိတယ္ထင္တယ္၊ ညီမ အမွတ္မမွားရင္ အစ္ကိုက Need Group က မဟုတ္လား"

"ဟုတ္ပါတယ္"

ျမတ္ဘုန္း ထိုသို႔ျပန္ေျဖလိုက္ေတာ့ အမ်ိဳးသမီးငယ္က ဝမ္းသာအားရျဖင့္...

"ဒါဆို အစ္ကို ေရွ႕ေနဦးျမင့္စိုးကို သိလား"

"သိပါတယ္၊ ညီမက?"

"ညီမက ဦးျမင့္စိုးရဲ႕သမီး သိဂႌျမင့္စိုးပါ၊ ေဖေဖက ကိုျမတ္ဘုန္းေခါင္ေတာ္တဲ့အ​ေၾကာင္း ခဏခဏခ်ီးက်ဴးတာနဲ႔ သိေနတာပါ၊ ညီမအက်င့္ကလည္း သိၿပီဆို မေနႏိုင္ေတာ့ အစ္ကို႔ကို စိတ္အေႏွာင့္အယွက္ ေပးမိၿပီလားမသိဘူး"

"ရပါတယ္၊ စိတ္အေႏွာင့္အယွက္ မျဖစ္ပါဘူး၊ ဦးျမင့္စိုးကလည္း ကြၽန္ေတာ္အေလးထားရတဲ့ ေရွ႕ေနတစ္ေယာက္ပါ"

Need Group ဆိုသည္က အေတာ္ေလး နာမည္ႀကီးကာ က်ယ္ျပန္႔ေသာ ေအာင္ျမင္ေနသည့္ စီးပြားေရးလုပ္ငန္းစုႀကီး ျဖစ္၏။ သိဂႌျမင့္စိုး၏ ဖခင္ျဖစ္သူ ေရွ႕ေနဦးျမင့္စိုးကလည္း နာမည္ႀကီးစီးပြားေရး လုပ္ငန္းရွင္မ်ားစြာႏွင့္ အလုပ္တြဲလုပ္ရသည့္ ေရွ႕ေနႀကီးတစ္ေယာက္ ျဖစ္သည္။

သို႔ျဖစ္ရာ ကိုခ်မ္းအေနႏွင့္ ျမတ္ဘုန္းေခါင္က ေတာ္႐ုံသူေဌးတစ္ေယာက္မဟုတ္မွန္း သေဘာေပါက္သြားေတာ့၏။

စင္စစ္၌ Need Group ဟာ ျမတ္ဘုန္း၏ လက္ေအာက္ရွိ လုပ္ငန္းမ်ားထဲမွ တစ္ခုသာ ျဖစ္သည္။ သူက အဆိုပါလုပ္ငန္းစုတြင္ ရွယ္ယာအမ်ားဆုံးကို ကိုင္ထားေသာ္ျငား ရာထူးကိုေတာ့ ယူမထားပါေခ်။

မေသဆုံးခင္ကလည္း မယူခဲ့သလို ယခု၌လည္း မယူထား။

ျမတ္ဘုန္းကို မိုးက်ေ႐ႊကိုယ္ဟူ၍ ေခၚၾကသည္မွာလည္း သိပ္ေတာ့မမွားပါ။ သူ႔ထံ၌ မိဘမ်ားခ်န္ထားခဲ့ေသာ လုပ္ငန္းမ်ားရွိသလို ႏွစ္ဖက္ဘိုးဘြားမ်ား၏ လုပ္ငန္းမ်ားလည္း ရွိ၏။ ထို႔ျပင္ သူကိုယ္တိုင္ စတင္ထားသည့္ လုပ္ငန္းမ်ားလည္း ရွိေသးသည္။

သို႔ျဖစ္၍ သူအဓိက လုပ္ကိုင္သည္မွာ သူကိုယ္တိုင္စတင္ထားေသာ လုပ္ငန္းမ်ားကို ျဖစ္ၿပီး က်န္လုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ကေတာ့ အေျခအေနကို ေစာင့္ၾကည့္ၿပီး ရွယ္ယာမ်ားကိုသာ စီမံခန္႔ခြဲသည္က မ်ား၏။

သူ႔အေနႏွင့္ ထိုင္စားလွ်င္ေတာင္ ဆယ္သက္စာ စားမကုန္ႏိုင္ပါေသာ္ျငား စီးပြားေရးကို ဝါသနာပါသူမို႔ စီးပြားေရးေလာက၌ က်င္လည္ေနျခင္း ျဖစ္သည္။

ကေလးမ်ားကို ေခါက္ဆြဲေၾကာ္ႏွင့္ မုန္႔မ်ား ေကြၽးၿပီးသည့္ေနာက္ ေနထိုင္မေကာင္းသူမ်ားႏွင့္ ခႏၶာကိုယ္၌ ဒဏ္ရာဒဏ္ခ်က္ ရွိသူမ်ားကို အသင္းမွ ဆရာဝန္အုပ္စုက ၾကည့္ရႈကုသေပးၾက၏။

ျမတ္ဘုန္းဟာ မိဘမဲ့ေဂဟာမွ အုပ္ခ်ဳပ္သူမ်ားႏွင့္ အလႉရွင္လိုအပ္ေနေသာ ကိစၥမ်ားအေၾကာင္း ေဆြးေႏြးၿပီးသည့္ေနာက္ အျပင္ျပန္ထြက္လာခဲ့လိုက္သည္။ သူသည္လည္း မိဘမဲ့ပင္ျဖစ္ေသာ္ျငား သူ႔ဘဝက အရမ္းျပည့္စုံခဲ့သည္မို႔ မိဘကို ေတာင့္တဖူးသည့္အခ်ိန္ဟူ၍ သိပ္မရွိခဲ့။

စင္စစ္ လုံးဝမရွိခဲ့တာေတာ့ မဟုတ္ပါေခ်။

သို႔ေသာ္ သူဟာ ဆင္းရဲျခင္းေလာကဓံကို မခံစားခဲ့ဖူးသည္မို႔ ခက္ခဲေသာ ဘဝမ်ားအေၾကာင္း သိပ္မသိခဲ့ပါ။ ယခုတြင္ေတာ့ အသက္ရွင္ဖို႔ရန္ပင္ ခက္ခဲလြန္းေသာ ဘဝမ်ားအေၾကာင္း သိလာရသည္မို႔ ပင့္သက္ကိုသာ အလီလီ ရႈိက္မိေတာ့၏။

သူသည္ အျပင္သို႔ ေရာက္လာၿပီးေနာက္ ကေလးမ်ား စုေဝးေနေသာ ေနရာဘက္သို႔ ၾကည့္လိုက္သည္။ ထိုအခါ ေမာင္တို႔သူငယ္ခ်င္းသုံးေယာက္နား၌ ကေလးမ်ား ဝိုင္းေနသည္ကို ေတြ႕လိုက္ရၿပီး ပီတာက အေၾကာင္းအရာတစ္ခုကို ေျပာေနဟန္တူကာ ကေလးမ်ားအားလုံးက စိတ္ဝင္တစား နားေထာင္ေနၾက၏။

သူတို႔ဟာ သရက္ပင္ႀကီးတစ္ပင္ေအာက္ တာလပတ္အစိမ္းေရာင္ႀကီးကို ခင္းကာ စုထိုင္ေနၾကျခင္း ျဖစ္ၿပီး ေမာင့္ကိုယ္ထက္၌ ကေလးေလးတစ္ေယာက္ ရွိေနသည္။

ျမတ္ဘုန္း၏စိတ္ထဲ အနည္းငယ္ တစ္မ်ိဳးျဖစ္သြား၏။ သူပထမဆုံး ေတြးလိုက္မိသည္မွာ 'အဲဒီကေလးက ေမာင့္ကိုယ္သင္းနံ႔ကို အနီးကပ္ရေနမွာေပါ့' ဟူ၍။

အဆိုပါ ကေလးဆန္ဆန္ အေတြးမ်ိဳး ေတြးလိုက္ၿပီးမွ တစ္ေယာက္တည္း ရွက္သလို ခံစားလိုက္ရသည္မို႔ ေအာက္ႏႈတ္ခမ္းအား အသာဖိကိုက္လိုက္မိသည္။

"အစ္ကိုက ဒီေရာက္ေနတာပဲ၊ ေဒါက္တာသူရိန္တို႔ကို ၾကည့္ေနတာလား"

သိဂႌျမင့္စိုးက ေနာက္ဘက္မွ ေရာက္လာကာ ဆိုလာျခင္း။ လွည့္ၾကည့္လိုက္ေတာ့ သူ႔အား ၿပဳံးျပလာကာ ေကာ္ဖီေအးတစ္ဘူးကို ကမ္းေပးလာသည္မို႔ ျမတ္ဘုန္းလည္း အလိုက္သင့္ ယူလိုက္ၿပီးမွ...

"ဟုတ္တယ္၊ အထဲမွာ စကားေျပာၿပီးထြက္လာေတာ့ သူတို႔အုပ္စုကိုေတြ႕တာနဲ႔ ၾကည့္ေနတာ"

သူ႔စကားအဆုံး အမ်ိဳးသမီးငယ္က လွပစြာၿပဳံးသည္။ အသင္းအက်ႌကို အနက္ေရာင္ ေျဗာင္လုံခ်ည္ႏွင့္ တြဲဝတ္ထားၿပီး ဆံပင္ရွည္တို႔ကို ႐ိုးရွင္းစြာပင္ အျမင့္ေျမႇာက္စည္းထားသည့္တိုင္ ႏုငယ္လွပေသာ မ်က္ႏွာေလးက သာမန္ထက္ ထင္းေန၏။

"သူတို႔သူငယ္ခ်င္းသုံးေယာက္ကေတာ့ ေရာက္ေလရာအရပ္မွာ ကေလးေတြခ်စ္တာ ခံရတာပဲ၊ အထူးသျဖင့္ ေဒါက္တာပီတာခ်န္းကိုဆို ပုံေျပာေကာင္းလို႔ ပိုခ်စ္ၾကတယ္၊ အခုလည္း သူ ပုံေျပာေနတာေနမွာ၊ ေဒါက္တာဂုဏ္ရွိန္ကက် ကေလးေတြနဲ႔ ေကာင္းေကာင္းကစားေပးတတ္တယ္၊ ေဒါက္တာသူရိန္ကလည္း မ်က္ႏွာတည္ေပမဲ့ သူၿပဳံးၿပီဆို ကေလးေတြက အလိုလိုခ်စ္သြားၾကေရာ၊ သူ႔စကားဆို ကေလးတိုင္း နားေထာင္ၾကတယ္"

ျမတ္ဘုန္း ဘာမွျပန္မေျပာဘဲ လူႀကီးသုံးေယာက္ႏွင့္ ကေလးအုပ္စုကိုသာ ၾကည့္ေနမိသည္။ ပီတာက ေမာင္ႏွင့္ ဂုဏ္ရွိန္ၾကားတြင္ ထိုင္ေနၿပီး ေမာင့္ကိုယ္ထက္မွ ကေလးေလး၏ လက္ကို ဆုပ္ကိုင္ထားကာ ကေလးမ်ားအား ၿပဳံးၿပဳံးရယ္ရယ္ႏွင့္ ပုံျပင္ေျပာျပေန၏။

သူ မည္မွ်ထိ ပုံေျပာေကာင္းသည္မသိ၊ ကေလးမ်ားက မၾကာခဏ တဟားဟားရယ္ၾကသလို ေမာင္ႏွင့္ ဂုဏ္ရွိန္တို႔မ်က္ႏွာကလည္း ၿပဳံးလိုက္၊ ရယ္လိုက္ႏွင့္။

သူၾကည့္ေနစဥ္မွာပင္ ေမာင္က မိဘမဲ့ေဂဟာ အတြင္းဘက္သို႔ လွမ္းၾကည့္လိုက္သည္အား ျမင္လိုက္ရသည္။ ေမာင္ၾကည့္ေသာဘက္မွာ သူထြက္လာခဲ့သည့္ အေဆာက္အဦရွိရာဘက္ ျဖစ္၏။

ဘာမွမရွိသည္ကို ဘာကိုၾကည့္မွန္းမသိ။

သူလည္း ေမာင္ႏွင့္အတူ လိုက္ၾကည့္မိၿပီးမွ ေမာင့္ကို ျပန္ၾကည့္မိေတာ့ ေမာင့္မ်က္ဝန္းေတြက သူ႔ထံ ေရာက္ေနၿပီပင္။

သူ ေခါင္းသာ တစ္ခ်က္ဆတ္ျပလိုက္ၿပီး နံေဘးမွ သိဂႌျမင့္စိုးဘက္သို႔လွည့္ကာ ေမးလိုက္သည္။

"ကြၽန္ေတာ္ တစ္ခုခု ကူညီေပးလို႔ရတာ ရွိေသးလား"

"အခုေတာ့ မရွိေသးဘူး အစ္ကို၊ အဲ့ဒါေၾကာင့္ ညီမေတာင္ ဒီဘက္ကို ခဏထြက္လာတာ၊ အစ္ကို အစပိုင္းမွာ ပစၥည္းေတြ ကူသယ္ေပးၿပီးၿပီပဲ၊ ဘာလို႔လဲ၊ ညီမတို႔ကို အားနာေနတာလား"

"အဲဒီလိုေတာ့ မဟုတ္ပါဘူး"

ထူးထူးေထြေထြ လုပ္စရာမရွိသည့္အျပင္ တစ္ေယာက္တည္းလည္း ကြဲထြက္ေနသည္မို႔ ျမတ္ဘုန္း လုပ္စရာအလုပ္ ရွာေနျခင္း ျဖစ္သည္။ သို႔ေသာ္ မရွိဘူးဆိုမွေတာ့ သူလည္း ဘာမွထပ္မ​ေျပာခ်င္ပါေတာ့ေခ်။

သိဂႌျမင့္စိုးက အလိုက္တသိပင္ ထိုကိစၥႏွင့္ပတ္သက္၍ ဆက္မေျပာေတာ့ဘဲ ေရာက္တတ္ရာရာအေၾကာင္းမ်ားကို ေျပာလာသည္။ သို႔ျဖစ္၍ ရင္ထဲ သိပ္အဆင္မေျပခ်ိန္တြင္ စကားေျပာေဖာ္ရွိေနသည္မို႔ စိတ္က အနည္းငယ္ ျပန္လည္ေပါ့ပါးသြား၏။ သိဂႌျမင့္စိုးဟာ စကားေျပာေကာင္းသူျဖစ္ၿပီး သူ(မ)၏ ပရဟိတလုပ္ရာ၌ အေတြ႕အႀကဳံမ်ားကို ဟာသေႏွာ၍ ေျပာျပေနျခင္း ျဖစ္သည္။

ႏွစ္ေယာက္သား စကားတေျပာေျပာႏွင့္ အနားရွိ ခုံတန္းတစ္ခု၌ ခပ္ခြာခြာ ထိုင္ျဖစ္ၾက၏။

ယခင္က ျမတ္ဘုန္းဟာ စီးပြားေရးကိစၥမ်ားမရွိပါက သူစိမ္းမ်ားႏွင့္ သိပ္အဆက္အဆံ မလုပ္တတ္ပါေခ်။ သို႔ေသာ္ တစ္ခါေသဆုံးၿပီးသည့္ေနာက္တြင္ေတာ့ သူစိမ္းမ်ားႏွင့္ စကားေျပာရတာကလည္း စိတ္ဝင္စားစရာ ျဖစ္လာခဲ့သည္။

ယခုတြင္လည္း နံေဘးမွ အမ်ိဳးသမီးငယ္၏ အေတြ႕အႀကဳံမ်ားက သူ၏အာ႐ုံကို ဖမ္းစားႏိုင္ခဲ့၏။

"အစ္ကိုက ညီမရဲ႕အစ္ကိုနဲ႔တူလိုက္တာ၊ Introvert ေတြမွန္း အရမ္းသိသာတာပဲ၊ ကိုႀကီးဆိုရင္လည္း အဖြဲ႕နဲ႔လိုက္ၿပီဆို သီးသန္႔ကြဲထြက္ေနတာမ်ားတယ္၊ အနားမွာ တစ္ေယာက္ေယာက္ကမွ ဧည့္ခံမေပးရင္ တစ္ေယာက္တည္း ၿငိမ္ေနေရာ၊ ဒါေပမဲ့ အစ္ကိုကေတာ့ ကိုႀကီးထက္ေတာင္ ပိုဆိုးေနသလိုပဲ"

"ဘာလို႔လဲ"

"ဘာလို႔လဲဆိုေတာ့ အစ္ကို႔မိတ္ေဆြေတြရွိတာေတာင္ အနားကို မသြားလို႔ေလ၊ ေနာက္ၿပီး ညီမက ဒီေလာက္ဧည့္ခံေပးေနတာေတာင္ ႏႈတ္နည္းေနေရာပဲ"

ျမတ္ဘုန္း ဘာမွျပန္မေျပာဘဲ ၿပဳံးသာၿပဳံးလိုက္ေတာ့ သိဂႌျမင့္စိုးက "ေတြ႕လား" ဟူ၍ ရယ္သံႏွင့္ ျပန္ေျပာလာသည္။

ထိုစဥ္တစ္ဖက္၌ ပီတာက ပုံျပင္တစ္ပုဒ္ကို အဆုံးသတ္လိုက္ခ်ိန္တြင္ ၅ ႏွစ္အ႐ြယ္ ကေလးေလးတစ္ေယာက္က သူရိန္မင္းထင္ကိုၾကည့္ကာ ေမးလိုက္၏။

"ဦး တစ္ေယာက္ေယာက္ကို စိတ္ဆိုးေနတာလားဟင္၊ မ်က္ခုံးႀကီးေတြကို တြန္႔ေနတာပဲ"

ကေလး၏စကားေၾကာင့္ ပီတာႏွင့္ ဂုဏ္ရွိန္တို႔လည္း သူရိန္႔အား လွည့္ၾကည့္လိုက္ၾကသည္။ ထိုအခါမွ သိသိသာသာ မႈန္ကုပ္ေနေသာ သူရိန္႔မ်က္ႏွာက တျဖည္းျဖည္းခ်င္း ေျပေလ်ာ့သြားၿပီး...

"ဘာမွမျဖစ္ဘူး၊ ေနရွိန္လို႔"

"အဲဒီေလာက္ မရွိန္ပါဘူးကြာ၊ မင္းလည္း မိုးက်ေ႐ႊကိုယ္နဲ႔ေပါင္းၿပီး တျဖည္းျဖည္း မိုးက်ေ႐ႊကိုယ္ ျဖစ္လာၿပီထင္တယ္"

ဂုဏ္ရွိန္က ဆိုလိုက္ေတာ့ ကေလးတစ္ေယာက္က ခ်က္ခ်င္း ျပန္ေမးလာ၏။

"မိုးက်ေ႐ႊကိုယ္ဆိုတာ ဘာလဲဟင္"

ဂုဏ္ရွိန္႔မ်က္ႏွာက ၿပဳံးစိစိျဖစ္သြားသည္။ ၿပီးေနာက္ ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ၿပီး...

"မိုးက်ေ႐ႊကိုယ္ဆိုတာ နတ္သားကို ေခၚတာ၊ အခုေတာ့ အဲဒီလိုပဲ မွတ္ထားလိုက္ဦး၊ ႀကီးလာရင္ စာေတြဖတ္ရင္း ပိုသိလာလိမ့္မယ္"

သူရိန္မင္းထင္က ဘာမွ ဝင္မေျပာျဖစ္ပါေခ်။ ထို႔ေနာက္ ကေလးမ်ားက ပီတာ့ကို ေနာက္ထပ္ ပုံျပင္သစ္တစ္ပုဒ္ ေတာင္းဆိုၾကသည္မို႔ ပီတာလည္း ဆက္ေျပာလိုက္သည္။

သူရိန္႔ကိုယ္ထက္တြင္ ရွိေနသည္မွာ သုံးႏွစ္အ႐ြယ္ ကေလးေလးျဖစ္၏။ ကေလးက ေခ်ာ္လဲထား၍ ေျခေထာက္၌ ဒဏ္ရာရွိသည္မို႔ ထိခိုက္ဝမ္းနည္းလြယ္ေနသည္။ ထို႔ေၾကာင့္ သူက ကိုယ္ေပၚ၌ ေပြ႕တင္ထားျခင္း ျဖစ္၏။

သူရိန္မင္းထင္၏ အၾကည့္တို႔ဟာ ခပ္လွမ္းလွမ္းမွ အရိပ္ေအာက္ရွိ ခုံတန္းထံသို႔ မၾကာခဏ ေရာက္ေနသည္။ ၿပဳံးရယ္ကာ စကားေျပာေနသူႏွစ္ေယာက္အား ေဘးတိုက္အေနအထားျဖင့္ ျမင္ေနရ၏။

ပုံမွန္ဆို စကားမ်ားလြန္းသူမ်ားႏွင့္ အဆင္မေျပသည့္ ျမတ္ဘုန္းေခါင္က ယခုတြင္ေတာ့ အစစအရာရာ အဆင္ေျပေနပါသည့္ႏွယ္။

သူရိန္မင္းထင္၏ တည္တည္ၿငိမ္ၿငိမ္ႏွင့္ ေခ်ာေမာေသာ မ်က္ႏွာက တျဖည္းျဖည္း ျပန္လည္မႈန္ကုပ္လာျပန္သည္။

ထိုစဥ္ သိဂႌျမင့္စိုးက ဖုန္းေျပာလိုက္သည္ကို ေတြ႕လိုက္ရ၏။ ဖုန္းကိုခ်ၿပီးေနာက္ ျမတ္ဘုန္းေခါင္အား တစ္စုံတစ္ခု ေျပာလိုက္ၿပီး ထြက္သြားသည္။ ထိုအခါမွ ျမတ္ဘုန္းေခါင္တစ္ေယာက္ သူတို႔ဘက္ကို လွည့္ၾကည့္လာေတာ့ သူရိန္မင္းထင္ ရင္ခြင္ထဲမွ ကေလးကိုသာ ငုံ႔ၾကည့္လိုက္၏။

တစ္ဖက္မွ ျမတ္ဘုန္းဟာ တစ္ေယာက္တည္းက်န္ခဲ့တာ သိပ္မၾကာေသးသည္မို႔ ပ်င္းသလို မခံစားရပါေသးေခ်။ သူက ခ်စ္ရသူဘက္ လွည့္ၾကည့္လိုက္ၿပီးေနာက္ မနာလိုစိတ္မ်ား ျပန္ေပၚမလာေစရန္အတြက္ အၾကည့္လႊဲလိုက္မိသည္။

ထိုအခ်ိန္၌ ေျပးလႊားေဆာ့ကစားေနၾကေသာ ကေလးမ်ားဘက္မွ ၅ ႏွစ္၊ ၆ ႏွစ္ခန္႔အ႐ြယ္ ကေလးငယ္တစ္ေယာက္က ငိုၿပီး ထြက္လာသည္ကို ေတြ႕လိုက္ရ၏။ ကေလး၏ လက္ထဲ၌ ေရခဲမုန္႔ခြက္ေလးတစ္ခြက္ကို ကိုင္ထားၿပီး ေကာင္ငယ္ေလးဟာ သစ္ပင္ရိပ္တစ္ခုေအာက္တြင္ ထိုင္ခ်လိုက္လ်က္ ဒူးႏွစ္ဖက္ထက္ မ်က္ႏွာအပ္လိုက္သည္။

ျမတ္ဘုန္း ခဏ ေစာင့္ၾကည့္ေနလိုက္ပါေသာ္ျငား အဆိုပါ ကေလးနားသို႔ မည္သူမွ ေရာက္မလာသည္မို႔ ေနရာမွ ထရပ္လိုက္၏။ သူသည္ ကေလးေရွ႕သို႔ ေလွ်ာက္သြားလိုက္ၿပီးေနာက္ ဒူးတစ္ဖက္ႏွိမ့္ကာ ထိုင္လိုက္ၿပီး ေမးလိုက္သည္။

"ဘာလို႔ ငိုေနတာလဲ၊ ရန္ျဖစ္လာတာလား"

"....."

ကေလးက ငိုရႈိက္သံမ်ားကိုသာ ထုတ္ေနၿပီး ဘာမွျပန္မေျပာလာပါေခ်။ ခႏၶာကိုယ္၌ အနည္းငယ္ႏြမ္းေနေသာ အျပာေရာင္ ရွပ္လက္တိုႏွင့္ ေဘာင္းဘီတိုကို ဝတ္ဆင္ထားၿပီး ေျခအစုံက ဖိနပ္မရွိသည္မို႔ ဖုန္မ်ားျဖင့္ ေပက်ံေနသည္။

ဒူးႏွစ္ဖက္ကိုပိုက္ကာ ဒူးတို႔ထက္ မ်က္ႏွာအပ္လ်က္ ငိုေနပါသည့္တိုင္ ေရခဲမုန္႔ခြက္ကိုေတာ့ ခိုင္ၿမဲစြာ ဆုပ္ကိုင္ထားဆဲ။

ျမတ္ဘုန္းေခါင္ ကေလး၏ ေရခဲမုန္႔ခြက္ထဲကို ၾကည့္လိုက္၏။ ခြက္ထဲ၌ စေတာ္ဘယ္ရီေရခဲမုန္႔က အရည္ေပ်ာ္ေနၿပီး ဘူး၏ ေအာက္ေျခ၌ သုံးပုံတစ္ပုံခန္႔ေလာက္သာ က်န္ေတာ့ကာ စားေကာင္းမည့္ပုံစံမ်ိဳး မေပၚပါေတာ့ေခ်။

ထို႔ေၾကာင့္ သူက ေျပာလိုက္သည္။

"မင္းေရခဲမုန္႔က မေကာင္းေတာ့ဘူးကို ဆက္ကိုင္ထားဦးမလို႔လား"

သူ႔စကားအဆုံး ကေလးေလးက ငိုေနရာမွ ေခါင္းကို ဆတ္ခနဲေမာ့လာ၏။ ထို႔ေနာက္ သူ႔အား ေဒါသမ်က္ဝန္းတို႔ျဖင့္ ​ၾကည့္လာၿပီး...

"အ႐ူးႀကီး!!! ထြက္သြား!!!"

ထိုသို႔ စူးခနဲေအာ္လိုက္ၿပီး လက္ထဲမွ ေရခဲမုန္႔ခြက္ႏွင့္လည္း ပစ္ေပါက္လိုက္သည္မို႔ ခြက္က ျမတ္ဘုန္း၏ ဘယ္ဘက္ပုခုံးကို မွန္သြားသည္။ စေတာ္ဘယ္ရီ ေရခဲမုန္႔အရည္မ်ားက ျမတ္ဘုန္း၏ အက်ႌအျဖဴထက္ စြန္းထင္းသြားၾကေတာ့၏။

အဆိုပါျမင္ကြင္းကို အနီးအနားမွ ကေလးမ်ားက သတိထားမိသြားပါသလို ခပ္လွမ္းလွမ္းရွိ ပုံျပင္နားေထာင္ေနေသာ အုပ္စုမွ သူရိန္မင္းထင္ကလည္း ခ်က္ခ်င္းသတိထားမိသြားသည္။ ထိုအခါ သူက ကိုယ္ထက္ရွိကေလးကို နံေဘးမွ ပီတာ့ထံ လႊဲေပးလိုက္ၿပီး လ်င္ျမန္စြာ ထထြက္လာ၏။

"ထြက္သြားလို႔ေျပာေနတယ္ေလ!!! အ႐ူးႀကီး!!! ထြက္သြား!!!!"

မတုန္မလႈပ္ ဆက္ထိုင္ေနေသာ ျမတ္ဘုန္းကို ကေလးက ထပ္မံေအာ္ဟစ္၍ လက္ေသးေသးေလးမ်ားျဖင့္လည္း တြန္းထုတ္လိုက္သည္။ ထိုအခါ ျမတ္ဘုန္းက ေနရာမွ ထရပ္လိုက္ၿပီး ကေလးငယ္အား ငုံ႔ၾကည့္လိုက္၏။

ေလအေဝ့၌ ထင္းရႉးရနံ႔က ႏွာဖ်ားထက္ေရာက္လာသည္ကို ျမတ္ဘုန္း သတိထားလိုက္မိေသာ္ျငား လွည့္မၾကည့္ဘဲ ကေလးကိုသာ ဆက္လက္စိုက္ၾကည့္ေနလိုက္သည္။

"အ႐ူးႀကီး!!!"

"အင္း ဟုတ္တယ္၊ ငါက အ႐ူး"

ျမတ္ဘုန္း၏ တုံ႔ျပန္ခ်က္ေၾကာင့္ ကေလးေလးက ေၾကာင္သြားပါသလို အနားသို႔ ေရာက္လာေသာ သူရိန္မင္းထင္သည္လည္း ဘာေျပာရမွန္းမသိ။

ထို႔ေနာက္ ျမတ္ဘုန္းက ကေလးကိုစိုက္ၾကည့္ၿပီး ဆက္ေျပာလိုက္သည္။

"မင္းေျပာသလို ငါက အ႐ူး၊ ေနာက္ၿပီး ငါလည္း မိဘမဲ့ပဲ၊ မင္းလိုမ်ိဳး စကားအေျပာအဆိုလည္း မတတ္ဘူး"

ကေလးေလးက ဘာမွျပန္မေျပာဘဲ အံႀကိတ္ၿပီး မ်က္ရည္မ်ားသာ စီးက်လာ၏။ ႐ုပ္သန္႔ေသာ ကေလးငယ္ေလး ျဖစ္ေသာ္ျငား ညစ္ညစ္ႏြမ္းႏြမ္းျဖစ္ေနသည္မို႔ သိပ္႐ုပ္မထြက္ပါေခ်။

တစ္မိနစ္ေက်ာ္အတြင္းမွာပင္ သူတို႔အနားသို႔ ကေလးမ်ားေရာ၊ လူႀကီးမ်ားပါ ဝိုင္းလာ၏။ ေဂဟာ၏ အုပ္ခ်ဳပ္သူမ်ားလည္း ေရာက္လာၾကသည္။

ထိုအခါ အစပိုင္း ေဒါသတႀကီးျဖစ္ေနေသာ ကေလးက လန္႔သြားဟန္ျဖင့္ ေနာက္သို႔ အနည္းငယ္ဆုတ္ကာ ကိုယ္ကိုက်ဳံ႕လိုက္၏။ သူရိန္မင္းထင္က ကေလး၏ အေျခအေနကိုျမင္ေတာ့ ဝိုင္းလာၾကသူမ်ားကိုၾကည့္ကာ ဆိုလိုက္သည္။

"ကေလးက နည္းနည္းလန္႔ေနၿပီထင္တယ္၊ ကြၽန္ေတာ္တို႔ စကားေျပာၾကည့္ၿပီး ေခ်ာ့လိုက္ပါ့မယ္၊ လူအုံေနရင္ ကေလးအတြက္လည္း မေကာင္းတာမလို႔ အလုပ္ပ်က္မခံၾကပါနဲ႔"

သူ၏ ယဥ္ေက်းစြာႏွင္မႈေၾကာင့္ လူႀကီးမ်ားက အေျခအေနကို အကဲခတ္လိုက္ၿပီးေနာက္ သက္ျပင္းကိုယ္စီ ခ်လိုက္ၾကၿပီး အနားမွ အျခားကေလးမ်ားကိုေခၚကာ ထြက္သြားၾကေတာ့၏။

ထိုအခါမွ ေခါင္းငုံ႔ကာ မ်က္ရည္က်ေနေသာ ကေလးေရွ႕ ျမတ္ဘုန္းက ဒူးတစ္ဖက္ႏွိမ့္လ်က္ ျပန္ထိုင္လိုက္သည္။ ၿပီးေနာက္ ကေလးငယ္အား ေပြ႕ဖက္လိုက္သည္က ညင္ညင္သာသာျဖင့္။

"ဘာျဖစ္လို႔ ဒီေလာက္ဝမ္းနည္းေနတာလဲ၊ တစ္ေယာက္ေယာက္က အႏိုင္က်င့္လိုက္လို႔လား"

"အီးဟီး.........................."

ျမတ္ဘုန္း၏ ေမးသံအဆုံး ကေလးက ပို၍ဝမ္းနည္းသြားပုံရၿပီး ကနဦးကကဲ့သို႔ ေဒါသမထြက္ေတာ့ဘဲ အသံထြက္ကာ ငိုေႂကြးလာေတာ့၏။ သူရိန္မင္းထင္အဖို႔လည္း ေရွ႕မွျမင္ကြင္းမ်ိဳးအား စိတ္ကူးထဲတြင္ေတာင္ တစ္ခါမွ ပုံမေဖာ္ခဲ့ဖူးသည္မို႔ ႏႈတ္ဆိတ္စြာ စိုက္ၾကည့္ေနမိသည္။

ျမတ္ဘုန္းက ကေလး၏ ေက်ာျပင္ငယ္ေလးကို ခပ္ဖြဖြ ပုတ္ေပးလ်က္ ဆိုလိုက္၏။

"အရမ္းဝမ္းနည္းေနတာဆိုရင္ ဒီလိုငိုခ်လိုက္တာ ေကာင္းတယ္၊ ဒါေပမဲ့ အရမ္းေတာ့ ေဒါသမႀကီးနဲ႔၊ ေဒါသႀကီးတာက မင္းကို တစ္ေယာက္တည္း ျဖစ္ေစလိမ့္မယ္၊ ငါက သိပ္မေခ်ာ့တတ္ေတာ့ မင္းကို ပိုစိတ္ညစ္ေအာင္ လုပ္မိသလိုျဖစ္မွာလည္း စိုးတယ္၊ မင္း ငါ့ကို စိတ္တိုၿပီး ေအာ္ပစ္လို႔ေတာ့ ရပါတယ္၊ ခုဏကလို တစ္ခုခုနဲ႔ ပစ္ေပါက္လည္း ရတယ္၊ ငါနားလည္ေပးႏိုင္တယ္၊ ဒါေပမဲ့ အျခားသူေတြကိုေတာ့ မလုပ္နဲ႔၊ ဟုတ္ၿပီလား"

"ဟီး........... သားေမေမက ျပန္လာမွာကို.. သူတို႔က ျပန္မလာဘူးလို႔ေျပာတယ္.. ဟီး............."

ကေလး၏ ဝမ္းနည္းတႀကီး ေျပာလာေသာစကားကို ျမတ္ဘုန္း ခြန္းတုံ႔မျပန္တတ္ေတာ့။ ထို႔ေၾကာင့္ ကူကယ္ရာမဲ့စြာျဖင့္ အနားရွိ သူရိန္မင္းထင္ကို ေမာ့ၾကည့္လိုက္မိသည္။

သူရိန္လည္း ပင့္သက္အသာရႈိက္လ်က္ ေခါင္းခါျပလိုက္၏။

ကေလးကို ေခ်ာ့သည့္ေနရာ၌ False hope ေတြ မေပးသင့္သလို ကေလး ဝမ္းနည္းေနခ်ိန္တြင္ အမွန္တရားကို လက္ခံႏိုင္ေအာင္ အတင္းအဓမၼ တိုက္တြန္း၍လည္း မျဖစ္ပါေခ်။

ကေလးေလးသည္ ျမတ္ဘုန္း၏ ရင္ခြင္ထဲ၌ အားရပါးရ ငိုယိုကာ သူမေက်နပ္သမွ်ကို ေျပာဆိုၿပီးေနာက္တြင္ေတာ့ ခႏၶာကိုယ္ငယ္ေလးက အ႐ုပ္ႀကိဳးျပတ္သဖြယ္ ျဖစ္သြားေတာ့သည္။ ထိုအခ်င္းအရာေၾကာင့္ ျမတ္ဘုန္းတစ္ေယာက္ လန္႔သြားၿပီး စိုးရိမ္တႀကီး ေပြ႕ထားလိုက္မိ၏။ ကေလးကိုခ်ီလ်က္ မတ္တပ္ရပ္လိုက္ခ်ိန္၌ သူ႔မ်က္ဝန္းတို႔က နီရဲေနၾကေလသည္။

"ငါ့ကိုေပး၊ သူ ဘာမွမျဖစ္ဘူး၊ အရမ္းငိုလိုက္လို႔ သတိလစ္သြား႐ုံပဲ၊ စိတ္မပူနဲ႔"

ျမတ္ဘုန္း၏ စိုးရိမ္တႀကီးပုံစံေၾကာင့္ သူရိန္က ထိုသို႔ဆိုလိုက္ရင္း ကေလးကို လက္လႊဲယူဖို႔ ျပင္လိုက္ေသာ္ျငား ျမတ္ဘုန္းက ေခါင္းခါလိုက္ၿပီး...

"ရတယ္၊ ငါသယ္ႏိုင္တယ္၊ လမ္းပဲျပ"

သူရိန္မင္းထင္လည္း အခ်ိန္မဆြဲခ်င္သည္မို႔ ကေလးကို ​ေပြ႕ထားသူ၏ ေက်ာျပင္အား ထိန္းဖက္ကာ ၅ ႏွစ္၊ ၆ႏွစ္ေက်ာ္အ႐ြယ္ ကေလးမ်ားေနေသာ အေဆာင္ဘက္သို႔ လမ္းျပေပးလိုက္သည္။ ထိုအေဆာင္ကိုေရာက္ေတာ့ အုပ္ခ်ဳပ္သည့္ ဆရာမက သူတို႔ကို ကေလး၏ ေနရာအား လိုက္ျပေပး၏။

သူရိန္မင္းထင္ ကေလးကို စစ္ေဆးေနခ်ိန္၌ ျမတ္ဘုန္းေရာ၊ ဆရာမကပါ စိုးရိမ္တႀကီး ၾကည့္ေနၾကသည္။ စစ္ေဆးၿပီးေနာက္ သူရိန္က ဆိုလိုက္၏။

"စိုးရိမ္စရာ မရွိပါဘူး၊ ဒါေပမဲ့ ခႏၶာကိုယ္က အားနည္းေနတာမလို႔ ႏိုးလာရင္ အားျပည့္မဲ့ အစားအစာေတြ ေသခ်ာစားဖို႔ေတာ့ လိုတယ္"

"ဘာေတြ စားဖို႔လိုတာလဲ၊ ငါဝယ္ခိုင္းၿပီး လာပို႔ခိုင္းလိုက္မယ္"

ျမတ္ဘုန္းက ျပန္ေမးလိုက္ေတာ့ သူရိန္က ကေလးအတြက္ အားျပည့္ေစမည့္ စားစရာမ်ားကို တန္းစီ႐ြတ္ျပလိုက္သည္။ ျမတ္ဘုန္းေခါင္တစ္ေယာက္ နားရႈပ္သြားရ၏။

ထို႔ေၾကာင့္ သူ႔ဖုန္းကိုထုတ္ကာ ေမာင္သစ္အား ဆက္လိုက္ၿပီး သူရိန္႔လက္ထဲ ဖုန္းထိုးေပးလိုက္သည္။

"မင္းပဲ ကိုယ္တိုင္ေျပာလိုက္"

"....."

ထို႔ေနာက္၌ သူတို႔ႏွစ္ေယာက္ဟာ ဆရာမထံမွ ကေလး၏အေၾကာင္းမ်ားကို သိလိုက္ရေတာ့၏။ ကေလးက ေဂဟာကိုေရာက္တာ ႏွစ္ပတ္ခန္႔သာ ရွိေသးၿပီး မိခင္ျဖစ္သူက စြန္႔ပစ္ခဲ့ၿပီးေနာက္ ႏိုင္ငံျခားသို႔ ထြက္သြားခဲ့ျခင္း ျဖစ္သည္။

ကေလးအတြက္ သူ၏ လက္ရွိအေျခအေနကို လက္ခံႏိုင္ဖို႔ရာ အရမ္းခက္ခဲေနသည္မို႔ အခ်ိန္အေတာ္မ်ားမ်ား၌ စိတ္ဆတ္ေနသည္ဟု ဆို၏။ ေကာင္းေကာင္းမစားသလို ေကာင္းေကာင္းလည္း မအိပ္ႏိုင္ဘဲ တစ္ေယာက္တည္းသီးသန္႔ေနကာ ငိုေနခ်ိန္က မ်ားသည္။

႐ြယ္တူကေလးမ်ားႏွင့္ စကားေျပာမိပါက ကေလးအခ်င္းခ်င္း ပြင့္ပြင့္လင္းလင္း ​ေျပာၾကသည့္အခါ အမွန္တရားကိုလက္မခံႏိုင္ေသးေသာ ကေလးအေနႏွင့္ အနာကို ဆားပက္ခံရသည့္ပမာ ခံစားရမည္မွာ မလြဲဧကန္ပါပင္။

ေဂဟာထဲမွ ျပန္အထြက္၌ ျမတ္ဘုန္း ပင့္သက္ရႈိက္လိုက္မိ၏။

စင္စစ္ သူသည္လည္း အမွန္တရားတို႔ကို လက္ခံႏိုင္ရန္ မနည္းႀကိဳးစားေနရသူတစ္ေယာက္ပင္ မဟုတ္ပါလား။

ေမာင္ႏွင့္ ပီတာတို႔ကို အတူေတြ႕ရတိုင္း အနာကို ဆားႏွင့္အပက္ခံရသလို ခံစားရသည္ မဟုတ္ပါလား။

"ျမတ္ဘုန္းေခါင္"

နံေဘးမွ ေမာင့္အသံေၾကာင့္ ျမတ္ဘုန္း အေတြးလြန္ေနရာမွ လွည့္ၾကည့္လိုက္ေတာ့ ေမာင္က သူ႔မ်က္ဝန္းတို႔ထဲ စိုက္ၾကည့္လာၿပီးေနာက္ သူ႔အက်ႌထက္မွ အစြန္းအထင္းမ်ားကိုၾကည့္ကာ ေျပာလာသည္။

"ဒီအက်ႌနဲ႔ ဒီတိုင္းဆက္ေနမလို႔လား"

"ငါ့မွာ အပိုမွပါမလာတာ"

"ငါလည္း မပါဘူး၊ မင္းေဆးခ်င္ရင္ ေဆးလို႔ရတယ္လို႔ေျပာတာ"

"အင္း၊ ေဆးမယ္"

ေမာင္က သူ႔အား အေဆာင္တစ္ခု၏ နံေဘးရွိ ေရခ်ိဳးကန္ႀကီးဆီသို႔ ဦးေဆာင္ေခၚသြားသည္။ ကန္ေဘာင္ထက္၌ ေရခြက္အခ်ိဳ႕ႏွင့္ အနားရွိ စင္၌ ဆပ္ျပာခြက္တို႔ ရွိ၏။

ျမတ္ဘုန္းတစ္ေယာက္ လက္တို႔ကို အရင္ေဆးလိုက္သည္။ ထို႔ေနာက္တြင္ေတာ့ အက်ႌကို မည္သို႔ေဆးရမည္မွန္း မသိေတာ့သည္မို႔ ေရခြက္ကိုင္ရမလို၊ ​ဆပ္ျပာကိုင္ရမလို ျဖစ္ေနေတာ့၏။

သူရိန္မင္းထင္ ထိုအခ်င္းအရာအား ၾကည့္ေနရင္းမွ သက္ျပင္းခ်လိုက္ၿပီး ဆိုလိုက္သည္။

"ေဘာင္းဘီကို ဒူးဆစ္ေက်ာ္တဲ့အထိ ေခါက္တင္လိုက္"

"အင္း"

မိုးက်ေ႐ႊကိုယ္ေလးက ထိုသို႔ျပန္ေျဖၿပီးေနာက္ ေဘာင္းဘီရွည္၏ တစ္ဖက္အား ေခါက္တင္ေနေသာ ပုံစံမွာ အေတာ္ေလး ေႏွးေကြးလွ၏။ သို႔ျဖစ္၍ သူရိန္မင္းထင္ တစ္ဖက္လူ၏ေရွ႕၌ ဒူးတစ္ဖက္ႏွိမ့္ထိုင္လိုက္ၿပီး က်န္တစ္ဖက္ကို သူကိုယ္တိုင္ ေခါက္တင္ေပးလိုက္ေတာ့ စကၠန္႔ပိုင္းအတြင္းမွာပင္ ျဖဴဝင္းကာ ေသြးေၾကာစိမ္းမ်ားႏွင့္ ေမႊးညႇင္းမ်ားရွိေနေသာ ေျခေထာက္ႏွစ္ဖက္ ထြက္ေပၚလာသည္။

အဆိုပါ ေျခအစုံကို ၾကည့္႐ုံႏွင့္ပင္ ေျခေမႊးမီးမေလာင္၊ လက္ေမႊးမီးမေလာင္ ေနခဲ့ရေသာ ခႏၶာကိုယ္မွန္း သိသာလြန္းလွ၏။

"ဖိနပ္ကိုခြၽတ္၊ ေျခအိတ္ေတြကိုပါခြၽတ္လိုက္"

သူရိန္မင္းထင္က ထိုသို႔ထပ္ေျပာၿပီးေနာက္ ျမတ္ဘုန္း ဘာမွမလႈပ္ရွားႏိုင္ခင္မွာပင္ ေျခအိတ္ႏွင့္ ရႉးဖိနပ္တို႔ကို သူကိုယ္တိုင္ ျမန္ျမန္ဆန္ဆန္ ခြၽတ္ေပးလိုက္ျပန္သည္။

တစ္ေယာက္တည္း လႊတ္ထားလိုက္ပါက ကိုး႐ိုးကားယား လုပ္ေနဦးမည္ကို သိေနသည္မို႔ပင္။

ထို႔ေနာက္တြင္ေတာ့ ရႈးဖိနပ္တို႔ကို ေနာက္ဘက္ခပ္လွမ္းလွမ္းတြင္ ထားလိုက္ၿပီးေနာက္ မိုးက်ေ႐ႊကိုယ္၏ ေျခအစုံအား သူကိုယ္တိုင္ ဒူးဆစ္ေအာက္ပိုင္းမွ ေရေလာင္းေပးလိုက္ေတာ့၏။

သတိမေပး ဘာမေပးႏွင့္မို႔ ျမတ္ဘုန္း၏ ခႏၶာကိုယ္က အနည္းငယ္ တြန္႔သြားသည္။

ထို႔ေၾကာင့္ သူရိန္မင္းထင္က ေမးလိုက္၏။

"ဘာလို႔လဲ၊ ေအးလို႔လား"

"မေအးဘူး၊ ႀကိဳမေျပာေတာ့ လန္႔သြားလို႔၊ ဘာလို႔ ေျခေထာက္ကို ေရေဆးတာလဲ၊ ငါ့ေျခေထာက္ေတြက သန္႔ပါတယ္"

"အပူစင္ေအာင္ ေဆးတာ၊ အက်ႌကိုေဆးရင္ ခႏၶာကိုယ္ကို ေရနည္းနည္းေတာ့ ထိမွာပဲ၊ အပူစင္ေအာင္ ႀကိဳလုပ္ထားတာက အႏၲရာယ္ကင္းတယ္"

သူရိန္က ထိုသို႔ဆိုၿပီးေနာက္ ျမတ္ဘုန္း၏ ဒူးဆစ္အထက္မွလည္း ေရဆက္ေလာင္းခ်သည္။ ျမတ္ဘုန္းလည္း ဆရာဝန္ကို ဆရာျပန္မလုပ္တတ္၍ ၿငိမ္ၿငိမ္ေလးသာ ေနေနမိ၏။

ထို႔ေနာက္ သူရိန္မင္းထင္ဟာ ျမတ္ဘုန္း၏ အက်ႌထက္မွ ေရခဲမုန္႔အစြန္းအထင္းတို႔ကို ေဆးေပးဖို႔ ျပင္သည္။

"ငါ အက်ႌခြၽတ္လိုက္ရမလား"

ျမတ္ဘုန္းက ေမးလိုက္ေတာ့ သူရိန္က ျဖတ္သြားျဖတ္လာရွိေနေသာ လူမ်ားကို တစ္ခ်က္ၾကည့္လိုက္ၿပီး...

"မခြၽတ္နဲ႔"

ထိုသို႔ဆိုၿပီးေနာက္ သူက ခါးၾကားမွ Snow towel ထုပ္ေလးကို ထုတ္ယူလိုက္၏။ ယင္းမွာ သူတို႔ ပို႔ေပးခဲ့ေသာ ကေလး၏ အေဆာင္အုပ္ခ်ဳပ္သူ ဆရာမထံမွ ေတာင္းလာခဲ့ျခင္း ျဖစ္သည္။

အိတ္အျဖဴေလးကို ဖြင့္လိုက္ေတာ့ ခပ္အီအီ ေမႊးရနံ႔က ထြက္ေပၚလာ၏။ အဆိုပါ ရနံ႔ကို ႏွစ္ေယာက္စလုံး သိပ္မႀကိဳက္သည္မို႔ ၿပိဳင္တူမ်က္ေမွာင္ၾကဳတ္မိၾကသည္။

"ေမာင္ ဘာလုပ္မလို႔လဲ"

"ဒါနဲ႔ ေပေနတာေတြကို သုတ္မလို႔"

"ဒါဆိုလည္း အနံ႔ေပ်ာက္ေအာင္ အရင္လုပ္၊ ငါ အဲဒီအနံ႔ မႀကိဳက္ဘူး"

"အခု လုပ္မလို႔၊ စကားမမ်ားနဲ႔"

စကားအဆုံး သူရိန္က ပဝါအေသးေလးကို အနံ႔ေပ်ာက္ေအာင္ ဆပ္ျပာႏွင့္ ေသခ်ာေလွ်ာ္လိုက္သည္။ အနံ႔က အလုံးစုံေပ်ာက္မသြားပါသည့္တိုင္ အေတာ္အတန္ ေပ်ာက္သြားခ်ိန္တြင္ေတာ့ အဆိုပါ ေရစိုပဝါေလးျဖင့္ ျမတ္ဘုန္း၏ အက်ႌထက္ စြန္းထင္းေနသည္တို႔ကို စိတ္ရွည္ရွည္ႏွင့္ သုတ္ေပးလိုက္ေတာ့၏။

"ေဘာင္းဘီမွာေရာ ေပေသးလား"

"နည္းနည္းေပတယ္ ထင္တယ္"

"မင္း ဘာသြားေျပာလိုက္လို႔ ကေလးက အဲဒီေလာက္ေတာင္ စိတ္တိုသြားတာလဲ"

"ေရခဲမုန္႔က မေကာင္းေတာ့တာကို ဆက္ကိုင္ထားဦးမလို႔လားလို႔ ေမးမိတာထင္တယ္၊ ေသခ်ာမမွတ္မိ ေတာ့ဘူး၊ ဒါေပမဲ့ သူက အစကတည္းက စိတ္တိုၿပီး ငိုေနတာပါ၊ ငါ့ေၾကာင့္ သီးသန္႔ မဟုတ္ဘူး"

ျမတ္ဘုန္း၏ အက်ႌကို ေသခ်ာၾကည့္ကာ သုတ္ေပးေနေသာ သူရိန္မင္းထင္၏ မ်က္ဝန္းတို႔ထဲ ​ရယ္ျမဴးရိပ္ အနည္းငယ္ ယွက္သန္းသြားၾကသည္။ ျမတ္ဘုန္းေခါင္တစ္ေယာက္က လုပ္လိုက္လွ်င္ ႐ိုက္ေပါက္ေတြခ်ည္းသာ ျဖစ္၏။

သန္႔စင္ေပးသူက စိတ္ရွည္လြန္းသည္မို႔ အက်ႌႏွင့္ ေဘာင္းဘီထက္မွ စြန္းထင္းရာမ်ား ေပ်ာက္လုနီးပါး ျဖစ္သြားၾကပါသည့္တိုင္ မစိုသင့္သည့္ ေနရာမ်ားကို လုံးဝ ေရမစိုပါေခ်။

"ေတာ္ေသးတာေပါ့၊ ေမာင္လုပ္ေပးလို႔၊ ငါ့ဘာသာဆို အက်ႌတစ္ထည္လုံး ေရစိုမယ္ထင္တယ္"

ျမတ္ဘုန္းက သူ႔အက်ႌသူ ငုံ႔ၾကည့္ကာ ေျပာလိုက္ၿပီးေနာက္ ခ်စ္ရသူအား ေမာ့ၾကည့္ကာ ရယ္ျပလိုက္သည္။ ထိုအခါ သူ၏ ခ်စ္စဖြယ္ေကာင္းေသာ သြားတက္ေလးမ်ားက ေပၚေပါက္လာၿပီး ကနဦး စိတ္ရႈပ္ေနဟန္ အမူအရာတို႔က ပကတိကင္းစင္ေနပါသည့္ႏွယ္။

ေန႔၏ အလင္းေရာင္ေအာက္ ျပစ္ခ်က္မရွိေသာ မ်က္ႏွာေလး။ အေၾကာင္းသိမထားသူဆိုလွ်င္ ဤသို႔ မ်က္ႏွာေလးအား ျမင္သည္ႏွင့္ အလိုလိုက္ခ်င္စိတ္တို႔ တဖြားဖြားေပၚလာေပလိမ့္မည္။

သို႔ေသာ္ သူရိန္မင္းထင္ကေတာ့ အေၾကာင္းသိထားသူမို႔ မ်က္ႏွာလႊဲလိုက္ၿပီး ေနာက္ဘက္ ခပ္လွမ္းလွမ္းတြင္ ထားထားေသာ ရႉးဖိနပ္တစ္စုံအား လွမ္းယူလိုက္သည္။ ထို႔ေနာက္ ေျခဗလာႏွင့္ ရပ္ေနသူေရွ႕ ခ်ေပးလိုက္ၿပီး ထပ္မံ၍ ဒူးတစ္ဖက္ႏွိမ့္ကာ ထိုင္ခ်လိုက္၏။

"ေမာင္ ဘာလုပ္ဦးမလို႔လဲ"

သူရိန္မင္းထင္ဟာ ဘာမွျပန္မေျပာဘဲ ခါးေနာက္တြင္ထိုးထားသည့္ ေလးေထာင့္ရွည္ရွည္ေခါက္ထားေသာ ပဝါေခါက္တစ္ခုအား ဆြဲထုတ္လိုက္ျပန္သည္။ အဆိုပါပဝါမွာ အမ်ိဳးသားသုံး အျဖဴေရာင္ခ်ည္သား လက္ကိုင္ပဝါ ျဖစ္၏။

အလုပ္လုပ္၍ ေခြၽးထြက္သည့္အခါ တစ္သွ်ဴးကိုသုံးလွ်င္ လႊင့္ပစ္ရမည့္ေနရာကို ရွာရမည္ျဖစ္ေသာေၾကာင့္ သူက ခ်ည္သားလက္ကိုင္ပဝါတို႔အား ဤသို႔ေဆာင္ထားတတ္သည္။ မ်ားေသာအားျဖင့္ေတာ့ မ်က္ႏွာကိုသာ သုတ္ျဖစ္ပါ၏။

သို႔ေပသည့္ ယခုတြင္ေတာ့ လက္ကိုင္ပဝါအျဖဴေလးဟာ ကံမေကာင္းလွစြာပင္ နန္းက်သြားရရွာၿပီး တစ္ေယာက္ေသာသူ၏ ေျခေတာ္ရင္း၌ သခင္ျဖစ္သူ၏ အလိုက် ဝပ္ဆင္းရေလသည္။

သူရိန္မင္းထင္သည္ ေရစိုေနေသာ ေျခေထာက္တစ္ဖက္ကို ပဝါႏွင့္ သုတ္ေပးၿပီးေနာက္ ေျခအိတ္ေသခ်ာျပန္စြပ္ေပးၿပီး ဖိနပ္ထဲသို႔ ထည့္ေပးလိုက္၏။ ေနာက္တစ္ဖက္ကိုလည္း ထိုသို႔ လုပ္ေပးၿပီးေနာက္ ဆိုလိုက္သည္။

"ႀကိဳးကို ကိုယ့္ဘာသာခ်ည္လိုက္"

စကားအဆုံး သူက လက္ကိုင္ပဝါအား နီးစပ္ရာ အမႈိက္ပုံးဆီသြားပစ္လိုက္ၿပီး ေရခ်ိဳးကန္နား ျပန္လာကာ လက္ကို ေသခ်ာေဆးလိုက္၏။

ျမတ္ဘုန္းေခါင္တစ္ေယာက္ အေၾကာင္သားေလး ဆက္ရပ္ေနမိစဥ္...

"သူရိန္! ျမတ္ဘုန္း! ကိုခ်မ္းက ေန႔လယ္စာစားၾကမယ္တဲ့! ျမန္ျမန္လာခဲ့ၾက!"

ပီတာက ခပ္လွမ္းလွမ္းမွ လွမ္းေအာ္ေျပာလာျခင္း။

ထိုအခါမွ ျမတ္ဘုန္းေခါင္လည္း အသိဝင္လာၿပီး ဖိနပ္တို႔ကို ႀကိဳးျမန္ျမန္ခ်ည္လိုက္ပါသလို သူရိန္မင္းထင္သည္လည္း လက္အား ခပ္သြက္သြက္ ေဆးလိုက္ေတာ့သည္။

***

To be continued...

ျမတ္ဘုန္းေခါင္ Team မ်ား - "သူရိန္မင္းထင္ကို သေဘာမက်ဘူး!!! ငါတို႔ကေလးေလးအေပၚ မေကာင္းဘူး!!! လူဆိုးေကာင္!!!

သူတို႔ကေလးေလး - "ေမာင့္ကို အသက္ထက္ပိုခ်စ္တယ္၊ ေမာင့္မ်က္ႏွာေလးကို အၿမဲေငးေနခ်င္တယ္၊ ေမာင့္ကိုယ္သင္းရနံ႔ကို ငါပဲရခ်င္တယ္..."

Gem's note - See you on Thursday. Thank you so much. 💚

Continue Reading

You'll Also Like

54.2K 3.4K 72
This story is about two royal families The Wilson's and the Richards ....The Taylors are not royalty but they are wealthy ....will she be able to mar...
77.6K 4K 50
Al aklım gibi hissimi...al çünkü özlüyorum🤍🥂
1.4M 107K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
4.3M 273K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...