General Xiao Is Ruining Me

Por Unika66

98.1K 5.8K 178

Zhanyi(ZSWW) S D - 6.7.2023 ED - 28.8.2023 Más

Intro
Part-2(Z)
Part-2(U)
🚨Noti🚨
Part-3(Z)
Part-3 (U)
Part-4
Part-5
Birthday Plan
Part 6
Part 7
Special
Part 8
Part-9
Part-10
Part 11
5.8.2023
Part-12
MY.New.Fic!!!
Part 13
Part-14
Part-15
Part-16
Noti
Part 17
Part-18
Part 19
MY Acc
Final

Part-1

4.9K 274 1
Por Unika66

နောင်တ

မြူ တွေအုံ့ဆိုင်းနေသောနေရာတစ်ခုတွင်

"ငါသေသွားပြီလား???"

ဝမ်ရိပေါ်ဟာမယုံကြည်နိုင်ခြင်းများစွာဖြင့်ငိုကြွေးမိလိုက်တယ် သစ္စာဖောက်တွေ သစ္စာဖောက်တွေကြောင့်
သူဒီလိုဖြစ်ရတာမချစ်သင့်တဲ့သူကိုချစ်မိလို့
မယုံကြည်သင့်တဲ့သူကိုယုံကြည်မိလို့ သူဘဝကမရှုမလှအဆုံးသတ်ရတာ
ဝမ်ရိပေါ်ဟာ WangGPရဲ့ဥက္ကဋ္ဌကြီး ဝမ်ရိုဟန်နဲ့ ဥက္ကဋ္ဌကတော် ရှောင်းချူးလန်တို့ရဲ့ အိမ်ထောက်သက်၂၀ကျော်မှာရရှိလာခဲ့တဲ့တစ်ဦးတည်း​သောက​လေး​လေးဖြစ်သလို
ကျန်းမာရေးချူချာတဲ့သားဦးလေးဖြစ်တာမို့လို့ ဥက္ကဋ္ဌကြီးတို့လင်မယားတင်မက တစ်အိမ်လုံးကဖူးဖူးမှုတ်ထားတဲ့အချစ်ခံသခင်လေးတစ်ပါး အဖြစ်ကြီးပြင်းလာရတယ် သူလိုချင်သမျှအရာအားလုံးမရခဲ့တာမရှိပါဘူး
ဥက္ကဋ္ဌကြီးတို့ကလက်ညိုးညွှန်ရာ
ရေဖြစ်စေခဲ့တယ်အရာရာအားလုံးကိုသူရခဲ့တယ် တစ်စုံတစ်ယောက်ကလွှဲလို့ပေါ့ ဝမ်ရိပေါ်အထက်တန်းကတည်းကလူတစ်ယောက်ကိုချစ်ခဲ့တယ် သူ့နာမည်ကပိုင်ရိဟန်...ပိုင်မိသားစုရဲ့သားတစ်ယောက်ပေါ့
လူအများစုကတော့သူ့ကိုပိုင်ဟန်လို့ပဲခေါ်ကြတယ်
ပိုင်ဟန်ဟာအရမ်းကိုတည်ကြည်ပြီးလူတွေကိုဂရုစိုက်ကူညီတက်တယ်
အထူးသဖြင့်သူ့ဂျူ နီယာလေးတြွေဖစ်တဲ့
ဝမ်ရိပေါ်နဲ့ချင်မော့ရန်ကိုပေါ့
ပိုင်ဟန်ကဝမ်ရိပေါ်ရဲ့ခံစားချက်ကိုအထက်တန်းကျောင်းကတည်းက သိခဲ့ပေမဲ့ တက္ကသိုလ်တက်တဲ့အချိန်ထိအောင်မသိချင်ယောင်ဆောင်နေခဲ့တယ်

တစ်နေ့မှာတော့ဝမ်ရိပေါ်ဟာအရာရာအားလုံးကိုစွန့်လွှတ်ပြီး သူချစ်ရတဲ့ပိုင်ဟန်ဆီကိုပြေးလာခဲ့တယ် ဒီရွေးချယ်မူ့ဟာ သူ့ကိုသေမင်းဆီအရောက်ပို့ပေးနိုင်တယ်ဆိုတာသိပေမဲ့လည်း သူရွေးချယ်ခဲ့တယ် မချစ်မနှစ်သက်တဲ့ဒုဗိုလ်ချု ပ်ရှောင်းကိုလက်ထပ်ပြီး ရွှေဘုံမှာစံနေရမဲ့အစား သူချစ်တဲ့စီနီယာပိုင်ဟန်ရဲ့လက်ကိုတွဲပြီး လောကဓံကိုရင်ဆိုင်ဖို့သာရွေးချယ်ခဲ့တယ် ဒါပေမဲ့သူရွေးချယ်မူ့တွေကမှားယွင်းခဲ့ကြောင်း ကုတင်ပေါ်မှာဝတ်လစ်စလစ်နဲ့လဲလျောင်းနေတဲ့
သူ့ချစ်ရသူပိုင်ဟန် နဲ့ သူ့အချစ်ဆုံးသူငယ်ချင်း ချင်မော့ရန် က သက်သေပြခဲ့တယ်

ပိုင်ဟန်ဟာ ချင်မော့ရန်ကို အနောက်ကနေထွေးပွေ့ထားရင်း
ကုတင်ထက်မှာလဲလျောင်းနေခဲ့တယ် ပိုင်ဟန်က မော့ရန်ကို အထိခိုက်မခံနိုင်တဲ့
ရတနာတစ်ပါးလိုယုယုယယလေးထွေးပွေ့ထားတာ

"ဟန်ကော...ကျွန်တော်ရိပေါ်ကိုကြောက်တယ်"

ထိုစကားကြား​တော့ပိုင်ဟန်ဟာမော့ရန်ကို
ထွေးပွေ့ထားရင်းအရှုးသဖွယ်ရီနေတယ်

"ကိုယ်ကရန်လေးဘာများဖြစ်နေတာလဲလို့စိုးရိမ်​နေတာ
လက်စသတ်တော့ရန်လေးကဟိုသေတော့မဲ့သခင်လေးကိုကြောက်နေတာကို"

"သေတော့မယ်....ဝမ်ရိပေါ်ကသေတော့မှာလား"

ပိုင်ဟန်ရဲ့စကားကြောင့်မော့ရန်ဟာအံ့သြပျော်ရွှင်သွားတယ်
နောက်ဆုံးတော့ဝမ်ရိပေါ်သေတော့မယ်တဲ့

"အင်းသေတော့မှာ ခုနကပဲကို့သူငယ်ချင်းတစ်ယောက်Messageပို့တယ် ဝမ်ရိပေါ်ကသူ့မင်္ဂလာဆောင်ကနေထွက်ပြေးသွားတယ်တဲ့"

"ထွက်ပြေးသွားတယ် ဒါဆိုသူဒီကိုရောက်လာတော့မှာပေါ့"

မော့ရန်ဟာပြောရင်းကုတင်ပေါ်ကနေထပြေးဖို့ကြံတယ်
သို့သော်စီနီယာပိုင်ရိဟန်ကသူ့ကိုပြန်ဆွဲလိုက်တယ်

"ဘာတွေကြောက်နေတာလဲဝမ်ရိပေါ်ဒီကိုရောက်မလာနိုင်ပါဘူး
ကိုသူ့ကိုMessageပို့ပြီးသွားပြီ ကိုဒီနိုင်ငံကနေထွက်သွားမယ်လို့"

"ဟင်...ဟန်ကောကထွက်သွားတော့မှာလား"

"ရှုးနေတာလား ကိုကမင်းလေးကိုထားပြီးဘယ်ကိုမှထွက်မသွားဘူး
ကိုကဒီအတိုင်းရိပေါ်သူ့လက်ထပ်ပွဲကိုသူကိုယ်တိုပြန်ဖျက်တာကိုလိုချင်ရုံပါ"

"မင်္ဂလာပွဲကိုဖျက်စေချင်တယ် အကိုသူ့အပေါ်မှာခံစားချက်တွေရှိနေတာလား???"

"ဘာတွေလျောက်တွေးနေတာလဲကွာ သူသာဒုဗိုလ်ချုပ်ရှောင်းကိုလက်ထပ်လိုက်ရင်
ကိုယ်နဲ့မင်လေးကရိပေါ်ခြေဖျားအောက်က
မြုမှုန်လေးတွေလောက်တောင်အဆင့်မရှိဘဲဖြစ်သွားလိမ့်မယ်..
အဲ့တာကြောင့်ကိုမင်္ဂလာပွဲကိုပျက်အောင်လုပ်လိုက်တာ
အခုတော့ကြည့်ဂုဏ်သိက္ခာကိုအသက်ထက်ပိုတန်ဖိုးထားတဲ့
ဒုဗိုလ်ချုပ်ရှောင်းကဝမ်ရိပေါ်ကိုရှာဖို့သူ့စစ်သားတွေကိုအမိန့်ပေးလိုက်ပြီ
ဝမ်ရိပေါ်ကိုတွေ့တာနဲ့တွေ့ရာသင်္ချိုင်းဓားမဆိုင်းစေဘဲမသေမချင်းသတ်ဖို့မှာနေပြီတဲ့
ဘယ်လောက်တောင်ပျော်စရာကောင်းလိုက်လဲတစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့....မဟုတ်သေးပါဘူးတစ်ချက်ခုတ်ရင်သုံးချက်ပြတ်မှာထင်တယ်"

ပိုင်ဟန်က​ပြောရင်း​မော့ရန်ကိုအွံဆွဲထဲကစာရွက်ကိုထုတ်ပြလာတယ်

"ဒီမှာကြည့်"

"ဒါက...ရှယ်ယာ..."

"ဟုတ်တယ်ဒါကဝမ်ရိပေါ်ကိုယ့်ကိုမွေးနေ့လက်ဆောင်အဖြစ်ပေးထားတဲ့Wang GPရဲ့ရှယ်ယာ ၅% ပဲ"

ဝမ်ရိ​ပေါ်က​ကြောင်အ​နေမိတယ်သူပေးထာတဲ့
WangGPရဲ့ရှယ်ယာ​တွေကို
ပိုင်ရိဟန်ကဘာလုပ်မလို့လဲဝမ်ရိပေါ်အဖြေမရနိုင်ခင်ဖြစ်နေချိန်မှာ ပိုင်ရိဟန်ကစကားစလာတယ်

"ဒုဗိုလ်ချုပ်ရှောင်းက ဒီလက်ထပ်ပွဲကို အရမ်းအလေးထားခဲ့တာ
သူကငယ်ငယ်လေးကတည်းကရိပေါ်ရဲ့သတို့သားအဖြစ်စိတ်ထဲမှာသံမှိုရိုက်ထားခဲ့တာ
အရာရှိအရာခံတွေကသူ့ကိုသမက်ဖမ်းဖို့ကြိုးစားရင်တောင်မှ
သူကသူ့မှာရိပေါ်ရှိပြီးသားဆိုပြီးငြင်းဆန်တက်တယ်
အခုရိပေါ်ရဲ့လုပ်ရက်ဟာဗိုလ်ချုပ်ရှောင်းနဲ့ဗိုလ်ချုပ်ရှောင်းရဲ့မိသားစုတွေကိုပါအရှက်ရစေလိမ့်မယ်
အဲ့တော့ဝမ်နဲ့ရှောင်းအကြားတင်းမာလာလိမ့်မယ်ဆိုတာမလွဲမ​သေဘဲ​လေရန်​လေးရဲ့
ဝမ်မိသားစုဘယ်လောက်သန်မာသန်မာနောက်ဆုံး​တော့ရှောင်းမိသားစုကပဲအနိုင်ရလိမ့်မယ် ဝမ်မိသားစုယိမ်းယိုင်လာတဲ့အမျှWangGPရှယ်ယာရှင်ဈေး​တွေကျလာလိမ့်မယ် ကိုယ့်မှာအခုWangGPရှယ်ယာ၁၃%စုထားတာရှိတယ်
ရိပေါ်ပေးထားတာနဲ့ထည့်ပေါင်းလိုက်ရင်၁၈%တောင်ရှိနေပြီ
ကိုနဲနဲလောက်ထပ်စုလိုက်မယ်ဆို Wang GP ကိုရလာတော့မယ်"

ဝမ်ရိပေါ်ခင်ဗျာသူနားသူမယုံနိုင်ဖြစ်သွားတယ်
ဒါကဘာစကားလဲ Wang Gp...Wang Gpတဲ့လား
သူအဖေကဒီGPကိုဘယ်လိုတည်ထောင်ထားတယ်ဆိုတာကိုသူအသိဆုံးလေ...မဖြစ်ဘူး...လုံးဝမဖြစ်ဘူး
အခန်းထဲကိုပြန်ကြည့်လိုက်တော့မော့ရန်ကပိုင်ရိဟန်ကို
အကိုကတော်လိုက်တာလို့ချီးမွမ်းပြောဆိုရင်းခွေးဇာတ်ခင်းဖို့လုပ်ကြသည်
သိပ်မကြာပါဘူး မော့ချန်ရဲ့ငြီးငြူသံတွေနဲ့ ပိုင်ရိဟန်ရဲ့​ကျေ​နပ်​နေတဲ့အသံ​တွေကိုကြားလိုက်ရတာပဲ

ဝမ်ရိပေါ်ဟာပိုင်အိမ်တော်ကနေအမြန်ပြေးထွက်လာခဲ့တယ်
သူလက်ထပ်ပွဲကိုပြန်သွားမြှဖစ်မယ် သူဒုဗိုလ်ချုပ်ကိုစိတ်ဆိုးစေလို့မဖြစ်ဘူး

ထိုအချိန် TTTဆိုတဲ့
အသံအကျယ်ကြီးကြားလိုက်ရတယ်
ထိုနောက် ဝမ်ရိပေါ်ရဲ့ခန္ဓာကိုယ်ဟာကားတစ်စီးနဲ့တိုက်မိသွားခဲ့တယ်

*ဒုန်း*

ဝမ်ရိပေါ်ဟာမြေပြင်ပေါ်မှာလဲလျောင်းနေတယ်
သူရဲ့အဖြူရောင်သတို့သားဝတ်စုံလေးမှာသွေးနီနီတွေအလှဆင်ခံလိုက်ရ​လေသည်
သူဟာနာကျင်မူ့ကြောင့်ငိုကြွေးခဲ့တယ် ဒီငိုကြွေးခြင်းဟာ
သူ့ဒဏ်ရာတွေကြောင့်လား...ဒါမှမဟုတ်....သူ့နောင်တတွေကြောင့်လား
ဘာကြောင်မှန်းမသိပေမဲ့သူကတော့အမြင်တွေဝေဝါးသွားတဲ့အထိငိုခဲ့တာ....
ထိုအချိန်စစ်ယူနီဖောင်းနဲ့စစ်သားတစ်ယောက်သူ့အနားကိုရောက်လာတယ်
ထိုလူရဲ့ရုပ်ရည်ကိုသူ​ကောင်း​ကောင်းမမြင်ရဘူး
သူငိုထားတာရုံတင်မကနာကျင်မူ့ကြောင့်လဲသူမျက်လုံးတွေကို
ဒီထက်ပိုပြီးမဖွင့်နိုင်တော့ဘူး
ထိုစစ်သားဟာသူ့​ရှေ့ကိုဒူး​ထောက်ထိုင်လိုက်တယ်
ထို့​နောက်ရိ​ပေါ်ပါးပြင်​ပေါ်ကမျက်ရည်စ​တွေကိုလက်နဲ့ခပ်ဖွဖွ​လေးသုတ်​ပေးတယ်
မကြာပါဘူးထိုစစ်သားထံကစကားသံကိုကြားလိုက်ရတယ်

"လက်ထပ်ပွဲကထွက်​ပြေးခဲ့တာကိုနောင်တရ​နေပြီလား ဝမ်ရိပေါ်"

ဝမ်ရိပေါ်ဟာခေါင်းကိုအသာလေးငြိမ့်ပြီးမျက်တောင်နှစ်ချက်လောက်ခတ်လိုက်ကာနောင်တရကြောင်းပြလိုက်တယ်

သူ့နာမည်ကိုသိနေတယ်ဆိုတော့ထိုစစ်သားကကြည့်ရတာသူ့ကိုရှာဖို့ဒုဗိုလ်ချု ပ်လွတ်လိုက်တဲ့
စစ်သားတွေကတစ်ယောက်ဖြစ်လိမ့်မယ်

ရုတ်တရက်ဆိုသလိုသူဟာထိုစစ်သားဆီက​ပွေ့ဖက်ခံလိုက်ရတယ်

ဝမ်ရိပေါ်ဟာထိုစစ်သားရဲ့ရင်ခွင်ထဲကနေထိုစစ်သားကိုမော့ကြည့်ပေမဲ့လှပတဲ့မေးရိုးတစ်ခုကိုသာမြင်လိုက်ရပေသည်

နာကျင်မူ့ကြောင့်ဝမ်ရိပေါ်ကထိုစစ်သားရဲ့ရင်ခွင်ထဲတိုးဝင်မိလိုက်တော့
ထိုစစ်သားရဲ့ရင်ဘတ်မှာ​တော့ပန်းပွင့်အနီရင်ထိုး​လေးရှိ​နေတာကိုမြင်လိုက်ရသည်

ဒါကလက်ထပ်ပွဲသင်္ကေတပဲ....ဒီစစ်သား...ဒီစစ်သားက...ဒုဗိုလ်ချုပ်ရှောင်းလား....??

ဝေခွဲမရပေမဲ့ သူနောက်ဆုံးအချိန်ကိုရောက်နေပြီးမှန်း
ဝမ်ရိပေါ်သိလိုက်တာကြောင့် သူ့နောက်ဆုံးကျန်တဲ့အားအင်လေးတွေနဲ့
ထိုစစ်သားကိုကြည့်ကာစကားတစ်ခွန်းပြောလိုက်တယ်

"တောင်းပန်ပါတယ်"

ဝမ်ရိပေါ်ရဲ့စကားဆုံးတော့ထိုစစ်သားကသူ့ကိုပိုတိုးလို့ဖက်လိုက်တယ်
ဝမ်ရိပေါ်ဟာလဲသူမျက်လုံးတွေကိုမှိတ်ပစ်လိုက်တယ်
သူသိတယ်သူ့အခြေအနေကို....
သူမသေချင်သေးဘူး သူ့မှာဆန္ဒတွေရှိနေသေးတယ်
သူကလဲ့စားချေချင်တယ်....သူ့အမှားတွေကိုပြင်ဆင်ချင်တယ်.....နောက်ပြီးဒုဗိုလ်ချုပ်ရှောင်းနဲ့လက်ထပ်ချင်သေးတယ်

******

နောင်တ (Zawgyi)


"ငါသေသွားပြီလား???"


















"ဒီမှာကြည့်"

"ဒါက...ရှယ်ယာ..."






ထိုအချိန် TTTဆိုတဲ့

*ဒုန်း*










"တောင်းပန်ပါတယ်"


*****

Seguir leyendo

También te gustarán

3.5K 244 80
vivan mills the daughter of regina met snow white back in the enchanted forest but can snow help vivan see the light?
14.2K 918 18
Yizhan ficပါ ညီမရေးတဲ့ဒုတ‌ယမြောက် ficပေါ့ အားပေးပါအုန်းနော် Date of writing_2.4.2022 end Date_16.7.2022
164K 17.5K 51
SidNaaz love tales! ✨ A compilation book of SidNaaz's different Love stories of different length and concepts 💜
15.2K 358 23
It all starts off with a partygoer and Partypooper becoming friends, and when the fun war starts, they separate. J (Partypooper) lives through the t...