Unicode
နောက်နေ့များတွင် အစ်ကိုနှင့် ဘယ်လိုရင်ဆိုင်ရမည်လဲ ဟူသော အတွေးများမှာ ပိုင်ခန့်ကို စိုးမိုးလျက်ရှိသည်။ မည်သည့်စိတ်ဖြင့် မျက်နှာချင်းဆိုင်ရမည်မှန်း မသိတော့။ ယခင်ကလို မခင်တော့ဘဲ ဆက်ဆံရေးမှာ အေးစက်သွားပြီလား၊ အခင်အမင် ပျက်သွားပြီလား၊ လမ်းတွေ့လျှင်ပင် ခေါ်ပါဦးမလား၊ ပိုင်ခန့်ဆီကို လာလည်ပါဦးမလား စသည်ဖြင့် အမေးသာရှိသော မေးခွန်းပေါင်းများစွာကို ပိုင်ခန့်တစ်ယောက်တည်း တွေးမိရင်း စိုးရိမ်ပူပင်လာသည်။
ပိုင်ခန့်မှာသာ အစ်ကိုနှင့်တွေ့လျှင် မည်ကဲ့သို့ ဆက်ဖြစ်မည်ကို စိုးရိမ်နေသော်လည်း ထိုနေ့မှစ၍ အစ်ကို့မျက်နှာကို မမြင်ရတော့ပေ။ ရက်အနည်းငယ်လောက်အထိ မတွေ့ရသည့်အချိန်တွင် ပုံမှန်အတိုင်း မအား၍ မတွေ့ဖြစ်ခြင်း ဟူ၍သာ တွေးလိုက်သော်လည်း နောက်မှသိလိုက်ရသည်မှာ အစ်ကို့ကို သူ၏ မိဘများသည် နိုင်ငံခြားသို့ ပို့လိုက်ပြီ ဖြစ်ကြောင်းပင်။ ထိုအကြောင်းကို သိရသည့်အချိန်၌ စိတ်မကောင်းဖြစ်မိသော်လည်း အတိတ်ဘဝက ရေစက်ပါလာ၍ ခဏတာ တွေ့ဆုံခဲ့ရခြင်း ဟူ၍သာ ဖြည့်တွေးလိုက်သည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပိုင်ခန့်၏ စိတ်ထဲတွင် မေ့မရသည့်အပြင် လွမ်းသောစိတ်နှင့် တစ်စတစ်စ ပိုမိုချစ်ခင်လာသော စိတ်တို့သာ တိုးပွားလာသည်။
နောက်ဆုံးတွင် ပိုင်ခန့်သည် လျစ်လျူရှုရန် ကြိုးစားကြည့်သော်လည်း မအောင်မြင်ခဲ့။ ပိုင်ခန့်သည် Gay ဖြစ်သောကြောင့် မိမိနှင့်မျိုးတူ ချောမောလှသော လူများကို ရှာဖွေကြည့်သည်။ သို့သော်လည်း အချစ်ဟူသော ခံစားချက်မျိုးဖြင့် ရင်ခုန်ခြင်းကို မကြုံရ။ ထို့အတူ ပိုင်ခန့်၏ အကြိုက်ဖြစ်သော ချစ်စရာကောင်းပြီး နာမည်ကြီးသည့် မိန်းကလေးများနှင့်လည်း စကားပြောကြည့်သည်။ မည်သို့မှပင် မခံစားရ။ ထိုသည်များကြောင့် ပိုင်ခန့်သည် ယခုအချိန်အထိ အစ်ကိုတစ်ယောက်တည်းကိုသာ ချစ်နေမိမှန်း သေချာသွားတော့သည်။
အစ်ကိုနှင့် မတွေ့ရသည့် အချိန်များမှာ ကြာလာသည်နှင့် ပိုင်ခန့်သည် နိစ္စဓူဝ ကိစ္စများကိုပင် စိတ်မရောက်နိုင်သည်အထိ အစ်ကို့အကြောင်းများကိုသာ တွေးမိနေခဲ့သည်။ ယခုအချိန်မှ သေချာသိလိုက်ရသည်မှာ အစ်ကိုသည် ပိုင်ခန့်ကို ထိုမျှလောက်အထိ စိုးမိုးထားနိုင်ခဲ့သည်ကိုပင်။ သို့သော်လည်း ပိုင်ခန့်သည် ကံကြမ္မာကို ယုံကြည်သည်။ တစ်နေ့နေ့ တစ်ချိန်ချိန်၌ အစ်ကိုနှင့် ပြန်လည်၍ တွေ့ကိုတွေ့ရလိမ့်မည်။
ထိုကဲ့သို့ စိတ်ထဲထားပြီး နေခဲ့သည်မှာ ၅ နှစ်ပင် ရှိပြီဖြစ်သည်။ ကြာလာတော့လည်း ကံကြမ္မာကို မယုံချင်တော့ပေ။ သို့သော်လည်း နှလုံးသားတစ်နေရာတွင်တော့ မင်းထက်မြင့်မြတ်ဆိုသော အစ်ကို့ကို ထုတ်ကြည့်၍ မရခဲ့ပါ။ ယခုအချိန်အထိ ကြုံဆုံခဲ့ရသော သူများကိုပင် တွဲကြည့်၍ မရတော့သည်အထိ အစ်ကိုက နေရာယူထားနိုင်သည်။
လွမ်းသော်လည်း၊ သတိမရသည့်နေ့ တစ်ရက်မှ မရှိသော်လည်း ပိုင်ခန့်တို့ နှစ်ယောက် နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့သောအခါ အစ်ကိုသည် ပိုင်ခန့်ကိုပင် မှတ်မိဦးမလား။ ပိုင်ခန့်ကသာ ယခုအချိန်အထိ မည်သူ့ကိုမှ ထပ်ချစ်၍ မရတော့သော်လည်း ပိုင်ခန့်ကို ချစ်သည်ဟူသော အစ်ကို၏ စကားမှာ ဆယ်ကျော်သက်အရွယ်တွင် ခဏတာ ဖြစ်ပေါ်လာခဲ့သော ခံစားချက်များ ဖြစ်နေခဲ့လျှင်၊ ထိုအတိုင်းသာဆိုလျှင် ပိုင်ခန့်ဘဝတစ်လျှောက်လုံး စိတ်ဆင်းရဲစွာ နေသွားရလိမ့်မည်။ ထို့အပြင် အစ်ကို့တွင် အလွန်ချစ်ရသော ရည်းစား ရှိနေခဲ့လျှင်၊ သို့မဟုတ် အိမ်ထောင်ပြုပြီး ကလေးများပါ ရှိနေခဲ့လျှင် ပိုင်ခန့် မည်သို့ လုပ်ရမည်နည်း။ အစ်ကို့ရုပ်ရည်နှင့်ဆို ရည်းစားမရဘဲ ရှိလောက်မည်မဟုတ်။
ထိုကဲ့သို့ မဟုတ်ဘဲ နောက်ထပ် ဘယ်သောအခါမှ ပြန်မတွေ့ကြတော့လျှင် ပိုင်ခန့် ရူးသွားလိမ့်မည်။ ယခုအတွေးများသည် ပိုင်ခန့် မတွေးဘဲနေလျှင်ပင် ခေါင်းထဲသို့ အမြဲတမ်းလိုလို ရောက်လာခဲ့သည်။ ပိုင်ခန့်သည် ကိုယ့်ကိုယ်ကိုယ် အတွေးများဖြင့် နှိပ်စက်နေသည့်အတွက် စိတ်ဆင်းရဲရလွန်း၍ ခန္ဓာကိုယ်မှာ အတော်ကိုပိန်သွားခဲ့သည်မှာ အာကာပင် သတိထားမိလာသည်အထိ ဖြစ်သည်။
မေးလွန်းအားကြီးသော အာကာကြောင့် ငြင်းမရတော့သည့် နောက်ဆုံးတွင် အမှန်အတိုင်းသာ ဝန်ခံလိုက်ရတော့သည်။ အစ်ကိုနှင့် ပိုင်ခန့်၏ အကြောင်းများအားလုံးကို ပြောပြပြီးသောအခါ အာကာ မည်ကဲ့သို့ တုံ့ပြန်မည်ကို စိုးရိမ်ခဲ့သော်လည်း ထင်ထားသည့်အတိုင်း ဖြစ်မနေခဲ့ပေ။
"ထင်တော့ထင်သားပဲ။ မင်းက မိန်းကလေးတွေကို စိတ်မဝင်စားဘူးလေ။ ဒါပေမဲ့ ယောက်ျားလေးတွေကိုလဲ စိတ်ဝင်စားတဲ့ ပုံစံမျိုး မပြတော့ ငါက မင်းကို မချစ်တတ်ဘူး ထင်နေတာ"
အာကာ၏ စကားကြောင့် ပိုင်ခန့် ရယ်လိုက်သည်။ တခြားသူများ၏ အမြင်တွင် ပိုင်ခန့်မှာ ထိုကဲ့သို့ မချစ်တတ်သောသူ ဖြစ်နေသောကြောင့် ရယ်ရခက် ငိုရခက်ပင်။ မချစ်တတ်ခြင်း မဟုတ်ဘဲနှင့် လူတစ်ယောက်ပေါ်တွင် အချစ်လွန်နေခြင်း ဖြစ်ကြောင်းကို အားလုံးသိအောင် အော်ပြောလိုက်ချင်ပါသည်။ ပိုင်ခန့်နှင့် ဝေးကွာသွားခဲ့ရသည်မှာ အလွန်ကြာပြီဖြစ်သော ထိုတစ်စုံတစ်ယောက်ကိုပါ သိစေချင်မိသည်။
"မချစ်တတ်တာ မဟုတ်ပါဘူး။ သူကလွဲလို့ ဘယ်သူ့ကိုမှ ချစ်ကြည့်လို့မရတာ"
အပိုစကားဟူ၍ပဲ ထင်ချင်ထင်ပါစေ၊ အမှန်တရားများ ဖြစ်နေသည့်အတွက်၊ ထို့အပြင် ပိုင်ခန့်၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်သော အာကာဖြစ်နေသောကြောင့်သာ ပိုင်ခန့်သည် ယခုစကားများကို ပြောရဲခြင်းမျိုး ဖြစ်သည်။
"ဒါပေမဲ့ ဝမ်းနည်းမိတယ်။ ၅ နှစ်တာ ကာလကြီးများတောင် ငါ့ကို ဖုံးကွယ်ထားလို့။ ငါက မင်းရဲ့ အချစ်ဆုံးသူငယ်ချင်း မဟုတ်သလိုမျိုး ခံစားရတယ်"
"ဟာ... မဟုတ်တာ။ ဖေဖေနဲ့ ပါပါးကို ဖွင့်ပြောပြီးရင် မင်းကို ပြောပြမလို့ပါကွာ။ အခုဒီကိစ္စကို ဘယ်သူ့ကိုမှလဲ မပြောရသေးဘူး"
ပိုင်ခန့်သည် ကိုယ့်ကိုယ်ကိုယ် သေချာသွားသည့် အချိန်တွင် ဖွင့်ပြောချင်သော်လည်း၊ ထိုကဲ့သို့ ဖွင့်ပြောရန် စဉ်းစားလိုက်သော်လည်း ကြောက်ပြီး မဝံ့မရဲ ဖြစ်သည့်အတိုင်း ခံစားရသောကြောင့် နောက်ဆုတ်ရင်း နောက်ဆုတ်ရင်းနှင့် ယခုအချိန်ထိ ကြာသွားခြင်းမျိုးဖြစ်သည်။
၅ နှစ်တာ ကာလအတွင်းတွင် ပိုင်ခန့်သည် မိမိ၏ ခံစားချက်များနှင့် လိင်စိတ်တိမ်းညွတ်မှုကို အတတ်နိုင်ဆုံး မျိုသိပ်ရန်သာ ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း ကြာလာသည်နှင့်အမျှ မျိုသိပ်ထားရသော ခံစားချက်များမှာ အားငယ်မှုနှင့် ပိုင်ခန့်ကို စိတ်ပင်ပန်းလာစေသည်။ တစ်စုံတစ်ခုကို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားသောကြောင့် တိုးပွားလာသော စိတ်ပင်ပန်းမှုနှင့် လူမသိစေရန် အရာရာကို ဆင်ခြင်စွာ နေရသည့်အတွက် စိတ်ကျရောဂါပင် ဖြစ်လုမတတ် ဖြစ်ခဲ့ရသည်။
"ဒီအတောအတွင်း မင်းတစ်ယောက်တည်း ရင်ဖွင့်စရာ လူမရှိနဲ့ ဘယ်လောက်တောင် ပင်ပန်းခဲ့ရမလဲ။ ဒါပေမဲ့ အခုတော့ ငါ မင်းကို အပြည့်အဝ နားလည်ပေးနိုင်တာမို့လို့ ငါ့ကို အချိန်မရွေး ရင်ဖွင့်လို့ရတယ်"
"ငါ တကယ်တော့ ကြောက်နေတာ။ မင်းကို ပြောလိုက်ရင် ငါ့ကိုများ ရွံသွားမလား ဆိုပြီးလေ။ ငါ...ငါ တကယ်ကြီး ကြောက်နေခဲ့တာ"
အာကာ့ကို တင်းကျပ်စွာ ဖက်ပြီး ပြောလိုက်သည်။ မျက်ရည်များလည်း စီးကျနေခဲ့သော်လည်း ထိုမျက်ရည်များသည် ဝမ်းသာပီတိဖြစ်၍ ကျခဲ့ခြင်း ဖြစ်သည်။
"လူအချင်းချင်း ချစ်တာပဲကွာ ဘာရွံစရာရှိလို့လဲ။ ဒါကိုမှ ရွံစရာလို့ ထင်နေတဲ့ သူတွေကသာ တကယ့်ကို ရွံစရာကောင်းတာ"
"ကျေးဇူးပါ အာကာရာ"
"မင်း စိတ်ထဲ နည်းနည်းလောက်ပဲဖြစ်ဖြစ် ပေါ့သွားရင်ကို ငါ ကျေနပ်ပါတယ်"
ယခုဆိုလျှင် ပိုင်ခန့်၏ လေးလံနေသော စိတ်များ တစ်ဝက်လောက် ပေါ့ပါးသွားခဲ့ပြီ ဖြစ်သည်။ မိမိကို နားလည်ပေးနိုင်သော တစ်စုံတစ်ယောက်ကို ရင်ဖွင့်လိုက်ရသည့် ခံစားချက်သည် အမှန်တကယ်ပင် ကောင်းမွန်ခြင်းမျိုး ဖြစ်သည်။ ထို့ကြောင့် မကြာခင်တွင် ဖေဖေနှင့် ပါပါးကို ဖွင့်ပြောလိုက်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ လူတိုင်းကို လိုက်ပြောနေခြင်းမျိုး မဟုတ်သော်လည်း ပိုင်ခန့်ကို နားလည်ပေးနိုင်သော၊ တန်ဖိုးထားရသော သူများကိုတော့ ဖွင့်ပြောရမည်။
>>>>><<<<<
ရက်သတ္တပတ်များစွာ ကုန်ဆုံးပြီး အာကာ၏ အလုပ်နားရက်နေ့ တစ်နေ့တွင် ပိုင်ခန့်တို့ နှစ်ယောက် အေးအေးဆေးဆေး တွေ့ရန် မြို့ထဲရှိ ကော်ဖီဆိုင် တစ်ခုတွင် ချိန်းဆိုလိုက်သည်။ နှစ်ယောက်လုံး အားလပ်သော နေ့များတွင် မကြာခဏ တွေ့ဆုံကြလေ့ ရှိသည်။ သို့သော်လည်း အချိန်အကြာကြီး မဟုတ်ဘဲ နာရီပိုင်းလောက်သာ ဖြစ်သည်။ပိုင်ခန့်တို့ သူငယ်ချင်းနှစ်ယောက်သည် ကော်ဖီသောက်ရင်းနှင့် ထွေရာလေးပါး စကားပြောနေကြသည်။
"ငါလေ မင်းတို့ကို တကယ် ကျေးဇူးတင်တယ်။ ငါ့ဘဝကို အခုလို ကောင်းကောင်းမွန်မွန် နေရတာ မင်းတို့ ကျေးဇူးကြောင့်ပဲ"
အာကာသည် ထိုစကားကို ပိုင်ခန့်နှင့်ဖြစ်စေ၊ ဖေဖေနှင့် ပါပါးတို့နှင့်ဖြစ်စေ တွေ့သည့်အချိန်တိုင်းတွင် မကြာခဏ ပြောလေ့ရှိသည်။
"အရင်ကဆို ပန်းရန်နောက်လိုက်တို့၊ မြက်စိုက်လိုက်တာတို့၊ ကျောက်သယ်တာတို့ အဲလိုမျိုး အလုပ်ကြမ်းပေါင်းစုံကို လုပ်ဖို့ မိုးမလင်းခင်ကတည်းက အလုပ်သွားပြီး ညမိုးချုပ်မှ ပြန်လာရတာ။ အခုလိုမျိုး အေးအေးဆေးဆေး နေဖို့ အချိန်တောင် မရှိခဲ့ဘူး"
အာကာသည် ထိုအချိန်များက အဖြစ်အပျက်များကို အပြုံးမပျက်ဘဲ ပြောနေသည်။ မိသားစုမှာ အလွန်ဆင်းရဲသောကြောင့် ငယ်ရွယ်စဉ် အချိန်ကတည်းက အပြင်အလုပ်များကို ပင်ပင်ပန်းပန်း လုပ်ခဲ့ရသည်။ အာကာသာ ချမ်းသာသော မိသားစုမှ ပေါက်ဖွားလာပါလျှင် ထိုကဲ့သို့ နေရမည် မဟုတ်ပေ။ ပိုက်ဆံ မရှိသော၊ ဆင်းရဲသော၊ တစ်နေ့လုပ်မှ တစ်နေ့စားရသော အခြေအနေကြောင့် အရွယ်နှင့် မလိုက်အောင် အလုပ် လုပ်ခဲ့ရသည်။
အာကာ ပြောဖူးသည်သော သူ၏ ခံယူချက်မှာ ပိုက်ဆံသည် သူ့အတွက် အရာရာဖြစ်ပြီး သူသည် ပိုက်ဆံကို အသက်ရှင်နေသမျှ ကာလပတ်လုံး တတ်နိုင်သလောက် ကြိုးစား၍ ရှာဖွေမည် ဟူ၍ ဖြစ်သည်။
"အခုဆိုရင်တော့ မင်းတို့ရဲ့ ထောက်ပံ့မှုကြောင့် ငါ ဒီလိုမျိုး ကောင်းကောင်းမွန်မွန် နေနိုင်တာ။ တအားလဲ စိတ်ချမ်းသာရတယ်"
"မင်းကိုယ်တိုင်က ကြိုးစားလို့လဲ အခုလို နေနိုင်တာပါ"
အာကာသည် အလွန်ပင် ဇွဲလုံ့လရှိသောသူ ဖြစ်သည်။ ပင်ကို ဉာဏ်ကောင်းသူ ဖြစ်ပြီး ထိုကဲ့သို့ အလွန်ကြိုးစားခဲ့သောကြောင့် ပိုင်ခန့်၏ အမြင်တွင် အာကာသည် အတုယူသင့်သောသူ ဖြစ်သည်။
"ပညာရေးဘက်မှာ ကြိုးစားရတာ အလုပ်ကြမ်း လုပ်ရတာလောက် မခက်လို့လဲ ပါတာပေါ့။ ငါ့စိတ်ထဲမှာ ငါသာ မကြိုးစားဘဲ အပျင်းကြီးနေမယ်ဆိုရင် ဟိုအရင်အချိန်တွေကလို ပြန်ဖြစ်သွားမှာ ဆိုတဲ့ အတွေးကို အမြဲတမ်း မှတ်ထားတယ်"
"အင်း။ မင်း အခုလို နေရဖို့အတွက် ထိုက်တန်ပါတယ်"
"ငါ့အတွက် ဦးထိန်ရယ် ပါပါးရယ် မင်းရယ်က ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရတဲ့သူတွေဖြစ်သလိုပဲ ပိုက်ဆံကလဲ ငါ့အတွက် အရာရာပဲ"
"မင်းရဲ့ ခံယူချက်ပေါ့။ ငါလဲ အဲတာကို ထောက်ခံပါတယ်။ အငယ်တုန်းကတော့ ပိုက်ဆံက အဲလောက် အရေးမကြီးဘူးလို့ ထင်ခဲ့ပေမဲ့ အသက်ကြီးလာတာနဲ့အမျှ ပိုက်ဆံက ဘယ်လောက်တောင် အသုံးဝင်လဲဆိုတာ သိလာရတယ်"
မည်သို့ပင် ခံယူထားပါစေ လူတိုင်းသည် ပိုက်ဆံကို ရှာဖွေနေရသည်။ အသက်ရှင်သန်နိုင်ရန် ပိုက်ဆံ လိုအပ်သည်။
"ဟုတ်တယ်။ နောက်ပြီး ပိုက်ဆံက အရာရာကို မဝယ်နိုင်ဘူးလို့ ပြောကြတယ်မလား။ ဥပမာ ကျန်းမာခြင်းတို့၊ မိသားစုတို့ ဘာတို့ပေါ့။ ငါ ပြောချင်တာက ကျန်းမာနေရင်ရော အရာရာကို ရပြီလား။ ကျန်းမာပြီး ပိုက်ဆံ မရှိရင်ရော၊ ပိုက်ဆံကို ရှာနေရတာပဲ မဟုတ်ဘူးလား။ မိသားစု စုံစုံလင်လင် ရှိရင်ရော အားလုံး အဆင်ပြေပြီလား။ ငါ အငယ်ကဆို မိသားစု အတူတူ ရှိတာပဲလေ။ ဒါပေမဲ့ ပိုက်ဆံမရှိတော့ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာပဲ။ အလုပ်လုပ်သလောက် ပိုက်ဆံမရတော့ မိဘတွေကလဲ စိတ်ညစ်ရပြီး နောက်ဆုံး အမေက ငါတို့ကို ထားခဲ့ပြီး ပိုက်ဆံရှိတဲ့သူရဲ့ နောက်ကို လိုက်သွားတာပဲ။ ငါ ကိုယ်တွေ့ ကြုံခဲ့ရတာမို့ သင်ခန်းစာ ရတယ်။ ဒါတွေက ပိုက်ဆံမရှိလို့ ဖြစ်ရတာတွေ"
အာကာပြောသည်မှာ အမှန်ပင်။ ပိုင်ခန့်တို့သည် ပိုက်ဆံကို သဲကြီးမဲကြီး ရှာဖွေနေသူများ မဟုတ်သော်လည်း ပိုက်ဆံ၏ အလွန်တရာ အရေးပါမှုများကိုတော့ ထောက်ခံသည်။
"လူတွေက တစ်နည်းမဟုတ် တစ်နည်းနဲ့ နေထိုင်စားသောက်ဖို့အတွက် ပိုက်ဆံကို ရှာနေရတာပဲ။ အဲတာကြောင့် တခြားအရာတွေကလဲ သူ့ဟာနဲ့သူ အရေးကြီးသလို ပိုက်ဆံကလဲ တော်တော်ကြီးကို အရေးကြီးတယ်"
ပိုင်ခန့်၏ အပြောကို အာကာသည် ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။ ထို့နောက် အဓိကပြောရမည့် အကြောင်းအရာကို ယခုမှ သတိရလာသည်။
"ပိုက်ဆံအကြောင်း ဆွေးနွေးနေတာနဲ့ပဲ ငါ မင်းကို ပြောစရာရှိတာ အခုမှ သတိရတော့တယ်"
အာကာသည် ကော်ဖီတစ်ငုံကို သောက်လိုက်ပြီး စကားစပြောရန် ဟန်ပြင်လိုက်သည်။
"ဒါကလေ ထူးဆန်းတာ။ တော်တော်ကြီးကို ထူးဆန်းတာ။ သိလား ပိုင်ခန့်"
"ဘာကလဲ"
"ငါပြောပြမယ်။ မင်း မရယ်နဲ့နော်"
"မရယ်ဘူး။ ပြော"
ပြောစရာရှ်ိသည်ကို မပြောသေးဘဲ မရယ်စေချင်သည့်အတွက် ဘယ်လောက်ပင် ရယ်စရာကောင်းနေ၍လည်း မသိ။ မရယ်နှင့်ဆိုမှ ပိုရယ်ချင်လာသည်။
"မင်း အိပ်မက်တွေကို ယုံလား"
"သေချာမသိတော့ ယုံတယ်လို့လဲ မဟုတ်ဘူး။ မယုံဘူးရယ်လို့လဲ မဟုတ်ဘူး"
စိတ်စွဲလန်းမှုကြောင့် မက်သော အိပ်မက်များကိုတော့ ပိုင်ခန့် မြင်မက်ဖူးသည်။ အိပ်မက်များအကြောင်းကို စိတ်မဝင်စားသောကြောင့် ပိုင်ခန့် မစုံစမ်းဖူး၍ သေချာမသိ။
"ငါ့အိပ်မက်ထဲမှာ ယောက်ျားလေးတစ်ယောက်ကို အမြဲတွေ့တယ်။ သူ့ကို အပြင်မှာ တစ်ခါမှ မတွေ့ဖူးဘူး"
"ဟင်"
ထူးဆန်သည်ဟူ၍လည်း ပိုင်ခန့် မထင်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ ကိစ္စမျိုးကို ပိုင်ခန့် မကြုံဖူးသော်လည်း လူတချို့တွင် ဖြစ်ဖူးသည်ဟု ထင်သည်။ ပါပါးပင်လျှင် ထိုကဲ့သို့ တစ်ခါမှ မတွေ့ဖူးသောသူ အိပ်မက်ထဲသို့ ပါလာသည့် အကြောင်းကို ပြောပြဖူးသည်။
"ထူးဆန်းလို့လား။ တစ်ချို့တွေ အဲလိုမျိုး ဖြစ်ဖူးပါတယ်"
"ဟာ... မတူဘူးလေကွာ။ ငါကျတော့ အိပ်မက်ထဲမှာ ဒီလူတစ်ယောက်တည်းက အမြဲတမ်း ပါလာတာ။ တစ်ခါလဲမဟုတ် နှစ်ခါလဲမဟုတ်နဲ့။ ညတုန်းကတောင် အိပ်မက်ထဲ သူ ရောက်လာသေးတယ်"
"မင်း ပြောပုံအရဆိုရင် ပုံမှန်တော့ မဟုတ်ဘူး။ ကိုယ့်ရဲ့ ဆန္ဒကြောင့် အိပ်မက်ထဲထိအောင် စွဲသွားလို့ မက်တာလို့ ပြောရအောင်ကလဲ မင်းက သူ့ကို အပြင်မှာ တစ်ခါမှ မတွေ့ဖူးဘူးဆိုတော့"
"အဲတာကြောင့် ငါလဲ တွေးမရတာ"
ထိုကိစ္စမှာ ရိုးရှင်းသယောင် ထင်ရသော်လည်း သေချာစဉ်းစားကြည့်လျှင် ထင်သလောက် မရိုးရှင်းပေ။
"ဒီလိုမျိုးမက်နေတာ ဘယ်လောက်ကြာပြီလဲ"
"စစချင်းတော့ ဖြစ်တတ်ပါတယ်ဆိုပြီး ထားလိုက်တာ။ ဒါပေမဲ့ အမြဲတမ်းကြီး သူက အိပ်မက်ထဲပါလာတော့ ထူးဆန်းလို့ဆိုပြီး ငါ နေ့ရက်တွေကို မှတ်ထားခဲ့သလောက်ကတော့ ၁ လ ကျော်ပြီ"
နဂိုတကည်းက သရဲကြောက်တတ်သော ပိုင်ခန့်မှာ အာကာ့ပြောစကားကြောင့် ကြောက်စိတ်ဝင်သွားပြီး သရဲတစ်ကောင်များ အာကာ့ကို ကပ်နေသည်လား ဆိုသည့် ထူးထူးဆန်းဆန်း အတွေးပင် ဝင်သွားမိသည်။
"မင်း အိပ်မက်ထဲ သူပါလာတာက တစ်ရက်မှ မပျက်ဘူးလား"
"အစပိုင်းတုန်းက ရက်ခြားတစ်ခါလောက်ပဲ ဆိုပေမဲ့ အခုနောက်ပိုင်း တစ်ရက်မှကို မပျက်တာ"
"ထူးဆန်းတယ်"
၁ လကျော် အချိန်ကာလအတွင်း တစ်ခါမှ မတွေ့ဖူးသော ထိုသူသည် အာကာ၏ အိပ်မက်ထဲသို့ ရောက်လာသည်မှာ အလွန်ပင် ထူးဆန်းလှသည်။
"မင်းရဲ့ အိပ်မက်က ရုပ်ရှင်တွေထဲကလို တစ်ခုတည်း၊ တစ်ပုံစံတည်းကိုပဲ မက်တာမျိုးလား"
"မဟုတ်ဘူး။ ပုံမှန်အတိုင်းပဲ။ ဒါကို သူက တစ်နေရာရာကနေ ပါလာတာမျိုး"
ထိုကဲ့သို့မျိုးဆိုလျှင်တော့ ပိုင်ခန့် ဘယ်လိုမှ မတွေးတတ်တော့။ အာကာ၏ ဖူးစာရှင်များလား၊ မကြာခင် ကြုံတွေ့ရတော့မည့် သူများလား၊ သို့မဟုတ် အတိတ်ဘဝက အကြောင်းကိစ္စ တစ်ခုခုများလား၊ ပိုင်ခန့် တွေးရင်းနှင့် ခေါင်းရှုပ်လာသည်။
"သူ့ပုံစံကို မင်းမှတ်မိလား"
"အေး။ ရုပ်ရည်က ယောက်ျားဆန်ပြီး ငါတို့ထက်တော့ နည်းနည်းအသက်ကြီးတဲ့ပုံ။ ဒါပေမဲ့ ခန့်ချောပုံစံမျိုး။ အရပ်ကလဲ တော်တော်ရှည်တယ်"
"မင်း ပြောပုံအရဆို သူ့ရဲ့ ပုံစံကတော့ တော်တော်မိုက်တာပဲ။ အိပ်မက်ထဲမှာ အမြဲတမ်း ပါလာနေတော့ တစ်ခုခုများလား။ မင်းနဲ့ တွေ့ကိုတွေ့ရမဲ့ သူမျိုးလေ။ ဒါမှမဟုတ်..."
"ဒါမှမဟုတ် ဘာလဲ"
"အတိတ်ဘဝက ဖူးစာရှင်များလား။ အဟမ်း!"
"ပိုင်ခန့်! မင်း! မဟုတ်တာတွေ လာပြောမနေနဲ့။ မဖြစ်နိုင်တာတွေ"
အလွန်ပင် ရှက်နေသော အာကာ၏ ပုံစံကို တစ်ခါမှ မမြင်ဖူးသဖြင့် ပိုင်ခန့် ထပ်စချင်မိသည်။ မဖြူလွန်း မညိုလွန်းသော ပုံမှန်အသားအရေကိုပင် တစ်မျက်နှာလုံး နီရဲသွားသည်မှာ သိသိသာသာ။
"မင်းပဲ စဉ်းစားကြည့်လေ။ ၁ လကျော် ကာလပတ်လုံး ဒီတစ်ယောက်က ပုံစံမျိုးစုံနဲ့ မင်းအိပ်မက်ထဲကို ရောက်လာတာ သွေးရိုးသားရိုးတော့ မဖြစ်နိုင်ဘူး"
"ငါက Gay မဟုတ်ဘူး။ လျှောက်ပြောမနေနဲ့!"
အာကာသည် ထိုကဲ့သို့ ပြောပြီး မျက်စိရှေ့ရှိ ကော်ဖီကို အရှက်ပြေ မော့သောက်လိုက်သည်။
"အိပ်မက်တွေကရော ဘယ်လိုမျိုးလဲ။ ရိုးသားရဲ့လား။ မင်းကို ထိတွေ့တာတွေ၊ ကိုင်တွယ်တာတွေမျိုးရော ရှိလား"
"..."
"အမယ်... မင်း ဒီလောက်တောင် ရှက်ပြနေကတည်းက ရိုးရိုးသားသားတော့ မဟုတ်လောက်မှန်း ငါ သိပါတယ်"
"ပိုင်ခန့်! တော်ပြီ။ မင်းကို ဘာမှဆက်မပြောတော့ဘူး"
"ဟားဟားဟား"
ထိုကဲ့သို့ ပြောသည်နှင့်ပင် ရှက်ပြီး ထွက်ပြေးသွားသော အာကာ့ကို ရယ်နေရုံမှအပ မတတ်နိုင်။ ယခုလောက်အထိ ရှက်နေမှတော့ ပိုင်ခန့်ပြောသွားသည်များထဲမှ အားလုံး မဟုတ်လျှင်ပင် အနည်းငယ်မှာ မှန်နေသည် ထင်သည်။ ထိုသူနှင့် အာကာတို့နှစ်ယောက် အပြင်တွင် တွေ့ဆုံရရန်အတွက် ပိုင်ခန့်၏ စိတ်ထဲတွင် ဆုတောင်းပေးလိုက်၍ ပြန်လာခဲ့လိုက်သည်။
Taxi ဖြင့် အပြန်တွင် ကားများ ပြည့်ကျပ်ပြီး လမ်းပိတ်နေသဖြင့် ဆက်သွား၍မရဘဲ ရပ်ထားလျက်သာ ရှိနေကြသည်။ ထို့ကြောင့် ပိုင်ခန့်လည်း ရောက်တတ်ရာရာကို လိုက်ကြည့်မိနေပြီး အတွေးများကို နယ်ချဲ့မိသည်။
တွေးတောရသည်မျိုးကို သဘောကျသော ပိုင်ခန့်သည် တစ်ခုခုဆိုလျှင် မတွေးဘဲ မနေနိုင်သဖြင့် ဦးနှောက်လေးကိုပင် သနားမိသည်။ သို့သော်လည်း ပတ်ဝန်းကျင်ကို ငေးမောရင်း တွေးတောနေလျှင် အလွန်စိတ်ချမ်းသာသည်။
ပိုင်ခန့်သည် လွန်ခဲ့သော ၅ နှစ်ကျော်က အဖြစ်အပျက်များကို ပြန်တွေးမိနေသည်။ လက်ရှိအချိန်အထိ အစ်ကို့အကြောင်းကို တစ်ရက်မှ မစဉ်းစားဘဲ မနေနိုင်ခဲ့ပေ။ လွမ်းသည်၊ တွေ့ချင်သည်၊ နေ့တိုင်း သတိရသည်။ ယခုအချိန် ပြန်တွေ့ကြလျှင် တစ်ခါလောက်ပင်ဖြစ်စေ အစ်ကို၏ ရင်ခွင်ကျယ်ကြီးထဲတွင် တင်းတင်းကျပ်ကျပ် ဖက်ထားပေးခြင်းမျိုးကို ပိုင်ခန့် ခံယူချင်သည်။ အစ်ကိုသည် တခြားနိုင်ငံတွင် အပြီးနေမည်ဆိုလျှင်ပင် ပိုင်ခန့်တို့၏ နိုင်ငံတွင် နေထိုင်ကြသော မိဘများဆီကိုတော့ လာလည်မည်မှာ အမှန်ပင်။ ကံမကုန်သေးလျှင်တော့ ပြန်ဆုံရဦးမည်မဟုတ် ပြန်လည် ဆုံတွေ့ကိုဆုံကြရမည်မှာ ပိုင်ခန့် ရဲရဲကြီး အာမခံနိုင်သည်။
အစ်ကို ထွက်သွားသည့်အချိန်၌ ပိုင်ခန့်မှာ အလွန်ဝမ်းနည်းမိသည်က တစ်ဖက်၊ အာကာ့ကို ကျောင်းဆက်တက်ရန် ပြောရသည်က တစ်ဖက်နှင့် ပိုင်ခန့် စိတ်အဆင်းရဲရဆုံး အချိန်အခါပင် ဖြစ်သည်။
အာကာ၏ အဖေသည် အမေဖြစ်သူကို အတော်ပင် ချစ်ခဲ့ပုံပေါ်သည်။ အာကာတို့ သားအဖကို ထား၍ အမေဖြစ်သူ ထွက်သွားသောအခါ အာကာ့အဖေသည် အရက်သမားလုံးလုံး ဖြစ်သွားခဲ့ရပြီး မကြာခင်မှာပင် မတော်တဆမှုကြောင့် အသက်ဆုံးသွားခဲ့ရသည်။
သစ္စာဖောက်သွားသော အမေနှင့် အမေ့ကြောင့် အရက်သမားဘဝသို့ ရောက်သွား၍ အသက်ဆုံးရှုံးသွားခဲ့ရသော အဖေဖြစ်သူ၊ ထိုကိစ္စများကို ခံစားခဲ့ရသော အာကာ့မှာ ရူးမတတ်ပင် ဖြစ်သွားသည်။ ဖေဖေနှင့် ပါပါးအပြင် ရပ်ကွက်ထဲရှိ လူကြီးတချို့ကြောင့်သာ အာကာ၏ စိတ်ပိုင်းဆိုင်ရာရော နေထိုင်စားသောက်ရေးပါ အဆင်ပြေခဲ့ခြင်းမျိုး ဖြစ်သည်။ ကျောင်းဆက်တက်ခဲ့ခြင်းသည်လည်း ပညာသင်ဆု ရခဲ့သည့်အပြင် ပိုင်ခန့်နှင့် ဝတ်ရည်တို့၏ တိုက်တွန်းမှု စကားများကြောင့်သာ ဖြစ်သည်။
ဝတ်ရည်အကြောင်း တွေးမိပြန်သောအခါ တစ်ဦးတည်းသော အရင်းနှီးဆုံး သူငယ်ချင်းမလေးကို သတိရမိသည်။ ပိုင်ခန့်သည် ဝတ်ရည်နှင့် ဆယ်တန်းဖြေပြီးကတည်းက အဆက်အသွယ်မရှိတော့ပေ။ ဘယ်ဆီကို ရောက်လို့ရောက်မှန်းလည်း မသိ၊ ပေးထားသော ဖုန်းနံပါတ်မှာလည်း တပ်ဆင်ထားခြင်း မရှိ စသည်ဖြင့် အဆက်အသွယ် ပြတ်သွားခဲ့သည်မှာ ယခုအချိန်အထိပင်။
ဖေဖေနှင့် ပါပါး၏ ထောက်ပံ့မှုအပြင် အာကာ၏ ကြိုးစားမှုတို့ကြောင့် အာကာသည် ဆယ်တန်းတွင် အမှတ်များများဖြင့် အောင်မြင်ခဲ့သည်။ ထိုသည်ပင် အပြင်အလုပ် လုပ်ရင်းနှင့် ဖြေဆိုခဲ့ခြင်းမျိုး ဖြစ်သည်။
အာကာ ဝါသနာပါသော တက္ကသိုလ်ကို တက်ရောက်နိုင်လျှင် ဘွဲ့ရသည်အထိ ထောက်ပံ့မည်ဖြစ်ကြောင်း ဖေဖေတို့၏ ပြောစကားကို အစပိုင်းတွင် အာကာလက်မခံခဲ့။ သို့သော်လည်း ဘွဲ့ရပြီးနောက် အလုပ်ရလျှင် ဖေဖေတို့ကို ကျေးဇူးပြန်ဆပ်၍ ရကြောင်း၊ အားနာလျှင် ယခင်ကထက်ပို၍သာ ကြိုးစားပြရမည်ဖြစ်ကြောင်း သေချာစွာပြောပြမှ နောက်ဆုံးတွင် လက်ခံခဲ့ခြင်းမျိုး ဖြစ်ပေသည်။
Aurora
>>>>><<<<<
Zawgyi
ေနာက္ေန႔မ်ားတြင္ အစ္ကိုႏွင့္ ဘယ္လိုရင္ဆိုင္ရမည္လဲ ဟူေသာ အေတြးမ်ားမွာ ပိုင္ခန႔္ကို စိုးမိုးလ်က္ရွိသည္။ မည္သည့္စိတ္ျဖင့္ မ်က္ႏွာခ်င္းဆိုင္ရမည္မွန္း မသိေတာ့။ ယခင္ကလို မခင္ေတာ့ဘဲ ဆက္ဆံေရးမွာ ေအးစက္သြားၿပီလား၊ အခင္အမင္ ပ်က္သြားၿပီလား၊ လမ္းေတြ႕လၽွင္ပင္ ေခၚပါဦးမလား၊ ပိုင္ခန႔္ဆီကို လာလည္ပါဦးမလား စသည္ျဖင့္ အေမးသာရွိေသာ ေမးခြန္းေပါင္းမ်ားစြာကို ပိုင္ခန႔္တစ္ေယာက္တည္း ေတြးမိရင္း စိုးရိမ္ပူပင္လာသည္။
ပိုင္ခန႔္မွာသာ အစ္ကိုႏွင့္ေတြ႕လၽွင္ မည္ကဲ့သို႔ ဆက္ျဖစ္မည္ကို စိုးရိမ္ေနေသာ္လည္း ထိုေန႔မွစ၍ အစ္ကို႔မ်က္ႏွာကို မျမင္ရေတာ့ေပ။ ရက္အနည္းငယ္ေလာက္အထိ မေတြ႕ရသည့္အခ်ိန္တြင္ ပုံမွန္အတိုင္း မအား၍ မေတြ႕ျဖစ္ျခင္း ဟူ၍သာ ေတြးလိုက္ေသာ္လည္း ေနာက္မွသိလိုက္ရသည္မွာ အစ္ကို႔ကို သူ၏ မိဘမ်ားသည္ နိုင္ငံျခားသို႔ ပို႔လိုက္ၿပီ ျဖစ္ေၾကာင္းပင္။ ထိုအေၾကာင္းကို သိရသည့္အခ်ိန္၌ စိတ္မေကာင္းျဖစ္မိေသာ္လည္း အတိတ္ဘဝက ေရစက္ပါလာ၍ ခဏတာ ေတြ႕ဆုံခဲ့ရျခင္း ဟူ၍သာ ျဖည့္ေတြးလိုက္သည္။ သို႔ေသာ္လည္း အခ်ိန္ၾကာလာသည္ႏွင့္အမၽွ ပိုင္ခန႔္၏ စိတ္ထဲတြင္ ေမ့မရသည့္အျပင္ လြမ္းေသာစိတ္ႏွင့္ တစ္စတစ္စ ပိုမိုခ်စ္ခင္လာေသာ စိတ္တို႔သာ တိုးပြားလာသည္။
ေနာက္ဆုံးတြင္ ပိုင္ခန႔္သည္ လ်စ္လ်ဴရွုရန္ ႀကိဳးစားၾကည့္ေသာ္လည္း မေအာင္ျမင္ခဲ့။ ပိုင္ခန႔္သည္ Gay ျဖစ္ေသာေၾကာင့္ မိမိႏွင့္မ်ိဳးတူ ေခ်ာေမာလွေသာ လူမ်ားကို ရွာေဖြၾကည့္သည္။ သို႔ေသာ္လည္း အခ်စ္ဟူေသာ ခံစားခ်က္မ်ိဳးျဖင့္ ရင္ခုန္ျခင္းကို မၾကဳံရ။ ထို႔အတူ ပိုင္ခန႔္၏ အႀကိဳက္ျဖစ္ေသာ ခ်စ္စရာေကာင္းၿပီး နာမည္ႀကီးသည့္ မိန္းကေလးမ်ားႏွင့္လည္း စကားေျပာၾကည့္သည္။ မည္သို႔မွပင္ မခံစားရ။ ထိုသည္မ်ားေၾကာင့္ ပိုင္ခန႔္သည္ ယခုအခ်ိန္အထိ အစ္ကိုတစ္ေယာက္တည္းကိုသာ ခ်စ္ေနမိမွန္း ေသခ်ာသြားေတာ့သည္။
အစ္ကိုႏွင့္ မေတြ႕ရသည့္ အခ်ိန္မ်ားမွာ ၾကာလာသည္ႏွင့္ ပိုင္ခန႔္သည္ နိစၥဓူဝ ကိစၥမ်ားကိုပင္ စိတ္မေရာက္နိုင္သည္အထိ အစ္ကို႔အေၾကာင္းမ်ားကိုသာ ေတြးမိေနခဲ့သည္။ ယခုအခ်ိန္မွ ေသခ်ာသိလိုက္ရသည္မွာ အစ္ကိုသည္ ပိုင္ခန႔္ကို ထိုမၽွေလာက္အထိ စိုးမိုးထားနိုင္ခဲ့သည္ကိုပင္။ သို႔ေသာ္လည္း ပိုင္ခန႔္သည္ ကံၾကမၼာကို ယုံၾကည္သည္။ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္၌ အစ္ကိုႏွင့္ ျပန္လည္၍ ေတြ႕ကိုေတြ႕ရလိမ့္မည္။
ထိုကဲ့သို႔ စိတ္ထဲထားၿပီး ေနခဲ့သည္မွာ ၅ ႏွစ္ပင္ ရွိၿပီျဖစ္သည္။ ၾကာလာေတာ့လည္း ကံၾကမၼာကို မယုံခ်င္ေတာ့ေပ။ သို႔ေသာ္လည္း ႏွလုံးသားတစ္ေနရာတြင္ေတာ့ မင္းထက္ျမင့္ျမတ္ဆိုေသာ အစ္ကို႔ကို ထုတ္ၾကည့္၍ မရခဲ့ပါ။ ယခုအခ်ိန္အထိ ၾကဳံဆုံခဲ့ရေသာ သူမ်ားကိုပင္ တြဲၾကည့္၍ မရေတာ့သည္အထိ အစ္ကိုက ေနရာယူထားနိုင္သည္။
လြမ္းေသာ္လည္း၊ သတိမရသည့္ေန႔ တစ္ရက္မွ မရွိေသာ္လည္း ပိုင္ခန႔္တို႔ ႏွစ္ေယာက္ ေနာက္တစ္ႀကိမ္ ျပန္လည္ဆုံေတြ႕ေသာအခါ အစ္ကိုသည္ ပိုင္ခန႔္ကိုပင္ မွတ္မိဦးမလား။ ပိုင္ခန႔္ကသာ ယခုအခ်ိန္အထိ မည္သူ႔ကိုမွ ထပ္ခ်စ္၍ မရေတာ့ေသာ္လည္း ပိုင္ခန႔္ကို ခ်စ္သည္ဟူေသာ အစ္ကို၏ စကားမွာ ဆယ္ေက်ာ္သက္အရြယ္တြင္ ခဏတာ ျဖစ္ေပၚလာခဲ့ေသာ ခံစားခ်က္မ်ား ျဖစ္ေနခဲ့လၽွင္၊ ထိုအတိုင္းသာဆိုလၽွင္ ပိုင္ခန႔္ဘဝတစ္ေလၽွာက္လုံး စိတ္ဆင္းရဲစြာ ေနသြားရလိမ့္မည္။ ထို႔အျပင္ အစ္ကို႔တြင္ အလြန္ခ်စ္ရေသာ ရည္းစား ရွိေနခဲ့လၽွင္၊ သို႔မဟုတ္ အိမ္ေထာင္ျပဳၿပီး ကေလးမ်ားပါ ရွိေနခဲ့လၽွင္ ပိုင္ခန္႔ မည္သို႔ လုပ္ရမည္နည္း။ အစ္ကို႔႐ုပ္ရည္ႏွင့္ဆို ရည္းစားမရဘဲ ရွိေလာက္မည္မဟုတ္။
ထိုကဲ့သို႔ မဟုတ္ဘဲ ေနာက္ထပ္ ဘယ္ေသာအခါမွ ျပန္မေတြ႕ၾကေတာ့လၽွင္ ပိုင္ခန႔္ ႐ူးသြားလိမ့္မည္။ ယခုအေတြးမ်ားသည္ ပိုင္ခန႔္ မေတြးဘဲေနလၽွင္ပင္ ေခါင္းထဲသို႔ အျမဲတမ္းလိုလို ေရာက္လာခဲ့သည္။ ပိုင္ခန႔္သည္ ကိုယ့္ကိုယ္ကိုယ္ အေတြးမ်ားျဖင့္ ႏွိပ္စက္ေနသည့္အတြက္ စိတ္ဆင္းရဲရလြန္း၍ ခႏၶာကိုယ္မွာ အေတာ္ကိုပိန္သြားခဲ့သည္မွာ အာကာပင္ သတိထားမိလာသည္အထိ ျဖစ္သည္။
ေမးလြန္းအားႀကီးေသာ အာကာေၾကာင့္ ျငင္းမရေတာ့သည့္ ေနာက္ဆုံးတြင္ အမွန္အတိုင္းသာ ဝန္ခံလိုက္ရေတာ့သည္။ အစ္ကိုႏွင့္ ပိုင္ခန႔္၏ အေၾကာင္းမ်ားအားလုံးကို ေျပာျပၿပီးေသာအခါ အာကာ မည္ကဲ့သို႔ တုံ႔ျပန္မည္ကို စိုးရိမ္ခဲ့ေသာ္လည္း ထင္ထားသည့္အတိုင္း ျဖစ္မေနခဲ့ေပ။
"ထင္ေတာ့ထင္သားပဲ။ မင္းက မိန္းကေလးေတြကို စိတ္မဝင္စားဘူးေလ။ ဒါေပမဲ့ ေယာက္်ားေလးေတြကိုလဲ စိတ္ဝင္စားတဲ့ ပုံစံမ်ိဳး မျပေတာ့ ငါက မင္းကို မခ်စ္တတ္ဘူး ထင္ေနတာ"
အာကာ၏ စကားေၾကာင့္ ပိုင္ခန႔္ ရယ္လိုက္သည္။ တျခားသူမ်ား၏ အျမင္တြင္ ပိုင္ခန႔္မွာ ထိုကဲ့သို႔ မခ်စ္တတ္ေသာသူ ျဖစ္ေနေသာေၾကာင့္ ရယ္ရခက္ ငိုရခက္ပင္။ မခ်စ္တတ္ျခင္း မဟုတ္ဘဲႏွင့္ လူတစ္ေယာက္ေပၚတြင္ အခ်စ္လြန္ေနျခင္း ျဖစ္ေၾကာင္းကို အားလုံးသိေအာင္ ေအာ္ေျပာလိုက္ခ်င္ပါသည္။ ပိုင္ခန႔္ႏွင့္ ေဝးကြာသြားခဲ့ရသည္မွာ အလြန္ၾကာၿပီျဖစ္ေသာ ထိုတစ္စုံတစ္ေယာက္ကိုပါ သိေစခ်င္မိသည္။
"မခ်စ္တတ္တာ မဟုတ္ပါဘူး။ သူကလြဲလို႔ ဘယ္သူ႔ကိုမွ ခ်စ္ၾကည့္လို႔မရတာ"
အပိုစကားဟူ၍ပဲ ထင္ခ်င္ထင္ပါေစ၊ အမွန္တရားမ်ား ျဖစ္ေနသည့္အတြက္၊ ထို႔အျပင္ ပိုင္ခန႔္၏ အခ်စ္ဆုံးသူငယ္ခ်င္း ျဖစ္ေသာ အာကာျဖစ္ေနေသာေၾကာင့္သာ ပိုင္ခန႔္သည္ ယခုစကားမ်ားကို ေျပာရဲျခင္းမ်ိဳး ျဖစ္သည္။
"ဒါေပမဲ့ ဝမ္းနည္းမိတယ္။ ၅ ႏွစ္တာ ကာလႀကီးမ်ားေတာင္ ငါ့ကို ဖုံးကြယ္ထားလို႔။ ငါက မင္းရဲ့ အခ်စ္ဆုံးသူငယ္ခ်င္း မဟုတ္သလိုမ်ိဳး ခံစားရတယ္"
"ဟာ... မဟုတ္တာ။ ေဖေဖနဲ႔ ပါပါးကို ဖြင့္ေျပာၿပီးရင္ မင္းကို ေျပာျပမလို႔ပါကြာ။ အခုဒီကိစၥကို ဘယ္သူ႔ကိုမွလဲ မေျပာရေသးဘူး"
ပိုင္ခန႔္သည္ ကိုယ့္ကိုယ္ကိုယ္ ေသခ်ာသြားသည့္ အခ်ိန္တြင္ ဖြင့္ေျပာခ်င္ေသာ္လည္း၊ ထိုကဲ့သို႔ ဖြင့္ေျပာရန္ စဥ္းစားလိုက္ေသာ္လည္း ေၾကာက္ၿပီး မဝံ့မရဲ ျဖစ္သည့္အတိုင္း ခံစားရေသာေၾကာင့္ ေနာက္ဆုတ္ရင္း ေနာက္ဆုတ္ရင္းႏွင့္ ယခုအခ်ိန္ထိ ၾကာသြားျခင္းမ်ိဳးျဖစ္သည္။
၅ ႏွစ္တာ ကာလအတြင္းတြင္ ပိုင္ခန႔္သည္ မိမိ၏ ခံစားခ်က္မ်ားႏွင့္ လိင္စိတ္တိမ္းညြတ္မွုကို အတတ္နိုင္ဆုံး မ်ိဳသိပ္ရန္သာ ဆုံးျဖတ္ခဲ့သည္။ သို႔ေသာ္လည္း ၾကာလာသည္ႏွင့္အမၽွ မ်ိဳသိပ္ထားရေသာ ခံစားခ်က္မ်ားမွာ အားငယ္မွုႏွင့္ ပိုင္ခန႔္ကို စိတ္ပင္ပန္းလာေစသည္။ တစ္စုံတစ္ခုကို ႏွစ္ေပါင္းမ်ားစြာ ဖုံးကြယ္ထားေသာေၾကာင့္ တိုးပြားလာေသာ စိတ္ပင္ပန္းမွုႏွင့္ လူမသိေစရန္ အရာရာကို ဆင္ျခင္စြာ ေနရသည့္အတြက္ စိတ္က်ေရာဂါပင္ ျဖစ္လုမတတ္ ျဖစ္ခဲ့ရသည္။
"ဒီအေတာအတြင္း မင္းတစ္ေယာက္တည္း ရင္ဖြင့္စရာ လူမရွိနဲ႔ ဘယ္ေလာက္ေတာင္ ပင္ပန္းခဲ့ရမလဲ။ ဒါေပမဲ့ အခုေတာ့ ငါ မင္းကို အျပည့္အဝ နားလည္ေပးနိုင္တာမို႔လို႔ ငါ့ကို အခ်ိန္မေရြး ရင္ဖြင့္လို႔ရတယ္"
"ငါ တကယ္ေတာ့ ေၾကာက္ေနတာ။ မင္းကို ေျပာလိုက္ရင္ ငါ့ကိုမ်ား ရြံသြားမလား ဆိုၿပီးေလ။ ငါ...ငါ တကယ္ႀကီး ေၾကာက္ေနခဲ့တာ"
အာကာ့ကို တင္းက်ပ္စြာ ဖက္ၿပီး ေျပာလိုက္သည္။ မ်က္ရည္မ်ားလည္း စီးက်ေနခဲ့ေသာ္လည္း ထိုမ်က္ရည္မ်ားသည္ ဝမ္းသာပီတိျဖစ္၍ က်ခဲ့ျခင္း ျဖစ္သည္။
"လူအခ်င္းခ်င္း ခ်စ္တာပဲကြာ ဘာရြံစရာရွိလို႔လဲ။ ဒါကိုမွ ရြံစရာလို႔ ထင္ေနတဲ့ သူေတြကသာ တကယ့္ကို ရြံစရာေကာင္းတာ"
"ေက်းဇူးပါ အာကာရာ"
"မင္း စိတ္ထဲ နည္းနည္းေလာက္ပဲျဖစ္ျဖစ္ ေပါ့သြားရင္ကို ငါ ေက်နပ္ပါတယ္"
ယခုဆိုလၽွင္ ပိုင္ခန႔္၏ ေလးလံေနေသာ စိတ္မ်ား တစ္ဝက္ေလာက္ ေပါ့ပါးသြားခဲ့ၿပီ ျဖစ္သည္။ မိမိကို နားလည္ေပးနိုင္ေသာ တစ္စုံတစ္ေယာက္ကို ရင္ဖြင့္လိုက္ရသည့္ ခံစားခ်က္သည္ အမွန္တကယ္ပင္ ေကာင္းမြန္ျခင္းမ်ိဳး ျဖစ္သည္။ ထို႔ေၾကာင့္ မၾကာခင္တြင္ ေဖေဖႏွင့္ ပါပါးကို ဖြင့္ေျပာလိုက္ရန္ ဆုံးျဖတ္ခ်က္ ခ်လိုက္သည္။ လူတိုင္းကို လိုက္ေျပာေနျခင္းမ်ိဳး မဟုတ္ေသာ္လည္း ပိုင္ခန႔္ကို နားလည္ေပးနိုင္ေသာ၊ တန္ဖိုးထားရေသာ သူမ်ားကိုေတာ့ ဖြင့္ေျပာရမည္။
>>>>><<<<<
ရက္သတၱပတ္မ်ားစြာ ကုန္ဆုံးၿပီး အာကာ၏ အလုပ္နားရက္ေန႔ တစ္ေန႔တြင္ ပိုင္ခန႔္တို႔ ႏွစ္ေယာက္ ေအးေအးေဆးေဆး ေတြ႕ရန္ ၿမိဳ႕ထဲရွိ ေကာ္ဖီဆိုင္ တစ္ခုတြင္ ခ်ိန္းဆိုလိုက္သည္။ ႏွစ္ေယာက္လုံး အားလပ္ေသာ ေန႔မ်ားတြင္ မၾကာခဏ ေတြ႕ဆုံၾကေလ့ ရွိသည္။ သို႔ေသာ္လည္း အခ်ိန္အၾကာႀကီး မဟုတ္ဘဲ နာရီပိုင္းေလာက္သာ ျဖစ္သည္။ပိုင္ခန္႔တို႔ သူငယ္ခ်င္းႏွစ္ေယာက္သည္ ေကာ္ဖီေသာက္ရင္းႏွင့္ ေထြရာေလးပါး စကားေျပာေနၾကသည္။
"ငါေလ မင္းတို႔ကို တကယ္ ေက်းဇူးတင္တယ္။ ငါ့ဘဝကို အခုလို ေကာင္းေကာင္းမြန္မြန္ ေနရတာ မင္းတို႔ ေက်းဇူးေၾကာင့္ပဲ"
အာကာသည္ ထိုစကားကို ပိုင္ခန႔္ႏွင့္ျဖစ္ေစ၊ ေဖေဖႏွင့္ ပါပါးတို႔ႏွင့္ျဖစ္ေစ ေတြ႕သည့္အခ်ိန္တိုင္းတြင္ မၾကာခဏ ေျပာေလ့ရွိသည္။
"အရင္ကဆို ပန္းရန္ေနာက္လိုက္တို႔၊ ျမက္စိုက္လိုက္တာတို႔၊ ေက်ာက္သယ္တာတို႔ အဲလိုမ်ိဳး အလုပ္ၾကမ္းေပါင္းစုံကို လုပ္ဖို႔ မိုးမလင္းခင္ကတည္းက အလုပ္သြားၿပီး ညမိုးခ်ဳပ္မွ ျပန္လာရတာ။ အခုလိုမ်ိဳး ေအးေအးေဆးေဆး ေနဖို႔ အခ်ိန္ေတာင္ မရွိခဲ့ဘူး"
အာကာသည္ ထိုအခ်ိန္မ်ားက အျဖစ္အပ်က္မ်ားကို အျပဳံးမပ်က္ဘဲ ေျပာေနသည္။ မိသားစုမွာ အလြန္ဆင္းရဲေသာေၾကာင့္ ငယ္ရြယ္စဥ္ အခ်ိန္ကတည္းက အျပင္အလုပ္မ်ားကို ပင္ပင္ပန္းပန္း လုပ္ခဲ့ရသည္။ အာကာသာ ခ်မ္းသာေသာ မိသားစုမွ ေပါက္ဖြားလာပါလၽွင္ ထိုကဲ့သို႔ ေနရမည္ မဟုတ္ေပ။ ပိုက္ဆံ မရွိေသာ၊ ဆင္းရဲေသာ၊ တစ္ေန႔လုပ္မွ တစ္ေန႔စားရေသာ အေျခအေနေၾကာင့္ အရြယ္ႏွင့္ မလိုက္ေအာင္ အလုပ္ လုပ္ခဲ့ရသည္။
အာကာ ေျပာဖူးသည္ေသာ သူ၏ ခံယူခ်က္မွာ ပိုက္ဆံသည္ သူ႔အတြက္ အရာရာျဖစ္ၿပီး သူသည္ ပိုက္ဆံကို အသက္ရွင္ေနသမၽွ ကာလပတ္လုံး တတ္နိုင္သေလာက္ ႀကိဳးစား၍ ရွာေဖြမည္ ဟူ၍ ျဖစ္သည္။
"အခုဆိုရင္ေတာ့ မင္းတို႔ရဲ့ ေထာက္ပံ့မွုေၾကာင့္ ငါ ဒီလိုမ်ိဳး ေကာင္းေကာင္းမြန္မြန္ ေနနိုင္တာ။ တအားလဲ စိတ္ခ်မ္းသာရတယ္"
"မင္းကိုယ္တိုင္က ႀကိဳးစားလို႔လဲ အခုလို ေနနိုင္တာပါ"
အာကာသည္ အလြန္ပင္ ဇြဲလုံ႔လရွိေသာသူ ျဖစ္သည္။ ပင္ကို ဉာဏ္ေကာင္းသူ ျဖစ္ၿပီး ထိုကဲ့သို႔ အလြန္ႀကိဳးစားခဲ့ေသာေၾကာင့္ ပိုင္ခန႔္၏ အျမင္တြင္ အာကာသည္ အတုယူသင့္ေသာသူ ျဖစ္သည္။
"ပညာေရးဘက္မွာ ႀကိဳးစားရတာ အလုပ္ၾကမ္း လုပ္ရတာေလာက္ မခက္လို႔လဲ ပါတာေပါ့။ ငါ့စိတ္ထဲမွာ ငါသာ မႀကိဳးစားဘဲ အပ်င္းႀကီးေနမယ္ဆိုရင္ ဟိုအရင္အခ်ိန္ေတြကလို ျပန္ျဖစ္သြားမွာ ဆိုတဲ့ အေတြးကို အျမဲတမ္း မွတ္ထားတယ္"
"အင္း။ မင္း အခုလို ေနရဖို႔အတြက္ ထိုက္တန္ပါတယ္"
"ငါ့အတြက္ ဦးထိန္ရယ္ ပါပါးရယ္ မင္းရယ္က ဘာနဲ႔မွ တန္ဖိုးျဖတ္လို႔ မရတဲ့သူေတြျဖစ္သလိုပဲ ပိုက္ဆံကလဲ ငါ့အတြက္ အရာရာပဲ"
"မင္းရဲ့ ခံယူခ်က္ေပါ့။ ငါလဲ အဲတာကို ေထာက္ခံပါတယ္။ အငယ္တုန္းကေတာ့ ပိုက္ဆံက အဲေလာက္ အေရးမႀကီးဘူးလို႔ ထင္ခဲ့ေပမဲ့ အသက္ႀကီးလာတာနဲ႔အမၽွ ပိုက္ဆံက ဘယ္ေလာက္ေတာင္ အသုံးဝင္လဲဆိုတာ သိလာရတယ္"
မည္သို႔ပင္ ခံယူထားပါေစ လူတိုင္းသည္ ပိုက္ဆံကို ရွာေဖြေနရသည္။ အသက္ရွင္သန္နိုင္ရန္ ပိုက္ဆံ လိုအပ္သည္။
"ဟုတ္တယ္။ ေနာက္ၿပီး ပိုက္ဆံက အရာရာကို မဝယ္နိုင္ဘူးလို႔ ေျပာၾကတယ္မလား။ ဥပမာ က်န္းမာျခင္းတို႔၊ မိသားစုတို႔ ဘာတို႔ေပါ့။ ငါ ေျပာခ်င္တာက က်န္းမာေနရင္ေရာ အရာရာကို ရၿပီလား။ က်န္းမာၿပီး ပိုက္ဆံ မရွိရင္ေရာ၊ ပိုက္ဆံကို ရွာေနရတာပဲ မဟုတ္ဘူးလား။ မိသားစု စုံစုံလင္လင္ ရွိရင္ေရာ အားလုံး အဆင္ေျပၿပီလား။ ငါ အငယ္ကဆို မိသားစု အတူတူ ရွိတာပဲေလ။ ဒါေပမဲ့ ပိုက္ဆံမရွိေတာ့ ပင္ပင္ပန္းပန္း အလုပ္လုပ္ရတာပဲ။ အလုပ္လုပ္သေလာက္ ပိုက္ဆံမရေတာ့ မိဘေတြကလဲ စိတ္ညစ္ရၿပီး ေနာက္ဆုံး အေမက ငါတို႔ကို ထားခဲ့ၿပီး ပိုက္ဆံရွိတဲ့သူရဲ့ ေနာက္ကို လိုက္သြားတာပဲ။ ငါ ကိုယ္ေတြ႕ ၾကဳံခဲ့ရတာမို႔ သင္ခန္းစာ ရတယ္။ ဒါေတြက ပိုက္ဆံမရွိလို႔ ျဖစ္ရတာေတြ"
အာကာေျပာသည္မွာ အမွန္ပင္။ ပိုင္ခန႔္တို႔သည္ ပိုက္ဆံကို သဲႀကီးမဲႀကီး ရွာေဖြေနသူမ်ား မဟုတ္ေသာ္လည္း ပိုက္ဆံ၏ အလြန္တရာ အေရးပါမွုမ်ားကိုေတာ့ ေထာက္ခံသည္။
"လူေတြက တစ္နည္းမဟုတ္ တစ္နည္းနဲ႔ ေနထိုင္စားေသာက္ဖို႔အတြက္ ပိုက္ဆံကို ရွာေနရတာပဲ။ အဲတာေၾကာင့္ တျခားအရာေတြကလဲ သူ႔ဟာနဲ႔သူ အေရးႀကီးသလို ပိုက္ဆံကလဲ ေတာ္ေတာ္ႀကီးကို အေရးႀကီးတယ္"
ပိုင္ခန႔္၏ အေျပာကို အာကာသည္ ေခါင္းညိတ္၍ ေထာက္ခံလိုက္သည္။ ထို႔ေနာက္ အဓိကေျပာရမည့္ အေၾကာင္းအရာကို ယခုမွ သတိရလာသည္။
"ပိုက္ဆံအေၾကာင္း ေဆြးေႏြးေနတာနဲ႔ပဲ ငါ မင္းကို ေျပာစရာရွိတာ အခုမွ သတိရေတာ့တယ္"
အာကာသည္ ေကာ္ဖီတစ္ငုံကို ေသာက္လိုက္ၿပီး စကားစေျပာရန္ ဟန္ျပင္လိုက္သည္။
"ဒါကေလ ထူးဆန္းတာ။ ေတာ္ေတာ္ႀကီးကို ထူးဆန္းတာ။ သိလား ပိုင္ခန႔္"
"ဘာကလဲ"
"ငါေျပာျပမယ္။ မင္း မရယ္နဲ႔ေနာ္"
"မရယ္ဘူး။ ေျပာ"
ေျပာစရာရွ္ိသည္ကို မေျပာေသးဘဲ မရယ္ေစခ်င္သည့္အတြက္ ဘယ္ေလာက္ပင္ ရယ္စရာေကာင္းေန၍လည္း မသိ။ မရယ္ႏွင့္ဆိုမွ ပိုရယ္ခ်င္လာသည္။
"မင္း အိပ္မက္ေတြကို ယုံလား"
"ေသခ်ာမသိေတာ့ ယုံတယ္လို႔လဲ မဟုတ္ဘူး။ မယုံဘူးရယ္လို႔လဲ မဟုတ္ဘူး"
စိတ္စြဲလန္းမွုေၾကာင့္ မက္ေသာ အိပ္မက္မ်ားကိုေတာ့ ပိုင္ခန႔္ ျမင္မက္ဖူးသည္။ အိပ္မက္မ်ားအေၾကာင္းကို စိတ္မဝင္စားေသာေၾကာင့္ ပိုင္ခန႔္ မစုံစမ္းဖူး၍ ေသခ်ာမသိ။
"ငါ့အိပ္မက္ထဲမွာ ေယာက္်ားေလးတစ္ေယာက္ကို အျမဲေတြ႕တယ္။ သူ႔ကို အျပင္မွာ တစ္ခါမွ မေတြ႕ဖူးဘူး"
"ဟင္"
ထူးဆန္သည္ဟူ၍လည္း ပိုင္ခန႔္ မထင္။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုကဲ့သို႔ ကိစၥမ်ိဳးကို ပိုင္ခန႔္ မၾကဳံဖူးေသာ္လည္း လူတခ်ိဳ႕တြင္ ျဖစ္ဖူးသည္ဟု ထင္သည္။ ပါပါးပင္လၽွင္ ထိုကဲ့သို႔ တစ္ခါမွ မေတြ႕ဖူးေသာသူ အိပ္မက္ထဲသို႔ ပါလာသည့္ အေၾကာင္းကို ေျပာျပဖူးသည္။
"ထူးဆန္းလို႔လား။ တစ္ခ်ိဳ႕ေတြ အဲလိုမ်ိဳး ျဖစ္ဖူးပါတယ္"
"ဟာ... မတူဘူးေလကြာ။ ငါက်ေတာ့ အိပ္မက္ထဲမွာ ဒီလူတစ္ေယာက္တည္းက အျမဲတမ္း ပါလာတာ။ တစ္ခါလဲမဟုတ္ ႏွစ္ခါလဲမဟုတ္နဲ႔။ ညတုန္းကေတာင္ အိပ္မက္ထဲ သူ ေရာက္လာေသးတယ္"
"မင္း ေျပာပုံအရဆိုရင္ ပုံမွန္ေတာ့ မဟုတ္ဘူး။ ကိုယ့္ရဲ့ ဆႏၵေၾကာင့္ အိပ္မက္ထဲထိေအာင္ စြဲသြားလို႔ မက္တာလို႔ ေျပာရေအာင္ကလဲ မင္းက သူ႔ကို အျပင္မွာ တစ္ခါမွ မေတြ႕ဖူးဘူးဆိုေတာ့"
"အဲတာေၾကာင့္ ငါလဲ ေတြးမရတာ"
ထိုကိစၥမွာ ရိုးရွင္းသေယာင္ ထင္ရေသာ္လည္း ေသခ်ာစဥ္းစားၾကည့္လၽွင္ ထင္သေလာက္ မရိုးရွင္းေပ။
"ဒီလိုမ်ိဳးမက္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ"
"စစခ်င္းေတာ့ ျဖစ္တတ္ပါတယ္ဆိုၿပီး ထားလိုက္တာ။ ဒါေပမဲ့ အျမဲတမ္းႀကီး သူက အိပ္မက္ထဲပါလာေတာ့ ထူးဆန္းလို႔ဆိုၿပီး ငါ ေန႔ရက္ေတြကို မွတ္ထားခဲ့သေလာက္ကေတာ့ ၁ လ ေက်ာ္ၿပီ"
နဂိုတကည္းက သရဲေၾကာက္တတ္ေသာ ပိုင္ခန႔္မွာ အာကာ့ေျပာစကားေၾကာင့္ ေၾကာက္စိတ္ဝင္သြားၿပီး သရဲတစ္ေကာင္မ်ား အာကာ့ကို ကပ္ေနသည္လား ဆိုသည့္ ထူးထူးဆန္းဆန္း အေတြးပင္ ဝင္သြားမိသည္။
"မင္း အိပ္မက္ထဲ သူပါလာတာက တစ္ရက္မွ မပ်က္ဘူးလား"
"အစပိုင္းတုန္းက ရက္ျခားတစ္ခါေလာက္ပဲ ဆိုေပမဲ့ အခုေနာက္ပိုင္း တစ္ရက္မွကို မပ်က္တာ"
"ထူးဆန္းတယ္"
၁ လေက်ာ္ အခ်ိန္ကာလအတြင္း တစ္ခါမွ မေတြ႕ဖူးေသာ ထိုသူသည္ အာကာ၏ အိပ္မက္ထဲသို႔ ေရာက္လာသည္မွာ အလြန္ပင္ ထူးဆန္းလွသည္။
"မင္းရဲ့ အိပ္မက္က ႐ုပ္ရွင္ေတြထဲကလို တစ္ခုတည္း၊ တစ္ပုံစံတည္းကိုပဲ မက္တာမ်ိဳးလား"
"မဟုတ္ဘူး။ ပုံမွန္အတိုင္းပဲ။ ဒါကို သူက တစ္ေနရာရာကေန ပါလာတာမ်ိဳး"
ထိုကဲ့သို႔မ်ိဳးဆိုလၽွင္ေတာ့ ပိုင္ခန႔္ ဘယ္လိုမွ မေတြးတတ္ေတာ့။ အာကာ၏ ဖူးစာရွင္မ်ားလား၊ မၾကာခင္ ၾကဳံေတြ႕ရေတာ့မည့္ သူမ်ားလား၊ သို႔မဟုတ္ အတိတ္ဘဝက အေၾကာင္းကိစၥ တစ္ခုခုမ်ားလား၊ ပိုင္ခန႔္ ေတြးရင္းႏွင့္ ေခါင္းရွုပ္လာသည္။
"သူ႔ပုံစံကို မင္းမွတ္မိလား"
"ေအး။ ႐ုပ္ရည္က ေယာက္်ားဆန္ၿပီး ငါတို႔ထက္ေတာ့ နည္းနည္းအသက္ႀကီးတဲ့ပုံ။ ဒါေပမဲ့ ခန႔္ေခ်ာပုံစံမ်ိဳး။ အရပ္ကလဲ ေတာ္ေတာ္ရွည္တယ္"
"မင္း ေျပာပုံအရဆို သူ႔ရဲ့ ပုံစံကေတာ့ ေတာ္ေတာ္မိုက္တာပဲ။ အိပ္မက္ထဲမွာ အျမဲတမ္း ပါလာေနေတာ့ တစ္ခုခုမ်ားလား။ မင္းနဲ႔ ေတြ႕ကိုေတြ႕ရမဲ့ သူမ်ိဳးေလ။ ဒါမွမဟုတ္..."
"ဒါမွမဟုတ္ ဘာလဲ"
"အတိတ္ဘဝက ဖူးစာရွင္မ်ားလား။ အဟမ္း!"
"ပိုင္ခန႔္! မင္း! မဟုတ္တာေတြ လာေျပာမေနနဲ႔။ မျဖစ္နိုင္တာေတြ"
အလြန္ပင္ ရွက္ေနေသာ အာကာ၏ ပုံစံကို တစ္ခါမွ မျမင္ဖူးသျဖင့္ ပိုင္ခန႔္ ထပ္စခ်င္မိသည္။ မျဖဴလြန္း မညိဳလြန္းေသာ ပုံမွန္အသားအေရကိုပင္ တစ္မ်က္ႏွာလုံး နီရဲသြားသည္မွာ သိသိသာသာ။
"မင္းပဲ စဥ္းစားၾကည့္ေလ။ ၁ လေက်ာ္ ကာလပတ္လုံး ဒီတစ္ေယာက္က ပုံစံမ်ိဳးစုံနဲ႔ မင္းအိပ္မက္ထဲကို ေရာက္လာတာ ေသြးရိုးသားရိုးေတာ့ မျဖစ္နိုင္ဘူး"
"ငါက Gay မဟုတ္ဘူး။ ေလၽွာက္ေျပာမေနနဲ႔!"
အာကာသည္ ထိုကဲ့သို႔ ေျပာၿပီး မ်က္စိေရွ႕ရွိ ေကာ္ဖီကို အရွက္ေၿပ ေမာ့ေသာက္လိုက္သည္။
"အိပ္မက္ေတြကေရာ ဘယ္လိုမ်ိဳးလဲ။ ရိုးသားရဲ့လား။ မင္းကို ထိေတြ႕တာေတြ၊ ကိုင္တြယ္တာေတြမ်ိဳးေရာ ရွိလား"
"..."
"အမယ္... မင္း ဒီေလာက္ေတာင္ ရွက္ျပေနကတည္းက ရိုးရိုးသားသားေတာ့ မဟုတ္ေလာက္မွန္း ငါ သိပါတယ္"
"ပိုင္ခန႔္! ေတာ္ၿပီ။ မင္းကို ဘာမွဆက္မေျပာေတာ့ဘူး"
"ဟားဟားဟား"
ထိုကဲ့သို႔ ေျပာသည္ႏွင့္ပင္ ရွက္ၿပီး ထြက္ေျပးသြားေသာ အာကာ့ကို ရယ္ေန႐ုံမွအပ မတတ္နိုင္။ ယခုေလာက္အထိ ရွက္ေနမွေတာ့ ပိုင္ခန႔္ေျပာသြားသည္မ်ားထဲမွ အားလုံး မဟုတ္လၽွင္ပင္ အနည္းငယ္မွာ မွန္ေနသည္ ထင္သည္။ ထိုသူႏွင့္ အာကာတို႔ႏွစ္ေယာက္ အျပင္တြင္ ေတြ႕ဆုံရရန္အတြက္ ပိုင္ခန္႔၏ စိတ္ထဲတြင္ ဆုေတာင္းေပးလိုက္၍ ျပန္လာခဲ့လိုက္သည္။
Taxi ျဖင့္ အျပန္တြင္ ကားမ်ား ျပည့္က်ပ္ၿပီး လမ္းပိတ္ေနသျဖင့္ ဆက္သြား၍မရဘဲ ရပ္ထားလ်က္သာ ရွိေနၾကသည္။ ထို႔ေၾကာင့္ ပိုင္ခန႔္လည္း ေရာက္တတ္ရာရာကို လိုက္ၾကည့္မိေနၿပီး အေတြးမ်ားကို နယ္ခ်ဲ႕မိသည္။
ေတြးေတာရသည္မ်ိဳးကို သေဘာက်ေသာ ပိုင္ခန႔္သည္ တစ္ခုခုဆိုလၽွင္ မေတြးဘဲ မေနနိုင္သျဖင့္ ဦးေႏွာက္ေလးကိုပင္ သနားမိသည္။ သို႔ေသာ္လည္း ပတ္ဝန္းက်င္ကို ေငးေမာရင္း ေတြးေတာေနလၽွင္ အလြန္စိတ္ခ်မ္းသာသည္။
ပိုင္ခန႔္သည္ လြန္ခဲ့ေသာ ၅ ႏွစ္ေက်ာ္က အျဖစ္အပ်က္မ်ားကို ျပန္ေတြးမိေနသည္။ လက္ရွိအခ်ိန္အထိ အစ္ကို႔အေၾကာင္းကို တစ္ရက္မွ မစဥ္းစားဘဲ မေနနိုင္ခဲ့ေပ။ လြမ္းသည္၊ ေတြ႕ခ်င္သည္၊ ေန႔တိုင္း သတိရသည္။ ယခုအခ်ိန္ ျပန္ေတြ႕ၾကလၽွင္ တစ္ခါေလာက္ပင္ျဖစ္ေစ အစ္ကို၏ ရင္ခြင္က်ယ္ႀကီးထဲတြင္ တင္းတင္းက်ပ္က်ပ္ ဖက္ထားေပးျခင္းမ်ိဳးကို ပိုင္ခန႔္ ခံယူခ်င္သည္။ အစ္ကိုသည္ တျခားနိုင္ငံတြင္ အၿပီးေနမည္ဆိုလၽွင္ပင္ ပိုင္ခန္႔တို႔၏ နိုင္ငံတြင္ ေနထိုင္ၾကေသာ မိဘမ်ားဆီကိုေတာ့ လာလည္မည္မွာ အမွန္ပင္။ ကံမကုန္ေသးလၽွင္ေတာ့ ျပန္ဆုံရဦးမည္မဟုတ္ ျပန္လည္ ဆုံေတြ႕ကိုဆုံၾကရမည္မွာ ပိုင္ခန႔္ ရဲရဲႀကီး အာမခံနိုင္သည္။
အစ္ကို ထြက္သြားသည့္အခ်ိန္၌ ပိုင္ခန႔္မွာ အလြန္ဝမ္းနည္းမိသည္က တစ္ဖက္၊ အာကာ့ကို ေက်ာင္းဆက္တက္ရန္ ေျပာရသည္က တစ္ဖက္ႏွင့္ ပိုင္ခန႔္ စိတ္အဆင္းရဲရဆုံး အခ်ိန္အခါပင္ ျဖစ္သည္။
အာကာ၏ အေဖသည္ အေမျဖစ္သူကို အေတာ္ပင္ ခ်စ္ခဲ့ပုံေပၚသည္။ အာကာတို႔ သားအဖကို ထား၍ အေမျဖစ္သူ ထြက္သြားေသာအခါ အာကာ့အေဖသည္ အရက္သမားလုံးလုံး ျဖစ္သြားခဲ့ရၿပီး မၾကာခင္မွာပင္ မေတာ္တဆမွုေၾကာင့္ အသက္ဆုံးသြားခဲ့ရသည္။
သစၥာေဖာက္သြားေသာ အေမႏွင့္ အေမ့ေၾကာင့္ အရက္သမားဘဝသို႔ ေရာက္သြား၍ အသက္ဆုံးရွုံးသြားခဲ့ရေသာ အေဖျဖစ္သူ၊ ထိုကိစၥမ်ားကို ခံစားခဲ့ရေသာ အာကာ့မွာ ႐ူးမတတ္ပင္ ျဖစ္သြားသည္။ ေဖေဖႏွင့္ ပါပါးအျပင္ ရပ္ကြက္ထဲရွိ လူႀကီးတခ်ိဳ႕ေၾကာင့္သာ အာကာ၏ စိတ္ပိုင္းဆိုင္ရာေရာ ေနထိုင္စားေသာက္ေရးပါ အဆင္ေျပခဲ့ျခင္းမ်ိဳး ျဖစ္သည္။ ေက်ာင္းဆက္တက္ခဲ့ျခင္းသည္လည္း ပညာသင္ဆု ရခဲ့သည့္အျပင္ ပိုင္ခန႔္ႏွင့္ ဝတ္ရည္တို႔၏ တိုက္တြန္းမွု စကားမ်ားေၾကာင့္သာ ျဖစ္သည္။
ဝတ္ရည္အေၾကာင္း ေတြးမိျပန္ေသာအခါ တစ္ဦးတည္းေသာ အရင္းႏွီးဆုံး သူငယ္ခ်င္းမေလးကို သတိရမိသည္။ ပိုင္ခန႔္သည္ ဝတ္ရည္ႏွင့္ ဆယ္တန္းေျဖၿပီးကတည္းက အဆက္အသြယ္မရွိေတာ့ေပ။ ဘယ္ဆီကို ေရာက္လို႔ေရာက္မွန္းလည္း မသိ၊ ေပးထားေသာ ဖုန္းနံပါတ္မွာလည္း တပ္ဆင္ထားျခင္း မရွိ စသည္ျဖင့္ အဆက္အသြယ္ ျပတ္သြားခဲ့သည္မွာ ယခုအခ်ိန္အထိပင္။
ေဖေဖႏွင့္ ပါပါး၏ ေထာက္ပံ့မွုအျပင္ အာကာ၏ ႀကိဳးစားမွုတို႔ေၾကာင့္ အာကာသည္ ဆယ္တန္းတြင္ အမွတ္မ်ားမ်ားျဖင့္ ေအာင္ျမင္ခဲ့သည္။ ထိုသည္ပင္ အျပင္အလုပ္ လုပ္ရင္းႏွင့္ ေျဖဆိုခဲ့ျခင္းမ်ိဳး ျဖစ္သည္။
အာကာ ဝါသနာပါေသာ တကၠသိုလ္ကို တက္ေရာက္နိုင္လၽွင္ ဘြဲ႕ရသည္အထိ ေထာက္ပံ့မည္ျဖစ္ေၾကာင္း ေဖေဖတို႔၏ ေျပာစကားကို အစပိုင္းတြင္ အာကာလက္မခံခဲ့။ သို႔ေသာ္လည္း ဘြဲ႕ရၿပီးေနာက္ အလုပ္ရလၽွင္ ေဖေဖတို႔ကို ေက်းဇူးျပန္ဆပ္၍ ရေၾကာင္း၊ အားနာလၽွင္ ယခင္ကထက္ပို၍သာ ႀကိဳးစားျပရမည္ျဖစ္ေၾကာင္း ေသခ်ာစြာေျပာျပမွ ေနာက္ဆုံးတြင္ လက္ခံခဲ့ျခင္းမ်ိဳး ျဖစ္ေပသည္။
Aurora