# Unicode #
သည်းထန်စွာ ရွာနေတဲ့ မိုးစက်တွေကြားမှာ ခဲရောင် ကားလေးက ညအမှောင်ကို ကားရှေ့မီးလုံးလေးတွေနဲ့ ဖြိုခွင်းကာ..တရိပ်ရိပ်မောင်းနှင်လာသည်။
"အစ်ကိုရယ်..ဒရိုင်ဘာခေါ်ခဲ့ပါလို့ ကျွန်မပြောသားဘဲ...အခုတော့ညဘက်မို့ မမြင်ရတဲ့တည်း မိုးရွာနေတော့..ကားလမ်းတွေ မကောင်းတော့ဘူး...အစ်ကိုကလည်း...ကျန်းမာရေးမကောင်းဘူးမလား.."
"ဘူဆန် နဲ့..ဆိုလ်း ဆိုတာ ကိုယ်ငယ်ငယ်တည်းက မောင်းနေကျ လမ်းတွေပါကွာ...စိတ်မပူပါနဲ့....ချယ်..."
ကင်မ်ထယ်မင်ပြောတော့...ချယ်ယောင်းက..မိုးစက်တွေလာရိုက်ခတ်နေတဲ့ ကားမှန်ပြတင်းကိုသာ ကြည့်နေလိုက်တော့သည်။ အမှန်ဆို အတွေးလွန်နေတာပင်...
"အစ်ကို...မိုးတွေ သည်းကြီး မဲကြီး ရွာတိုင်း..ကျွန်မလေ..အစ်ကို ဂျောင်းဝန်းနဲ့..ဆွန်းဂျီတို့ကို သတိရတယ်...သူတို့မိသားစု ပျောက်သွားတာ..ဒီနေ့လို မိုးသည်းသည်းမဲမဲ ရွာပြီးတဲ့နောက်နေ့လေ.."
အပြင်ဘက်ကိုကြည့်ပြီး ခပ်ဆွေးဆွေးလေးပြောလာတဲ့ ဇနီးသည်ကို ကြည့်ပြီး..ထယ်မင်လည်း..စိတ်မကောင်းပေ...ဂျောင်းဝန်းတို့ပျောက်သွားတာ..နှစ်ပေါင်း...နှစ်ဆယ့်လေးနှစ်ရှိပြီလေ...သူတို့ကို ဘာတစ်ခွန်းမှတောင် မပြောဘဲပျောက်သွားခဲ့တာပေါ့...အတိအကျပြောရရင်..ဆွန်းဂျီ ကလေးမွေးပြီးတဲ့ အချိန်တည်းကလေ...
"သူတို့တွေ အဆင်ပြေပါ့မလား..အစ်ကိုရယ်...ကျွန်မကတော့ သူတို့ကို မြန်မြန် ပြန်တွေ့ချင်တယ်..သားလေးကလည်း..အရွယ်ရောက်နေပြီလေ..."
"တွေ့ရမှာပါ..ချယ်.."
တိတ်ဆိတ်သွားတဲ့ ကားလေးနဲ့ ပတ်ဝန်းကျင်က မိုးသံတဖျောက်ဖျောက်မှ လွှဲ၍...မည်သည့်အသံမှ မကြားရတော့ပေ..တချက်ချက်...ညပိုးကောင်တို့အော်သံသာကြားရတတ်သည်။
အချိန်ကြားလာတော့..သူတို့ ဆိုလ်းမြို့ပြင်ထဲပင်ရောက်လာပြီ....နောက်တစ်နာရီလောက်မောင်းပြီးရင်..သူတို့ရဲ့..ကင်မ်စံအိမ်ကိုရောက်တော့မည်။
"အစ်ကို ဟိုမှာ ကားတားနေတဲ့သူတွေက..အစ်..အစ်ကိုဂျောင်းဝန်းနဲ့ တူလိုက်ဝာာ..."
ညဘက်ကြီး ဖြစ်တာရော မြို့ပြင် ဖြစ်နေတာကြောင့်ပါ..လူသူရှင်းတဲ့ ကားလမ်းမပေါ်မှာ..ကားတားနေကြတဲ့ ယောကျာ်းတစ်ဦး...ကြည့်ရတာ သူတို့ စီးလာတဲ့ ကားပျက်သွားတာနေမယ်...သူလည်း..အစတည်းကမြင်နေတာ..ဂျောင်းဝန်းနဲ့တူတာကြောင့်..ကားမောင်းရင်း ကြည့်လာတာ...
"ဟုတ်တယ် ချယ်...ကိုယ်တို့တွေ ဆင်းကြည့်ရအောင်..ဂျောင်းဝန်း မဟုတ်လည်း..အကူညီလိုတယ်ဆိုလည်း..အကူညီပေးကြတာပေါ့..ဒီလမ်းမှာ ကိုယ်တို့ကားက လွှဲရင် ကားလာမှာမဟုတ်ဘူး..ကိုယ်တို့တောင် ဘူဆန်က အပြန်နောက်ကျနေလို့..ညမိုးချုပ်သွားတာ.."
"ကောင်းတယ်...အစ်ကို..ချယ်တို့ ဆင်းကြည့်ကြမယ်.."
သူတို့လည်း..ကားတားတဲ့ လူနဲ့ မလှမ်းမကမ်းမှာကားရပ်ပြီး...ဘောက်ထဲက ထီးယူကာ...ဆင်းသွားလိုက်၏။
"ဟင်!...အစ်ကိုဂျောင်းဝန်း.!."
"ဂျောင်းဝန်း!.."
"ထယ်မင်~...ချယ်ယောင်း~."
သူတို့ သုံးယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေမိကြသည်။ ငယ်စဉ်တည်းက အရမ်းချစ်ခဲ့ကြတဲ့သူငယ်ချင်းတွေက အိမ်ထောင်ကျတော့လည်း..အတူတူပင်....ပျောက်ချင်းမလှ ပျောက်ပြီးမှ အခုမှ တွေ့ရတော့ အားလုံး မျက်ရည်ဝိုင်းရ၏။
"ကိုရယ်..အကူညီတောင်းစရာ~...."
ကားပျက်လို့ အကူညီတောင်းခိုင်းရန် လုပ်နေပေမဲ့ အခုထိ တစ်ဖက်လူကို စကားစမပြောသေးတဲ့ ခင်ပွန်းကြောင့်...ဆွန်းဂျီ ကားပေါ်က ဆင်းလိုက်တော့ မြင်လိုက်ရတဲ့လူတွေကြောင့်..ဝမ်းသာလုံးဆို့သွားသည်။
"ချယ်.!..အစ်ကို ထယ်မင်!."
မိုးရွာထဲမှာ ထီးကိုယ်စီဆောင်းပြီး..အကြည့်တွေဆုံနေကြတဲ့ လူလေးဦး...ငယ်သူငယ်ချင်းတွေမို့....ရာသီ အလီလီ ပြောင်းခဲ့ပေမဲ့.. အခုထိ နွေးထွေးနေကြတုန်းပင်...
"ဆွန်း...ဝမ်းသာလိုက်တာ ဆွန်းရယ်..ဒီတစ်သက် ပြန်မတွေ့ရလောက်တော့ဘူးတောင် ထင်နေဝာာ..."
ချယ်ယောင်းက ဆွန်းဂျီကို ဖက်ကာ ငိုပြီးပြောနေသလို..ဆွန်းဂျီလည်း အသံတိတ်ငိုကာ ပြန်ဖက်ထားလိုက်သည်။
"ဟေ့ကောင်...ဂျောင်းဝန်း..တကယ်ကွာ..မင်းကို အခုလို ပြန်တွေ့ရမယ်လို့ မထင်ထားမိဘူး.."
"ငါရောဘဲ..ထယ်မင်.."
ယောကျာ်းတွေမို့ မိန်းမ နှစ်ဦးလို အငိုကျပေမဲ့ မျက်ရည်လေးတွေတော့ ဝဲနေကြသည်။
"မင်းတို့ကား ဘာဖြစ်တာလဲ..ဂျောင်းဝန်း.."
"ငါတို့ ကား ဆီပျက်သွားတာ ထင်တယ်....ကားတားနေတာအတော်ကြာပြီ....မှောင်ကလည်း မှောင်..မိုးကလည်းရွာဆိုတော့..တစ်စီးမှ ရပ်မပေးကြပါဘူးကွာ.."
"အဲ့ဆို..မင်းတို့ကားကို သော့ချပြီး..ငါတို့ကားနဲ့လိုက်ခဲ့..မနက်ကျမှ..မင်းတို့ကားကို ဆီဖြည့်ပြီး လာပို့ခိုင်းလိုက်မယ်...."
"အဲ့လိုဘဲ လုပ်ရမှာပေါ့ကွာ..ကျေးဇူးတင်တယ်နော် သူငယ်ချင်း..."
"မလိုပါဘူးကွာ....လာ ကားပေါ်တတ်~.."
"ဆွန်း...ဘာကြောင့်..ချယ်တို့ကို..အဆက်သွယ်ဖြတ်ပြီး ထွက်သွားရတာလဲကွယ်..ချယ်တို့မှာ စိတ်မကောင်းဖြစ်နေရတာ..."
ကားနောက်ခန်းထဲမှာ ဆွန်းနဲ့ချယ်က ထိုင်ကာ ထယ်မင်ကကားမောင်းနေပြီး...ဂျောင်းဝန်းက ထယ်မင့်ဘေးခုံမှာ...ချယ့်ရဲ့အမေးကို ထယ်မင်လည်း သိချင်တာကြောင့် ကားကို အရှိန်ဖြေးဖြေးဘဲမောင်းနေမိသည်။
ချယ့်ရဲ့မေးခွန်းကြောင့်..ဂျွန်မောင်နှံတို့မျက်နှာမကောင်းဖြစ်သွားကြ၏။
"ဆွန်းတို့မှာ ကိစ္စရှိလို့ မပြောဘဲ ထွက်သွားလိုက်ရတာပါ.. ချယ်ရယ်.."
"ကဲပါ..ချယ်တို့ အခု ပြန်တွေ့နေရပြီဘဲ..လွန်ခဲ့တဲ့ နှစ့်လေးနှစ်ကျော်က ကတိကို တည်လိုက်ကြရအောင်..."
ချယ်ယောင်းက ခေါင်းငုံပြီး အားငယ်စွာ ပြောနေတဲ့ ဆွန်းဂျီရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး..ပြောလိုက်တော့..ဆွန်းဂျီက မဖြစ်နိုင်သည့် မျက်ဝန်းတွေနဲ့ကြည့်လာသည်။ ဆွန်းဂျီတင်မဟုတ်..ဂျောင်းဝန်းရောပင်...
"အဲ့..အဲ့ကတိက ဖြစ်နိုင်မယ် မထင်ဘူး ချယ်...ဆွန်းက ယောက်ျားလေးမွေးတာ.."
အကြောင်းပြချက်မမည်တဲ့ အကြောင်းပြချက်ပေမဲ့..ဆွန်းဂျီပြောလိုက်သည်။ သားလေးနဲ့ အဆင်ပြေမည်မထင်....
သူ့စကားကြောင့် ချယ်ယောင်းက ပြုံးတုံ့တုံ့လေးတုန့်ပြန်လာ၏။
"ဆွန်းကလည်း....အသက်ကြီးလာတော့..မေ့တတ်တယ်ထင်ပ....တို့လေးယောက်ရဲ့ ကတိက..ဘာလေးတွေဘဲမွေးမွေး..အရွယ်ရောက်ရင် လက်ထပ်ပေးကြမယ်လို့လေ.ယောက်ျားလေး အချင်းချင်း ဖြစ်ရင်တောင်မှလို့လေ..."
"ဟုတ်တယ်..ဆွန်းဂျီ...အစ်ကိုတို့..မင်းတို့ထွက်သွားပြီး နှစ်နှစ်လောက်မှာ..ကလေးမွေးခဲ့တယ်..ယောကျာ်းလေးလေ..အခု အသက်နှစ်ဆယ့်နှစ်ထဲမှာ... architecture နဲ့ကျောင်းပြီးထားလို့..ကုမ္မဏီမှာ အလုပ်ဝင်နေပြီ.."
"ငါ..ငါတို့..ကတိကိုဖျက်ပြီး ဒီအတိုင်းလေးဘဲ နေကြရအောင်ကွာ..ထယ်မင်.."
"ဘာဖြစ်လို့လဲ ဂျောင်းဝန်း...မင်းကလေးက အိမ်ထောင်ကျသွားလို့လား..."
"မဟုတ်ပါဘူး ထယ်မင်...ငါ..ငါတို့မင်း ကို ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး..."
ဂျောင်းဝန်းက ပြောရခက်တဲ့ပုံစံနဲ့ အပြင်ဘက်ကို တွေတွေကြီး ငေးကြည့်နေသလို..ဆွန်းဂျီကလည်း ခေါင်းငုံ့ကာ..အသံတိတ်နေသည်။ ချယ်ယောင်းတို့လည်း..ဘာကြောင့်များ ကတိကိုဖျက်နေကြလဲ နားမလည်တော့....
"ဂျောင်းဝန်း~...ငါတို့က အတွင်းသိ အဆင်းသိ သူငယ်ချင်းတွေပါ..မင်းတို့ လက်ခံလို့မရတဲ့အကြောင်းငါတို့ကို ပြောပြလို့ရပါတယ်..."
ဂျောင်းဝန်းက အပြင်ဘက်ကို ကြည့်ရာမှ ကားနောက်ခန်းထဲက ဇနီးသည်ကို ကြည့်လိုက်တော့..ဆွန်းဂျီက ခေါင်းငြိမ့်ပြသဖြင့်..သက်ပြင်းရှည်ကြီး ချလိုက်သည်။
"ဟူးးးး "
"ငါတို့ အဲ့နေက ဘာကြောင့် ထွက်သွားတယ်လို့ထင်လဲ ထယ်မင်..."
"ဘာကြောင့်လဲ..ဂျောင်းဝန်း.."
"အဲ့နေညပိုင်း...မိုး တွေသည်းသည်းမဲမဲ ရွာနေတဲ့ အချိန် ဆွန်းဂျီ ဗိုက်နာလာလို့..ကားလမ်းတွေကလည်း မကောင်းတာနဲ့ လက်သည်ကို အိမ်ခေါ်ပြီး မွေးလိုက်ရတယ် ထယ်မင်..ဆရာဝန်ကို ဖုန်းဆက်ပေမဲ့ မကိုင်လို့လေ..."
"ယောကျာ်းလေးမွေးတယ်..ငါ့သားလေးက အသားကဖြူဖွေးပြီး ပါးဖောင်းဖောင်းလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းတာကွ~.."
ဂျောင်းဝန်းကပြောနေရင် မျက်ရည်ကျနေတာတောင်မသိပေ..သူ့ရင်ထဲမှာ ခံစားနေရတဲ့ ပျော်ရွင်ခြင်း ဝမ်းနည်းခြင်းတွေကြောင့်....မွန်းကျပ်လာသလိုပင်...ဆွန်းဂျီလည်း..ထိုနည်းပင်..ချယ့်ရဲ့ ပခုံးလေးပေါ်ခေါင်းတင်ပြီး ငိုနေ၏။
"သားကို တွေ့ရတော့..ငါရော ငါ့မိန်းမရော..အရမ်းပျော်ခဲ့ရတာ...ကံတရားကို လည်း ကျေးဇူးတင်ခဲ့တယ်..လှပပြီး ချစ်စရာကောင်းတဲ့ သားလေးကို ပေးခဲ့လို့လေ...ဒါပေမဲ့ သိလား..ငါ့သားလေးက မွေးတည်းက မငိုတာ...မိုးကြိုးတွေပစ်ပြီး..မိုးတွေ တအုန်းအုန်းရွာနေလို့ ဘေးအိမ်က..လသားအရွယ်ကလေးလေးက လန့်ပြီး ငိုတာတောင်..ငါ့သားလေးက လက်မစုပ်ပျက်ခဲ့ဘူး.."
အတိတ်ရဲ့နေ့တစ်နေ့ကို ဆွေးဆွေးမြည့်မြည့်ပြန်ပြောပြနေတဲ့ ဂျောင်းဝန်း..ထိုနေက ဘယ်လိုမှ မေ့လို့ရတဲ့ နေ့မဟုတ်...သူတို့ရဲ့ အဖိုးတန်လေးရောက်လာတဲ့နေလေ...
"ငါတို့လည်း..တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ထိတ်လန့်သွားတယ်..လက်သည် အဒေါ်ကြီးရောဘဲ..."
"ဆွန်းဂျီကလေ..သားလေးကို ခေါ်ကြည့်လည်း....သားလေးက လှည့်ကြည့်မလာဘူး...ငိုအောင် တင်ပါးလေးကို ခပ်ဆက်ဆက်လေးရိုက်ကြည့်လိုက်တော့..သားက မျက်ရည်ဘဲ ထွက်လာတယ်..ငိုသံထွက်မလာဘူး..ထယ်မင်~..."
"ဒါ..ဒါဆို..အစ်ကို တို့ကလေးက..."
ချယ်ယောင်း လည်း အံဩပြီး စကားတွေက လေထဲတင်ပျောက်ကုန်သည်။ ထယ်မင်ရောပင်...မထင်ထားခဲ့တာ..တကယ့်ကိုဘဲ..အဲ့လိုဖြစ်မယ်လို့ မထင်ထားခဲ့တာပါ..
"ဟုတ်တယ်..ချယ်...ဆွန်းရဲ့သားလေးက..မွေးရာပါ..ဆွံ့အနားမကြားလေးဖြစ်နေခဲ့တာ.. ချယ်တို့က သားရဲ့ အခြေနေကို သိတာတောင်..ကတိကို ဖောက်ဖျက်မှာ မဟုတ်ဘူးဆိုတာ သိနေလို့..ဆွန်းတို့ လက်သည်ကို ပိုက်ဆံပေးပြီး သားလေး အကြောင်းမပြောဖို့နဲ့...ဆွန်း ဘူဆန်မှာဘဲ ကလေးမွေးတဲ့ အကြောင်း မပြောဖို့ နှုတ်ပိတ်ခိုင်းခဲ့တာ..ပြီးတော့ ဆွန်းတို့ ညတွင်းချင်း ဂျယ်ဂျူဘက်ကိုပြောင်းသွားခဲ့တာ..လွန်ခဲ့တဲ့ ငါးနှစ်လောက်ကမှ ဆိုးလ် ကို ပြောင်းလာတာ...ချယ်.."
ထယ်မင်တို့လည်း..ကလေးအကြောင်းကြားရတော့ စိတ်မကောင်းပေ...သူတို့သူငယ်ချင်းတွေလည်း..အရမ်းစိတ်ဓာတ်ကျခဲ့မှာဘဲ...
"သားလေး အကြောင်း သိပြီဆိုတော့..ချယ်တို့ ကတိ ဖျက်ပေးလို့ရပြီမလားဟင်.."
"ဆွန်း နဲ့ အစ်ကို ဂျောင်းဝန်း..ချယ်ပြောတာကို နားထောင်နော်...ချယ်တို့တွေက အသက်ကြီးလာပြီ.. ချယ်တို့ မရှိတော့တဲ့ အချိန်ကျရင်..ကျန်ခဲ့မှာက ကလေးတွေဘဲ....ချယ်တို့သားက ကိစ္စ မရှိပေမဲ့...ဆွန်းတို့သားလေးကျ..ဒုက္ခရောက်သွားမှာပေါ့...မတော်တဲ့သူတွေ လက်ထဲရောက်သွားရင်ကလေး ရေတိမ်နစ်လိမ့်မယ် ...ဆွန်း..."
"ချယ်ပြောတာ နားလည်ရဲ့လား.."
"နား.....နားလည်တယ် ချယ်...ဆွန်းတို့လည်း..နေ့တိုင်း အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ခေါင်းကိုက်ခဲ့တာ..သားလေးက နုနုဖတ်ဖတ်နဲ့ မိန်းကလေးထက်တောင်လှတယ်....ပြီး..ပြီးတော့..သားလေးက သား..သားအိမ် ပါနေတယ် ချယ်..."
"ဘယ်လို..ဆွန်း!.."
"ကျွီ~.."
ဆွန်းဂျီရဲ့ စကားကြောင့်..ထယ်မင်က ကားကို ဘမ်းဘေး ထိုးရပ်ပစ်လိုက်သလို..ချယ်ကလည်း ထုတ်ပြီး မေးမိသည်။
"ဟုတ်တယ်..ချယ်..သားလေး အသက် ဆယ့်ခြောက်နှစ်မှာ ဗိုက်အောင့်လို့ ဆေးခန်းသွားပြတော့ ဓာတ်မှန်ရိုက်ကြည့်တာ သားအိမ် ကြောင့်တဲ့..."
ဆွန်းဂျီက ထူးခြားတဲ့သားလေးကိုပိုင်ဆိုင်ရပေမဲ့..အန္တရာယ်ဖြစ်မှာကို သိပ်ကြောက်တာ...အလှတရားက အဆိုးဆုံး အန္တရာယ်ကိုဖိတ်ခေါ်တဲ့ အရာ တစ်ခုမလား.....
"မငိုပါနဲ့ဆော့ ဆွန်းရယ်...ချယ်တို့ ကတိကို မဖျက်ဘဲ စီစဉ်စရာရှိတာ စီစဉ်ကျမယ်...ကိုယ်တို့သားလေးက ဆွန်းရဲ့သားကို သေချာစောင့်ရှောက်နိုင်မှာပါ.."
"ဖြစ်ပါ့မလား.ချယ်ရယ်..သားလေးလို ချို့ယွင်းချက်ရှိနေတဲ့သူကို..ချယ်တို့သားက လက်ခံပါ့မလား.."
"မပူနဲ့ ဆွန်းဂျီ..အစ်ကိုတို့သားသေချာပေါက် လက်ခံမှာပါ..အခုတော့..ဆွန်းဂျီတို့ အိမ်ကိုပြော..အစ်ကိုတို့ လိုက်ပို့ရင်း..သားလေးကို ဝင်ကြည့်ရအောင်.."
"ဟုတ်..အစ်ကိုထယ်မင်.."
"ဒါနဲ့ ကလေးရဲ့ နာမည်က ဘယ်လိုခေါ်လဲ..ဂျောင်းဝန်း..."
"ဂျောင်ဂု~...ဂျွန်ဂျောင်ဂု~."
"နာမည်လေးက ချစ်စရာလေးနော်..အစ်ကိုဂျောင်းဝန်း..."
ထယ်မင်လည်း ဂျောင်းဝန်း လမ်းညွှန်တဲ့ အတိုင်း မောင်းလိုက်တော့..သူတို့အိမ်ကို ရောက်လာသည်။ခဏဝင်ပြီစ ညဉ့်နက်လာတာနဲ့ သူတို့လည်း ပြန်လာခဲ့၏။
•
•
•
•
"သား..ပြန်ရောက်ပြီလား..ခဏ လာအုံး.."
"ဟုတ်..ဒယ်ဒီ.."
အလုပ်က ပြန်လာတဲ့သားကို ထယ်မင် ခေါ်ပြီး အနားမှာ ထိုင်ခိုင်းလိုက်သည်။ကိုယ့်သားမလို့ပြောတာ မဟုတ်ဘူး..သားက တော်တော်ချောတာ..ဒါပေမဲ့လည်းအခုထိတော့ ချစ်သူမရှိသေးတာကြောင့် စိတ်အေးနေရတာ..
လေးထောင့်ဆန်ဆန် နှုတ်ခမ်းထူထူပိပိ နဲ့ ယောကျာ်းဆန်တဲ့ မျက်နှာက သူ့ဆီက အမွေရတာဖြစ်ပြီး...မျက်ရစ် တစ်ဖက်ဘဲရှိပြီး..ညာဘက်ပါးပြင်ထက်က မှည့်တစ်လုံးလေးကတော့ သူ့အမေနဲ့သွားတူတဲ့သားက လူချောပင်..နှာခေါင်းထိပ်က မှဲ့လေးကလည်း..သေချာကြည့်မှ မြင်ရတာဆိုပေမဲ့ တစ်မျိုးတစ်ဖုံကြည့်လို့ကောင်းသည်။လေ့ကျင့်ခန်းပုံမှန်လုပ်လို့...အချိုးအစားတောင့်တင်းတဲ့ ခန္ဓာ ကိုယ်က မိန်းကလေးတိုင်းရဲ့ type ..အကုန်လုံး ခြုံငုံလိုက်တော့ ကင်မ်ထယ်ယောင်းဆိုတဲ့ သူ့သားက အချောဆုံး ယောကျာ်းလေးပင်...
ကြည့်ကောင်းသလောက် အချိုးမပြေတာလည်း ဒင်းဘဲရှိမယ်ထင်တယ်..အခု..ဖခင်ဘေးနာစ လာထိုင်တာတောင်..အလုပ်နဲ့ လက်က မချ..ခုနလေးတင် ကုမ္မဏီက ပြန်ရောက်တာကို..အလုပ်လုပ်တာ ကောင်းပေမဲ့ အလုပ်လွန်တာကိုတော့ ထယ်မင် မကြိုက်ပေ..သားအဖနှစ်ယောက် အဲ့ ကိစ္စနဲ့ စကားများတာလည်း ခဏခဏ...
"ထယ်ယောင်း...အဲ့ဖုန်းကို ခဏချ..ညမှ ဆက်လုပ်~.."
"ခဏလေးပါ ဒယ်ဒီရာ..အခုလေးတင် အတွင်းရေးမှူး..ဟန် ပို့လိုက်တဲ့ ဒီဇိုင်းတွေကို စစ်ကြည့်နေတာ.."
"တော်လိုက်တော့ သားထယ်..ညမှ ဆက်လုပ်နော်..သား ဒယ်ဒီပြောတာကို အရင် နားထောင်လိုက်..ပြီးတော့ သားလည်း အခုမှ..အလုပ်က ပြန်လာတာ အေးဆေးနားပါအုံး~.."
"ဟုတ်ကဲ့..မာမီ.."
တင်းမာတော့မဲ့ သားအဖ နှစ်ယောက်ကြား ချယ်ယောင်း ဖျန်ဖြေလိုက်ရသည်။ ရန်ဖြစ်လည်း ခဏ ပြီးရင် သားထယ်ရေ..ဒယ်ဒီရေနဲဘ ဖြစ်သွားကြတာပင်...စကားများကြတာဘဲ အဖတ်တင်တယ်...
ထယ်ယောင်း...ဖုန်းကို wallet ထဲထည့်ကာ သိမ်းလိုက်သည်။
"ပြောပါ..ဒယ်ဒီ.."
"သားထယ်~..သားမှာ ချစ်သူရှိလား.."
"မရှိပါဘူး....ဒယ်ဒီ~.."
"ချစ်ရတဲ့သူရော~.."
"မရှိဘူး ဒယ်ဒီ.....ဘာလို့လဲ~.."
အချစ်ရေးနဲ့ပတ်သတ်ပြီး တစ်ခါမှ မမေးဘူးတဲ့ မိဘတွေက မေးလာတာမို့ ထယ်ယောင်း..ဇဝေဇဝါတော့ဖြစ်သွားသည်။
"သားကို အိမ်ထောင်ချပေးမလို့~.."
"ဗျာ!..ဒယ်ဒီ!....မဖြစ်နိုင်တာ!.."
"ဖြစ်နိုင်ပါတယ် သားထယ်~..."
"ကျွန်တော် အိမ်ထောင်မပြုချင်သေးဘူး..ဒယ်ဒီ....မာမီ ကူပြောပေးပါအုံး..."
ထယ်ယောင်းလည်း..ငြိမ်ပြီး သူတို့သားအဖကို ကြည့်နေတဲ့ မာမီ့ကို အကူညီရလို့ရငြားတောင်းလိုက်၏။
"မာမီလည်း..သားအဖေနဲ့ တစ်သဘောတည်းဘဲ..သား...မငြင်းပါနဲ့..ကောင်လေးက လူကောင်းလေးပါ.."
"ဗျာ!.!.."
ထယ်ယောင်း အံ့ဩတာထက်ပိုအံ့ဩရပြန်သည်။ အိမ်ထောင်ချပေးမယ်တဲ့ ..ပြီးတော့ မိန်းကလေး မဟုတ်ဘဲ ယောကျာ်းလေးတဲ့..မာမီတို့ သူတို့သားကို gay .. များထင်နေတာလား...
"မာမီ .သားက ယောကျာ်းလေးလေ..ဘယ်လိုလုပ်..ယောကျာ်း တစ်ယောက်ကို လက်ထပ်ရမှာလဲ..."
"သားရယ်...မာမီတို့က သေချာလက်ထပ်ပေးပါ့မယ်လို့ ကတိပေးပြီးသွားပြီ...မဖျက်ချင်ဘူး သားထယ်~.."
"ဘယ်ချိန်တည်းက ကတိပေးထားတာလဲ မာမီ..."
"သားတောင် မမွေးသေးဘူး..."
"ဟာ!..မာမီနဲ့ ဒယ်ဒီရာ ဒီလောက် နှစ်တွေကြာနေပြီ..ပြီးတော့....အခုခေတ်မှာ လူကြီးချင်းကတိပေးထားလို့ လက်ထပ်ရတယ်ဆိုတာက မမိုက်ပါဘူးဗျာ~..."
"မိုက်တာတွေ..မမိုက်တာတွေ မသိဘူး..သားထယ်..ဒယ်ဒီသိတာ..သား အဲ့ကောင်လေးနဲ့ လက်ထပ်ရမယ်ဆိုတာဘဲ..."
ထယ်မင်က တစ်ခွန်းတည်း ပြတ်ပြတ်သားသားပြောလိုက်တာကြောင့်..ထယ်ယောင်း စဉ်းစားရကြပ်သွားသည်..မိဘတွေကို စိတ်မဆင်းရဲစေချင်ပေမဲ့..ယောကျာ်းယူရမယ်ဆိုတာကတော့ မဟုတ်သေးဘူးလေ...
"ဟာ!..ဒယ်ဒီ..အခုခေတ်မှာ အဲ့လို ငတိတွေ အသုံးမဝင်ပါဘူးဗျာ...ပြီစတော့ ယောက်ျား အချင်းချင်း လက်ထပ်ရင် ဒယ်ဒီတို့ မြေးချီရမှာ မဟုတ်ဘူးလေ..မျိုးဆက်ပြတ်သွားမှာပေါ့.."
အသုံးဝင်လောက်မဲ့ ဆင်ခြေကို ကပ်သတ် စဉ်းစားပြီး ပြောလိုက်ပေမဲ့ မိဘ နှစ်ပါးက သူ့ကိုသာ ပြုံးကြည့်နေကြသည်။
* ဘာလဲဟ!. မာမီနဲ့ ဒယ်ဒီ အပြုံးတွေက ထူးဆန်းလိုက်တာ...ငါပြောတဲ့ အထဲ ပြုံးစရာ ပါလို့လား...*
"မျိုးဆက် အတွက်ပူစရာမလိုဘူး..သားထယ်..ဂျွန်ဂျောင်ဂုက မွေးရာပါ သားအိမ်ပါလို့ ကိုယ်ဝန်ဆောင်လို့ရတယ်...ပြီးတော့ သနားစရာလေးပါ..ဆွံ့အနားမကြားလေးဖြစ်နေတာလေ.."
"ဗျာ!.."
*ဆိုးသွားပြီ~...ဒါတော့ တော်တော် ဆိုးသွားပြီ..မာမီတို့က ကတိတည်ဖို့ ကိုယ့်သား ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကို ဆွံ့အနား မကြားတဲ့သူနဲ့ ဇွတ် စီစဉ်နေပါလား*
ထယ်ယောင်း စိတ်ထဲကနေ ပြောနေမိပေမဲ့ အပြင်မှာ ဗျာ တစ်လုံးသာထွက်နိုင်တော့သည်။ ယောကျာ်းလေးတန်မဲ့ သားအိမ်ပါနေပြီး..စကားကလည်း မပြောတတ်..နားကလည်း..မကြား...အဲ့လိုလူနဲ့ လက်ထပ်ဖို့ဆိုတာ အိပ်မက်ထဲထည့်တောင် မမက်ဖူးပေ...
"ဒယ်...ဒယ်ဒီ..!...ဒယ်ဒီ့သားက..အစစအရာရာ ပြည့်စုံပြီး ချို့ယွင်းချက်မရှိတဲ့လူလေ...ဘယ်..ဘယ်လိုစိတ်နဲ့များ..အဲ့လို့ ကောင်လေးမျိုးနဲ့ ပေးစားချင်ကြတာလဲ..."
"သားထယ်..ဂျောင်ဂု ဘဝက သနားဖို့ကောင်းပါတယ် မကောင်းတဲ့သူတွေ လက်ထဲရောက်သွားရင်..သူ့ဘဝလေး ရေတိမ်နစ်မှာ..."
"အဲ့ဒါနဲ့ဘဲ သားက လက်ထပ်ရမယ်ပေါ့..အဓိပ္ပာယ် မရှိတာ မာမီရာ..."
သားက အသည်းအသန်ငြင်းနေတာကြောင့်..ချယ်ယောင်းတို့လည်း ညာဆက်ပြောရမှန်းတောင်မသိ....ညိုစစ အသားရည်က စိတ်တိုနေတာကြောင့် နီညိုရောင်ထနေပြီ...ဒီကိစ္စ ထယ်မင် ပါးနပ်မှ ရတော့မည်...မထူးတဲ့ အဆုံး နောင်ဆုံး အကွက်ကို ထုတ်သုံးရတော့မည်။
"ဘုတ်!.."
"ယူလိုက်..ကားသော့ကို..."
ထယ်မင်က ဘောင်းဘီအိတ်ထဲက ကားသော့ကို ထယ်ယောင်းရဲ့ စားပွဲရှေ့ ပစ်ချလိုက်တော့ ထယ်ယောင်းရော ချယ်ယောင်းပါ အူကြောင်ကြောင် ကြည့်လာ၏။
"ဘာ..ဘာလုပ်ရမှာလဲ ဒယ်ဒီ..."
"တနေ့က ညပိုင်း ဘူဆန်ကပြန်လာတော့ လမ်းမှာ ကားဆီပျက်သွားတဲ့ သူငယ်ချင်းရဲ့ ကားသော့..ဆီဖြည့်ပေးပြီး..အင်ဂျင်ပိုင်းပါ တစ်ခါတည်း..စစ်ပေးနေလို့ ဒီနေ့မှ ရတာ..ငါမအားလို့ အဲ့ကားကို ငါ့သူငယ်ချင်းအိမ်သွားပို့ပေး.."
ချက်ချင်းကြီး စကားလမ်းကြောင်းလွှဲလာတဲ့ ဖခင်ကြောင့် ထယ်ယောင်းရဲ့ ခေါင်းအစုံ ရှုပ်သွားသည်။ဒါပေမဲ့လည်း စကားလမ်းကြောင်းပြောင်းသွားတော့ စိတ်ညစ်စရာမလိုဘူးပေါ့..
"ဟုတ်ကဲ့ ဒယ်ဒီ..ကျွန်တော် မနက် ရှစ်နာရီလောက်သွားပို့ပေးပါ့မယ်...ဘယ်နေရာလဲမသိဘူး..."
"ဟွာဂျယ်လမ်း..ဒေါ့ရှီ ရပ်ကွက်..အိမ်နံပါတ်.907.."
"ဟုတ်ပြီး ဒယ်ဒီ ကျွန်တော် ရေချိုးသွားလိုက်အုံးမယ်..ပြီးတော့ လက်ထပ်ပွဲက လက်မခံဘူးနော်.."
ထယ်ယောင်း ကားသော့ကို ယူကာ အပြတ်ပြောပြီး အပေါ်ထပ်တက်သွားလိုက်သည်။ ။ဒီကိစ္စမှာတော့ ထယ်ယောင်း အလျှော့မပေးလို...
•
•
•
အပေါ်ထပ်တက်သွားတဲ့ သားရဲ့ ကျောပြင်ကို ကြည့်ပြီး...ထယ်မင် ပြုံးမိသည်။
*ငါ မင်းအဖေပါ ထယ်ယောင်းရာ *
"အစ်ကို အဲ့အိမ်က ဆွန်းဂျီတို့အိမ် မလား..ဘာဖြစ်လို့ သားလေးကို သွားခိုင်းတာလဲ..."
"ဖြောင့်နေတဲ့ မင်းသား မဖြောင့်နိုင်အောင် ဂျောင်ဂုလေးနဲ့ တွေ့ခိုင်းမလို့...အခုလို အစ်ကိုတို့ပြောနေလည်း မင်းသားက နားဝင်မှာမဟုတ်ဘူး အဲ့တော့ လူချင်းတွေ့လို့ရအောင် ကားပို့ခိုင်းလိုက်တာ...ဂျောင်ဂုလေးက အရမ်းချစ်စရာကောင်းပြီး လှတာ မင်းသား ချက်ချင်း ကွေးသွားလိမ့်မယ်...ကြည့်နေ မိန်းမ..မနက်ဖြန် သားထယ် ဂျောင်ဂုက အိမ်က ပြန်လာပြီးရင် ချက်ချင်း လက်ထပ်ပေးပါ ဖြစ်သွားစေရမယ်..."
အပိုင်တွတ်ထားပုံရတဲ့ ခင်ပွန်းရဲ့ပုံစံကြောင့်ချယ်ယောင်းလည်း ရင်အေးရသည်။
"အစ်ကို့ စကားနဲ့ အစ်ကို ဟုတ်နေတာဘဲ..."
"ကြည့်လိုက်ပါ မိန်းမရာ..ကိုယ့်သားအကြောင်း ကိုယ်သိတာပေါ့.."
"ဟုတ်ပါပြီ..အစ်ကိုရယ်.."
ချယ်ယောင်းလဲ ဘာမှ ဆက်မပြောတော့ဘဲ မီးဖိုခန်းထဲဝင်ကာ အလုပ်သမားတွေကို ညစာ ပြင်ဖို့သွားပြီး ပြောနေလိုက်၏။
* အစ်ကို့ရဲ့ အကြံက အလုပ်ဖြစ်မှာပါ..*
•
•
•
•
•
•
•
မနက်ဖြန်တော့ အဖြောင့်ထယ်ယောင်း ဂျောင်ဂုနဲ့တွေ့ပြီး ကွေးမလား မကွေးဘူးလား..သိရမယ်နော်😘
Good night ပါသဲငယ်လေးတို့😘💜💜💜💜💜💜💜
Thanks for votes, feedback and comment.
I Love my readers forever ❤️
I PURPLE YOUR 💜
______________________________________
# Zawgyi #
သည္းထန္စြာ ႐ြာေနတဲ့ မိုးစက္ေတြၾကားမွာ ခဲေရာင္ ကားေလးက ညအေမွာင္ကို ကားေရွ႕မီးလုံးေလးေတြနဲ႕ ၿဖိဳခြင္းကာ..တရိပ္ရိပ္ေမာင္းႏွင္လာသည္။
"အစ္ကိုရယ္..ဒရိုင္ဘာေခၚခဲ့ပါလို႔ ကြၽန္မေျပာသားဘဲ...အခုေတာ့ညဘက္မို႔ မျမင္ရတဲ့တည္း မိုး႐ြာေနေတာ့..ကားလမ္းေတြ မေကာင္းေတာ့ဘူး...အစ္ကိုကလည္း...က်န္းမာေရးမေကာင္းဘူးမလား.."
"ဘူဆန္ နဲ႕..ဆိုလ္း ဆိုတာ ကိုယ္ငယ္ငယ္တည္းက ေမာင္းေနက် လမ္းေတြပါကြာ...စိတ္မပူပါနဲ႕....ခ်ယ္..."
ကင္မ္ထယ္မင္ေျပာေတာ့...ခ်ယ္ေယာင္းက..မိုးစက္ေတြလာရိုက္ခတ္ေနတဲ့ ကားမွန္ျပတင္းကိုသာ ၾကည့္ေနလိုက္ေတာ့သည္။ အမွန္ဆို အေတြးလြန္ေနတာပင္...
"အစ္ကို...မိုးေတြ သည္းႀကီး မဲႀကီး ႐ြာတိုင္း..ကြၽန္မေလ..အစ္ကို ေဂ်ာင္းဝန္းနဲ႕..ဆြန္းဂ်ီတို႔ကို သတိရတယ္...သူတို႔မိသားစု ေပ်ာက္သြားတာ..ဒီေန႕လို မိုးသည္းသည္းမဲမဲ ႐ြာၿပီးတဲ့ေနာက္ေန႕ေလ.."
အျပင္ဘက္ကိုၾကည့္ၿပီး ခပ္ေဆြးေဆြးေလးေျပာလာတဲ့ ဇနီးသည္ကို ၾကည့္ၿပီး..ထယ္မင္လည္း..စိတ္မေကာင္းေပ...ေဂ်ာင္းဝန္းတို႔ေပ်ာက္သြားတာ..ႏွစ္ေပါင္း...ႏွစ္ဆယ့္ေလးႏွစ္ရွိၿပီေလ...သူတို႔ကို ဘာတစ္ခြန္းမွေတာင္ မေျပာဘဲေပ်ာက္သြားခဲ့တာေပါ့...အတိအက်ေျပာရရင္..ဆြန္းဂ်ီ ကေလးေမြးၿပီးတဲ့ အခ်ိန္တည္းကေလ...
"သူတို႔ေတြ အဆင္ေျပပါ့မလား..အစ္ကိုရယ္...ကြၽန္မကေတာ့ သူတို႔ကို ျမန္ျမန္ ျပန္ေတြ႕ခ်င္တယ္..သားေလးကလည္း..အ႐ြယ္ေရာက္ေနၿပီေလ..."
"ေတြ႕ရမွာပါ..ခ်ယ္.."
တိတ္ဆိတ္သြားတဲ့ ကားေလးနဲ႕ ပတ္ဝန္းက်င္က မိုးသံတေဖ်ာက္ေဖ်ာက္မွ လႊဲ၍...မည္သည့္အသံမွ မၾကားရေတာ့ေပ..တခ်က္ခ်က္...ညပိုးေကာင္တို႔ေအာ္သံသာၾကားရတတ္သည္။
အခ်ိန္ၾကားလာေတာ့..သူတို႔ ဆိုလ္းၿမိဳ႕ျပင္ထဲပင္ေရာက္လာၿပီ....ေနာက္တစ္နာရီေလာက္ေမာင္းၿပီးရင္..သူတို႔ရဲ႕..ကင္မ္စံအိမ္ကိုေရာက္ေတာ့မည္။
"အစ္ကို ဟိုမွာ ကားတားေနတဲ့သူေတြက..အစ္..အစ္ကိုေဂ်ာင္းဝန္းနဲ႕ တူလိုက္ဝာာ..."
ညဘက္ႀကီး ျဖစ္တာေရာ ၿမိဳ႕ျပင္ ျဖစ္ေနတာေၾကာင့္ပါ..လူသူရွင္းတဲ့ ကားလမ္းမေပၚမွာ..ကားတားေနၾကတဲ့ ေယာက်ာ္းတစ္ဦး...ၾကည့္ရတာ သူတို႔ စီးလာတဲ့ ကားပ်က္သြားတာေနမယ္...သူလည္း..အစတည္းကျမင္ေနတာ..ေဂ်ာင္းဝန္းနဲ႕တူတာေၾကာင့္..ကားေမာင္းရင္း ၾကည့္လာတာ...
"ဟုတ္တယ္ ခ်ယ္...ကိုယ္တို႔ေတြ ဆင္းၾကည့္ရေအာင္..ေဂ်ာင္းဝန္း မဟုတ္လည္း..အကူညီလိုတယ္ဆိုလည္း..အကူညီေပးၾကတာေပါ့..ဒီလမ္းမွာ ကိုယ္တို႔ကားက လႊဲရင္ ကားလာမွာမဟုတ္ဘူး..ကိုယ္တို႔ေတာင္ ဘူဆန္က အျပန္ေနာက္က်ေနလို႔..ညမိုးခ်ဳပ္သြားတာ.."
"ေကာင္းတယ္...အစ္ကို..ခ်ယ္တို႔ ဆင္းၾကည့္ၾကမယ္.."
သူတို႔လည္း..ကားတားတဲ့ လူနဲ႕ မလွမ္းမကမ္းမွာကားရပ္ၿပီး...ေဘာက္ထဲက ထီးယူကာ...ဆင္းသြားလိုက္၏။
"ဟင္!...အစ္ကိုေဂ်ာင္းဝန္း.!."
"ေဂ်ာင္းဝန္း!.."
"ထယ္မင္~...ခ်ယ္ေယာင္း~."
သူတို႔ သုံးေယာက္စလုံး တစ္ေယာက္ကိုတစ္ေယာက္ ေငးၾကည့္ေနမိၾကသည္။ ငယ္စဥ္တည္းက အရမ္းခ်စ္ခဲ့ၾကတဲ့သူငယ္ခ်င္းေတြက အိမ္ေထာင္က်ေတာ့လည္း..အတူတူပင္....ေပ်ာက္ခ်င္းမလွ ေပ်ာက္ၿပီးမွ အခုမွ ေတြ႕ရေတာ့ အားလုံး မ်က္ရည္ဝိုင္းရ၏။
"ကိုရယ္..အကူညီေတာင္းစရာ~...."
ကားပ်က္လို႔ အကူညီေတာင္းခိုင္းရန္ လုပ္ေနေပမဲ့ အခုထိ တစ္ဖက္လူကို စကားစမေျပာေသးတဲ့ ခင္ပြန္းေၾကာင့္...ဆြန္းဂ်ီ ကားေပၚက ဆင္းလိုက္ေတာ့ ျမင္လိုက္ရတဲ့လူေတြေၾကာင့္..ဝမ္းသာလုံးဆို႔သြားသည္။
"ခ်ယ္.!..အစ္ကို ထယ္မင္!."
မိုး႐ြာထဲမွာ ထီးကိုယ္စီေဆာင္းၿပီး..အၾကည့္ေတြဆုံေနၾကတဲ့ လူေလးဦး...ငယ္သူငယ္ခ်င္းေတြမို႔....ရာသီ အလီလီ ေျပာင္းခဲ့ေပမဲ့.. အခုထိ ႏြေးေထြးေနၾကတုန္းပင္...
"ဆြန္း...ဝမ္းသာလိုက္တာ ဆြန္းရယ္..ဒီတစ္သက္ ျပန္မေတြ႕ရေလာက္ေတာ့ဘူးေတာင္ ထင္ေနဝာာ..."
ခ်ယ္ေယာင္းက ဆြန္းဂ်ီကို ဖက္ကာ ငိုၿပီးေျပာေနသလို..ဆြန္းဂ်ီလည္း အသံတိတ္ငိုကာ ျပန္ဖက္ထားလိုက္သည္။
"ေဟ့ေကာင္...ေဂ်ာင္းဝန္း..တကယ္ကြာ..မင္းကို အခုလို ျပန္ေတြ႕ရမယ္လို႔ မထင္ထားမိဘူး.."
"ငါေရာဘဲ..ထယ္မင္.."
ေယာက်ာ္းေတြမို႔ မိန္းမ ႏွစ္ဦးလို အငိုက်ေပမဲ့ မ်က္ရည္ေလးေတြေတာ့ ဝဲေနၾကသည္။
"မင္းတို႔ကား ဘာျဖစ္တာလဲ..ေဂ်ာင္းဝန္း.."
"ငါတို႔ ကား ဆီပ်က္သြားတာ ထင္တယ္....ကားတားေနတာအေတာ္ၾကာၿပီ....ေမွာင္ကလည္း ေမွာင္..မိုးကလည္း႐ြာဆိုေတာ့..တစ္စီးမွ ရပ္မေပးၾကပါဘူးကြာ.."
"အဲ့ဆို..မင္းတို႔ကားကို ေသာ့ခ်ၿပီး..ငါတို႔ကားနဲ႕လိုက္ခဲ့..မနက္က်မွ..မင္းတို႔ကားကို ဆီျဖည့္ၿပီး လာပို႔ခိုင္းလိုက္မယ္...."
"အဲ့လိုဘဲ လုပ္ရမွာေပါ့ကြာ..ေက်းဇူးတင္တယ္ေနာ္ သူငယ္ခ်င္း..."
"မလိုပါဘူးကြာ....လာ ကားေပၚတတ္~.."
"ဆြန္း...ဘာေၾကာင့္..ခ်ယ္တို႔ကို..အဆက္သြယ္ျဖတ္ၿပီး ထြက္သြားရတာလဲကြယ္..ခ်ယ္တို႔မွာ စိတ္မေကာင္းျဖစ္ေနရတာ..."
ကားေနာက္ခန္းထဲမွာ ဆြန္းနဲ႕ခ်ယ္က ထိုင္ကာ ထယ္မင္ကကားေမာင္းေနၿပီး...ေဂ်ာင္းဝန္းက ထယ္မင့္ေဘးခုံမွာ...ခ်ယ့္ရဲ႕အေမးကို ထယ္မင္လည္း သိခ်င္တာေၾကာင့္ ကားကို အရွိန္ေျဖးေျဖးဘဲေမာင္းေနမိသည္။
ခ်ယ့္ရဲ႕ေမးခြန္းေၾကာင့္..ဂြၽန္ေမာင္ႏွံတို႔မ်က္ႏွာမေကာင္းျဖစ္သြားၾက၏။
"ဆြန္းတို႔မွာ ကိစၥရွိလို႔ မေျပာဘဲ ထြက္သြားလိုက္ရတာပါ.. ခ်ယ္ရယ္.."
"ကဲပါ..ခ်ယ္တို႔ အခု ျပန္ေတြ႕ေနရၿပီဘဲ..လြန္ခဲ့တဲ့ ႏွစ့္ေလးႏွစ္ေက်ာ္က ကတိကို တည္လိုက္ၾကရေအာင္..."
ခ်ယ္ေယာင္းက ေခါင္းငုံၿပီး အားငယ္စြာ ေျပာေနတဲ့ ဆြန္းဂ်ီရဲ႕ လက္ကို ဆုပ္ကိုင္လိုက္ၿပီး..ေျပာလိုက္ေတာ့..ဆြန္းဂ်ီက မျဖစ္နိုင္သည့္ မ်က္ဝန္းေတြနဲ႕ၾကည့္လာသည္။ ဆြန္းဂ်ီတင္မဟုတ္..ေဂ်ာင္းဝန္းေရာပင္...
"အဲ့..အဲ့ကတိက ျဖစ္နိုင္မယ္ မထင္ဘူး ခ်ယ္...ဆြန္းက ေယာက္်ားေလးေမြးတာ.."
အေၾကာင္းျပခ်က္မမည္တဲ့ အေၾကာင္းျပခ်က္ေပမဲ့..ဆြန္းဂ်ီေျပာလိုက္သည္။ သားေလးနဲ႕ အဆင္ေျပမည္မထင္....
သူ႕စကားေၾကာင့္ ခ်ယ္ေယာင္းက ၿပဳံးတုံ႕တုံ႕ေလးတုန႔္ျပန္လာ၏။
"ဆြန္းကလည္း....အသက္ႀကီးလာေတာ့..ေမ့တတ္တယ္ထင္ပ....တို႔ေလးေယာက္ရဲ႕ ကတိက..ဘာေလးေတြဘဲေမြးေမြး..အ႐ြယ္ေရာက္ရင္ လက္ထပ္ေပးၾကမယ္လို႔ေလ.ေယာက္်ားေလး အခ်င္းခ်င္း ျဖစ္ရင္ေတာင္မွလို႔ေလ..."
"ဟုတ္တယ္..ဆြန္းဂ်ီ...အစ္ကိုတို႔..မင္းတို႔ထြက္သြားၿပီး ႏွစ္ႏွစ္ေလာက္မွာ..ကေလးေမြးခဲ့တယ္..ေယာက်ာ္းေလးေလ..အခု အသက္ႏွစ္ဆယ့္ႏွစ္ထဲမွာ... architecture နဲ႕ေက်ာင္းၿပီးထားလို႔..ကုမၼဏီမွာ အလုပ္ဝင္ေနၿပီ.."
"ငါ..ငါတို႔..ကတိကိုဖ်က္ၿပီး ဒီအတိုင္းေလးဘဲ ေနၾကရေအာင္ကြာ..ထယ္မင္.."
"ဘာျဖစ္လို႔လဲ ေဂ်ာင္းဝန္း...မင္းကေလးက အိမ္ေထာင္က်သြားလို႔လား..."
"မဟုတ္ပါဘူး ထယ္မင္...ငါ..ငါတို႔မင္း ကို ဘယ္လိုေျပာရမွန္းေတာင္မသိေတာ့ဘူး..."
ေဂ်ာင္းဝန္းက ေျပာရခက္တဲ့ပုံစံနဲ႕ အျပင္ဘက္ကို ေတြေတြႀကီး ေငးၾကည့္ေနသလို..ဆြန္းဂ်ီကလည္း ေခါင္းငုံ႕ကာ..အသံတိတ္ေနသည္။ ခ်ယ္ေယာင္းတို႔လည္း..ဘာေၾကာင့္မ်ား ကတိကိုဖ်က္ေနၾကလဲ နားမလည္ေတာ့....
"ေဂ်ာင္းဝန္း~...ငါတို႔က အတြင္းသိ အဆင္းသိ သူငယ္ခ်င္းေတြပါ..မင္းတို႔ လက္ခံလို႔မရတဲ့အေၾကာင္းငါတို႔ကို ေျပာျပလို႔ရပါတယ္..."
ေဂ်ာင္းဝန္းက အျပင္ဘက္ကို ၾကည့္ရာမွ ကားေနာက္ခန္းထဲက ဇနီးသည္ကို ၾကည့္လိုက္ေတာ့..ဆြန္းဂ်ီက ေခါင္းၿငိမ့္ျပသျဖင့္..သက္ျပင္းရွည္ႀကီး ခ်လိဳက္သည္။
"ဟူးးးး "
"ငါတို႔ အဲ့ေနက ဘာေၾကာင့္ ထြက္သြားတယ္လို႔ထင္လဲ ထယ္မင္..."
"ဘာေၾကာင့္လဲ..ေဂ်ာင္းဝန္း.."
"အဲ့ေနညပိုင္း...မိုး ေတြသည္းသည္းမဲမဲ ႐ြာေနတဲ့ အခ်ိန္ ဆြန္းဂ်ီ ဗိုက္နာလာလို႔..ကားလမ္းေတြကလည္း မေကာင္းတာနဲ႕ လက္သည္ကို အိမ္ေခၚၿပီး ေမြးလိုက္ရတယ္ ထယ္မင္..ဆရာဝန္ကို ဖုန္းဆက္ေပမဲ့ မကိုင္လို႔ေလ..."
"ေယာက်ာ္းေလးေမြး..ငါ့သားေလးက အသားကျဖဴေဖြးၿပီး ပါးေဖာင္းေဖာင္းေလးေတြနဲ႕ အရမ္းခ်စ္ဖို႔ေကာင္းတာကြ~.."
ေဂ်ာင္းဝန္းကေျပာေနရင္ မ်က္ရည္က်ေနတာေတာင္မသိေပ..သူ႕ရင္ထဲမွာ ခံစားေနရတဲ့ ေပ်ာ္႐ြင္ျခင္း ဝမ္းနည္းျခင္းေတြေၾကာင့္....မြန္းက်ပ္လာသလိုပင္...ဆြန္းဂ်ီလည္း..ထိုနည္းပင္..ခ်ယ့္ရဲ႕ ပခုံးေလးေပၚေခါင္းတင္ၿပီး ငိုေန၏။
"သားကို ေတြ႕ရေတာ့..ငါေရာ ငါ့မိန္းမေရာ..အရမ္းေပ်ာ္ခဲ့ရတာ...ကံတရားကို လည္း ေက်းဇူးတင္ခဲ့တယ္..လွပၿပီး ခ်စ္စရာေကာင္းတဲ့ သားေလးကို ေပးခဲ့လို႔ေလ...ဒါေပမဲ့ သိလား..ငါ့သားေလးက ေမြးတည္းက မငိုတာ...မိုးႀကိဳးေတြပစ္ၿပီး..မိုးေတြ တအုန္းအုန္း႐ြာေနလို႔ ေဘးအိမ္က..လသားအ႐ြယ္ကေလးေလးက လန႔္ၿပီး ငိုတာေတာင္..ငါ့သားေလးက လက္မစုပ္ပ်က္ခဲ့ဘူး.."
အတိတ္ရဲ႕ေန႕တစ္ေန႕ကို ေဆြးေဆြးျမည့္ျမည့္ျပန္ေျပာျပေနတဲ့ ေဂ်ာင္းဝန္း..ထိုေနက ဘယ္လိုမွ ေမ့လို႔ရတဲ့ ေန႕မဟုတ္...သူတို႔ရဲ႕ အဖိုးတန္ေလးေရာက္လာတဲ့ေနေလ...
"ငါတို႔လည္း..တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး ထိတ္လန႔္သြားတယ္..လက္သည္ အေဒၚႀကီးေရာဘဲ..."
"ဆြန္းဂ်ီကေလ..သားေလးကို ေခၚၾကည့္လည္း....သားေလးက လွည့္ၾကည့္မလာဘူး...ငိုေအာင္ တင္ပါးေလးကို ခပ္ဆက္ဆက္ေလးရိုက္ၾကည့္လိုက္ေတာ့..သားက မ်က္ရည္ဘဲ ထြက္လာတယ္..ငိုသံထြက္မလာဘူး..ထယ္မင္~..."
"ဒါ..ဒါဆို..အစ္ကို တို႔ကေလးက..."
ခ်ယ္ေယာင္း လည္း အံဩၿပီး စကားေတြက ေလထဲတင္ေပ်ာက္ကုန္သည္။ ထယ္မင္ေရာပင္...မထင္ထားခဲ့တာ..တကယ့္ကိုဘဲ..အဲ့လိုျဖစ္မယ္လို႔ မထင္ထားခဲ့တာပါ..
"ဟုတ္တယ္..ခ်ယ္...ဆြန္းရဲ႕သားေလးက..ေမြးရာပါ..ဆြံ႕အနားမၾကားေလးျဖစ္ေနခဲ့တာ.. ခ်ယ္တို႔က သားရဲ႕ အေျခေနကို သိတာေတာင္..ကတိကို ေဖာက္ဖ်က္မွာ မဟုတ္ဘူးဆိုတာ သိေနလို႔..ဆြန္းတို႔ လက္သည္ကို ပိုက္ဆံေပးၿပီး သားေလး အေၾကာင္းမေျပာဖို႔နဲ႕...ဆြန္း ဘူဆန္မွာဘဲ ကေလးေမြးတဲ့ အေၾကာင္း မေျပာဖို႔ ႏႈတ္ပိတ္ခိုင္းခဲ့တာ..ၿပီးေတာ့ ဆြန္းတို႔ ညတြင္းခ်င္း ဂ်ယ္ဂ်ဴဘက္ကိုေျပာင္းသြားခဲ့တာ..လြန္ခဲ့တဲ့ ငါးႏွစ္ေလာက္ကမွ ဆိုးလ္ ကို ေျပာင္းလာတာ...ခ်ယ္.."
ထယ္မင္တို႔လည္း..ကေလးအေၾကာင္းၾကားရေတာ့ စိတ္မေကာင္းေပ...သူတို႔သူငယ္ခ်င္းေတြလည္း..အရမ္းစိတ္ဓာတ္က်ခဲ့မွာဘဲ...
"သားေလး အေၾကာင္း သိၿပီဆိုေတာ့..ခ်ယ္တို႔ ကတိ ဖ်က္ေပးလို႔ရၿပီမလားဟင္.."
"ဆြန္း နဲ႕ အစ္ကို ေဂ်ာင္းဝန္း..ခ်ယ္ေျပာတာကို နားေထာင္ေနာ္...ခ်ယ္တို႔ေတြက အသက္ႀကီးလာၿပီ.. ခ်ယ္တို႔ မရွိေတာ့တဲ့ အခ်ိန္က်ရင္..က်န္ခဲ့မွာက ကေလးေတြဘဲ....ခ်ယ္တို႔သားက ကိစၥ မရွိေပမဲ့...ဆြန္းတို႔သားေလးက်..ဒုကၡေရာက္သြားမွာေပါ့...မေတာ္တဲ့သူေတြ လက္ထဲေရာက္သြားရင္ကေလး ေရတိမ္နစ္လိမ့္မယ္ ...ဆြန္း..."
"ခ်ယ္ေျပာတာ နားလည္ရဲ႕လား.."
"နား.....နားလည္တယ္ ခ်ယ္...ဆြန္းတို႔လည္း..ေန႕တိုင္း အဲ့ကိစၥနဲ႕ ပတ္သက္ၿပီး ေခါင္းကိုက္ခဲ့တာ..သားေလးက ႏုႏုဖတ္ဖတ္နဲ႕ မိန္းကေလးထက္ေတာင္လွတယ္....ၿပီး..ၿပီးေတာ့..သားေလးက သား..သားအိမ္ ပါေနတယ္ ခ်ယ္..."
"ဘယ္လို..ဆြန္း!.."
"ကြၽီ~.."
ဆြန္းဂ်ီရဲ႕ စကားေၾကာင့္..ထယ္မင္က ကားကို ဘမ္းေဘး ထိုးရပ္ပစ္လိုက္သလို..ခ်ယ္ကလည္း ထုတ္ၿပီး ေမးမိသည္။
"ဟုတ္တယ္..ခ်ယ္..သားေလး အသက္ ဆယ့္ေျခာက္ႏွစ္မွာ ဗိုက္ေအာင့္လို႔ ေဆးခန္းသြားျပေတာ့ ဓာတ္မွန္ရိုက္ၾကည့္တာ သားအိမ္ ေၾကာင့္တဲ့..."
ဆြန္းဂ်ီက ထူးျခားတဲ့သားေလးကိုပိုင္ဆိုင္ရေပမဲ့..အႏၱရာယ္ျဖစ္မွာကို သိပ္ေၾကာက္တာ...အလွတရားက အဆိုးဆုံး အႏၱရာယ္ကိုဖိတ္ေခၚတဲ့ အရာ တစ္ခုမလား.....
"မငိုပါနဲ႕ေဆာ့ ဆြန္းရယ္...ခ်ယ္တို႔ ကတိကို မဖ်က္ဘဲ စီစဥ္စရာရွိတာ စီစဥ္က်မယ္...ကိုယ္တို႔သားေလးက ဆြန္းရဲ႕သားကို ေသခ်ာေစာင့္ေရွာက္နိုင္မွာပါ.."
"ျဖစ္ပါ့မလား.ခ်ယ္ရယ္..သားေလးလို ခ်ိဳ႕ယြင္းခ်က္ရွိေနတဲ့သူကို..ခ်ယ္တို႔သားက လက္ခံပါ့မလား.."
"မပူနဲ႕ ဆြန္းဂ်ီ..အစ္ကိုတို႔သားေသခ်ာေပါက္ လက္ခံမွာပါ..အခုေတာ့..ဆြန္းဂ်ီတို႔ အိမ္ကိုေျပာ..အစ္ကိုတို႔ လိုက္ပို႔ရင္း..သားေလးကို ဝင္ၾကည့္ရေအာင္.."
"ဟုတ္..အစ္ကိုထယ္မင္.."
"ဒါနဲ႕ ကေလးရဲ႕ နာမည္က ဘယ္လိုေခၚလဲ..ေဂ်ာင္းဝန္း..."
"ေဂ်ာင္ဂု~...ဂြၽန္ေဂ်ာင္ဂု~."
"နာမည္ေလးက ခ်စ္စရာေလးေနာ္..အစ္ကိုေဂ်ာင္းဝန္း..."
ထယ္မင္လည္း ေဂ်ာင္းဝန္း လမ္းၫႊန္တဲ့ အတိုင္း ေမာင္းလိုက္ေတာ့..သူတို႔အိမ္ကို ေရာက္လာသည္။ခဏဝင္ၿပီစ ညဉ့္နက္လာတာနဲ႕ သူတို႔လည္း ျပန္လာခဲ့၏။
•
•
•
•
"သား..ျပန္ေရာက္ၿပီလား..ခဏ လာအုံး.."
"ဟုတ္..ဒယ္ဒီ.."
အလုပ္က ျပန္လာတဲ့သားကို ထယ္မင္ ေခၚၿပီး အနားမွာ ထိုင္ခိုင္းလိုက္သည္။ကိုယ့္သားမလို႔ေျပာတာ မဟုတ္ဘူး..သားက ေတာ္ေတာ္ေခ်ာတာ..ဒါေပမဲ့လည္းအခုထိေတာ့ ခ်စ္သူမရွိေသးတာေၾကာင့္ စိတ္ေအးေနရတာ..
ေလးေထာင့္ဆန္ဆန္ ႏႈတ္ခမ္းထူထူပိပိ နဲ႕ ေယာက်ာ္းဆန္တဲ့ မ်က္ႏွာက သူ႕ဆီက အေမြရတာျဖစ္ၿပီး...မ်က္ရစ္ တစ္ဖက္ဘဲရွိၿပီး..ညာဘက္ပါးျပင္ထက္က မွည့္တစ္လုံးေလးကေတာ့ သူ႕အေမနဲ႕သြားတူတဲ့သားက လူေခ်ာပင္..ႏွာေခါင္းထိပ္က မွဲ႕ေလးကလည္း..ေသခ်ာၾကည့္မွ ျမင္ရတာဆိုေပမဲ့ တစ္မ်ိဳးတစ္ဖုံၾကည့္လို႔ေကာင္းသည္။ေလ့က်င့္ခန္းပုံမွန္လုပ္လို႔...အခ်ိဳးအစားေတာင့္တင္းတဲ့ ခႏၶာ ကိုယ္က မိန္းကေလးတိုင္းရဲ႕ type ..အကုန္လုံး ၿခဳံငုံလိုက္ေတာ့ ကင္မ္ထယ္ေယာင္းဆိုတဲ့ သူ႕သားက အေခ်ာဆုံး ေယာက်ာ္းေလးပင္...
ၾကည့္ေကာင္းသေလာက္ အခ်ိဳးမေျပတာလည္း ဒင္းဘဲရွိမယ္ထင္တယ္..အခု..ဖခင္ေဘးနာစ လာထိုင္တာေတာင္..အလုပ္နဲ႕ လက္က မခ်..ခုနေလးတင္ ကုမၼဏီက ျပန္ေရာက္တာကို..အလုပ္လုပ္တာ ေကာင္းေပမဲ့ အလုပ္လြန္တာကိုေတာ့ ထယ္မင္ မႀကိဳက္ေပ..သားအဖႏွစ္ေယာက္ အဲ့ ကိစၥနဲ႕ စကားမ်ားတာလည္း ခဏခဏ...
"ထယ္ေယာင္း...အဲ့ဖုန္းကို ခဏခ်..ညမွ ဆက္လုပ္~.."
"ခဏေလးပါ ဒယ္ဒီရာ..အခုေလးတင္ အတြင္းေရးမႉး..ဟန္ ပို႔လိုက္တဲ့ ဒီဇိုင္းေတြကို စစ္ၾကည့္ေနတာ.."
"ေတာ္လိုက္ေတာ့ သားထယ္..ညမွ ဆက္လုပ္ေနာ္..သား ဒယ္ဒီေျပာတာကို အရင္ နားေထာင္လိုက္..ၿပီးေတာ့ သားလည္း အခုမွ..အလုပ္က ျပန္လာတာ ေအးေဆးနားပါအုံး~.."
"ဟုတ္ကဲ့..မာမီ.."
တင္းမာေတာ့မဲ့ သားအဖ ႏွစ္ေယာက္ၾကား ခ်ယ္ေယာင္း ဖ်န္ေျဖလိုက္ရသည္။ ရန္ျဖစ္လည္း ခဏ ၿပီးရင္ သားထယ္ေရ..ဒယ္ဒီေရနဲဘ ျဖစ္သြားၾကတာပင္...စကားမ်ားၾကတာဘဲ အဖတ္တင္တယ္...
ထယ္ေယာင္း...ဖုန္းကို wallet ထဲထည့္ကာ သိမ္းလိုက္သည္။
"ေျပာပါ..ဒယ္ဒီ.."
"သားထယ္~..သားမွာ ခ်စ္သူရွိလား.."
"မရွိပါဘူး....ဒယ္ဒီ~.."
"ခ်စ္ရတဲ့သူေရာ~.."
"မရွိဘူး ဒယ္ဒီ.....ဘာလို႔လဲ~.."
အခ်စ္ေရးနဲ႕ပတ္သတ္ၿပီး တစ္ခါမွ မေမးဘူးတဲ့ မိဘေတြက ေမးလာတာမို႔ ထယ္ေယာင္း..ဇေဝဇဝါေတာ့ျဖစ္သြားသည္။
"သားကို အိမ္ေထာင္ခ်ေပးမလို႔~.."
"ဗ်ာ!..ဒယ္ဒီ!....မျဖစ္နိုင္တာ!.."
"ျဖစ္နိုင္ပါတယ္ သားထယ္~..."
"ကြၽန္ေတာ္ အိမ္ေထာင္မျပဳခ်င္ေသးဘူး..ဒယ္ဒီ....မာမီ ကူေျပာေပးပါအုံး..."
ထယ္ေယာင္းလည္း..ၿငိမ္ၿပီး သူတို႔သားအဖကို ၾကည့္ေနတဲ့ မာမီ့ကို အကူညီရလို႔ရျငားေတာင္းလိုက္၏။
"မာမီလည္း..သားအေဖနဲ႕ တစ္သေဘာတည္းဘဲ..သား...မျငင္းပါနဲ႕..ေကာင္ေလးက လူေကာင္းေလးပါ.."
"ဗ်ာ!.!.."
ထယ္ေယာင္း အံ့ဩတာထက္ပိုအံ့ဩရျပန္သည္။ အိမ္ေထာင္ခ်ေပးမယ္တဲ့ ..ၿပီးေတာ့ မိန္းကေလး မဟုတ္ဘဲ ေယာက်ာ္းေလးတဲ့..မာမီတို႔ သူတို႔သားကို gay .. မ်ားထင္ေနတာလား...
"မာမီ .သားက ေယာက်ာ္းေလးေလ..ဘယ္လိုလုပ္..ေယာက်ာ္း တစ္ေယာက္ကို လက္ထပ္ရမွာလဲ..."
"သားရယ္...မာမီတို႔က ေသခ်ာလက္ထပ္ေပးပါ့မယ္လို႔ ကတိေပးၿပီးသြားၿပီ...မဖ်က္ခ်င္ဘူး သားထယ္~.."
"ဘယ္ခ်ိန္တည္းက ကတိေပးထားတာလဲ မာမီ..."
"သားေတာင္ မေမြးေသးဘူး..."
"ဟာ!..မာမီနဲ႕ ဒယ္ဒီရာ ဒီေလာက္ ႏွစ္ေတြၾကာေနၿပီ..ၿပီးေတာ့....အခုေခတ္မွာ လူႀကီးခ်င္းကတိေပးထားလို႔ လက္ထပ္ရတယ္ဆိုတာက မမိုက္ပါဘူးဗ်ာ~..."
"မိုက္တာေတြ..မမိုက္တာေတြ မသိဘူး..သားထယ္..ဒယ္ဒီသိတာ..သား အဲ့ေကာင္ေလးနဲ႕ လက္ထပ္ရမယ္ဆိုတာဘဲ..."
ထယ္မင္က တစ္ခြန္းတည္း ျပတ္ျပတ္သားသားေျပာလိုက္တာေၾကာင့္..ထယ္ေယာင္း စဥ္းစားရၾကပ္သြားသည္..မိဘေတြကို စိတ္မဆင္းရဲေစခ်င္ေပမဲ့..ေယာက်ာ္းယူရမယ္ဆိုတာကေတာ့ မဟုတ္ေသးဘူးေလ...
"ဟာ!..ဒယ္ဒီ..အခုေခတ္မွာ အဲ့လို ငတိေတြ အသုံးမဝင္ပါဘူးဗ်ာ...ၿပီစေတာ့ ေယာက္်ား အခ်င္းခ်င္း လက္ထပ္ရင္ ဒယ္ဒီတို႔ ေျမးခ်ီရမွာ မဟုတ္ဘူးေလ..မ်ိဳးဆက္ျပတ္သြားမွာေပါ့.."
အသုံးဝင္ေလာက္မဲ့ ဆင္ေျခကို ကပ္သတ္ စဥ္းစားၿပီး ေျပာလိုက္ေပမဲ့ မိဘ ႏွစ္ပါးက သူ႕ကိုသာ ၿပဳံးၾကည့္ေနၾကသည္။
* ဘာလဲဟ!. မာမီနဲ႕ ဒယ္ဒီ အၿပဳံးေတြက ထူးဆန္းလိုက္တာ...ငါေျပာတဲ့ အထဲ ၿပဳံးစရာ ပါလို႔လား...*
"မ်ိဳးဆက္ အတြက္ပူစရာမလိုဘူး..သားထယ္..ဂြၽန္ေဂ်ာင္ဂုက ေမြးရာပါ သားအိမ္ပါလို႔ ကိုယ္ဝန္ေဆာင္လို႔ရတယ္...ၿပီးေတာ့ သနားစရာေလးပါ..ဆြံ႕အနားမၾကားေလးျဖစ္ေနတာေလ.."
"ဗ်ာ!.."
*ဆိုးသြားၿပီ~...ဒါေတာ့ ေတာ္ေတာ္ ဆိုးသြားၿပီ..မာမီတို႔က ကတိတည္ဖို႔ ကိုယ့္သား ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ကို ဆြံ႕အနား မၾကားတဲ့သူနဲ႕ ဇြတ္ စီစဥ္ေနပါလား*
ထယ္ေယာင္း စိတ္ထဲကေန ေျပာေနမိေပမဲ့ အျပင္မွာ ဗ်ာ တစ္လုံးသာထြက္နိုင္ေတာ့သည္။ ေယာက်ာ္းေလးတန္မဲ့ သားအိမ္ပါေနၿပီး..စကားကလည္း မေျပာတတ္..နားကလည္း..မၾကား...အဲ့လိုလူနဲ႕ လက္ထပ္ဖို႔ဆိုတာ အိပ္မက္ထဲထည့္ေတာင္ မမက္ဖူးေပ...
"ဒယ္...ဒယ္ဒီ..!...ဒယ္ဒီ့သားက..အစစအရာရာ ျပည့္စုံၿပီး ခ်ိဳ႕ယြင္းခ်က္မရွိတဲ့လူေလ...ဘယ္..ဘယ္လိုစိတ္နဲ႕မ်ား..အဲ့လို႔ ေကာင္ေလးမ်ိဳးနဲ႕ ေပးစားခ်င္ၾကတာလဲ..."
"သားထယ္..ေဂ်ာင္ဂု ဘဝက သနားဖို႔ေကာင္းပါတယ္ မေကာင္းတဲ့သူေတြ လက္ထဲေရာက္သြားရင္..သူ႕ဘဝေလး ေရတိမ္နစ္မွာ..."
"အဲ့ဒါနဲ႕ဘဲ သားက လက္ထပ္ရမယ္ေပါ့..အဓိပၸာယ္ မရွိတာ မာမီရာ..."
သားက အသည္းအသန္ျငင္းေနတာေၾကာင့္..ခ်ယ္ေယာင္းတို႔လည္း ညာဆက္ေျပာရမွန္းေတာင္မသိ....ညိုစစ အသားရည္က စိတ္တိုေနတာေၾကာင့္ နီညိုေရာင္ထေနၿပီ...ဒီကိစၥ ထယ္မင္ ပါးနပ္မွ ရေတာ့မည္...မထူးတဲ့ အဆုံး ေနာင္ဆုံး အကြက္ကို ထုတ္သုံးရေတာ့မည္။
"ဘုတ္!.."
"ယူလိုက္..ကားေသာ့ကို..."
ထယ္မင္က ေဘာင္းဘီအိတ္ထဲက ကားေသာ့ကို ထယ္ေယာင္းရဲ႕ စားပြဲေရွ႕ ပစ္ခ်လိဳက္ေတာ့ ထယ္ေယာင္းေရာ ခ်ယ္ေယာင္းပါ အူေၾကာင္ေၾကာင္ ၾကည့္လာ၏။
"ဘာ..ဘာလုပ္ရမွာလဲ ဒယ္ဒီ..."
"တေန႕က ညပိုင္း ဘူဆန္ကျပန္လာေတာ့ လမ္းမွာ ကားဆီပ်က္သြားတဲ့ သူငယ္ခ်င္းရဲ႕ ကားေသာ့..ဆီျဖည့္ေပးၿပီး..အင္ဂ်င္ပိုင္းပါ တစ္ခါတည္း..စစ္ေပးေနလို႔ ဒီေန႕မွ ရတာ..ငါမအားလို႔ အဲ့ကားကို ငါ့သူငယ္ခ်င္းအိမ္သြားပို႔ေပး.."
ခ်က္ခ်င္းႀကီး စကားလမ္းေၾကာင္းလႊဲလာတဲ့ ဖခင္ေၾကာင့္ ထယ္ေယာင္းရဲ႕ ေခါင္းအစုံ ရႈပ္သြားသည္။ဒါေပမဲ့လည္း စကားလမ္းေၾကာင္းေျပာင္းသြားေတာ့ စိတ္ညစ္စရာမလိုဘူးေပါ့..
"ဟုတ္ကဲ့ ဒယ္ဒီ..ကြၽန္ေတာ္ မနက္ ရွစ္နာရီေလာက္သြားပို႔ေပးပါ့မယ္...ဘယ္ေနရာလဲမသိဘူး..."
"ဟြာဂ်ယ္လမ္း..ေဒါ့ရွီ ရပ္ကြက္..အိမ္နံပါတ္.907.."
"ဟုတ္ၿပီး ဒယ္ဒီ ကြၽန္ေတာ္ ေရခ်ိဳးသြားလိုက္အုံးမယ္..ၿပီးေတာ့ လက္ထပ္ပြဲက လက္မခံဘူးေနာ္.."
ထယ္ေယာင္း ကားေသာ့ကို ယူကာ အျပတ္ေျပာၿပီး အေပၚထပ္တက္သြားလိုက္သည္။ ။ဒီကိစၥမွာေတာ့ ထယ္ေယာင္း အေလွ်ာ့မေပးလို...
•
•
•
အေပၚထပ္တက္သြားတဲ့ သားရဲ႕ ေက်ာျပင္ကို ၾကည့္ၿပီး...ထယ္မင္ ၿပဳံးမိသည္။
*ငါ မင္းအေဖပါ ထယ္ေယာင္းရာ *
"အစ္ကို အဲ့အိမ္က ဆြန္းဂ်ီတို႔အိမ္ မလား..ဘာျဖစ္လို႔ သားေလးကို သြားခိုင္းတာလဲ..."
"ေျဖာင့္ေနတဲ့ မင္းသား မေျဖာင့္နိုင္ေအာင္ ေဂ်ာင္ဂုေလးနဲ႕ ေတြ႕ခိုင္းမလို႔...အခုလို အစ္ကိုတို႔ေျပာေနလည္း မင္းသားက နားဝင္မွာမဟုတ္ဘူး အဲ့ေတာ့ လူခ်င္းေတြ႕လို႔ရေအာင္ ကားပို႔ခိုင္းလိုက္တာ...ေဂ်ာင္ဂုေလးက အရမ္းခ်စ္စရာေကာင္းၿပီး လွတာ မင္းသား ခ်က္ခ်င္း ေကြးသြားလိမ့္မယ္...ၾကည့္ေန မိန္းမ..မနက္ျဖန္ သားထယ္ ေဂ်ာင္ဂုက အိမ္က ျပန္လာၿပီးရင္ ခ်က္ခ်င္း လက္ထပ္ေပးပါ ျဖစ္သြားေစရမယ္..."
အပိုင္တြတ္ထားပုံရတဲ့ ခင္ပြန္းရဲ႕ပုံစံေၾကာင့္ခ်ယ္ေယာင္းလည္း ရင္ေအးရသည္။
"အစ္ကို႔ စကားနဲ႕ အစ္ကို ဟုတ္ေနတာဘဲ..."
"ၾကည့္လိုက္ပါ မိန္းမရာ..ကိုယ့္သားအေၾကာင္း ကိုယ္သိတာေပါ့.."
"ဟုတ္ပါၿပီ..အစ္ကိုရယ္.."
ခ်ယ္ေယာင္းလဲ ဘာမွ ဆက္မေျပာေတာ့ဘဲ မီးဖိုခန္းထဲဝင္ကာ အလုပ္သမားေတြကို ညစာ ျပင္ဖို႔သြားၿပီး ေျပာေနလိုက္၏။
* အစ္ကို႔ရဲ႕ အႀကံက အလုပ္ျဖစ္မွာပါ..*
•
•
•
•
•
•
•
မနက္ျဖန္ေတာ့ အေျဖာင့္ထယ္ေယာင္း ေဂ်ာင္ဂုနဲ႕ေတြ႕ၿပီး ေကြးမလား မေကြးဘူးလား..သိရမယ္ေနာ္😘
Good night ပါသဲငယ္ေလးတို႔😘💜💜💜💜💜💜💜
Thanks for votes, feedback and comment.
I Love my readers forever ❤️
I PURPLE YOUR 💜