Spy with Mafia

De Ixora-y11

6.1K 451 49

ရန်သူလေးကချစ်ဖို့ကောင်းလိုက်တာကွာ ဟင်းဟင်း Xiao Zhan ( Sean) ဒီဘိုးတော်က အဖမ်းခံချင်နေတာလား ဘာဖြစ်ချင်နေတာတုန... Mais

Intro
2
3
4

1

1.3K 95 10
De Ixora-y11

Unicode
.
.
.
.

လမ်းမတစ်ခုမှာပြေးလွှားနေတဲ့သူတစ်ယောက် အတိအကျပြောရရင် လမ်းကြားတစ်ခုထဲကိုအပြေးသွားနေတဲ့ကောင်လေးငယ်ငယ်။ထိုသူ့ရဲ့အနောက်မှာလိုက်လာတဲ့သူတွေကသေနတ်ကိုယ်ဆီကိုင်ဆောင်ထားကြပြီးရှေးကပြေးနေတဲ့လူကိုပြစ်ခတ်နေလေသည်။ရှေ့ကလူကလည်း ပြစ်လာသမျှကျည်ဆံတွေကိုရှောင်ရှားရင်း ဖုန်းကောတစ်ခုကိုခေါ်လိုက်တယ်ဆိုရင်ပဲ

"L-85 ပြောပါ"

"ဆုံရပ်မှာစောင့်နေ ကျွန်တော်အခုထွက်လာပြီ xxxနေရာမှာလူတွေလာခေါ်"

"ok အခုပဲအဲ့ကိုလူလွှတ်လိုက်မယ် ဆုံရပ်မှာစောင့်နေတယ်"

leo နောက်ကလိုက်လာတဲ့သူတွေရဲ့ပြစ်ခတ်မှုကြောင့် ကျည်ဆန်တွေကိုရှောင်ရှားရင်း ခါးကြားထဲကဘောပင်ကိုထုတ်လိုက်ပြီး ပြေးလာနေတဲ့သူတွေထံလှည့်ပြစ်လိုက်သည်။ဘောပင်ကထိုနေရာကိုကျသွားတာနဲ့ အုန်းခနဲထပေါက်ပြီးပီကေလိုကပ်စေးစေးအရာတွေထွက်လာတာမို့ ထိုလူတွေကတက်နင်းမိပြီးကပ်နေလေသည်။

leo ခါးပတ်ပေါ်ကခလုတ်လေးကိုနှိပ်လိုက်တော့ အကြည်ရောင်ကာထားတဲ့အတန်းလေးပေါ်ထွက်လာကာ leoတစ်ကိုယ်လုံးဖုံးလွှမ်းပြီးကာထားလေသည်။ ဒါနဲ့ဆိုအဲ့ကောင်တွေသေနတ်နဲ့ပြစ်လည်းကြောက်စရာမလိုတော့။leo မိမိတို့ဌာနချုပ်ကိုပြန်ဖို့ ဆုံရပ်ကိုသွားလိုက်သည်။နောက်ကကျန်ခဲ့တဲ့သူတွေလား ထိုသူတွေ သုံးရက်တိတိအဲ့နားကခွာနိုင်မှာမဟုတ်တော့။ကျန်တာကိုဌာနချုပ်ကရှင်းလိမ့်မယ်။

ကျွန်တော့်နာမည်က leo ဒါက Spy လောကမှာရှိတဲ့နာမည်ပေါ့ အမှတ်စဥ်က L-85 အများစုကတော့ leoလို့ပဲခေါ်ကြတယ်။Spy တစ်ယောက်ဖြစ်ရတာ ထင်ထားသလောက်မလွယ်ဘူး ခုပဲကြည့်လေ ကျွန်တော့်နောက်ကိုလူဆိုးတွေလိုက်လာတယ်။ဒါက ကျွန်တော့်အတွက်တော့အထူးဆန်းဆုံး​ဖြစ်ရပ်ကြီးပဲ။Spy ဆိုတာပေါ်သွားရင် အသွင်ယူရုပ်ဖျက်ခြင်းလည်းဆုံးရှုံးသွားသလို Mission လည်းနှောင့်နှေးစေတယ်။ကျွန်တော့်သက်တမ်းတစ်လျှောက် ခုလို Spyဆိုတာမပေါ်ဖူးဘူး။ဘယ်ဂိုဏ်းမှာအယောင်ဆောင်လှုပ်ရှားပါစေ ဘယ်သူမှကျွန်တော့ကိုSpy မှန်းမသိဘူး။ခုလူတွေကဘယ်လိုသိသွားတယ်မသိ ကျွန်တော့်ကိုSpyဆိုပြီးလိုက်သတ်တော့တာပဲ။ကျွန်တော့်အကြောင်းဖော်ထုတ်ပေးနိုင်တဲ့ကောင်ကိုချီးကျူးမိပါရဲ့။ကဲခုတော့ ဌာနချုပ်ကိုသွားရတော့မယ် အဲ့ကအဘွားကြီးရဲ့ပွားနည်းတွေခံရတော့မယ်ပေါ့လေ။

At Agency,

leo ဓာတ်လှေကားနဲ့ဌာနချုပ်ရဲ့အထပ်ကိုနှိပ်လိုက်ပြီးဝင်လိုက်တယ်ဆိုရင်ပဲ ဌာနထဲမှာရှိတဲ့သူတွေကဝိုင်းနှုတ်ဆက်လေသည်။

"ဟေးးleo အဆင်ပြေခဲ့လား"

"ဘယ်သူမို့လဲ"

leoပြန်ပြောလိုက်တဲ့စကားကို သဘောတကျဝင်ပြောလာတဲ့သူများ

"ဟားဟား leoကအတော်ဆုံးလေ မင်းမို့အဲ့လိုသွားမေးတယ်"

"ဟုတ်ပ"

"leoကိုတော့မလေးစားပဲမနေနိုင်ဘူးဟေ့"

leo ထိုသူတွေကိုမျက်စိတစ်ဖက်မှိတ်ပြပြီး ထွက်လာလိုက်တော့ နောက်ပါးကမိန်းကလေးတွေရဲ့အော်သံကိုကြားလိုက်ရသည်။leoက ဌာနချုပ်မှာအတော်ဆုံးနဲ့အချောဆုံးပဲလေ။ဒါမျိုးအော်သံတွေကဖြစ်နေကြ။

ငှာနချုပ်ရဲ့ရုံးခန်းထဲleoခြေချလိုက်တာနဲ့ထွက်လာတဲ့ဘွားတော်အသံကြီးကဆိုးရွားလွန်းတယ်။

"leo!! မင်းဘယ်လိုတွေတောင်လုပ်လာတာလဲ လမ်းမကြီးပေါ်မှာအဲ့ဘောပင်ကိုထုတ်သုံးရသလား ပြည်သူတွေမြင်ရင်ခက်ကုန်တော့မယ်"

"မသုံးစေချင်ရင်ပေးမထားနဲ့လေ"

"မင်း မင်း"

သူမအပြောကိုအရေးမစိုက်သလို ပြန်ခနဲ့လာတဲ့စကားလုံးတွေ ထိုစကားလုံးတွေကိုသူမဘယ်လိုပြန်ချေပရမှန်းတောင်မသိတော့။leoက Spyအလုပ်မှာတင်တော်တာမဟုတ် ခုလိုစကားအရာမှာလည်းချောင်ပိတ်ပြောတတ်ပါသေးသည်။

"မင်းမှာအကာအကွယ်အပြည့်အစုံပါတာပဲ ကျည်ကာလည်းပါတယ် သူတို့ကသေနတ်နဲ့လိုက်ပြစ်လို့ လမ်းမတောင်မရှောင်ခုလိုလုပ်ခဲ့တာက အဖွဲ့အစည်းကိုဘယ်လောက်ထိခိုက်စေသလဲ ငါတို့လုပ်နေတာ Spy နော် လူသိခံလို့မရဘူး"

"တစ်အချက်.ကျည်ကာပါတယ်ဟုတ်ပြီ ဒါဆိုခင်များကိုမေးမယ် ဘာမှမပြောပါပဲခင်များအခန်းထဲလူဆယ်ယောက်ကသေနတ်တွေနဲ့ဝင်လာပြီးပြစ်ရင်ခင်များအရင်ပြေးမှာလား ကျည်ကာကိုနှိပ်မှာလား"

"....."

"ခင်များမဖြေနိုင်ရင်ကျုပ်ဖြေမယ် ကျည်ကာကိုနှိပ်မယ့်အစား ကျည်ဆန်တွေကိုရှောင်ပြေးတာကောင်းမယ် ကျည်ဆန်ကဘယ်လောက်မြန်လဲခင်များသိပါတယ် အဲ့အတွက်ခါးနားကခလုတ်ကိုနှိပ်ဖို့အချိန်မရှိဘူး"

"နှစ်အချက်.လမ်းမမှာတောင်မရှောင်ပဲကျုပ်ကလုပ်ချင်ရာလုပ်မယ့်ကောင်မျိူးမဟုတ်ဘူး ကျုပ်ကိုမဆူခင်အဲ့လမ်းကိုစုံစမ်းလိုက်အုံး ဘယ်ကားမှမသွားသလိုဘယ်လူမှမသွားတဲ့ပိတ်ထားတဲ့လမ်းကြီး"

ချက်ကျလက်ကျပြန်ရှင်းပြလာတဲ့leoကို အဖွဲ့အစည်းကကျန်တဲ့လူတွေအကုန်လေးစားမှုအပြည့်နဲ့ကြည့်လိုက်ကြသည်။Spy ကောင်းတစ်ယောက်ဖြစ်ဖို့ leoလိုထက်မြတ်နေရမယ်မဟုတ်လား။

leoကိုမကျေနပ်သလိုကြည့်နေတဲ့ဘွားတော်ကိုဂရုမစိုက်ပဲထိုအခန်းထဲကထွက်လာလိုက်သည်။သူ့အတွက် Mission တွေကတန်းစီနေတာလေ ခုအလုပ်ကပေါ်သွားပြီဆိုတော့ နောက်အလုပ်ကိုပြောင်းရတော့မှာပေါ့။ငါ့ကိုဖော်ထုတ်သွားတဲ့ကောင်ရေအမျှဝေဖို့ပြင်ထားလိုက်။

ငှာနချုပ်ကမိမိကားကိုယူကာ leoကိုယ့်အိမ်ကိုယ်မောင်းလာလိုက်သည်။နောက်မှာဟိုဘွားတော်ဘယ်လိုကျန်ခဲ့လဲမသိ သေချာတာတော့ဒေါသထွက်လွန်းလို့မျက်နှာကြီးကနီနေလောက်ပြီ ဟဟား။

~~~~~~~~~~~~~~~

"ဘယ်လိုလဲအဆင်ပြေခဲ့လား"

"Yes Leader! အားလုံးအဆင်ပြေပါတယ် အဲ့ကောင်လေးထွက်ပြေးသွားတယ်လို့ကြားတယ်ကျွန်တော့်တို့လူတွေလွှတ်လိုက်ရမလား"

"မလိုဘူး လွတ်သွားလား"

"ဟုတ်ကဲ့ လွတ်မြောက်သွားပါတယ်"

"ဒဏ်ရာရသွားသေးလား"

"ခြစ်ရာတစ်ခုတောင်ဖြစ်မသွားပါဘူး"

"ဟား....အရည်အချင်းတော့ရှိသားပဲ"

သဘောတကျရယ်လိုက်သော Sean။အဲ့နောက်မှာဘာစကားမှထပ်ထွက်မလာတာမို့

"ကျွန်တော့်ကိုဘာခိုင်းစရာရှိသေးလဲSean"

"မရှိဘူး မင်းသွားလို့ရပြီ"

တံခါးပိတ်သံနောက်မှာ ထိုင်ခုံပေါ်ကလူကထရပ်လိုက်ပြီး စဥ်တစ်ခုစီဦးတည်သွားလေသည်။လက်ချောင်းသွယ်သွယ်တွေကဖိုင်တွေကြားတိုးဝှေ့ကာ အပြာရောင်ဖိုင်အရောက်ရပ်တန့်သွားပြီးထိုဖိုင်ကိုဆွဲယူလိုက်​သည်။

အခန်းအတွင်းကဆိုဖာပေါ်တစ်လှမ်းချင်းလျှောက်လှမ်းနေတဲ့အမျိုးသားတစ်ယောက်။ထိုအမျိုးအသားရဲ့ခြေလှမ်းတွေကမြန်ဆန်ပြီးလိုရာအရပ်ကိုလျင်လျင်မြန်မြန်ရောက်ခြင်းအားဖြင့် ထိုအမျိုးသားကခြေတံရှည်တွေကိုပိုင်ဆိုင်ထားမှန်းသိသာလှသည်။

လက်ထဲကဖိုင်တွဲကိုလှပ်လိုက်တော့ ပုံလေးတွေအစီအရီကပ်ထားကာ မျက်နှာမျိုးစုံနဲ့ဝတ်ပုံစားပုံကွဲပြားနေတဲ့ယောက်ျားလေးပုံတွေဖြစ်နေသည်။ထိုပုံတွေအားလုံးက လူတစ်ယောက်တည်းဆိုပေမယ့်ဘယ်ဟာကထိုကောင်လေးရဲ့ရုပ်အစစ်လဲခန့်မှန်းလို့မရဖြစ်နေသည်။

Sean ဖိုင်ထဲကဓာတ်ပုံတွေကိုထုတ်ကာ ရှေ့ကစားပွဲပေါ်ပြစ်ချလိုက်ပြီးတစ်ပုံချင်းစီလိုက်ကြည့်လိုက်တော့ ထူးခြားချက်ကိုတွေ့လိုက်ရသည်။အဲ့တာကနှုတ်ခမ်းပဲ ထိုကောင်လေးကပုံစံတွေအမျိုးမျိုးပြောင်းနေပေမယ့် သူ့ရဲ့ခပ်ဖူးဖူးနှုတ်ခမ်းလေးကိုတော့မပြောင်းပဲထားလေသည်။

"မင်းကသိပ်တော်တယ် ဘယ်လိုလုပ်မလဲ ကိုယ်မင်းကိုမြင်ဖူးချင်ပြီကိုယ့်အဖေရဲ့သွေးကြွေးလေးတွေဆပ်ခိုင်​းမလို့လေ ဟက်"

Sean တို့မိသားစုကမာဖီးယားလုပ်ငန်းကိုလက်ဆင့်ကမ်းလုပ်ကိုင်တဲ့မားဖီးယားခေါင်းဆောင်တွေ။Sean ဖေဖေလက်ထက်မှာသိပ်တော်တဲ့Spyတစ်ယောက်ကြောင့် ဖေဖေရဲ့ဂိုဏ်းကပြိုကွဲလုမတတ်ဖြစ်သွားခဲ့တယ်။အဲ့အချိန်မှာSeanက ပညာရေးကိုသာစိတ်ဝင်စားပြီးနိုင်ငံခြားမှာဘွဲ့တွေတန်းစီယူနေခဲ့တာ။Spyအဖွဲ့အစည်းရဲ့ဖော်ထုတ်မှုကြောင့်ဂိုဏ်းက ရစရာမရှိအောင်ပျက်စီးသွားရတယ်။ထိုအဖွဲ့အစည်းကတော့ Seanဖေဖေရဲ့ဂိုဏ်းဖြစ်တဲ့ BD(Black Diamond)ကိုမရှိတော့ဘူးလို့သတ်မှတ်လိုက်ကြတာလေ။ဟက် သူတို့(Spy)မှာမှလျှို့ဝှက်တပ်သားတွေရှိတာမဟုတ် Seanတို့မှာလည်း လျှို့ဝှက်ထားတဲ့အင်အားတွေရှိပါသေးသည်။

Sean ဖေဖေ့ရဲ့သတင်းကြားတာနဲ့ဒီနိုင်ငံကိုအပြေးပြန်လာပြီး ဖေဖေ့ဂိုဏ်းကိုဦးစီးခဲ့တာ ဖေဖေကတော့အရင်ဂိုဏ်းကပြိုကွဲသွားလို့အရမ်းဓာတ်ကျသွားပုံပင် ဘာဆိုဘာမှမလုပ်နိုင်ပဲအိမ်မှာပဲကုပ်နေတော့တာ ကျန်းမာရေးကြောင့်လည်းပါမယ်ထင်တယ် အဖေကအသက်အရွယ်ရနေပြီလေ။Sean အဲ့အတွက်ထိုကောင်လေးကိုလိုက်ဖမ်းဖို့ကြိုးစားပေမယ့် သတင်းအပြည့်အစုံကမရှိဘူး ဘယ်လောက်စုံစမ်းပါစေမတွေ့ရဘူး နောက်ဆုံးရုပ်ဖျက်ခဲ့တဲ့ပုံလေးတွေလောက်ပဲတွေ့ရှိခဲ့တာ။ခုတစ်ခါကတော့ Sean ကိုယ်တိုင်ထိုကောင်လေးရုပ်ဖျက်ထားတဲ့ဂိုဏ်းကိုသတင်းလှမ်းပို့ခဲ့တာ။တစ်ခြားဂိုဏ်းနဲ့ငြိပြီး ဒဏ်ရာရလည်းမနည်းဘူးလို့အတွေးပေါ်ပြီးလုပ်လိုက်ပေမယ့် ထိုကောင်လေးကကိုယ်မှန်းထားတာထက်ပိုတော်နေတယ်။ပုံမှန်Spyဆိုအဲ့အခြေအနေမှာသေနေ့စေ့ပြီလို့တောင်ပြောလို့ရတယ်။Seanထိုကောင်လေးရဲ့အရည်အချင်းကိုအထင်မသေးတာမို့ လွတ်မယ်ဆိုတာသိပေမယ့်ခုလိုဘာဒဏ်ရာမှမရပဲလွတ်သွားမယ်လို့တကယ်ကိုမထင်ထားတာ။

ဓာတ်ပုံထဲကကောင်လေးကိုကြည့်ပြီး ကွေးညွှတ်သွားတဲ့နှုတ်ခမ်းပါးလေး။ထိုနှုတ်ခမ်းပါးရဲ့အပြုံးဟာ ကောင်းမွန်သောပြုံးခြင်းမျိုးတော့မဟုတ်ခဲ့ပေ။

"ကိုယ်မင်းကိုမိအောင်ဖမ်းမယ် မင်းလိုကလေးလေးကိုမမိရင်ကိုယ်ကမာဖီးယားဘယ်ပီသတော့မလဲ စောင့်နေပေး မမြင်ဘူးတဲ့နှင်းဆီဖူးလေး"

စားပွဲပေါ်ကဓာတ်ပုံလေးကိုကောက်ကိုင်ပြီး ထိုကောင်လေးရဲ့မျက်ဝန်းညိုညိုများကိုအတန်ကြာစိုက်ကြည့်ပြီးမှ အကြည့်လွှဲလိုက်မိသည်။ဓာတ်ပုံလေးတစ်ပုံကတောင် Sean ကိုညို့ယူနေရင် တကယ့်မျက်နှာလေးသာဆို......Sean အတွေးစတွေဖြတ်ကာ Base X ကိုသွားဖို့ပြင်လိုက်သည်။

Base X က Sean အသစ်ထောင်ထားတဲ့ဂိုဏ်းတည်ရှိရာနယ်မြေတစ်ခုပင်။အခုထိုနေရာကိုသွားဖို့ကလိုလာပြီလေ။ဘာလို့ဆိုကောင်လေးကိုမျှားဖို့ငါးစာချရမယ်။

~~~~~~~~~~~~~~~~~

Leo ခုရက်ပိုင်းသိပ်ကိုအလုပ်ရှုပ်နေတယ် တစ်ခြားကြောင့်မဟုတ် အသစ်ပေါ်လာတဲ့ဂိုဏ်းတစ်ခုကြောင့်ပင်။leo လိုတော်ပါပေ့ဆိုတဲ့Spyတောင် အဲ့ဂိုဏ်းသားတွေကိုဖမ်းမမိဖြစ်နေတာမို့ leoအံတကြိတ်ကြိတ်ဖြစ်နေရသည်။

Leo ရာဝဇင်မှာရုပ်ဖျက်တာမပေါ်ဖူးသလို leoလက်နဲ့ထိလိုက်ရင်မမိခဲ့တာမရှိဖူးဘူး။ခုလပိုင်းအတွင်းမှာတင် ထိုနှစ်ခုလုံးဟာ ရေထဲဆပ်ပြာပြုတ်ကျသလို ပလုံခနဲမြည်သွားရတာမို့ မခံချင်စိတ်ကထိန်းမရတော့။

"ဝမ်နင် ငါ့ကို ဒီမျက်နှာဖုံးနဲ့လူအကြောင်းစုံစမ်းပေး"

"wowo ပထမဆုံးအကူအညီတောင်းခြင်းပါလား ကိုယ့်လူကိုဘယ်သူကကျောသွားတာလဲ သိပ်သိချင်သွားပြီ"

"သိချင် မင်းအဖေဓာတ်ပုံကောက်ကိုင်ပြီးစုံစမ်းလိုက်လေ"

"အမ်? ဒါငါ့အဖေလား ငယ်ငယ်ကပုံများလား မဖြစ်နိုင်တာငါ့အဖေအဲ့လောက်မချောပါဘူး"

"ဒေါက်"

"အာ့ မင်းဘာလို့ငါ့ကိုခေါက်တာလဲ"

"ရွဲ့ပြောနေတာလေ"

"အာ....မသိဘူးလေကွာ ငါကအတည်ထင်တာကို"

"ထားတော့....ဒါနဲ့ နှုတ်ခမ်းပဲပေါ်နေတဲ့အဲ့လူကိုဘယ်နားကချောတယ်လို့သတ်မှတ်လိုက်တာလဲဝမ်နင်"

"မင်းသေချာကြည့်လေကွာ အဲ့ဘဲကြီးရဲ့ကိုယ်အချိုးအစားကဘယ်လောက်Smartကျလိုက်လဲ အရပ်အမောင်းကိုကြည့်မလား အသားအရည်ကိုကြည့်မလား ဟောတစ်စွန်းတစ်စပေါ်နေတဲ့နှုတ်ခမ်းပါးကိုကြည့်မလား ဘယ်နေရာကများမချောပဲနေလို့လဲ Lady လေးတွေအတွက်ဆို Sugar typeကြီးနော်"

ဝမ်နင်ရဲ့အပြောကြောင့် ရိပေါ်နှာခေါင်းတစ်ချက်ရှုံ့လိုက်မိသည်။အဲ့ဘဲကြီးကမချောတာတော့မဟုတ် ပေါ်နေတဲ့နှုတ်ခမ်းသားတစ်ချို့ကတောင်ဆွဲဆောင်မှုရှိနေတာ ဖုံးထားတဲ့မျက်နှာတစ်ပိုင်းလုံးကိုပါပေါင်းတွေ့လိုက်ရမယ်ဆို ဝမ်နင်ပြောသလိုချောမှာကတော့မလွဲ But ဘယ်သူကဝမ်ရိပေါ်လောက်ချောပြီးခန့်နိုင်မှာမို့လဲ။

ရိပေါ်အတွေးနဲ့အတူ ထိုဘဲကြီးရဲ့ပုံကိုပြန်ကြည့်လိုက်တော့ နှုတ်ခမ်းအောက်နားကမထင်မရှားမှည့်လေးကိုသတိထားမိသွားသည်နှင့်တစ်ပြိုင်နက် ရင်ဘတ်တွေအေးလာပြီးနှလုံးခုန်နှုန်းတွေတောင်မြန်လာသယောင်။

"ချီးပဲ ကောင်းကျိုးမပေးတဲ့ဘဲကြီး ဗြောင်းး"

ဓာတ်ပုံကိုကောက်ကိုင်ကြည့်နေရင်း မျက်နှာတွေနီရဲသွားပြီး မကြာလိုက်ခင်မှာပဲ ထအော်ဆဲကာ ဓာတ်ပုံကို Computer table ပေါ်အသံမြည်အောင်ပြစ်ချသွားလျက် ဇိုးဇိုးဇက်ဇက်ထွက်သွားသူရိပေါ်။

ဝမ်နင်ကတော့ ရိပေါ်အဖြစ်ကိုနားမလည်စွာ​ ကြောင်အကာ ကျန်ခဲ့ပြန်ပြီ။ဝမ်နင်ကရိပေါ်နဲ့ပက်သတ်ရင်ဘာမှနားမလည်တာခုမှမဟုတ် ကစားကွင်းမှာတူတူဆော့တဲ့အရွယ်ကတည်းကဖြစ်သည်။သူ့သူငယ်ချင်းရိပေါ်ကိုနောက်မှသွားမေးဖို့တွေးလိုက်ပြီး Computer ကိုကောက်ကိုင်ကာ သတင်းစုံစမ်းဖို့စတင်လိုက်ပြီဆိုတာနဲ့ သတိရသွားရတဲ့အရာကြောင့် ဝမ်နင်ပါထဆဲမိပြန်ပြီ။

"f**k တံတားစောင်းလေး မင်းကငါ့ထက်ပိုကျွမ်းတဲ့ hackerကြီးလေ"

A/N:တံတားစောင်း=တတောင်းစား=သူတောင်းစား#

တစ်ဖက်ကထထွက်လာတဲ့ရိပေါ်ကတော့ ရင်တုန်တာမပျောက်သေးတာမို့ ဝမ်နင်ကိုစနောက်ခဲ့တာတောင်သတိမရတော့ပဲ အိမ်ကိုတန်းပြန်ပြီးအိပ်ဆေးသောက်အိပ်လိုက်တော့သည်။သေချာတာတော့ ရိပေါ်ရဲ့အိပ်မက်ထဲထိထိုဘဲကြီးကပါလာတာပါပဲ။

🕰🕰🕰🕰🕰🕰🕰🕰

Ting!~~~Ting!~~~Ting!

တတင်တင်အသံပေးလို့မြည်လာလေသောဖုန်းသံကြောင့် အိပ်မှုန်စုံဖွားနဲ့ ယူကြည့်လိုက်သောရိပေါ်။ခနအကြာ မျက်လုံးပြူးမျက်စံပြူးနဲ့အကျယ်ကြီးထအော်လေတော့သည်။

"အားးးးးကျောင်းနောက်ကျပြီ သေစမ်း"

ကပြာကယာရေချိုးလိုက်ပြီး တီရှပ်အဖြူကိုကောက်စွတ်ကာ ဂျင်းဘောင်းဘီအနက်နဲ့တွဲဝတ်ပြီး အိမ်ကကားကိုမစီးတော့ပဲ Bus ကားဂိတ်ကိုပြေးရတော့သည်။

ဒီနေ့ကျောင်းသားအဖြစ်ဟန်ဆောင်ပြီး killer ဂိုဏ်းခေါင်းဆောင်ရဲ့သား ကျောက်ဖိန့်ဟွမ်နဲ့ရင်းနှီးအောင်လုပ်ရမယ့်နေ့။ခါတိုင်းအလုပ်နဲ့ပက်သတ်ရင်အချိန်တိကျလွန်းသူရိပေါ်ကတော့ မနေ့ကဟိုဘဲကြီးကြောင့်အိပ်မက်ဆိုးတွေမက်ပြီးလန့်လန့်နိုးနေတာမို့ တစ်ညလုံးအိပ်ရတယ်မရှိခဲ့။မိုးလင်းခါနီးမှသာ မှေးခနဲအိပ်ပျော်သွားတာဖြစ်သည်။

Bus car စီးလို့ပြီးပြီလို့မထင်လိုက်နဲ့ ကျောင်းပေါက်ဝနဲ့ကျောင်းခန်းနဲ့ကို မြန်မာပြည်နဲ့တရုတ်ပြည်လိုကူးနေရသေးတာ အမြန်လျှောက်နေပေမယ့်လည်း ချွေးသာစို့လာတယ် ကျောင်းခန်းကခုထိမမြင်ရသေး။

Spy leo ဆိုတဲ့ဂုဏ်ကြီးတော့ကျပါပြီကွာ။အဲ့လိုညည်းလို့ပိုတယ်လို့မထင်ပါနဲ့ ခုကျွန်တော်ဒုန်းပျံလိုပြေးနေတာကို ကျောင်းအပြင်ဘက် ကားထဲက လုပ်ဖော်ကိုင်ဖက်တွေကြည့်နေမှာကပြောစရာမလို အတတ်သိနေသည်။

ဆက်တွေးချိန်မရအောင် ကံကပဲကောင်းတာလား ဆိုးတာလားမသဲကွဲစွာ ကျောင်းအုပ်ကြီးနဲ့ထိပ်တိုက်ကိုတွေ့လေပြီ။

"ကျောင်း...ကျောင်းအုပ်ကြီး အဟဲ"

"မင်းက..."

"ကျောင်းသားသစ်ပါဗျ.....ဂလု"

ကျောင်းအုပ်ကြီးကြားမကြားတော့မသိ ဝမ်ရိပေါ်တော့တံတွေးတွေစွတ်ကိုမြိုချနေမိပြီ။ရှိကြီးခိုးပါတယ် ရှိရှိသမျှနတ်အပေါင်းမစပါ ကျောင်းအုပ်ကြီးဆူတာမခံရပါစေနဲ့။

"ဪ အေးအေး လာ ရုံးခန်းလိုက်ခဲ့"

"ခင်မျာ....ဟို သား..သားကလေ တမင်ကျောင်းနောက်ကျတာမဟုတ်ပါဘူး ဟင့် အိမ်မှာလဲ အမေကနေမကောင်းလို့အမေ့အတွက်ဆေးဝယ်ပြီးထမင်းဟင်းတွေချက်ပြုတ်နေရလို့ပါ အီးးးတကယ်ပြောတာပါ အဖေကလည်းအရက်သမားဆိုတော့ကျောင်းသွားခါနီးရစ်နေလို့ပါဗျာ....ညီမလေးကလည်းကျောင်းမတူတော့ လိုက်ပို့နေရလို့ပါ အင့် ဟင့်"

"ဟမ်?"

သူ့ကိုကြောင်တောင်တောင်ပြန်ကြည့်နေတဲ့ကျောင်းအုပ်ကို မျက်ရည်လေးစမ်းစမ်းနဲ့ထပ်ကြည့်လိုက်ပြီး

"တကယ်ပြောတာပါအုပ်ကြီးရယ် အီးးဟီးးးဟီးးးအဖွားရေ သားအဖြစ်ကိုလာကြည့်ပါအုံး ဗြဲ~~~"

နှပ်ရည်တွေပါထွက်အောင်ငိုနေတဲ့ကျောင်းသားကိုကြည့်ပြီး ကျောင်းအုပ်ကြီးဖြစ်တဲ့သူတောင်သနားလာမိသည်။အဲ နေပါအုံး ငါသူ့ကိုဘာမှမလုပ်ရသေးဘူးလေ ဘာလို့ငိုနေတာလဲဟ။

"ကျောင်းသား ဆရာကအပြစ်ပေးဖို့ရုံးခန်းခေါ်တာမဟုတ်ပါဘူး မင်းကကျောင်းသားသစ်ဆိုတော့ ကျောင်းစာအုပ်တွေကမပေးရသေးလို့ ဖတ်စာအုပ်လိုက်ယူခိုင်းမို့ပါ"

🔉ခွီးးးးးဟားဟား ဖွားဖွားရေသားအဖြစ်ကိုလာကြည့်ပါအုံး ဟစ် ဟားဟား🔉

နားမှာတပ်ထားတဲ့ နားကြပ်ဆီကရယ်သံထွက်ပေါ်လာတာမို့ ဝမ်ရိပေါ်မျက်နှာကြီးမဲမှောင်သွားရသည်။ငနာကောင်ဝမ်နင် Mission ပြီးမှ နရင်းတွေကြည့်အုပ်ပြစ်အုံးမယ်။

ကျောင်းအုပ်ကြီးကတော့ သူ့အပြောကိုပြန်မဖြေပဲငိုင်သွားတဲ့ကျောင်းသားသစ်ကြောင့် တွေးလိုက်မိသည်က

💭ငါ့ကိုတော်တော်လေးကြောက်သွားပုံပဲ အေးပေါ့လေဖြစ်သင့်ပါတယ် အဲ့ကလေးကိုဂရုစိုက်မှပါလေ💭

ကျောင်းအုပ်ကြီးမသိသည်က သူဂရုစိုက်ပေးမယ့်ကောင်လေးက သေနတ်ကျည်ဆန်တွေကိုတောင်အသာလေးရှောင်နိုင်တဲ့နတ်ဆိုးလေးဖြစ်နေတာပင်။

ရိပေါ်လည်းမိမိကိုလိုက်ကြည့်နေတဲ့ကောင်းကင်ပေါ်ကဒရုန်းစက်ကလေးကိုမျက်စောင်းပိတ်ထိုးလိုက်တော့ ထွက်လာတဲ့အသံတစ်ခု

🔉မျက်စောင်းလေးမထိုးနဲ့ကွာ အသဲယားရင်တာဝန်ယူနေရမယ်​ေနာ်နှင်းဆီဖူးလေး🔉

ကြားလိုက်ရတဲ့အသံ ဒါဘယ်သူ့အသံလဲ။ရိပေါ်အတွေးတို့မဆုံးလိုက်ခင် ထပ်ထွက်လာတဲ့အသံကြည်ကြည်လေး

🔉ကိုယ်မင်းကိုတွေ့ပြီနော် မင်းလေးလွတ်အောင်ပုန်းထားဖို့သတိပေးစကားလာပြောတာ မိတဲ့နေ့ကိုယ်ကမင်းကို.....🔉

တဖြေးဖြေးတိမ်ဝင်သွားတဲ့အသံနောက်မှာ တိခနဲပြတ်ကျသွားတဲ့စကားစု။၁စက်ကန့်....၂စက်ကန့်.....၃စက်ကန့် အကြာမှာပဲ

🔉အရိုးရော အသားရော တစ်ခုမှမကျန်အောင်စုပ်ယူစားသုံးပြစ်မှာ🔉

ဖိအားတစ်ခုနဲ့ပြောလာတဲ့စကားတွေကြောင့် ရိပေါ်ရဲ့မျက်ဆံလေးတွေလှုပ်ခတ်သွားသလို ရင်ဘတ်တစ်ခုလုံးဒိန်းခနဲဆောင့်တက်သွားရကာ မိမိတို့ကားထားရာနေရာဆီအမြန်ပြေးတော့သည်။နောက်ကအော်ခေါ်နေတဲ့ကျောင်းအုပ်ကြီးကိုလည်းဂရုမစိုက်နိုင်တော့ ကားထဲကသူငယ်ချင်းဖြစ်သူကိုသာစိတ်ပူနေတာမို့အလောကြီးစွာ ပြေးနေမိသည်။စိတ်ထဲမှလည်းမေးခွန်းတစ်ခုကိုသာထပ်ခါတလဲလဲမေးနေမိသည်။

ခင်များကဘယ်သူလဲ?

🍓🌼🍓🌼🍓🌼🍓🌼🍓

ပထမဆုံးပြောချင်တာ​က ဒါက ကိုယ့်စိတ်ကူးသက်သက်မို့ မည်သည့်စာရေးသူဆီကမှ ခိုးယူထားခြင်းမဟုတ်ပါဘူး။

နောက် အရေးအသားကတော့သိတဲ့အတိုင်းစုတ်နေမှာသေချာပါတယ် စရေးတာဖြစ်လို့ကိုယ့်ကိုယ်ကိုတောင်မယုံတာမို့ ကြိုက်မှဝင်ဖတ်ပါနော်။

ပြီးတော​့ အကြာကြီးပျောက်သွားမိလို့ဒါဒါလေးတွေစိတ်ဆိုးနေမယ်ထင်တာ ခုလိုကြိုဆိုလို့အရမ်းပျော်ခဲ့ရပါတယ်။

Shortstory par.

Love you all ☪Y☪
.
.
.
.
.
.
.
.
Zawgyi




"L-85 ပြောပါ"






At Agency,



"ဘယ်သူမို့လဲ"



"ဟုတ်ပ"






"မင်း မင်း"




"....."


"နှစ်အချက်.လမ်းမမှာတောင်မရှောင်ပဲကျုပ်ကလုပ်ချင်ရာလုပ်မယ့်ကောင်မျိုးမဟုတ်ဘူး ကျုပ်ကိုမဆူခင်အဲ့လမ်းကိုစုံစမ်းလိုက်အုံး ဘယ်ကားမှမသွားသလိုဘယ်လူမှမသွားတဲ့ပိတ်ထားတဲ့လမ်းကြီး"




~~~~~~~~~~~~~~~



"မလိုဘူး လွတ်သွားလား"


"ဒဏ်ရာရသွားသေးလား"

















~~~~~~~~~~~~~~~~~







"ဒေါက်"


"ရွဲ့ပြောနေတာလေ"












🕰🕰🕰🕰🕰🕰🕰🕰

Ting!~~~Ting!~~~Ting!









"မင်းက..."





"ဟမ်?"











🔉မျက်စောင်းလေးမထိုးနဲ့ကွာ အသဲယားရင်တာဝန်ယူနေရမယ်နျောနှငျးဆီဖူးလေး🔉






ခင်များကဘယ်သူလဲ?

🍓🌼🍓🌼🍓🌼🍓🌼




Shortstory par.

Love you all ☪Y☪

Continue lendo

Você também vai gostar

363K 21.7K 78
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...
855K 52.6K 117
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
136K 2.7K 44
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
1.2M 52K 98
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC