LS : AMITY

By kummarii

1.3K 74 0

ချစ်ခြင်းမေတ္တာ ကြီးမားလိုက်ပုံ သူစိမ်းတစ်ယောက်အပေါ် မေတ္တာဓာတ်တွေ ငုံ ။ ချစ်ခြင်းမေတ္တာ ကြီးမားလိုက်ပုံ ငေးက... More

1 : 22
2 : 22
3 : 22
4 : 22
5 : 22
6 : 22
7 : 22
8 : 22
9 : 22
10 : 22
11 : 22
12 : 22
13 : 22
14 : 22
15 : 22
16 : 22
17 : 22
18 : 22
19 : 22
20 : 22
22 : 22
AMITY
1 : 4
2 : 4
3 : 4
4 : 4

21 : 22

23 3 0
By kummarii

" တကယ်ပဲ အရှင်က လူသားမိန်းကလေးကို ပေါင်းသင်းမလို့လား "

" အခုက အခြေအနေတွေက ဘာမှန်းကို မသိတော့ပါဘူး ။ ဟိုလိုလို ဒီလိုလိုနဲ့ "

မိန်းမပျိုနှစ်ယောက် ပြောနေကြသည့်စကားများကို ဧကရီ နားစွင့်လိုက်မိသည် ။ သူတို့သည် ဧကရီ့ကို အနားတွင် မရှိဘူးအထင်နှင့် ပြောနေကြဟန်တူပါ၏ ။

" တို့ကတော့ သာမန် လူသားမိန်းကလေးတစ်ယောက်ကို အရှင်မအဖြစ် မသတ်မှတ်နိုင်ပါဘူး ။ တို့ကို ကာကွယ်ပေးနိုင်တဲ့ စွမ်းအားလဲ မရှိဘဲနဲ့ "

" အဲ့တာတော့ မှန်ပါတယ်လေ ။ အရှင်နဲ့အရှင်မဆိုတာ ကိုယ့်လက်အောက်ကလူတွေကို ကာကွယ်ပေးနိုင်စွမ်းရှိမှ တင်မြှောက်သင့်တာ "

မိန်းမပျိုနှစ်ယောက် ပြောနေသည့် စကားများကို ဧကရီ တစ်ယောက်တည်း ခေါင်းငြိမ့်ကာ ထောက်ခံမိသည် ။ ဧကရီဆိုလျှင်လည်း ဘာအစွမ်းအစမှ မရှိသည့် မိန်းကလေးတစ်ဦးကို ဘုရင်မ မြှောက်လေလျှင် လက်ခံမိမည်မဟုတ်ပါ ။
အမှန်တကယ်ဆိုလျှင် ဧကရီသည် ဤနေရာမှ ထွက်ခွာသင့်နေပြီဖြစ်သည် ။ အရှင်၏မေတ္တာကိုလည်း စဥ်းစားပေးမည်ဟု အချိန်ဆွဲထားသည်က အတော်ကြာနေလေပြီ ။ ပြီးလျှင် ဂျက်ခ်က အိမ်ကိုပဲ ပြန်ဖို့ ပြောထားသဖြင့် ဧကရီ အိမ်ကို ရောက်အောင်ပြန်ရမည် ။ ဤအတောအတွင်း ဧကရီ ဟိုလိုလို သည်လိုလိုနှင့် လုပ်နေသည်မှာ ဂျက်ခ်နှင့် တစ်နေရာတည်းတွင် အတူရှိနေချင်သော စိတ်ကြောင့်ဖြစ်သည် ။ ထိုစိတ်ကြောင့်နှင့်ပဲ ယခုတော့ အရှင့်ကို ပြောနေကြလေပြီ ။ ထို့ကြောင့် ဧကရီ တစ်ခုခုကို အမြန်ဆုံးဖြတ်ချက် ချမှသာ သင့်တော်လိမ့်မည် ။ အရှင်၏မေတ္တာကို လက်ခံ၍ ဂျက်ခ်နှင့် တစ်နေရာတည်းတွင် နေသင့်သည်လား သို့မဟုတ် အရှင်၏မေတ္တာကို ငြင်းပယ်၍ အုပ်ချုပ်ခံသူများကို ငှဲ့ကြည့်ပြီး ဂျက်ခ်နှင့် အဝေးဆုံးကို တစ်သက်လုံး ထွက်သွားသင့်သည်လား ။ မည်သည့် ရွေးချယ်မှုမဆို ဆိုးကျိုးက ရှိနေလေသည် ။ အများ ဆိုးကျိုးနှင့် အနည်းဆိုးကျိုးသာ ကွာပေလိမ့်မည် ။ ဧကရီ မည်သည်ကို ရွေးချယ်ရမည်နည်း ။

" လူကြီးမင်း ကျွန်မ ပြောစရာလေး ရှိလို့ပါ "

" အင်း ပြောပါ ဧကရီ "

ခပ်နောက်နောက် ကန်ရေပြင်ကြီးကို မျက်နှာမူလျက် ဧကရီ့ကို ကျောပေးထားသော အရှင်က ခွင့်ပြုလျှင် ဧကရီ တစ်စုံတစ်ခုကို ဖွင့်ပြောဖို့အတွက် အားမွေးမိသည် ။ ဤအရာကို ပြောဖို့လည်း ဧကရီ အခေါက်ခေါက်အခါအခါ တွေးခဲ့ရ၏ ။ ​နောက်ဆုံးတော့ ဧကရီ ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါသည် ။

" ကျွန်မ အိမ်ပြန်တော့မလို့ပါ လူကြီးမင်း "

ဧကရီ၏အသံသည် အဆုံးသတ်တွင် တိမ်ပါးသွားသည် ။ ဤစကားကို ပြောဖို့အတွက် ဧကရီမည်မျှ ကြိုးစားခဲ့ရသည်ကို အရှင် သိနိုင်လျှင် ကောင်းမည် ။ နောက်ဆုံးတော့ ဂျက်ခ်နှင့် အဝေးဆုံးကို ထွက်သွားဖို့ ဧကရီ ဆုံးဖြတ်ခဲ့သည် ။ ထိုအခါ အရှင်က ထိတ်လန့်စွာဖြင့် ဧကရီ့ကို လှည့်ကြည့်လျှင် ဧကရီ မျက်နှာချင်းမဆိုင်ရဲသဖြင့် ခေါင်းကိုသာ အနည်းငယ် ငုံ့ထားလိုက်မိသည် ။

" ဘယ်လိုအကြောင်းကြောင့်လဲ ။ ဒီမှာ နေရတာ မပျော်မွေ့ဘူးလား "

" ဟုတ်ပါတယ် ။ ကျွန်မက ပန်းခင်းတွေနဲ့ စိမ်းစိုနေတဲ့ သဘာဝရဲ့အလှတရားကို နှစ်သက်တဲ့လူမို့ ဒီနေရာက ကျွန်မနဲ့ မကိုက်ညီဘူးလို့ ထင်ပါတယ် ။ ပြီးတော့ ကိုယ်နဲ့ နေထိုင်ပုံခြင်းမတူတဲ့ လူသားတစ်ယောက်ကို ခေါ်ထားရတယ်ဆိုတာ အတော်ကိုပဲ အလုပ်များလှပါတယ် ။ အစားအသောက်ကအစ တစ်ကိုယ်ရေသန့်ရှင်းရေးအဆုံးဆိုတော့ ကျွန်မလည်း အားနာလို့ပါ ။ ဒါကြောင့် ကျွန်မ အိမ်ပြန်တာပဲ ကောင်းမယ်ထင်ပါတယ် "

ဧကရီ၏ဖြေရှင်းချက်များကို အရှင်က အလေးအနက် နားထောင်၍ ခေါင်းတညိတ်ညိတ် လုပ်ကာ တုံ့ပြန်သည် ။ အမှန်တကယ်တွင်တော့ သူကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်နေမည်ကို ဧကရီ သိပါသည် ။

" ဒါဆို ကိုယ် ပြောထားတာကိုရော စဥ်းစားမပေးတော့ဘူးလား "

" လူကြီးမင်းရဲ့မေတ္တာကို နားလည်ပေမဲ့ ယဥ်ကျေးစွာနဲ့ပဲ ငြင်းပါရစေ ။ အမှန်အတိုင်း ပြောရရင် လူကြီမင်းသာ အဲ့ဒီစကားကို ဆုတောင်းပွဲတော်ရဲ့နောက်နေ့တွေမှာ ပြောခဲ့မယ်ဆိုရင် ကျွန်မ လက်ခံခဲ့မိမှာပါ ။ ဒါပေမဲ့ အခုတော့ ကျွန်မ တကယ်ပဲ လူတစ်ယောက်ဆီမှာ ကျရှုံးသွားခဲ့တယ်နဲ့ တူပါတယ် "

ဧကရီသည် ထိုစကားကို ဆိုရာတွင် ရင်နာမိသည် ။ အသံများကိုပင် မတုန်သွားအောင် ထိန်းပြောနေရ၏ ။ ဤအကြောင်းအရာသည် ကာယကံရှင်ဖြစ်သည့် ဂျက်ခ်ထံမှာပင် ဝန်မခံခဲ့ရသော အကြောင်းအရာဖြစ်သည် ။ ယခုတော့ ဝန်ခံစရာလည်း လိုမည်ဟု ဧကရီ မထင်တော့ပါ ။

" ဒါကြောင့် ဘယ်လိုစိတ်နဲ့မှ လူကြီးမင်းကို လက်ခံပေးလို့ မရပါဘူး ။ ပြီးတော့ အခြားလူတွေကလည်း ကျွန်မကို အရှင်မအဖြစ် လက်ခံပေးကြမှာ မဟုတ်ဘူး ။ သူတို့အတွက် အရည်အချင်း ပြည့်စုံတဲ့ အမျိုးသမီးကိုပဲ ရှာတွေ့ပါစေလို့ ကျွန်မ ဆုတောင်းပေးပါ့မယ် "

" ဂျက်ခ်ကိုလည်း ဘယ်တော့မှ မတွေ့တော့ဘူးလား "

အရှင်၏စကားကြောင့် ဧကရီ ချက်ချင်း ပြန်ဖြေဖို့ရာ တွန့်ဆုတ်သွားသည် ။ အမှန်အတိုင်း ဆိုရလျှင် ဧကရီ တွေ့ချင်သည် ။ မနက် အိပ်ယာနိုးတိုင်း ချစ်ရသူ၏မျက်နှာကို မြင်ချင်သည် ၊ ချစ်ရသူ ပြုံးပျော်နေသည်ကိုလည်း မြင်ချင်သည် ၊ တစ်ချိန်လုံး ချစ်ရသူ၏မျက်နှာကို ငေးကြည့်နေရင်း ဘဝကို အချိန်ကုန်ချင်သည် ။ သို့သော်လည်း သူမှ မလွတ်နိုင်တော့ဘဲ ။

" သူ့ကို ကျွန်မရဲ့နှလုံးသားထဲမှာပဲ သိမ်းထားလိုက်ပါ့မယ် ။ အကယ်၍ တွေ့ချင်ခဲ့ရင်လည်း ဘယ်တတ်နိုင်ပါ့မလဲ ။ ကျွန်မရဲ့ရွေးချယ်မှုအတွက် သူနဲ့ တွေ့ခွင့်မှ မရှိတော့ဘဲ ။ ကျွန်မ အဆင်ပြေမှာပါ "

ကိုယ့်ကိုယ်ကိုယ် အားပေးစကားပြောရင်း မငိုမိအောင် ထိန်းနေသော ဧကရီသည် မိမိကိုယ်ကိုယ် အဆင်မပြေနိုင်မှန်းလည်း သိပါသည် ။ ဂျက်ခ် မရှိသော နေ့စဥ်ဘဝကြီးကို ဧကရီ မည်သို့လည်ပတ်ရမည်မှန်း ယခုကတည်းက စဥ်းစားမရပါ ။ ငယ်ငယ်ကတည်းက နေခဲ့သည့် မြို့ကိုပဲ ပြန်သွားရမည်လား ၊ သို့မဟုတ် သူနှင့်နှစ်ယောက်တည်း နေခဲ့သည့် အိမ်ကိုပဲ ပြန်ရမည်လား ယခုကတည်းက မဝေခွဲနိုင်သေးပါ ။ သေချာသည်ကတော့ ဘယ်အိမ်ကိုပင်ရောက်ရောက် ဧကရီ အဆင်မပြေနိုင်ပါ ။

" ကိစ္စတွေလဲ ဒီလိုပြီးသွားပြီဆိုတော့ ကျွန်မ အိမ်ပြန်သင့်ပြီလေ ။ ဒါကြောင့် ကျွန်မကို အိမ်ပြန်ခွင့်ပြုပါ ။ သြော်...ဒါနဲ့ ဒီလက်စွပ်က လူကြီးမင်းရဲ့ပစ္စည်းလို့ ကြားတယ် ။ ဒါလေးကိုရော ကျွန်မ တစ်ခါတည်း ပြန်ပေးခဲ့ပါ့မယ် "

ဧကရီ့ကို ဂျက်ခ်ပေးခဲ့သည့် လက်ထပ်လက်စွပ်သည် မူရှင်းပိုင်ရှင် အရှင့်ဆီမှ ဂျက်ခ်က ခိုးယူလာပြီး ဧကရီ့ကို ပေးခဲ့သည်ဟု ဧကရီ သိခဲ့ရသည် ။ ထို့ကြောင့် မူရင်းပိုင်ရှင်ကိုလည်း သိနေရပြီမို့ ဆက်ယူထားချင်စိတ်လည်း မရှိတော့သောကြောင့် လက်မှ ချွတ်ကာ ပြန်ပေးမည်လုပ်ပါသော်လည်း ယခုအချိန်ထိ ဧကရီ ချွတ်လို့ မရနိုင်သေးသော လက်စွပ်ကလေးသည် လက်တွင် အမြစ်တွယ်နေဆဲ ။ ထို့ကြောင့် အားနာနာဖြင့်သာ တစ်ဖက်လူကို ချွတ်ပေးဖို့ တောင်းဆိုရသည် ။

" ဟိုလေ...အားတော့နာပါတယ် ဟီး ။ လက်စွပ်ကလေး ချွတ်ပေးလို့ ရမလားဟင် ။ လူကြီးမင်းက ပိုင်ရှင်ဆိုတော့ လူကြီးမင်း ချွတ်ရင် ကျွတ်မယ်ထင်တယ် "

ပြုံးဖြီးဖြီး လုပ်ကာ အကူအညီတောင်းလာသော ဧကရီ့ကို အရှင်က သက်ပြင်းတစ်ချက်ချ၍သာ ကြည့်သည် ။ အရှင် ဘာတွေတွေးနေသလဲတော့ ဧကရီ မသိရပါ ။ သို့သော် သူ တော်တော်ဝမ်းနည်းနေပုံပေါက်သည်ကိုတော့ ဧကရီ ရိပ်မိ၏ ။

" ဂျက်ခ်ကိုပဲ ချွတ်ခိုင်းလိုက်ပါ ။ သူ ဝတ်ပေးခဲ့တာဆိုတော့ သူပဲ ချွတ်ပေးတာက သင့်တော်ပါလိမ့်မယ် "

ဧကရီ ငြင်းမိ၍များ ဧကရီ့ကို စိတ်ဆိုးသွားသည်လား မသိရပါ ။ ထိုသို့ဆိုရင်း ခပ်တည်တည်ဖြင့် အနားမှ ထွက်သွားသော အရှင့်ကြောင့် ဧကရီ ကြောင်စီစီဖြင့်သာ ကြည့်နေလိုက်မိသည် ။ ဧကရီကိုယ်တိုင်က ဂျက်ခ်ကို မတွေ့တော့ဘဲ အိမ်ပြန်မည် စိတ်ကူးထားသော်လည်း အရှင်က မတွေ့တွေ့လေအောင် ဖန်တီးပေးနေသည်လား မသိရပါ ။ ဤအခြေအနေတွင် ဂျက်ခ်ကို ဧကရီ မည်သို့မျက်နှာချင်းဆိုင်ရဲမည်နည်း ။

" ဝင်သွားလိုက်သင့်လား ။ ဒါမှမဟုတ် ပြန်ပဲလှည့်ရမလား "

ဧကရီသည် ဂျက်ခ်ရှိနေသည့် ဂူထဲသို့ မဆင်းခင် ကျောက်လှေကားထိပ်၍ ဟိုလျှောက်လိုက် သည်လျှောက်လိုက်ဖြင့် အကြံပျောက်နေ၏ ။ မီးအိမ်ကြီးကို ကိုင်ကာ တရမ်းရမ်းဖြင့် လျှောက်နေသော ဧကရီ့ကို လှမ်းကြည့်နေသော အစောင့်များပင် မူးဝေနေလောက်ပြီ...ယခုအချိန်အထိ ဧကရီမှာ သွားရနိုးနိုး မသွားရနိုးနိုး လုပ်နေ၏ ။ သွားချင်သည်က လက်စွပ်ချွတ်ခိုင်းစေချင်၍ ဖြစ်ပြီး မသွားချင်သည်က သူ့ကို မြင်လျှင် မနည်း အိမ်ပြန်ချင်အောင် ပြုလုပ်ထားရသော စိတ်ကလေး ပျောက်သွားမည်စိုး၍ ဖြစ်သည် ။

" အာ...တော်ပြီ ။ လက်စွပ်လည်း ပြန်မပေးတော့ဘူး "

ဧကရီသည် မိမိကိုယ်ကိုယ် စိတ်မရှည်တော့သည့်အဆုံး ထိုသို့ဆို၍ ဂျက်ခ်ရှိရာ ဂူအပေါက်ရှေ့မှ ဆူဆူအောင့်အောင့်နှင့် ထွက်သွားလေတော့သည် ။

" အဟင်း...အဟင်း "

ဧကရီသည် လှေကားအတိုင်း ဆင်းလာပြီး အဆုံးသို့ ရောက်လျှင် မိမိရောက်လာသည်ဖြစ်ကြောင်း တစ်ဖက်လူကို အသံပြုလိုက်၏ ။ ထိုအခါ ပြာပြာသလဲဖြင့် ထိုင်နေရာမှ ထ၍ သံတိုင်များအနီးသို့ ကပ်လာကာ ဧကရီ့ကို လှမ်းကြည့်လာသော ဂျက်ခ်ကြောင့် ဧကရီသည် သက်ပြင်းမောတစ်ခုကို ချလိုက်ကာ မျက်နှာကို တည်ထားလိုက်၏ ။ ထို့နောက် မီးအိမ်ကို ကိုင်လျက် ဂျက်ခ်ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားမိ၏ ။

" ဒီမှာ အစား မှန်မှန်စားရရဲ့လား ဟန်နီ ။ မျက်နှာလေးက ချောင်ကျသွားသလိုပဲ "

ဧကရီ့ကို စိတ်ပူနေသော လူသည် သူကိုယ်တိုင်ပင် ဖြူဖပ်ဖပ်နှင့် အားမရှိသည့်ပုံပေါက်နေသည်ကို မသိပေဘူးလား ။ မီးအိမ်က မီးရောင်ကြောင့် သူ၏အားနည်းနေသည့်ပုံက ပို၍သိသာနေလျှင် ဧကရီသည် ပျော့ချင်နေသည့် မိမိ၏စိတ်ကို မနည်းတင်းနေရ၏ ။ ဧကရီ စိတ်ပျော့၍ မဖြစ်ပါ ။ မဟုတ်လျှင် သူ့ကို ပို၍သနားတွယ်တာပြီး ဤနေရာတွင် အမြစ်တွယ်သွားမိလိမ့်မည် ။

" ကျွန်မ အိမ်ပြန်တော့မယ် ။ ဂျိမ်းစ်တို့ ရှိတဲ့ အိမ်ကိုပဲ ပြန်တော့မယ်လို့ စဥ်းစားထားတာ "

ဧကရီသည် မိမိစိတ်ကို တင်းထားရင်းနှင့် စကားသံများက အလိုလိုမာသွားလျှင် ဂျက်ခ်သည် သူ၏စိတ်ပူနေသော မျက်နှာကို ချက်ချင်း ပြင်လိုက်၏ ။ ထို့နောက် ခံစားချက် မရှိတော့သော မျက်နှာဖြင့် ဧကရီ၏စကားကို ခေါင်းတညိတ်ညိတ် လုပ်ကာ...

" အင်း...ကောင်းပါတယ် ။ ကောင်းတာပေါ့ "

သူနှင့်မသက်ဆိုင်တော့သလို စိမ်းသက်နေသည့်အခြေအနေကြီးက ဧကရီ့ကို ဝမ်းနည်းစေသည် ။ ရုတ်တရက် အေးခဲသွားသည့် ဆက်ဆံရေးကို ပုံမှန်ဆိုလျှင် ဧကရီ့ဘက်က ပြန်ပြီး ပူနွေးလာအောင် လုပ်မည်ဆိုသော်လည်း ယခုတွင်တော့ အေးခဲသွားအောင် လုပ်သည့်လူမှာ ဧကရီ ကိုယ်တိုင်ပင် ဖြစ်နေသည် ။

" အိမ်ပြန်ရောက်ရင် ကျွန်မ ဘယ်လိုနေရမလဲဆိုတာ စိုးရိမ်မိတယ် ။ အရင်ကတည်းက တစ်ယောက်ထဲ နေလာခဲ့ပေမဲ့ အခုတော့ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိဖြစ်နေလဲ ကျွန်မ မသိဘူး "

ဧကရီသည် မငိုဘူးဟု ဆုံးဖြတ်ထားသော်လည်း ဆိုနင့်လာသည့် ခံစားချက်ကြီးကြောင့် မျက်ရည်များက ဝဲတက်လာကြလေသည် ။ ဤတစ်ခေါက် တွေ့ပြီးလျှင် နောက် ဘယ်သောအခါမှ သူ့ကို ပြန်မမြင်နိုင်တော့ဘူးဟူသော အသိက ဧကရီ့ကို ပိုပြီး ချုံးပွဲချငိုစေချင်နေသည် ။ ဧကရီ့တစ်သက်တာလုံး ဤလူ့ကို ပြန်မမြင်ရတော့မည် မဟုတ်ပေ ။ သူသည် ဘဝထဲကို ဝင်ရောက်လာတော့လည်း ရုတ်တရက်ဆန်ပြီး ပြန်ထွက်သွားပုံကလည်း ရုတ်တရက်ဆန်သည် ။

" တကယ်လို့သာ မှတ်ဥာဏ်တွေကို ထာဝရ ဖျက်ပစ်နိုင်စွမ်း ရှိရင် ရှင်နဲ့ပတ်သက်သမျှ အကုန် ဖျက်ပြီးမှ အိမ်ပြန်ချင်တယ် ။ မဟုတ်ရင် ကျွန်မ...ကျွန်မ သဘောကျတဲ့ ပန်းတွေကို ဘယ်သူက...ယူလာပေးဦးမလဲဆိုပြီး ကျွန်မ မျှော်နေမိဦးမယ်ထင်တယ် ။ ပြီးတော့ ကျွန်မ ဒုက္ခရောက်နေရင် ကိုယ့်ဟာကိုယ် ဖြေရှင်းရမဲ့အစား တစ်ယောက်ယောက် လာကာကွယ်ပေးဖို့ ဆုတောင်းနေမိမယ်ထင်တယ် "

ဧကရီသည် မိမိဆန္ဒနှင့်မိမိ ပြောနေမိသည့်စကားများကိုပင် တုန်တုန်ယင်ယင်နှင့် ထစ်နေမိသည် ။ စကားပြောနေရင်းနှင့် ပေါက်ခနဲ ကျသွားသည့် မျက်ရည်ကြောင့် အောက်နှုတ်ခမ်းကို နာနာကိုက်ကာ ခဲထားမိသေးသည် ။ ဧကရီသည် မည်မျှပင် ပျော့ညံ့လိုက်သနည်း ။
ဂျက်ခ်သည်တော့ ဧကရီ ပြောသမျှ ငြိမ်၍ နားထောင်နေဟန်တူပါသည် ။ ဧကရီ သူ့ကိုလည်း တည့်တည့် မကြည့်ဖြစ်ပါ ၊ ကြည့်လည်း မကြည့်ရဲပါ ။ ယခုကိုပင် လူ၏စိတ်က ယိုင်နဲ့နေပြီဖြစ်သည် ။

" ဒါပေမဲ့လဲ...မှတ်ဥာဏ်တွေကို ဖျက်လို့မရပေမဲ့လဲ ရှင်နဲ့ပတ်သက်တဲ့ အမှတ်တရတွေကို အကုန် ချန်ပစ်ထားခဲ့မှာမို့ ဒီလက်စွပ်ကို ချွတ်ပေးဖို့ လာပြောတာ "

ဧကရီသည် လက်စွပ် ဝတ်ထားသည့်လက်တစ်ဖက်ကို သူ၏ရှေ့သို့ ဆန့်ထုတ်ပေးရင်း လက်စွပ်ကို သူကိုယ်တိုင် ချွတ်ပေးရန် ပြောလိုက်သည် ။ ထိုအခါ တစ်ဖက်လူက မည်သည့်စကားမျှ မဆိုဘဲ ဧကရီ၏လက်ကို တွေးဆဆ ကြည့်၍ သူ၏လက်နှစ်ဖက်နှင့် ဖြည်းဖြည်းချင်း ဆုပ်ကိုင်လိုက်လျှင် ဧကရီ တစ်ဖက်သို့ မျက်နှာလွှဲ၍ အသံတိတ်ကာ ငိုနေမိ၏ ။ သူ၏နွေးထွေးသော အထိအတွေ့တွေ...ဤတစ်ကြိမ်ပြီးလျှင် ခံစားရတော့မည် မဟုတ်ပေ ။
ဧကရီ၏လက်ကို နူးညံ့စွာ ဆုပ်ကိုင်၍ လက်စွပ်ကို ဖြည်းဖြည်းချင်း ဆွဲချွတ်ပေးနေသော သူ၏လှုပ်ရှားမှုတိုင်းကို ဖြစ်နိုင်လျှင် တတ်နိုင်သမျှ နှေးနေစေချင်သည် ။ လက်စွပ်ကိုလည်း တော်တော်နှင့် မကျွတ်စေချင်ပါ ။ ဧကရီ သူ့လက်ကို ထပ်ပြီး ကြာကြာဆုပ်ကိုင်ထားချင်သေးသည် ။ သို့သော် ဂျက်ခ်၏ကြိုးပမ်းမှုတွင် လက်စွပ်သည် အလွယ်တကူပင် ကျွတ်၍ ပါသွားလျှင် တစ်စုံတစ်ခု လစ်ဟာသွားသော ခံစားချက်နှင့် သူနှင့် လုံးလုံး မသက်ဆိုင်တော့ပါလားဟူသော အတွေးကြောင့် ဧကရီ၏ရင်ဘတ်သည် အောင့်သွားရသည် ။ သူသည် ဧကရီ၏လက်ဖဝါးထဲသို့ လက်စွပ်ကို သေသေချာချာ ထည့်ပေးပြီးလျှင် ဧကရီ၏လက်ချောင်းများကို ကွေးပေးလျက် သေသေချာချာဆုပ်ကိုင်စေ၏ ။ ထို့နောက် ဧကရီ၏လက်ကို ချက်ချင်း လွှတ်မပေးဘဲ ခေတ္တ ဆုပ်ကိုင်ထားလျှင် ဧကရီသည် မိမိကိုယ်တိုင်သာ သူ၏လက်ထဲမှ ရုန်းလိုက်၏ ။ မဟုတ်လျှင် ဧကရီ ဤနေရာတွင် ထိုင်ငိုမိတော့မည် ။ တာဆူနေသော မျက်ရည်များကို ဆက်၍ ထိန်းထားနိုင်ရန် ယုံကြည်ချက် မရှိတော့ပါ ။ ထို့ကြောင့် သူ့ကို ကျောပေး၍ လှည့်ထွက်ပြီးကာမှ တစ်ချက် ပြန်ရပ်၍...

" ဒီ...ဒီမှာ ဟင့် အဆင်ပြေပါစေလို့ ကျွန်မ နေ့တိုင်း ဆုတောင်းပေးနေပါ့မယ် "

ထို့နောက် ဧကရီသည် လှေကားထစ်များကို အပြေးအလွှားတက်ရင်း နောက်ကို တစ်ချက်မှ လှည့်မကြည့်ဘဲ ထွက်ပြေးသွားခဲ့သည် ။ တစ်စုံတစ်ယောက်ကို ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားချက်က ဧကရီ့ကို ကောင်းကောင်း နာကျင်စေသည် ။ အရင်အချိန်များက သူနှင့်အတူ ရှိနေရ၍ ပျော်ရွှင်မှုများသည် ယခုတော့ တိမ်လိုလေလို လွင့်ပြယ်သွားခဲ့လေပြီ ။ အနာဂတ်တွင် ဧကရီသည် နေ့စဥ်ဘဝကို ပုံမှန်ကဲ့သို့ ဖြတ်သန်းနေမည်ဖြစ်သော်လည်း သူကတော့ ထိုနေရာတွင်ပဲ တစ်ချိန်လုံး ထိုင်ရင်းငေးရင်း ဖြတ်သန်းနေရမည်ဖြစ်သည် ။ သူတို့နှစ်ဦး ထာဝရ အတူနေသွားကြမည်ဆိုသော ကတိစကားက ယခုတော့ အဓိပ္ပာယ် မရှိတော့ဘူးထင်သည် ။ အမှန်တကယ်ဆိုရင် ဧကရီ ဤနေရာကို လိုက်မလာခဲ့သင့်ပါ ။ ဂျက်ခ် တားနေသည့်ကြားမှ ရောက်အောင်လာခဲ့သော မိမိကိုယ်ကိုယ်လည်း စက်ဆုပ်မိသည် ။ သို့သော်လည်း ဧကရီ လိုက်မလာလျှင် ဧကရီ့ကို လာခေါ်သည့်လူများကို ဂျက်ခ်က သတ်ပစ်နေဦးမည်ကို ဧကရီ မလိုလားပြန်ပါ ။ ဤသို့နှင့် ဂျက်ခ်က သတိလစ်သွားပေဦးမည် ။
ဧကရီသည် လှည့်မကြည့်စတမ်း ထွက်ပြေးလာရင်းမှ ဂူထဲသို့ ဝင်ရာလမ်းဖြစ်သော ကျောက်လှေကားကြီး၏ထိပ်သို့ ရောက်လျှင် ကြမ်းပြင်ပေါ်သို့ ခန္ဓာကိုယ်ကို ထိုင်ချလိုက်မိသည် ။ ဧကရီ လမ်းကို ဆက်လျှောက်ဖို့ပင် အားမရှိတော့ပါ ။ ခန္ဓာကိုယ်သည် ဤနေရာအထိ ရောက်လာပါသော်လည်း စိတ်ကတော့ အထဲတွင် ကျန်နေခဲ့လေသည် ။ ဧကရီ၏ ဤကဲ့သို့ပြိုလဲနေပုံကို ဂျက်ခ် မသိနိုင်၍ တော်ပါသေးသည် ။ မဟုတ်လျှင် သူ စိတ်ပူနေဦးမည် ။ သူတို့နှစ်ဦး၏အချစ်သည် ဟာသတစ်ခုအဖြစ် ပြီးဆုံးတော့မည် ။ အလိမ်အညာလား ၊ အစစ်အမှန်လား မသဲကွဲသော ဂျက်ခ်၏ချစ်စကားများကို ဧကရီ ယခုအချိန်ထိ မတုံ့ပြန်ရသေးပါ ။ ဤသည်က နောက်ဆုံးခွဲခွာရမည့်အချိန် မဖြစ်ခဲ့လျှင် ယခုဆို ဧကရီ ဖွင့်ပြောပြီးလောက်ပြီဖြစ်သည် ။ ယခုတော့ ဧကရီ၏ရင်ထဲက ခံစားချက်တွေကို ထာဝရ ပိတ်လှောင်ထားရတော့မည်တဲ့လား ။ သူနှင့် မသက်ဆိုင်တော့သည့် လူတစ်ယောက်အဖြစ် အဝေးမှာ သူ့ကို ဆက်ပြီး လွမ်းဆွတ်နေရမည်တဲ့လား ။ ဧကရီ နေနိုင်ပါ့မလား စိတ်ပူမိသည် ။
ဧကရီသည် ချုံးပွဲချ ရှိုက်ငိုနေရင်းမှ လက်ထဲက လက်စွပ်ကလေးကို သေချာကိုင်၍ ကြည့်လိုက်မိသည် ။ မျက်ရည်များကြောင့် မြင်ကွင်းသည် မှုန်ဝါးနေပါသော်လည်း စိန်ပွင့်ကလေးသည် အတောက်ပဆုံး လင်းလက်နေသည်ကို ဧကရီ မြင်နေရသည် ။ အရာအားလုံးဟာ ပြီးသွားခဲ့လေပြီ ။ သူ၏သက်ဆိုင်သူအဖြစ် ရိုက်နှိပ်ထားခဲ့သော တံဆိပ်လက်စွပ်ကလေးသည်လည်း ဧကရီနှင့် မသက်ဆိုင်တော့ပေ ။ အရာအားလုံးသည် ပြီးဆုံးသွားခဲ့လေပြီ ။
သို့သော် ဧကရီသည် ခံစားချက်များကို သိုလှောင်ထားရင်းနှင့် နောင်တ မရဘဲ နေနိုင်မည်လား ။ ယခုဖြစ်ဖြစ် ဖွင့်ပြောလိုက်သည်က အကျိုးမရှိနိုင်သော်လည်း ဖွင့်ပြောခဲ့လိုက်သင့်လား ။ မပြောခဲ့မိလျှင် နောင်တစ်ချိန်ကျ ဧကရီ နောင်တရမိမည်ထင်သည် ။ အမှန်တရားကို ဆိုပါဆိုလျှင် သူသည် ဧကရီ့အပေါ် မည်မျှပင် နာကျင်အောင်လုပ်၍ သစ္စာဖောက်နေပါစေ ဧကရီ သူ့ကို ချစ်သည် ။ သူ့မှာ အခြားချစ်ရသည့်လူ ရှိနေပါသော်လည်း ဧကရီ သူ့ကို ချစ်သည် ။ ပိုင်ဆိုင်လိုစိတ် မရှိဘဲ အဝေးကနေ ငေးကြည့်နေရရင်ပဲ တင်းတိမ်နေနိုင်သည့် အချစ်မျိုးနှင့် ချစ်သည် ၊ တန်ဖိုးလည်း ထားသည် ။ တစ်ခါမျှ ဤကဲ့သို့ စွဲစွဲမြဲမြဲ မချစ်ဖူးသော ဧကရီသည် သူနှင့်မှ ဆုံးရှုံးရမှာ ကြောက်သည့်စိတ်များ ဝင်လာခဲ့သည် ။ ဤကဲ့သို့ ဘဝအတွက် အရေးပါလှသည့် လူတစ်ဦးကို ဧကရီ သည်အတိုင်း ထားခဲ့သည်က သင့်တော်ပါရဲ့လား ။ ဧကရီသည် နာနာကျင်ကျင် အောင့်တက်သွားသည့် ရင်ဘတ်ကြောင့် ခပ်သာသာ အော်၍ညည်းလိုက်သည် ။ ဧကရီ ဆက်ပြီး မနာကျင်နိုင်တော့ဘူးထင်တယ် ။

" ဒါလင်...ဒါလင် "

ဧကရီသည် မိမိ၏နှလုံးသားစေရာအတိုင်း ဂျက်ခ်ရှိရာသို့ အပြေးအလွှားဖြင့် ပြန်ရောက်လာခဲ့သည် ။ ဧကရီ ပြန်ရောက်လာသည်ကို သိသွားသော ဂျက်ခ်က သူ၏မျက်နှာပေါ်ရှိ မျက်ရည်များကို လက်ဖြင့် ချက်ချင်း ပွတ်သပ်လိုက်ရင်းမှ ဧကရီ့ကို စိုးရိမ်စွာဖြင့် ကြည့်လာလေသည် ။ ဧကရီသည် သူ၏ရှေ့သို့ ရောက်ရောက်ချင်းပင် အားမရှိစွာ သံတိုင်များ၏အနီး၌ ဖင်ထိုင်ချလိုက်မိ၏ ။ ထိုတွင် ဂျက်ခ်ကလည်း အလန့်တကြားနှင့် ဧကရီနှင့်အတူ လိုက်ထိုင်လိုက်လေသည် ။  ထို့နောက် ဧကရီသည် စီးလက်စ မျက်ရည်များကို ဆက်လက်စီးဆင်းစေရင်း သံတိုင်ပေါ်ရှိ ဂျက်ခ်၏လက်ကို အုပ်ကိုင်လျက်...

" ကျွန်မ ရှင့်ကို ချစ်တယ် ။ ရှင့်နှလုံးသားထဲမှာ အခြားတစ်ယောက် ရှိနေရင်တောင် ရှင့်ကို ချစ်တယ် ။ ကျွန်မကို ဘယ်လိုပဲ အသုံးချချ ကျွန်မ ရှင့်ကို ချစ်တယ် ။ ရှင် ကျွန်မကို တကယ် မချစ်ခဲ့လဲ ကျွန်မကတော့ ရှင့်ကို ချစ်တယ် ဒါလင် "

ချစ်စကားများကို စိတ်၏အလျင်ကဲ့သို့ တရစပ်ပြောလိုက်ကာမှ ရင်ထဲ၌ သိသိသာသာ ပေါ့ပါးသွားသည်ကို ဧကရီ ခံစားလိုက်ရသည် ။ ငိုနေလျက်က ကယောင်ကယင် ပြောနေသော ဧကရီ့ကို ကြည့်ရင်း ဂျက်ခ်ကလည်း စိတ်မကောင်းစွာ ငိုနေလေသည် ။ သူ ငိုသည်ကို ယခုမှ ပထမဆုံး မြင်ဖူးသော ဧကရီ့အတွက် ထူးဆန်းနေသကဲ့သို့ ပို၍ဝမ်းနည်းနေရသည် ။ ဧကရီသည် မိမိကိုယ်တိုင်လည်း ငိုနေမိပါသော်လည်း သူ့ကိုတော့ ဖက်ထားပေး၍ မငိုစေရန် နှစ်သိမ့်ပေးချင်နေမိသည် ။ သို့သော် သူတို့နှစ်ဦးကြားတွင် သံတိုင်များ ခြားနေ၏ ။ 

" ကိုယ်...ကိုယ်လဲ မင်းကို ချစ်ပါတယ် ဟန်နီ ။ အခြား စကားတွေ မယုံရင်တောင်မှ ဒါကိုတော့ ယုံပေးပါ "

ပြီးပြီ...အရာအားလုံး ပြီးသွားလေပြီ ။ သူ၏စကားတစ်ခွန်းနှင့်တင် ဧကရီ၏နှလုံးသားသည် အေးချမ်းသွားရလေပြီ ။ သူ ပြန်ချစ်ပေးသည်ကိုပင် ဧကရီ ကျေးဇူးတင်သည် ။ ဝမ်းသာမှုအရှိန်များသည် အတိုင်းမသိ မြင့်တက်သွားသည့်တစ်ပြိုင်နက် ဧကရီ ခပ်လျော့လျော့ကလေး ပြုံးလိုက်မိသည် ။

" ဒါပေမဲ့ ကိုယ့်ကို မေ့လိုက်ပါတော့ ။ အိမ်ကို ပြန်ပြီး အဲ့ဒီမှာ ကိုယ့်ထက် ကောင်းပြီး ဟန်နီ့ကို ကာကွယ်ပေးနိုင်မယ့် လူတစ်ယောက်နဲ့ လက်ထပ်လိုက်ပါ ။ ကိုယ်က ချစ်နေလဲ မင်း အနားမှာ ရှိနေပြီး ကာကွယ်မှ မပေးနိုင်ဘဲ "

သူ၏စကားများသည် ဧကရီ၏ရင်ကို ကြေမွစေသည် ။ ဧကရီ့၏အချစ်ကို သူက ခဏတာ စိတ်ကစားခြင်းဟူ၍များ မှတ်ယူလေသလား ။ ဧကရီသည် သူ၏စကားကို သဘောမတူသည့်သဘောဖြင့် ခေါင်းတဆက်ဆက် ရမ်းမိသည် ။

" ဟင့်အင်း ကျွန်မ ရှင် တစ်ယောက်တည်းကိုပဲ ချစ်မှာ ဒါလင် ။ ကျွန်မ တစ်ဘဝလုံး ရှင့်ကိုပဲ ချစ်သွားမှာ ။ ကျွန်မကို တစ်ခုပဲ ဖြေပေးပါ...ရှင် ကျွန်မကို တစ်ဘဝစာ သက်ဆိုင်သူအဖြစ် သတ်မှတ်နိုင်မှာလား "

ဧကရီ၏မေးခွန်းအပေါ် ဂျက်ခ်က တွေဝေသွားလေသည် ။ ချစ်သည်ဟု ပြောထားရက်နှင့် ဤကဲ့သို့ တွေဝေသွားပုံက ဧကရီ့ကို ဝမ်းနည်းစေသည် ။ သူသည် ယခုအချိန်အထိ ဆိုဖီယာ့ကို မမေ့နိုင်သေးဘူးကိုး ။

" အို...တောင်းပန်ပါတယ် ။ ကျွန်မ ရှင့်ဘက်ကို ငှဲ့မကြည့်သလိုဖြစ်သွားတယ် ။ ရပါတယ် ကျွန်မကို ချစ်ပေးတာနဲ့တင် ကျွန်မ ကျေနပ်နေသင့်ပါပြီ "

" မဟုတ်ဘူး ဟန်နီ ။ အဲ့ဒီလို သဘောမျိုးမဟုတ်ဘူး ။ တကယ်က ဆိုဖီယာနဲ့ ကိုယ်က...သူငယ်ချင်းတွေပါပဲ "

အသက်ကို ခပ်ရှည်ရှည် ဆွဲယူ၍ ရင်လေးစွာ ပြောလိုက်သည့် ဂျက်ခ်ကြောင့် ဧကရီ မျက်ရည်တွေကြားမှ အဝိုင်းသား မျက်ဝန်းကလေးများနှင့် ကြည့်လိုက်မိ၏ ။

" ကိုယ်ကပဲ သူ့ကို သဘောကျခဲ့တာ ။ သူက ကိုယ့်ကို ပြန်မချစ်ခဲ့ဘူး ။ သူ ချစ်တာက အရှင့်ကိုလေ ။ ဒါပေမဲ့ လူတိုင်းကလည်း ကိုယ်တို့ကို မေတ္တာမျှနေသူတွေ ထင်ခဲ့ကြတာ ။ အဲ့တာ​တွေကြောင့်လည်း ကိုယ် ရူးမိသွားခဲ့တာ ထင်ပါတယ် ။ ကိုယ့်အတ္တကြောင့်ပဲ အခြေအနေတွေက ဒီလောက်အထိ ဖြစ်သွားခဲ့တယ် ။ မင်းကိုလဲ ထိခိုက်စေမိပြီ အချစ်ရယ် "

သူသည် လက်တစ်ဖက်ဖြင့် ဧကရီ၏မျက်နှာတစ်ဖက်ကို အုပ်ကိုင်၍ ဆိုလေလျှင် ဧကရီသည် ခေါင်းကို ရမ်းမိသည် ။ ထိုအရာများက သူ၏အပြစ်ဟု ဆိုလေလျှင် သူ ယခုလိုမျိုး ချုပ်နှောင်ခံထားရသည်က ဧကရီ့အပြစ်ပင် ဖြစ်သည် ။

" ကိုယ် အခုမှ သေချာ တွေးဖြစ်ပြီး သိခဲ့ရတယ် ။ ကိုယ် ဆိုဖီယာ့ကို ချစ်ခဲ့တာ မဟုတ်ဘူး...စွဲလမ်းခဲ့တာ ၊ ရူးသွပ်ခဲ့တာ ။ အဲ့တာတွေက မင်းကို ချစ်မိတဲ့ အချစ်ကို မမှီခဲ့ဘူး ။ အခုတော့ ဘယ်ဟာက စစ်မှန်ခြင်းလဲ ကိုယ် သိခဲ့ရပါပြီ ။ ဒါကြောင့်လည်း ဆိုဖီယာ့ကို ကိုယ် စွန့်လွှတ်နိုင်ခဲ့တယ် "

" ဒီလိုကြားရတော့ ကျွန်မ တကယ် စိတ်မကောင်းဘူး ဒါလင် "

ဂျက်ခ်သည် သက်ပြင်းမောတစ်ခုကို ချလိုက်၏ ။ ထို့နောက် ဧကရီ၏လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လာလေလျက် ဧကရီ့ကို လေးနက်စွာ ကြည့်ရင်း...

" ကိုယ် မင်းကို တစ်ဘဝလုံးစာ မကဘူး နောက်ဘဝတွေအထိ ကိုယ့်ရဲ့သက်ဆိုင်သူအဖြစ် သတ်မှတ်ထားချင်တယ် ဟန်နီ ။ ဒါပေမဲ့ ကိုယ် မချုပ်နှောင်ထားချင်ဘူး "

" ဘာဖြစ်လဲလေ...ရှင် အနားမှာ ရှိမပေးလဲ ကျွန်မနဲ့ သက်ဆိုင်နေတယ်ဆိုတဲ့ ခံစားချက်နဲ့ပဲ ကျွန်မ နေပျော်ပါတယ် ။ ဒါကြောင့် ကျွန်မကို ရှင်ရဲ့ သက်ဆိုင်သူအဖြစ် ပြန်သတ်မှတ်ပေးပါလားဟင် "

ဧကရီသည် လက်ထဲက လက်စွပ်ကလေးကို ဂျက်ခ်ဘက်သို့ ကမ်းလိုက်မိ၏ ။ ဤလက်စွပ်ကလေးကို ပိုင်ရှင်ဆီ ပြန်ပေးမည်ဟု တွေးထားသော်လည်း ယခုတော့ အခြေအနေ တစ်မျိုးပြောင်းသွားရသည် ။ ဂျက်ခ်သည် ဧကရီ ကမ်းပေးသည့်လက်စွပ်ကို တွေးဆဆဖြင့် ယူ၏ ။ သူကိုယ်တိုင်လည်း ဧကရီ့ကို ပိုင်ဆိုင်ထားချင်ပါသော်လည်း ဧကရီ မလွတ်မလပ်ဖြစ်နေမည်ကို သူ စိုးရိမ်သည် ။ သူသည် ဧကရီ့အတွက် မည်သို့မျှ မစွမ်းဆောင်ပေးနိုင်တော့သည့်လူတစ်ယောက်ပင် မဟုတ်ပါလား ။

" ဒါလင် "

အတွေးများနေသည့် ဂျက်ခ်ကို ဧကရီ အသံပြုလိုက်လျှင် သူသည် သတိဝင်လာလျက် ဧကရီ၏လက်တစ်ဖက်ကို ယူ၍ လက်စွပ်ကလေးကို လက်သူကြွယ်ဆီသို့ ဖြည်းညင်းစွာ စွပ်ပေးလေသည် ။ ဧကရီသည် ပထမဆုံးအကြိမ်က မခံစားခဲ့ရသော ရင်ခုန်ခြင်းကို ယခုအကြိမ်တွင်တော့ ကောင်းကောင်း ခံစားမိ၏ ။ အမှန်တကယ်ပင် ဂျက်ခ်သည် မိမိ၏သက်ဆိုင်သူ ဖြစ်သွားသည်ကို တွေးရင်း ဧကရီ ဝမ်းသာမိသည် ။ သည်လောက်ဆို ဧကရီ စိတ်အေးအေးနှင့် အိမ်ပြန်နိုင်ပြီထင်ပါသည် ။

" ကိုယ် မင်းကို ချစ်တယ် ဟန်နီ "

ဂျက်ခ်သည် သူ၏ဆွဲဆောင်မှုရှိလှသော အသံနက်နက်ဖြင့် လေးနက်စွာ စကားဆိုပြီး ဧကရီ၏လက်ဖမိုးပေါ်ကို အနမ်းတစ်ပွင့် ခြွေ၍ မျက်လုံးများကို မှိတ်ထားလျက် လက်ဖမိုးကို သူ၏နဖူးဖြင့် ထိလိုက်လေသည် ။ ဧကရီလည်း စိတ်အေးသွားသော သက်ပြင်းတစ်ချက်ကို ချ၍ ကျန်လက်တစ်ဖက်ဖြင့် သူ၏ဆံနွယ်များကို ပွတ်သပ်ပေးကာ နှလုံးသားအတွင်းမှ မေတ္တာဓာတ်များကို ကူးစက်စေသည် ။ ဤမေတ္တာဓာတ်များကြောင့် ချစ်ရသူသည် တစ်သက်တာ အေးချမ်းပါစေသား ။
ထိုတွင် အမှောင်ထု လွှမ်းမိုးနေသည့် ဂူကြီးထဲတွင် ရုတ်တရက် ဧကရီ့လက်စွပ်ပါ စိန်တစ်ပွင့်က မျက်စိစူးလောက်သည်အထိ အလင်းများ ဖြာထွက်သွားလေသည် ။ တောက်ပသော အလင်းတန်းသည် နံရံလေးဘက်ကို ရိုက်ခတ်လျက် အဝေးသို့ ဆက်၍ ပြန့်သွားသည် ။ တစ်ချိန်တည်းမှာပဲ မဟာပထဝီမြေပြင်ကြီးသည် ငလျင်တစ်ခု ဖြတ်သန်းသွားသကဲ့သို့ တုန်လှုပ်သွားလေ၏ ။

" ဒါ...ဒါ ဘယ်လိုဖြစ်တာလဲ အရှင် "

လူတစ်ယောက်သည် သူတို့၏လောကကြီးတစ်ခုလုံးကို လှုပ်ယမ်းသွားစေသည့် အလင်းတန်းကြီးကြောင့် ပြာပြာသလဲဖြင့် စိုးထိတ်စွာ မေးခွန်းထုတ်လာလေသည် ။ တစ်လောကလုံးရှိ လူများမှာ တစ်ခါမျှ မကြုံဖူးသည့် အခြေအနေကြောင့် ပြာယာခတ်နေကြပါသော်လည်း တစ်ဦးတည်းသော အရှင်ကတော့ စိုးထိတ်မှု မရှိဘဲ တည်ငြိမ်နေလွန်းလှသည် ။ အရှင်သည် မေးခွန်းထုတ်လာသူကို တစ်ချက်ကြည့်ပြီးနောက် အရာအားလုံးကို သိမြင်နေသည့်ပုံဖြင့် ဆက်၍ ခရီးနှင်သွားသော အလင်းတန်းကြီးကို လှမ်းကြည့်၍ တစ်ချက် ပြုံးကာ...

" ဒါက ချစ်ခြင်းမေတ္တာရဲ့စွမ်းအားပဲ ။ စွမ်းအားတွေထဲမှာ အကြီးမြတ်ဆုံးနဲ့ အစစ်မှန်ဆုံးသော စွမ်းအားပေါ့"

Continue Reading

You'll Also Like

431K 16.2K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
72.4K 1.3K 27
မန်းလေးသားတစ်ယောက်ဖြစ်ပြီး ယောင်္ကျားလေးပီပီလှပကျော့ရှင်းသူမျိုးကို ကြိုက်တဲ့ ဆရာဝန်လေး"ကောင်းဆက်သစ်" အနေအေးပြီး ပတ်ဝန်းကျင်ကိုဂရုမစိုက်တတ်ပဲ ယောင်္က...
3.6M 362K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်