MY Crush Is My Step-Father
By bhonesittthaw8
747K 30K 440
ဒုတိယအကြိမ် ပြန်တင်ခြင်း.... More
အမှာစာ
ep.1
ep.2
ep.3
ep.4
ep.5
ep.6
ep.7
ep.8
ep.9
ep.10
ep.11
ep.12
ep.13
ep.14
ep.15
ep.16
ep.17
ep.18
ep.19
ep.20
ep.21
ep.22
ep.23
ep.24
ep.25
ep.26
ep.27
ep.28
ep.29
ep.30
story time (side story)
ep.31
ep.32
ep.33
ep.34
ep.36
ep.37
ep.38
ep.39
ep.40
Ep. ( 41.1 + 41.2)
Ep. 42
Ep. 43
Ep. 44
Ep. 45
(( Final ))
Extra......
အမှတ်တရလေးတဖြတ်
ep.35
10.6K 455 18
By bhonesittthaw8
Part 35
Unicode...
ထမင်းစားပွဲဝိုင်းအတွင်း ကြောင်ချီးကုတ် မျက်နှာကလေးနှင့်ထိုင်နေတဲ့ နွေဦးရယ် မတ်တပ်ရပ်လို့ လက်ပိုက်ခါ ဟင်းပွဲတွေကို ကြည့်ရင်း စိတ်ကုန်သွားသလို ဘေးကို အကြည့်တစ်ချက်လွှဲလိုက်တဲ့ ဟံသာဦးရယ်..
ပတ်ဝန်းကျင်သည် ရန့ံဆိုးများနှင့်ပြည့်နှက်လို့ တိတ်ဆိတ်ငြိမ်သက်နေပေသည်။
ကြက်ဥနဲ့ ကြက်အူချောင်းလေးတွေကိုပါးပါးလှီးပြီးမွှေကျော်ထားသည်ဟု ယူဆရတဲ့ ပန်းကန်ထဲက ခပ်မဲမဲ အပြားတစ်ချပ်ရယ် ဟင်းရည်ဟုထင်ရသောပန်းကန်ထဲ အာလူးတွေ အလုံးလိုက်ပစ်ထည့်ထားတာရယ် ဂေါ်ဖီဖက်တွေရယ် တို့ဖူးတွေရယ် နဲ့ အစုံအလင် ဘာဟင်းလို့ အမည်တပ်ရမလဲမသိ ဒါတောင် ခရမ်းချဉ်သီးတစ်ဖတ်တလေက ဟင်းရည်ထဲ ဘောလော မြင်ရသေးသည်..။ နောက်ဆုံးအနေနဲ့ ထမင်း က ဆန်ပြုတ်လား ဘာလား မသဲကွဲ ထမင်း အစိတောင်ပြောက်ပြီး ဘယ်နားရှာရမှန်းမသိ..
ဟံသာဦး စိတ်ပျက်စွာ နွေဦးဆီလှမ်းကြည့်တော့ ဒင်းက မျက်နှာငယ်လေးနှင့်..
တယ် ထလုပ်လိုက်ရ ဒင်း နာတော့မည်!
လက်ပိုက်ထားတာကိုတန်းဖြုတ်ရင်း ဟံသာဦး အရမ်းသိချင်နေသည့် ဟင်းချိုပန်းကန်ဆီ လက်ညှိုးညွှန်လာသည်..။
"အာ့ ဘာဟင်းလဲ.."
"နွေဦးဟင်း..."
"ဟမ်!!"
ဟံသာဦးမှာ နွေဦးစကားကြောင့် မျက်နှာပင် ခပ်ရဲရဲပျက်နေပြီ...
" လက်တည့်စမ်းထားတာ ဘာနာမည်ပေးရမှန်းမသိလို့ နွေဦးချက်တဲ့ဟင်း နွေဦးဟင်းလို့ နာမည်တပ်လိုက်တာ.."
"စောက်ကျိုးနည်းဟင်းပါလားကွ ဟေ.."
ဟံသာဦး စိတ်ထဲတွင် ရေရွတ်လိုက်မိသော်လည်း အမှတ်မထင်စွာ စကားက အပြင်ဘက်ထိပါ လျှံထွက်လာလေသည်..။ နွေဦးက ထူးစမ်းစွာ လှမ်းကြည့်လျှင်
"အဟမ်း ငါ့ကို သေအောင်သတ်ချင်ရင် အခြားနည်းနဲ့သတ် ဘယ့်နှယ့် မဟုတ်တမ်းတရားတွေ လျောက်လုပ်မနေနဲ့ နောက်တခါ ထပ်ပြီးမီးဖိုခန်းထဲဝင်လို့ကတော့လား ကိုယ် မင်း ခြေထောက်တွေကို သုံးစားမရအောင်ရိုက်ချိုးပစ်မယ်..."
ဟံသာဦး ထိုင်ခုံပေါ်တင်ထားသည့် လက်ဆွဲအိတ်ကို ဆက်ခနဲ ဆွဲယူခါ မီးဖိုခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ နွေဦးမှာ ဒေါသဘဲ ထွက်ရနိုးနိုးနှင့် ဟံသာဦးကျောပြင်အား မျက်စောင်းတစ်ချက်ထိုးလိုက်မိသည်။
.............
ဟံသာဦး အခန်းထဲရောက်မှဘဲ အသက်ဝဝရှူနိုင်တော့သလို သက်ပြင်းတစ်ချက် ချရင်း ဝတ်ထားသော shirtအဖြူအား ကျယ်သီးဖြုတ်လိုက်သည်။ တနေ့လုံး ပင်ပန်းထားသမျှ ရေချိုးဖို့ကိုသာ သူအာရုံရောက်နေမိ၏..။
Ring~~Ring~~!
စားပွဲပေါ်က တဒူဒူတုန်ခါနေသော ဖုန်းသံကြောင့် ဟံသာဦး ကြည့်လိုက်မိသည်။ ဖုန်းကွန်တက်တွင် ပေါ်နေသည့်နာမည်သည်...
"Hello နှင်းစံ.."
"ကိုကို အိမ်ပြန်ရောက်ပြီလား.."
တဖတ်က ခပ်ချွဲချွဲ အသံလေးနဲ့ပြောနေသူကြောင့် ဟံသာဦး တစ်ချက်ပြုံးလိုက်မိသည်..။
"အင်း ကိုယ်အခုဘဲ ပြန်ရောက်တယ် နှင်းစံရော.."
"နှင်းစံလည်း အတူတူဘဲ ဒါနဲ့မနက်ဖြန် sunday  မှာကိုကိုအားလားဟင် နှင်းစံနဲ့ coffee date ကြမလား..."
"Coffee date!"
ဟံသာဦး မသိသလိုလေး သူမအား ပြန်မေးမိလိုက်သောအခါ ဖုန်းတစ်ဖတ်ခြမ်းမှ ခဏတာ တိတ်ဆိတ်သွား၏..။ ပြီးမှ....
"အို နှင်းစံ တအားစိတ်လောသွားတာဘဲ..နှင်းစံ ဆိုလိုတာကလေ ကိုကိုများ coffee သောက်ချင်မလားလို့ high place ဆိုတော့ ရှုခင်းလည်း တအားလှတာ ပြီးတော့ ကိုကို့ကို ခေါ်ပြချင်လို့ပါ ကိုကိုက အလုပ်ပိနေတဲ့သူဆိုတော့လေ.."
ဟံသာဦးက မဲ့ပြုံးကလေးနှင့်...
"ဟုတ်ပြီ...sunday coffee date အတွက်ကိုယ် comfineလိုက်ပြီနော်.. မနက်ဖြန်တွေ့ကြတာပေါ့ see you.."
"Ok! see you ပါ ကိုကို .. sweet nightနော်.."
ဖုန်းအား ဦးစွာ ချသွားသော နှင်းစံသည် မနက်ဖြန်အတွက် အတော်ကလေး စိတ်လှုပ်ရှားနေသယောင်.. ပြီးတော့ သူစိတ်ဝင်စားနေသည့် လူတယောက်အား ကြိုးစားပိုင်ခွင် အပြည့်အဝ ရတော့မည်..။
"အဟက်.. အန်တီရယ် sorry နော် ခင်မင်ထောက်ထားခဲ့တဲ့ မျက်နှာကလေးနဲ့ ကိုကို့ကို အပိုင်ယူပစ်လိုက်တော့မယ် နှင်းစံလက်ထဲ ကိုကို ပျော်နေစေရမယ်လို့ အာမခံတယ် အဟက်ဟက်..."
ဖုန်းတစ်ဖတ်ခြမ်းက ဟံသာဦးကတော့ အကြံအစည်များ အောင်မြင်တော့မလို ကြိတ်ပျော်နေသည့် မူပိုင် မဲ့ပြုံးကြီးနင့် ဂုဏ်ယူဝင့်ကြွားစွာ ကုလားထိုင်၌ ဝင်ထိုင်လိုက်တော့သည်...။
................
"အဲ့တော့! ....."
နွေဦးမှာ မဲတူးနေသော အေပရွန်ကို ချွတ်ခါ ဖုန်းကလေး နားနားကပ်လို့ သူ့အခန်းရှိရာ ခပ်ဖြေးဖြေးလျောက်လှမ်းလာခဲ့မိသည်။
"အင်း.... ဟမ် !ဒန့်ဒလွန်သီး အော် အကိုညီသု့က ဘာဆက်ဖြစ်လဲ.."
နွေဦးအား ဖုန်းဆက်သည့် လူမှာ ရတုမောင် ဖြစ်ချေ၏.။နွေဦးမှာ ခေါင်းတညှိမ်ညှိမ့်နှင့်သာ ရတုပြောသမျှ နားထောင်နေရသည်..။
"ငါ အဲ့ဒန့်ဒလွန်သီးကို သဘောကျနေမိပြီထင်တယ်..."
"ဘာ !!!!! "
နွေဦးမှာ လှေကားထစ်အချိုးမှနေခါ အသံကုန်ဟစ်မိသည်အထိ အ့ံဩသွားရသည်။
"ဖြေးဖြေးအော်ပါကွာ.. တကယ်ထည်း"
"ဟေ့ကောင် ဟေ့ကောင် ငါ့ကို လာမစားနဲ့နော် မင်းက ဘယ်လိုလုပ်အကိုညီသု့ကို ကြိုက်မတုန်း.. အကို ညီသု့ကရော..?.."
"ငါ မသိဘူး ငါမသိဘူး..."
"မနက်ဖြန် တနေရာမှာတွေ့မယ် sunday ဆိုတော့ အိမ်မှာ ဟိုလူကြီးရှိတယ်.. တော်ကြာ ရန်သတ်ပွဲတွေ ဖြစ်နေရင် မင်းကိုအားနာရလို့ "
"အာ့ဆို ငါ့အမဆိုင်မှာ ထိုင်ကြမယ်.."
"အွန်း အွန်း.. မမရတီချို ဆိုင်မှလား ငါ ၉နာရီလောက် လာခဲ့မယ်........အေးအေး.. မင်း တွေ့လို့ရတော့ နာပြီသာမှတ်!.."
နွေဦးမှာ ဖုန်းပြောပြီးကတည်းက ရေချိုးခန်းထဲဝင်ခါ ခြေလက်တွေသန့်စင်ရတော့သည် မသန့်လို့ကလည်း မရ.. တကိုယ်လုံး ကပ္ပလီလူမျိုးတွေလို မဲတူးနေတာလေ!
................ Time Skip .................
Sunday '''''''''
မနက်အစောကတည်းက နွေဦးကားတစ်စီးနှင့် ခြံထဲမှ ထွက်သွားတာ ဟံသာဦး အိမ်အပေါ်ထပ်မှ လှမ်းမြင်လိုက်သည်။ ပုံမှန်ဆိုရင် အနောက်ကနေ ခြေရာလိုက်ခံမိပေမဲ့ အခုက သူချိန်းဆိုထားတာရှိနေသည်။
" ဒီနေ့တစ်နေ့တည်းဘဲ... နောက်နေ့တွေဆို ကိုယ်မပါဘဲ ဘယ်မှမသွားရဘူး...စိတ်မချလိုက်တာ! "
သက်ပြင်းအားချရင်း ပြူတင်းပေါက်စီမှ နေရာပြန်ရွှေ့ခါ သူ့ကိုယ်သူ မှန်ထဲ တစ်ချက်ပြန်ကြည့်မိသည်..။
V ship လည်ဟိုက် shirt အနီဆွေးဆွေးအား ကြိုးပြားပါသော ခါးစည်း ဘောင်းဘီအပွ အသားရောင်ထဲ ထည့်ဝတ်ခါ လူငယ်ဆန်စေသည်..။ အခုက coffee date ဆိုသည့်အတွက် အများဆုံး လူငယ်ဆန်နေမှဖြစ်မည်..။ ဒါ့ကြောင့် သင့်တော်မည့် အကျႌတို့ကိုသာထုတ်ဝတ်ရင်း brand တံဆိပ် စိန်တစ်လုံးထဲ သီးသန့် မြှုပ်ထားသော လတ်ပတ်နာရီအား လက်တွင် ဝတ်ဆင်စေလိုက်သည်..။
ထို့နောက် သူ၏ နောက်ဆုံးထွက် BMW မော်ဒယ်ကားအဖြူစွတ်စွတ်ဖြင့် ချိန်းဆိုထားသော နေရာသို့ ထွက်လာခဲ့လေသည်။
ကားကို parking ထဲသေချာထိုးရပ်ပြီး ၁၀ထပ်တိုက်အတွင်းသို့ ဟံသာဦးတစ်ယောက် ဖြတ်လျှောက်နင်းဝင်လာလေတော့သည်.. ။ ပြီးလျှင် သူမအလာကို မြေညီထပ်မှ ထိုင်စောင့်ရသည်..။
သိပ်၍မကြာပါ..နှင်းစံမှာ အပြာရောင် ပေါင်လည်သာသာ ဂါဝန်ကလေးနှင့် နိုင်ငံခြားဖြစ်ဘိုရုပ်မကလေးလို သု့အနား လှပသော အပြုံးတို့တို လိုလိုလားလား စွန့်ကျဲလို့ ရောက်လာလေသည်..။
"ကိုကို.. စောင့်နေတာ ကြာပြီလား..."
"ဟင့်အင်း ကိုယ်လည်း အခုလေးတင်မှ..."
ပြောရင်းရှိသေး ဟံသာဦး မျက်လုံးက ဓာတ်လှေကားထဲ မိန်းကလေးတယောက်နှင့်အတူ ဝင်သွားသော နွေဦးအား လှမ်းမြင်လိုက်ရသည်။ နွေဦး ပုံမှာ အတော်ကလေး အပြုံးတွေက အသက်ဝင်နေသည်..။ လှမ်းမြင်လိုက်ရတဲ့ ခဏကလေးမှာတောင် ထိုမိန်းမက နွေဦး လက်မောင်းတစ်ဖတ်ကို ချိတ်တွဲလို့ တခစ်ခစ်ဖြင့် ရယ်နေသေးသည်။
"ကိုကို......"
"ဟင်..အင်း..."
နှင်းစံရဲ့အသံကိုကြားမှ အကြည့်တွေကို သူမဆီပြန်ပို့လိုက်သည်။ နှင်းစံက ပန်းနုရောင်သန်းသော နှုတ်ခမ်းဆိုးဆေးလေးတွေကြောင့် ပို၍ပင်ပေါ်လွင်လှပနေသလို ဟံသာဦး သူမနှုတ်ခမ်းအား အကြာကြီးစိုက်ကြည့်နေမိသည်။
နှင်းစံမှာတော့ ဟံသာဦး သူမနှုတ်ခမ်းအား ကြည့်နေမှန်းသိသာနေသည်ကြောင့် နှုတ်ခမ်းကလေးတွေကို ဆူလိုက် ပြုံးလိုက်ပင် ပို၍ လှုပ်ပြနေသည်...။
ကျစ်! အာရုံဘဲ ဆိုးဆေးမတင်ထားတဲ့ သူ့နှုတ်ခမ်းတွေကမှ မင်းနှုတ်ခမ်းထက် အဆတစ်ရာမက ပိုလှသေးတယ်!
..........................................
zawgyi...
Part 35
Unicode...
ထမင်းစားပွဲဝိုင်းအတွင်း ကြောင်ချီးကုတ် မျက်နှာကလေးနှင့်ထိုင်နေတဲ့ နွဦေးရယ် မတ်တပ်ရပ်လို့ လက်ပိုက်ခါ ဟင်းပွဲတွေကို ကြည့်ရင်း စိတ်ကုန်သွားသလို ဘေးကို အကြည့်တစ်ချက်လွှဲလိုက်တဲ့ ဟံသာဦးရယ်..
ပတ်ဝန်းကျင်သည် ရနံ့ဆိုးများနှင့်ပြည့်နှက်လို့ တိတ်ဆိတ်ငြိမ်သက်နေပေသည်။
ဟံသာဦး စိတ်ပျက်စွာ နွဦေးဆီလှမ်းကြည့်တော့ ဒင်းက မျက်နှာငယ်လေးနှင့်..
"အာ့ ဘာဟင်းလဲ.."
"နွဦေးဟင်း..."
"ဟမ်!!"
ဟံသာဦးမှာ နွဦေးစကားကြောင့် မျက်နှာပင် ခပ်ရဲရဲပျက်နေပြီ...
" လက်တည့်စမ်းထားတာ ဘာနာမည်ပေးရမှန်းမသိလို့ နွဦေးချက်တဲ့ဟင်း နွဦေးဟင်းလို့ နာမည်တပ်လိုက်တာ.."
.............
Ring~~Ring~~!
"Hello နှင်းစံ.."
"Coffee date!"
................
"အဲ့တော့! ....."
နွဦေးမှာ မဲတူးနေသော အေပရွန်ကို ချွတ်ခါ ဖုန်းကလေး နားနားကပ်လို့ သူ့အခန်းရှိရာ ခပ်ဖြေးဖြေးလျောက်လှမ်းလာခဲ့မိသည်။
နွဦေးအား ဖုန်းဆက်သည့် လူမှာ ရတုမောင် ဖြစ်ချေ၏.။နွဦေးမှာ ခေါင်းတညှိမ်ညှိမ့်နှင့်သာ ရတုပြောသမျှ နားထောင်နေရသည်..။
"ဘာ !!!!! "
နွဦေးမှာ လှေကားထစ်အချိုးမှနေခါ အသံကုန်ဟစ်မိသည်အထိ အံ့ဩသွားရသည်။
"ငါ မသိဘူး ငါမသိဘူး..."
နွဦေးမှာ ဖုန်းပြောပြီးကတည်းက ရေချိုးခန်းထဲဝင်ခါ ခြေလက်တွေသန့်စင်ရတော့သည် မသန့်လို့ကလည်း မရ.. တကိုယ်လုံး ကပ္ပလီလူမျိုးတွေလို မဲတူးနေတာလေ!
................ Time Skip .................
Sunday '''''''''
ပြောရင်းရှိသေး ဟံသာဦး မျက်လုံးက ဓာတ်လှေကားထဲ မိန်းကလေးတယောက်နှင့်အတူ ဝင်သွားသော နွဦေးအား လှမ်းမြင်လိုက်ရသည်။ နွဦေး ပုံမှာ အတော်ကလေး အပြုံးတွေက အသက်ဝင်နေသည်..။ လှမ်းမြင်လိုက်ရတဲ့ ခဏကလေးမှာတောင် ထိုမိန်းမက နွဦေး လက်မောင်းတစ်ဖတ်ကို ချိတ်တွဲလို့ တခစ်ခစ်ဖြင့် ရယ်နေသေးသည်။
"ကိုကို......"
"ဟင်..အင်း..."
..........................................
Continue Reading
You'll Also Like
2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
12.9K 539 6
ခင်များ သမီးကြောင့်အက်ကွဲသွားတဲ့နှလုံးသားကို.... ခင်များလက်နဲ့ကိုယ်တိုင်ပြန်ဆက်ပေးရမယ်... အဲ့မိန်းမ မျက်ရည်ပေါက်ပေါက်ကျတဲ့နေ့​တွေကို ကျွန်တော် တစ်ဝကြ...
747K 30K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....