MY Crush Is My Step-Father

By bhonesittthaw8

750K 30K 446

ဒုတိယအကြိမ် ပြန်တင်ခြင်း.... More

အမှာစာ
ep.1
ep.2
ep.3
ep.4
ep.5
ep.6
ep.7
ep.8
ep.9
ep.10
ep.11
ep.12
ep.13
ep.14
ep.15
ep.16
ep.17
ep.18
ep.19
ep.20
ep.21
ep.22
ep.23
ep.24
ep.25
ep.26
ep.27
ep.28
ep.29
ep.30
story time (side story)
ep.32
ep.33
ep.34
ep.35
ep.36
ep.37
ep.38
ep.39
ep.40
Ep. ( 41.1 + 41.2)
Ep. 42
Ep. 43
Ep. 44
Ep. 45
(( Final ))
Extra......
အမှတ်တရလေးတဖြတ်

ep.31

10.9K 458 1
By bhonesittthaw8

Part 31

Unicide...

"နွေဦး..."

ဆေးရုံအင်္ကျီအားချွတ်ခါ အပြင်အဝတ်လဲနေသော နွေဦးသည် တပ်လက်စ ကြယ်သီးအား တပ်ရင်းပင် အကိုညီသု့အား လှည့်ကြည့်လာမိသည်..။

"ဆေးရုံဆင်းရတော့မှာလား.."

"အင်း..." ဟူသည့် စကားတစ်လုံးထဲသာ အဖြေပြန်ပေးရင်း သူချွတ်ထားသောဆေးရုံအဝတ်တို့ကို ပြန်လည်ခေါက်သိမ်းနေမိသည်..။ ညီသု့ကတော့ ပြောရမည့်စကားအား အစပင် ရှာ၍မတွေ့သေးချေ။

"အကိုညီသု့ ဘာကိစ္စပြောမလို့လဲ..."

အင်တင်တင်ဖြစ်နေသည့် ညီသု့မျက်နှာကို ရိပ်မိသွားသည့် နွေဦးက စကားအစဖော်ပေးလာသည်။
ထိုအခါမှ ညီသု့က ခေါင်းတဆက်ဆက်ညှိမ့်ပြလာရင်း...

"တကယ်တော့ ဆရာ့အကြောင်းပါ..."

နွေဦး သက်ပြင်းကို သူရောကိုယ်ပါ ကြားရလောက်တဲ့အထိ ချပစ်ရင်း နားမထောင်ချင်ဘူး ဆိုသော ပုံစံပြလာသည်..။

"ဒီကိစ္စကို သေသေချာချာ မရှင်းပြနိုင်သေးပေမဲ့ ကျေးဇူးပြုပြီး ဆရာ့ကို အထင်မလွဲပါနဲ့... ဆရာ့အတွက် ပိုပြီးနစ်နာနေလို့ပါ..."

ညီသု့စကားကြောင့် နွေဦး အ့ံဩရသလို စိတ်ပျက်သွားသလိုပါ  ခပ်ထေ့ထေ့လှောင်ပြောင်ပစ်လိုက်သည်။

"အကိုညီသု့ ခင်ဗျားစကားက သူများကြားရင် မသိရင်ဘဲ ကျွန်တော်က ခင်ဗျား ဆရာအိမ်ပေါ်တက်ပြီး နှိပ်စက်နေတယ်ထင်ပါအုံးမယ်.. ကြည့်ကြပ်ပြောပါအုံး ဘယ်သူက နစ်နာမှာလဲ..."

ဒေါသက ဟံသာဦးနဲ့ကိုယ့်အကြား နှစ်ဦးတည်းသာဖြစ်လို့ ဘေးလူအပေါ် မပုံချခဲ့တာ.. ခုတော့ သူ့တပည့်ဆိုသည့် လူကစကားကို မျက်နှာပြောင်တိုက်လို့ပါလား... ဟံသာဦးနောက်လိုက် ဆိုပေမဲ့လည်း ကိုယ် အားကိုးခင်မင်ရသည့်သူမို့ မိတ်ဆွေတယောက်လိုသာ ခင်တွယ်မိသည့် ကိုယ့်အပစ်ပါလေ...

"ဘာလဲ အကိုညီသု့ ခင်ဗျားဆရာကို ကျွန်တော်က ဓားနဲ့ထိုးလိုက်လို့ နစ်နာသူဖြစ်သွားရတာလား... ဒီကြားထဲတွေမှာ ကျွန်တော် ကြမ်းပိုးတကောင်နီးပါး သူနှိပ်စက်တာ ဘာမဆို အကုန်သည်းခံပြီးနေနေခဲ့ရတာ... အဲ့တော့ အခု ကျွန်တော်က ပစ်မှုကျူးလွန်သူကြီးလား.. ခင်ဗျားလည်း တော်တော်အရှက်မရှိတာဘဲ..."

ညီသု့ကတော့ ခေါင်းကို ငုံ့လို့ သူ့စကားအသွားအလာမှားသွားကြောင်း ပုံစံဖြင့် ခေါင်းကို ဆက်လက်၍သာ ငုံ့မြဲ....

..."တော်ပြီ နွေဦး၊ ညီသု့ မင်း တော်သင့်ပြီလေ..."

ဘယ်တုန်းကဘယ်လိုရောက်နေလဲမသိသော ဟံသာဦးက ဆေးပုလင်းချိတ်ထားသော ထောက်တိုင်ကို အသုံးပြုခါ အခန်းအဝင်အဝတွင်..ညီသု့က သူ့ဆရာကို ခေါင်းမော့လို့ မျက်လုံးကလေးဝင့်ခါ တစ်ချက်ကြည့်မိသည်။

"အော်... ဟီးရိုးကြီးရောက်လာပြီလား.. ခုဘဲ ခင်ဗျားအကြောင်းပြောနေတာ..."

ဟံသာဦး က စိတ်ပျက်စွာ ညီသု့အား ကြည့်နေခဲ့မိသည်။ ညီသု့မှာ ခေါင်းကို တွင်တွင်ခါပစ်ရင်း စိတ်ထွက်ပေါက်ရှာတော့မည့် လူတယောက်လို...

"မဟုတ်ဘူး.. ဆရာ ဘာလို့ မရှင်းပြရတာလဲ အမှန်ဆိုရင် ပြဿနာက အခုထိ ပိုကြီးသွားမှာမဟုတ်ဘူး.. ဦးနေမင်းခ လိုချင်နေတာက ဆရာ့ကိုလေ ... အဲ့အတွက် နှောင်းနွေဦးကို အသုံးချနေရုံဘဲ.. ကျစ် ဘာလို့ နားမလည်ကြရတာလဲ နွေဦးကို သူမ လို ထပ်ပြီး အဆုံးအရှုံးခံအုံးမလို့လား..."

နားထောင်နေသော နွေဦးမှာလည်း အဆက်စပ် မရှိသော စကားလုံးတွေကြောင့် မျက်မှောင်ကြုတ်လျှက် ဘာကြောင့် ဦးနေမင်းခက ဒီပြဿနာထဲ ပါလာတာလဲ! သူတို့ပြောနေတဲ့ ဦးနေမင်းခက သူသိတဲ့ ဦးနေမင်းခ မဟုတ်တာများလား!

"အင်း ဆရာ မရှင်းပြရင် ကျွန်တော် ရှင်းပြလိုက်မယ်.. နှောင်းနွေဦး! မင်းထင်နေသလို ဆရာက မင်းအမေကို သတ်တာလည်းမဟုတ်သလို မင်းအမေကလည်း ဆရာ့ကြောင့်သေတာ လုံးဝမဟုတ်ဘူး မင်းသိထားရမှာ တစ်ခုက ဦးနေမင်းခ ဆိုတဲ့လူဘဲ... မင်းကို ဆရာက မေတ္တာရှိလို့ မင်းကို ဘာမှပြန်မလုပ်ခဲ့တာ မင်းအသိဘဲ"

"ညီသု့....!!."

ညီသု့ နားမထောင်ပါ သူ့စကားကို ပြီးမြောက်ဖို့အတွက်သာ နှောင်းနွေဦးအား ပြောပြနေခဲ့မိပါသည်...။

"အေး.. မင်း ကြွက်သတ်ဆေးခက်တာရော ဓားနဲ့ထိုးတာရော ကြားထဲမှာ ဖြစ်သွားတဲ့ ကိစ္စတွေမှ အများကြီး ဆရာကမင်းကို အရင်ကလို နှိပ်စက်နေသေးလား မင်းအသိဘဲလေ.. မင်း ဆေးရုံမှာ လဲနေတဲ့တလျောက်လုံး မင်းကိုနေ့နေ့ညည အနီးကပ်ပြုစုပေးနေတဲ့လူက ဆရာကိုယ်တိုင်ဘဲ.. အဲ့တာ ဆရာသူ့အမှား သူသိသွားလို့.. ပြီးတော့ သေချာပေါက် အဲ့လူက မင်းကိုရော ဆရာ့ကိုပါ သတ်လိမ့်မယ် အဲ့တာကိုတော့ မြဲမြဲမှတ်ထားပါ နွေဦး.."

ညီသု့ရဲ့ ပေါက်ကွဲသံတို့အဆုံးမှာ ဟံသာဦးရဲ့ လက်သီးတစ်ချက်က ညီသု့မျက်နှာပေါ် ဝဲပျံသွားလေသည်..။ ဟံသာဦး ကိုယ်တိုင်လည်း အားပြုလိုက်သော လက်သီးကြောင့် ခွဲစိတ်ထားသော ဒဏ်ရာမှာ တဆစ်ဆစ်ကိုက်လာလျှက် ကြမ်းပြင်ပေါ် လေးဖက်ထောက် လဲကျသွားသည်..။

"ဆရာ! "

တဖတ်လူ နွေဦးမှာတော့ မျက်လုံးသေတို့ဖြင့် ဟံသာဦးအား တည့်တည့်ကြည့်လို့... မယုံနိုင်သော အကြည့်တွေက ဦးခေါင်းတစ်ခုလုံးက စီးဆင်းလည်ပတ်နေသောသွေးလွှတ်ကြောတွေ အကုန်ပိတ်ဆို့သွားသလိုမျိုး...

"မင်း ငါ့စကားကို နားမထောင်ဘူး ညီသု့ မင်းထွက်သွား...ဘယ်တော့မှပြန်မလာခဲ့နဲ့ "

ညီသု့က ဆွံ့အစွာ ခေါင်းတစ်ချက်ညှိမ့်ရင်း ဟံသာဦးအား ကူတွဲထားရမှ လွှတ်ပေးလိုက်မိသည်..။ ပြီးလျှင်တော့ နွေဦးအနား ချည်းကပ်လို့ ပုခုံးအား ခပ်ဖွဖွ ဆုတ်တင်းခါ အားကိုးပါတယ်ဟူသော အကြည့်နှင့် ကြည့်၏..။

ဦးနေမင်းခက အန္တရာယ်များတာလား ဒါမှမဟုတ် ဟံသာဦးကိုယ်တိုင်ကဘဲ.... အာ စိတ်ရှုတ်လိုက်တာ!

နွေဦးမှာ ဦးနှောက်တွေ ခြောက်ကပ်သွားသည်အထိ စဉ်းစားနေမိသည်..။

........................

"နွေဦး! "

"ဟင်.."

"ကျစ် ဘယ်တွေစိတ်ရောက်နေလဲ.."

နွေဦးက ခေါင်းခါသည်..။ ပြီးမှ တစ်ခုခုအား သတိရစွာ ဘေးက ရတုကို လှမ်းမေးသည်။

"ငါစုံစမ်းခိုင်းထားတာရော.. "

မျက်မှန်ကိုင်းအား လက်ညှိုးဖြင့် ပင့်တင်ခါ ရတု ခေါင်းညှိမ့်သည်..။ နွေဦးက အပျော်တစ်ပိုင်းဖြစ်ခါ အားတက်သရောနှင့် ခေါင်းကလေး ဆက်ခါ ဆက်ခါ ညှိမ့်ရင်း ဖြောင့်ချက်ပေးသည်..။

မပျော်လို့လဲမရပါလေ.. သူ ရတုကို စုံစမ်းခိုင်းထားတာ ရက်ပင်အတော်ချီနေပြီမဟုတ်လား...

"ပြောပြော...အစအဆုံး တစ်လုံးမကျန်ပြော.."

ရတုက ပိုကိုပိုတယ်ဟူသောအကြည့်နှင့် ကြည့်ပြီးမှ စကားစသည်...။

"အဟမ်း..အစက ဒီလိုဟ..........."

လွန်ခဲ့သော နှစ် ၂၀ ခန့်က

"မမ အဲ့ကလေးက ဘယ်သူတုန်း.."

အခုမှ လောလောလတ်လတ် နိုင်ငံခြားက ပြန်လာတဲ့ မောင်တော်ချောက မျက်စိရှေ့မှာ လုံးလုံး လုံးလုံးနှင့် ဆော့ကစားနေသည့် ပေါက်စကို ကြည့်မေးလိုက်ခြင်းဖြစ်သည်။

ညနေကမှ လေဆိတ်ကနေသူ့ယောက်ဖကို သွားကြိုခိုင်းပြီး အပြန်နောက်ကျသည်ကြောင့် ညည့်နက်ပြီး သားလေးကို မတွေ့လိုက်ကခြင်းဖြစ်၏..  ထို့ကြောင့် ယခုမနက်မှဘဲ သေချာလေး မိတ်ဆက်ပေးမည်ဟု ဒေါ်ချမ်းသီတာ တွေးထားသည်။ 

"ဟုတ်တယ် အဲ့တာ မင်းတူလေးပေါ့.. ဟံသာဦးလို့ ခေါ်တယ်လေ။ မမတို့ လွန်ခဲ့တဲ့ သုံးလကမှ ဂေယာကနေ မွေးစားဖို့ ခေါ်လာတာ...ဘယ်လိုလဲ ချစ်ဖို့ကောင်းတယ်မှလား..."

ကလေးလေးက ဆော့နေရာမှ မော့ကြည့်လာလျှင် ဧကန်ပင် ဖောင်းနေတဲ့ ပါးနှစ်ဖတ်ကိုသူ  ညှစ်ပစ်လိုက်ချင်တာ အမှန်...

"မေမေ့သားလေးက တော်တော် အဆော့သန်တာဘဲကွယ် "

"ဖေကြီးက နောက်ဆို အရုပ်တွေအများကြီးဝယ်ပေးမယ် သိလား.."

"လာ မေ့မေ့သားလေး မေမေ့ဆီကို..."

"နေမင်းခ မင်းတော့ ဦးလေးဖြစ်ပြီကွ.. သားဦး သူ့ကို လေးလေး လို့ခေါ်သိလား.. "

"လေးလေး..."ဟု မေမေ့ရင်ခွင်ထဲမှနေခါ ရေရွတ်လိုက်ပုံလေးက အူလည်လည်ငတိလေး တစ်ယောက်နှယ်.. နေမင်းခအား တစ်ချက်ပြန်ကြည့်သေးသည်။နေမင်းခကတော့ မျက်လုံးသေကြီးတွေနှင့် မကြည်သလို ပြန်ကြည့်လာတာမို့ ကလေးငယ်က ခေါင်းကလေး ပြန်ငုံ့သွားရသည်..။

ထိုကလေး ချစ်ဖို့ကောင်းနေတာက နေမင်းခရဲ့စိတ်အား တမျိုးတဖုံဖြစ်နေစေသည်။
မကြာပါဘူး ဒေါ်ချမ်းသီတာတို့ထံ၌ မရတော့ဘူးဟုထင်ထားသော ရင်သွေးလေး ရလာပြီမို့ ဟံသာဦးဟာ အိမ်ကို စစရောက်ချင်းတစ်နှစ်အကြာမှာဘဲ  အပါယ်ခံတယောက်ဘဝသို့ စတင်ကူးပြောင်းလာခဲ့လေသည်။

အရင်က ကျောင်းကို ဇိမ်ခံကားကြီးနှင့် ကိုယ်တိုင်ကိုယ်ကျလာကြိုသော မေမေသည် ခုတော့ဖြင့် ညီလေးရဲ့ကိစ္စဝိစ္စကြောင့် လာမကြိုနိုင်တော့ပေ... ဖေဖေသည်လည်း ထို့နည်းတူစွာ ကျွန်တော့်ကို အချိန်မပေးနိုင်တော့ပေ... အရင်နေ့တွေလိုမျိုး အလုပ်ပြန်ချိန်တွင် ကျွန်တော့်အတွက် ကစားစရာတစ်မျိုးမဟုတ် တစ်မျိုးပါလာခဲ့သော ဖေဖေသည် အခုချိန်တွင်တော့ ကျွန်တော့်အစား ညီလေးဆီသို့သာ တာဝန်တွေအကုန်လွှဲယူသွားခဲ့သည်မှာ အချိန်တော်တော်ပင် ကြာခဲ့သည်မဟုတ်လား...။

"မေမေတို့က ငါ့ထက် ညီလေးကို ပိုချစ်နေတာဘဲ....အာ ဟုတ်သားဘဲ ငါက မွေးစားသားလေ..."

ထိုအချိန်က ဟံသာဦးထံတွင် စိတ်အမျိုးမျိုးအဖုံဖုံတို့ စတင်၍ ဝင်ရောက်၍လာခဲ့ပေတော့သည်..။ အရွယ်နှင့်မမျှတစွာ ကလေးငယ်သည် ရင့်ကျက်လာသလိုလိုရှိသည်..။

"ဟံသာဦး..."

လေးလေး! ဟုတ်တယ် ထိုအချိန်က အဖော်ဆိုလို့ နေမင်းခတစ်ယောက်သာ ဟံသာဦးဘေးမှာ ရှိနေခဲ့သည်..။

"လေးလေး! !"

အမ်း... မဖြစ်သင့်တာတွေ ဖြစ်လာတော့မဲ့ အနာဂတ်ရဲ့ အကြိုနေ့ကလေးပေါ့..!

..............

Zawgyi...

Part 31

Unicide...

"ႏြေဦး..."

ေဆး႐ုံအကၤ်ီအားခြၽတ္ခါ အျပင္အဝတ္လဲေနေသာ ႏြေဦးသည္ တပ္လက္စ ၾကယ္သီးအား တပ္ရင္းပင္ အကိုညီသု႔အား လွည့္ၾကည့္လာမိသည္..။

"ေဆး႐ုံဆင္းရေတာ့မွာလား.."

"အင္း..." ဟူသည့္ စကားတစ္လုံးထဲသာ အေျဖျပန္ေပးရင္း သူခြၽတ္ထားေသာေဆး႐ုံအဝတ္တို႔ကို ျပန္လည္ေခါက္သိမ္းေနမိသည္..။ ညီသု႔ကေတာ့ ေျပာရမည့္စကားအား အစပင္ ရွာ၍မေတြ႕ေသးေခ်။

"အကိုညီသု႔ ဘာကိစၥေျပာမလို႔လဲ..."

အင္တင္တင္ျဖစ္ေနသည့္ ညီသု႔မ်က္ႏွာကို ရိပ္မိသြားသည့္ ႏြေဦးက စကားအစေဖာ္ေပးလာသည္။
ထိုအခါမွ ညီသု႔က ေခါင္းတဆက္ဆက္ညွိမ့္ျပလာရင္း...

"တကယ္ေတာ့ ဆရာ့အေၾကာင္းပါ..."

ႏြေဦး သက္ျပင္းကို သူေရာကိုယ္ပါ ၾကားရေလာက္တဲ့အထိ ခ်ပစ္ရင္း နားမေထာင္ခ်င္ဘူး ဆိုေသာ ပုံစံျပလာသည္..။

"ဒီကိစၥကို ေသေသခ်ာခ်ာ မရွင္းျပနိုင္ေသးေပမဲ့ ေက်းဇူးျပဳၿပီး ဆရာ့ကို အထင္မလြဲပါနဲ႕... ဆရာ့အတြက္ ပိုၿပီးနစ္နာေနလို႔ပါ..."

ညီသု႔စကားေၾကာင့္ ႏြေဦး အ့ံဩရသလို စိတ္ပ်က္သြားသလိုပါ  ခပ္ေထ့ေထ့ေလွာင္ေျပာင္ပစ္လိုက္သည္။

"အကိုညီသု႔ ခင္ဗ်ားစကားက သူမ်ားၾကားရင္ မသိရင္ဘဲ ကြၽန္ေတာ္က ခင္ဗ်ား ဆရာအိမ္ေပၚတက္ၿပီး ႏွိပ္စက္ေနတယ္ထင္ပါအုံးမယ္.. ၾကည့္ၾကပ္ေျပာပါအုံး ဘယ္သူက နစ္နာမွာလဲ..."

ေဒါသက ဟံသာဦးနဲ႕ကိုယ့္အၾကား ႏွစ္ဦးတည္းသာျဖစ္လို႔ ေဘးလူအေပၚ မပုံခ်ခဲ့တာ.. ခုေတာ့ သူ႕တပည့္ဆိုသည့္ လူကစကားကို မ်က္ႏွာေျပာင္တိုက္လို႔ပါလား... ဟံသာဦးေနာက္လိုက္ ဆိုေပမဲ့လည္း ကိုယ္ အားကိုးခင္မင္ရသည့္သူမို႔ မိတ္ေဆြတေယာက္လိုသာ ခင္တြယ္မိသည့္ ကိုယ့္အပစ္ပါေလ...

"ဘာလဲ အကိုညီသု႔ ခင္ဗ်ားဆရာကို ကြၽန္ေတာ္က ဓားနဲ႕ထိုးလိုက္လို႔ နစ္နာသူျဖစ္သြားရတာလား... ဒီၾကားထဲေတြမွာ ကြၽန္ေတာ္ ၾကမ္းပိုးတေကာင္နီးပါး သူႏွိပ္စက္တာ ဘာမဆို အကုန္သည္းခံၿပီးေနေနခဲ့ရတာ... အဲ့ေတာ့ အခု ကြၽန္ေတာ္က ပစ္မႈက်ဴးလြန္သူႀကီးလား.. ခင္ဗ်ားလည္း ေတာ္ေတာ္အရွက္မရွိတာဘဲ..."

ညီသု႔ကေတာ့ ေခါင္းကို ငုံ႕လို႔ သူ႕စကားအသြားအလာမွားသြားေၾကာင္း ပုံစံျဖင့္ ေခါင္းကို ဆက္လက္၍သာ ငုံ႕ၿမဲ....

..."ေတာ္ၿပီ ႏြေဦး၊ ညီသု႔ မင္း ေတာ္သင့္ၿပီေလ..."

ဘယ္တုန္းကဘယ္လိုေရာက္ေနလဲမသိေသာ ဟံသာဦးက ေဆးပုလင္းခ်ိတ္ထားေသာ ေထာက္တိုင္ကို အသုံးျပဳခါ အခန္းအဝင္အဝတြင္..ညီသု႔က သူ႕ဆရာကို ေခါင္းေမာ့လို႔ မ်က္လုံးကေလးဝင့္ခါ တစ္ခ်က္ၾကည့္မိသည္။

"ေအာ္... ဟီးရိုးႀကီးေရာက္လာၿပီလား.. ခုဘဲ ခင္ဗ်ားအေၾကာင္းေျပာေနတာ..."

ဟံသာဦး က စိတ္ပ်က္စြာ ညီသု႔အား ၾကည့္ေနခဲ့မိသည္။ ညီသု႔မွာ ေခါင္းကို တြင္တြင္ခါပစ္ရင္း စိတ္ထြက္ေပါက္ရွာေတာ့မည့္ လူတေယာက္လို...

"မဟုတ္ဘူး.. ဆရာ ဘာလို႔ မရွင္းျပရတာလဲ အမွန္ဆိုရင္ ျပႆနာက အခုထိ ပိုႀကီးသြားမွာမဟုတ္ဘူး.. ဦးေနမင္းခ လိုခ်င္ေနတာက ဆရာ့ကိုေလ ... အဲ့အတြက္ ႏွောင္းႏြေဦးကို အသုံးခ်ေန႐ုံဘဲ.. က်စ္ ဘာလို႔ နားမလည္ၾကရတာလဲ ႏြေဦးကို သူမ လို ထပ္ၿပီး အဆုံးအရႈံးခံအုံးမလို႔လား..."

နားေထာင္ေနေသာ ႏြေဦးမွာလည္း အဆက္စပ္ မရွိေသာ စကားလုံးေတြေၾကာင့္ မ်က္ေမွာင္ၾကဳတ္လွ်က္ ဘာေၾကာင့္ ဦးေနမင္းခက ဒီျပႆနာထဲ ပါလာတာလဲ! သူတို႔ေျပာေနတဲ့ ဦးေနမင္းခက သူသိတဲ့ ဦးေနမင္းခ မဟုတ္တာမ်ားလား!

"အင္း ဆရာ မရွင္းျပရင္ ကြၽန္ေတာ္ ရွင္းျပလိုက္မယ္.. ႏွောင္းႏြေဦး! မင္းထင္ေနသလို ဆရာက မင္းအေမကို သတ္တာလည္းမဟုတ္သလို မင္းအေမကလည္း ဆရာ့ေၾကာင့္ေသတာ လုံးဝမဟုတ္ဘူး မင္းသိထားရမွာ တစ္ခုက ဦးေနမင္းခ ဆိုတဲ့လူဘဲ... မင္းကို ဆရာက ေမတၱာရွိလို႔ မင္းကို ဘာမွျပန္မလုပ္ခဲ့တာ မင္းအသိဘဲ"

"ညီသု႔....!!."

ညီသု႔ နားမေထာင္ပါ သူ႕စကားကို ၿပီးေျမာက္ဖို႔အတြက္သာ ႏွောင္းႏြေဦးအား ေျပာျပေနခဲ့မိပါသည္...။

"ေအး.. မင္း ႂကြက္သတ္ေဆးခက္တာေရာ ဓားနဲ႕ထိုးတာေရာ ၾကားထဲမွာ ျဖစ္သြားတဲ့ ကိစၥေတြမွ အမ်ားႀကီး ဆရာကမင္းကို အရင္ကလို ႏွိပ္စက္ေနေသးလား မင္းအသိဘဲေလ.. မင္း ေဆး႐ုံမွာ လဲေနတဲ့တေလ်ာက္လုံး မင္းကိုေန႕ေန႕ညည အနီးကပ္ျပဳစုေပးေနတဲ့လူက ဆရာကိုယ္တိုင္ဘဲ.. အဲ့တာ ဆရာသူ႕အမွား သူသိသြားလို႔.. ၿပီးေတာ့ ေသခ်ာေပါက္ အဲ့လူက မင္းကိုေရာ ဆရာ့ကိုပါ သတ္လိမ့္မယ္ အဲ့တာကိုေတာ့ ၿမဲၿမဲမွတ္ထားပါ ႏြေဦး.."

ညီသု႔ရဲ႕ ေပါက္ကြဲသံတို႔အဆုံးမွာ ဟံသာဦးရဲ႕ လက္သီးတစ္ခ်က္က ညီသု႔မ်က္ႏွာေပၚ ဝဲပ်ံသြားေလသည္..။ ဟံသာဦး ကိုယ္တိုင္လည္း အားျပဳလိုက္ေသာ လက္သီးေၾကာင့္ ခြဲစိတ္ထားေသာ ဒဏ္ရာမွာ တဆစ္ဆစ္ကိုက္လာလွ်က္ ၾကမ္းျပင္ေပၚ ေလးဖက္ေထာက္ လဲက်သြားသည္..။

"ဆရာ! "

တဖတ္လူ ႏြေဦးမွာေတာ့ မ်က္လုံးေသတို႔ျဖင့္ ဟံသာဦးအား တည့္တည့္ၾကည့္လို႔... မယုံနိုင္ေသာ အၾကည့္ေတြက ဦးေခါင္းတစ္ခုလုံးက စီးဆင္းလည္ပတ္ေနေသာေသြးလႊတ္ေၾကာေတြ အကုန္ပိတ္ဆို႔သြားသလိုမ်ိဳး...

"မင္း ငါ့စကားကို နားမေထာင္ဘူး ညီသု႔ မင္းထြက္သြား...ဘယ္ေတာ့မွျပန္မလာခဲ့နဲ႕ "

ညီသု႔က ဆြံ႕အစြာ ေခါင္းတစ္ခ်က္ညွိမ့္ရင္း ဟံသာဦးအား ကူတြဲထားရမွ လႊတ္ေပးလိုက္မိသည္..။ ၿပီးလွ်င္ေတာ့ ႏြေဦးအနား ခ်ည္းကပ္လို႔ ပုခုံးအား ခပ္ဖြဖြ ဆုတ္တင္းခါ အားကိုးပါတယ္ဟူေသာ အၾကည့္ႏွင့္ ၾကည့္၏..။

ဦးေနမင္းခက အႏၱရာယ္မ်ားတာလား ဒါမွမဟုတ္ ဟံသာဦးကိုယ္တိုင္ကဘဲ.... အာ စိတ္ရႈတ္လိုက္တာ!

ႏြေဦးမွာ ဦးႏွောက္ေတြ ေျခာက္ကပ္သြားသည္အထိ စဥ္းစားေနမိသည္..။

........................

"ႏြေဦး! "

"ဟင္.."

"က်စ္ ဘယ္ေတြစိတ္ေရာက္ေနလဲ.."

ႏြေဦးက ေခါင္းခါသည္..။ ၿပီးမွ တစ္ခုခုအား သတိရစြာ ေဘးက ရတုကို လွမ္းေမးသည္။

"ငါစုံစမ္းခိုင္းထားတာေရာ.. "

မ်က္မွန္ကိုင္းအား လက္ညွိုးျဖင့္ ပင့္တင္ခါ ရတု ေခါင္းညွိမ့္သည္..။ ႏြေဦးက အေပ်ာ္တစ္ပိုင္းျဖစ္ခါ အားတက္သေရာႏွင့္ ေခါင္းကေလး ဆက္ခါ ဆက္ခါ ညွိမ့္ရင္း ေျဖာင့္ခ်က္ေပးသည္..။

မေပ်ာ္လို႔လဲမရပါေလ.. သူ ရတုကို စုံစမ္းခိုင္းထားတာ ရက္ပင္အေတာ္ခ်ီေနၿပီမဟုတ္လား...

"ေျပာေျပာ...အစအဆုံး တစ္လုံးမက်န္ေျပာ.."

ရတုက ပိုကိုပိုတယ္ဟူေသာအၾကည့္ႏွင့္ ၾကည့္ၿပီးမွ စကားစသည္...။

"အဟမ္း..အစက ဒီလိုဟ..........."

လြန္ခဲ့ေသာ ႏွစ္ ၂၀ ခန႔္က

"မမ အဲ့ကေလးက ဘယ္သူတုန္း.."

အခုမွ ေလာေလာလတ္လတ္ နိုင္ငံျခားက ျပန္လာတဲ့ ေမာင္ေတာ္ေခ်ာက မ်က္စိေရွ႕မွာ လုံးလုံး လုံးလုံးႏွင့္ ေဆာ့ကစားေနသည့္ ေပါက္စကို ၾကည့္ေမးလိုက္ျခင္းျဖစ္သည္။

ညေနကမွ ေလဆိတ္ကေနသူ႕ေယာက္ဖကို သြားႀကိဳခိုင္းၿပီး အျပန္ေနာက္က်သည္ေၾကာင့္ ညည့္နက္ၿပီး သားေလးကို မေတြ႕လိုက္ကျခင္းျဖစ္၏..  ထို႔ေၾကာင့္ ယခုမနက္မွဘဲ ေသခ်ာေလး မိတ္ဆက္ေပးမည္ဟု ေဒၚခ်မ္းသီတာ ေတြးထားသည္။ 

"ဟုတ္တယ္ အဲ့တာ မင္းတူေလးေပါ့.. ဟံသာဦးလို႔ ေခၚတယ္ေလ။ မမတို႔ လြန္ခဲ့တဲ့ သုံးလကမွ ေဂယာကေန ေမြးစားဖို႔ ေခၚလာတာ...ဘယ္လိုလဲ ခ်စ္ဖို႔ေကာင္းတယ္မွလား..."

ကေလးေလးက ေဆာ့ေနရာမွ ေမာ့ၾကည့္လာလွ်င္ ဧကန္ပင္ ေဖာင္းေနတဲ့ ပါးႏွစ္ဖတ္ကိုသူ  ညွစ္ပစ္လိုက္ခ်င္တာ အမွန္...

"ေမေမ့သားေလးက ေတာ္ေတာ္ အေဆာ့သန္တာဘဲကြယ္ "

"ေဖႀကီးက ေနာက္ဆို အ႐ုပ္ေတြအမ်ားႀကီးဝယ္ေပးမယ္ သိလား.."

"လာ ေမ့ေမ့သားေလး ေမေမ့ဆီကို..."

"ေနမင္းခ မင္းေတာ့ ဦးေလးျဖစ္ၿပီကြ.. သားဦး သူ႕ကို ေလးေလး လို႔ေခၚသိလား.. "

"ေလးေလး..."ဟု ေမေမ့ရင္ခြင္ထဲမွေနခါ ေရ႐ြတ္လိုက္ပုံေလးက အူလည္လည္ငတိေလး တစ္ေယာက္ႏွယ္.. ေနမင္းခအား တစ္ခ်က္ျပန္ၾကည့္ေသးသည္။ေနမင္းခကေတာ့ မ်က္လုံးေသႀကီးေတြႏွင့္ မၾကည္သလို ျပန္ၾကည့္လာတာမို႔ ကေလးငယ္က ေခါင္းကေလး ျပန္ငုံ႕သြားရသည္..။

ထိုကေလး ခ်စ္ဖို႔ေကာင္းေနတာက ေနမင္းခရဲ႕စိတ္အား တမ်ိဳးတဖုံျဖစ္ေနေစသည္။
မၾကာပါဘူး ေဒၚခ်မ္းသီတာတို႔ထံ၌ မရေတာ့ဘူးဟုထင္ထားေသာ ရင္ေသြးေလး ရလာၿပီမို႔ ဟံသာဦးဟာ အိမ္ကို စစေရာက္ခ်င္းတစ္ႏွစ္အၾကာမွာဘဲ  အပါယ္ခံတေယာက္ဘဝသို႔ စတင္ကူးေျပာင္းလာခဲ့ေလသည္။

အရင္က ေက်ာင္းကို ဇိမ္ခံကားႀကီးႏွင့္ ကိုယ္တိုင္ကိုယ္က်လာႀကိဳေသာ ေမေမသည္ ခုေတာ့ျဖင့္ ညီေလးရဲ႕ကိစၥဝိစၥေၾကာင့္ လာမႀကိဳနိုင္ေတာ့ေပ... ေဖေဖသည္လည္း ထို႔နည္းတူစြာ ကြၽန္ေတာ့္ကို အခ်ိန္မေပးနိုင္ေတာ့ေပ... အရင္ေန႕ေတြလိုမ်ိဳး အလုပ္ျပန္ခ်ိန္တြင္ ကြၽန္ေတာ့္အတြက္ ကစားစရာတစ္မ်ိဳးမဟုတ္ တစ္မ်ိဳးပါလာခဲ့ေသာ ေဖေဖသည္ အခုခ်ိန္တြင္ေတာ့ ကြၽန္ေတာ့္အစား ညီေလးဆီသို႔သာ တာဝန္ေတြအကုန္လႊဲယူသြားခဲ့သည္မွာ အခ်ိန္ေတာ္ေတာ္ပင္ ၾကာခဲ့သည္မဟုတ္လား...။

"ေမေမတို႔က ငါ့ထက္ ညီေလးကို ပိုခ်စ္ေနတာဘဲ....အာ ဟုတ္သားဘဲ ငါက ေမြးစားသားေလ..."

ထိုအခ်ိန္က ဟံသာဦးထံတြင္ စိတ္အမ်ိဳးမ်ိဳးအဖုံဖုံတို႔ စတင္၍ ဝင္ေရာက္၍လာခဲ့ေပေတာ့သည္..။ အ႐ြယ္ႏွင့္မမွ်တစြာ ကေလးငယ္သည္ ရင့္က်က္လာသလိုလိုရွိသည္..။

"ဟံသာဦး..."

ေလးေလး! ဟုတ္တယ္ ထိုအခ်ိန္က အေဖာ္ဆိုလို႔ ေနမင္းခတစ္ေယာက္သာ ဟံသာဦးေဘးမွာ ရွိေနခဲ့သည္..။

"ေလးေလး! !"

အမ္း... မျဖစ္သင့္တာေတြ ျဖစ္လာေတာ့မဲ့ အနာဂတ္ရဲ႕ အႀကိဳေန႕ကေလးေပါ့..!

..............


Continue Reading

You'll Also Like

2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
654K 88.4K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
750K 30K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
21.7K 1.2K 10
Artist - Alien's Art Writer - JeonYiMon ©Yote Pya - ရုပ်ပြ